နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Extra Part-4

42 1 0
By LinnLinn438


" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-4 ✨🖤⚜️

" အေးကြည်....ဟေ့....အေးကြည် ခေါ်နေတာမကြားဘူးလား

ရှင် အစ်ကိုလေး ....လာပါပြီ ခဏလေးပါရှင့်

မြန်မြန်လာစမ်း ...."

အစ်ကိုလေး အသံက ဒေါသပါနေတာမို့ နေ့လည်က မမလေး သရက်သီးသုပ်စားတာနဲ့ပက်သက်ပြီး သိများသိသွားပြီလားဟု အေးကြည် တွေးပူမိသွားရသည်

လာပါလေ့စေဦး အေးကြည်မ သူ သည်လောက်မှာထားရဲ့သားနဲ့ကို "ည"အကြိုက် သရက်သီးသုပ်ကျွေးရတယ်လို့....တောက်ခ်

" အစ်ကိုလေး အေးကြည်ရောက်ပါပြီ.....

အေး နင် ဒီကိုလာကြည့်စမ်း...."

အစ်ကိုလေးက ခြံထဲရှိ ဝါးခြူတံလေးကို ဓာတ်ပုံရိုက်ထားသည်အား ပြလာတာမို့ အေးကြည်ထူးဆန်းသွားရသည်

" ဝါးခြူတံလေးလေ အစ်ကိုလေး အေးကြည်မြင်ဖူးပါတယ်

ဟ......ငါ နင့်ကို ဝါးခြူတံမမြင်ဖူးလို့ ခေါ်ပြတယ်များမှတ်နေလား
ဒီဝါးခြူတံကို ငါထားထားတဲ့နေရာက ခရေပင်မှာထောင်ထားခဲ့တာလေ
အခု ဝါးခြူတံက သရက်ပင်မှာထောင်ထားတာ ဘာသဘောလဲ
ဝါးခြူတံက ခြေထောက်ပေါက်ပြီး သရက်ပင်နားရောက်သွားတာလား ဟမ် .....မှန်မှန်ပြောစမ်း နင် သရက်သီးလာခူးတယ်မလား အဲ့တာကလည်း နင်စားဖို့မဟုတ်ဘူး ငါ့ဇနီးစားဖို့မလား ပြောလေ

ရှင်.....မဟုတ်ပါဘူး အစ်ကိုလေး အထင်မှားနေတာပါ

အေးကြည် ငါမေးနေတာကိုဖြေနော် မဟုတ်ရင် နင့်ကို ရွာပြန်ပို့မှာ

ရှင်....."

အဲ့တာမှ ဒုက္ခ အမှန်အတိုင်းပြောပြန်ရင်လည်း မမလေးက အဆူခံရမှာ မပြောပြန်ရင်လည်း အေးကြည်မ ရွာပြန်ရမှာ သေချင်တာပါပဲဟယ်
ဘူးချည်းပိတ်ငြင်းမှပဲရမယ် ဟုတ်တယ်

" မသိပါဘူး အစ်ကိုလေး ဒီနေ့တစ်နေ့လုံး အေးကြည် အလုပ်တွေပြီးအောင် လုပ်နေရတာနဲ့ မအားတာပါ
မမလေးကလည်း ဘုရားရှိခိုးပြီး စာအုပ်ဖတ်ရင်ဖတ်၊မဖတ်ရင် ဇာတ်ကားကြည့်နေတတ်တာမို့ ဝါးခြူတံကိစ္စနဲ့ပက်သက်ပြီး မမလေးရော အေးကြည်ရော မသိပါဘူး တစ်ကယ်ပါ အစ်ကိုလေး "

မမလေးက အစ်ကိုလေးဘေးမှာထိုင်ရင်း မျက်နှာမသာမယာနဲ့ရှိနေသည်
အစ်ကိုလေးက ကျန်တာ မမလေးသဘောကျအလိုလိုက်ပေမယ့် မမလေးနဲ့ကလေး အန္တရာယ်ဖြစ်စေမည့်အရာဆို တင်းတင်းကြပ်ကြပ်တားမြစ်လေ့ရှိသည်
သက်သေမကျန်အောင် လက်စဖျောက်ထားပါရဲ့နဲ့ ဒီဝါးခြူတံနေရာပြန်ချဖို့ ဘာလို့မေ့သွားခဲ့တာပါလိမ့်
အစ်ကိုလေးကလေ မမလေးအန္တရာယ်ဖြစ်စေမည့်အရာဆို အသေးစိတ်ကအစ သတိထားလွန်းတာနဲ့တော့ လက်ပူးလက်ကြပ်မိဖို့နီးနေပြီ

" ည" မောင်မေးနေတာကို အမှန်အတိုင်းဖြေမှာလား အေးကြည်ကို ရွာပြန်ပို့လိုက်ရမလား

ဟင်.....
မောင့်.....အဲ့လိုမလုပ်နဲ့လေ

ဒါဆို မောင်မေးတာဖြေလေဗျာ မောင့်ကိုမညာနဲ့ မောင် မင်းကို အစပ်တွေမစားရဘူးလို့ ပြောထားရဲ့သားနဲ့ကွာ
မောင်တို့ရင်သွေးလေးကို မင်းစိတ်မပူဘူးလား "ည"
မောင် ဒီလိုတွေလိုက်ပြောနေရတာက မင်းကိုရော မောင်တို့ရင်သွေးလေးကိုရော အန္တရာယ်ဖြစ်မှာစိုးလို့လေ

"ည"သိတယ် ဒါပေမယ့် မောင်စိတ်ပူတာချည်းက တဖြည်းဖြည်း "ည"ကို ထိန်းချုပ်ထားနေသလိုဖြစ်လာတယ်
"ည"လည်း မိခင်တစ်ယောက်ပါ ကိုယ့်ရင်သွေးကိုထိခိုက်စေမယ့်အရာဆို "ည" သေရင်သေသွားပါစေ ဘယ်တော့မှမလုပ်ဖူး
အခုက ကိုယ်ဝန်ကြောင့် ချဉ်ခြင်းတပ်တာလေ အဲ့တာကိုအရမ်းစားချင်နေတာ
အဲ့တာမို့ အေးကြည်ကို ခူးပြီး သုပ်ခိုင်းလိုက်တာ အေးကြည်လည်း မစားဖို့ကိုတားတယ် "ည"ကိုယ်တိုင်က စားချင်လို့ အေးကြည်ကို သရက်သီးသုပ်ကျွေးဖို့ တောင်းဆိုထားတာ
အဲ့တာကြောင့် အေးကြည်ကိုရွာပြန်ပို့စရာမလိုဘူး မောင် အပြစ်ပေးလို့ ခံရမယ်ဆို "ည"ပဲခံမယ် မနက်ဖြန် တီခိုင်ရှိတဲ့ ပြင်ဦးလွင်ကိုပြန်မယ် မောင့်ဘာသာ ဒီမှာ သားတို့နဲ့နေခဲ့ "

ဟင်.....အခု စိတ်ဆိုးရမှာက သူပါ ဘယ်လိုလုပ် စိတ်ဆိုးနေတဲ့လူပြောင်းသွားရတာပါလိမ့်
အခုတော့ ချစ်ဇနီးချောက ပြင်ဦးလွင်ပြန်မယ်တွေဖြစ်ကုန်ပြီ

ပြောပြီး သူ့အနားကနေထကာ ဗိုက်လေးကိုင်ရင်း ဖြည်းဖြည်းချင်းလျှောက်ကာ အောက်ထပ်ရှိအခန်းထဲဝင်သွားပြီမို့ ဂုဏ့်မှာ ဘာဆက်လုပ်ရမှန်းမသိကျန်နေခဲ့သည်

" မမလေးက နည်းနည်းလေးပဲစားတာပါ အစ်ကိုလေး အေးကြည် အစပ်လည်း ပါတယ်ဆိုရုံလောက်လေး ထည့်သုပ်ပေးတာပါ တစ်ကယ်နည်းနည်းလေးပဲ မမလေးစားခဲ့တာပါ အစ်ကိုလေး သရက်သီးတစ်လုံးလုံးမဟုတ်ပါဘူး

သေချာတယ်နော်

ဟုတ် သေချာပါတယ် အစ်ကိုလေး

အေး အခုတော့ နင့်မမလေးက သူကတစ်ပြန် ငါ့ကိုစိတ်ဆိုးပြီး ပြင်ဦးလွင်ပြန်မယ်တွေပြောသွားပြီ

အစ်ကိုလေး ချော့နေကျပဲဟာ အခုလည်းသေချာပြန်ချော့လိုက်ရင် မမလေးစိတ်ဆိုးပြေသွားလောက်ပါတယ်
ဒါနဲ့လေ အစ်ကိုလေး အေးကြည် သိချင်လို့ပါ အစ်ကိုလေးရိပ်မိမှာစိုးလို့ သေချာသန့်ရှင်းရေးလုပ်ထားတာကို အစ်ကိုလေး ဘယ်လိုသိသွားတာလဲဟင်

ငါ့ကို ဘာမှမသိဘူးများမှတ်နေလား ဟမ်
ဝါးခြူတံကို ငါစစ်ကြည့်တော့ထိပ်မှာ သရက်ပင်အရွက်ကပ်နေတယ် နောက်ပြီး မီးဖိုချောင်မှာ ထပ်စစ်ကြည့်တော့ မျှင်ငါးပိဗူးက အပေါ်စင်မှာမရှိဘဲ ပန်းကန်စင်ဘေးကို ရောက်နေတယ်
သရက်သီးတစ်ဝက်လှီးထားတဲ့အပိုင်းက ကြောင်အိမ်ထဲမှာ နင် အုပ်ဆောင်းနဲ့သိမ်းထားတယ်လေ

နင်နော်နင် အေးကြည်မ ကြပ်ကြပ်သတိထားနေ ငါ့ဇနီးစိတ်ကြိုက်တွေလုပ်ကျွေးသိလား ငါ့ဇနီးတစ်ခုခုဖြစ်တာနဲ့ နင့်အရင် အချုပ်ထဲပို့မှာ

ဟုတ် နောက်မကျွေးတော့ပါဘူး အစ်ကိုလေး
အေးကြည်မှတ်ထားပါ့မယ်

တစ်ခါတည်းမှတ်ထားနော် နောက်တစ်ခါငါထပ်မပြောဘူး

ဟုတ်ကဲ့ပါ အစ်ကိုလေး

သွားသွား အလုပ်သွားပြန်လုပ်တော့

ဟုတ်ကဲ့...."

အစ်ကိုလေးက သွားခွင့်ပြုလိုက်သည်နှင့် အေးကြည် ဧည့်ခန်းမှ  မီးဖိုချောင်သို့အမြန်လစ်ထွက်လာခဲ့သည်
ဟူး.....အခုမှ အသက်ဝဝရှုရဲတော့တယ် တော်သေးတာပေါ့ ရွာမပြန်ရတော့လို့....အစ်ကိုလေးတို့များ စုံထောက်များအောက်မေ့ရသည် ဘယ်အချိန်က မီးဖိုချောင်ထဲဝင်စစ်သွားလဲမသိလိုက်....။

အဟီး အစက မမလေးကို အေးကြည်စိတ်ပူနေတာ အစ်ကိုလေးက မမလေးကို အရမ်းချစ်တာမို့ ဆူတော့မဆူဘူးဆိုတာသိပေမယ့် မမလေးကို စိုးရိမ်စိတ်နဲ့ ဆုံးမဩဝါဒထိုင်ခြွေနေမည်ကိုတော့ အေးကြည်သိနေသည်
သို့ပေမယ့် အခုအခြေအနေက ပြောင်းသွားပြီဖြစ်သည်
မမလေးစိတ်ဆိုးရင် ထိုင်ရမလို ထရမလို ဂနာမငြိမ်ဖြစ်နေတတ်သည့် အစ်ကိုလေး အခုတော့ စိတ်ဆိုးသွားသည့်မမလေးအား ချော့ဖို့ ကြိုးစားနေမည်မှာ အသေအချာပင်ဖြစ်သည်

ဒါ့ကြောင့် မေမေကြီးအိမ်မှာ နေတုန်းက အစ်ကိုလေးအကြောင်း ခဏခဏပြောတာ ဘဘကြီးက မေမေကြီးဒေါသတွေကို ဒိုင်ခံနားထောင်ပေးရတဲ့သူပေါ့
အဲ့တုန်းက အေးကြည် အစ်ကိုလေး မမလေးအားချစ်ပုံကို သိပ်မယုံကြည် အပိုတွေဟုသာထင်နေခဲ့သည်
အခု ကိုယ်တိုင်ကိုယ်ကျ မြင်နေရမှပဲ မေမေကြီးပြောစကားအရမ်းမှန်သည်ဆိုတာ လက်တွေ့ကြုံနေရပြီဖြစ်သည်
မမလေးနဲ့အစ်ကိုလေးတို့ဇနီးမောင်နှံက အေးကြည် ကြည့်နေကျ ကိုရီးယားကားတွေထဲက မင်းသားနဲ့မင်းသမီးလို ဖြစ်သည်

🌹🌹🌹🌹

" ည" ....ကိုယ့်ကို စကားပြောပါဦးကွာ နော်

သား"နေနေ" ညီလေးရော

"ယံယံ"က အိမ်စာရေးနေတယ် မေမေ

ဟုတ်လား သားကရော

သားက အိမ်စာတွေပြီးသွားပြီ မေမေ "ယံယံ"က ဆော့နေလို့မပြီးသေးတာ

ဟုတ်လား သားက ညီလေးကို မဆော့နဲ့လို့မပြောဘူးလား

ပြောတယ် မေမေ ဒါပေမယ့် "ယံယံ"ကနားမထောင်ဘူး ဆိုးတယ်

ဟုတ်တယ် ဆိုးတယ် ခဏနေ မေမေဆူရမယ် အခု "ယံယံ"အိမ်စာပြီးပြီလားဆိုတာ သား သွားကြည့်လာခဲ့ ပြီးရင် အိမ်စာပြီးတာနဲ့ မေမေ့ဆီလာခဲ့လို့ပြောလိုက်

ဟုတ်ကဲ့ မေမေ...."
အခန်းထဲမှ သားကြီးထွက်သွားသည်နှင့် ဂုဏ် "ည"အနားကပ်လာလိုက်သည်
သို့သော် "ည"က သူ့အနားမှ ထသွားပြန်သည်
တစ်ဖန် "ည"အနားသူသွားပြန်တော့ "ည"က အခန်းထဲမှထွက်ရန် တံခါးအားဖွင့်ဖို့လုပ်နေသည်
သည်တစ်ခါတော့ သူအလျှော့ပေးလို့မဖြစ်

"ည" ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့နော် ကိုယ်ပြောတာက "ည"နဲ့ရင်သွေးလေးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လို့ပါကွာ

မောင်စိုးရိမ်တာက တင်းကြပ်လွန်းတယ် ဟိုဟာမလုပ်ရ ဒါမစားရ စည်းကမ်းတွေသိပ်များလွန်းတယ်

မောင်သိပါတယ် အခုအဲ့စည်းကမ်းတွေကို ဖြေလျှော့ပေးမယ်

မလိုဘူး "ည" မနက်ဖြန် ပြင်ဦးလွင်ပြန်မှာ

"ည" မောင်ခွင့်မပြုဘူးနော် မောင့်ခွင့်ပြုချက်မရဘဲ မင်း ဘယ်မှသွားလို့မရဘူး မောင်က မင်းရဲ့ခင်ပွန်း

ဒါဆို "ည"စိတ်တိုင်းကျ မောင်လိုက်လျောပေးလေ

မောင် စည်းကမ်းတွေဖြေလျှော့ပေးပါမယ်ဆိုကွာ

မရဘူး မောင့်ကို "ည"သဘောကျ အလိုလိုက်ဖို့ပြောနေတာ မရရင် ပြင်ဦးလွင်ပြန်မှာ "

စိတ်တိုတိုနဲ့ ဖက်နမ်းလိုက်ရရင် စိတ်ဆိုးမပြေဘဲ ထပ်စိတ်ကောက်သွားမှာစိုး၍ သူ့စိတ်တွေထိန်းချုပ်ထားတာဖြစ်သည်
သူ့အား ပြင်ဦးလွင်ပြန်မည်ဟု ခဏခဏပြောနေသည့်နှုတ်ခမ်းလေးအား အသက်ရှုခွင့်မရသည်အထိ နမ်းပစ်လိုက်ချင်သည်

" အိုကေ မောင်သဘောတူတယ် "ည"သဘောကျ မောင်လိုက်လျောမယ် အလိုလိုက်ပေးမယ် ပြင်ဦးလွင်မပြန်ရဘူးနော်

အင်း မပြန်ဘူး မောင့်စကား မောင်တည်နော်

အင်း မောင်ကတိပေးတယ်

အဟင်း.....မောင့်ကိုချစ်တယ်  အာဘွား....

အလည်လေး မောင်က မင်းနဲ့ပက်သက်ရင် အမြဲအလျှော့ပေးတတ်လို့ အနိုင်ယူတာ

ဘာလဲ မောင်က "ည"ကို အလျှော့မပေးချင်ဘူးလား

အလျှော့ပေးချင်လွန်းလို့ အနိုင်မယူမှာစိုးနေတာပါဗျာ

အာဘွား......"
လူကို မထိတထိလေးလာနမ်းပြီး ခွာသွားတော့ သည်လူမှာ ရင်ခုန်သံတွေ တိုးလို့တန်းလန်းဖြစ်လို့....

" ဟိတ် ဖွဖွလေးနမ်းပြီး သည်လိုခွာသွားလို့ရမလားဗျ

အဟင်း မောင့်.... သားသားတို့‌ဝင်လာတာနဲ့တိုးနေမယ်
မနမ်းနဲ့လို့...

မရဘူး မောင့်ကို ရင်ခုန်အောင် "ည"အရင်စသွားတာ အဆုံးထိ "ည"တာဝန်ယူမှဖြစ်မှာ သိရဲ့လားဗျ "

" ည"ရဲ့ နူးညံ့သည့်နှုတ်ခမ်းငယ်လေးမှာ ယစ်မူးမလို့ကြံကာရှိသေး သားသားတို့ရဲ့အသံအားကြားလိုက်ရသည်

" ဖေဖေ့ မေမေ့.....သား "ယံယံ့"ကို ခေါ်လာခဲ့ပြီ

ဟင် အင်းအင်း...အဟင်း သားတို့ ဒီကိုလာ "

တော်သေးသည် သားသားတို့မတွေ့သွားလို့သာ မဟုတ်ရင် စပ်စုစိန်နှစ်ကောင်က စေ့စေ့ပေါက်ပေါက်လိုက်နေမည်မှာ ကျိန်းသေဖြစ်သည်

" ‌မေမေ့ "ယံယံ့"ကို ဆူမို့ဆို....

အင်း ဟုတ်တယ် သားက ဘာလို့ ကိုကြီးနဲ့အတူ အိမ်စာမလုပ်ပဲဆော့နေတာလဲ

ဟီး....သား ပျင်းလို့မေမေ အိမ်စာလုပ်ချင်စိတ်ပျောက်နေလို့ အဲ့စိတ်ပြန်ပေါ်လာတဲ့အထိ သားဆော့ရင်း စောင့်နေတာ

ခွီ...."
သူ့ရယ်သံကြောင့် "ည"နဲ့သားတို့က မျက်မှောင်ကြုတ်ကာ ကြည့်လာကြသည်မို့ ဂုဏ် ရယ်ချင်နေသည့်မျက်နှာအား မျက်နှာပိုးသတ်ကာ တည်လိုက်ရသည်
အဟွန်း သားငယ်က တစ်ကယ့်အမေတူအလည်လေးပင်
မကြားဖူးပေါင်....အိမ်စာလုပ်ဖို့ကို စာလုပ်ချင်စိတ်ပြန်ပေါ်လာသည်အထိ ဆော့ရင်းစောင့်နေသည်တဲ့🤣

" နောက်ကို အဲ့လိုမလုပ်ရဘူးနော် သားငယ် သား စာလုပ်ရင်းနားချင်နားလို့ရတယ် စာလုပ်နေရင်းဆော့တာမျိုးတော့ မလုပ်ရဘူးနော် သား လုပ်စရာရှိတဲ့အလုပ်ကိုပဲ အပြီးသတ်အာရုံစိုက်လုပ်ရမယ် ဆော့ကစားဖို့က သက်သက်အချိန်ပေးလို့ရတယ် စာလုပ်နေချိန်မှာ အာရုံလွင့်ပြယ်တာမျိုးဖြစ်စေမယ့်အရာတွေ ရှောင်ရမယ်နော် မေမေပြောတာနားလည်လား သားငယ်

ဟုတ် သား နားလည်ပါတယ် မေမေ

ဟုတ်ပြီ....အခု သားတို့ အိပ်ချိန်ရောက်ပြီနော် သွားရောတိုက်ပြီးပြီလား

ဟုတ် တိုက်ပြီးပြီ မေမေ မျက်နှာပါတစ်ခါတည်းသစ်လာခဲ့တယ်

သားရောပဲ မေမေ

လိမ္မာလိုက်တာရှင်....

"ည"သားတွေက ပုံပြင်စာအုပ်ပါတစ်ခါတည်းယူလာတာ

အဟွန်း....ကဲ ဒီကိုလာ လှဲအိပ်ပြီး မေမေပုံပြင်ပြောပြတာကို နားထောင်မယ်နော်

ဟုတ်မေမေ....."

ညစဉ် သားတို့က ဂုဏ်တို့အခန်းမှာ "ည"ပုံပြောပြတာကို သူတို့ကုတင်မှာလှဲအိပ်ရင်း နားထောင်ကာ အိပ်ပျော်လေ့ရှိသည်
ထိုအခါ သားတို့ကို တစ်ယောက်ဆီချီကာ သားတို့အခန်းလေးထဲသို့ ပြန်ပို့ပေးရသည်မှာ ဂုဏ့်ရဲ့ညစဥ်တာဝန်ဖြစ်သည်

နာရီဝက်အကြာ.........🕙

" ကဲ မောင်ရေ သားသားတို့အိပ်ပျော်သွားကြပြီ

ဟုတ်ပြီ  ဒါဆို မောင် သားတို့ကိုအခန်းပြန်ပို့လိုက်ဦးမယ်နော်

အင်း....ဂရုတစိုက်ချီနော် မောင် တော်ကြာ သားတို့ပြန်နိုးသွားဦးမယ်

ဟုတ်ပါပြီဗျာ...."

ခွင်း သားတို့နဖူးလေးတွေကို အနမ်းတစ်ချက်စီပေးပြီးမှ မောင်က သား"နေနေ"ကိုချီကာ အခန်းသို့ ခေါ်သွားသည်
ကျန်ခဲ့သည့် သားငယ်လေးကို ကြည့်ရင်း ခွင်းမှာ အသည်းယားလာရသည်
ခွင်းကိုယ်တိုင်မွေးထုတ်ထားသည့် သားတွေမို့ ချစ်မဝပေ
ခွင်း သူတို့လေးတွေကို ကိုယ်ဝန်ဆောင်ခဲ့သည်က မနေ့တနေ့ကလိုပင်
သည်ကလေးတွေ တဖြည်းဖြည်းအရွယ်ရောက်လာသည်က ခဏလေးလိုပါပဲ
ရင်နှင့်ရင်း၍ ချစ်ရသည့်သားလေးတွေမို့ ဒီကလေးတွေ တစ်ခုခုထိခိုက်မှာကို ခွင်းစိုးရိမ်သည်
မကြာမီပင် မောင်ပြန်ရောက်လာကာ သားငယ်လေးအား အသာပွေ့ချီ၍ ခေါ်သွားသည်

" ကောင်းသောညလေးပါ ဖေဖေ့သားလေးတွေ..."

ဂုဏ် သားတို့ပါးပြင်လေးတွေကို တစ်ချက်စီ အနမ်းပေးကာ အခန်းမီးပိတ်ပေးခဲ့ပြီး ညအိပ်မီးလေးဖွင့်ပေးခဲ့ကာ အခန်းတံခါးကို အသာပိတ်၍ "ည"ရှိရာ ဘေးချင်းကပ်အခန်းဆီပြန်လာခဲ့သည်

" မောင် သားတို့ပြန်မနိုးဘူးမလား

မနိုးဘူး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ "ည"

တော်သေးတာပေါ့ "ည"က သားတို့ပြန်နိုးမှာစိုးရိမ်နေတာ

ကဲ အခုက မောင့်အမျိုးသမီးလေးအလှည့် နွားနို့ရော သောက်ပြီးပြီလား

အင်း ခုနလေးတင် အေးကြည် လာပို့ပေးသွားတယ် မောင် "ည"သောက်ပြီးပြီ

ဟုတ်ပြီ အခု "ည"ဗိုက်လေးကို မောင် သံလွင်ဆီလိမ်းပေးမယ်
"ည" ဖြည်းဖြည်းချင်းလှဲလိုက်နော်

အင်း.....

ခြေထောက်တွေရော ညောင်းနေသေးလား "ည"

ဟင့်အင်း "ည" နေသာပါတယ် မောင်လည်း တစ်နေကုန် ပင်ပန်းထားတာ အိပ်ကြရအောင်

အင်း ဒါဆို မောင် လက်ဆေးလိုက်ဦးမယ်နော်

ဟုတ်....."

ချစ်ရတဲ့အမျိုးသမီးလေးအား ရင်ခွင်ထဲထည့်ရင်း အိပ်စက်ရသည့်ညတွေဟာ ဂုဏ့်အတွက် အဖိုးမဖြတ်နိုင်သည့်ညတွေပါပဲ
အဲ့တာကြောင့် အလုပ်ကိစ္စနှင့် ခရီးသွားရမည်ဆိုရင် ဝသုန့်ကိုသာ လွှတ်သည်ကများသည်
အကယ်၍ သူကိုယ်တိုင်သွားဖို့လိုအပ်ရင်တော့ "ည"ကိုအပါခေါ်သွားတတ်သည်
သားတို့ကို အဘိုးအဘွားအိမ်ပို့ထားလိုက်သည်လေ
(ကြင်နာတတ်သည့်ဖေဖေဂုဏ်ပါလေ🤌)😂
သားတွေကိုသာ ခွဲနိုင်သည် မိန်းမကိုတော့ မျက်စိအောက်က အပျောက်မခံ မခွဲနိုင်သည့် ဖေဖေဂုဏ်🤌 So good😂

🌹🌹🌹🌹🌹
•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

" မောင်....ဒီနေ့ အလုပ်မသွားဘူးလား ရုံးတက်ချိန်ရောက်နေပြီနော်

အင်း ဒီနေ့ ကိုယ် မသွားဘူး "ည" ကုမ္ပဏီမှာ အရေးကြီးကိစ္စမရှိဘူးလေ

ဟွန့်...
သွားပါ မနေ့ကိစ္စကြောင့် မောင် အလုပ်မသွားတာ သိတယ်နော် မညာနဲ့

မဟုတ်ပါဘူးဗျာ ....ဒီနေ့ နေ့လည်ကျရင် အရေးကြီးဧည့်သည်လာဖို့ရှိတယ်လေ အဲ့တာကြောင့်လည်းပါတယ် နောက်ပြီး မောင့်အမျိုးသမီးလေးနဲ့ရင်သွေးလေးအနား ကပ်နေချင်လို့

ဧည့်သည်က ဘယ်သူလာမှာလဲ မောင်

နိုး...."ည"အတွက် secret "

ဂုဏ် "ည"ရဲ့အဒေါ် တီခိုင့်အား မနေ့ကတည်းက သူ့တပည့်တစ်ယောက်အား သွားခေါ်ခိုင်းထားတာဖြစ်သည်
တီခိုင်လည်း ရန်ကုန်မရောက်တာကြာပြီမို့ "ည"လည်းအလွမ်းပြေအောင် သွားခေါ်ခိုင်းထားတာဖြစ်သည်
နောက်ပြီး မဗိုက်လေးက သူ့ကိုစိတ်ဆိုးတိုင်း ပြင်ဦးလွင်ပြန်မယ်ချည်းလုပ်နေတာမို့ တီခိုင့်အား  သည်ကိုအရောက်ခေါ်ထားတာဖြစ်သည်
ဒါမှ ပြင်ဦးလွင်ပြန်မယ်လို့မပြောတော့မှာ မဟုတ်ရင် တီခိုင်ရှိတယ်ဆိုပြီး အားကိုးနဲ့ ပြင်ဦးလွင်ပြန်မယ်လုပ်နေတာမို့ သူ့မှာ မျောက်မီးခဲကိုင်မိသလို စိတ်ပူနေရတာ
မဗိုက်လေးက သည်ကိုယ်ဝန်နဲ့ကျမှ အရင်ကထပ်စိတ်ပိုဆတ်လာသည်လေ
(အကြံပိုင်တဲ့ ကိုဂုဏ်🤌😂)

" အေးကြည် .....လာဦး

လာပြီ အစ်ကိုလေး

ငါ စီစဉ်ခိုင်းထားတာတွေ အကုန်အဆင်သင့်ဖြစ်ပြီလား

ဟုတ် ဖြစ်ပါပြီ အစ်ကိုလေး အစားအသောက်တွေရော ဧည့်သည်တည်းခိုဖို့ အခန်းပါအသင့်ဖြစ်နေပါပြီ
ဒါက မမလေးသောက်ဖို့ သစ်သီးဖျော်ရည်ပါ အစ်ကိုလေး  ဒါနဲ့ မမလေးရောဟင် အစ်ကိုလေး

နင့်မမလေးက အခန်းထဲမှာ ရှိတယ် ပေး ငါယူသွားလိုက်မယ်
သေချာသပ်သပ်ရပ်ရပ်လုပ်ထားနော် လူကြီးသူမအတွက် စီစဉ်ခိုင်းထားတာ ကပျက်ကချော်တွေမလုပ်နဲ့

အေးကြည် သေချာလုပ်ထားပါတယ် အစ်ကိုလေး စိတ်ချပါ

အင်း....ကောင်းတယ် လစာထုတ်တဲ့အခါ ဘောနပ်စ်ပါထည့်ပေးမယ်

ဟုတ်ဟုတ် ကျေးဇူးတင်ပါတယ် အစ်ကိုလေး

ရတယ် နင် အလုပ်သွားပြန်လုပ်လို့ရပြီ

ဟုတ်ကဲ့ အစ်ကိုလေး...."

🌹🌹🌹🌹

" ည" မောင်ဝင်လာမယ်နော်

ဟုတ်....

ဒီမှာ "ည"သောက်ချင်တဲ့ ဖျော်ရည်ရပြီ

အင်း...ဒီကိုပေး မောင် "

"ည"က သားတို့ဓာတ်ပုံလေးတွေထည့်ထားသည့် Album လေးအား ကြည့်နေတာမို့ ဂုဏ်ပါ ကြည့်ရင်း ကျောင်းသွားနေသည့် သားတို့အား လွမ်းလာရသည်

" ကိုယ်တို့သားလေးတွေက ငယ်ငယ်လေးကတည်းက ချစ်ဖို့ကောင်းတာနော် နောက်ပြီး ကိုယ်နဲ့မင်းနဲ့ရော တူလို့ အချောလေးတွေ

အဟင်း မောင်ကတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြန်ပြီ

တစ်ကယ်ပြောတာ "ည"ရဲ့

အဟင်း..."ည"လည်း မောင့်လိုပါပဲ
သားတို့ကို "ည"ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့တာ ခဏလေးလိုပဲသိလား သူတို့လေးတွေ ဘယ်လောက်ပဲအရွယ်ရောက်လာရောက်လာ "ည"အမြင်မှာ ကလေးပေါက်စလေးတွေပဲ

မောင့်အမြင်မှာရောပဲ....သားတို့ကို "ည"ကိုယ်ဝန်စရှိပြီဆိုတာ သိရတဲ့အချိန်က ကိုယ့်အတွက် အပျော်ဆုံးဖြစ်ခဲ့ရတဲ့နေ့တွေထဲက တစ်နေ့ပဲ
သားတို့ငယ်ငယ်ကအကြောင်းတွေပြန်စဉ်းစားကြည့်ရင် တစ်ကယ် တသိမ့်သိမ့်ကြည်နူးရတယ် သိလား "ည"
မိဘဖြစ်ခွင့်ရတာ တစ်ကယ်ကို ကြည်နူးဖို့ကောင်းတယ်နော် ကိုယ်တို့မိဘတွေတုန်းကလည်း သည်လိုပဲခံစားခဲ့ရမှာပဲနော် "ည"

အင်း သေချာတာပေါ့ မောင်ရဲ့ ဒါ့ကြောင့်ပြောတာလေ မိဘနေရာရောက်လာတဲ့အခါ ကိုယ့်တုန်းက မိဘတွေစိုးရိမ်ပေးခဲ့တာတွေ၊စိတ်ပူပေးနေခဲ့တာတွေကို နားလည်လာပြီး မိဘတွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာလာတတ်လိမ့်မယ်တဲ့

ဟုတ်တယ်နော်....
မောင် အခု ဖေဖေနဲ့မေမေ့ခံစားချက်ကို မောင်ကိုယ်တိုင် မိဘနေရာရောက်လာတော့ ခံစားတတ်လာတယ်
မောင် မေမေ့အပေါ်မှားခဲ့တာတွေလည်းရှိတယ်

အခု မောင် အကောင်းဆုံး အမေ့အပေါ်ပြန်ဂရုစိုက်ပေးလို့ရတယ်လေ
"ည"ဆို အဲ့အခွင့်အရေးမရတော့ဘူး

"ည"ဝမ်းမနည်းနဲ့နော် မောင် မင်းဘေးမှာအမြဲရှိတယ် မောင့်မိဘတွေလည်း အမြဲရှိတယ်
တီခိုင်လည်း ရှိနေတာမို့ "ည"ဝမ်းမနည်းရဘူးနော် ကွယ်လွန်သွားတဲ့ အဖေနဲ့အမေလည်း "ည"အတွက် ဝမ်းသာနေမှာပါ အဘွားနံ့သာရောပဲပေါ့

အဟင်း အင်းပါ မောင်ရယ်."

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

Extra Part- 5မျှော််✨🖤⚜️
Author Ester Linn 🕊️

Continue Reading

You'll Also Like

366K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2K 66 10
မိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား‌‌ လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လ...
6.8K 430 36
" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်...
5.5K 257 20
သူမပန်ဖြစ်ပေမဲ့လည်း ကိုယ့်နှလုံးသားက သူ့အတွက် မေတ္တာပန်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေကျပေးခဲ့ပါတယ်...။