ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.7K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 268+269+270

129 7 0
By jellyflower1

အပိုင်း(၂၆၈)

 
 
 
ဓာတ်ပုံ
ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဝန်ထမ်းတိုင်းမှာ သက်သေပြစရာ ဓာတ်ပုံတွေ သေချာပေါက် ရှိနိုင်သည်။ သို့သော်လည်း သူတို့တွေက ပြင်ပလောကကို ထိုဓာတ်ပုံများ ဖြန့်ဝေစရာ အကြောင်းအရင်း မရှိပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး၌ နည်းပညာပိုင်းဆိုင်ရာတွင် အလုပ်လုပ်ခဲ့ဖူးသည့် သူမအတွက် ဓာတ်ပုံကိုခိုးယူခြင်းက ခက်ခဲသော အလုပ်မဟုတ်ပေ။
သို့သော် စာချုပ်ချိုးဖောက်ရေးအတွက် ပြန်ပေးဆပ်ရမည့် လျော်ကြေးက မတွေးဝံ့စရာပေ။ လျော်ကြေးငွေ သန်းတစ်ထောင်ကျော် ပြန်ပေးဆပ်ရလိမ့်မည်။ ယခုလို လုပ်ဆောင်မှုမျိုးကို Cherlene မလုပ်ဆောင်ရဲပေ။
"ငါ့အတွက် ဓာတ်ပုံတစ်ပုံရှာပေးနိုင်တာနဲ့ ငါ့ကို ဘာမဆိုတောင်းဆိုနိုင်တယ်"
အယ်ဒီတာလင်းက မက်လုံးပေးသည်။
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့လူရဲ့ ကံတရားက မတွေးဝံ့စရာပါ။ ဘယ်သူမှ စွန့်စားရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စတွေကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းရှိပါတယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှာရှိတဲ့ ဝန်ထမ်းတစ်ယောက်က ဖုန်းပျောက်သွားမယ်ဆိုရင် ဖုန်းကောက်ရတဲ့လူက သတင်းတွေကို ဖြန့်လိုက်ပါတယ်လို့ သတင်းထွက်သွားရင် ဘယ်သူ့ကို အပြစ်တင်ကြမလဲ။ ဒီအကြောင်းကို မို့ထင်သိသွားရင်တောင် ဖုန်းပျောက်သွားတဲ့ဝန်ထမ်းကိုပဲ တာဝန်ယူခိုင်းမှာပေါ့"
Cherleneက ခေတ္တခဏမျှ ချင့်ချိန်စဉ်းစားပြီး အကျိုးသင့်အကြောင်းသင့် တွေးတောကာ ပြန်ဖြေလာသည်။
"ဒါဆိုရင် ကျွန်မ ဘာလုပ်ပေးရမလဲ"
"ကျုပ်တို့ ဟွားရုံစတူဒီယို လိုချင်တာက ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက် ဓာတ်ပုံကိုပဲ။ ထျန်းနင်ရဲ့ မကောင်းသတင်းကိုသာ ဖော်ထုတ်လိုက်ရင် ဟွားရုံစတူဒီယိုက ကျော်ကြားသွားမယ်။ အခုချိန်မှာ မင်းကို ပိုက်ဆံပေးပြီးတော့ ခိုင်းချင်တဲ့သူတွေ ရှိပါ့မလား။ ငါတို့ စတူဒီယိုက ကမ်းလှမ်းချက်ကို စဉ်းစားသင့်တယ်နော်"
အယ်ဒီတာလင်းက Cherleneကို မထီမဲ့မြင်ကြည့်ကာ ပြုံးလိုက်သည်။ Cherleneက ခေတ္တခဏမျှ ချင့်ချိန်တွေးတောလိုက်သည်။
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ လျှို့ဝှက်ချက်နှင့် ထျန်းနင်၏ မကောင်းသတင်းကိုသာ ဖော်ထုတ်နိုင်ခဲ့လျှင် အသနားခံရန် ထျန်းနင်က သူမကို ဒူးထောက် တောင်းပန်မည့်အကြောင်းကို တွေးမိလေတိုင်း သူမ ပျော်ရွှင်ကြည်နူးမိသည်။ သူမလိုချင်သည်က ငွေကြေးဥစ္စာထက် ယခုလို ခံစားချက်မျိုးသာဖြစ်သည်။ ထို့ကြောင့် အဆုံးသတ်မှာ Cherleneက ခေါင်းညိတ်သဘောတူကာ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သည်။
ယခု သူမရဲ့တာဝန်က ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ပြန်သွားရောက်၍ ထျန်းနင်နှင့် ပတ်သက်ဆက်နွှယ်သော သတင်းများကို ရယူရန်သာဖြစ်သည်။ အရာရာတိုင်းကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ရန် သူမမျှော်လင့်ထားသည်။ အကယ်၍ မို့ထင်သာ ဖမ်းမိသွားခဲ့လျှင် သူမရဲ့ဘဝက အဆုံးသတ် သွားလိမ့်မည်။
ဂုဏ်ပြုညစာစားပွဲ ပြီးဆုံးပြီးနောက် မို့ထင်နဲ့ ထျန်းနင်သည် အရက်နံ့မွှန်ထူနေသော ရနံ့များဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။ သူတို့အိမ်ထဲဝင်ဝင်ချင်း ထျန်းနင်က မို့ထင်ရဲ့လက်ကို ဖမ်းဆုပ်လိုက်ပြီး ရီဝေဝေဖြစ်နေသည်။
အဆုံးသတ်မှာ သူတို့ဇနီးမောင်နှံ ဆိုဖာပေါ်လဲကျသွားသည်။ ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ် လဲလျောင်းနေပြီး သူမ၏နှာ‌ဖျားလေးဖြင့် မို့ထင်၏လည်တိုင်ကို ပွတ်သပ်နေသည်။
"ထင် ချစ်လေး တကယ်ကို ပျော်တယ်"
"ဘယ်လိုခံစားရလဲဆိုတာ ကိုယ့်ကိုပြောပြပါဦး"
မို့ထင်က ထျန်းနင်၏အပြုအမူကို ပိတ်ပင်ခြင်းမရှိပေ။ ယခုလို ထျန်းနင် ပြုံးပျော်ရွှင်သည့် အပြုအမူမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ အထူးသဖြင့် သူစိမ်းများရဲ့ရှေ့မှာ ပြုံးပျော်ရွှင်နေသည့် မြင်ကွင်းမျိုးက မြင်ရခဲသည်။ ချစ်ဇနီးလေး ပျော်ရွှင်ဖို့အတွက် သူဘာမဆို လုပ်ဆောင်ပေးချင်သည်။
"ထင် ဘာတွေလုပ်တတ်သေးလဲ။ ကတတ်လား။ တခြား ဘာတွေရော လုပ်တတ်သေးလဲ"
မို့ထင်က သူ့ရင်ခွင်ထဲမှ အမျိုးသမီးလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ သူ့ချစ်ဇနီးလေးမှာ အရက်ရှိန်ကြောင့် အသိစိတ်ကင်းမဲ့နေကြောင်း သူသတိထားမိသည်။ ထို့ကြောင့် မို့ထင်က ထျန်းနင်ကို မတ်တတ်ထရပ်နိုင်အောင် ကူညီပေးလိုက်သည်။
ကြွေပြားခင်းထားသော ကြမ်းပြင်ပေါ်မှာ စုံတွဲက ကရန် ထျန်းနင်ကို ဦးဆောင်လာသည်။ အမူးသမားလေး ထျန်းနင်ကို ကကွက်မှန်အောင် ကူညီကပြရန် ရိုးရှင်းသော ကကွက်လေးများကိုသာ ရွေးချယ်ထားရသည်။
ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ် မှီထားလိုက်ပြီး မို့ထင်၏ လှုပ်ရှားမှုအတိုင်း လိုက်ပါလှုပ်ရှားသည်။ နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောသော်လည်း ယခုလို အခြေအနေလေးက အလှပဆုံးသော အခိုက်အတန့်လေးမှန်း ခံစားမိသည်။  
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အနုပညာရှင်တွေက ချစ်လေးတို့ရဲ့ ဆက်ဆံရေးကို လက်ခံကြပါ့မလား။ 'ထင်'လည်းသိရဲ့သားနဲ့ ဒီနေ့ပွဲလေးကြောင့် ချစ်ရဲ့နှလုံးသားလေး ထိန်းချုပ်ရ ခက်ခဲနေတယ်။ အရမ်းကိုပျော်မိတယ်။ ကျန်းမန်နီလို ပြဿနာရှာမယ့် တခြားသူတွေပေါ်လာမှာလည်း ချစ်လေး စိုးရိမ်မိတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် ချစ်လေးကိုယ်ချစ်လေး အပြစ်တင်နေမိမှာပဲ"
"ဒါပေမဲ့ ချစ်လေးက ယုံကြည်ချက် ရှိတယ်ဆိုတာ ကိုယ်မြင်နေရတာပဲလေ။ ဘာတွေများ စိုးရိမ်နေစရာ လိုအပ်ဦးမှာလဲ"
"ချစ်လေးကြောင့် ထင့်ကို တခြားသူတွေ အနိုင်ကျင့်မှာ လက်ပိုက်မကြည့်ချင်ပါဘူး"
ထျန်းနင်က သဘာဝကျကျ ပြန်ဖြေလိုက်သည်။
"ထင့်ရဲ့ ချစ်ဇနီးလေး ကျွန်မကတောင် ထင့်ရဲ့ဆုံးဖြတ်ချက်တွေကို မဝေဖန်ခဲ့ဘူး။ တခြားသူတွေက ဒီလိုဝေဖန်ဖို့ ဘာများအခွင့်ရှိလို့လဲ။ ချစ်လေး အရမ်း ဒေါသထွက်တယ်"
မို့ထင်က ထျန်းနင်ကို ပွေ့ဖက်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"အခုကစပြီး ချစ်လေး ကိုယ်ပြောတာ မှတ်ထားနော်။ ဒီလိုအခြေအနေမျိုး ထပ်ကြုံခဲ့ရင်တောင် ကိုယ်က မင်းကို အပြည့်အဝ ကာကွယ်ပေးသွားမယ်။ မင်းအရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်။ ကိုယ်ပိုင်ဆိုင်သမျှ အရာအားလုံးက ချစ်လေးအတွက်ပဲ"
"ချစ်လေးကလည်း ကတိတစ်ခု ထပ်ပေးချင်တယ်။ ဒီလိုအခြေအနေမျိုး ထပ်ကြုံရရင် ချစ်လေးကလည်း ထင့်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမှာပါ"
မို့ထင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့ရင်ခွင်ထဲမှ မိန်းကလေးကို တင်းကျပ်စွာ ပွေ့ဖက်ပြီး ဆိုဖာပေါ်မှာ လဲလျောင်းစေသည်။
"ဒီလိုကတိတွေလည်း ပေးစရာမလိုပါဘူး။ ကိုယ်ပိုင်ဆိုင်သမျှ အရာအားလုံးက ချစ်လေးအတွက်ပဲ။ ချစ်လေးက ကိုယ့်ကို အကုန်ပေးဆပ်စရာ မလိုဘူးလေ။ ချစ်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်အပေါ် ပုံအောထားပေးဖို့ပဲ လိုအပ်တယ်"
မှိန်ပျပျ အလင်းရောင်အောက်မှာ ထျန်းနင်က မို့ထင်ရဲ့ ခန့်ညားချောမောသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသေးသည်။ မှိန်ပျပျ အလင်းရောင်အောက်မှာ မို့ထင်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရခြင်းက သူမ၏စိတ်ထဲ မို့ထင်ကို အမြဲတမ်း အမှတ်ရနေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ထျန်းနင်က ခေါင်းကလေးကို မော့လိုက်ပြီး မို့ထင်ရဲ့အောက်နှုတ်ခမ်းလေးကို တတိတိကိုက်လိုက်သည်။ ထို့နောက် အရက်အရသ ာရောယှက်နေသော သူမရဲ့လျှာဖျားလေးနှင့် သူ့ရဲ့လျှာဖျားလေးကို အချင်းချင်း နမ်းရှိုက်စေသည်။
အနမ်းတစ်ချက်တည်းဖြင့် ထျန်းနင်က မို့ထင်ကို ရှုံးနိမ့်သွားခဲ့သည်။ ထျန်းနင်က မို့ထင်ရဲ့ လည်တိုင်လေးကို လက်ဖြင့် လှမ်းချိတ်လိုက်ပြီး ဗလုံးပထွေးလေသံဖြင့် စကားပြောလေသည်။
"ချစ်လေးတို့ ဘာဆက်လုပ်ကြမလဲ။ ချစ်လေး ထင့်ကို အရမ်း ချစ်မိနေပြီလို့ ခံစားမိတယ်"
"အခုမှပဲ ကိုယ့်ကို ချစ်တယ်ဆိုတာ သိခဲ့တာလား"
"ချစ်လေးရဲ့ကံတရားကို ချစ်လေး လိုလိုလားလား လက်ခံပါတယ်။ ထင့်ကို ချစ်ခဲ့မိလို့လည်း ချစ်လေး နောင်တမရပါဘူး"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မို့ထင်နှင့်အတူတူ ချစ်ခရီးလမ်းလေးကို အစပျိုးလိုက်သည်။
***
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဂုဏ်ပြုညစာစားပွဲ ပြီးဆုံးပြီး နောက်နေ့ မနက်ခင်းမှာ ကောလာဟလသတင်းများ စတင်ပျံ့နှံ့လာသည်။ ၎င်းကောလာဟလသတင်းသည် ကျန်းမန်နီကို ဟိုက်ဟွေ့မှ ထုတ်ပယ်လိုက်သည့် သတင်းဖြစ်သည်။ ထိုစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က ထိုကောလာဟလသတင်းနှင့် ပတ်သက်၍ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ထိုကောလာဟလသတင်းက မှန်ကန်ကြောင်း အရိပ်အမြွက်များသာ ပြသခဲ့သည်။
ဤကောလာဟလသတင်းကို မည်သူကအစဖော်ခဲ့လည်း မသိသော်လည်း အနုပညာလောကတွင် အတော်လေး လူသိများသော သတင်းဖြစ်လာခဲ့သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေး ကိုယ်တိုင်မှလွဲ၍ မည်သူက ထိုကဲ့သို့သောသတင်းကို ဖော်ထုတ်ရဲမည်နည်း။
ဟိုက်ဟွေ့ဖျော်ဖြေရေးက အလွန်အမင်း စည်းလုံးညီညွတ်သော အဖွဲ့ဖြစ်သည်။ မို့ထင်၏အာဏာကို ခြိမ်းခြောက်ခဲ့သည့် ကျန်းမန်နီ၏အဆုံးသတ်က အေဂျင်စီမှ ထုတ်ပယ်ခံရမည်ကို ခန့်မှန်းနေစရာပင် မလိုအပ်ချေ။
ထိုအဖြစ်အပျက်က ဟိုက်ဟွေ့ဖျော်ဖြေရေးမှ အနုပညာရှင်များကို သတိပေးစာ ထုတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စည်းလုံးမှုကို ဖောက်ဖျက်ရန် ကြိုးစားခဲ့သည့် မည်သူမဆို ကျန်းမန်နီကဲ့သို့ အဆုံးသတ်ရပေလိမ့်မည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ပထမဦးဆုံး ထုတ်ပယ်ခဲ့သည့် အနုပညာရှင်မှာ ကျန်းမန်နီဖြစ်၍ အားလုံးကို တုန်လှုပ်ချောက်ချားစေသည့် သတင်းမျိုးဖြစ်ခဲ့သည်။
မည်သည့် အနုပညာရှင်ဖြစ်နေပါစေ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်လာခဲ့လျှင် ဟိုက်ဟွေ့ဖျော်ဖြေရေးဘက်မှလည်း ၎င်းအနုပညာရှင်ကို ရက်စက်ပစ်ရန် ဝန်မလေးချေ။
ကျန်းမန်နီက ဆေးရုံအခန်းလေးထဲတွင် ထိုင်နေပြီး ဖုန်းမှတစ်ဆင့် သတင်းများကို ဖတ်ရှုနေသည်။ သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်‌ရည်စက်ကလေးများက သူမ၏ဖြူဖျော့ဖျော့ ဒဏ်ရာရနေသော မျက်နှာပေါ်မှ တစ်လှိမ့်ချင်း ကျဆင်းလာသည်။
သူမလို နိုင်ငံတကာ အဆင့်မီမော်ဒယ်တစ်ယောက်၏ဘဝကို တစ်ညတည်းဖြင့် ဟိုက်ဟွေ့က ဖျက်ဆီးပစ်နိုင်သည်။ သူမ၏အဆင့်အတန်းဖြင့် မို့ထင်ကို ခြိမ်းခြောက်ရလိမ့်မည်ဟု ဂုဏ်မောက်ခဲ့သည့် သူမကိုယ်သူမ ဟားတိုက်ရယ်မောချင်မိသည်။ သူမ၏အပြုအမူမျိုးက တစ်လောကလုံး လှောင်ရယ်ချင်စရာ အဖြစ်အပျက် ဖြစ်လာခဲ့သည်။
ကျန်းမန်နီက ဆေးရုံခုတင်ပေါ်မှာ ထိုင်၍ ငိုလိုက်ရယ်လိုက်ဖြင့် အရူးတစ်ယောက်လို ဖြစ်နေသည်။ နောက်ဆုံးတော့ သူမရဲ့လက်ကိုင်ဖုန်းနှင့် အနီးပတ်ဝန်းကျင်တွင် ရှိသော လျှပ်စစ်ပစ္စည်းများကို ဖောက်ခွဲပစ်ခြင်းဖြင့် သူမ၏ဒေါသစိတ်ကို ထွက်ပေါက်ပေးလိုက်သည်။
ဆေးရုံမှအိမ်သို့ပြန်လာလျှင် Cherleneလက်ချက်ဖြင့် ရှုပ်ပွနေသော သူမ၏အိမ်ကို တွေ့သွားလျှင် မည်ကဲ့သို့ တုံ့ပြန်မလဲ သိချင်မိသည်။ ယခုလို အခြေအနေဆိုးတွင် သူမကိုပထမဆုံး လာတွေ့သူမှာ ဖန်ယွီဖြစ်သည်။ ဤတစ်ကြိမ်တွင် ဖန်ယွီက လက်ဗလာနှင့် လာရောက်ခဲ့ခြင်း မဟုတ်ပေ။ သူနှင့်အတူတူ သဘောတူစာချုပ်ကိုလည်း ယူဆောင်လာခဲ့သည်။
"ငါတို့ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းအပေါ် ဘာအကြွေးမှ မတင်ခဲ့ပေးမယ့်လည်း မင်းက ငါတို့အေဂျင်စီနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ သံယောဇဉ်ကို ထောက်ထားပြီးတော့ သူဌေးက မင်းလက်ထဲ မင်းရဲ့ CC brand ပြန်ပေးဖို့ စီစဉ်ထားတယ်။ ဒါက ငါတို့ဘက်ကပေးနိုင်တဲ့ အကောင်းဆုံး သဘောတူညီမှုပဲ"
"ကျွန်မက ဒီလောက်တောင် သနားစရာ ကောင်းနေလို့လား"
ကျန်းမန်နီက ဖန်ယွီကို ဒေါသတကြီး ပြန်မေးလိုက်သည်။
"မင်း ဘာဆက်လုပ်သင့်သလဲ မင်းဘာသာမင်း ပြန်တွေးကြည့်ပါ"
ဖန်ယွီက ပြန်ဖြေလာသည်။
"မင်းကိုယ်မင်း သနားစရာ အကောင်းဆုံးလူသားလို့ မတွေးသင့်ဘူး။  ထျန်းနင်ကိုလည်း မမုန်းသင့်ဘူး။  ထျန်းနင်အပေါ်ထားရှိတဲ့ အမုန်းတွေကြောင့် ဒီလိုအခြေအနေတွေ ရောက်ခဲ့ရတာ။ မင်းထွက်သွားပေမဲ့ မင်းရဲ့နေရာမှာ ငါတို့က တခြားလူကို အစားထိုးမှာပဲ။ အဲဒီလူက ထျန်းနင်လည်းဖြစ်ချင်ဖြစ်မယ်။ တခြားသူလည်း ဖြစ်ချင်ဖြစ်နိုင်မယ်။ မင်းကျူးလွန်ခဲ့တဲ့အမှားကြီးက ဟွာကျင်းကျင်းကို ရိုက်နှက်ခဲ့တာပဲ"
ကျန်းမန်နီ ရုတ်တရက် စကားဆက်ပြောရန် ဆွံ့အသွားသည်။ သူမက ပြတင်းပေါက်အပြင်ဘက် လှည့်ကြည့်လိုက်ပြီး အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ စကားပြောလာသည်။
"ဟွာကျင်းကျင်းက ကျွန်မလောက် သနားစရာကောင်းလို့လား"
"ဘာပဲပြောပြော ဟွာကျင်းကျင်းက မင်းထက်စာရင် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာကို ဖြေရှင်းနိုင်တယ်"
ထိုစကားကို ပြောပြီးနောက် ဖန်ယွီက ကျန်းမန်နီလက်ထဲ CC brandနဲ့ပတ်သက်သော သတင်း အချက်အလက်များကို လက်လွှဲပေးလိုက်သည်။
"ဒီမော်ဒယ်လောကထဲ ထပ်ဝင်မလာနဲ့တော့။ အထူးသဖြင့် ငါတို့သူဌေးရဲ့အရှေ့ကို ပေါ်မလာနဲ့။ ငါတို့သူဌေးက မင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်တာပဲ"
"ဒါဆို ကျွန်မ ဘာဆက်လုပ်ရမလဲ"
ကျန်းမန်နီက သူမကိုယ်သူမ ဟားတိုက် ရယ်မောလိုက်သည်။
"ကျွန်မက ထျန်းနင်ကို ရှုံးနိမ့်ခဲ့ပေမဲ့လည်း ထျန်းနင်အလှည့် မရောက်လာဘူးလို့တော့ မဆိုလိုဘူးနော်"
 
 
***
အပိုင်း(၂၆၉)

 
 
 
"ထျန်းနင်က နင့်ထက်သာတာ မသာတာတွေက နင်ဆုံးဖြတ်ပေးရမှာ မဟုတ်ဘူး။ မင်းကိုယ်မင်းပဲ အရင်ဆုံး ဂရုစိုက်သင့်တယ်"
ထိုစကားကို ပြောပြီးနောက် ဖန်ယွီကထွက်ခွာသွားရန်  ကျောခိုင်းလိုက်သည်။ သို့သော်လည်း တံခါးပေါက်သို့ရောက်သည်နှင့် သူနောက်တစ်ကြိမ် ထပ်လှည့်ကြည့်လာသည်။
"မီဒီယာသမားတွေကို  ငါပထုတ်ထားတယ်။ နင်အခု ထွက်သွားချင်တယ်ဆိုရင် အခုကတည်းက ထွက်သွားတာ‌ အကောင်းဆုံးပဲ"
ကျန်းမန်နီက ဖန်ယွီကိုမော့ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"ရှင်လည်းကျွန်မရဲ့ ရင်သားတွေ၊ တင်သားတွေကို သဘောကျနေတာပါ။ ကျွန်မသိပါတယ် ကျွန်မကိုမြှူဆွယ်ဖို့ ကြိုးစားနေတာလား"
ဖန်ယွီခနဲ့လိုက်သည်။
"မင်းအိပ်မက်သာ ဆက်မက်နေလိုက်တော့ ကျန်းမန်နီက သူမကိုယ်သူမ ရယ်မောလိုက်ပြီး အိပ်ရာပေါ်မှထလိုက်သည်။
"ဖန်ယွီ၊ ကျွန်မ... CC brandကို မလိုချင်ပါဘူး။ ကျွန်မတစ်ခုပဲ တောင်းဆိုချင်တယ်။ ကျွန်မကို အိမ်ပြန်ပို့ပေးနိုင်မလား"
သူတို့ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာသည်မှာ ခြောက်နှစ်ကျော်ရှိနေပြီဖြစ်၍ ယခုလို ပြဒါးတစ်လှမ်း၊ သံတစ်လှမ်း ဖြစ်လာသည့်အချိန်တွင် ကျန်းမန်နီအပေါ် ရက်စက်နေစရာ အကြောင်းအရင်းမရှိပေ။  ဖန်ယွီက အခြေအနေကို ချိန်စလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် မင်းအဝတ် သွားလဲလိုက်တော့"
ကျန်းမန်နီက အပြင်အဝတ်အစားများကို အလျင်အမြန် ဝတ်ဆင်လိုက်ပြီး ဖန်ယွီအကူအညီနှင့် ဆေးရုံမှထွက်ခွာလာခဲ့သည်။ သို့သော်လည်း အိမ်ပြန်ရောက်ရောက်ချင်း ရှုပ်ပွနေသောအိမ်နှင့်  တန်ဖိုးရှိသော အဖိုးတန်ရတနာများ ပျောက်ဆုံးနေသော မြင်ကွင်းကို မြင်တွေ့ရ၍ အရူးတစ်ပိုင်း ဖြစ်သွားသည်။
တရားခံက Cherleneဖြစ်ကြောင်း တွေးနေစရာ မလိုအပ်ပေ။ Cherlene တစ်ယောက်တည်းသာ ကျန်းမန်နီ၏တိုက်ခန်းသော့ကို ကိုင်ထားသည်။  ယခုမှ ဘာဆိုဘာမှမရှိတော့သည့် အခြေအနေကို နားလည်သဘောပေါက်သွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်လျက် လဲကျသွားသည်။ ဖန်ယွီက ကျန်းမန်နီကို လက်လှမ်းပေးလိုက်သည်။
သို့သော်လည်း ဤရိုးရှင်းသော အပြုအမူလေးကို တစ်ဖက်မှာ အဆောက်အဦမှာ စောင့်ကြည့်နေသော သတင်းထောက်က အမိအရဓာတ်ပုံ ရိုက်သွားသည်။ ထိုအဖြစ်အပျက်က  အွန်လိုင်းပေါ်တွင် နာမည်အကြီးဆုံး ကောလာဟလသတင်း ဖြစ်လာပြန်သည်။
ဟိုက်ဟွေ့ဖျော်ဖြေရေး၏  အနုပညာရှင်ဒါရိုက်တာက ဟွာကျင်းကျင်းနှင့် ကျန်းမန်နီကို တစ်ပြိုင်နက်တည်း ဇာတ်လမ်းရှုပ်နေသည်ဟူသည့် သတင်းမျိုးဖြစ်သည်။
တချို့သော ခေါင်းစီးပိုင်းများသည် ပို၍တောင် ဆိုးရွားနေသောသည်။
ဖန်းယွီကနိမ့်ကျနေသည့် မော်ဒယ်တစ်ယောက်ကို  လက်လှမ်းပေးခြင်းသည် ထိုမော်ဒယ်၏ ခန္ဓာကိုယ်ကို အပိုင်လိုချင်သည်ဟူသည့် ခေါင်းစီးပိုင်းများဖြစ်သည်။
မည်သို့ပင် ခေါင်းစဉ်တပ်စေကာမှု ဖန်ယွီက ကျန်းမန်နီကို ကူညီပေးခဲ့သည့်  ဓာတ်ပုံက အဖြစ်မှန်ဖြစ်သည်။
ထိုစဉ် ထျန်းနင်ကလည်း ထိုကောလာဟလသတင်းကို မြင်တွေ့သွားသည်။ ထိုအချိန်တွင် ထျန်းနင်က ဟွာကျင်းကျင်း၏ တိုက်ခန်း ရောက်ရှိနေခြင်းဖြစ်သည်။ ဖန်ယွီက ဟွာကျင်းကျင်းကို ကူညီခဲ့သော ဓာတ်ပုံသည်လည်း တီဗွီဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့ဖူးသည်။
ဟွာကျင်းကျင်းနှင့် ကျန်းမန်နီတို့အကြောင်းကို နှိုင်းယှဉ်ပြောဆိုနေသည့် တီဗွီသတင်းကို ဟွာကျင်းကျင်း အမှတ်မထင် မြင်တွေ့သွားသည်။ ဟွာကျင်းကျင်းက စကားတစ်ခွန်းမှ မပြောသော်လည်း နားငြီးလွန်းသည့် အကြောင်းပြချက်ဖြင့် တီဗွီခလုတ်ကို ပိတ်လိုက်သည်။
"ကျင်းကျင်း ဖန်ယွီက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး"
"သူက ဘယ်လိုလူစားမျိုး ဖြစ်တယ်လို့ နင်ကပြောချင်နေတာလဲ"
ဟွာကျင်းကျင်းက စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်သည်။
"နင်က ငါတို့နှစ်ယောက်ကို အောင်သွယ်ချင်နေတာလား။ ငါတစ်ခုတော့ ပြောလိုက်မယ်နော်။ ဒါလုံးဝမဖြစ်နိုင်ဘူး။ ငါက တခြားသူရဲ့ မိထွေး မဖြစ်ချင်သလို ဖန်ယွီရဲ့အပြုအမူကို ငါ့စိတ်ထဲလက်ခံနိုင်ရင်တောင် ဖန်ယွီကို ငါမစဉ်းစားပေးနိုင်ဘူး"
"နင်သူ့ကို တကယ် နားလည်မှုလွဲနေတာလည်း ဖြစ်နိုင်ပါတယ်"
ဘာပဲပြောပြော ဖန်ယွီနဲ့ကျန်းမန်နီ အတူရှိနေတာက အမှန်တရားပဲလေ။ သူတို့အတူတူရှိနေလို့သာ မီဒီယာက သတင်းဖြန့်နိုင်တာပေါ့။ ဟွာကျင်းကျင်းက မျက်လုံးကလေး ကလည်ကလည်ဖြင့်  တီဗွီရီမုကို လွှင့်ပစ်လိုက်သည်။  
"ထျန်းနင် လူတိုင်းက မို့သူဌေးလို မဟုတ်ဘူး။ နင်လည်း မို့သူဌေးနဲ့မတွေ့ခင်က မကောင်းတဲ့ကောင်နဲ့ ဆုံတွေ့ခဲ့ဖူးတာပဲ။ ငါလည်းဒီလိုပဲ ဆုံတွေ့ခဲ့ဖူးလို့ ငါနောက်တစ်ကြိမ် မနာကျင်ချင်တော့ဘူး။ ငါ့ကိုယ်ငါ ဒုတိယအကြိမ် နာကျင်ခွင့် မပေးနိုင်တော့ဘူး။ ငါ အရူးအနှမ်း မဟုတ်ဘူး။ ငါမရူးမိုက်ချင်တော့ဘူး"
"ငါအကျိုးသင့်၊ အကြောင်းသင့် ရှင်းပြတာလေ။ နင်ဘာလို့ ဒေါသထွက်နေတာလဲ"
ဟွာကျင်းကျင်းရဲ့ လွန်ကဲလွန်းသော တုံ့ပြန်မှုကြောင့် ထျန်းနင်ရှင်းပြဖို့ ကြိုးစားလေလေ ဟွာကျင်းကျင်းက တစ်စုံတစ်ရာကိုဖုံးကွယ်ဖို့ ကြိုးစားနေသည်ဟု သူမခံစားမိလာသည်။ ဖုံးကွယ်ဖို့ ကြိုးစားလေလေ အမှန်တရားက ပေါ်လေလေ ပေါ်ပေါက်လာလေလေ ဟူသော အကြောင်းပြချက်က မှန်ကန်နေသည်။ သူမကို မယုံမကြည်ဖြင့် ကြည့်ရှုနေ၍ ဟွာကျင်းကျင်းက လေးနက်သော လေသံဖြင့် စကားမပြောခင် စိတ်ရှုပ်ထွေးကာ သက်ပြင်းချလိုက်သည်။ 
"ငါတို့ရဲ့ စကားပြောဝိုင်းလေးက ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ ငါလည်း နင့်ကို အမှန်အတိုင်း ပြောပြရတော့မယ်။ ငါ့လို ကိုယ်ဝန်သုံးခါပျက်ကျဖူးပြီး အိမ်တွင်းညှဉ်းပန်းမှုကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရဖူးတယ်။ အဲလို မိန်းမတစ်ယောက်က အပြစ်အနာအဆာတွေကြီးနဲ့ပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါ့ကို လိုချင်တဲ့ ယောက်ျားတောင် ရှိပါဦးမလား။ ဖန်ယွီက လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူက လူတိုင်းအပေါ်ကောင်းတာ။ သူက ကျန်းမန်နီအပေါ် ခံစားချက်မရှိဘူးဆိုတာလည်း ငါသိတယ် ဒါပေမဲ့ လူတိုင်းအပေါ် မေတ္တာ စေတနာထားတဲ့ယောက်ျားမျိုးကို ငါမလိုချင်ဘူး။ လူတိုင်းက သူ့ရဲ့ကယ်တင်မှုတွေ နှစ်သိမ့်မှုတွေကိုပဲ လိုလားတောင့်တနေမှာလေ။ အဲဒီလိုလူမျိုးကို ချစ်မိရင် ငါနာကျင်ရမှာပေါ့။  ဒါကြောင့် ထျန်းနင် ငါတို့ အခုပြောတဲ့စကားကို ဒီမှာပဲ အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ"
"ဒါကြောင့်ငါ့ဘဝကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့် ပြင်သစ် အမျိုးသားပဲဖြစ်ဖြစ်၊ တခြား နိုင်ငံခြားသားတွေကိုပဲ ငါရွေးချယ်တော့မယ်"
ဟွာကျင်းကျင်းရဲ့ စကားသံများကို နားစွင့်ပြီးနောက် ထျန်းနင်ရဲ့နှလုံးသားလေး နာကျင်မိသည်။ ဟွာကျင်းကျင်းရဲ့ ချစ်သူဟောင်းက မကောင်းသော လူယုတ်မာဖြစ်နေ၍ ဟွာကျင်းကျင်းကို အကြိမ်ကြိမ် နှိပ်စက်ညှဉ်းပန်း ခံရပြီး ကိုယ်ဝန်သုံးခါ ပျက်ကျသည်အထိ ရက်စက်ခဲ့သည်။ ဒါတွေအားလုံးက ဟွာကျင်းကျင်းရဲ့အမှား မဟုတ်ချေ။
"ငါ နိုင်ငံခြားသွားဖို့ ရှိတယ်။ နင်လည်း စိတ်အပန်းဖြေလို့ရအောင် ငါနဲ့ လိုက်ခဲ့ပါလား"
ထျန်းနင် ကမ်းလှမ်းလိုက်သည်။
"မန်နေဂျာမို့ထင် လိုက်လာမှာလား။ သူလိုက်ရင်တော့ ငါလည်းမလိုက်ချင်ဘူး"
ဟွာကျင်းကျင်းက ချက်ချင်း ငြင်းပယ်‌လိုက်သည်။
ဟွာကျင်းကျင်းရဲ့ နှလုံးသားထဲ ဖန်းယွီကို သေမိန့်ပေးခဲ့သည်။ ထိုအချက်က နှမြောစရာကောင်းလွန်းသည်။ တချို့သူများအတွက် ကံတရားကို အတင်းအကြပ် ဖန်တီးယူ၍ မရပေ။
ထျန်းနင်  အတွေးထဲ နစ်မျော
နေစဉ် မို့ထင်၏ဖုန်းခေါ်သံက သူမကိုလက်ရှိအချိန်သို့ ပြန်ဆွဲခေါ်သွားသည်။
ဟွာကျင်းကျင်း ဒေါသမထွက်စေရန်အလို့ငှာ ထျန်းနင်က  ဖုန်းကိုင်လိုက်ပြီး ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။ ဖုန်းပြောဆိုပြီနောက် ဟွာကျင်းကျင်း၏ အိပ်ခန်းထဲသို့ ပြန်လာစဉ် ဟွာကျင်းကျင်းက သူမကို မေးမြန်းလာသည်။
"မို့သူဌေးဖုန်းခေါ်တာမလား။ နင်အပြင်ထွက်လာတာ ဘယ်လောက်များ ကြာသေးလို့လဲ။ ခဏလေးပဲ ရှိသေးတယ်။ သတိရနေပြီလား။ နင့်ယောက်ျားလိုလူမျိုးလည်း တွေ့ရခဲတယ်နော်"
"အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စမို့လို့ပါ"
ထျန်းနင်က ရှင်းပြလိုက်သည်။
" မြန်မြန်သွားတော့။ ငါလည်း အနားယူဖို့လိုအပ်တယ်"
ထျန်းနင်က ဟွာကျင်းကျင်းကို  ကူကယ်ရာမဲ့ငေးကြည့်လိုက်ပြီး တိုက်ခန်းအပြင်ဘက်သို့  ထွက်လာခဲ့သည်။ မို့ထင်ရဲ့ကားက အပြင်ဘက်မှာ ကားပါကင်ထိုးထားသည်။  ထျန်းနင် ထွက်လာသည်ကို မြင်မြင်ချင်း မို့ထင်က သူမအတွက် ကားတံခါးကို ချက်ချင်း ဖွင့်ပေးသည်။
ဟွာကျင်းကျင်းက သူတို့စုံတွဲလေး၏ လှုပ်ရှားမှုများကို ပြတင်းပေါက်မှ တစ်ဆင့်ငေးကြည့်နေသည်။ သူမတွင်မနာလိုသည့် ခံစားချက်မရှိဟုပြောလျှင် အတင်းငြင်းရာ ကျလိမ့်မည်။ သူမလည်း ထျန်းနင် နည်းတူကံကောင်းချင်မိသည်။ ခဏတာ အတွေးထဲနစ်မျော
ပြီးနောက် ဟွာကျင်းကျင်းက သူမ၏ လက်ကိုင်ဖုန်းကလေးကို ဆွဲထုတ်လိုက်ပြီး  အတန်းဖော်ဟောင်းများကို ဖုန်းဆက်လိုက်သည်။ သူမလည်း စစ်မှန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်၍ ဘလိုင်းဒိတ်လုပ်ဆောင်ရန် သဘောတူခဲ့သည်။
***
ဟိုက်ဟွေ့ဖျော်‌‌ဖြေရေး ညနေ သုံးနာရီ
တစ်နေ့တာ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် လုချယ်က  ဖန်ယွီကို လာရောက်တွေ့ဆုံသည်။
"ကျန်းမန်နီရဲ့သတင်းက ဘယ်လိုဖြစ်ရတာလဲ။ ဟွာကျင်းကျင်းနဲ့ရော ပြဿနာ တက်သေးလား"
"မင်း ဘာတွေပြောနေတာလဲ။ ငါနဲ့ ဟွာကျင်းကျင်းက ဘာတွေများ တော်ဆက်နေလို့လဲ"
ဖန်ယွီကနားလည်ရ ခက်ခဲစွာ မေးမြန်းလိုက်သည်။
"မင်းက ဟွာကျင်းကျင်းကို စိတ်မဝင်စားရင် ဘာဖြစ်လို့ ဟွာကျင်းကျင်းကြောင့် အပြင်မှာ ငါးနာရီလောက် မတ်တတ်ရပ်ပြီး အသနားခံနေတာလဲ။ ဟွာကျင်းကျင်းကြောင့် မင်း တုပ်ကွေးမိပြီး အိပ်ရာထဲ လဲသွားခဲ့တယ်လေ။ ဒါတွေကို မင်းမေ့သွားပြီလား"
"မင်းအတွေး လွန်နေပြီထင်တယ်။ ငါက ငါ့ရဲ့အလုပ်သဘောအရ လုပ်ခဲ့တာလေ။ ငါတခြားသူကို စာနာလို့သာ ဒီလိုအပြုအမူ လုပ်ခဲ့တာပါ"
"ဒါဆိုရင် ကျန်းမန်နီကိုလည်း ဒီလိုပဲ သဘောထားခဲ့တာလား"
"အမ်"
"မင်းက တစ်လောကလုံးကို ကယ်တင်ချင်နေတာလား"
 လုချယ်က သူ့ကို မကျေမနပ်ကြည့်လိုက်သည်။ လုချယ် ခန္ဓာကိုယ် လှည့်လိုက်စဉ် သူတို့အေဂျင်စီထဲ Cherleneရောက်နေသည့် အဖြစ်မှန်ကို သတိထားမိသွားသည်။
"ဘယ်လိုဖြစ်ပြီး ဒီမိန်းမက ဒီကိုရောက်နေတာလဲ"
 ဖန်းယွီက လုချယ်အကြည့်နောက်ကို လိုက်ပါကြည့်ရှုပြီး Cherleneကို မျက်မှန်းတန်းမိသွားသည်။ ထိုနောက် ဖန်ယွီက လုချယ်ရဲ့ ပခုံးကို ပုတ်လိုက်သည်။
"မင်းရဲ့အလုပ်ကိစ္စကို မင်းအရင်သွားလုပ် ဒီပြဿနာသေးသေးလေးကို ငါဖြေရှင်းလိုက်မယ်"
လုချယ် လှည့်ထွက်သွားပြီးနောက်
ဖန်ယွီက Cherleneအနားကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
ကျန်းမန်နီ ပိုင်ဆိုင်သမျှ အဖိုးတန်ပစ္စည်းများကို တစ်ခုမကျန်  ခိုးယူသွားသည့်သူခိုးမ Cherleneက သူတို့ဟိုက်ဟွေ့ထဲကို ဝင်ရောက်ရဲသည်အထိ သတ္တိကောင်းနေသည်။
 
 
***
အပိုင်း(၂၇၀)

 
 
 
နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း ဘဝဖြင့် နေထိုင်ခဲ့သော ဖန်ယွီက သူ့ဆုံးဖြတ်ချက်၊ သူ့အပြုအမူကို တစ်ပါးသူ နားလည်အောင် ဖြေရှင်းချက် မပေးခဲ့ဖူးသော်လည်း ဟွာကျင်းကျင်းကို ထူးထူးဆန်းဆန်း ရှင်းပြနေမိသည်။
အနုပညာရှင် ဒါရိုက်တာ ဖြစ်နေ၍ မီဒီယာများ ဖြန့်ဝေလေ့ရှိသော  အတင်းအဖျင်းများကို ဘယ်သောအခါမှ ဂရုမစိုက်တတ်ပေ။ ကျန်းမန်နီနှင့် ဆက်စပ်နေသော အတင်းအဖျင်းကို ဖုံးကွယ်ရန် တခြားအေဂျင်စီမှ အနုပညာရှင်၏ သိက္ခာကျဖွယ် ကောလာဟလ သတင်းကို ဖွင့်ထုတ်ပြီး သတင်းဖုံးကွယ်လိုက်သည်။ ထို့ကြောင့်လည်း သတင်းသမားများ၏ အာရုံ ပြောင်းသွားကာ ပါးစပ်ပေါက် ပိတ်သွားသည်။
***
Charlene က ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ကြွက်သူခိုးမကဲ့သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာသည်။ အားလုံး သတိမထားမိအောင် ပိပိရိရိ ခိုးဝင်နိုင်မည်ဟု ယုံကြည်ခဲ့သော်လည်း အရှေ့တံခါးပေါက်ကို ဖြတ်ဖြတ်ချင်း ဖန်ယွီနှင့် လုချယ်က သူမကို ရှာတွေ့သွားသည်။
အလုပ်ကို အသေးစိတ် လုပ်ဆောင်တတ်သော သူတို့နှစ်ဦးစလုံး၏ အကျင့်စရိုက်အရ သူမကို သံသယ ဝင်ကြလိမ့်မည်။ သူခိုးလုပ်ရပ်ကို လုပ်ဆောင်ထားဖူးသည့် Charleneကို ပို၍ သံသယဝင်မိသည်။
Charlene က သူမနှင့်ရင်းနှီးသော မန်နေဂျာနှင့် တွေ့ဆုံရန် ကြံရွယ်ခဲ့သော်လည်း ဖန်ယွီနှင့် ပက်ပင်းတိုးသွား၍ လုံခြုံရေး ဝန်ထမ်း၏ စစ်ဆေးခြင်းကို ခံရသည်။
ယခုလို အပြုအမူမျိုးကြောင့် Charlene ဒေါသထွက်မိသည်။သူမက ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဝန်ထမ်း ဖြစ်ခဲ့ဖူးသည့် မျက်နှာကိုမှ မထောက်ထား သူမ၏ဂုဏ်သိက္ခာကို ချနင်းသော လုပ်ရပ်မျိုးကို လုပ်ဆောင်ရဲသည်။
Charlene ဒေါကန်မိ၍ ဖန်ယွီရုံးခန်းထဲ ကသောကရိုက် ပြေးဝင်ကာ အော်ဟစ်ပြောဆိုသည်။
"နင် ငါ့ကို သက်သက်သိက္ခာချတာပဲ"
ဖန်ယွီက စာရွက်စာတမ်းများကို အောက်ချထားလိုက်ပြီး Charlene မျက်နှာကို တည့်တည့်ကြည့်ရှုကာ
"ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ အရေးကြီးတာ တစ်ခုခု ပျောက်သွားမှာ စိုးရိမ်လို့ပါ"
"ဖန်ယွီ၊ နင် တရားမလွန်နဲ့နော်"
"ကျန်းမန်နီရဲ့ အိမ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ တခြားသူထက် မင်းက ပိုကောင်းကောင်း သိမှာပါ"
ဖန်ယွီက အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။
Charlene ရုတ်တရက် ကြောက်စိတ်မွှန်ထူ သွားပြီး သူမ၏မျက်နှာလေးက သွေးရောင် ကင်းမဲ့သွားသည်။ သို့တိုင် သူမ၏ကောက်ကျစ်စဉ်းလဲသော စရိုက်ကို မဖုံးကွယ်နိုင်ချေ။
"ငါ ဘယ်သိပါ့မလဲ။ ကျန်းမန်နီကို ရိုက်နှက်ဖို့ လူဆိုးအဖွဲ့ လွှတ်လိုက်တာ နင်တို့ ဟိုက်ဟွေ့ဖျော်ဖြေရေး ကိုယ်တိုင်ပဲ။ ကိုယ့်ဘာသာကိုယ် မှန်ကြည့်ပြီး ပြန်မေးကြည့်ပါလား"
ဖန်ယွီက ခေါင်းမော့လိုက်ပြီး Charleneကို စူးစူးရဲရဲ ကြည့်လိုက်သည်။
"ဒါဆိုရင်တော့ ရှေ့နေကနေ အလုပ်ထုတ်တဲ့ စာချုပ် ပို့ပေးရတာပေါ့"
Charlene၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးကို လာရောက်ခဲ့သည့် အကြံအစည် အထမမြောက်သေးဘဲ ဤနယ်မြေမှ ထွက်သွားမည့် အတွေး မရှိပေ။
သူမကို အလုပ်ထုတ်သည့် ဆုံးဖြတ်ချက်က ရှယ်ရာရှင်များနှင့် မို့ထင်၏ ဆုံးဖြတ်ချက် ဖြစ်နေ၍ သူမ လက်မခံသည့်တိုင်အောင် ကံတရားကို လက်သင့်ခံရမည်။
"နင်တို့တွေ နောင်တရစေရမယ်"
ထို့နောက် Charleneက ဖန်ယွီ ရုံးခန်းမှ ထွက်လာခဲ့သည်။ သို့တိုင် သူမက ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ထွက်ခွာသွားခြင်း မဟုတ်ချေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ နားနေခန်း တစ်ခန်းထဲ ဝင်ရောက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း မိတ်ကပ်ဆရာနှင့် အနုပညာရှင် တချို့က အဝတ်အစားလဲခန်းမှာ ဖုန်းများ ချန်ထားလေ့ရှိသော အကျင့်စရိုက် ရှိကြသည်။ 
Charleneက ချော်လဲချင်ယောင်ဆောင်ပြီး စားပွဲခုံပေါ် ပစ်လဲသည်။
"ဂရုစိုက်ပါဦး"
Charlene က နာကျင်နေသော ဟန်ပန်အမူအရာဖြင့် ခါးတစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ဖုန်းတစ်လုံးကို သူမ၏ အိတ်ကပ်ထဲ ကောက်ထည့်လိုက်သည်။
"ကျန်းမန်နီရဲ့ မန်နေဂျာက ဒီနေရာကို ဘယ်လိုရောက်နေတာလဲ။ အဲဒီမိန်းမ ဦးနှောက်များ ပျက်သွားသလား"
"အဲဒီမိန်းမရဲ့ မျက်လုံးကို သေချာကြည့်စမ်းပါ။ ရူးကြောင်ကြောင် အကြည့်တွေ... စိတ်မနှံ့တော့ဘူး ထင်တယ်"
မည်သူကမျှ  Charlene၏လှုပ်ရှားမှုကို သတိမထားမိချေ။ ဖုန်းပျောက်ဆုံးသူလည်း ဖုန်းပျောက်နေမှန်း မသိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ နားနေခန်းမှာ ဖုန်းပျောက်ဆုံးခြင်းက သာမန်ဖြစ်ရပ်မျှသာ ဖြစ်နေသည်။
Charleneက ဖုန်းကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့သော်လည်း သူမကိုယ်တိုင် ဖုန်းလော့ ဖြေရန် မလွယ်ကူချေ။ ထို့ကြောင့်လည်း ဟွားရုံစတူဒီယိုကို ပြန်လာခဲ့ပြီး အယ်ဒီတာလင်း လက်ထဲ ဖုန်းအပ်လိုက်သည်။
"ဒီဖုန်းထဲမှာတော့ မို့ထင် နဲ့ ထျန်းနင်ရဲ့ ဓာတ်ပုံ ရှိမှာပါ"
အယ်ဒီတာလင်းက သူမကို မကျေမနပ် ကြည့်ရှုကာ ခေါင်းညိတ်ပြသည်။
"မင်းဘက်က သေချာပါတယ်နော်။ ဒီဖုန်းကို ဖွင့်ဖို့ ငါ့ ITသမား လက်ထဲ ထည့်ပေးလိုက်တော့မယ်"
"ကျွန်မဘက်က သေချာပြီသားပဲ။ သူတို့တွေက တခြားသူမှမဟုတ်တာ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အနုပညာရှင်တွေလေ"
"ဒါဆိုရင်တော့ ငါတို့တွေ ပွဲကောင်းလေးကို စောင့်ကြည့်ရတော့မှာပေါ့"
...
ထိုစဉ် တခြားသော အေဂျင်စီများလည်း လူသစ်များ ပွဲထုတ်ရန် အလုပ်ရှုပ်နေကြသည်။ တန်ရီဖျော်ဖြေရေးကို သူဌေးတစ်ယောက်က ဝယ်ယူသွား၍ သူတို့ဖျော်ဖြေရေး၏ အဓိက အစီအစဉ်က ငွေကြေးကုန်ကျမှု နည်းပါးသော ရုပ်ရှင်ရိုက်ကူးရန် ဖြစ်သည်။
Creative Century နှင့် ချန်းထျန်း ဖျော်ဖြေရေးကလည်း အချိန်အတိုင်းအတာ တစ်ခုထိ ကုမ္ပဏီ အခြေအနေကို ထိန်းချုပ်ပြီးနောက် ဖျော်ဖြေရေးလုပ်ငန်းကို ပြန်လည်လုပ်ဆောင်သည်။
ချန်းထျန်းဖျော်ဖြေရေး၏စီအီးအို လန်ရှီက အရေးပါသော အနုပညာရှင်များကို ဆုံးရှုံးခဲ့ရ၍ လူသစ်မွေးထုတ်ရန်သာ ကြိုးပမ်းနေသည်။
ထိုစဉ် ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီ ဟိုက်ဟွေ့နှင့် ကြယ်ဘုရင် ဖျော်ဖြေရေးတို့က ပြောင်းလဲမှု သိပ်မရှိကြပေ။
ကြယ်ဘုရင်ဖျော်ဖြေရေးဘက်မှ ထျန်းနင်ကို သိက္ခာကျသည့် လုပ်ရပ်များကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ပြီး ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း ထျန်းနင်၏သည်းခံနိုင်စိတ်နှင့် လုပ်ငန်းကျွမ်းကျင်မှုကို အမီမလိုက်နိုင်ပါ။ မို့ထင်၏ကာကွယ် စောင့်ရှောက်မှုကြောင့်လည်း ထျန်းနင်က တဖြည်းဖြည်းချင်း ပိုထက်မြက်လာပြီး ထျန်းနင်အကြောင်းကို စုံစမ်းရန် ပိုခက်ခဲလာသည်။
ထျန်းနင်က သတင်းသမားများ အရှေ့မှာ မို့ထင်နှင့် ခပ်ကင်းကင်း နေထိုင်တတ်ပြီး သူတို့နှစ်ယောက်နှင့် ဆက်နွှယ်သော သတင်းကို စုံစမ်းရန် ပို၍ပို၍ ခက်ခဲလာသည်။ ဤအချက်က သူတို့ကို သဘောတူလွန်းသော ဖန်များကို ပို၍ပို၍ စိတ်ပျက်စေသည်။
တစ်ဖက်မှာတော့ ကြယ်ဘုရင်ဖျော်ဖြေရေး၏ဆက်ခံသူ ချွမ်ရဲ့က အမြွှာမော်ဒယ် နှစ်ယောက်ကို စင်တင်ပေးသည်။ ရက်ပိုင်းအတွင်း ထိုမိန်းကလေး နှစ်ယောက်၏သတင်းက သတင်းခေါင်းစီးပိုင်း ဖြစ်လာသည်။ အတင်းအဖျင်း သတင်းများအရ ၎င်းအမြွှာမိန်းကလေး နှစ်ယောက်ကို ပျိုးထောင်ရသည့် အကြောင်းအရင်းက ထျန်းနင်ကို ဖိနှိပ်ချင်သော အကြံအစည် ဖြစ်ပြီး ဒုတိယကျန်းမန်နီအဖြစ် ဖန်တီးရန်လည်း ကြံရွယ်ထားသည်။
ချွမ်ရဲ့၏ ဆန်းကြယ်သော အကျင့်စရိုက်နှင့် ဆွဲဆောင်မှု ရှိသော ရုပ်ရည်ကြောင့် ချွမ်ရဲ့က မို့ထင်၏ပြိုင်ဘက်ကောင်း ဖြစ်ထိုက်ပါသည်။ ချွမ်ရဲ့က လွတ်လပ်စွာ နေထိုင်တတ်ပြီး ငယ်ရွယ်သောကြောင့် မို့ထင်ထက် ချဉ်းကပ်ရ လွယ်ကူသည်။
***
ညနှောင်းပိုင်းအချိန်
ထျန်းနင်က အိပ်ရာပေါ်မှာ လဲလျောင်းနေပြီး ယနေ့ အနုပညာသတင်းကို ဖတ်ရှုနေသည်။ သတင်းဆောင်းပါးက မို့ထင်နှင့် ချွမ်ရဲ့ကို နှိုင်းယှဉ်ထားသည်။ ထိုသတင်းစာကို ဖတ်ရှုပြီးနောက် ထျန်းနင် အော်ရယ်လိုက်သည်။ မို့ထင်နှင့် ချွမ်ရဲ့၏ ခန္ဓာကိုယ်ကို နှိုင်းယှဉ်ထားသော ဓာတ်ပုံကြောင့် သူမ ရယ်မိခြင်း ဖြစ်သည်။
ချွမ်ရဲ့က သူ့ခန္ဓာကိုယ်ကို လူမြင်အောင် ပြတတ်သော အကျင့်ရှိသော်လည်း မို့ထင်က စွဲမက်ဖွယ်ကောင်းသော သူ့ခန္ဓာကိုယ်ကို ထုတ်ကြွားလေ့မရှိပေ။ တခြားသူများက မို့ထင်၏ခန္ဓာကိုယ်ကို မမြင်ဖူးသော်လည်း မို့ထင်၏ချစ်ဇနီးလေး သူမက ကောင်းကောင်း သိနေသည်။ ချွမ်ရဲ့၏ခန္ဓာကိုယ်က သာမန်အဆင့်ထက် ကျော်လွန်သည်က မငြင်းဆန်နိုင်သော်လည်း မို့ထင်နှင့် ယှဉ်လိုက်လျှင် အဆင့်ချင်း ကွာခြားလွန်းသည်။
"ဘာတွေ သဘောကျလို့ ရယ်နေတာလဲ ကိုယ့်အချစ်လေး"
လေ့ကျင့်ခန်း လုပ်ဆောင်ပြီးနောက် မို့ထင်က ချွေးရွှဲရွှဲစိုနေသော ခန္ဓာကိုယ်ဖြင့် အိပ်ခန်းထဲ ပြန်လာသည်။ အရူးတစ်ယောက်လို အားရပါရ ရယ်မောနေသော ထျန်းနင်ကို ကြည့်ပြီး သူ သိချင်နေသည့် မေးခွန်းကို မေးမြန်းလိုက်သည်။
ထျန်းနင်က ခေါင်းမော့လိုက်ပြီး မို့ထင်၏ အနောက်တန်း စံနှုန်း ပြည့်မီသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ထို့နောက် ထျန်းနင်က ခေါင်းတွင်တွင် ခါပြသည်။
မို့ထင်က သိချင်စိတ် ပြင်းပြလွန်း၍ ထျန်းနင်အနား ချဉ်းကပ်လိုက်ပြီး သူမ လက်ထဲမှ မဂ္ဂဇင်းကို ဆွဲလုလိုက်သည်။ သတင်းကို ဖတ်ရှုပြီးနောက် ထျန်းနင်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"ကိုယ့်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းကို သဘောကျဆုံးလဲ ပြောပါဦး ချစ်လေး"
ယောက်ျား နှစ်ယောက်စလုံးက ခန့်ညားချောမော၊ ချမ်းသာ ကြွယ်ဝပြီး မိမိုက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ မိန်းမ အများစုက ငွေမက်ကြသော်လည်း ထျန်းနင်က သာမန်မိန်းကလေးများနှင့် မတူညီတတ်ပေ။ ထို့ကြောင့်လည်း မို့ထင်က ထျန်းနင်၏ စိတ်သဘောထားကို သိချင်မိသည်။
"ချစ်လေးက ကိုယ့်ယောက်ျားရဲ့စွမ်းဆောင်ရည်ကိုပဲ ပိုသဘောကျတယ်"
ထျန်းနင်က ခေါင်းငုံ့လိုက်ပြီး ချိုသာသော လေသံဖြင့် ပြန်ဖြေကာ သူမ၏အပြောအဆိုက အဓိပ္ပါယ် နှစ်ခွ ဖြစ်နေသည်။
ထိုစကားသံကို ကြားပြီးနောက် မို့ထင်က ထျန်းနင်ကို သူ့ပေါင်ပေါ် ပင့်တင်လိုက်ပြီး
"ဘယ်လို ပုံစံကို သဘောကျတာလဲ။ ကိုယ့်အချစ်လေး ဖြေပါဦး"
ထျန်းနင်က ပင့်သက်ရှိုက်လိုက်ပြီး မို့ထင်၏လည်တိုင်လေးကို လက်ဖြင့် ချိတ်ကာ
"ရှင်ကြီးနော် သူများကို အရမ်းလန့်အောင် ကျီစယ်တယ်နော်။ အကြည့်ကိုက ကြောက်စရာကြီး ဟွန့်။ မြန်မြန် ရေသွားချိုးတော့။ တစ်ကိုယ်လုံး ချွေးတွေ   ရွှဲနစ်နေတာပဲ"
"ကိုယ့်ကို အရင်ဆုံး ဖြေဦးနော်"
"ကိုယ့်ယောက်ျားရဲ့အပြုအမူတိုင်းကို သဘောကျတာပေါ့"
ထျန်းနင်၏ပါးမို့မို့လေး နီရဲနေသည်။
"ကိုယ်က အသေးစိတ် သိချင်တာလေ"
"မို့သူဌေးနော်၊ ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ။ ပုံမှန်ဆို ဒီလောက် မဆိုးသွမ်းပါဘူး"
ထျန်းနင်၏နှလုံးသားလေးက အထိန်းအချုပ်ကင်းမဲ့စွာ တဒိတ်ဒိတ်ခုန်နေသည်။ မိန်းမတစ်ယောက်က ယခုလို မေးခွန်းမျိုးကို ဘယ်လိုမျက်နှာအမူအရာဖြင့် ဖြေဆိုဝံ့မည်နည်း။
 
 
***

Continue Reading

You'll Also Like

4.1M 261K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 33.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.2M 123K 52
I wrote this few years ago, I think this story is quite cringey(?) I'm thinking about unpublishing it so, read it while you can. Isabella Clark is on...