တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ
By maiyuri18
465K 30.6K 2.3K
သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final
အပိုင်း(၄၇)
5.3K 394 22
By maiyuri18
May Entertainment ရဲ့ live-show အစီအစဉ် ထဲက အများစောင့်မျှော်နေကြသည့် အဆိုတော်သွဲ့ပန်းချီနှင့် လွယ်အွေ့လေးတို့၏ duets song လေးကို စလိုက်မီးမှိန်မှိန်လေးစထွန်းထားပြီး ပွဲကျင်းပရာ ကွင်ပြင်ကြီးကို အမှောင်ကျအောင်အလင်းရောင်မှိန်မှိန်သာပေး၍ စင်မြင့်ထက်ဝယ်ထိုးပြထားသော နေရာလေးတွင် စတိတ်စင်အလင်းအမှောင်တွေကြားက လိုက်ဖက်လွန်းသည့် duets song သီဆိုမည့်နှစ်ဦး။ အဆိုတော်သွဲ့ပန်းချီနှင့်အတူ ထိုင်ခုံလေးပေါ်ဝယ် ဂစ်တာလေးကိုင်ကာ microphone လေးအား အနီး/အဝေးပြင်နေသည့် ချစ်ရပါသောလေးကိုကြည့်ပြီးပြေ့ဘုန်းမာန်တစ်ယောက် ဆိုင်သူလေးရဲ့ လူပ်ရှာမူတိုငိးကိုသာမျက်တောင်မခတ်ကြည့်ပြီး ကြည်နူးရိပ်သန်းနေသည်။
( ကိုယ့်ကလေးက လူကြောက်လေးမဟုတ်တော့ဘူးပဲ ) အတွေးရေးရေးလေးဖြင့် ပြေ့ဘုန်းမာန် တစ်ကိုယ်တော်သာပြုံးနေမိသည်။
Intro တီးလုံးလေးစဝင်လာသည်နှင့်တပြိုင်နက် ဂစ်တာကြိုးလေးပေါ်က စတင်လူပ်ရှားနေသော ကလေးငယ်ရဲ့လက်သွယ်သွယ်လေးကအစ မြတ်နိုးချင်စရာ ။ ကလေးငယ်ကိုသာ စူးစိုက်ကြည့်ပြီး အချစ်ရည်ရွှန်းရွှန်းစိုအောင် ကြည့်ပြီး သီဆိုဖျော်ဖြေနေသော အဆိုတော်ရဲ့ အမူအရာတချို့ကပြေ့ဘုန်းမာန်ရဲ့ အမြင်အာရုံထဲ ဘဝင်မကြလှပါ။
သူက ဘာလဲ !
ကိုယ့်ကလေးကိုမှ ဘာကြောင့်ခုလိုအကြည့် စူးရဲရတာလဲ !
ဘာအတွက်လဲ !
သူ့နေရာသူ့အပိုင်းလေးမှာ အပိုအလိုမရှိ စိတ်ပါဝင်စားစွာဖျော်ဖြေနေသော ချစ်ရပါသောကလေးငယ်ငယ်က သိနားလည်မည်မဟုတ်သော်လည်း ရှေ့တည့်တည့်မှာ တဖက်အဆိုတော်ရဲ့ အမူအရာ အကြည့်လေးတွေအား မြင်တွေ့နေရသူအဖို့ စင်ပေါ်တက်ကာကလေးငယ်အား ပွေ့ဖက်၍ အိမ်ပြန်ခေါ်သွားချင်မိသည်အထိ တစ်ယောက်တည်း လောင်မြိုက်နေရပါသော ဒုက္ခဝေဒနာကို အပြုံးချိုချိုလေးဖြင့် ဆိုနေတဲ့ ကလေးငယ်ငယ်တစ်ယောက်မသိခဲ့ပါ။
" ကိုဇေယျာ...."
အမည်လေးတစ်ခုခေါ်လိုက်ရုံဖြင့် လက်လေးနောက်ပစ်ကာ အမိန့်နာခံနေဆဲ ကိုဇေယျာတစ်ယောက် မိမိသူဌေးရဲ့ခက်ထန်နေတဲ့ အကြည့်တွေကို သိနားလည်သူပီပီ တစ်ခဏအတွင်း ဖွေရှာထားသော အဆိုတော်သွဲ့ပန်းချီရဲ့ biography အချက်အလက်များကို သူဌေးရှေ့ပို့ကာ ခေါင်းငုံ့နေမိသည်။
ကိုဇေယျာချပေးလာသော စင်မြင့်ပေါ်က ကိုယ့်ကလေးငယ်ငယ်လေးငေးနေသည့် အဆိုတော်အကြောင်းကိုလေ့လာနေမိသည်။
ပြိုင်ဖက်တစ်ယောက်ဖြစ်သင့်တဲ့ အနေအထားမဟုတ်ပေမယ့် ကိုယ့်ကလေးငယ်ကို စိတ်ဝင်စားနေတဲ့ ထိုအကြည့်တွေကို မကြိုက်သည်မို့ နောက်နောင်ဘယ်သောအခါမှမည်သူတစ်ဦးတစ်ယောက်နဲ့ဖြစ်စေ duets song မဆိုစေတော့ပါ။
( 🎼🎸 လေသင့်ရာက ကြိုင်လိူင်သင်းပျံလိုနေ....ခူးဆွတ်မယ့်လက်တို့စီရီနေ....🎼🎸)
( 🎸🎼ချစ်မိသူစိုးထိတ်လေ စိုးထိတ်သူ ချစ်သမျှရယ် နိူင်းယှဉ်ကာ စာစီမရနိုင်ဘူး ......
ချစ်သောသူတစ်ယောက်သိနှင့်အုံး....🎼🎸)
.
.
.
( 🎸🎼......နေရဲ့နေ့ ညရဲ့လ ဥပမာကွယ် တစ်ကိုယ်တည်းသွား ခရီးရယ်မျှောလွင့်နေတယ်..ဦးတည်ရာအစီအစဉ်မဲ့နေဆဲ....................................🎼🎸🎼🎸)
သံစဉ်တေးသွားထဲ နှစ်မျှောကာ duets song သီဆိုနေသော လွယ်အွေ့လေးက ဘာမှရိပ်မိဟန်မတူသော်လည်း စင်အောက်မှလက်ခုပ်မတီးပေးနိုင်၊ ခက်ထန်တည်တင်းနေသော မျင်နှာဖြင့် အဆိုတော်သွဲ့ပန်းချီကိုသာ စိုက်ကြည့်နေပါသော CEO ပြေ့ဘုန်းမာန်၏ အခြေအနေကို ကိုဇေယျာသိထားသော်လည်း live song လေးအမြန်ပြီးစေရန်ဆုတောင်းမိ၏ ။ မဟုတ်သော်က ပွဲတစ်ခုလုံးမီးရိူ့ခံရမည့်အခြေအနေမို့ ......။
" ကိုခင်ဇော်......"
သူဌေးအနားရပ်၍ ခေါင်းညိတ်ပြကာ အသင့်အနေအထားဖြင့် ။
" နောက် ဘယ်တော့မှ ကလေးငယ်ကို မည်သူ့တစ်ဦးတယောက်နဲ့မှ duets song မဆိုပါစေနဲ့ ၊ solo album အတွက်ပဲ ပိုအားထုတ်ပေးပါ "
" ဟုတ်ကဲ့ပါ သူဌေး "
ဖြောင်း......ဖြောင်းးးးးးးတီးခတ်နေကြသော ဩဘာလက်ခုပ်သံတွေကြား ဂစ်တာလေးကိုကိုင်ကာ ခေါင်းညိတ်ပြရင်း ကျေးဇူးတင်စကားဆိုနေသည့် အဆိုတော်များက လက်ပြ၍ စလိုက်မီးမှိန်သွားသည့်အခါ  စတိတ်စင်ကပ်လျှက်ပြင်ဆင်ပေးထားသည့် နားနေခန်းအဆင်း ဂျိုင်းထောက်ကိုအားပြုကာမိမိကို စူးစိုက်ကာ ပေါက်ထွက်ကြည့်နေပါသော memberNanda တစ်ယောက်က လွယ်အွေ့လေးကို အမုန်းကြီးမုန်းကာ ရှေ့တည့်တည့်လာ၍ တွန်းချဟန်ပြင်တော့ ဘာရယ်မဟုတ် ခြေတစ်လှမ်းနောက်ဆုတ်သော်လည်း စက္ကန့်ပိုင်းစာ နောက်ကျခဲ့သည်မို့ တွန်းအားနှင့်အပြိုင် ကိုယ်ဟန်ချက်ပျက်ကျပြီး ညာခြေချင်းဝတ်လေး လည်ကာ ပစ်ချသွားသည့် အခြေအနေအား အခန်းတွင်းရှိလူအချို့ ကြောင်, အ နေခဲ့ကြသည်။
" နင်.....နင်မကောင်းဆိုးရွားကောင် ၊ နင်ကို တစ်သက်မကျေဘူး....ငါဘဝကိုစုတ်ပျက်သတ်စေတဲ့ ဒုက္ခိတကောင်ကြောင့် ငါ ခုလိုဖြစ်ရတာ...နင်သိရဲ့လား....ဝုန်းးးးးးး!!!!"
စင်ပေါ်ကဆင်းလာသော ဗန်လွယ်အွေ့အနီးရုတ်တရက်ပေါ်လာသော လူတစ်ယောက်က တွန်းချခံလိုက်ရသည့်အခိုက် ထွက်ပေါ်လာသော အစ်မတစ်ယောက်ရဲ့ဟစ်အော်သံအဆုံး ဖိကျိတ်ခံလိုက်ရသည့် ထိခိုက်ခဲ့ဖူးသော ခြေထောက်လေးရဲ့နာကျင်မူက မျက်ရည်ကျမိသည်အထိ ဟစ်အော်ရာမဲ့ နာကျင်လွန်းလှသည်။
ဟစ်အော်ဆဲဆိုကာ နားနေခန်းလေးဝယ် ကမ္ဘာပျက်သည့်အလား ပွက်လောရိုတ်နေသည့် Nandakyawmyint ရဲ့ ဟစ်အော်သံတွေက စင်ပေါ်ထက်တွင် ကခုန်ဖျော်ဖြေနေသည့် Dancer group ရဲ့ ဆူညံသံတွေက ဖုံးလွှမ်းနေသည်မို့ အခန်းပြင်ပမည်သူ့မှမသိကြားနိုင်ခဲ့။
ဆူညံခြင်းတွေရောယှက်ထားသော အခန်းလေးကို သီဆိုဖျော်ဖြေသူများ အနားယူရန်လုပ်ပေးထားသောကြောင့် ကိုယ်ရံတော်များစွာက ဝင်ခွင့်မရဘဲ အရှေ့မှသာ ပိတ်နေခဲ့ရသည်။ အချိန်ပြည့်နီးပါး ပြေ့ဘုန်းမာန်ကာကွယ်ပေးထားသည့်အခြေအနေအောက် ရှိနေပေမယ့် ယခုလို မမျှော်လင့်ထားသည့် အချိန်မိနစ်ပိုင်းလေးအတွင်း ကြိုတင်အကွက်ကျစီမံခြင်းတွေကို ပြေ့ဘုန်းမာန်သတိမမူမိခဲ့ပါ။
မမျှော်လင့်ထားသော ကံဆိုးမူဟူသည် ချစ်ရသူကို ကိုယ့်ကြောင့် ခေါင်းစဉ်တပ်ရောက်လာစေသလိုမျိုး......
" နင်ဘယ်လိုလုပ်လိုက်တာလဲ ...." လွယ်အွေ့လေးအနီး ဒူးထောက်ထိုင်ကာ ပွေ့ထူဖို့ကြိုးစားနေသည့် သွဲ့ပန်းချီရဲ့ မေးခွန်းတချို့ကို Member Nanadakyawmyint တစ်ယောက် နူတ်ခမ်းတဖက်ကွေးကာ လှောင်ပြောင်နေခဲ့သည်။
" တန်ရာ တန်ကြေး လာယူတာလေ..."
" နင် ဘာတွေလာပြောနေလဲ သွားစမ်း..."
" $ရူးမ နင်က တဖက်သတ်ကြိုက်နေတော့ အဲ့ဒုက္ခိတကောင်ကို မမြင်နေတာမဟုတ်လား.ဟားးးးးးးးငါကို သူလိုခြေတဖက်ကျိုးအောင် ဘယ်သူလုပ်တယ်ထင်လဲ ?...ဟမ် "
" မသိချင်ဘူး ..ငါတို့ရှေ့ကဖယ်စမ်း......."
" မမလေး သွားရအောင်ပါ....." Nandaနောက်ပါးဆီက ထွက်ပေါ်လာသော ကိုယ်ပိုင်ဝန်ထမ်းတချို့ကြောင့် အနားဝယ်မယုံကြည်နိုင်အောင် ဘာကိုမှမတွေးနိုင်ပဲ တုန်လူပ်နေသည့် ဗန်လွယ်အွေ့လေးကို တားဆီးနေတဲ့ကြားက Nanda တစိယောက် လွယ်အွေ့လေးအနီးရှိ ပစည်းတချိူ့ကို လက်ဖြင့်ဆွဲချနေသည့်  ...ဗုန်း! ခနဲပြုတ်ကျသံနှင့်အတူ .ငယ်လေး-! ဆိုတဲ့ ကျယ်လောင်သံနှစ်ခုတို့က တပြိုက်နက်ထွက်ပေါ်လာခဲ့သည်။
နားနေဆောင်အခန်းလေးပြင်ဘက်က ဝုန်း~~ခနဲလဲကြသံတို့ကြောင့် တံခါးအတင်းဖွင့်ကာ ရောက်ရောက်လာသည့် ကိုဇေယျာနဲ့လူအများက စင်မြင့်အနီးအခန်းထောင့်လေးဝယ် ခွေခေါက်လဲကျနေပါသော အစ်ကိုလေးအားမြင်မြင်ချင်း ဦးခေါင်းမိုးကြိုးပစ်သည့်နှယ် ထိန်လန့်တုန်လူပ်ခဲ့သည်မှာ ဖော်ပြစရာစကားမရှိခဲ့။
*အစ်ကိုလေး ပြသနာရှာခံနေရတယ်! ဆိုတဲ့ အသိပေးလာသော မျိုးကိုရဲ့ အချက်ပေးစကားတို့အပြီး ခက်ထန်တည်တင်းပြီး မတ်တပ်ရပ်ကာ စင်မြင့်နောက်က နားနေခန်းနေရာလေးဆီ ခြေလှမ်းကျယ်တို့ဖြင့် သွားနေပါသော CEO ပြေ့ဘုန်းမာန်ရဲ့ မျက်နှာတည်တင်းမူကိုကြည့်ပြီး ပြသနာတစ်စုံတရာ ဖြစ်နေပြီဟု တချို့က သုံးသပ်ကာ စင်နောက်နေရာဆီကိုသာ မျှော်နေသော သတင်းအချက်အလက်များ။
" အာ့..." မိန်းမတစ်ယောက်ရဲ့ အငြိုးမာန်တို့ရဲ့အင်အားတို့ပေါင်းစပ်ကာ လဲကျနေသော ဗန်လွယ်အွေ့ခြေထောက်အနီးပြုတ်ကျလာသည့်ပစည်းအချို့ကို လက်ကလေးဖြင့် ကာ၍ တားစီးနေသည့် အခိုက် ရုတ်တရက်ပြေးလာ၍ မြေပြင်ပေါ်လဲကျသာ လွယ်အွေ့ကို သိုင်းဖက်လိုက်သည့် ရင်းနှီးသော ကိုယ်သင်းရနံ့တို့ကြောင့် ဝမ်းနည်းမျက်ရည်များထဲက မော့အကြည့် အေးစက်ခက်ထန်နေပြီး ဂျိုင်းထောက်လေးအားပြုနေရသည့်သည့် တစ်ဖက်ကို တုန်ရီစွာ ဆုပ်ကိုင်ထားပြီး တူန်လူပ်ခြောက်ခြားနေသည့် Nandakyawmyint နဲ့ ဝန်ထမ်းတချို့က ကြောက်ဒူးတုန်နေကြသေးသည်။
"ငယ်လေး! "
ဒုန်းးးးတံခါးဖွင့်သံနှင့်အတူ ရောက်လာကြသော CEO ပြေ့ဘုန်းမာန်နှင့်ကိုယ်ရံတော်များအပါအဝင် May Entertainment ရဲ့ MD စုံတွဲပါ လိုက်ပါလာသောကြောင့် နားနေခန်းရှိ Nandakyawmyint လူယုံတချို့ ကြောက်ဒူးတုန်ကာ ခေါင်းငုံ့နေခဲ့သည်။
" ဘယ်နားထိခိုက်သွား လဲ ဟင်၊ ပြော ဘယ်နားနာသေးလဲ ...ကလေးရယ်...အကုန်လုံးကို သတ်ပစ်မယ် ! "
ထိခိုက်ထားဖူးသော ညာခြေထောက်လေးကိုမှ ထပ်မံထိခိုက်မိသောကြောင့် ကလေးငယ် ဖိကိုင်ထားသော ညာခြေချင်းဝတ်အထက်နားက သွေးထွက်ဒဏ်ရာရှိရာလေးကိုကြည့်ပြီး ဒေါသတို့က တားဆီးမရခဲ့ ။
ဘေးနားအရံသင့်ရှိနေသောကိုဇေယျာဆီ ကလေးငယ်ကို လွှဲပေးခဲ့ပြီး ဒေါသစိတ်တို့ကြောင့်နီရဲနေတဲ့ မျက်ဝန်းတွေနှင့်အတူ ကြောက်ဒူးတုန်ကာ ဂျိုင်းထောက်ကလေးကို ဖိကိုင်ထားသည့် Nandakyawmyint ထံအပြေးလေးသွားကာ လည်ပင်းနေရာကနေ ဆုပ်ကိုင်ပြီး နံရံဆီသို့ ဖိတွန်းလိုက်သည်။
" မင်းဘာလုပ်လိုက်တာလဲ ဟမ်! ငါ့ဒေါသကို အတော်စွနိုင်တဲ့ မိန်းမယုတ်ပဲ ....."
အ့.....အစ်.....အစ် .....
တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသော လည်ပင်းကြောင့်စကားတို့က ထွက်မလာခဲ့ ။ လက်တစ်ဖြင့်ဖိခံထားရသည့်လည်ပင်းလေးကို လွှတိပေးရန် ရိုတ်ပုတ်ကာ တောင်းပန်နေမိသည်။
" ....တောင်း..ပန်...အ့....အစ်.....ပါ....တယ် ....."
" ဘာက်ုလဲ ....ဘာလို့ ငါ့ကလေးကိုမှ မင်းအငြိုးထားနေလဲ .....အရှင်မထားဘူး...! ..."
" ကိုကို....."
ပြေ့ဘုန်းမာန်ရဲ့လုပ်ရပ်တချိူ့ကို မှင်သက်မိကာစွံ့အ နေသည့်သော်စစ်ပိုင်နှင့် ကိုယ်ရံတော်တချို့က လွယ်အွေ့လေးရဲ့ အော်ခေါ်သံအဆုံး....။
" ဟိတ်ကောင်.....မာန်ကြီး...လွှတ်လိုက်....သေ ...သေသွားလိမ့်မယ် "
" သူဌေး....ကျွန်တော်တို့ရှင်းလိုက်ပါ့မယ်...."
ပြေ့ဘုန်းမာန် ဆုပ်ကိုင်ထားခြင်းခံနေရတဲ့ Nandakyawmyint တစ်ယောက် အသက်ရူဖို့ ခက်ခဲလွန်းနေပြီမို့ မိမိအသိစိတ်ကိုလွှတ်ချရန် မျက်ဝန်းအမှိတ် ....
" လွတ်လိုက် မာန်ကြီး.....သူ သေသွားရင် မင်းဒုက္ခရောက်မှာလေ....ငါ...ငါ အကုန်ရှင်းပေးမယ်...မင်းဖြစ်ချင်တာအကုန်ပြော....လွတ်လိုက်ပါသားကြီးရာ...."
" အင့်....ကိုကို့ ! "
" ငယ်လေး......! "
ဝုန်း~ ခနဲ ပစ်ချခံရတဲ့ ထောင့်တစ်နေရာက အသက်ကိုခက်ခက်ခဲခဲရူသွင်းနေတဲ့ Nandakyawmyint ကို စူးစိုက်စွာ သွဲ့ပန်းချီတစ်ယောက်ကြာင်နေမိသည်။ လုံခြုံရေးယူထားကြသူများက Nandakyawmyint ကို တရားခံဖမ်းသနည်း ဝိုင်းထားသည့် အခြေအနေမို့ သွဲ့ပန်းချ အခြေအနေကို နားမလည်နိုင်ခဲ့ပါ။
ရုတ်တရက်ဖြစ်သွားသည့်အခြေအနေများ....
" ကိုကို့...."
ကိုဇေယျာဆီမှာ ကလေးငယ်ကို ဒူးအောက်လက်သွင်းပြီးမင်းသမီးချီသနည်း ပွေ့ချီကာ အနီးစပ်ဆုံး ဆေးရုံဆီသို့..။
Driver ကိုဇော်မှ နားနေခန်းအနီးထိ လုံခြုံအပြည့်ယူကာ မောင်းချလာသည့်အခါမျိုးကိုက်ု့ မှာစရာအနည်းငယ်မှာပြီး ထိခိုက်မိထားသော ညာခြေထောက်လေးအား မရဲတရဲကိုင်ကာ ပြေ့ဘုန်းမာန် လက်တို့မှတုန်ရီနေခဲ့သည်။
" ကိုကိုကြောင့်ပါ....ကိုကို ဂရုစိုက်ပေးနိုင်လိုက်ဘူး....တောင်းပန်ပါတယ်...ကိုကိုတောင်းပန်ပါတယ်"
" ဟင်းအင်း....ကိုကို့မငိုပါနဲ့ ..."ပြေ့ဘုန်းမာန်ပေါင်ပေါ်ပွေ့တင်လျှက်သား ကလေးငယ်ကို သနားလွန်းလို့ ဒေါသမျက်ရည်တချို့ကို ကလေးငယ်က လက်ခုံလေးဖြင့် သုတ်ပေးပြီး ရင်ခွင်တွင်းဝင်၍ ညာခြေထောက်လေးရဲ့ထိခိုက်နာကျင်မူကို သိုဝှက်ထားပြန်သေးသည်။
အရေးပေါ်မောင်းလာရာ ကားလမ်းတစ်လျှောက် ဘယ်သူမှမမောင်းဖူးသော အရှိန်နူန်းဖြင့်နီးစပ်ရာ Para Hospital ကြီးရဲ့ စင်ဝင်အောက်ထိုးရပ်ပြီး Driver ကိုဇော်တစ်ယောက်အရေးပေါ်ဟုအော်နေပြန်သည်။ အဖြူရောင် duty coat ဝင်ဆင်ထားသော ဆရာဝန်အချို့နှင့် နာစ့်များက တွန်းစင်ကိုယူကာ ကားအနီးချသည်မို့ ပြေ့ဘုန်းမာန်ပွေ့ပိုက်ထားသော ကလေးငယ်ကို စင်ပေါ်တင်ကာ ကုသရာနေရာဆီသို့အပြေးလေးလိုက်ပါလာခဲ့မိသည်။ ပြေ့ဘုန်းမာန်ကို သိသူအချို့ကနူတ်ဆက်မူကို ပြန်လည်စကားမပြောနိုင်ပဲ အရေးပေါ်ကုသရာ နေရာလေးရှေ့မှာ တုန်ရီစွာစောင့်နေမိသည်။
သိပ်မကြာခင်ရောက်လာကြသောကိုယ်ရံတော်များနှင့် မျိုးကိုတို့အား လက်သီးပြင်းပြင်းတစ်ချက်ကြွေးနေသည့် ပြေ့ဘုန်းမာန်၏ ဒေါကမည်မျှထွက်နေသည်ဆိုတာ အရေးပေါ်ခန်းလေးရေးက လက်လေးနောက်ပစ်ကာ ခေါင်းငုံ့ရပ်တည်နေပါသော ပြေ့ဘုန်မာန်လူတွေသာသိနားလည်နိုင်မည်မဟုတ်ပါ့လား။
သိပ်မကြာခင်ဓါတ်မှန်တစ်ချက်ကိုကိုင်ကာ ထိခိုက်ခဲ့သော နေရာလေးအား လက်ဖြင့်ထောက်ပြလာသော ဒုတိယဆေရုံအုပ် အရိုးအကြောပါရဂူ ဒေါက်တာတင်မောင်ထွန်း။
" ကလေးက အရင်ကထိခိုက်ထားဖူးတယ်ထင်တယ် လောလောဆယ် ထပ်မံခွဲစိတ်ဖို့ ဆရာတို့သေချာဆွေးနွေးရပါ့မယ်၊ ဒုတိယအကြိမ်ခွဲစိတ်မှာဆိုတော့ ကလေးက နာကျင်မူကိုသေချာခံစားရမယ် နောက်ပြီးအချိန်အတော်ကြာလည်း လေ့ကျင့်ခန်းပြန်လုပ်ပြီး အနားယူရပါ့မယ် CEO "
" ဟုတ်ကဲ့ပါ ဒေါက်တာ ..ခု ကျွန်တော်ကလေးသက်သာရဲ့လား .."
" ဓါတ်မှန်ကြည့်လိုက်တော့ အရင်ကထိခိုက်မူကြောင့် အရိုးပိုင်း အထိနာသွားတယ် ၊ အနာရှိန်တွေကိုတော့ ဆေးတစ်လုံးထိုးပေးထားပါတယ်CEO ၊ ဆေးရှိန်ကြောင့်  ခဏအိပ်စက်ပါ့လိမ့်မယ် CEO "
" ဟုတ်ကဲ့ပါ ဒေါက်တာ ...ကျေးဇူးတင်ပါတယ် "
" ရပါတယ်ဗျာ...."
" ကလေးကို တွေ့လို့ရပြီလား ဒေါက်တာ.."
" VIP နားနေခန်းမှာ ရှိနေပါတယ် CEO "
ဒုတိယဆေးရုံအုပ်အရိုးအကြောပါရဂူ တင်မောင်ထွန်းကိုယ်တိုင် ကုသပေးနေရသည့် အရာရှိဟောင်းဦးဘုန်းမောင်၏ သား,သားမက်ကို တစ်ခါသိကျွမ်းသူပီပီကိုယ်တိုင်စီမံကွပ်ကဲကာ ကုသပေးနေရသည်။ လက်ထောက်ဆရာဝန်များစွာဖြင့် Mann Group ရဲ့အမျိုးသား၊ Two brothers construction ရဲ့သားသမက်ကို ကုသရာတွင်အမှားအယွင်းမဖြစ်ရအောင် ဒုတိယဆေးရုံအုပ်ကိုယ်တိုင် ကိုင်တွယ်နေရသည့် ယနေ့ရောက်လာသည့် VVIP Patient အတွက် များမကြာမှီရက်အတွင်း ဩဇီရောက်နေသော ဆေးရုံအုပ်အပါအဝင် အရိုးအကြောကျွမ်းကျင်သော အနောက်တိုင်းကပါရဂူပါ ရောက်လာကြမည်ဖြစ်သည်။
အခြေအနေအရပ်ရပ်ကို နားလည်စွာဖြင့် ပြည်ပက အရိုးအကြောပါရဂူတွေကိုဖိတ်ခေါ်ပြီး ကလေးငယ်အား ခွဲစိတ်စေမည်။ ညတွင်းချင်း ဆေးရုံကိုရောက်လာပါသောအစ်ကိုဖြစ်သူ ဘုန်းမြတ်ဟန်က ဘုန်းမာန်ကိုဒေါသတကြီး ထိုးကြိတ်ကာ ဆုံးမသေး၏။ ကိုယ်တွေရှိနေပါလျှက် ခုလိုဖြစ်ရခြင်းဆိုတဲ့ နောင်တတရားတို့က ပြေ့ဘုန်းမာန်ရင်ထဲ မီးဆနဲ့ထိုးသလို ပူလောင်ရပြီး ဆေးအရှိန်ဖြင့် မှေးအိပ်နေသည့်ကလေးငယ် ကိုသနားလွန်းလို့ အစ်ကိုဖြစ်သူရဲ့စကားတွေကို ခေါင်းငုံ့ကာနူတ်ဆိတ်နေမိသည်။
" သမီးငယ်ရှိနေလို့ ငါ ညအိပ်မရဘူး ...မနက်ဖန်မှ တစ်ခါထပ်လာခဲ့မယ် ...မင်းကိုခွင့်မလွတ်ဘူးဘုန်းမာန် "
တောက်~~~~~တစ်ချက်ခေါက်ကာအခန်းပြင်ထွက်သွားပါသော အစ်ကိုဖြစ်သူအား နူတ်မဆက်အား ဆေးရုံကုတင်လေးပေါ်ဝယ် ထိခိုက်မူကိုယာယီသက်သာစေရန် ကုသပေးလိုက်သော ပတ်တီးဖြူလေးအားကြည့်ပြီး ပြေ့ဘုန်းမာန် နာကျင်ခဲ့ရပြီ။ ကိုယ့်ကြောင့်ဖြစ်ရတဲ့ ကလေးငယ်နာကျင်မူ တွေကို ဘယ်လိုပေးဆပ်လို့ ကုန်နိုင်ပါ့မလဲ ။ အချိန်အတော်ကြာမြင့်သည်အထိပြေ့ဘုန်းမာန် အနားမယူနိုင်ပဲ ကလေးငယ်လက်ကလေးကိုင်ကာ နောင်တမျက်ရည်တို့ဖြင့် ကျေကွဲနေမိခြင်း။
"ကိုကို့တောင်းပန်ပါတယ် ...ကိုယ်ကာကွယ်မပေးနိုင်ခဲ့ဘူး ကလေးရာ..."
ကလေးငယ်လက်လေးကိုင်ကာ တချိန်လုံးနီးပါး စောင့်နေမိသည့် ကလေးငယ်နိုးထလာမည့်အချိန်လေး ...။
" အင့်....ကိုကို "
ခြေထောက်လေးရဲ့ တင်းကြပ်သောနာကျင်မူကြောင့် ခန္ဓာကိုယ်က လှည့်မရ အပေါ်ကိုမော့ကြည့်တော့ VIP ဆေးရုံအခန်းတစ်ခုလိုဖြစ်နေပြီး မိမိလက်ကလေးကို ဆုပ်ကိုင်ကာ ကိုယ့်ကိုသာ ငေးနေသော ချစ်ရသူကြီး ဘယ်လောက်များ စိတ်ပင်ပမ်းနေမယ်ဆိုတာ ကိုကို့မျက်နှာလေးကို ငေးကြည့်ရင်း နာကျင်ခြင်းဖြင့်နိုးထရသည့် အချိန်ခါ အချိန်မည်မျှရှိနေပြီမသိ ဝမ်းဗိုက်၏ ထိမ်းမရသော ဆာလောင်မူအချို့ကြောင့် နိုးထလာရသည့် ဗန်လွယ်အွေ့လေး။
" ကိုကို....."
" ငယ်လေး.....သက်သာလား ..ဘယ်နာနာသေးလဲ ? ကလေး..."
" ကိုကို...."
" အင်း ကိုကိုရှိတယ် ကလေး....ဘယ်နားနားနေလဲဟင် ၊ နေရအဆင်ပြေလား ? "
" ကိုကို့....သားဗိုက်ဆာတယ် ...."
" ဗိုက်ဆာတယ် ...ဟုတ်ပြီ ဘာစားမလဲ ကလေး....ဘာစားချင်လဲဟင် ...မဟုတ်ဘူး ကိုကိုဆရာဝန်ကိုမေးလိုက်မယ် ကိုယ့်ကလေးဘာစားလို့ရလဲဆိုတာ...."
လွယ်အွေ့လက်ကလေးကိုဆုပ်ကိုင်ပြီးပြာပြာသလဲ ထပြေးတော့မလို သောကစိတ်တွေဖြင့် ဗြာများနေသော ကိုကိုကို့ကြည့်ပြီး ရယ်ချင်စိတ်ကထိမ်းမရ ။
" ကိုက်ု့ကလည်း ကျွန်တော်က ခြေထောက်ဖြစ်တာလေ ဘာနေနေစားရပါတယ်ဆို ..."
" အဲလိုလည်းမဟုတ်သေးဘူးလေ...နေအုံး ကိုကို Doctors ကိုခေါ်လိုက်မယ်"
လွယ်အွေ့လေးမှေးဆက်နေတဲ့ ကုတင်ခေါင်းရင်းရှိ အနီရောင်ခလုတ်လေးနှိပ်မိတော့ ခဏအကြာ ဒုဆေးရုံအုပ်အပါအဝင်ဆရာဝန်များစွာဝင်ရောက်လာပြီး CEO ပြေ့ဘုန်းမာန်ကို ဒုဆေးရုံအုပ်က နူတ်ခွန်းဆက်စကားပြောပြီး လွယ်အွေ့လေးအား မေးခွန်းနေမိသည်။
" ဘယ်လိုခံစားလဲ သား "
" ဟုတ် သက်သာပါတယ် Doctor "
" ခြေထောက်က ထိခိုက်မိတဲ့ဒဏ်ရာဟောင်းကို ထပ်ထိတာမို့ အချိန်ယူပြီး ကုသရမယ်သား...ခုလောလောဆယ် အနားယူပြီး ကျန်းမာတဲ့အစားအသောက်တွေ စားလို့ရပါတယ်နော် "
" သားခြေထောက်က ပြန်.....ခွဲစိတ်ရမှာလားဟင် Doctor "
မထင်မှတ်ထားသော ကလေးငယ်ရဲ့အမေးစကားကြောင့် ပါရဂူက ပြေ့ဘုန်းမာန်ဘက်ကြည့်လိုက်တော့....
" ကလေးက အပူအစပ်တို့ ငါးပေါင်းတို့ကြိုက်တာ Doctor အဲ့တာ ကလေးနဲ့တည့်/မတည့် .."
" အဆင်ပြေပါတယ် CEO ၊ ခဏနေ သွေးပေါင်တိုင်းတာမယ့် လက်ထောက်ဆရာဝန်လာကြည့်ပါလိမ့်မယ် "
" ကျေးဇူးပါ Doctor "
ကိုကိုပြေ့ဘုန်းမာန်ကိုနူတ်ဆက်ပြီး ထွက်သွားပါသော ဆရာဝန်က မိမိမေးသော မေးခွန်းအားတိကျစွာဖြောကြားခြင်းမရှိပဲ တခြားအကြောင်းအရာတို့ကိုသာ ပြောသွားကြောင့်မိမိခြေထောက်နဲ့ပတ်သတ်ပြီး ကြောက်လန့်နေမိတာ အမှန်။
" ကိုကို....ကျွန်တော့်ခြေထောက်က မပြေတော့ဘူးလားဟင် ...."
" ဘာလို့ အဲလိုထင်ရတာလဲ ငယ်လေးရာ....ဟင်....ဘာလို့မပြေရမှာလဲ ကလေးရဲ့  "
" ဆရာက ကျွန်တော့်အမေးကိုသေချာပြန်မဖြေသွားဘူး ကိုကို ...ကျွန်တော်သိတယ် အဆင်မပြေလို့မဟုတ်လားဟင် "
" မဟုတ်တာပါ ကလေးငယ်ရယ်....ကိုကို့ ကိုယုံပေးနော် ကလေးငယ် ထင်နေသလိုမျိုး မဟုတ်ဘုးဆိုတာ သက်သေပြပေးမှာပါ အချစ်ရယ်.....ကိုကိုပြောတာနားထောင်ပေး..."
" ဟုတ်..."
" ခုတော့မဟုတ်သေးဘူး..ကိုယ့်အချစ်ခြေထောက်က ပြန်လည်ခွဲစိတ်ရမယ် ဒီနိုင်ငံက အရိုးအကြောပါရဂူတွေနဲ့ ပြည်ပက အရိုးအကြောအထူးကုဆရာဝန်ကြီးတွေ ပေါင်းစပ်ပြီး ကိုယ့်ကလေးကို ခွဲစိတ်ကြမှာမို့ ကလေး စိတ်ထဲ ဘာမှတွေးကြောက်နေစရာမလိုဘူးနော် ...ကိုကို့ကိုယုံကြည်ပေး...အကောင်းဆုံးဆိုတဲ့ အရိုးအကြောပါရဂူတွေကို ဖိတ်ထားတယ် ခုလောလောဆယ် ကိုယ့်ကလေးက ဆေးရုံမှာအနားယူပြီး အစားအချိန်မှန်စားရမယ် အိပ်ရေးဝဝအိပ်ရမယ်နော် ..အချစ်ဘေးမှာ ကိုကို့လဲ ရှိနေပေးနေမှာ ...."
" ဟုတ်ကဲ့ပါ....မိဝေတို့သိပြီလားဟင် ..."
" မနက်မှပဲ က်ိုယ် ဇေယျာကို ဆက်သွယ်ခိုင်းပြီး ခေါ်ခိုင်းလိုက်မယ်ကလေး...."
" ဟုတ်..."
ဝမ်းနည်းစိတ်တွေလေးကြောင့် တိမ်ဝင်သွားတဲ့ ချစ်ရပါသောလေးရဲ့ နာကျင်မူအချို့ကို ခံစားသိနားလည်သိအတိုင်း ကုတင်လေးပေါ်မှေးစက်နေတဲ့ကလေးငယ် ကိုယ်လေးကို ထူမပေးရင်း ရင်ခွင်ထဲထည့်၍ ပွေ့ဖက်ချော့မြူနေမိသည်။
တင်းကြပ်စွာ စည်းနှောင်ခံထားရသော ညာခြေထောက်လေးရဲ့နာကျင်မူကလည်း အတိုင်းအဆမဲ့ ။ လူပ်ရှားမိတိုင်းအသည်းခိုက်မတက်နာကျင်ရသည်မို့ .....။
" ကိုယ့်ကလေးလေး ဝမ်းနည်းနေတာ သိပါတယ်....ကိုကိုတောင်းပန်စရာ စကားလုံးတွေလည်း ရှာမတွေ့တော့ပါဘူး အချစ်ရယ်...ခု ကလေးခံစားနေရတဲ့နာကျင်ခြင်းကို ထပ်တူခံစားကျေကွဲနေမိတာပါငယ်လေးရယ်....ကိုကို့ကြောင့်သာ မဟုတ်ခဲ့ရင် ကလေးလည်း ခုလ်ု နာကျင်ရမှာမဟုတ်ဘူး...တောင်းပန်စကားတွေလည်း ပြောမထွက်တော့ဘူး ကလေးရယ်....ကိုကို့သိပ်ချစ်ရတဲ့ ကလေးမှ ခုလိုထိခိုက်နာကျင်ရတာ ရင်နာမဆုံးဘူး "
" ဟင်းအင်း...ကိုကိုကြောင့်မဟုတ်ဘူး.....ကိုကို့အဲလိုမတွေးပါနဲ့ ..."
" တောင်းပန်ပါတယ် အချစ်ရယ်....ကိုကို့များကြီး တောင်းပန်ပါတယ် "
" ဟင်းအင်း.....မဟုတ်ဘူး ...."
" အင်းပါ ငယ်လေးလည်း ဝမ်းမနည်းနဲ့တော့ ဖြစ်လာသမျှအကောင်းလို့သတ်မှတ်ပြီး ကိုယ်တို့အကောင်းဆုံး ဖြတ်ကျော်ကြမယ်ဟုတ်ပလား ....အချစ်ဘေးမှာ ကိုကို့အမြဲရှိနေမှာနော် ....."
" ကိုကို...."
" ဗျ...ပြောလေ အချစ်..."
" ရေအိမ်သွားချင်တယ် ....."
" သိပ်ရတာပေါ့ ...ကိုယ်တို့ကလင်ခင်ပွန်းတွေမို့ မရှက်ရဘူးနော်...."
#မမ အတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Take care all
Zawgyi
သူက ဘာလဲ !
ဘာအတွက်လဲ !
" ကိုဇေယျာ...."
(  လေသင့်ရာက ကြိုင်လိုင်သင်းပျံလိုနေ....ခူးဆွတ်မယ့်လက်တို့စီရီနေ....)
( ချစ်မိသူစိုးထိတ်လေ စိုးထိတ်သူ ချစ်သမျှရယ် နိုင်းယှဉ်ကာ စာစီမရနိုင်ဘူး ......
.
.
.
" ကိုခင်ဇော်......"
" ဟုတ်ကဲ့ပါ သူဌေး "
" မမလေး သွားရအောင်ပါ....." Nandaနောက်ပါးဆီက ထွက်ပေါ်လာသော ကိုယ်ပိုင်ဝန်ထမ်းတချို့ကြောင့် အနားဝယ်မယုံကြည်နိုင်အောင် ဘာကိုမှမတွေးနိုင်ပဲ တုန်လူပ်နေသည့် ဗန်လွယ်အွေ့လေးကို တားဆီးနေတဲ့ကြားက Nanda တစိယောက် လွယ်အွေ့လေးအနီးရှိ ပစည်းတချို့ကို လက်ဖြင့်ဆွဲချနေသည့် ...ဗုန်း! ခနဲပြုတ်ကျသံနှင့်အတူ .ငယ်လေး-! ဆိုတဲ့ ကျယ်လောင်သံနှစ်ခုတို့က တပြိုက်နက်ထွက်ပေါ်လာခဲ့သည်။
"ငယ်လေး! "
အ့.....အစ်.....အစ် .....
" ....တောင်း..ပန်...အ့....အစ်.....ပါ....တယ် ....."
" ဘာကျုလဲ ....ဘာလို့ ငါ့ကလေးကိုမှ မင်းအငြိုးထားနေလဲ .....အရှင်မထားဘူး...! ..."
" ကိုကို....."
ပြေ့ဘုန်းမာန်ရဲ့လုပ်ရပ်တချို့ကို မှင်သက်မိကာစွံ့အ နေသည့်သော်စစ်ပိုင်နှင့် ကိုယ်ရံတော်တချို့က လွယ်အွေ့လေးရဲ့ အော်ခေါ်သံအဆုံး....။
" အင့်....ကိုကို့ ! "
" ငယ်လေး......! "
" ကိုကို့...."
" ရပါတယ်ဗျာ...."
" အင့်....ကိုကို "
" ကိုကို....."
" ကိုကို...."
" ကိုကျု့ကလညျး ကျွန်တော်က ခြေထောက်ဖြစ်တာလေ ဘာနေနေစားရပါတယ်ဆို ..."
" ဘယ်လိုခံစားလဲ သား "
" ကျေးဇူးပါ Doctor "
" ဟုတ်..."
" မနက်မှပဲ ကျိုယျ ဇေယျာကို ဆက်သွယ်ခိုင်းပြီး ခေါ်ခိုင်းလိုက်မယ်ကလေး...."
" ဟုတ်..."
" ကိုယ့်ကလေးလေး ဝမ်းနည်းနေတာ သိပါတယ်....ကိုကိုတောင်းပန်စရာ စကားလုံးတွေလည်း ရှာမတွေ့တော့ပါဘူး အချစ်ရယ်...ခု ကလေးခံစားနေရတဲ့နာကျင်ခြင်းကို ထပ်တူခံစားကျေကွဲနေမိတာပါငယ်လေးရယ်....ကိုကို့ကြောင့်သာ မဟုတ်ခဲ့ရင် ကလေးလည်း ခုလျု နာကျင်ရမှာမဟုတ်ဘူး...တောင်းပန်စကားတွေလည်း ပြောမထွက်တော့ဘူး ကလေးရယ်....ကိုကို့သိပ်ချစ်ရတဲ့ ကလေးမှ ခုလိုထိခိုက်နာကျင်ရတာ ရင်နာမဆုံးဘူး "
" ဟင်းအင်း.....မဟုတ်ဘူး ...."
" ကိုကို...."
" ဗျ...ပြောလေ အချစ်..."
" ရေအိမ်သွားချင်တယ် ....."
#Take care all
Continue Reading
You'll Also Like
142K 5.7K 21
(Book 3) Lukas hates being the runt of the pack. His brothers always take advantage of him when all he wants is to feel like a part of the family. H...
6.1K 72 12
The pyramid head wants something new that is beside punshiment and killing(she still likes killing) of torture her victim, she want to travel the wor...
97K 5.4K 35
124K 246 91
Erotic shots