ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep235+236+237

136 10 0
By jellyflower1

အပိုင်း(၂၃၅)ငါတစ်ယောက်တည်း ထျန်းနင်သီချင်းဆိုတာကို နားထောင်မယ်

 
ထျန်းနင် ဒေါသမထွက်သည့်တိုင်အောင် မခံ့ချိမခံသာ ဖြစ်သည့်ခံစားချက်ကြောင့် မျက်နှာအမူအရာပျက်ယွင်းနေလိမ့်မည်ဟု ချင်းယွီတွေးခဲ့မိသည်။ သို့သော်လည်း ထျန်းနင်က မျက်လွှာချထားလိုက်ပြီး စကားပြန်ပြောလိုက်သည်။
"ငါ့ကို နှုတ်လှန်ထိုးနေလို့ ဘာမှအသုံးမဝင်ဘူး"
 
ရန်သူ၏ မခံချင်အောင်ပြောဆိုတတ်သည့် အပြောအဆိုကြောင့် ရန်သူ၏ထောက်ချောက်ထဲ ကျရောက်သွားမည့် မိန်းမစားမျိုး မဟုတ်ချေ။
 
ချင်းယွီ ရယ်မောလိုက်သည်။ သူမက ထျန်းနင်ကို အထင်သေးမိမှန်း နားလည်လိုက်သည်။
 
"ဟယ် ချင်းယွီ နောက်ထပ်ဆုတစ်ခုကို ထပ်ရပြန်ပြီ။ သားမြတ်အလှဆုံး အလှမယ် ၁၀ယောက်စာရင်းဝင်လို့ရတဲ့ ဆုတံဆိပ်ပဲ"
 
တစ်ညလုံး ချင်းယွီက ဆုတံဆိပ် ၃ခု ၄ခုကို ရခဲ့သော်လည်း တစ်ခုမှ ပေါ်လွင်မှု မရှိချေ။ ထင်ပေါ်ကျော်ကြားသည့်ဆုတံဆိပ်များက ဟွာကျင်းကျင်း နှင့် တခြားသူများထံ ပါသွားသည်။ ဝင်ငွေအကောင်းဆုံး ထိပ်တန်းမော်ဒယ်သတ်မှတ်ချက်၏ပထမနေရာကို ဟိုက်ဟွေ့၏ နိုင်ငံကိုယ်စားပြု အလှမယ်လေး ပိုင်ဆိုင်သွားသည်။ သူမက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် စူပါမော်ဒယ် ဖြစ်ခဲ့သည့်အပြင် သူမ၏ကိုယ်ပိုင် ဖက်ရှင်တံဆိပ်ကို တည်ထောင်ထားနိုင်ခဲ့ပြီးဖက်ရှင်လောက၏ထိပ်တန်းမှာ ရပ်တည်နိုင်သည်။ သူမက ယခုလို ပွဲအခမ်းအနားမျိုး တက်ရောက်လေ့ မရှိပေ။
 
ဟွာကျင်းကျင်းကိုယ်တိုင်လည်း ထိုမိန်းကလေးကို မြင်ဖူးရုံသာ မြင်ဖူးသည်။
 
နံပါတ်၂နေရာကို Star Kingမှ မော်ဒယ်က အရယူသွား၍ ဟွာကျင်းကျင်းက နံပါတ်၃နေရာမှာ ရပ်တန့်သွားသည်။
 
ဤအဆင့်သတ်မှတ်ချက်က ၎င်းမော်ဒယ်မိန်းကလေးများ၏ကြောက်ခမန်းလိ်လိ် ဝင်ငွေနှင့် ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုသည်။
 
ထျန်းနင်က  ဟွာကျင်းကျင်း စင်ပေါ်တက်သွားသည့်မြင်ကွင်းကို တိတ်တိတ်လေး ထိုင်ကြည့်နေသည်။ ဟွာကျင်းကျင်း၏အောင်မြင်မှုကြောင့် သူမလည်း အလွန်အမင်း ပျော်ရွှင်နေသည်။ ဟွာကျင်းကျင်း ကျေးဇူးတင်စကား ပြောရမည့် အလှည့်ကျရောက်လာပါပြီ။
 
ဟွာကျင်းကျင်းက စင်ပေါ်မှာ မတ်တတ်ရပ်နေပြီး ထျန်းနင်ကို လှမ်းကြည့်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံခုိက် အပြံုးချင်းဖလှယ်လိုက်သည်။
 
"အားလုံးသိကြတဲ့အတိုင်း လွန်ခဲ့တဲ့ရက်ပိုင်းလောက်က တွေ့ကြံုခဲ့ရတဲ့ လောကဓံကြောင့် ကျွန်မဟွာကျင်းကျင်း ဘဝပျက်တော့မလို ဖြစ်ခဲ့ရတယ်။ အဲဒီလိုအချိန်မှာ ကျင်းကျင်းကို ပျက်စီးနေတဲ့လမ်းကြောင်းကနေ လမ်းမှန်ပေါ် ဆွဲတင်ပေးခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကျင်းကျင်း ပြောနေတဲ့သူက တခြားသူတော့ မဟုတ်ဘူး။ စင်မြင့်ရဲ့ညာဘက်ခြမ်းမှာ ထိုင်နေတဲ့ ထျန်းနင်ပါပဲ"
 
ဟွာကျင်းကျင်း စကားပြောနေစဥ် သူမ၏ပါးမို့မို့ပေါ် မျက်ရည်စက်များ ကျဆင်းလာသည်။
 
"ဒီပွဲကို ကြွရောက်လာတဲ့လူကြီးမင်းတို့ သူငယ်ချင်းတို့မှာ တခြားသူရဲ့နွေးထွေးမှုကို ခံစားဖူးလာတော့ ကျင်းကျင်းလည်း သေချာမပြောတတ်ပါဘူး။ ဒါပေမဲ့ ထျန်းနင်နဲ့ မတွေ့ခင်အထိ ထျန်းနင်လို စိတ်ရင်းကောင်းတဲ့ မိတ်ဆွေမျိုး ကျင်းကျင်းဘဝမှာ မရှိခဲ့ဖူးဘူး။ ကျင်းကျင်းရဲ့ဘဝက အမှောင်ထဲလမ်းပျောက်နေခဲ့တာ။ နေ့တိုင်းလိုလို သတ်သေချင်စိတ်က ကြီးစိုးထားတယ်။ ဒီလောကကြီးထဲ အသက်ဆက်ရှင်နေရတာ အဓိပ္ပါယ်မဲ့နေသလိုပါပဲ။ ကျင်းကျင်းဘဝထဲ ထျန်းနင်ရောက်လာတည်းက  ကျင်းကျင်းကို မိသားစုဝင်တစ်ယောက်လို ဂရုစိုက်ပေးခဲ့တယ်။ ကျင်းကျင်းရဲ့ခံစားချက်ကို နားလည်ပေးနိုင်တယ်။အကျိုးအမြတ်တွေ ကောင်းကျိုးဆိုးကျိုးတွေအကျိုးဆက်တွေကို လျစ်လျူရှုခဲ့တယ်။ ကျင်းကျင်းဘက်က ရပ်တည်ပေးခဲ့တယ်"
 
"ကျင်းကျင်းကို အမှောင်ထုထဲက ဆွဲထုတ်ခဲ့ပြီး  ကျင်းကျင်းကို အသက်ပြန်သွင်းပေးခဲ့တာလည်း ထျန်းနင်ပါ။ ကျင်းကျင်းကို ဇွဲမလျော့ဖို့ လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ အမြဲအသိပေးခဲ့တယ်။ ပြောရရင် ထျန်းနင်ကိုယ်တိုင်ကလည်း မိတ်ဆွေကောင်း ညီအစ်မကောင်း ပီသတဲ့အပြင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမမြတ်လေးပါ"
 
"ဒီစင်မြင့်ပေါ်ကနေ ထျန်းနင်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ထျန်းနင် ငါ့ကို ယုံကြည်ပြီး ငါ့ဘက်က ရှိနေပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒုတိယအနေနဲ့ ဟိုက်ဟွေ့က အနုပညာမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့အနေနဲ့ ကိုယ့်ဘာသာကိုယ် ကျေးဇူးတင်ချင်တယ်"
 
"အခုကစပြီးတော့ အကောင်းဆုံး ရှင်သန်သွားမယ်။ အခုမှ ကျင်းကျင်းကိုယ် ကျင်းကျင်း လူသားတစ်ယောက်ပါလို့ ပြန်ခံစားမိလို့  ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အတိတ်အားလုံးကို အတိတ်မှာ ချန်ခဲ့တော့မယ်"
 
"အခုအချိန်အထိ ကိုယ့်ဘာသာကိုယ် မစွန့်ပစ်လိုက်ဘဲ အသက်ဆက်ရှင်ဖို့ ဆုံးဖြတ်ခဲ့လို့ ကိုယ့်ဘာသာကိုယ် ကျေးဇူးတင်မိတယ်။ ကျင်းကျင်းပြောချင်တာ ဒီလောက်ပါပဲ ။ အားလုံးကို ကျေးဇူးတင်ပါတယ်"
 
ဟွာကျင်းကျင်းက ဆုတံဆိပ်ကို  နမ်းလိုက်လိုက်သည့် ကြည်နူးဖွယ်မြင်ကွင်းလေးကို ထျန်းနင် ငေးကြည့်နေမိသည်။ ထို့နောက် ပရိသတ်လူထုကြီး ၏ကျယ်လောင်သော လက်ခုပ်ဩဘာသံကို ကြားလိုက်ရသည်။
 
လူတိုင်းလူတိုင်းမှာ မိမိကုိယ်မိမိ ယုံကြည်သည့်စိတ်သန္တန်ရှိနေလျှင် ဘဝကို အချိန်မရွေး အသစ်ပြန်စတင်နိုင်သည့်အခွင့်အရေးရှိသည်။
 
"ဟွာကျင်းကျင်းပြောသမျှကို နားထောင်ရတာ ငါတို့တောင် စိတ်လှုပ်ရှားမိတယ်။ ထျန်းနင်လည်း ဒီပွဲမှာ ရှိနေတော့ ကျင်းကျင်း နဲ့ ထျန်းနင်တို့ကို သီချင်းလေးနဲဲ့ ဖျော်ဖြေပေးဖို့ တောင်းဆိုရင် မကောင်းဘူးလား။ မင်းတို့အားလုံးရော သီချင်းနားထောင်ချင်လား"
 
အစီအစဉ်မှူးက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
 
ပရိသတ်က လက်ခုပ်တီးသံဖြင့် ပြန်လည်တုံ့ပြန်သည်။
 
အစီအစဉ်မှူး ပြံုးလိုက်သည်။  ဟွာကျင်းကျင်းနှင့် ထျန်းနင်တို့ ခေါင်းညိတ်သဘောတူလိုက်ခြင်းကို မြင်မှ သူမဆက်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျင်းကျင်းတို့ပြင်ဆင်လို့ရအောင် ဆုပေးပွဲအခမ်းအနားလေးကို ဆက်ကျင်းပကြမယ်"
 
ချင်းယွီက ထျန်းနင်ကို ယုတ်မာသောအကြည့်ဖြင့် ကြည့်ရှုနေသည်။
 
ထျန်းနင်နှင့်ဟွာကျင်းကျင်းတို့ သီချင်းဆိုရန် စင်နောက်ဘက်မှာ ပြင်ဆင်နေစဉ် ချင်းယွီလည်း သူမ၏ထိုင်ခုံမှာ မရှိတော့ပေ။ ခဏကြာမှ ပြန်ရောက်လာသည်။
 
သိပ်မကြာလိုက် ဆုပေးပွဲအခမ်းအနား၏အရေးပါသည့် အချိန်ကာလကို ရောက်သွားပြီး ထျန်းနင်နှင့် ဟွာကျင်းကျင်းတို့ကို စင်ပေါ် မှာ ပြန်တွေ့ရသည်။ ဟွာကျင်းကျင်းနှင့် ထျန်းနင်က မိုက်ခရိုဖုန်းကို ကိုင်ဆောင်ထားပြီး စင်၏တစ်ဖက်စီမှာ မတ်တတ်ရပ်နေသည်။
 
တစ်ယောက်က အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်က ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူတို့နှစ်ဦးစလုံး ထင်ပေါ်အောင် မီးမောင်းထိုးပြထားသည်။ အားလုံး စိတ်ဝင်တစား နားစွင့်နေချိန် သံစဥ်ကို စတင်တီးခတ်လာသည်။ သံစဥ်ကြောင့် ဟွာကျင်းကျင်းတို့ သီဆိုမည့်သီချင်းခေါင်းစဥ်က 'ပျောက်ဆုံးခြင်း'မှန်း သိလိုက်သည်။
 
ဟွာကျင်းကျင်း၏အသံက အလွမ်းဓာတ်ခံကြောင့် လွမ်းဆွေးဖွယ်ရာ သီချင်းသံလေးဖြစ်ပေါ်နေသည်။ ထျန်းနင်၏အသံက ကြည်လင်ပြီး အသံငြိမ်ကာ နားဝင်ချိုသည်။
 
သူတို့၏ကျွမ်းကျင်သည့်အလုပ်က မော်ဒယ်အလုပ်ဖြစ်သော်လည်း သူတို့က ကောင်းကောင်းမွန်မွန် သီချင်းဆိုနိုင်သည်။
 
လုချယ်က သူ့ရုံးခန်းမှာ  ပွဲအခမ်းအနားကို ကြည့်ရှုနေသည်။ ထျန်းနင် သီချင်းဆိုလိုက်သည်ကို ကြားကြားချင်း မို့ထင်၏ရုံးခန်းကို အပြေးအလွှားသွားပြီး မို့ထင်အတွက် တီဗီဖွင့်ပေးလိုက်သည်။
 
ဖန်သားပြင်ပေါ်မှာ အချောအလှနှစ်ဦး၏ သီချင်းသံကို နားစွင့်ပြီး မို့ထင် တုန်လှုပ်သွားသည်။
 
"ဥက္ကဋ္ဌ။ အခုကစပြီးတော့ သခင်မကို မော်ဒယ်ရှုိးမလျှောက်ခိုင်းနဲ့့တော့ သခင်မကို သီချင်းခွေပဲ ထုတ်ပေးတော့"
လုချယ်အကြံပြုလိုက်သည်။
 
"မဖြစ်ဘူး။ သီချင်းဆိုလို့မဖြစ်ပါဘူး..."
မို့ထင် သဘောမတူပေ။
"အခုကစပြီး ငါတစ်ယောက်တည်းပဲ ငါ့အချစ်လေး သီချင်းဆိုတာကို နားထောင်မယ်။ ဒီတစ်ခေါက်တော့ တခြားသူတွေကို နားထောင်ခွင့်ပေးလိုက်မယ်"
 
လုချယ်
"..."
 
မို့ထင်ပြံုးလိုက်ပြီး သူ့လက်ထဲမှ စာရွက်စာတမ်းကို အောက်ချထားလိုက်သည်။
 
"အရေးကြီးတဲ့သတင်းကြေညာဖို့ ဖန်ယွီကို သတိပေးလိုက်ပါဦး"
 
"ဟုတ်ကဲ့"
 
မို့ထင်က သူ့စားပွဲခုံပေါ် လက်တစ်ဖက်ထောက်လိုက်ပြီး ဖန်သားပြင်ပေါ်မှာ ထျန်းနင်နှင့် ဟွာကျင်းကျင်းတို့ သီချင်းဆိုနေသည်ကို စောင့်ကြည့်နေသည်။
 
ထျန်းနင်၏ခံစားချက်အပြည့်ဖြင့်သီဆိုနေသည့် အသံက သူ့ကို စိတ်လှုပ်ရှားစေသည်။ မို့ထင် သူ့ဘာသာသူ ကျေနပ်အားရစွာ ရယ်လိုက်သည်။
 
" ငါ့ဇနီးလေးရဲ့ အသံကာလာကို သဘောကျလို့ သီချင်းခွေထုတ်ပေးမယ်သူ ပေါ်လာတော့မယ်"
 
ဆုပေးပွဲအခမ်းအနားမှာ သီချင်းသံအဆုံးသတ်သည်နှင့်တစ်ပြိုင်နက်တည်း ခန်းမဆောင်တစ်ခုလုံး လက်ခုပ်တီးသံများညံသွားသည်။
 
ထျန်းနင်နှင့် ဟွာကျင်းကျင်းတို့က တစ်ယောက်နှင့်တစ်ယောက် ပြံုးပြနေသည်။ မီးအလင်းရောင်ပိတ်သွားပြီးနောက် သူတို့နှစ်ဦးစလုံး စင်အလယ်မှာ ဆုံဆည်းပြီး ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောဆိုရန် စီစဉ်ထားသည်။
 
သို့သော်လည်း ကက်ဦးထုပ်ဆောင်းထားသည့်အမျိုးသားတစ်ဦး စင်ပေါ် ပြေးတက်လာြပီး ထျန်းနင်ကို တွန်းထုတ်လိုက်သည်။
 
ထျန်းနင်က စင်အစွန်းနားနှင့် ကပ်နေ၍ စင်အောက် လဲကျသွားသည်။
 
အရာအားလုံးက အားလုံး မမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ခန်းမဆောင်တစ်ခုလုံး ပွက်လောရိုက်သွားပြီး အုတ်အော်သောင်နင်း ဖြစ်သွားသည်။
ကက်ဦးထုပ်ဆောင်းထားသည့်အမျိုးသားက စင်ပေါ်မှ ခုန်ဆင်းပြီး ပရိသတ်အဖွဲ့၏အနောက်ဘက်ကို ပြေးထွက်သွားသည်။ လုံခြံုရေးဝန်ထမ်းများက သူ့နောက်ကို ချက်ချင်း လိုက်သွားသည်။
 
ထိုစဉ် ဟွာကျင်းကျင်းလည်း စင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ထျန်းနင်၏အနားကို အပြေးအလွှားသွားသည်။  ထျန်းနင်က ကြမ်းပြင်ပေါ်မှာ မလှုပ်မရှား လဲလျောင်းနေသည့်မြင်ကွင်းက သူ့ကို သွေးပျက်စေသည်။
 
"ထျန်းနင် ၊ ထျန်းနင်..."
 
စက္ကန့်ပိုင်းကြာပြီးနောက် ထျန်းနင် သတိရလာသည်။ တခြားသူများ၏အကူအညီဖြင့်ဧည့်သည်တော် ထိုင်ခုံအနား ထျန်းနင်ကို  တွဲခေါ်သွားသည်။
 
"ထျန်းနင် အဆင်ပြေရဲ့လား"
ဟွာကျင်းကျင်း စိုးရိမ်မိသည်။
 
ထျန်းနင် ခေါင်းခါလိုက်သည်။ သူမ၏စိတ်ထဲ မို့ထင်ကို ပိုစိုးရိမ်မိသည်။ စင်ပေါ်မှာ ဖြစ်ခဲ့သည့် ဖြစ်ရပ်ကို မို့ထင် မြင်သွားနိုင်သည်။
ဟွာကျင်းကျင်းက ထျန်းနင်ကို စိတ်မချမိ၍ အရေးပေါ်ကားခေါ်ရန် ဖုန်းထုတ်လိုက်သော်လည်း ထျန်းနင်က သူမကို ဟန့်တားခဲ့သည်။
 
"ဝရုန်းသုန်းကား မဖြစ်စေနဲ့။ တရားခံကို အရင်ဆုံးဖမ်းမယ်။ ငါတကယ် အဆင်ပြေပါတယ်"
 
ပြီးပါပြီ။
 
အပိုင်း(၂၃၆)တရားခံကိုရှာတွေပြီ

 
"အဆင်ပြေပါတယ်လို့ ဘာကြောင့် ပြောရက်နိုင်တာလဲ"
 
ဟွာကျင်းကျင်းက ထျန်းနင် ပြုတ်ကျသွားသည့် တစ်မီတာအမြင့်ရှိသော စင်မြင့်ကို တစေ့တစောင်းကြည့်လိုက်သည်။
 
"နင့်အကြောင်း သတင်းမှာပါလာမှာ သေချာတယ်။ တခြားသူတွေက အဲဒီသတင်းကို မမြင်ဘဲနေပါ့မလား"
 
ဟွာကျင်းကျင်းက ထျန်းနင်ပူပန်နေသည့် အကြောင်းအရင်းကို သိနေ၍ မို့ထင်ဟုသုံးနှုန်းမည့်အစား တခြားသူဟု ခေါ်ဝေါ်ခဲ့သည်။
 
သို့သော်လည်း ထျန်းနင်က ကပြက်ကချော်ပြန်စကားပြောလာသည်။
"ကြမ်းပြင်ပေါ်မှာ ကောဇောခင်းထားလို့  တော်သေးတာပေါ့"
 
ထိုစဉ် အစီအစဉ်မှူးက ထျန်းနင်အနားရောက်လာပြီး ထျန်းနင် မတ်တတ်ရပ်နိုင်အောင် တွဲပေးသည်။
"လမ်းလျှောက်နိုင်သေးလား။ ဆေးရုံသွားချင်လား"
 
ထျန်းနင်ခေါင်းခါလိုက်သည်။
 
"ဒီလိုဆိုရင် အနားယူလိုက်ဦး။ တစ်ခုခုဆို ငါတို့ကိုအသိပေးနော်။ စိတ်ထဲတင်းခံမနေနဲ့"
အစီအစဉ်မှူး ချော့မော့လိုက်သည်။
 
ထိုစကားကိုပြောပြီးနောက် အစီအစဉ်မှူးက စင်ပေါ်ပြန်တက်သွားသည်။
 
စောစောတုန်းက ပွက်လောရိုက်ခဲ့သည့် အခြေအနေကို ပြန်ထိန်းချုပ်လိုက်ပြီး  ဆုပေးပွဲအခမ်းအနားကို ပြန်အသက်သွင်းသည်။ သို့သော်လည်း စင်ပေါ်မှ ထျန်းနင်တွန်းချခံရသည့် သတင်းက ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
 
လုံခြုံရေးမှူးက ကက်ဦးထုပ်နှင့်အမျိုးသားကို ဖမ်းချုပ်ရန် စီစဉ်နေသည်။ ၎င်းအမျိုးသားသည် ၁၇နှစ် ၁၈နှစ်အရွယ်ရှိပြီး မျက်နှာအနှံ့ ဝက်ခြံများပြည့်နှက်နေ၍ ရုပ်ဆိုးလွန်းသည်။
 
"ထျန်းနင်ရဲ့ ပရိသတ်လို့ပြောခဲ့တာပါ။ ထျန်းနင်ကို မြင်လိုက်ရတော့ အသိစိတ်လွတ်သွားတယ်တဲ့။ အဲဒီလိုအကြောင်းပြချက် ပေးတာပဲ"
 
လုံခြုံရေးမှူးပို့ပေးသည့် စာတိုလေးကို ထျန်းနင်သိအောင် လုံကျဲ ဖတ်ပြနေသည်။
"သူက ကလေးအရွယ်ပဲရှိသေးတော့ ဖမ်းချုပ်ထားဖို့ မသင့်လျော်ဘူးဆိုပြီး လုံခြုံရေးမှူးက ဆိုဆုံးမပြီး ပြန်လွှတ်ပေးလိုက်တယ်"
 
"သူပြောတာ ယုံကြည်လား"
ဟွာကျင်းကျင်းက လူအုပ်စုကို အကဲခတ်ကြည့်ကာ မေးမြန်းလိုက်သည်။
 
ထျန်းနင် ခေါင်းခါလိုက်သည်။
"Star Kingကလူတွေနဲ့ ပတ်သက်မှုရှိမယ်လို့ခံစားမိတယ်"
 
"ဒါပေမဲ့ ငါတို့မှာ သက်သေမရှိပြန်ဘူး"
 
"ဒါဆိုအခုအချိန်မှာ သည်းခံထားရမယ်"
ထျန်းနင်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
 
ဟွာကျင်းကျင်း မရိပ်မိသော်လည်း လုံကျဲက ထျန်းနင်၏ရည်ရွယ်ချက်အမှန်ကို ရိပ်စားမိသည်။ ထျန်းနင်က သူမ၏အကြံအစည်ကို ဖုံးကွယ်ထားပြီး တရားခံကို အမိဖမ်းရန် ကြံရွယ်ထားသည်။
 
"အရင်ဆုံးပြန်လိုက်မလား"
 
"မပြန်ပါဘူး။ အဆင်ပြေပါတယ်။ နင် ဆုယူရဦးမယ်မလား။ ပွဲပြီးတဲ့အထိ စောင့်နေပေးမယ်"
 
ထျန်းနင်က သူမ၏နာကျင်မှုကို ထိန်းချုပ်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ သူမ၏ခြေထောက်က အနည်းငယ် တုန်ယင်နေသည်။
 
ဟွာကျင်းကျင်းက ထျန်းနင်ကို   အပြေးတစ်ပိုင်းဖြင့်လှမ်းတွဲလိုက်ပြီး  အော်လိုက်သည်။
"ထျန်းနင်။ နင် ရူးနေပြီလား။ သတ္တိရှိချင်ယောင် ဆောင်နေပြန်ပြီလား။ ဖုံးကွယ်ဖို့ ကြိုးစားနေလား"
 
"ဖုံးကွယ်ဖို့ကြိုးစားနေတာ မဟုတ်ရပါဘူး"
 
ရေချိုးခန်းမှာ ချော်လဲခဲ့မှန်း မို့ထင်သိသွားသည့်နေ့က တစ်ညလုံးမအိပ်ဘဲ ရေချိုးခန်းကြမ်းခင်း လဲလှယ်နေသည့် မြင်ကွင်းက သူမ၏အမြင်အာရုံထဲဝင်ရောက်လာသည်။ သူမသာ အိမ်စောစောပြန်မိလျှင် သေချာပေါက် မို့ထင် စိုးရိမ်နေလိမ့်မည်။
 
"မို့ထင် စိုးရိမ်နေလိမ့်မယ်"
 
ဟွာကျင်းကျင်း ဆွံ့အသွားသည်။
 
"ထျန်းနင်။ နင်တော်တော်လေးကို ခေါင်းမာတာပဲဟယ်။ ငါ နင့်ကိုမနိုင်တော့ဘူး။ လုပ်ချင်ရာလုပ်တော့"
 
သိပ်မကြာလိုက် ထျန်းနင်က သူမ၏ထိုင်ခုံအနား ပြန်သွားသည်။ သူမအနားမှာ ရှိရှိသမျှ လူတိုင်းနီးပါးက ထျန်းနင်ကို သတင်းလာမေးသော်လည်း ချင်းယွီက ခြားနားသည်။
 
ချင်းယွီ၏နှုတ်ခမ်းပေါ်မှာ နှစ်ထောင်အားရသည့် မဲ့ပြုံးလေးကို ထျန်းနင် သတိထားမိခဲ့သည်။
 
ထျန်းနင်က အငြိုးကြီးသည့် မိန်းမမျိုးဖြစ်သည်။ သူမ၏မတော်တဆမှုသည် ချင်းယွီနှင့် အမှန်တကယ်ဆက်စပ်မှု ရှိနေခဲ့လျှင် Star Kingက တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မည်။
 
...
 
ဟိုက်ဟွေ့ဖျော်ဖြေရေး
 
ဖန်ယွီက ပြင်ဆင်ထားသည့် သတင်းဆောင်းပါးကို ကြေညာရန် ဟန်ပြင်နေသည်။ ပွဲအခမ်းအနားမှာ ထျန်းနင် မတော်တဆဖြစ်ခဲ့သည့်သတင်းကို ကြားသိလိုက်ရ၍ ဘာဆက်လုပ်သင့်လဲ တွေဝေသွားသည်။
 
ထျန်းနင် စင်ပေါ်မှ တွန်းချခံရပြီး စင်အောက် ပြုတ်ကျသွားသည့် သတင်းဆိုးကြီးဖြစ်နေသည်။
 
ဖန်ယွီက ချက်ချင်းပဲ စီအီအိုရုံးခန်းကို ပြေးသွားလိုက်သည်။ ရုံးခန်း၏ထိုင်ခုံပေါ်မှာ ထိုင်ကာ သုန်သုန်မှုန်မှုန် မျက်နှာအမူအရာဖြင့် တီဗီဖန်သားပြင်ကို ကြည့်ရှုနေသည့် မို့ထင်ကို မြင်တွေ့လိုက်ရသည်။
 
မို့ထင်၏ခန္ဓာကိုယ်ပေါ်မှ ဖြာထွက်နေသည့်လူသတ်ငွေ့များကြောင့် သူ့ကို အသက်ရှုရခက်ခဲစေသည်။
 
"ဥက္ကဋ္ဌ။ ဆောင်းပါးကို အများသိအောင် ကြေညာရတော့မလား"
 
မို့ထင်က နောက်ဆုံးစာရွက်ကို လက်မှတ်ထိုးလိုက်ပြီး သူ့အပေါ်အင်္ကျီကိုလှမ်းမယူခင် ဖန်ယွီကို လှမ်းပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင် ဓာတ်လှေကားကို ဦးတည်ထွက်ခွာသွားသည်။
 
မို့ထင်၏လက်မှတ်က ပုံမှန်ထက် ကြည့်ရဆိုးနေမှန်း ဖန်ယွီသတိထားမိသည်။ တချို့စာရွက်များတွင် အမှားယွင်း ပြင်ဆင်ထားသေးသည်။
 
မို့ထင်က သူ့ရင်ထဲ ဗလောင်ဆူနေသည့် ဒေါသစိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားမှန်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
 
သူ့ဒေါသကို ချက်ချင်းမထုတ်ပြသည့်အကြောင်းမူကား ထျန်းနင်က သူမ၏နာကျင်မှုကို ဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားနေမှန်း ရိပ်မိသောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်က ထျန်းနင်ကို စိုးရိမ်မိသည်။
 
သို့သော်လည်း ထျန်းနင်၏အပြုအမူကို လေ့လာဆန်းစစ်ကြည့်ရုံဖြင့် သူ့ကို အရမ်း မစိုးရိမ်ချင်မှန်း ရိပ်မိသည်။
 
နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူကို မဖော်ထုတ်လျှင် ထျန်းနင်ကို အချိန်မရွေးဒုက္ခပေးနိုင်သည်။
 
ကျားမှန်း ကြောင်မှန်း သိအောင် လုပ်ပေးရမည်။
 
...
 
ပွဲအခမ်းအနား ခဏနားချိန် ဟွာကျင်းကျင်းက သန့်စင်ခန်းကိုသွားခဲ့သည်။ ဟွာကျင်းကျင်း အိမ်သာထဲရောက်နေစဉ် အပြင်ဘက်မှ မိန်းကလေးတစ်စု၏ တီးတိုးအတင်းတုပ်သံကို ကြားလိုက်ရသည်။ သူတို့အားလုံးက ထျန်းနင်အကြောင်း ပြောဆိုနေကြသည်။ ဖျော်ဖြေးရေးလောကဆိုသည်မှာ တခြားသူ၏ဘဝကို နင်းခြေပြီး ကိုယ်ကျိုးငဲ့ရသည့် လောကမျိုးဖြစ်သည်။ ထျန်းနင်၏အောင်မြင်မှုကို မနာလိုဝန်တိုသည့် တက်သစ်စလေးများလည်း ရှိသည်။
 
"ဘယ်သူ သွေးထိုးလှုံ့ဆော်တယ်လို့ နင်တို့ထင်လဲ"
 
"ဘယ်သူပဲ သွေးထိုးသွေးထိုး ငါတော့ ဂရုမစိုက်ပါဘူး။ သူတို့က လုပ်သင့်လုပ်ထိုက်တာ လုပ်သွားတာပဲ။ အရမ်းမိုက်တယ်လို့ မထင်ဘူးလား"
 
"Star Kingရဲ့မော်ဒယ်ချင်းယွီ ခန်းမဆောင်ထဲက ထွက်သွားတာကို မြင်မိတဲ့သူ ရှိတယ်။အဲဒီမိန်းမကြည့်ရတာ တစ်ခုခုကို ခိုးကြောင်ခိုးဝှက် လုပ်နေပုံပဲ"
 
"နင်မြင်လိုက်တာလား"
 
"ငါ့လက်ထောက်တွေ့လိုက်တာပဲ။ ဒါပေမဲ့ တိုးတိုးပြော အသံကျယ်ကျယ်နဲ့ သွားမပြောမိစေနဲ့။ ဒါက Star King နဲ့ ဟိုက်ဟွေ့ကြားက တိုက်ပွဲလေ။ ငါတို့တွေ ဝေးဝေးနေလေ အကောင်းဆုံးပဲ"
 
ရုတ်တရက် တံခါးဆောင့်ဖွင်သံကို ကြားလိုက်ရပြီး အိမ်သာအခန်းထဲမှ ဟွာကျင်းကျင်း အပြင်ထွက်လာသည်။
 
တက်သစ်စ မော်ဒယ်လေးများ၏မျက်နှာထား ပျက်ယွင်းသွားပြီး ဟွာကျင်းကျင်းကို ကြောင်တိကြောင်တောင် ငေးကြည့်လိုက်သည်။  သူတို့အားလုံး ကြောက်ကြောက်ရွံရွံဖြင့် ခေါင်းငုံ့လိုက်ပြီး သူတို့လက်ကိုင်အိတ်များကို ယူဆောင်ကာ သူတို့အတင်းဖျင်းပြောသည့်နေရာမှ လစ်ထွက်သွားရန် ကြံရွယ်သည်။
 
သို့သော်လည်း ဟွာကျင်းကျင်းက သူမတို့နောက်ကိုလိုက်လာပြီး သူတို့သွားမည့်လမ်းကိုပိတ်ဆို့ထားသည်။
"ဘယ်သူရဲ့လက်ထောက်က ချင်းယွီကို မြင်ခဲ့တာလဲ"
 
သူတို့တစ်ဖွဲ့လုံးက ခေါင်းငုံ့ထားပြီးမကြားသလို လျစ်လျူရှုထားသည်။ သို့သော်လည်း ဟွာကျင်းကျင်းက ပေ့ါသေးသေး မဟုတ်ချေ။ သူမက ရိုးရှင်းစွာ ပြုံးလိုက်ပြီး
"မင်းတို့က ဟိုက်ဟွေ့ကို ရန်စရဲတယ်လား။ ဒီလောကမှာ မင်းအသက်ဆက်ရှင်ချင်သေးရဲ့လား"
 
သူတို့အားလုံးက အကျိုးအကြောင်း အကောင်းအဆိုးကို ချင့်ချိန်စဉ်းစားပြီး သူတို့ကြားခဲ့သမျှကို ဟွာကျင်းကျင်းသိအောင် ပြောပြလိုက်သည်။
 
ဟွာကျင်းကျင်းက မျက်လွှာချထားပြီး သူမ၏စိတ်အခြေအနေကို ထိန်းချုပ်နေသည်။
 
ထို့နောက် ထျန်းနင်၏ဘေးနားကို သွားလိုက်ပြီး ပြုံးပြုံးလေးဖြင့်ကြေညာလိုက်သည်။
"ငါတို့တွေ တရားခံကိုမိပြီ"
 
ထျန်းနင်က ဟွာကျင်းကျင်းကို တအံ့တဩမော့ကြည့်လိုက်သည်။
 
ဟွာကျင်းကျင်းက ထျန်းနင်ဘေးနားက ချင်းယွီကို မေးငေါ့ပြကာ မျက်စပစ်လိုက်သည်။
 
ထျန်းနင်က မသိသလိုဟန်ဆောင်ပြီး ပြန်မေးသည်။
"ဘယ်သူလဲ"
 
"ဒီကိစ္စကို ဥက္ကဋ္ဌမို့သိအောင် ပြောပြထားပြီးပါပြီ။ ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး။ ဒါက အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်တယ်။ ဟိုဘက်ကြယ်ဘုရင်ဖျော်ဖြေရေးကို ဖြေရှင်းချက်ပြန်ပေးဖို့ မို့ထင် အကြောင်းကြားထားပြီးပြီ။ သူတို့ဘက်က ဖြေရှင်းချက်တစ်ခုတောင် မပေးနိုင်ရင် သူတို့မော်ဒယ်ကို နာမည်ပျက်စာရင်းထည့်ခိုင်းမယ်။ အနုပညာလောကမှာ ရှင်သန်ခွင့် မပေးနိုင်ဘူးတဲ့"
 
ဟွာကျင်းကျင်းက ပုံမှန်ထက်ကျယ်လောင်သောအသံဖြင့် စကားပြောလိုက်သည်။
"ချင်းအလှမယ်လေး ငါပြောတာ ဟုတ်တယ်မလား"
 
ချင်းယွီ ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားပြောသည်။
"ငါ... ငါက ဘယ်လိုသိမှာလဲ"
 
"မော်ဒယ်တစ်ယောက်ရဲ့လက်ထောက်က မျက်မြင်တွေ့ခဲ့တယ်။ နင်မသိတာ တကယ်ပဲလား"
 
ချင်းယွီက အခြေအနေကို ဆန်းစစ်လိုက်ပြီး ဟွာကျင်းကျင်းပြောသမျှစကားလုံးတိုင်းက ယုံကြည်ရန် မထိုက်တန်ကြောင်းသဘောထားလိုက်သည်။
"သူတို့က ဘာမြင်ခဲ့တာလဲ။ နင်တို့မှာ သက်သေရှိလို့လား"
 
ပြီးပါပြီ။

အပိုင်း(၂၃၇) ငါတို့လည်း မို့ဥက္ကဋ္ဌကို မန်နေဂျာအဖြစ် လိုချင်တယ်

 
ဟွာကျင်းကျင်းက ဖျော်ဖြေရေးလောကထဲ ကျင်လည်ခဲ့သည်မှာ ၁၀နှစ်ကျော်ကြာပြီး ဖြစ်၍ အတိတ်တုန်းက ချင်းယွီလို မိန်းမစားမျိုးကို မြင်ဖူးပြီးသား ဖြစ်သည်။ ထို့ကြောင့် မည်သူမှ သတိမထားမိခင် ချင်းယွီကို အားမနာစတမ်း ကန်လိုက်သည်။ သူမ၏ချွန်မြသော ဒေါက်မြင့်ဖိနိပ်က ချင်းယွီ၏ခြေသလုံးသားထဲ စိုက်ဝင်သွားသည်။
 
ချင်းယွီမှာ နာကျင်လွန်းသည့် ဝေဒနာကြောင့် လန့်ဖျပ်ပြီး ထခုန်မိသည်။ သူမ၏ဂုဏ်သိက္ခာကိုနည်းနည်းလေးမျှ မစောင့်ထိန်းဘဲ ဟွာကျင်းကျင်း၏နာမည်ကို အော်ခေါ်လိုက်သည်။
 
အစီအစဥ်မှူးက စင်အောက်မှ ရုပ်ပျက်ဆင်းပျက်မြင်ကွင်းကို သတိထားမိ၍ ဟွာကျင်းကျင်းတို့ရှိသည့်ဘက်ကို ကင်မရာမရိုက်မိရန် ဒါရိုက်တာကို မျက်စပစ်ထားသည်။ ထိုမှသာ တိုက်ရိုက်ထုတ်လွှင့်မှု ရုပ်ပျက်ဆင်းပျက် ဖြစ်ခြင်းကို ကာကွယ်နိုင်လိမ့်မည်။
 
"ဟွာကျင်းကျင်း နင်ရူးနေလား။ တရားမလွန်လာနဲ့"
 
ချင်းယွီမှာ မိမိကိုယ်မိမိထိန်းချုပ်နိုင်သည့် အသိစိတ်ပျောက်ဆုံးသွားပြီး ငါးစိမ်းသည်ကဲ့သို့ အော်ကြီးဟစ်ကျယ် ပြောဆိုနေသည်။ အကျိုးဆက်အနေဖြင့် အနားမှာ ရှိရှိသမျှ လူအားလုံး၏စိတ်အာရုံကို အမြန်ဆုံးနှုန်းဖြင့် ဆွဲဆောင်သွားနိုင်သည်။ ထိုချိန် ဟွာကျင်းကျင်းက အားလုံးမမျှော်လင့်ထားသည့်လုပ်ရပ်မျိုး လုပ်ဆောင်လာသည်။ သူမက မတ်တတ်ထရပ်လိုက်ပြီး ချင်းယွီ၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
 
ဟွာကျင်းကျင်းက ချင်းယွီကို ပါးရိုက်လိုက်သည့်မြင်ကွင်းကို လူအများစုက မျက်မြင် တွေ့လိုက်ဈသည်။
 
"နင်က ငါ့ကိုရိုက်ရဲတယ်ပေါ့ ဟုတ်လား"
ချင်းယွီက သူ့ပါးသူ လက်ဖြင့်ကွယ်ထားပြီး ဟွာကျင်းကျင်းကို မယုံကြည်နိုင်စွာ ငေးကြောင်ကြည့်နေသည်။
ဟွာကျင်းကျင်းက သူမ၏လုပ်ရပ်အတွက် ဖြေရှင််းချက် မပေးခဲ့သလို ဘာမှ မဖြစ်ခဲ့သလို ခုံပေါ်ပြန်ထိုင်လိုက်သည်။ ထိုအပြုအမူကြောင့် လူတိုင်းက ချင်းယွီကို အထင်မှားသွားကြသည်။ ချင်းယွီက စူပါမော်ဒယ်ဟွာကျင်းကျင်း၏အရိုက်ခံသင့်သည့် အပြစ်မျိုးကျူးလွန်ထားသည်ဟု အားလုံးက ယူဆသွားသည်။
 
အင်တာနေရှင်နယ် အဆင့်မီသည့် ဟွာကျင်းကျင်းက ချင်းယွီကို ပါးရိုက်ခွင့်ရှိသည်။
 
သူကိုယ်သူ ဘာအဆင့်အတန်းထင်နေ၍ ပြန်အာခံသည့်စကားမျိုး ပြောရဲသေးသည်။
 
ကိုယ့်နေရာကိုယ့်အဆင့်အတန်းကို မသိသည့် ချင်းယွီလို မော်ဒယ်မျိုးက ပါးရိုက်ခံသင့်သည်။
 
အဆင့်အတန်း အရည်အချင်း နိမ့်ပါးသည်မှာ မဆန်းကြယ်ပေ။ ချင်းယွီက အီကျူရော အိုင်ကျူရော နိမ့်ကျလွန်းသည်။
 
"ဟွာကျင်းကျင်း။ ထျန်းနင်က ပေါပေါပဲပဲ တတိယအဆင့်မော်ဒယ်လေ။ နင်က သူ့ကိုကာကွယ်ပေးရလောက်တဲ့ အဆင့်အတန်းရှိလို့လား"
 
"တတိယတန်းစားမော်ဒယ်လို့ နင့်ပါးစပ်က ထပ်ပြောကြည့်စမ်း"
 
အခြေအနေက ပိုပိုပြီး ဆိုးရွားကာ အရှိန်မြှင့်လာသောကြောင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်ကြောင်း ချင်းယွီသိနေခဲ့သည်။ ယခုလိုအခြေအနေမျိုးတွင် သူမက အရှုံးကို ဝန်ခံလိုက်လျှင် သူမနှင့် ကြယ်ဘုရင်ဖျော်ဖြေရေးကို တခြားသူများက ကဲရဲ့ရှုတ်ချလိမ့်မည်။
 
ထို့ကြောင့် ချင်းယွီက ပြောင်ပြောင်တင်းတင်း အာခံလိုက်သည်။
"ထျန်းနင်က တတိယတန်းစားမော်ဒယ်။ ငါပြောတာ နင် ကြားလိုက်တယ်နော်။ အဲဒီကောင်မ ဟိုက်ဟွေ့ ထဲ ဝင်လိုက်တော့ရော ဘာဖြစ်လဲ။ ငါတို့ကြယ်ဘုရင်ဖျော်ဖြေရေးက အဲဒီမိန်းမကို နာမည်ပျက်စာရင်းသွင်းခဲ့တဲ့ အမည်းစက်ကို ပြောင်းလဲလို့ရမယ်လို့များ ထင်နေလား"
 
"ပြီးတော့ အဲဒီကောင်မ ဒီနေရာကို ကပ်ဖားရပ်ဖားလုပ်ပြီး ရောက်လာတာပဲ။ ဘာများ အထင်ကြီးစရာ ရှိလို့လဲ"
 
"နင့်အကူအညီရအောင် နင့်ကို မျက်နှာချိုသွေးခဲ့တာလေ။ နင်လည်း ငပေါမဆိုတော့ အလွယ်တကူ ယုံကြည်တတ်တာပေါ့။ ဒါကြောင့်လည်း  ထျန်းနင်ကို နင်က ရတနာတစ်ပါးလို တန်ဖိုးထား ဆက်ဆံနေတာလား။ သတိလေးလည်း ထားဦးနော်။ နင့်ကိုလည်း ရောင်းစားနေဦးမယ်"
 
သူတို့သုံးဦးက သုံးတန်းမြောက်ထိုင်ခုံ၏ ညာဘက်အခြမ်းမှာ ထိုင်နေ၍ လူကွယ်ရာနေမျိုး ဖြစ်သော်လည်း ချင်းယွီ၏နှုတ်မှထွက်လာသည့် ထျန်းနင်ကို သရော်သည့်စကားလုံးများကို လူအများစုက ကြားနိုင်သေးသည်။
 
"ထျန်းနင်က ဟိုက်ဟွေ့ကို ဘယ်လိုဝင်ခွင့်ရလည်း ငါလည်း မသိပါဘူး။ ဒါပေမဲ့ နင်တို့ရဲ့မို့ဥက္ကဋ္ဌက လူလိမ်တွေကို မုန်းတာ နင်လည်း သိတယ်မလား။ ထျန်းနင်ရဲ့ဘဝ ဘယ်လိုမျိုးပျက်စီးမလဲဆိုတာ ငါစောင့်ကြည့်ဦးမယ်..."
 
ထျန်းနင်က ချင်းယွီကို စကားတစ်ခွန်းမျှ မပြောဘဲ အမူအရာမပျက် ခပ်အေးအေးကြည့်နေသည်။ သူမ၏အကြည့်မှာ သရော်ဟန်ကို မြင်တွေ့နိုင်သည်။
 
သို့သော်လည်း ဟိုက်ဟွေ့က လူတိုင်းတုန်လှုပ်စေမည့် ဆောင်းပါးကို ထုတ်ပြန်ခဲ့သည်။
 
လူအများစုက သူတို့၏ရန်ပွဲကို ကြည့်ရှုပြီး ပျင်းရိလာ၍ သူတို့ဖုန်းများကို ထုတ်ကာ သတင်းကြည့်ရှုနေသည်။ ဖုန်းပေါ်မှာ မြင်တွေ့လိုက်သည့်သတင်းကြောင့် သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
 
"နင်က ထျန်းနင်အကြောင်းလျှောက်ပြောနေတာလား"
 
ချင်းယွီက ထျန်းနင်ကို နှုတ်အားဖြင့် တိုက်ခိုက်နေစဉ် ချင်းယွီ၏ညာဘက်မှာထိုင်နေသည့်မိန်းကလေးက ချင်းယွီအနားတိုးကပ်ကာ သတိပေးသည်။
"ချင်းမော်ဒယ်။ နင်ဆက်မပြောတော့ရင် ကောင်းမယ်။ ထျန်းနင်ရဲ့မန်နေဂျာက ဘယ်သူလို့ထင်လဲ"
 
ချင်းယွီက သူ့ဘေးနားကမိန်းကလေးကို စက်ဆုပ်သည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
 
ထိုအမျိုးသမီးက ချင်းယွီကို ကူကယ်ရာမဲ့ ငေးကြည့်ပြီး ဆက်ပြောလိုက်သည်။
"နင် ငါ့စကားကို နားမထောင်ချင်ရင်တော့ နင့်သဘောပါပဲ။ နင်က  တခြားသူ ဟားစရာ ဖြစ်သွားရုံပေါ့"
 
ချင်းယွီက ထိုမိန်းမပြောသွားသည့်စကားကို နားလည်ရခက်ခဲနေသည်။ သို့သော်လည်း စင်အောက်မှာရှိရှိသမျှ လူတိုင်းက တီးတိုးတီးတိုး စကားပြောနေကြပြီး တစ်စုံတစ်ရာကို စိတ်ရှည်ရှည်ဖြင့် ဆွေးနွေးနေသည်။
 
ထိုသတင်းက ဖျော်ဖြေရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး လူတိုင်း မမျှော်လင့်ထားသည့် သတင်းမျိုးလည်း ဖြစ်နေသည်။
 
"ငါလည်း အတော်လေးကို အံ့ဩမိတယ်။ ဟိုက်ဟွေ့ရဲ့စီအီအိုက သူ့ကိုယ်သူ ထျန်းနင်ရဲ့ကိုယ်ရေးမန်နေဂျာလို့ ကြေညာရတယ်လို့ဟယ်"
 
"ကိုယ်ရေးကိုယ်တာ...(ကိုယ်ပိုင်)"
 
"အရေးကြီးဆုံးအချက်က မို့ထင် ဘယ်လိုလူလဲဆိုတာပဲ။ မို့ထင်က လျှို့ဝှက်ဆန်းကြယ်ပြီး လူတိုင်းကြောက်ရတဲ့ ဖျော်ဖြေရေးလောကရဲ့ဘုရင်ကြီးပဲ"
 
"ငါတော့ ထျန်းနင်ကို အရမ်းကြီး မနာလိုဖြစ်မိတယ်။ ဒီလိုဖြစ်လာအောင် ဘယ်လိုများ ကြံရွယ်လိုက်လဲပဲ သိချင်တယ်"
 
"စီအီအိုကို သူ့မန်နေဂျာ ဖြစ်အောင်လုပ်နိုင်တော့ ထျန်းနင်မှာ ထူးခြားတဲ့အရည်အချင်းရှိရမယ်"
 
"ဒီအကြောင်းကို တွေးကြည့်လေ တွေးကြည့်လေ ငါလည်းပဲ မို့ဥက္ကဋ္ဌကို ငါ့မန်နေဂျာလေး ဖြစ်စေချင်တယ်"
 
ချင်းယွီ ညံံ့ဖျင်းသည့်တိုင်အောင် ပတ်ဝန်းကျင် အခြေအနေကို နားမလည်သည့်အထိ မတုံးအချေ။
 
ထို့ကြောင့် ချင်းယွီက ခါးကိုင်လိုက်ပြီး သူ့ဘေးနားက မိန်းကလေး၏လက်ကိုင်ဖုန်းကို လှမ်းဆွဲလိုက်သည်။ ဟိုက်ဟွေ့၏ကြေညာချက်ကို မြင်တွေ့ပြီးနောက် သူမ သွေးပျက်သွားသည်။
 
ဟွာကျင်းကျင်းလည်း သတင်းကိုမြင်လိုက်သည်။ သူမ၏လက်ထဲမှ ဖုန်းကိုမြှောက်ကာ စကားပြောသည်။
"ဒါက နင်ပြောတဲ့ တတိယတန်းစားမော်ဒယ်လား။ ဖျော်ဖြေရေးလောကရဲ့ဘုရင်ကြီးကို သူ့ကိုယ်ပိုင်မန်နေဂျာဖြစ်အောင် လုပ်နိုင်တာ တော်ရုံအရည်အချင်းလို့ ထင်နေသလား"
 
"လူတစ်ယောက်ရဲ့ဘဝကတော့ အဆုံးသတ်တော့မယ်"
 
"စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်ကို နောက်ကွယ်က ခြယ်လှယ်ခဲ့တဲ့လူက နင်ဆိုတာ ငါတို့မသိဘူးများ ထင်နေလား"
 
"ထျန်းနင်ရဲ့မန်နေဂျာမို့ထင်က နင့်ကို ဘယ်လိုစီရင်မယ်လို့ ထင်နေလဲ။ အခုအချိန်မှာ ငါပြောနိုင်တာတော့ မို့ထင်ရဲ့ တုံံ့ပြန်တဲ့နည်းလမ်းတိုင်းက သေမတတ် ကြောက်လန့်ဖို့ကောင်းတယ် ဆိုတာပဲ"
 
ချင်းယွီ၏အသက်ရှုသံ မြန်ဆန်လာသည်။ ခုံပေါ်ပြန်မထိုင်ခင် ထျန်းနင်ကို အလျင်စလို လှမ်းကြည့်လိုက်သည်။
 
တကယ်တော့ ထျန်းနင်ကိုယ်တိုင်လည်း မြင်လိုက်သည့်သတင်းကြောင့် အံ့ဩနေသည်။ သူမ၏အဆင့်အတန်းကို မြှင့်တင်ပေးချင်သည့်မို့ထင်က သူမ၏မန်နေဂျာဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့သည်။
 
"ဟေ့ အဲဒီမိန်းမပျက်ရဲ့မျက်နှာကို ကြည့်ပါဦး"
ဟွာကျင်းကျင်းက လက်ညိုးထိုးလိုက်သည်။
 
ထျန်းနင်က စိတ်ကြည်နေ၍ ရယ်မောလိုက်သည်။
 
"မို့ဥက္ကဋ္ဌက နင့်ကို ဒီလောက်အတိုင်းအထိ အလိုလိုက်မယ်လို့ မထင်ထားခဲ့မိဘူး။ နင့်မန်နေဂျာလုပ်ဖို့ ဆုံးဖြတ်လိုက်တာလား။ ဒါကို နင်ရော သိပြီးသားလား"
 
"ဒါပေါ့ ငါသိတာပေါ့။ ဒါပေမဲ့ ဒီလိုမျိုး တရားဝင်ကြေညာမယ်လို့တော့ မထင်ခဲ့မိဘူး"
 
ဟွာကျင်းကျင်းက သူမကို အထင်အမြင်မှားသွားမည်ကို စိုးထိတ်မိသည်။
 
"ဒါဆို ကောင်းတာပေါ့။ မို့ဥက္ကဋ္ဌရဲ့ကာကွယ်မှုရှိရင် ပြဿနာအိုးတွေအားလုံး နင့်အနားကပ်ရဲတော့မှာ မဟုတ်ဘူး"
 
ဟွာကျင်းကျင်း ပျော်ပျော်ရွှင်ရွှင် တုံ့ပြန်လိုက်သည်။ သူမက ထျန်းနင်ထက် အသက်ပိုကြီး၍ သူမကိုယ်သူမ ထျန်းနင်၏အစ်မကြီး တစ်ယောက်ဟု တွေးထားသည်။
 
စင်ပေါ်မှာ ဖြစ်ခဲ့သည့်ကိစ္စမှာ ထျန်းနင်အတွက် လက်တုံ့မပြန်နိုင်ခဲ့၍ သူမ စိတ်မကောင်းဖြစ်ခဲ့သည်။ မို့ထင်က ထျန်းနင်၏မန်နေဂျာဖြစ်ကြောင်း ကြေညာလိုက်ခြင်းသည် ထျန်းနင်၏အဆင့်အတန်းကိုမြှင့်တင်ပေးခြင်းနှင့် အတူတူပင်ဖြစ်သည်။ အနည်းဆုံးတော့ ထျန်းနင်ကို ဒုက္ခ မပေးခင် လူတိုင်းက သေချာတွေးတောကြလိမ့်မည်။ မို့ထင်ကို ရန်ရှာမိသည့် အကျိုးဆက်ကို သူတို့ဖြေရှင်းနိုင်သည်လောဟု တွေးတောလိမ့်မည်။
 
ဟိုက်ဟွေ့၏ကြေညာချက်က ချက်ချင်း ရှာဖွေမှုထိပ်တန်းကို ရောက်သွားသည်။
 
ထျန်းနင်မှာ ကျောထောက်နောက်ခံ မို့ထင်ရှိလျှင် မည်သူက သူမနှင့် အလုပ်ယှဉ်လုရဲမည်နည်း။
 
ပြီးပါပြီ။

Continue Reading

You'll Also Like

10M 517K 43
|| Featured FREE story with exclusive paid chapters - previously a paid story || When Haley discovers the truth behind Xavier, whose silence holds a...
10.8K 176 25
After protecting the world from Hajun for 8000+ years, Tenma Yato, knowed also as Ren Fujii found his death by the hand of the Eastern Expedition. Ho...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
34.8M 1.4M 58
One thing, just one little thing Julie had to do to have a... Let's say decent... First day at her new school... Don't. Draw. Attention. First impres...