ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

26.3K 2.1K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 277+278+279

155 11 0
By jellyflower1

အပိုင်း (၂၇၇)

 
ချွမ် သားအဖနှစ်ယောက် ထွက်သွားပြီးနောက် မို့ထင်က ထျန်းနင်ကို လှည့်ကြည့်လိုက်သည်။
 
 
 
"ချစ်လေး လွယ်လွယ်ကူကူ သဘောတူလိုက်ရလား။ ချစ်လေး ရှုံးသွားမှာ မကြောက်ဘူးလား"
 
 
"ဖဲကစားနည်း 'ချစ်' ကောင်းကောင်း သိပါတယ်။ ချစ်လေးအတွက် မစိုးရိမ်နဲ့ ဟုတ်ပြီလား"ဟု ထျန်းနင် ပြန်ဖြေသည်။
 
 
"ဒီကစားနည်းက ချွမ်ရဲ့လို လူချမ်းသာကလေးတွေ အကျွမ်းကျင်ဆုံး ကစားနည်းပဲနော်။ ချစ်လေး ကစားတတ်တာ သေချာပါတယ်နော်။ ချစ်လေး အနိုင်ရမယ်လို့ ယုံကြည်လား"
 
 
"ထင်က ချစ်ကို မရှုံးစေချင်ဘူးမလား"
 
ထျန်းနင်က ခေါင်းငုံ့ကာ အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
 
"ဖဲကစားနည်းကို ဘယ်လိုသိနေလဲ။ ဘယ်လိုကစားတတ် 'ထင်' မေးချင်နေမှန်း ချစ်လေး သိပါတယ်။ ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။   ဒီညတော့ ထင်ကို အဖော်ပြုရင်း တို့နှစ်ယောက်ရဲ့ ရန်သူကို အလဲထိုးသွားမယ်။ 'ထင်' ခွင့်ပြုပေးနိုင်မလား"
 
 
 
မို့ထင်သည် ခေါင်းကို ငုံ့ကာ သူမ၏ နူးညံ့သိမ်မွေ့သော ညာလက်ကို ကြည့်ပြီး ရယ်မောကာဖြင့်
 
 
"ကိုယ့်ဘက်က ငြင်းဆန်ခွင့်ရော ရှိလို့လား"
 
"အကယ်၍ ချစ်လေး ရှုံးသွားရင်ရော..."
 
 
"ဒါဆိုရင်တော့ ကိုယ်က ချစ်လေးကိုယ်စား ပြစ်ဒဏ်ခံယူမယ်"
 
 
ထျန်းနင် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်၍ ပြုံးလိုက်သည်။
 
"ချစ်လေးကို ယုံကြည်လိုက်တော့ တစ်ပွဲတည်းနဲ့ အပြတ်အသတ် နိုင်စေရမယ်"
 
မို့ထင်က ထျန်းနင်ကို တစ်ကြိမ်တစ်ခါမျှ သံသယ မဝင်ဖူးပေ။ ထျန်းနင်က ယောက်ျား၏ကာကွယ်မှုကို လိုလားပြီး နောက်ကွယ်မှာသာ နေချင်သည့် မိန်းမစား မဟုတ်မှန်း သူ သိပါသည်။  ထျန်းနင် အရင်တုန်းက ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ယခုထိတိုင် အမှတ်ရမိသေးသည်။ သူတို့နှစ်ယောက်က တစ်ယောက် အကျင့်စရိုက်ကို တစ်ယောက် သိကြသော်လည်း သူတို့စိတ်ဝင်စားရာ ဝါသနာများကို ယခုထိတိုင် မသိကြသေးပေ။
 
 
မို့ထင်က ထျန်းနင်၏ အကြိုက်ဆုံး အစားအသောက် ၊ အကြိုက်ဆုံး အရောင် ၊ ခန္ဓာကိုယ် အတိုင်းအတာ နှင့် ဝတ်ဆင်တတ်သော ဖိနပ် အရွယ်အစားကို သိထားသော်လည်း မို့ထင် မသိနိုင်သေးသည့် တခြားကိစ္စများလည်း ရှိနေပါသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦးသား တစ်ယောက်အကြောင်း တစ်ယောက်သိလာအောင် ဆက်လက်လေ့လာရဦးမည်။
 
 
နောက်ဆုံးတော့ မို့ထင် စကားပြန်ပြောလာသည်။
 
"ကိုယ်ရဲ့ ဖဲကစားတဲ့ စွမ်းရည်က အရမ်းကြီး မကောင်းတော့ ချစ်လေးကို ယုံကြည်ရုံပဲ တတ်နိုင်တာပေါ့"
 
"လူလိမ်"
 
 
မို့ထင်၏နှုတ်ခမ်းပါးလေးက ချစ်စဖွယ်ကောင်းအောင် အပေါ်သို့ ကော့တက်သွားပြီး ထျန်းနင်၏လက်ကို ဆွဲကာ ဖျော်ဖြေရေး ခန်းမဆောင်ထဲ ဝင်ရောက်သွားသည်။
 
 
ချွမ်ရဲ့က သူတို့နှစ်ယောက်ကို အသင့်စောင့်နေပါသည်။ ယခု ယှဉ်ပြိုင်မည့်ပွဲက သူ အကျွမ်းကျင်ဆုံး ဝါသနာရပ်ကို ယှဉ်ပြိုင်မည်ဖြစ်၍ စိတ်မလှုပ်ရှားပါဟု ငြင်းဆန်လျှင် လိမ်လည်ရာ ရောက်လိမ့်မည်။ သူ့ကိုယ်သူ ဖဲဘုရင်ဟု ခံယူထား၍ မို့ထင်ကို နှိပ်စက်ရန် ကြံရွယ်ထားသည်။
 
 
ခဏကြာပြီးနောက် ထျန်းနင်က စားပွဲခုံအရှေ့မှာ ထိုင်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း မို့ထင်က ထျန်းနင်ကို ဟန့်တားကာ နောက်ဆုတ်ခိုင်းသည်။
 
 
မို့ထင် ထိုင်ခုံပေါ် မထိုင်မီ ထျန်းနင်က မို့ထင်၏မျက်နှာပါ ဟန်ပါပါကြည့်လိုက်သည်။ မို့ထင် ပြောချင်သည့် အဓိပ်ပါယျကို မျက်ဝန်းချင်း နားလည်မိ၍ မို့ထင်၏ပေါင်ပေါ် ထိုင်လိုက်သည်။
 
 
ယခုလို အနေအထားမျိုးဖြင့် သူတို့ချစ်စံအိမ်မှာ နေထိုင်လေ့ရှိသော်လည်း ယခုလို ပြင်ပနေရာမျိုးမှာ တခြားသူလည်း ရှိနေ၍ ထျန်းနင်၏စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေသည်။
 
 
မို့ထင်က ထျန်းနင်၏ခန္ဓာကိုယ်လေးကို ဖက်ထားပြီး အသိပေးလိုက်သည်။
 
"ပွဲစသင့်ပြီ"
 
"အခုလို ပြိုင်ဆိုင်နေတဲ့ အခြေအနေမှာ မျှော့တွယ်သလို ကပ်တွယ်နေတာ ပိုလွန်းနေပြီနော်။ ငါ့ကို ရှုံးသွားရင် ဒီကောင်မလေးကို နောက်ထပ် ဖက်ခွင့်မရတော့မှာ ကြောက်နေတာလား။ ငါ မင်းကို တစ်ခုတော့ သတိပေးလိုက်မယ်နော်။ မင်းတို့ကို တစ်ပွဲတည်းနဲ့ အလဲထိုးလို့ရတယ်"
 
ဖဲဝေသူကို ပွဲစတင်ရန် အသိမပေးခင် ချွမ်ရဲ့ ခနဲ့လိုက်သည်။
 
Texa Hold'em pokerတွင့် အဆင့် ၃ဆင့် ရှိပြီး ဒိုင်လူကြီး ပါရှိသည်။ ပွဲအစတွင် ဒိုင်က ကစားသူ တစ်ဦးချင်းစီကို ဖဲနှစ်ချပ်စီ ခွဲဝေပေးရသည်။ ဒိုင်က ဖဲငါးချပ်ကို ရွေးချယ်ထားသည်။
 
 
ပထမအဆင့်မှာ ဒိုင်က ဖဲချပ် ငါးချပ်အနက် ပထမသုံးချပ်ကို ဖွင့်ပြရသည်။ အကယ်၍ ကစားသူများက အပွင့်တူ ဂဏန်းတူလျှင် လောင်ကြေးထပ်နိုင်သည်။ မတူလျှင် ပွဲမှ နုတ်ထွက်ရမည်။
 
 
ဒုတိယအဆင့်မှာ ဒိုင်က လေးချပ်မြောက်ပစ်ဖဲချပ်(turn) ကို ထပ်လှန်ပြီး ကစားသူများက မိမိ ပိုင်ဆိုင်ထားသော ဖဲချပ်များနှင့် နှိုင်းယှဉ်ကာ နောက်ဆုတ်တန်သည် နောက်ဆုတ်၊ လောင်ကြေးထပ်သူက လောင်ကြေးထပ်နိုင်သည်။
 
 
တတိယအဆင့်မှာ ဒိုင်က ငါးချပ်မြောက်ပစ်ဖဲ (River) ကိုလှန်လိုက်ပြီး အနိုင်ရသူကို ဆုံးဖြတ်ပေးသည်။ ကစားသများက မိမိပိုင်ဆိုင်ထားသော ဖဲချပ်နှစ်ချပ်နှစ် နှင့် အများပိုင် ဒိုင်ဖဲငါးချပ်အနက် ကြိုက်နှစ်သက်ရာ တွဲစပ်ကာ အနိုင်အရှုံး ဆုံးဖြတ်ရမည်။
 
 
Royal flash (10♥ J♥ Q♥ K♥ A ♥)( စီနီယာအပွင့်တူ) က အကောင်းဆုံးသော ပေါင်းစပ်မှု ဖြစ်ပြီး ဒုတိယ အကောင်းဆုံး ပေါင်းစပ်မှုက လေးချပ်ပွင့်တူ နှင့် တတိယ အကောင်းဆုံးက  ပုံမှန်ဂဏန်းတူ ဖြစ်သည်။
 
 
ခဏကြာပြီးနောက် ဒိုင်လူကြီးက ဖဲချပ်များကို စတင် ခွဲဝေပေးသည်။ ထျန်းနင် ပိုင်ဆိုင်ထားသော ဖဲချပ် နှစ်ချပ်က Ace of Spades (A♠)နှင့် Jack of hearts ( J♥) ကတ်ဖြစ်သည်။ ချွမ်ရဲ့ လက်ဝယ် ပိုင်ဆိုင်ထားသော ကတ်များက pairs of Ten (10♦ / 10 ♥ )နှစ်ကတ်ဖြစ်သည်။
 
 
ချွမ်ရဲ့လက်ဝယ် ကိုင်ထားသော ဖဲချပ်နှစ်ချပ်က အရမ်းအကောင်းကြီး မဟုတ်သလို အရမ်းလည်း မဆိုးရွားပါ။
 
 
၎င်းဖဲချပ်များကို ဒိုင်ပစ်ဖဲ ငါးချပ်နှင့် တိုက်ရမည်။
 
 
လောင်ကြေးကို ဆုံးဖြတ်ထားပြီးသား ဖြစ်နေ၍ ပုံမှန်လုပ်ရိုး လုပ်စဉ်အတိုင်း လောင်ကြေး ထပ်စရာ နောက်ဆုတ်စရာ မလိုအပ်ပေ။ ထို့ကြောင့်လည်း ဒိုင်က ပထမဆုံး ဖဲချပ်သုံးချပ်ကို လှန်လိုက်သည်။
 
 
ဒိုင်ဖဲ သုံးချပ်အနက် King of Spades (♠ K)၊ three of diamonds
 
(♦️3) နှင့် Ten of Heart (♥ 10 ) ဖြစ်နေသည်။
 
ထျန်းနင်က Straight (စီနီယာ ငယ်စဉ်ကြီးလိုက်)ဖြစ်ဖို့ အခွင့်အရေး မြင့်မားသော်လည်း ချွမ်ရဲ့က ဖဲချပ်သုံးချပ်တူ(Triple) ဖြစ်နေပါပြီ ။
 
 
ဖဲကစားဝိုင်းက ကံတရားပေါ် မူတည်သလို စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များကိုလည်း အသုံးချနိုင်သေးသည်။
 
 
ချွမ်ရဲ့က ဖဲကစားတိုင်း အမြဲကံကောင်းခဲ့သော်လည်း ဤတစ်ကြိမ်က ခြွင်းချက် ဖြစ်လာနိုင်သည်။
 
 
မို့ထင်က သူ့ရင်ခွင်ထဲမှ ထျန်းနင်ကို ပွေ့ဖက်ထားသော်လည်း ပွဲစတင်ချိန်မှ ယခုအချိန်အထိ စကားတစ်ခွန်းမျှ မပြောသေးပေ။ သူက ဖဲချပ်များကို တိတ်တဆိတ် ငေးစိုက်ကြည့်နေသည်။
 
 
ထျန်းနင်က Texas Hold'em poker ဖဲချပ်များနှင့် မစိမ်းနေ၍ အတိတ်တစ်ချိန်တုန်းက ဟန်ယွီဖန်နှင့်အတူတူ ဖဲကစားဖူးလိမ့်မည်ဟု မို့ထင်၏စိတ်ထဲ ရုတ်တရက် တွေးလိုက်မိသည်။
 
 
ထိုအတွေးကြောင့် မို့ထင်၏ စိတ်နှလုံးသားကို သဝန်ကြောင်စိတ် လွှမ်းမိုးသွားသည်။
 
 
သို့သော်လည်း...
 
 
ထျန်းနင်က သူ့အတွက် ပါဝင်ယှဉ်ပြိုင်မှန်း တွေးမိ၍ ဝန်တိုစိတ် ချက်ချင်း ပြယ်လွင့်သွားသည်။
 
 
သိပ်မကြာလိုက် လေးခုမြောက်ဖဲချပ်ကို လှန်လိုက်သည်။ ဤတစ်ကြိမ် ဖဲချပ်က Ace of Hearts ( A♥) ဖြစ်နေ၍ ချွမ်ရဲ့ အသာရနေသည်။ ယခုတော့ ထျန်းနင်၏နောက်ဆုံး အခွင့်အရေးလေး ပျောက်ဆုံးခဲ့ရသည်။ ထျန်းနင်မှာ Aces ဖဲချပ် နှစ်ချပ်သာ ရှိနေ၍ ဒိုင် လှန်မည့် နောက်ဆုံး ဖဲချပ်က Queen (Q ♥ )မဟုတ်ခဲ့လျှင် ထျန်းနင် ရှုံးနိမ့်သွားလိမ့်မည်။
 
 
နောက်ဆုံး ဖဲချပ်မလှန်ခင် ချွမ်ရဲ့က ပွဲကို ခဏရပ်တန့်လိုက်ပြီး မေဖျားလေးကို လက်ဖြင့် ထောက်ကာ မေးမြန်းသည်။
 
"ဘယ်လိုလဲ။ မင်း အရှုံးပေးချင်လား။ နောက်ဆုံး ဖဲချပ်မလှန်ခင် မင်းကို သတိပေးနေတာနော်"
 
မို့ထင်က ထျန်းနင်၏လည်တိုင်ကို လက်ဖြင့် ချိတ်လိုက်ပြီး ထျန်းနင် အနား တိုးကပ်ကာ
 
"နောက်ဆုံးဖဲချပ်ကို အတူတူ ကြည့်ကြတာပေါ့"
 
"အကယ်၍ ကိုယ်တို့တွေ ကံကောင်းသွားရင်လည်း ထျန်းနင်လေးရဲ့ ကံတရားကြောင့် ဖြစ်မှာပါ"
 
 
ထျန်းနင်က ခေါင်းညိတ်ပြသည်။ ချွမ်ရဲ့၏နားဝင်ဆိုးသော စကားသံကို နားထောင်ချင်စိတ် ကုန်ခမ်းနေပါပြီ။ ထို့ကြောင့်လည်း နောက်ဆုံးဖဲချပ်ကို လှန်ရန် ဒိုင်ကို တောင်းဆိုလိုက်သည်။ နောက်ဆုံးတော့ အများဆိုင်နောက်ဆုံးဖဲချပ်ကို လှန်သည်။ ယင်းဖဲချပ်က four of diamond ( 4♦) ဖြစ်နေ၍ ကစားသမားများကို လွှမ်းမိုးနိုင်စွမ်း မရှိပေ။
 
 
သူတို့လက်ထဲမှ ဖဲချပ်များကို ထုတ်ပြရမည့် အချိန် ကျရောက်လာ၍ ထျန်းနင် စိတ်ညစ်လာမိသည်။
 
 
အပေါ်ယံကြည့်လိုက်လျှင် ထျန်းနင်၏ အနိုင်ရနိုင်ချေ မြင့်မားသော်လည်း ချွမ်ရဲ့က သူ ပိုင်ဆိုင်ထားသော triple tens (10♥ 10♣ 10♠)ကို ထုတ်ပြသည်။
 
 
ထျန်းနင်က မို့ထက်ကို မော့ကြည့်လိုက်သောိလည်း မို့ထင်က သူမကို မလှုပ်ရှားရန် အမူအရာပြသည်။
 
 
"မင်းလက်ထဲက ဖဲချပ်တွေ ငါတို့ကို ပြလေ။ ငါတော့ ငါ့ကံတရားကို ယုံကြည်တယ်"
 
 
ဒိုင်ဖဲချပ် ငါးချပ်နှင့် ထျန်းနင် ပိုင်ဆိုင်ထားသော ဖဲချပ် နှစ်ချပ်ပေါင်းပြီး အကောင်းဆုံး ငါးကတ်အဖြစ် ပေါင်းစည်းလိုက်လည်း ထျန်းနင်မှာ
 
Aces နှစ်စုံ (AA) အတွဲသာ ရှိနေ၍ ထျန်းနင် ရှုံးနိမ့်သွားပါပြီ။ သို့တိုင် ထျန်းနင်က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
 
"မင်း ရှုံးသွားရင်လည်း ဝန်ခံသင့်ပြီနော်။ မို့သူဌေး တစ်ယောက်တည်း အရှုံးသမား မဟုတ်တာ သေချာပါတယ်။ ကျွန်တော် ပြောတာ မှန်တယ်မလား"
 
ထျန်းနင်တို့၏ မျက်နှာအမူအရာကို အကဲခတ်ပြီး ရှုံးနိမ့်သွားပြီဟု ချွမ်ရဲ့ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။
 
"ဒီကနေ့ညတော့ ဒီမော်ဒယ်လေးနဲ့ ပျော်ပါးခွင့် ရတော့မှာပေါ့"
 
 
"စိတ်တော့မကောင်းပါဘူး.... စိတ်ကူးနဲ့ မရူးနဲ့တော့"
 
ထိုစကားသံက မို့ထင်၏နှုတ်မှ ဖွင့်ဟလာခြင်း ဖြစ်ပြီး ဖဲချပ်နှစ်ချပ်ကို ချပြသည်။
 
ဖဲချပ်များက Queen (Q♥) နှင့် Jack (J♥) အဖြစ် ပြောင်းလဲသွားသည်။
 
 
ထျန်းနင် တကယ်ပိုင်ဆိုင်ခဲ့သော ဖဲချပ်များကို ထျန်းနင်ကိုယ်တိုင်မှ လွဲ၍ မည်သူမှ မသိနိုင်ပေ။ သူမ လက်ထဲမှ Ace (A) ဖဲချပ်က Queen(Q) ဖဲချပ်အဖြစ် ပြောင်းလဲသွားရသည့် အဖြစ်မှန်ကို ထျန်းနင် ကိုယ်တိုင် သေချာ မသိခဲ့ပါ။
 
 
"Royal flash ( 10♥, J♥ Q♥ K♥ A♥)က  ဖဲသုံးချပ်တူ (three of a kind)ထက် ပိုဂဏန်းကြီးပါတယ်။ ငါတို့ နိုင်တာပေါ့"
 
 
ချွမ်ရဲ့က သူ့မျက်စိရှေ့မှာ မြင်နေရသော ဖဲချပ်များကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေသည်။
 
 
သူ့မျက်နှာက မရွှင်မလန်းဖြစ်နေပြီး အရုပ်ကြိုးပျက်သည့်အလား ပြိုလဲကျသွားသည်။
 
"ချွမ်သူဌေး ၊ မင်းပေးထားတဲ့ ကတိကို တည်ဖို့ မျှော်လင့်ပါတယ် မင်းက စွမ်း‌ဆောင်ရည်မရှိတဲ့ အမြုံပါလို့ တစ်လောကလုံးသိအောင် ကြေညာ‌ရမယ်"
 
"ဟွန့်"
 
ချွမ်ရဲ့က အဖေချွမ်နှင့်အတူတူ မထွက်သွားခင် ထိုင်ခုံကို ဆောင့်ကန်သည်။ ချွမ်ရဲ့တို့ ထွက်သွားမှ ဒိုင်က မို့ထင်ကို စကားပြောလာသည်။
 
"ချွမ်သူဌေးက ကလိမ်ကကျစ်လုပ်တဲ့ အ‌တွေ့အကြုံများတယ်"
 
 
"ငါ သိတယ်"
 
မို့ထင် ပြန်ဖြေသည်။
 
"ရှင်ကရော..."
 
 
ထျနနင်က မို့ထင်ကို စောင်းငဲ့ကြည့်လာသည်။
 
 
"မို့သူဌေးက လူပေါ်ကြော့ကို သင်ခန်းစာ ပေးချင်ရုံပါ။ မို့သူဌေး အနိုင်ရချင်ရင် ဘယ်ကတ်ကိုမဆို ယူထားလို့ရတယ်"
 
 
 
"ရှင်တို့ အချင်းချင်း သိနေသလား"
 
 
ထျန်းနင် ဆက်ခနဲ မေးမြန်းလိုက်သည်။
 
"ဟိုက်ဟွေ့ကို အုပ်ချုပ်ခါစက စီးပွ‌ားရေးလုပ်ဖော်ကိုင်ဖက် မျိုးစုံနဲ့ တွေ့ဆုံခဲ့ရတယ်။ အရင်တုန်းက စီးပွားဖက်တွေနဲ့ ဖဲကစားရင်း ငွေအများကြီး ဖြုန်းခဲ့ဖူးတယ်။ ဒီဖဲကစားတဲ့ ပညာရပ်ကို သေချာလေ့လာဖို့ ဆုံးဖြတ်ခဲ့တာ မမှားဘူးပဲ။ တစ်ချိန်ချိန်တော့ ပြန်အသုံးဝင်သားပဲ"
 
မို့ထင် ရှင်းပြသည်။
 
 
"ချစ်လေးက ယောက်ျားမဆော့တတ်ဖူး ထင်လို့ သူရဲကောင်း ဝင်လုပ်တာ ။ တို့ယောက်ျားက ဖဲဝိဇ္ဇာ ဖြစ်နေတာကိုး"
 
 
ထျန်းနင် သက်ပြင်းချလိုက်သည်။
 
"ဖဲမလိမ်ရင် လက်ထဲမှာရှိနေတဲ့ဖဲချပ်နဲ့ ချွမ်ရဲ့ကို နိုင်ပါ့မလား။ အခုချိန်ထိ ကိုယ့်ဘာသာကိုယ် အောင်နိုင်သူလို့ တွေးနေတုန်းပဲလား"
 
 
***
အပိုင်း (၂၇၈)

 
မို့ဦးလေးက အိပ်ချင်မူးတူး မျက်နှာဖြင့် ဟောခန်းမထဲ ဝင်ရောက်လာသည်။
 
"ဒီတစ်ခါ ပွဲနိုင်တာ မြန်လှချည်းလား"
 
မို့ထင်က ထျန်းနင်ကို သူ့ဘေးနား ဆွဲခေါ်ကာ မို့ဦးလေးကို လှည့်ကြည့်သည်။
 
"သူက ကိုယ့်ရဲ့ဦးငယ်လေး။ စောစောတုန်းက မိတ်ဆက်ပေးဖို့ အခွင့်အရေး မရခဲ့ဘူး"
 
 
ထျန်းနင် ဘာဆိုဘာမှ ပြန်ပြောခွင့်မရလိုက်၊ မို့ဦးလေးက မို့ထင်ကို သူ့ဘေးနား တရွတ်တိုက်ဆွဲခေါ်သွားသည်။
 
 
"မင်း အတည်မိတ်ဆက်ပေးတာလား။ မင်းက ဒီမော်ဒယ်မလေးနဲ့ ချိန်းတွေ့နေတာလား။ ဒီအကြောင်းကို မင်းမိဘတွေ သိပြီးပြီလား"
 
မို့ထင်က ပြန်မဖြေခင် ထျန်းနင်ကို စောင်းငဲ့ကြည့်လိုက်သည်။
 
"ထျန်းနင်ကို သဘောမကျလို့လား ဦးလေး"
 
"မဟုတ်ပါဘူး။ သဘောကျပါတယ်။ မင်းနဲ့လည်း အဆင်ပြေမှာပါ။ ပြောရရင် ဒီကောင်မလေးက မိန်းမကောင်းလေးပါ။ ဒါနဲ့ ဒီကောင်မလေးကို မင်းမိဘတွေနဲ့ ဘယ်အချိန် မိတ်ဆက်ပေးမလဲ"
 
 
"အခုတော့ ဦးငယ်လေးက ဒီအကြောင်းကို လျှို့ဝှက်ထားပေးပါ။ အချိန်မတန်သေးလို့ ဖွင့်မပြောသေးတာပါ"
 
မို့ထင်က လေးလေးနက်နက် ပြန်ဖြေသည်။
 
"မင်းတို့သားအဖက အကျင့်စရိုက် အတူတူပဲ။ အမြဲတမ်း လျှို့ဝှက်ချက်တွေချည်းပဲ။ ငါလည်း မင်းတို့ပြဿနာမှာ ဝင်မပါပါဘူး။ မင်း ဆန္ဒအတိုင်း မင်း ဆက်လုပ်လို့ရတယ်"
 
ဦးငယ်လေးက သာမန်ကာလျှံကာ လက်ကို ခါရမ်းပြသည်။
 
"စစ်ပြေငြိမ်းဖို့ ရည်ရွယ်တွေ့ဆုံခဲ့တဲ့ပွဲက  ရန်ငြိုးတွေ ပိုများလာသေးတယ်။ မင်း သည်းခံလိုက်သင့်တယ်။ မင်းတို့တွေ အမြဲတမ်း ရန်စောင်း တိုက်ခိုက်နေရင် ငါတို့လူကြီးတွေ လူအိုကြီးချွမ်ကို ဘယ်လိုမျက်နှာချင်း ဆိုင်ရမလဲ"
 
 
"ဒီကနေ့ အဖြစ်အပျက်ကြောင့် ဦးငယ်လေး မပျော်ရွှင်ရဘူးလား"
 
 
"ပြီးခဲ့တာတွေ ထပ်မပြောတာပဲ ကောင်းပါတယ်လေ"
 
ထိုစကားကို ပြောပြီးနောက် မို့ဦးလေးက ထျန်းနင်က လှမ်းကြည့်သည်။
 
"ငါ့ရဲ့အနာဂတ်တူမလေးနဲ့ ငါ့ကို ညစာလိုက်ကျွေးရင်း မိတ်ဆက်ပေးသင့်တယ်နော်။ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လူဘယ်နှယောက်လောက် သိထားကြလဲ"
 
 
"ကျွန်တော် လက်ထပ်ပြီးတာ ဘိုးဘိုး သိတယ်။ ဘိုးဘိုးက ဘာမှတော့ မပြောပါဘူး။ ဘယ်သူနဲ့ လက်ထပ်ထားလဲ ဆိုတာ မေးတောင် မမေးဘူး"
 
"လက်ထပ်တယ် ဟုတ်လား"
 
မို့ဦးလေးက ပါးစပ်ကို လက်ဖြင့်ကွယ်လိုက်သည်။
"ငါက မင်းတို့နှစ်ယောက်ကို ချိန်းတွေ့ရုံပဲ ထင်ခဲ့တာ"
 
မို့ထင်က လက်ထပ်လက်စွပ် ဝတ်ဆင်ထားသော ဘယ်လက်ကို မြှောက်ပြကာရယ်မောလိုက်သည်။
 
"လက်ထပ်ထားတာ ၄လလောက် ရှိပြီ"
 
"ဒါဆိုရင်တော့ မိသားစုတွေ့ဆုံပွဲ အနေနဲ့ ညစာ သွားစားသင့်ပြီ"
 
 
မို့ထင်က ခေါင်းညိတ်ပြကာ ထျန်းနင် ဘေးနား ပြန်သွားသည်။
 
 
"ဦးငယ်လေးက ကိုယ်တို့နဲ့အတူတူ ညစာစားချင်တယ်တဲ့ ။ ချစ်လေး လိုက်ခဲ့ချင်လား"
 
 
"မေးနေဖို့တောင် မလိုအပ်ဘူးလေ။ သွားကြတာပေါ့"
 
 
ခမ်းနားထည်ဝါသော အဆင့်မြင့်ပွဲကျင်းပရာ နေရာမှ ထွက်ခွာလာပြီးနောက် သူတို့သုံးဦးက အနီးအနားရှိ ဟော်တယ်ကို သွားကြသည်။ မို့ထင်က ချစ်ဇနီးလေးကို ကြင်နာယုယနေသော မြင်ကွင်းကို မို့ဦးလေးက အကဲခတ်ကြည့်ရှုနေသည်။ ထိုမြင်ကွင်းလေးက သူ့ကို ရွှင်မြူးစေသည်။
 
 
"လိမ္မာတဲ့ကောင်လေး။ ဒီတူလေးကို ကြည့်လေကြည့်လေ ဦးလေးရဲ့ငယ်ဘဝကို ပြန်မြင်ယောင်လာတယ်။ ကိုယ့်ဇနီးမယားကို ဒီလိုမျိုးလေး ချစ်ခင်ကြင်နာ သင့်တယ်"
 
 
"ကျွန်တော့်ရဲ့ ဝတ္ထရားကို ကျွန်တော် မမေ့ပါဘူး"
 
မို့ထင် ပြန်ဖြေသည်။
 
"မင်း အသက်အရွယ်က ငယ်တော့တဲ့ အရွယ် မဟုတ်ဘူးနော် ။ ၃၂နှစ်အရွယ် ရောက်နေပြီ။ ငါ မင်းအရွယ်လောက်တည်းက သားလေး ရှိနေပြီ။ ငါ့သားလေးက ကျောင်းတက်တဲ့ အရွယ်ရောက်ရောပေါ့။ မင်းတို့တွေ ဘယ်အချိန် ရောက်မှ ကလေးယူကြမလဲ"
 
 
 
"အလျင်မလိုပါဘူး"
 
 
မို့ထင် စကားလမ်းကြောင်းလွှဲပစ်သည်။
 
ထျန်းနင်က သူတို့ တူဝရီး၏ အပြန်အလှန်ပြောဆို ဆက်ဆံပုံကို စောင့်ကြည့်နေသည်။ မို့မိသားစုက မျိုးရိုးကောင်းမွန်သော မိသားစုကြီး ဖြစ်နေ၍ မို့ဦးလေးက ဖော်ရွေပျူငှာမှု ရှိသည်။ မို့မိသားစုဝင်များက သဘော မနော ဖြူစင်လိမ့်မည်ဟု ထျန်းနင် ကောက်ချက်ချလိုက်သည်။
 
 
မို့ထင် ရုတ်တရက် အလုပ်ကိစ္စပေါ်လာ၍ ဖုန်းပြောဆိုနေသောကြောင့် မို့ဦးလေးက ထျန်းနင်ဘက်လှည့်စကား ပြောလာသည်။
 
"တူမလေး... ဒီလူလိမ်ကောင် ထိန်းချုပ်တာကို မခံနဲ့နော်။ သူ ပြောသမျှလည်း နားထောင်စရာ မလိုဘူး။ ဒီကောင်လေးက ငယ်ငယ်တည်းက သူများက ထိန်းချုပ်ရတာ အရမ်းကြိုက်တဲ့ လူထူးလူဆန်းပဲ"
 
မို့ထင်က သူတို့အနား ပြန်ရောက်လာပြီး ကြားဖြတ်ဝင်ပြောသည်။
 
"အိမ်ရောက်တာနဲ့ မိန်းမ ဘာပြောပြော နားထောင်ပြီသားပါ။ မိန်းမ စကားကို နာခံတဲ့ လူလိမ္မာလေးပါ"
 
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့"
 
 
ထျန်းနင် ချွေးပြန်လာ၍ သူမ၏အပေါ်အင်္ကျီကို ချွတ်လိုက်သည်။ အပေါ်အင်္ကျီကို ဖယ်ရှားလိုက်၍ လှပသေသပ်စွာ ချုပ်ထားသော ချီပေါင် အင်္ကျီလေး ပေါ်လာသည်။ မို့ထင် နှင့် မို့ဦးလေးတို့ မှင်တက်သွားရသည်။
 
 
မို့ထင်က ထျန်းနင် အနား တိုးကပ်ကာ တီတိုး မေးမြန်းသည်။
 
"ဘာလို့ ဒီဝတ်စုံကို ဝတ်ရတာလဲ။ အရမ်းကို ဆွဲဆောင်မှု ရှိနေတယ်။ ဒီဝတ်စုံဝတ်ဖို့ ဘယ်သူက လမ်းညွှန်လိုက်တာလဲ"
 
မို့ဦးလေးက လည်ချောင်းရှင်းလိုက်ပြီး ရယ်ရယ်မောမောဖြင့်
 
"ငါတို့ထျန်းနင်က လူကြီးတွေကို လေးစားရကောင်းမှန်း သိတာပါ။ တူမလေးကို ဒီလို ဝတ်ပုံစားပုံနဲ့ မြင်ရနဲ့ မင်းတို့ရဲ့အန်တီလေး ဘယ်လိုတွေ လှပကြော့ရှင်းခဲ့လဲဆိုတာ အမှတ်ရစေတယ်။ မင်းတို့ အန်တီလေးကလည်း မင်းတို့က ဂုဏ်ပြုပေးချင်မှာပါ"
 
"ချစ်လေးရေ၊ ချစ်လေးကို မို့မိသားစုဝင်တွေက ကြည်ဖြူနေပြီဆိုတော့ ဘာမှ စိုးရိမ်စရာ မလိုအပ်တော့ဘူးနော်"
 
မို့ထင်က ထျန်းနင်အနား တိုးကပ်ကာ တီတိုး ပြောဆိုလိုက်သည်။
 
"ဒါပေမဲ့ ကလေး ကိစ္စကတော့..."
 
 
 
မို့ထင်နှင့် လက်ထပ်ထားသည်မှာ မကြာလှသေး၍ ကလေးယူသည့်ကိစ္စရပ်ကို ဟိုးယခင်တုန်းက မတွေးတောမိပါ။မို့ထင်က အသက် ၃၂နှစ်အရွယ် ရောက်နေကြောင်း မို့ဦးလေး သတိပေးမှ ကလေးကိစ္စကို တွေးတောမိလာသည်။
 
 
 
အသက်၃၂နှစ်အရွယ်က ကလေးတစ်ယောက်လောက် ရှိသင့်နေပါပြီ။ သို့သော်လည်း ယခုလိုအခြေအနေမျိုးမှာ ကလေးယူလိုက်လျှင် သူမ ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ပြီး နောက်တစ်ကြိမ် အသစ်မှ ပြန်လည်စတင်ရဦးမည်။
 
 
"ထျန်းနင်လေး ကလေးလိုချင်မှ ဒီအကြောင်းကို ပြောကြတာပေါ့။ ကိုယ်က အလျင်မလိုပါဘူး"
 
 
"ဒါပေမဲ့"
 
 
"ကိုယ့်အသက်အရွယ်နဲ့ ကလေးတစ်ယောက် ရှိသင့်ပေမဲ့ ။ ဒီဖျော်ဖြေရေးလောကမှာ အသက်၄၀အရွယ်မှ ကလေးရတဲ့သူတွေ အများကြီးပါ"
 
 
....
 
 
မို့ဦးလေးကို နှုတ်ဆက်စကား ပြောဆိုကာ သူတို့နှစ်ဦးသား အိမ်ပြန်လာကြသည်။
 
 
အိမ်ပြန်လမ်းတစ်လျှောက်မှာ ထျန်းနင်က ခေါင်းငုံ့ကာ ချင့်ချိန်စဉ်းစားနေသည်။ သူမက ကလေးယူမည့် အစီအစဉ်ကို မေ့ဖျောက်ပစ်ချင်၍ မဟုတ်။ အချိန်မတန်သေး၍ ဖြစ်သည်။
 
 
ဟိုးယခင်တုန်းက ဟန်ယွီဖန် နှင့် မို့ယွီရို့ကို လက်စားချေချင်၍ ဖျော်ဖြေရေးလောက၏ ထိပ်တန်းကို ရောက်ချင်ခဲ့သည်။ ယခုတော့ မို့ထင်နှင့် လိုက်ဖက်ညီသူ ဖြစ်ချင်၍ သူမ၏ရည်မှန်းချက်များ ပြည့်မီချင်သည်။
 
 
အမျိုးသမီးတစ်ယောက်က ကိုယ်ပိုင်အလုပ်အကိုင်ရှိသင့်သည်ဟု ယုံကြည်လက်ခံထားသော်လည်း ခင်ပွန်းသည် မို့ထင်၏မျိုးဆက်သစ်လေးကို မွေးဖွားပေးရမည့် ဇနီးမယား ဝတ္တရားလည်း ရှိနေသေးသည်။
 
 
"ယောက်ျား အသက်၄၀ ဆိုရင် မိန်းမ အသက်က ၃၃နှစ်လောက် ဖြစ်နေပြီလေ"
 
ထျန်းနင်က မို့ထင်ကို အသိပေးသည်။
 
"ဒါဆိုရင် နည်းနည်းစောပြီး ကလေးယူကြတာပေါ့။ အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်များတယ်"
 
"ရှင်က ဒါလည်း သိနေတာပဲလား"
 
 
မို့ထင်က ကားဆက်မောင်းနေသည်။
 
 
မီးပွိုင့် မီးနီပြသွား၍ မို့ထင်က ထျန်းနင်ကို လှည့်ကြည့်လာသည်။
 
"ချစ်ဇနီးလေး နဲ့ လက်ထပ်ပြီးတည်းက လေ့လာသင့်တာတွေ ကိုယ် လေ့လာထားပါတယ်။ အိမ်ထောင်သည်ဘဝက ကိုယ်လေ့လာချင်တဲ့ ဘဝလေးပဲလေ"
 
 
"ထင်နဲ့ နောက်ကျမှ တွေ့ခွင့်ရလို့ တကယ် နောင်တရမိတယ်"
 
 
 
"ကိုယ်တို့တွေ စောစောစီးစီး တွေ့ခွင့်ရရင် ကိုယ်တို့ဆက်ဆံရေး မတည်မြဲလောက်ဘူး။ ချစ်ဇနီးလေး... ကိုယ် လူငယ်ဘဝတုန်းက စိတ်ဆတ်ပြီး ငြင်းခုန်ရတာ အရမ်းသဘောကျတယ်"
 
 
"ဟမ် တကယ်လား။ ဒါဆိုရင်တော့ တို့'ထင်'ရဲ့ အဲလိုအပြုအမူလေးတွေကို မြင်ချင်လိုက်တာနော်"
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်း....
 
 
ချွမ်ရဲ့က သူပေးထားသည့် ကတိအတိုင်း အွန်လိုင်းပေါ်မှာ စာတင်လိုက်သည်။ သူက စွမ်းဆောင်ရည်မရှိသော အမြုံကောင် ငတုံးငအ ဖြစ်ကြောင်း ကြေညာလိုက်သည်။
 
 
မို့ထင်က ချွမ်ရဲ့ကို မည်သို့မည်ပုံ အနိုင်ယူခဲ့လဲ မီဒီယာအများစုက ဖော်ထုတ်ကြသည်။ ထို့ကြောင့်လည်း ချွမ်ရဲ့က ဖျော်ဖြေရေးလောကမှာ ဟာသပြက်လုံး ဖြစ်သွားခဲ့သည်။
 
 
လက်ဝှေ့ပြိုင်ပွဲမှာ ပွဲမစတင်ခင်တည်းက အရှုံးပေးခဲ့ပြီး ပိုကာပြိုင်ပွဲတွင် ဖဲလိမ်ခဲ့သည့်တိုင် မို့ထင်တို့ကို အရှုံးကြီး ရှုံးနိမ့်ခဲသည်။
 
 
ထိုသတင်းက အရေးမပါသော သတင်းဖြစ်ခဲ့သော်လည်း ကြယ်ဘုရင်ဖျော်ဖြေရေးက ဟိုက်ဟွေ့ဖျော်ဖြေရေးကို အနိုင်ရရန် ကြိုးစားရုန်းကန် နေသော်လည်းဟိုက်ဟွေ့၏ လောင်းရိပ်မှ မလွတ်မြောက်နိုင်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်၏။
 
 
"အပြစ်တင်ချင်ရင် ပါးစပ်စည်းကမ်း မရှိတဲ့ ချွမ်ရဲ့ကိုပဲ အပြစ်တင်လိုက်တော့။ဒါပေမဲ့ မို့သူဌေးက လူကြီးလူကောင်းဆန်တယ်။ အပြုအမူတိုင်းက ယောက်ျားပီသတယ်"
 
 
"ငါတို့ရဲ့ မို့သူဌေးကို အခြောက်လို့  ပြောရဲသေးတယ်။ တကယ်တမ်း ခြောက်နေတဲသူက ချွမ်ရဲ့"
 
 
 
 
"အဲအကောင်က အခြောက် မဟုတ်ရင်တောင် မိန်းမထည်လဲ တွဲနေတာ ရောဂါတွေ ထူပေါနေလောက်ပြီ။ ဘုရလွန်းလို့ သုတ်ပိုးတွေလည်း ခြောက်ခမ်းနေလောက်ပြီ"
 
"ဟား ဟား ဟား။ ဟုတ်ပါ့ ဟုတ်ပါ့၊ ကြယ်ဘုရင်ဖျော်ဖြေရေးကသာ မထောက်ပံ့ပေးထားရင် အခုလို ဆယ်လီ ဖြစ်လာပါ့မလား"
 
 
"မင်းတို့ ပြောတာတွေကို ငါ အလေးမထားဘူး။ ငါကတော့ မို့သူဌေးကိုပဲ လေးစားတယ်"
 
 
"ဓာတ်ပုံထဲမှာ ထျန်းနင်ပါတာကိုရော သတိထားမိရဲ့လား။ ခင်ပွန်းသည်ကို အဖော်ပြုပေးနေတဲ့ ဇနီးကောင်းလေး ပုံတူပန်းချီကားလေး အတိုင်းပဲ"
 
 
 
"ချစ်နေကြရင်လည်း ဝန်ခံလိုက်ကြပါတော့ ။ ငါတို့တွေ ခန့်မှန်းရလွန်းလို့ Shipရလွန်းလို့ ရင်မောနေပြီ"
 
 
 
လူအားလုံးက ရေပန်းစားနေသော သတင်းကို အာရုံစိုက်နေစဉ် ကော်မန့်တစ်ခု ရုတ်တရက် ပေါ်လာသည်။
 
"ယောက်ျားတကာနဲ့ အိပ်ခဲ့တဲ့ ထျန်းနင်လို မိန်းမမျိုးက သိပ်မကြာခင်မှာ စွန့်ပစ်ခံရတော့မှာပါ။ စောင့်ကြည့်နေလိုက်"
 
"နင်က ဘယ်သူလဲ။ ရူးနေလား။ တခြားသူရဲ့ ပျော်ရွှင်မှုကို မနာလိုဖြစ်နေတာ ဖုံးမရ ဖိမရပါလား"
 
 
"ထျန်းနင်နဲ့ အိပ်ဖူးတဲ့ယောက်ျားက အနည်းဆုံး သုံးယောက်လောက်တော့ ရှိနိုင်တယ်။ သက်သေထွက်လာတဲ့ အချိန်ကို စောင့်နေလိုက်ပေါ့"
 
***
အပိုင်း (၂၇၉)

 
"မင်းမှာ အရည်အချင်းရှိရင် သက်သေထုတ်ပြလိုက်လေ"
 
 
ထိုလူက သည်းမခံနိုင်သည့်အဆုံး အမှန်တကယ် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်လိုက်သည်။ ဓာတ်ပုံထဲမှာ ထျန်းနင်က ယောက်ျားတစ်ယောက်ကို နမ်းရှိုက်နေသည်။ ဓာတ်ပုံအရည်အသွေး မကောင်းမွန်၍ ထျန်းနင်၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ကိုယ်လုံးကိုယ်ပေါက်ကို အတိအကျ ခန့်မှန်းနိုင်သည်။ မို့ထင်က ကင်မရာကို ကျောပေးထားပြီး ကားကွယ်ထား၍ ဘယ်သူဘယ်ဝါလည်း အတိအကျ မသိနိုင်ပေ။
 
 
အရေးကြီးဆုံးအချက်က ဓာတ်ပုံထဲမှာ ထျန်းနင်က ယောက်ျားတစ်ယောက်ကို နမ်းရှိုက်နေမှန်း ပေါ်လွင်နေသည်။
 
 
"စောင့်ကြည့်နေလိုက်၊ ဒီထက် ပိုထူးခြားတဲ့ သတင်းတွေ ရှိသေးတယ်"
 
 
 
"ရှိတယ်ဆိုရင်လည်း ငါတို့ကို မြန်မြန် ထုတ်ပြလေ"
 
 
 
 
"ဟုတ်ပါ့ဟယ်၊ ငါတို့ ထျန်းနင်လေးပဲ။ ဒါပေမဲ့ ဒီထက် ပိုတိကျတဲ့ သတင်းမျိုးကို ထုတ်ပြသင့်ပါတယ်။ ဝါးတားနေတဲ့ ဓာတ်ပုံတွေချည်းပဲ"
 
 
"ဒီပုံကို မြန်မြန် screenshotရိုက်ထား။ ဒါမှ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ပီအာ အဖွဲ့က ဗြောင်းမငြင်းတော့မှာလေ။ သက်သေယူထားလိုက်တော့"
 
 
ထိုလူက စကားဆက်မပြောတော့ပေ။ အွန်လိုင်းပေါ်မှာ ဓာတ်ပုံတင်ပြီးနောက် ချက်ချင်း ပျောက်ကွယ် သွားသည်။
 
 
တကယ်တမ်းက ဤဓာတ်ပုံကို တွေ့သွားသူ အနည်းငယ်သာ ရှိသည်။ သို့တိုင်း ၎င်းဓာတ်ပုံလေးက ထျန်းနင်ဖန်ကလပ်မှာ ပြန့်သွား၍ ရှာဖွေမှု အမြက်င့်ဆုံး အခြေအနေ ရောက်သွားသည်။
 
 
 
"ထျန်းနင်ရေ၊ မြန်မြန် လာကြည့်စမ်းပါဦး၊ ဒါက ဘယ်လို ဖြစ်ရတာလဲ"
 
 
 
ဓာတ်ပုံကို မြင်မြင်ချင်း လုံကျဲက ထျန်းနင်ကို လှမ်းအော်ခေါ်သည်။
 
 
လုံကျဲက ထိုင်ရန် ဆိုဖာအနား သွားလိုက်သည်။ ထို့နောက် လုံကျဲက ထျန်းနင်ကို မှီကာ မေးလေ၏။
 
"ဒီပုံက ဘယ်အချိန်တုန်းက ရိုက်ခံရတာလဲ။ နင် နဲ့ မို့သူဌေးရဲ့ ဓာတ်ပုံမလား"
 
ထျန်းနင်က ခေါင်းဆက်ခနဲ မော့ကာ ကြည့်ရှုသည်။
 
"ဟုတ်တယ်။ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့သွားတုန်းက မို့ထင်ရဲ့ အပန်းဖြေစံအိမ်မှာ ဓာတ်ပုံရိုက်ခံရတာပဲ"
 
"ဓာတ်ပုံကို ခက်ခက်ခဲခဲ ခိုးကြောင်ခိုးဝှက် ရိုက်ထားရပုံပဲ"
 
လုံကျဲက ဓာတ်ပုံကို ကြည့်ရှုက စီစစ်သည်။
 
"မို့သူဌေးရဲ့ စံအိမ်တော်က လုံခြုံရေး တင်းကြပ်ပါတယ်။ သူစိမ်းက အိမ်ထဲဝင်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ဘယ်လို ဖြစ်ပြီး ဓာတ်ပုံရိုက်ခံရတာလဲ။ နင့်နောက်ကို ပါပါရာဇီတွေ တကောက်ကောက် လိုက်နေခဲ့ပုံပဲ"
 
 
ထျန်းနင် ခေါင်းခါပြသည်။
 
"ငါလည်း သေချာမသိဘူး"
 
"ဒီဓာတ်ပုံ ရိုက်ထားတာ ကြာလောက်ပြီ။ ဒါကို အကြာကြီး ဖုံးကွယ်ထားတည်းက သူ့မှာ တခြားအစီအစဉ် ရှိလောက်တယ်။ အခုမှ ဘာအကြောင်းကြောင့် လှုပ်ရှားရတာလဲ"
 
 
လုံကျဲ၏မေးမြန်းမှုကြောင့် ထျန်းနင် နောက်တစ်ကြိမ် ခေါင်းခါပြသည်။
 
"ငါလည်း ဒီကိစ္စကို ရေရေရာရာ မသိပါဘူး"
 
"ဒါဆိုရင် ဘာဆက်လုပ်ကြမလဲ"
 
 
"ဖန်ယွီက ဒီလိုပြဿနာမျိုးကို ဖြေရှင်းနေကြလေ။ အဲဒီကိစ္စအတွက် စိတ်မဖိစီးနဲ့။ အဲအစား ငါဘခရီးသွားဖို့ လိုအပ်တာတွေ ထုပ်ပိုးပေးစမ်းပါ။ ပြင်သစ်ကို ခရီးထွက်ရမယ်"
 
 
ဓာတ်ပုံ ပေါက်ကြားသွားခြင်းကို ထျန်းနင်က လုံးဝ ဂရုမစိုက်ပေ။ ဓာတ်ပုံထဲမှ အမျိုးသားရးက တခြားသူ မဟုတ်၊ မို့ထင်ဖြစ်နေ၍ ဂရုစိုက်စရာ မလိုအပ်ချေ။ တစ်စုံတစ်ယောက်က ၎င်းဓာတ်ပုံကို အသုံးချပြီး သူမကို သိက္ခာချလည်း အမှန်တရားက သိပ်မကြာခင် ပေါ်ပေါက်လာလိမ့်မည်။
 
 
သို့သော်လည်း ခဏကြာပြီးနောက် ထျန်းနင်က လုံကျဲဘက်လှည့်ကာ စကားပြောလာသည်။
 
"အဲဒီဓာတ်ပုံ ဘယ်နေရာက ပြန့်လာတဲ့ အတိအကျသိချင်ရင်တော့ ခိုင်မာတဲ့ သတင်းရပ်ကွက်က စုံစမ်းကြည့်ပေါ့"
 
"ဒီလူတွေက ပိုပိုပြီး အတင့်ရဲလာတယ်။ မို့ထင် ရက်စက်တာကို သေချာ မသိသေးတော့ ရဲတင်းလာတယ်"
 
 
"ငါတို့တွေ ဒီပြဿနာပေါ်မှာ အရမ်းကြီး အာရုံစိုက်ပြနေရင် ငါတို့ပြိုင်ဘက် အနိုင်ရသွားလိမ့်မယ်။ ငါတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလိုပြဿနာလေးအတွက် အလဟဿ မဖြုန်းတီးစမ်းပါနဲ့"
 
 
...
 
 
မနက် ၁၀ နာရီ ၊ ကြယ်ဘုရင်ဖျော်ဖြေရေး၏စီအီအိုရုံးခန်း
 
 
ချွမ်ရဲ့က ရုံးစားပွဲခုံ အရှေ့မှာ ထိုင်နေပြီး စာရွက်စာတမ်းများကို လှန်လှောကာ သက်ပြင်းချနေမိသည်။ သူ့လက်ထဲမှ ဘောပင်က စာရွက်စာတမ်းများကို ဟိုခြစ်သည်ခြစ် ခြစ်ကာ လုပ်ချင်ရာ လျှောက်လုပ်နေသည်။
 
 
ကြယ်ဘုရင်ဖျော်ဖြေရေး၏ အနုပညာရှင် တစ်ဦးချင်းစီ၏ ကိုယ်ရေးမှတ်တမ်းကို ဖတ်ရှုလျက် ငြီးငွေ့လာသည်။ မို့ထင်ကို ရှုံးနိမ့်ပြီး ယခုလို အကျိုးဆက်မျိုးကို ခံယူရမည်ဟု ကြိုသိခွင့်ရခဲ့လျှင် မို့ထင်ကို စိန်ခေါ်လိမ့်မည် မဟုတ်ချေ။
 
 
 
"ချွမ်သူဌေး"
 
 
 
"ဝင်လာခဲ့"
 
ချွမ်ရဲ့က သူ့လက်ထောက်ကို စိတ်မရှည်စွာ ပြန်ဖြေသည်။
 
ချွမ်ရဲ့၏ လက်ထောက်က သူနှင့် အတူတူ ဖုန်းလေး တစ်လုံးကို ယူဆောင်ကာ တန်ဖိုးရှိသော ရတနာတစ်ပါး ဆက်သမည့်အလား အခန်းထဲ ဝင်ရောက်လာသည်။
 
 
"ဒါလေးက ချွမ်သူဌေးကို ပျော်ရွှင်စေမှာပါ"
 
 
"ဘယ်အရာက ငါ့ကို ပျော်ရွှင် စေမလဲ"
 
ချွမ်ရဲ့က ထျန်းနင်ဓာတ်ပုံကို မကြည့်မီ ဖုန်းကို လှမ်းဆွဲသည်။
"ဒါက ဘာလဲ"
 
"အခု ဒီကောလဟာလ သတင်းက အွန်လိုင်းပေါ်မှာ ပြန့်နေတယ်။ ထျန်းနင်ရဲ့ ကိုယ်ပိုင်ဘဝက အတော်ကလေး ရှုပ်ထွေးတာပဲ။ သူတို့တွေ ပြောနေကြတာတော့ ထျန်းနင်က ယောက်ျား သုဲးလေးယောက်လောက်ကို တပြိုင်နက်တည်း လှည့်ဖြားနေတာတဲ့။ ဒါဆိုရင် မို့သူဌေးက မိန်းမလင်ငယ်နေတဲ့ ယောက်ျားဖြစ်ပြီပေါ့။ တစ်နည်းပြောရရင် လှည်းကျိုးထမ်းတာပေါ့"
 
 
"အရင်တုန်းကလည်း ထျန်းနင်က အကျိုးအမြတ်အတွက် တခြားသူနဲ့ အိပ်တယ်ဆိုတဲ့ သတင်းထွက်ခဲ့သေးတာပဲ။ ဒါပေမဲ့ အကောင်အထည်ပြ စရာ သက်သေ မရှိခဲ့ဘူးလေ။ အခုလည်း တခြားသတင်းအသစ် ထပ်တက်လာပြန်ပြီ"
 
သူ့လက်ထောက်က ရွှင်ရွှင်မြူးမြူး ရှင်းပြသည်။
 
"သူတို့ ဝေဖန်နေသလို ထျန်းနင်က မိန်းမပျက်ဆိုရင် မို့ထင်က ဟိုလိုသည်လိုလို သတင်းမထွက်အောင် ထျန်းနင်ရဲ့ မန်နေဂျာရာထူးကနေ နုတ်ထွက်လောက်တယ်။ ဒါဆိုရင် ချွမ်သူဌေးရဲ့ ဒေါသတွေ ပြေလျော့နိုင်မလား"
 
 
ချွမ်ရဲ့က တစ်ချိန်လုံး နှုတ်ဆိတ်နေသည်။ သူက ဖုန်းကို ကြောင်အမ်းအမ်းဖြင့် ငေးစိုက်ကြည့်နေသည်။
 
"ဒီလိုပမွှားလေးက ငါ့ကို စိတ်ပျော်ရွှင်စေမယ်လို့ တွေးနေသလား"
 
သူ့လက်ထောက် မှင်တက်သွားပြီး မျက်နှာက နီမြန်းနေသည်။
 
 
"မို့ထင်ကို အခြောက်ပါလို့ သတင်းလွှင့်မိလို့ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့တဲ့ ငါ့စကားကို တခြားသူက ယုံကြည်ပါ့မလား။ အဲတုန်းက ပြဿနာကို မီးထွန်းရှာသလို ဖြစ်ခဲ့တယ်လေ။ ဘာများ အကျိုးထူးခဲ့လို့လဲ"
 
 
 
ချွမ်ရဲ့က ဖုန်းကိုလွှင့်ပစ်လိုက်သည်။
 
 
"တိကျသေချာတဲ့ သက်သေလိုအပ်တယ်"
 
 
 
"ဒါပေမဲ့ ဒီသတင်းက တောမီးလိုပဲ ပြန့်နေတာလေ"
 
"ထျန်းနင် ဒီလိုသိက္ခာချခံရတာ ပုံမှန်ပဲလေ။ မို့ထင်ရဲ့ အရည်အချင်း နဲ့ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းပစ်နိုင်တယ်။ ဒါပေမဲ့ မီးလောင်ရာ လေပင့်တော့ လုပ်ရမယ်"
 
ချွမ်ရဲ့ ရယ်မောနေသည်။
 
"ချွမ်သူဌေးက ဘာလုပ်ဖို့ ကြံရွယ်ထားသလဲ"
 
 
"ထျန်းနင်ရဲ့ နောက်ဆုံးအချိန်ဇယားကို စုံစမ်းကြည့်ပေ။ အဲဒီမော်ဒယ်မနဲ့ အမှတ်မထင် လမ်းမှာ ကြုံဆုံသလို ဖန်တီးပစ်မယ်"
 
 
"ဒါဆိုရင် ဓာတ်ပုံထဲက အမျိုးသားက သူဌေးပါလို့ တခြားသူတွေကို ယုံကြည်စေချင်တာလား"
 
 
"ဒါပေါ့ ဒါပေါ့၊ မင်းဉာဏ်ကောင်းလာပြီ။ မို့သူဌေး...ဟိုက်ဟွေ့ဖျော်ဖြေရေးကို အုပ်ချုပ်တာ ဘယ်နှနှစ် ကြာသေးလို့လဲ။ ဒီလို အလုပ်ရော အချစ်ရေးရော ရှုပ်ထွေးနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါ့မလား"
 
 
ထိုစကားကို ပြောပြီးမှ သူ့မျက်စိရှေ့မှ စာရွက်စာတမ်းများက သူ့အတွက် စိတ်ရှုပ်စရာ မကောင်းတော့ပေ။
 
 
"ဒါပေမဲ့လေ... ထျန်းနင်ရဲ့ အလုပ်အချိန်ဇယားက စုံစမ်းရ မလွယ်ကူလောက်ဘူး"
 
 
"အကြံဉာဏ် စဉ်းစားပေါ့။ အကောက်ခွန်ဌာနကို ဆက်သွယ်ပြီး ထျန်းနင် နာမည်ကို ပေးထားလိုက်တော့။ ထျန်းနင် ဒီနိုင်ငံက ထွက်သွားတာနဲ့ ငါတို့ သိရတာပေါ့"
 
 
သူ့လက်ထောက်က သူဌေးကို မဖျောင်းဖျနိုင်မှန်း သိနေ၍ ခိုင်းစေသည့်အတိုင်း လုပ်ဆောင်ရန် စိတ်ပျက်အားလျော့စွာ အခန်းအပြင်ဘက် ထွက်ခွာသွားသည်။
 
 
...
 
 
မို့ထင်က ဓာတ်ပုံသတင်းကို ကြားကြားချင်း အစည်းအဝေးကို ကျင်းပသည်။
 
 
ဖန်ယွီက  စာရွက်စာတမ်းများ ယူဆောင်ပြီး မို့ထင်၏ရုံးခန်းထဲ ဝင်လာသည်။ ဖန်ယွီလက်ထဲ ဓာတ်ပုံနှင့် သတင်းဆောင်းပါးများ အပြင် ဓာတ်ပုံပို့စ် တင်သူ၏ IPနှင့် သံသယရှိသူ တချို့၏ သတင်းအချက်အလက်များ ရှိနေသည်။
 
 
ဖန်ယွီစုစည်းလာသော သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် မို့ထင်၏မျက်နှာ မည်းသည်းသွားသည်။ မို့ထင်က စာရွက်များကို အောက်ချထားလိုက်ပြီး စားပွဲခုံကို လက်ချောင်းလေးများဖြင့် တဒေါက်ဒေါက် ခေါက်ကာ
 
"မသင်္ကါစရာကောင်းတဲ့ လူအားလုံးရဲ့ နောက်ကို လိုက်စုံစမ်းရမယ်။ ဒီဓာတ်ပုံ ဘယ်လိုပေါက်ကြားသွားလဲ သိကိုသိရမှ ဖြစ်မယ်"
 
 
"ဒီပြဿနာကို ကိုင်တွယ်ဖို့ ကျွန်တော့်လက်ထောက်တွေကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ကျွန်တော် သတင်းစုံစမ်းမိတော့ သူဌေးနဲ့ထျန်းနင်က ပြင်သစ်ကို သွားဖို့ စီစဉ်နေပါပြီ"
 
 
ဖန်ယွီ ရှင်းပြသည်။
 
"တရားခံ ဘယ်သူလဲဆိုတာ အရင်ဆုံး စုံစမ်းပေးဦး"
 
 
"ဟွားရုံစတူဒီယိုအကြောင်း စုံစမ်းဖို့ အရေးကြီးဆုံးပဲ"
 
 
"အဲဒီစတူဒီယို နာမည်ကို အရင်တုန်းက မကြားဖူးပါဘူး"
 
ဖန်ယွီက တလေးတစား ပြန်ဖြေသည်။
 
***

Continue Reading

You'll Also Like

135K 4K 144
Part 1 of "The Hunter's Gonna Lay Low" Introduction: Hunter Cha Eui-jae, who was dispatched to seal a rift that appeared over the West Sea, was flung...
4.3M 282K 60
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
976K 30.3K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
220K 10.5K 53
𝐀𝐧 𝐔𝐧𝐜𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐨𝐯𝐞 𝐒𝐭𝐨𝐫𝐲 "From this day forward, I will dedicate my life to avenging my sister's years of misery." ꕥꕥꕥ S...