တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ

By maiyuri18

465K 30.6K 2.3K

သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final

အပိုင်း(၄၅)

5.9K 417 47
By maiyuri18


ကလေးငယ် ပါဝင်အားဖြည့်သီဆိုပေးထားသော အဆိုတော်သွဲ့ပန်းချီရဲ့ solo album က မျှော်လင့်တာထက်ပို၍ အောင်မြင်ခဲ့သည့်မို့ သက်ဆိုင်ရာ entertainment ပိုင်းက ဝန်ထမ်းများနှင့်အတူ အဆိုတော်သွဲ့ပန်းချီပါ အံ့ဩယူရသည့်အဖြစ် ။ Online မှတဆင့် အချိန်နဲ့တပြေးညီ အောင်မြင်မူကိုလက်ခံရရှိနေသည့် May entertainment ရဲ့ ဝန်ထမ်းများမှာလည်း အလုပ်ပိုရူပ်ရသည့် ပြန်လည်ဖြေကြားခြင်းကိုပါ ဆက်လက်လုပ်ကိုင်နေရပြန်သည်။ အဆိုတော်သွဲ့ပန်းချီရဲ့ solo album ကို လက်မှတ်ထိုးပွဲကအစ နောက်ဆုံးအပိတ်သီချင်းအဖြစ် ပါဝင်အားဖြည့်သီဆိုပေးထားသော တက်သစ်စအဆိုတော်လေးအကြောင်းလည်း မေးခွန်းမပြတ်ခဲ့ပါ။

သွဲ့ပန်းချီရဲ့ ကိုယ်ပိုင် page မှလည်း လာရောက်မေးမြန်းကြသည့် မေးခွန်းတို့ကလည်းထပ်တူညီစွာ။ တချို့က မြောက်ဥက္ကလာစင်တင်မှ မိမိအားပေးခဲ့ရပါသော ဗန်လွယ်အွေ့လေးဖြစ်ကြောင်း ပုရိသတ်အချင်းချင်း ဖြေကြားနေပြန်သေးသည်။ တချို့က အဖြစ်မှန်ကိုသိသည့် ခြေမသန်သည့်ကိစ္စကိုပါ ရေးကြီးခွင်ကျယ် ဝေဖန်ကဲ့ရဲ့သံတွေကို လက်မခံနိုင်စွာ negative comments များလည်းရှိနေခဲ့သည်။

May Entertainment ရဲ့ page အောက်မှ ကလေးငယ်အမည်ကိုစပ်စုလိုသော မေးခွန်များအပြင် မလိုလားအပ်သည့် တချို့သော negative comments တွေကို မျက်မှောင်ကျုံ့ကာ စူးစိုက်ကြည့်နေပါသော CEO ပြေ့ဘုန်းမာန်ရဲ့ခက်ထန်သောမျက်ဝန်းများက အေးစက်ပြီး ရက်စက်မည့်အသွင်။

တချို့ဆိုးဝါးလွန်းသော ဝေဖန်နေကြတဲ့ comments တွေကို ဖျက်ချနေသည့် company ရဲ့ cyber ပိုင်းကတာဝန်ရှိသူများက founder အမိန့်အရ ချက်ချင်း ဖျက်ချနေသည်။ Cyber team တစ်ခုလုံးအနားမရစွာ မည်သည့် negative feedback ကိုမှ မလိုချင်ဘူးဆိုတဲ့ အထက်အမိန့်အရ ဆောင်ရွက်နေမိခြင်းအပြင် negative feedback ပေးသူတိုင်းရဲ့ profile အထိပါ ဝင်ရောက်သည်အထိ လုပ်ဆောင်နေရသည်။

" Boss ....."

" ကိုယ့်ကလေးကို စိတ်မထိခိုက်စေချင်ဘူး....ကိုယ်ပြောတာနားလည်လား....နောက်ကွယ်ကလက်မဲတွေကို ရအောင်ဆွဲထုတ်ပြီး ဆုံးမလိုက်ပါအုံး...."

" စိတ်ချပါ Boss .." ခေါင်းငုံ့ကာ ထွက်သွားသော ကလေးငယ်ရဲ့ ကိုယ်ရံတော်အဖွဲ့ခေါင်းဆောငိဆီ တစ်ချက်လွတ်အမိန့်တစ်ခုတည်းဖြင့် ပြောသည့်စကားတိုင်းက အေးစက်ကာခက်ထန်လွန်းလှသည်။

သော်စစ်ပိုင်ချိန်းဆိုထားသော အဆင့်မြင့်restaurant & bar  တစ်ခုအတွင်းကျကျနေရာဝယ် စမတ်ကျစွာပင်ပမ်းကိုဖြေလျော့နေသော ပြေ့ဘုန်းမာန်ရဲ့ ခန္ဓာကိုယ်အချိုးအစကျစ်လစ်စွာဖြင့် နေထိုင်မူအပေါ် ဝန်းကျင်တစ်ခုလုံးက သိသာစွာစောင့်ကြည့်နေသည်ကို လျစ်လျူပြုပြီး သော်စစ်ပိုင်ဆီကိုသာတည့်တည့်စိုက်ကြည့်ပြီး ပြောဆိုနေကြစကားလုံးများဖြင့် ။

" အဆိုတော်သွဲ့ပန်းချီရဲ့ ပွဲမှာ ကိုယ့်ကလေးက သီဆိုရအုံးမှာလား သော်စစ်.."

" အေးလေ......duets song တစ်ပုဒ်တော့ ဆိုရမှာပေါ့ "

" ဖြစ်ပါ့မလား....ကလေးက လူအများထဲ ..."

" မြောက်ဥက္ကလာမှာ ဆိုဖူးပါတယ်ဟ....သူ့လက်ရှိအမှန်တရားကိုလက်ခံထားလို့ idol life ကိုသူကိုယ်တိုင်ရွေးချယ်ထားတာပါ ဘုန်းမာန်ရာ..မင်းဟာ ဖြစ်နေတာမဟုတ်သေးပါဘူး..."

" ငါစိတ်မချဘူး "

" သူ့ဘေးကရိုတ်သတ်မကုန်တဲ့ ကိုယ်ရံတော်တွေ မင်းထားပေးနေတာပဲလေ နောက်ပြီး နေရာတကာ မင်းစိတ်မချလို့ဆိုတဲ့ စကားတွေနဲ့မချုပ်နဲ့ ဘုန်းမာန်ရ.....သူလည်း လူပဲ သူ့စိတ်ကူးအတိုင်း ရွက်လွင့်ပါစေကွာ...."

" ဒါကတော့ ဒါပေါ့ကွာ...ဒါပေမယ့် ကလေးတစ်ခုခုဖြစ်ရင် အကုန်မီးတက်ရိူ့မှာနော်....မင်းတာဝန်ယူထားတာ မင်းသတိထားသာနေ..."

" ကြမ်းလှကြည့်လား ငါ့ကောင်ရ.....ချစ်မိတော့လည်း အရူးအမဲသားကြွေးသလိုပါ့ပဲလား...ဟားးးးးးးးးး"

"ဘာနေနေကွာ....ငါ့စကားအတည်ပဲ...." မော့ကာ သောက်မိသည့် ယာမကာခွက်ကလေးကို စားပွဲပေါ်စောင့်ချကာ သော်စစ်ကိုမကျေနပ်ကြောင်းပြနေမိသည်။

တဟားဟားအော်ရယ်နေတဲ့ သော်စစ်ပိုင်ကသူကိုယ်သူ လူငယ်စတိုင်ဖမ်းပြီး အိမ်သူသက်ထားမသိအောင် ကဲနေသူနှစ်ယောက်သား။ အလုပ်တွေထဲ နေရပါများရင် တစ်ခါတလေ night out ထွက်ကာ တကူးတက ဆုံဖြစ်ကြသည်။

" စောင့်ကြည့်ထား....ငါ ကြည့်ချင်လို့ ...."

ကလေးငယ်ရဲ့ အတိတ်အကြောင်းကို ခြေမသန်တဲ့ ဒုက္ခိတက နေရာယူနေတယ်ဆိုတဲ့ ပရမ်းပဒါစကားတွေ live လွင့်ပြီးပေါ်တင်တိုက်ခိုက်လာသော နန္ဒာကျော်မြင့်ဆိုတဲ့ အမျိုးသမီး ခု ဒီ club မှာရောက်နေတယ်ဆိုတဲ့ ကိုယ်ရံတော်တစ်ဦးရဲ့သတိပေးချက်ဖြင့် နဂိုထက်ခက်ထန်တဲ့အကြည့်တို့ကြောင့် သော်စစ်ပိုင်မေးမိသည်။

" ဘာဖြစ်တာလဲ...."

" ဘာမှမဖြစ်ဘူး....ငါပြန်နှင့်မယ် ..အိမ်မှာ ကလေးတစ်ယောက်တည်း ..."

" အော်...အေးပါ ငါက မိန်းမ၂ယောက်ဟ...."

ရွဲ့ကာဖြေဆိုနေတဲ့သော်စစ်စကားတွေနားထဲမဝင်ခဲ့။

အပေါ်အကျီကိုင်၍ စတိုင်ကျကျထွက်သွားပါသော အရပ်မြင့်မြင့်ဘဲကြီးနောက်ကျောကိုငေးကြည့်နေပါသော မိနိးကလေးများစွာကို ကျောခိုင်းပြီး ကိုယ်ရံတော်တစ်ယောက် ဦးဆောင်ကာ ခေါ်ထားပေးသည့် ချောင်ကျကျ ကားပါကင်တစ်နေရာဆီသို့ ။

အနက်ရောင် plants ကို စတိုင်ကျကျဝတ်ဆင်ထားတဲ့ ပြေ့ဘုန်းမာန်က လက်တစ်ဖက်ကို ဘေးအိတ်ထဲထည့်၍ ကျယ်ပြန့်သော ခြေလှမ်းတို့ဖြင့် နဂိုမူ ခက်ထန်ခြင်းကို ပို၍ပေါ်လွန်စေသည့် စူးရှသည့်မျက်ဝန်းတစ်စုံက ဝန်းကျင်တစ်ခုလုံးကို အေးစက်စေသည်။

ကားပါကင်ရဲ့ ချောင်ကျသောတစ်နေရာဝယ် ကိုယ်ရံတော်တစ်ချို့ရဲ့ထိမ်းသိမ်းခြင်းခံထားရတဲ့ ကောင်မလေးတစ်ယောက် မူးဝေအောင်သောက်ထားသော ယာမကာအရှိန်ကြောင့် ကိုယ့်ရှေ့မှပိတ်၍ ရပ်နေသည့် လူအချို့ကိုတွန်းကန်အားမရှိပဲ ချောင်လေးထဲဝယ် ငုပ်တုပ်လေးထိုင်ပြီး မနားတမ်းဆဲဆိုကာ တစ်ယောက်တည်းထားသွားခဲ့ပါသော်အပေါင်းအပါတချို့အမည်ကို မနားတမ်းရေရွတ်နေသည်။

" ဘယ်မလဲ......"

လျှာထိုးဦးထုပ်အနက်တွေဆောင်ထားသော ကိုယ်ရံတော်တစ်ချို့က ဦးညွတ်ပြပြီး ပြေ့ဘုန်းမာန်ရဲ့ လက်ခါပြမူကြောင့်မနီးမဝေးနေရာတစ်ခုမှ ကျောပေးကာ ရပ်နေကြပြန်သည်။

" မူးနေတာ boss"

"နိုးလိုက် ...."

ပြေ့ဘုန်းမာန်ရဲ့ပြောစကားပြီးချင်း နာမည်ကျော် နန္ဒကျော်မြင့်ရဲ့ မေးကနေ ဆွဲကိုင်ကာ ပါးပြင်လေးကို ခပ်ဆတ်ဆတိရိုတ်၍ အသိစိတ်ဝင်စေသည်။

" ဟိတ်......ဟိတ်....." ခပ်ကြမ်းကြမ်းလူပ်နိုးသံနှင့်အတူ ထူပူစပြုလာသော ပါးပြင်ပေါ်က အနာကြောင့် လူးလွင့်ကာ အသိစိတ်ဝင်လာခဲ့သည်။

" ဘယ်သူလဲ....အ့....." ရိုတ်ခံထိထားသော ပါးပြင်ကို လက်ကလေးကာ၍ ကိုယ့်ရှေ့မှာ ရပ်တန့်နေသော ရှည်လျားဖြောင့်မတ်လွန်းသည့် အရပ်တစ်ခု၏ ပုံရိပ်ကိုမော့ အကြည့် အံ့ဩရိပ်နဲ့အတူ ခိုလူံချင်စိတ်တို့က စိုးမ်ုးထားသောကြောင့် မိမိအား လူပ်နိုးနေသေည့် လူကိုတွန်း၍ ရှေ့ကပုံရိပ်ဆီ တွားသွားဖို့အလုပ် ဖိချေနှင်းခံရသည့် ညာဘက်ခြေချင်းဝတ်ရဲ့ ပြင်းအားတို့က ရိုးတွင်းချဉ်ဆီကွဲကျေသလို နာကျင်လွန်းလှ၏။

ရန်သူကမည်သူနည်း....မော့မကြည့်အား ဖိနှင်းခံထားရသည့် ညာဘက်ခြေထောက်လေးကိုလွတ်ပေးရန် ဟစ်အောင်နေသည်ကို တိပ်ပိတ်ခံလိုက်ရသည့် ပါးစပ်တို့ကြောင့် ဟစ်အော်သံမဲ့ ခေါင်းကိုဘယ်ညာရမ်း၍ မျက်ရည်တို့ကစီးကျလာခဲ့ရပြီ။

(ဝူးးးးးးးအားးးးးးးးးးးးးးးးး) ကျယ်လောင်ခြင်းမရှိ ပိတ်ဆို့ခံထားရသည်ခြားက တစ်စွန်းတစ်စထွက်ပေါ်လာသော ဟစ်အော်သံတို့ကို မဲ့ပြုံးလေးတစ်ချက်ပြုံးကာ ဖိထားခြင်းကို လွတ်ပေး၍ ထိုကောင်မလေးမျက်နှာကို လက်ဖြင့် ဆွဲကာ မျက်လုံးခြင်းဆုံစေသည်။

" မင်းပါးစပ်ကအမြဲထွက်နေကြဒုက္ခိတ ဆိုတဲ့ ရသ ခံစားကြည့် ...ဘယ်လိုလဲ "

"................." ခေါင်းကိုတွင်တွင်းရမ်းကာ စီးကျနေတဲ့မျက်ရည်တို့အား မသုတ်နိုင်ခဲ့၊ ဖိချေနှင်းခံရသည့် ညာခြေချင်းဝတ်လေးရဲ့နာကျင်မူကသာ ခေါင်းထဲစိုးမိုးထားမိသည်။

" ငါ ဘယ်သူလဲ မင်းသိစရာမလိုဘူး ..."

"............" မျက်ရည်တွေခြားက ဆက်တိုက်ခေါင်းညိတ်ပြနေမိသည့် နန္ဒာကျော်မြင့်။

" ပထမဆုံး သင်ခန်းစာကို ကောင်းကောင်းသင်ယူပါ ....ငါပြောတာ သဘောပေါက်ပါ " အမိန့်ဆန်ဆန်အေးစက်ခက်ထန်လှသော ပြေ့ဘုန်းမာန်ရဲ့ စကားတို့က အရှိန်အဝါရာထူးဂုဏ်ဒြပ်ကိုပြသနေသည့်အလား မော့မကြည့်ရဲခဲ့။

" အိမ်အထိလိုက်ပို့လိုက် ! ""

တစ်ခွန်းတည်းသော အမိန့်စကားကိုပြောပြီး လှည့်ထွက်သွားပါသော သူဌေးဖြစ်သူကို ခေါင်းငုံ့ကာနာခံရင်း ခြေချင်းဝတ်နာကျင်၍ အော်ငိုနေတဲ့ ကောင်မလေးနားကပ်၍ အိမ်ပြန်ပို့ဖို့လုပ်နေရသည်။

ဒုက္ခိတဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို လက်တွေ့ခံစားစေချင်သည်။

တစ်ကြိမ်တစ်ခါက မိမိကိုယ်တိုင်းထွက်ဆိုဖူးခဲ့သော ဤစကားစုလေးကို ကွယ်ရာမှပြောလျှင် မမြင်ချင်ရောင်ဆောင်ကာ လက်ခံပေးနိုင်အုံးမည်။ ယခုတော့ တစ်ကြိမ်မက နှစ်ကြိမ်မက personal acc ကနေ social media ပေါ် liveပြီး ကိုယ့်ကလေးငယ်ကိုပေါ်တင်ရွဲ့စောင်းပြောဆိုခဲ့သည့် အနှီးကောင်မလေးအား ထပ်တူညီသော ရသ ခံစားစေခဲ့ပြီ။

မိမိကိုယ်တိုင်မှားယွင်းသော်လည်း ကလေးအတွက် ဘာမဆိုပြုလုပ်မည်။

သတိပေးခြင်းသင်ခန်းစာလောက်တော့ သင်ပြချင်ရဲ့ !

" Boss ...."

" ကိုယ့်ကလေး ဘယ်မှာလဲ ...."

အနက်ရောင် Mercedes Benz ထဲဝင်ဝင်ချင်းမေးမြန်းလာသည့် ထိုစကားကိုdriver ကိုဇော်တစ်ယောက် မေးမှာကြိုသိနေသည့်အလား...။

" ကိုသာထက်တို့အိမ်မှာ ရှိနေသေးတယ် သူေဌး...."

" condo ပြန်မယ်...."

" ဟုတ်ကဲ့ပါ သူဌေး...."

သိမ့်ခနဲမောင်းထွက်သွားသော Mercedes Benz ကားနက်လေးထဲဝယ် မျက်ခုံးနှစ်ဖက်ကိုလက်ကလေးဖြင့်ဖိကာ ခေါင်းထဲတွေးစရာအချို့ဝင်လာခဲ့ပြန်သည်။

" မနက်ဖြန် ပွဲမှာကလေးငယ်အတွက် အမှားအယွင်းမရှိစေနဲ့ ကိုခင်ဇော် ...လိုအပ်တဲ့လုံးခြုံရေးပိုင်းအတွက် ဇေယျာဖြစ်ဖြစ် မျိုးကိုဖြစ်ဖြစ် ဆက်သွယ်လိုက်ပါ ....ကလေးငယ်အတွက်ပထမဆုံးတက်မည့် ပွဲမို့ ဘာအနှောင့်အယှက်မှအဖြစ်မခံနိုင်ဘူး....နောက်ပြီး စိတ်ရူပ်စရာကောင်းတဲ့ ဘယ် media ကိုမှ မေးခွန်းမမေးမခံပါနဲ့....ကလေးငယ်အတွက်အဆင်ပြေမှာမဟုတ်ဘူး...."

" စိတ်ချပါသူဌေး....စီစဉ်လိုက်ပါ့မယ်....couple suits စီစဉ်လိုက်ရမလား သူဌေး...."

" ကလေး အဆင်ပြေမယ်မထင်ဘူး...အဲ့တာကြောင့် ကလေးအတွက် freestyle လေးပဲစီစဉ်ပေးပါ ဒါပေမယ့် the same color တော့ဖြစ်ပါစေ..."

" ဟုတ်ကဲ့ပါသူဌေး....ပွဲတက်ဖို့ ...."

" မလိုဘူး...ကိုယ့်ကလေးရှိတယ်..."

" ဟုတ်ကဲ့ပါသူဌေး..."

မနက်ဖန်အတွက်စီစဉ်စရာတချို့ကိုညွှန်ကြားပြီး ကိုခင်ဇောိတိုါကို လက်ပြနူတ်ဆက်ကာ မိမိနေရာဆီသို့ lift မှတဆင့် ဖြတ်သန်းနေမိသည်။

*ဒီည ကိုယ်ရင်ခွင်ထဲတိုးဝင်အိပ်မယ့် ကလေးကိုယ်ငွေ့လေး လွမ်းမောရင်း အိပ်စက်ရအုံးမည်။

Canadaမှ ပေးပို့လာသော အလုပ်ကိစ္စများနှင့် ရှင်းလင်းစရာအလုပ်ကိစ္စတစ်ချို့ကို လိုအပ်နေသော ကိုယ်လုံးနွေးနွေးလေးဖက်အိပ်စရာမရှိတဲ့ ညမို့ wine တစ်ခွက်ဖြင့် အလုပ်ဆက်လုပ်နေမိသည်။

အလုပ်ထဲအာရုံရနေစဉ် ဖျက်ခနဲလင်းလာသော ph screen ပေါ်က အိမ်သားလေးအမည်ဖြင့် ..

" Hello အချစ် .."

ဘာလုပ်နေတာလဲ? ညစာစားပြီးပြီလား? ဆိုတာကစသည့် စိုးရိမ်သံလေးနဲ့အတူ စကားတွေစလာသော ချစ်ရပါသောလေးကို

" ဒီည ရင်ခွင်ထဲထည့်သိပ်စရာအချစ်မရှိတော့ ကိုယ်တစ်ယောက်တည်း ! " စသော ချွဲနွဲ့သံလေးဖြင့် ကိုယ့်ကလေးငယ်ငယ်ဆီ အချွဲပိုမိတော့ *ဟွန့် ဆိုတဲ့ ညူဆူသံလေးဖြင့် *မနက်ပြန်လာမှာကို ! ဆိုတဲ့ ဆူငေါက်သံလေးပါ ထွက်ပေါ်လာသေးသည်။

" အာ...လွမ်းပြီကွာ...video call ခေါ်ပြီး အချစ်မျက်နာလေးမြင်ချင်တယ် .."

အပြောထက်လက်ကသွက်လက်စွာ video chat ဖြင့် ကိုသာထက်တို့အိမ်ပြန်သွားပါသော တစ်ဖက်က အမျိုးသားလေးဆီ ခေါ်နေမိသည်။

သိပ်မကြာ ph screen လေးပေါ် လာသော ချစ်ရပါသောလေးက သူ့အစ်မ မိဝေလက်ချက်ဖြစ်ပုံရတဲ့ သနပ်ခါးခပ်ကျဲကျဲလေး လူးထားပြန်သေးသည်။

* သနပ်ခါးရည်ကျဲလေးလူးထားပြီး ရှက်အားပိုစွာ ဟီးးခနဲ ပြုံးပြပြီး မူဟန်ကြွယ်နေပုံများ ဒီလူအသည်းတွေကြွေအောင်ပြုစားနေသလို ၊ အနားရှိလျှင့်ဖြင့် ရင်ခွင်ထဲ ထည့်ကာ ကလေးငယ်ငယ်မျက်နှာအနှံ့ခြွေမိမှာ အသေချာ။

" ကိုယ့်အချစ်က ဘာရုပ်လေးလဲကွာ....အားးးးးးးး"

လက်သီးနှစ်ဖက်ကို ကျစ်နေအောင်ဆုပ်ပြီး အသည်းယားလာသည်မို့ သောက်ထားတဲ့အရှိပါပေါင်းပြီး အပေါ်မော့ကာ အော်မိတော့ ချစ်ရပါသောလေးက မျက်ဝန်းလေးတွေ မှေးမှိတ်သည်အထိ ရယ်ပြနေသေးသည်။

" မရယ်နဲ့နော် ကလေး....ကိုကိုအပြေးလေး လာခေါ်မိလိမ့်မယ်....ကဲပြောပါအုံး...အချစ်အစ်မလက်ချက်လား ပါးကွက်ကလေးက ဘယ်လိုလေးလုပ်ထားတာတုန်း ..."

( မိဝေလူးပေးတာ ဖိုးသားထူးရော...အတူတူပဲ...)

" ဟုတ်လား...အချစ်ညီလေးရော ကျောင်းသစ်မှာအဆင်ပြေရဲ့လား ...အစ်ကိုကကြည်ဖြူပေမယ့် အချစ်အစ်မကိုတော့ လန့်မိသား...."

( မိဝေက သဘောထားကောင်းတယ်..ဖိုးသာထူးက ပြေတယ်တဲ့ ကိုသာထက််အကြို/ပို့ လုပ်တယ်..မိဝေလည်း မနက်လေးခဏပဲစျေးရောင်းတော့တာတဲ့ ကိုကိုကို့ကျေးဇူးတင်ပါတယ် )

ကိုယ့်ကလေးလေးကိုစောင့်ရှောက်ပေးထားတဲ့မိသားစုကို ခုလိုကျေးဇူးဆပ်ခွင့်ရတာ မထင်ပေါ်လှသေးပါ။ အလယ်တန်းရောက်ဖို့သိပ်မလိုတော့တဲ့ ဖိုးသားထူးလေးကို အင်းစိန်ထဲက private school မှာကျောင်းတက်စေသည်မို့ ကလေးငယ်က အားနာမဆုံးခဲ့ပါ။ သူအစ်ကိုမိသားစုကို ဖြည့်ဆည်းပေးကြတဲ့ ဖေဖေတို့အကူအညီဖြင့် အိမ်အသစ်လေးပြန်တည်ဆောက်ကာ နဂိုမူရင်း taxi drivers ဘဝကိုအနားယူပြီး ကလေးငယ်ဘေး ကူညီစောင့်ရှောက်ပေးသေးသည်။

" ကောင်းတာပေါ့ အချစ်ရ...ခု အစ်မက ညတွေချက်ကျွေးလဲ ညစာစားပြီးပြီ ဟုတ်လား "

(ပြီးပြီ မိဝေက များကြီးချက်ကြွေးတာ.....ဟီးးး)

" ဟုတ်ပါပြီဗျာ....ကိုယ့်ပချစ် အဆင်ပြေရင်ပြီးရော ..ဟုတ်ပလား ..ဒီညစောစောအိပ်နော်မနက်ကျကိုကိုအားဖြည့်ဖို့ ပါးဖောင်းဖောင်းလေးဖြစ်စေဖို့ ....."

Ph screen လေးပေါ်က အနမ်းလေးပေးတော့ ခေါင်းလေးခါပြီး ပြောင်ပြနေသေးသည့် ချစ်ရပါသောလေးကို ကြည့်ပြီး ချစ်မဝနိုင်ခဲ့။

" မရဘူးနော်....မနက်ပြန်လာမှ အဝနမ်းပစ်မယ် ...ခုတော့ ကိုယ့်ကလေးလေးအိပ်တော့ ..."

( ဟုတ်....ကိုကိုအလုပ်ရှိလား...ညနက်ထိမနေနဲ့နော် ) ဆိုကာ ဆိုဆုံးမသွားသေးသည်။

" အင်းပါ....ကလေးစကားနားထောင်မယ် goodnight kiss " လေးပေးပြီး end call ဖြစ်သွားသည့် ph screen လေးကိုကြည့်ပြီး ပြုံးလျှက်သားခေါင်းရမ်းကာ ရယ်မောနေမိသည်။

" နောက်ကျ ကိုယ့်ကလေးလေးကို ကိုယ်တိုင် သနပ်ခါး လူးပေးရမယ် ! "

အတွေးလေးထဲ စွဲထင်ကျန်ရစ်နေသော သနပ်ခါးပါးပါးလေး လူးထားသော ကလေးငယ်ရဲ့ပုံရိပ်လေးကို ချော့မြူထွေးပွေ့ချင်မိသည်။ ဝရံတာမှရပ်၍ ဝိုင်တစ်ခွက်ဖြင့် အဝေးမှ မြင်နေရသော မြို့တော်ရဲ့အလှကို ခံစားကြည့်ရူရင်း ကလေးငယ်ငယ်ရဲ့ စကားသံချိုချိုလေးပြန်လည်ကြားယောင်ရင်း ဒီညလည်း ထွေးပွေ့စရာကိုယ်လုံးငယ်လေးမရှိသည်မို့ အိပ်ပျက်ရအုံးမည်။

" ကလေးလေး....အဆင်ပြေမှ ဆိုနော် ..ကိုကိုကတော့ အချစ်မဆိုလေ ကြိုက်လေပဲ "

မနက်အစော condo ပြန်ရောက်လာပြီး တစ်ညတာလွမ်းမောခဲ့ရသော ကိုယ်လုံးလေးကို ထွေးဖက်ရင်း နံနက်ခင်းကို အနမ်းနုနုလေးဖြင့် လောကကြီးကို Good morning နူတ်ဆက်မိသည်။ ညနေပွဲအတွက် ပြင်ဆင်နေကြပြီဖြစ်သော အဆိုတော်သွဲ့ပန်းချီရဲ့ solo album မိတ်ဆက်ပွဲအတွက် ကလေးငယ်ငယ်က duet song တစ်ပုဒ်သီဆိုပေးရမည်ဖြစ်သည်။

" အင်း..."

" ကလေးဆန္ဒမပါရင် ဘယ်သူအတွက်မှကြည့်စရာမလိုဘူးနော် "

" မဟုတ်ပါဘူး မသွဲ့ကို ဂုဏ်ပြုပေးချင်လို့ပါ"

" အင်းပါ ကိုယ့်အချစ်ကစိတ်ထားအဖြူစင်ဆုံး...ဟုတ်ပြီလား.."

" ဟီး....tea လေးသောက်ချင်တယ်.. Dim sum လေးရော"

" ဟားးးးးဟုတ်ပြီဗျာ...၅မိနစ်စောင့် ...ပြွတ်~~" ဆိုပြီး ညနေပွဲအတွက် suits လာပို့ပေးမည့် driver ကိုဇော်ကို စားစရာအချို့လှမ်းမှာခဲ့သည်။ မိဝေကြော်ကြွေးသော ထမင်းကြော်လေးအဆာပြေစားလာပြီး ချစ်ရသူကိုကိုနဲ့အတူစားချင်မိသော breakfast လေးအတွက် ပူဆာနေမိခြင်း။

Bathrobe အဖြူရောင်ဝတ်ထားပြီး ရေစက်လက်ဖြင့် ခေါင်းသုပ်လျှက်အနားကပ်လာပါသော ကိုကိုဆီက ပဝါဖြူကြီးကို လက်လွဲယူကာ မွေ့ယာပေါ်ဒူးထောက်ရပ်၍ ကိုကို့ခေါင်းကို ရေသုတ်ပေးနေမိသည်။ မကြီးမငယ်ခန္ဓာကိုယ်ကြီးမှ အားမနာ ခါးသိမ်သိမ်လေးကိုတင်းကျပ်နေအောင်ဖက်ထားပြီးရင်ခွင်ထဲအတင်းတိုးဝှေ့နေပါသော က်ုကိုက အငြိမ်မနေဘဲ ခါးကို ကလိနေသည်မို့ အငြိမ်မနေရခဲ့။

ကိုကိုဟာ လူဆိုးကြီးပါလေ။

" ကိုကို့လက်က ငြိမ်ငြိမ်နေဗျာ....ဟာ့.....မလုပ်နဲ့လို့ ...."

ဝတ်ထားတဲ့ oversight T-shirt အဖြူရောင်ကြီးထဲ လက်တိုးဝင်ကာ ရင်ဘတ်တွေထိကျူးကျော်ပြီး ပွတ်သပ်နေပါသော ကိုကို့ကြောင့် တွန့်လိမ်ကာခွေခေါက်ရယ်မောနေမိပါသည်။

" အင့်....ယားတယ်လို့......ဟားးးးးးး ကိုကို့...."

ဒူးထောက်လျှက် မွေ့ယာပေါ် ပက်လက်လှန်၍ တွန့်လိမ်ကာ ရယ်မောနေသူအပေါ် ပြုံးပြုံးကြီးကြည့်ကာ စီးမိုးထားပါသော ကိုကို့က ချစ်စိတ်ထူမွှန်စွာဖြင့် ရွှန်းရွှန်းစားစားကြီး ကြည့်နေပြန်သေးသည်။

" လွမ်းနေခဲ့တာ.....ပြွတ်~~"

နဖူးပြေပြေလေးမှအစတည်ကာ ခြွေချမိသည့် အနမ်းတို့က မျက်နှာပြင်အနှံ့ခပ်စိတ်စိတ်ဖြင့် လိူက်မောခြင်း၏အဆုံးသတ် တေးသီချင်းချိုချိုလေးတွေသီဆိုတက်သောနူတ်ခမ်းပါလေးထက်ဝယ် အချိန်ကြာကြာခိုနားဝဲပျံနေခဲ့သည်။ မေးဖျားလေးပင့်မ ကာ တစ်ခွန်းလေမျှစကားမဆိုပဲ ဖြူဖွေးသွယ်လျနေသော စိမ်းမျမျ လည်ပင်းသွေးပြန်ကြောလေးကို ဘယ်ညာ ရိုက်လို့ အနမ်းခြေရာထင်ချန်ခဲ့ပြန်သေးသည်။ ထိုမှတဖန် ထင်ပေါ်လွန်းလှသည့် ညှပ်ရိုးလေးပေါ် marking အရာများထင်ချန်စေပြီး မောဟိုက်တုန်ရီနေသော ချစ်ရပါသောလေး အမောပြေစေရန် အနမ်းသင်ခန်းစာကို တစ်ခန်းရပ်ပြီး အဆုံးသတ်ခဲ့ပြီ။

" ကိုကို့က အရမ်းချစ်တယ်နော်..."

" အင်း....ကျွန်တော်ရောပဲ ....."

" ကိုယ်သိတာပေါ့ အချစ်ရယ်.....ကျေးဇူးတင်တယ်နော် အချစ်အပေါ် တချိန်က မှားခဲ့ဖူးတာအတွက်လည်း တောင်းပန်တယ်နော် "

" ဟင်းအင်း...မေ့လိုက်တော့...မတောင်းပန်နဲ့တော့ ကျွန်တော်က နားလည်ပေးတယ် "

" ကျေးဇူးပါ အချစ်ရယ်....ကိုကို့ဘဝထဲဒုတိယအကြိမ်ဝင်လာခဲ့လို့..."

" အွင်းးးးများကြီးချစ်ပေးပါ ...."

" သိပ်သေချာတာပေါ့...နောက်ဆုံးအသက်ရူသံအထိ ကလေးငယ်ရဲ့လက်ကိုပဲ မြဲအောင်ကိုင်ထားပြီးရှေ့ဆက်နေ့ရက်တွေမှာလည်းကလေးငယ်လေးကိုပဲ ကြည့်မယ် ...ကလေးယုံကြည်မူကို ဘယ်တော့မှအလွဲသုံးစားလုပ်မှာမဟုတ်ဘူးဆိုတာ ကိုကိုကတိပေးမယ် "

" အင်း...ကိုကို့ကိုယုံတယ်....ဒါနဲ့ ညနေပွဲကြ ကိုကိုကြီးရော လာမှာတဲ့ မနက်က ဖုန်းပြောလာတယ်..ကိုကို "

" ဟုတ်လား....ကိုကို့ကတော့ အချစ်ကိုစိတ်မချတာအမှန်ပဲ...တားချင်ပေမယ့် ခင်များလေးသဘောတစ်ခုကြောင့်နော် ..သိရဲ့လား...." နှာခေါင်းထိပ်လေးကို လက်ကလေးဖြင့် ဆွဲဖျစ်ကာ ချစ်စဖွယ်အမူအရာတို့ဖြင့် ကိုကို့ကဆိုတက်ပြန်သေးသည်။

ကိုဇော်ပြင်ဆင်ပေးလာသော Dim Sam မူန့်နဲ့စားစရာအချို့တို့ကို တစ်ခုချင်း သူ့အလိုကျ ခွံ့ကြွေးနေသော ကိုကိုပြေ့ဘုန်းမာန်ကြီးရယ်ပါ။

branded တစ်ခုလုံးကို ဝတ်ဆင်စေပြီး အနက်ရောင် pants ကအစ အပေါ်ဝတ်အဆုံး အဖြူရောင်လေးအဆုံး ကိုကို့စိတ်တိုင်းကျ ငှါးရမ်းပေးထားသည့် designer အစ်မကြီးက အံ့ဩယူရသည်အထိ လိုက်ရူပ်နေပြန်သေးသည်။ ဘယ်နေရာ ဘယ်လိုလေးလိမ်းပေး၊ ဆံပင်ကို ဘယ်လိုလေးပြင်ပေးပါ ! ဆိုတဲ့ စကားအဆုံး designerအစ်မကို  လွယ်အွေ့လေးက အားနာရသည်အထိ ကိုကိုက အကဲပိုသူကြီးပါ ။

Channel brand စိန်ရင်ထိုးလေးဆင်မြန်းအပြီး လိုအပ်နေသည့် braceletsအဆုံး စိန်ပွင့်လေးများစွာပါသည့် ဆင်ယင်မူမျိုးကြောင့် မနေတက်စွာ လက်လေးနှစ်ဖက်ကို ပွတ်သပ်၍ ရှက်နေသည့် ကလေးငယ်ကို အားပေးနေမိသည့် စကားတစ်ခွန်း....။

" Mann groupပဲ့ကိုင်ရှင် ရဲ့ အမျိုးသားငယ်က ဒီလောက်တော့ ဝတ်ရမှာပဲ အချစ် ၊ ကိုယ့်အချစ်ဘေးမှာ ကိုကိုရှိနေမှာမို့ ဘာကိုမှထည့်တွေးစရာမလိုဘူး ကလေး "

" ဟုတ်ကိုကို..."

" ဒါမှ ကိုယ့်အချစ်ပီသမှာပေါ့....အားလုံးက ကိုယ့်အချစ်စိတ်ကြိုက်ပဲ ပြုမူလိုက်ပါ နောက်ပြသနာဒီကိုကိုက ရှင်းပေးမယ် ..."

" အဲဆို ဆိုးလို့ရတယ်လား....."

" ဟားးးးးးးသိပ်ရတာပေါ့ အချစ်ရဲ့ ..."

မိကပ်ပြင်နေဆဲ designer အစ်မကြီးတစ်ယောက် ခေါင်းခါရမလို၊ ခေါင်းညိတ်ရမလို မိကပ်ဗူးကြီးကိုကာ ကိုယ့်ရှေ့တည့်တည့် လာ ရိုနေကြသော CEO တို့စုံတွဲကို ပါးစပ်လေးဟကာ အံ့ဩယူရသည်အထိ ။

" အော်.....လူတွေ....လူတွေ ....ကျုပ်ရှိတယ်မမြင်နိုင်လောက်အောင် အချစ်တွေဖုံးလွှမ်းကြပြီထင်ရဲ့ ........."

မေေမေရေ...ကျွန်မကို လင်ရှာပေးပါ !!!

# မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
# take care all

Zawgyi

ကေလးငယ္ ပါဝင္အားျဖည့္သီဆိုေပးထားေသာ အဆိုေတာ္သြဲ႕ပန္းခ်ီရဲ႕ solo album က ေမွ်ာ္လင့္တာထက္ပို၍ ေအာင္ျမင္ခဲ့သည့္မို႔ သက္ဆိုင္ရာ entertainment ပိုင္းက ဝန္ထမ္းမ်ားႏွင့္အတူ အဆိုေတာ္သြဲ႕ပန္းခ်ီပါ အံ့ဩယူရသည့္အျဖစ္ ။ Online မွတဆင့္ အခ်ိန္နဲ႕တေျပးညီ ေအာင္ျမင္မူကိုလက္ခံရရွိေနသည့္ May entertainment ရဲ႕ ဝန္ထမ္းမ်ားမွာလည္း အလုပ္ပို႐ူပ္ရသည့္ ျပန္လည္ေျဖၾကားျခင္းကိုပါ ဆက္လက္လုပ္ကိုင္ေနရျပန္သည္။ အဆိုေတာ္သြဲ႕ပန္းခ်ီရဲ႕ solo album ကို လက္မွတ္ထိုးပြဲကအစ ေနာက္ဆုံးအပိတ္သီခ်င္းအျဖစ္ ပါဝင္အားျဖည့္သီဆိုေပးထားေသာ တက္သစ္စအဆိုေတာ္ေလးအေၾကာင္းလည္း ေမးခြန္းမျပတ္ခဲ့ပါ။

သြဲ႕ပန္းခ်ီရဲ႕ ကိုယ္ပိုင္ page မွလည္း လာေရာက္ေမးျမန္းၾကသည့္ ေမးခြန္းတို႔ကလည္းထပ္တူညီစြာ။ တခ်ိဳ႕က ေျမာက္ဥကၠလာစင္တင္မွ မိမိအားေပးခဲ့ရပါေသာ ဗန္လြယ္ေအြ႕ေလးျဖစ္ေၾကာင္း ပုရိသတ္အခ်င္းခ်င္း ေျဖၾကားေနျပန္ေသးသည္။ တခ်ိဳ႕က အျဖစ္မွန္ကိုသိသည့္ ေျခမသန္သည့္ကိစၥကိုပါ ေရးႀကီးခြင္က်ယ္ ေဝဖန္ကဲ့ရဲ႕သံေတြကို လက္မခံနိုင္စြာ negative comments မ်ားလည္းရွိေနခဲ့သည္။

May Entertainment ရဲ႕ page ေအာက္မွ ကေလးငယ္အမည္ကိုစပ္စုလိုေသာ ေမးခြန္မ်ားအျပင္ မလိုလားအပ္သည့္ တခ်ိဳ႕ေသာ negative comments ေတြကို မ်က္ေမွာင္က်ဳံ႕ကာ စူးစိုက္ၾကည့္ေနပါေသာ CEO ေျပ့ဘုန္းမာန္ရဲ႕ခက္ထန္ေသာမ်က္ဝန္းမ်ားက ေအးစက္ၿပီး ရက္စက္မည့္အသြင္။

တခ်ိဳ႕ဆိုးဝါးလြန္းေသာ ေဝဖန္ေနၾကတဲ့ comments ေတြကို ဖ်က္ခ်ေနသည့္ company ရဲ႕ cyber ပိုင္းကတာဝန္ရွိသူမ်ားက founder အမိန့္အရ ခ်က္ခ်င္း ဖ်က္ခ်ေနသည္။ Cyber team တစ္ခုလုံးအနားမရစြာ မည္သည့္ negative feedback ကိုမွ မလိုခ်င္ဘူးဆိုတဲ့ အထက္အမိန့္အရ ေဆာင္႐ြက္ေနမိျခင္းအျပင္ negative feedback ေပးသူတိုင္းရဲ႕ profile အထိပါ ဝင္ေရာက္သည္အထိ လုပ္ေဆာင္ေနရသည္။

" Boss ....."

" ကိုယ့္ကေလးကို စိတ္မထိခိုက္ေစခ်င္ဘူး....ကိုယ္ေျပာတာနားလည္လား....ေနာက္ကြယ္ကလက္မဲေတြကို ရေအာင္ဆြဲထုတ္ၿပီး ဆုံးမလိုက္ပါအုံး...."

" စိတ္ခ်ပါ Boss .." ေခါင္းငုံ႕ကာ ထြက္သြားေသာ ကေလးငယ္ရဲ႕ ကိုယ္ရံေတာ္အဖြဲ႕ေခါင္းေဆာငိဆီ တစ္ခ်က္လြတ္အမိန့္တစ္ခုတည္းျဖင့္ ေျပာသည့္စကားတိုင္းက ေအးစက္ကာခက္ထန္လြန္းလွသည္။

ေသာ္စစ္ပိုင္ခ်ိန္းဆိုထားေသာ အဆင့္ျမင့္restaurant & bar တစ္ခုအတြင္းက်က်ေနရာဝယ္ စမတ္က်စြာပင္ပမ္းကိုေျဖေလ်ာ့ေနေသာ ေျပ့ဘုန္းမာန္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစက်စ္လစ္စြာျဖင့္ ေနထိုင္မူအေပၚ ဝန္းက်င္တစ္ခုလုံးက သိသာစြာေစာင့္ၾကည့္ေနသည္ကို လ်စ္လ်ဴျပဳၿပီး ေသာ္စစ္ပိုင္ဆီကိုသာတည့္တည့္စိုက္ၾကည့္ၿပီး ေျပာဆိုေနၾကစကားလုံးမ်ားျဖင့္ ။

" အဆိုေတာ္သြဲ႕ပန္းခ်ီရဲ႕ ပြဲမွာ ကိုယ့္ကေလးက သီဆိုရအုံးမွာလား ေသာ္စစ္.."

" ေအးေလ......duets song တစ္ပုဒ္ေတာ့ ဆိုရမွာေပါ့ "

" ျဖစ္ပါ့မလား....ကေလးက လူအမ်ားထဲ ..."

" ေျမာက္ဥကၠလာမွာ ဆိုဖူးပါတယ္ဟ....သူ႕လက္ရွိအမွန္တရားကိုလက္ခံထားလို႔ idol life ကိုသူကိုယ္တိုင္ေ႐ြးခ်ယ္ထားတာပါ ဘုန္းမာန္ရာ..မင္းဟာ ျဖစ္ေနတာမဟုတ္ေသးပါဘူး..."

" ငါစိတ္မခ်ဘဴး "

" သူ႕ေဘးကရိုတ္သတ္မကုန္တဲ့ ကိုယ္ရံေတာ္ေတြ မင္းထားေပးေနတာပဲေလ ေနာက္ၿပီး ေနရာတကာ မင္းစိတ္မခ်လိဳ႕ဆိုတဲ့ စကားေတြနဲ႕မခ်ဳပ္နဲ႕ ဘုန္းမာန္ရ.....သူလည္း လူပဲ သူ႕စိတ္ကူးအတိုင္း ႐ြက္လြင့္ပါေစကြာ...."

" ဒါကေတာ့ ဒါေပါ့ကြာ...ဒါေပမယ့္ ကေလးတစ္ခုခုျဖစ္ရင္ အကုန္မီးတက္ရိူ႕မွာေနာ္....မင္းတာဝန္ယူထားတာ မင္းသတိထားသာေန..."

" ၾကမ္းလွၾကည့္လား ငါ့ေကာင္ရ.....ခ်စ္မိေတာ့လည္း အ႐ူးအမဲသားေႂကြးသလိုပါ့ပဲလား...ဟားးးးးးးးးး"

"ဘာေနေနကြာ....ငါ့စကားအတည္ပဲ...." ေမာ့ကာ ေသာက္မိသည့္ ယာမကာခြက္ကေလးကို စားပြဲေပၚေစာင့္ခ်ကာ ေသာ္စစ္ကိုမေက်နပ္ေၾကာင္းျပေနမိသည္။

တဟားဟားေအာ္ရယ္ေနတဲ့ ေသာ္စစ္ပိုင္ကသူကိုယ္သူ လူငယ္စတိုင္ဖမ္းၿပီး အိမ္သူသက္ထားမသိေအာင္ ကဲေနသူႏွစ္ေယာက္သား။ အလုပ္ေတြထဲ ေနရပါမ်ားရင္ တစ္ခါတေလ night out ထြက္ကာ တကူးတက ဆုံျဖစ္ၾကသည္။

" ေစာင့္ၾကည့္ထား....ငါ ၾကည့္ခ်င္လို႔ ...."

ကေလးငယ္ရဲ႕ အတိတ္အေၾကာင္းကို ေျခမသန္တဲ့ ဒုကၡိတက ေနရာယူေနတယ္ဆိုတဲ့ ပရမ္းပဒါစကားေတြ live လြင့္ၿပီးေပၚတင္တိုက္ခိုက္လာေသာ နႏၵာေက်ာ္ျမင့္ဆိုတဲ့ အမ်ိဳးသမီး ခု ဒီ club မွာေရာက္ေနတယ္ဆိုတဲ့ ကိုယ္ရံေတာ္တစ္ဦးရဲ႕သတိေပးခ်က္ျဖင့္ နဂိုထက္ခက္ထန္တဲ့အၾကည့္တို႔ေၾကာင့္ ေသာ္စစ္ပိုင္ေမးမိသည္။

" ဘာျဖစ္တာလဲ...."

" ဘာမွမျဖစ္ဘူး....ငါျပန္ႏွင့္မယ္ ..အိမ္မွာ ကေလးတစ္ေယာက္တည္း ..."

" ေအာ္...ေအးပါ ငါက မိန္းမ၂ေယာက္ဟ...."

႐ြဲ႕ကာေျဖဆိုေနတဲ့ေသာ္စစ္စကားေတြနားထဲမဝင္ခဲ့။

အေပၚအက်ီကိုင္၍ စတိုင္က်က်ထြက္သြားပါေသာ အရပ္ျမင့္ျမင့္ဘဲႀကီးေနာက္ေက်ာကိုေငးၾကည့္ေနပါေသာ မိနိးကေလးမ်ားစြာကို ေက်ာခိုင္းၿပီး ကိုယ္ရံေတာ္တစ္ေယာက္ ဦးေဆာင္ကာ ေခၚထားေပးသည့္ ေခ်ာင္က်က် ကားပါကင္တစ္ေနရာဆီသို႔ ။

အနက္ေရာင္ plants ကို စတိုင္က်က်ဝတ္ဆင္ထားတဲ့ ေျပ့ဘုန္းမာန္က လက္တစ္ဖက္ကို ေဘးအိတ္ထဲထည့္၍ က်ယ္ျပန့္ေသာ ေျခလွမ္းတို႔ျဖင့္ နဂိုမူ ခက္ထန္ျခင္းကို ပို၍ေပၚလြန္ေစသည့္ စူးရွသည့္မ်က္ဝန္းတစ္စုံက ဝန္းက်င္တစ္ခုလုံးကို ေအးစက္ေစသည္။

ကားပါကင္ရဲ႕ ေခ်ာင္က်ေသာတစ္ေနရာဝယ္ ကိုယ္ရံေတာ္တစ္ခ်ိဳ႕ရဲ႕ထိမ္းသိမ္းျခင္းခံထားရတဲ့ ေကာင္မေလးတစ္ေယာက္ မူးေဝေအာင္ေသာက္ထားေသာ ယာမကာအရွိန္ေၾကာင့္ ကိုယ့္ေရွ႕မွပိတ္၍ ရပ္ေနသည့္ လူအခ်ိဳ႕ကိုတြန္းကန္အားမရွိပဲ ေခ်ာင္ေလးထဲဝယ္ ငုပ္တုပ္ေလးထိုင္ၿပီး မနားတမ္းဆဲဆိုကာ တစ္ေယာက္တည္းထားသြားခဲ့ပါေသာ္အေပါင္းအပါတခ်ိဳ႕အမည္ကို မနားတမ္းေရ႐ြတ္ေနသည္။

" ဘယ္မလဲ......"

လွ်ာထိုးဦးထုပ္အနက္ေတြေဆာင္ထားေသာ ကိုယ္ရံေတာ္တစ္ခ်ိဳ႕က ဦးၫြတ္ျပၿပီး ေျပ့ဘုန္းမာန္ရဲ႕ လက္ခါျပမူေၾကာင့္မနီးမေဝးေနရာတစ္ခုမွ ေက်ာေပးကာ ရပ္ေနၾကျပန္သည္။

" မူးေနတာ boss"

"နိုးလိုက္ ...."

ေျပ့ဘုန္းမာန္ရဲ႕ေျပာစကားၿပီးခ်င္း နာမည္ေက်ာ္ နႏၵေက်ာ္ျမင့္ရဲ႕ ေမးကေန ဆြဲကိုင္ကာ ပါးျပင္ေလးကို ခပ္ဆတ္ဆတိရိုတ္၍ အသိစိတ္ဝင္ေစသည္။

" ဟိတ္......ဟိတ္....." ခပ္ၾကမ္းၾကမ္းလူပ္နိုးသံႏွင့္အတူ ထူပူစျပဳလာေသာ ပါးျပင္ေပၚက အနာေၾကာင့္ လူးလြင့္ကာ အသိစိတ္ဝင္လာခဲ့သည္။

" ဘယ္သူလဲ....အ့....." ရိုတ္ခံထိထားေသာ ပါးျပင္ကို လက္ကေလးကာ၍ ကိုယ့္ေရွ႕မွာ ရပ္တန့္ေနေသာ ရွည္လ်ားေျဖာင့္မတ္လြန္းသည့္ အရပ္တစ္ခု၏ ပုံရိပ္ကိုေမာ့ အၾကည့္ အံ့ဩရိပ္နဲ႕အတူ ခိုလူံခ်င္စိတ္တို႔က စိုးမ်ုးထားသောကြောင့် မိမိအား လူပ္နိုးေနေသည့္ လူကိုတြန္း၍ ေရွ႕ကပုံရိပ္ဆီ တြားသြားဖို႔အလုပ္ ဖိေခ်ႏွင္းခံရသည့္ ညာဘက္ေျခခ်င္းဝတ္ရဲ႕ ျပင္းအားတို႔က ရိုးတြင္းခ်ဥ္ဆီကြဲေက်သလို နာက်င္လြန္းလွ၏။

ရန္သူကမည္သူနည္း....ေမာ့မၾကည့္အား ဖိႏွင္းခံထားရသည့္ ညာဘက္ေျခေထာက္ေလးကိုလြတ္ေပးရန္ ဟစ္ေအာင္ေနသည္ကို တိပ္ပိတ္ခံလိုက္ရသည့္ ပါးစပ္တို႔ေၾကာင့္ ဟစ္ေအာ္သံမဲ့ ေခါင္းကိုဘယ္ညာရမ္း၍ မ်က္ရည္တို႔ကစီးက်လာခဲ့ရၿပီ။

(ဝူးးးးးးးအားးးးးးးးးးးးးးးးး) က်ယ္ေလာင္ျခင္းမရွိ ပိတ္ဆို႔ခံထားရသည္ျခားက တစ္စြန္းတစ္စထြက္ေပၚလာေသာ ဟစ္ေအာ္သံတို႔ကို မဲ့ၿပဳံးေလးတစ္ခ်က္ၿပဳံးကာ ဖိထားျခင္းကို လြတ္ေပး၍ ထိုေကာင္မေလးမ်က္ႏွာကို လက္ျဖင့္ ဆြဲကာ မ်က္လုံးျခင္းဆုံေစသည္။

" မင္းပါးစပ္ကအၿမဲထြက္ေနၾကဒုကၡိတ ဆိုတဲ့ ရသ ခံစားၾကည့္ ...ဘယ္လိုလဲ "

"................." ေခါင္းကိုတြင္တြင္းရမ္းကာ စီးက်ေနတဲ့မ်က္ရည္တို႔အား မသုတ္နိုင္ခဲ့၊ ဖိေခ်ႏွင္းခံရသည့္ ညာေျခခ်င္းဝတ္ေလးရဲ႕နာက်င္မူကသာ ေခါင္းထဲစိုးမိုးထားမိသည္။

" ငါ ဘယ္သူလဲ မင္းသိစရာမလိုဘူး ..."

"............" မ်က္ရည္ေတြျခားက ဆက္တိုက္ေခါင္းညိတ္ျပေနမိသည့္ နႏၵာေက်ာ္ျမင့္။

" ပထမဆုံး သင္ခန္းစာကို ေကာင္းေကာင္းသင္ယူပါ ....ငါေျပာတာ သေဘာေပါက္ပါ " အမိန့္ဆန္ဆန္ေအးစက္ခက္ထန္လွေသာ ေျပ့ဘုန္းမာန္ရဲ႕ စကားတို႔က အရွိန္အဝါရာထူးဂုဏ္ျဒပ္ကိုျပသေနသည့္အလား ေမာ့မၾကည့္ရဲခဲ့။

" အိမ္အထိလိုက္ပို႔လိုက္ ! ""

တစ္ခြန္းတည္းေသာ အမိန့္စကားကိုေျပာၿပီး လွည့္ထြက္သြားပါေသာ သူေဌးျဖစ္သူကို ေခါင္းငုံ႕ကာနာခံရင္း ေျခခ်င္းဝတ္နာက်င္၍ ေအာ္ငိုေနတဲ့ ေကာင္မေလးနားကပ္၍ အိမ္ျပန္ပို႔ဖို႔လုပ္ေနရသည္။

ဒုကၡိတဆိုတဲ့ စကားရဲ႕ အဓိပ္ပါယ်ကို လက္ေတြ႕ခံစားေစခ်င္သည္။

တစ္ႀကိမ္တစ္ခါက မိမိကိုယ္တိုင္းထြက္ဆိုဖူးခဲ့ေသာ ဤစကားစုေလးကို ကြယ္ရာမွေျပာလွ်င္ မျမင္ခ်င္ေရာင္ေဆာင္ကာ လက္ခံေပးနိုင္အုံးမည္။ ယခုေတာ့ တစ္ႀကိမ္မက ႏွစ္ႀကိမ္မက personal acc ကေန social media ေပၚ liveၿပီး ကိုယ့္ကေလးငယ္ကိုေပၚတင္႐ြဲ႕ေစာင္းေျပာဆိုခဲ့သည့္ အႏွီးေကာင္မေလးအား ထပ္တူညီေသာ ရသ ခံစားေစခဲ့ၿပီ။

မိမိကိုယ္တိုင္မွားယြင္းေသာ္လည္း ကေလးအတြက္ ဘာမဆိုျပဳလုပ္မည္။

သတိေပးျခင္းသင္ခန္းစာေလာက္ေတာ့ သင္ျပခ်င္ရဲ႕ !

" Boss ...."

" ကိုယ့္ကေလး ဘယ္မွာလဲ ...."

အနက္ေရာင္ Mercedes Benz ထဲဝင္ဝင္ခ်င္းေမးျမန္းလာသည့္ ထိုစကားကိုdriver ကိုေဇာ္တစ္ေယာက္ ေမးမွာႀကိဳသိေနသည့္အလား...။

" ကိုသာထက္တို႔အိမ္မွာ ရွိေနေသးတယ္ သူေဌး...."

" condo ျပန္မယ္...."

" ဟုတ္ကဲ့ပါ သူေဌး...."

သိမ့္ခနဲေမာင္းထြက္သြားေသာ Mercedes Benz ကားနက္ေလးထဲဝယ္ မ်က္ခုံးႏွစ္ဖက္ကိုလက္ကေလးျဖင့္ဖိကာ ေခါင္းထဲေတြးစရာအခ်ိဳ႕ဝင္လာခဲ့ျပန္သည္။

" မနက္ျဖန္ ပြဲမွာကေလးငယ္အတြက္ အမွားအယြင္းမရွိေစနဲ႕ ကိုခင္ေဇာ္ ...လိုအပ္တဲ့လုံးၿခဳံေရးပိုင္းအတြက္ ေဇယ်ာျဖစ္ျဖစ္ မ်ိဳးကိုျဖစ္ျဖစ္ ဆက္သြယ္လိုက္ပါ ....ကေလးငယ္အတြက္ပထမဆုံးတက္မည့္ ပြဲမို႔ ဘာအႏွောင့္အယွက္မွအျဖစ္မခံနိုင္ဘူး....ေနာက္ၿပီး စိတ္႐ူပ္စရာေကာင္းတဲ့ ဘယ္ media ကိုမွ ေမးခြန္းမေမးမခံပါနဲ႕....ကေလးငယ္အတြက္အဆင္ေျပမွာမဟုတ္ဘူး...."

" စိတ္ခ်ပါသူေဌး....စီစဥ္လိုက္ပါ့မယ္....couple suits စီစဥ္လိုက္ရမလား သူေဌး...."

" ကေလး အဆင္ေျပမယ္မထင္ဘူး...အဲ့တာေၾကာင့္ ကေလးအတြက္ freestyle ေလးပဲစီစဥ္ေပးပါ ဒါေပမယ့္ the same color ေတာ့ျဖစ္ပါေစ..."

" ဟုတ္ကဲ့ပါသူေဌး....ပြဲတက္ဖို႔ ...."

" မလိုဘူး...ကိုယ့္ကေလးရွိတယ္..."

" ဟုတ္ကဲ့ပါသူေဌး..."

မနက္ဖန္အတြက္စီစဥ္စရာတခ်ိဳ႕ကိုၫႊန္ၾကားၿပီး ကိုခင်ဇောိတိုါကို လက္ျပႏူတ္ဆက္ကာ မိမိေနရာဆီသို႔ lift မွတဆင့္ ျဖတ္သန္းေနမိသည္။

*ဒီည ကိုယ္ရင္ခြင္ထဲတိုးဝင္အိပ္မယ့္ ကေလးကိုယ္ေငြ႕ေလး လြမ္းေမာရင္း အိပ္စက္ရအုံးမည္။

Canadaမွ ေပးပို႔လာေသာ အလုပ္ကိစၥမ်ားႏွင့္ ရွင္းလင္းစရာအလုပ္ကိစၥတစ္ခ်ိဳ႕ကို လိုအပ္ေနေသာ ကိုယ္လုံးႏြေးႏြေးေလးဖက္အိပ္စရာမရွိတဲ့ ညမို႔ wine တစ္ခြက္ျဖင့္ အလုပ္ဆက္လုပ္ေနမိသည္။

အလုပ္ထဲအာ႐ုံရေနစဥ္ ဖ်က္ခနဲလင္းလာေသာ ph screen ေပၚက အိမ္သားေလးအမည္ျဖင့္ ..

" Hello အခ်စ္ .."

ဘာလုပ္ေနတာလဲ? ညစာစားၿပီးၿပီလား? ဆိုတာကစသည့္ စိုးရိမ္သံေလးနဲ႕အတူ စကားေတြစလာေသာ ခ်စ္ရပါေသာေလးကို

" ဒီည ရင္ခြင္ထဲထည့္သိပ္စရာအခ်စ္မရွိေတာ့ ကိုယ္တစ္ေယာက္တည္း ! " စေသာ ခြၽဲႏြဲ႕သံေလးျဖင့္ ကိုယ့္ကေလးငယ္ငယ္ဆီ အခြၽဲပိုမိေတာ့ *ဟြန့္ ဆိုတဲ့ ၫူဆူသံေလးျဖင့္ *မနက္ျပန္လာမွာကို ! ဆိုတဲ့ ဆူေငါက္သံေလးပါ ထြက္ေပၚလာေသးသည္။

" အာ...လြမ္းၿပီကြာ...video call ေခၚၿပီး အခ်စ္မ်က္နာေလးျမင္ခ်င္တယ္ .."

အေျပာထက္လက္ကသြက္လက္စြာ video chat ျဖင့္ ကိုသာထက္တို႔အိမ္ျပန္သြားပါေသာ တစ္ဖက္က အမ်ိဳးသားေလးဆီ ေခၚေနမိသည္။

သိပ္မၾကာ ph screen ေလးေပၚ လာေသာ ခ်စ္ရပါေသာေလးက သူ႕အစ္မ မိေဝလက္ခ်က္ျဖစ္ပုံရတဲ့ သနပ္ခါးခပ္က်ဲက်ဲေလး လူးထားျပန္ေသးသည္။

* သနပ္ခါးရည္က်ဲေလးလူးထားၿပီး ရွက္အားပိုစြာ ဟီးးခနဲ ၿပဳံးျပၿပီး မူဟန္ႂကြယ္ေနပုံမ်ား ဒီလူအသည္းေတြေႂကြေအာင္ျပဳစားေနသလို ၊ အနားရွိလွ်င့္ျဖင့္ ရင္ခြင္ထဲ ထည့္ကာ ကေလးငယ္ငယ္မ်က္ႏွာအႏွံ႕ေႁခြမိမွာ အေသခ်ာ။

" ကိုယ့္အခ်စ္က ဘာ႐ုပ္ေလးလဲကြာ....အားးးးးးးး"

လက္သီးႏွစ္ဖက္ကို က်စ္ေနေအာင္ဆုပ္ၿပီး အသည္းယားလာသည္မို႔ ေသာက္ထားတဲ့အရွိပါေပါင္းၿပီး အေပၚေမာ့ကာ ေအာ္မိေတာ့ ခ်စ္ရပါေသာေလးက မ်က္ဝန္းေလးေတြ ေမွးမွိတ္သည္အထိ ရယ္ျပေနေသးသည္။

" မရယ္နဲ႕ေနာ္ ကေလး....ကိုကိုအေျပးေလး လာေခၚမိလိမ့္မယ္....ကဲေျပာပါအုံး...အခ်စ္အစ္မလက္ခ်က္လား ပါးကြက္ကေလးက ဘယ္လိုေလးလုပ္ထားတာတုန္း ..."

( မိေဝလူးေပးတာ ဖိုးသားထူးေရာ...အတူတူပဲ...)

" ဟုတ္လား...အခ်စ္ညီေလးေရာ ေက်ာင္းသစ္မွာအဆင္ေျပရဲ႕လား ...အစ္ကိုကၾကည္ျဖဴေပမယ့္ အခ်စ္အစ္မကိုေတာ့ လန့္မိသား...."

( မိေဝက သေဘာထားေကာင္းတယ္..ဖိုးသာထူးက ေျပတယ္တဲ့ ကိုသာထက္္အႀကိဳ/ပို႔ လုပ္တယ္..မိေဝလည္း မနက္ေလးခဏပဲေစ်းေရာင္းေတာ့တာတဲ့ ကိုကိုကို႔ေက်းဇူးတင္ပါတယ္ )

ကိုယ့္ကေလးေလးကိုေစာင့္ေရွာက္ေပးထားတဲ့မိသားစုကို ခုလိုေက်းဇူးဆပ္ခြင့္ရတာ မထင္ေပၚလွေသးပါ။ အလယ္တန္းေရာက္ဖို႔သိပ္မလိုေတာ့တဲ့ ဖိုးသားထူးေလးကို အင္းစိန္ထဲက private school မွာေက်ာင္းတက္ေစသည္မို႔ ကေလးငယ္က အားနာမဆုံးခဲ့ပါ။ သူအစ္ကိုမိသားစုကို ျဖည့္ဆည္းေပးၾကတဲ့ ေဖေဖတို႔အကူအညီျဖင့္ အိမ္အသစ္ေလးျပန္တည္ေဆာက္ကာ နဂိုမူရင္း taxi drivers ဘဝကိုအနားယူၿပီး ကေလးငယ္ေဘး ကူညီေစာင့္ေရွာက္ေပးေသးသည္။

" ေကာင္းတာေပါ့ အခ်စ္ရ...ခု အစ္မက ညေတြခ်က္ေကြၽးလဲ ညစာစားၿပီးၿပီ ဟုတ္လား "

(ၿပီးၿပီ မိေဝက မ်ားႀကီးခ်က္ေႂကြးတာ.....ဟီးးး)

" ဟုတ္ပါၿပီဗ်ာ....ကိုယ့္ပခ်စ္ အဆင္ေျပရင္ၿပီးေရာ ..ဟုတ္ပလား ..ဒီညေစာေစာအိပ္ေနာ္မနက္က်ကိဳကိုအားျဖည့္ဖို႔ ပါးေဖာင္းေဖာင္းေလးျဖစ္ေစဖို႔ ....."

Ph screen ေလးေပၚက အနမ္းေလးေပးေတာ့ ေခါင္းေလးခါၿပီး ေျပာင္ျပေနေသးသည့္ ခ်စ္ရပါေသာေလးကို ၾကည့္ၿပီး ခ်စ္မဝနိုင္ခဲ့။

" မရဘူးေနာ္....မနက္ျပန္လာမွ အဝနမ္းပစ္မယ္ ...ခုေတာ့ ကိုယ့္ကေလးေလးအိပ္ေတာ့ ..."

( ဟုတ္....ကိုကိုအလုပ္ရွိလား...ညနက္ထိမေနနဲ႕ေနာ္ ) ဆိုကာ ဆိုဆုံးမသြားေသးသည္။

" အင္းပါ....ကေလးစကားနားေထာင္မယ္ goodnight kiss " ေလးေပးၿပီး end call ျဖစ္သြားသည့္ ph screen ေလးကိုၾကည့္ၿပီး ၿပဳံးလွ်က္သားေခါင္းရမ္းကာ ရယ္ေမာေနမိသည္။

" ေနာက္က် ကိုယ့္ကေလးေလးကို ကိုယ္တိုင္ သနပ္ခါး လူးေပးရမယ္ ! "

အေတြးေလးထဲ စြဲထင္က်န္ရစ္ေနေသာ သနပ္ခါးပါးပါးေလး လူးထားေသာ ကေလးငယ္ရဲ႕ပုံရိပ္ေလးကို ေခ်ာ့ျမဴေထြးေပြ႕ခ်င္မိသည္။ ဝရံတာမွရပ္၍ ဝိုင္တစ္ခြက္ျဖင့္ အေဝးမွ ျမင္ေနရေသာ ၿမိဳ႕ေတာ္ရဲ႕အလွကို ခံစားၾကည့္႐ူရင္း ကေလးငယ္ငယ္ရဲ႕ စကားသံခ်ိဳခ်ိဳေလးျပန္လည္ၾကားေယာင္ရင္း ဒီညလည္း ေထြးေပြ႕စရာကိုယ္လုံးငယ္ေလးမရွိသည္မို႔ အိပ္ပ်က္ရအုံးမည္။

" ကေလးေလး....အဆင္ေျပမွ ဆိုေနာ္ ..ကိုကိုကေတာ့ အခ်စ္မဆိုေလ ႀကိဳက္ေလပဲ "

မနက္အေစာ condo ျပန္ေရာက္လာၿပီး တစ္ညတာလြမ္းေမာခဲ့ရေသာ ကိုယ္လုံးေလးကို ေထြးဖက္ရင္း နံနက္ခင္းကို အနမ္းႏုႏုေလးျဖင့္ ေလာကႀကီးကို Good morning ႏူတ္ဆက္မိသည္။ ညေနပြဲအတြက္ ျပင္ဆင္ေနၾကၿပီျဖစ္ေသာ အဆိုေတာ္သြဲ႕ပန္းခ်ီရဲ႕ solo album မိတ္ဆက္ပြဲအတြက္ ကေလးငယ္ငယ္က duet song တစ္ပုဒ္သီဆိုေပးရမည္ျဖစ္သည္။

" အင္း..."

" ကေလးဆႏၵမပါရင္ ဘယ္သူအတြက္မွၾကည့္စရာမလိုဘူးေနာ္ "

" မဟုတ္ပါဘူး မသြဲ႕ကို ဂုဏ္ျပဳေပးခ်င္လို႔ပါ"

" အင္းပါ ကိုယ့္အခ်စ္ကစိတ္ထားအျဖဴစင္ဆုံး...ဟုတ္ၿပီလား.."

" ဟီး....tea ေလးေသာက္ခ်င္တယ္.. Dim sum ေလးေရာ"

" ဟားးးးးဟုတ္ၿပီဗ်ာ...၅မိနစ္ေစာင့္ ...ႁပြတ္~~" ဆိုၿပီး ညေနပြဲအတြက္ suits လာပို႔ေပးမည့္ driver ကိုေဇာ္ကို စားစရာအခ်ိဳ႕လွမ္းမွာခဲ့သည္။ မိေဝေၾကာ္ေႂကြးေသာ ထမင္းေၾကာ္ေလးအဆာေျပစားလာၿပီး ခ်စ္ရသူကိုကိုနဲ႕အတူစားခ်င္မိေသာ breakfast ေလးအတြက္ ပူဆာေနမိျခင္း။

Bathrobe အျဖဴေရာင္ဝတ္ထားၿပီး ေရစက္လက္ျဖင့္ ေခါင္းသုပ္လွ်က္အနားကပ္လာပါေသာ ကိုကိုဆီက ပဝါျဖဴႀကီးကို လက္လြဲယူကာ ေမြ႕ယာေပၚဒူးေထာက္ရပ္၍ ကိုကို႔ေခါင္းကို ေရသုတ္ေပးေနမိသည္။ မႀကီးမငယ္ခႏၶာကိုယ္ႀကီးမွ အားမနာ ခါးသိမ္သိမ္ေလးကိုတင္းက်ပ္ေနေအာင္ဖက္ထားၿပီးရင္ခြင္ထဲအတင္းတိုးေဝွ႕ေနပါေသာ က်ုကိုက အၿငိမ္မေနဘဲ ခါးကို ကလိေနသည္မို႔ အၿငိမ္မေနရခဲ့။

ကိုကိုဟာ လူဆိုးႀကီးပါေလ။

" ကိုကို႔လက္က ၿငိမ္ၿငိမ္ေနဗ်ာ....ဟာ့.....မလုပ္နဲ႕လို႔ ...."

ဝတ္ထားတဲ့ oversight T-shirt အျဖဴေရာင္ႀကီးထဲ လက္တိုးဝင္ကာ ရင္ဘတ္ေတြထိက်ဴးေက်ာ္ၿပီး ပြတ္သပ္ေနပါေသာ ကိုကို႔ေၾကာင့္ တြန့္လိမ္ကာေခြေခါက္ရယ္ေမာေနမိပါသည္။

" အင့္....ယားတယ္လို႔......ဟားးးးးးး ကိုကို႔...."

ဒူးေထာက္လွ်က္ ေမြ႕ယာေပၚ ပက္လက္လွန္၍ တြန့္လိမ္ကာ ရယ္ေမာေနသူအေပၚ ၿပဳံးၿပဳံးႀကီးၾကည့္ကာ စီးမိုးထားပါေသာ ကိုကို႔က ခ်စ္စိတ္ထူမႊန္စြာျဖင့္ ႐ႊန္း႐ႊန္းစားစားႀကီး ၾကည့္ေနျပန္ေသးသည္။

" လြမ္းေနခဲ့တာ.....ႁပြတ္~~"

နဖူးေျပေျပေလးမွအစတည္ကာ ေႁခြခ်မိသည့္ အနမ္းတို႔က မ်က္ႏွာျပင္အႏွံ႕ခပ္စိတ္စိတ္ျဖင့္ လိူက္ေမာျခင္း၏အဆုံးသတ္ ေတးသီခ်င္းခ်ိဳခ်ိဳေလးေတြသီဆိုတက္ေသာႏူတ္ခမ္းပါေလးထက္ဝယ္ အခ်ိန္ၾကာၾကာခိုနားဝဲပ်ံေနခဲ့သည္။ ေမးဖ်ားေလးပင့္မ ကာ တစ္ခြန္းေလမွ်စကားမဆိုပဲ ျဖဴေဖြးသြယ္လ်ေနေသာ စိမ္းမ်မ် လည္ပင္းေသြးျပန္ေၾကာေလးကို ဘယ္ညာ ရိုက္လို႔ အနမ္းေျခရာထင္ခ်န္ခဲ့ျပန္ေသးသည္။ ထိုမွတဖန္ ထင္ေပၚလြန္းလွသည့္ ညွပ္ရိုးေလးေပၚ marking အရာမ်ားထင္ခ်န္ေစၿပီး ေမာဟိုက္တုန္ရီေနေသာ ခ်စ္ရပါေသာေလး အေမာေျပေစရန္ အနမ္းသင္ခန္းစာကို တစ္ခန္းရပ္ၿပီး အဆုံးသတ္ခဲ့ၿပီ။

" ကိုကို႔က အရမ္းခ်စ္တယ္ေနာ္..."

" အင္း....ကြၽန္ေတာ္ေရာပဲ ....."

" ကိုယ္သိတာေပါ့ အခ်စ္ရယ္.....ေက်းဇူးတင္တယ္ေနာ္ အခ်စ္အေပၚ တခ်ိန္က မွားခဲ့ဖူးတာအတြက္လည္း ေတာင္းပန္တယ္ေနာ္ "

" ဟင္းအင္း...ေမ့လိုက္ေတာ့...မေတာင္းပန္နဲ႕ေတာ့ ကြၽန္ေတာ္က နားလည္ေပးတယ္ "

" ေက်းဇူးပါ အခ်စ္ရယ္....ကိုကို႔ဘဝထဲဒုတိယအႀကိမ္ဝင္လာခဲ့လို႔..."

" အြင္းးးးမ်ားႀကီးခ်စ္ေပးပါ ...."

" သိပ္ေသခ်ာတာေပါ့...ေနာက္ဆုံးအသက္႐ူသံအထိ ကေလးငယ္ရဲ႕လက္ကိုပဲ ၿမဲေအာင္ကိုင္ထားၿပီးေရွ႕ဆက္ေန႕ရက္ေတြမွာလည္းကေလးငယ္ေလးကိုပဲ ၾကည့္မယ္ ...ကေလးယုံၾကည္မူကို ဘယ္ေတာ့မွအလြဲသုံးစားလုပ္မွာမဟုတ္ဘူးဆိုတာ ကိုကိုကတိေပးမယ္ "

" အင္း...ကိုကို႔ကိုယုံတယ္....ဒါနဲ႕ ညေနပြဲၾက ကိုကိုႀကီးေရာ လာမွာတဲ့ မနက္က ဖုန္းေျပာလာတယ္..ကိုကို "

" ဟုတ္လား....ကိုကို႔ကေတာ့ အခ်စ္ကိုစိတ္မခ်တာအမွန္ပဲ...တားခ်င္ေပမယ့္ ခင္မ်ားေလးသေဘာတစ္ခုေၾကာင့္ေနာ္ ..သိရဲ႕လား...." ႏွာေခါင္းထိပ္ေလးကို လက္ကေလးျဖင့္ ဆြဲဖ်စ္ကာ ခ်စ္စဖြယ္အမူအရာတို႔ျဖင့္ ကိုကို႔ကဆိုတက္ျပန္ေသးသည္။

ကိုေဇာ္ျပင္ဆင္ေပးလာေသာ Dim Sam မူန့္နဲ႕စားစရာအခ်ိဳ႕တို႔ကို တစ္ခုခ်င္း သူ႕အလိုက် ခြံ႕ေႂကြးေနေသာ ကိုကိုေျပ့ဘုန္းမာန္ႀကီးရယ္ပါ။

branded တစ္ခုလုံးကို ဝတ္ဆင္ေစၿပီး အနက္ေရာင္ pants ကအစ အေပၚဝတ္အဆုံး အျဖဴေရာင္ေလးအဆုံး ကိုကို႔စိတ္တိုင္းက် ငွါးရမ္းေပးထားသည့္ designer အစ္မႀကီးက အံ့ဩယူရသည္အထိ လိုက္႐ူပ္ေနျပန္ေသးသည္။ ဘယ္ေနရာ ဘယ္လိုေလးလိမ္းေပး၊ ဆံပင္ကို ဘယ္လိုေလးျပင္ေပးပါ ! ဆိုတဲ့ စကားအဆုံး designerအစ္မကို လြယ္ေအြ႕ေလးက အားနာရသည္အထိ ကိုကိုက အကဲပိုသူႀကီးပါ ။

Channel brand စိန္ရင္ထိုးေလးဆင္ျမန္းအၿပီး လိုအပ္ေနသည့္ braceletsအဆုံး စိန္ပြင့္ေလးမ်ားစြာပါသည့္ ဆင္ယင္မူမ်ိဳးေၾကာင့္ မေနတက္စြာ လက္ေလးႏွစ္ဖက္ကို ပြတ္သပ္၍ ရွက္ေနသည့္ ကေလးငယ္ကို အားေပးေနမိသည့္ စကားတစ္ခြန္း....။

" Mann groupပဲ့ကိုင္ရွင္ ရဲ႕ အမ်ိဳးသားငယ္က ဒီေလာက္ေတာ့ ဝတ္ရမွာပဲ အခ်စ္ ၊ ကိုယ့္အခ်စ္ေဘးမွာ ကိုကိုရွိေနမွာမို႔ ဘာကိုမွထည့္ေတြးစရာမလိုဘူး ကေလး "

" ဟုတ္ကိုကို..."

" ဒါမွ ကိုယ့္အခ်စ္ပီသမွာေပါ့....အားလုံးက ကိုယ့္အခ်စ္စိတ္ႀကိဳက္ပဲ ျပဳမူလိုက္ပါ ေနာက္ျပသနာဒီကိုကိုက ရွင္းေပးမယ္ ..."

" အဲဆို ဆိုးလို႔ရတယ္လား....."

" ဟားးးးးးးသိပ္ရတာေပါ့ အခ်စ္ရဲ႕ ..."

မိကပ္ျပင္ေနဆဲ designer အစ္မႀကီးတစ္ေယာက္ ေခါင္းခါရမလို၊ ေခါင္းညိတ္ရမလို မိကပ္ဗူးႀကီးကိုကာ ကိုယ့္ေရွ႕တည့္တည့္ လာ ရိုေနၾကေသာ CEO တို႔စုံတြဲကို ပါးစပ္ေလးဟကာ အံ့ဩယူရသည္အထိ ။

" ေအာ္.....လူေတြ....လူေတြ ....က်ဳပ္ရွိတယ္မျမင္နိုင္ေလာက္ေအာင္ အခ်စ္ေတြဖုံးလႊမ္းၾကၿပီထင္ရဲ႕ ........."

ေမေေမေရ...ကြၽန္မကို လင္ရွာေပးပါ !!!

# မမအတြက္ vote ေပးခဲ့ဖို႔မေမ့နဲ႕ေနာ္
# take care all

Continue Reading

You'll Also Like

125K 246 91
Erotic shots
10.4K 654 25
Just some FourthGemini Oneshots hehe :)
2.2K 100 11
Jill Valentine x Female Reader "Captivated by the vivid memories of you, my heart holds onto the restless dream we shared, never letting go." Life in...
44.1K 1.3K 46
တစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ်။ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ်။