ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep235+236+237
Ep238+239+240
စာစဉ်(၁၈) Ep 241+242+243
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

Ep 232+233+234

140 10 0
By jellyflower1

အပိုင်း(၂၃၂) ဒါဆို 'အချစ်'ကို ဘယ်လိုအပြစ်ပေးဖို့ ကြံရွယ်ထားလဲ

 
ထျန်းနင် ခန့်မှန်းခဲ့သည့်အတိုင်း လူယုတ်မာကောင်က ဟွာကျင်းကျင်း လူသတ်သမားဖြစ်ကြောင်း တကယ်ထုတ်ပြောခဲ့သည်။ သက်သေအဖြစ် အပျော်မယား၏ မိဘနှစ်ပါးစလုံး လူအများရှေ့ ခေါ်ထုတ်ရန် ကြံရွယ်ထားသေးသည်။
 
အင်တာနက်နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲသူများမှာ ထိုသတင်းကြောင့် ပင့်သက်ရှိုက်ကြသည်။ဤလောကကြီးမှာ အရှက် သိက္ခာမဲ့သည့် လူတချို့ ရှိနေလိမ့်မည်ဟု ယုံကြည်ရခက်ခဲနေသည်။
 
ဟွာကျင်းကျင်းက အကြံအစည်ကြီးမားသော မိန်းကလေး ဖြစ်ခဲ့လျှင် နှစ်ပေါင်းများစွာ အကြမ်းဖက်ခံရခြင်းကို ခါးစည်းခံနေမည် မဟုတ်ပေ။ သို့သော်ငြား အသိဉာဏ် မရှိသည့် လူယုတ်မာကောင်က ဇွဲမလျော့ခဲ့ချေ။
 
တစ်ဖက်မှာလည်းအပျော်မယား၏မိဘများအကြောင်းကို ထျန်းနင်က လုချယ်အား စုံစမ်းခိုင်းခဲ့သည်။
 
ထိုစဉ် ဟွာကျင်းကျင်းက သွေးပျက်ခြင်း အလျင်မရှိချေ။
 
"သူတို့သွားချင်ရင် အင်တာဗျူးပွဲကို သွားကြပေါ့။ သူတို့တွေ လူလူချင်း စာနာစိတ် မရှိတာ သိရတာပေါ့"
 
ဖန်ယွီက ဟွာကျင်းကျင်းကို ဒွိဟဖြစ်သော ခံစားချက်များဖြင့် ငေးကြောင်ကြည့်နေသည်။
 
"ငါတို့ဘက်ကလည်း တစ်ခုခု တန်ပြန်တိုင်ခိုက်သင့်တယ်လို့ မထင်ဘူးလား"
 
"မလိုပါဘူး"
ဟွာကျင်းကျင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
 
ဖန်ယွီ သံသယဝင်နေမိ၍ ပိုသေချာအောင် ထပ်မေးလိုက်သည်။
"ကျင်းကျင်း။ သေချာပါတယ်နော်"
 
"သေချာပါတယ်။ ဟိုမသာကောင်က ငါတို့ကို ဘယ်လိုတန်ပြန်တိုက်မလဲ စောင့်ကြည့်ရတာပေါ့"
 
ဖန်ယွီက ဟွာကျင်းကျင်းကို ယုံကြည်သော်လည်း သင့်လျော်သည့်ကြိုတင်ပြင်ဆင်မှုကို လုပ်ဆောင်ထားရဦးမည်။
 
ဆေးရုံရောက်နေသည့်ဟွာကျင်းကျင်းတို့က မသာကောင်ယွီဝမ်ရှင်း၏ အင်တာဗျူးကို တီဗီရုပ်သံလိုင်းမှာ ကြည့်ရှုနေသည်။
 
"ဟွာကျင်းကျင်း အရိုက်ခံရလို့ လူတိုင်းက သနားစိတ်ဝင်နေရုံပါ။ ဒါပေမဲ့ ဟွာကျင်းကျင်း ဘယ်လိုမျိုး သွေးအေးရက်စက်လည်း ဘယ်သူမှ မသိကြပါဘူး"
 
"ဟွာကျင်းကျင်း အရိုက်ခံရတာပဲ လူတိုင်းက အာရုံစိုက်နေတယ်။ တခြားသူကို ဟွာကျင်းကျင်း ရိုက်နှက်တာ လျစ်လျူရှုထားရက်တယ်"
 
"အတိတ်တုန်းက ငါဟာ ဟွာကျင်းကျင်းကို နာကျင်စေမိတယ်။ ဒါပေမဲ့ ငါတို့က လက်ထပ်ထားတာ မဟုတ်ဘူးလေ။ လျှိုယွီဝမ်နဲ့ စချစ်ကြိုက်တဲ့အချိန် ဟွာကျင်းကျင်းနဲ့ လမ်းခွဲထားပြီးသားပါ။ လျှိုယွီဝမ်ကို အပျော်မယားလိုလို စနှိုက်ကြော်လိုလို မရှုတ်ချပါနဲ့"
 
"ဟွာကျင်းကျင်းက တစ်ချိန်လုံး လိမ်လည်လှည့်ဖျားနေခဲ့တဲ့ လူလိမ်မပဲ။ အဲဒီမိန်းမယုတ်က လူသတ်သမားငှါးရမ်းပြီး လျှိုယွီဝမ် ကို သတ်ခဲ့တယ်။ အဲဒီကောင်မက လူသတ်သမားပဲ"
 
ယွီဝမ်ရှင်း၏ဘေးနားမှာ ပညာတတ်ဇနီးမောင်နှံ ထိုင်နေသည်။ ယွီဝမ်ရှင်း၏အပြောအဆိုကြောင့် သူတို့မျက်နှာထား ပျက်ယွင်းနေသည်။ သူတို့သမီးကို သတ်ခဲ့သည့် လူသတ်သမားကို သိရပြီး ဒေါသဖြစ်နေသည်ဟု မီဒီယာက ယူဆလိုက်သည်။
 
"ဦးလေး နဲ့ ဒေါ်ဒေါ် ကျွန်တော် ကြိုပြီးတော့ တောင်းပန်ထားပါရစေ။ ရှောင်ဝမ်လေးရဲ့ဂုဏ်သိက္ခာချနင်းခံရတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ လူသတ်တရားခံပေါ်မှ ရှောင်ဝမ်ရဲ့ ဝိညာဉ် ငြိမ်းချမ်းမှာမို့ပါ။ ဦးလေးတို့လင်မယားကို အနူးအညွှတ် တောင်းပန်ပါတယ်။ အမှန်အတိုင်း ဖွင့်ချစေချင်လို့ ဦးလေးတို့ကို ဒီနေ့ ဖိတ်ခေါ်ထားတာပါ။ ဒီမှာ အမှန်အတိုင်း ဖွင့်ပြောဖို့ မေတ္တာရပ်ခံပါရစေ"
 
ဇနီးမောင်နှံနှစ်ဦးစလုံးက ယွီဝမ်ရှင်းကို လှည့်ကြည့်ကြသည်။ လျှိုယွီဝမ်၏ဖခင်က ပထမဆုံး တုံ့ပြန်လာပြီး မတ်တတ်ထရပ်ကာ ယွီဝမ်ရှင်းပေးသည့် မိုက်ခွက်ကို လက်ခံလိုက်သည်။
 
ရိုက်ကွင်းမှာ ရှိရှိသမျှလူအားလုံး တုန်လှုပ်စေမည့် အပြုအမူမျိုး လျှိုယွီဝမ်၏ဖခင်က လုပ်ဆောင်သွားသည်။
 
သူက မိုက်ခွက်ဖြင့် ယွီဝမ်ရှင်း၏ခေါင်းကို ထုရိုက်နေပြီး ရိုက်ချက်တိုင်းက အားပြင်းပြီး ဒေါသစိတ်ကို ဖော်ပြနေသည်။ ယွီဝမ်ရှင်းက အလျင်အမြန် ရှောင်တိမ်းနိုင်၍ သူ့အရေပြားပေါ်မှာ ပွန်းပဲ့ရာ အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။
 
ရှိရှိသမျှ သတင်းထောက်အားလုံး ပွက်လောရိုက်သွားသည်။
 
"အမျိုးယုတ်ကောင်။ စောက်ကျင့်မကောင်းတဲ့ အယုတ်တမာ ၊ စောက်ပြဿနာကောင်"
 
အဖေလျှို အော်ဟစ်နေသည်။
 
"ငါတို့မိသားစုရဲ့ ဇာတ်ရှုပ်ကြီးကို ထုတ်မပြချင်ပေမဲ့ မင်းကြောင့် ဖွင့်ချရတော့မယ်။ ငါ့မှာ လူ့စိတ်ရှိသေးတော့ ဒီအတိုင်း ထိုင်မကြည့်နိုင်တော့ဘူး"
 
"ယွီဝမ်နဲ့ ချစ်သူဖြစ်နေတုန်းက မင်းက ဟွာကျင်းကျင်းနဲ့လည်း ချစ်သူဖြစ်တုန်းပဲ။ မင်းက အသိဉာဏ်မရှိတဲ့ ခြံခုန်နွားကောင်။ ရွံစရာကောင်းလွန်းတယ်။ မင်း လူယုတ်မာမှန်း ငါတို့လျှိုမိသားစုဝင်တိုင်း သိထားပြီးသား။ နင့်ဂုဏ်သိက္ခာကို ပြန်ဆယ်ချင်တာလား အိပ်မက်သာ ဆက်မက်နေလိုက်စမ်းပါ"
 
"ငါတို့သမီးအတွက်တရားမျှတမှုလည်း မရှာချင်ဘူး။ ဒီနေရာကိုလည်း မလာချင်ဘူး။ ငါတို့မိသားစုကြောင့် ဟွာကျင်းကျင်း ဒုက္ခရောက်နေတာ မြင်ရတော မဆိုင်စလို မနေနိုင်ရက်ဘူး။ ဟွာကျင်းကျင်းရဲ့ကောလဟာလသတင်းက ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းတွေကြောင့် ငါတို့လင်မယား အိပ်လို့တောင် မပျော်ဘူး။ ဘယ်လို ကူညီပေးရမလဲ တိုင်ပင်နေကြတာပဲ။ တိုက်တိုင်ဆိုင်ဆိုင် ယွီဝမ်ရှင်းက ငါတို့နဲ့ လာရှာခဲ့တယ်။ သူလုပ်မယ် တီဗီအစီစဉ်ကို ကောင်းကောင်းအသုံးချပြီး ငါ့သမီး ဘယ်လိုသေခဲ့လဲ ကြေညာမယ်လို့ တိုင်ပင်ထားတယ်"
 
"ငါ့သမီးသေရတာ ဟွာကျင်းကျင်းနဲ့ဘာမှမသက်ဆိုင်ဘူး။ ငါ့သမီးက လူယုတ်မာကောင် ယွီဝမ်ရှင်းကို သစ္စာဖောက်ပြီး ဟိုတယ်ပိုင်ရှင်နဲ့ ရှုပ်နေခဲ့တယ်။ အဲဒီဇာတ်ရှုပ်ကို ဟိုတယ်ပိုင်ရှင်ရဲ့မိန်းမ သိသွားတော့ ငါ့သမီး ရုပ်ပျက်ဆင်းပျက် သေခဲ့ရတာပဲ"
 
"အဲဒီအမှန်တရားကို ငါ့သမီးသေပြီး နှစ်အနည်းငယ်ကြာမှ စုံစမ်းမိတာပါ။ သိသိချင်း ရဲစခန်းမှာ အမှုဖွင့်ခဲ့လည်း ဘာမှအကျိုးမထူးခဲ့ပါဘူး"
 
"အခု ပြောသမျှက အမှန်တရားဆိုတာ ကျမ်းကျိန်ရဲပါတယ်"
 
"ဟွာကျင်းကျင်းလည်း ဆင်းရဲဒုက္ခက လွတ်မြောက်နိုင်ဖို့ ငါတို့မျှော်လင့်ပါတယ်။ ဘုရားသခင်က လူကောင်းတွေကို စောင့်ရှောက်မှာပါ။ လူယုတ်မာတွေက အပြစ်ပေးခံသင့်ပါတယ်။ မဟုတ်ဘူး ငရဲဘုံတန်းပို့တာတောင် သူတို့အပြစ်တွေကို မဆေးကြောနိုင်ဘူး"
 
အမှန်တရားကို လျှိုယွီဝမ်၏မိဘနှစ်ပါး နှုတ်မှ ဖွင့်ဟဝန်ခံလာသည်။
 
ယွီဝမ်ရှင်း ကြောင်တောင်တောင် ဖြစ်နေသည်။
 
ဟိုးယခင်တည်းက သူ့ကို အမှန်အတိုင်း ရှင်းပြရန် ဟွာကျင်းကျင်း အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူက ဘယ်သောအခါမှ စကားဆုံးအောင် နားမထောင်ခဲ့ချေ။
 
ဟွာကျင်းကျင်းက သူ့အချစ်ရဆုံးမိန်းကလေးကို သတ်ခဲ့သည်ဟု သူ့စိတ်အာရုံထဲ အမြစ်တွယ်နေသည်။
 
တစ်ဖက်သတ်ဆန်သည့် ယုံကြည်မှုကြောင့် ဟွာကျင်းကျင်းကို နှိပ်စက်ချင်စိတ်သာ ဖြစ်ခဲ့သည်။ လျှိုယွီဝမ်၏မိဘနှစ်ပါးကိုယ်တိုင်က သူတို့သမီးကို သတ်ခဲ့သူက တခြားသူဖြစ်ကြောင်း နှင့် ယွီဝမ်မှာ တခြားယောက်ျား ရှိနေသေးကြောင်း ထုတ်ပြောခဲ့သည်။
 
ဒါဆို ဟွာကျင်းကျင်း ပြောသမျှက အမှန်ပေါ့။
 
သူမအပြစ်မရှိကြောင်း ရှင်းပြရန် ကြိုးစားမိလေတိုင်း ကန်ကျောက်ခံရ ၊ လက်သီးနှင့် အထိုးခံရသည်။
 
သူက ဟွာကျင်းကျင်းကို အရက်စက်ဆုံး နည်းလမ်းများဖြင့် နှစ်ပေါင်းများစွာ ညှဉ်းပန်း ခဲ့သည်။
 
ယွီဝမ်ရှင်းက အင်တာဗျူးအစီစဉ်မှာ ရှိနေသော်လည်း ရုတ်တရက် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး သူ့အကြည့်မှာ တုန်လှုပ်မှု နှင့် နောင်တများ ဖြစ်တည်နေသည်။
 
ဆေးရုံအခန်းလေးအတွင်းမှာ ဟွာကျင်းကျင်းက တီဗီဖန်သားပြင်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
 
ထျန်းနင်က သူမအနားလမ်းလျှောက်သွားပြီး သူမကိုချော့မော့ရန် ဖက်ထားလိုက်သည်။
"အခုတော့ အမှန်တရား ပေါ်သွားပြီ။ ဘဝအသစ်ကို စတင်လို့ရပြီ"
 
မှားယွင်းစွပ်စွဲခံရသည့် ခံစားချက်အားလုံး သူမ၏ခန္ဓာကိုယ်ပေါ်မှ ပျောက်ကွယ်သွားသည်။  သူမ၏နှလုံးသားကို ပိတ်လှောင်ထားသည့် သောကမီးမှ လွတ်မြောက်သွား၍ ဟွာကျင်းကျင်း ရယ်လိုက်ငိုလိုက် ဖြစ်နေသည်။
"ငါ လွတ်မြောက်ပြီ"
 
"ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ စိတ်ထိန်းပါဦး။ SuperQueen Awardပွဲမှာ ဘုရင်မ လုပ်ရဦးမယ်နော်။ ကျန်းမာရေးကို ဂရုစိုက်ပါ ကျင်းကျင်း"
 
ထျန်းနင်မှာ ထိပ်တန်းကြော်ငြာကို အရယူနိုင်ခဲ့သလို ယနေ့ အပျော်ကြီးပျော်နေခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် ညစာပြင်ဆင်ရင်း ဆွဲဆောင်မှုရှိစွာ ပြုံးရယ်နေမိသည်။
 
ညနေခင်းမှာ မို့ထင် အိမ်ပြန်လာပြီး မီးဖိုချောင်ထဲမှာ ထျန်းနင် ရှိနေမှန်း သတိထားမိသည်။
"နတ်သုဒ္ဓါ ဟင်းလျာတွေကို ပြင်ဆင်နေတာပဲ။ အချစ်က ဂုဏ်ပြုပွဲ ကျင်းပချင်လို့လား"
 
"ထင်...ဒီတစ်ခေါက် စီစဉ်ထားတာ ပီပြင်တယ်"
 
"အားလုံးက အမှန်တရားပဲလေ။ ဖန်တီးထားတဲ့ ဇာတ်လမ်းမဟုတ်ဘူး"
မို့ထင် ပြန်ဖြေလိုက်၏။
 
ထျန်းနင် မပြုံးခင် တအံ့တဩ ဖြစ်သွားသည်။
"ဒါဆို 'ထင်' က 'အချစ်'ကို ညာပြီး ဇာတ်ရှုပ်ကြီးကို အမှန်အတိုင်း ပေါ်အောင် လုံးပန်းနေတာပေါ့"
 
မို့ထင်က ထျန်းနင်ကို ချီလိုက်ပြီး မီဖိုချောင်အုတ်ခုံမှာ ထိုင်စေသည်။
"ကိုယ် အဲဒီလို မညာလိုက်ရင် ချစ်ဇနီးလေး ပင်ပန်းနေတာ ဘယ်နှရက်လောက် ကြာအောင် ကြည့်နေရမှာလဲ။ ပြီးတော့ ကိုယ့်ကို 'အချစ်'က လျစ်လျူရှုထားတယ် မဟုတ်ဘူး"
 
"အဲလို မဟုတ်ရပါဘူး 'ထင်' ရယ်"
 
"လူလိမ်မလေး"
 
မို့ထင်က ထျန်းနင်၏နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်သည်။
 
"ဒါဆို 'အချစ်'ကို ဘယ်လိုအပြစ်ပေးဖို့ ကြံရွယ်ထားလဲ"
 
ထျန်းနင်က သူမ၏လက်မောင်းကို ဆန့်လိုက်ပြီး မို့ထင်၏လည်တိုင်ကို ဖက်ထားလိုက်သည်။
 
ပြီးပါပြီ။

အပိုင်း(၂၃၃) နေ့ဘက်မှာ မန်နေဂျာ၊ ညဘက်မှာ အချစ်ရဲ့ ယောကျ်ား

 
မို့ထင်က ခေါင်းငုံ့လိုက်ပြီး သူ့နှာဖျားလေးဖြင့် ထျန်းနင်၏နှာဖျားလေးကို ဖွဖွလေးထိလိုက်သည်။
 
"ဒါဆိုရင် ကိုယ်က နေ့ဘက်မှာ မန်နေဂျာ။ အလုပ်မှာ အချစ်ရဲ့အစေခံလေးပေါ့။ ညဘက်မှာ အချစ်ရဲ့ ယောက်ျားပေါ့။ ကိုယ့်တာဝန်က ချစ်လေးကို အိပ်ရာပေါ်မှာ အဖော်ပြုပေးရမယ်လေ"
 
"ဒါဆိုရင် အစေခံအလုပ်လေး အနားယူချိန်တန်ပါပြီ"
 
မို့ထင်က မီးဖိုခလုတ်ကို ပိတ်လိုက်ပြီး ထျန်းနင်ကို အိပ်ရာပေါ်မတင်ပေးခင် ရေချိုးခန်းထဲ ပွေ့ချီသွားသည်။
 
"မို့ကတော်လေး တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်နော်။ လူဆိုးမလေး ဖြစ်နေပြီ..."
 
မို့ထင်၏လက်က ထျန်းနင်၏ခန္ဓာကိုယ်ကို ပွတ်သပ်နေပြီး နောက်ဆုံးတော့ ခြေထောက်မှာ လက်ရပ်တန့်သွားသည်။
 
ထျန်းနင် တွန့်ခနဲဖြစ်သွား၍ မို့ထင် ဒွိဟဖြစ်စွာ ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ဒူးကို ကြည့်လိုက်မှ ဖြူဖြူဖွေးဖွေးအရေပြားပေါ်မှာ ပွန်းပဲ့ရာကို မြင်တွေ့လိုက်ရသည်။
 
"ဘယ်လိုဖြစ်ရတာလဲ"
 
"ရေချိုးခန်းထဲမှာ ချော်လဲတာပါ"
 
မို့ထင်က ဆေးသေတ္တာကို သွားယူပြီး ထျန်းနင်ကို ဆေးလိမ်းပေးနေသည်။ ထျန်းနင်ကို ထိတွေ့ရန် မကြိုးစားတော့ဘဲ ထျန်းနင် အိပ်ပျော်သွားရန် ချော့သိပ်နေသည်။
 
ညလယ်ရောက်မှာ အေးစက်စက်ခံစားချက်ကြောင့် ထျန်းနင် လန့်နိုးသွားသည်။ သူမဘေးနားမှာ အိပ်စက်နေသည့် မို့်ထင် ပျောက်နေမှန်း သဘောပေါက်သွားသည်။ ဟိုဟိုသည်သည် မျက်စိကစားကြည့်မှ ရေချိုးခန်း မီးလင်းနေသည်ကို သတိထားမိသည်။
 
ထျန်းနင်က အိပ်ရာပေါ်မှ ထလိုက်ပြီး မို့ထင်မရိပ်မိအောင် ခြေဖွဖွလေး လှမ်းကာ ရေချိုးခန်း အနားသွာသည်။
 
မို့ထင်က စတိုးခန်းမှာသိမ်းဆည်းထားသည့် ခြေမချော်သည့်ကြမ်းခင်းကို ကြမ်းပြင်ပေါ်မှာ သေသပ်ကျနစွာ ခင်းကျင်းနေမှန်း ထျန်းနင် မြင်တွေ့လိုက်သည်။
 
ထျန်းနင်က မို့ထင်အနား ချဉ်းကပ်လိုက်ပြီး နောက်ကျောမှ သိုင်းဖက်ကာ သူ့ကျောပြင်ပေါ် မျက်နှာအပ်ထားလိုက်သည်။
 
"တော်သင့်ပြီ။ လုံလောက်နေပါပြီ။ ချစ်လေးရဲ့ နှလုံးသားတွေ နာကျင်လှပါပြီ"
 
မို့ထင်က သူဆက်လုပ်နေသည့်အလုပ်ကို ရပ်တန့်လိုက်သည်။ သူက မတ်တတ်ထရပ်လိုက်ပြီး ထျန်းနင်ကို ကျောပိုးကာ ရေချိုးခန်းအပြင်ဘက်ကို ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အိပ်ရာပေါ်ရောက်သည်နှင့် ထျန်းနင်ကို ချော့သိပ်ပြီး သူတို့နှစ်ဦးစလုံး အိပ်မောကျသွားသည်။
 
သို့သော်လည်း နောက်တစ်နေ့ မနက်ခင်း ထျန်းနင် အိပ်ရာနိုးလာချိန် ရေချိုးခန်းတစ်ခန်းလုံး ခြေမချော်စေသည့် ကြမ်းခင်းများဖြင့် ဖုံးလွှမ်းထားကြောင်း မြင်တွေ့လိုက်ရသည်။
 
ထျန်းနင်က ရေချိုးခန်းတံခါးအပေါက်မှာ မတ်တတ်ရပ်ပြီး ပြုံးနေမိသည်။ သူမ၏ပျော်ရွှင်မှုကိုကိုယ်စားပြုသည့် မျက်ရည်စက်များက သူမ၏မျက်ဝန်းမှ အတားအဆီးကင်းမဲ့စွာ ကျဆင်းလာသည်။
 
...
 
ယွီဝမ်ရှင်း၏ကောလဟာလသတင်းသည် မကြာမီကျင်းပမည့် ဆုပေးပွဲအခမ်းအနားအတွက် ဟွာကျင်းကျင်းကို ထင်ပေါ်ကျော်ကြားအောင် မိတ်ဆက်ပေးသလို ဖြစ်ခဲ့သည်။ ယခုနှစ်ဆုပေးပွဲအတွက် ဟွာကျင်းကျင်းက အရွေးချယ်ခံစာရင်း၏ထိပ်ဆုံးမှာရှိနေ၍ ဟိုက်ဟွေ့ကိုယ်တိုင်က ဟွာကျင်းကျင်း ဆုပေးပွဲအခမ်းအနား တက်ရောက်မည့်အကြောင်းကို ကြေညာထားသည်။
 
ကောလဟာလ သတင်းများပေါ်ထွက်ပြီးနောက် ဟွာကျင်းကျင်း ပထမဆုံးတက်ရောက်သည့် ပွဲအခမ်းအနား ဖြစ်လာလိမ့်မည်။ လူတိုင်းက ဟွာကျင်းကျင်းကို စိုးရိမ်နေကြပြီး ပွဲတော်မှာ ဟွာကျင်းကျင်းကို အင်တာဗျူးရန် စိတ်အားထက်သန်နေသည့် လူတချို့လည်း ရှိနေပါသေးသည်။
 
ထိုစဥ် မည်သူမှ မမျှော်လင့်ထားသည့် အဖြစ်အပျက်မျိုးလည်း ရှိနေသေးသည်။အကြောင်းမူကား ထျန်းနင်က ပွဲတော်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ခြင်း ဖြစ်လေ၏။
 
ထိုအချိန်က ဟွာထျန်းFrienship ဆိုသည့် စကားလုံးက နေရာတိုင်း ပြန့်နေပြီး ထျန်းနင် ပွဲတက်ရသည့်အကြောင်းအရင်းက ဟွာကျင်းကျင်းကို ဂုဏ်ပြုရန် ဖြစ်ကြောင်းလည်း ရိပ်မိကြသည်။
 
သူတို့အတွေးက မှန်လည်း မှန်သလို မှားလည်း မှားနေသည်။
 
တကယ်လက်တွေ့က ထျန်းနင်အတွက် အံ့ဩစရာ အဖြစ်အပျက်လေးကို မို့ထင် ပြင်ဆင်ထား၍ ထျန်းနင်ကို ပွဲတက်ခိုင်းခြင်း ဖြစ်သည်။
 
ဟိုက်ဟွေ့၏စီအီအိုရုံးခန်းမှာ ဖန်ယွီက မို့ထင်ပို့ပေးသည့်စာမူကြမ်းကို ကိုင်ဆောင်ပြီး တအံ့တဩ ဖြစ်နေသည်။
 
"မို့ဥက္ကဋ္ဌက ထျန်းနင်ရဲ့မန်နေဂျာဆိုတာ တစ်လောကလုံးသိအောင် ကြေညာတော့မလို့လား။ ဒီလိုဆိုရင်..."
 
ဖန်ယွီမှာ စကားအဆုံးအထိ ပြောမိမှာ ကြောက်နေမိသည်။
 
သူတို့၏ဘုန်းတော်ကြီးမြတ် ကျော်စောသည့် ဥက္ကဋ္ဌကြီးက ထျန်းနင်၏ မန်နေဂျာ ရာထူးကို ယူထားကြောင်း ကြေညာတော့မည်။ အများအမြင်ကို လျစ်လျူရှုလိုက်သည်လော။
 
ကုမ္ပဏီ၏ရာထူးကြီးပိုင်းများ နှင့် ရှယ်ရာရှင်များက သဘောတူလိုက်သော်လည်း ၎င်းကြေညာချက်က ဖျော်ဖြေရေးလောကတစ်ခုလုံးကို ဗုံးပေါက်ကွဲသလို ဖြစ်စေလိမ့်မည်။
 
"ဘာလဲ။ ကြေညာပေးဖို့ အရမ်းကို ခက်ခဲနေလို့လား"
မို့ထင်က ခေါင်းမော့ကာ ဖန်ယွီကို မေးမြန်းလိုက်သည်။
 
"ဥက္ကဋ္ဌက ထျန်းနင်ကို အရမ်းကြီး အဆင့်အတန်းမြှင့်ပေးလိုက်ရင် ထျန်းနင်ကို အကောက်ကြံတဲ့လူတွေ ပိုများလာမယ်။ အမုန်းအာဃာတတွေ တိုးပွားလာအောင် ဆွဲဆောင်သလို ဖြစ်နေဦးမယ်"
 
ဖန်ယွီက ထျန်းနင်အတွက် စိုးရိမ်မိသည်။ မို့ထင်က ထျန်းနင်၏ကိုယ်ရေးကိုယ်တာမန်နေဂျာမှန်း လူတိုင်းသိသွားခဲ့လျှင် ထျန်းနင်ကို ဝန်တိုသူ ပိုများလာလိမ့်မည်။ တချို့က ထျန်းနင်၏အလုပ်ကြိုးစားသည့်ရလာဒ်ကို အသိအမှတ်ပြုရန် အင်တင်တင် ဖြစ်နေလိမ့်မည်။
 
 
"နောက်ကျောပိုင်ရှင် အိပ်မက်မင်းသားလေး ဇာတ်လမ်းကလည်းရှိနေသေးတယ်။ လူအများစုက
ဥက္ကဋ္ဌ နဲ့ ထျန်းနင်ရဲ့ ဆက်ဆံရေးကိုပဲ စိတ်ဝင်စားနေလိမ့်မယ်။ ဥက္ကဋ္ဌ ပြန်စဥ်းစားဖို့ လိုအပ်ပါတယ်"
 
"ထျန်းနင်ရဲ့ ပရိုဖက်ရှင်နယ်ဆန်တဲ့ ကြိုးစားမှုတိုင်းကို သက်သေထူစရာ လိုအပ်သေးလို့လား။ ထျန်းနင်ရဲ့နာမည်ကြောင့် ရတဲ့အလုပ်အများရှိနေပြီးသားပါ။ ထျန်းနင်က ထိပ်ဆုံးကို ရောက်သွားဖို့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုအပ်နေတာပါ။ ငါ့ရည်ရွယ်က ထျန်းနင်ကို လာရှုပ်နေတဲ့ အတားအဆီးတိုင်းကို ရှင်းလင်းပေးပြီး ထျန်းနင်က အရည်အချင်းရှိကြောင်း နဲ့ နောက်ခံရှိကြောင်း သိစေချင်လို့ပဲ"
 
"ဒီဖျော်ဖြေရေးလောကမှာ ငါ့အကြောင်း မကောင်းသတင်းဖန်တီးရဲတဲ့လူ ရှိလားလို့  ပြန်တွေးကြည့်စမ်းပါ"
 
"သူတို့အားလုံး တုန်လှုပ်သွားပြီး စပ်စုချင်ကြမှာပဲ ငါတို့ကြားက ဆက်ဆံရေးကိုပဲ စိတ်ဝင်စားနေလိမ့်မယ်"
 
မို့ထင်က သူ့လက်အောက်ငယ်သား နားလည်အောင် ရှင်းပြတတ်သည့် အပြုအမူမျိုး တွေ့ရခဲသည်။
"သူတို့အားလုံး အမှန်တရားနဲ့ နီးစပ်လာလေလေ ထျန်းနင်က အောင်မြင်မှု သရဖူကို ဆောင်းနိုင်နေလောက်ပြီ"
 
ထျန်းနင်က သူတို့အားလုံးအလွယ်တကူ ပြဿနာရှာနိုင်သည့် မော်ဒယ်မဟုတ်မှန်းလည်း သိသွားစေချင်သည်။
 
ဖန်ယွီက မို့ထင်၏အတွေးကို နားလည်သင့်သလောက် နားလည်သွားသည်။
 
ဖန်ယွီက စာမူကြမ်းလေးကို ပိုက်ပြီး ပြုံးလိုက်သည်။
"ဥက္ကဋ္ဌက ထျန်းနင်အပေါ် အရမ်းကောင်းတာပဲ
 
မို့ထင်က သူ့ရုံးခန်းထိုင်ခုံကို လှည့်လိုက်ပြီးသူ့လက်ထပ် လက်စွပ်ကို မြင်အောင် လက်မြှောက်လိုက်သည်။
"ထျန်းနင်က ငါ့ချစ်ဇနီးလေးပဲ။ ငါ့ဇနီးလေးကို ဒီလောကကြီးထဲမှာအပျော်ရွှင်ဆုံး မိန်းကလေး ဖြစ်စေချင်တယ်"
 
ဖန်ယွီခေါင်းညိတ်လိုက်သည်။ သူက ထျန်းနင်ကို နောက်ထပ် သံသယမဝင်မိချေ။
"စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျွန်တော်သေချာ ကိုင်တွယ်လိုက်ပါ့မယ်။ ဒီသတင်းကြေညာပြီးတာနဲ့ ဖျော်ဖြေရေးလောကတစ်ခုလုံး ငလျင်လှုပ်သလို ဖြစ်သွားစေရမယ်လို့ အာမခံတယ်"
 
လက်တွေ့မှာ ဖန်ယွီကိုယ်တိုင်လည်း စိတ်လှုပ်ရှားမိသည်။ ထျန်းနင်တို့ဇနီးမောင်နှံကို ကြည့်ပြီး ကြည်နူးမိသည်။
 
...
 
ထျန်းနင်က မို့ထင်၏အကြံအစည်ကို လုံးဝလုံးဝ မသိခဲ့ချေ။ ဆုပေးပွဲအခမ်းအနားမတိုင်မီ သူမက ပုံမှန်အတိုင်း ဟွာကျင်းကျင်းကို ဖုန်းဆက်လိုက်သည်။ အမျိုးသမီးနှစ်ဦးစလုံးက အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်လာပြီး နေ့စဥ် လုပ်ရိုးလုပ်စဥ် အလုပ်များနှင့် ဘဝအတွေ့အကြုံများကို ဆွေးနွေးတိုင်ပင်လေ့ရှိသည်။
 
"ယွီဝမ်ရှင်းက မနေ့ညတည်းက ငါ့အိမ်ရှေ့မှာ ဒူးထောက်တောင်းပန်နေတယ်"
ဟွာကျင်းကျင်းက မိတ်ကပ်ပညာရှင်၏ မိတ်ကပ်လိမ်းခြယ်ပေးနေသည်ကို ခံယူရင်း ထျန်းနင်နှင့်စကားပြောနေသည်။
 
"နင် စိတ်ပျော့ညံ့သွားလို့မဖြစ်ဘူးနော်။ စိတ်ကို တင်းထားစမ်းပါကွာ"
ထျန်းနင်က သူမဝတ်ဆင်မည့် ဝတ်စုံကို ရွေးချယ်နေလျက် ပြန်ဖြေလာသည်။
 
"ဆယ်နှစ်လုံးလုံး အိပ်မက်ဆိုးကြီးမှာ ငရဲခံတဲ့ဘဝနဲ့ ရှင်သန်ခဲ့ပြီးပြီ။ သင်ခန်းစာကောင်းကောင်းရနေခဲ့ပါပြီ။ ငါ ဘာကိုရွေးချယ်စဉ်းစားသင့်လဲ မသိဘဲနေပါ့မလား"
 
"ဟိုးအရင်တည်းက သူ့ကိုချစ်ခဲ့တဲ့အချစ်တွေ ပျောက်ဆုံးခဲ့တဲ့ပုံပဲ။ ငါ့စိတ်ကို ရစ်ပတ်ချည်နှောင်နေတာ တရားမျှတမှု ထင်ပါရဲ့။ အမှန်တရား ပေါ်သွားတည်းက ငါ့စိတ် လွတ်လပ်ပေါ့ပါးသွားတယ်။ သူ့ကို ချစ်ခဲ့တဲ့စိတ်တွေလည်း ပြယ်လွင့်သွားပြီ"
 
"ဒီလိုကြားရတာ ကောင်းတယ်။  သူ့ကို ဆက်ပြီးတော့ ဒူးထောက်ခိုင်းထားလိုက်"
 
"ဒီညပွဲရဲ့ အနီရောင်ကောဇောမှာ ငါတို့တွေ အတူတူလမ်းလျှောက်ကြမယ်မလား"
 
ထျန်းနင်က ရယ်ရယ်မောမောဖြင့် ပြန်ဖြေသည်။
"နင့်အတွက် သတင်းထောက်တွေကို တားဆီးပေးရမယ် တာဝန်က ငါ့တာဝန်ပဲလေ"
 
ထျန်းနင်၏အဖြေကိုနားထောင်ပြီးနောက် ဟွာကျင်းကျင်းက သူမ၏ဖုန်းကို အောက်ချထားလိုက်ပြီး လက်ထောက်ကို လှမ်းမေးလိုက်သည်။
 
"ဟိုမသာကောင် အောက်ထပ်မှာ ရှိနေသေးလား"
 
"အမ် ဟုတ်ကဲ့ ရှိနေသေးတယ်"
လက်ထောက်မိန်းကလေးက ခေါင်းညတ်ပြသည်။
"အဲဒီလူက ဒူးထောက်နေတဲ့အပြင် သူ့ပါးသူ ပြန်ရိုက်နေတယ်။ အစ်မဟွာ ဒီတစ်ခေါက်တော့ အဲဒီလူကို ခွင့်မလွှတ်ရဘူးနော်"
 
"ခွင့်လွှတ်စရာလားဟယ်"
 
ဟွာကျင်းကျင်းက ထိုစကားကို အံကြိတ်ပြီး ပြန်ပြောလိုက်သည်။ သူမကိုယ်သူမ မှန်ထဲမှာပြန်ကြည့်လိုက်သည်။ မိတ်ကပ်များ ဖုံးလွှမ်းထားသော်လည်း သူမ ခံစားခဲ့ရသည့် နာကျင်မှုကို ကွယ်ဝှက်ထားနိုင်စွမ်း မရှိပေ။
 
"အခုအချိန်ကစပြီးတော့ ငါ့အဘိဓာန်မှာ ခွင့်လွှတ်တဲ့စကားလုံး မရှိိတော့ဘူး။ ငါ့က အင်တာနေရှင်နယ်အဆင့်မီ စူပါမော်ဒယ်။ ဒင်းက လူပေတေ။ အကျင့်စာရိတ္တက ခြစားနေတဲ့လူယုတ်မာ။ ငါလိုမိန်းကလေးနဲ့ ဒင်းနဲ့ ထိုက်တန်ပါ့မလား"
 
ထိုစကားကို ကြားလိုက်သည်နှင့် လက်ထောက်မိန်းကလေး အလွန့်ကို ပျော်ရွှင်သွားသည်။
"ဟုတ်တယ်။ ငါတို့ကျင်းကျင်းလေးက အင်တာနေရှင်နယ်စူပါမော်ဒယ်။ ကျင်းကျင်းလေး လိုချင်တဲ့ ယောက်ျားကို ခေါင်းခေါက်ယူလို့ရတယ်"
 
"ဟိုကောင်လို လူယုတ်မာတွေအားလုံး ဒီကမ္ဘာမြေပေါ်က မြန်မြန်ပျောက်ကွယ်သွားစမ်းပါ။ သူတို့အားလုံး မိုးကြိုးပစ်ခံရပြီး သေသွားစမ်း။ ပြီးရင် ငရဲပြည်မှာ ဝဋ်ကြွေးပေးဆပ်နေတော့"
 
ပြီးပါပြီ။

အပိုင်း(၂၃၄) ငါ့မန်နေဂျာက ငါ့ကိုဒီဝတ်စုံအတင်းဝတ်ခိုင်းတယ်

 
ကင်မရာမီးရောင်များ တလျှပ်လျှပ်နှင့် တောက်ပသော အနီရောင်ကောဇောကြောင့် SuperQueen ဆုပေးပွဲအခမ်းအနားက လှပလွန်းသည့်ရှုခင်းလေး ဖြစ်၍နေသည်။
 
ဖျော်ဖြေရေးလောကထဲ ထျန်းနင် ပြန်ဝင်လာပြီဟု ကြေညာပြီးနောက်ပိုင်း ထျန်းနင်တက်ရောက်ခဲ့သည့် ဒုတိယမြောက် ပွဲအခမ်းအနားဖြစ်၏။ ပထမဆုံးပွဲက တစ်နှစ်တာ မော်ဒယ်ဆုပေးပွဲ အခမ်းအနားဖြစ်ပြီီး တစ်နှစ်တာအတွင်း အထူးခြားဆုံး မော်ဒယ်ဆုတံဆိပ်ကို သိမ်းပိုက်ကာ အိမ်ပြန်ခွင့်ရခဲ့သည်။ ယနေ့ SuperQueenဆုပေးပွဲအခမ်းအနားမှာ သူမက ဧည့်သည်တော်အနေဖြင့် တက်ရောက်ခြင်းသာ ဖြစ်သည်။ မော်ဒယ်လောကမှ စီနီယာများနှင့် ရင်းနှီးမှုရရှိစေရန် ပွဲတက်ရောက်ခြင်းလည်း ဖြစ်၏။
 
ဟွာကျင်းကျင်းက ယနေ့ပွဲ၏အဓိက ဇာတ်ဆောင်လည်း ဖြစ်သည်။ ထို့ကြောင့် ထျန်းနင်က သာမန်ပုံစံဖြင့် ပွဲတက်ရောက်ရန် ဆုံးဖြတ်မိသည်။ ထျန်းနင်အတွက် အဝတ်အစားပြင်ဆင်ထားပေးရန် လုံကျဲကို မို့ထင်က စေခိုင်းထားသည်။ မို့ထင်က သူမနှင့်လိုက်ဖက်မည့် တောက်ပသည့် ပွဲတက်ဝတ်စုံနှင့် ရွှေအိုရောင် ဒေါက်မြင့် ဖိနိပ်လေးကို ပြင်ဆင်ပေးထားသည်။ ထျန်းနင်ကုိ ပွဲမှာ ထင်ရှားေစချင်ပုံရသည်။
 
အမျိုးသမီးနှစ်ဦးက ကုမ္ပဏီစီစဥ်ပေးသည့် ဗန် (van)ကားပေါ်မှာ ထိုင်နေပြီး ဟွာကျင်းကျင်းက ထျန်းနင်ကို ငေးကြည့်လိုက်သည်။  သူမ၏အမြင်အာရုံထဲ ဝင်ရောက်လာသည့် ပုံရိပ်ကြောင့် လက်ညိုးလေးထိုးကာ စကားပြောလိုက်သည်။
"နင် ဒီနေ့ဝတ်ပုံစားပုံက နင့်ရဲ့ပုံမှန်စတိုင်နဲ့ ခြားနားနေလို့ပါလား"
 
"ငါ့မန်နေဂျာက ငါ့ကို ဒီဝတ်စုံ အတင်းဝတ်ခိုင်းတာလေ"
ထျန်းနင် ပြန်ဖြေလိုက်သည်။
 
"မဆိုးဘူး။ အမြင်ကောင်းလေး ရှိသားပဲ"
ဟွာကျင်းကျင်း ချီမွှမ်းလိုက်သည်။
 
ထျန်းနင်က ရယ်မောလိုက်ပြီး  စကားလမ်းကြောင်းလွှဲလိုက်သည်။ မို့ထင်က သူမအတွက် ခေါင်းအစခြေအဆုံး ကြည့်ကောင်းအောင် ကြိုတင်ပြင်ဆင်ပေးထားပြီး  လက်ဝတ်ရတနာကိုလည်း ဝတ်စုံနှင့် လိုက်ဖက်အောင် ရှာကြံထားသည်။
 
ဆုပေးပွဲအခမ်းအနားက အနည်းငယ်ထူးဆန်းနေသည်ဟု ထျန်းနင်ခံစားမိသည်။
 
သိပ်မကြာလိုက်သူတို့နှစ်ဦးစလုံး ပွဲကျင်းပသည့် နေရာကို ရောက်ရှိသွားသည်။ ဗန် (van)ကားပေါ်မှ ပွဲ၏လှပသောရှုခင်းလေးကို ကောင်းစွာမြင်နိုင်ပြီး ကျော်ကြားသောအနုပညာရှင် အများစုလည်း ပွဲအခမ်းအနားကို ရောက်ရှိနေသည်။ ထိုမြင်ကွင်းကြောင့် SuperQueen ဆုပေးပွဲသည့် အနုပညာလောကတွင် ထိုက်သင့်သလောက် အာဏာရှိကြောင်း သိနိုင်သည်။
 
"ဝိုး။ သူငယ်ချင်းတို့ရေ ဟွာကျင်းကျင်း ရောက်လာတာ မြင်လား။ သူနဲ့အတူတူ ဟိုက်ဟွေ့ရဲ့အဖွဲ့ဝင်အသစ်လေး ထျန်းနင်လည်း လိုက်လာတယ်"
 
အစီအစဥ်မှူး၏အော်သံကို ကြားလိုက်ရပြီးနောက် လုံကျဲက ဗန်(van)ကားထဲမှ ပထမဆုံးအပြင်ထွက်လိုက်ပြီး ဟွာကျင်းကျင်း အပြင်ထွက်နိုင်ရန် ကားတံခါးကို ဖွင့်ပေးလိုက်သည်။ သို့သော်လည်း ထျန်းနင် အပြင်မထွက်ခင် နားစူးလောက်သည့်အော်သံကို ကြားလိုက်ရသည်။ ထိုအသံက စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် အော်သံမျိုး ဖြစ်သည်။
 
ယွီဝမ်ရှင်း အတားအဆီးကို ဖြတ်ကျော်ပြီး ဟွာကျင်းကျင်း၏အရှေ့မှာ ဒူးထောက်နေခြင်းကို မြင်တွေ့လိုက်ရ၍ လုံကျဲနှင့် ဟွာကျင်းကျင်းပါးစပ်အဟောင်းသား ဖြစ်နေသည်။
 
လူတိုင်းလည်း တုန်လှုပ်သွားသည်။ သို့သော်လည်း သူတို့အားလုံး၏ဖုန်းကင်မရာကို ထုတ်ပြီး လူယုတ်မာကောင်၏အရှက်ရဖွယ် မြင်ကွင်းကို အမိအရ ဓာတ်ပုံရိုက်ကြသည်။ ဒါက သတင်းခေါင်းစည်းပိုင်း ဖြစ်လာနိုင်သည်။
 
ဒီကောင်စုတ်က ဟွာကျင်းကျင်း၏ခွင့်လွှတ်မှုကို ရယူရန် ပွဲကိုရောက်လာသနည်း။
 
လူတိုင်း၏ဒေါသသွေး ပွက်ပွက်ဆူနေသည်။ ထိုစဥ် ထျန်းနင်က ဗန်(van)ကားပေါ်မှာ ထိုင်နေတုန်း ဖြစ်သည်။ ဟွာကျင်းကျင်းက ယခုအခြေအနေကို ဖြေရှင်းနိုင်ရန် အချိန်လိုအပ်ကြောင်း  သူမ သိနေသည်။
 
ဟွာကျင်းကျင်းက ငွေရောင် ဝတ်စုံရှည်ကို သူမ၏ခပ်မိုက်မိုက် ခန္ဓာကိုယ်ပေါ် လွှမ်းခြံုထားသည်။ လှိုင်းတွန့်ဆံပင်ရှည်လေးက သူမ၏ကျောပေါ်မှာ ရေလှိုင်းလေးအလား ထင်မှတ်ရပြီး မိတ်ကပ် အပြင်အဆင်က နဂိုရှိိရင်း ရုပ်ရည်ကို ပိုလှပစေသည်။ သူမအသားအရေကို ပိုထင်ပေါ်စေရန် အရောင်တောင်သည့်နှုတ်ခမ်းနီကို နှုတ်ခမ်းသားပေါ်ဆေးဆိုးထားသည်။
 
အလှနတ်မိမယ်လေး၏အရှေ့မှာ အသိဉာဏ်မရှိသည့် လူယုတ်မာကောင်က ဒူးထောက်ထားသည်။
 
"ကျင်းကျင်း။ ကိုယ့်ကိုခွင့်လွှတ်ပေးလို့ရမလား။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တည်းက ကိုယ်မှားခဲ့တာပါ။ အဲဒီအမှားကြောင့် လူယုတ်မာ ဖြစ်ခဲ့ရတာပါ"
 
ဟွာကျင်းကျင်းက သူ့ကိုငုံ့ကြည့်လိုက်သည်။ သို့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏ဦးခေါင်းကို နောက်တစ်ကြိမ်မော့လိုက်ပြီး တည်ငြိမ်စွာစကားြပန်ပြောလိုက်သည်။
"ထစမ်း"
 
"ကိုယ့်ကို ခွင့်လွှတ်လိုက်တာလား"
 
"နောက်နောင် ငါ့မျက်စိအရှေ့မရောက်လာဖို့ မျှော်လင့်တယ်။ ငါက အင်တာနေရှင်ရှယ်စူပါမော်ဒယ် ဟွာကျင်းကျင်း။ ဒီလောကကြီးထဲမှာ ငါ့ကို သဘောကျတဲ့လူ၊ ငါ့ကိုကာကွယ်ပေးချင်တဲ့လူတွေ ရာကျော်ရှိတယ်။ နင်က သူတို့တွေကို ယှဥ်လို့ရပါ့မလား"
ဟွာကျင်းကျင်း ရယ်လိုက်သည်။
 
"ငါ့ဘဝကို အသစ်ကပြန်စခွင့်ရရင် ငါ့ဘဝကို စွန်းထင်းစေခဲ့တဲ့ နင့်လိုလူကို ငါ့ဘဝထဲ အပြီးတိုင်ထုတ်ပစ်ချင်တယ်။ နင်လို လူယုတ်မာကောင်ကို ငရဲပြည််၁၈ထပ်မှာပဲ ကျင်လည်စေချင်တယ်။ ဒါက ငါ့ရဲ့တောင်းဆုပဲ"
 
"ပြီးတော့ နင့်ဆန္ဒအတိုင်း နင့်အချစ်စစ် လျှိုယွီဝမ်ကို ချစ်လို့ရတယ်။ လျှိုယွီဝမ်က နင့်ကို အချစ်စစ်နဲ့ ချစ်တယ်မလား။ ငါကတော့ နင်နဲ့ဆက်ပြီးမပတ်သက်ချင်တော့ဘူး။ ငါ့ဘဝငါ အကောင်းဆုံး ရှေ့ဆက်ချင်တယ်။ နင်လိုလူနဲ့ တစ်စက္ကန့် တစ်မိနစ်လောက်တောင် အချိန်မဖြုန်းချင်တော့ဘူး ရှင်းလား"
 
ထိုစကားကို ပြောပြီးနောက် ဟွာကျင်းကျင်းက ယွီဝမ်ရှင်းကို ဆောင့်တွန်းလိုက်ပြီး ဗန် (van)ကားထဲမှ ထျန်းနင် ထွက်ခွာနိုင်ရန် အကူအညီပေးလိုက်သည်။
 
ညီအစ်မနှစ်ယောက်စလုံးက ယွီဝမ်ရှင်းကို မသတီသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဟွာကျင်းကျင်းက ထျန်းနင်နှင့် လက်ချင်းတွဲ လမ်းလျှောက်ကာ ယွီဝမ်ရှင်းကို သတိပေးလိုက်သည်။
"နင် ငါ့ကို ဆက်ပြီးတော့ နှောင့်ယှက်ရင်တော့ နင့်ကို တရားစွဲမယ်။ ယွီဝမ်ရှင်း၊ နင်ကို ပိုပိုပြီး ရွံလာအောင် အကြောမတင်းနဲ့။ နင့်ကို နောက်ဆုံးအနေနဲ့ အသိပေးလိုက်တာပဲ"
 
ဟွာကျင်းကျင်းက ဘုရင်မတစ်ပါးကဲ့သို့ ပြုမူကာ ယွီဝမ်ရှင်းကို လျစ်လျူရှုခဲ့သည့်မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည်။ ယခင်ကလို ရူးမိုက်ပြီး လူယုတ်မာကောင်ကို စွဲလမ်းနှစ်သက်သည့် အပြုအမူမျိုး စွန့်လွှတ်လိုက်မှန်း ရိပ်မိသည်။
 
အစီစဥ်မှူးက ဟွာကျင်းကျင်းတို့ကို မျက်တောင်မခတ်ငေးကြည့်ပြီး လက်မထောင်ကာ ဂုဏ်ပြုလိုက်သည်။
 
ဒါက အမျိုးသမီးတစ်ယောက်မှာ ရှိသင့်သည့်စိတ်သဘောထားမျိုးဖြစ်သည်။ မိမိနှင့်် မထိုက်တန်သည့် ယောက်ျားမိုက်ကို စွန့်ပစ်ပြီး ဘဝအသစ်စတင်ခြင်းသည် မှန်ကန်သည့်လုပ်ရပ်မျိုးြဖစ်သည်။
 
"ဝိုး ။ ငါတို့ ဟွာကျင်းကျင်းလေးနဲ့ ထျန်းနင်ကို အတူတူတွဲမြင်ရတာ ကြည်နူးမိတယ်ကွာ။ လက်ချင်းတွဲပြီး အနီရောင်ကောဇောမှာ လမ်းလျှောက်လာတာ ချစ်သူစုံတွဲလေးလားလို့ အမြင်မှားမိတယ်။ ဟွာထျန်းလေးက အရမ်းကို ခင်မင်ကြပုံပဲ။ လက်မှတ်ထိုးတဲ့နံရံဘက်ကို ကြွပေးကြပါနော်။ ဟွာထျန်းရဲ့အမှတ်တရလက်မှတ်လေးကို နံရံပေါ်မှာ ချန်ပေးခဲ့ပါဦး"
 
ဝင်ပေါက်အနားမှာ ယွီဝမ်ရှင်းက ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။ သို့သော်လည်း ဟွာကျင်းကျင်းက သူ့ကို တစ်ကြိမ်လေးမျှ လှည့်မကြည့်ခဲ့ပေ။ ကျော်ကြားလှသည့် စူပါမော်ဒယ် ဟွာကျင်းကျင်းက လူယုတ်မာေကာင်နှင့် တစ်မိုးအောက်ထဲမှာ မည်သည့်အတွက်ကြောင့် နေထိုင်ရမည်နည်း။
 
"ကျင်းကျင်းကို ချစ်တယ်။ ကိုယ့်ဇနီးလေး ဖြစ်ပေးပါလား"
 
လူအုပ်စုကြီးအနက် ဟွာကျင်းကျင်း၏အမျိုးသားပရိသတ်များက ယခုလိုတောင်းဆိုမှုကို အော်ဟစ်တောင်းဆိုသည်။ ဟွာကျင်းကျင်းက သူမ၏ပရိသတ်များကို လှည့်ကြည့်ကာ အနမ်းပွင့်လေးများ လေထဲကြဲလိုက်သည်။
 
ဟွာကျင်းကျင်း၏ပျော်ရွှင်နေသည့်မျက်နှာအမူအရာကို မြင်ရမှ ထျန်းနင် စိတ်အေးရသည်။
 
ခန်းမဆောင်ထဲဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း မော်ဒယ်အများစုနှင့် ဧည့်သည်တော်များ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဟွာကျင်းကျင်းနှင့် ထျန်းနင်တို့ ဘေးချင်းကပ်ထိုင်ခုံမှာ မထိုင်ခဲ့ကြပေ။ ထျန်းနင်က Star King မှ ချင်းယွီတို့အဖွဲ့အနားမှာ နေရာယူလိုက်သည်။
 
Excalibur Qကြောင့် သူမတို့ တစ်ယောက်နှင့်တစ်ယောက် အမြင်မကြည်ကြပေ။ ထို့ကြောင့် မျက်နှာချင်းဆိုင် ဆုံတွေ့သည့်တိုင်အောင် ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ရန် မလိုအပ်ချေ။ ပွဲအခမ်းအနားမှာ ချင်းယွှီက ဆုတချို့ ရရှိခဲ့၍ ထျန်းနင်၏အရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြနေသည်။
 
နောက်ဆုံးတော့ ထျန်းနင်ကို ဘာဆိုဘာမှ ကြည့်ခွင့်မရအောင် လမ်းပိတ်ထားလိုက်ပြီး ရန်စသော စကားမျိုး ပြောလာသည်။
"နင့်ကို ဆုတစ်ခုလောက် ပေးရမလား"
 
ထျန်းနင်က ရှေ့တည့်တည့်ကိုသာ ကြည့်နေပြီး ပြန်မဖြေခဲ့ပေ။
 
"ဒီနေ့ ဟွာကျင်းကျင်းကတော့ ဆုတစ်ခု ရတယ်။နင်ရော ဘာများရလိုက်လဲ။ ဘာလို့ ဒီပွဲကိုလာတာလဲ။ နင်က အရမ်းကိုထူးဆန်းတယ်နော်။ ဟွာကျင်းကျင်းရဲ့ အရိပ်လေးလုပ်ပြီး ဆုတွေ လာငမ်းတာ မရှက်ဘူးလား"
 
"ရှက်သင့်တဲ့သူက နင်ပဲလို့ ငါထင်တယ်"
နောက်ဆုံးတော့ ထျန်းနင်က သူမ၏ဒေါသစိတ်ကို လွှတ်ပေးလိုက်ပြီး ပြန်တုံ့ပြန်လာသည်။
"ငါ့လို အသစ်လေးကိုတောင် အနိုင်မတိုက်နိုင်တာ။ ငါတို့ကျင်းကျင်းကို အနိုင်ယူမယ့် အရည်အချင်းမျိုး နင့်မှာ ရှိလို့လား"
 
"နင့်ကို ဟွာကျင်းကျင်းရဲ့လက်ပါးစေလို့ တွေးနေမိတာ ဘာလို့များပါလိမ့်။ သူဘာပြောပြော လိုက်လုပ်နေရလား"
 
"နင် အရမ်းတော်နေရင် ငါတို့နဲ့အတူတူယှဥ်ပြီးတော့ ပွဲလျှောက်သင့်တယ်။ အခုလို အပိုစကားတွေပြောနေတာ ဘာမှအကျိုးမထူးဘူး"
 
"နင့်ကို အနိုင်ယူရမှာလား။ အေးဆေးပါ။ ငါ့လက်မှာ ဆုတံဆိပ်တွေ ပြည့်နေရောပဲ ။ နင့်မှာ ဘာရှိလို့လဲ"
ချင်းယွီ မဲ့ပြုံးပြံုးလိုက်သည်။
 
"ဒါပေမဲ့လေ ဟွာကျင်းကျင်း လူလုံးထွက်ပြတော့ ငါအတော်လေးကို အံ့ဩမိတယ်။ ဟွာကျင်းကျင်းကို သူ့ချစ်သူက စွန့်ပစ်ခဲ့တာမလား။ ဪ ဒါနဲ့ နင်လည်း အစွန့်ပစ်ခံခဲ့ရတာပဲ ငါမေ့သွားတော့မလို့။ ဒါဆိုရင် နင်တို့နှစ်ယောက်စလုံးက လင်ပစ်မတွေပဲ။ နင်တို့က တစ်တန်းစားတည်း ဖြစ်နေတော့ ေပါင်းလို့သင်းလို့ အဆင်ပြေတာပေါ့။ သိပ်မဆန်းကြယ်ပါဘူး"
 
ပြီးပါပြီ။

Continue Reading

You'll Also Like

1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.3K 106 7
အချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထ...
3M 87K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...