(Unicode)
ရှုဟန်ယွီသည် ရေထဲတွင် မီတာဝက်ခန့်ရှည်သော ငါးတစ်ကောင်ကိုဖမ်းမိပြီး လတ်ဆတ်သော ရေညှိအချို့ကိုယူကာ ရှုကျင်ထျန်းယက်လုပ်ထားသော စပျစ်နွယ်ထဲသို့ထည့်လိုက်သည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်းအတွက် အကြိမ်များစွာ ချက်ပြုတ်ခဲ့ပြီး ဟင်းချိုကိုချက်ပြုတ်ရာတွင် အချိန်ပြည့် မီးပုံအနားမနေရသောကြောင့် ချက်ရသည်မှာ အလွန်လွယ်ကူသည်။ အသားကင်ရာတွင် ဟိုဘက်သည်ဘက်လှန်ရန်လိုအပ်ပြီး မီးပုံနှင့် တစ်ချိန်လုံး နီးကပ်နေရသည်။ အသားကင်စားရတာ အဆင်မပြေဖြစ်ပြီး မိန်းမပျိုလေးကလည်း သူအသားကင်တာကို မကြိုက်ပေ။ အဲဒါကို တွေးပြီးတာနဲ့ ရှုဟန်ယွီက ငါးစွပ်ပြုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရှုဟန်ယွီသည် ရုတ်တရက် ရှုကျင်ထျန်းအတွက် အနည်းငယ် စိတ်ပူသွားသည်။ ရှုဟန်ယွီသည် သူ့လက်ထဲရှိ ထင်းကိုချလိုက်ပြီး ရှုကျင်ထျန်းအဆင်ပြေကြောင်းသေချာစေရန် အရင်သွားကြည့်လိုက်သည်။ ထိုမှသာ သူစိတ်သက်သာရာရနိုင်လိမ့်မည်။
ရှုဟန်ယွီ၏ ပါးစပ်ထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။ ထျန်းထျန်း နိုးပြီလား? အခု ဘာလုပ်နေလဲလို့ တွေးလိုက်သည်။ ဒါပေမယ့် အိပ်ရာနိုးရင် ထျန်းထျန်းက ဥတွေအနားမှာပဲ နေလိမ့်မယ်။ ရှုဟန်ယွီသည် ဥများက သူနှင့်ထျန်းထျန်း၏ ကလေးများပင်ဖြစ်သော်လည်း မနာလိုမှုအနည်းငယ်ရှိဆဲပင်။
ရှုကျင်ထျန်းမှာ သူ့ခန္ဓာကိုယ်ကို တိရိစ္ဆာန်အရေခွံအင်္ကျီသုံးထည်ဖြင့် ထုပ်ပိုးထားပြီး ဂူ၏ထောင့်တွင် ကွေးကွေးလေးထိုင်နေ၏။ သူ၏လက်များက အေးစက်နေကာ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။
အရမ်းအေးတာပဲ...မြွေကြီးက ဘာလို့ ပြန်မလာသေးတာလဲ? ရှုကျင်ထျန်းသည် သူ့နှလုံးသားထဲမှ ဆုတောင်းနေခဲ့သည်။ ထို့နောက် ဂူအပြင်ဘက်မှ နူးညံ့သောအသံကို ကြားလိုက်ရပြီး ဝမ်းသာအားရ ကြည့်လိုက်သည်။
"ဟန်ယွီ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ!"
ရှုကျင်ထျန်းသည် တစ်ခုတည်းသော အသက်ကယ်ကောက်ရိုးကို ဖမ်းဆုပ်ထားသည့် ရေနစ်နေသောလူလို ရှုဟန်ယွီ၏ မျက်လုံးများကို ကြည့်လိုက်သည်။ ရှုကျင်ထျန်းက သူ့ဆီသွားချင်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က ပျော့ခွေနေတာကြောင့် မထနိုင်ဘဲ လဲကျသွားလေသည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို အပြင်ဘက်တွင် မြင်သောအခါ အနည်းငယ် ထူးဆန်းသွားသည်။ ထျန်းထျန်းက ဥတွေကို အလေးအနက်ထားတာ မဟုတ်ဘူးလား? ဘာလို့ ဥအနားမှာ မနေတာလဲ? ရှုဟန်ယွီဘာမှမမေးရသေးခင် ရှုကျင်ထျန်းရဲ့ မျက်နှာမှာ ဖြူဖျော့နေပေမယ့် ပါးပြင်တွေက နီရဲနေပြီး ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ခါနေတာကို တွေ့လိုက်ရသည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်းက သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်ကြောင်း မြင်လိုက်ရသောအခါ ဒေါသတကြီးဖြစ်သွားပြီး ဂူအတွင်းမှ ပုံမှန်မဟုတ်သော အသံကို သတိမထားမိလိုက်ပေ။
"ထျန်းထျန်း ဘာလို့ထွက်လာတာလဲ? အပြင်မှာ အရမ်းအေးတယ်။ နေမကောင်းရင် ဘယ်လိုလုပ်မလဲ?"
ရှုဟန်ယွီက ရှုကျင်ထျန်းဘေးကို လျှောက်သွားပြီး သူ့ကိုပွေ့ချီလိုက်သည် ။
"ဟီးဟီး..."
ရှုကျင်ထျန်းက ထိတ်လန့်တုန်လှုပ်စွာ ရယ်မောလိုက်သည်။ ရှုဟန်ယွီကို ဘယ်လိုပြောရမှန်း သူ မသိပေ။ ရှုဟန်ယွီ၏ အေးစက်နေသော မျက်နှာကို မြင်လိုက်ရတော့ ချီတုံချတုံဖြင့် ပြောလိုက်သည်။
"ဟို...အဲ့ဒါ ဥ...ဥတွေ"
ရှုကျင်ထျန်းက ကုတင်ဆီသို့ မသိစိတ်က အကြည့်ရောက်သွားသည်။
ရှုဟန်ယွီကြည့်လိုက်တော့ 'ရှီးရှီး' နဲ့ ပျော့ညံ့တဲ့ 'ဆူညံသံ' တွေ ရှိနေတာကို ကြားလိုက်ရသည်။ ထိုအသံများမှာ အိပ်ရာအတွင်းခန်း ကန့်လန့်ကာနောက်မှ ထွက်လာကြခြင်းပင်။
ရှုဟန်ယွီ ခဏလောက် ထိတ်လန့်အံ့သြသွားပြီး
"သားပေါက်တာ မြန်လိုက်တာ...ထျန်းထျန်း အရမ်းတော်တာပဲ!"
အေးသောရာသီတွင် မွေးဖွားသော ဝိဉာဉ်သားရဲမြွေဥများသည် ပူပြင်းသောရာသီအနားနီးမှ ပေါက်ဖွားလေ့ရှိသည်။ဖခင်ကိုယ်တိုင် သားဖောက်လျှင်ပင် ရက်ပေါင်းသုံးဆယ် သို့မဟုတ် လေးဆယ်ခန့်ကြာတတ်သည်။ သူသည် မြွေဥများက ဤမျှစောစော အကောင်ပေါက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဟမ်? အဟမ်း! ဟုတ်တယ်...အကုန်ပေါက်သွားပြီ။ အခုဘယ်လိုလုပ်ရမလဲ"
ရှုကျင်ထျန်းသည် ကုတင်ပေါ်က မြင်ကွင်းကို တွေးရင်း တုန်လှုပ်သွားသည်။ ဒီတစ်ခါတော့ အအေးဒဏ်ကြောင့် တုန်ယင်သည်မဟုတ်ဘဲ ကြောက်ရွံ့တာကြောင့်ပင်။
ရှုဟန်ယွီသည် ရှုကျင်ထျန်း၏တုံ့ပြန်မှုကို မြင်သောအခါ အနည်းငယ်သက်သာရာရသွားပေမယ့် မြွေပေါက်လေးများကိုမြင်သောအခါ အတွေးထဲ နစ်မြုပ်သွားပြန်သည်။
"မင်းကို ကိုက်နေကြတာလား?"
ရှုဟန်ယွီ၏ နူးညံ့သောအသံသည် အလွန်အေးစက်လာသည်။
ကံကောင်းထောက်မစွာပဲ သူလာပြီးစစ်ဆေးခဲ့လို့ပင်။ မဟုတ်ရင် မိန်းမပျိုလေးက အပြင်မှာ ထိုင်နေရလိမ့်မည်။ သေချာတာပေါ့၊ မြွေတွေကို မြန်မြန် လွှတ်ပစ်ရမယ်...သူ့အဖေကိုတောင် အနိုင်ကျင့်ရဲတယ်။
"မဟုတ်ဘူး။ မကိုက်ဘူး!"
ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏မျက်နှာကိုမြင်ပြီး နားလည်မှုလွဲနေမည်ကိုသိသဖြင့် အမြန်ရှင်းပြလိုက်သည်။
မြွေလေးတွေအပေါ် ရှုဟန်ယွီ၏ သဘောထားကို ကြည့်ပြီး ရှုကျင်ထျန်းသည် အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် ဝမ်းသာသွားသည်။ မြွေကြီး၏မျက်လုံးထဲတွင် ကလေးတွေထက်စာရင် သူက ပိုအရေးကြီးပုံရသည်။ ဒါပေမယ့် ...သူ့ကလေးတွေအပေါ်ထားတဲ့ မြွေကြီးရဲ့အပြုအမူက ထူးဆန်းနေသလိုပဲ။ သူထင်ယောင်ထင်မှားဖြစ်နေတာများလား?
"ဒါဆို မင်းဘာလို့ ထွက်လာတာလဲ? အေးခဲတာကို အိပ်ရတာထက်ပိုကြိုက်လို့လား"
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။ ထျန်းထျန်းက ကလေးတွေကို သူစွန့်ပစ်မှာ ကြောက်နေတာလား? သူအနိုင်ကျင့်ခံရတာတောင် သူတို့ကို ကာကွယ်ပေးသေးတယ်။
"အာ? အင်း..."
ရှုကျင်ထျန်းက ဘာပြောရမှန်းမသိပေမယ့် ထောက်ခံလိုက်သည်။
ရှုဟန်ယွီ၏ စိတ်ရှည်သည်းခံမှုမှာလည်း ကုန်ဆုံးသွားသည်။ သူသည် ရှုကျင်ထျန်းကို အေးခဲမနေစေချင်တာကြောင့် ပွေ့ဖက်ပြီး ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။
ရှုကျင်ထျန်းမှာ အံ့သြသွားပြီး မြွေသိုက်အိပ်ရာကို နောက်တစ်ကြိမ်ပြန်သွားရမှာကိုတွေးကာ ဦးရေပြားတွေပင် ယားယံလာ၏။ သူသည် ဘာမှဂရုမစိုက်နိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့်
"ခဏ...ခဏနေဦး မြွေလေးတွေကို ဖယ်ပေးလို့ရမလား? ငါသူတို့ကို ဖိမိမှာစိုးရိမ်လို့ပါ"
မဟုတ်ဘူး...သူ မြွေအသိုက်မှာ မအိပ်ချင်ဘူး။ ရပ်လိုက်...အခုရပ်လိုက် မြွေကြီး...
ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏လည်ပင်းကို ရစ်ပတ်ကာ ရှုဟန်ယွီ၏ခန္ဓာကိုယ်ပေါ်တွင် အတင်းတွယ်ကပ်ထားသည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို ပဟေဠိဆန်စွာ ငုံ့ကြည့်လိုက်သည်။ သို့သော် မိန်းမပျိုလေးက မြွေလေးတွေကို ဖယ်ရှာပေးရန် တက်ကြွစွာ တောင်းဆိုခဲ့သည်မှာ သူလိုချင်သည့်အတိုင်း အတိအကျပင်ဖြစ်သည်။ သူသည် သူ၏ထျန်းထျန်းကို ကလေးများနှင့် ဝေမျှရန် မရည်ရွယ်ထားပေ။ ထျန်းထျန်းက သူ့အပိုင်ပင်...
"ကောင်းပြီ!"
ရှုဟန်ယွီက အသံတိုးတိုးဖြင့် ပြန်ပြောပြီး ကုတင်ကန့်လန့်ကာဆီသို့ ရောက်သွားသည်။ ရှုဟန်ယွီသည် ကန့်လန့်ကာကို ခြေထောက်ဖြင့်မြှောက်လိုက်ရာ ချည်ထားသည်ကို တွေ့လိုက်ရသည်။
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို လှည့်ကြည့်လိုက်သည်။ ရှုကျင်ထျန်းက ရှက်ရွံ့စွာပြုံးကာ
"သူတို့ ထွက်ပြေးမှာစိုးရိမ်လို့ ကန့်လန့်ကာကို ချည်ထားလိုက်တာ"
ဥာဏ်ကြီးရှင်လေးရှုကျင်ထျန်းသည် ထိုမြွေလေးများ ပြေးထွက်လာပြီး သူ့ကို ခြောက်လှန့်မည်ကို ကြောက်ရွံ့ကြောင်း ဝန်ခံမည်မဟုတ်ပေ။ ထိုသည်မှာ အလွန်ရယ်စရာကောင်းပေလိမ့်မည်။
ရှုဟန်ယွီသည် ကုတင်ကန့်လန့်ကာကို ရုတ်တရက် ဖွင့်လိုက်ရာ တွန့်လိမ်နေသော မြွေလေးတစ်ကောင်က ပြေးထွက်လာလေ၏။
ကံမကောင်းသော မြွေငယ်တစ်ကောင်သည် နူးညံ့သော တိရိစ္ဆာန်အရေခွံပေါ် သို့ ပြုတ်ကျသွားပြီး ခေါင်းကို အနည်းငယ်မြှောက်ကာ ရှုကျင်ထျန်းဆီသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။
ကြည်လင်တောက်ပသော မြစိမ်းရောင် သားရဲမျက်လုံးလေးများသည် ရေငွေ့များဖြင့် ဖုံးလွှမ်းနေသောကြောင့် ရှုကျင်ထျန်းသည် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်ခဲ့သလို ခံစားလိုက်ရသည်။
ရှုကျင်ထျန်းသည် မသိစိတ်က သူ့မျက်လုံးတွေကို လွှဲဖယ်လိုက်သည်။ ဒါ တကယ်ပဲ သူ့ကလေးတွေလား? ဘာတွေဖြစ်နေတာလဲ!!
သေးသွယ်သော အစိမ်းရောင်မြွေတစ်ကောင်သည် ကုတင်ပေါ်မှ ဆင်းလာကာ ပန်းရောင်မြွေလျှာလေးကိုထုတ်ပြီး ရှုကျင်ထျန်းဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်သည်။ သူတို့က အမေရှာနေတဲ့ ကလေးလေးတွေလိုပဲ။
ရှုကျင်ထျန်းက တုန်လှုပ်သွားပြီး ရှုဟန်ယွီ၏နောက်ကွယ်မှာ အလိုလို ပုန်းနေခဲ့သည်။ ရှုဟန်ယွီက မငြိမ်မသက်ဖြစ်နေသော မြွေလေးကို ကန်ထုတ်လိုက်ပြီး ရှုကျင်ထျန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ထျန်းထျန်း အဆင်ပြေရဲ့လား? သူတို့ မင်းကို အနိုင်ကျင့်ခဲ့တာလား?"
ရှုကျင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ရှုဟန်ယွီကို မ၀ံ့မရဲ ကြည့်လိုက်မိသည်။ ရှုဟန်ယွီသည် မြွေငယ်လေးအား ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သောကြောင့် မြွေငယ်လေးက ဂူနံရံသို့ ပြေးကပ်သွားပြီး ဂူနံရံတစ်လျှောက် မြေပြင်ပေါ်သို့ လျှောကျလာခဲ့သည်။ ထို့နောက် သူသည် ဝမ်းဗိုက်ဖြူဖြူကိုဖြန့်ကာ တစ်ချက်တွန့်လိမ်သွားသည်။
"မင်း ဘာလုပ်နေတာလဲ? မြွေလေး သေသွားပြီ"
ရှုကျင်ထျန်းသည် အေးခဲသွားပြီး မြွေကြောက်သည်ကိုပင်မေ့ကာ မြွေငယ်လေးထံ အမြန်ပြေးသွားလိုက်သည်။
မြွေကြီးက အရမ်းဆိုးတာပဲ...သူ့ကလေးကို ဘယ်လိုတောင် ကန်ရက်တာလဲ? ဒါက သူ့ကလေးမဟုတ်ဘူးလား? ရှုကျင်ထျန်းသည် မလှုပ်မရှားသော မြွေလေးကို ကြည့်ကာ သူ့နှလုံးသား တစ်ခုလုံး တုန်ယင်သွားသည်။
မြွေလေးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လှုပ်ရှားရန် ပျင်းရိနေသည်။ သူ့ဖခင်သည် သူ့ထံသို့ အမှန်တကယ်ရောက်လာသောအခါ ချက်ချင်းပင် ပြန်ထလာကာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ ဦးခေါင်းလေးကိုမြှောက်ကာ ရှုကျင်ထျန်းဆီသို့ ပြေးသွားခဲ့သည်။
"အယ်~"
ရှုကျင်ထျန်းက စိုးရိမ်တကြီး ရပ်လိုက်ပြီး ရှုဟန်ယွီဆီသို့ အမြန်နောက်ပြန်ဆုတ်လိုက်သည်။
ဘုရားရေ! သေချင်ယောင်ဆောင်နေတာလား?
ထိုအချိန်တွင် ရှုဟန်ယွီ၏ခြေရင်းတွင် စိမ်းစိုနေသောမြွေများပြည့်နှက်နေပြီဖြစ်သော်လည်း ရှုကျင်ထျန်းသည် ပြုတ်ကျနေသော မြွေလေးကိုမြင်တော့ ဂရုမစိုက်ဘဲ ပြေးသွားခဲ့သည်။ အခု သူပြန်လာတော့ မြွေစိမ်းတွေနဲ့ ပြည့်နေတဲ့ မြေပြင်ပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ ရှုကျင်ထျန်းသည် သူ့ခြေဖဝါးအောက်မှ အသံကိုကြားလိုက်ရာ အော်ဟစ်လိုက်သည်။
"အားးး ဟန်ယွီ!"
ရှုကျင်ထျန်းသည် အသည်းအသန်အော်ဟစ်ပြီး ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို ကိုအာလာသဖွယ် ပွေ့ဖက်ထားသည်။ ရှုကျင်ထျန်း၏ ခြေထောက်များသည် ရှုဟန်ယွီ၏ခါးတွင် ရစ်ပတ်ရန် အပြင်းအထန် ကြိုးစားနေသည်။
"ထျန်းထျန်း မကြောက်နဲ့...ကိုယ်ဒီမှာရှိတယ်။"
ရှုဟန်ယွီက ဒီလိုပြောနေပေမယ့် သူ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေးမသွားဘဲမနေနိုင်ခဲ့ပေ။ ထျန်းထျန်းသည် သူ့အပေါ် အများဆုံးမှီခိုနေဆဲဖြစ်သည်။ သူတို့၏ ကလေးများပင်လျှင် ထျန်းထျန်းကို မခိုးယူနိုင်ပေ။
ရှုဟန်ယွီသည် မြွေလေးတွေကို လက်လွတ်စပယ် ကန်ထုတ်လိုက်ပြီး ရှုကျင်ထျန်း၏ ကျောကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။
"ရပြီ...ထျန်းထျန်း မကြောက်နဲ့တော့နော်...ကိုယ် သူတို့အားလုံးကို မောင်းထုတ်လိုက်ပြီ"
ရှုဟန်ယွီသည် ရွှင်မြူးစွာဖြင့် ရှုကျင်ထျန်း၏ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
ရှုဟန်ယွီသည် မြွေငယ်လေးတွေကို နောက်တစ်ကြိမ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေသည်ကို ရှုကျင်ထျန်းမြင်သောအခါ သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ဖာ့ခ်! ဒါက ရှုဟန်ယွီရဲ့သွေးသား မဟုတ်တာများလား?
"မကန်နဲ့ ဟန်ယွီ...မင်းဘာလို့ ဒီလောက်ရက်စက်ရတာလဲ? သူတို့သေသွားရင် ဘယ်လိုလုပ်မလဲ"
ရှုကျင်ထျန်းသည် အစိမ်းရောင်ရှည်လျားသော မြွေငယ်လေးတွေကိုကြည့်ပြီး သူ့နှလုံးသားလေး နူးညံ့သွားသည်။ သူကိုယ်တိုင် အောက်ဆင်းကြည့်ချင်သော်လည်း မြွေတွေနဲ့ထိမိမှာကြောက်တာကြောင့် ရှုဟန်ယွီကို အော်ဟစ်ပြောဆိုနေရုံသာ တတ်နိုင်သည်။
"ထျန်းထျန်း စိတ်မပူနဲ့...အဆင်ပြေတယ်။ ၀ိညာဥ်သားရဲမြွေတွေက အားမနည်းဘူး။ မင်းကို အပြင်ထွက်သွားဖို့ ဘယ်သူပြောလဲ? သူတို့ကို အပြစ်ပေးသင့်တယ်။ အပြင်မှာ အေးတယ်။ ထျန်းထျန်းက အိပ်ယာထဲမှာနွေးနွေးထွေးထွေး နေသင့်တယ်"
ရှုဟန်ယွီသည် ဂူအတွင်းရှိ မြွေစိမ်းလေးများကိုကြည့်ရင်း ရှုကျင်ထျန်းအား စိုးရိမ်စွာပြောလိုက်သည်။
ရှုကျင်ထျန်းသည် ရုန်းကန်နေရသော မြွေငယ်လေးကို ကြည့်ကာ ဝမ်းနည်းလာသည်။ သို့သော် ရှုကျင်ထျန်းသည် လိမ်ညာတတ်သည့် ကလေးငယ်တစ်ကောင်ကို မြင်ဖူးပြီးဖြစ်သောကြောင့် ယခုရှုဟန်ယွီ၏စကားကို အနည်းငယ် လက်ခံသွားသည်။
မြေပြင်ပေါ်ရှိ မြွေလေးဟာ ပြန်လည်ကောင်းမွန်လာပြီး ရှုဟန်ယွီရဲ့အကြည့်ကြောင့် ကြောက်လန့်ကာ ရှုကျင်ထျန်းအနားသို့ ထပ်မချဉ်းကပ်ရဲတော့ဘဲ တုန်တုန်ယင်ယင်နဲ့ မြေပြင်ပေါ်တွန့်လိမ်နေ၏။
"အိုး~ ကောင်းပြီ။ ဒါပေမယ့် ကလေးတွေအတွက် အရင် အသိုက်လုပ်ရမယ်။ မဟုတ်ရင် ငါ အဆင်မပြေဘူး။"
ရှုကျင်ထျန်းသည် သွယ်လျသော မြွေစိမ်းလေးများနှင့် အတူအိပ်ခြင်းကို လက်မခံနိုင်ပေ။ ဤမြွေများသည် သူတို့၏ သားသမီးများပင်ဖြစ်သော် လည်း အပြည့်အဝ သက်တောင့်သက်သာမရှိနိုင်ပေ။ အပြင်မှာ တိရစ္ဆာန်အရေခွံနဲ့ အသိုက်လုပ်ရမယ်။
"ကောင်းပြီ!"
ရှုဟန်ယွီသည် ရောထွေးနေသော မြွေကလေးများကို စေ့စေ့စပ်စပ်ကြည့်ကာ ရက်ရောစွာ သဘောတူလိုက်သည်။
ထျန်းထျန်းသည် သူ့အတွက်သာဖြစ်ပြီး အခြားသူများကို မဝေမျှချင်ပေ။ ထို'အခြားသူများ'သည် သူ့ကလေးဖြစ်လျှင်ပင် အလုပ်မဖြစ်ပေ။
~~~~~~
24/10/2023(8:00AM)
(Zawgyi)
ရႈဟန္ယြီသည္ ေရထဲတြင္ မီတာဝက္ခန္႔ရွည္ေသာ ငါးတစ္ေကာင္ကိုဖမ္းမိၿပီး လတ္ဆတ္ေသာ ေရၫွိအခ်ိဳ႕ကိုယူကာ ရႈက်င္ထ်န္းယက္လုပ္ထားေသာ စပ်စ္ႏြယ္ထဲသို႔ထည့္လိုက္သည္။
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းအတြက္ အႀကိမ္မ်ားစြာ ခ်က္ျပဳတ္ခဲ့ၿပီး ဟင္းခ်ိဳကိုခ်က္ျပဳတ္ရာတြင္ အခ်ိန္ျပၫ့္ မီးပံုအနားမေနရေသာေၾကာင့္ ခ်က္ရသည္မွာ အလြန္လြယ္ကူသည္။ အသားကင္ရာတြင္ ဟိုဘက္သည္ဘက္လွန္ရန္လိုအပ္ၿပီး မီးပံုႏွင့္ တစ္ခ်ိန္လံုး နီးကပ္ေနရသည္။ အသားကင္စားရတာ အဆင္မေျပျဖစ္ၿပီး မိန္းမပ်ိဳေလးကလည္း သူအသားကင္တာကို မႀကိဳက္ေပ။ အဲဒါကို ေတြးၿပီးတာနဲ႔ ရႈဟန္ယြီက ငါးစြပ္ျပဳတ္လုပ္ဖို႔ ဆံုးျဖတ္လိုက္တယ္။
ရႈဟန္ယြီသည္ ရုတ္တရက္ ရႈက်င္ထ်န္းအတြက္ အနည္းငယ္ စိတ္ပူသြားသည္။ ရႈဟန္ယြီသည္ သူ႔လက္ထဲရိွ ထင္းကိုခ်လိုက္ၿပီး ရႈက်င္ထ်န္းအဆင္ေျပၾကောင္းေသခ်ာေစရန္ အရင္သြားၾကည့္လိုက္သည္။ ထိုမွသာ သူစိတ္သက္သာရာရႏိုင္လိမ့္မည္။
ရႈဟန္ယြီ၏ ပါးစပ္ေထာင့္က အနည္းငယ္ တြန္႔ေကြးသြားသည္။ ထ်န္းထ်န္း ႏိုးၿပီလား? အခု ဘာလုပ္ေနလဲလို႔ ေတြးလိုက္သည္။ ဒါေပမယ့္ အိပ္ရာႏိုးရင္ ထ်န္းထ်န္းက ဥေတြအနားမွာပဲ ေနလိမ့္မယ္။ ရႈဟန္ယြီသည္ ဥမ်ားက သူႏွင့္ထ်န္းထ်န္း၏ ကေလးမ်ားပင္ျဖစ္ေသာ္လည္း မနာလိုမႈအနည္းငယ္ရိွဆဲပင္။
ရႈက်င္ထ်န္းမွာ သူ႔ခႏၶာကိုယ္ကို တိရိစၧာန္အေရခြံအက်ႌသံုးထည္ျဖင့္ ထုပ္ပိုးထားၿပီး ဂူ၏ေထာင့္တြင္ ေကြးေကြးေလးထိုင္ေန၏။ သူ၏လက္မ်ားက ေအးစက္ေနကာ ခႏၶာကိုယ္က အနည္းငယ္ တုန္ယင္ေနသည္။
အရမ္းေအးတာပဲ...ေႁမြၾကီးက ဘာလို႔ ျပန္မလာေသးတာလဲ? ရႈက်င္ထ်န္းသည္ သူ႔ႏွလံုးသားထဲမွ ဆုေတာင္းေနခဲ့သည္။ ထို႔ေနာက္ ဂူအျပင္ဘက္မွ ႏူးညံ့ေသာအသံကို ၾကားလိုက္ရၿပီး ဝမ္းသာအားရ ၾကည့္လိုက္သည္။
"ဟန္ယြီ၊ ေနာက္ဆံုးေတာ့ မင္းျပန္လာၿပီ!"
ရႈက်င္ထ်န္းသည္ တစ္ခုတည္းေသာ အသက္ကယ္ေကာက္ရိုးကို ဖမ္းဆုပ္ထားသည့္ ေရနစ္ေနေသာလူလို ရႈဟန္ယြီ၏ မ်က္လံုးမ်ားကို ၾကၫ့္လိုက္သည္။ ရႈက်င္ထ်န္းက သူ႔ဆီသြားခ်င္ေပမယ့္ သူ႔ရဲ့ခႏၶာကိုယ္က ေပ်ာ့ေခြေနတာေၾကာင့္ မထႏိုင္ဘဲ လဲက်သြားေလသည္။
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို အျပင္ဘက္တြင္ ျမင္ေသာအခါ အနည္းငယ္ ထူးဆန္းသြားသည္။ ထ်န္းထ်န္းက ဥေတြကို အေလးအနက္ထားတာ မဟုတ္ဘူးလား? ဘာလို႔ ဥအနားမွာ မေနတာလဲ? ရႈဟန္ယြီဘာမွမေမးရေသးခင္ ရႈက်င္ထ်န္းရဲ့ မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနေပမယ့္ ပါးျပင္ေတြက နီရဲေနၿပီး ခႏၶာကိုယ္က ထိန္းမႏိုင္သိမ္းမရ တုန္ခါေနတာကို ေတြ့လိုက္ရသည္။
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းက သူ႔ခႏၶာကိုယ္ကို ဂရုမစိုက္ေၾကာင္း ျမင္လိုက္ရေသာအခါ ေဒါသတႀကီးျဖစ္သြားၿပီး ဂူအတြင္းမွ ပံုမွန္မဟုတ္ေသာ အသံကို သတိမထားမိလိုက္ေပ။
"ထ်န္းထ်န္း ဘာလို႔ထြက္လာတာလဲ? အျပင္မွာ အရမ္းေအးတယ္။ ေနမေကာင္းရင္ ဘယ္လိုလုပ္မလဲ?"
ရႈဟန္ယြီက ရႈက်င္ထ်န္းေဘးကို ေလ်ွာက္သြားၿပီး သူ႔ကိုေပြ့ခ်ီလိုက္သည္ ။
"ဟီးဟီး..."
ရႈက်င္ထ်န္းက ထိတ္လန္႔တုန္လႈပ္စြာ ရယ္ေမာလိုက္သည္။ ရႈဟန္ယြီကို ဘယ္လိုေျပာရမွန္း သူ မသိေပ။ ရႈဟန္ယြီ၏ ေအးစက္ေနေသာ မ်က္ႏွာကို ျမင္လိုက္ရေတာ့ ခ်ီတံုခ်တံုျဖင့္ ေျပာလိုက္သည္။
"ဟို...အဲ့ဒါ ဥ...ဥေတြ"
ရႈက်င္ထ်န္းက ကုတင္ဆီသို႔ မသိစိတ္က အၾကၫ့္ေရာက္သြားသည္။
ရႈဟန္ယြီၾကၫ့္လိုက္ေတာ့ 'ရွီးရွီး' နဲ႔ ေပ်ာ့ညံ့တဲ့ 'ဆူညံသံ' ေတြ ရိွေနတာကို ၾကားလိုက္ရသည္။ ထိုအသံမ်ားမွာ အိပ္ရာအတြင္းခန္း ကန႔္လန႔္ကာေနာက္မွ ထြက္လာၾကျခင္းပင္။
ရႈဟန္ယြီ ခဏေလာက္ ထိတ္လန႔္အံ့ၾသသြားၿပီး
"သားေပါက္တာ ျမန္လိုက္တာ...ထ်န္းထ်န္း အရမ္းေတာ္တာပဲ!"
ေအးေသာရာသီတြင္ ေမြးဖြားေသာ ဝိဉာဉ္သားရဲေႁမြဥမ်ားသည္ ပူျပင္းေသာရာသီအနားနီးမွ ေပါက္ဖြားေလ့ရိွသည္။ဖခင္ကိုယ္တိုင္ သားေဖာက္လ်ွင္ပင္ ရက္ေပါင္းသံုးဆယ္ သို႔မဟုတ္ ေလးဆယ္ခန္႔ၾကာတတ္သည္။ သူသည္ ေႁမြဥမ်ားက ဤမ်ွေစာေစာ အေကာင္ေပါက္လာမည္ဟု မေမ်ွာ္လင့္ထားခဲ့ေပ။
"ဟမ္? အဟမ္း! ဟုတ္တယ္...အကုန္ေပါက္သြားၿပီ။ အခုဘယ္လိုလုပ္ရမလဲ"
ရႈက်င္ထ်န္းသည္ ကုတင္ေပၚက ျမင္ကြင္းကို ေတြးရင္း တုန္လႈပ္သြားသည္။ ဒီတစ္ခါေတာ့ အေအးဒဏ္ေၾကာင့္ တုန္ယင္သည္မဟုတ္ဘဲ ေၾကာက္ရြံ႔တာေၾကာင့္ပင္။
ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏တံု႔ျပန္မႈကို ျမင္ေသာအခါ အနည္းငယ္သက္သာရာရသြားေပမယ့္ ေႁမြေပါက္ေလးမ်ားကိုျမင္ေသာအခါ အေတြးထဲ နစ္ျမဳပ္သြားျပန္သည္။
"မင္းကို ကိုက္ေနၾကတာလား?"
ရႈဟန္ယြီ၏ ႏူးညံ့ေသာအသံသည္ အလြန္ေအးစက္လာသည္။
ကံေကာင္းေထာက္မစြာပဲ သူလာၿပီးစစ္ေဆးခဲ့လို႔ပင္။ မဟုတ္ရင္ မိန္းမပ်ိဳေလးက အျပင္မွာ ထိုင္ေနရလိမ့္မည္။ ေသခ်ာတာေပါ့၊ ေႁမြေတြကို ျမန္ျမန္ လႊတ္ပစ္ရမယ္...သူ႔အေဖကိုေတာင္ အႏိုင္က်င့္ရဲတယ္။
"မဟုတ္ဘူး။ မကိုက္ဘူး!"
ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏မ်က္ႏွာကိုျမင္ၿပီး နားလည္မႈလြဲေနမည္ကိုသိသျဖင့္ အျမန္ရွင္းျပလိုက္သည္။
ေႁမြေလးေတြအေပၚ ရႈဟန္ယြီ၏ သေဘာထားကို ၾကၫ့္ၿပီး ရႈက်င္ထ်န္းသည္ အနည္းငယ္ စိတ္မသက္မသာျဖစ္သြားၿပီး တစ္ခ်ိန္တည္းမွာပင္ ဝမ္းသာသြားသည္။ ေႁမြၾကီး၏မ်က္လံုးထဲတြင္ ကေလးေတြထက္စာရင္ သူက ပိုအေရးႀကီးပံုရသည္။ ဒါေပမယ့္ ...သူ႔ကေလးေတြအေပၚထားတဲ့ ေႁမြၾကီးရဲ့အျပဳအမူက ထူးဆန္းေနသလိုပဲ။ သူထင္ေယာင္ထင္မွားျဖစ္ေနတာမ်ားလား?
"ဒါဆို မင္းဘာလို႔ ထြက္လာတာလဲ? ေအးခဲတာကို အိပ္ရတာထက္ပိုႀကိဳက္လို႔လား"
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို သံသယမ်က္လံုးျဖင့္ ၾကၫ့္လိုက္သည္။ ထ်န္းထ်န္းက ကေလးေတြကို သူစြန္႔ပစ္မွာ ေၾကာက္ေနတာလား? သူအႏိုင္က်င့္ခံရတာေတာင္ သူတို႔ကို ကာကြယ္ေပးေသးတယ္။
"အာ? အင္း..."
ရႈက်င္ထ်န္းက ဘာေျပာရမွန္းမသိေပမယ့္ ေထာက္ခံလိုက္သည္။
ရႈဟန္ယြီ၏ စိတ္ရွည္သည္းခံမႈမွာလည္း ကုန္ဆံုးသြားသည္။ သူသည္ ရႈက်င္ထ်န္းကို ေအးခဲမေနေစခ်င္တာေၾကာင့္ ေပြ့ဖက္ၿပီး ကုတင္ဆီသို႔ ေလ်ွာက္သြားလိုက္သည္။
ရႈက်င္ထ်န္းမွာ အံ့ၾသသြားၿပီး ေႁမြသိုက္အိပ္ရာကို ေနာက္တစ္ႀကိမ္ျပန္သြားရမွာကိုေတြးကာ ဦးေရျပားေတြပင္ ယားယံလာ၏။ သူသည္ ဘာမွဂရုမစိုက္ႏိုင္ေတာ့ဘဲ စိုးရိမ္တႀကီးျဖင့္
"ခဏ...ခဏေနၪီး ေႁမြေလးေတြကို ဖယ္ေပးလို႔ရမလား? ငါသူတို႔ကို ဖိမိမွာစိုးရိမ္လို႔ပါ"
မဟုတ္ဘူး...သူ ေႁမြအသိုက္မွာ မအိပ္ခ်င္ဘူး။ ရပ္လိုက္...အခုရပ္လိုက္ ေႁမြၾကီး...
ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏လည္ပင္းကို ရစ္ပတ္ကာ ရႈဟန္ယြီ၏ခႏၶာကိုယ္ေပၚတြင္ အတင္းတြယ္ကပ္ထားသည္။
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို ပေဟဠိဆန္စြာ ငံု႔ၾကၫ့္လိုက္သည္။ သို႔ေသာ္ မိန္းမပ်ိဳေလးက ေႁမြေလးေတြကို ဖယ္ရွာေပးရန္ တက္ႂကြစြာ ေတာင္းဆိုခဲ့သည္မွာ သူလိုခ်င္သည့္အတိုင္း အတိအက်ပင္ျဖစ္သည္။ သူသည္ သူ၏ထ်န္းထ်န္းကို ကေလးမ်ားႏွင့္ ေဝမ်ွရန္ မရည္ရြယ္ထားေပ။ ထ်န္းထ်န္းက သူ႔အပိုင္ပင္...
"ေကာင္းၿပီ!"
ရႈဟန္ယြီက အသံတိုးတိုးျဖင့္ ျပန္ေျပာၿပီး ကုတင္ကန႔္လန႔္ကာဆီသို႔ ေရာက္သြားသည္။ ရႈဟန္ယြီသည္ ကန႔္လန႔္ကာကို ေျခေထာက္ျဖင့္ေျမႇာက္လိုက္ရာ ခ်ည္ထားသည္ကို ေတြ့လိုက္ရသည္။
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို လွည့္ၾကၫ့္လိုက္သည္။ ရႈက်င္ထ်န္းက ရွက္ရြံ႔စြာၿပံဳးကာ
"သူတို႔ ထြက္ေျပးမွာစိုးရိမ္လို႔ ကန႔္လန႔္ကာကို ခ်ည္ထားလိုက္တာ"
ဥာဏ္ႀကီးရွင္ေလးရႈက်င္ထ်န္းသည္ ထိုေႁမြေလးမ်ား ေျပးထြက္လာၿပီး သူ႔ကို ေျခာက္လွန႔္မည္ကို ေၾကာက္ရြံ႔ေၾကာင္း ဝန္ခံမည္မဟုတ္ေပ။ ထိုသည္မွာ အလြန္ရယ္စရာေကာင္းေပလိမ့္မည္။
ရႈဟန္ယြီသည္ ကုတင္ကန႔္လန႔္ကာကို ရုတ္တရက္ ဖြင့္လိုက္ရာ တြန္႔လိမ္ေနေသာ ေႁမြေလးတစ္ေကာင္က ေျပးထြက္လာေလ၏။
ကံမေကာင္းေသာ ေႁမြငယ္တစ္ေကာင္သည္ ႏူးညံ့ေသာ တိရိစၧာန္အေရခြံေပၚ သို႔ ျပဳတ္က်သြားၿပီး ေခါင္းကို အနည္းငယ္ေျမႇာက္ကာ ရႈက်င္ထ်န္းဆီသို႔ ခ်ဉ္းကပ္ရန္ ႀကိဳးစားလိုက္သည္။
ၾကည္လင္ေတာက္ပေသာ ျမစိမ္းေရာင္ သားရဲမ်က္လံုးေလးမ်ားသည္ ေရေငြ့မ်ားျဖင့္ ဖံုးလႊမ္းေနေသာေၾကာင့္ ရႈက်င္ထ်န္းသည္ ႀကီးမားေသာ အမွားတစ္ခုကို က်ူးလြန္ခဲ့သလို ခံစားလိုက္ရသည္။
ရႈက်င္ထ်န္းသည္ မသိစိတ္က သူ႔မ်က္လံုးေတြကို လႊဲဖယ္လိုက္သည္။ ဒါ တကယ္ပဲ သူ႔ကေလးေတြလား? ဘာေတျြဖစ္ေနတာလဲ!!
ေသးသြယ္ေသာ အစိမ္းေရာင္ေႁမြတစ္ေကာင္သည္ ကုတင္ေပၚမွ ဆင္းလာကာ ပန္းေရာင္ေႁမြလ်ွာေလးကိုထုတ္ၿပီး ရႈက်င္ထ်န္းဆီသို႔ စိတ္လႈပ္ရွားစြာ ေလ်ွာက္သြားလိုက္သည္။ သူတို႔က အေမရွာေနတဲ့ ကေလးေလးေတြလိုပဲ။
ရႈက်င္ထ်န္းက တုန္လႈပ္သြားၿပီး ရႈဟန္ယြီ၏ေနာက္ကြယ္မွာ အလိုလို ပုန္းေနခဲ့သည္။ ရႈဟန္ယြီက မၿငိမ္မသက္ျဖစ္ေနေသာ ေႁမြေလးကို ကန္ထုတ္လိုက္ၿပီး ရႈက်င္ထ်န္းကို စိုးရိမ္တႀကီး ၾကၫ့္လိုက္သည္။
"ထ်န္းထ်န္း အဆင္ေျပရဲ့လား? သူတို႔ မင္းကို အႏိုင္က်င့္ခဲ့တာလား?"
ရႈက်င္ထ်န္း၏မ်က္လံုးမ်ား ျပဴးက်ယ္သြားၿပီး ရႈဟန္ယြီကို မဝံ့မရဲ ၾကၫ့္လိုက္မိသည္။ ရႈဟန္ယြီသည္ ေႁမြငယ္ေလးအား ျပင္းျပင္းထန္ထန္ ကန္ထုတ္လိုက္ေသာေၾကာင့္ ေႁမြငယ္ေလးက ဂူနံရံသို႔ ေျပးကပ္သြားၿပီး ဂူနံရံတစ္ေလ်ွာက္ ေျမျပင္ေပၚသို႔ ေလ်ွာက်လာခဲ့သည္။ ထို႔ေနာက္ သူသည္ ဝမ္းဗိုက္ျဖဴျဖဴကိုျဖန႔္ကာ တစ္ခ်က္တြန္႔လိမ္သြားသည္။
"မင္း ဘာလုပ္ေနတာလဲ? ေႁမြေလး ေသသြားၿပီ"
ရႈက်င္ထ်န္းသည္ ေအးခဲသြားၿပီး ေႁမြၾကောက္သည္ကိုပင္ေမ့ကာ ေႁမြငယ္ေလးထံ အျမန္ေျပးသြားလိုက္သည္။
ေႁမြၾကီးက အရမ္းဆိုးတာပဲ...သူ႔ကေလးကို ဘယ္လိုေတာင္ ကန္ရက္တာလဲ? ဒါက သူ႔ကေလးမဟုတ္ဘူးလား? ရႈက်င္ထ်န္းသည္ မလႈပ္မရွားေသာ ေႁမြေလးကို ၾကၫ့္ကာ သူ႔ႏွလံုးသား တစ္ခုလံုး တုန္ယင္သြားသည္။
ေႁမြေလးသည္ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနၿပီး လႈပ္ရွားရန္ ပ်င္းရိေနသည္။ သူ႔ဖခင္သည္ သူ႔ထံသို႔ အမွန္တကယ္ေရာက္လာေသာအခါ ခ်က္ခ်င္းပင္ ျပန္ထလာကာ စိတ္လႈပ္ရွားစြာျဖင့္ သူ၏ ဦးေခါင္းေလးကိုေျမႇာက္ကာ ရႈက်င္ထ်န္းဆီသို႔ ေျပးသြားခဲ့သည္။
"အယ္~"
ရႈက်င္ထ်န္းက စိုးရိမ္တႀကီး ရပ္လိုက္ၿပီး ရႈဟန္ယြီဆီသို႔ အျမန္ေနာက္ျပန္ဆုတ္လိုက္သည္။
ဘုရားေရ! ေသခ်င္ေယာင္ေဆာင္ေနတာလား?
ထိုအခ်ိန္တြင္ ရႈဟန္ယြီ၏ေျခရင္းတြင္ စိမ္းစိုေနေသာေႁမြမ်ားျပည့္ႏွက္ေနၿပီျဖစ္ေသာ္လည္း ရႈက်င္ထ်န္းသည္ ျပဳတ္က်ေနေသာ ေႁမြေလးကိုျမင္ေတာ့ ဂရုမစိုက္ဘဲ ေျပးသြားခဲ့သည္။ အခု သူျပန္လာေတာ့ ေႁမြစိမ္းေတြနဲ႔ ျပၫ့္ေနတဲ့ ေျမျပင္ေပၚမွာ ရပ္ေနတာကို ေတြ့လိုက္ရသည္။ ရႈက်င္ထ်န္းသည္ သူ႔ေျခဖဝါးေအာက္မွ အသံကိုၾကားလိုက္ရာ ေအာ္ဟစ္လိုက္သည္။
"အားးး ဟန္ယြီ!"
ရႈက်င္ထ်န္းသည္ အသည္းအသန္ေအာ္ဟစ္ၿပီး ရႈဟန္ယြီ၏ခႏၶာကိုယ္ကို ကိုအာလာသဖြယ္ ေပြ့ဖက္ထားသည္။ ရႈက်င္ထ်န္း၏ ေျခေထာက္မ်ားသည္ ရႈဟန္ယြီ၏ခါးတြင္ ရစ္ပတ္ရန္ အျပင္းအထန္ ႀကိဳးစားေနသည္။
"ထ်န္းထ်န္း မေၾကာက္နဲ႔...ကိုယ္ဒီမွာရိွတယ္။"
ရႈဟန္ယြီက ဒီလိုေျပာေနေပမယ့္ သူ႔ႏႈတ္ခမ္းေထာင့္ေတြ တြန္႔ေကြးမသြားဘဲမေနႏိုင္ခဲ့ေပ။ ထ်န္းထ်န္းသည္ သူ႔အေပၚ အမ်ားဆံုးမွီခိုေနဆဲျဖစ္သည္။ သူတို႔၏ ကေလးမ်ားပင္လ်ွင္ ထ်န္းထ်န္းကို မခိုးယူႏိုင္ေပ။
ရႈဟန္ယြီသည္ ေႁမြေလးေတြကို လက္လြတ္စပယ္ ကန္ထုတ္လိုက္ၿပီး ရႈက်င္ထ်န္း၏ ေက်ာကိုပုတ္ကာ ႏွစ္သိမ့္လိုက္သည္။
"ရၿပီ...ထ်န္းထ်န္း မေၾကာက္နဲ႔ေတာ့ေနာ္...ကိုယ္ သူတို႔အားလံုးကို ေမာင္းထုတ္လိုက္ၿပီ"
ရႈဟန္ယြီသည္ ရႊင္ျမဴးစြာျဖင့္ ရႈက်င္ထ်န္း၏ခါးကို တင္းတင္းက်ပ္က်ပ္ ေပြ့ဖက္လိုက္သည္။
ရႈဟန္ယြီသည္ ေႁမြငယ္ေလးေတြကို ေနာက္တစ္ႀကိမ္ ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံေနသည္ကို ရႈက်င္ထ်န္းျမင္ေသာအခါ သူ၏ခႏၶာကိုယ္ ေတာင့္တင္းသြားသည္။
ဖာ့ခ္! ဒါက ရႈဟန္ယြီရဲ့ေသြးသား မဟုတ္တာမ်ားလား?
"မကန္နဲ႔ ဟန္ယြီ...မင္းဘာလို႔ ဒီေလာက္ရက္စက္ရတာလဲ? သူတို႔ေသသြားရင္ ဘယ္လိုလုပ္မလဲ"
ရႈက်င္ထ်န္းသည္ အစိမ္းေရာင္ရွည္လ်ားေသာ ေႁမြငယ္ေလးေတြကိုၾကၫ့္ၿပီး သူ႔ႏွလံုးသားေလး ႏူးညံ့သြားသည္။ သူကိုယ္တိုင္ ေအာက္ဆင္းၾကၫ့္ခ်င္ေသာ္လည္း ေႁမြေတြနဲ႔ထိမိမွာေၾကာက္တာေၾကာင့္ ရႈဟန္ယြီကို ေအာ္ဟစ္ေျပာဆိုေနရံုသာ တတ္ႏိုင္သည္။
"ထ်န္းထ်န္း စိတ္မပူနဲ႔...အဆင္ေျပတယ္။ ဝိညာဥ္သားရဲေႁမြေတြက အားမနည္းဘူး။ မင္းကို အျပင္ထြက္သြားဖို႔ ဘယ္သူေျပာလဲ? သူတို႔ကို အျပစ္ေပးသင့္တယ္။ အျပင္မွာ ေအးတယ္။ ထ်န္းထ်န္းက အိပ္ယာထဲမွာေနြးေနြးေထြးေထြး ေနသင့္တယ္"
ရႈဟန္ယြီသည္ ဂူအတြင္းရိွ ေႁမြစိမ္းေလးမ်ားကိုၾကည့္ရင္း ရႈက်င္ထ်န္းအား စိုးရိမ္စြာေျပာလိုက္သည္။
ရႈက်င္ထ်န္းသည္ ရုန္းကန္ေနရေသာ ေႁမြငယ္ေလးကို ၾကၫ့္ကာ ဝမ္းနည္းလာသည္။ သို႔ေသာ္ ရႈက်င္ထ်န္းသည္ လိမ္ညာတတ္သည့္ ကေလးငယ္တစ္ေကာင္ကို ျမင္ဖူးၿပီးျဖစ္ေသာေၾကာင့္ ယခုရႈဟန္ယြီ၏စကားကို အနည္းငယ္ လက္ခံသြားသည္။
ေျမျပင္ေပၚရိွ ေႁမြေလးဟာ ျပန္လည္ေကာင္းမြန္လာၿပီး ရႈဟန္ယြီရဲ့အၾကၫ့္ေၾကာင့္ ေၾကာက္လန႔္ကာ ရႈက်င္ထ်န္းအနားသို႔ ထပ္မခ်ဉ္းကပ္ရဲေတာ့ဘဲ တုန္တုန္ယင္ယင္နဲ႔ ေျမျပင္ေပၚတြန္႔လိမ္ေန၏။
"အိုး~ ေကာင္းၿပီ။ ဒါေပမယ့္ ကေလးေတြအတြက္ အရင္ အသိုက္လုပ္ရမယ္။ မဟုတ္ရင္ ငါ အဆင္မေျပဘူး။"
ရႈက်င္ထ်န္းသည္ သြယ္လ်ေသာ ေႁမြစိမ္းေလးမ်ားႏွင့္ အတူအိပ္ျခင္းကို လက္မခံႏိုင္ေပ။ ဤေႁမြမ်ားသည္ သူတို႔၏ သားသမီးမ်ားပင္ျဖစ္ေသာ္ လည္း အျပၫ့္အဝ သက္ေတာင့္သက္သာမရိွႏိုင္ေပ။ အျပင္မွာ တိရစၧာန္အေရခြံနဲ႔ အသိုက္လုပ္ရမယ္။
"ေကာင္းၿပီ!"
ရႈဟန္ယြီသည္ ေရာေထြးေနေသာ ေႁမြကေလးမ်ားကို ေစ့ေစ့စပ္စပ္ၾကၫ့္ကာ ရက္ေရာစြာ သေဘာတူလိုက္သည္။
ထ်န္းထ်န္းသည္ သူ႔အတြက္သာျဖစ္ၿပီး အျခားသူမ်ားကို မေဝမ်ွခ်င္ေပ။ ထို'အျခားသူမ်ား'သည္ သူ႔ကေလးျဖစ္လ်ွင္ပင္ အလုပ္မျဖစ္ေပ။
~~~~~~
24/10/2023(8:00AM)