မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(52)

(51)

1.9K 352 31
By ShweLoon365

(Unicode)

"အိုး...အဲ့ဒါဆို ငါ့ဘာသာ သားဖောက်မယ်!"
ရှုကျင်ထျန်းက စကားပြောပြီးတာနဲ့ ထူးဆန်းသလိုခံစားရပြီး သူ့လျှာသူဖွဖွလေးကိုက်လိုက်သည်။ သို့သော် သူပြောသည့်စကားကိုမပြင်မီ တစ်ခြားဆီသို့ အာရုံရောက်သွားခဲ့သည်။

ဤဥများသည် အရွယ်အစား မသေးငယ်ပေ။ ဥများမ​ကွဲစေရန် ရှုကျင်ထျန်းက နူးညံ့စွာပွေ့ဖက်ထားရသည်။ သို့သော် ဤအနေအထားဖြင့် အချိန်ကြာမြင့်စွာ ထိန်းသိမ်းရန် အလွန်ခက်ခဲသည်။ ခဏလောက်စဉ်းစားပြီးနောက် ရှုကျင်ထျန်းသည် ကုတင်ထောင့်အောက်ခြေရှိ မြက်များကိုဆွဲထုတ်ကာ တွင်းတစ်တွင်းတူးလိုက်သည်။ ဥတွေထည့်လို့ရတဲ့အထိတူးပြီး အကောင်ပေါက်ဖို့ တွင်းအပေါ်ကတက်အိပ်သင့်သည်။

"ဟန်ယွီ ငါ့ကို ကူညီပါဦး။ ဥတွေထည့်ဖို့ တွင်းတူးချင်လို့"
ရှုကျင်ထျန်းက နေရာကို ရွေးလိုက်ပြီး ကျောက်ခဲများကိုဘေးတွင် စုပုံထားလိုက်သည်။

"ကောင်းပြီ!"
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို သဘောကျသောကြောင့် ရှုကျင်ထျန်း၏ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းနိုင်အောင် ကြိုးစားလေ့ရှိသည်။ ရှုဟန်ယွီသည် မိန်းမပျိုလေး ဘာလုပ်နေသည်ကို နားမလည်သော်လည်း ကုတင်ပေါ်မှ ထရန် တုံ့ဆိုင်းမနေဘဲ ပစ္စည်းများကိုင်ဆောင်က ကုတင်အောက်တွင် တွင်းတူးရန် ရုန်းကန်နေသည့် မိန်းမပျိုလေးအား ပေးလိုက်သည်။

ရှုကျင်ထျန်းသည် ဥများအားလုံးကို ထည့်နိုင်လောက်အောင် ကြီးမားသော တွင်းကြီးတစ်ခုကို တူးပြီးနောက် အောက်ခြေတွင် တိရိစ္ဆာန်အရေခွံကို ဖြန့်ခင်းလိုက်သည်။ ထို့နောက် ဥများကို တစ်ခုပြီးတစ်ခု ဂရုတစိုက် ချထားလိုက်သည်။ ရှုကျင်ထျန်းသည် နောက်ဆုံးတွင် တိရစ္ဆာန်အရေခွံများကို ခင်းပြီး ဂရုတစိုက်ဖြင့် မြွေဥများကို မဖိမိအောင်လုပ်လိုက်သည်။

အိုခေ...ဒါက အရမ်းအဆင်ပြေတယ်။ တိရစ္ဆာန်အရေခွံရဲ့အပူနဲ့ ကာရံထားရင် ဥတွေက မြန်မြန်အေးမသွားဘဲ မြန်မြန်လည်း ပူလာမှာမဟုတ်ဘူး။ ဥများ၏ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေလိမ့်မည်။

ရှုကျင်ထျန်းသည် ဖခင်ကောင်းတစ်ယောက်နှင့်တူပြီး သားဖောက်ရန်အတွက် ကုတင်ပေါ်တွင် အလေးအနက်ထားကာ စဥ်းစားနေလေသည်။

သိပ်မကြာခင်မှာပဲ တိရစ္ဆာန်အရေခွံက အရမ်းထူတယ်လို့ ခံစားရပြီး အောက်ကဥတွေကို အရမ်းတင်းကျပ်စွာ ထုပ်ပိုးခံထားရမှာကို စိုးရိမ်တာကြောင့် ဥများကို အိပ်ယာပေါ်သို့ ရွှေ့ကြရပြန်သည်။ အိပ်ရာက မသပ်ရပ်တော့ပေမယ့် ရှုကျင်ထျန်းက အခုဆို ပိုသက်တောင့်သက်သာရှိလာသည်။ သူ၏အရေပြားသည် ချောမွေ့သောဥခွံကို တိုက်ရိုက်ထိမိသွားပြီး ရှုကျင်ထျန်းကို ထူးခြားသော ကြင်နာမှုအငွေ့အသက်လေးကို ခံစားရစေသည်။

နောက်ဆုံးတော့ အဲ့ဒီဥတွေဟာ သူ့ကလေးတွေဖြစ်နေတုန်းပင်။ သူ့ဆန္ဒအလျောက် မွေးတာမဟုတ်ပေမယ့် ရှုကျင်ထျန်းက ဥလေးတွေကို တန်ဖိုးထားဆဲပင်။

ရှုဟန်ယွီသည် နောက်ဆုံးတွင် မိန်းမပျိုလေးကောင်းကောင်း အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ ရှုကျင်ထျန်း၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ကုတင်ပေါ်သို့ လှဲချလိုက်သည်။

ရှုကျင်ထျန်းကနိုးလာပြီး ရှုဟန်ယွီကို စိုက်ကြည့်ကာ
"ငါ့ကိုဖက်ရင် ဥတွေကို မဖိမိစေနဲ့...မကွဲအောင် သတိထား!"

"အင်းပါ ကိုယ်သိပါတယ်"

ရှုဟန်ယွီသည် ရှုကျင်ထျန်းက ဥတွေကို ဒီလိုမျိုးကာကွယ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူအနည်းငယ်မနာလိုဖြစ်မိသည်။ မည်သို့ပင်ဆိုစေကာမူ ဤဥများသည် သူ့သွေးသားဖြစ်တာကြောင့် ရှုဟန်ယွီသည် သူ၏မကျေနပ်မှုကို မျိုချရုံသာ တတ်နိုင်တော့သည်။ ဥများ မြန်မြန်ပေါက်မည်ကို တွေးကာ အခုအချိန်မှာတော့ သူ့ဇနီးလေးကို လွှတ်ထားရုံအပြင်မရှိပေ။

မွေးဖွားပြီးခါစမိန်းမပျိုလေးသည် အလွန်ပျော့ပျောင်းသောကိုယ်ခန္ဓာရှိပြီး ၎င်းမှာယခင်က လုံးထွေးရသည့်ခံစားချက်နှင့် အလွန်ကွာခြားသည်။ ဒါကပင် ရှုဟန်ယွီကို စွဲလမ်းစေပြီး မိန်းမပျိုလေးကိုပွေ့ဖက်ထားတဲ့ ခြေလက်တွေကို ပိုမိုတင်းကျပ်လိုက်သည်။

ဥပေါက်ရန်အတွက် ရှုကျင်ထျန်းသည် တစ်နေ့လုံးနီးပါး အိပ်ရာထဲတွင် လှဲနေခဲ့သည်။ သူအိပ်ယာမှထွက်ခွာတဲ့အခါတွင်လည်း ဥတွေကို နူးညံ့တဲ့တိရစ္ဆာန်အရေခွံတွေနဲ့ ဖုံးအုပ်ထားသည်။ ပြန်လာသောအခါတွင်မူ ချက်ချင်းပင် သူ၏အဝတ်အစားများကို ချွတ်ကာ အဆိုပါဥများကို အနွေးဓာတ်ပေးလေ၏။

ရှုကျင်ထျန်းသည် ဥများပေါက်ရန်အလုပ်များနေသဖြင့် ချက်ပြုတ်သည့်အလုပ်ကို ရှုဟန်ယွီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် ထိုဟင်းချိုအိုးကြီးသည် ရှုကျင်ထျန်းအတွက် နှစ်ရက်ကြာစားရန်လုံလောက်သည်။ ရှုဟန်ယွီသည် ဟင်းချိုပူပူလေးဖြစ်အောင်နွှေးပြီး ရှုကျင်ထျန်းအတွက် ကန်စွန်းဥတစ်လုံးကိုလည်း ကင်ထားသည်။

ဟင်းချိုက နှစ်ရက်လောက်စားပြီးသော်လည်း တစ်၀က်လောက် ကျန်နေသေးသည်။ ရှုကျင်ထျန်းက မစားချင်တော့ပေ။ ဒီလိုကျန်နေတဲ့အစားအစာကို သူ တစ်ခါမှမစားဖူးဘူး။ ဒီဟင်းရည်က ကြည့်ကောင်းပေမယ့် ဘက်တီးရီးယားတွေပေါက်ဖွားနေမလားဆိုတာ ဘယ်သူသိမလဲ? နောက်ဆုံးတော့ ရှုဟန်ယွီအား ဟင်းရည်ကိုသွန်ပစ်ရန် ၀မ်းနည်းစွာပြောလိုက်သည်။

ရှုကျင်ထျန်းမှာ တစ်နေကုန် နွေးထွေးတဲ့ အိပ်ယာထဲမှာနေပြီး အပြင်ထွက်ခြင်းမရှိသော်လည်း ရာသီဥတုက ပိုအေးလာသည်ကို ခံစားရနိုင်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှုကျင်ထျန်းသည် မနက်စောစော အိမ်သာသွားရန်အတွက် အိပ်ရာမှထလိုက်ရာ နှင်းများကျနေသည်ကိုတွေ့လိုက်ရသည်။

ကောင်းကင်ကြီးသည် မီးခိုးရောင် မည်းမှောင်နေပြီး ရေစိမ်ထားသော ညစ်ပတ်သည့် စောင်တစ်ထည်ကဲ့သို့ဖြစ်နေ၏။ ချမ်းအေးတဲ့ ရာသီဥတု​ဖြစ်နေစေကာမူ မြူခိုးတွေကြားထဲမှာတောင် တောထဲက လေက လတ်ဆတ်နေသေးသည်။တစ်ညတည်းမှာပင် တောအုပ်တစ်ခုလုံး နှင်းပွင့်များဖြင့် ဖုံးလွှမ်းနေလေ၏။

ကြီးမားလွန်းသောသစ်ပင်များသည် နှင်းများဖြင့် ဖွေးဖွေးဖြူနေသည်။သစ်ပင်၏အပေါ်ဘက်တွင် နှင်းများထူထပ်နေပြီး ဆန့်ကျင်ဘက်အနေဖြင့် အောက်ဘက်ခြမ်းက သစ်ပင်၏ မူလအသွင်အပြင်ကို ထင်ရှားစေသောကြောင့် အမြင်အာရုံပို၍ သက်ရောက်မှုရှိစေသည်။

ဆိုရိုးစကားအတိုင်း နှင်းကျချိန်မှာ မအေးပေမယ့် အရည်ပျော်ချိန်မှာအေးလေ၏။ တောတစ်ခုလုံး နှင်းတွေ ဖုံးနေပေမယ့် အပူချိန်က မနေ့က နှင်းမကျချိန်နဲ့ အတူတူနီးပါးပင်။ မနေ့က အေးတဲ့ ရာသီဥတုနဲ့ ယှဉ်ရင် ဒီနေ့ ရာသီဥတုက ပိုလို့တောင် အဆင်ပြေသေးသည်။

"Wow~နှင်းတွေကျနေတယ်!" 
ရှုကျင်ထျန်းသည် ထိုမြင်ကွင်းကို မယုံနိုင်လောက်အောင် ကြည့်နေခဲ့ပြီး သူ့မေးရိုးပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

ရှုကျင်ထျန်းသည် အဖြူရောင်ကမ္ဘာကိုကြည့်ကာ သဘာဝအလှကို မချီးမွမ်းဘဲမနေနိုင်ခဲ့ပေ။ ရှုကျင်ထျန်းက တိရစ္ဆာန်အရေခွံနဲ့ပတ်ထားတဲ့ သူ့လက်ကို ဆန့်ထုတ်ပြီး နှင်းပွင့်လေးတစ်ပိုင်းကိုယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။ ပါးစပ်ထဲရှိ နှင်းပွင့်လေးသည် ချက်ချင်း အရည်ပျော်ကာ အေးမြသွားသည်။

"ထျန်းထျန်း မစားရဘူး"
ရှုဟန်ယွီသည် မိန်းမပျိုလေးကို ရွှင်မြူးစွာကြည့်ရင်းပြောလိုက်သည်။ သူက ရှုကျင်ထျန်း၏ခေါင်းပေါ်သို့ ကျဆင်းနေသော နှင်းများကို ဖယ်ထုတ်ကာ တိရစ္ဆာန်အရေခွံကို ဆောင်းပေးလိုက်သည်။

"ငါသိပါတယ်!" 
ရှုကျင်ထျန်းက ပြန်ဖြေလိုက်သည်။ 

ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ ရှုကျင်ထျန်း၏အင်္ကျီသည် အအေးဒဏ်ကို ခံနိုင်ရည်မရှိနိုင်တော့ပေ။ ရှုကျင်ထျန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သားမွေးအင်္ကျီများကို စတင်၀တ်ဆင်လာခဲ့သည်။

ဒီရက်ပိုင်းတွင် ရှုဟန်ယွီသည် သူ့အတွက် အစားအစာတွေ ပြင်ဆင်နေရပြီး သူကိုယ်တိုင်ကလည်း သားဖောက်ရန်အလုပ်များနေသောကြောင့် အင်္ကျီရက်လုပ်ရန်အဆင်မပြေပေ။ ထို့ကြောင့် ဤတိရိစ္ဆာန်အရေခွံအင်္ကျီကို ပြောင်းပြန်လှန်ပြီး သိုးမွေးဘက်ခြမ်းကို အတွင်းဘက်တွင် ၀တ်ထားရသည်။ သူ၏လက်နှင့်ခြေထောက်များကို တိရိစ္ဆာန်အရေခွံထဲသို့ တိုက်ရိုက်ထည့်သွင်းထားပြီး အတွင်းပိုင်းသည် အလွန်နွေးထွေးပြီး နူးညံ့သည်။

ဤတိရိစ္ဆာန်အရေခွံဝတ်စုံသည် ဦးထုပ်၊ လက်အိတ်၊ ဘောင်းဘီနှင့်ခြေအိတ်ပေါင်းစပ်ထားသော တစ်ကိုယ်လုံးစာဖြစ်သည်။

ရှုကျင်ထျန်း ဂူထဲမှထွက်လာသောအခါ တိရိစ္ဆာန်အရေခွံအင်္ကျီကို ရံဖန်ရံခါ ၀တ်ဆင်လေ့ရှိသည်။ ရှုကျင်ထျန်းသည် အဖြူရောင်သားမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး တော်၀င်မင်းသားလေးတစ်ပါးလို ဖြစ်နေလေ၏။

"ထျန်းထျန်း ကြိုက်လို့လား?" 
ရှုဟန်ယွီက ရှုကျင်ထျန်းကိုပြုံးပြပြီး တိုးတိုးလေး မေးလိုက်သည်။

"အင်း...ငါတကယ် အံ့သြသွားတာ...ဒီလောက်များတဲ့ နှင်းတွေကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့ဆီမှာ နှင်းနည်းနည်းပဲရှိတယ်။ မြေပြင်နဲ့ထိရင် အရည်ပျော်သွားတယ်။ ဒီလောက်မလှဘူး"

စကားပြောပြီးသောအခါ သူသည် ရှုဟန်ယွီ၏လက်များမှ လွတ်မြောက်သွားပြီး ခြေလှမ်းအနည်းငယ်ကို ပျော်ရွှင်စွာ ရှေ့သို့လှမ်းလိုက်သည်။ သူ၏ခြေထောက်များသည် ထူထပ်သော နှင်းလွှာထဲသို့တိုး၀င်သွားပြီး ​အမည်မသိ ခြေရာနှစ်တန်းကို ချန်ထားခဲ့သည်။

ရာသီဥတုက အေးလွန်းသောကြောင့် ရှုကျင်ထျန်းသည် ယနေ့တွင် တိရစ္ဆာန်အရေခွံနှင့်လုပ်ထားသော ဖိနပ်များကို ၀တ်ဆင်ထားရာ ပုံမှန်ခြေဖဝါးကဲ့သို့မဟုတ်ဘဲ ဖြစ်နေ၏။ နှင်းလွှာပေါ်တွင် လျှောက်သွားသည့်အခါ ရှည်လျားသော ဘဲဥပုံသဏ္ဍာန်များဖြစ်ပေါ်နေသည်။

ဖိနပ်အတွက်သုံးသော တိရစ္ဆာန်အရေခွံများသည် မော့ချူးသားရဲကဲ့သို့ သားကောင်များထံမှဖြစ်သည်။ ဖိနပ်များသည် အလွန်ရိုးရှင်းသော်လည်း လက်တွေ့ကျလွန်းသည်။ တိရစ္ဆာန်အရေခွံတွေကို ဇောက်ထိုးလှန်ပြီး အတွင်းဘက်တွင် အမွေးများနှင့် အပြင်ဘက်တွင် အရေခွံများဖြင့်ပြုလုပ်ထားသည်။ ဖိနပ်ထိပ်၏အလှဆင်ထားပုံကလည်း အလွန်လှပသည်။ တိရိစ္ဆာန်၏ခြေလက်များသည် အပေါ်ပိုင်းနှင့် ချည်နှောင်ထားပြီး ဖိနပ်ကြိုးကဲ့သို့ဖြစ်နေသည်။ တချို့ဖိနပ်တွေက အရမ်းကြီးနေရင်တောင် ခပ်တင်းတင်းချည်ပြီး ၀တ်လို့ရသည်။

ရှုဟန်ယွီသည် သူ၏မျက်လုံးများတွင် အပြုံးများဖြင့် မိန်းမပျိုလေးကိုကြည့်နေခဲ့သည်။ ရှုဟန်ယွီအတွက်တော့ ပူတဲ့ရာသီနဲ့ယှဥ်ရင် အနည်းငယ်အိပ်ချင်တာမှလွဲ၍ ဘာမျှမခံစားရပေ။ 

ရှုကျင်ထျန်းသည် နှင်းလူသားလေးလုပ်ကာ ဆော့ကစားချင်သော်လည်း သားဖောက်ရန်တွေးကာ ရပ်တန့်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

ချမ်းအေးတဲ့ရာသီဥတုက အရေပြားကို ထိတွေ့လိုက်တဲ့အခါ ရှုကျင်ထျန်း၏ ခန္ဓာကိုယ်က တုန်ယင်စပြုလာသည်။ ရှုဟန်ယွီသည် ရှုကျင်ထျန်းကို သစ်ပင်တစ်ပင်နောက်တွင် စောင့်နေသည်။ဒါကိုမြင်တော့ အနည်းငယ်တုန်ယင်နေသော မိန်းမပျိုလေးကို ပွေ့ဖက်လိုက်သည်။

"အရမ်းအေးတာပဲ။ ဟန်ယွီ၊ မင်း ကိုယ်လုံးတီးကြီးနဲ့ မအေးဘူးလား? မင်းကို ကြည့်လိုက်ရုံနဲ့ ငါအေးနေပြီ။"

ရှုကျင်ထျန်းက တုန်တုန်ယင်ယင်ဖြင့် ရှုဟန်ယွီ၏လက်ကို ကိုင်ထားရန် ကြိုးစားလိုက်သော်လည်း တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံလိုက်ရတော့ သူ့လက်တွေက လေထဲတွင် ရပ်တန့်သွားသည်။ အဲဒီအစား သူက ရှုဟန်ယွီရဲ့ ရင်ဘတ်ပေါ် သူ့မျက်နှာတင်လိုက်ရာ ရေခဲတုံးလို အေးစက်နေခဲ့သည်။

"ကိုယ် မအေးဘူး။ ထျန်းထျန်းအေးရင် အထဲ၀င်ရအောင်။ အအေးမမိစေနဲ့" 

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ နံဘေးသို့ လျှောက်လာပြီး အအေးဒဏ်​ကြောင့် နီရဲနေသော သူ့မျက်နှာကို ကြည့်ပြီး စိုးရိမ်သွားသည်။ သူ၏အရပ်ရှည်သော ခန္ဓာကိုယ်သည် နှင်းပွင့်များ ရောယှက်နေသော အေးစက်သည့်လေဒဏ်မှ ရှုကျင်ထျန်းကို ကာကွယ်ပေးထားသည်။

"အင်း!" 
ရှုကျင်ထျန်းက ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော် သူ့မျက်လုံးထောင့်က အဖြူရောင်အမိုးပါတဲ့ အိမ်ငယ်လေးကို ရုတ်တရက်တွေ့လိုက်ပြီးနောက် အတွေးပြောင်းသွားသည်။

"ခဏနေဦး...အိမ်မှာ နှင်းတွေကျနေတယ်။ သစ်ကိုင်းတွေနဲ့ဆောက်ထားတဲ့အိမ်က မခံနိုင်လောက်ဘူး။ နှင်းတွေကို ရှင်းလိုက်ရအောင်...ကောင်းကောင်းလုပ်ထားတဲ့ မီးဖိုချောင်လေး မပြိုကျစေချင်ဘူး"

ရှုကျင်ထျန်းက မြေပြင်ပေါ်တွင် နှင်းများဖုံးလွှမ်းနေသည့် ရှည်လျားသောသစ်ကိုင်းကိုမြင်သွားပြီး လက်နှစ်ဘက်နှင့်ကိုင်ကာ နှင်းများကိုရှင်းရန် မီးဖိုချောင်သို့ ပြေးသွားခဲ့သည်။ ရှုကျင်ထျန်း၏သစ်ကိုင်းဆုပ်ကိုင်ထားပုံက မတည်မငြိမ်ဖြစ်ပြီး အရပ်လည်းမရှည်သောကြောင့် အစွန်းရှိ နှင်းအနည်းငယ်ကိုသာ သန့်ရှင်းနိုင်သည်။

ရှုကျင်ထျန်း၏ကြိုးစားအားထုတ်မှုကြောင့် စိတ်ဒုက္ခရောက်နေသည့် ရှုဟန်ယွီသည် သူ့လက်ထဲတွင် သစ်ကိုင်းကိုကိုင်ကာ ရှုကျင်ထျန်းကို ဘေးတွင်စောင့်စေပြီး ခေါင်မိုးပေါ်ရှိ နှင်းများကိုရှင်းလင်းရန် ကူညီခဲ့သည်။

နှစ်ယောက်သား ဂူထဲသို့ ပြန်ရောက်သောအခါ ရှုကျင်ထျန်းသည် အေးစက်တုန်ယင်နေပြီ။ ရှုကျင်ထျန်းသည် စောင်ထဲသို့ ဘောလုံးတစ်လုံးလို လှိမ့်ဝင်သွားသည်။ ခန္ဓာကိုယ် နွေးထွေးလာတဲ့အခါ အသိုက်မှာ အိပ်ပြီး ဥတွေကို သားပေါက်ရန်လုပ်ဆောင်ပြန်သည်။

ရှုဟန်ယွီက ရှုကျင်ထျန်းကို စောင်နဲ့လုံးထွေးပွေ့ဖက်ပြီး
"ထျန်းထျန်း အေးနေသေးလား? ဒါမှမဟုတ် နောက်တစ်ခါ ဂူထဲမှာ ဖြေရှင်းလိုက်...အပြင်မထွက်နဲ့"

"ဟင့်အင်း ငါ အပြင်ထွက်ပြီး လတ်ဆတ်တဲ့လေရှုရမယ်။ ဂူထဲမှာ အမြဲတမ်း မနေချင်ဘူး။ ပျင်းစရာကြီး...ကံကောင်းစွာနဲ့ အိပ်ယာက လုံလုံလောက်လောက် နွေးတာကြောင့် အခု သိပ်မအေးတော့ဘူး"

ရှုကျင်ထျန်းက ရှုဟန်ယွီကို မလိမ်ညာခဲ့ပေ။ ဒီအိပ်ယာက အပြင်မှာနဲ့ တကယ်ကို ကွဲပြားသည်။ မူလက မြေအောက်လှိုဏ်ဂူအတွင်းရှိ အပူချိန်သည် မြေပြင်ထက်မြင့်မားပြီး တိရိစ္ဆာန်အရေခွံများဖြင့် ပတ်ထားသော အိပ်ရာသည် ပိုမိုနွေးထွေးသည်။

ရှုကျင်ထျန်း စကားကို နားထောင်ပြီးနောက် ရှုဟန်ယွီက အနည်းငယ် စိတ်သက်သာရာရသွားသည်။

ရှုကျင်ထျန်းသည် သားဖောက်ရန် တစ်နေ့လုံးထိုင်နေခဲ့တာ ခုနစ်ရက်ကြာလာခဲ့ပြီ။ ဥများသည် လှုပ်ရှားမှုမရှိပေ။ တောင်တွေပေါ်မှာ နှင်းတွေထူထပ်တာကလွဲလို့ ဘာမှမပြောင်းလဲပေ။

ယခုအခါ ရှုကျင်ထျန်းသည် ရက်အတော်ကြာ နှင်းများ ဆက်တိုက်ကျနေသောကြောင့် ဂူထဲမှထွက်ရန် အခက်အခဲ အနည်းငယ် ကြုံတွေ့ခဲ့ရပြီး ယနေ့မှာတော့ ရပ်တန့်သွားခဲ့ပြီ။

မြေပြင်ပေါ်ရှိ နှင်းလွှာသည် မီတာဝက်ခန့် နက်နေပြီဖြစ်သည်။ ရှုဟန်ယွီက ဂူပေါက်ဝမှာ နှင်းတွေကို နေ့တိုင်း သန့်စင်ပေးရင် သူတို့၏ဂူဝင်ပေါက်က မြေပြင်ပေါ်မှာ နှင်းတွေ ပိတ်ဆို့နေလိမ့်မည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ အိမ်သာသွားရာလမ်းကြောင်းအတိုင်း သူ၏ဇီဝကမ္မဆိုင်ရာပြဿနာများကို ချောမွေ့စွာဖြေရှင်းနိုင်စေရန် လမ်းဖွင့်ထားသည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီထံမှ မလွတ်မြောက်ခဲ့ခြင်းအတွက် ကျေးဇူးတင်မိသည်။​ မဟုတ်ပါက ဤပြင်းထန်အေးစက်သော ပတ်ဝန်းကျင်တွင် သူတစ်ယောက်တည်း ရှင်သန်နိုင်မည်မဟုတ်ပေ။ ထို့ပြင် တစ်ခြားသားရဲတွေ ဖမ်းမိသွားရင် ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်းအိပ်ပျော်နေသွားသည်နှင့် မြွေတစ်ကောင်လို ဖြစ်သွားပြီး ဂူထဲကထွက်သွားသည်။ ထျန်းထျန်းစားဖို့ အချိန်ရောက်တော့မယ်...

ရာသီဥတုအေးလာသည်နှင့်အမျှ သားကောင်ရှာရခက်လာကာ ရှုဟန်ယွီသည် ယခုအခါ အမဲလိုက်ရတာ ပို၍ကြာလာသည်။ ရှုကျင်ထျန်း ဗိုက်ဆာမှာကြောက်တဲ့ ရှုဟန်ယွီဟာ သူအိပ်ပျော်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဂူထဲကထွက်သွားသည်။

ရှုဟန်ယွီသည် တောနက်ထဲသို့မသွားဘဲ အပြာရောင်ရေတွေဆီသို့ ကူးခတ်သွားခဲ့သည်။ ထျန်းထျန်း ရေထဲက အစာမစားရတာကြာပြီ။ သူ့ကို လတ်ဆတ်တာရှာပေးရမယ်...

ရှုဟန်ယွီသည် သူ၏ဇနီးသည်လေးအတွက် စားဖိုမှူးဖြစ်လာပြီးကတည်းက အရေးကြီးဆုံးအရာမှာ သူ့အတွက် အရသာရှိသောအစားအစာမျိုးစုံကို နေ့စဉ်ပြုလုပ်ရန်ဖြစ်ပြီး ပိုကြီးထွားလာစေရန်ဖြစ်သည်။

ရှုကျင်ထျန်းမှာ ကောင်းကောင်းမအိပ်ရဘဲ ယားယံနေပြီး အအေးမိသလို ခံစားနေရသည်။

ရှုကျင်ထျန်းသည် စိတ်ရှုပ်ထွေးသွားပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ဆက်အိပ်နေလိုက်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ ယားယံခြင်းကြောင့် ရှုကျင်ထျန်းမှာ အိပ်ရေးဝဝ မအိပ်ရ ဖြစ်နေသည်။

ရှုကျင်ထျန်းမှာ ဒေါသထွက်လာပြီး ယားယံသောနေရာကို ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်သည်။သူ့လက်ထဲမှာ အေးစက်ပြီး ပျော့ပျောင်းတဲ့ ကြိုးတစ်ချောင်းကို ခံစားလိုက်ရသည်။ ရှုကျင်ထျန်းသည် ခဏမျှပင် ပဟေဠိဖြစ်ကာ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

"အား!!မြွေ~"
ရှုကျင်ထျန်းသည် အစိမ်းရောင်မြွေငယ်လေးများကို မြင်လိုက်ရသဖြင့် ရုတ်တရက် ကုတင်ပေါ်မှ ခုန်ဆင်းကာ ကိုယ်လုံးတီးဖြင့် ​ကုတင်စွန်းသို့ ပြေးသွားလေသည်။

ရှုကျင်ထျန်းသည် မြွေများကိုကြည့်ပြီး မယုံနိုင်လောက်အောင် ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံးပင် ယားယံလာ၏။

သူသည် စောင်ကိုကုတင်ပေါ်သို့ ပစ်တင်ပြီး အပြစ်မဲ့သောမြွေငယ်လေးတစ်ကောင်ကို ဖုံးအုပ်လိုက်သည်။ သို့သော် ထိုမြွေငယ်လေးသည် အသံသေးသေးလေးဖြင့် စောင်ထဲမှာတိုးထွက်ကာ အခြား မြွေငယ်များနှင့်အတူ ရှုကျင်ထျန်းဆီသို့ ဦးတည်လာနေသည်။

ရှုကျင်ထျန်းသည် သတိထားပြီး နောက်ပြန်ဆုတ်သွားကာ ကုတင်အစွန်းကိုတိုးသွားပြီး အချိန်မရွေး လွတ်မြောက်ရန် ပြေးဖို့အသင့်ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ရှုကျင်ထျန်းသည် သူလဲလျောင်းနေခဲ့သော အသိုက်ကိုတွေ့လိုက်ရသည်။ ဝိုင်းစက်ချောမွတ်သောမြွေဥများမရှိတော့ပေ။ အဖြူရောင်ကွဲအက်နေသောအခွံအပိုင်းအစများက အစားထိုးသွားသည်ကို တွေ့လိုက်ရသည်။

ရှုကျင်ထျန်း ရုတ်​တရက်​ သတိ၀င်သွားသည်။ ဒီ​မြွေ​တွေက သူတို့ရဲ့သားသမီး​တွေပင်။ (⊙ ▽ ⊙)

မြွေစိမ်းလေးသည် သူ့အနားကို ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကိုကြည့်ပြီး ရှုကျင်ထျန်းအေးခဲသွားသည်။ 
ဒါတွေက သူ့ကလေးတွေ!! တကယ်ပဲ သူ့ကလေးတွေလား?

ဥလေးတွေပေါက်ဖို့ သူစိတ်မရှည်ဖြစ်နေပေမယ့် ဒီလောက် မြန်မြန်ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။ ရှုကျင်ထျန်းသည် မြွေစိမ်းလေးများ ပေါက်ဖွားလာမည်ဟု မမျှော်လင့်ထားတာကြောင့် လုံး၀ကိုပြင်ဆင်ထားခြင်းမရှိပေ။

ရှုကျင်ထျန်းမှာ ငယ်ငယ်ကတည်းက မြွေတွေကို ကြောက်ပြီး ရှုဟန်ယွီနဲ့ထိတွေ့ဖို့ကိုပင် ကိုယ့်ကိုကိုယ် အတင်းအကြပ်တွန်းအားပေးပြီး ဖြည်းဖြည်းချင်း ရင်းနှီးအောင်လုပ်ခဲ့ရသည်။

ဤမြွေများသည် သူတို့၏ သားသမီးများပင်ဖြစ်သော်ငြား တွန့်လိမ်နေသောမြွေတွေကိုကြည့်ပြီး ရှုကျင်ထျန်းမှာ တုန်လှုပ်နေသေးသည်။ ပထမဆုံးမြွေလေးက သူ့ကိုထိမိလိုက်တဲ့အခိုက်မှာ ရှုကျင်ထျန်းဟာ ထိန်းမနိုင်သိမ်းမရအော်ဟစ်ပြီး ကိုယ်လုံးတီးနဲ့ ထွက်ပြေးသွားခဲ့သည်...။

~~~~~~

23/10/2023(10:30PM)

(Zawgyi)

"အိုး...အဲ့ဒါဆို ငါ့ဘာသာ သားေဖာက္မယ္!"
ရႈက်င္ထ်န္းက စကားေျပာၿပီးတာနဲ႔ ထူးဆန္းသလိုခံစားရၿပီး သူ႔လ်ွာသူဖြဖြေလးကိုက္လိုက္သည္။ သို႔ေသာ္ သူေျပာသၫ့္စကားကိုမျပင္မီ တစ္ျခားဆီသို႔ အာရံုေရာက္သြားခဲ့သည္။

ဤဥမ်ားသည္ အရြယ္အစား မေသးငယ္ေပ။ ဥမ်ားမ​ကြဲေစရန္ ရႈက်င္ထ်န္းက ႏူးညံ့စြာေပြ့ဖက္ထားရသည္။ သို႔ေသာ္ ဤအေနအထားျဖင့္ အခ်ိန္ၾကာျမင့္စြာ ထိန္းသိမ္းရန္ အလြန္ခက္ခဲသည္။ ခဏေလာက္စဉ္းစားၿပီးေနာက္ ရႈက်င္ထ်န္းသည္ ကုတင္ေထာင့္ေအာက္ေျခရိွ ျမက္မ်ားကိုဆြဲထုတ္ကာ တြင္းတစ္တြင္းတူးလိုက္သည္။ ဥေတြထၫ့္လို႔ရတဲ့အထိတူးၿပီး အေကာင္ေပါက္ဖို႔ တြင္းအေပၚကတက္အိပ္သင့္သည္။

"ဟန္ယြီ ငါ့ကို ကူညီပါၪီး။ ဥေတြထၫ့္ဖို႔ တြင္းတူးခ်င္လို႔"
ရႈက်င္ထ်န္းက ေနရာကို ေရြးလိုက္ၿပီး ေက်ာက္ခဲမ်ားကိုေဘးတြင္ စုပံုထားလိုက္သည္။

"ေကာင္းၿပီ!"
ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို သေဘာက်ေသာေၾကာင့္ ရႈက်င္ထ်န္း၏ဆႏၵကို တတ္ႏိုင္သမ်ွ ျဖည့္ဆည္းႏိုင္ေအာင္ ႀကိဳးစားေလ့ရိွသည္။ ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး ဘာလုပ္ေနသည္ကို နားမလည္ေသာ္လည္း ကုတင္ေပၚမွ ထရန္ တံု႔ဆိုင္းမေနဘဲ ပစၥည္းမ်ားကိုင္ေဆာင္က ကုတင္ေအာက္တြင္ တြင္းတူးရန္ ရုန္းကန္ေနသၫ့္ မိန္းမပ်ိဳေလးအား ေပးလိုက္သည္။

ရႈက်င္ထ်န္းသည္ ဥမ်ားအားလံုးကို ထည့္ႏိုင္ေလာက္ေအာင္ ႀကီးမားေသာ တြင္းႀကီးတစ္ခုကို တူးၿပီးေနာက္ ေအာက္ေျခတြင္ တိရိစၧာန္အေရခြံကို ျဖန္႔ခင္းလိုက္သည္။ ထို႔ေနာက္ ဥမ်ားကို တစ္ခုၿပီးတစ္ခု ဂရုတစိုက္ ခ်ထားလိုက္သည္။ ရႈက်င္ထ်န္းသည္ ေနာက္ဆံုးတြင္ တိရစၧာန္အေရခြံမ်ားကို ခင္းၿပီး ဂရုတစိုက္ျဖင့္ ေႁမြဥမ်ားကို မဖိမိေအာင္လုပ္လိုက္သည္။

အိုေခ...ဒါက အရမ္းအဆင္ေျပတယ္။ တိရစၧာန္အေရခြံရဲ့အပူနဲ႔ ကာရံထားရင္ ဥေတြက ျမန္ျမန္ေအးမသြားဘဲ ျမန္ျမန္လည္း ပူလာမွာမဟုတ္ဘူး။ ဥမ်ား၏က်န္းမာေရးအတြက္ အလြန္အက်ိဳးရိွေစလိမ့္မည္။

ရႈက်င္ထ်န္းသည္ ဖခင္ေကာင္းတစ္ေယာက္ႏွင့္တူၿပီး သားေဖာက္ရန္အတြက္ ကုတင္ေပၚတြင္ အေလးအနက္ထားကာ စဥ္းစားေနေလသည္။

သိပ္မၾကာခင္မွာပဲ တိရစၧာန္အေရခြံက အရမ္းထူတယ္လို႔ ခံစားရၿပီး ေအာက္ကဥေတြကို အရမ္းတင္းက်ပ္စြာ ထုပ္ပိုးခံထားရမွာကို စိုးရိမ္တာေၾကာင့္ ဥမ်ားကို အိပ္ယာေပၚသို႔ ေရႊ့ၾကရျပန္သည္။ အိပ္ရာက မသပ္ရပ္ေတာ့ေပမယ့္ ရႈက်င္ထ်န္းက အခုဆို ပိုသက္ေတာင့္သက္သာရိွလာသည္။ သူ၏အေရျပားသည္ ေခ်ာေမြ့ေသာဥခြံကို တိုက္ရိုက္ထိမိသြားၿပီး ရႈက်င္ထ်န္းကို ထူးျခားေသာ ၾကင္နာမႈအေငြ့အသက္ေလးကို ခံစားရေစသည္။

ေနာက္ဆံုးေတာ့ အဲ့ဒီဥေတြဟာ သူ႔ကေလးေတျြဖစ္ေနတုန္းပင္။ သူ႔ဆႏၵအေလ်ာက္ ေမြးတာမဟုတ္ေပမယ့္ ရႈက်င္ထ်န္းက ဥေလးေတြကို တန္ဖိုးထားဆဲပင္။

ရႈဟန္ယြီသည္ ေနာက္ဆံုးတြင္ မိန္းမပ်ိဳေလးေကာင္းေကာင္း အိပ္ေပ်ာ္သြားသည္ကို ေတြ့လိုက္ရသည္။ ထိုအခါမွသာ ရႈက်င္ထ်န္း၏ ခႏၶာကိုယ္ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားရင္း ကုတင္ေပၚသို႔ လွဲခ်လိုက္သည္။

ရႈက်င္ထ်န္းကႏိုးလာၿပီး ရႈဟန္ယြီကို စိုက္ၾကၫ့္ကာ
"ငါ့ကိုဖက္ရင္ ဥေတြကို မဖိမိေစနဲ႔...မကြဲေအာင္ သတိထား!"

"အင္းပါ ကိုယ္သိပါတယ္"

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းက ဥေတြကို ဒီလိုမ်ိဳးကာကြယ္လိမ့္မယ္လို႔ မေမ်ွာ္လင့္ထားေပ။ သူအနည္းငယ္မနာလိုျဖစ္မိသည္။ မည္သို႔ပင္ဆိုေစကာမူ ဤဥမ်ားသည္ သူ႔ေသြးသားျဖစ္တာေၾကာင့္ ရႈဟန္ယြီသည္ သူ၏မေက်နပ္မႈကို မ်ိဳခ်ရံုသာ တတ္ႏိုင္ေတာ့သည္။ ဥမ်ား ျမန္ျမန္ေပါက္မည္ကို ေတြးကာ အခုအခ်ိန္မွာေတာ့ သူ႔ဇနီးေလးကို လႊတ္ထားရံုအျပင္မရိွေပ။

ေမြးဖြားၿပီးခါစမိန္းမပ်ိဳေလးသည္ အလြန္ေပ်ာ့ေပ်ာင္းေသာကိုယ္ခႏၶာရိွၿပီး ၄မွာယခင္က လံုးေထြးရသၫ့္ခံစားခ်က္ႏွင့္ အလြန္ကြာျခားသည္။ ဒါကပင္ ရႈဟန္ယြီကို စြဲလမ္းေစၿပီး မိန္းမပ်ိဳေလးကိုေပြ့ဖက္ထားတဲ့ ေျခလက္ေတြကို ပိုမိုတင္းက်ပ္လိုက္သည္။

ဥေပါက္ရန္အတြက္ ရႈက်င္ထ်န္းသည္ တစ္ေန့လံုးနီးပါး အိပ္ရာထဲတြင္ လွဲေနခဲ့သည္။ သူအိပ္ယာမွထြက္ခြာတဲ့အခါတြင္လည္း ဥေတြကို ႏူးညံ့တဲ့တိရစၧာန္အေရခြံေတြနဲ႔ ဖံုးအုပ္ထားသည္။ ျပန္လာေသာအခါတြင္မူ ခ်က္ခ်င္းပင္ သူ၏အဝတ္အစားမ်ားကို ခြၽတ္ကာ အဆိုပါဥမ်ားကို အေနြးဓာတ္ေပးေလ၏။

ရႈက်င္ထ်န္းသည္ ဥမ်ားေပါက္ရန္အလုပ္မ်ားေနသျဖင့္ ခ်က္ျပဳတ္သၫ့္အလုပ္ကို ရႈဟန္ယြီထံ လႊဲေျပာင္းေပးအပ္ခဲ့သည္။ သို႔ေသာ္ ထိုဟင္းခ်ိဳအိုးႀကီးသည္ ရႈက်င္ထ်န္းအတြက္ ႏွစ္ရက္ၾကာစားရန္လံုေလာက္သည္။ ရႈဟန္ယြီသည္ ဟင္းခ်ိဳပူပူေလးျဖစ္ေအာင္ေနႊးၿပီး ရႈက်င္ထ်န္းအတြက္ ကန္စြန္းဥတစ္လံုးကိုလည္း ကင္ထားသည္။

ဟင္းခ်ိဳက ႏွစ္ရက္ေလာက္စားၿပီးေသာ္လည္း တစ္၀က္ေလာက္ က်န္ေနေသးသည္။ ရႈက်င္ထ်န္းက မစားခ်င္ေတာ့ေပ။ ဒီလိုက်န္ေနတဲ့အစားအစာကို သူ တစ္ခါမွမစားဖူးဘူး။ ဒီဟင္းရည္က ၾကၫ့္ေကာင္းေပမယ့္ ဘက္တီးရီးယားေတြေပါက္ဖြားေနမလားဆိုတာ ဘယ္သူသိမလဲ? ေနာက္ဆံုးေတာ့ ရႈဟန္ယြီအား ဟင္းရည္ကိုသြန္ပစ္ရန္ ၀မ္းနည္းစြာေျပာလိုက္သည္။

ရႈက်င္ထ်န္းမွာ တစ္ေနကုန္ ေနြးေထြးတဲ့ အိပ္ယာထဲမွာေနၿပီး အျပင္ထြက္ျခင္းမရိွေသာ္လည္း ရာသီဥတုက ပိုေအးလာသည္ကို ခံစားရႏိုင္သည္။

ရက္အနည္းငယ္ၾကာၿပီးေနာက္ ရႈက်င္ထ်န္းသည္ မနက္ေစာေစာ အိမ္သာသြားရန္အတြက္ အိပ္ရာမွထလိုက္ရာ ႏွင္းမ်ားက်ေနသည္ကိုေတြ့လိုက္ရသည္။

ေကာင္းကင္ႀကီးသည္ မီးခိုးေရာင္ မည္းေမွာင္ေနၿပီး ေရစိမ္ထားေသာ ညစ္ပတ္သည့္ ေစာင္တစ္ထည္ကဲ့သို႔ျဖစ္ေန၏။ ခ်မ္းေအးတဲ့ ရာသီဥတု​ျဖစ္ေနေစကာမူ ျမဴခိုးေတြၾကားထဲမွာေတာင္ ေတာထဲက ေလက လတ္ဆတ္ေနေသးသည္။တစ္ညတည္းမွာပင္ ေတာအုပ္တစ္ခုလံုး ႏွင္းပြင့္မ်ားျဖင့္ ဖံုးလႊမ္းေနေလ၏။

ႀကီးမားလြန္းေသာသစ္ပင္မ်ားသည္ ႏွင္းမ်ားျဖင့္ ေဖြးေဖြးျဖဴေနသည္။သစ္ပင္၏အေပၚဘက္တြင္ ႏွင္းမ်ားထူထပ္ေနၿပီး ဆန္႔က်င္ဘက္အေနျဖင့္ ေအာက္ဘက္ျခမ္းက သစ္ပင္၏ မူလအသြင္အျပင္ကို ထင္ရွားေစေသာေၾကာင့္ အျမင္အာရံုပို၍ သက္ေရာက္မႈရိွေစသည္။

ဆိုရိုးစကားအတိုင္း ႏွင္းက်ခ်ိန္မွာ မေအးေပမယ့္ အရည္ေပ်ာ္ခ်ိန္မွာေအးေလ၏။ ေတာတစ္ခုလံုး ႏွင္းေတြ ဖံုးေနေပမယ့္ အပူခ်ိန္က မေန့က ႏွင္းမက်ခ်ိန္နဲ႔ အတူတူနီးပါးပင္။ မေန့က ေအးတဲ့ ရာသီဥတုနဲ႔ ယွဉ္ရင္ ဒီေန့ ရာသီဥတုက ပိုလို႔ေတာင္ အဆင္ေျပေသးသည္။

"Wow~ႏွင္းေတြက်ေနတယ္!" 
ရႈက်င္ထ်န္းသည္ ထိုျမင္ကြင္းကို မယံုႏိုင္ေလာက္ေအာင္ ၾကၫ့္ေနခဲ့ၿပီး သူ႔ေမးရိုးျပဳတ္က်လုနီးပါး ျဖစ္သြားခဲ့သည္။

ရႈက်င္ထ်န္းသည္ အျဖဴေရာင္ကမ႓ာကိုၾကၫ့္ကာ သဘာဝအလွကို မခ်ီးမြမ္းဘဲမေနႏိုင္ခဲ့ေပ။ ရႈက်င္ထ်န္းက တိရစၧာန္အေရခြံနဲ႔ပတ္ထားတဲ့ သူ႔လက္ကို ဆန႔္ထုတ္ၿပီး ႏွင္းပြင့္ေလးတစ္ပိုင္းကိုယူကာ ပါးစပ္ထဲသို႔ထၫ့္လိုက္သည္။ ပါးစပ္ထဲရိွ ႏွင္းပြင့္ေလးသည္ ခ်က္ခ်င္း အရည္ေပ်ာ္ကာ ေအးျမသြားသည္။

"ထ်န္းထ်န္း မစားရဘူး"
ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကို ရႊင္ျမဴးစြာၾကည့္ရင္းေျပာလိုက္သည္။ သူက ရႈက်င္ထ်န္း၏ေခါင္းေပၚသို႔ က်ဆင္းေနေသာ ႏွင္းမ်ားကို ဖယ္ထုတ္ကာ တိရစၧာန္အေရခြံကို ေဆာင္းေပးလိုက္သည္။

"ငါသိပါတယ္!" 
ရႈက်င္ထ်န္းက ျပန္ေျဖလိုက္သည္။ 

ရာသီဥတုေျပာင္းလဲလာသည္ႏွင့္အမ်ွ ရႈက်င္ထ်န္း၏အက်ႌသည္ အေအးဒဏ္ကို ခံႏိုင္ရည္မရိွႏိုင္ေတာ့ေပ။ ရႈက်င္ထ်န္းသည္ လြန္ခဲ့ေသာ ရက္အနည္းငယ္က သားေမြးအက်ႌမ်ားကို စတင္၀တ္ဆင္လာခဲ့သည္။

ဒီရက္ပိုင္းတြင္ ရႈဟန္ယြီသည္ သူ႔အတြက္ အစားအစာေတြ ျပင္ဆင္ေနရၿပီး သူကိုယ္တိုင္ကလည္း သားေဖာက္ရန္အလုပ္မ်ားေနေသာေၾကာင့္ အက်ႌရက္လုပ္ရန္အဆင္မေျပေပ။ ထို႔ေၾကာင့္ ဤတိရိစၧာန္အေရခြံအက်ႌကို ေျပာင္းျပန္လွန္ၿပီး သိုးေမြးဘက္ျခမ္းကို အတြင္းဘက္တြင္ ၀တ္ထားရသည္။ သူ၏လက္ႏွင့္ေျခေထာက္မ်ားကို တိရိစၧာန္အေရခြံထဲသို႔ တိုက္ရိုက္ထၫ့္သြင္းထားၿပီး အတြင္းပိုင္းသည္ အလြန္ေနြးေထြးၿပီး ႏူးညံ့သည္။

ဤတိရိစၧာန္အေရခြံဝတ္စံုသည္ ဦးထုပ္၊ လက္အိတ္၊ ေဘာင္းဘီႏွင့္ေျခအိတ္ေပါင္းစပ္ထားေသာ တစ္ကိုယ္လံုးစာျဖစ္သည္။

ရႈက်င္ထ်န္း ဂူထဲမွထြက္လာေသာအခါ တိရိစၧာန္အေရခြံအက်ႌကို ရံဖန္ရံခါ ၀တ္ဆင္ေလ့ရိွသည္။ ရႈက်င္ထ်န္းသည္ အျဖဴေရာင္သားေမြးအက်ႌကို ၀တ္ဆင္ထားၿပီး ေတာ္၀င္မင္းသားေလးတစ္ပါးလို ျဖစ္ေနေလ၏။

"ထ်န္းထ်န္း ႀကိဳက္လို႔လား?" 
ရႈဟန္ယြီက ရႈက်င္ထ်န္းကိုၿပံဳးျပၿပီး တိုးတိုးေလး ေမးလိုက္သည္။

"အင္း...ငါတကယ္ အံ့ၾသသြားတာ...ဒီေလာက္မ်ားတဲ့ ႏွင္းေတြကို ငါ တစ္ခါမွ မျမင္ဖူးဘူး။ ငါတို႔ဆီမွာ ႏွင္းနည္းနည္းပဲရိွတယ္။ ေျမျပင္နဲ႔ထိရင္ အရည္ေပ်ာ္သြားတယ္။ ဒီေလာက္မလွဘူး"

စကားေျပာၿပီးေသာအခါ သူသည္ ရႈဟန္ယြီ၏လက္မ်ားမွ လြတ္ေျမာက္သြားၿပီး ေျခလွမ္းအနည္းငယ္ကို ေပ်ာ္ရႊင္စြာ ေရ႔ွသို႔လွမ္းလိုက္သည္။ သူ၏ေျခေထာက္မ်ားသည္ ထူထပ္ေသာ ႏွင္းလႊာထဲသို႔တိုး၀င္သြားၿပီး ​အမည္မသိ ေျခရာႏွစ္တန္းကို ခ်န္ထားခဲ့သည္။

ရာသီဥတုက ေအးလြန္းေသာေၾကာင့္ ရႈက်င္ထ်န္းသည္ ယေန့တြင္ တိရစၧာန္အေရခြံႏွင့္လုပ္ထားေသာ ဖိနပ္မ်ားကို ၀တ္ဆင္ထားရာ ပံုမွန္ေျခဖဝါးကဲ့သို႔မဟုတ္ဘဲ ျဖစ္ေန၏။ ႏွင္းလႊာေပၚတြင္ ေလ်ွာက္သြားသည့္အခါ ရွည္လ်ားေသာ ဘဲဥပံုသ႑ာန္မ်ားျဖစ္ေပၚေနသည္။

ဖိနပ္အတြက္သံုးေသာ တိရစၧာန္အေရခြံမ်ားသည္ ေမာ့ခ်ူးသားရဲကဲ့သို႔ သားေကာင္မ်ားထံမျွဖစ္သည္။ ဖိနပ္မ်ားသည္ အလြန္ရိုးရွင္းေသာ္လည္း လက္ေတြ့က်လြန္းသည္။ တိရစၧာန္အေရခြံေတြကို ေဇာက္ထိုးလွန္ၿပီး အတြင္းဘက္တြင္ အေမြးမ်ားႏွင့္ အျပင္ဘက္တြင္ အေရခြံမ်ားျဖင့္ျပဳလုပ္ထားသည္။ ဖိနပ္ထိပ္၏အလွဆင္ထားပံုကလည္း အလြန္လွပသည္။ တိရိစၧာန္၏ေျခလက္မ်ားသည္ အေပၚပိုင္းႏွင့္ ခ်ည္ေနွာင္ထားၿပီး ဖိနပ္ႀကိဳးကဲ့သို႔ျဖစ္ေနသည္။ တခ်ိဳ႕ဖိနပ္ေတြက အရမ္းႀကီးေနရင္ေတာင္ ခပ္တင္းတင္းခ်ည္ၿပီး ၀တ္လို႔ရသည္။

ရႈဟန္ယြီသည္ သူ၏မ်က္လံုးမ်ားတြင္ အၿပံဳးမ်ားျဖင့္ မိန္းမပ်ိဳေလးကိုၾကည့္ေနခဲ့သည္။ ရႈဟန္ယြီအတြက္ေတာ့ ပူတဲ့ရာသီနဲ႔ယွဥ္ရင္ အနည္းငယ္အိပ္ခ်င္တာမွလြဲ၍ ဘာမ်ွမခံစားရေပ။ 

ရႈက်င္ထ်န္းသည္ ႏွင္းလူသားေလးလုပ္ကာ ေဆာ့ကစားခ်င္ေသာ္လည္း သားေဖာက္ရန္ေတြးကာ ရပ္တန္႔ရန္မွတပါး ေရြးခ်ယ္စရာမရိွခဲ့ေပ။

ခ်မ္းေအးတဲ့ရာသီဥတုက အေရျပားကို ထိေတြ့လိုက္တဲ့အခါ ရႈက်င္ထ်န္း၏ ခႏၶာကိုယ္က တုန္ယင္စျပဳလာသည္။ ရႈဟန္ယြီသည္ ရႈက်င္ထ်န္းကို သစ္ပင္တစ္ပင္ေနာက္တြင္ ေစာင့္ေနသည္။ဒါကိုျမင္ေတာ့ အနည္းငယ္တုန္ယင္ေနေသာ မိန္းမပ်ိဳေလးကို ေပြ့ဖက္လိုက္သည္။

"အရမ္းေအးတာပဲ။ ဟန္ယြီ၊ မင္း ကိုယ္လံုးတီးႀကီးနဲ႔ မေအးဘူးလား? မင္းကို ၾကၫ့္လိုက္ရံုနဲ႔ ငါေအးေနၿပီ။"

ရႈက်င္ထ်န္းက တုန္တုန္ယင္ယင္ျဖင့္ ရႈဟန္ယြီ၏လက္ကို ကိုင္ထားရန္ ႀကိဳးစားလိုက္ေသာ္လည္း တင္းတင္းက်ပ္က်ပ္ေပြ့ဖက္ခံလိုက္ရေတာ့ သူ႔လက္ေတြက ေလထဲတြင္ ရပ္တန႔္သြားသည္။ အဲဒီအစား သူက ရႈဟန္ယြီရဲ့ ရင္ဘတ္ေပၚ သူ႔မ်က္ႏွာတင္လိုက္ရာ ေရခဲတံုးလို ေအးစက္ေနခဲ့သည္။

"ကိုယ္ မေအးဘူး။ ထ်န္းထ်န္းေအးရင္ အထဲ၀င္ရေအာင္။ အေအးမမိေစနဲ႔" 

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ နံေဘးသို႔ ေလ်ွာက္လာၿပီး အေအးဒဏ္​ေၾကာင့္ နီရဲေနေသာ သူ႔မ်က္ႏွာကို ၾကၫ့္ၿပီး စိုးရိမ္သြားသည္။ သူ၏အရပ္ရွည္ေသာ ခႏၶာကိုယ္သည္ ႏွင္းပြင့္မ်ား ေရာယွက္ေနေသာ ေအးစက္သည့္ေလဒဏ္မွ ရႈက်င္ထ်န္းကို ကာကြယ္ေပးထားသည္။

"အင္း!" 
ရႈက်င္ထ်န္းက ေခါင္းညိတ္သေဘာတူလိုက္သည္။ သို႔ေသာ္ သူ႔မ်က္လံုးေထာင့္က အျဖဴေရာင္အမိုးပါတဲ့ အိမ္ငယ္ေလးကို ရုတ္တရက္ေတြ့လိုက္ၿပီးေနာက္ အေတြးေျပာင္းသြားသည္။

"ခဏေနဦး...အိမ္မွာ ႏွင္းေတြက်ေနတယ္။ သစ္ကိုင္းေတြနဲ႔ေဆာက္ထားတဲ့အိမ္က မခံႏိုင္ေလာက္ဘူး။ ႏွင္းေတြကို ရွင္းလိုက္ရေအာင္...ေကာင္းေကာင္းလုပ္ထားတဲ့ မီးဖိုေခ်ာင္ေလး မၿပိဳက်ေစခ်င္ဘူး"

ရႈက်င္ထ်န္းက ေျမျပင္ေပၚတြင္ ႏွင္းမ်ားဖံုးလႊမ္းေနသၫ့္ ရွည္လ်ားေသာသစ္ကိုင္းကိုျမင္သြားၿပီး လက္ႏွစ္ဘက္ႏွင့္ကိုင္ကာ ႏွင္းမ်ားကိုရွင္းရန္ မီးဖိုေခ်ာင္သို႔ ေျပးသြားခဲ့သည္။ ရႈက်င္ထ်န္း၏သစ္ကိုင္းဆုပ္ကိုင္ထားပံုက မတည္မၿငိမ္ျဖစ္ၿပီး အရပ္လည္းမရွည္ေသာေၾကာင့္ အစြန္းရိွ ႏွင္းအနည္းငယ္ကိုသာ သန္႔ရွင္းႏိုင္သည္။

ရႈက်င္ထ်န္း၏ႀကိဳးစားအားထုတ္မႈေၾကာင့္ စိတ္ဒုကၡေရာက္ေနသၫ့္ ရႈဟန္ယြီသည္ သူ႔လက္ထဲတြင္ သစ္ကိုင္းကိုကိုင္ကာ ရႈက်င္ထ်န္းကို ေဘးတြင္ေစာင့္ေစၿပီး ေခါင္မိုးေပၚရိွ ႏွင္းမ်ားကိုရွင္းလင္းရန္ ကူညီခဲ့သည္။

ႏွစ္ေယာက္သား ဂူထဲသို႔ ျပန္ေရာက္ေသာအခါ ရႈက်င္ထ်န္းသည္ ေအးစက္တုန္ယင္ေနၿပီ။ ရႈက်င္ထ်န္းသည္ ေစာင္ထဲသို႔ ေဘာလံုးတစ္လံုးလို လိွမ့္ဝင္သြားသည္။ ခႏၶာကိုယ္ ေနြးေထြးလာတဲ့အခါ အသိုက္မွာ အိပ္ၿပီး ဥေတြကို သားေပါက္ရန္လုပ္ေဆာင္ျပန္သည္။

ရႈဟန္ယြီက ရႈက်င္ထ်န္းကို ေစာင္နဲ႔လံုးေထြးေပြ့ဖက္ၿပီး
"ထ်န္းထ်န္း ေအးေနေသးလား? ဒါမွမဟုတ္ ေနာက္တစ္ခါ ဂူထဲမွာ ေျဖရွင္းလိုက္...အျပင္မထြက္နဲ႔"

"ဟင့္အင္း ငါ အျပင္ထြက္ၿပီး လတ္ဆတ္တဲ့ေလရႈရမယ္။ ဂူထဲမွာ အၿမဲတမ္း မေနခ်င္ဘူး။ ပ်င္းစရာႀကီး...ကံေကာင္းစြာနဲ႔ အိပ္ယာက လံုလံုေလာက္ေလာက္ ေနြးတာေၾကာင့္ အခု သိပ္မေအးေတာ့ဘူး"

ရႈက်င္ထ်န္းက ရႈဟန္ယြီကို မလိမ္ညာခဲ့ေပ။ ဒီအိပ္ယာက အျပင္မွာနဲ႔ တကယ္ကို ကြဲျပားသည္။ မူလက ေျမေအာက္လိႈဏ္ဂူအတြင္းရိွ အပူခ်ိန္သည္ ေျမျပင္ထက္ျမင့္မားၿပီး တိရိစၧာန္အေရခြံမ်ားျဖင့္ ပတ္ထားေသာ အိပ္ရာသည္ ပိုမိုေနြးေထြးသည္။

ရႈက်င္ထ်န္း စကားကို နားေထာင္ၿပီးေနာက္ ရႈဟန္ယြီက အနည္းငယ္ စိတ္သက္သာရာရသြားသည္။

ရႈက်င္ထ်န္းသည္ သားေဖာက္ရန္ တစ္ေန့လံုးထိုင္ေနခဲ့တာ ခုနစ္ရက္ၾကာလာခဲ့ၿပီ။ ဥမ်ားသည္ လႈပ္ရွားမႈမရိွေပ။ ေတာင္ေတြေပၚမွာ ႏွင္းေတြထူထပ္တာကလြဲလို႔ ဘာမွမေျပာင္းလဲေပ။

ယခုအခါ ရႈက်င္ထ်န္းသည္ ရက္အေတာ္ၾကာ ႏွင္းမ်ား ဆက္တိုက္က်ေနေသာေၾကာင့္ ဂူထဲမွထြက္ရန္ အခက္အခဲ အနည္းငယ္ ႀကံဳေတြ့ခဲ့ရၿပီး ယေန့မွာေတာ့ ရပ္တန႔္သြားခဲ့ၿပီ။

ေျမျပင္ေပၚရိွ ႏွင္းလႊာသည္ မီတာဝက္ခန႔္ နက္ေနၿပီျဖစ္သည္။ ရႈဟန္ယြီက ဂူေပါက္ဝမွာ ႏွင္းေတြကို ေန့တိုင္း သန႔္စင္ေပးရင္ သူတို႔၏ဂူဝင္ေပါက္က ေျမျပင္ေပၚမွာ ႏွင္းေတြ ပိတ္ဆို႔ေနလိမ့္မည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ အိမ္သာသြားရာလမ္းေၾကာင္းအတိုင္း သူ၏ဇီဝကမၼဆိုင္ရာျပႆနာမ်ားကို ေခ်ာေမြ့စြာေျဖရွင္းႏိုင္ေစရန္ လမ္းဖြင့္ထားသည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီထံမွ မလြတ္ေျမာက္ခဲ့ျခင္းအတြက္ ေက်းဇူးတင္မိသည္။​ မဟုတ္ပါက ဤျပင္းထန္ေအးစက္ေသာ ပတ္ဝန္းက်င္တြင္ သူတစ္ေယာက္တည္း ရွင္သန္ႏိုင္မည္မဟုတ္ေပ။ ထို႔ျပင္ တစ္ျခားသားရဲေတြ ဖမ္းမိသြားရင္ ပို၍ပင္ ေၾကာက္စရာေကာင္းေပလိမ့္မည္။

ရႈဟန္ယြီသည္ ရႈက်င္ထ်န္းအိပ္ေပ်ာ္ေနသြားသည္ႏွင့္ ေႁမြတစ္ေကာင္လို ျဖစ္သြားၿပီး ဂူထဲကထြက္သြားသည္။ ထ်န္းထ်န္းစားဖို႔ အခ်ိန္ေရာက္ေတာ့မယ္...

ရာသီဥတုေအးလာသည္ႏွင့္အမ်ွ သားေကာင္ရွာရခက္လာကာ ရႈဟန္ယြီသည္ ယခုအခါ အမဲလိုက္ရတာ ပို၍ၾကာလာသည္။ ရႈက်င္ထ်န္း ဗိုက္ဆာမွာေၾကာက္တဲ့ ရႈဟန္ယြီဟာ သူအိပ္ေပ်ာ္ေနတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး ဂူထဲကထြက္သြားသည္။

ရႈဟန္ယြီသည္ ေတာနက္ထဲသို႔မသြားဘဲ အျပာေရာင္ေရေတြဆီသို႔ ကူးခတ္သြားခဲ့သည္။ ထ်န္းထ်န္း ေရထဲက အစာမစားရတာၾကာၿပီ။ သူ႔ကို လတ္ဆတ္တာရွာေပးရမယ္...

ရႈဟန္ယြီသည္ သူ၏ဇနီးသည္ေလးအတြက္ စားဖိုမွဴးျဖစ္လာၿပီးကတည္းက အေရးႀကီးဆံုးအရာမွာ သူ႔အတြက္ အရသာရိွေသာအစားအစာမ်ိဳးစံုကို ေန့စဉ္ျပဳလုပ္ရန္ျဖစ္ၿပီး ပိုႀကီးထြားလာေစရန္ျဖစ္သည္။

ရႈက်င္ထ်န္းမွာ ေကာင္းေကာင္းမအိပ္ရဘဲ ယားယံေနၿပီး အေအးမိသလို ခံစားေနရသည္။

ရႈက်င္ထ်န္းသည္ စိတ္ရႈပ္ေထြးသြားၿပီး သူ႔ခႏၶာကိုယ္ကို လႈပ္ယမ္းကာ ဆက္အိပ္ေနလိုက္သည္။ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ား ယားယံျခင္းေၾကာင့္ ရႈက်င္ထ်န္းမွာ အိပ္ေရးဝဝ မအိပ္ရ ျဖစ္ေနသည္။

ရႈက်င္ထ်န္းမွာ ေဒါသထြက္လာၿပီး ယားယံေသာေနရာကို ျပင္းျပင္းထန္ထန္ ပြတ္တိုက္လိုက္သည္။သူ႔လက္ထဲမွာ ေအးစက္ၿပီး ေပ်ာ့ေပ်ာင္းတဲ့ ႀကိဳးတစ္ေခ်ာင္းကို ခံစားလိုက္ရသည္။ ရႈက်င္ထ်န္းသည္ ခဏမ်ွပင္ ပေဟဠိျဖစ္ကာ ရုတ္တရက္ မ်က္လံုးဖြင့္လိုက္သည္။

"အား!!ေႁမြ~"
ရႈက်င္ထ်န္းသည္ အစိမ္းေရာင္ေႁမြငယ္ေလးမ်ားကို ျမင္လိုက္ရသျဖင့္ ရုတ္တရက္ ကုတင္ေပၚမွ ခုန္ဆင္းကာ ကိုယ္လံုးတီးျဖင့္ ​ကုတင္စြန္းသို႔ ေျပးသြားေလသည္။

ရႈက်င္ထ်န္းသည္ ေႁမြမ်ားကိုၾကည့္ၿပီး မယံုႏိုင္ေလာက္ေအာင္ ထိတ္လန္႔သြားၿပီး သူ႔တစ္ကိုယ္လံုးပင္ ယားယံလာ၏။

သူသည္ ေစာင္ကိုကုတင္ေပၚသို႔ ပစ္တင္ၿပီး အျပစ္မဲ့ေသာေႁမြငယ္ေလးတစ္ေကာင္ကို ဖံုးအုပ္လိုက္သည္။ သို႔ေသာ္ ထိုေႁမြငယ္ေလးသည္ အသံေသးေသးေလးျဖင့္ ေစာင္ထဲမွာတိုးထြက္ကာ အျခား ေႁမြငယ္မ်ားႏွင့္အတူ ရႈက်င္ထ်န္းဆီသို႔ ၪီးတည္လာေနသည္။

ရႈက်င္ထ်န္းသည္ သတိထားၿပီး ေနာက္ျပန္ဆုတ္သြားကာ ကုတင္အစြန္းကိုတိုးသြားၿပီး အခ်ိန္မေရြး လြတ္ေျမာက္ရန္ ေျပးဖို႔အသင့္ျဖစ္ေနခဲ့သည္။

ဤအခိုက္အတန္႔တြင္ ရႈက်င္ထ်န္းသည္ သူလဲေလ်ာင္းေနခဲ့ေသာ အသိုက္ကိုေတြ့လိုက္ရသည္။ ဝိုင္းစက္ေခ်ာမြတ္ေသာေႁမြဥမ်ားမရိွေတာ့ေပ။ အျဖဴေရာင္ကြဲအက္ေနေသာအခြံအပိုင္းအစမ်ားက အစားထိုးသြားသည္ကို ေတြ့လိုက္ရသည္။

ရႈက်င္ထ်န္း ရုတ္​တရက္​ သတိ၀င္သြားသည္။ ဒီ​ေႁမြ​ေတြက သူတို႔ရဲ့သားသမီး​ေတြပင္။ (⊙ ▽ ⊙)

ေႁမြစိမ္းေလးသည္ သူ႔အနားကို ျဖည္းၫွင္းစြာ ခ်ဉ္းကပ္လာသည္ကိုၾကၫ့္ၿပီး ရႈက်င္ထ်န္းေအးခဲသြားသည္။ 
ဒါေတြက သူ႔ကေလးေတြ!! တကယ္ပဲ သူ႔ကေလးေတြလား?

ဥေလးေတြေပါက္ဖို႔ သူစိတ္မရွည္ျဖစ္ေနေပမယ့္ ဒီေလာက္ ျမန္ျမန္ေရာက္လာမယ္လို႔ မေမ်ွာ္လင့္ထားဘူး။ ရႈက်င္ထ်န္းသည္ ေႁမြစိမ္းေလးမ်ား ေပါက္ဖြားလာမည္ဟု မေမ်ွာ္လင့္ထားတာေၾကာင့္ လံုး၀ကိုျပင္ဆင္ထားျခင္းမရိွေပ။

ရႈက်င္ထ်န္းမွာ ငယ္ငယ္ကတည္းက ေႁမြေတြကို ေၾကာက္ၿပီး ရႈဟန္ယြီနဲ႔ထိေတြ့ဖို႔ကိုပင္ ကိုယ့္ကိုကိုယ္ အတင္းအၾကပ္တြန္းအားေပးၿပီး ျဖည္းျဖည္းခ်င္း ရင္းႏွီးေအာင္လုပ္ခဲ့ရသည္။

ဤေႁမြမ်ားသည္ သူတို႔၏ သားသမီးမ်ားပင္ျဖစ္ေသာ္ျငား တြန႔္လိမ္ေနေသာေႁမြေတြကိုၾကည့္ၿပီး ရႈက်င္ထ်န္းမွာ တုန္လႈပ္ေနေသးသည္။ ပထမဆံုးေႁမြေလးက သူ႔ကိုထိမိလိုက္တဲ့အခိုက္မွာ ရႈက်င္ထ်န္းဟာ ထိန္းမႏိုင္သိမ္းမရေအာ္ဟစ္ၿပီး ကိုယ္လံုးတီးနဲ႔ ထြက္ေျပးသြားခဲ့သည္...။

~~~~~~

23/10/2023(10:30PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...