ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

စာစဉ်(၁၉) 256+257+258

136 9 0
By jellyflower1

အပိုင်း( ၂၅၆)

ထျန်းနင် အချစ်နဲ့ ထိုက်တန်တဲ့ ခင်ပွန်းကောင်းကို ထျန်းနင် ပိုင်ဆိုင်နိုင်ပါစေ

 
 
 
"ငါကတော့ ကျန်းမန်နီ စိန်ခေါ်တာကို လက်ခံလိုက်ပြီ"
ဟိုက်ဟွေ့ ဖျော်ဖြေရေးမှာ ကျန်းမန်နီက သူမ၏ရပိုင်ခွင့်ကို ပေါ်ပေါ်ထင်ထင် မတောင်းဆိုခဲ့သော်လည်း နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နိုင်သည်။
မို့ထင်က Charleneကို ကျန်းမန်နီ ဘေးနား ပြန်ပို့ပေးခဲ့၍ သူမ ကိုယ်စား ယုတ်မာသော လှည့်ကွက်များကို ဖန်တီးခိုင်းလိမ့်မည်။ မို့ထင် ရိပ်မိသွားခဲ့လည်း သူမနှင့် မသက်ဆိုင်ကြောင်း နောက်ဆုံး အကြိမ်အထိ ငြင်းဆန်ရလိမ့်မည်။
ဟွာကျင်းကျင်းကို အသုံးချပြီး ထျန်းနင်ကို ကိုယ့်အဆင့်အတန်းကိုယ် သိသွားအောင် ခြိမ်းခြောက်ပြရမည်။ ညစ်ပတ် ယုတ်ညံ့သော လှည့်စားမှုဖြင့် မို့ထင်ကို မန်နေဂျာလုပ်ဖို့ တောင်းဆိုနိုင်ခဲ့လည်း အထင်ကြီးစရာ မရှိပေ။ ထျန်းနင်ကို ကိုယ့်အဆင့်ကိုယ် သိအောင် သင်ခန်းစာပေးရမည်။ ထျန်းနင်လို အပေါစားမော်ဒယ်မက နိုင်ငံတကာတန်းဝင် မော်ဒယ် ယှဉ်နိုင်မည်နည်း။
"မို့သူဌေးလည်း ဒီပြဿနာကို သိပါတယ်..."
လုချယ် ရှင်းပြသည်။
"မဒမ် သူဌေးက ဒီပြဿနာကို ဖြေရှင်းပေးမှာပါ"
မို့ထင်က အချင်းချင်း နောက်ကျောဓားထိုးတတ်သူများကို စက်ဆုပ်မိသည်။ ဤပြဿနာမှာ ပါဝင် ပတ်သက်သူ ကျန်းမန်နီ ဖြစ်ပါစေ ကျန်းမန်နီထက် မြင့်မြတ်နေသူ ဖြစ်လည်း ခွင့်လွှတ်ပေးစရာ အကြောင်းအရင်း မရှိပေ။
"ဟွာကျင်းကျင်း ဒဏ်ရာ ဘယ်လိုနေလဲ"
"သက်သာပါတယ် သူဌေးကတော်။ မီဒီယာသမားတွေကတော့ ဖန်ယွီနဲ့ ဟွာကျင်းကျင်းကို သိက္ခာချဖို့ပဲ ကြိုးစားနေကြတယ်"
"ပြည်တွင်း မီဒီယာသမားတွေ လုပ်ကြံဇာတ် ထပ်မခင်းအောင် ဟွာကျင်းကျင်း အိမ်မှာပဲ ပုန်းနေတယ်။ ကျင်းကျင်းရဲ့ မန်နေဂျာက ကျင်းကျင်းကို စောင့်ရှောက်ပေးနေပါတယ်"
လုချယ် အသေးစိတ် ရှင်းပြသည်။
"ဆေးခန်းသွားပြပြီပါ့လား"
"ဒါတော့ သေချာမသိဘူး"
ထျန်းနင် ဖုန်းချလိုက်ပြီး မို့ထင်ကို ဖုန်းခေါ်သည်။
မို့ထင် ဖုန်းကို နား အနားကပ်ကပ်ချင်း ထျန်းနင်၏ ဒေါသရောယှက်နေသော
စိုးရိမ်သံကို ကြားရသည်။
"ကိုယ် အကုန်ဖြေရှင်းထားတယ်။ ဟွာကျင်းကျင်းကို ဆေးကုပေးဖို့ ဖန်ယွီက ဆရာဝန် သွားပင့်ပေးတယ်။ ဘာမှ မစိုးရိမ်နဲ့တော့ အချစ်"
"ချစ်လေး၊ ယောက်ျားကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ချစ်လေး သူငယ်ချင်းကို ကိုယ်တိုင် သွားတွေ့ချင်တယ်"
ထျန်းနင်၏စိတ် တဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
"ကိုယ် မပြီးပြတ်သေးတဲ့ အလုပ်တွေ ပြီးအောင် လုပ်လိုက်ဦးမယ်၊ ကိုယ့်ကို ခဏစောင့်နော်။ ကိုယ်နဲ့အတူတူ ဟွာကျင်းကျင်းကို သွားတွေ့ကြမယ်"
မို့ထင်က ချိုသာစွာ ပြန်ပြောသည်။
"ညပိုင်းရောက်ရင် ကိုယ့်ချစ်လေးကို အိမ်အထိ လာခေါ်ပေးမယ်"
"အင်းပါ။ ချစ်လေး ... ယောက်ျားပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်"
ထျန်းနင်နှင့် ဖုန်းပြောဆိုပြီးနောက် မို့ထင်က ဖန်ယွီ၏မျက်နှာကို တည့်တည့်ကြည့်ရှုကာ အမိန့်ပေးလိုက်သည်။
"အဲဒီမိန်းမနဲ့ ထိုက်တန်တဲ့ အပြစ်ပေးရမယ်"
ဖန်ယွီ ထိုစကားကို ကြားကြားချင်း တုန်လှုပ်သွားသည်။ သို့တိုင် ယခု မြင်တွေ့နေရသူက သူတို့ သိနေသည့် မို့ထင် အစစ်အမှန် ဖြစ်သည်။ ထျန်းနင်နှင့်အတူတူ ရှိနေမှသာ ကြင်နာတတ်သော နှလုံးသားကို မြင်တွေ့ရသည်။ ကျန်းမန်နီကဲ့သို့ သူစိမ်း မိန်းမတစ်ယောက်က ခြွင်းချက် ဖြစ်နိုင်ပေ။
"ဒါပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဂုဏ်ပြုညစာစားပွဲ မတိုင်ခင်အထိ ဘာမှ မလှုပ်ရှားနဲ့"
ဖန်ယွီက သူ့အကြံအစည်ကို စိတ်ထဲ အကြမ်းဖျင်း တွေးတောထားပြီး မို့ထင်၏ရုံးခန်းထဲမှ မထွက်သွားခင် ခေါင်းညိတ်ပြသည်။
***
ည၇နာရီ
မို့ထင်က အိမ်ကို အချိန်မီ ပြန်ရောက်လာခဲ့သည်။ ထျန်းနင် မရွှင်မလန်း မျက်နှာအမူအရာဖြင့် ဆိုဖာပေါ် လဲလျောင်းနေသည်ကို မြင်တွေ့ရ၍ ချစ်ဇနီးလေး၏ဆံနွယ်လေးကို ဖွဖွလေး သပ်ပေးလိုက်သည်။
ထျန်းနင်က မို့ထင်ကို မော့ကြည့်ပြီး ရင်အေးစေသော အပြုံးလေး ပြုံးပြသည်။ မို့ထင် သူမအနား ရှိနေလျှင် ရင်ဆိုင်ရမည့် ပြဿနာအားလုံး အဆင်ပြေသွားမည်မှန်း သိနေသည်။
သူတို့ ဇနီးမောင်နှံနှစ်ဦး တက်ညီလက်ညီဖြင့် ဟွာကျင်းကျင်းအိမ်ကို အလည်အပတ် သွားကြသည်။ သိပ်မကြာလိုက် ဟွာကျင်းကျင်း တိုက်ခန်း အပြင်ဘက်ကို ရောက်သွားသည်။
သို့သော်လည်း ဟွာကျင်းကျင်း အိမ်ကို စောင့်ကြည့်နေသော သတင်းထောက်များက နေရာလပ်မကျန် ရှိနေ၍ သူတို့ကို ရှောင်တိမ်းသွားရန် မလွယ်ကူပေ။ လုံကျဲက အရင်ဆုံး အပြင်ထွက်ကြည့်ပြီး အခြေအနေကို စုံစမ်းကာ ထျန်းနင်ကို ကာကွယ်ပေးရန် ဆုံးဖြတ်ထားသည်။ ထျန်းနင်၏ဘေးနားမှာ ထိုင်နေသော မို့ထင်က ရုတ်တရက် ဝင်တားဆီးသည်။
"ငါ ဖြေရှင်းလိုက်မယ်"
လုံကျဲက အခြေအနေကို နားလည်သွားပြီး သူတို့ ဇနီးမောင်နှံကို မြန်မြန် နေရာပေးလိုက်သည်။
လုံကျဲကို လှမ်းမြင်လိုက်၍ ကားထဲမှာ ရှိနေသူ ဘယ်သူလဲ သတင်းထောက်တို့ ရိပ်မိသွားသည်။ ထို့ကြောင့် သူတို့အားလုံးက အမိအရ ဓာတ်ပုံရိုက်ရန် ဟန်ပြင်လာသည်။
သို့တိုင် မို့ထင်ကို မြင်တွေ့ရ၍ သူတို့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ မို့ထင်၏ အေးတိအေးစက် ခပ်တန်းတန်း မျက်နှာအမူအရာကြောင့် လန့်ဖျပ်မိသည်။ သူတို့အချင်းချင်း လက်ကုတ်ကာ သတိပေးကြသည်။
"ဓာတ်ပုံ မရိုက်နဲ့တော့"
ထို့နောက် မို့ထင်က ထျန်းနင်ကို လက်ကမ်းလိုက်ပြီး ထျန်းနင်နှင့်အတူတူ ဟွာကျင်းကျင်း၏ အဆောက်အဦထဲ ဝင်ရောက်သွားကြသည်။
သတင်းထောက်အဖွဲ့က သူတို့နောက် လိုက်ချင်မိသော်လည်း မို့ထင်၏ အရှိန်အဝါကို လန့်နေမိသည်။ သူတို့ ကျူးလွန်မိသော အမှားတစ်ခုကြောင့် သူတို့ သတင်းတိုက် ပိတ်သွားရနိုင်သည်။
"ထျန်းနင်မှာ မို့ထင်လို မန်နေဂျာ ရှိနေတာ သိပ်မမျှတဘူး။ ငါတို့မှာ ထျန်းနင်ကို ဓာတ်ပုံ ရိုက်ချင်တာတောင် မို့ထင်ရဲ့ မျက်နှာကို ထောက်ထား နေရသေးတယ်"
"မို့ထင်ကြောင့် ထျန်းနင်က ကျန်းမန်နီကို နိုင်လောက်တယ်"
"ငါတို့တွေ ပွဲကောင်းလေး ကြည့်ရတော့မှာပါ စောင့်ကြည့်နေလိုက်တော့။ မို့သူဌေးလည်း ရောက်နေပြီဆိုတော့ ငါတို့တွေ ဓာတ်ပုံ မရိုက်နဲ့တော့။ သူ ဒေါသထွက်သွားရင် အကျိုးဆက်က မတွေးဝံ့စရာပဲ"
သိပ်မကြာလိုက် ထျန်းနင်တို့အဖွဲ့ ဟွာကျင်းကျင်း၏ အိမ်ရှေ့တံခါးပေါက်အနား ရောက်သွားပြီး တံခါးခေါက်လိုက်သည်။ ဟွာကျင်းကျင်း၏မန်နေဂျာက အရာရာကို သတိကြီးလေးစွာ ထား၍ သေသေချာချာ မေးမြန်းသည်။
ထျန်းနင်မှန်း သိရ၍ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးပြီး ထျန်းနင်တို့ကို အိမ်ထဲ ဖိတ်ခေါ်သည်။
မို့ထင်ကိုပါ မြင်လိုက်ရ၍ ဟွာကျင်းကျင်း၏မန်နေဂျာက စကားတစ်ခွန်းမျှ မပြောဘဲ ငိုယိုသည်။
ထျန်းနင်က မီးဖိုချောင်မှာ ရေတစ်ခွက်သွားယူပြီး မို့ထင်ကို ကမ်းပေးသည်။ မို့ထင် အမောပြေရေသောက်ပြီးမှ ဟွာကျင်းကျင်း၏အိပ်ခန်းထဲ ဝင်သွားသည်။ ဟွာကျင်းကျင်းက အိပ်ခန်းထဲမှာ ပုန်းနေ၍ မို့ထင်က သူမနှင့်အတူတူ အိပ်ခန်းထဲ မလိုက်ခဲ့ပေ။
ထျန်းနင် ဟွာကျင်းကျင်းကို မြင်မြင်းချင်း မျက်ရည်စက်များ အတားအဆီး ကင်းမဲ့စွာ ကျဆင်းလာသည်။
ဟွာကျင်းကျင်း၏ နှုတ်ခမ်းထောင့်များက ထိုးနှက်ခံရမှုကြောင့် ဖောင်းပွနေပြီး ဘယ်ဘက်မျက်လုံးအောက် ပါးရိုးမှ သွေးများ ယိုကျနေသည်။ နတ်သမီးလေး တစ်ပါးကဲ့သို့ လှပခဲ့သော ဟွာကျင်းကျင်း၏ရုပ်သွင် ပျောက်ဆုံးနေသည်။ ထျန်းနင် စိတ်မကောင်း ဖြစ်မိသော်လည်း အားတင်းပြုံးမိသည်။
သူမ အမှန်တကယ် ပြုံးပြနေသည်။
"ဘယ်လိုဖြစ်လို့ ငါ့အိမ်ရောက်လာတာလဲ"
ဟွာကျင်းကျင်းက အားငယ်စွာ မျက်နှာကို ကွယ်ထားရန် ကြိုးစားမိသော်လည်း ထျန်းနင်က သူမလက်ကို လှမ်းဖမ်းသည်။
"ငါ့ကို အားမနာနဲ့။ ငါက နင့်ဖြစ်တည်မှုတိုင်းကို လက်ခံနိုင်တဲ့ သူငယ်ချင်းကောင်းပဲ။ ငါ့ကို ကွယ်ဝှက်နေဖို့ မလိုအပ်ဘူး ကျင်းကျင်း"
ထျန်းနင်၏မျက်ဝန်းများက တဖြည်းဖြည်းချင်း နီရဲလာသည်။
"ငါ ပြောခဲ့ဖူးပါတယ်။ ငါ့ပြဿနာမှာ ဝင်မပါနဲ့လို့။ နင်က ငါ့စကားကို နားမထောင်ဘူး။ ငါ့ကို ကာကွယ်ပေးနိုင်တဲ့ မို့ထင် ရှိတာကို မေ့သွားတာလား ကျင်းကျင်း"
"အခုအချိန်မှာ အဲလိုစကားတွေ မပြောပါနဲ့တော့"
သိပ်မကြာလိုက် မို့ထင်က အမျိုးသမီး နှစ်ယောက်နောက် ရောက်လာသည်။ ဟွာကျင်းကျင်း၏ အခြေအနေကို ဖျတ်ခနဲ ကြည့်ပြီး ထျန်းနင်ဘက်လှည့်ကာ စကားပြောသည်။
"ချစ်၊ ခဏ အပြင်ထွက်ပေးပါလား။ ကိုယ် ဟွာကျင်းကျင်း ပြောစရာရှိတယ်"
ထျန်းနင်က မို့ထင်ကို ဒွိဟဖြစ်စွာ ငေးကြောင် ကြည့်လာသည်။
သို့သော်လည်း မို့ထင်၏ အေးချမ်းသော အကြည့်ကြောင့် သူမခေါင်းညိတ်ပြကာ မတ်တတ်ရပ်လိုက်သည်။
မို့ထင်ကို သူမတစ်ယောက်တည်း မျက်နှာချင်းဆိုင် တွေ့နေရ၍ ဟွာကျင်းကျင်း စိုးရိမ်ပူပန်လာသည်။ သူ ထထိုင်ရန် ကြိုးစားမိသော်လည်း မို့ထင်က သူ့ကို ဟန့်တားသည်။
"မင်း အဆင်ပြေသလို နေပါ"
"မို့သူဌေးက ကျွန်မကို ဘာများပြောချင်လို့လဲ"
"မင်းရင်ထဲမှာ ထျန်းနင် ရှိတယ်ဆိုရင် ထျန်းနင်က စိုးရိမ်စေမယ် ပြဿနာမျိုး မဖန်တီးသင့်ဘူး"
"ကျွန်မက ကျန်းမန်နီနဲ့ထျန်းနင်တို့ ပြိုင်ပွဲကို ပိုပြင်းထန်စေခဲ့လဲ မို့သူဌေးလည်း နားလည်မှာပါ"
"ငါက ဟိုက်ဟွေ့မှာ မျှတတဲ့စီအီးအို ဖြစ်ဖို့ ထျန်းနင်ကို စိတ်ထိခိုက်အောင် လုပ်မယ်လို့ တွေးနေတာလား။ ငါက ဟန်ဆောင်မျက်နှာဖုံးတွေကို သဘောမကျဘူး"
"ဒါကြောင့် မင်းကိုယ်မင်း စတေးပြီး ငါ့ကို စမ်းသပ်စရာ မလိုအပ်ဘူး"
"ထျန်းနင် အချစ်နဲ့ထိုက်တန်တဲ့ ခင်ပွန်းကောင်းကို ထျန်းနင် ပိုင်ဆိုင်ထားဖို့ပဲ မျှော်လင့်မိတာပါ"
"ထိုက်တန်လား မထိုက်တန်ဘူးလားက ငါတို့ကြားက ကိစ္စပါ။ ငါ ဘာပဲဆုံးဖြတ်ထား ဆုံးဖြတ်ထား မင်းကို တင်ပြနေစရာ မလိုဘူးထင်တယ်။ မင်းက ထျန်းနင်ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံလို့ ပြဿနာကို ဇာမချဲ့ပါဘူး။ နောက်တစ်ခါ ဒီလို အမှားမျိုး ထပ်မလုပ်မိစေနဲ့"
ထိုစကားကိုပြောပြီးနောက် မို့ထင်က ဟွာကျင်းကျင်း၏အိပ်ခန်းထဲမှ ပြန်ထွက်လာပြီး ထျန်းနင် ဘေးနား ပြန်သွားသည်။
ထျန်းနင်က ဆိုဖာပေါ်မှ ထလိုက်ပြီး မို့ထင်ကို ပြုံးပြသည်။ မို့ထင်က ဟွာကျင်းကျင်းကို မည်သည့်အကြောင်းအရာ ပြောလိုက်လဲ သူမ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
"ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားမှာ 'ထင်'စိတ်အေးရအောင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ ထျန်းနင် ဖြစ်စေရမယ်"
 
 
***
အပိုင်း( ၂၅၇)

ဒီတစ်ခေါက်တော့ ငါတို့တွေ ပွဲကောင်းလေး ကြည့်ရတော့မယ်

 
 
 
"ကိုယ်က ချစ်လေးကို ယုံကြည်ထားပြီသားပါ။ ဒီတစ်ခေါက်လည်း ခြွင်းချက် မရှိ ယုံကြည်ပြီသားပဲ"
အိမ်ပြန်လမ်းတစ်လျှောက်မှာ ထျန်းနင်က ဖန်ယွီ၏သမီးလေး အကြောင်း တွေးတောမိ၍ မို့ထင်ကို လှည့်မေးသည်။
"ဖန်ယွီမှာ သမီးရှိတာလား။ ဖန်ယွီက လက်ထပ်ပြီသားလား"
မို့ထင်က ထျန်းနင်၏ပခုံးလေးကို ဖက်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် စကားပြန်ပြောသည်။
"ဖန်ယွီရဲ့ ကိုယ်ရေးမှတ်တမ်း အရတော့ လက်မထပ်ထားဘူး။ သူ့သမီး ဟုတ်မဟုတ်တော့ အမှန်တရားကို သူကိုယ်တိုင်ပဲ သိလိမ့်မယ်။ ချစ်လေးက ဖန်ယွီနဲ့ ဟွာကျင်းကျင်းကို အောင်သွယ် ပေးချင်လို့လား"
ထျန်းနင် ခေါင်းခါသည်။ ဤတစ်ကြိမ်တွင် သူမက ဖန်ယွီကို အမှန်တကယ် စိုးရိမ်မိသည်။
အတွေးထဲနစ်မျောနေသော ထျန်းနင်၏လည်ပင်းလေးကို လက်ဖြင့် ဆိတ်ကာ သတိပေးသည်။
"ချစ်လေး ဘာမှမစိုးရိမ်နဲ့။ အရာအားလုံး အဆင်ပြေသွားလိမ့်မယ် အရမ်းကြီး မစိုးရိမ်နဲ့နော် ချစ်လေး..."
"ယောက်ျားက ပိုပြီး စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား"
ထျန်းနင် ပြန်မေးလိုက်သည်။
ထျန်းနင်၏မန်နေဂျာ ဖြစ်လာတည်းက မို့ထင် အသေးစိတ် ဂရုစိုက်ကာ ဗျာများနေသည်။ သူမကို ရေချိုးချိန်က အစ အိပ်ချိန်အဆုံး အသေးစိတ် အချိန်ဇယား ဆွဲထားသည်။ သို့တိုင် ချစ်ခင်ပွန်း၏ အသေးစိတ်ဂရုစိုက်မှုကို မငြိုငြင်ရက်ပေ။ မို့ထင်ကို မန်နေဂျာအဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းကာ သူမ ထီဆုကြီး ဆွတ်ခူးသည်နှင့် အတူတူပင် ဖြစ်သည်။
"ဟိုက်ဟွေ့ရဲ့ ဂုဏ်ပြုညစာစားပွဲက မနက်ဖြန်နော်။ မနက်ဖြန် နေ့လယ်ခင်းရောက်တာနဲ့ လုံကျဲကို ခေါ်ပြီး ဆံပင်နဲ့ မိတ်ကပ်သွားပြင်ဆင်နော်"
"ချစ် တစ်ယောက်တည်း သွားလည်း ရပါတယ် 'ထင်'ရယ်"
"ချစ်က ကိုယ့်စကားကို နားမထောင်ဘဲ တစ်ယောက်တည်း သွားတော့မလို့လား"
ထျန်းနင်က မို့ထင်ကို ပြိုင်မငြင်းချင်၍ ခေါင်းညိတ် သဘောတူလိုက်သည်။
"ယောက်ျား သဘောအတိုင်း ဖြစ်စေရမယ် ဟုတ်ပြီလား။ အယ် မဟုတ်သေးပါဘူး၊ မန်နေဂျာကြီးရဲ့ အမိန့်တော်ကို ကျွန်တော်မျိုးမ နာခံပါရစေ"
"ပြီးတော့ ကိုယ်ပြောဖို့ ကျန်သေးတယ်။ လုံကျဲ ရွေးပေးတဲ့ ဝတ်စုံ ဝတ်လို့တော့ မဖြစ်ဘူး။ ဒီဇိုင်းက ရိုးရှင်းလွန်းတယ်။ မနက်ဖြန် မနက်ကျမှ လုချယ်နဲ့ ဝတ်စုံတစ်စုံ ထည့်ပေးလိုက်မယ်"
မို့ထင်က လုံကျဲ၏ အဝတ်အစား ရွေးချယ်ပေးမှု ကဏ္ဍကို အထင်မြင်သေးမှန်း ပေါ်လွင်နေသော်လည်း သူမကိုယ်စား ထျန်းနင်ကို ဂရုစိုက်ပေး၍ လုံကျဲ ဒေါသမထွက်မိပေ။
ထျန်းနင်နှင့် ကျန်းမန်နီတို့၏ပြိုင်ပွဲ အဆုံးသတ်ကို ဆုံးဖြတ်ပေးမည့်သူက မို့ထင် ဖြစ်နေ၍ ထျန်းနင် ဘက်တော်သား ဖြစ်ရန်သာ အရေးကြီးသည်။
***
ညပိုင်းအချိန်ရောက်မှ ဟွာကျင်းကျင်းကို လူနှစ်ယောက် ဖုန်းခေါ်လာသည်။
ပထမဖုန်းဆက်သူက ကျန်းမန်နီ ဖြစ်သည်။
"နင် ဒဏ်ရာရနေတယ် ကြားတယ်။ ဒဏ်ရာက ပြင်းရော ပြင်းထန်ရဲ့လား။ နင် ဘယ်သူကို ပြဿနာရှာမိလို့လဲ"
"ကျန်းမန်နီ၊ နင့် ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်ရင် ကောင်းမယ်နော်"
ဟွာကျင်းကျင်း ချောင်းခြောက်ဟန့်ကာ အိပ်ရာပေါ် ထိုင်လိုက်သည်။
"နင် လွှတ်လိုက်တဲ့လူက အသုံးမကျတော့ ငါ့မှာ မသေမရှင် ဖြစ်နေရုံပေါ့"
"နင်က အကုန်သိနေတော့လည်း ငါ ဟန်လုပ်ပြီး စကားပြောနေစရာ မလိုအပ်တော့ဘူး။ နင့်ကို သိသင့်တာ သိသွားအောင် သင်ခန်းစား ပမွှားလေး ပေးလိုက်တယ်လို့ သဘောထားလိုက်ပေါ့။ ဟွာကျင်းကျင်း၊ ငါ နင့်ကို စကားတစ်ခွန်းတော့ ပြောလိုက်မယ်။ ယုံကြည်တာ မယုံကြည်တာ နင့်အပိုင်းပဲ"
"နင့်လို အဆင့်အတန်းကို  ဒီလောကကြီးထဲက လူမသိသူမသိ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးပဲ။ ဒါက အပြောသက်သက် ခြိမ်းခြောက်နေတာ မဟုတ်ဘူးနော်"
"ဒါပေါ့ နင် ဒီလိုယုတ်မာနိုင်မှန်း ငါ ယုံကြည်ပါတယ်"
ဟွာကျင်းကျင်းက အကြောက်အလန့် ကင်းမဲ့စွာ ပြန်ဖြေလာသည်။
"ဒါပေမဲ့ နင်က အရမ်းကို ဘဝင်မြင့်လွန်းတယ်။ တစ်နည်း ပြောရရင် ဘဝင်ရူးပေါ့"
"ငါ လုပ်ချင်တာ မှန်သမျှကို လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ငါ့ကို ဘယ်သူက ဟန့်တားနိုင်မှာလဲ။ ငါ့ကို ကြယ်ဘုရင်ဖျော်ဖြေရေးက ကမ်းလှမ်းနေပါတယ်လို့ သတင်းဖြန့်လိုက်ရင် မို့ထင်တောင် လန့်ဖျပ်သွားဦးမယ်"
"နင် ပြောခဲ့သလိုပဲ ယုံကြည်ချက်တွေ ဆက်ရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ဟွာကျင်းကျင်း ဟားတိုက်ရယ်မောလိုက်သည်။
"နင် စောင့်ကြည့်နေလိုက်စမ်းပါ။ မနက်ဖြန် ဟိုက်ဟွေ့ ဂုဏ်ပြုညစာ စားပွဲမှာ ထျန်းနင်ရဲ့ တကယ်အဆင့်အတန်းကို နင် တွေ့ရတော့မှာပါ"
"ဪ ဟုတ်လား။ အစ်မက အရမ်းကို လေလုံးထွားတယ်နော်"
ထိုစကားကို ပြောပြီးနောက် ဟွာကျင်းကျင်း ဖုန်းချလိုက်သည်။
ဟိုက်ဟွေ့ဖျော်ဖြေရေး အေဂျင်စီကို ရောက်ကတည်းက လက်ကမ်းကူညီပေးတတ်သည့် အနုပညာသည်များကို တွေ့ကြုံရ သကဲ့သို့ လောဘကြီးသော လူတစ်စုလည်း ရှိနေပါသေးသည်။ သူမကြောင့် ဖန်ယွီလည်း ဒုက္ခရောက်နေမှန်း သိပါသည်။ သူ့မှာလည်း သမီးလေးတစ်ယောက် ရှိနေ၍ သူကို ဒုက္ခမရောက်စေချင်မိပေ။
ထို့ကြောင့်လည်း ဖန်ယွီ ဖုန်းကို မကိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဖန်ယွီက ဟွာကျင်းကျင်း အိပ်ပျော်နေသည်ဟု ယူဆကာ စာတိုလေး ပို့ပေးခဲ့သည်။
"မင်း အဆင်ပြေရဲ့လား"
ဟွာကျင်းကျင်းက ထိုစကား သုံးလုံးကို မြင်မြင်ချင်း သက်ပြင်းချလိုက်ပြီး တုံဆိုင်းခြင်းမရှိ ချက်ချင်း ဖျက်ပစ်လိုက်သည်။
အရာအားလုံး အဆင်ပြေသွားမှာပါ။
သူမ၏ ပြင်သစ်အမျိုးသားရှေ့မှာ လှလှပပလေး ပွဲတက်ရဦးမည်။
 
 
***
 
မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေ့ နေ့လယ် ၃နာရီ အချိန်ကို ရောက်သွားသည်။
ညပိုင်းမှာ ဖေးထန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြီးမှ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဂုဏ်ပြုညစာစားပွဲ ကျင်းပလိမ့်မည်။
ဖေးထန်ဆုပေးပွဲက နိုင်ငံတကာအဆင့်ကို တက်လှမ်းရန် အထောက်အပံ့ပေးနိုင်သော ပွဲအခမ်းအနား ဖြစ်၍ ယှဉ်ပြိုင်မှုက ပြင်းထန်သည်။ ပြောရမည်ဆိုလျှင် သရုပ်ဆောင်များ၏ အမျှော်လင့်ဆုံး ဘဝပန်းတိုင်လေး ဖြစ်လေ၏။
ထို့ကြောင့်လည်း.ယနေ့ည ဆုပေးပွဲက စိတ်လှုပ်ရှားဖွယ် အတိဖြစ်နေသည်။
မော်ဒယ်ဖြစ်သည့် ထျန်းနင်က သရုပ်ဆောင် ဆုပေးပွဲကို တက်ရောက်စရာ အကြောင်းအရင်း မရှိပေ။ သို့တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေး နှစ် ၂၀ပြည့် ဂုဏ်ပြုပွဲကို မလွတ်ချင်၍ ဖေးထန် ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်လေ၏။
ထို့ကြောင့် ပွဲမတက်ခင် ဆံပင်နှင့် မိတ်ကပ်ပြင်ဆင်ရန် မို့ထင် စီစဉ်ပေးထားသော Luminousအမည်ရှိသော အလှပြင်ဆိုင်ကို သွားရောက်ခဲ့သည်။
ကျော်ကြားသော ဆယ်လီများနှင့် အထင်ကရ ပုဂ္ဂိုလ်များ လာရောက် ပြင်ဆင်လေ့ရှိသော အလှပြင်ဆင် ဖြစ်နေ၍ သာမန်လူ အနားကပ်ခွင့် မရနိုင်ပေ။
"ငါတို့ ရောက်လာတာ စောနေလား။ သူဌေးမို့က ဘာလို့ ဒီအချိန်ကြီး လာခိုင်းရတာလဲ"
လူပြည့်ကျပ်နေသော အလှပြင်ဆိုင်ကို ကြည့်ရှုကာ လုံကျဲ မကျေမနပ် ရေရွတ်မိသည်။
ဧည့်သည်တော် အားလုံးက နာမည်ကျော် ဖြစ်နေ၍ သာမန်လူများကဲ့သို့ တန်းစီကာ အရင်ရောက်သူကို ဦးစားပေး ပြင်ဆင်ပေးသည်။
"ထျန်းနင်ရေ။ နင် ဒီမှာပဲ စောင့်နေနော်။ နင့်အတွက် အကောင်းဆုံး ဒီဇိုင်နာ ရှာလာခဲ့မယ်"
ထျန်းနင်က သူမ၏ လက်ကိုင်အိတ်ထဲမှ ရွှေရောင် VIPကတ်ကို ထုတ်ကာ လုံကျဲလက်ထဲ ထည့်ပေးသည်။
"ဒါလေးကို သုံးလိုက်"
"သူဌေးကြီးက ထျန်းနင်အတွက် ဒီကတ်ကို လုပ်ပေးထားတာလား"
"ငါလည်း သေချာ မသိပါဘူး။ မနေ့ညကမှ အဲဒီကတ် ပေးတာပဲ"
ထျန်းနင် ခေါင်းခါလိုက်ပြီး ဆိုဖာပေါ် ထိုင်သည်။
ဝန်ထမ်းက ထျန်းနင်၏ကတ်ကို ရုတ်တရက် လှမ်းမြင်လိုက်၍ စကားလာပြောသည်။
"အစ်မလေးက မင်္ဂလာပါ။ အစ်မက အလှဖန်တီးရှင်ချန်းရဲ့ VIPကတ်ကို ပိုင်တာပဲ။
"ဒီမှာ ခဏစောင့်ပေးပါ။ အလှဖန်တီးရှင်ချန်းကို သွားအကြောင်းကြား ပေးပါမယ်"
VIP ကတ်များက အလှဖန်တီးရှင်ကို ကိုယ်စားပြုမှန်း ယခုမှ သဘောပေါက်သည်။
ထျန်းနင် ခေါင်းညိတ်ပြပြီး နာရီကြည့်လိုက်သည်။ ဂုဏ်ပြုညစာစားပွဲကို ည၁၀ နာရီမှ ကျင်းပမည် ဖြစ်၍ သူမအတွက် အချိန်အလုံအလောက် ရှိပါသည်။
ထျန်းနင် ဘေးနားမှာ ရှိနေသည့် လူတစ်စုက တီးတိုးတီးတိုးဖြင့် အတင်းတုပ်ကြသည်။
"ဟိုမိန်းကလေးက ထျန်းနင်မလား။ ဒီကို အရင်က လာတာ မတွေ့မိပါဘူး။ ကြည့်စမ်းပါဦး သူ့လက်ထဲမှာ ရွှေရောင် VIPကတ်တောင် ရှိတယ်"
"ကျန်းမန်နီလည်း အခန်းထဲမှာ ရှိတယ်မလား။ ဒီတစ်ခေါက်တော့ ငါတို့တွေ ပွဲကောင်းလေးကို ကြည့်ရတော့မယ်"
"ထျန်းနင်က ပျော့တိပျော့ဖပ်နဲ့ ကျန်းမန်နီကို နိုင်ပါ့မလား။ ငါတော့ ထျန်းနင် ရှုံးတော့မှာ မြင်ယောင်နေပြီ"
"အပြောမစောစမ်းပါနဲ့ဟာ။ ထျန်းနင်က မထင်ထားလောက်တဲ့ အကွက်တွေ ချပြခဲ့ဖူးတာ မေ့နေသလား"
ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ သူတို့ပြောဆိုနေသော အကြောင်းအရာများကို နားစွင့်နေသည်။ အလှဖန်တီးရှင်ချန်း၏ မိတ်ကပ်အခန်းထဲ ရောက်နေသူက ကျန်းမန်နီဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ မို့ထင်က သူ့ကို ဤအချိန် ဤနေရာကို လာခိုင်းခဲ့သည့် အကြောင်းအရင်းကို ထျန်းနင် သဘောပေါက်သွားသည်။
သိပ်မကြာလိုက် လက်ထောက်ဝန်ထမ်းလေး ပြန်ရောက်လာပြီး အားတုံ့အားနာဖြင့် စကားပြန်ပြောသည်။
"အစ်မလေးကို အားနာမိပါတယ်။ ချန်းလူကြီးမင်းက ဧည့်သည်တော် တစ်ယောက်ကို အလှပြင်ပေးနေတယ်။ ဒါပေမဲ့ အစ်မလေး အလျင်လိုရင်တော့ အစ်မလေးကို ဦးစားပေး ပြင်ဆင်ပေးမယ်တဲ့"
"ခန့်မှန်းခြေ ဘယ်လောက်ကြာနိုင်လဲ။ ငါ ဘယ်နှနာရီ စောင့်ရမလဲ"
"အကြမ်းဖျင်း ၃နာရီလောက်တော့ စောင့်ရမယ်"
လက်ထောက်ဝန်ထမ်းလေး ပြန်ဖြေသည်။
ထျန်းနင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ဘယ်သူ့ကို အလှပြင်ပေးနေတာလဲ"
"မော်ဒယ် ကျန်းမန်နီပါ"
"ဒါဆိုရင်လည်း ငါ အလျင်လိုနေတယ်လို့ သူ့ကို သွားပြောလိုက်တော့"
ထျန်းနင်က ကျန်းမန်နီ၏နာမည်ကို ကြားလိုက်ရသည်နှင့် ရန်ကြွေး ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
 
 
***
အပိုင်း(၂၅၈)

လေကျယ်မ ကျန်းမန်နီ အရှက်တကွဲ အကျိုးနည်း ဖြစ်ခြင်း

 
 
 
လက်ထောက်ဝန်ထမ်းလေး ထွက်ခွာသွားပြီးနောက် လုံကျဲက ထျန်းနင်အနား ကပ်ပြီး အားရကျေနပ်စွာ ရယ်မောသည်။
"ထျန်းနင်၊ ကျန်းမန်နီကို အလှပြင်ပေးနေတဲ့ အလှဖန်တီးရှင်ကို လုယူမလို့လား"
"ငါ့ကို ပထမဦးစားပေးလို့ရတယ် ပြောထားတာပဲ။ ငါက လက်လွတ်ခံစရာလား။ ငါ တကယ်လည်း မြန်မြန် အလှပြင်ချင်နေပြီ"
ထျန်းနင် တည်ငြိမ်စွာ ပြန်စကားပြောသည်။
လုံကျဲ နှုတ်ခမ်းပါးလေးကို တွန့်ကွေးလိုက်သည်။ ယခုမှ သူတို့သူဌေးကြီး၏ ရည်ရွယ်ချက် အမှန်အကန်ကို နားလည်သွားသည်။
ကျန်းမန်နီကို အရှက်ခွဲစေချင်သည့် အကြံအစည်ဖြင့် ဤအလှပြင်ဆိုင်ကို သွားခိုင်းခြင်း ဖြစ်သည်။
ဇနီးသည်ကို အလိုလိုက်လွန်းသော သူဌေးက သူ့ဇနီးချောလေး ထျန်းနင် လက်စားချေခွင့်ရအောင် ဖန်တီးပေးထားသည်။
ခဏကြာပြီးနောက် ကြော့ရှင်းလှပသော လက်ထောက်ဝန်ထမ်းလေး ထျန်းနင် ဘေးနား ပြန်ရောက်ပြီး ခမ်းနားထည်ဝါသော VIP မိတ်ကပ်အခန်းထဲ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်သည်။ ထိုစဉ် ကျန်းမန်နီက အခန်းအပြင်ဘက် ထွက်လာသည်။
အမျိုးသမီးနှစ်ယေက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေသည်။
ထျန်းနင်က ကျန်းမန်နီအထက် အရပ်ပိုရှည်၍ ကျန်းမန်နီက အပေါ်စီးမှ ကြည့်ခွင့် မရှိပေ။ သူတို့နှစ်ယောက်စလုံးက မျက်နှာချင်းဆိုင် ထိပ်တိုက် မတွေ့ဖူးကြသော်လည်း သူစိမ်း မဟုတ်ကြပေ။
သူတို့နှစ်ဦး၏မျက်ဝန်းအကြည့်က ဓားသွားကဲ့သို့ ချွန်မြ တစ်ယောက်ကိုတစ်ယောက် သတ်ချင်နေသည့် အကြည့်စူးစူးဖြင့် ကြည့်နေကြသည်။
"ဪ ဘယ်သူများလဲလို့ နင်ကိုး"
အလှပြင်ဆိုင်မှာ ရှိနေသော သေးနုပ်သည့် အနုပညာရှင်လေးများက ကျန်းမန်နီ၏အသံကို ကြားကြားချင် စိတ်ဝင်တစား လူစုကာ ဝိုင်းအုံကြည့်ကြသည်။ သူတို့ စောင့်မျှော်နေသော ပွဲကောင်းလေး စတင်တော့မည်။
"နင်က ငါ့ဂျူနီယာပဲ ငါ့ကို အရင်ဦးစားပေးလိုက်"
ကျန်းမန်နီက မာနထောင်လွှားသော လေသံဖြင့် ထျန်းနင်ကို အမိန့်ပေးသည်။
သူမက အမြဲတမ်း ချန်းအလှဖန်တီးရှင်ကိုသာ သုံးလေ့ရှိပြီး VIPကတ်အကြောင်း ကြားကို မကြားဖူးခဲ့ပေ။
စောစောတုန်းကမှ လက်ထောက်ဝန်ထမ်းက သူမကို အကြောင်းစုံရှင်းပြသည်။ ကျန်းမန်နီ၏ဘဝမှာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလေ့မရှိ၊ စိတ်၏စေရာအတိုင်း လုပ်ဆောင်တတ်သည့် အကျင့်ဆိုး ရှိသည်။ သူမ လိုချင်သမျှကို အနုနည်း အကြမ်းနည်းသုံးပြီး အရယူလေ့ရှိသည်။
ထျန်းနင်က ကျန်းမန်နီကို အလျှော့ပေးလိမ့်မည်ဟု လူတိုင်း ယူဆခဲ့သော်လည်း အရာအားလုံး တလွဲစီ ဖြစ်လာခဲ့သည်။
"အားနာပါတယ်။ ငါလည်း အလျင်လိုနေလို့"
အလှပြင်ဆိုင် တစ်ဆိုင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။  ယခုလို အခြေအနေမျိုးကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်သွားသော ထျန်းနင်ကို အားလုံး လက်ဖျားခါမိသည်။
မော်ဒယ်လောကထဲ ခြေချချင်လျှင် ကျန်းမန်နီတို့ကဲ့သို့ ဆရာတစ်ဆူများကို ဝေးဝေးက ရှောင်သင့်သည်။ ယခုတော့ ထျန်းနင်က အလှဖန်တီးရှင် တစ်ယောက်အတွက် ကျန်းမန်နီကို ယှဉ်ပြိုင်နေသည်။
ကျန်းမန်နီကိုယ်တိုင်လည်း မှင်တက်နေသည်။ ကျန်းမန်နီက လက်ပိုက်ဟန်အနေအထားဖြင့် ထျန်းနင်ကို လှည့်ကြည့်သည်။ ခက်ထန်သော ဒေါသအကြည့်က အံ့ဩတုန်လှုပ်စေသော အပြုအမူကို လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အသိပေးနေသည်။
ကျန်းမန်နီက ထျန်းနင်ကို ပါးရိုက်ချင်သော ရည်ရွယ်ချက်ဖြင့် လက်မြှောက်လိုက်သည်။ ထျန်းနင်က လက်တစ်ဖက်ဖြင့် ကျန်းမန်နီ၏လက်ကို ဖမ်းချုပ်လိုက်ပြီး တခြားလက်တစ်ဖက်ဖြင့် ကျန်းမန်နီ၏မျက်နှာကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။ ထိုပါးရိုက်ချက်က လူတိုင်းကို တုန်လှုပ်ချောက်ချားစေသည်။
ကျန်းမန်နီ၏မျက်နှာက ဘေးဘက် လည်ထွက်သွားသည်။
သူ့မျက်ဝန်းများက အံ့ဩတုန်လှုပ်သော စိတ်အခြေအနေကြောင်း အဝိုင်းသား ဖြစ်နေသည်။
ထိုစဉ် ထျန်းနင်က လက်နာကျင်သွား၍  လက်ကို ဖွဖွလေး ခါယမ်းနေသည်။ အားကုန်သုံး ပါးရိုက်လိုက်မိ၍ နောင်တရမိသည်။
"အမလေးလေး ထျန်းနင်က ကျန်းမန်နီကို ပါးရိုက်လိုက်တာပဲ"
"တကယ် ပါးရိုက်လိုက်တာပဲ"
ကျန်းမန်နီက အရှုံးကို လက်မခံချင်၍ နောက်တစ်ခေါက် ပါးရိုက်ရန် ကြိုးစားလာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ထျန်းနင်က သူ့လက်နှစ်ဖက်စလုံးကို ဖမ်းချုပ်ပြီး ဆောင့်တွန်းလိုက်သည်။
"ငါ့စီနီယာ အစ်မကြီးက ပါးရိုက်ရတာ ဝါသနာကြီးတယ် ထင်ပါရဲ့။ ပါးရိုက်တိုင်း ကစားချင်တာလား"
"ထျန်းနင်"
ကျန်းမန်နီက ထျန်းနင်၏နာမည်ကို အော်ခေါ်လိုက်၍ အားလုံး ကြောက်လန့်လွန်း၍ အသံမထွက်ရဲကြပေ။
သို့တိုင် ထျန်းနင်က အေးစက်စက် လေသံဖြင့် ပြန်တုံ့ပြန်လာသည်။
"နင့်ကို အခုပါးရိုက်လိုက်တာက သတိပေးလိုက်ရုံပဲ ရှိသေးတယ်။ ဟွာကျင်းကျင်း နစ်နာခဲ့သလို နင့်ခန္ဓာကိုယ်ပေါ်မှာလည်း သူနဲ့ တစ်ထပ်တည်းတူတဲ့ ဒဏ်ရာတွေ ရစေရမယ်"
"မို့ထင်က နင့်မန်နေဂျာ ဖြစ်နေလို့ နေရာတကာ မောက်မာနိုင်မယ်လို့ တွေးနေတာလား"
ထျန်းနင် ရယ်မောလိုက်ပြီး သူမ၏ VIP ကတ်ပြားကို မြှောက်ပြကာ ကျန်းမန်နီ ရှေ့မှာ ဝှေ့ယမ်းပြသည်။
"အဲတော့ရော ဘာဖြစ်လဲ။ နင့်ရော ငါ့လို အရည်အချင်းရှိရဲ့လား"
ကျန်းမန်နီ ပြန်မချေပနိုင်အောင် ပြောဆိုတတ်သော ထျန်းနင်၏အပြုအမူကို ကြည့်ပြီး ပွဲကြည့်ပရိသတ်များ မှင်တက်နေသည်။ အားနွဲ့သောမိန်းမသားလေး ထျန်းနင်က မိန်းမရိုင်းကျန်းမန်နီကို တစ်ချက်တည်းဖြင့် အလဲထိုးသွားသည်။
အထူးသဖြင့် ကျန်းမန်နီက စွန့်စားရသော အားကစားပွဲများတွင် ပါဝင်လေ့ရှိသော မော်ဒယ်ဖြစ်သည်။ ထို့ကြောင့်လည်း ထျန်းနင်၏ ရိုက်ချက်များက လူတိုင်းကို အံ့ဩစေသည်။
သူတို့အားလုံး မသိသည့် အမှန်တရားက မို့ထင်သည် ထျန်းနင်၏မန်နေဂျာ ဖြစ်နေသကဲ့သို့ ထျန်းနင်ကို ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်ပေးသူလည်း ဖြစ်သည်။
နောက်ဆုံးတစ်ကြိမ်တွင် ပါးလေးချက်လောက် ဆင့်ရိုက်လိုက်ရ၍ ထျန်းနင်၏လက် နာကျင်နေပါပြီ။
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားသော ကျန်းမန်နီက မိတ်ကပ်အခန်းထဲမှာ မထွက်သွာမီ ချန်းလူကြီးမင်းကို ဘေးဘက် တွန်းထုတ်သွားသည်။
ထျန်းနင်က ကျန်းမန်နီ၏အတွေးကို ကြိုခန့်မှန်းမိထား၍ ကျန်းမန်နီကို ယုတ်မာခွင့် မပေးခဲ့ခြင်း ဖြစ်သည်။
သူမ၏ခင်ပွန်းပေးထားသော အထူးအခွင့်အရေးလေးကို အသုံးချကာ ကျန်းမန်နီ၏မာနကို ကောင်းကောင်းကြီး ရိုက်ချိုးပစ်ရမည်။
ထျန်းနင်က ဝိုင်းကြည့်နေသော လူတစ်စုဘက် လှည့်ကာ စကားပြာလာသည်။
"ကျန်းမန်နီ ဘယ်လို ဒေါသကြီးလဲ အားလုံး သိပါတယ်နော်။ ကျန်းမန်နီပါးရိုက်ခံရတဲ့ ဓာတ်ပုံတွေကို လိုင်းပေါ်တင်လိုက်တဲ့သူကတော့ အကျိုးဆက် မတွေးဝံ့စရာပဲ"
"ငါတို့တွေက အဲလောက်အထိ မစပ်စုတတ်ပါဘူး။ ငါတို့တွေ ကျန်းမန်နီကို မကြောက်ရင်တောင် ဟိုက်ဟွေ့ကိုတော့ ကြောက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ မင်းရဲ့မန်နေဂျာက ငါတို့သူဌေး မို့ထင်လေ"
သေးနုပ်သော အနုပညာရှင်လေးက သူတို့သဘောထားကို ပြောပြသည်။
ထျန်းနင်ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ချန်းလူကြီးမင်းနောက် လိုက်ပါသွားသည်။
သို့သော်လည်း တံခါးအပြင်ဘက်မှာ ရှိနေသော အနုပညာရှင်များက တီးတိုးတီးတိုး အတင်းတုပ်နေသေးသည်။
"ထျန်းနင်၊ ငါတို့ကို နောက်ဆုံးကြည့်ခဲ့တဲ့ အကြည့်ကို သတိထားမိလား။ ငါတော့ သူ့အကြည့်ကြောင့် ကျောချမ်းသွားတာပဲ"
"ထျန်းနင် ပြောတာကို မကြားလိုက်ဘူးလား။ ဟွာကျင်းကျင်း ဒဏ်ရာရတဲ့အကြောင်း ပြောသွားတယ်လေ။ ဟွာကျင်းကျင်းကို အိမ်အထိ ဝင်ရိုက်တဲ့သူ ရှိတယ်ကြားတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ အရိုက်ခံရတာနော်။ ထျန်းနင် အပြောအရတော့ တရားခံက ကျန်းမန်နီ ဖြစ်လောက်တယ်။ ဒါကြောင့်လည်း ထျန်းနင်က ဒီအခွင့်အရေးကို အသုံးချပြီး ကျန်းမန်နီကို သင်ခန်းစာ ပေးလိုက်တာပေါ့"
"ဟွာကျင်းကျင်းတော့ ထျန်းနင်လို သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ရတာ ကံကောင်းတာပဲ"
 
***
 
တံခါးပေါက် တစ်ဖက်ခြမ်းမှာ လုံကျဲက ကျန်းမန်နီ၏ ရှုံ့မဲ့နေသော မျက်နှာအမူအရာကို ပြန်တွေးမိလေတိုင်း ကျေနပ်အားရစွာ ရယ်မောလိုက်သည်။
မိတ်ကပ်ပြင်ဆင်နေသော ထျန်းနင်က လုံကျဲကို လှမ်းကြည့်သည်။
"ရယ်လို့ မပြီးသေးဘူးလား လုံကျဲရေ၊ ငါ့ကိုလည်း လာကူညီပါဦး"
"ထျန်းနင်ရေ၊ ဒီနေ့ ဂုဏ်ပြုညစာစားပွဲက ပိုရင်ခုန်စရာ ကောင်းမယ်"
"လုံကျဲ၊ နင်ရော ပါးရိုက်ခံရမှာ ကြောက်လား"
"လုံကျဲကို အထင်သေးလို့နော်။ တို့ကို ကာကွယ်ပေးမယ် ကောင်လေး ရှိတယ်လေ"
လုံကျဲက သူမ၏ဖုန်းထဲမှ လုချယ်ပုံကို ထုတ်ကြွားသည်။
"ဒါပေါ့ ဒါပေါ့၊ ငါတို့ လုံကျဲလေးက အချစ်ရဲ့တန်ခိုးတွေနဲ့ တစ်နေ့တခြား ဝက်ပုလေး ဖြစ်လာပြီပဲ"
"ငါက ဝက်ကလေး မဖြစ်သေးပါဘူး။ အသားလေး နည်းနည်းပြည့်တာပါ"
လုံကျဲက ထျန်းနင်၏မှတ်ချက်ကို လက်မခံချင်၍ တစ်ခွန်းမကျန် ပြန်ပြောနေသည်။
လုချယ်က လုံကျဲ၏အကြိုက်ကို သိနေ၍ ချိန်းတွေ့တိုင်း အစားအသောက် ကောင်းမွန်သော စားသောက်ဆိုင်တိုင်းကို ခေါ်သွားပေးသည်။ ထို့ကြောင့်လည်း လုံကျဲ တစ်နေ့တခြား ဝက်ပုလေး ဖြစ်လာသည်။
"လုံကျဲ၊ ငါနဲ့ အတူတူ အစားလျှော့ပြီး ဝိတ်လျှော့ချင်လား"
"တော်ပါပြီ ထျန်းနင်ရယ်၊ ဖိတ်ခေါ်ပေးလို့ ကျေးဇူးတော်တင်ပါတယ်။ တို့က အစားအသောက်ကို ပိုမက်မောတဲ့ နတ်မိမယ်လေးပါ။ အစာလျှော့ အငတ်ခံ အစီအစဉ်ကို လက်မခံပါရစေနဲ့"
လုံကျဲ ချက်ချင်း ငြင်းပစ်သည်။
"တခြားအကြောင်းပဲ ပြောကြရအောင်နော်။ စောစောတုန်းက လုချယ်ဖုန်းဆက်တော့ ထျန်းနင် ဝတ်ရမယ် အဝတ်အစားတွေ ပို့ပေးထားတယ်တဲ့။ ဒီဝတ်စုံတွေကို သူဌေးကြီး စိတ်ကြိုက် ရွေးထားတာတဲ့နော်။ အစမ်းဝတ်ကြည့်မလား"
"ဝတ်ကြည့်မယ်လေ"
ထျန်းနင် ခေါင်းညိတ်သည်။
"သူဌေးကြီး ကိုယ်တိုင်ရွေးပေးထားတဲ့ ပွဲတက် အထူးဝတ်စုံလေးကို ဘယ်လိုပုံစံလဲဆိုတာ ငါလည်း သိချင်လှပြီ။ ဒါမှလည်း ဘဝင်ရူးမ ကျန်းမန်နီကို အပြတ်အသတ် အနိုင်ရမှာပေါ့။ ဒီည ကျင်းပမယ် ဂုဏ်ပြုညစာ စားပွဲလေး အမြန်ရောက်ချင်လှပြီ၊ အနာဂတ်လေးကို ကြိုတွေးပြီး ငါ့နှလုံးသားလေး တဒိတ်ဒိတ်ခုန်နေမိတယ်"
 
 
***

Continue Reading

You'll Also Like

4.4M 275K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2M 64.6K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.3M 72.7K 39
Amara Park : Independent small bakery owner. She is obsessed with watching movies and TV shows. She can't go a day without some chicken nuggets. She'...