နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Extra Part-5

24 1 0
By LinnLinn438

" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-5 ✨🖤⚜️

" မောင်ရေ....နေ့လည်စာစားချိန်ရောက်နေပြီနော်.....

"ည"စားတော့မလား ကိုယ် အေးကြည်ကို ထမင်းပွဲပြင်ခိုင်းလိုက်တော့မယ်

မောင်ရော တစ်ခါတည်းစားမှာလား "ည"တစ်ယောက်တည်းစားရမှာဆိုရင်တော့ မစားသေးဘူး မောင်နဲ့မှအတူစားမယ်

မောင်ပါ "ည"နဲ့အတူစားမှာလေ လာ မောင်တို့ မီးဖိုခန်းကို သွားရအောင်

ဟုတ်......"

အေးကြည် ဟင်းတွေလည်းချက်လို့အပြီး ပန်းကန်လေးများဖြင့်ထည့်ကာ ထမင်းပွဲပြင်ဖို့ ပြင်ဆင်နေခိုက် မမလေးနှင့်အစ်ကိုလေးအား တွေ့လိုက်ရသည်
" မမလေး အေးကြည် ထမင်းပွဲပြင်လိုက်ရတော့မလားရှင့်

အင်း ပြင်လိုက်တော့ အေးကြည် မောင်ပါတစ်ခါတည်းစားမှာ

ဟုတ်ကဲ့ မမလေး "

" ည" ဖြည်းဖြည်းထိုင်နော်

ဟုတ်....."

တီး...တီး....တီး...🚨

" ကားဟွန်းတီးသံပဲ မောင် မောင့်ဧည့်သည်ရောက်ပြီထင်တယ်

အင်း မောင် သွားကြည့်လိုက်ဦးမယ် "ည" စားနှင့်လိုက်နော်

ရတယ် "ည"ပါ လိုက်ခဲ့မယ်လေ မောင်

ရတယ် ရတယ် "ည" ဒီမှာပဲစောင့်နေနော်
အင်း၊.......

ဒါဆို ခဏလေးနော် မောင် ပြန်လာခဲ့မယ်..."

ဂုဏ် "ည"ကိုပြောပြီးသည်နှင့် အိမ်ရှေ့ကိုထွက်ကြည့်တော့ တွေ့လိုက်ရသည်က သူ့တပည့်ကားပင်
ခြံစောင့် ဦးကျော်က ခြံတံခါးသွားဖွင့်နေပြီမို့ ဂုဏ် ထိုကားဆီလျှောက်လာခဲ့သည်

" တီခိုင်....ကားစီးလာရတာ အကြာကြီးမို့ ပင်ပန်းသွားရပြီနော်

အဟင်း....အသက်အရွယ်ရလာပြီမို့ သည်လိုပါပဲ သားရယ် တီခိုင်လည်း ရန်ကုန်လာဖို့ စီစဉ်ထားတာ သမီးခွင်းကိုရော မြေးလေးတွေကိုရော မတွေ့ရတာကြာပြီလေ
တီခိုင်မလာဖြစ်ရင်တောင် သားတို့မိသားစုကို သီတင်းကျွတ်လာခဲ့ဖို့ ခေါ်ဖို့စီစဉ်ထားတာ

သားတို့လည်း အဲ့လိုတွေးထားတာပါ ဒါပေမယ့် အခု "ည"က ကိုယ်ဝန်နဲ့ဆိုတော့ ဘယ်မှမသွားဘဲ နေတာ ဒါ့ကြောင့် တီခိုင့်ကိုလှမ်းခေါ်လိုက်ရတာပါ "ည"က တီခိုင့်ကိုလွမ်းနေတာလေ
အခု မွေးဖွားဖို့ကနီးနေပြီဆိုတော့ သားမရှိချိန် "ည"ကိုစိတ်မချလို့ တီခိုင်

သားဆိုလိုချင်တာကို တီခိုင်နားလည်ပါတယ်ကွယ် အခုရော သမီးခွင်းက အိမ်မှာမရှိဘူးလားကွဲ့

ရှိတယ် တီခိုင် သားက ဒီနေ့အိမ်ကို ဧည့်သည်လာဖို့ရှိတယ်ဆိုပြီး ပြောထားတာ ဒါပေမယ့် ဘယ်သူလာမယ်ဆိုတာကို သားပြောမပြထားဘူး တီခိုင် "ည"ကို အံ့ဩသွားစေချင်လို့လေ

အဟင်း.....ဟုတ်ပါပြီကွယ်.....
အဘကျော် ခရီးဆောင်အိတ်တွေ မသယ်နဲ့ ကျွန်တော်ပဲ သယ်သွားလိုက်မယ်

ရပါတယ် သားနေရဲ့ အဘသယ်ပေးပါ့မယ်

မဟုတ်တာ နေ့လည်စာစားချိန်ကြီးလေ အဘကျော် ထမင်းသွားစားလိုက်တော့နော် "

အဘကျော်လက်ထဲမှ ခရီးဆောင်အိတ်နှင့် ခြင်းတောင်းအကြီးအား လွှဲယူခဲ့လိုက်ပြီး အိမ်ထဲသို့ဝင်လာခဲ့သည်

" ဘော့စ် ကျွန်တော့်ကိုပေးပါ ကျွန်တော်သယ်ခဲ့လိုက်ပါ့မယ်

ရတယ် မင်းလည်း တောက်လျှောက် ကားမောင်းလာရလို့ပင်ပန်းနေတာ

အေးကြည် အစ်မ အိမ်ရှေ့ခဏသွားလိုက်ဦးမယ် ထမင်းပွဲပြင်ထားနှင့်လိုက်နော်

ရှင် .....
အယ် မဖြစ်ဘူး မမလေး အေးကြည်လက်ကိုတွဲထားနော်

အယ် ရပါတယ် အေးကြည်ရဲ့ အစ်မ လမ်းလျှောက်လို့အဆင်ပြေပါတယ်

မရဘူး မမလေး အစ်ကိုလေးက မမလေးအနား သူမရှိရင် အေးကြည်ကို မမလေးအနားကမခွာရဘူးလို့မှာထားတာ မဟုတ်ရင် အေးကြည် ရွာပြန်ပို့ခံရလိမ့်မယ် မမလေး

ရပါတယ်ဆို ...

လာပါ မမလေးရယ် အေးကြည်လည်း မမလေးကိုစိတ်မချပါဘူး ကိုယ်ဝန်က မွေးဖို့နီးနေပြီလေ

အဟင်း အေးကြည်ကတော့လေ စိုးရိမ်လွန်နေပါပြီ "

အေးကြည်ကိုတွဲရင်း ခွင်း အိမ်ရှေ့ဧည့်ခန်းသို့ထွက်လာခိုက် မမျှော်လင့်ထားသည့် လူအားတွေ့လိုက်ရသည်

" ဟင်.....တီခိုင်.....

သမီး.....
အမလေး တီခိုင့်သမီးလေးက ကိုယ်ဝန်ဆောင်ထားရလို့နဲ့တူတယ် နုဖတ်ပြီးလှနေလိုက်တာ
သတိရနေတာ သမီးရယ်

သမီးရောပဲ တီခိုင့်ဆီပြန်မယ်လို့တောင် တွေးနေတာ
ကြည့် မောင်ပြောတဲ့ Secret ဆိုတာ ဒါပေါ့လေ

အဟွန်း "ည"ပျော်သွားပြီမလား
ကိုယ် မနေ့ကတည်းက ခန့်ဇော်ကို သွားခေါ်ခိုင်းထားတာ

အွန်း ပျော်တာပေါ့ သမီးမွေးခါနီးနေပြီမို့ တီခိုင့်ကို သမီးအနားမှာရှိနေစေချင်တာလေ

မပူနဲ့နော် သမီးအနားမှာ တီခိုင်အမြဲရှိနေပေးမှာ သမီးမိဘတွေနဲ့ မေမေကြီးကိုယ်စားရောပေါ့ကြီးကိုယ်စားရောပေါ့

အဟင်း .....ကျေးဇူးပါ တီခိုင် သမီးဆီလာခဲ့ပေးလို့

မလိုပါဘူးကွယ်

တီခိုင် နေ့လည်စာစားခဲ့ပြီးပြီလား...
ကိုခန့်ဇော်ရောရှင့်

သားတို့ အခုလေးတင် နေ့လည်စာစားဖို့ပြင်ဆင်နေတာ တီခိုင်
တစ်ခါတည်းဝင်စားလိုက်နော် တီခိုင် တီခိုင့်အကြိုက်တွေ ချက်ခိုင်းထားတယ် သားတို့ အတူထမင်းမစားရတာကြာပြီမလား

ဟုတ်တယ် တီခိုင် ခဏနားပြီး နေ့လည်စာအတူစားကြမယ်နော်

ဟုတ်ပါပြီကွယ်

ကိုခန့်ဇော်ရော တစ်ခါတည်းဝင်စားသွားနော် တီခိုင့်ကို ဂရုတစိုက်နဲ့ခေါ်လာပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ရှင်

ရပါတယ် ဆရာကတော် ဒါ ကျွန်တော့်ရဲ့တာဝန်ပါခင်ဗျ
ထမင်းစားဖိတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ ဒါပေမယ့် ကျွန်တော်မစားတော့ပါဘူး

မောင် မောင့်တပည့်ကိုပြောပါဦး

ကဲ တစ်ခါတည်းဝင်စားသွားလိုက် ခန့်‌ဇော် မင်း အိမ်ပြန်ရောက်မှစားမယ်ဆိုရင် အဆာလွန်သွားတာနဲ့ ထမင်းစားမဝင်တော့ဘူး

ဘော့စ်.....

နေ့လည်စာဝင်စားသွားလိုက်ပါဆိုကွာ.....ငါ့ဇနီးစိတ်အလိုမကျရင် မင်းလခဖြတ်ခံရမယ်နော်"

ဘော့စ်က သူ့အနားကပ်ကာ သတိပေးသည့်အနေဖြင့် တိုးတိုးလေးပြောလာသည်မို့ ခန့်ဇော် နေ့လည်စာအတူစားလိုက်ရသည်
ဘော့စ်မိန်းမချစ်တတ်ပုံက ကုမ္ပဏီမှာ သတင်းကိုမွှေးလို့.......မိန်းမမျက်နှာတစ်ချက်အညိုးမခံသည့်သူပါလေ

ထိုသို့ ချစ်ဇနီးချောလေးအား ဂရုစိုက်ချစ်တတ်လွန်းတာကြောင့်လည်း ဘော့စ်အနားချဉ်းကပ်ချင်ကြသည့့် မိန်းကလေးများလည်းရှိသည်
‌ဆရာကတော်မှလွဲ၍ မည်သည့်မိန်းကလေးကိုမှ အရေးတယူလုပ်ခြင်းမရှိသည့်အပြင် အေးစက်သည့်မျက်နှာထားနှင့် အရှိန်အဝါကြောင့် ဘော့စ်အနားကပ်ခွင့်မရတာကလည်း မိန်းကလေးများအကြား သတင်းပျံ့နေလေသည်
🌹🌹🌹🌹

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

" ည" မောင် သားတို့ကို သွားကြိုလိုက်ဦးမယ်နော် ညနေစားချင်တာရှိလား မောင် ဝယ်လာခဲ့မယ်

ဟင့်အင်း မောင် သားတို့စားချင်တာပဲ ဝယ်ကျွေးလာခဲ့ သိပ်နောက်မကျနဲ့နော် မောင်

ဟုတ်ပါပြီဗျာ ဒါဆို မောင် သွားပြီနော်  မောင်မရှိတုန်း ဘာမှလျှောက်မစားရဘူးနော်

အဟင်း မစားပါဘူးမောင်ရယ် စိတ်ချလက်ချသွားပါ ဟုတ်ပြီလား

မောင် ယုံမယ်နော် "ည"

မောင့်......

အဟွန်း အိုကေအိုကေ မောင်မစတော့ဘူး

ဂရုတစိုက်မောင်းသွားနော် မောင်

ဟုတ်ကဲ့ပါဗျာ ""

🌹🌹🌹🌹

" တီခိုင် နိုးပြီလား တစ်ရေးအိပ်လိုက်တာဆိုတော့ ခေါင်းမူးတာမျိုးဖြစ်မှာစိုးလို့ သမီး အေးကြည်ကို သခွားမွှေးသီးဖျော်ရည် ဖျော်ခိုင်းထားတယ်

ရပါတယ် သမီးရယ်
တစ်ရေးအိပ်လိုက်လို့ထင်တယ် နည်းနည်းနေရတာတာ ပေါ့သွားသလိုပဲ

တော်သေးတာပေါ့ သမီးက တီခိုင် ခရီးပန်းပြီးဖျားမှာစိုးရိမ်နေတာ

မမလေး အအေးရပါပြီရှင့် ကြီးမေ သုံးဆောင်ပါရှင့်

အင်း ကျေးဇူးပါကွယ်

ဟုတ် ရပါတယ်ရှင့် မမလေး ဒါဆို အေးကြည် နောက်ဖေးပြန်သွားလိုက်ဦးမယ်နော်

အင်းအင်း...
အေးကြည်လည်း အအေးသောက်ပြီးမှ အလုပ်ဆက်လုပ်နော်

ဟုတ်ကဲ့ပါ မမလေး "

" သမီး

ရှင် တီခိုင်

သမီးတို့အိမ်ထောင်ရေး အဆင်ပြေတယ်မလား

ဟုတ် ပြေပါတယ် တီခိုင် ဘာဖြစ်လို့လဲဟင်

ဪ မဟုတ်ပါဘူး သမီးရယ် တီခိုင် ဒီကိုမလာခင်မှာ တီခိုင့်အသိမိတ်ဆွေရဲ့သမီးအိမ်ထောင်ရေးအကြောင်း စိတ်မကောင်းစရာကြားလာခဲ့ရလို့ပါ

အဟင်း သမီးတို့အိမ်ထောင်ရေးက အဆင်ပြေပါတယ် တီခိုင် စိတ်ပူဖို့မလိုအပ်အောင် မောင်က သမီးကိုရော သားလေးတွေအပေါ်မှာရော အခုမွေးလာမယ့်ရင်‌သွေးလေးအပေါ်မှာပါ ဂရုစိုက်ကြင်နာပါတယ်
မိသားစုဘဝရဲ့ တန်ဖိုးကို ကောင်းကောင်းသဘောပေါက်နားလည်ထားပြီးသားသူမို့ ဒီအိမ်ထောင်ရေးကိုရော မိသားစုဘဝလေးကိုပါ အထိခိုက်ခံမယ့်လူမျိုးမဟုတ်ပါဘူး တီခိုင် သမီးအတွက်စိတ်ချထားလို့ရပါတယ်

ဟုတ်ပါပြီကွယ် တီခိုင် သားနေဂုဏ်ကို ယုံကြည်ပါတယ် ဒါပေမယ့် ကံတရားဆိုတာ ပြောလို့မရဘူးမဟုတ်လား အဲ့တာကြောင့် တီခိုင်စိုးရိမ်မိတာပါကွယ်
အခုတော့ စိတ်ချသွားပါပြီ

အဟင်း....ဟုတ်ကဲ့ပါ တီခိုင် သည်မှာကြာကြာနေရမှာနော်

စိတ်ချ တီခိုင် ဒီတစ်ခေါက် ကြာကြာနေသွားမှာ မြေးလေးတွေကိုလည်းလွမ်းနေတာ

အဟင်း အမွှေစိန်တွေကို ခဏနေ တီခိုင်တွေ့ရပါလိမ့်မယ်

အဟင်းဟင်း.........."

🌹🌹🌹🌹🌹

" မေမေရေ.....သားသားတို့ပြန်ရောက်ပါပြီခင်ဗျ

ဟာ.....ဘွားခိုင်

အမလေး မတွေ့ရတာကြာလို့လားမသိဘူး ဘွားမြေးလေးတွေက တော်တော်ထွားလာကြတာပဲ
လာပါဦး ဘွားဆီကို

ဘွားခိုင် ဘယ်တုန်းကရောက်တာလဲဟင်
ဒီမှာ သားတို့နဲ့အကြာကြီးနေမှာမလား

အမောဖြေပါဦး သားတို့ရယ် အခုမှကျောင်းကပြန်ရောက်တာကို ဘွားခိုင်က ချက်ချင်းမပြန်သေးဘူး ဒီမှာ အငယ်လေးမွေးပြီးတဲ့အထိနေမှာ ဟုတ်ပြီလား

တစ်ကယ်နော် ဘွားခိုင်
ဖေဖေပြောတဲ့အတိုင်း အကြာကြီးနေမှာနော် သားက ဘွားခိုင်လုပ်ကျွေးတဲ့ ငှက်ပျောသီးချောင်းခြောက်လေးကို စားချင်နေတာ အရမ်းအရသာရှိတာပဲ

စိတ်ချ ဘွားက ဒီမှာနေတဲ့အချိန်အတွင်း သားတို့စားချင်တာတွေကို လုပ်ကျွေးမှာ ဟုတ်ပြီလား

ရေး.......
ဒါမှ တို့ဘွားဘွားကွ "

"  တီခိုင် တွေ့တဲ့အတိုင်းပဲ သားသားတို့က အရင်ကထပ် စကားလည်းပိုတတ်လာတယ် မနိုင်ဘူး သူတို့သိချင်တာဆို မသိရမချင်းမေးတာ

ကလေးဆိုတော့ သည်လိုပါပဲ သမီးရယ် သည်လိုအပူအပင်ကင်းကင်းနေတာကိုက ကလေးသဘာဝလေ

ကဲ လာ ကျောင်းအဝတ်အစားဝတ်သွားလဲရအောင် ပြီးမှ ဘွားဘွားနဲ့စကားပြောကြနော်

ဘွားခိုင် သားတို့ခဏနေပြန်ဆင်းလာခဲ့မယ်နော်

ဟုတ်ပါပြီရှင် "

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

အိမ်မှာ တီခိုင်ရောက်နေပြီမို့ ဂုဏ့်မှာ သူအပြင်သွားသည်ဖြစ်စေ ကုမ္ပဏီသွားရသည်ဖြစ်စေ "ည"ကို အိမ်မှာထားခဲ့ရတာ စိတ်ချနိုင်သည်

🌹🌹🌹

" အာ့....."
ခွင်း အိပ်နေရင်း ဗိုက်ကထိုးအောင့်လာသည်မို့ လန့်နိုးသွားရသည်
ကလေးကန်တာဖြစ်လိမ့်မည် ဆစ်ခနဲအောင့်သွားတာပဲ
" မေမေ့ကလေးလေးရေ လိမ္မာတယ်နော် မေမေ အိပ်ရေးဝမှ ကလေးအတွက်လည်း ကျန်းမာရေးကောင်းစေမှာလေ ဖေဖေက တစ်နေကုန်ပင်ပန်းလို့ အိပ်ပျော်နေတာ ကလေးက အဲ့လိုခဏခဏကန်လို့ မေမေက ညည်းမိရင် ဖေဖေက စိုးရိမ်တကြီးနဲ့ အိပ်တော့မှာမဟုတ်ဘူး မေမေ့ကို ဘေးကနေ စောင့်ပေးနေတော့မှာ ဖေဖေ့ကိုချစ်တယ်မဟုတ်လား ဒါဆို မေမေနဲ့အတူတူ ပြန်အိပ်ကြမယ်နော် ဖေဖေ့ကိုပင်ပန်းအောင် မလုပ်ရဘူးနော် "

ကလေးက ထပ်မကန်တော့ပဲ ငြိမ်သွားသည်မို့ ခွင်း ပြန်အိပ်ဖို့ မျက်လုံးများအား အသာပြန်မှိတ်လိုက်သည်

တအောင့်အကြာ ဗိုက်က ဆီးစပ်နားတွေ အောင့်လာပြန်သည်

" အာ့....အဟင်း....ကျွတ် ကျွတ် "
သည်ညကျမှ ဘယ်လိုဖြစ်တာလဲ အရင်နေ့တွေကလည်း သည်လိုဖြစ်ပေမယ့် သည်လောက်အထိ မနာကျင်ရပေ

နာကျင်မှုပြန်သက်သာသွားပြီမို့ ခွင်း လှုပ်ရှားမှုမပြုဘဲ ပြန်အိပ်ဖို့သာ ကြိုးစားလိုက်သည်

သားအိမ်ရှိနေသည့်နေရာနားကနေပါ ထပ်အောင့်လာသည်မို့ သည်တစ်ခါတော့ ခွင်း မခံနိုင်စွာ အသံထွက်ညည်းမိသွားရသည်

" ည" ဗိုက်နာလို့လား အရမ်းနာနေတာလား

အင်း...."ည"အရမ်းနာတာပဲ မောင်ရယ် "ည"မခံနိုင်တော့ဘူး
အား........"

"ည"က သူ့လက်အား အားနဲ့ဆုပ်ကိုင်လာသည်မို့ ဂုဏ့်အထင် "ည"မွေးဖွားတော့မည်ထင်သည်

" မွေးတော့မယ်နဲ့တူတယ် ‌ ဒါ ဒါဆို ကိုယ် တီခိုင်နဲ့အေးကြည်ကို သွားနိုးလိုက်ဦးမယ် "ည" ခဏလေးပဲစောင့်နေနော် ကိုယ်မကြာဘူး နော်

အင်းအင်း မြန်မြန် "ည" အရမ်းနာနေပြီ

အင်းအင်း ကိုယ် ချက်ချင်းပြန်လာခဲ့မယ် "

ဂုဏ် ချက်ချင်းပင် အေးကြည်ကို အော်နိုးခဲ့ကာ တီခိုင့်ဆီ အပြေးလာနိုးရသည်
သူ့အသံကြောင့် သားတွေပါ နိုးလာကုန်သည်

" ဖေဖေ ဘွားဘွားခိုင် ဘာဖြစ်လို့လဲဟင်

မေမေ အငယ်လေး မွေးတော့မယ် သားကြီး

ဟင်....."ယံယံ"ကြားလိုက်လား အငယ်လေးရောက်လာတော့မယ်တဲ့

ရေး.....သားတို့ အငယ်လေးရတော့မယ်ဟေ့

တီခိုင့်....."ည"ကို တစ်ချက်သွားကြည့်ပေးပါဦး သား ကားသွားထုတ်လိုက်မယ်

အင်းအင်း မြန်မြန် သားနေ

ဟုတ်ကဲ့
အေးကြည် နင့်မမလေးမီးဖွားဖို့ ပြင်ဆင်ထားတွေအကုန် ကားထဲလာထည့်ထား

ဒီမှာပါ အစ်ကိုလေး အေးကြည်ယူထားပြီးပါပြီ

အေး ဒါဆို ငါကားထုတ်ပြီးတာနဲ့ နင် ပစ္စည်းတွေ ကားနောက်ခန်းထဲ ထည့်ထားလိုက်တော့

ဟုတ်ကဲ့ အစ်ကိုလေး  "

" မေမေ အရမ်းနာနေလားဟင်
သားသားလက်ကိုကိုင်ထားနော် မေမေမနာစေရတော့ဘူး သားဆုတောင်းပေးမယ်နော်

အဟင်း မေမေအဆင်ပြေပါတယ်ကွယ် သားတို့က ဘွားခိုင်နဲ့ အိမ်မှာ နေခဲ့နော် မနက်ဖြန်ကျမှ မေမေ့ဆီလာခဲ့ကြ မေမေစိတ်ချမယ်နော် သားတို့

ဟုတ် မေမေ "

" သမီးခွင်း အသက်ကိုဖြည်းဖြည်းရှူနော် စိတ်ကိုအေးအေးထား သမီး ရင်သွေးလေးကို အကောင်းဆုံး မွေးဖွားနိုင်မှာပါ

ဟုတ် သမီးအားတင်းထားပါတယ်
အား....."

ခွင်း အားတင်းထားပေမယ့် နာကျင်မှုကြောင့် ညည်းမိရပြန်သည်

" ည" ကိုယ့်ကိုသေချာဖတ်ထားနော် "

ဂုဏ်က "ည"ကိုယ်လေးကို သတိထားပွေ့ကာ အသင့်ဖွင့်ထားသည့်  ကားနောက်ခန်းထဲသို့ အသာထည့်ပေးလိုက်သည်

" အေးကြည် နင့်မမလေးကို သေချာကိုင်ထား

ဟုတ် အစ်ကိုလေး

"ည" မောင် အမြန်ဆုံးမောင်းမှာမို့ ခဏလေးပဲ ထပ်သည်းခံထားပေးနော်

အင်း "ည" တောင့်ခံထားနိုင်ပါသေးတယ်

ဟုတ်ပြီ
တီခိုင် သား သားလေးတွေကို စိတ်ချမယ်နော်

အေးအေး သား မြေးလေးတွေကို တီခိုင်စောင့်ရှောက်ထားမှာမို့ စိတ်မပူပဲ ဆေးရုံသာမြန်မြန်သွား ပြီးရင် အခြေအနေလည်း ဖုန်းဆက်ပြောဦးနော် သား

ဟုတ်ကဲ့ တီခိုင်

အဘကျော် တီခိုင်နဲ့ကလေးတွေကို သေချာစောင့်ရှောက်ထားပေးပါနော်

စိတ်ချပါ သားနေ အဘ သေချာစောင့်ရှောက်ပါ့မယ် "

ဂုဏ် ကားမောင်းနေရင်း တစ်ဖက်ကလည်း ‌ဖေဖေတို့ဆီဖုန်းဆက်အကြောင်းကြားရပြန်သည်

" ဟဲလို သား သည်အချိန်ကြီး ဘာဖြစ်လို့လဲ

သား ဒီအချိန်ဖုန်းဆက်တယ်ဆိုတော့ သမီးများ မွေးတော့မှာလား

ဟုတ်တယ် မေမေ သားတို့ အခုဆေးရုံသွားနေတဲ့လမ်းမှာ
မေမေတို့ကို လှမ်းပြောတာ

ဘယ်ဆေးရုံမှာလဲ သား မေမေတို့အခုပဲလိုက်လာခဲ့မယ်
ဒါနဲ့မြေးလေးတို့ကရော သား ဘယ်သူနဲ့ထားခဲ့လဲ

တီခိုင်နဲ့ မေမေ

အယ် မခိုင်ရောက်နေတာလား ဒါဆို မြေးလေးတို့ကိုစိတ်ချပါတယ် ဟုတ်ပြီဟုတ်ပြီ မေမေတို့လာခဲ့မယ် သမီး အားတင်းထားနော် အမေတို့ရှိတယ် အားမငယ်နဲ့နော် သမီးလေး "

ခွင်း အမေ့စကားကိုပြန်ပြောချင်ပေမယ့် နာကျင်မှုကို အံ့ကြိတ်ခံနေရသည်မို့ အသံမထွက်လာနိုင်ပေ။

" ကားကိုလည်းဂရုစိုက်မောင်းဦးနော် သား

ဟုတ်ကဲ့ ...."

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

Extra Part- 6မျှော််✨🖤⚜️
Author Ester Linn 🕊️

Continue Reading

You'll Also Like

5.5K 257 20
သူမပန်ဖြစ်ပေမဲ့လည်း ကိုယ့်နှလုံးသားက သူ့အတွက် မေတ္တာပန်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေကျပေးခဲ့ပါတယ်...။
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...