ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 253+254+255

124 8 0
By jellyflower1

အပိုင်း(၂၅၃)

ကျန်းမန်နီနဲ့ အလုပ်အတူတူ တွဲလုပ်ရရင် မရှုံးစေနဲ့နော်

 
 
 
ထျန်းနင်က တခြားသူများ၏ အာရုံစိုက်ခံရခြင်းကို ရှောင်ရှားချင်၍ ကျန်းမန်နီနှင့် တတ်နိုင်သမျှ ခပ်ကင်းကင်း နေထိုင်ခဲ့သည်။
တရုတ်ပြည်မှာ ကျန်းမန်နီ ရှိနေသရွေ့ ထိပ်တိုက် မတွေ့ဆုံမိစေရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး တချို့သော လူမှုရေး တိုက်ခိုက်မှုလေးများတွင် တမင်တကာ ခေါင်းငုံ့သည်းခံပေးခဲ့သည်။
သို့သော်လည်း ဘေးကနေကြည့်နေသူများက တခြားသူ၏ဘဝကို အရမ်းဝင်စွက်ဖက်နေမှန်း တရားလွန် ဖြစ်နေမှန်း ယခုထိတိုင် မသိကြသေးပေ။
{Tangning Vs Zhen Manni }သည် အွန်လိုင်းပေါ်တွင် လူကြိုက်အများဆုံး စာသားလေး ဖြစ်လာခဲ့ပြီး မဲခွဲရွေးချယ်နိုင်သော Pollလေးများလည်း ပေါ်ထွက်ခဲ့သည်။ ဤ မဲခွဲရွေးချယ်သော စစ်တမ်းလေးက Charleneနှင့် မသက်ဆိုင်ခဲ့ပေ။ အင်တာနက်ကို အရူးအမူး သုံးစွဲသူများက ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးခဲ့ခြင်းသာ ဖြစ်သည်။
ပထမမော်ဒယ်က ပြိုင်ဘက်ကင်း မော်ဒယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ဒုတိယတစ်ယောက်က ဟိုက်ဟွေ့ စီအီးအို၏ထောက်ပံ့မှု အပြည့်အဝ ရရှိထားသော တက်သစ်စလေး ဖြစ်နေသည်။
နောက်ဆုံးမှာ မည်သူက အထင်ကြီးလောက်စရာ အရည်အချင်းကို ပိုင်ဆိုင်ပြီး အွန်လိုင်းသုံးစွဲသူများ၏ အာရုံစိုက်မှုကို ပိုင်ဆိုင်နိုင်သနည်း။
ထိုမေးခွန်းက လူတိုင်းစိတ်ဝင်စားပြီး ရေဗန်းစားသော မေးခွန်း ဖြစ်နေခဲ့သည်။
ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ထျန်းနင်က မို့ထင် စီမံပေးထားသော အလုပ်ကို လက်ခံလိုက်ပြီး အလုပ်ရှုပ်နေခြင်းဖြင့် အတင်းအဖျင်းများကို ရင်ဆိုင်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း တစ်ညတွင် သူမကို ဟွာကျင်းကျင်း ဖုန်းဆက်လာပြီး TV မျှော်စင်မှာ တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
ထျန်းနင်က မည်သူကိုမဆို ငြင်းပယ်တတ်သော်လည်း ဟွာကျင်းကျင်းက ခြွင်းချက် ဖြစ်သည်။ သူမ ဘယ်သွားမလဲ မို့ထင်ကို ပြောပြပြီးနောက် လုံကျဲနှင့်အတူတူ TV မျှော်စင်ဘက် ထွက်လာကြသည်။
 
***
 
Tangningသည် မြို့အပေါ်စီးမှ ပေကျင်း၏ညရှုခင်းကို ငေးမောကြည့်ရှုသည်။ သူမမြင်လိုက်ရသည့် လှပသော မြင်ကွင်းလေးက သူမ၏စိတ်အာရုံကို ညှို့ယူဖမ်းစားသွားသည်။
ဟွာကျင်းကျင်းက ဝိုင်နီတစ်ခွက်ကိုင်ပြီး သူမအနောက်ကို ရောက်လာသည်။
“ငါလက်ထပ်ချင်ပြီ”
ထျန်းနင်သည် စက္ကန့်ပိုင်းမျှအေးခဲသွားပြီး တအံ့တသြ လှည့်ကြည့်လာသည်။ “နင် ဘာလို့ ဒီလိုစကားတွေ ရုတ်တရက်ပြောရတာလဲ”
“ငါ ဘယ်နှနှစ်လောက် ထပ်ပြီး အချိန်ဖြုန်းရဦးမလဲ။ အပျိုဟိုင်းကြီး ဖြစ်ပါတော့မယ် အစ်မတော်ရယ်”
ဟွာကျင်းကျင်းက ထျန်းနင်ဘက် လမ်းလျှောက်မလာခင် သူမကိုယ်သူမ လှောင်ရယ်လိုက်သည်။
“ငါလက်ထပ်ချင်တယ်။ စဉ်းစားဉာဏ်ရှိတဲ့ခင်ပွန်းနဲ့ တည်ငြိမ်တဲ့ မိသားစုဘဝလေးကို လိုချင်တယ်။ ငါ က နိုင်ငံတကာတန်းဝင် စူပါမော်ဒယ်တစ်ယောက် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဒီအလုပ်ကြောင့် ငါ့ပျော်ရွှင်မှုလေးကို ဖျက်ဆီးပစ်စရာလား”
ဟွာကျင်းကျင်းက ဘဝအနိမ့်အမြင့်အတက်အကျ လောကဓံကို ခံစားဖူးပြီသား ဖြစ်သည်။ ကျင်းကျင်း ယခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ခြင်းကား အံ့ဩစရာ မရှိပေ။
“အခုတလော ငါ့ကို ပိုးပန်းနေတဲ့ ပြင်သစ်အမျိုးသား တစ်ယောက်တော့ ရှိတယ်။ ငါ ဘဝသစ်ပြန်စချင်တယ်။ ငါ့နှလုံးသား တံခါးလေးကို ပြန်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အတိတ်မှာပဲ မနစ်မြုပ်နေသင့်ဘူးလေ”
“ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ဒီမော်ဒယ်လောကထဲက ထွက်သွားရတော့မှာပဲ။ ငါ့ဘဝကို နွေးထွေး လုံခြုံမှုပေးမယ် လက်တွဲဖော်ကောင်းကို ရှာသင့်ပြီ။ ငါမရှိတော့ရင် ကျန်းမန်နီက နင့်ယောက်ျားနဲ့ နင့်ကို ပိုခြိမ်းခြောက်လာနိုင်တယ်”
ဟွာကျင်းကျင်းနှင့် သူငယ်ချင်း ဖြစ်ခွင့်ပေးခဲ့သည့် ကံကြမ္မာကို ထျန်းနင် ကျေးဇူးတင်မိသည်။ ထျန်းနင် အပြုံးကလေး ဆင်မြန်းကာ စကားပြောလာသည်။
“ငါတို့ မကြောက်ပါဘူး ....”
“နင် မကြောက်သလို သူဌေးမိုလည်း မကြောက်ဘူး မလား။ မို့သူဌေး အကြောက်ဆုံးက နင် ထိခိုက်ဒဏ်ရာ ရမှာပဲနော်”
ဟွာကျင်းကျင်းက စားပွဲခုံလေးကို မှီလိုက်ပြီး ထျန်းနင်ကို ကျီစယ်သည်။
“ထျန်းနင်၊ ငါ အရိုးသားဆုံး ဝန်ခံရရင် ဒီဖျော်ဖြေရေးလောကထဲ ရောက်နေတာ ဘယ်နှနှစ်ရှိပြီလဲ သေချာမသိတော့ဘူး။ ဒါပေမဲ့ ငါ ဒုက္ခရောက်နေတဲ့အချိန် ငါ့ကို ဖေးမကူညီပေးခဲ့ဖူးတဲ့ ပထမဆုံးမိတ်ဆွေက နင်ပဲ”
“ငါ ဟွာကျင်းကျင်းက .... တခြားအရာတွေမှာ အရမ်း မကျွမ်းကျင်ပါဘူး။ ပညာရေးနဲ့ပတ်သက်လာရင် ငါ့ဘဝ ခံယူချက်က အတုအယောင်လို့ပဲ သဘောထားတယ်”
“ဒါပေမဲ့ တစ်ဦးပေါ် တစ်ဦးထားရှိတဲ့ ချစ်ခြင်းမေတ္တာက ငါ့အတွက်တော့ အတုအယောင် မဟုတ်ဘူး”
“ငါ ဒီမော်ဒယ်လောကထဲ ဆက်ရှိနေသည်ဖြစ်စေ မရှိတော့ဘူး ဖြစ်စေ နင် ဒုက္ခရောက်တိုင်း ငါ့ကို အချိန်မရွေး ဖုန်းဆက်လိုက်၊ ငါ ဘယ်နေရာပဲ ရောက်နေရောက်နေ နင့်အနား ချက်ချင်း လာခဲ့မယ်။ အမြဲတမ်း နင့်ကို ကူညီဖို့ အသင့်ပဲ”
ဟွာကျင်းကျင်း၏ လေးနက်သော စကားများကို နားထောင်ပြီးနောက် ထျန်းနင် ခေါင်းညိတ်လိုက်သည်။
“ငါလည်း သူငယ်ချင်း များများစားစား မရှိပါဘူး။ နင်လည်း စိတ်ညစ်ရင် ဒုက္ခရောက်ရင် တစ်ယောက်တည်း ကြိတ်မှိတ် သည်းမခံနဲ့နော်။ နင့်ရင်ဖွင့်ဖော် ငါက နင်နဲ့ အမြဲအတူတူ ရှိနေတယ်”
ဟွာကျင်းကျင်း ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲမှ ဝိုင်ခွက်ကို စားပွဲခုံပေါ်တင်ကာ သန့်စင်ခန်းဘက် ထွက်လာခဲ့သည်။ ထျန်းနင်လည်း ရီဝေဝေ ဖြစ်နေ၍ လုံကျဲက ထျန်းနင်ကို ဂရုစိုက်နေရသည်။
သန့်စင်ခန်းအတွင်းမှာ ဟွာကျင်းကျင်းက ဘေစင်အနား လက်သန့်ရှင်းရေး လုပ်နေပြီး တီးတိုးပြောဆိုနေသော စကားများကို နားစွန်နားဖျား ကြားရသည်။
“စောနတုန်းကလေ ဘဝင်ရူး ဟွာကျင်းကျင်းနဲ့ အပျက်မ ထျန်းနင်ကို တွေ့လိုက်မိတယ်။ သူတို့လည်း ဒီနေရာမှာ ရှုခင်းလာကြည့်တာ ဖြစ်မယ်။ အတင်းအဖျင်းတွေက မှန်နေပြီထင်တယ်။ သူတို့နှစ်ယောက်က တော်တော်ရင်းနှီးတာပဲ”
“နင်က ဟွာကျင်းကျင်း အကြောင်းသိလို့လား။ ယောက်ျားတစ်ယောက်ကို ကျွန်ခံ အနှိပ်စက်ခံ ချစ်ခဲ့တဲ့ ဟွာကျင်းကျင်း အကြောင်းလေ။ သူ့ကိုယ်သူ ရှက်ရကောင်းမှန်း မသိဘူး။ လူရှေ့သူရှေ့ ထွက်လာရဲသေးတယ်။ ငါ့အမြင်အရတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့အနုပညာရှင်ကို ကာကွယ်ပေးဖို့ မဟုတ်တမ်းတရား သက်သေတွေ ထုတ်ပြတာပဲ ဖြစ်မယ်။ ဟိုက်ဟွေ့က ဘာမဆို ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိတယ်လေ”
“ပြီးတော့ ရှိသေးတယ်၊ မိန်းမပျက် ထျန်းနင်က ဘာတွေများ ကောင်းနေလို့လဲ။ ဟိုက်ဟွေ့ရဲ့စီအီးအိုကို သူ့ကိုယ်ရေးကိုယ်တာ မန်နေဂျာ ဖြစ်အောင် ခိုင်းစားနိုင်တယ်နော်။ ဒါကိုကြည့်ခြင်းအားဖြင့် ထျန်းနင်ရဲ့အိပ်ရာပေါ်က ကျွမ်းကျင်မှုက အထင်ကြီးစရာ ကောင်းလောက်မယ်။ ရူးရူးကြောင်ကြောင် ပရိသတ်တချို့က သူတို့စုံတွဲအကြောင်းပဲ အရူးအမူး စိတ်ဝင်စားနေတာလေ”
“ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ နိုင်ငံကိုယ်စားပြုရတနာလေး ပြန်လာပြီလေ။ အရိုးသားဆုံး ပြောရရင် ငါက ကျန်းမန်နီရဲ့ပရိသတ်ဖြစ်နေတာ ကြာပေါ့။ ပေကျင်းကို ခြေချလိုက်တာနဲ့ ထျန်းနင်ရဲ့စော်ကားတာကို ခံလိုက်ရတာ အသည်းနာစရာပဲ။ ငါသာ ကျန်းမန်နီနေရာမှာဆိုရင် ထျန်းနင်ကို အကြိမ်တစ်ထောင်လောက် နင်းခြေပြီးလောက်ပြီ”
“ဟား ဟား ဟုတ်ပါ့ ဟုတ်ပါ့ ဟယ်။ ငါလည်း သူတို့နှစ်ယောက် အတူတူ အလုပ်တွဲလုပ်တာ မြင်ချင်နေပြီ။ ငါတို့မန်နီလေးက အပျက်မ ထျန်းနင်ကို ဘယ်လို ပညာပြမလဲ မြင်ချင်သေးတယ်”
မိန်းမသုံးယောက်၏ အတင်းအဖျင်း စကားသံများကို နားထောင်ပြီးနောက် ဟွာကျင်းကျင်းက သူတို့ကို မျက်နှာချင်းဆိုင်လိုက်သည်။
“နင်တို့ ထပ်ပြောလိုက်စမ်းပါ”
မိန်းမသုံးယောက်က မိတ်ကပ်လူးနေ၍ ဟွာကျင်းကျင်းကို သတိမထားမိပေ။
“နင်က ဘာအချိုး ချိုးချင်တာလဲ”
“စောနတုန်းက နင်တို့ ဘာတွေပြောခဲ့လဲဆိုတာ မှတ်မိပါသေးတယ်နော်”
မိန်းမသုံးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထအော်ကြသည်။
“ဟွာကျင်းကျင်းက တခြားသူတွေကို ရိုက်နှက်တတ်တယ်”
အနီးအနား ဝိုင်းကြည့်သူများက အလျင်မီ ဓာတ်ပုံဖမ်းရိုက်ကြသည်။
အုတ်အုတ်သဲသဲ အော်သံများကြောင့် ထျန်းနင်က သန့်စင်ခန်းဘက် အလောတကြီး ပြေးလာသည်။
ဟွာကျင်းကျင်းက မိန်းမယုတ် သုံးယောက်ဘက် လှည့်လိုက်ပြီး အေးစက်စက် လေသံဖြင့်
“ငါ့ကို ရိုက်နှက်တတ်တဲ့မိန်းမလို့ သမုတ်တော့လည်း ငါက လက်တွေ့ပြရတာပေါ့”
ထိုစကားကိုပြောပြီးနောက် ဟွာကျင်းကျင်းက အရှေ့တိုးလိုက်ပြီး တစ်ယောက်ချင်းစီကို လက်ဝါးစာ ကျွေးလိုက်သည်။
လူတိုင်း မှင်တက်နေသည်။
“နင် နင် ရူးသွားပြီလား”
ထျန်းနင်က ဟွာကျင်းကျင်းကို အလောတကြီး လှမ်းတားသည်။
“နင် ဘယ်သူလဲဆိုတာ မေ့သွားပြီလား”
“ငါ ဘယ်သူလဲဆိုတာ ကောင်းကောင်းကြီး သိနေလို့ ငါ့လောက်အဆင့် မရှိတဲ့ ကောင်မတွေကို ကိုယ့်အဆင့်ကိုယ် သိသွားအောင် သင်ခန်းစာ ကောင်းကောင်း ပေးရလိမ့်မယ်”
ဟွာကျင်းကျင်းက သူမအတွက် ဒေါသထွက်နေခြင်း မဟုတ်ပေ။ ထျန်းနင်အတွက် မခံမရပ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။
မိန်းမယုတ် သုံးယောက်က ကြမ်းပြင်ပေါ် ရုတ်တရက် ထိုင်ချလိုက်ပြီး ကျယ်လောင်စွာ အော်ငိုသည်။
လုံကျဲက ထျန်းနင်တို့ကို အရေးတကြီး သတိပေးစကားပြောသည်။
“ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြမယ်”
ဟွာကျင်းကျင်းက သူမ၏လုပ်ရပ်အတွက် နောင်တ မရခဲ့ပေ။ သူမ ထွက်မသွားခင် မိန်းမယုတ် သုံးယောက်ကို လက်ညှိုးထိုးကာ သတိပေးလိုက်သေးသည်။
“နင်တို့ ဘယ်သူလဲဆိုတာ ငါ မသိစေနဲ့။ ငါ သိတဲ့တစ်နေ့ နင်တို့ဘဝပျက်ပြီလို့သာ မှတ်လိုက်တော့”
လက်ထောက်များ၏ ကာကွယ်ပေးမှုကြောင့် ထျန်းနင်တို့နှစ်ယောက်က ကုမ္ပဏီစီစဉ်ပေးထားသော ဘန့်ကားပေါ် ပြန်ရောက်သွားသည်။ ထျန်းနင်က ဟွာကျင်းကျင်း၏ နီရဲနေသော လက်ကို ကြည့်ကာ
“နင်က ဒီလို ဒေါသထွက်လွယ်တဲ့သူ မဟုတ်ပါဘူး။ ဘယ်လို ဖြစ်ရတာလဲ”
“ငါ အဆင်ပြေတယ်။ စိတ်မပူနဲ့။ ငါ့ကို ပိုးပန်းနေတဲ့ ပြင်သစ်အမျိုးသားက အရမ်းချမ်းသာတယ်။ ဒါကို အသုံးချပြီး သူ့ရဲ့ရိုးသားမှုကို စမ်းသပ်ရမယ်”
ဟွာကျင်းကျင်း ရယ်မောသည်။
“တစ်ယောက်ယောက်က ငါ့မကောင်းကြောင်း ပြောလို့လား။ ငါ ဂရုမစိုက်ဘူးဆိုတာ သိရဲ့သားနဲ့ နင်လည်း မသိချင်ယောင်ဆောင်လိုက်ပါလား”
“ငါက ဖျော်ဖြေရေးလောကထဲက နုတ်ထွက်တော့မယ်သူပါ။ ငါက ဘာကိစ္စကြောင့် တခြားသူအမြင်တွေကို ဂရုစိုက်နေရမလဲ။ ငါက ဒီလောကထဲရောက်နေတာ ကြာပြီ။ ဒီလို ကြီးကြီးမားမား ပြဿနာမျိုး တစ်ခါမှ မဖန်တီးခဲ့ဖူးဘူး”
“ဘာလဲ နင့်ကိုယ်စား ဖန်ယွီကို ပြဿနာ ရှင်းခိုင်းမလို့လား”
ဖန်ယွီအကြောင်း ပြောလာ၍ ဟွာကျင်းကျင်း ခပ်တိုးတိုးလေး ရယ်လိုက်သည်။
“ငါလည်း ဖန်ယွီရဲ့အရည်အချင်းကို စမ်းကြည့်ချင်တာ ကြာပေါ့”
“ဒါနဲ့ထျန်းနင်၊ နင်နဲ့ ကျန်းမန်နီအလုပ်တွဲလုပ်ရရင် မရှုံးစေနဲ့နော်”
ထျန်းနင် သက်ပြင်းချလိုက်သည်။
“ငါကသူ့ကို ကြောက်လို့ ရှောင်နေတာ မဟုတ်ပါဘူး”
ထျန်းနင်က တည်ငြိမ်စွာ ပြန်ဖြေလာသည်။
“အဲဒီမိန်းမသုံးယောက်က ကျန်းမန်နီရဲ့ပရိသတ်တွေလေ”
ဟွာကျင်းကျင်းက ထျန်းနင်၏မျက်ဝန်းကို ကြည့်ကာ လေးနက်သော မျက်နှာအမူအရာဖြင့် စကားပြောလာသည်။
“နင် လက်မခံချင်လည်း ကျန်းမန်နီက နင့်ကို ပြိုင်ဘက်လို သဘောထားနေတာ အမှန်ပဲ။ မို့သူဌေးကို စိတ်ဒုက္ခမပေးချင်ဘူး ကျဉ်းထဲ ကျပ်ထဲ မရောက်စေချင်ရင် ကျန်းမန်နီနဲ့ ယှဉ်ပြိုင်ဖို့ စိတ်ကို အဆင်သင့် ပြင်ထားသင့်တယ်”
 
 
***

အပိုင်း(၂၅၄)

ငါ ထျန်းနင်ကို ဘယ်နှခါလောက်ကူညီပေး နိုင်ဦးမလား

 
 
 
ဟွာကျင်းကျင်း စူပါမော်ဒယ် ဖြစ်လာခဲ့ခြင်းက ယခုလို ရူးမိုက်သော အပြုအမူများကြောင့် မဟုတ်ပေ။ ဟွာကျင်းကျင်းက စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်။ ယခုတော့ အရာအားလုံးက ပြောင်းပြန် ဖြစ်နေခဲ့သည်။
“အဲဒီမိန်းမတွေ နောက်ကွယ်ကနေ လက်သီးပုန်း သုံးပြီး တိုက်ခိုက်တာကို ခံရမဲ့အစား သူတို့ထက်အရင် လက်ဦးအောင် ဆော်သင့်တယ်”
ထျန်းနင်က ခေါင်းငုံ့ကာ ဟွားကျင်းကျင်၏လက်ကို ကြည့်လိုက်သည်။
“ကျင်းကျင်းရယ်၊ နင်ဘာလို့ ဝင်ပါရတာလဲ။ ဒါက ငါနဲ့ ကျန်းမန်နီကြားက ပြဿနာ အရှုပ်အထွေးလေ။ နင် ဝင်မပါသင့်ဘူး”
“နင် ရင်ဆိုင်ရမဲ့ပြဿနာက ငါ့ပြဿနာပဲ။ ငါတို့ကြားမှာ လုပ်သင့်တာ မလုပ်သင့်တာတွေ မရှိဘူး”
ဟွာကျင်းကျင်းက တခြားသူကို ရိုက်နှက်ခဲ့သည့်သတင်းဆိုးက သတင်းခေါင်းစီးပိုင်း ဖြစ်လာခဲ့သည်။ ဟွာကျင်းကျင်း၏ကျော်ကြားမှုကြောင့် သတင်းပြန့်လွယ်ခဲ့ခြင်း မဟုတ်ပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အနုပညာရှင်များက အများရှေ့မှာ ယခုလို အမှားမျိုး တစ်ခါလေမျှ မကျူးလွန်ဖူး၍ ဖြစ်သည်။
ထို့အပြင် ဟွားကျင်းကျင် ရိုက်နှက် ဆုံးမခဲ့သူက ကျန်းမန်နီ၏ ပရိသတ် ဖြစ်နေသည်။ ဤဇာတ်လမ်းလေးက ဟိုက်ဟွေ့ အနုပညာရှင်များကြား ရန်ပွဲလည်း ဖြစ်နေပြန်၍ လူအများ အလွန်အမင်း စိတ်ဝင်စားသော အတင်းအဖျင်း ဖြစ်ခဲ့သည်။
အာရုံတက်ချိန်ရောက်သည်နှင့် မီဒီယာများ၏ ဖုန်းခေါ်သံများက ဖန်ယွီ၏သာယာလှပသော နံနက်ခင်းလေးကို နှောင့်ယှက်ခဲ့သည်။ ဟွာကျင်းကျင်း ပါးရိုက်ခဲ့သည့် မိန်းမသုံးယောက်အနက် တစ်ယောက်က အစိုးရအရာရှိ၏ သမီးဖြစ်နေ၍ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က ပြဿနာကို ချက်ချင်း ဖြေရှင်းရန် ကြိုးစားကြသည်။ သို့တိုင် ဟွာကျင်းကျင်း၏ အမှားအယွင်းကို အလွယ်တကူ ပြည်ဖုံးကားချရန် မဖြစ်နိုင်ချေ။
အစိုးရအရာရှိ၏သမီးက ပါးရိုက်ခံရခြင်း ဆေးရုံတက်၍ ကျန်းမာရေး အခြေအနေကို စစ်ဆေးကာ ဟွာကျင်းကျင်းကို တရားစွဲရန် ဆုံးဖြတ်ထားသည်။ ဟိုက်ဟွေ့ ဖျော်ဖြေရေးကလည်း တစ်ဖက်သူ ကျေနပ်စေလောက်မည့် ကမ်းလှမ်းမှုများ ပေးအပ်ကာ ပြဿနာကို ဖြေရှင်းနေသည်။
 
***
 
ကောင်းကင်ယံမှာ နေရောင်ခြည် ပျောက်ဆုံးကာ အုံ့ဆိုင်းလာသည်။ ဖန်ယွီက ဟွာကျင်းကျင်း အိမ်ကို အလည်အပတ်သွားပြီး ပြဿနာဖြေရှင်းရန် အခြေအနေကို စုံစမ်းရသည်။
“ကိုယ်ရင်ဆိုင်ရမဲ့ရန်သူက ဘယ်သူလဲဆိုတာ သေချာ စုံစမ်းကြည့်ပြီးမှ ပြဿနာရှာသင့်တယ် ကျင်းကျင်း။ နင် ဘယ်လို လူတန်းစားမျိုးကို ရန်ရှာမိမှန်းရော သိရဲ့လား”
ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားသော ဟွာကျင်းကျင်းက ဆိုဖာပေါ် ကျောလှဲလိုက်ပြီး ဖန်ယွီကို မေးလိုက်သည်။
“အဲဒီမိန်းမရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ ဘာတွေ လာတောင်းဆိုနေလဲ”
“သူ့ရဲ့နစ်နာမှုအတွက် အများရှေ့မှာ တောင်းပန်တာကို လိုချင်တယ် ပြောတယ်”
ဖန်ယွီက စာရွက်စာတမ်းများကို စားပွဲခုံပေါ် တင်လိုက်ပြီး ဟွာကျင်းကျင်းကို နားမလည်နိုင်စွာ ငေးကြည့်နေသည်။
“မင်း ဘာလို့ ဒီလိုအမှားမျိုး ကျူးလွန်ပြီး ဘဝကို အရှုံးပေးရတာလဲ။ အရင်တုန်းကဆိုရင် ဒီလို ပြဿနာမျိုး ဖန်တီးပြီး ဟိုက်ဟွေ့ကို ဒုက္ခမပေးဖူးပါဘူး။ ဒါက ဘယ်လို ဖြစ်ရတာလဲ”
ဟွာကျင်းကျင်းက ခန္ဓာကိုယ်ကို တစ်စောင်းလှည့်လိုက်ပြီး ဖန်ယွီ၏ မျက်နှာကို တည့်တည့် ကြည့်ရှုလိုက်သည်။
“လာစမ်းပါ။ ငါ့အနားလာပြီ ငါ့ကို ပါးနှစ်ချက်လောက် ရိုက်လိုက်စမ်းပါ”
“သူဌေးမို့ အပြစ်ပေးမှာကို နင် တကယ် မကြောက်တာလား”
“ငါ ဘာလို့ ဒီလမ်းကို ရွေးချယ်ခဲ့လဲ မို့သူဌေး သိနေလိမ့်မယ်”
ဟွားကျင်းက လေးလေးနက်နက် တုံ့ပြန်လာသည်။ 
ထိုစကားကို ပြောပြီးနောက် ဟွာကျင်းကျင်းက ဆိုဖာပေါ် ကျောပြန်လှဲလိုက်သည်။
“အခုတလော ထျန်းနင် သည်းခံခဲ့ရတယ် နာကျင်ခဲ့ရတယ်။ ဒါတွေကို ကျန်းမန်နီ သတိမထားမိဘူးလို့ နင်တို့က တွေးနေတာလား။ ထျန်းနင်က ကျန်းမန်နီနဲ့ ထိပ်တိုက် မတွေ့ချင်လို့ တတ်နိုင်သလောက် ရှောင်ပါတယ်။ ဒါတောင် ကျန်းမန်နီ ဒီအခွင့်အရေးကို အကျိုးရှိအောင် အသုံးချပြီး ထျန်းနင်ဘဝကို နင်းခြေ ချင်နေတာ။ ဒါကို နင်တို့တွေ သိရော သိကြရဲ့လား”
“ထျန်းနင်က အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့တာပဲလေ။ ဘာများ မှားယွင်းနေလို့လဲ”
“ဒါပေမဲ့ မင်းက ထျန်းနင်အတွက် ဖြည့်တွေးပေးတတ်တဲ့ သူငယ်ချင်းကောင်းပဲ”
ဖန်ယွီက ဟွာကျင်းကျင်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
“ငါ ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့် မော်ဒယ်လောကထဲက နုတ်ထွက်ဖို့ ဆုံးဖြတ်ထားတယ်”
ဟွာကျင်းကျင်းက သူမ၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည်။
“ငါက ထျန်းနင်ကို ဘယ်နှကြိမ်လောက် ထပ်ကူညီနိုင်ဦးမလဲ။ အခုရှာထားတဲ့ ပြဿနာကြောင့် မော်ဒယ်လောကထဲက ထွက်သွားသင့်တဲ့သူ ဖြစ်နေပြီလေ။ ငါ့ကြောင့်နဲ့ ထျန်းနင်ကို ပြဿနာ မတက်စေချင်ဘူး”
ဟွာကျင်းကျင်း မော်ဒယ်လောကထဲမှ နုတ်ထွက်မည့် အကြောင်းကို ကြားကြားချင်း ဖန်ယွီ မှင်တက်သွားသည်။
သူ စိတ်တောင် မကူးခဲ့ဖူးသော အကြောင်းအရာ ဖြစ်နေ၍ အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြန်မေးမိသည်။
“ဒီဖျော်ဖြေရေး လောကထဲက နုတ်ထွက်တော့မယ်လား။ ဘာလို့ အဲဒီလို ဆုံးဖြတ်ချက်မျိုး ချရတာလဲ”
“ငါ စိတ်ပင်ပန်းနေပြီ၊ လက်ထပ်ချင်ပြီ”
ဟွာကျင်းကျင်း မျက်လုံးလေးကို ပိတ်ထားလိုက်သည်။
ဖန်ယွီက နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက် ထမေးလာသည်။
“ဒီအကြောင်းကို မို့သူဌေး သိပြီးပြီလား”
“ပြဿနာတွေ အေးချမ်းသွားတာနဲ့ သူဌေးမို့ကို ပြောလိုက်မယ်”
ဟွာကျင်းကျင်းက အေးအေးဆေး ပြန်ဖြေလာသည်။
“မင်း ဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ”
“ငါ သေချာတော့ မစဉ်းစားရသေးဘူး။ ချစ်သူတစ်ယောက် ရှာချင်တယ်။ မိသားစုဘဝလေး ပိုင်ဆိုင်ချင်သလို ကလေးလည်း လိုချင်တယ်။ ဒါပေမဲ့ ငါ့ရည်ရွယ်ချက်လေးတွေ အောင်မြင်ဖို့ အလှမ်း ဝေးနေပါသေးတယ်”
ဖန်ယွီ နှုတ်ဆိတ်နေမိသော်လည်း တကယ်တမ်းတော့ သူ့နှလုံးသားလေး ဗလောင်ဆူနေရသည်။
ဟွာကျင်းကျင်းကဲ့သို့ နားလည်ရခက်ခဲသော မိန်းမများကို တွေ့ဖူးပါသည်။ ဟွာကျင်းကျင်းက မိန်းမကြီး အရွယ်မရောက်သေးသော်လည်း စိုးရိမ်ပူပန်မှုများ ရှိနေပုံပင်။
ဟွာကျင်းကျင်း၏နှလုံးသားထဲ တခြားသူတစ်ယောက်ကို အစားထိုးနိုင်ပြီလား ဖန်ယွီမေးချင်ခဲ့သည်မှာ ကြာပါပြီ။ သို့သော်လည်း ကျင်းကျင်း၏ကိုယ်ပိုင်ဘဝလေးကို သိခွင့်ရခဲ့တည်း ဟွာကျင်းကျင်းက သာမန်လူတစ်ယောက်ကဲ့သို့ ရိုးရှင်းစွာ ချစ်မြတ်နိုးတတ်ပြီး နာကျင်ခံစားတတ်ကြောင့် ဖန်ယွီနားလည်ခဲ့သည်။
လောကဓံက သူမကို ရက်စက်ခဲ့သည့်တိုင်အောင် သူမက လောကကြီးကို အရွဲ့မတိုက်ခဲ့ဖူးပေ။
“ကံကြမ္မာကိုပဲ ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်တော့မယ်။ ဖြစ်ချင်ရာ ဖြစ်တော့”
ယနေ့ ဟွာကျင်းကျင်း၏အိမ်အပြင်ဘက်ကို ခြေချလိုက်သည်နှင့် ဖန်ယွီက အရင်လို ပေါ့ပြက်ပြက် အမူအရာ မဟုတ်တော့ပေ။ သူ့စိတ်က လေနှင်ရာကို လွင့်မျောနေသည်။
တကယ်တော့ သူက ဟွာကျင်းကျင်း ကို စိတ်ဝင်စားမိသည်မှာ ကြာပါပြီ။ ဟွာကျင်းကျင်းကို တခြားသူများ ပြစ်တင်ပြောဆိုမှုကို အတတ်နိုင်ဆုံး ရှောင်ရှားရန် အစိုးရအရာရှိအိမ်သို့ ကားမောင်း ထွက်လာခဲ့သည်။
ထိုလူက ရာထူးမြင့်သော အစိုးရဝန်ထမ်းဖြစ်နေ၍ ဖျော်ဖြေရေးလောကသားများကို အလွယ်တကူ တွေ့ခွင့်မပေးချေ။ သို့တိုင် ဖန်ယွီမှာ ကိုယ်ပိုင် နည်းလမ်း ရှိပြီသားပါ။ ဖန်ယွီက လုံခြုံရေးဝန်ထမ်းကို သတင်းစကား ပါးခိုင်းလိုက်သည်။
“ဒီပြဿနာကို ငါတို့တွေ အချိန်မီ ဖြေရှင်းရင်တော့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ထုံးစံအတိုင်း ပြဿနာကို ရှင်းရလိမ့်မယ်။ မင်းတို့ မိသားစုဝင်တွေအားလုံး ဘဝမပျက်ချင်ရင် ငါတို့နဲ့ညှိနှိုင်းရင် ကောင်းမယ်။ ရာထူးတိုးဖို့ ရွေးချယ်ခံထားရတယ် ကြားထားတယ်။ ခင်ဗျားလည်း မရှုံးချင်ဘူးမလား”
ဖန်ယွီ နောက်တစ်နေ့ မနက်ခင်းအထိ စောင့်ဆိုင်းခဲ့ရသော်လည်း ထိုလူက တိကျသေချာသော အဖြေမျိုး ပြန်ပေးခဲ့သည်။
“ငါတို့တွေ တရားစွဲထားတာကို ပြန်ရုပ်သိမ်းပေးမယ်။ ဒါပေမဲ့ ဟွာကျင်းကျင်းက ငါတို့ကို တောင်းပန်လိုက်ရင် အကောင်းဆုံးပဲ။ ဒါမှလည်း နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပြဿနာမီးလည်း ငြိမ်သွားမယ်။ နာမည်ဆိုးနဲ့ ဟိုလေးတကျော် ဖြစ်ချင်ရင်တော့ ဆက်လုပ်လေ”
ပြဿနာကို ပုံကြီးချဲ့သည့် ဖြစ်ရပ်ကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။
ဟွာကျင်းကျင်းက ထျန်းနင်ကို ကူညီပေးချင်သည့်စိတ်ဆန္ဒကြောင့် အမှားကျူးလွန်ခဲ့မိသော်လည်း ကိုယ့်ဘဝကိုယ် မဖျက်ဆီးသင့်ပေ။
ယခုတော့ ဟွာကျင်းကျင်းက ကိုယ့်ဂုဏ်သိက္ခာကိုမှ အဖက်မဆယ် အရှက်ကွဲမည့် အပြုအမူမျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့သည်။
 
***
 
“ဖန်ယွီက တကယ် အရည်အချင်းရှိတာပဲ။ ခေါင်းကြောမာတဲ့ အစိုးရအရာရှိနဲ့ ညှိနှိုင်းတာ အောင်မြင်သွားပြီ”
လုံကျဲက သတင်းဖတ်ရှုကာ ချီမွမ်းနေသည်။
“ဖန်ယွီက အစိုးရအရာရှိ အိမ်ရှေ့မှာ ငါးနာရီလောက် မတ်တတ်ရပ် စောင့်ခဲ့တယ်”
မို့ထင်က မနက်စာ စားသုံးလျက် ထျန်းနင်ကို ရှင်းပြသည်။
“အခုတော့ ဖျားနေပြီ။ စောနတုန်းက ဖန်ယွီ ဖုန်းခေါ်တာလေ”
ထျန်းနင် အတော်ကလေး အံ့ဩမိသည်။
“ဒီလောက်အေးနေတဲ့ ရာသီဥတုကြီးမှာ ငါးနာရီလောက် မတ်တတ်ရပ် စောင့်နေရတယ်လို့”
“သူက အနုပညာရှင်တွေရဲ့ ပြဿနာတိုင်းကို အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်တဲ့ အကျင့်ရှိပေမဲ့၊ အခုလို လွန်လွန်ကဲကဲ ကြိုးစားတာတော့ ပထမဆုံးပဲ”
ထျန်းနင်က ပေါင်မုန့်ပေါ် သစ်သီးယိုသုတ်လိုက်ပြီး မို့ထင်ကို လှမ်းပေးသည်။
“ကိုယ် သိရသလောက် ဖန်ယွီက ပြဿနာကို ခေါင်းအေးအေး စဉ်းစားပြီး ဖြေရှင်းတတ်ပါတယ်။ ဒီလို ကမူးရှူးတိုး အပြုအမူမျိုးကိုတော့ ပထမဆုံး မြင်တွေ့ဖူးတာပဲ။ သာမန်ထက်တော့ နည်းနည်း ထူးခြားနေတယ်”
ထျန်းနင်က မနက်စာ စားသုံးပြီးသည်နှင့် ထူးခြားနေသော ပြဿနာရပ်ကို လေးလေးနက်နက် တွေးတောနေသည်။
“ဖန်ယွီက ကျင်းကျင်းကို သံယောဇဉ် ရှိနေတာများလား။ ရိုးတော့မရိုးလောက်ဘူး”
“ဒါပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့မိပါဘူး”
“ငါ အတွေးလွန်နေတာ ဖြစ်မှာပါလေ။ ဖန်ယွီက လူတိုင်းပေါ် ကောင်းကောင်း ဆက်ဆံတတ်ပါတယ်လေ”
သို့တိုင် ထျန်းနင်က လုံကျဲကို ညွှန်ကြားလိုက်သေးသည်။
“ဖန်ယွီကို ဖုန်းဆက်ပြီး အခြေအန ဘယ်လိုရှိလဲ စုံစမ်းကြည့်စမ်းပါဦး”
“လုချယ်ကို ကိုယ်တိုင်ကိုယ်ကျ သူ့အိမ် သွားလည်ခိုင်းလိုက်ရင် မကောင်းဘူးလား”
လုံကျဲက အကြံပြုသည်။
ထျန်းနင်က လုံကျဲကို ကြည့်ပြီး ရုတ်တရက် ထရယ်သည်။
“လုချယ်က ငါ့ယောက်ျားရဲ့လက်ထောက်ပါနော်။ ဘယ်လိုဖြစ်ပြီး အစ်မလုံကျဲရဲ့ အမိန့်ကို နာခံနေရတာလဲ”
လုံကျဲ ရှိုးတိုးရှန့်တန့် ဖြစ်နေမိသည်။
မို့ထင်က စကားတစ်ခွန်းမျှ မပြောသော်လည်း လက်ဟန်အမူအရာဖြင့် လုံကျဲအကြံပြုချက်ကို သဘောတူသည်။
လုံကျဲ သဘောပေါက်သွားပြီး အပြင်ထွက်ကာ လုချယ်ကို ဖုန်းခေါ်လိုက်သည်။
ပြဿနာက အလွယ်တကူ မပြီးဆုံးနိုင်မှန်း ထျန်းနင် ခံစားမိသည်။ ကျန်းမန်နီအတွက် သူမတို့ကို ပြဿနာရှာရန် အကြောင်းပြချက် ရှာကြံခြင်းက မလွယ်ကူ၍ အခွင့်အရေးကို ကောင်းကောင်း အသုံးချလိမ့်မည်။
 
 
***
အပိုင်း(၂၅၅)

စစ်ကြေညာတာ ကြမ်းလှချည်းလား

 
 
 
လုချယ်မှာ သူ့ချစ်သူလေး၏ ချော့ချော့မော့မော့ တောင်းဆိုမှုလေးကို မငြင်းပယ်ရက်၍ ဖန်ယွီနေထိုင်သော အဆောက်အဦသို့ ထွက်လာခဲ့သည်။ သို့သော်လည်း အိမ်ပေါက်ဝ ရောက်ရောက်ချင်း သုံးနှစ် လေးနှစ်အရွယ် ကောင်မလေးက သူ့ကို တံခါးဖွင့်ပေးသည်။
လုချယ်က ကောင်မလေးကို ဖျတ်ခနဲကြည့်လိုက်ပြီး ဖန်ယွီကို သံသယမျက်ဝန်းများဖြင့် ကြည့်လာသည်။
ဖန်ယွီ၏မျက်နှာက အလွန်အမင်း ဖြူဆွတ်နေပြီး နဖူးပေါ် ချွေးစက်များ လွှမ်းနေသည်။ ဖန်ယွီ အဖျားကြီးနေမှန်း သိသာလွန်းသည်။
လုချယ်က ကလေးမလေးကို ကြည့်ကာ စပ်စပ်စုစု မေးမြန်းသည်။
“မင်း အဆင်ပြေရဲ့လား။ ဒီကလေးက ....”
“ငါ့ညီမရဲ့ကလေး”
“မင်းက ဘယ်တုန်းက ညီမရှိသွားတာလဲ”
လုချယ်က ဖန်ယွီ၏အလိမ်အညာကို ချက်ချင်း ရိပ်မိသည်။
“မင်းညီမရဲ့ကလေးက မင်းနဲ့ တော်တော်ရုပ်ဆင်တယ်နော်”
ဖန်ယွီ ပြုံးလိုက်သည်။
“ငါ့ညီမ ဖန်ယွဲ့လေ။ ငါ့ဖျားနေပေမဲ့ ကလေးကိုလည်း ဂရုစိုက်ရဦးမယ်လေ။ တစ်ယောက်တည်း ထားခဲ့လို့ ဖြစ်ပါ့မလား”
ဖန်ယွီက ကောင်မလေးကို ချီပိုးကာ ဆိုဖာပေါ် တင်ပေးပြီး လုချယ်ကို ဧည့်ခံရန် နောက်ဖေးချောင် ဝင်သွားသည်။
“မင်းက ဘယ်အချိန်တုန်းက သမီးတစ်ယောက် ရသွားတာလဲ။ ငါလည်း မသိရပါလား”
“ဒီဖျော်ဖြေရေး လောကကြီးထဲမှာ လျှို့ဝှက်ချက် မရှိတဲ့သူ ရှိလို့လား”
ဖန်ယွီက ကောင်မလေး အဖျားကူမည်ကို စိုးရိမ်မိ၍ ခပ်ဝေးဝေးမှာ ထိုင်သည်။
“ဒါနဲ့ ဘာအကြောင်းကိစ္စရှိလို့ အိမ်ကို ရောက်လာတာလဲ”
လုချယ်က ဖန်ယွီ၏တိုက်ခန်းကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။ လုံကျဲ ပြောပြဖူးသည့် စကားတစ်ခွန်းကို သတိရသွားသည်။ အမျိုးသားတစ်ယောက်၏ နှလုံးသားထဲက ချစ်ရသူ မိန်းကလေးရှိ မရှိ သိချင်လျှင် သူတို့အိမ်ကို စစ်ဆေးကြည့်တာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ဖန်ယွီ၏တိုက်ခန်းက အနည်းငယ် ရှုပ်ပွနေသည်။ အထူးသဖြင့် ကလေးမ၏ အဆော့သန်မှုကြောင့် ပိုရှုပ်ပွနေသည်။
“ဘာလို့ ဟွာကျင်းကျင်းကိုယ်စား ဒုက္ခခံရတာလဲ။ ငါးနာရီလောက် အပြင်မှာ မတ်တတ်ရပ် စောင့်နေတာတော့ မဖြစ်သင့်ဘူး”
“ငါက ကျင်းကျင်းကို ကူညီပေးဖို့ ဆုံးဖြတ်ထားပြီသားလေ။ ငါတတ်နိုင်သလောက် ကျင်းကျင်းကို မရမက ကူညီပေးမယ်။ အစိုးရအရာရှိက သူ့ဂုဏ်နဲ့သူ ရှိတယ်လေ။ ငါ ၅နာရီလောက် မတ်တတ်ရပ်စောင့်နေပေးတော့ သူ့ဒေါသတွေ ပြေလျော့သွားတာပေါ့”
“ပြဿနာ ဖြေရှင်းနိုင်ဖို့ပဲ အရေးကြီးပါတယ်လေ”
ဖန်ယွီက ရှုပ်ပွနေသော ဆံပင်များကို သပ်လိုက်သည်။ သူ နေထိုင်မကောင်း ဖြစ်တိုင်း သူ့ဆံပင်များက ရှုပ်ပွနေပြီး ခန္ဓာကိုယ်က အားနည်းနေသည်။
“မင်းက ဟွာကျင်းကျင်းကို ခံစားချက် ရှိနေတာလား”
“မင်း လာနောက်နေတာလား။ ငါ့မှာ သမီးတစ်ယောက် ရှိပြီသား”
ဖန်ယွီ ရယ်မောလိုက်သည်။
“ငါက ဟွာကျင်းကျင်းကို အထင်ကြီး လေးစားမိတာပါ”
“ကလေးရဲ့အမေရော ဘယ်ရောက်နေလဲ”
ဖန်ယွီ ခံစားချက် ဆို့နင့်သွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်ပေ။ သူ့မျက်ဝန်းများက အသိစိတ် ပျောက်ဆုံးနေသည်။
လုချယ်က အတင်းအကျပ် မမေးမြန်းဘဲ စကားလမ်းကြောင်းလွှဲသည်။
“မင်း သမီးလေးကို ငါ့တိုက်ခန်း ခေါ်သွားပေးမယ်။ ဒါမှ မင်း ဆေးရုံသွားနိုင်မှာ”
“ကလေး ဘယ်လို ဂရုစိုက်ရလဲရော သိလို့လား”
ဖန်ယွီ ကျီစယ်သည်။
“ငါ့ပူတင်းလေးက လိမ္မာပေမဲ့ သူ့ကို ထိန်းရတာ မလွယ်ဘူးနော်”
“ငါ့သမီးလေးရဲ့ ချစ်စနိုးနာမည်လေးက ပူတင်းတဲ့”
“မင်းလည်း ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါဦး။ ဆေးရုံ မြန်မြန်သွားသင့်တာ၊ ဒါမှ ကလေးနဲ့ အသက်ရှည်ရှည် နေနိုင်မှာလေ”
“ကောင်းပြီလေ ဒါဆိုရင် မင်းကို လိုအပ်တာလေး ရေးပေးခဲ့မယ်”
ဖန်ယွီအိမ်ကို သွားလည်သော လုချယ်က ဖန်ယွဲ့လေးကို ခေါ်ကာ အိမ်ပြန်လာသည်။
လုံကျဲက ကလေးမကို မြင်မြင်ချင်း သူ့နှလုံးသား မတင်မကျ ဖြစ်မိသည်။
“ဖန်ယွီမှာ သမီးရှိတယ်ဆိုတော့ ဟွာကျင်းကျင်းနဲ့ ဖန်ယွီ ပတ်သက်မှု မရှိလောက်ဘူး”
လုံကျဲလည်း ကလေးမကို အဖော်ပြု စကားရင်း အချိန်ကုန်သည်။
ထျန်းနင်လည်း ဖန်ယွီ သမီးရှိသည့် အကြောင်းကို ချက်ချင်း သိသွားသော်လည်း ဖန်ယွီ နေမကောင်း ဖြစ်ရသည့် နောက်ကွယ် အကြောင်းအရင်းကို ဟွာကျင်းကျင်း သိအောင် ပြောပြပေးသည်။
ဟွာကျင်းကျင်းက တခြားသူအပေါ် ကျေးဇူးကြွေးတင်ခြင်းကို အမုန်းဆုံးဖြစ်သည်။ ထို့ကြောင့်လည်း လုချယ်ကို ဖန်ယွီ အိမ်လိပ်စာ တောင်းပြီး ဖန်ယွီနေထိုင်သော တိုက်ခန်းကို ကားမောင်းထွက်လာသည်။
ဟွာကျင်းကျင်းက ရုပ်ဖျက်က သူ့အိမ်ရှေ့တံခါးပေါက် ရောက်လာ၍ ဖန်ယွီ ကူကယ်ရာမဲ့ သက်ပြင်းချသည်။
“မင်းက မီဒီယာရဲ့ စိတ်ဝင်စားမှုကို ခံနေရတာနော်။ အစ်မတော်ရယ် ကျွန်တော်မျိုးကို အနားယူခွင့်လေးလည်း ပေးပါဦး။ ငါတို့ကို သတင်းထောက် တစ်ယောက်ယောက်က ဓာတ်ပုံရိုက်သွားရင် ဖြေရှင်းရ ပိုခက်နေမယ်”
“ဒါတွေကို မစိုးရိမ်နေနဲ့။ ဆေးရုံသွားပြ ပြီးပြီလား။ အဖျားကျသွားတာနဲ့ ကျွန်မလည်း ပြန်မယ်”
ဟွာကျင်းကျင်းက အရက်ချိုးကို စောင့်ရှောက်ဖူးသော အတွေ့အကြုံရှိပြီသား ဖြစ်၍ သာမန် အဖျားလောက်က သူမအတွက် ကလေးကစားစရာ ဖြစ်နေသည်။
ဟွာကျင်းကျင်းက ဖန်ယွီကို တံတောင်ဖြင့်တွန်းပြီး ဆိုဖာပေါ် ထိုင်စေသည်။
ဖန်ယွီ အဖျားကျအောင် နဖူးပေါ် ရေခဲဝတ် ကပ်ပေးပြီး လေကောင်းလေသန့်ရအောင် ပြတင်းပေါက်များ ဖွင့်ပေးသည်။ သောက်သင့်သော ဆေးများသောက်သုံးရန် ဆန်ပြုတ် ပြုတ်ပေးသည်။
အလုပ်ရှုပ်နေသော ဟွာကျင်းကျင်းကို ကြည့်ပြီး ဖန်ယွီ ဘဝမှာ ပျောက်ဆုံးနေသော အမျိုးသမီးကို သတိရသွားသည်။ စကားနှစ်ခွန်းက သူ့နှုတ်မှ လက်လွတ်စပယ် ထွက်သွားသည်။
“စီရော့ ....”
ဟွာကျင်းကျင်းက ဖန်ယွီဘေးနားမှာ ဒူးထောက်လိုက်ပြီး သူမကို တခြားသူနှင့် မှားခေါ်နေမှန်း သဘောပေါက်သွားသည်။
စီရော့က ကလေး၏မိခင်ဖြစ်နိုင်သည်။
“ငါက ဟွာကျင်းကျင်း”
ဖန်ယွီ ခဏမျှ နှုတ်ဆိတ်သွားသည်။ သူ့မျက်လုံးကို လက်ဖြင့်ကွယ်လိုက်ပြီး မသဲမကွဲ ပြန်ပြောသည်။
“ဪ မေ့နေတာပဲ။ စီရော့ သေသွားပြီပဲ”
တစ်ရက် နှစ်ရက် အေးအေးဆေးဆေး အနားယူလိုက်ရ၍ ဖန်ယွီ အဖျားကျသွားသည်။
ဟွာကျင်းကျင်းက ဖန်ယွီအိပ်ပျော်နေတုန်း မပြန်ခင် ရှုပ်ပွနေသော အိမ်ကို သန့်ရှင်းရေး လုပ်ပေးသည်။ ဟွာကျင်းကျင်းနောက်ကို တကောက်ကောက် လိုက်ပါလာသော သတင်းထောက်များက ဟွာကျင်းကျင်းကို အမိအရ ဓာတ်ပုံရိုက်ထားသည်။
သတင်းထောက်များ လုပ်ဇာတ်ခင်းခဲ့သော သတင်းကြောင့် ဟွာကျင်းကျင်း၏ နာမည်ပျက် သတင်းဆိုးက ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ ဟွာကျင်းကျင်းက အကျိုးအမြတ်အတွက် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အနုပညာရှင်ကိုယ်စားပြု ဒါရိုက်တာကို အိပ်ရာပေါ် ခစားသော သတင်း ပြန့်သွားသည်။
ဖန်ယွီ နေကောင်းသွားသော်လည်း မြင်လိုက်ရသည့် သတင်းဆိုးကြောင့် ကြီးလေးစွာ ခေါင်းကိုက်မိသည်။
ထျန်းနင်နှင့်ပတ်သက်နေ၍ ကျန်းမန်နီ ပရိသတ်ကို ပါးရိုက်ခဲ့သည့် သတင်းက လူသိများသော ဇာတ်လမ်းလေး ဖြစ်ခဲ့ပြီး ယခုတော့ ဟွာကျင်းကျင်း၏ ကိုယ်ပိုင်ဘဝလေးကို ဝေဖန်တိုက်ခိုက်သော သတင်းအဖြစ် ပြောင်းလဲသွားသည်။ အဆိုးရွားဆုံးက ယခုပြဿနာမှာ ဖန်ယွီ အပြောခံရခြင်း ဖြစ်သည်။
ကျန်းမန်နီက ဟွာကျင်းကျင်းကို အသုံးချပြီး ထျန်းနင်ကို ခြိမ်းခြောက်ရန် ကြံရွယ်ခဲ့သော်လည်း ဟွာကျင်းကျင်း ဖန်တီးခဲ့သော အရှုပ်အထွေးကြောင့် သူမ၏အစီအစဉ် လွဲချော်ခဲ့ရသည်။
ဟွာကျင်းကျင်း၏သတင်းကို ဖုံးကွယ်ရန် ဟိုက်ဟွေ့ဖျော်ဖြေရေးက တခြားအနုပညာရှင်များ အကြောင်း သတင်းလွှင့်ကာ အာရုံလွှဲပေးသည်။
 
***
 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဂုဏ်ပြုညစာစားပွဲ မကျင်းပမီအချိန်
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဂုဏ်ပြုညစာစားပွဲက ကျန်းမန်နီနှင့် ထျန်းနင်ကို ထိပ်တိုက်တွေ့စေမည့် ပွဲအခမ်းအနားမျိုး ဖြစ်သည်။ မို့ထင်က ထျန်းနင်၏မန်နေဂျာ ဖြစ်နေသလို ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီးအိုလည်း ဖြစ်နေသည်။ မို့ထင်က မည်သူ့ဘက် ရပ်တည်ပြီး မည်သူကို ကာကွယ်ပေးမလဲ လူတိုင်း စိတ်ဝင်တစား သိချင်နေကြသည်။
ထျန်းနင်နှင့်သင့်လျော်သော အဝတ်အစားများကို ရွေးချယ်ပေးနေသော လုံကျဲ ရုတ်တရက် သက်ပြင်းချမိသည်။
“ထျန်းနင်၊ နင်နဲ့ကျန်းမန်နီ ယှဉ်ပြိုင်ရင် မို့သူဌေးက ဘယ်သူ့ကို ကူညီမယ်လို့ ထင်လဲ။ ဟိုက်ဟွေ့မှာ ကျန်းမန်နီရဲ့အဆင့်အတန်းကို ပေါ့ပေါ့တန်တန် တွက်ထားလို့ မရဘူးနော်။ မို့သူဌေး ဘက်လိုက်မိရင်လည်း အေဂျင်စီ တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားနိုင်တယ်”
ထျန်းနင်က မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ပြီး မှန်ကြည့်နေသည်။
“ငါလည်း သေချာမသိသေးဘူး။ ဒါပေမဲ့ ကျန်းမန်နီက ကိုယ့်အဆင့်အတန်း ကိုယ့်အခြေအနေကို ဟန်မပျက် ထိန်းနိုင်ဖို့ပဲ မျှော်လင့်တယ်”
“သူဌေးကြီးက နင့်ကိုပဲ ရွေးမှာပါ”
“ဒါတွေက အရေးကြီးလို့လား။ မို့ထင် ဘာပဲဆုံးဖြတ်ဆုံးဖြတ် ငါကတော့ သူ့ဆုံးဖြတ်ချက်ကို လေးစားပေးရမှာပဲ”
“သူဌေးကြီးက ကျန်းမန်နီကို ရွေးချယ်လိုက်ရင် နင် နည်းနည်းလေးတောင် စိတ်မပျက်မိဘူးလား။ နင့်စိတ်ကို နင် လှည့်စားနေတာလား”
လုံကျဲ လှောင်ရယ်သည်။
“သူဌေးကြီးက ကျန်းမန်နီကို ကူညီလို့ကတော့ ငါက သူ့အမာခံပရိသတ် မဟုတ်တော့ဘူး”
“မို့ထင်ရဲ့ပရိသတ်ဖြစ်တာတွေ မဖြစ်တာတွေက ငါက ဂရုစိုက်နေလို့လား”
“နင်နဲ့ကျန်းမန်နီကို စင်ပေါ် တွဲမြင်ချင်နေတဲ့သူ အများကြီးပဲ။ ဒီတစ်ခေါက်ပွဲက မို့ယွီရို့နဲ့ ယှဉ်ပြိုင်ခဲ့တုန်းကထက် ပိုအခြေအနေဆိုးနိုင်တယ်။ ကျန်းမန်နီက ခေသူ မဟုတ်ဘူးနော်။ သူက A အဆင့် မော်ဒယ်။ သူနဲ့ယှဉ်ပြိုင်ဖို့ ကြိုးစားတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်”
လုံကျဲက သူမရွေးချယ်ပေးထားသော ဝတ်စုံလေးက ထျန်းနင်အရှေ့မှာ ချထားလိုက်သည်။
“ကျန်းမန်နီ၊ နင့်ကို တိတ်တိတ်လေး ချောက်ချနေတာကိုလည်း ပြန်ကြည့်စမ်းပါဦး”
ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးနေသည်။ ထိုစဉ် သူမကို လုချယ် ဖုန်းခေါ်လာသည်။ လုံကျဲက ထျန်းနင်ကို အသိပေးလိုက်ပြီး ထျန်းနင်ကိုယ်စား ဖုန်းကိုင်လိုက်သည်။
“ဟွာကျင်းကျင်း ပြဿနာတက်ပြန်ပြီ။ ဒီသတင်း မပြန့်အောင်တော့ ဟိုက်ဟွေ့က ထိန်းထားပါတယ်”
လုချယ်က အခြေအနေကို နားလည်အောင် ဆက်ရှင်းပြသည်။
“သူစိမ်းတစ်ယောက်က ဟွာကျင်းကျင်း အိမ်ရှေ့အထိ ရောက်လာပြီး ဟွာကျင်းကျင်းကို ရိုက်သွားတယ်။ ဘယ်သူလဲ သေချာမသိပေမဲ့။ အဓိက တရားခံက ကျန်းမန်နီလို့ သံသယဝင်မိတယ်”
ထျန်းနင် ထိုအကြောင်းကို ကြားကြားချင်း မျက်နှာထား ခပ်တန်းတန်း ဖြစ်သွားသည်။
“ငါ့ကို စစ်ကြေညာတာ ကြမ်းလှချည်းလား”
 
 
 
***

Continue Reading

You'll Also Like

1.2M 64.6K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
932K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
4.4M 275K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.6M 152K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...