ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 250+251+252

151 10 0
By jellyflower1

အပိုင်း(၂၅၀)

ဟိုက်ဟွေ့ဖျော်ဖြေရေးက ကျန်းမန်နီကို

နတ်ပြည်ရောက်အောင် ထောက်ပံ့ပေးနိုင်သလို ငရဲပြည်လည်း ကန်ချတဲ့အထိ ရက်စက်နိုင်တယ်

 
 
 
ထျန်းနင်နှင့် ကျန်းမန်နီတို့သည် ကိုယ်ပိုင် အရည်အချင်း ရှိကြ၍ အလုပ်ကျွမ်းကျင်မှုတွင် တန်းတူအနေအထား ရှိကြသည်။ သို့သော်လည်း ကျန်းမန်နီက နိုင်ငံတကာ တန်းဝင် မော်ဒယ်ဖြစ်နေပြီး ဆုတံဆိပ်ပေါင်းများကို ပိုင်ဆိုင်ထား၍ ထျန်းနင် နောက်ကောက်ကျခဲ့သည်။
ထို့ကြောင့်လည်း ကျန်းမန်နီက ထျန်းနင်အတွက် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်ဖြစ်နေသည်။ သို့တိုင် ထျန်းနင်က ကြောက်လန့်နေမည့် မိန်းမစားမျိုး မဟုတ်ပေ။
ကျန်းမန်နီကလည်း ထျန်းနင်ကို သူနှင့်ထိုက်တန်သော ပြိုင်ဘက်ကောင်းအဖြစ် သဘောမထားခဲ့ပေ။
 
***
 
လုံကျဲက အွန်လိုင်းပေါ် နာမည်ကြီးနေသော ပို့စ်လေးကို ကြည့်ကာ ထျန်းနင် ဘေးနား ပြေးလာသည်။
“ဒီမဲခွဲတဲ့ပို့စ်လေးကို မြင်ပြီးပြီလား။ ခန္ဓာကိုယ် ကောက်ကြောင်းအလှနဲ့ ခြေတံသွယ်သွယ်လေးကို ရွေးချယ်ခိုင်းတဲ့ မဲခွဲပို့စ်လေ”
ထျန်းနင်က စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။ သူမက လက်တော့ပ်လေးကို သာမန်ကာလျှံကာ ဖျတ်ခနဲ ကြည့်လိုက်ပြီး ကျန်းမန်နီနှင့် ယှဉ်ပြိုင်ထားသော ပို့စ်မှာ နှစ်ဆ ပမာဏရှိသော မဲပေးရွေးချယ်မှုကို သတိထားမိသည်။
“ကျန်းမန်နီက ငါ့ထက် ဘက်ပေါင်းစုံမှာ သာလွန်ပါတယ်။ ဒီလို မဲပေးရွေးချယ်တာက ယုံကြည်လို့ မရပါဘူး။ မော်ဒယ်လောကရဲ့ ကျွမ်းကျင်ဆရာကြီးတွေသာ အကဲဖြတ်ရင် ငါက သုညရမှာ သေချာတယ်”
“ဘာလို့ နင့်ကိုယ်နင် ဒီလိုတွေ ပြောနေရတာလဲ”
လုံကျဲက လက်တော့ပ်ကို ပြန်သိမ်းယူလိုက်သည်။ ပရိသတ်များက ထျန်းနင်ကို သဘောကျနေသည့်တိုင် ထျန်းနင်က သိုသိုဝှက်ဝှက် နေထိုင်နေသည်။
“ငါက အမှန်အတိုင်း ပြောတာလေ။ ရုပ်ရည်ချောမောလို့ နာမည်ကျော်နေတဲ့ မင်းသားတစ်လက်က သရုပ်ဆောင်ကောင်းတဲ့ဆုရတာ မဆန်းကြယ်ပါဘူး။ အဲဒီလူတွေကရော သူတို့ကိုယ်သူတို့ ဂုဏ်ယူနေတယ်များ မှတ်နေလား”
ထျန်းနင်က သူ့ပေါင်ပေါ်မှာ စာအုပ်ကို ပိတ်လိုက်ပြီး လေးလေးနက်နက် စကားပြောလာသည်။
“ငါတို့က သိမ်ငယ်နေစရာလည်း မလိုအပ်သလို အမှန်တရားကို မြင်တတ်ဖို့လည်း လိုအပ်တယ်။ ကျန်းမန်နီ အရည်အချင်း ရှိလို့သာ ဒီနေ့လို အခြေအနေမျိုးကို ပိုင်ဆိုင်ထားရတာပေါ့။ သူ့အောင်မြင်မှုက အကန့်အသတ်မရှိဘူး။ ငါနဲ့ကျန်းမန်နီက မိုးနဲ့မြေလို ကွာခြားနေတယ်”
“အဲဒီတော့ ဘာဖြစ်လဲ ထျန်းနင်ရယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် နင်က ကျန်းမန်နီရဲ့ ဆယ်ဆလောက် ကျော်တက်သွားမယ်လို့ ငါ ယုံကြည်တယ်”
“ငါနဲ့ကျန်းမန်နီရဲ့ ရည်ရွယ်ချက်ခြင်းက မတူညီဘူး။ ငါ့ပရိသတ်တွေကို သိုသိုဝှက်ဝှက်နေဖို့ ပြောပေးပါဦး။ မို့ယွီရို့ ဘာကြောင့် ဘဝပျက်သွားလဲဆိုတာ မေ့သွားပြီလား။ ငါ့ကိုရော မို့ယွီရို့လို ဖြစ်စေချင်လို့လား”
ဖျော်ဖြေရေးလောကက တစ်ယောက်ကိုတစ်ယောက် ချနင်းပြီး အထက်သို့ တက်လှမ်းရသည့် ကစားပွဲမျိုးဖြစ်သည်။ ယနေ့ တစ်စုံတစ်ယောက်ကို အသုံးချကာ တိုးတက်နိုင်ခဲ့လျှင် နောက်ထပ် ပစ်မှတ်က သင့်အလှည့် ဖြစ်သွားနိုင်သည်။
ဖျော်ဖြေရေးလောကမှာ ပါရမီရှင်များနှင့် ထူးခြားသော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသူများ ပေါများသည်။ အရည်အချင်းကောင်းများကို ပိုင်ဆိုင်ထားသည့်တိုင် မိမိထက် သာလွန်သူများက ရှိစမြဲပင်။ ထို့ကြောင့်လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ နံပါတ်၁ နေရာကို အမြဲမပိုင်ဆိုင်နိုင်ခဲ့ချေ။
“ကိုယ့်ဘာသာကိုယ် အဟုတ်ကြီးမှတ် အထင်ကြီးနေလို့ ဘယ်ဖြစ်မလဲ”
“ကျန်းမန်နီကို တစ်ခါလေတောင် သတိမထားမိဘူး။ စိတ်မဝင်စားမိဘူးလို့တော့ မပြောရဘူးနော်”
ထျန်းနင်က စာအုပ်ကို ပြန်ဖွင့်လိုက်ပြီး စာအုပ်ပါ အကြောင်းအရာများကိုသာ အာရုံစိုက်နေလိုက်သည်။
ထျန်းနင်၏ တောင်းဆိုမှုကြောင့် လုံကျဲက ဆိုဖာဘေးနားမှာ ဒူးထောက်လိုက်ပြီး လက်တော့ပ်ကို ပြန်ဖွင့်သည်။ ထျန်းနင်၏ပရိသတ်များကို တောင်းပန်စာ ရေးသားပြီးနောက် ကျန်းမန်နီ၏ အကျင့်စရိုက်ကို စုံစမ်းသည်။ သေသေချာချာ စုံစမ်းကြည့်ပြီးမှ ထျန်းနင် ပြောချင်သည့် စကား၏ဆိုလိုရင်းကို သဘောပေါက်သွားသည်။
ထျန်းနင်က အမြဲတမ်း သိုသိုဝှက်ဝှက် နှိမ့်နှိမ့်ချချ နေထိုင်တတ်သည်။ ထျန်းနင်၏ တည်ငြိမ်အေးဆေးသော အကျင့်စရိုက်က အောင်ပွဲရခဲ့ခြင်း၏ သော့ချက်ဖြစ်သည်။ ထျန်းနင်က သူမ၏ အဆင့်အတန်းကို ကောင်းကောင်းသိပြီး ရန်သူကိုလည်း မြန်မြန်ဆန်ဆန် အကဲဖြတ်နိုင်သည်။
“ထျန်းနင်ရေ၊ တစ်ခုခုတော့ လွဲမှားနေပြီ။ စောနတုန်းက မဲ၁၀၀၀၀ လောက်ပဲ ရှိတာ။ အခု မဲ ၁သိန်းကျော် ဖြစ်သွားပါလား။ ကော်မန့်တွေမှာလည်း နင့်ကို သဘောကျတဲ့ အကြောင်းတွေပဲ ရေးထားတယ်”
လုံကျဲက လက်တော့ပ်ကို ထျန်းနင်ဘက် လှည့်ပေးလိုက်သည်။
“ထျန်းနင်၊ နင် မှန်တယ်လို့တော့ မပြောနဲ့နော် ငါတော့ သံသယဝင်မိနေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ”
ထျန်းနင်က လက်တော့ပ်ကို ကြည့်လိုက်သည်။
အမှန်တကယ်လည်း အတော်ကလေးကို ထူးခြားနေသည်။
ထိုစဉ် မို့ထင်က သူ့ကုမ္ပဏီရုံးခန်းထဲမှာ ရှိနေပြီး ပုံမှန်မဟုတ်သော ပို့စ်ကို သတိထားမိသွားသည်။ သူ့လက်တော့ပ်ကို ပိတ်ချလိုက်ပြီး ထျန်းနင်ကို ဖုန်းခေါ်သည်။
“ချစ်လေး ဘာမှစိတ်မပူနဲ့နော်။ ကိုယ် ဖြေရှင်းလိုက်မယ်”
ထျန်းနင် ပြန်ဖြေလိုက်သည်။
“ကျန်းမန်နီရဲ့လက်ရှိ အဆင့်အတန်းအရတော့ ကုမ္ပဏီကနေ အချိန်မရွေး နုတ်ထွက်သွားနိုင်တယ်။ ‘ထင်’ကိုတော့ စိတ်ဒုက္ခပေးနိုင်လောက်တယ်။ ထင်က ဟိုက်ဟွေ့ရဲ့ သူဌေးကြီးဖြစ်ပြီး ပထမတန်းစာ မော်ဒယ်ကို ကျော်ပြီး တတိယတန်းစားမော်ဒယ်ရဲ့ မန်နေဂျာလုပ်ဖို့ ရွေးချယ်လိုက်တော့ ချစ်လေးသာ ကျန်းမန်နီနေရာမှာဆိုရင် ‘ထင်’ကိုနားလည်နိုင်မှာ မဟုတ်ဘူး”
“အဲလိုလား ချစ်လေးရဲ့”
မို့ထင်က ရုတ်တရက် ရယ်မောလိုက်ပြီး ထျန်းနင်ကို သံသယဝင်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။
“ကိုယ့်ကို ပြောပြဦး။ ကျန်းမန်နီက ကိုယ့်ကို ဘယ်လို စိတ်ဒုက္ခပေးမလဲ”
“ဥပမာပြောရရင်ကွာ သူ့မန်နေဂျာလုပ်ဖို့ တွန်းအားပေးတာတို့ပေါ့”
“မို့သခင်မရေ သဝန်တိုနေတဲ့ အငွေ့အသက်တွေကို ခံစားနေရပြီနော်”
မို့ထင်က လေးလေးနက်နက် ပြောဆိုနေသော်လည်း သူ့မျက်ဝန်းများက ပြုံးရိပ်သန်းနေသည်။
“ဟိုက်ဟွေ့ဖျော်ဖြေရေးက ကျန်းမန်နီကို နတ်ပြည်ရောက်အောင် ထောက်ပံ့ပေးနိုင်သလို ငရဲပြည်လည်း ကန်ချတဲ့အထိ ရက်စက်နိုင်တယ်”
“ဟိုက်ဟွေ့က ပုံမှန်အားဖြင့် အခုလို ပြဿနာလေးတွေမှာ ဝင်ပါလေ့ မရှိဘူး။ ဒါပေမဲ့ ကိုယ်တွေ ရင်ဆိုင်ရမှာ ဘယ်လိုလူလဲဆိုတာပေါ် မူတည်တယ်။ ဟိုးအရင်နှစ်တွေတုန်းက ကလိမ်ကကျစ်ကျပြီး အိပ်ရာပေါ် ခုန်တက်ဖို့ ကြိုးစားခဲ့တဲ့ အနုပညာရှင်တွေနဲ့ လာဘ်ထိုးတာကို လက်ခံပြီး ဟိုက်ဟွေ့ကို အသုံးချဖို့ ကြံရွယ်ခဲ့သူ အားလုံးက ကိုယ့်လက်ထဲက တစ်ယောက်မှ မလွတ်ခဲ့ဖူးဘူး။ ဟိုက်ဟွေ့က သူတို့ဘဝကို မြှင့်တင်ပေးနိုင်သလို သူတို့ဘဝကို ဖျက်ဆီးပစ်နိုင်တယ်”
မို့ထင်က တည်တည်ငြိမ်ငြိမ်ဖြင့် လေးလေးနက်နက် ပြောဆိုလိုက်သည်။
ကျန်းမန်နီက သူမကိုယ်သူမ အရေးပါသူဟု သဘောထားပြီး ဘဝင်မြင့်ကာ ဘောင်ကျော်လာခဲ့လျှင် အကျိုးဆက်ကို လက်ခံရန်လည်း အသင့်ပြင်ထားသင့်သည်။
“ကျန်းမန်နီက ရှင်တို့ကို ကူညီပေးခဲ့တဲ့ လာဘ်ကောင်လေး မဟုတ်ဘူးလား။ သူ့ကြောင့် Star Kingကို ကျော်တက်နိုင်ခဲ့တာ မလား”
“မို့သူဌေးကတော်ရေ၊ ဟိုက်ဟွေ့က ကျန်းမန်နီကို ဖန်တီးနိုင်သလို ကျန်းမန်နီလို နောက်တစ်ယောက်ကိုလည်း အချိန်မရွေး စင်တင်ပေးနိုင်တယ်”
“ဒါဆိုရင် ‘ထင်’က ချစ်လေးကို စင်တင်ပေးပြီး နောက်ထပ် ကျန်းမန်နီကို ဖန်တီးမယ်ပေါ့ ဟုတ်လား”
“ကျန်းမန်နီကို တစ်ခါလေးတောင် ကိုယ်တိုင်ကိုယ်ကျ မပျိုးထောင်ခဲ့ဖူးဘူး”
ထျန်းနင် ရယ်မောမိသည်။ မို့ထင်က သူမဘေးနားမှာ ရှိနေခြင်း မဟုတ်သော်လည်း သူမကို ပွေ့ဖက် နှစ်သိမ့်နေသကဲ့သို့ ခံစားစေသည်။ မို့ထင်၏နှလုံးသားထဲမှာ သူမ တစ်ယောက်တည်း ရှိကြောင်း သွယ်ဝိုက် ပြောဆိုပေးသည်။
ထျန်းနင်နှင့် ဖုန်းပြောဆိုပြီးနောက် မို့ထင်က ပြဿနာပို့စ်တင်ထားသော website တည်ထောင်သူကို ဆက်သွယ်ရန် လုချယ်ကို ညွှန်ကြားသည်။
အတုအယောင်နည်းလမ်းသုံးပြီး ကော်မန့်ပေးထားသူကို လက်ခံပေးစရာ အကြောင်းအရင်း မရှိပေ။
လုချယ်က မို့ထင်၏အမိန့်အတိုင်း ချက်ချင်း လုပ်ဆောင်ပြီး မဲခွဲရွေးချယ်သော ပို့စ်ကို အွန်လိုင်းပေါ်မှ ဖယ်ရှားခဲ့သည်။ ကွန်ပျူတာ အရှေ့မှာ ထိုင်နေသော Charleneက မကျေမနပ် တောက်ခေါက်ကာ ပို့စ်အသစ်ပြန်တင်ရန် အကြိမ်ကြိမ် ကြိုးစားသည်။
မဲခွဲရွေးချယ်သော ပို့စ်က အွန်လိုင်းပေါ်မှာ ၁၀မိနစ်မျှသာ တင်ခွင့်ရသေးသည်။ မို့ထင်က ချက်ချင်း အမြစ်ဖျက် ပယ်ရှားပစ်သည်။
သူမမှန်း ရိပ်မိသွားမည်ကို စိုးရိမ်မိ၍ ပို့စ်ထပ် မတင်ရန် ဆုံးဖြတ်လိုက်သည်။ သို့တိုင် မဲခွဲ ရွေးချယ်သော ပို့စ်ကို သူမ၏ဖုန်းမှာ မှတ်တမ်းတင်ထား၍ ကျန်းမန်နီကို ပြနိုင်သေးသည်။
“ဒါက ဘာလဲ”
“အင်တာနက်သုံးတဲ့ ပရိသတ်တွေ အမှတ်ပေးထားတာလေ”
Charleneက ပြဿနာကို အကျယ်ချဲ့ရန် ကြိုးစားလာသည်။
“စောနတုန်းက လူတစ်သိန်းကျော်လောက်အထိ မဲပေးထားသေးတယ်။ အခုတော့ ပို့စ်ဖျက်ခံလိုက်ရပြီ”
ကျန်းမန်နီက ကွန့်မန့်များကို လှန်လှောဖတ်ရှုပြီး ဒေါသစိတ်ကြောင့် လက်ဖျားလေးများ တဆတ်ဆတ်တုန်နေသည်။
“ထျန်းနင်ရဲ့ပရိသတ်တွေက နင့်ကို လူရှေ့သူရှေ့မှာ အရှက်ခွဲတာပဲ။ နင်က ဒါကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မလား”
“နင်က မို့သူဌေးရဲ့မျက်နှာကို ထောက်ထားနေမှန်း သိပါတယ်။ ဒါပေမဲ့ သူဌေးမို့ကတောင် ထျန်းနင်ဘက်တော်သား ဖြစ်နေတယ်နော်”
“နင်က ငါ့ကို ဘာလုပ်စေချင်တာလဲ”
“နင်က ဟိုက်ဟွေ့မှာ ဘယ်လိုအဆင့်အတန်း ရှိလဲဆိုတာ ထျန်းနင်တို့လို တက်သစ်စတွေ သိသွားအောင် လုပ်ပေးရမှာပေါ့”
“မို့သူဌေးက အရင်တုန်းကဆိုရင် အနုပညာရှင်တွေကြား ဝင်ပါလေ့ မရှိဘူး။ အခုတော့ အရင်နဲ့မတူတော့ဘူး။ သူက မန်နေဂျာလုပ်ဖို့ ရွေးချယ်သွားတာလေ၊ နင့်အရည်အချင်းရယ် မို့သူဌေးရဲ့ ထူးချွန်မှုရယ်သာ ပေါင်းလိုက်ရင် နင်တို့က အကောင်းဆုံး မိတ်ဖက်တွေ ဖြစ်လာမှာပဲ။ မို့သူဌေးက နင့်မန်နေဂျာပဲ ဖြစ်သင့်တာပါ”
“ထျန်းနင်လို အဆင့်အတန်းက ဟွာကျင်းကျင်းနဲ့ မန်နေဂျာ မျှသုံးရတဲ့ အဆင့်ပဲ ဖြစ်သင့်တယ်”
“ငါကိုယ်ငါ နှိမ့်ချပြီး မို့သူဌေးကို ကျွန်မရဲ့မန်နေဂျာ လုပ်ပေးပါလို့ သွားတောင်းပန်စေချင်တာလား”
ကျန်းမန်နီက Charleneကို စူးစူးရဲရဲ ကြည့်လိုက်သည်။
“ဘယ်သူက နှိမ့်ချဖို့ ပြောနေလို့လဲ။ ဒီ အခြေအနေကို ကောင်းကောင်းအသုံးချပြီး နင့်အတွက်လည်း အကျိုးရှိအောင် မို့သူဌေးရဲ့စိတ်ကို စမ်းသပ်ကြည့်စေချင်တာပါ”
“သူသာ နင့်မန်နေဂျာဖြစ်သွားရင် နင်တို့နှစ်ယောက် နီးစပ်သွားပြီလေ။ အခြေအနေတွေလည်း တိုးတက်လာနိုင်တယ်”
မို့ထင်က ထျန်းနင်ကို မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့သနည်း။ သူမက ထျန်းနင်ကို မယှဉ်နိုင်သော အရည်အချင်းနှင့် အလှအပ ရှိနိုင်မည်နည်း။ သူ့မန်နေဂျာ၏အကြံအစည်ကို လက်ခံပြီး မို့ထင်ကို စမ်းသပ်ကြည့်သင့်သည်။
 
 
***

အပိုင်း(၂၅၁)

လူတန်းစားနှစ်မျိုး

 
 
 
ကျန်းမန်နီက သူမ၏အကြံအစည်ကို လက်ခံလိုက်၍ Charleneက ဟိုက်ဟွေ့ကို သွားရောက်ပြီး မို့ထင်ကို တွေ့ဆုံခွင့် တောင်းခံခဲ့သည်။
ဖန်ယွီက Charleneကိုယ်စား မို့ထင်ကို ဖုန်းဆက် အကြောင်းကြားပေးပြီး ခွင့်ပြုချက်ကို တောင်းခံပေးခဲ့သည်။
“မန်နီ၊ ငါ အကောင်းဆုံး ကြိုးစားမှာပါ။ မစိုးရိမ်ပါနဲ့”
အပေါ်ထပ် မတက်မီ Charleneက ကျန်းမန်နီ၏မျက်ဝန်းကို ကြည့်ကာ အကဲခတ်လိုက်သည်။
ကျန်းမန်နီက သူမ၏ကိုယ်ပိုင်ဟန်အတိုင်း ဖုန်းကြည့်ကာ ခေါင်းညိတ်ပြသည်။ သူမ၏အမြင်အာရုံမှ Charlene ပျောက်ကွယ်သွားမှ ဖုန်းကို သိမ်းထားလိုက်ပြီး ဖန်ယွီအနား ချဉ်းကပ်လိုက်သည်။
“သူ ဘာပြောမလဲ နားထောင်ချင်တယ်”
ဖန်ယွီက ပခုံးဆတ်ခနဲ တွန့်လိုက်ပြီး ကျန်းမန်နီကို အပေါ်တက် လိုက်ပို့ပေးခဲ့သည်။
 
***
 
Charleneက စီအီးအို ရုံးခန်းထဲ ခြေချလိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ ခေါင်းငုံ့ထားသည်။ အနုပညာသည်များ သေခြင်း ရှင်သန်ခြင်းကို ထိန်းချုပ်နိုင်သော မို့ထင်၏မျက်နှာကို တည့်တည့် မကြည့်ရှုရဲပေ။ မို့ထင်၏နှုတ်မှ ထွက်လာသော စကားတစ်ခွန်းကြောင့် သူမ၏ဘဝ ငရဲကျသွားနိုင်သည်။
သို့သော်လည်း လမ်းဆုံးရောက်နေပြီ ဖြစ်၍ နောက်ပြန်လှည့်မရပေ။
ဟိုက်ဟွေ့နှင့် ကျန်းမန်နီကို သွေးခွဲခဲ့သည့် တရားခံက သူမမှန်း မို့ထင်သိသွားခဲ့လျှင် သူမ၏ကံတရား မည်သို့ အဆုံးသတ်ရမလဲ သူမကိုယ်တိုင် မသိနိုင်ပေ။ ပထမခြေလှမ်းတစ်လှမ်း လှမ်းရန် ဆုံးဖြတ်ပြီသား ဖြစ်နေ၍ ရွေးချယ်ခွင့်မရှိ ရှေ့ဆက်လျှောက်လှမ်းရမည်။
ထို့ကြောင့် Charleneက တဒိတ်ဒိတ်ခုန်နေသော နှလုံးသားလေးကို ဖိနှိပ်ပြီး တုန်တုန်ယင်ယင် အသံဖြင့် စကားပြောလေ၏။
“မို့သူဌေး ....”
မို့ထင်က ဆိုဖာကို မှီထားပြီး သူ့ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီသော အညိုရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
ထျန်းနင်နှင့် လက်မထပ်မီက မီးခိုးရောင် ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသည်။ ထျန်းနင်က သူ့အတွက် နေ့တိုင်း အဝတ်အစား ရွေးချယ်ပေးတည်းက သူ့ဒီဇိုင်း စတင်ပြောင်းလဲလာသည်။
ထျန်းနင် ဘာရွေးရွေး သူ ဝတ်ဆင်ပေးသင့်သည်။
သူ့ချစ်ဇနီးလေးက စေတနာထားပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူ့ကို ရွေးချယ်ပေးထားသော အင်္ကျီလေးကို သဘောကျပါသည်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး ချစ်ဇနီးလေး၏ အငွေ့အသက်များ လွှမ်းခြုံထားသည်ဟု ခံစားမိ၍ စိတ်နှလုံးသားလေး နွေးထွေးရသည်။ အမှောင်ဆန်သော ဖျော်ဖြေရေး လောကကြီးမှာ သူ့ကို ကာကွယ်ပေးထားသော အစီအရင်လေးဟုလည်း သဘောထားမိသည်။
“မန်နီ၊ မနေ့ညကမှ ပေကျင်းကို ပြန်ရောက်တယ်။ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ သတင်းကြောင့် မန်နီ မပျော်တော့ဘူး”
Charleneက သူ့အနုပညာရှင်ကို စိုးရိမ်နေသော လေသံဖြင့် စကားအစချီလာသည်။
“မန်နီ ဘာမှမပြောပေမဲ့၊ မန်နီနဲ့ စိတ်ချင်းနီးနေတဲ့ကျွန်မက မန်နီ ဘယ်လို ခံစားနေရလဲ သိတယ်။ မို့သူဌေးက ထျန်းနင်ရဲ့ မန်နေဂျာဖြစ်သွားတော့ မန်နီမပျော်တော့ဘူး”
“ငါက ထျန်းနင်ရဲ့မန်နေဂျာလုပ်ဖို့ ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်က ကျန်းမန်နီနဲ့ ဘာများ သက်ဆိုင်နေလို့လဲ”
မို့ထင်က Charleneကို အကြည့်စူးစူးဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
Charlene ကြောက်လန့်နေမိ၍ အကြည့်လွှဲနေမိသည်။ မို့ထင်ကို မကြောက်မလန့် မျက်နှာချင်းဆိုင်ရဲသူက လက်ချိုးရေတွက်နိုင်သည်။
“အရိုးသားဆုံး ဝန်ခံရရင်။ ကြယ်ဘုရင်ဖျော်ဖြေရေးက မန်နီကို ခဏခဏ ကမ်းလှမ်းဖူးတယ်။ ဒါပေမဲ့ မန်နီက ကျေးဇူးသိတတ်တဲ့ မိန်းမကောင်းလေးဆိုတော့ သူတို့ ကမ်းလှမ်းတာကို ငြင်းခဲ့ပါတယ်”
“မန်နီရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားမှုကြောင့်လည်း အစားထိုးလို့မရတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။ ဒါတောင် ပေကျင်းကို ပြန်လာလာချင်း ထျန်းနင် ပရိသတ်တွေရဲ့ စော်ကားတာကို ခံလိုက်ရတယ်”
“မို့သူဌေး၊ မန်နီရဲ့မန်နေဂျာ တစ်ယောက်အနေနဲ့ မန်နီဘက်ကို ငဲ့ညာပေးဖို့ တောင်းဆိုပါရစေ”
“အဓိကအချက်ကိုပဲ ပြောပါ။ ကွေ့ဝိုက်မနေနဲ့”
မို့ထင်က လေကြောရှည်ခြင်းကို စိတ်မဝင်စားပေ။
“မို့သူဌေးက ထျန်းနင်ရဲ့မန်နေဂျာလုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မန်နီကို ဂရုစိုက်ပေးဖို့ စဉ်းစားသင့်ပါတယ်”
“ပေကျင်းကို ပြန်ရောက်ရောက်ချင်း သွေးအေးရက်စက်တဲ့ အသစ်တစ်ယောက်ရဲ့ စော်ကားတာကို ခံရတဲ့ မန်နီရဲ့ခံစားချက်ကို စဉ်းစားပေးပါ”
မို့ထင် မတ်တတ်ထရပ်လိုက်ပြီး မျက်ဝန်းက မီးဝင်းဝင်းတောက်နေသည်။ သူက Charlene၏ ရည်ရွယ်ချက်ကို သိနေပြီသား ဖြစ်သော်လည်း သူ့နားနှင့် ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရ၍ လှောင်ရယ်ချင်စိတ် ပေါက်သွားသည်။
“ငါက ကျန်းမန်နီရဲ့မန်နေဂျာ ဖြစ်သွားရင် မင်းက အော်တို အလုပ်ပြုတ်သွားပြီနော်။ အဲဒါကိုရော လက်ခံနိုင်လို့လား”
မို့ထင်က စိတ်ဝင်စားသော လေသံဖြင့် မေးမြန်းလိုက်သည်။
“မင်းလို မန်နေဂျာမျိုး တွေ့ကို မတွေ့ဖူးဘူးနော်။ ကိုယ့်အနုပညာရှင်အတွက် ကိုယ့်အလုပ်ကို လိုလိုလားလား စွန့်ပစ်တဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ။ မင်း ရက်ရောလှချည်လား”
“မန်နီနဲ့ ထိုက်တန်တဲ့ ဆုလာဘ်မျိုးကို ရစေချင်တဲ့ စေတနာလေးပါ”
“ဒါဆိုငါက သူ့မန်နေဂျာ ဖြစ်သင့်တယ်ပေါ့ ဟုတ်လား”
“ဟုတ် .... ဟုတ်ပါတယ်”
မို့ထင်က မတ်တတ်ထမရပ်ခင် နှစ်စက္ကန့်လောက် နှုတ်ဆိတ်နေပြီး အေးစက်စက် လေသံဖြင့် စကားပြောလာသည်။
“မင်းက မန်နီရဲ့မန်နေဂျာဖြစ်ဖို့ တကယ်လည်း မသင့်လျော်တော့ဘူး”
ကျန်းမန်နီက တံခါးပေါက် အပြင်ဘက်မှာ စောင့်ကြည့်နေလိမ့်မည်ဟု Charlene တွေးကို မတွေးမိပေ။ သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး တုန်ရီနေသော လက်တစ်စုံဖြင့် စကတ်ကို ဆုပ်ကိုင်ကာ သူမ၏စိုးရိမ်စိတ်ကို ဖုံးကွယ်ရန် ကြိုးစားရှာသည်။
ကျန်းမန်နီက လက်ပိုက်ဟန်အနေအထားဖြင့် ရုံးခန်းထဲဝင်ရောက်လာပြီး မို့ထင်ကို နှုတ်ဆက်စကား ပြောဆိုကာ Charlene၏ပါးကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။
“ငါက ဘယ်အချိန်တုန်းက ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ဆက်ခံသူနဲ့ သွားတွေ့ခဲ့တာလဲ”
“ပြီးတော့ ဘယ်တုန်းက ငါ့ကို ဘာတွေများ ကမ်းလှမ်းခဲ့တာလဲ”
“Charlene၊ ငါက စိတ်ဆိုးဒေါသထွက်လွယ်လို့ ငါ့ကို ငတုံးငအလို့ ထင်နေတာလား”
“နင့်အဆင့်တန်းနင် နားမလည်တာလား။ ငါ့အခြေအနေ အဆင့်အတန်းနဲ့ ငါ့မန်နေဂျာ ဖြစ်ချင်တဲ့သူ တန်းစီနေတာပဲ။ နင်က ငါ့မန်နေဂျာရာထူးကို အလွယ်တကူ စွန့်လွှတ်ရဲတယ်ပေါ့ ဟုတ်လား”
Charlene၏မျက်နှာက ရှက်ရွံ့စိတ်ကြောင့် နီမြန်းနေသည်။
ကျန်းမန်နီက မို့ထင်ကို မျက်နှာချင်းဆိုင်လိုက်သည်။
“Charleneက ကျွန်မရဲ့မန်နေဂျာ ဖြစ်နေလို့ ကျွန်မပဲ ပြန်ခေါ်သွားချင်တယ်။ သူနဲ့ စာရင်းရှင်းစရာလေးတွေ ရှိလို့ပါ”
“ကျန်းမန်နီ၊ မင်း အရင် ထွက်သွားလိုက်၊ Charleneကို ဒီရုံးခန်းထဲ ထားခဲ့လိုက်တော့”
မို့ထင်က အေးစက်စက်လေသံဖြင့် ပြန်စကားပြောသည်။
Charleneကို ထားခဲ့ခိုင်းသည့် အကြောင်းအရင်းက ထျန်းနင် မကောင်းကြောင်း ပြောဆိုထား၍ ဖြစ်သည်။
ကျန်းမန်နီ မေးချင်သည့် မေးခွန်းများစွာ ရှိနေသော်လည်း မို့ထင်၏တောင်းဆိုမှုကြောင့် ရွေးချယ်စရာ မရှိသည့်အဆုံး နာခံစွာ အခန်းထဲမှ ထွက်ခွာသွားသည်။
Charleneက သူမ၏ပါးနှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ပြီး ရှိုက်တငင်ငင် ငိုကြွေးသည်။
“ဒီဖျော်ဖြေရေးလောကရဲ့သူဌေးက ဘယ်သူလဲဆိုတာ အခုထိ မသိသေးဘူး ထင်တယ်”
“မို့သူဌေး၊ ကျွန်မ ....”
“မင်း ဘာအမှားကိုလုပ်ခဲ့လဲဆိုတာ သိပါတယ်နော်”
မို့ထင်က ခြိမ်းခြောက်ဟန်အကြည့်ဖြင့် ခေါင်းမော့သည်။
“ငါ့မျက်နှာကို သေချာကြည့်စမ်း”
“ကျွန်မ ကျွန်မ သေချာမသိပါဘူး”
Charlene ကြောက်လန့်လွန်း၍ ခန္ဓာကိုယ်ရော အသံရော တုန်နေသည်။
“ထျန်းနင် မကောင်းကြောင်းကို ငါ ကြားအောင် ထပ်ပြောကြည့်စမ်းပါ”
ထျန်းနင်ကို သွေးအေးရက်စက်သော လူသစ်ဟု ပြောခဲ့မိမှန်း အခုမှ သတိရသွားသည်။
“မင်း နောက်ကွယ်မှာ မကောင်းကြံစည်ထားတာတွေ လှည့်ဖြားထားတာတွေ ငါ ဂရုတောင်မစိုက်ဘူး။ ထျန်းနင်ကို မကောင်းပြောတာတော့ ငါ သည်းမခံနိုင်ဘူး”
“ကျွန်မ ....”
“ကြယ်ဘုရင်ဖျော်ဖြေရေးက မင်းကို လာဘ်ထိုးထားတော့ မင်း ယုံကြည်မှု အရမ်းရှိနေတယ်ပေါ့ ဟုတ်လား။ ဒါကြောင့် ငါနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဖို့ တွေးရဲတာပေါ့”
မို့ထင်က ရုံးခန်းထိုင်ခုံမှာ ပြန်ထိုင်ပြီး စကားဆက်ပြောသည်။
“မင်းက ကျန်းမန်နီရဲ့မန်နေဂျာလုပ်ဖို့ အရည်အချင်း မပြည့်မီပေမဲ့ မင်းကို ကျန်းမန်နီ ဘေးနားမှာ ပြန်ထားဖို့ ဆုံးဖြတ်လိုက်တယ်”
Charlene၏မျက်ဝန်းများ ပြူးကျယ်သွားသည်။
“အဲလို မလုပ်ပါနဲ့ မို့သူဌေးရယ်။ မန်နီက ငါ့ ငါ့ကို သေလောက်အောင် နှိပ်စက်လိမ့်မယ်”
“မင်းမှာ ရွေးချယ်ခွင့် မရှိဘူး။ ထျန်းနင်အကြောင်း မကောင်းပြောရဲသေးလား စောင့်ကြည့်ရတာပေါ့”
 
 
***

အပိုင်း(၂၅၂)

ချစ်လေးအတွက်ဆို ကိုယ့်နှလုံးသားကို ဆွဲထုတ်ပြီး ချစ်လေးကို ဆက်သဖို့ အသင့်ပဲ။

ချစ်လေးက ကိုယ့်နှလုံးသားကို အလိုရှိရဲ့လား

 
 
 
မို့ထင်၏စိတ်နေသဘောထားအရ Charlene ကျူးလွန်ထားသော ပြစ်မှုကြောင့် Charleneကို ဟိုက်ဟွေ့ဖျော်ဖြေရေးမှ မောင်းထုတ်ပစ်လိမ့်မည်ဟု ကျန်းမန်နီ ယုံကြည်ထားသည်။ သို့သော်လည်း အဆုံးသတ်မှာတော့ Charleneက စိတ်ပျက်လက်ပျက် မျက်နှာအမူအရာဖြင့် သူမဘေးနား ပြန်ရောက်လာသည်။
“နင်ကဘာလို့ ဒီမှာရှိနေသေးတာလဲ”
Charlene က ကျန်းမန်နီကို ကြောက်ကြောက်လန့်လန့် ကြည့်လာသည်။ ကျန်းမန်နီကို အမြဲတမ်း ဆရာကြီးလုပ်ရန် ကြိုးစားခဲ့သော Charlene၏ ဒေါင်းမလေး ဟန်ပန်အမူအရာက ယခုတော့ ပျောက်ကွယ်သွားသည်။ မျက်ဝန်းတွင် မျက်ရည်စက်များ ပြည့်လျှံနေသော သနားချင့်စဖွယ် အမူအရာသာ ကျန်ရစ်တော့သည်။
ကျန်းမန်နီ၏မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။
Charlene၏နောက်ကျော ဓားနှင့်ထိုးသော လုပ်ရပ်ကို သည်းခံပေးခဲ့သည့် အကြောင်းအရင်းက သူမ၏မန်နေဂျာက အရည်အချင်း မရှိသူမှန်း မို့ထင် သိသွားစေချင်သည်။ ထို့မှသာ မို့ထင်နှင့် အလုပ်အတူတူ လုပ်ကိုင်နေသော အခွင့်အရေးကို ပိုင်ဆိုင်နိုင်လိမ့်မည်။
သို့တိုင် မို့ထင်က Charleneကို သူမဘေးနား ပြန်ထားခဲ့သည်။
အပေါ်ယံကြည့်လိုက်လျှင် Charleneကို စိတ်ကြိုက် နှိပ်စက်ခွင့်ရရန် မျက်နှာသာပေးဟန် ရှိသော်လည်း တစ်နည်းတစ်ဖုံအားဖြင့် သူမအား သတိပေးနေခြင်း ဖြစ်သည်။
သူမကို အလိမ်အညာများ ဆက်လက် မလုပ်ဆောင်ရန် ပညာသားပါပါဖြင့် အသိပေးထားသည်။
တခြားသူများက အောင်မြင်မှုကို ပိုင်ဆိုင်ရရန် ကြိုးစား ရုန်းကန်းနေရစဉ် ထျန်းနင်က သူမ လိုချင်သမျှကို အလွယ်တကူ ပိုင်ဆိုင်နိုင်ခဲ့သည်။
ထျန်းနင်က မည်သည့်ထူးခြားသော ညှို့ဓာတ်ကို ပိုင်ဆိုင်ထားသနည်း။
 

***
 


ဟိုက်ဟွေ့ဖျော်ဖြေရေး၏ဝန်ထမ်းများက အတင်းအဖျင်း ပြောလေ့မရှိသော်လည်း ထျန်းနင်က ဟွာကျင်းကျင်းကြောင့် အေဂျင်စီမှာ ဖြစ်ပျက်ခဲ့သော ပြဿနာများကို သိခွင့်ရခဲ့သည်။
ကျန်းမန်နီက မို့ထင်ကို ပြဿနာလာရှာမည်မှန်း ကြိုတင် တွက်ဆထားသည်မှာ ကြာပါပြီ။ ကျန်းမန်နီတို့က ကိုယ့်ဘာသာကိုယ် အထင်ကြီးလွန်းနေ၍ ယခုလို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။
မို့ထင်က Charleneကို ကျန်းမန်နီဘေးနား ပြန်ထားခဲ့ချင်ကား မို့ထင်၏ကိုယ်ပိုင်ဟန် မဟုတ်နေပေ။
ည၇နာရီ
မို့ထင် ကုမ္ပဏီမှ ပြန်ရောက်လာပြီး ထျန်းနင်ကို ရှာဖွေရန် အိမ်ရှေ့တံခါးမကြီးကို ဖြတ်ကျော် လမ်းလျှောက်လာသည်။ ထျန်းနင်က အဖြူရောင်လည်ပင်းခေါက် ဆွယ်တာလေးကို ဝတ်ဆင်ပြီး မီးဖိုခုံတန်းလေး အရှေ့မှာ မတ်တတ်ရပ်ကာ ညစာပြင်ဆင်နေသည်။
မို့ထင်၏သန်မာသော လက်မောင်းတစ်စုံက သူမကို နောက်မှ သိုင်းဖက်လာမှန်း ခံစားမိ၍ ထျန်းနင် ရယ်မောလိုက်သည်။
“ယောက်ျား၊ ချစ်လေးကို အရမ်း တင်းတင်းကျပ်ကျပ် မဖက်နဲ့လေ။ ဆီတွေ စွန်းကုန်မယ် သတိထားပါဦး”
“ကိုယ်က ချစ်လေးကို ဒီလိုလေး ဖက်ထားချင်တာလေ”
မို့ထင်က ထျန်းနင်၏ဇက်ပိုးလေးပေါ် မေးဖျားလေး တင်လိုက်ပြီး ချစ်ဇနီးလေး၏ ထူးခြားသော ကိုယ်သင်းရနံ့လေးကို နမ်းရှိုက်သည်။
ထျန်းနင်က မီးဖိုခလုတ်ကို ပိတ်လိုက်ပြီး မို့ထင်၏လည်တိုင်လေးကို ဖက်တွယ်ရန် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။
“ဘာလို့ Charleneကို ကျန်းမန်နီဘေးနား ပြန်ပို့လိုက်တာလဲ။ ‘ထင်’က စိတ်အနှောင့်အယှက် ပေးတတ်တဲ့လူတွေကို အနီအနားမှာ ခေါ်မထားတတ်ပါဘူး။ ဒါက ‘ထင်’ရဲ့ကိုယ်ပိုင်ဟန်မှ မဟုတ်တာလေ”
“အဲဒီမိန်းမက ဒီနေ့ မပြောသင့်တဲ့စကားမျိုး ပြောခဲ့တယ်။ ဒါကြောင့် အဆိုးရွားဆုံး ပြစ်ဒဏ်မျိုးကို ခံယူရမယ်”
“ကျန်းမန်နီက Charleneကို လွယ်လွယ်လေး ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးနော်။ ကျန်းမန်နီ ဘေးနား ပြန်ပို့လိုက်တာက ရက်စက်ရာ မကျဘူးလား”
“မစ္စမို့၊ ကိုယ့်ဆုံးဖြတ်ချက်ကို သံသယတွေ ဝင်နေပါလား”
ထျန်းနင်က သိမ်မွေ့စွာ ရယ်မောလိုက်ပြီး ခေါင်းလေးကို မော့ကာ မို့ထင်ကိုချော့မြှူရန် နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
“ယောက်ျား စိတ်ပျော်သလို လုပ်ပါ ဟုတ်ပြီလား၊ ချစ်လေး ဘာမှ မမေးတော့ဘူးနော်”
မို့ထင်က သူ့ချစ်ဇနီးလေးကို လွှတ်ပေးလိုက်ပြီး ဖြေရှင်းစရာ ရှိသော အလုပ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် စာကြည့်ခန်းထဲ ပြန်သွားသည်။
ထျန်းနင်က စိတ်ထဲ ကျိတ်ရယ်မောနေမိသည်။
Charleneကို ကျန်းမန်နီဘေးနား ပြန်ပို့ပေးခဲ့သည့် အကြောင်းအရင်းက ထျန်းနင်ကြောင့်မှန်း ဖန်ယွီ ပြောပြထား၍ သိထားသည်။
မို့ထင်က အမှန်အတိုင်း ဖွင့်မပြောခဲ့သော်လည်း မို့ထင် ဘယ်လို ခံစားနေရလဲ သူမ မျှဝေခံစားနိုင်သည်။ သူမလည်း ယခုလို ပြဿနာမျိုးကို ထိပ်တိုက်ရင်ဆိုင်ရလျှင် မို့ထင်ထက် ပိုဆိုးရွားသော တုံ့ပြန်မှုဖြင့် ရန်သူကို ပြန်တုံ့ပြန်မိလိမ့်မည်။
မို့ထင်က သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည့် ခံစားချက်လေးကြောင့် သူမ စိတ် ကြည်နူးရသည်။
ညစာပြင်ဆင်ပြီးနောက် ထျန်းနင်က အစားအသောက်များကို စာကြည့်ခန်းထဲ ယူဆောင်သွားပေးသည်။ မို့ထင်အလုပ်ဆက်လုပ်နေသည်ကို မြင်ရ၍ ထျန်းနင်က မို့ထင်အနား လမ်းလျှောက်သွားပြီး သူ့ကျောပေါ် မှီထားမိသည်။
“ချစ်လေး ဘာဖြစ်လို့လဲ”
မို့ထင်က ခေါင်းမော့မကြည့်ဘဲ မေးမြန်းလိုက်သည်။ သူက အလုပ်ကို အာရုံစိုက်နေမိသော်လည်း သူ့နှလုံးသားက ထျန်းနင်၏အပြုအမူလေးကြောင့် တဒိတ်ဒိတ်ခုန်နေသည်။
“ယောက်ျားက ချစ်ကို မင်းသမီးလေး တစ်ပါးလို့ သဘောထားပေးတဲ့ အကြောင်းတွေပဲ တွေးနေမိတယ်။ ချစ်တို့ရဲ့ ဆက်ဆံရေးလေးက ဆယ်စုနှစ်ကြာသွားရင် ဒီအတိုင်းလေး ဆက်ရှိနေပါဦးမလား အမြဲတွေးပူနေမိတယ် ယောက်ျား။ အချိန်ကြာသွားရင် ယောက်ျားရဲ့အချစ်တွေက ပြယ်လွင့်သွားမှာလားဟင်”
ထျန်းနင် ရုတ်တရက် သက်ပြင်းချလိုက်သည်။
“လှပလွန်းတဲ့ အချစ်ရေးလေးတိုင်းက သစ္စာဖောက်တဲ့ဇာတ်မျိုးကို ဖြတ်ကျော်ရတတ်တယ်တဲ့။ အဲဒီအကြောင်းကို တွေးမိတိုင်း ချစ် ရင်တွေ မီးလိုပူလောင်ရတယ်”
သူမ၏ပူပန်စိတ်ကို နားထောင်ကြည့်ပြီးနောက် မို့ထင်က ထျန်းနင်ကို သူ့ရင်ငွေ့ကို ခိုလှုံစေသည်။
“ကိုယ် တိကျသေချာတဲ့ အဖြေတော့ မပေးနိုင်သေးဘူး”
“ဒါဆိုရင်လည်း ညစာ အရင်စားကြတာပေါ့”
ထိုစကားကို ပြောပြီးနောက် ထျန်းနင် မတ်တတ်ထရပ်သည်။ သို့သော်လည်း မို့ထင်က သူမကို လှမ်းဆွဲလိုက်ပြီး ကြမ်းပြင်ပေါ် လဲလျောင်းစေသည်။
ထျန်းနင် အံ့ဩတုန်လှုပ်သော စိတ်ကြောင့် မျက်လုံး အဝိုင်းသား ဖြစ်သွားသည်။
“ကိုယ် ချစ်လေးကို ဘယ်လောက်အထိ ချစ်လဲဆိုတာ ပြောပြဖို့ စကားလုံးလေးတွေ ရှာကြံမရဘူး”
“ကိုယ့်အချစ်နဲ့ထိုက်တန်တဲ့ တင်စားစရာ စကားလုံးလေးတွေ မရှိဘူး ချစ်လေးရဲ့”
“ဒါပေမဲ့ ကိုယ့်အချစ်ကို ချစ်လေးသိအောင် လေးလေးနက်နက် ပြောပြရရင် ချစ်လေးအတွက်ဆို ကိုယ့်နှလုံးသားကို ဆွဲထုတ်ပြီး ချစ်လေးကို ဆက်သဖို့ အသင့်ပဲ။ ချစ်လေးက ကိုယ့်နှလုံးသားကို အလိုရှိရဲ့လား”
ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်အောက်မှာ တိတ်တဆိတ် လဲလျောင်းနေပြီး သူမ၏မျက်ဝန်းတွင် မျက်ရည်လည်လာပြီး မျက်ရည်စက်များ တာကျိုးလာသည်။ မို့ထင်၏ ချစ်စကားလေးများကြောင့် သူမလည်း ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလာသည်။
“ချစ်လည်း ‘ထင်’အတွက်ဆို ဘာမဆို ပေးဆပ်ဖို့အသင့်ပဲ။ ချစ်လေးရဲ့အသက်ကို စတေးရမယ်ဆိုရင်တောင် တွန့်ဆုတ်တွန့်ဆုတ် မဖြစ်နေပါဘူး။ ဒါကို ယောက်ျား ယုံကြည်ပေးထားနော်”
မမျှော်လင့်ထားသော အနမ်းမိုးများက သူမ၏နှုတ်ခမ်းပါးပေါ် အငမ်းမရ ကျရောက်လာသည်။
တိုင်ဖွန်းမုန်တိုင်းကဲ့သို့ အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သော ချစ်မှုရေးရာ ကိစ္စလေးအပြီးမှာ မို့ထင်၏ စာရွက်စာတမ်းများက ကြမ်းပြင်ပေါ် ပြန့်ကျဲကာ ကြေမွနေသည်။ ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ် လဲလျောင်းလိုက်ပြီး သူမ၏စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေသည်။
ကြမ်းပြင်ပေါ်မှာ ရှုပ်ပွနေသော စာရွက်စာတမ်းများကို ကြည့်ရှုကာ
“ယောက်ျားရေ မနက်ဖြန် အစည်းအဝေး ရှိတယ်မလား။ ဒီစာရွက်လေးတွေတော့ ဘဝပျက်သွားပြီး ဘာဆက်လုပ်ကြမလဲ”
မို့ထင်၏လက်မောင်းတစ်ဖက်က ထျန်းနင်၏ ပခုံးလေးကိုဖက်ထားပြီး ကျန်လက်တစ်ဖက်က စာရွက်များကို ကောက်နေသည်။
“ဒါက ရှန်ယင်းနဲ့ ရုပ်ရှင်စာချုပ်ပါ”
“ချစ်လေးနဲ့ ကြည်နူးရဖို့ပဲ အရေးကြီးတယ်။ ဒါတွေက ကိုယ့်အတွက် အရေးမပါပါဘူး”
ထျန်းနင်၏နားရွက်လေးများ အနီရောင်သန်းသွားသည်။ သူတို့ လင်မယားနှစ်ယောက် ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းဘက် ထွက်လာကြသည်။
ထို့နောက် သူတို့အချစ်လေထုလေး ပြန်နွေးထွေးသွားပြီး ထျန်းနင်က မို့ထင်ပခုံးလေးကို မှီပြီး ဖက်ရှင်မဂ္ဂဇင်းဖတ်ရှုကာ မို့ထင်က ရုပ်ရှင်စာချုပ်ကို ဖတ်နေသည်။
“ဒီနှစ် နှစ်ကုန်ပိုင်းမှာ ဆုပေးပွဲတွေ အများကြီး ရှိတယ်။ လာမဲ့ တနင်္လာနေ့မှာ သရုပ်ဆောင်ဆုရခဲ့တဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုညစာစားပွဲ လုပ်မယ်။ အဲဒီပွဲနဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ နှစ်၂၀ပြည့် နှစ်ပတ်လည်နေ့နဲ့ တစ်နေ့တည်း ကျနေတယ်။ အဲဒီပွဲတွေကို တက်ချင်လား”
“တက်မှာပေါ့၊ ပွဲက လူအရမ်းများလား”
ထျန်းနင်က မို့ထင်၏ပေါင်ပေါ် ခေါင်းတင်လိုက်ပြီး ပြန်မေးသည်။
“ပွဲတက်သူတော့ များလိမ့်မယ်”
“ဒါဆိုရင် ချစ်လေးရဲ့မန်နေဂျာအနေနဲ့ ပွဲတက်မလား၊ ဟိုက်ဟွေ့ဖျော်ဖြေရေး သူဌေးအနေနဲ့ ပွဲတက်မလား”
ထျန်းနင်က မသဲမကွဲလေသံဖြင့် ပြန်မေးလာသည်။
“အခုတော့ လျှို့ဝှက်ချက်ပေါ့ အဲဒီနေ့ရောက်ရင် ချစ်လေး သိရလိမ့်မယ်”
ထိုစကားကိုပြောပြီးနောက် မို့ထင် ခဏမျှ နှုတ်ဆိတ်နေသည်။
ထျန်းနင်က ယခုလို ပွဲအခမ်းအနားမျိုးကို သဘောမကျမှန်း သူ သေချာ သိနေသည်။
“ချစ်လေး သဘောမကျရင် ပွဲကနေ စောစောပြန်မယ်လေ”
“ချစ်လေး သဘောမကျပါဘူး။ ဒါပေမဲ့ ချစ်ရဲ့ နှလုံးသားလေးနဲ့ ချစ်ရသူက ‘ထင်’လေ။ ချစ်က ‘ထင်’ရဲ့ ပါရမီဖြည့်ဖက်ဆိုတော့ ‘ထင်’ အင်ပါယာဧကရာဇ်မင်း တစ်ပါးလို့ မော်မော်ကြွားကြွား မတ်တတ်ရပ်နေတဲ့ မြင်ကွင်းလေးကို ချစ် မြင်ချင်ပါတယ်”
 
 

***

Continue Reading

You'll Also Like

2.6M 154K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...