Paidဝင်ချင်တဲ့ကလေးတွေစာပို့ပေးထားနော်။paidက နောက်လလယ်လောက်ဆို အစအဆုံးပြီးပြီရယ်။
Ch-37 ၂၄နာရီဒိတ်(P-1)
မိမိအားအတင်းအကြပ်အားသုံးနှိုးရာတွင် အပြစ်ရှိစိတ်လုံးဝရှိမနေသည့်လူသာရှိခဲ့မည်ဆိုပါက ထိုလူမှာေသချာေပါက်စုယန်သာဖြစ်ပေလိမ့်မည်။မိမိမှာသူ၏လက်ထောက်ဖြစ်နေသောကြောင့်သာမဟုတ်ပါပဲ သူသည်လည်းလူသားဆန်စိတ်ကင်းမဲ့နေသောကြောင့်ဖြစ်သည်။သူသည်အခြားသူများ၏နေရာတွင် သူ့ကိုယ်သူထားမိနေသည်ကိုပင် မသိသည့်ပုံမှန်မဟုတ်သောသန္ဓေသားလောင်းတစ်ခုသာဖြစ်ပေလိမ့်မည်။
"အာ!!ရှင့်အခန်းဆီပြန်သွားတော့"
နောက်ဆုံးတော့မိမိမှာစုယန်ပြုလုပ်နေသည့် ဆူညံသံကိုသည်းမခံနိုင်တော့ပေ။မိမိသည်စောင်အပြင်ဘက်လက်ထုတ်ကာ ကြုံရာပစ္စည်းတစ်ခုဖြင့်သူ့ထံပစ်ပေါက်လိုက်သည်။သူသည်မိမိအိပ်ခန်းတံခါးအပြင်၌ရပ်နေသည်။
တံခါးခေါက်နေသည်မှာ နောက်ဆုံးတော့ရပ်တန့်သွားတော့သည်။
မိမိသည် စစ်ဆေးရန်အတွက်စောင်ထဲမှခေါင်းထုတ်ကာ တံခါးပေါက်ဆီလှမ်းကြည့်လိုက်သည်။တင်းတင်းပိတ်ထားသောတံခါးမှာ အက်ကြောင်းရာမျှပွင့်နေလေသည်။မိမိသည်စုယန်၏ဒေါသတကြီးဖြစ်နေသည့်ပုံစံအားမြင်နေရသည်။
*ဒုန်း ဒုန်း ဒုန်း ဒုန်း*
တံခါးခေါက်သံသည်နောက်တစ်ကြိမ်ဆက်ထွက်လာပြန်သည်။သူသည်သစ်တောက်ငှက်တစ်ကောင်အလားပင်။
"တစ်ကယ်ကို ရှင်ဘာလုပ်ချင်နေတာလဲ"
မိမိသည်ရိုက်လိုက်ရင်းမိမိခေါင်းအုံးဘေးရှိဖုန်းထံ ခပ်မြန်မြန်စွေကြည့်လိုက်သည်။ဒါကသန်းခေါင်ကြီးလေ။မိမိသည်ဆက်ကနဲထကာ စိတ်အားပြင်ဆင်လိုက်သည်။ကောင်းပြီလေ။နင်ကငါ့ကိုအိပ်ခွင့်မပေးဘူးပေါ့။ဒါဖြင့်လည်းငါတို့နှစ်ယောက်လုံးပျက်စီးကြပေလော့ပဲဟေ့။
"ထတော့"
စုယန်သည်အမိန့်ပေးလာသည်။အနည်းဆုံးတော့တံခါးခေါက်နေသည်မှာ ရပ်သွားလေသည်။သို့သော်စုယန်၏ခေါင်းတစ်ဝက်အားမြင်ရသည်မှာ ပို၍ကြောက်စရာကောင်းနေသည်။
"ရှင်အထဲကိုဝင်ချင်ရင် ဝင်ခဲ့။သရဲတစ်ကောင်လိုဟန်ဆောင်ပြီးအပြင်မှာရပ်မနေနဲ့တော့"
မိမိမှာအော်လိုက်သည်။
"ဘော့စ် ကျွန်မကရှင့်ရဲ့အလုပ်သမားဖြစ်နေရင်တောင်မှ ရှင်ဒီလိုမလုပ်သင့်ဘူးနော်။ရှင့်ကြောင့်ကျွန်မအိပ်ရေးပျက်တာတွေတော်တော်များနေပြီဆိုတာကို ရှင်မသိဘူးလား။အိပ်စက်ခြင်းကအမျိုးသမီးတစ်ယောက်အတွက်အရေးအကြီးဆုံးဆိုတာကို ရှင်မသိဘူးလား"
စုယန်သည် တည်ကြည်သောမျက်နှာထားဖြင့် မိမိ၏ဒေါသအားဂရုမစိုက်ခဲ့ပေ။
"မင်းကြည့်ရတာအိုသွားလို့ဆိုပြီး ငါ့ကိုအပြစ်တင်မနေနဲ့"
သူသည်မိမိ၏အခန်းထဲဝင်လာကာ စောစောကမိမိမှသူ့ထံကြုံရာပစ်လိုက်မိသောပစ္စည်းပေါ်တက်နင်းမိသွားတော့သည်။
အဲ့ဒါကငါ့ရဲ့အတွင်းခံကြီးဟ။
မိမိတို့နှစ်ဦးသားမှာ ထိုအရာအားဗလာသက်သက်စိုက်ကြည့်မိလိုက်ကြသည်။စက္ကန့်ပိုင်းအတွင်းပင် စုယန်၏အမူအယာမှာအေးခဲသွားတော့သည်။သူ့ပါးစပ်သည်ပွင့်ဟလာပြီး နှာခေါင်းပေါက်များမှာကျယ်လာကာ သူ့မျက်ဆံများမှာလည်းပြူးကျယ်လာတော့သည်။
နောက်စက္ကန့်တွင်တော့ သူသည်မိမိ၏အတွင်းခံအားလေပွေတိုက်သလိုကန်ချလိုက်တော့သည်။မိမိသည် လေထဲတွင်စက်ဝိုင်းခြမ်းပုံစံလိုပျံထွက်သွားသည့် မိမိ၏ပန်းရောင်အတွင်းခံလေးအားကြည့်နေလိုက်သည်။မိမိမှာဤကဲ့သို့အဖြစ်မျိုးဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှတွေးမထားမိဘူးပေ။
ငါက.တစ်ခုခုကို.တစ်ကယ်ကြီး.ပြီးစလွယ်.ပစ်လိုက်တယ်ဆိုတာ. ကျိန်ဆိုပါတယ်။
စုယန်၏ယိမ်းယိုင်နေသောမျက်ဆံများမှာ မိမိနှင့်အကြည့်ချင်းဆုံသွားကြသည်။မိမိသည်ရှက်သွားမိကာ စောင်အောက်သို့ခပ်သွက်သွက်ဝင်ပုန်းလိုက်ပြီးအော်လိုက်သည်။
"ရှင်!ထွက်သွား"
"မင်းကငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦးနော်။ဘယ်လိုငယ်ရွယ်တဲ့အမျိုးသမီးမျိုးကများ ဒီလိုဟာမျိုးကိုပြီးစလွယ်လျှောက်ပစ်ကြလို့လဲ..."
စုယန်သည်သက်ပြင်းချလိုက်ရင်း
"မင်းသာဒီလိုဖြစ်နေရင် ဘယ်သူကများလာပြီးလက်ထပ်ဦးမှာလဲ"
"ရှင့်ကိစ္စမဟုတ်ဘူး။ထွက်သွားတော့။ကျွန်မအိပ်ဖို့လိုနေတယ်"
မိမိမှာအော်လိုက်သည်။သို့သော်ငြား မိမိသည်တစ်စထက်တစ်စနီးကပ်လာသောစုယန်၏ခြေသံများကိုကြားနေရသည်။သူသည်မိမိစောင်အား စပြီးဆွဲမတော့သည်။
"ဒီကိုမလာနဲ့"
"မင်းကမိန်းငယ်လေးတစ်ယောက်လေ။ဘာလို့ဒေါသမီးတွေအရမ်းတောက်လောင်နေရတာလဲ"
စုယန်သည်မိမိအားတစ်ယောက်တည်းထားခဲ့ရန်ကို ငြင်းဆန်နေဆဲပင်။သူသည်ထွက်သွားမည့်အရိပ်အယောင်တစ်ခုမှပြမလာခဲ့ပေ။
"ဘော့စ်ရေ။ဒီနေ့ကတနင်္ဂနွေနေ့လေ။လက်ထောက်တွေဆိုရင်တောင်မှ လူထုအားလပ်ရက်တွေမှာပိတ်ရက်ရတယ်မလား။ရှင်ကျွန်မကိုအိပ်ခွင့်မပေးနိုင်ဘူးလား။အဲ့ဒါကခက်ခဲနေလို့လား"
မိမိမှာအကြမ်းနည်းဖြင့်မရလျှင် အနုနည်းသုံးရပေလိမ့်မည်။မိမိသည်စုယန်ထံကောင်းကောင်းမွန်မွန်အသနားခံရန်အစပြုလိုက်သည်။
"ဒီနေ့ကတနင်္ဂနွေလေ။ဒီနေ့ကငါတို့ဒိတ်လုပ်မယ့်နေ့ပဲ။မေ့မနေနဲ့ဦး။အရင်တစ်ခေါက်ကမင်းရှုံးထားတာနော်"
မိမိမှာစကားတစ်ခွန်းမျှကိုပင်ပြောထွက်မလာတော့ပေ။
"လင်းယိရှင်း။မင်းငါပြောနေတာကိုကြားလား။မြန်မြန်ထတော့။ငါတို့သွားရအောင်"
မိမိသည်စုယန်၏အသံအားမကြားချင်တော့၍ နားများအားအုပ်လိုက်သည်။
"လင်းယိရှင်း။ငါသုံးအထိရေမယ်နော်။မင်းသာမထသေးရင် ငါအားသုံးဖို့ကလွဲပြီးရွေးစရာမရှိတော့ဘူး"
စုယန်မှာသတိပေးလာသည်။သူသည်စောင်အားမတင်ရန်ဆုပ်ကိုင်ထားသည်။မဖြစ်ဘူး။သူစောင်ကိုမလို့မရဘူး။ဒီလိုသာဆို ငါတော့သူနဲ့မျက်နှာချင်းဆိုင်ရဲမှာမဟုတ်တော့ဘူး။ဘယ်လိုဖြစ်ဖြစ် သူ့အားစောင်ကိုမတင်ခွင့်ပြုရန်မိမိငြင်းဆန်လိုက်သည်။
မိမိသည်စောင်၏ထောင့်များအားအားကြိုးမာန်တက်ဆွဲကိုင်ထားသည်။မိမိသည်စုယန်အားခုခံရန် မွေးကတည်းမှရှိခဲ့သောအားများကိုသုံးလိုက်သည်။မိမိ၏ဆုံးဖြတ်ချက်မှာသန်မာလွန်း၍ထင်သည်။စုယန်သည်မိမိအားဘာတစ်ခုမှမလုပ်နိုင်ခဲ့ပေ။
"ကျွန်မနိုးတဲ့အထိစောင့်ပေး။ကောင်းကောင်းနေနော်။မိန်းကေလးတွေကိုစောင့်ပေးရတာက လူကြီးလူကောင်းတိုင်းဖြတ်သန်းသွားသင့်တဲ့အရေးအကြီးဆုံးသင်ခန်းစာတစ်ခုပဲ။အဲ့ဒါက ဒိတ်လုပ်မယ့်အမျိုးသမီးတွေအတွက်စောင့်ဆိုင်းဖို့ကို အမျိုးသားတွေကရှောင်လွှဲလို့မရဘူး"
မိမိသည်ဘာဆက်ပြောရမည်မှန်းမသိတော့ပေ။မိမိအလိုရှိသည်များမှာ စုယန်အနေဖြင့်စောင်အားမ မရန်သာဖြစ်သည်။
လက်ရှိ၌မိမိဒိတ်လုပ်ချင်နေသည့်တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ အိပ်မက်နတ်ဘုရားပင်ဖြစ်သည်။
"မဟုတ်ဘူး။ငါ့မှာအရေးပေါ်အစီအစဉ်တွေယူဖို့ကလွှဲပြီး ရွေးစရာမရှိတော့ဘူးလို့ ငါထင်တယ်"
ရုတ်ချည်းပင် မိမိမှာစုယန်၏တည်ရှိမှုအားမခံစားရတော့ပေ။နောက်တစ်စက္ကန့်တွင် မိမိစောင်အတွင်းသို့ တစ်ခုခုဝင်လာသည်ကိုခံစားလိုက်ရသည်။
မိမိသည်"တစ်၊နှစ်"တို့ကိုကြားလိုက်ရသည်။ထို့နောက်မိမိတစ်ကိုယ်လုံးမှာလေထဲရောက်သွားသည်။မိမိမှာစောင်အောက်တွင်ပုန်းနေဆဲဖြစ်ပေမယ့်လည်း စုယန်မှမိမိနှင့်စောင်ပါအတူတူမခဲ့၍ယုံကြည်ချက်ရှိနေတော့သည်။
မိမိသည်အတွင်းထဲမှနေ တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ဒီလိုပိန်ပိန်ပါးပါးကောင်လေးမှာ အားတွေအများကြီးရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။သို့သော်ငြား မိမိ၏တစ်စိတ်တစ်ပိုင်းမှာတော့ သူသည်ဤကဲ့သို့ကြာကြာထိန်းထားနိုင်မည်ကိုမယုံကြည်နိုင်ခဲ့ပေ။ထို့ကြောင့်မိမိသည်စောင်အားလက်နှစ်ဖက်ဖြင့်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။မိမိသည်ကျသွားမည်အားကြောက်လန့်နေတော့သည်။
"အိုင်း အိုင်း အိုင်း။ကျွန်မကိုအောက်ချေပး။ကျွန်မကိုအောက်ချပေး"
မိမိတို့ကြားရှိစောင့်ဖြင့် မိမိသည်စုယန်အားရိုက်လိုက်သည်။
"မင်းအခုနိုးပြီလား"
"ကျွန်မနိုးပြီ။နိုးပြီ။အခုကျွန်မကိုအောက်ချပေး"
စုယန်သည်မိမိအားချက်ချင်းလွှတ်ပေးလိုက်ပြီး မိမိ၏တစ်ကိုယ်လုံးရစ်ပတ်ထားသည့်ကိုယ်ကိုကြမ်းပြင်ပေါ်ချပေးလိုက်သည်။မိမိသည်ေစာင်ထဲမှမျက်နှာထုတ်လိုက်ကာ လတ်ဆတ်သည့်လေကိုရှူလိုက်သည်။မိမိမှာမိမိ၏နဖူးပေါ်မှစုယန်အားမြင်နေရသည်။သူသည်လက်များအားမြှောက်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပြောလာသည်။
"ငါမင်းကိုအောက်ချပေးလိုက်ပြီနော်"
"ရှင်ရူးနေလား။ကျွန်မကိုလိမ့်ကျပြီးသေစေချင်နေတာလား"
မိမိသည်ခက်ခက်ခဲခဲဖြင့်ထအော်ရင်း စုယန်ကိုမိမိ၏အားနည်းသောလက်သီးလေးများဖြင့်ထိုးတော့သည်။
"အခုဘယ်အချိန်လဲ။ဒီအချိန်ကြီးမှာဘာလို့ဒိတ်လုပ်ရမှာလဲ။ရှင်ကအရူးလား။ကျွန်မတို့ကmadan dateသွားကြမှာမလို့လား"
(T/N-Madanဆိုတာ ဟိန္ဒူအမျိုးသားပါ။အဓိပ္ပာယ်က အချစ်နတ်ဘုရား၊ချစ်ခြင်းမေတ္တာ၊ကျူးပစ်စသဖြင့်ပေါ့။မူလအစကတော့ အိန္ဒိယသက္ကတပါ)
မိမိ၏တိုက်ခိုက်မှုသည်စုယန်ထံလုံးလုံးမသက်ရောက်သည့်ပုံပင်။သူသည်သူ၏နာရီအားငုံ့ကြည့်လိုက်ပြီးပြောလာသည်။
"မင်းငါ့အချိန်တွေရဲ့၁၀မိနစ်ကိုဖြုန်းပြီးပြီနော်။ငါတို့မှာ၂၃နာရီ၊၅၅မိနစ်နဲ့၂၃စက္ကန့်ပဲကျန်ေတာ့တယ်။ငါမင်းကိုအဝတ်လဲဖို့၁၀မိနစ်ထပ်ေပးမယ်။အချိန်ကအခုပဲစပြီ။၆၀၀၊၅၉၉၊၅၉၈....."
ရုတ်တရက်ဆိုသလိုစုယန်သည်သူ့နည်းလမ်းအတိုင်းစတင်ရေတွက်တော့သည်။
မိမိသည်မလုပ်ချင်သော်ငြား စုယန်ရေတွက်နေသည်ကိုကြားသည်နှင့်မစိုးရိမ်ပဲမနေနိုင်ခဲ့ပေ။ထို့ကြောင့်မိမိသည်အလျင်စလိုထရပ်ကာ လဲဝတ်ရန်အဝတ်များရှာဖို့ပြေးသွားလိုက်သည်။ထို့နောက်သွားတိုက်မျက်နှာသစ်ရန် ရေချိုးခန်းဆီသွားလိုက်သည်။
အိပ်ခန်းနှင့်ရေချိုးခန်းကြားရှိအဟလေးမှနေ မိမိမှာ ဆိုဖာပေါ်ထိုင်နေသည့်စုယန်အားမြင်နေရသည်။သူသည်နာရီအားအာရုံစိုက်ကာကြည့်ရင်းရေတွက်နေသည်။
စုယန်ကငါ့ရဲ့သေမျိုးရန်သူပဲဖြစ်ရမယ်။ငါ့ရဲ့အရင်ဘဝကသူ့ကိုများသတ်ခဲ့မိသလားပဲ။ငါကဘာလို့များဒီဘဝမှာသူ့ဆီကနေ ညှင်းပန်းနှိပ်စက်တာတွေခံနေရတာလဲ။
မိမိမှ စုယန်ထံသတင်းပို့ရန်လုံးဝအဆင်သင့်ဖြစ်သွားချိန်မှာတော့ သူသည် (-၁၅၈၄)ထိရောက်နေပြီဖြစ်သည်။
"မင်းကအရမ်းနှေးတာပဲ"
စုယန်သည်ခေါင်းမော့ကာ မျက်မှောင်ကြုတ်ရင်းမိမိအားကြည့်လာသည်။
စုယန်ရေ။နင်တော့ဆိုရှယ်လစ်စနစ်ကိုကျေးဇူးတင်သင့်နေပြီနော်။လူသတ်တာကသာ တရားမဝင်တာမဟုတ်လို့ကတော့ နင်တော့ငါ့ဓားသွားရဲ့အောက်မှာအကြိမ်ထောင်ချီသေနေပြီးေလာက်ပြီ။
"ဒါကအမျိုးသမီးတစ်ယောက်အတွက်တော့အရမ်းမြန်နေပြီနော်။ကျွန်မခေါင်းတောင်မလျှော်ခဲ့ရဘူး"
မိမိသည် စုယန်ထံမိမိဆံပင်များအားပြလိုက်ရာ သူ၏မျက်လုံးများတွင် မနှစ်မြို့မှုများတလက်လက်တောက်ပနေကာ သူသည်မိမိအားတွန်းဖယ်လိုက်သည်။
"အခုကစပြီး ငါတို့ရဲ့၂၄နာရီဒိတ်က သက်ရောက်သွားပြီ။ငါတို့ကမင်းနှေးနေလို့အချိန်များများဖြုန်းလိုက်မိပေမယ့်လည်း အဆင်ပြေပါတယ်။လူကြီးလူကောင်းတစ်ယောက်အနေနဲ့ စောင့်ဆိုင်းရတာက အရမ်းအရေးကြီးတဲ့သင်ခန်းစာတစ်ခုလေ။ဒါကြောင့်ငါမင်းကိုခွင့်လွှတ်လိုက်ပါ့မယ်"
ဒါကအစောကငါပြောလိုက်တဲ့ဟာမလား။စုယန်ကငါ့စကားတွေကို အလေ့အကျင့်ထဲထည့်လိုက်ပြီးနေပြီပေါ့လေ။
"ဒိတ်ကဘာလို့သန်းခေါင်မှာစရမယ်ဆိုတာကို ကျွန်မသိချင်တယ်။ကျွန်မတို့ကနိုက်ကလပ်သွားကြမလို့လား"
မိမိမှာအလွန်စိုးရိမ်သွားရသည်။ငါတို့သာနိုက်ကလပ်လိုနေရာမျိုးသွားကြမယ်ဆိုရင် မီးရောင်နဲ့အဲ့မှာရှိတဲ့ရူးနေတဲ့လူတွေက ငါ့ကိုလူလားသရဲလားခွဲရခက်အောင်လုပ်ကြလိမ့်မယ်။
"မဟုတ်ပါဘူး။ငါတို့နိုက်ကလပ်မသွားပါဘူး။အဲ့အတွက်စိတ်မပူနဲ့။ဒီအချိန်မတိုင်ခင်ကတည်းက ငါအစီအစဉ်ဆွဲပြီးသွားပြီ။မင်းအနေနဲ့စကားနားထောင်ပြီးပူးပေါင်းပေးဖို့ပဲငါလိုအပ်တယ်"
ပူးပေါင်းတယ်။သူသာထိုအကြောင်းအားမပြောခဲ့ပါလျှင် မိမိမှာစုယန်၏လက်ထောက်သာဖြစ်သည်ဆိုသည်ကို မေ့လျော့နေလောက်ပြီဖြစ်သည်။မိမိ၏အလုပ်မှာ သူ၏ဝတ္တုထဲရှိသူ့ဇာတ်ကောင်ထဲရောက်ရန်သူ့အားကူညီရမည်ဖြစ်သည်။မိမိတို့မှာအမှန်ချိန်းတွေ့ကြမည်မဟုတ်ပေ။
အား။သူကဘာလို့သူ့ရဲ့လျို့ဝှက်သည်းဖိုလူသတ်တာတွေကိုပဲရိုးရိုးလေးမရေးနိုင်ဘူးလား။ဘာလို့အချစ်ဆိုတဲ့အရာတွေကိုထည့်သင့်နေတာလည်း။အဆုံးတော့ခံစားရတဲ့လူကငါပဲဖြစ်နေတယ်။
မိမိတို့ထွက်လာသောအခါ မိမိ၏သက်ေတာ်စောင့်အလန်းလေးသည် လက်ရှိတွင်hall၌ကန့်လန့်ဖြတ်၍အလွန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။မိမိမှာတစ်ကယ်လည်းသက်ပြင်းချမိသွားမိသွားသည်။သရဲတစ်ကောင်ကတောင်မှငါ့ထက်ကောင်းကောင်းအိပ်ရသေးတယ်...ငါကသရဲတစ်ကောင်နဲ့တောင်နှိုင်းယှဉ်လို့မရနိုင်ဘူးပဲ။
မိမိမှကိုယ့်ဘာသာတွေးနေစဉ်မှာပင် စုယန်သည်မိမိ၏ဘောဒီဂတ်အလန်းလေးအားတက်နင်းသွားတော့သည်။
မိမိမှာစိတ်ရောကိုယ်ပါပင်ပန်းတကြီးဖြင့် ကားထဲဝင်လိုက်သည်။ကားမောင်းသည်မှာနှစ်နာရီနီးပါးကြာလေသည်။မိမိမှာကားစီးနေစဉ်တွင်ပင် ငိုက်မြည်းနေတော့သည်။မိမိသည်စုယန်အားမျက်လုံးထောင့်မှနေတိတ်တိတ်လေးကြည့်လိုက်သည်။ငါကအချိန်တွေဖြုန်းတယ်လို့သူကပြောတယ်လေ။သူကားမောင်းရင်းဖြုန်းနေတဲ့အချိန်ကမှ အချိန်ဖြုန်းတာလေ။
မိမိတို့မှာကားထဲတွင်တိတ်တိတ်လေးရှိနေစဉ်တွင် အိပ်ချင်စိတ်မှာမိမိအားနောက်တစ်ဖန်တိုက်ခိုက်လာပြန်လေသည်။အထူးသဖြင့်ကားထဲမှမိမိရှေ့ရှိခေါင်းငြိမ့်နေသောအရုပ်လေးသည် ဆက်နိုးနေရန်ခက်ခဲအောင်လုပ်နေတော့သည်။အရုပ်လေးသည်အပင်အားကိုင်ထားကာ မိမိထံပြုံး၍ခေါင်းငြိမ့်ပြနေလေသည်။
ထိုသည်မှာချစ်စရာကောင်းသောအလှဆင်မှုတစ်ခုဟု သတ်မှတ်၍ရနိုင်သော်ငြား မိမိအတွက်တော့ ထိုသည်မှာအိပ်မွေ့ချရန်အတွက်ချိန်သီးတစ်ခုသာဖြစ်သည်။မိမိမှထိုအရုပ်အားကြာကြာကြည့်မိလိုက်ရာ ပိုပင်ပန်းလာသလိုခံစားလိုက်ရသည်။မိမိမှာမျက်ရည်များထွက်ကျလာလောက်သည်အထိ အချိန်ခဏကြာတိုင်းသမ်းနေတော့သည်။
မိမိမျက်လုံးများနောက်တစ်ကြိမ်ပိတ်တော့မည့်အချိန်တွင် ဖြူဖွေးနေသည့်လက်တစ်ဖက်ကမိမိရှေ့ပေါ်လာကာ ယမ်းပြနေသည်။အစကမိမိမှာထိုလက်သည်စုယန်၏လက်ဟုထင်ခဲ့မိသည်။မိမိမှာ မပင်ပန်းဘူးဟုလိမ်ပြောလိုက်ချင်သည်။သို့သော်မိမိသည်စတီယာတိုင်ပေါ်ရှိသူ၏လက်နှစ်ဖက်အားမြင်လိုက်ရသည်။
ထို့နောက်မိမိသည်နောက်ကြည့်မှန်အားကြည့်လိုက်ရာ ရှုဝေ့ရှန်၏လက်ကိုမြင်လိုက်ရသည်။
သူမသည်နောက်ခုံ၌ထိုင်နေလေသည်။