ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 265+266+267

150 8 0
By jellyflower1

အပိုင်း(၂၆၅)

 
 
 
"ဘယ်အရာတွေကများ မှားယွင်းသွားတာလဲ"
ကျန်းမန်နီ သူမကိုယ်သူမ မေးခွန်းထုတ်နေမိသည်။ သူမက မော်ဒယ်ရှိုးပွဲ များစွာကို လျှောက်လှမ်းဖူးသည့် ဝါရင့်မော်ဒယ်တစ်ယောက်ဖြစ်သည်။ သို့သော်လည်း ထျန်းနင်နှင့် ထိပ်တိုက် ရင်ဆိုင်ရသည့်အခါ သူမရဲ့ကိုယ်ပိုင် အရည်အချင်းများကို ပြန်၍ သံသယဝင်လာမိသည့် အကြောင်းအရင်းကို နားလည်ရ ခက်ခဲနေသည်။ ကျန်းမန်နီသည် ထျန်းနင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပြီး သူမမြင်ဖူးသမျှ ခြေတံသွယ်လေးများတွင် ထျန်းနင်၏ ခြေတံသွယ်လေးများက ပြီးပြည့်စုံကြောင်း သဘောပေါက်လိုက်သည်။ ပြီးပြည့်စုံသော ခြေတံသွယ်လေးများကို ပိုင်ဆိုင်ထားသူများသည် ကောင်းမွန်သော တင်သားအလှများကိုလည်း ပိုင်ဆိုင်ထားနိုင်ကြောင်း လေ့ကျင့်ခန်း လုပ်သူများသာ သိနိုင်သည်။ ထို့ကြောင့်လည်း ကျန်းမန်နီက သူမရဲ့ ရင်သားအလှနဲ့ တင်သားအလှကို ဂုဏ်ယူဝင့်ကြွားသကဲ့သို့ ထျန်းနင်မှာလည်း လှပသော ခြေတံသွယ်လေးများ ရှိသည်။ ထျန်းနင်ပိုင်ဆိုင်သည့် ခြေတံသွယ်လေးများက တခြားသူ တစ်ဘဝလုံး ပိုင်ဆိုင်ခွင့်မရနိုင်သည့် အဖိုးထိုက်တန်သော ရတနာလေးဖြစ်သည်။ ခမ်းနားထည်ဝါသော ညမီးဆိုင်းရဲ့အောက်မှာ လူတိုင်းရဲ့အမြင်အာရုံက ထျန်းနင်ပေါ်သာ ကျရောက်နေသည်။ ထိုစဉ် အဆုံးသတ်ရလဒ်ကို လက်ခံရန် ခက်ခဲနေသည့် ကျန်းမန်နီက သူမစိတ်ကိုသူမ မထိန်းချုပ်နိုင်၍ ကြမ်းပြင်ပေါ် လဲကျသွားသည်။ သို့တိုင် သူမကို ဆွဲထူပေးမည့်သူတစ်ယောက်မျှ မရှိခဲ့ချေ။
"ဘယ်လိုဖြစ်ရတာလဲ။ ကျန်းမန်နီက သူ့ဂုဏ်သိက္ခာကို မြောင်းထဲ ပစ်ချလိုက်တာပဲ။ ကျန်းမန်နီလိုမိန်းမက မောက်မာတဲ့လူစားမျိုး မဟုတ်ဘူးလား။ ထျန်းနင်က သူ့ကိုရှုံးလိမ့်မယ်လို့ အမြဲတမ်း တွေးနေခဲ့တာလေ။ ဒီလိုအဆုံးသတ်မျိုး ကြုံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးမလား။ ထျန်းနင်က ကျန်းမန်နီထက် မော်ဒယ်ကောင်းတစ်ယောက် ဖြစ်ဖို့ ပိုပြီး သင့်တော်တယ်ဆိုတာ လက်တွေ့ သက်သေပြလိုက်တာပဲ။ ထျန်းနင်ရဲ့မျက်နှာကို ကြည့်ရတာ ရင်ထဲအေးနေတာပဲ။ ထျန်းနင်နဲ့ မလိုက်ဖက်တဲ့ အဝတ်အစား ဆိုတာ မရှိနိုင်လောက်ဘူး။ ထျန်းနင်က ဘာဝတ်ဝတ် လိုက်ဖက်နေတာပဲ"
ထိုစဉ် ကျန်းမန်နီက တခြားသူများ ပြောဆိုသောစကားများကို မကြားနိုင်တော့ချေ။ သူမကို နှိုင်းယှဉ်ပြီးပြောဆိုသော စကားများကို မကြားချင်ယောင်ဆောင်ခဲ့လျှင် သူမစိတ်နာကျင်မှု သက်သာနိုင်လိမ့်မည်။
အင်တာနေရှင်နယ် မော်ဒယ်ရှိုးပွဲများတွင် သူမက အမှန်တကယ် တခြားသူများထက် တောက်ပခဲ့ပါသည်။ သို့သော်လည်း ဒါတွေအားလုံးက သူမကို ဒီဇိုင်နာ ရွေးချယ်ပေးခဲ့သည့် အဝတ်အစားများကို ဝတ်ဆင်ခဲ့၍သာ ဖြစ်သည်။ ဒီဇိုင်နာများ ရွေးချယ်ပေးခဲ့သည့်တိုင်အောင် သူမနှင့် မလိုက်ဖက်တဲ့ ဒီဇိုင်းများလည်း အများကြီး ရှိနေပါသေးသည်။ တစ်ဖက်မှာတော့ ထျန်းနင်က သူမဝတ်ဆင်လိုက်သော အဝတ်အစားနှင့် လိုက်လျောညီထွေအောင် ပြုမူနေထိုင်တတ်သည်။
သူမ၏ စိတ်နှင့်နှလုံးသားကို တစ်ပေါင်းတစ်စည်းတည်း ပေါင်းစည်းလိုက်ပြီး အဝတ်အစားနှင့် လိုက်ဖက်ညီအောင် ကိုယ်ဟန်ပြနိုင်သည့်အတွက် သူမရဲ့လှပမှုကို ပို၍ ပေါ်လွင်အောင် ပြသနိုင်သည်။ အရေးကြီးဆုံး အချက်အနေနဲ့ ပြောရမည်ဆိုလျှင် ထျန်းနင်က ကျန်းမန်နီကဲ့သို့ တခြားသူများရဲ့စိတ်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိသည်။
သို့တိုင် သူမက တခြားသူများ သတိမထားမိအောင် သိုသိုဝှက်ဝှက် နေထိုင်လေ့ရှိသည်။
တခြားသူများက သူတို့၏လက်ကိုင်ဖုန်းများဖြင့် အမျိုးသမီးနှစ်ယောက်ကို အမိအရ ဓာတ်ပုံလှမ်းရိုက်ကြသည်။ တစ်ယောက်က ဈေးပေါပြီး စက်ဆုပ်ဖွယ်ကောင်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး တခြားတစ်ယောက်ကတော့ အံ့ဩ တုန်လှုပ်ဖွယ်ကောင်းအောင် ချောမော လှပလွန်းသည်။
"ထျန်းနင်ကို ဒီဂါဝန်ဝယ်ပေးမိလို့ ငါတော့ အတော်ကို နောင်တရမိတယ်။ ငါ့ရဲ့အပေါ်ဝတ်ရုံကို ချွတ်ပြီးတော့ ထျန်းနင်ကို ဝတ်ပေးချင်လာပြီ။ ထျန်းနင်ရဲ့အလှကို မြင်ကုန်ပါပြီ"
ထျန်းနင်ရဲ့မျက်နှာက ချက်ချင်းနီလာသည်။ ထို့နောက် မို့ထင်က ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး လုံခြုံရေးကို အမိန့်ပေးလိုက်သည်။
"ဒီမော်ဒယ်ကျန်းမန်နီကို အဆောက်အအုံအပြင်ကို လိုက်ပို့ပေးလိုက်"
"မလိုအပ်ဘူး ငါ့ဘာသာငါ ထွက်သွားလို့ရတယ်"
ကျန်းမန်နီက ကြမ်းပြင်ပေါ် ထရပ်လိုက်သည်။ ခပ်တင်းတင်း မျက်နှာထားဖြင့် ခန်းမဆောင် အပြင်ဘက် ထွက်သွားလေသည်။
"ဒီနေ့ ငါအရှက်ခွဲခံရတာ၊ အရှက်ရခဲ့တာကို ငါတစ်ဘဝလုံး အမှတ်ရနေမယ်"
"ကျန်းမန်နီက တကယ်ကို အရှုံးသမားပဲ ရှုံးတာတောင် ရှုံးမဲမဲနေတယ်။ ငါတို့ကို ခြိမ်းခြောက်ချင် နေတာလား။ ကြည့်ရတာ ကျန်းမန်နီက တခြားသူကို တစ်ခါမှ မရှုံးဖူးတော့ ထိချက်နာသွားတာ နေမှာပေါ့။ တော်တော်လေး အရှက်ကွဲသွားလောက်ပြီ"
ကျန်းမန်နီ ထွက်ခွာသွားပြီးနောက် လူတိုင်းက သူတို့ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်ပဲ သူတို့ ထင်မြင်ချက်ကို ပြောဆိုကြသည်။ အချို့သောသူများက ထျန်းနင်ကို ရင်းနှီးရန် ချဉ်းကပ်လာကြသည်။ ထျန်းနင်က သူတို့ကို စကားပြန်ပြောခါနီး မို့ထင်က သူ့ရဲ့အပေါ်ဝတ်ကို ဖယ်ရှားလိုက်ပြီး ထျန်းနင်ကို လွှမ်းခြုံပေးလိုက်သည်။ လူတိုင်းက သူတို့မျက်စိရှေ့မှာ မြင်နေရသည့် မြင်ကွင်းကြောင့် တအံ့တဩ ဖြစ်နေရသည်။ သူတို့ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ နာမည်ကျော် စီအီးအိုက သဝန်ကြောင်လွန်းပြီး ထျန်းနင်၏အလှအပများ သူများမြင်သွားမည်ကို စိုးရိမ်နေပုံရသည်။
"ထျန်းနင် ဒီဝတ်စုံလေး ဝတ်တာကိုတောင် သဲသဲလှုပ်ဖြစ်နေရင် အတွင်းခံဝတ်ပြီးတော့ ပြိုင်ရတဲ့ မော်ဒယ်ရှိုးပွဲတွေဆိုရင် ဘယ်လိုလုပ်မလဲ"
"ဟေး"
ထျန်နင် လှည့်ပြီးတော့ မို့ထင်ကို ကန့်ကွက်သည်။
" ဒီအပေါ်ဝတ်အင်္ကျီကို ဝတ်မခိုင်းနဲ့တော့"
 မို့ထင်က ထျန်နင်ရဲ့ဘေးမှာ မတ်တတ်ရပ်နေပြီး စကားပြန်ပြောလာသည်။
"မင်းက အခု မော်ဒယ်ထျန်းနင်ဘဝကို ပြန်ရောက်သွားပြီဆိုတော့ ကိုယ်က မင်းရဲ့မန်နေဂျာ ပြန်ဖြစ်သွားပြီ။ မင်းရဲ့မန်ဂျာဖြစ်တော့ မင်းက ကိုယ့်ရဲ့စကားကို နာခံရမယ်။ ကိုယ်ပြောသမျှကို နာခံရမယ်လေ"
မို့ထင်ရဲ့အပြောကြောင့် ပတ်ဝန်းကျင်မှာရှိသော အနုပညာရှင်များက ရယ်မောကြသည်။ ဤဂါဝန်ကို ဝယ်ယူမိခဲ့သည့် မို့ထင်တစ်ယောက် နောင်တကြီးစွာ ရနေခြင်းဖြစ်နိုင်သည်။ ဂုဏ်ပြုညစာစားပွဲကို ဆက်လက် ကျင်းပနေသော်လည်း မို့ထင်သည် ဝိုင်ခွက်ကိုချကာ ထျန်းနင်အား စကားလှည့်ပြောလာသည်။
"နားနေခန်းကို လိုက်လာခဲ့"
ထျန်နင်ကို အမိန့်ပေးပြီးနောက် မို့ထင်က သူ့ပတ်ဝန်းကျင်မှာရှိသော မန်နေဂျာနှင့်ဒါရိုက်တာများကို ဖုန်းဆက်ရန်ရှိသည်ဟု အကြောင်းပြချက်ပေးကာ နားနေခန်းဘက်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ သိပ်မကြာလိုက် ထျန်နင်ကလည်း သန့်စင်ခန်းသွားချင်သည့် အကြောင်းပြချက်ပေး၍ နားနေခန်းဘက်သို့ ထွက်လာခဲ့သည်။ နားနေခန်း အခန်းတံခါးကို ဖွင့်ဖွင့်ချင်း  လူတစ်ယောက်က သူမကိုနံရံကို ဆွဲတွန်းသွားသည်။
ထို့နောက် မို့ထင်ရဲ့ ပြင်းပြသောအနမ်းက သူမရဲ့နှုတ်ခမ်းပေါ် ကျရောက်လာသည်ကို ခံစားမိသည်။ နှစ်ယောက်စလုံး အသက်ရှူမွန်းကျပ်လာမှ မို့ထင်က သူ့ရဲ့နှုမ်းရှိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ထျန်နင်ကို ငုံ့ကြည့်လာသည်။
 "ကိုယ့်ရဲ့ချစ်ဇနီးလေး ဘယ်လောက်တောင် ခန္ဓာကိုယ်လှလဲဆိုတာ ကျန်တဲ့သူ မြင်သွားစေချင်လို့သာ ဂါဝန်လေးကို ဝယ်ပေးမိတာ။ နောက်ဆို ဒီလိုဂါဝန်မျိုးတွေ ကိုယ်မဝယ်ပေးတော့ဘူး"
ထျန်းနင် တခွီးခွီး ရယ်မောလိုက်သည်။
"သဝန်တွေတိုနေတာလား"
"ကိုယ်က သဝန်တိုတာ မဟုတ်ပါဘူး။ မင်းက အရမ်းကို ဆွဲဆောင်မှုရှိတော့ တခြားသူတွေ သဘောကျသွားမှာ ကိုယ်ကြောက်နေမိတာပါ"
"ဒါဆိုရင် ချစ်လေး အဝတ်အစား သွားလဲလိုက်ရမလား"
မို့ထင် စကားဆက်ပြောချင်သော်လည်း ထျန်းနင်က သူ့ရဲ့လက်ကလေးကို ရင်ဘတ်ပေါ်တင်ပြီး စကားဆက်ပြောလာသည်။
"ထင် ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေသေးတယ်နော်။ သတိလေးလည်းထားဦး"
နောက်ဆုံးတော့ မို့ထင်က ထျန်းနင်ရဲ့စကားကို နာခံလိုက်ပြီး ထျန်းနင်ကို လွှတ်မပေးခင် ထျန်းနင်ရဲ့နားရွက်ဖျားလေးကို သွားဖြင့် တစ်တိကိုက်လိုက်သည်။
" ဒါဆိုရင် မြန်မြန် ပြန်ကြတာပေါ့"
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး နားနေခန်း အပြင်ဘက်ကို ထွက်ခွာသွားသည်။
ထိုစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးမှ အနုပညာရှင်များသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံတချို့အကြောင်း ပြောဆိုနေကြသည်။ အများစုက ထျန်းနင်နှင့် ကျန်းမန်နီကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံအကြောင်းကိုသာ ပြောဆိုနေခြင်းဖြစ်သည်။ ဓာတ်ပုံတစ်ပုံထဲတွင် အတူတူ မတ်တတ်ရပ်နေကြသော်လည်း ကျန်းမန်နီရဲ့အလှအပများက မှေးမှိန်နေပြီး ထျန်းနင်၏ အလှအပများက ပို၍ ထင်းနေသည်။
"ကျန်းမန်နီက သနားစရာ ကောင်းတယ်လို့ ခံစားမိနေတယ်နော်။ ဘာလို့မှန်းလဲမသိဘူး"
 အင်တာနက်ကို အလွန်အကျွံသုံးစွဲသောသူများက သူတို့ရဲ့အမြင်များကို ထုတ်ဖော် ပြောကြား လာကြသည်။
"ငါ့မှာတော့ ကျန်းမန်နီကို ယုံကြည်လိုက်ရတာ။ ထျန်းနင်နဲ့အတူတူ တွဲမြင်ရရင်တောင် ထျန်းနင်ထက် သာမယ်လို့ပဲ အပြည့်အဝ ယုံကြည်ခဲ့တာ"
 "ငါတော့ ထျန်းနင် ဘာလို့နိုင်သွားလဲဆိုတာ အခုတော့သိပြီ။ ထျန်းနင်က ဘယ်အဝတ်ကိုပဲ ဝတ်လိုက်ဝတ်လိုက် အရမ်းကို လိုက်ဖက်ညီတယ်။ သူ့ရဲ့အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့ ကိုယ်ဟန်အနေအထားလည်း လုပ်နိုင်တယ်။ အရေးအကြီးဆုံးတစ်ချက် ပြောရမယ်ဆိုရင် ဒီဓာတ်ပုံကို ဖြန့်တာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖြန့်တယ်ဆိုတာ ငါသတိထားမိတယ်။ ဒီဓာတ်ပုံရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ရဲ့ရင်သားတွေကို ထင်သာအောင်ပြတာပဲ"
"ဘာပဲဖြစ်ဖြစ် ထျန်းနင်ပဲနိုင်မယ်လို့ ငါတော့ အပြည့်အဝ ယုံကြည်တယ်။ ထျန်းနင် ဘာအဝတ်ပဲဝတ်ဝတ် ထျန်းနင်နဲ့လိုက်ဖက်နေတာပဲလေ"
 အိမ်ပြန်လမ်းတစ်လျှောက် ကျန်းမန်နီက နောက်ဘက်ထိုင်ခုံမှာ လဲလျောင်းလိုက်ပြီး အော်ဟစ်ငိုကြွေးနေသည်။ Cherlene က ကားဒရိုင်ဘာထိုင်ခုံမှာ ထိုင်နေပြီး ဒေါသမပုံကျရန် ကြိုးစားနေရသည်။ သို့တိုင် သူ့အပေါ်ယုတ်မာခဲ့သည့် မိန်းမယုတ်ကို နာကျင်စေခဲ့သည့် ထျန်းနင်ရဲ့အရည်အချင်းကို လက်ဖျားခါမိသည်။ ထျန်းနင်ကြောင့် သူမစိတ် ကျေနပ်မိသည်။ 
"ငါထျန်းနင်ကို သတ်ချင်တယ်။ အဲဒီမိန်းမရဲ့ဘဝကို ငါ ဖျက်ဆီးပစ်ချင်တယ်"
 ကျန်းမန်နီက အော်ဟစ် ငိုကြွေးနေသည်။
"နင့်မှာ အခွင့်အရေးရော ရှိသေးရဲ့လား"
ကျန်းမန်နီက သူ့ရဲ့အတွေးကို ခနဲ့လိုက်သည်။ အတိတ်ကဆိုလျှင် သူမကို မျက်နှာချို‌သွေးချင်၍ သူမမေးသည့်မေးခွန်းကို ဖြေမည့်သူ အသင့်ရှိနေသည်။ မို့ထင်က သူမရဲ့အဖွဲ့သားအားလုံးကို အလုပ်ထုတ်လိုက်၍ သူမရဲ့ဘဝ အဖော်မဲ့နေပါပြီ။  သူမကိုယ်သူမ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ရတနာတစ်ပါးဟု တွေးထင်ရန် မသင့်တော်ချေ။
ထျန်းနင်က အလိုက်တသိ အဝတ်အစား အဖြူရောင်ဝတ်စုံရှည်လေးကို လဲလှယ်ကာ နန်းပြင်ခန်းမ ထွက်ခွာလာခဲ့သည်။ လူတိုင်းက ထျန်းနင်ကိုမြင်မြင်ချင်း စနောက်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
"ညီမ‌ငယ်လေးရေ ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ အဝတ်အစားတွေ လဲလိုက်ရတာလဲ။ တစ်ယောက်ယောက် ဒေါသထွက်မှာ ကြောက်လို့လား။ သဝန်တိုမှာ စိုးလို့လား"
"ညီမငယ်လေး စောနတုန်းကဝတ်တဲ့ ဝတ်စုံက အရမ်းမိုက်တယ်နော်။ သူဌေးမို့ကိုယ်တိုင် ရွေးပေးထားတာလား။ ကြည့်ရတာ အရမ်းကို ဈေးကြီးမယ့်ပုံပဲ"
"ညီမငယ်လေးရေ စောနတုန်းက ညီမလေးနဲ့ မို့သူဌေး အတူတူ ပျောက်သွားတယ်နော်။ ဘာတွေလုပ်ကြတာလဲ။ ညီမလေးတို့နှစ်ယောက်က တစ်ခုခုတော့ တစ်ခုခုပဲနော်"
ထျန်းနင်ကို လူတိုင်းက စနောက်ကျီစယ်သည်ကို မြင်ရသောအခါ မို့ထင်က လူအုပ်စုကြီးကို ဖြတ်ကျော်ပြီး ထျန်းနင်၏လက်ကို ဆွဲကာ ကာကွယ်သည့်သဘောဖြင့် သူ့ဘေးနားကို ဆွဲထားသည်။ မို့ထင်၏ ရန်လိုသော အကြည့်များကြောင့် မည်သူက စနောက် ကျီစယ်ရဲမည်နည်း။
 
 
***
အပိုင်း(၂၆၆)

 
 
 
မို့သူဌေးက သီချင်းဆိုမှာလား။
တောက်ပခမ်းနားသော အလင်းရောင်အောက်မှာ ထျန်းနင်က သူမရဲ့ဦးခေါင်းလေးကို လှည့်ကြည့်လာသည်။ ဩဇာတိက္ကမနဲ့ပြည့်စုံသော ဖျော်ဖြေရေးလောကရဲ့ဘုရင်ကြီး သူမရဲ့ယောက်ျားက သူမကို ခေါင်းအစခြေအဆုံး အကဲခတ်နေပြီး အထင်ကြီးလေးစားသော အကြည့်ဖြင့် ကြည့်ရှုနေသည်။
ထျန်းနင်က မို့ထင်ကို သံသယမျက်ဝန်းများနှင့်ကြည့်ကာ မေးခွန်းမေးမြန်းရန် ကြံရွယ်လိုက်စဉ် မို့ထင်က သူမထက် အရင်ဆုံး စကားပြောလာသည်။
"မင်းနဲ့ပတ်သက်တဲ့ သတင်းကောင်းလေး ပြောစရာရှိတယ်"
"ဟင် ဘာများလဲ"
အောက်နှုမ်းခမ်းပါးလေးကို ကိုက်ကာ မို့ထင်ကို ငေးကြည့်လာသည်။
"ကမ္ဘာ့အဆင့်မီဒီဇိုင်နာ Cloud Nက ဟိုက်ဟွေ့ကို ဖိတ်စာပို့ထားတယ်။ သူတို့က သူတို့ရဲ့ကုန်ပစ္စည်းအသစ် ကြော်ငြာတဲ့ နေ့လယ်ခင်းပွဲကို တက်ရောက်စေချင်တယ်"
မို့ထင်က ရှင်းပြလာသည်။
"ကမ္ဘာ့အဆင့်မီဒီဇိုင်နာရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့လူက သိပ်မရှိဘူး။ ဒီအာရှအတွင်းမှာဆိုရင် ထျန်းနင်က ပထမဆုံးပဲ"
"Cloud N"
ထျန်းနင် အံ့ဩ တုန်လှုပ်သွားသည်။
"ဒါဘယ်လိုဖြစ်ရတာလဲ။ ဖြစ်နိုင်ပါ့မလား"
"စောနတုန်းက ကမ္ဘာ့အလှဆုံး ခြေထောက်ပြိုင်ပွဲမှာ ထျန်းနင်ရဲ့ အချက်အလက်ကို ပို့ပေးလိုက်တယ်။ သူတို့ကလည်း ထျန်းနင်ကို သဘောကျတယ်။ ပြီးတော့ Cloud Nကလည်း ထျန်းနင်ကို တော်တော် သဘောကျနေတယ်"
မို့ထင်က ရှန်ပိန်နှစ်ခွက်ကို ဆွဲယူလိုက်ပြီး ထျန်းနင်ကို ပေးလိုက်တယ်။
"Victoria secret eventကို လွဲချော်သွားတာ နှမြောဖို့ ကောင်းလွန်းတယ်"
"ကျွန်မတို့ နောက်နှစ်ပြိုင်ပွဲဝင်ဖို့ အခွင့်အရေး ရှိဦးမှာပါ"
ထျန်းနင်က နှစ်သိမ့်လိုက်သည်။
"ဘာအပြောင်းအလဲတွေပဲဖြစ်ဖြစ် နောက်နှစ် Victoria secret eventကို ထျန်းနင် မတက်ရောက်နိုင်စရာ အကြောင်းမရှိပါဘူး"
မို့ထင်က ထျန်းနင်ရဲ့ဆံပင်လေးကို ဖွဖွလေးသပ်ပေးပြီးတော့ ချိုသာသောလေသံဖြင့် ပြောဆိုလေသည်။
"ထျန်းနင်က ဒီအောင်မြင်မှုတွေရဖို့ အချိန် လေးလပဲကြာတယ်။ ထျန်းနင်ရဲ့အရည်အချင်းက အံ့ဩစရာ ကောင်းလွန်းတယ်"
"ဒါဆိုရင် ကျွန်မတို့တွေ Cloud Nရဲ့ပွဲကို ဘယ်အချိန်သွားကြမှာလဲ"
"ဆယ့်ရှစ်ရက်နေ့ သွားရမယ်။ ကိုယ် မင်းနဲ့အတူတူလိုက်ခဲ့မယ်။ အဲဒီပွဲမှာ အနိုင်ရဖို့အတွက် ကိုယ်အကောင်းဆုံး ကူညီပေးမယ်"
ထျန်းနင်၏ မျက်ဝန်းထောင့်ကလေးများက ချက်ချင်း နီရဲလာသည်။ လက်တစ်ဖက်က ရှန်ပိန်ခွက်ကို ‌ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်က မို့ထင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ မည်သူမှ သတိမထားမိစဉ် မို့ထင်ရဲ့လက်ချောင်းကလေးများကို ဖမ်းဆုပ်ထားလိုက်သည်။
"ဟေး ညီမငယ်လေးရေ မင်း ဟွာကျင်းကျင်းနဲ့တူတူ ဆုပေးပွဲမှာ ဆိုခဲ့တဲ့သီချင်းလေးကို ဆိုပြပါလား"
"ကျွန်မက အပျော်သဘောပဲ သီချင်းဆိုတာပါ"
"ဟုတ်ပါတယ်။ ညီမ‌ငယ်လေးရေ အစ်ကိုတို့ကို သီချင်းလေး ဆိုပြပါလား။ စင်ပေါ်တက်ပါ"
ထျန်းနင်က မို့ထင်ကို ကူကယ်ရာမဲ့ ငေးကြည့်လိုက်ပြီး သူမကို ကူညီရန် မို့ထင်၏လက်ကို ဆိတ်လိုက်သည်။ သို့သော်လည်း မို့ထင်က သူမလက်ကို တွန်းဖယ်လိုက်ပြီး စကားကျယ်ကျယ် ပြောသည်။
"စင်ပေါ်တက်ပါ"
ထျန်းနင်က ခေါင်းကိုမော့ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဖြန့်ကြက် ကြည့်ရှုလိုက်သည်။ သူမစိတ်ထဲ အတွေးတစ်ခု ပေါက်သွား၍ မို့ထင်၏လက်ကိုဆွဲကာ သူနှင့်အတူတူ စင်ပေါ်ဆွဲခေါ်သွားသည်။
"ဝိုး ငါတို့ရဲ့ မို့သူဌေးကြီးကလည်း သီချင်းဆိုမှာလား။ ငါတို့ သူဌေးသီချင်းဆိုတာ နားထောင်ကောင်းလား သိချင်လှပြီ"
"နားဝင်တော့ မဆိုးလောက်ပါဘူးဟာ။ ငါတို့ရဲ့ အရည်အချင်းရှိတဲ့ မို့သူဌေးက နားဝင်ဆိုးပါ့မလား။ ငါတို့ သူဌေးမို့က ဘက်စုံထူးချွန်တဲ့ သူဌေးပဲလေ"
ထျန်းနင်က မိုက်ခရိုဖုန်းလေးကို ကိုင်ပြီး မို့ထင်ကို လက်လွှဲပေးလိုက်သည်။
"ထင် သီချင်းမဆိုချင်ဘူးဆိုရင်လည်း ဒီတိုင်း စင်ပေါ်က ဆင်းသွားလို့ရပါတယ်။ ထင်နဲ့ချစ်က လက်ထပ်ထားတာကြာပြီ ဒါပေမဲ့ ထင်ရဲ့အမူအကျင့်တွေကို သိသင့်သလောက်သိပေမဲ့ ထင် ဘာတွေကို ဝါသနာပါလဲဆိုတာကို အခုထိ မသိရသေးဘူး"
"ကိုယ် ဘာကို ဝါသနာပါလဲ မပါဘူးလဲဆိုတာ များများစားစားတော့ မရှိပါဘူး။ တခြား ဖျော်ဖြေရေးလောကမှာ ဖြန့်နေတဲ့သတင်းတွေက ယုံကြည်လို့ ထိုက်တန်လား မထိုက်တန်ဘူးလား ဆိုတာ ချစ်လေးလည်း နားလည်မှာပါ"
"ဒါပေမဲ့ ချစ်လေးက ကိုယ်နဲ့အတူတူ တကယ် သီချင်းဆိုချင်တာပါ"
မို့ထင်က ခေါင်းညိတ် သဘောတူလိုက်သည်။ မို့ထင်က စကားတစ်ခွန်းမှ မပြောသော်လည်း ထျန်းနင်လက်က မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ပြီး တစ်ဖက်မှာ ချထားလိုက်သည်။ ထို့နောက် တယောသမားကို ကြည့်လိုက်ပြီး
"မင်းရဲ့တယော ခဏပေး"
ထိုလူက သူ့ရဲ့တယောကို ချက်ချင်း လက်လွှဲပေးလိုက်သည်။ မို့ထင်က တယောကို ဆုပ်ကိုင်ပြီး ထျန်းနင်ကို ကြည့်လိုက်သည်။
"ဒီမှာ လူတွေအများကြီးရှိတယ် ကိုယ်သီချင်း မဆိုချင်ဘူး ဒါပေမဲ့ မင်းသီချင်း ဆိုလို့ရအောင် ထောက်ပံ့ပေးမယ်လေ"
"သီချင်း မဆိုနိုင်လို့လား"
"ကိုယ်က တခြားသူတွေရှေ့မှာ သီချင်းမဆိုချင်တာပါ။ ကိုယ်တို့ အိမ်ပြန်ရောက်ရင် မင်းကြိုက်သလောက် သီချင်းဆိုပြမယ်"
မို့ထင်က  သဘောကျနှစ်ခြိုက်စွာ ရယ်မောလိုက်သည်။
"ကယ် ဒါဆိုရင် သီချင်းဆိုတာ စကြတာပေါ့"
တယောတီးခတ်ခြင်းက မို့ထင်တတ်ကျွမ်းသော အရည်အချင်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ပွဲကြည့်ပရိသတ်များက အံ့ဩ တုန်လှုပ်ခြင်းမရှိပေ။
သို့သော်လည်း မို့ထင်၏ တယောတီးခတ်ခြင်း အနုပညာကို မည်သူမှ နားထောင်ဖူးခြင်း မရှိခဲ့ပေ။ မို့ထင်၏တခြားသော အရည်အချင်းများကို မည်သူမှ တိတိကျကျမသိနိုင်ပေ။ အားလုံးက မို့ထင်၏လှုပ်ရှားမှုများကို သတိထားနေကြသည်။
ခဏကြာပြီးနောက် ပျောက်ဆုံးခြင်းဟူသော သံစဉ်လေးက အားလုံး၏နားထဲ ပျံ့လွင့်လာသည်။ ထျန်းနင်က မိုက်ခရိုဖုန်းကို သူမပါးစပ်နားထားလိုက်ပြီး စတင်သီချင်းဆိုသည်။
သူမရဲ့သီချင်းဆိုသံက ကျွမ်းကျင်အဆင့်ကို မရောက်သော်လည်း စာသားနဲ့သံစဉ်ကို မှတ်မိနေပြီး သူမရဲ့အသံက သာယာငြိမ့်ညောင်းဖွယ် ကောင်းသည်။
 ခဏကြာပြီးနောက် သူတို့နှစ်ဦးစလုံး သံစဉ်ပြောင်းသည့် အခိုက်အတန့်သို့ ရောက်ရှိသွားသည်။ သာယာငြိမ့်ညောင်းဖွယ်ကောင်းသော တယောသံနှင့် သီချင်းတို့ ရောယှက်သွားပြီး အဆိုတော်အများစုကို အံ့ဩသွားစေသည်။ မို့ထင် တီးခတ်သောအပိုင်းက သီချင်း၏အချိုမြိန်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ထျန်းနင်ရဲ့အသံကလည်း ချိုသာပြီး သံစဉ်နှင့် လိုက်ဖက်ညီမှုရှိနေသည်။ 
သာယာငြိမ့်ညောင်းသော တယောသံကို နားစွင့်ရင်း မို့ထင်ကို ငေးမောကြည့်နေ၍ သီချင်းဆိုရန် မေ့လျော့သွားခဲ့သည်။ သို့တိုင် မို့ထင်က သံစဉ်ကို ဆက်လက်တီးခတ်နေပြီး သီချင်းသံကို အဆုံးသတ်စေသည်။ သီချင်းပြီးဆုံးပြီးနောက် တယောကို တယောသမားထံ ပြန်ပေးလိုက်သည်။
လူတိုင်း သဘောကျ နှစ်ခြိုက်နေကြသည်။
ဟိုက်ဟွေ့ဂုဏ်ပြုညစာစားပွဲကို နှစ်ပေါင်းများစွာ ကျင်းပခဲ့ဖူးသော်လည်း မို့ထင် လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲခဲ့သည့် ပထမဦးဆုံးပွဲဖြစ်သည်။
မို့ထင်က တခြားသူများနှင့် ရယ်ရယ်မောမော စကားပြောရုံသာမက စင်ပေါ်မှာလည်း ဖျော်ဖြေလိုက်သေးသည်။ သို့တိုင် မို့ထင်က ဤမျှလောက် သဘောကောင်းသူမဟုတ်ချေ။ ထျန်းနင်ကို ဂရုစိုက်ချင်၍သာ ယခုလို ပြုမူနေခြင်းဖြစ်သည်။
သို့မှသာ သူ့ချစ်ဇနီးလေး ထျန်းနင် မိတ်ဆွေကောင်းများစွာ ရရှိလာပြီး မျက်နှာသာ ပေးခံရလိမ့်မည်။ မျက်စိတမှိတ်အတွင်း ဂုဏ်ပြုညစာစားပွဲသည် ပြီးဆုံးခါနီးအချိန်သို့ ရောက်ရှိလာသည်။
မို့ထင်က ထျန်းနင်နှင့်အတူတူ ပွဲမှထွက်ခွာရန် ဆုံးဖြတ်ထားသော်လည်း အချိန်အကြာကြီး ဒေါက်မြင့်ဖိနပ်စီးထားရသည့် ထျန်းနင်မှာ ခြေထောက်နာကျင်နေသည်။ မို့ထင်က ထျန်းနင်ကို ဖျတ်ခနဲကြည့်လိုက်ပြီး ထျန်းနင်အရှေ့မှာ ရုတ်တရက် ဒူးထောက်လိုက်သည်။
"ကိုယ့်ကျောပေါ်တတ် ကိုယ်ကျောပိုးသွားမယ်"
"အပြင်မှာ တခြားသူတွေ ရှိနေသေးတယ်လေ"
ထျန်းနင်က အလျင်အမြန် သတိပေးလိုက်သည်။
"ထျန်းနင် ကိုယ့်ဘာသာကိုယ် ကျောပေါ်တက်မလား ဒါမှမဟုတ် ကိုယ်ပွေ့ချီသွားရမလား"
ထိုကိစ္စနဲ့ပတ်သက်ပြီး ဆက်မဆွေးနွေးချင်၍ ထျန်းနင်က မို့ထင်ရဲ့ကျောပေါ် တက်လိုက်သည်။
"အေဂျင်စီက လူတွေက ဒီအကြောင်းကို သိနေပြီး အပြင်ကလူတွေက မသိသေးဘူးလေ"
မို့ထင် ပြန်ဖြေလိုက်သည်။
"သူတို့အားလုံးကို ဒီကောလာဟလ သတင်းတွေ ဖြန့်ခွင့်မပြုပါဘူး။ ဘယ်သူကမှလည်း ဒီအကြောင်းကို မပြောရဲဘူး‌"
"ဒီအကြောင်းကိုပြောဖို့ အရိပ်အမြွက်ပြောမှသာ လူတိုင်းက တခြားသူကို ပြောမှာပေါ့"
ဥပမာပြောရမယ်ဆိုရင် ထျန်းနင်နဲ့ကျန်းမန်နီကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံမျိုးဖြစ်သည်။ သို့သော် ယခုထိတိုင် ထျန်းနင်က ထိုအကြောင်းကို မသိသေးချေ။
***
ကျန်းမန်နီ သူ့အိမ်ကို ပြန်ရောက်ရောက်ချင်း လူတချို့ရဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
မို့ထင်ကလည်း တန်ရာတန်ကြေး လက်စားချေတတ်သူဖြစ်၍ ကျန်းမန်နီကို ယခုကဲ့သို့ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
Cherleneလည်း ရိုက်နှက်မှုမှ မလွတ်ခဲ့ချေ။ သို့သော်လည်း သူမတို့ကို ရိုက်နှက်သူက ဟိုက်ဟွေ့နဲ့ ဆက်နွှယ်နေ၍ သည်းခံနေစရာ အကြောင်းအရင်း မရှိပေ။
ဟိုက်ဟွေ့ရဲ့ လျှို့ဝှက်ချက်များကို ကြယ်ဘုရင်ဖျော်ဖြေရေးသို့ ရောင်းစားရလိမ့်မည်။ ထိုမှသာ သူမကိုယ်သူမ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မည်။
 
 
***
အပိုင်း(၂၆၇)

 
 
တိတ်ဆိတ်ငြိမ်သက်ပြီး ခမ်းနားထည်ဝါသော ဟော်တယ်အတွင်းမှာ လုံကျဲနှင့် လုချယ်တို့က ညစာ အတူတူ စားသောက်နေကြသည်။
လုချယ်က သူပေးထားသည့်ကတိကို တည်ပြီး လုံကျဲ စိတ်မသက်သာ ဖြစ်စေမည့် သူ့မိဘများနှင့် တွေ့ဆုံခြင်းကို ဖျက်သိမ်းခဲ့သည်။ သို့တိုင် လုံကျဲက လုချယ် တောင်းဆိုချက်ကို လက်ခံလိုက်ပြီး လုချယ်၏အိမ်ကို လိုက်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။
လုချယ်နှင့် ချစ်သူအဆင့် နောက်တစ်ဆင့် တက်လှမ်းရန် အဆင့်သင့် မဖြစ်သေး၍ လုံကျဲ ကြောက်စိတ်ဝင်လာသည်။
သူမ၏ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားလေးကို ဖုံးကွယ်ရန် အလို့ငှာ လုံကျဲက သူမအတွက် အစားအသောက် ပြင်ဆင်နေစဉ် ဖုန်းလေးကို ဖွင့်ကာ သတင်းများကို ဖတ်ရှုနေသည်။
ထျန်းနင်ကို ဂုဏ်ပြုထားသော ဓာတ်ပုံလေးကို ကြည့်မိလေတိုင်း လုံကျဲ ကြည်နူးမိသည်။
ဂုဏ်ပြုညစာ စားပွဲ အဆုံးသတ်သည်နှင့် ကျန်းမန်နီတို့ ရိုက်နှက်ခံရသော ဓာတ်ပုံက သက်သေနှင့်တကွ အွန်လိုင်းပေါ် တက်လာသည်။
လုံကျဲက ခေါင်းလေးကို မော့ပြီး လုချယ်ကို ဖုန်းလေးပြသည်။
"ဒါက ငါတို့ သူဌေးကြီးရဲ့လက်ချက်လား"
လုချယ်က ခေါင်းငုံ့ကြည့်လိုက်ပြီး အနည်းငယ် ဒွိဟဖြစ်နေသော လေသံဖြင့်
"ကြည့်ရတော့ ကိုယ့်ရဲ့ကျဲအာက ကိုယ့်ထက်တောင် သတင်းအစအန ရှာတာ ပိုမြန်နေသလားလို့"
လုံကျဲက လုချယ်၏တုံ့ပြန်မှုကို အံ့အားသင့်သွားပြီး အသားကင်များ လှီးထားသော လုချယ်၏ပန်းကန်နှင့် သူမ၏ပန်းကန်ပြားကို လဲယူလိုက်သည်။
"တို့က ဒီအတိုင်း စပ်စုကြည့်တာပါ"
"ဟိုမန်နေဂျာမက တော်တော်လေး ဦးနှောက် မရှိတာပဲ။ အွန်လိုင်းပေါ်မှာ သူများအတင်းတွေ လျှောက်တင်နေရုံနဲ့ သူ့ကို စိတ်ဝင်စားလာမယ်များ တွေးနေသလား"
"မော်ဒယ် ကျန်းမန်နီရဲ့နှိပ်စက်တာကို ခံရသလို ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ လက်စားချေတာကိုလည်း ခံထားရတယ်။ ကြယ်ဘုရင်ဖျော်ဖြေရေးကလည်း မန်နေဂျာမနဲ့ အဆက်အသွယ် ဖြတ်တောက်ထားပြန်တယ်။ အခုအချိန်မှာ Charleneလုပ်နိုင်တာဆိုလို့ လိုင်းပေါ်တက်ပြီး စာတင်ရုံပဲပေါ့။ ဘာများ လုပ်နိုင်ဦးမှာမို့လဲ"
လုချယ်က လုံကျဲ၏မျက်နှာကို လေးလေးနက်နက် ကြည့်ရှုလိုက်ပြီး
"ကိုယ်တို့ရဲ့ကြည်နူးဖို့ကောင်းတဲ့ ညစာစားပွဲလေးကို အလုပ်အကြောင်း ပြောရင်း အချိန်ဖြုန်းမလို့လား ကျဲအာ"
လုံကျဲ မှင်တက်သွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်လာသည်။  လုံကျဲက အသံတိုးတိုးလေးဖြင့် စကားပြန်ပြောလာသည်။
"ဒါတွေအားလုံးက ရှင့်ကြောင့်လေ။ ရှင့်ကို ကြောက်လို့ စကားလမ်းကြောင်း လွှဲနေမိတာပေါ့"
"ကိုယ့်ကြောင့် ဟုတ်လား"
လုချယ် နားလည်ရ ခက်ခဲနေသည်။
"ညစာ စားပြီးရင် ရှင့်အိမ်လိုက်ခဲ့လို့ ပြောခဲ့တယ်လေ"
လုံကျဲ၏အပြောလေးကြောင့် လုချယ် ရယ်မောမိသည်။
"လက်မထပ်ခင် အတူတူနေတာကို မကြိုက်ဘူးလို့ ပြောဖူးတာကို ကိုယ်မှတ်မိပါတယ်။ ကိုယ့်ကျဲအာလေး အတိတ်တွေများ မေ့သွားသလားကွယ်"
လုံကျဲက သက်ပြင်းလေး ချလိုက်ပြီး အတွန့်တက်ကြည့်သည်။
"ညစာစားပြီးရင် ကိုယ့်အိမ်လိုက်ခဲ့လို့ ပြောတဲ့စကားမျိုးကို ဘယ်မိန်းကလေးမဆို နားလည်မှု လွဲနိုင်တာပဲလေ"
"ကိုယ်က ကျဲအာလေးကို ဘာမှမလုပ်ပါဘူး"
လုံကျဲက ခက်ရင်းခွလေးဖြင့် လုချယ်ကို ခြိမ်းခြောက်ကြည့်သည်။
"တို့ကို ထိရဲရင် ထိကြည့်လိုက်စမ်းပါ။ မီးပွင့်သွားစေရမယ်"
လုချယ်က ရယ်မောလိုက်ပြီး လုကျဲ မြန်မြန်စားရန် လက်ဟန်အမူအရာပြသည်။ လုံကျဲက သူမ မကြိုက်သော အစားအသောက်များကို လုချယ်၏ပန်းကန်ပြားထဲ အကုန်ထည့်ပေးသည်။
လုံချယ်၏ချစ်သူတာဝန်က သူ့ကောင်မလေး မကြိုက်နှစ်သက်သော အစားအသောက်များကို ကုန်စင်အောင် စားသုံးပေးရန်သာ ဖြစ်သည်။
ပျော်ရွှင်ဖွယ်ကောင်းသော ညစာစားပွဲလေး ပြီးဆုံးပြီးနောက် လုချယ်က လုံကျဲကို သူ့တိုက်ခန်း ခေါ်ဆောင်လာသည်။
သူတို့စုံတွဲလေးက အိမ်ရှေ့တံခါးမကြီးကို တစ်ယောက်ချင်း ဖြတ်ကျော်လာသည်။ လုချယ် ကတိပေးထားသည့်အတိုင်း လုံကျဲအပေါ်  စည်းကျော်သော အပြုအမူမျိုး မလုပ်ဆောင်ခဲ့ပေ။ သို့သော်လည်း လုံကျဲ၏ခန္ဓာကိုယ်လေးကို ဆိုဖာပေါ်  လဲလျောင်းစေပြီး ကြည်နူး ဆွတ်ပျံ့ဖွယ်ကောင်းအောင် နမ်းရှိုက်သည်။
ပထမတော့ လုံကျဲ၏စိတ် ဗလောင်ဆူလာသည်။ လုချယ်က သူပေးထားသည့် ကတိကို ဖောက်ဖျက်လိမ့်မည်ဟု ခံစားမိနေသည်။ သို့တိုင် သူမ၏နှလုံးသားလေးက တဒိတ်ဒိတ်ခုန်နေပြီး သူမကိုယ်သူမ မေးခွန်း ပြန်ထုတ်နေမိသည်။ လုချယ်၏အနမ်းလေးကို သူမလည်း မက်မောသည် မဟုတ်ပါလော။
သူတို့စုံတွဲလေးက မနက်ဖြန်တိုင်းမှာ မနမ်းရှိုက်ရတော့မည့်အတိုင်း မက်မောစွာ နမ်းနေသည်။ သို့သော်လည်း စည်းမကျော်မိခင် လုချယ်က လုံကျဲကို လွှတ်ပေးလိုက်ပြီး ယောက်ျားလေးတို့ သဘာဝပေး ပြဿနာကို ဖြေရှင်းရန် သူ့အိပ်ခန်းထဲ ဝင်ရောက်သွားသည်။
လုံကျဲက တံခါးပေါက်လေးကို မှီပြီး တဒိတ်ဒိတ်ခုန်နေသော နှလုံးသားလေးကို ထိန်းချုပ်ကာ ရယ်မောလိုက်သည်။
...
မည်းမှောင်နေသော တိုက်ခန်းလေးအတွင်း အပ်ကျသံကိုပင် မကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်နေသည်။
ချစ်သူ၏စွန့်ပစ်ချင်ကို ခံရသော Charleneက အပြင်လောကထဲ မထွက်ချင်၍ ကျန်းမန်နီ၏တိုက်ခန်းထဲ ပုန်းနေသည်။ သူမ သိသမျှ သတင်းနှင့် အတင်းအဖျင်းများကို အွန်းလိုင်းပေါ် တင်မိသည်။ တကယ်တမ်းတော့ သူမက ဒဏ်ရာ အနည်းငယ် ရရုံသာ ဖြစ်သည်။ သို့တိုင် အခြေအနေကို ပုံကြီးချဲ့ပြီး တခမ်းတနား ပို့စ်တင်လိုက်သည်။
အစောပိုင်းတုန်းက သူမ၏အတွေးက ရိုးရှင်းသည်။ သူမ၏ချစ်သူကို သွားတွေ့ပြီး ဟိုက်ဟွေ့၏ အချက်အလက်များကို ရောင်းစားကာ ကြယ်ဘုရင်ဖျော်ဖြေရေးမှာ သင့်လျော်သော ရာထူးအဆင့်အတန်းကို ရယူရန် ကြံရွယ်ထားသည်။ သို့သော်လည်း ချစ်သူ၏တိုက်ခန်းသို့ ရောက်ရောက်ချင်း မြင်တွေ့လိုက်ရသော မြင်ကွင်းက နှလုံးသားကို ကြေမွသွားစေသည်။ သူမ ရင်နှင့်တမျှ မြတ်နိုးခဲ့ရသော ချစ်သူကောင်လေးက မော်ဒယ်မိန်းကလေးများနှင့် ပျော်ပါးနေသည်။
Charleneက နာကျင်နေသော နှလုံးသားလေးကို ရင်ဝယ်ပိုက်ပြီး စိတ်ပျက်အားငယ်စွာ ပြေးထွက်လာသည်။ သူမမှာ သွားစရာ နေရာမရှိ၍ ကျန်းမန်နီ၏ တိုက်ခန်းရှိရာသို့ ကားမောင်းထွက်လာသည်။ အနာဂတ် မရေမရာ ဘာဆက်လုပ်ရမလဲ မသိ ဖြစ်နေမိသည်။
Charlene မတ်တတ် ထရပ်လိုက်ပြီး အန္တရာယ်ရှိသော ဆုံးဖြတ်ချက်ကို မချမှတ်မီ ကျန်းမန်နီ၏အခန်းကို လည့်ပတ်ကြည့်ရှုသည်။
သူမ၏လက်ကိုင်အိတ်ကို ဖွင့်လိုက်ပြီး ကျန်းမန်နီ၏လက်ဝတ်ရတနာ အားလုံးကို သိမ်းယူသည်။ သူမ အလုပ်လုပ်လာသည့် လုပ်သက် တစ်လျှောက် အများကြီး အကူအညီအထောက်အပံ့ မပေးခဲ့ဖူးသော်လည်း သူမ၏ကြိုးစားမှုကို အသိအမှတ်ပြုသော ဆုလာဘ်များကို ပေးကမ်းသင့်ပါသည်။
ယခုလို လက်ဝတ်လက်စား ရတနာများ ယူဆောင်ခဲ့ခြင်းကို တရားလွန်သည်ဟု မမှတ်ယူသင့်ချေ။
ကျန်းမန်နီ၏ရိုက်နှက် ကန်ကျောက်မှုများကို ခံခဲ့ရသည့် အဖြစ်မှန်ကို တွေးမိလေတိုင်း Charleneက အိမ်တစ်အိမ်လုံးမှာ ရှိနေသော အဖိုးတန်ပစ္စည်းများကို ကောက်သိမ်းလာခဲ့သည်။
သို့သော်လည်း တိုက်ခန်းမှ ထွက်လာလာချင်း သူမနှင့်မရင်းနှီးသော ဖုန်းတစ်လုံး ဝင်လာသည်။
"မိန်းကလေးCharleneလား။ နေကောင်းရဲ့လား။ ကျွန်တော်က ဟွားရုံစတူဒီယိုက သတင်းထောက်ပါ။ မျိုးရိုးနာမည်က လင်းပါ။ မင်း ဒီနေ့ လိုင်းပေါ် တင်ထားတဲ့ သနားစရာကောင်းတဲ့ ပို့စ်ကို မြင်မိလို့ပါ"
"မင်းက ဒီလို အခြေအနေရောက်နေတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းကို လက်မခံလောက်တော့ဘူး။ ငါတို့ ဟွားရုံစတူဒီယိုနဲ့ အလုပ်ဆက်လုပ်ဖို့ ဆန္ဒရှိမလား"
"ငါ စိတ်မဝင်စားဘူး"
ဖုန်းချလိုက်ရန် ကြံရွယ်ခဲ့သော်လည်း ထိုလူ ဆက်ပြောလာသော စာသားများက သူမ၏စိတ်အာရုံကို ဖမ်းစားသွားသည်။
"ငါတို့တွေက ထျန်းနင် နောက်ကြောင်းလိုက်နေတယ်။ မင်းသာ သက်သေ အထောက်အထားတွေပေးနိုင်ရင်တော့ မင်းနဲ့ တန်ရာတန်ကြေး ညှိနှိုင်းချင်တယ်"
ထျန်းနင်
ထိုအမည်နာမကြောင့် သူမ အံကြိတ်လိုက်ပြီး ကားကို လမ်းတစ်ဖက်မှာ ထိုးရပ်ကာ သူမ လိုချင်သည့်အချက်ကို တောင်းဆိုခဲ့သည်။
"ငါ နေစရာနေရာ လိုအပ်နေတယ်"
"ဒါက ပြဿနာ မရှိပါဘူး။ မင်း တောင်းဆိုတာကို လက်ခံနိုင်တယ်"
ထိုလူက ခပ်သွက်သွက် ပြန်ဖြေလာသည်။
" ငါ့ကို လိပ်စာပေး၊ အဲဒီနေရာကို ငါ လာခဲ့မယ်"
ဟွားရုံစတူဒီယိုက ထျန်းနင်နှင့် ပတ်သက်သော မကောင်းသတင်းများကို လိုက်လံစုဆောင်းနေသည်။ ထျန်းနင်က ယောက်ျားအများကြီးနှင့် ပတ်သက်ဖူးလိမ့်မည်ဟု သူတို့ ယူဆထားသည်။ သူတို့က ထျန်းနင်ကို သေချာ စောင့်ကြည့်နေစဉ် ထျန်းနင်က  ဟိုက်ဟွေ့ဖျော်ဖြေရေး၏ တရားဝင်မော်ဒယ် ဖြစ်သွားခဲ့သည်။
ဟွားရုံစတူဒီယိုက ထျန်းနင်အကြောင်းကို ဖော်ထုတ်ချင် သကဲ့သို့ ထျန်းနင်၏ ဟန်ဆောင်မျက်နှာဖုံးကို အများသိအောင် ဖွင့်ချချင်သည်။
မနက် ၂နာရီ
Charleneက ဟွားရုံစတူဒီယိုပေးသော လိပ်စာအတိုင်း ကားမောင်းလာပြီး ၎င်းအဆောက်အဦအရှေ့မှာ ကားရပ်ခဲ့သည်။ အစောပိုင်းက သူမ အနည်းငယ် ကြောက်လန့်မိသည်။ သို့တိုင် အရာရာကို ဆုံးရှုံးထားသော အရှုံးသမားက ဘာကိုများ တွေးကြောက်နေရမည်နည်း။
Charlene အရဲကိုးပြီး အဆောက်အဦထဲ ဝင်ရောက်လိုက်ပြီး အယ်ဒီတာလင်းနှင့် တွေ့ဆုံခဲ့သည်။
အယ်ဒီတာလင်းကလည်း သူ့ရိုးသားမှုကို ပြသရန် သူစုဆောင်းထားသော သတင်း အချက်အလက်များကို ထုတ်ဖော်ပြသကာ ရှင်းပြသည်။
"ယူအက်စ်မှာတည်းက ထျန်းနင်က မူမမှန်ဘူးလို့ ရိပ်စားခဲ့မိတာပဲ။ ယောက်ျား တစ်ယောက်နဲ့ နမ်းနေတဲ့ ဓာတ်ပုံကို မရိုက်ခင်တည်းက ထျန်းနင် သွားသမျှ နေရာတိုင်းကို တကောက်ကောက် လိုက်ခဲ့ဖူးတယ်"
"အခုတော့ ထျန်းနင်က ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့စီအီးအိုနဲ့ သတင်းထွက်နေတယ်။ အဲဒီမိန်းက သူ့မှာ ချစ်သူ မရှိပါဘူးလို့ပဲ တွင်တွင်ငြင်းခဲ့တယ်။ ဒါပေမဲ့ ထျန်းနင်က အလိမ်အညာတွေ ပြည့်နှက်နေတဲ့ မိန်းမလို့ပဲ ယူဆမိတယ်။ သူ သွားခဲ့သမျှ တိုင်းပြည်တိုင်းလိုလိုမှာ မတူညီတဲ့ ယောက်ျားတိုင်းနဲ့ တွေ့ဆုံခဲ့တယ်"
Charleneက ဝေဝါးနေသော ဓာတ်ပုံကို ကြည့်လိုက်သည်။ ဓာတ်ပုံထဲမှ အမျိုးသားက မည်သူလည်း အတိအကျ မသိနိုင်ပေ။
"ကျွန်မကို ဘာလုပ်စေချင်လို့လဲ"
အယ်ဒီတာလင်းနှင့် သူမ၏ရန်သူက တစ်ယောက်တည်း ဖြစ်လိမ့်မည်ဟု ယုံကြည်သွားသည်။
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့စီအီးအိုနဲ့ ထျန်းနင်တို့ရဲ့ သတင်းမှန်သမျှကို သိချင်တယ်။ မင်းမှာ ရှိလား။ ဘာပဲဖြစ်ဖြစ်ရတယ်။ ဓာတ်ပုံဆိုရင်တော့ ပိုအဆင်ပြေတာပေါ့"
အယ်ဒီတာလင်း မေးမြန်းလိုက်သည်။
"ငါတို့မှာ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေမရှိတာ အဆိုးဆုံးပဲ။ ထျန်းနင်သာ တခြား ယောက်ျားတစ်ယောက်နဲ့ ရှုပ်ထားတဲ့ သက်သေရလို့ကတော့ ထျန်းနင်ဘဝကို ဖျက်ဆီးပစ်လို့ရပြီလေ"
 
 
***

Continue Reading

You'll Also Like

34.8M 1.4M 58
One thing, just one little thing Julie had to do to have a... Let's say decent... First day at her new school... Don't. Draw. Attention. First impres...
3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
20.5M 760K 89
When she was 14, Dalia was sold to Matteo Martinelli, the former leader of the largest Italian mafia. Flash forward with his son, Vittore Martinelli...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...