ကျောင်းဂိတ်ဝထဲကို အရှိန်မလျှော့ပဲ
မောင်း ဝင်လာတဲ့ဗျူဟာကားက ကားပါကင်မှာ အမြန်ပင် နေရာယူလိုက်ချိန် အနီးအနားက တစ်ချို့ပါလှမ်းကြည့်
သွားတဲ့အထိ။
ကားပေါ်က ဆင်းကာ ဗျူဟာ
သူ့ကားကိုမှီပြီး ရပ်နေတဲ့ဘုန်းပြည့်ဆီ ခြေလှမ်းကြဲတွေနဲ့လျှောက်ကာ
သွားလျက်။
"နေစင်ဟန် အခုဘယ်မှာလဲ"
"သူတို့အခန်းထဲမှာ ဆရာဝင်နေလို့
အတန်းတက်နေတယ်တဲ့ ရှင်းသန့်
ပြောတာတော့"
အတန်းတက်နေတယ်။တစ်ကယ်ပဲလား
သူဘာမှမဖြစ်သလို အတန်းတက်နိုင်သေးတာလား။
"ဘယ်လိုတွေဖြစ်ကြတယ်ဆိုတာ ငါ့ကို
ရှင်းပြအုံးဟေ့ရောင် ဆန်းဆက်နဲ့
ဝတ်ရည်က ချစ်သူတွေ ဖြစ်နေကြတာ
ကြာပြီဆိုတာသတင်းတွေထွက်လာမှ
ငါကအခုမှသိရတယ်။ မျက်စိပိတ်နား
ပိတ်နေတဲ့ငါ့ကိုလည်း သူငယ်ချင်း
နေရာသွင်းပြီး မင်းတို့အဖက်လုပ်ပြီး
ပြောပြကြပါဦး"
ဘုန်းပြည့်ရဲ့ အော်သံကျယ်ကို ဂရု
မထားနိုင်ပဲ ဖုန်းကိုသူ နောက်တစ်ခါ
ပြန်ဖွင့်လိုက်ရသည်။
လိုင်းဖွင့်လိုက်ပြီးမနေ့ညထဲက အခါခါ
ကြည့်ထားတဲ့ပိုစ့်က ဖျက်သွားပြီ
လားလို့ကြည့်လိုက်ပေမဲ့ စာမျက်နှာ
ပေါ်မှာ ရှိနေဆဲ။ဆန်းဆက်မှူး
အကောင့်ကနေတင်ထားတဲ့
"1 year annniversary ကနေ
နှစ်တွေအဆုံးအထိ ချစ်သူမင်းနဲ့"ဆိုတဲ့captionနဲ့အတူ ဝတ်ရည်နဲ့ဆန်း
ဆက်မှူး စားသောက်ဆိုင်တစ်ခုမှာanni dayတုန်းကရိုက်ထားတဲ့ပန်းစည်းကိုင်
ထားတဲ့ဝတ်ရည်ကိုဖက်ထားတဲ့
ဆန်းဆက်မှူးနဲ့ပုံတွေ။
ပွဲစည်နေတဲ့အောက်ကမန့်တွေမှာတော့ ကျောင်းကကောင်မလေးတွေ
အများစုဖြစ်ပြီး အကုန်လုံးက
"တစ်နှစ်တောင်ရှိသွားပြီ ဘယ်လိုများ
လျိုထားကြတာလဲ။ဘာပဲဖြစ်ဖြစ်congrazပါ"
"နှစ်ယောက်လုံးက လိုက်ဖက်လိုက်ကြ
ပါပေတယ်။seriesထဲကfan service
တွေကိုကြောက်နေရင်းနဲ့ပဲအပြင်လက်
တွေ့ကကောင်လေးနှစ်ယောက်
အတူရှိနေတာမြင်ရုံနဲ့သဘောကျခဲ့မိပါတယ်။ငါတို့ကိုအချိုတွေကျွေးသွားတာလားbro မနေနိုင်လို့မန့်လိုက်မိပြီ "
"လျိုထားလက်စနဲ့ကိုယ်တွေ အပျော်
မပျက်အောင်ဆက်လျိုထားပြီးsilentပဲဆက်နေပါလားအစ်မရယ် တစ်နှစ်တောင်
ရှိပြီပေါ့လေ captionကဆန်းဆက်မှူး
လက်ရေးမဟုတ်သလိုပဲ:)"
ဘယ်လောက်တောင်မှဒီအသိုင်းအဝိုင်း
မှာ ဆန်းဆက်မှူးသောက်ပိုတွေ လုပ်ပြ
ထားလဲမသိ။music clubကဆန်း
ဆက်မှူးနဲ့နေစင်ဟန်ဆိုပြီးကျောင်းကwelcomeထဲက နာမည်ကြီးသွား
တာ။private groupနဲ့supporting
တွေလုပ်နေကြတဲ့အထိကျောင်းကရော
တစ်ခြားအပြင်ကပါ ဒီအသိုင်းအဝိုင်းက ကောင်မလေးတွေရဲ့တဟုန်ထိုးအားပေးဝန်းရံမှုနဲ့BL shot flimတွေတောင်
ရိုက်မလို့စီစဥ်နေကြတဲ့အထိဖြစ်နေပြီ
လို့သူကြားသိထားတဲ့အခြေအနေ ။
" ယောက်ျားလေးနှစ်ယောက်ပူးကပ်
နေတာမြင်ရင် ပေးစားဖို့ပဲသိတဲ့ဟာတွေ။ မိန်းကလေးအချင်းချင်းဖြစ်ပြီးတစ်ဖက်ကကောင်မလေးရဲ့ ခံစားချက်
ကို ထည့်မတွက်တော့ဘူးလား။နင်တို့ပေးစားနေကြတဲ့ကောင်မှာနင်တို့ပြော
နေတဲ့ အစစ်မ ရည်းစားရှိတယ်နော်။
ဒါဘယ်သူတင်တာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ကofficialချပြလိုက်တာပဲ။
ဘာမှငါတို့ကောင်မလေးကိုရွဲ့သလိုစောင်းသလိုလာမန့်နေစရာ အကြောင်းမရှိဘူး။
သူတင်တယ်ဆိုလည်းသူ့ရည်းစား
အကောင့်မှာသူတင်ပိုင်ခွင့်ရှိလို့ကို
တင်တာ။နင်တို့အကောင်ရောအခုမှ
သိတာဖြစ်နိုင်ပါ့မလား။
ရည်းစားရှိတဲ့သူကိုနင်တို့လိုတွေ
ဝန်းရံတာခံချင်ရုံနာမည်ကြီးချင်ရုံနဲ့
လိုက်ကပ်နေတဲ့နင်တို့အကောင်သာ
နင်တို့ထိန်း"
"သူများချစ်သူတွေanni daypost
အောက်မှာ ဘာတွေလာမန့်နေကြတာ
လဲ။နင်တို့ဘာသာ ပေးစားချင်တိုင်း
ပေးစားနေကြပြီး အထိနာမှလာမစပ်
နေကြနဲ့။ မိန်းကလေးအချင်းချင်း
အားနာမှုတောင် မရှိကြတော့ဘူးလား အကုန်ထွက်သွား"
"တစ်ကယ်ပဲ ကောင်မလေးရှိတယ်ဆိုရင်လည်း ကိုယ်တွေကိုအမြင်မှားအောင် fan serviceတွေ မပေးခဲ့သင့်ဘူးbro။အခုတော့ကောင်မလေးက ငြိမ်မခံနိုင်တော့
ပဲချပြလိုက်တဲ့အထိbroကိုယ်တိုင်ကသာယာနေပြီး လှေနံနှစ်ဖက်နင်းနေတာ။ကြားထဲကအပြောခံနေရတဲ့ကိုယ်တွေ
ကောင်လေးရဲ့အနားကိုတောင်ထပ်
မကပ်ပါနဲ့ clubထဲကတောင်ထွက်
စေချင်နေပြီ ဟိုကတစ်ယောက်တည်း
လည်းဆက်ပြီးတောက်ပနေအုံးမှာ:)"
"စကားကိုဆင်ခြင်ပြော ငါတို့ကမြင်
မြင်ရာပေးစားနေကြတာမဟုတ်ဘူး နင်
တို့ ကောင်မလေးရဲ့ ရည်းစားကိုက
ငါတို့ကို သူတို့ချင်းတစ်ကယ်ပဲကြိုက်
နေကြသလိူ living together လို
လိုနဲ့အချိုတွေကျွေးသွားတာ ။တစ်
ကယ်ပဲ လုပ်ရက်ပါတယ် ဆန်းဆက်မှူး။clubထဲအထိတောင် နေ့နေ့ညည သွားအားပေးခဲ့ကြတဲ့ကျောင်းကသူတွေပါ
ကိုယ်တွေရခဲ့တာ အတုအယောင်လို့
တော့ ဘယ်လိုမှအခုထိလက်မခံနိုင်ဘူး။သတ္တိလုံးဝမရှိရင်လည်း ကိုယ်တွေ
ကောင်လေးနဲ့ ဝေးဝေးသာ နေပါတော့။ခင်ဗျားကိုတော့ဘယ်ဘဝရောက်ရောက်ဆက်အားပေးဖို့မရှိတော့ဘူး။နောက်ဆုံး
လာမန့်ခြင်းပဲ"
မန့်တွေက တော်တော်လေး ပွဲစည်နေ
သည်။ဆန်းဆက်မှူးကိုဒေါသထွက်
တဲ့မန့်တွေ နေစင်ဟန်ကိုသနားတယ်
ဆိုတယ်မန့်တွေကြောင့် တစ်ဖြည်း
ဖြည်းနဲ့ ဝတ်ရည်ဘက်ကနာတဲ့ ကျောင်း
ကသူတွေနဲ့ အပြင်ကသူတွေပါတော်
တော်များလာတာကိုဆန်းဆက်မှူး
အချိုတွေကျွေးတာခံထားရတဲ့
shipperဆိုတဲ့ကောင်မလေးတွေက
လည်း မခံစားနိုင်ပဲထပ်မန့်နေကြသည်။
ဆန်းဆက်မှူးကို အမြင်ကပ်လို့ဆိုပေမဲ့ တဖြည်းဖြည်းနဲ့ဝတ်ရည်ဘက်ကနာ
တဲ့သူတွေဆီကနေ အမုန်းခံရသလို
ဖြစ်လာတာ ကနေစင်ဟန်။
အဲ့ဒီpostမှာ ပွဲစည်နေတဲ့အချိန်မှာပဲ
ဖွင့်ထားတာမကြာသေးတဲ့fake accountတစ်ခုကနေတင်လာတဲ့
videoကို ကျောင်းကသူတွေ
shareချလာသည်။
music clubကအခန်းထဲမှာ ဂီတာတီး
နေတဲ့ နေစင်ဟန်ဘေးမှာဆန်းဆက်မှူး
က ဂီတာကိုလက်တစ်ကိုင်ကိုင်နဲ့ နေစင်
ဟန်ကိုမဖက်ထားရုံတစ်မယ် သင်ပေး
နေပြီး ဘေးမှာလည်း clubကသူတွေ
ကဝိုင်းပြီးစနောက် အားပေးနေကြ
တာ။ဆန်းဆက်မှူးကို ချစ်ရည်ရွှမ်းတဲ့ မျက်လုံးတွေနဲ့ ခိုးကြည့်နေတဲ့ နေစင်ဟန်။
ကင်မရာက focusပြောင်းသွားပြီး
လူအုပ်ရဲ့အနောက်မှာ မျက်နှာမကောင်းပဲရပ်နေတဲ့ ဝတ်ရည်ကိုဆန်းဆက်မှူးက
တွေ့လိုက်ချိန် ဝတ်ရည်က အခန်း
အပြင်ကို ထွက်သွားသည်။
ဆန်းဆက်မှူးပါလိုက်ထွက်မလို့ထ
လိုက်ပေမဲ့ နေစင်ဟန်ကဂီတာလက်
ကွက်ပြခိုင်းရင်း ဘေးကသူတွေနဲ့ ဆွဲ
ထားသည်ကို တင်ထားသည့်ဗီဒီယို
က တစ်မိနစ်ခွဲစာလောက်အတိုလေးပင်။
"သူတို့သုံးယောက်က အရမ်းခင်တဲ့ သူငယ်ချင်းတွေ နေစင်ဟန်က အစ
ထဲကသိနေမယ်ထင်တယ်။ဝန်းရံတဲ့
သူတွေ အားကိုးနဲ့ ဆန်းဆက်မှူးကို
နှိုက်ချင်နေတာ ငါတော့ဒီလောက်အထိသည်းခံပြီးနေနိုင်တဲ့ ကောင်မလေး
ဘက်ကိုပဲအရမ်းသနားတယ်။အပြင်မှာလည်း အရမ်းသဘောကောင်းတာ။ငါ့
စကားကိုမယုံရင် လူကိုယ်တိုင်လာ
မေးလို့ရတယ် သူတို့clubရဲ့အဖွဲ့ဝင်ပဲ"
"လာကြလေ ဆရာမကြီးတွေ ဟမ်ငါတို့ကောင်မလေးကိုဝိုင်းပြောနေတဲ့သူ
တွေဘယ်ရောက်
သွားပြီလဲ။ နင်တို့အကောင်က သိသိ
ကြီးနဲ့နှိုက်နေတာနော် အရှက်မရှိချက်။
ငါတို့ကောင်မလေး ဘယ်လောက်တောင်ခံစားခဲ့ရမလဲ"
"ရုပ်လေးက ချောချောလေးနဲ့ဟယ် ငါ
တို့လိုအေးဆေးနေတဲ့သူတွေ သိက္ခာကြတယ်။ကောင်မလေးရှိတဲ့သူကိုမှသွား
နှိုက်ရတယ်လို့ အဲ့တာလည်းသူငယ်ချင်းအချင်းချင်း"
"ငါတို့ကောင်မလေးကို ပြောထားတဲ့
သူတွေဘယ်ရောက်ကုန်ပြီလဲ နင်တို့အကောင်အရှက်ကွဲပြီးငိုနေလို့သား
ချော့တေးဆိုနေကြတာလား။ အခု
ချက်ချင်းလာတောင်းပန်"
" ဝတ်ရည်ဦးဆိုတဲ့ ကောင်မလေး
ဘက်ကပါ။သေချာမသိပေမဲ့ကိုယ့်
ရည်းစားနဲ့ပုံတင်တဲ့ပိုစ့်အောက် မှာတောင် လာဝုန်းကြတာတော့လွန်လွန်းပါတယ်။တစ်ဖက်ကကောင်လေးနဲ့ သူငယ်ချင်း
တွေဆိုပဲ ဘယ်လိုများသည်းခံခဲ့တာလဲ"
" လက်ခုပ်က နှစ်ဖက်တီးမှမြည်တယ်
ပဲပြောပြော သူ့ရည်းစားကောင်လေး
ကအေးတဲ့ပုံပါ။ ယောက်ျားလေးဆိုတော့ သာယာမှာပဲ။ဟိုကောင်ကိုက ပေါ်တင်
လိုက်ကပ်နေတာ အသိသာကြီး"
" ကောင်မလေးဘက်က ဘာလို့သည်း
မခံနိုင်တော့တာလဲမြင်ကြပြီလား။ဒါ
တောင်ဒီvideoတစ်ခုပဲငါတို့ကမြင်သေးတယ်။ဟိုကောင်ကကောင်မလေးရည်းစားကိုဘယ်လောက်တောင်မှလိုက်ကပ်နေပြီး ခွာမရဖြစ်နေလို့လဲ တစ်ကယ့်ဟာပဲ။အဲ့လောက်တောင် လိုချင်နေရင်လည်းကိုယ့်ဘာကိုယ် လူလွတ်ကိုရှာပါလား
ပေါ်တင်ကိုနှိုက်နေတာ နင့်ကြောင့်
ဂေးတွေသိက္ခာကျရတယ်
။ကောင်မလေးကသူ့ကောင်လေးကို
ချစ်တော့ နားလည်ပေးထားတဲ့ပုံပဲ။
သနားလိုက်တာ ညီမလေးဘက်မှာ
အစ်မတို့ရှိတယ်"
ဆန်းဆက်မှူးကို ဆွဲထားတာကclub
ထဲကဘေးကမြှောက်နေကြတဲ့သူတွေ။
နေစင်ဟန်ထိုင်နေသည့်ဘက်ကကြည့်
လျှင် ဝတ်ရည်ရောက်နေတာကိုမြင်
နိုင်စရာတောင်မရှိ။ တင်တဲ့သူက ပွဲ
ဖြစ်နေတုန်း နေစင်ဟန်ကိုအဆဲခံ ဖြစ်
သွားအောင် အချိန်ကိူက်မှာတင်လိုက်တာပင်။ဗီဒီယိုအောက်မှာ နေစင်ဟန်ကို
ပြောဆိုနေတဲ့လူတွေတဆထက်တဆများလာပြီး အတော်ပင်ပေါက်သွားကာ
ကျောင်းကသတင်းက အပြင်ကလူ
တွေဆီပါရောက်ကုန်ပြီး
ဆန်းဆက်မှူး အကောင့်ကpostမှာ
ဆန်းဆက်မှူးကို ပြောနေတယ့်သူတွေ
နေစင်ဟန်ကိုကာကွယ်နေတဲ့သူတွေ
ကိုမတွေ့ရတော့ပဲ ဒီvideo postမှာ
နေစင်ဟန် တစ်ယောက်တည်းကို
ပြောဆိုနေကြတဲ့မန့်တွေက ရာနဲ့ချီရှိလာသည်။ ယောင်္ကျားလေးသူငယ်ချင်း အချင်းချင်းလည်း ကိုယ့်ကောင်လေးကို စိတ်မချထားနဲ့တစ်ဖက်ကနှိုက်ရင်ပါသွားနိုင်တယ်ဆိုပြီးဆိုပြီး ဒီကနေ့စာမျက်နှာထက်မှာ ဒီအကြောင်းအရာက တော်တော်လေးကို သုံးယောက်စလုံးနာမည်နဲ့ ရှာဖွေမှုအများဆုံး ဖြစ်နေသည်။
welcomeပြီးထဲက ဆန်းဆက်မှူး
ကိုယ်တိုင်နေစင်ဟန်နဲ့သူ့ကိုကျောင်းကကောင်မလေးတွေသဘောတူနေကြ
တာကိုသူတို့ clubမှာ ပူးကပ်ပြီး
အမျိုးမျိုးလုပ်ပြနေတာ။
ကောင်မလေးတွေကတကယ်အထိ
နာသွားတော့လာမန့်ကြတာတွေက
ဝတ်ရည်ကိုအပြင်လူတွေသနားစေပြီး
နေစင်ဟန်ကိုအထင်လွဲသွားစေသည်။
ရည်ရွယ်ချက်ရှိရှိနဲ့နေစင်ဟန်ကို နာမည်
ဖျက်ချင်တာအသိသာပင်။ဒါဘယ်သူ့လုပ်ရပ်လဲ။
နေစင်ဟန်ကို မနေ့ညထဲက သူဖုန်းဆက်
နေပေမယ့်ဖုန်းမကိုင်။စက်ပိတ်ထားသည်သာ။
" ဆန်းဆက်မှူးအခုဘယ်မှာလဲ"
"နှစ်ယောက်လုံးကျောင်းမလာဘူး။
အခု ဝတ်ရည်နဲ့သူ့studioမှာအတူရှိနေတယ်တဲ့ မင်းဘာလုပ်မလို့လဲ"
ဒီကောင် ဘာအကွက်တွေ ရွေ့နေတာလဲ။
"မင်းစိတ်ထင်တိုင်းသွားမချဲနဲ့ ဟေ့ရောင်
နှစ်ခါရှုံးသွားမယ်။သူ့ရွေးချယ်မှုပဲ
ဝတ်ရည်ကိုလျော်လိုက်တော့ မင်း
ဘေးမှာ စော်မရှားဘူး။သူတို့အတွဲသူ
တို့ဘာသာရှင်းလိမ့်မယ် နေစင်နဲ့
သတင်းကတော့ မဖြစ်နိုင်ဘူး
ဆန်းဆက်က မင်းသိတယ်မလား အ
ပေါင်းအသင်းဆန့်တာ ငါတို့ကိုလည်း
ပြောပြဖူးတာပဲ နေစင်ကသူ့ကိုကြွေ
နေတာ။အခုပြန့်နေတဲ့သတင်းက နေစင်ဘက်ကလိုက်ကပ်"
"မင်း စောက်ပါးစပ်ကိုပိတ်ထား "
အော်မိပြီးမှ ဘုန်းပြည့်ကို မျက်နှာ
ပျက်ရပေမဲ့ မတတ်နိုင်။ သူပူနေရတာကတစ်ယောက်။ ဒီကောင်ဘာမှမသိပဲနဲ့
နားလာပူနေတာက တစ်ယောက်။
လွဲနေပြီ။သူစီစဥ်ထားတာတွေ အကုန်
လွဲကုန်ပြီ။
တင်ထားတာကတစ်နှစ်ပြည့်anniတဲ့။
အားလုံး ထင်နေကြတာတော့ဆန်းဆက်မှူးအကောင့်မှာဝတ်ရည်တင်လိုက်တာ ထင်အောင်လည်းရေးထားတာ။ ဒီလိုမျိုး
သောက်ပိုတွေ ဝတ်ရည် မလုပ်တတ်
ဘူးဆိုတာ သူတစ်ယောက်ပဲသိလိမ့်မည်။
-----------------------
နာရီပြည့်အောင် ကားကိုမှီကာရပ်
စောင့်ပြီးနောက်
အဆောက်အဦးကနေထွက်လာပြီး
ကားပါကင်ကို လှမ်းလာနေတဲ့အရိပ်။
ဟန်မဆောင်နိုင်စွာပင် ကားပါကင်ထဲရောက်လာသူအနားလျှောက်လှမ်းပြီး ထိပ်တိုက်ဆုံတာနဲ့ ခြေလှမ်းတွေရပ်သည် ။
သူ့ကိုတွေ့လိုက်သော်လည်း
နေစင်ဟန် မျက်နှာက ပကတိ ပြောင်းလဲခြင်းမရှိ ။
"ငါအိမ်ပြန်တော့မလို့ မင်း ဘုန်းပြည့်ကို
စောင့်နေတာမလား။ ရှင်းသန့်ကတော့ အခန်းထဲမှာ ရှိနေသေးတယ်"
"မင်း ဆိုင်ကယ်မပါလာဘူးမလား"
"အင်း ငါအလုပ်လုပ်နေတဲ့ဆိုင်ကို
ပေးထားလို့ မနက်ကလာပို့ပေးတာ"
" ငါပြန်ပို့ပေးမယ်"
" မလိုပါဘူး ရတယ်။ဆိုင်ကို ဖုန်းဆက်
လိုက်ရုံပဲ ခဏနေလာကြိုပေးလိမ့်မယ်"
လက်ထဲက ဖုန်းကိုချက်ချင်းဖွင့်ပြီး
ဆက်သွယ်နေသည်။
"ကိုဖြိုး ဆိုင်ကကောင်လေးတယောက်
လွှတ်လာပြီးလာကြိုပေးတော့နော်အခု"
"အင်း ရတယ် အေးဆေး ကျွန်တော်
စောင့်နေမယ်"
ဖုန်းချလိုက်ပြီး သူ့ကို အေးဆေးစွာပင်အသာပြုံးပြတဲ့ ပုံစံကိုက။
" မင်းဆိုင်က လာကြိုဖို့မအားသေးဘူး
မလားငါ့ ကားပေါ်တက်"
"ဆိုင်မှာလူကျနေလို့တဲ့ ခဏနေထွက်လာလိမ့်မယ် မင်းဘာသာပြန် ငါရတယ်"
"ဘုန်းပြည့် မင်းကိုမပြောထားဘူးလား
ရှင်းသန့်ကိုဒီနေ့အတန်းပြီးရင် သူ့ကွန်ဒို
ခေါ်သွားမလို့မင်းပါမှရှင်းသန့်ကလိုက်မှာတဲ့။ သူတို့နှစ်ယောက်အဆင်မပြေဖြစ်နေတာ မင်းသိတယ်မလား ငါတို့ကကူညီ
မှပေါ့။ဘုန်းပြည့် မင်းထွက်လာရင်
အရင်ခေါ်သွားပေးဖို့ငါ့ကိုခိုင်းထားတယ် ကားပေါ်တက်"
" ဗျူဟာပိုင် ငါ"
ဆက်ပြီးမငြင်းနိုင်အောင်
လက်ကောက်ဝတ်ကို ဆွဲ၍ခေါ်လာပြီး
ကားတံခါးဖွင့်ကာ နေစင်ဟန်ကိုအထဲ
ထည့်လိုက်သည်။
ရုန်းမယ်ထင်သော်လည်း စိတ်နဲ့လူ
မကပ်နေတဲ့လူလိုမျိုး သူကားမောင်း
ထွက်ဖို့ပြင်နေတဲ့အချိန်အထိ ဘေးက
ခုံမှာ နေစင်ဟန်က ငြင်းဆန်ခြင်းမ
ရှိတော့ဘဲ အသံတိတ် ထိုင်နေမြဲ။
"ခါးပါတ်ပတ်"
ကားအရှေ့ကိုသာ တွေတွေကြီးငေးနေ
တဲ့ ပုံရိပ်။
"နေစင်ဟန် ငါပြောနေတာကြားလား"
"ဟမ် ဘာပြော"
စိတ်မရှည်တော့စွာဖြင့် ဘေးကခုံ
အနားကကပ်ကာ နေစင်ဟန်ကို ကျော်၍လက်လှမ်းပြီး ခါးပတ်ကြိုး
ကိုယူရင်း ပတ်ပေးလိုက်တော့ သူ့ကို
စူးစိုက်ကြည့်လာသူနှင့် နီးကပ်နေတဲ့
အနေအထားမှာ အကြည့်ချင်းဆုံသည်။
ဒါပေမယ့် ခဏပါပဲ။နေစင်ဟန်အကြည့်လွှဲသွားတာနဲ့ သူလည်း အနောက်ဆုတ်
လိုက်တဲ့အချိန်။
"ငါမကြားလိုက်လို့ ဆောရီး"
"ရတယ် ငါလည်းစိတ်မရှည်တော့လို့"
ကျောင်းကနေ ထွက်လာခဲ့တဲ့ တစ်လမ်း
လုံး ကားမောင်းနေရင်း ဘေးကသူကိုသတိထားနေပေမဲ့ နေစင်ဟန်က ပကတိတိတ်ဆိတ်နေလျက်သာ။
မီးပွိုင့်မိနေတဲ့အချိန် မသိမသာ ဘေးကိုစောင်းငဲ့ကာကြည့်တော့ ကားမှန်က
နေအပြင်ဘက်ကိုသာငေးကြည့်နေ
တဲ့ကောင်လေး။
မဖြစ်။ဘယ်လိုမှ တစ်ယောက်ထဲ
လွှတ်ထားလို့မဖြစ်။နဂိုထဲကခပ်မာမာနေတတ်တဲ့ ပုံစံဆိုတော့ သူ့ပုံရိပ်ကို
အပျက်မခံပေမဲ့ ဘယ်လိုသူက
နေ့ချင်းညချင်း လူငယ်ပိုင်းက တော်တော်များများရဲ့အပြောခံအဆဲခံဖြစ်သွား
တာကို ဘယ်လိုခံနိုင်မှာလဲ။ အဲဒါက
လည်း ကောင်မလေးရှိနေတဲ့ကောင်ကို
နှိုက်တဲ့ဂေးအဖြစ်နဲ့သမုတ်ပြီးဆဲနေ
ကြတာ။
နေစင်ဟန်ကိုသူ ဒီအကြောင်းနဲ့ပက်
သက်လို့ စကားတစ်ခွန်းတောင်မဟရဲ
သေး။ မျက်နှာပြောင်တိုက်ပြီးလာတွေ့
သလို ဖြစ်နေပေမယ့် တစ်ယောက်ထဲ
မလွှတ်ထားနိုင်ဘူး။
မီးစိမ်းတာနဲ့ ဘုန်းပြည့်ကွန်ဒိုကိုသွားရာ
လမ်းလေးခွမှာ ကားကိုကွေ့ချလိုက်
သည်။
" ရှင်းသန့်တို့က ဘယ်တော့ရောက်
လာမှာလဲ"
" ခဏနေရောက်လာလိမ့်မယ် မင်းရှိ
နေရင်တော့ ရှင်းသန့်လိုက်လာမှာ သူ
တို့လာမှပဲတစ်ခုခုမှာစားရအောင်"
"အင်း"
Passwordရိုက်ထည့်ပြီး အထဲရောက်
တာနဲ့အနောက်ကပါလာတဲ့
နေစင်ဟန် သူ့ကျောပိုးအိတ်ကို
ဆိုဖာအပေါ်အသာချသည်။
သူ့မျက်နှာကိုတော့ တစ်ချက်လေး
တောင်မကြည့်လာတော့။ တကယ်
လည်းမကြည့်ချင်စရာ ဖြစ်နေလောက်
ပေမယ့်နေစင်ဟန်က သူနဲ့အတူ လိုက်
လာတဲ့အထိ ဒီအချိန်မှာ အိပ်မပြန်
ချင်နေဘူးဆိုတာသိသာနေသည်။
အပြစ်တင်စကားတစ်ခွန်းမှမဆိုပဲသူ့
ကို ဒီလိုဖြစ်အောင်လုပ်ထားတဲ့ အဓိကတရားခံနဲ့ အတူပါလာနိုင်တဲ့အထိ
နေစင်ဟန်က လောကကြီးကို အရှုံး
ပေးထားသည့်ပုံစံပင်ပေါက်နေသည်။
ပထမဆုံးပဲ။ လူတယောက်ကို စကားစ
ပြောရမှာဗျူဟာ ကြောက်နေမိတာ။
" ဘာသောက်မလဲ အထဲဝင်ပြီးကိုယ့်
ဘာသာသွားယူမလား"
"ရလား"
အနာက်ကိုပြန်လှည့်ပြီး မေးတဲ့ မျက်နှာ
က တစ်ရင်းတစ်နှီးလိုလေသံချပြီး
ဆက်ဆံနေတဲ့ သူ့ကိုအံ့သြနေဟန်
တောင်မပြပေမဲ့ သူ မြင်နေရသည်။
" ဘာလို့မရရမှာလဲ မင်းကြိုက်တာကို
သွားယူသောက်"
"ကျေးဇူး ငါရေသောက်ချင်နေတာ"
ကျောပိုးအိတ်ကို ဆိုဖာပေါ်မှာတင်ပြီး
ခပ်မိုက်မိုက်ပင် လျှောက်သွားတဲ့
နေစင်ဟန်ရဲ့ လင်းထွက်နေတဲ့ပုံရိပ်က မပျောက်သွားပေမဲ့ ခန္ဓာကိုယ်မှာ အားအင်တွေမဲ့နေသည်မှာ အသိသာ။
သူကိုယ်တိုင် စိတ်ညစ်ညူးစွာဖြင့်
ဆိုဖာပေါ် ထိုင်ချလိုက်ရ၏။အခု
ဘာတွေဖြစ်ကုန်ပြီလဲ။သူ့ကြောင့်...
သူ့ကြောင့်နဲ့ ဒီအရွယ် ကောင်လေး
တယောက်ရဲ့ဘဝကအခု။
"နေစင်ဟန်"
ပါးစပ်မှာတေ့နေတဲ့ ဘီယာဗူးကို
ဆွဲယူတော့ သူ့ကိုပြန်ကြည့်သည်။
မျက်လုံးတွေက သောက်ထားတဲ့ အရှိန်ကြောင့်လား မျက်ရည်ထွက်ထားတာလား အနည်းငယ်တောင်နီရဲလို့။ ဘီယာဘူး
က တစ်ဝက်ကျိုးလို့ကုန်ခါနီးနေပြီ။
အချိန်တစ်ခဏ ကြာသည်အထိ နေစင်
ဟန် ထမင်းစားခန်းထဲကနေ ပြန်
မထွက်လာလို့ဝင်လာရတာတွေ့ရတဲ့
မြင်ကွင်းက။
ဘီယာဘူးကိုစားပွဲပေါ်တင်လိုက်ပြီး
နေစင်ဟန်ဘေးမှာ စိတ်လျှော့ကာ
ဝင်ထိုင်လိုက်ရသည်။
" မင်းဘာလုပ်နေတာလဲ"
"ဆောရီး ဘုန်းပြည့်ကိုပြောလိုက်ပြီး
ငါရေခဲသေတ္တာထဲပြန်ဝယ်ထည့်
ပေးထားမယ်"
" ငါပြောချင်တာ အဲ့ဒီလိုမဟုတ်ဘူးလေ။မင်းကြိုက်တာကိုယူသောက် တစ်ခြား
အအေးတွေရှိနေတာပဲ နေ့လည်ပဲရှိ
သေးတယ် ဘီယာတော့မသောက်နဲ့"
"ငါသောက်နေကြပဲ တစ်ဘူးဆိုငါ
ငြိမ်ကျပြီးအိပ်ချလိုက်ရုံပဲ မူးပြီးမရမ်း
တတ်ပါဘူး။ငါနည်းနည်းပဲ သောက်
ရသေးတယ် ပြန်ပေး"
ဘီယာဘူးကိုလှမ်းနေတဲ့လက်ကို
ဆွဲကိုင်တော့ အကြည့်တွေက ရီဝေဝေ
ဖြစ်နေပြီ။ သောက်နိုင်
တဲ့အထဲတော့မပါ။
"နေစင်"
ပုံမှန်ထက်ကိုသူ့အသံက တိုးလျနေ
လိမ့်မည်။
"ပုံမှန်ပဲ ကျောင်းကိုဆက်တက် အခု
ဖြစ်နေတာတွေအကုန်လုံးကို ငါအပြည့်
အဝ ဖြေရှင်းပေးမယ်။ပြီးတော့"
"အမှန်တွေပဲလေ"
နွမ်းလျနေတဲ့မျက်နှာ ပုံမှန်ထက်ကိူ
အက်ကွဲနေတဲ့စကားသံ ။
" မင်းကဘာကိုဖြေရှင်းမှာလဲ သူတို့နှစ်ယောက်က ချစ်သူတွေ။ငါက ဆန်းဆက်
ကိုဝတ်ရည်ဆီကနေ ပါလာအောင်
လုပ်နေတာတွေ ။အကုန်အမှန်ပဲတွေ
လေ တစ်ခြားသူတွေပြောနေသလိုပဲ
ငါက မိန်းကလေးတစ်ယောက်ဆီက
နေသူ့ကောင်လေးကို နှိုက်"
"နေစင်ဟန်"
သူ့ကို စူးရဲစွာပြန်ကြည့်လာတဲ့မျက်ဝန်း
တွေမှာ အရည်ကြည်တွေပြည့်တက်လာသည်။
မှားပြီ။အကြီးကြီး သူမှားသွားပြီ။သူ့
ဘာသာ အေးအေးဆေးဆေးနေနေတဲ့ ကောင်လေး မိသားစုကိုသိတတ်တဲ့
ကောင်လေးကို သူ ဘာတွေလုပ်လိုက်
မိတာလဲ။
ဘယ်လောက်ပဲဖြေရှင်းပေးမယ်
အရှက်မရှိပဲပါးစပ်ကပြောထွက်ပေ
မယ့်နေစင်ဟန်နာမည်က အဖက်ဆယ်
လို့မရတော့ဘူးဆိုတာ သူ့ကိုအပြစ်တင်စကားတောင်မဆိုတဲ့
နေစင်ဟန်အရှေ့မှာ နေရခက်လွန်းစွာနဲ့ ထမင်းစားပြီး ကြီးလာတဲ့သူတိုင်း
သိသည်။
" ရပ်လိုက်တော့"
တစ်ခဏတောင် ထပ်ခါမစဉ်းစားပဲ
ပြောလိုက်မိခြင်းပင်။သူ့ ဦးနှောက်က
အခုချိန်မှာ ဗလာဖြစ်နေတယ်။
သူ့အတွက် ဦးစားပေးရာက ဒီမျက်ရည်
တွေကိုမကြည့်နိုင်တာပဲ။
" မင်းအခုလုပ်နေတဲ့ ကိစ္စကို ဒီမှာပဲ
ရပ်လိုက်တော့ ငါတို့နှစ်ယောက်ကြားမှာ ဘာအပေးအယူမှ မရှိတော့ဘူး။
အကုန်လုံးကိုမေ့ပစ်လိုက်ပြီး မင်း
ဒီကျောင်းမှာဆက်မတက်ချင်တော့
ဘူးဆိုရင်ငါတစ်ခြားကျောင်းမှာထား
ပေးလို့ရပေမယ့် မင်းထွက်သွားရင်
လူပြောစရာပိုဖြစ်မယ်။တစ်ပတ်
လောက်ပဲ တစ်ပတ်နှစ်လောက်ပဲသည်းခံလိုက် မင်းနဲ့အဲ့ကောင်နဲ့ဘာမှမသက်ဆိုင်
ဘူးဆိုတာ ငါဖြေရှင်းပေးမယ် အချိန်ကြာရင် ပါးစပ်ပေါက်တွေအကုန်ပိတ်သွား
မှာမလို့"
"ငါ ဘယ်သူ့ဆီမှာမှ ပေးစရာရှိတယ်
ဆိုတဲ့စိတ်နဲ့မနေနိုင်ဘူး။ အဲဒီလောက်
ပိုက်ဆံကိုငါ ချက်ချင်းကြီး မင်းကို
ပြန်ဆပ်ဖို့"
"အခု ပိုက်ဆံကအရေးကြီးလား ငါမင်း
ကိုအဲ့ဒီစကားတခွန်းမှမပြောရသေးဘူး။
မင်းအလုပ်ရပြီးရှာနိုင်တဲ့အခါမှပြန်ဆပ်
အဲ့တာကအရေးမကြီးဘူး"
"ဘာဖြစ်လို့လဲ"
သူ့ကိုသနားနေတာလားဆိုတဲ့အမေး
တွေက မျက်ဝန်းထဲမှာ။
"ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ"
"ငါစိတ်ကူးပြောင်းသွားလို့"
"မင်းငါ့ကို"
"တစ်လွဲတွေထင်မနေနဲ့ မင်းကို အားနာ
တဲ့သူတော်ကောင်းစိတ်ဓါတ်မျိုးငါ့မှာ
မရှိဘူး အခုမင်းကငါ့အတွက်အသုံးမဝင်တော့ဘူး ။ဒီကိစ္စကိုမေ့လိုက် မင်းကိုမလိုတော့ဘူး ငါပြောသလိုပဲမင်းမဖြစ်မနေ ကျောင်းပြောင်းချင်တယ်ဆိုရင်တော့"
"လွယ်မလား"
နွမ်းလျနေဆဲမျက်နှာနဲ့
ဖြတ်ပြောလာတဲ့ အသံတိုးဖွဖွ။
" အဲဒီလောက်လွယ်မလား။ငါကလူ
အသွေးနဲ့အသားနဲ့ ခံစားချက်ရှိတဲ့လူ။
လူတစ်ယောက်ကို အခုချက်ချင်းပဲအသည်းအသန်ကြိုက်လာပါချည်ရဲ့
ဆိုပြီးမင်းခိုင်းတဲ့အတိုင်း ငါ့စိတ်တွေကို
ပုံပေးပြီးသူ့အနားကပ်ပြီးမှ အခုချက်
ချင်းပဲ မင်းပြောသလို"
"နေစင်ဟန်"
အကြည့်ချင်းဆုံရင်း
နောက်ထပ်တစ်ကြိမ် နာမည်ခေါ်ပြီးအသံကျယ်သွားရသည်။
ပါးစပ်ကသာ အလိုအလျောက်ထွက်
သွားပေမယ့် ခေါင်းထဲမှာတော့
နေစင်ဟန် စကားတွေကို လိုက်မှီအောင်
မနည်းကြိုးစားယူလိုက်ရသည်။
မဟုတ်ဘူးလေ။ နေစင်ဟန်က..။
" ဆန်းဆက်မှူးကို မင်းကြိုက်သွားပြီလို့တော့ ငါ့ကိုမင်းမပြောဘူးမလား"
မျက်ရည်ကြည်တွေပြည့်နေသည့်
တိုင်အောင် သန်မာတဲ့ ယောက်ျားလေး
တယောက်ရဲ့အသွင်ကမှေးမှိန်မသွား။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူးလေ။ ဒီလောက်အချိန်လေးအတွင်းမှာ။သေချာပေါက်
ဆန်းဆက်မှူးဆီ ရောက်သွားရင် တခုခု
တော့ပြန်ပါလာနိုင်တာ သိပေမဲ့ နေစင်
ဟန်ကိုတော့ အဆုံးထိ မထင်ထားခဲ့
ဘူး။မဖြစ်နိုင်ဘူး။
"ငါ့ရှေ့မှာ ရိုးသားသလိုဘာသလိုနဲ့
အခုအဲ့ကောင်ကိုကြိုက်သွားပြီလို့
သေမလိုမျက်နှာနဲ့ သောက် အဓိပ္ပါယ်
မရှိတဲ့စကားကိုပြောနေရအောင် မင်းက
အစထဲကဂေးလား ဟေ့ရောင် "
စိတ်ရှိသလောက် အသံကျယ်အော်မိ
ပြီးမှ ခေါင်းငုံ့ချလိုက်သည့်တိုင်ပါးပြင်
ပေါ် မျက်ရည်တွေကျသွားတာကိုမြင်
လိုက်ရချိန် သူကိုယ်တိုင် ငြိမ်ကျသွား
ရတယ်။
ကိုယ့်ကိုကိုယ်
ဘာဖြစ်လို့ဒီလောက်ထိ ဒေါသထွက်
နေရလည်းဆိုတာကိုခွဲခြားဖို့ထက်
ချောင်းကမ်းပါးစွန်းကနေ တွန်းချခံ
လိုက်ရသလိုမျိုး ခံစားချက်ကိုအမှီ
လိုက်နိုင်အောင် ကြိုးစားယူနေရသည်။
"ဆောရီး ငါ"
ခေါင်းကိုအသာခါပြတဲ့ပုံစံကို ထိုင်
ကြည့်နေရသည်ကိုက။
" အခုလိုတွေဖြစ်သွားလို့ ငါအသုံး
မဝင်တော့မှာမင်းမပူနဲ့။ဆန်းဆက်က
ငါ့ဆီလုံးဝပါနေပြီ။အဲ့ဒီpostက
ဝတ်ရည်ကိုပြတ်ကြဖို့ပြောလို့သူ့ဖုန်းကို
ယူပြီးဝတ်ရည်တင်လိုက်တာတဲ့။
ဝတ်ရည်ကိုအားနာနေရလို့ ပြီးတော့
သူ့မိသားစုတွေကြောင့် ဝတ်ရည်ကို
အသုံးချနေရလို့ ဝတ်ရည်ဆီကနေ
ထွက်လာလို့မရသေးဘူးဖြစ်နေတယ်။
အခုတော့ ထွက်ထားတဲ့သတင်းတွေ
ကြောင့်အနေအထိုင်နည်းနည်းဆင်ခြင်
ကြရအောင်တဲ့။ဝတ်ရည်ကို မင်းလက်
ထဲကလုချင်လို့ သူ့မိသားစု
တွေကြောင့် သူအသုံးချနေရတာတွေ
ကိုရပ်သွားအောင် ငါလုပ်နိုင်တယ်။
ဆန်းဆက်ကို တစ်ကယ် ကြိုက်သွား
လို့ဆိုပြီး ကိုယ့်လူသူ့ဘက်တော်သား
ဖြစ်မှာတော့မင်းမပူနဲ့။သူ့ကိုမထိခိုက်
စေသရွေ့မင်းအစီအစဥ်အတိုင်းငါ
ဆက်လုပ်ပေးနိုင်တယ်။
မင်းလိုချင်တာကဝတ်ရည်ဖြစ်သလို
ငါလိုချင်တာလည်း မင်းညီဖြစ်နေ
သရွေ့ငါ့ကိုမင်း ကောင်းကောင်းကြီး
ဆက်ပြီးအသုံးချနိုင်တယ်"
ဘာပြောရမလဲ။
အဲဒီမှာ ဆက်ပြောစရာ ဘာစကားတွေ
ရှိတော့မှာလဲ။အခုချက်ချင်းပဲ ပြေးသေ
လိုက်လို့ရပြီ။
ကိုယ့် ထောင်ချောက်နဲ့ကိုယ်မိတာတောင် မဟုတ်တော့ဘူး။ကိုယ်သေဖို့ကိုယ့်ကျင်းကိုယ်အလှဆင်ပြီးတူးထားတာ။
အားလုံးမှားကုန်ပြီ။လွန်ကုန်ပြီ။ပြင်ဖို့
မပြောနဲ့နောက်ပြန်လှည့်လို့တောင်
မရတော့ဘူး။
"ငါ အရင် ပြန်လိုက်တော့မယ်
ဘုန်းပြည့်တို့လာတာကိုမစောင့်တော့"
ချက်ချင်းထရပ်ပေမယ့် သောက်ထားတဲ့အရှိန်ကြောင့်လား အားမရှိနေတာလား
ခြေယိုင်သွားတဲ့သူကို လက်တစ်ဖက်
နဲ့ အမြန်ထိန်းလိုက်ရသည်။
"ငါ ....ရတယ် ငါမလဲ"
အိမ်ရှေ့ကို လက်မောင်းကနေ
တွဲလာရသည်လို့တောင် ပြောလို့ရတဲ့
အထိ ဧည့်ခန်းကဆိုဖာပေါ်လှဲစေလိုက်
တော့လည်း မငြင်းဆန်နိုင်။
မျက်လုံးတွေမှိတ်သွားပြီး သောက်ထား
တာရောပင်ပန်းနေတဲ့ အရှိန်ကြောင့်ပါ အဆက်အသွယ်ပြတ်သွားသူလှဲနေ
သည့်ဆိုဖာရှည်ကိုကျောမှီကာ
ကြမ်းပြင်မှာ ထိုင်ချလိုက်ရသည်။
နေစင်ဟန်ကို နောက်တစ်ခါ ထပ်
မကြည့်ရဲ။ထပ်မကြည့်နိုင်။
အားလုံးသွားကုန်ပြီ။ သူစီစဉ်ထားတဲ့
အထဲမှာ ဒီအပိုင်းတွေမပါ။နေစင်ဟန်
နာမည်ဖြတ်ခံရဖို့ နေစင်ဟန် ဆန်းဆက်မှူးလိုကောင်ကိုသူ့ဘက်ကအရင်ချစ်သွားဖို့။သွားပြီ။
ဆန်းဆက်မှူး ရွှေ့ပြလိုက်တာက
တစ်ကွက်ထဲ။......ဒါပေမဲ့သူ။
ဆန်းဆက်မှူးလိုပါးနပ်တဲ့ကောင်က
နေစင်ဟန် သူ့ရောက်လာတာနဲ့ ဘယ်လိုအကြောင်းအရာလဲ လူပုံကိုကြည့်တာနဲ့ အကဲခတ်တတ်မယ်ဆိုတာသူသိနေလို့
ဒီဇာတ်လမ်းကိုစခဲ့တာပင်။နေစင်ဟန်
ကိုသူလွှတ်ထားလို့ အနားရောက်လာ
တယ်ဆိုတာသူ့ကိုယ်သူပါးတယ်လို့
ထင်နေတဲ့ ဆန်းဆက်မှူးလိုကောင်ကို
ပေးသိလိုက်တာကလည်းသူကိုယ်တိုင်။
ကလပ်တွေတက်ပြီးသူ့အနားကပ်တဲ့
ကောင်လေးတွေကို အားနာသလိုနဲ့
ရောနေတဲ့သူ့ညီကbiဆိုတာ သူသိနေ
လို့ပင်။ ဒါပေမယ့် မဝန်ခံထားသလို
ဆန်းဆက်မှူးလိုကောင်က ယောက်ျားလေးတစ်ယောက်ကိုအချစ်နဲ့ရွေးမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့ သူနေစင်ဟန်ကို
ထည့်ခဲ့တာ။နေစင်ဟန်မှာ ဘယ်သူနဲ့မှ
မတူတဲ့ဆွဲဆောင်မှုရှိနေတယ်။
ဆန်းဆက်မှူးသူ့အနားနေစင်ဟန်
ရောက်လာတဲ့ ရည်ရွယ်ချက်ကိုသိပြီး
သူ့စရိုက်အရ အချိုသပ်ပြီးနေနေမှာကို
သိလို့ သူ့အကွက်ထဲသူဝင်ပြီးနေစင်ဟန်
ကို ပြန်ပလေးရင်းနဲ့ပဲနေစင်ဟန်
အကြောင်းကိုသိမှသနားပြီးယောက်ျားလေးတစ်ယောက်ကို အတည်ချစ်
သွားရအောင် အကြံဆိုးနဲ့စီစဥ်ထားတာ။
အခုလည်း သူ့အစီအစဉ်က လမ်းကြောင်းပေါ် ရောက်နေဆဲပဲ။ ဒါပေမယ့် သူ
ဆက်မလုပ်နိုင်တော့ဘူး။
နေစင်ဟန် ပင်ပန်းနေပြီ။နေစင်ဟန်ကိုထိခိုက်စေမဲ့ အကြောင်းအရာက သူ့အစီအစဉ်ထဲမှာပါလို့မရဘူးဆိုတာ
အခုမှကိုယ့်ကိုကိုယ်သိသည်။နေစင်ဟန်
ရဲ့စိတ်ကိုသိသွားတော့ပိုသေချာ
သွားသည်။ဒီကောင်လေးကိုသူတို့ရဲ့
ကစားပွဲထဲဝင်ပါခိုင်းလို့မရတော့ဘူး။
တစ်ကယ်ကြီး မင်းဘက်ကအရင် ဖြစ်
သွားလို့မရဘူးလေ။မင်းကြိုက်သွား
လို့မရဘူး။ဆန်းဆက်မှူးလိုကောင်က
မင်းကိုအတည်ကြံမယ်လို့ထင်နေတာလား။
မရဘူး။တားမှရမယ်။ကိုယ့်လူကိုယ်
မတားနိုင်ရင် တစ်ဖက်ကိုတားရမယ်။
"နေစင် အိပ်ပျော်နေတာလား"
သူထရပ်လိုက်တဲ့ အချိန်နဲ့ဘုန်းပြည့်နဲ့
ရှင်းသန့် ကွန်ဒိုထဲဝင်လာတဲ့ အချိန်ကကွက်တိပင်။
"ငါ အပြင်သွားလိုက်ဦးမယ် နေစင်
အိပ်ပျော်နေတယ် သူအိမ်မပြန်ချင်ရင်
ဒီမှာပဲဒီညပေးအိပ်လိုက်။ငါပြန်လာခဲ့မယ်"
"ဘယ်သွားမလို့လဲ ဟေ့ရောင်"
------------------------------------
" မင်းဝတ်ရည်နဲ့ဆက်ပြီးနှစ်ပါးသွား
ကချင်ရင်နေစင်ဟန်ကို လှေနံနှစ်ဖက်
နင်းပြီး အဆက်အသွယ်လုပ်နေတာ
တွေ ရပ်တန်းကရပ်လိုက်"
Studioအရှေ့မှာသူရောက်လာတာနဲ့
ဆန်းဆက်မှူးကို ခေါ်ထုတ်လိုက်ခြင်း
ပင်။ဝတ်ရည် ပြန်သွားပြီ ဖြစ်၍သာ
တော်သေးသည်။
"အလာကြီးပါလား ငါကတော့မင်းလို
ခေါင်းစဉ်မရှိဘဲ ဝုန်းဒိုင်းမကြဲတတ်ဘူး။ လိုရင်းကိုပြော မင်းအခုငါ့ကိုလာတွေ့တာ ဝတ်ရည်အတွက်လား နေစင်အတွက်လား"
"ဟုတ်တယ် နေစင်ဟန်အတွက်"
"ဟား ပြောတော့မင်းနဲ့နေစင်ဟန် က
အခုမှ သိကြတာဆို။ ဘယ်လိုဖြစ်ရတာလဲ"
သူမသိတာ ဘာမှမရှိဘူးဆိုတဲ့ ပုံစံနဲ့
။ မင်းထက်ကို ငါကကျော်မြင်တယ်
ဆရာကြီးလုပ်ပြီးစကားအပိုတွေပြော
မနေနဲ့ ငါခွင့်ပြုထားလို့မင်းခိုးချောင်း
လို့ရတာဆိုတာကိုလည်းကိုယ်ကိုယ်
တိုင် စကားအပိုတွေပြောလို့မရ။
" အဲဒီတော့ မင်းရဲ့ရည်ရွယ်ချက်က
ဘာလဲ။နေစင်ဟန်ကိုငါ့အနားပို့ထားရတဲ့
အကြောင်းအရင်း"
ဆန်းဆက်မှူး ပြုံးလိုက်တာက ငယ်ရုပ်အတိုင်းပေမဲ့ ငယ်ငယ်တုန်းကလို
အရိုးခံ သူ့ညီကို ရှာလို့မတွေ့တော့ဘူး။
သူ့မိဘတွေ။အားလုံးက သူ့မိဘတွေရဲ့။
"အစကတော့ ငါ အမျိုးစုံတွေးလိုက်သေးတယ်။ငါကtwo wayဆိုတာမင်းသိနေတော့ နေစင်ဟန်ကိုငါ့အနားပို့ပြီး
ဘာတွေကြံမလို့စီစဥ်နေတာလဲလို့။ဒါ
ပေမယ့် အခုအဲ့တာတွေကအရေးမကြီး
တော့ဘူး ။နေစင်ဟန်ကငါ့ကိုတစ်
ကယ်ကြီးခိုက်သွားမှတော့ မင်းစီစဥ်
ထားတာတွေအတွက် ဘယ်လိုများ
လုပ်ရပါ့မလဲလို့"
" သူ့ကိုလွှတ်ပေးလိုက်"
"Why?"
" နေစင်ဟန်က ငါ့သူငယ်ချင်း"
"ဆက်ပါအုံး"
"သူကအစထဲက မင်းကိုစိတ်ရင်းနဲ့
ကြိုက်နေတာ သူ့မိသားစုအတွက်
ပိုက်ဆံလိုလို့ ငါခိုင်းတာကိုလုပ်ပေး
ခဲ့ရုံပဲ။သူ့မှာအမှားမရှိဘူး"
"ငါ့ကဘာလို့လူကြမ်းအလုပ်ခံပြီး
ကိုယ့်ကိုခိုက်နေတဲ့သူကိုငြင်းလွှတ်
ပေးရမှာလဲ။ သူ့ဘက်ကငါ့ကို
အတည်ဖြစ်နေတာလေ ချက်ချင်းကြီး
ဖြတ်ချလိုက်ရင် ဘယ်စိတ်ဝင်စားဖို့
ကောင်းတော့မှာလဲ ။ဖြေးဖြေးချင်း
ဖြေးဖြေးချင်း... "
"ဆန်းဆက်မှူး"
"လေသံကိုလျှော့။အခုအဲ့ဒီလေသံနဲ့
ပြောရမှာ မင်းမဟုတ်ဘူး။ငါကမင်းလို
မရိုင်းတတ်လို့ မသံမကျယ်တာ
အင်အားမသုံးတာ ။မပြောတတ်ဘူးလက်သီးမရှိဘူးလို့တော့မထင်နဲ့"
"နေစင်ဟန် က ငါ့သူငယ်ချင်းလို့ပြောနေတယ်။မင်း ရပ်တန်းကရပ်လိုက်"
" မင်းနဲ့အနေသာကြီးလေ ဘုန်းပြည့်
ကလွဲပြီးဘယ်သူငယ်ချင်းကိုမင်းက အဲ့ဒီလောက်ထိ ဂရုစိုက်လို့လဲ ။ဘယ်တုန်း
ကမှမရှိတဲ့ စာနာစိတ်နဲ့ နေစင်ဟန်ကို
အားနာသွားလို့ သနားနေတာလို့တော့
လာမပြောနဲဲ့။ငါကခံရတဲ့သူပါ။ မင်းတို့
နှစ်ယောက်ကငါ့ကိုအရင်ပညာပြဖို့
ကြံစည်နေကြတာ ငါသာအထာမနပ်
နေရင် အခုချိန်"
ဆန်းဆက်မှူးက ထပ်ပြီးအဓိပ္ပါယ်ပါ
ပါပြုံးလိုက်လျက်။
"ဘာလဲ နေစင်ဟန်က မင်းအတွက်
ငါ့ကိုလာတွေ့ရလောက်တဲ့အထိ အရေး
ပါနေလို့လား...ငါ့အစ်ကို"
အရိပ်အခြေဖမ်းတတ်တဲ့ကောင်ရှေ့မှာ မျက်နှာအမူအယာမပျက်အောင်
ထိန်းလိုက်ရသည်။
"မင်း လုပ်ချင်တာလုပ် နေစင်ဟန် က
ငါ့သူငယ်ချင်းဖြစ်နေလို့လာခဲ့ရုံပဲ ငါပြောစရာကုန်ပြီ"
သူ ကားတံခါးကိုဖွင့်မလို့လုပ်ကာ
ခြေလှမ်းတွေ နောက်ဆုတ်ဖို့အမြန်
ပြင်လိုက်ရသည်။
ဒီကောင် ဘယ်အကွက်ကိုရွှေ့လိုက်တာလည်းသူအခုမှသိတာ ကိုယ့်ကိုကိုယ်
အံ့ဩလို့မဆုံး ။တစ်နေရာမှမချို့ယွင်းအောင်အကွက်ကျကျစီစဥ်ထားခဲ့သမျှ သွေးပူပြီးနေစင်ဟန် အတွက် အပြေး
လာခဲ့တာသူမှားပြီ။
နေစင်ဟန်ကိုသူအထိခိုက်မခံနိုင်ဘူး
ဆိုတာ ဆန်းဆက်မှူးဘယ်လိုမှ
ဖမ်းမိလို့မဖြစ်။
"ဝတ်ရည်က ငါ့ရဲ့မိဖုရားဆိူရင်
နေစင်ဟန်က ကိုယ်လုပ်တော်ပေါ့။
ယောကျာ်းလေးတစ်ယောက်နဲ့ စမ်း
ကြည့်ချင်နေတာနဲ့ အတော်ပဲဖြစ်သွား
တယ်။ နေစင် က ငါ့ကို အရမ်း
ခိုက်နေတာဆိုတော့ သိမ်းသွင်းရတာတစ်အားလွယ်တယ် ဝတ်ရည်ကို
ပစ်ပြီး သူ့ဆီလာမယ်ဆိုတဲ့ စကား
ကိုလည်း ယုံတာပဲ။ ပျင်းစရာတောင် ကောင်းတယ်။စိတ်ချ မင်းသေချာလေး
ရွေးပေးထားရကျိုးနပ်အောင် မင်းညီကသေချာလေးသုံးပေးပြီးမှ စနစ်တကျအနာအဆာမရှိအောင်စွန့်ပစ်ပေးမယ်"
"ဆန်းဆက်မှူး"
ကားအနားကနေခွာကာ
ခပ်ကြမ်းကြမ်း သူ့ညီရဲ့ အင်္ကျီကော်
လန်ကိုဆွဲကိုင်သည့်တိုင် ထုလို့မကြေတဲ့ မျက်နှာကအမြင်ကတ်စရာကောငိး
အောင်ပြုံးတုံးလျက်ပင်။
"ငါ့အကြောင်းတွေ နေစင်ဟန်ကို
သွားပြောပြပြီး အခုချက်ချင်း သူသိသွားအောင်လုပ်လိုက်ရင်လည်းရတယ်နော် ဟား"
ရယ်သံတွေအနောက်မှာ သွေးလေ ခြောက်ခြားသလိုဖြစ်သွားရတာကသူ။
ပြန်မြင်ယောင်လာရတဲ့ တစ်ယောက်သော....။
ငါကလူ။အသွေးနဲ့အသားနဲ့ ခံစားတတ်
တဲ့သူဆိုပြီးသူ့ရှေ့မှာ ပြိုလဲနေတဲ့နေစင်
ဟန် ရဲ့မျက်နှာ။ဒီကောင်လေး အပေါ်ကို
သူဘယ်လိုလုပ် ထပ်ပြီး။
"ညီအစ်ကိုချင်းဆိုတော့ ဒီတခါလျော်ပေးလိုက်မယ်။ညီလေးရဲ့အကြိုက်ကို
သိနေတော့ အစ်ကိုဖြစ်တဲ့သူက ပျော်
စရာလေးတွေ ပို့ပေးလိုက်တယ်လို့ပဲ
မှတ်လိုက်မယ်။နေသာသလိုသာဆက်
နေ။ နေစင်ဟန်ကိုငါ့တာဝန်ထားလိုက်
တော့"
"မလုပ်နဲ့"
စကားသံတွေ တည်ငြိမ်နိုင်အောင်
ကြိုးစားလိုက်ရရင်းပင်။
"သူ့ကို ဘာမှမလုပ်နဲ့။မင်းဘက်က အစစ်အမှန် ပြန်မပေးနိုင်ပဲနဲ့ သူ့ကို
ထပ်ပြီးထိခိုက်အောင် ဘာတစ်ခုမှ
လုပ်ဖို့မစဥ်းစားနဲ့"
" အဲ့ဒါဆိုရင်ငါ့ဘက်က အစစ်အမှန်ကို
နေစင်ဟန်အပေါ်ပြန်ပေးမယ်ဆိုရင်ရော"
ရွေးချယ်ဆိုတဲ့သဘောနဲ့ ပုခုံးတွန့်ပြတဲ့ကောင်ရဲ့အပြုံး။
"မင်းဘာဖြစ်ချင်လဲဆိုတာကိုပြော"
"ကြိုက်ပြီ အဲ့ဒီလိုသဘောပေါက်လွယ်
မှ ငါနဲ့ညီအစ်ကိုတွေလို့ပြောလို့ရမှာပေါ့။
ငါဘာဖြစ်ချင်လဲဆိုတာထက်
မင်းရဲ့ဆန္ဒကိုလိုက်လျောပေးဖို့ မင်း
ဘာဖြစ်ချင်လည်းလို့ ငါ့ဘက်က အလိုက်သတိနဲ့ အရင်မေးရမှာမဟုတ်ဘူးလား
ငါ့အစ်ကိုရဲ့"
အမေဆုံးမထားတဲ့ ဘယ်သူ့အပေါ်မှာမှ အမှားမပြောနဲ့ မလုပ်မိစေနဲ့ ဝဋ်လည်
တတ်တယ်သား ဆိုတဲ့စကားကို သိသိ
ကြီးနဲ့ ကျူးလွန်ခဲ့မိတဲ့သူက သူကိုယ်တိုင်ဖြစ်နေခဲ့၍။
******************************
ပြောရမယ်ဆိုရင်တော့ စရေးဖို့စဥ်းစား
ခဲ့ရချိန်ရောအကြမ်းချရေးတုန်းကပါ
နားထောင်ဖြစ်ခဲ့တဲ့သီချင်းက8lettersပါ။ရေးမိပြန်ပြီနော်"(
[ဒီအပိုင်း မအားတာရော နည်းနည်းနေမကောင်းဖြစ်သွားတာကြောင့်ပါရက်ကြာ
သွားပါတယ်။နောက်အပိုင်းတွေတော့ဒီလောက်မကြာစေရပါဘူး]
ေက်ာင္းဂိတ္ဝထဲကို အ႐ွိန္မေလွ်ာ့ပဲ
ေမာင္း ဝင္လာတဲ့ဗ်ဴဟာကားက ကားပါကင္မွာ အျမန္ပင္ ေနရာယူလိုက္ခ်ိန္ အနီးအနားက တစ္ခ်ိဳ႕ပါလွမ္းၾကည့္
သြားတဲ့အထိ။
ကားေပၚက ဆင္းကာ ဗ်ဴဟာ
သူ႕ကားကိုမွီၿပီး ရပ္ေနတဲ့ဘုန္းျပည့္ဆီ ေျခလွမ္းႀကဲေတြနဲ႔ေလွ်ာက္ကာ
သြားလ်က္။
"ေနစင္ဟန္ အခုဘယ္မွာလဲ"
"သူတို႔အခန္းထဲမွာ ဆရာဝင္ေနလို႔
အတန္းတက္ေနတယ္တဲ့ ႐ွင္းသန္႔
ေျပာတာေတာ့"
အတန္းတက္ေနတယ္။တစ္ကယ္ပဲလား
သူဘာမွမျဖစ္သလို အတန္းတက္ႏိုင္ေသးတာလား။
"ဘယ္လိုေတြျဖစ္ၾကတယ္ဆိုတာ ငါ့ကို
႐ွင္းျပအုံးေဟ့ေရာင္ ဆန္းဆက္နဲ႔
ဝတ္ရည္က ခ်စ္သူေတြ ျဖစ္ေနၾကတာ
ၾကာၿပီဆိုတာသတင္းေတြထြက္လာမွ
ငါကအခုမွသိရတယ္။ မ်က္စိပိတ္နား
ပိတ္ေနတဲ့ငါ့ကိုလည္း သူငယ္ခ်င္း
ေနရာသြင္းၿပီး မင္းတို႔အဖက္လုပ္ၿပီး
ေျပာျပၾကပါဦး"
ဘုန္းျပည့္ရဲ႕ ေအာ္သံက်ယ္ကို ဂ႐ု
မထားႏိုင္ပဲ ဖုန္းကိုသူ ေနာက္တစ္ခါ
ျပန္ဖြင့္လိုက္ရသည္။
လိုင္းဖြင့္လိုက္ၿပီးမေန႔ညထဲက အခါခါ
ၾကည့္ထားတဲ့ပိုစ့္က ဖ်က္သြားၿပီ
လားလို႔ၾကည့္လိုက္ေပမဲ့ စာမ်က္ႏွာ
ေပၚမွာ ႐ွိေနဆဲ။ဆန္းဆက္မႉး
အေကာင့္ကေနတင္ထားတဲ့
"1 year annniversary ကေန
ႏွစ္ေတြအဆုံးအထိ ခ်စ္သူမင္းနဲ႔"ဆိုတဲ့captionနဲ႔အတူ ဝတ္ရည္နဲ႔ဆန္း
ဆက္မႉး စားေသာက္ဆိုင္တစ္ခုမွာanni dayတုန္းက႐ိုက္ထားတဲ့ပန္းစည္းကိုင္
ထားတဲ့ဝတ္ရည္ကိုဖက္ထားတဲ့
ဆန္းဆက္မႉးနဲ႔ပုံေတြ။
ပြဲစည္ေနတဲ့ေအာက္ကမန္႔ေတြမွာေတာ့ ေက်ာင္းကေကာင္မေလးေတြ
အမ်ားစုျဖစ္ၿပီး အကုန္လုံးက
"တစ္ႏွစ္ေတာင္႐ွိသြားၿပီ ဘယ္လိုမ်ား
လ်ိဳထားၾကတာလဲ။ဘာပဲျဖစ္ျဖစ္congrazပါ"
"ႏွစ္ေယာက္လုံးက လိုက္ဖက္လိုက္ၾက
ပါေပတယ္။seriesထဲကfan service
ေတြကိုေၾကာက္ေနရင္းနဲ႔ပဲအျပင္လက္
ေတြ႕ကေကာင္ေလးႏွစ္ေယာက္
အတူ႐ွိေနတာျမင္႐ုံနဲ႔သေဘာက်ခဲ့မိပါတယ္။ငါတို႔ကိုအခ်ိဳေတြေကြၽးသြားတာလားbro မေနႏိုင္လို႔မန္႔လိုက္မိၿပီ "
"လ်ိဳထားလက္စနဲ႔ကိုယ္ေတြ အေပ်ာ္
မပ်က္ေအာင္ဆက္လ်ိဳထားၿပီးsilentပဲဆက္ေနပါလားအစ္မရယ္ တစ္ႏွစ္ေတာင္
႐ွိၿပီေပါ့ေလ captionကဆန္းဆက္မႉး
လက္ေရးမဟုတ္သလိုပဲ:)"
ဘယ္ေလာက္ေတာင္မွဒီအသိုင္းအဝိုင္း
မွာ ဆန္းဆက္မႉးေသာက္ပိုေတြ လုပ္ျပ
ထားလဲမသိ။music clubကဆန္း
ဆက္မႉးနဲ႔ေနစင္ဟန္ဆိုၿပီးေက်ာင္းကwelcomeထဲက နာမည္ႀကီးသြား
တာ။private groupနဲ႔supporting
ေတြလုပ္ေနၾကတဲ့အထိေက်ာင္းကေရာ
တစ္ျခားအျပင္ကပါ ဒီအသိုင္းအဝိုင္းက ေကာင္မေလးေတြရဲ႕တဟုန္ထိုးအားေပးဝန္းရံမႈနဲ႔BL shot flimေတြေတာင္
႐ိုက္မလို႔စီစဥ္ေနၾကတဲ့အထိျဖစ္ေနၿပီ
လို႔သူၾကားသိထားတဲ့အေျခအေန ။
" ေယာက်္ားေလးႏွစ္ေယာက္ပူးကပ္
ေနတာျမင္ရင္ ေပးစားဖို႔ပဲသိတဲ့ဟာေတြ။ မိန္းကေလးအခ်င္းခ်င္းျဖစ္ၿပီးတစ္ဖက္ကေကာင္မေလးရဲ႕ ခံစားခ်က္
ကို ထည့္မတြက္ေတာ့ဘူးလား။နင္တို႔ေပးစားေနၾကတဲ့ေကာင္မွာနင္တို႔ေျပာ
ေနတဲ့ အစစ္မ ရည္းစား႐ွိတယ္ေနာ္။
ဒါဘယ္သူတင္တာပဲျဖစ္ျဖစ္သူတို႔ႏွစ္ေယာက္ကofficialခ်ျပလိုက္တာပဲ။
ဘာမွငါတို႔ေကာင္မေလးကို႐ြဲ႕သလိုေစာင္းသလိုလာမန္႔ေနစရာ အေၾကာင္းမ႐ွိဘူး။
သူတင္တယ္ဆိုလည္းသူ႕ရည္းစား
အေကာင့္မွာသူတင္ပိုင္ခြင့္႐ွိလို႔ကို
တင္တာ။နင္တို႔အေကာင္ေရာအခုမွ
သိတာျဖစ္ႏိုင္ပါ့မလား။
ရည္းစား႐ွိတဲ့သူကိုနင္တို႔လိုေတြ
ဝန္းရံတာခံခ်င္႐ုံနာမည္ႀကီးခ်င္႐ုံနဲ႔
လိုက္ကပ္ေနတဲ့နင္တို႔အေကာင္သာ
နင္တို႔ထိန္း"
"သူမ်ားခ်စ္သူေတြanni daypost
ေအာက္မွာ ဘာေတြလာမန္႔ေနၾကတာ
လဲ။နင္တို႔ဘာသာ ေပးစားခ်င္တိုင္း
ေပးစားေနၾကၿပီး အထိနာမွလာမစပ္
ေနၾကနဲ႔။ မိန္းကေလးအခ်င္းခ်င္း
အားနာမႈေတာင္ မ႐ွိၾကေတာ့ဘူးလား အကုန္ထြက္သြား"
"တစ္ကယ္ပဲ ေကာင္မေလး႐ွိတယ္ဆိုရင္လည္း ကိုယ္ေတြကိုအျမင္မွားေအာင္ fan serviceေတြ မေပးခဲ့သင့္ဘူးbro။အခုေတာ့ေကာင္မေလးက ၿငိမ္မခံႏိုင္ေတာ့
ပဲခ်ျပလိုက္တဲ့အထိbroကိုယ္တိုင္ကသာယာေနၿပီး ေလွနံႏွစ္ဖက္နင္းေနတာ။ၾကားထဲကအေျပာခံေနရတဲ့ကိုယ္ေတြ
ေကာင္ေလးရဲ႕အနားကိုေတာင္ထပ္
မကပ္ပါနဲ႔ clubထဲကေတာင္ထြက္
ေစခ်င္ေနၿပီ ဟိုကတစ္ေယာက္တည္း
လည္းဆက္ၿပီးေတာက္ပေနအုံးမွာ:)"
"စကားကိုဆင္ျခင္ေျပာ ငါတို႔ကျမင္
ျမင္ရာေပးစားေနၾကတာမဟုတ္ဘူး နင္
တို႔ ေကာင္မေလးရဲ႕ ရည္းစားကိုက
ငါတို႔ကို သူတို႔ခ်င္းတစ္ကယ္ပဲႀကိဳက္
ေနၾကသလိူ living together လို
လိုနဲ႔အခ်ိဳေတြေကြၽးသြားတာ ။တစ္
ကယ္ပဲ လုပ္ရက္ပါတယ္ ဆန္းဆက္မႉး။clubထဲအထိေတာင္ ေန႔ေန႔ညည သြားအားေပးခဲ့ၾကတဲ့ေက်ာင္းကသူေတြပါ
ကိုယ္ေတြရခဲ့တာ အတုအေယာင္လို႔
ေတာ့ ဘယ္လိုမွအခုထိလက္မခံႏိုင္ဘူး။သတၱိလုံးဝမ႐ွိရင္လည္း ကိုယ္ေတြ
ေကာင္ေလးနဲ႔ ေဝးေဝးသာ ေနပါေတာ့။ခင္ဗ်ားကိုေတာ့ဘယ္ဘဝေရာက္ေရာက္ဆက္အားေပးဖို႔မ႐ွိေတာ့ဘူး။ေနာက္ဆုံး
လာမန္႔ျခင္းပဲ"
မန္႔ေတြက ေတာ္ေတာ္ေလး ပြဲစည္ေန
သည္။ဆန္းဆက္မႉးကိုေဒါသထြက္
တဲ့မန္႔ေတြ ေနစင္ဟန္ကိုသနားတယ္
ဆိုတယ္မန္႔ေတြေၾကာင့္ တစ္ျဖည္း
ျဖည္းနဲ႔ ဝတ္ရည္ဘက္ကနာတဲ့ ေက်ာင္း
ကသူေတြနဲ႔ အျပင္ကသူေတြပါေတာ္
ေတာ္မ်ားလာတာကိုဆန္းဆက္မႉး
အခ်ိဳေတြေကြၽးတာခံထားရတဲ့
shipperဆိုတဲ့ေကာင္မေလးေတြက
လည္း မခံစားႏိုင္ပဲထပ္မန္႔ေနၾကသည္။
ဆန္းဆက္မႉးကို အျမင္ကပ္လို႔ဆိုေပမဲ့ တျဖည္းျဖည္းနဲ႔ဝတ္ရည္ဘက္ကနာ
တဲ့သူေတြဆီကေန အမုန္းခံရသလို
ျဖစ္လာတာ ကေနစင္ဟန္။
အဲ့ဒီpostမွာ ပြဲစည္ေနတဲ့အခ်ိန္မွာပဲ
ဖြင့္ထားတာမၾကာေသးတဲ့fake accountတစ္ခုကေနတင္လာတဲ့
videoကို ေက်ာင္းကသူေတြ
shareခ်လာသည္။
music clubကအခန္းထဲမွာ ဂီတာတီး
ေနတဲ့ ေနစင္ဟန္ေဘးမွာဆန္းဆက္မႉး
က ဂီတာကိုလက္တစ္ကိုင္ကိုင္နဲ႔ ေနစင္
ဟန္ကိုမဖက္ထား႐ုံတစ္မယ္ သင္ေပး
ေနၿပီး ေဘးမွာလည္း clubကသူေတြ
ကဝိုင္းၿပီးစေနာက္ အားေပးေနၾက
တာ။ဆန္းဆက္မႉးကို ခ်စ္ရည္႐ႊမ္းတဲ့ မ်က္လုံးေတြနဲ႔ ခိုးၾကည့္ေနတဲ့ ေနစင္ဟန္။
ကင္မရာက focusေျပာင္းသြားၿပီး
လူအုပ္ရဲ႕အေနာက္မွာ မ်က္ႏွာမေကာင္းပဲရပ္ေနတဲ့ ဝတ္ရည္ကိုဆန္းဆက္မႉးက
ေတြ႕လိုက္ခ်ိန္ ဝတ္ရည္က အခန္း
အျပင္ကို ထြက္သြားသည္။
ဆန္းဆက္မႉးပါလိုက္ထြက္မလို႔ထ
လိုက္ေပမဲ့ ေနစင္ဟန္ကဂီတာလက္
ကြက္ျပခိုင္းရင္း ေဘးကသူေတြနဲ႔ ဆြဲ
ထားသည္ကို တင္ထားသည့္ဗီဒီယို
က တစ္မိနစ္ခြဲစာေလာက္အတိုေလးပင္။
"သူတို႔သုံးေယာက္က အရမ္းခင္တဲ့ သူငယ္ခ်င္းေတြ ေနစင္ဟန္က အစ
ထဲကသိေနမယ္ထင္တယ္။ဝန္းရံတဲ့
သူေတြ အားကိုးနဲ႔ ဆန္းဆက္မႉးကို
ႏိႈက္ခ်င္ေနတာ ငါေတာ့ဒီေလာက္အထိသည္းခံၿပီးေနႏိုင္တဲ့ ေကာင္မေလး
ဘက္ကိုပဲအရမ္းသနားတယ္။အျပင္မွာလည္း အရမ္းသေဘာေကာင္းတာ။ငါ့
စကားကိုမယုံရင္ လူကိုယ္တိုင္လာ
ေမးလို႔ရတယ္ သူတို႔clubရဲ႕အဖြဲ႕ဝင္ပဲ"
"လာၾကေလ ဆရာမႀကီးေတြ ဟမ္ငါတို႔ေကာင္မေလးကိုဝိုင္းေျပာေနတဲ့သူ
ေတြဘယ္ေရာက္
သြားၿပီလဲ။ နင္တို႔အေကာင္က သိသိ
ႀကီးနဲ႔ႏိႈက္ေနတာေနာ္ အ႐ွက္မ႐ွိခ်က္။
ငါတို႔ေကာင္မေလး ဘယ္ေလာက္ေတာင္ခံစားခဲ့ရမလဲ"
"႐ုပ္ေလးက ေခ်ာေခ်ာေလးနဲ႔ဟယ္ ငါ
တို႔လိုေအးေဆးေနတဲ့သူေတြ သိကၡာၾကတယ္။ေကာင္မေလး႐ွိတဲ့သူကိုမွသြား
ႏိႈက္ရတယ္လို႔ အဲ့တာလည္းသူငယ္ခ်င္းအခ်င္းခ်င္း"
"ငါတို႔ေကာင္မေလးကို ေျပာထားတဲ့
သူေတြဘယ္ေရာက္ကုန္ၿပီလဲ နင္တို႔အေကာင္အ႐ွက္ကြဲၿပီးငိုေနလို႔သား
ေခ်ာ့ေတးဆိုေနၾကတာလား။ အခု
ခ်က္ခ်င္းလာေတာင္းပန္"
" ဝတ္ရည္ဦးဆိုတဲ့ ေကာင္မေလး
ဘက္ကပါ။ေသခ်ာမသိေပမဲ့ကိုယ့္
ရည္းစားနဲ႔ပုံတင္တဲ့ပိုစ့္ေအာက္ မွာေတာင္ လာဝုန္းၾကတာေတာ့လြန္လြန္းပါတယ္။တစ္ဖက္ကေကာင္ေလးနဲ႔ သူငယ္ခ်င္း
ေတြဆိုပဲ ဘယ္လိုမ်ားသည္းခံခဲ့တာလဲ"
" လက္ခုပ္က ႏွစ္ဖက္တီးမွျမည္တယ္
ပဲေျပာေျပာ သူ႕ရည္းစားေကာင္ေလး
ကေအးတဲ့ပုံပါ။ ေယာက်္ားေလးဆိုေတာ့ သာယာမွာပဲ။ဟိုေကာင္ကိုက ေပၚတင္
လိုက္ကပ္ေနတာ အသိသာႀကီး"
" ေကာင္မေလးဘက္က ဘာလို႔သည္း
မခံႏိုင္ေတာ့တာလဲျမင္ၾကၿပီလား။ဒါ
ေတာင္ဒီvideoတစ္ခုပဲငါတို႔ကျမင္ေသးတယ္။ဟိုေကာင္ကေကာင္မေလးရည္းစားကိုဘယ္ေလာက္ေတာင္မွလိုက္ကပ္ေနၿပီး ခြာမရျဖစ္ေနလို႔လဲ တစ္ကယ့္ဟာပဲ။အဲ့ေလာက္ေတာင္ လိုခ်င္ေနရင္လည္းကိုယ့္ဘာကိုယ္ လူလြတ္ကို႐ွာပါလား
ေပၚတင္ကိုႏိႈက္ေနတာ နင့္ေၾကာင့္
ေဂးေတြသိကၡာက်ရတယ္
။ေကာင္မေလးကသူ႕ေကာင္ေလးကို
ခ်စ္ေတာ့ နားလည္ေပးထားတဲ့ပုံပဲ။
သနားလိုက္တာ ညီမေလးဘက္မွာ
အစ္မတို႔႐ွိတယ္"
ဆန္းဆက္မႉးကို ဆြဲထားတာကclub
ထဲကေဘးကေျမႇာက္ေနၾကတဲ့သူေတြ။
ေနစင္ဟန္ထိုင္ေနသည့္ဘက္ကၾကည့္
လွ်င္ ဝတ္ရည္ေရာက္ေနတာကိုျမင္
ႏိုင္စရာေတာင္မ႐ွိ။ တင္တဲ့သူက ပြဲ
ျဖစ္ေနတုန္း ေနစင္ဟန္ကိုအဆဲခံ ျဖစ္
သြားေအာင္ အခ်ိန္ကိူက္မွာတင္လိုက္တာပင္။ဗီဒီယိုေအာက္မွာ ေနစင္ဟန္ကို
ေျပာဆိုေနတဲ့လူေတြတဆထက္တဆမ်ားလာၿပီး အေတာ္ပင္ေပါက္သြားကာ
ေက်ာင္းကသတင္းက အျပင္ကလူ
ေတြဆီပါေရာက္ကုန္ၿပီး
ဆန္းဆက္မႉး အေကာင့္ကpostမွာ
ဆန္းဆက္မႉးကို ေျပာေနတယ့္သူေတြ
ေနစင္ဟန္ကိုကာကြယ္ေနတဲ့သူေတြ
ကိုမေတြ႕ရေတာ့ပဲ ဒီvideo postမွာ
ေနစင္ဟန္ တစ္ေယာက္တည္းကို
ေျပာဆိုေနၾကတဲ့မန္႔ေတြက ရာနဲ႔ခ်ီ႐ွိလာသည္။ ေယာက်ၤားေလးသူငယ္ခ်င္း အခ်င္းခ်င္းလည္း ကိုယ့္ေကာင္ေလးကို စိတ္မခ်ထားနဲ႔တစ္ဖက္ကႏိႈက္ရင္ပါသြားႏိုင္တယ္ဆိုၿပီးဆိုၿပီး ဒီကေန႔စာမ်က္ႏွာထက္မွာ ဒီအေၾကာင္းအရာက ေတာ္ေတာ္ေလးကို သုံးေယာက္စလုံးနာမည္နဲ႔ ႐ွာေဖြမႈအမ်ားဆုံး ျဖစ္ေနသည္။
welcomeၿပီးထဲက ဆန္းဆက္မႉး
ကိုယ္တိုင္ေနစင္ဟန္နဲ႔သူ႕ကိုေက်ာင္းကေကာင္မေလးေတြသေဘာတူေနၾက
တာကိုသူတို႔ clubမွာ ပူးကပ္ၿပီး
အမ်ိဳးမ်ိဳးလုပ္ျပေနတာ။
ေကာင္မေလးေတြကတကယ္အထိ
နာသြားေတာ့လာမန္႔ၾကတာေတြက
ဝတ္ရည္ကိုအျပင္လူေတြသနားေစၿပီး
ေနစင္ဟန္ကိုအထင္လြဲသြားေစသည္။
ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ေနစင္ဟန္ကို နာမည္
ဖ်က္ခ်င္တာအသိသာပင္။ဒါဘယ္သူ႕လုပ္ရပ္လဲ။
ေနစင္ဟန္ကို မေန႔ညထဲက သူဖုန္းဆက္
ေနေပမယ့္ဖုန္းမကိုင္။စက္ပိတ္ထားသည္သာ။
" ဆန္းဆက္မႉးအခုဘယ္မွာလဲ"
"ႏွစ္ေယာက္လုံးေက်ာင္းမလာဘူး။
အခု ဝတ္ရည္နဲ႔သူ႕studioမွာအတူ႐ွိေနတယ္တဲ့ မင္းဘာလုပ္မလို႔လဲ"
ဒီေကာင္ ဘာအကြက္ေတြ ေ႐ြ႕ေနတာလဲ။
"မင္းစိတ္ထင္တိုင္းသြားမခ်ဲနဲ႔ ေဟ့ေရာင္
ႏွစ္ခါ႐ႈံးသြားမယ္။သူ႕ေ႐ြးခ်ယ္မႈပဲ
ဝတ္ရည္ကိုေလ်ာ္လိုက္ေတာ့ မင္း
ေဘးမွာ ေစာ္မ႐ွားဘူး။သူတို႔အတြဲသူ
တို႔ဘာသာ႐ွင္းလိမ့္မယ္ ေနစင္နဲ႔
သတင္းကေတာ့ မျဖစ္ႏိုင္ဘူး
ဆန္းဆက္က မင္းသိတယ္မလား အ
ေပါင္းအသင္းဆန္႔တာ ငါတို႔ကိုလည္း
ေျပာျပဖူးတာပဲ ေနစင္ကသူ႕ကိုေႂကြ
ေနတာ။အခုျပန္႔ေနတဲ့သတင္းက ေနစင္ဘက္ကလိုက္ကပ္"
"မင္း ေစာက္ပါးစပ္ကိုပိတ္ထား "
ေအာ္မိၿပီးမွ ဘုန္းျပည့္ကို မ်က္ႏွာ
ပ်က္ရေပမဲ့ မတတ္ႏိုင္။ သူပူေနရတာကတစ္ေယာက္။ ဒီေကာင္ဘာမွမသိပဲနဲ႔
နားလာပူေနတာက တစ္ေယာက္။
လြဲေနၿပီ။သူစီစဥ္ထားတာေတြ အကုန္
လြဲကုန္ၿပီ။
တင္ထားတာကတစ္ႏွစ္ျပည့္anniတဲ့။
အားလုံး ထင္ေနၾကတာေတာ့ဆန္းဆက္မႉးအေကာင့္မွာဝတ္ရည္တင္လိုက္တာ ထင္ေအာင္လည္းေရးထားတာ။ ဒီလိုမ်ိဳး
ေသာက္ပိုေတြ ဝတ္ရည္ မလုပ္တတ္
ဘူးဆိုတာ သူတစ္ေယာက္ပဲသိလိမ့္မည္။
-----------------------
နာရီျပည့္ေအာင္ ကားကိုမွီကာရပ္
ေစာင့္ၿပီးေနာက္
အေဆာက္အဦးကေနထြက္လာၿပီး
ကားပါကင္ကို လွမ္းလာေနတဲ့အရိပ္။
ဟန္မေဆာင္ႏိုင္စြာပင္ ကားပါကင္ထဲေရာက္လာသူအနားေလွ်ာက္လွမ္းၿပီး ထိပ္တိုက္ဆုံတာနဲ႔ ေျခလွမ္းေတြရပ္သည္ ။
သူ႕ကိုေတြ႕လိုက္ေသာ္လည္း
ေနစင္ဟန္ မ်က္ႏွာက ပကတိ ေျပာင္းလဲျခင္းမ႐ွိ ။
"ငါအိမ္ျပန္ေတာ့မလို႔ မင္း ဘုန္းျပည့္ကို
ေစာင့္ေနတာမလား။ ႐ွင္းသန္႔ကေတာ့ အခန္းထဲမွာ ႐ွိေနေသးတယ္"
"မင္း ဆိုင္ကယ္မပါလာဘူးမလား"
"အင္း ငါအလုပ္လုပ္ေနတဲ့ဆိုင္ကို
ေပးထားလို႔ မနက္ကလာပို႔ေပးတာ"
" ငါျပန္ပို႔ေပးမယ္"
" မလိုပါဘူး ရတယ္။ဆိုင္ကို ဖုန္းဆက္
လိုက္႐ုံပဲ ခဏေနလာႀကိဳေပးလိမ့္မယ္"
လက္ထဲက ဖုန္းကိုခ်က္ခ်င္းဖြင့္ၿပီး
ဆက္သြယ္ေနသည္။
"ကိုၿဖိဳး ဆိုင္ကေကာင္ေလးတေယာက္
လႊတ္လာၿပီးလာႀကိဳေပးေတာ့ေနာ္အခု"
"အင္း ရတယ္ ေအးေဆး ကြၽန္ေတာ္
ေစာင့္ေနမယ္"
ဖုန္းခ်လိုက္ၿပီး သူ႕ကို ေအးေဆးစြာပင္အသာျပဳံးျပတဲ့ ပုံစံကိုက။
" မင္းဆိုင္က လာႀကိဳဖို႔မအားေသးဘူး
မလားငါ့ ကားေပၚတက္"
"ဆိုင္မွာလူက်ေနလို႔တဲ့ ခဏေနထြက္လာလိမ့္မယ္ မင္းဘာသာျပန္ ငါရတယ္"
"ဘုန္းျပည့္ မင္းကိုမေျပာထားဘူးလား
႐ွင္းသန္႔ကိုဒီေန႔အတန္းၿပီးရင္ သူ႕ကြန္ဒို
ေခၚသြားမလို႔မင္းပါမွ႐ွင္းသန္႔ကလိုက္မွာတဲ့။ သူတို႔ႏွစ္ေယာက္အဆင္မေျပျဖစ္ေနတာ မင္းသိတယ္မလား ငါတို႔ကကူညီ
မွေပါ့။ဘုန္းျပည့္ မင္းထြက္လာရင္
အရင္ေခၚသြားေပးဖို႔ငါ့ကိုခိုင္းထားတယ္ ကားေပၚတက္"
" ဗ်ဴဟာပိုင္ ငါ"
ဆက္ၿပီးမျငင္းႏိုင္ေအာင္
လက္ေကာက္ဝတ္ကို ဆြဲ၍ေခၚလာၿပီး
ကားတံခါးဖြင့္ကာ ေနစင္ဟန္ကိုအထဲ
ထည့္လိုက္သည္။
႐ုန္းမယ္ထင္ေသာ္လည္း စိတ္နဲ႔လူ
မကပ္ေနတဲ့လူလိုမ်ိဳး သူကားေမာင္း
ထြက္ဖို႔ျပင္ေနတဲ့အခ်ိန္အထိ ေဘးက
ခုံမွာ ေနစင္ဟန္က ျငင္းဆန္ျခင္းမ
႐ွိေတာ့ဘဲ အသံတိတ္ ထိုင္ေနၿမဲ။
"ခါးပါတ္ပတ္"
ကားအေ႐ွ႕ကိုသာ ေတြေတြႀကီးေငးေန
တဲ့ ပုံရိပ္။
"ေနစင္ဟန္ ငါေျပာေနတာၾကားလား"
"ဟမ္ ဘာေျပာ"
စိတ္မ႐ွည္ေတာ့စြာျဖင့္ ေဘးကခုံ
အနားကကပ္ကာ ေနစင္ဟန္ကို ေက်ာ္၍လက္လွမ္းၿပီး ခါးပတ္ႀကိဳး
ကိုယူရင္း ပတ္ေပးလိုက္ေတာ့ သူ႕ကို
စူးစိုက္ၾကည့္လာသူႏွင့္ နီးကပ္ေနတဲ့
အေနအထားမွာ အၾကည့္ခ်င္းဆုံသည္။
ဒါေပမယ့္ ခဏပါပဲ။ေနစင္ဟန္အၾကည့္လႊဲသြားတာနဲ႔ သူလည္း အေနာက္ဆုတ္
လိုက္တဲ့အခ်ိန္။
"ငါမၾကားလိုက္လို႔ ေဆာရီး"
"ရတယ္ ငါလည္းစိတ္မ႐ွည္ေတာ့လို႔"
ေက်ာင္းကေန ထြက္လာခဲ့တဲ့ တစ္လမ္း
လုံး ကားေမာင္းေနရင္း ေဘးကသူကိုသတိထားေနေပမဲ့ ေနစင္ဟန္က ပကတိတိတ္ဆိတ္ေနလ်က္သာ။
မီးပြိဳင့္မိေနတဲ့အခ်ိန္ မသိမသာ ေဘးကိုေစာင္းငဲ့ကာၾကည့္ေတာ့ ကားမွန္က
ေနအျပင္ဘက္ကိုသာေငးၾကည့္ေန
တဲ့ေကာင္ေလး။
မျဖစ္။ဘယ္လိုမွ တစ္ေယာက္ထဲ
လႊတ္ထားလို႔မျဖစ္။နဂိုထဲကခပ္မာမာေနတတ္တဲ့ ပုံစံဆိုေတာ့ သူ႕ပုံရိပ္ကို
အပ်က္မခံေပမဲ့ ဘယ္လိုသူက
ေန႔ခ်င္းညခ်င္း လူငယ္ပိုင္းက ေတာ္ေတာ္မ်ားမ်ားရဲ႕အေျပာခံအဆဲခံျဖစ္သြား
တာကို ဘယ္လိုခံႏိုင္မွာလဲ။ အဲဒါက
လည္း ေကာင္မေလး႐ွိေနတဲ့ေကာင္ကို
ႏိႈက္တဲ့ေဂးအျဖစ္နဲ႔သမုတ္ၿပီးဆဲေန
ၾကတာ။
ေနစင္ဟန္ကိုသူ ဒီအေၾကာင္းနဲ႔ပက္
သက္လို႔ စကားတစ္ခြန္းေတာင္မဟရဲ
ေသး။ မ်က္ႏွာေျပာင္တိုက္ၿပီးလာေတြ႕
သလို ျဖစ္ေနေပမယ့္ တစ္ေယာက္ထဲ
မလႊတ္ထားႏိုင္ဘူး။
မီးစိမ္းတာနဲ႔ ဘုန္းျပည့္ကြန္ဒိုကိုသြားရာ
လမ္းေလးခြမွာ ကားကိုေကြ႕ခ်လိုက္
သည္။
" ႐ွင္းသန္႔တို႔က ဘယ္ေတာ့ေရာက္
လာမွာလဲ"
" ခဏေနေရာက္လာလိမ့္မယ္ မင္း႐ွိ
ေနရင္ေတာ့ ႐ွင္းသန္႔လိုက္လာမွာ သူ
တို႔လာမွပဲတစ္ခုခုမွာစားရေအာင္"
"အင္း"
Password႐ိုက္ထည့္ၿပီး အထဲေရာက္
တာနဲ႔အေနာက္ကပါလာတဲ့
ေနစင္ဟန္ သူ႕ေက်ာပိုးအိတ္ကို
ဆိုဖာအေပၚအသာခ်သည္။
သူ႕မ်က္ႏွာကိုေတာ့ တစ္ခ်က္ေလး
ေတာင္မၾကည့္လာေတာ့။ တကယ္
လည္းမၾကည့္ခ်င္စရာ ျဖစ္ေနေလာက္
ေပမယ့္ေနစင္ဟန္က သူနဲ႔အတူ လိုက္
လာတဲ့အထိ ဒီအခ်ိန္မွာ အိပ္မျပန္
ခ်င္ေနဘူးဆိုတာသိသာေနသည္။
အျပစ္တင္စကားတစ္ခြန္းမွမဆိုပဲသူ႕
ကို ဒီလိုျဖစ္ေအာင္လုပ္ထားတဲ့ အဓိကတရားခံနဲ႔ အတူပါလာႏိုင္တဲ့အထိ
ေနစင္ဟန္က ေလာကႀကီးကို အ႐ႈံး
ေပးထားသည့္ပုံစံပင္ေပါက္ေနသည္။
ပထမဆုံးပဲ။ လူတေယာက္ကို စကားစ
ေျပာရမွာဗ်ဴဟာ ေၾကာက္ေနမိတာ။
" ဘာေသာက္မလဲ အထဲဝင္ၿပီးကိုယ့္
ဘာသာသြားယူမလား"
"ရလား"
အနာက္ကိုျပန္လွည့္ၿပီး ေမးတဲ့ မ်က္ႏွာ
က တစ္ရင္းတစ္ႏွီးလိုေလသံခ်ၿပီး
ဆက္ဆံေနတဲ့ သူ႕ကိုအံ့ၾသေနဟန္
ေတာင္မျပေပမဲ့ သူ ျမင္ေနရသည္။
" ဘာလို႔မရရမွာလဲ မင္းႀကိဳက္တာကို
သြားယူေသာက္"
"ေက်းဇူး ငါေရေသာက္ခ်င္ေနတာ"
ေက်ာပိုးအိတ္ကို ဆိုဖာေပၚမွာတင္ၿပီး
ခပ္မိုက္မိုက္ပင္ ေလွ်ာက္သြားတဲ့
ေနစင္ဟန္ရဲ႕ လင္းထြက္ေနတဲ့ပုံရိပ္က မေပ်ာက္သြားေပမဲ့ ခႏၶာကိုယ္မွာ အားအင္ေတြမဲ့ေနသည္မွာ အသိသာ။
သူကိုယ္တိုင္ စိတ္ညစ္ညဴးစြာျဖင့္
ဆိုဖာေပၚ ထိုင္ခ်လိုက္ရ၏။အခု
ဘာေတြျဖစ္ကုန္ၿပီလဲ။သူ႕ေၾကာင့္...
သူ႕ေၾကာင့္နဲ႔ ဒီအ႐ြယ္ ေကာင္ေလး
တေယာက္ရဲ႕ဘဝကအခု။
"ေနစင္ဟန္"
ပါးစပ္မွာေတ့ေနတဲ့ ဘီယာဗူးကို
ဆြဲယူေတာ့ သူ႕ကိုျပန္ၾကည့္သည္။
မ်က္လုံးေတြက ေသာက္ထားတဲ့ အ႐ွိန္ေၾကာင့္လား မ်က္ရည္ထြက္ထားတာလား အနည္းငယ္ေတာင္နီရဲလို႔။ ဘီယာဘူး
က တစ္ဝက္က်ိဳးလို႔ကုန္ခါနီးေနၿပီ။
အခ်ိန္တစ္ခဏ ၾကာသည္အထိ ေနစင္
ဟန္ ထမင္းစားခန္းထဲကေန ျပန္
မထြက္လာလို႔ဝင္လာရတာေတြ႕ရတဲ့
ျမင္ကြင္းက။
ဘီယာဘူးကိုစားပြဲေပၚတင္လိုက္ၿပီး
ေနစင္ဟန္ေဘးမွာ စိတ္ေလွ်ာ့ကာ
ဝင္ထိုင္လိုက္ရသည္။
" မင္းဘာလုပ္ေနတာလဲ"
"ေဆာရီး ဘုန္းျပည့္ကိုေျပာလိုက္ၿပီး
ငါေရခဲေသတၱာထဲျပန္ဝယ္ထည့္
ေပးထားမယ္"
" ငါေျပာခ်င္တာ အဲ့ဒီလိုမဟုတ္ဘူးေလ။မင္းႀကိဳက္တာကိုယူေသာက္ တစ္ျခား
အေအးေတြ႐ွိေနတာပဲ ေန႔လည္ပဲ႐ွိ
ေသးတယ္ ဘီယာေတာ့မေသာက္နဲ႔"
"ငါေသာက္ေနၾကပဲ တစ္ဘူးဆိုငါ
ၿငိမ္က်ၿပီးအိပ္ခ်လိုက္႐ုံပဲ မူးၿပီးမရမ္း
တတ္ပါဘူး။ငါနည္းနည္းပဲ ေသာက္
ရေသးတယ္ ျပန္ေပး"
ဘီယာဘူးကိုလွမ္းေနတဲ့လက္ကို
ဆြဲကိုင္ေတာ့ အၾကည့္ေတြက ရီေဝေဝ
ျဖစ္ေနၿပီ။ ေသာက္ႏိုင္
တဲ့အထဲေတာ့မပါ။
"ေနစင္"
ပုံမွန္ထက္ကိုသူ႕အသံက တိုးလ်ေန
လိမ့္မည္။
"ပုံမွန္ပဲ ေက်ာင္းကိုဆက္တက္ အခု
ျဖစ္ေနတာေတြအကုန္လုံးကို ငါအျပည့္
အဝ ေျဖ႐ွင္းေပးမယ္။ၿပီးေတာ့"
"အမွန္ေတြပဲေလ"
ႏြမ္းလ်ေနတဲ့မ်က္ႏွာ ပုံမွန္ထက္ကိူ
အက္ကြဲေနတဲ့စကားသံ ။
" မင္းကဘာကိုေျဖ႐ွင္းမွာလဲ သူတို႔ႏွစ္ေယာက္က ခ်စ္သူေတြ။ငါက ဆန္းဆက္
ကိုဝတ္ရည္ဆီကေန ပါလာေအာင္
လုပ္ေနတာေတြ ။အကုန္အမွန္ပဲေတြ
ေလ တစ္ျခားသူေတြေျပာေနသလိုပဲ
ငါက မိန္းကေလးတစ္ေယာက္ဆီက
ေနသူ႕ေကာင္ေလးကို ႏိႈက္"
"ေနစင္ဟန္"
သူ႕ကို စူးရဲစြာျပန္ၾကည့္လာတဲ့မ်က္ဝန္း
ေတြမွာ အရည္ၾကည္ေတြျပည့္တက္လာသည္။
မွားၿပီ။အႀကီးႀကီး သူမွားသြားၿပီ။သူ႕
ဘာသာ ေအးေအးေဆးေဆးေနေနတဲ့ ေကာင္ေလး မိသားစုကိုသိတတ္တဲ့
ေကာင္ေလးကို သူ ဘာေတြလုပ္လိုက္
မိတာလဲ။
ဘယ္ေလာက္ပဲေျဖ႐ွင္းေပးမယ္
အ႐ွက္မ႐ွိပဲပါးစပ္ကေျပာထြက္ေပ
မယ့္ေနစင္ဟန္နာမည္က အဖက္ဆယ္
လို႔မရေတာ့ဘူးဆိုတာ သူ႕ကိုအျပစ္တင္စကားေတာင္မဆိုတဲ့
ေနစင္ဟန္အေ႐ွ႕မွာ ေနရခက္လြန္းစြာနဲ႔ ထမင္းစားၿပီး ႀကီးလာတဲ့သူတိုင္း
သိသည္။
" ရပ္လိုက္ေတာ့"
တစ္ခဏေတာင္ ထပ္ခါမစဥ္းစားပဲ
ေျပာလိုက္မိျခင္းပင္။သူ႕ ဦးေႏွာက္က
အခုခ်ိန္မွာ ဗလာျဖစ္ေနတယ္။
သူ႕အတြက္ ဦးစားေပးရာက ဒီမ်က္ရည္
ေတြကိုမၾကည့္ႏိုင္တာပဲ။
" မင္းအခုလုပ္ေနတဲ့ ကိစၥကို ဒီမွာပဲ
ရပ္လိုက္ေတာ့ ငါတို႔ႏွစ္ေယာက္ၾကားမွာ ဘာအေပးအယူမွ မ႐ွိေတာ့ဘူး။
အကုန္လုံးကိုေမ့ပစ္လိုက္ၿပီး မင္း
ဒီေက်ာင္းမွာဆက္မတက္ခ်င္ေတာ့
ဘူးဆိုရင္ငါတစ္ျခားေက်ာင္းမွာထား
ေပးလို႔ရေပမယ့္ မင္းထြက္သြားရင္
လူေျပာစရာပိုျဖစ္မယ္။တစ္ပတ္
ေလာက္ပဲ တစ္ပတ္ႏွစ္ေလာက္ပဲသည္းခံလိုက္ မင္းနဲ႔အဲ့ေကာင္နဲ႔ဘာမွမသက္ဆိုင္
ဘူးဆိုတာ ငါေျဖ႐ွင္းေပးမယ္ အခ်ိန္ၾကာရင္ ပါးစပ္ေပါက္ေတြအကုန္ပိတ္သြား
မွာမလို႔"
"ငါ ဘယ္သူ႕ဆီမွာမွ ေပးစရာ႐ွိတယ္
ဆိုတဲ့စိတ္နဲ႔မေနႏိုင္ဘူး။ အဲဒီေလာက္
ပိုက္ဆံကိုငါ ခ်က္ခ်င္းႀကီး မင္းကို
ျပန္ဆပ္ဖို႔"
"အခု ပိုက္ဆံကအေရးႀကီးလား ငါမင္း
ကိုအဲ့ဒီစကားတခြန္းမွမေျပာရေသးဘူး။
မင္းအလုပ္ရၿပီး႐ွာႏိုင္တဲ့အခါမွျပန္ဆပ္
အဲ့တာကအေရးမႀကီးဘူး"
"ဘာျဖစ္လို႔လဲ"
သူ႕ကိုသနားေနတာလားဆိုတဲ့အေမး
ေတြက မ်က္ဝန္းထဲမွာ။
"႐ုတ္တရက္ႀကီး ဘာျဖစ္လို႔လဲ"
"ငါစိတ္ကူးေျပာင္းသြားလို႔"
"မင္းငါ့ကို"
"တစ္လြဲေတြထင္မေနနဲ႔ မင္းကို အားနာ
တဲ့သူေတာ္ေကာင္းစိတ္ဓါတ္မ်ိဳးငါ့မွာ
မ႐ွိဘူး အခုမင္းကငါ့အတြက္အသုံးမဝင္ေတာ့ဘူး ။ဒီကိစၥကိုေမ့လိုက္ မင္းကိုမလိုေတာ့ဘူး ငါေျပာသလိုပဲမင္းမျဖစ္မေန ေက်ာင္းေျပာင္းခ်င္တယ္ဆိုရင္ေတာ့"
"လြယ္မလား"
ႏြမ္းလ်ေနဆဲမ်က္ႏွာနဲ႔
ျဖတ္ေျပာလာတဲ့ အသံတိုးဖြဖြ။
" အဲဒီေလာက္လြယ္မလား။ငါကလူ
အေသြးနဲ႔အသားနဲ႔ ခံစားခ်က္႐ွိတဲ့လူ။
လူတစ္ေယာက္ကို အခုခ်က္ခ်င္းပဲအသည္းအသန္ႀကိဳက္လာပါခ်ည္ရဲ႕
ဆိုၿပီးမင္းခိုင္းတဲ့အတိုင္း ငါ့စိတ္ေတြကို
ပုံေပးၿပီးသူ႕အနားကပ္ၿပီးမွ အခုခ်က္
ခ်င္းပဲ မင္းေျပာသလို"
"ေနစင္ဟန္"
အၾကည့္ခ်င္းဆုံရင္း
ေနာက္ထပ္တစ္ႀကိမ္ နာမည္ေခၚၿပီးအသံက်ယ္သြားရသည္။
ပါးစပ္ကသာ အလိုအေလ်ာက္ထြက္
သြားေပမယ့္ ေခါင္းထဲမွာေတာ့
ေနစင္ဟန္ စကားေတြကို လိုက္မွီေအာင္
မနည္းႀကိဳးစားယူလိုက္ရသည္။
မဟုတ္ဘူးေလ။ ေနစင္ဟန္က..။
" ဆန္းဆက္မႉးကို မင္းႀကိဳက္သြားၿပီလို႔ေတာ့ ငါ့ကိုမင္းမေျပာဘူးမလား"
မ်က္ရည္ၾကည္ေတြျပည့္ေနသည့္
တိုင္ေအာင္ သန္မာတဲ့ ေယာက်္ားေလး
တေယာက္ရဲ႕အသြင္ကေမွးမွိန္မသြား။ မဟုတ္ဘူး။ မျဖစ္ႏိုင္ဘူးေလ။ ဒီေလာက္အခ်ိန္ေလးအတြင္းမွာ။ေသခ်ာေပါက္
ဆန္းဆက္မႉးဆီ ေရာက္သြားရင္ တခုခု
ေတာ့ျပန္ပါလာႏိုင္တာ သိေပမဲ့ ေနစင္
ဟန္ကိုေတာ့ အဆုံးထိ မထင္ထားခဲ့
ဘူး။မျဖစ္ႏိုင္ဘူး။
"ငါ့ေ႐ွ႕မွာ ႐ိုးသားသလိုဘာသလိုနဲ႔
အခုအဲ့ေကာင္ကိုႀကိဳက္သြားၿပီလို႔
ေသမလိုမ်က္ႏွာနဲ႔ ေသာက္ အဓိပၸါယ္
မ႐ွိတဲ့စကားကိုေျပာေနရေအာင္ မင္းက
အစထဲကေဂးလား ေဟ့ေရာင္ "
စိတ္႐ွိသေလာက္ အသံက်ယ္ေအာ္မိ
ၿပီးမွ ေခါင္းငုံ႔ခ်လိုက္သည့္တိုင္ပါးျပင္
ေပၚ မ်က္ရည္ေတြက်သြားတာကိုျမင္
လိုက္ရခ်ိန္ သူကိုယ္တိုင္ ၿငိမ္က်သြား
ရတယ္။
ကိုယ့္ကိုကိုယ္
ဘာျဖစ္လို႔ဒီေလာက္ထိ ေဒါသထြက္
ေနရလည္းဆိုတာကိုခြဲျခားဖို႔ထက္
ေခ်ာင္းကမ္းပါးစြန္းကေန တြန္းခ်ခံ
လိုက္ရသလိုမ်ိဳး ခံစားခ်က္ကိုအမွီ
လိုက္ႏိုင္ေအာင္ ႀကိဳးစားယူေနရသည္။
"ေဆာရီး ငါ"
ေခါင္းကိုအသာခါျပတဲ့ပုံစံကို ထိုင္
ၾကည့္ေနရသည္ကိုက။
" အခုလိုေတြျဖစ္သြားလို႔ ငါအသုံး
မဝင္ေတာ့မွာမင္းမပူနဲ႔။ဆန္းဆက္က
ငါ့ဆီလုံးဝပါေနၿပီ။အဲ့ဒီpostက
ဝတ္ရည္ကိုျပတ္ၾကဖို႔ေျပာလို႔သူ႕ဖုန္းကို
ယူၿပီးဝတ္ရည္တင္လိုက္တာတဲ့။
ဝတ္ရည္ကိုအားနာေနရလို႔ ၿပီးေတာ့
သူ႕မိသားစုေတြေၾကာင့္ ဝတ္ရည္ကို
အသုံးခ်ေနရလို႔ ဝတ္ရည္ဆီကေန
ထြက္လာလို႔မရေသးဘူးျဖစ္ေနတယ္။
အခုေတာ့ ထြက္ထားတဲ့သတင္းေတြ
ေၾကာင့္အေနအထိုင္နည္းနည္းဆင္ျခင္
ၾကရေအာင္တဲ့။ဝတ္ရည္ကို မင္းလက္
ထဲကလုခ်င္လို႔ သူ႕မိသားစု
ေတြေၾကာင့္ သူအသုံးခ်ေနရတာေတြ
ကိုရပ္သြားေအာင္ ငါလုပ္ႏိုင္တယ္။
ဆန္းဆက္ကို တစ္ကယ္ ႀကိဳက္သြား
လို႔ဆိုၿပီး ကိုယ့္လူသူ႕ဘက္ေတာ္သား
ျဖစ္မွာေတာ့မင္းမပူနဲ႔။သူ႕ကိုမထိခိုက္
ေစသေ႐ြ႕မင္းအစီအစဥ္အတိုင္းငါ
ဆက္လုပ္ေပးႏိုင္တယ္။
မင္းလိုခ်င္တာကဝတ္ရည္ျဖစ္သလို
ငါလိုခ်င္တာလည္း မင္းညီျဖစ္ေန
သေ႐ြ႕ငါ့ကိုမင္း ေကာင္းေကာင္းႀကီး
ဆက္ၿပီးအသုံးခ်ႏိုင္တယ္"
ဘာေျပာရမလဲ။
အဲဒီမွာ ဆက္ေျပာစရာ ဘာစကားေတြ
႐ွိေတာ့မွာလဲ။အခုခ်က္ခ်င္းပဲ ေျပးေသ
လိုက္လို႔ရၿပီ။
ကိုယ့္ ေထာင္ေခ်ာက္နဲ႔ကိုယ္မိတာေတာင္ မဟုတ္ေတာ့ဘူး။ကိုယ္ေသဖို႔ကိုယ့္က်င္းကိုယ္အလွဆင္ၿပီးတူးထားတာ။
အားလုံးမွားကုန္ၿပီ။လြန္ကုန္ၿပီ။ျပင္ဖို႔
မေျပာနဲ႔ေနာက္ျပန္လွည့္လို႔ေတာင္
မရေတာ့ဘူး။
"ငါ အရင္ ျပန္လိုက္ေတာ့မယ္
ဘုန္းျပည့္တို႔လာတာကိုမေစာင့္ေတာ့"
ခ်က္ခ်င္းထရပ္ေပမယ့္ ေသာက္ထားတဲ့အ႐ွိန္ေၾကာင့္လား အားမ႐ွိေနတာလား
ေျခယိုင္သြားတဲ့သူကို လက္တစ္ဖက္
နဲ႔ အျမန္ထိန္းလိုက္ရသည္။
"ငါ ....ရတယ္ ငါမလဲ"
အိမ္ေ႐ွ႕ကို လက္ေမာင္းကေန
တြဲလာရသည္လို႔ေတာင္ ေျပာလို႔ရတဲ့
အထိ ဧည့္ခန္းကဆိုဖာေပၚလွဲေစလိုက္
ေတာ့လည္း မျငင္းဆန္ႏိုင္။
မ်က္လုံးေတြမွိတ္သြားၿပီး ေသာက္ထား
တာေရာပင္ပန္းေနတဲ့ အ႐ွိန္ေၾကာင့္ပါ အဆက္အသြယ္ျပတ္သြားသူလွဲေန
သည့္ဆိုဖာ႐ွည္ကိုေက်ာမွီကာ
ၾကမ္းျပင္မွာ ထိုင္ခ်လိုက္ရသည္။
ေနစင္ဟန္ကို ေနာက္တစ္ခါ ထပ္
မၾကည့္ရဲ။ထပ္မၾကည့္ႏိုင္။
အားလုံးသြားကုန္ၿပီ။ သူစီစဥ္ထားတဲ့
အထဲမွာ ဒီအပိုင္းေတြမပါ။ေနစင္ဟန္
နာမည္ျဖတ္ခံရဖို႔ ေနစင္ဟန္ ဆန္းဆက္မႉးလိုေကာင္ကိုသူ႕ဘက္ကအရင္ခ်စ္သြားဖို႔။သြားၿပီ။
ဆန္းဆက္မႉး ေ႐ႊ႕ျပလိုက္တာက
တစ္ကြက္ထဲ။......ဒါေပမဲ့သူ။
ဆန္းဆက္မႉးလိုပါးနပ္တဲ့ေကာင္က
ေနစင္ဟန္ သူ႕ေရာက္လာတာနဲ႔ ဘယ္လိုအေၾကာင္းအရာလဲ လူပုံကိုၾကည့္တာနဲ႔ အကဲခတ္တတ္မယ္ဆိုတာသူသိေနလို႔
ဒီဇာတ္လမ္းကိုစခဲ့တာပင္။ေနစင္ဟန္
ကိုသူလႊတ္ထားလို႔ အနားေရာက္လာ
တယ္ဆိုတာသူ႕ကိုယ္သူပါးတယ္လို႔
ထင္ေနတဲ့ ဆန္းဆက္မႉးလိုေကာင္ကို
ေပးသိလိုက္တာကလည္းသူကိုယ္တိုင္။
ကလပ္ေတြတက္ၿပီးသူ႕အနားကပ္တဲ့
ေကာင္ေလးေတြကို အားနာသလိုနဲ႔
ေရာေနတဲ့သူ႕ညီကbiဆိုတာ သူသိေန
လို႔ပင္။ ဒါေပမယ့္ မဝန္ခံထားသလို
ဆန္းဆက္မႉးလိုေကာင္က ေယာက်္ားေလးတစ္ေယာက္ကိုအခ်စ္နဲ႔ေ႐ြးမယ္ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္လို႔ သူေနစင္ဟန္ကို
ထည့္ခဲ့တာ။ေနစင္ဟန္မွာ ဘယ္သူနဲ႔မွ
မတူတဲ့ဆြဲေဆာင္မႈ႐ွိေနတယ္။
ဆန္းဆက္မႉးသူ႕အနားေနစင္ဟန္
ေရာက္လာတဲ့ ရည္႐ြယ္ခ်က္ကိုသိၿပီး
သူ႕စ႐ိုက္အရ အခ်ိဳသပ္ၿပီးေနေနမွာကို
သိလို႔ သူ႕အကြက္ထဲသူဝင္ၿပီးေနစင္ဟန္
ကို ျပန္ပေလးရင္းနဲ႔ပဲေနစင္ဟန္
အေၾကာင္းကိုသိမွသနားၿပီးေယာက်္ားေလးတစ္ေယာက္ကို အတည္ခ်စ္
သြားရေအာင္ အၾကံဆိုးနဲ႔စီစဥ္ထားတာ။
အခုလည္း သူ႕အစီအစဥ္က လမ္းေၾကာင္းေပၚ ေရာက္ေနဆဲပဲ။ ဒါေပမယ့္ သူ
ဆက္မလုပ္ႏိုင္ေတာ့ဘူး။
ေနစင္ဟန္ ပင္ပန္းေနၿပီ။ေနစင္ဟန္ကိုထိခိုက္ေစမဲ့ အေၾကာင္းအရာက သူ႕အစီအစဥ္ထဲမွာပါလို႔မရဘူးဆိုတာ
အခုမွကိုယ့္ကိုကိုယ္သိသည္။ေနစင္ဟန္
ရဲ႕စိတ္ကိုသိသြားေတာ့ပိုေသခ်ာ
သြားသည္။ဒီေကာင္ေလးကိုသူတို႔ရဲ႕
ကစားပြဲထဲဝင္ပါခိုင္းလို႔မရေတာ့ဘူး။
တစ္ကယ္ႀကီး မင္းဘက္ကအရင္ ျဖစ္
သြားလို႔မရဘူးေလ။မင္းႀကိဳက္သြား
လို႔မရဘူး။ဆန္းဆက္မႉးလိုေကာင္က
မင္းကိုအတည္ၾကံမယ္လို႔ထင္ေနတာလား။
မရဘူး။တားမွရမယ္။ကိုယ့္လူကိုယ္
မတားႏိုင္ရင္ တစ္ဖက္ကိုတားရမယ္။
"ေနစင္ အိပ္ေပ်ာ္ေနတာလား"
သူထရပ္လိုက္တဲ့ အခ်ိန္နဲ႔ဘုန္းျပည့္နဲ႔
႐ွင္းသန္႔ ကြန္ဒိုထဲဝင္လာတဲ့ အခ်ိန္ကကြက္တိပင္။
"ငါ အျပင္သြားလိုက္ဦးမယ္ ေနစင္
အိပ္ေပ်ာ္ေနတယ္ သူအိမ္မျပန္ခ်င္ရင္
ဒီမွာပဲဒီညေပးအိပ္လိုက္။ငါျပန္လာခဲ့မယ္"
"ဘယ္သြားမလို႔လဲ ေဟ့ေရာင္"
------------------------------------
" မင္းဝတ္ရည္နဲ႔ဆက္ၿပီးႏွစ္ပါးသြား
ကခ်င္ရင္ေနစင္ဟန္ကို ေလွနံႏွစ္ဖက္
နင္းၿပီး အဆက္အသြယ္လုပ္ေနတာ
ေတြ ရပ္တန္းကရပ္လိုက္"
Studioအေ႐ွ႕မွာသူေရာက္လာတာနဲ႔
ဆန္းဆက္မႉးကို ေခၚထုတ္လိုက္ျခင္း
ပင္။ဝတ္ရည္ ျပန္သြားၿပီ ျဖစ္၍သာ
ေတာ္ေသးသည္။
"အလာႀကီးပါလား ငါကေတာ့မင္းလို
ေခါင္းစဥ္မ႐ွိဘဲ ဝုန္းဒိုင္းမႀကဲတတ္ဘူး။ လိုရင္းကိုေျပာ မင္းအခုငါ့ကိုလာေတြ႕တာ ဝတ္ရည္အတြက္လား ေနစင္အတြက္လား"
"ဟုတ္တယ္ ေနစင္ဟန္အတြက္"
"ဟား ေျပာေတာ့မင္းနဲ႔ေနစင္ဟန္ က
အခုမွ သိၾကတာဆို။ ဘယ္လိုျဖစ္ရတာလဲ"
သူမသိတာ ဘာမွမ႐ွိဘူးဆိုတဲ့ ပုံစံနဲ႔
။ မင္းထက္ကို ငါကေက်ာ္ျမင္တယ္
ဆရာႀကီးလုပ္ၿပီးစကားအပိုေတြေျပာ
မေနနဲ႔ ငါခြင့္ျပဳထားလို႔မင္းခိုးေခ်ာင္း
လို႔ရတာဆိုတာကိုလည္းကိုယ္ကိုယ္
တိုင္ စကားအပိုေတြေျပာလို႔မရ။
" အဲဒီေတာ့ မင္းရဲ႕ရည္႐ြယ္ခ်က္က
ဘာလဲ။ေနစင္ဟန္ကိုငါ့အနားပို႔ထားရတဲ့
အေၾကာင္းအရင္း"
ဆန္းဆက္မႉး ျပဳံးလိုက္တာက ငယ္႐ုပ္အတိုင္းေပမဲ့ ငယ္ငယ္တုန္းကလို
အ႐ိုးခံ သူ႕ညီကို ႐ွာလို႔မေတြ႕ေတာ့ဘူး။
သူ႕မိဘေတြ။အားလုံးက သူ႕မိဘေတြရဲ႕။
"အစကေတာ့ ငါ အမ်ိဳးစုံေတြးလိုက္ေသးတယ္။ငါကtwo wayဆိုတာမင္းသိေနေတာ့ ေနစင္ဟန္ကိုငါ့အနားပို႔ၿပီး
ဘာေတြၾကံမလို႔စီစဥ္ေနတာလဲလို႔။ဒါ
ေပမယ့္ အခုအဲ့တာေတြကအေရးမႀကီး
ေတာ့ဘူး ။ေနစင္ဟန္ကငါ့ကိုတစ္
ကယ္ႀကီးခိုက္သြားမွေတာ့ မင္းစီစဥ္
ထားတာေတြအတြက္ ဘယ္လိုမ်ား
လုပ္ရပါ့မလဲလို႔"
" သူ႕ကိုလႊတ္ေပးလိုက္"
"Why?"
" ေနစင္ဟန္က ငါ့သူငယ္ခ်င္း"
"ဆက္ပါအုံး"
"သူကအစထဲက မင္းကိုစိတ္ရင္းနဲ႔
ႀကိဳက္ေနတာ သူ႕မိသားစုအတြက္
ပိုက္ဆံလိုလို႔ ငါခိုင္းတာကိုလုပ္ေပး
ခဲ့႐ုံပဲ။သူ႕မွာအမွားမ႐ွိဘူး"
"ငါ့ကဘာလို႔လူၾကမ္းအလုပ္ခံၿပီး
ကိုယ့္ကိုခိုက္ေနတဲ့သူကိုျငင္းလႊတ္
ေပးရမွာလဲ။ သူ႕ဘက္ကငါ့ကို
အတည္ျဖစ္ေနတာေလ ခ်က္ခ်င္းႀကီး
ျဖတ္ခ်လိုက္ရင္ ဘယ္စိတ္ဝင္စားဖို႔
ေကာင္းေတာ့မွာလဲ ။ေျဖးေျဖးခ်င္း
ေျဖးေျဖးခ်င္း... "
"ဆန္းဆက္မႉး"
"ေလသံကိုေလွ်ာ့။အခုအဲ့ဒီေလသံနဲ႔
ေျပာရမွာ မင္းမဟုတ္ဘူး။ငါကမင္းလို
မ႐ိုင္းတတ္လို႔ မသံမက်ယ္တာ
အင္အားမသုံးတာ ။မေျပာတတ္ဘူးလက္သီးမ႐ွိဘူးလို႔ေတာ့မထင္နဲ႔"
"ေနစင္ဟန္ က ငါ့သူငယ္ခ်င္းလို႔ေျပာေနတယ္။မင္း ရပ္တန္းကရပ္လိုက္"
" မင္းနဲ႔အေနသာႀကီးေလ ဘုန္းျပည့္
ကလြဲၿပီးဘယ္သူငယ္ခ်င္းကိုမင္းက အဲ့ဒီေလာက္ထိ ဂ႐ုစိုက္လို႔လဲ ။ဘယ္တုန္း
ကမွမ႐ွိတဲ့ စာနာစိတ္နဲ႔ ေနစင္ဟန္ကို
အားနာသြားလို႔ သနားေနတာလို႔ေတာ့
လာမေျပာနဲဲ႕။ငါကခံရတဲ့သူပါ။ မင္းတို႔
ႏွစ္ေယာက္ကငါ့ကိုအရင္ပညာျပဖို႔
ၾကံစည္ေနၾကတာ ငါသာအထာမနပ္
ေနရင္ အခုခ်ိန္"
ဆန္းဆက္မႉးက ထပ္ၿပီးအဓိပၸါယ္ပါ
ပါျပဳံးလိုက္လ်က္။
"ဘာလဲ ေနစင္ဟန္က မင္းအတြက္
ငါ့ကိုလာေတြ႕ရေလာက္တဲ့အထိ အေရး
ပါေနလို႔လား...ငါ့အစ္ကို"
အရိပ္အေျခဖမ္းတတ္တဲ့ေကာင္ေ႐ွ႕မွာ မ်က္ႏွာအမူအယာမပ်က္ေအာင္
ထိန္းလိုက္ရသည္။
"မင္း လုပ္ခ်င္တာလုပ္ ေနစင္ဟန္ က
ငါ့သူငယ္ခ်င္းျဖစ္ေနလို႔လာခဲ့႐ုံပဲ ငါေျပာစရာကုန္ၿပီ"
သူ ကားတံခါးကိုဖြင့္မလို႔လုပ္ကာ
ေျခလွမ္းေတြ ေနာက္ဆုတ္ဖို႔အျမန္
ျပင္လိုက္ရသည္။
ဒီေကာင္ ဘယ္အကြက္ကိုေ႐ႊ႕လိုက္တာလည္းသူအခုမွသိတာ ကိုယ့္ကိုကိုယ္
အံ့ဩလို႔မဆုံး ။တစ္ေနရာမွမခ်ိဳ႕ယြင္းေအာင္အကြက္က်က်စီစဥ္ထားခဲ့သမွ် ေသြးပူၿပီးေနစင္ဟန္ အတြက္ အေျပး
လာခဲ့တာသူမွားၿပီ။
ေနစင္ဟန္ကိုသူအထိခိုက္မခံႏိုင္ဘူး
ဆိုတာ ဆန္းဆက္မႉးဘယ္လိုမွ
ဖမ္းမိလို႔မျဖစ္။
"ဝတ္ရည္က ငါ့ရဲ႕မိဖုရားဆိူရင္
ေနစင္ဟန္က ကိုယ္လုပ္ေတာ္ေပါ့။
ေယာက်ာ္းေလးတစ္ေယာက္နဲ႔ စမ္း
ၾကည့္ခ်င္ေနတာနဲ႔ အေတာ္ပဲျဖစ္သြား
တယ္။ ေနစင္ က ငါ့ကို အရမ္း
ခိုက္ေနတာဆိုေတာ့ သိမ္းသြင္းရတာတစ္အားလြယ္တယ္ ဝတ္ရည္ကို
ပစ္ၿပီး သူ႕ဆီလာမယ္ဆိုတဲ့ စကား
ကိုလည္း ယုံတာပဲ။ ပ်င္းစရာေတာင္ ေကာင္းတယ္။စိတ္ခ် မင္းေသခ်ာေလး
ေ႐ြးေပးထားရက်ိဳးနပ္ေအာင္ မင္းညီကေသခ်ာေလးသုံးေပးၿပီးမွ စနစ္တက်အနာအဆာမ႐ွိေအာင္စြန္႔ပစ္ေပးမယ္"
"ဆန္းဆက္မႉး"
ကားအနားကေနခြာကာ
ခပ္ၾကမ္းၾကမ္း သူ႕ညီရဲ႕ အက်ႌေကာ္
လန္ကိုဆြဲကိုင္သည့္တိုင္ ထုလို႔မေၾကတဲ့ မ်က္ႏွာကအျမင္ကတ္စရာေကာငိး
ေအာင္ျပဳံးတုံးလ်က္ပင္။
"ငါ့အေၾကာင္းေတြ ေနစင္ဟန္ကို
သြားေျပာျပၿပီး အခုခ်က္ခ်င္း သူသိသြားေအာင္လုပ္လိုက္ရင္လည္းရတယ္ေနာ္ ဟား"
ရယ္သံေတြအေနာက္မွာ ေသြးေလ ေျခာက္ျခားသလိုျဖစ္သြားရတာကသူ။
ျပန္ျမင္ေယာင္လာရတဲ့ တစ္ေယာက္ေသာ....။
ငါကလူ။အေသြးနဲ႔အသားနဲ႔ ခံစားတတ္
တဲ့သူဆိုၿပီးသူ႕ေ႐ွ႕မွာ ၿပိဳလဲေနတဲ့ေနစင္
ဟန္ ရဲ႕မ်က္ႏွာ။ဒီေကာင္ေလး အေပၚကို
သူဘယ္လိုလုပ္ ထပ္ၿပီး။
"ညီအစ္ကိုခ်င္းဆိုေတာ့ ဒီတခါေလ်ာ္ေပးလိုက္မယ္။ညီေလးရဲ႕အႀကိဳက္ကို
သိေနေတာ့ အစ္ကိုျဖစ္တဲ့သူက ေပ်ာ္
စရာေလးေတြ ပို႔ေပးလိုက္တယ္လို႔ပဲ
မွတ္လိုက္မယ္။ေနသာသလိုသာဆက္
ေန။ ေနစင္ဟန္ကိုငါ့တာဝန္ထားလိုက္
ေတာ့"
"မလုပ္နဲ႔"
စကားသံေတြ တည္ၿငိမ္ႏိုင္ေအာင္
ႀကိဳးစားလိုက္ရရင္းပင္။
"သူ႕ကို ဘာမွမလုပ္နဲ႔။မင္းဘက္က အစစ္အမွန္ ျပန္မေပးႏိုင္ပဲနဲ႔ သူ႕ကို
ထပ္ၿပီးထိခိုက္ေအာင္ ဘာတစ္ခုမွ
လုပ္ဖို႔မစဥ္းစားနဲ႔"
" အဲ့ဒါဆိုရင္ငါ့ဘက္က အစစ္အမွန္ကို ေနစင္ဟန္အေပၚျပန္
ေပးမယ္ဆိုရင္ေရာ"
ေ႐ြးခ်ယ္ဆိုတဲ့သေဘာနဲ႔ ပုခုံးတြန္႔ျပတဲ့ေကာင္ရဲ႕အျပဳံး။
"မင္းဘာျဖစ္ခ်င္လဲဆိုတာကိုေျပာ"
" ငါဘာျဖစ္ခ်င္လဲဆိုတာထက္
မင္းရဲ႕ဆႏၵကိုလိုက္ေလ်ာေပးဖို႔ မင္း
ဘာျဖစ္ခ်င္လည္းလို႔ ငါ့ဘက္က အလိုက္သတိနဲ႔ အရင္ေမးရမွာမဟုတ္ဘူးလား
ငါ့အစ္ကိုရဲ႕"
အေမဆုံးမထားတဲ့ ဘယ္သူ႕အေပၚမွာမွ အမွားမေျပာနဲ႔ မလုပ္မိေစနဲ႔ ဝဋ္လည္
တတ္တယ္သား ဆိုတဲ့စကားကို သိသိ
ႀကီးနဲ႔ က်ဴးလြန္ခဲ့မိတဲ့သူက သူကိုယ္တိုင္ျဖစ္ေနခဲ့၍။
******************************
ေျပာရမယ္ဆိုရင္ေတာ့ စေရးဖို႔စဥ္းစား
ခဲ့ရခ်ိန္ေရာအၾကမ္းခ်ေရးတုန္းကပါ
နားေထာင္ျဖစ္ခဲ့တဲ့သီခ်င္းက8lettersပါ။ေရးမိျပန္ၿပီေနာ္"(
[ဒီအပိုင္း မအားတာေရာ နည္းနည္းေနမေကာင္းျဖစ္သြားတာေၾကာင့္ပါရက္ၾကာ
သြားပါတယ္။ေနာက္အပိုင္းေတြေတာ့ဒီေလာက္မၾကာေစရပါဘူး]