နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Extra Part-2

36 1 0
By LinnLinn438

" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-2 ✨🖤⚜️

" သမု  ဒီနေ့ သွင်ထက်ထမင်းချိုင့်ပါမလာမှန်းသိလို့ သူ့အတွက် ထမင်းဗူးလေးပေးမလို့ အရိုးအကြောဌာနဖက်ကို ထွက်လာခဲ့ပေမယ့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်

သွင်ထက်ကတော့ သူမကိုမမြင်ပေ

ဘယ်မြင်မလဲ ရင်ခွင်ထဲရောက်နေသည့် မိန်းမနဲ့နမ်းနေတာကို နင် ငါ့ခံစားချက်တွေကို အရူးလုပ်တယ်
သွင်ထက်ယံ ငါ့ကိုဂရုစိုက်ပေးသလိုနဲ့ ငါနင့်ကိုချစ်လာအောင် နင်လှည့်စားတယ်

" တောင်းပန်ပါတယ် ဒေါက်တာ ကျွန်မ ခြေခေါက်သွားလို့ ဒေါက်တာ့ပေါ်လဲကျမိသွားတယ်

ရပါတယ် မသီတာ နောက်ကိုဂရုစိုက်ပါ

ဟုတ်ကဲ့

အခု ကိုမင်းသီဟမရှိဘူး ခွဲစိတ်ခန်းဝင်နေတယ်ဗျ ခဏလောက်တော့ မသီတာစောင့်နေရလိမ့်မယ်

ဟုတ်ကဲ့  နေ့လည်စာစားချိန်ဆိုတော့ အစ်ကို့အတွက်ပါထည့်ရင်း ဒေါက်တာ့အတွက်ပါထည့်လာခဲ့တာ သုံးဆောင်ပါဦးရှင့်

ရတယ် မသီတာ ကျွန်တော်ဗိုက်မဆာသေးဘူး လူနာကြည့်စရာရှိသေးတာမို့ ခွင့်ပြုပါဦး

ဒေါက်တာ ဒေါက်တာ့ "

နားနေခန်းထဲမှာ ကိုမင်းသီဟ ညီမဖြစ်သူ မသီတာနဲ့ နှစ်ယောက်ထဲရှိနေဖို့ မသင့်တော်တာမို့ အမြန်ဆုံးထွက်လာခဲ့သည်
သို့သော်လည်း ချစ်ဦးသူရဲ့ အထင်မြင်လွဲမှားမှုကို ခံလိုက်ရပြီဆိုတာကို သွင်ထက်တစ်ယောက် မသိရှာပေ

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••
" သမု..."

ဆေးရုံအုပ်အခန်းထဲကနေ ထွက်လာသည့် သမုအား လှမ်းတွေ့လိုက်တာမို့ လှမ်းခေါ်လိုက်ပေမယ့် သမုက သူ့ကို တည်တင်းသောမျက်နှာထားဖြင့် တစ်ချက်သာကြည့်ကာ သူမသွားနေသည့်လမ်းအား ဆက်သွားလေသည်

" သမု ဘာအဆင်မပြေတာရှိလို့လဲ နင်မျက်နှာမကောင်းဘူး

ဘာမှမဖြစ်ဘူး ငါအဆင်ပြေတယ် ဂရုစိုက်စရာမလိုဘူး

သမု ငါကနင့်.....

သူငယ်ချင်းမှန်း ငါသိတယ် ငါအဆင်ပြေတာမို့ နင်ဂရုစိုက်ရမယ့်လူကိုပဲ ဂရုစိုက်ပေးလိုက်ပါ

ဟမ် ဘယ်သူ့ကိုပြောနေတာလဲ သမု
ငါနားမလည်ဘူး

အဲ့တာနင့်အပိုင်းလေ ငါ့အပိုင်းမဟုတ်ဘူး

သမု....သမု ငါမေးနေတယ်လေ

ငါ့လက်ကိုလွှတ် ဒါလုပ်ငန်းခွင်နော် သွင်ထက် တစ်ခြားလူတွေမြင်ရင် ဝေဖန်စရာတွေဖြစ်ကုန်မယ် ဆင်ခြင်ပါ

ဆောရီး သမု ငါသတိလွတ်သွားတယ်
ငါ နင့်ကိုစိတ်ပူသွားလို့ပါ "

သမုက သူ့ရှေ့ကနေ ဘာစကားမှထပ်မပြောတော့ပဲ ထွက်သွားလေသည်
သမု သူ့ကိုစိတ်ဆိုးနေတာများလား မနေ့ကအထိအဆင်ပြေနေတဲ့ ဆက်ဆံရေးက ရုတ်တရက် ဘာဖြစ်သွားတာလဲ

(အထင်လွဲပြီး သဝန်တိုသွားတာလေ ငကြောက်လေးရဲ့ )
''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

" မသီတာသွယ်စင်...ကျွန်တော် ဒီအရာတွေကို လက်မခံပါရစေနဲ့ ပြန်ယူသွားပါ

ဒေါက်တာ ကျွန်မရဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့တော့ လက်ခံပေးပါနော်

ကျွန်တော် လက်မခံဘူးလို့ အရှင်းဆုံးပြောပြထားပြီးပြီနော် မသီတာသွယ်စင် အပြုအမူတွေကို ဆင်ခြင်ပါ အများအမြင်မှာ အထင်အမြင်လွဲစေနိုင်မယ့်အပြုအမူမျိုးကို ရှောင်ပါ

ဒီဆွယ်တာက ကျွန်မကိုယ်တိုင် ဒေါက်တာ့အတွက် ရည်ရွယ်ပြီးထိုးပေးထားတာပါ
ဒေါက်တာ့ကို ကျွန်မချစ်နေတာ သိရဲ့နဲ့ ဘာလို့အဝေးကိုတွန်းထုတ်နေရတာလဲ ဒေါက်တာ ကျွန်မမှာ ဒေါက်တာလက်မခံနိုင်တဲ့ အရာများရှိနေလို့လား

ဟုတ်တယ် မသီတာသွယ်စင်
ကျွန်တော့်မှာ ချစ်ရတဲ့အမျိုးသမီးလေးရှိနေခဲ့ပြီးသားပါ သူမကလွဲလို့ ဘယ်အမျိုးသမီးကိုမှ ကျွန်တော်ရွေးချယ်မှာမဟုတ်ဘူး
သူမကသာ ကျွန်တော့်ဘဝရဲ့မူပိုင်ရှင်မို့ မသီတာသွယ်စင်ရဲ့မေတ္တာကိုရော မသီတာသွယ်စင်နဲ့ ပက်သက်သမျှ ဘယ်အရာကိုမှ  ကျွန်တော့်ဖက်က လုံးဝလက်မခံကြောင်း အရှင်းဆုံးပြောပြနေတာပါ သည်လောက်ဆို ကောင်းကောင်းသဘောပေါက်နားလည်သွားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်
ဒါဆို ကျွန်တော် ပြန်နှင့်ပါပြီ ခွင့်ပြုပါဦး "

နွယ် ကိုယ် မင်းကိုဖွင့်ပြောတော့မယ် ဒီထက်အချိန်ဆွဲနေရင် မင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို ကိုယ်သိပ်ကြောက်တယ် ....

****** ***** ***** **** ***** ***** ***** ***** *****

" သမုရေ နင်ဟာ ငါ့ကိုဘာလို့ ဘာမှမပြောဘဲ ဘယ်ကို ထွက်သွားရတာလဲဟာ "

ခန့်ညားနဲ့ဂုဏ်လည်း အရက်မူးပြီး သမုကိုယောင်နေတဲ့ သကောင့်သား သွင်ထက်ယံကြောင့် ‌စိတ်တွေလည်း နောက်ရပါတယ်

သမုမက သူတို့သူငယ်ချင်းတွေကိုတောင် ဘာမှပြောပြမသွားဘဲ လက်ရှိ သွင်ထက်နဲ့အတူ တာဝန်ကျနေတဲ့ဆေးရုံကနေ နယ်ပြောင်းခွင့်မိန့်နဲ့ တခြားဆေးရုံကို ပြောင်းသွားတာ
သူတို့တောင် သွင်ထက်ပြောမှ သမုမ နယ်ပြောင်းသွားတာကို သိရတာမို့ အခု ဒီလဒလေးရဲ့ အမူးဒဏ်ကို နေလင်းနဲ့နှစ်ယောက် ဒဏ်ခံနေရသည်

"ဘာ"ချင်းထပ်နေအောင် သမုနွယ်လွင်ကို ယောင်နေတာ ဘေးကသူတို့နှစ်ယောက်ကတော့ နားညည်းလွန်းလို့ ဒီကောင့်ကို သမချင်နေတာ

" ဖွင့်ပြောလိုက်ပါတော့လို့ တိုက်တွန်းနေတုန်းက ကျားကိုက်ခံရမယ့်အတိုင်း ကြောက်သေးပန်းပြီး ခွေးအကြီးလှည်းနင်းခံရသလို ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် ဝစီပိတ်ကျင့်ကြံနေပြီးတော့ အခုမှ လာအလွမ်းသယ်ပြနေတာ မင်းကို ယီးတောင်မသနားဘူး သူတောင်းစား "

ပြောရင်း ဒေါသကထွက်လာတာမို့ ဂုဏ် သွင်ထက်ကို နှစ်ချက်လောက် ပိတ်တီးပစ်လိုက်သည်

ခန့်ညားကတော့ ဘေးကနေ ခွက်ထိုးခွက်လန် ရယ်နေလေရဲ့

" ရယ်ရင်းနဲ့အူတက်သေနေဦးမယ် လဒရေ ဒီအမူးသမားကို ထိန်းဦးဟ ဒီကောင့်ကြောင့် ငါ့မိန်းမအနားကပ်ပြီး ကြည်နူးနေရမယ့်အချိန်မှာ အသည်းကွဲငမူးကို လာထိန်းနေရတာ အလုပ်မဟုတ်တော့ဘူး

ဟားဟား မင်းပဲ မိန်းမအနားမကပ်ရတာမဟုတ်ဘူး ငါပါ မကပ်ရတာကွ
နေနှင့်ဦးပေါ့ သွင်ထက်ယံရာ မင်း သမုမနဲ့လက်ထပ်ပြီးမှ မင်းကို ကောင်းကောင်း ဒုက္ခပေးပြမယ်

Right သားကြီး မင်းပြောတာ ငါထောက်ခံတယ် "

" အချစ်ရေ နွယ်ရေ ကိုယ့်ကို ဒီကောင်တွေ နှိပ်စက်နေတယ် မင်းမရှိရင် ကိုယ်မနေနိုင်ဘူးဆိုတာကို သိရဲ့နဲ့ ဘာလို့ထွက်သွားရတာလဲကွာ သမုနွယ်လွင်ရေ မင်းက မသိမသာရက်စက်တတ်ပါလားကွ

နေလင်း မင်းနဲ့ငါ ဒီကောင့်ကို နောက်တစ်ချက်ထပ်တီးလိုက်ရအောင်

လုပ်ကွာ ပြောနေတာကြာတယ် "

" အား..
သေနာနှစ်ကောင် မင်းတို့ပြန်ကြတော့ကွာ ငါ့ကိုလာနှစ်သိမ့်ပေးတာမဟုတ်ပဲနဲ့ လာနှိပ်စက်နေကြတာ

စေတနာမစော်ကားနဲ့ လဒစုတ်လေး မင်းက ဘာလို့မဟုတ်ကဟုတ်ကလျှောက်ပြောနေလဲ

ဟ ငါဘာပြောလို့လဲ

"မင်းမရှိရင် ကိုယ်မနေနိုင်ဘူးဆိုတာ မင်းသိရဲ့နဲ့ ဘာလို့ထွက်သွားရတာလဲကွာ "လို့ပြောတာလေ မင်းက ဘယ်တုန်းက သမုကိုဖွင့်ပြောတာမို့လို့ သမုကသိနေရမှာလဲ

နှလုံးသားချင်းနီးစပ်ရင် အလိုလိုသိတယ်ကွ

အောင်မယ် ငမူးက လာလာချည်သေး

ဟ သွားကွာ မင်းတို့ပြန်ကြတော့ ငါ့ဘာသာ ဘာဖြစ်ဖြစ် ပစ်ထားခဲ့

ငါတို့စိတ်နဲ့ငါတို့ ပြန်ချင်ပြန်မယ် နေချင်နေမယ် မင်းမရှည်နဲ့ ကိုယ့်ဘာသာ သောက်စရာရှိတာသောက်ပြီး ဆက်အသည်းကွဲနေလိုက် "

ထိုနေ့က ဂုဏ်နဲ့ခန့်ညားလည်း အိမ်သူသက်ထားတွေကို ခွင့်တောင်းခဲ့ပြီးသားမို့ ငမူးသမားကို စောင့်ရှောက်ရင်း သူတို့ပါ သွင်ထက် သီးသန့်နေဖို့ဝယ်ထားသည့် တိုက်ခန်းမှာပဲ အိပ်ဖြစ်ခဲ့ကြသည်

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

ဆေးရုံအုပ်ကို  သမုပြောင်းသွားသည့် ဆေးရုံကို မေးပြီး သွင်ထက်ပါ ပြောင်းခွင့်တင်၍ အချစ်ရှိရာ ကလောမြို့လေးဆီသို့ ရောက်လာခဲ့သည်

" သမုရေ ဒီနေ့ ပြင်ဦးလွင်ကနေ ပြောင်းလာတဲ့ဒေါက်တာအသစ်လာမယ်လို့ ဆေးရုံအုပ်ကြီးက ပြောလိုက်တယ် သိလား

ဟင် တို့ဌာနကိုလား ယု

အရိုးအကြောဌာနကို သမု အဲ့ဌာနမှာက ဆရာဝန်အင်အားနည်းတယ်မလား

အင်း ဟုတ်တယ်နော် ကောင်းပါတယ် ဒီကလူတွေအတွက် ‌အဆင်ပြေသွားတာပေါ့

ဟုတ်တယ် ဆေးရုံအုပ်ကြီးကလည်း အဲ့တာကိုပဲ ဝမ်းသာနေတာ "

" ဒေါက်တာသမုရေ အရေးပေါ်လူနာရောက်လာတယ် ချက်ချင်းခွဲစိတ်ခန်းဝင်ရမယ့်အခြေအနေမှာရှိတယ်

ဪ ဟုတ်ကဲ့ ဒါဆို လိုအပ်တာတွေ ပြင်ဆင်ထားပေးပါ ကျွန်မ လက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်းလာခဲ့မယ် စစ်စတာကြီး

ဟုတ်ကဲ့ပါ ဒေါက်တာသမု....."

" ကဲ ယုရေ ကိုယ်သွားလိုက်ဦးမယ်နော် နေ့လည်စာကို ဒီနေ့တော့ ယုတစ်ယောက်တည်းပဲ စားလိုက်တော့နော်

အင်းအင်း ကြိုးစားထား သမု

အင်း ဖိုက်တင်း.....

ဖိုက်တင်း....."

•°•°•°•°•°•   °°•°•°•°•   °•°•°•°•°

" အင်း.....ဒီလူနာက ဒူးဆစ်ရိုးလည်း ထိခိုက်မိထားတာဆိုတော့ အရိုးအကြောဌာနကို လွှဲပေးမှဖြစ်မယ် ကိုဇေ...သမုတို့ကုသရမယ့်အပိုင်းကလည်း ပြီးပြီဆိုတော့ ဒီနေ့ညနေပဲ လွှဲပေးလိုက်မယ်လေ ဘယ်လိုသဘောရလဲ ကိုဇေ

အင်း......အစ်ကို သဘောတူပါတယ်....
လူနာလွှဲဖို့ကိစ္စက အစ်ကိုစီစဉ်လိုက်မယ် သမုလည်း နိုက်ဂျူတီတွေဆက်တိုက်ဆင်းထားရတာ ပင်ပန်းနေပြီ နားလိုက်ဦး ခဏနေ အစ်ကို မုန့်လာပို့ခိုင်းလိုက်မယ် ဗိုက်ဖြည့်ပြီးမှ အနားယူတာက ပိုအားရှိတယ်

ဟုတ်ကဲ့ ဒါဆို သွားပြီနော် ကိုဇေ

ကောင်းပါပြီဗျာ....."

ကိုဇေနဲ့က တက္ကသိုလ်တက်စဉ်ကတည်းက မောင်နှမတွေလိုရင်းနှီးလာခဲ့တာမို့ အခုလို နယ်ပြောင်းတာဝန်နဲ့ ကလောမှာ တာဝန်ထမ်းဆောင်နေရပေမယ့် အခက်အခဲသိပ်မရှိပေ။
လိုအပ်တာမှန်သမျ ကိုဇေတို့မိသားစုက ကူညီပေးတာမို့ သမုမှာ အဆင်ပြေရပါသည်။
ဆရာဝန်တွေအတွက် လုပ်ပေးထားသည့် နားနေခန်းလေးရှိ ကုတင်၌ လှဲရင်း အနားယူချိန်လေးမှာ ဖုန်းသုံးနေမိသည်
ခွင်းတို့ကို သတိရလာတာမို့ Gallery ထဲမှာ အရင်တုန်းက သူငယ်ချင်းတွေအဖွဲ့လိုက် အတူရိုက်ထားသည့် ဓာတ်ပုံလေးတွေပြန်ကြည့်ရင်း ငယ်ဘဝကို သတိရမိပြန်သည်
အပူအပင်ကင်းပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသူဘဝကို ပြန်ရောက်မိချင်တယ်။
အခုများကျ ကိုယ်ပိုင်ဘဝကိုယ်စီနဲ့ အရင်လိုအတူဆုံကြဖို့ဆိုတာ တမင်တကာအချိန်ညှိယူမှပဲ တွေ့ဖြစ်ကြသည်

ပုံတွေပြန်ကြည့်ရင်း သူမနှလုံးသားကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ သွင်ထက်ယံ၏ပုံကို ကြည့်မိသွားသည်
ချက်ချင်း ဖုန်းကို မှောက်လိုက်ပေမယ့် အမြင်အာရုံထဲမှာတော့ ထပ်ခါတလဲလဲ မြင်ယောင်နေသည်
ရင်ခုန်သံတွေဟာလည်း ဖမ်းဆုပ်မရအောင် ကဆုန်ပေါက်နေသည်

" ကျစ်.....ငါ ဘာလို့အဲ့ဓာတ်ပုံကို မဖျက်ရသေးတာပါလိမ့်နော်
သူက နင့်ကိုသက်သက်မဲ့ ခံစားချက်တွေကိုအရူးလုပ်နေခဲ့တာ သမု
နင် သူ့ကိုမေ့ပစ်လိုက်တော့ "

ဦးနှောက်က မေ့ပစ်ဖို့ သတိပေးနေခဲ့သော်လည်း နှလုံးသားက လွန်ဆန်နေသောအခါ ....🥀

°°°°°°° °°°°°° °°°°° °°°°°°°

" ဒေါက်တာသမုနွယ်လွင်နဲ့တွေ့ချင်လို့ပါဗျ ဘယ်မှာများရှိနေလဲဆိုတာ ကျွန်တော့်ကိုပြောပြပေးလို့ရမလားခင်ဗျ

စိတ်တော့မရှိပါနဲ့ရှင်  ဘယ်သူမို့လို့ ဒေါက်တာသမုနဲ့တွေ့ချင်တာပါလဲ

ကျွန်တော်က အရိုးအကြောဌာနကို အသစ်ပြောင်းလာတဲ့ ဒေါက်တာသွင်ထက်ယံပါဗျ
ဒေါက်တာသမုက ကျွန်တော့်သူငယ်ချင်းပါ

ဪ ဟုတ်ကဲ့ ခဏစောင့်ပေးပါနော် ဒေါက်တာ ဒေါက်တာသမုက အခုခွဲစိတ်ခန်းဝင်နေလို့ပါရှင့်

ဪ ဟုတ်ကဲ့ ရပါတယ်ဗျ..."

သွင်ထက် ကောင်တာဘေးက ထိုင်ခုံမှာပဲ ထိုင်စောင့်နေတုန်း ရုပ်ရည်ခပ်သန့်သန့်နဲ့ ဂျူတီကုတ်ဝတ်ထားသည့် အမျိုးသားတစ်ဦးက သမုနာမည်ကိုပြောကာ ထမင်းချိုင့်လာပေးသွားသည်ကို တွေ့လိုက်ရသည်

" ဒေါက်တာသမုနွယ်လွင်အတွက် ထမင်းချိုင့်လာပေးတာပါ ဆရာမ

ဟုတ်ကဲ့ ဒေါက်တာတို့က အချိန်မှန်ပဲနော်
တို့ဒေါက်တာကြီးကတော့ ဒီနှစ်လူပျိုကြီးအဖြစ်ကနေ စွံတော့မယ်ထင်တယ်နော့်

ဟာဗျာ ...ဆရာမတို့ကတော့ နောက်ပြီ သမုက ကျွန်တော့်ညီမလေးလိုပါပဲ

ယုံလိုက်ပါ့မယ်နော် ဒေါက်တာဇေ မင်္ဂလာဆောင်ဖိတ်စာကျမှ စနောက်တာပါဆိုပြီးမလုပ်ရဘူးနော်

အဟွန်း ဆရာမတို့ကတော့ ပြောလေဆိုးလေပါလားဗျ သမုက ကျွန်တော့်ညီမလေးပါ ကျောင်းတက်ကတည်းက ခင်မင်လာတာမို့ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက မောင်နှမတွေလိုပါပဲ နောက်ပြီး ကျွန်တော့်မှာ ချစ်ရသူရှိပြီးသားဗျ ချမပြရသေးတာပဲရှိတာ

ဟုတ်ကဲ့ပါရှင် အဲ့ချစ်ရသူလေးက ဒေါက်တာသမုဖြစ်နေဖို့မျှော်လင့်ပါတယ်

ဆရာမတို့ကတော့ တစ်ကယ်ပြောရခက်ပါလားဗျ

အဟင်းဟင်း....ဒါက  ဒေါက်တာဇေ လက်မှတ်ထိုးရမယ့်ဖိုင်တွေပါ

ဟုတ်ကဲ့ ကျွန်တော်ယူသွားလိုက်ပါ့မယ် "

သူ သည်ကိုမရောက်လာခင် လေးလအတွင်းမှာ သမုအနား ချဉ်းကပ်လာတဲ့သူရှိနေပါရောလား

သူ ဒီထပ်ပို၍ နောက်ကျလို့မဖြစ်တော့ပေ။
( လက်နှေးနေလို့ကတော့ ငှက်ပျောတုံးဖက်နေရမယ်နော် ဒေါက်တာကြီး🤌)

''''''''''' '''''''' ''''''' ''
" ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျွန်တော့်ဇနီးနဲ့ကလေးကို အန္တရယ်ကင်းကင်းနဲ့ မွေးဖွားပေးခဲ့လို့ တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ

ရပါတယ်ရှင် ကျေးဇူးတင်ဖို့မလိုပါဘူး ကလေးရော မိခင်ပါ ကျန်းမာတာမို့ နောက်အပတ်လောက်ဆို ဆေးရုံပြန်ဆင်းလို့ရပါပြီ

ဟုတ်ကဲ့ပါ  ဒေါက်တာ

ဒါဆို ကျွန်မကို ခွင့်ပြုပါဦးရှင်

‌ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်ပါတယ် "

"  ဒေါက်တာသမုရှင့်....‌
သမု.....

ဟင် သွင်ထက်...."
သူ သည်ကိုဘာကြောင့်ရောက်နေတာလဲ

" ဟုတ်ကဲ့ ပြောပါ ဆရာမ

ဒေါက်တာ့သူငယ်ချင်းလို့ ပြောပါတယ် အရိုးအကြောဌာနက ဒေါက်တာသွင်ထက်ယံ ဒေါက်တာ့ကို စောင့်နေပါတယ်ရှင့်

သမု....နေကောင်းတယ်နော် ငါ နင့်ကိုတွေ့ချင်လို့ စောင့်နေတာ

‌ဒေါက်တာသမုရှင့် စကားဖြတ်ပြောရလို့ အားနာမိပါတယ်နော် ဒါက ဒေါက်တာ့အတွက် ဒေါက်တာဇေလာပို့ပေးသွားတဲ့ ထမင်းချိုင့်ပါရှင့်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်

လာ ငါ့ရုံးခန်းမှာ စကားပြောကြတာပေါ့ သွင်ထက်

အင်း "

" ပြော နင်ဘာလို့ ငါ့ကိုလာတွေ့တာလဲ

အရင်ဆုံး ငါမေးတာကိုဖြေပေးပါ သမု
ထမင်းချိုင့်လာပို့ပေးတဲ့ ဒေါက်တာဇေက နင်နဲ့ဘယ်လိုပက်သက်နေတာလဲ

ငါက ဘာလို့ဒီမေးခွန်းကိုဖြေရမှာလဲ နင်နဲ့ငါက ဘာမှမသက်ဆိုင်ပဲ ငါဖြေပေးစရာမလိုဘူး သွင်ထက် စည်းဘောင်ကျော်မလာပါနဲ့

မရဘူး သမု ငါ သိရမှဖြစ်မယ်
ငါ နင့်အပေါ် သူငယ်ချင်းထပ်ပိုနေမိတာ ကြာပြီ သမု

ဘာပြောလိုက်တယ်...."

သူ့စကားကြောင့် အံ့ဩပြီး စိတ်ရှုပ်သွားပုံရသည့် သမုအနား တိုးကပ်သွားလိုက်ကာ ပခုံးနှစ်ဖက်ကို အသာကိုင်၍
" ကိုယ် မင်းကိုချစ်တယ် နွယ်
ကိုယ် မင်းကိုချစ်မိနေတာကြာပြီ ကိုယ် ဖွင့်ပြောခဲ့ရင်ပေမယ့် မင်းမုန်းသွားမှာစိုးလို့ မင်းလက်မခံဘဲ ကိုယ့်ကို မင်းအနားကနေ အဝေးကိုတွန်းထုတ်လိုက်မှာကြောက်လို့ ကိုယ် ဖွင့်မပြောဖြစ်ခဲ့တာပါ နွယ်
ကိုယ်လေ မင်းကို ဆုံးရှုံးရမှာ သိပ်ကြောက်တယ် နွယ်
ကိုယ့်ကိုမထားခဲ့ပါနဲ့နော်

ဘာတွေပြောနေတာလဲ သွင်ထက် နင်က ငါးရံ့နှစ်ကောင်ဖမ်းချင်နေတာလား ဟမ်

နွယ် မင်းဘာကိုဆိုလိုတာလဲ

ဪ အခုမှတုံးချင်ယောင်ဆောင်နေတာဟုတ်လား
နင့်ရင်ခွင်ထဲရောက်နေပြီး နမ်းနေတဲ့ ဟိုမိန်းမက ဘယ်သူလဲ ပြောလေ

ဟမ် ဘယ်သူ....

သွင်ထက်ယံ ငကြောင်လာလုပ်မနေနဲ့ ငါနင့်ကို နာအောင်လုပ်မိတော့မယ်

ကိုယ် တစ်ကယ်မသိဘူး နွယ်

သွင်ထက်ယံ.....
နင့်ကို ထမင်းချိုင့်လာပေးတဲ့တစ်ယောက်လေ

ဪ.....ကိုယ်သိပြီ မသီတာသွယ်စင်ကိုပြောတာမလား

ဟုတ်တယ်..... နင်က သူ့နာမည်ကိုတောင် သေချာသိနေတာနော်

အဟွန်း ကိုယ့်ကိုသဝန်တိုနေတာမလား နွယ်

ရူးနေလို့ ငါက နင့်ကိုသဝန်တိုရမှာလား ဝေးသေး မဆိုင်တာတွေမပြောနဲ့

နေဦး အဲ့နေ့ကအဖြစ်ကို တွေ့ပြီး နွယ် ကိုယ့်ကိုစိတ်ဆိုးသွားတာမလား ဟုတ်တယ်မလား ဒါ့ကြောင့် နွယ် ကလောကို ပြောင်းခွင့်တင်လိုက်တာမလား
ကိုယ့်ကိုအထင်လွဲသွားပြီး ကိုယ့်အနားကနေထွက်သွားချင်လို့လေ

မ....မဟုတ်ပါဘူး နင့်ဘာသာထင်ရာမြင်ရာစွတ်ပြောမနေနဲ့  "

အရူး သွင်ထက်ယံ ဒါမျိုးကျ ‌ဗေဒင်ဆရာကျနေတာပဲ ကွက်တိခန့်မှန်းနိုင်တာ

" မညာပါနဲ့ဗျာ ....

မဟုတ်ဘူးလို့ ငါပြောနေတယ်နော် သွင်ထက်

အဟွန်း....သူက တစ်ဖက်သက်ကိုယ့်ကိုစိတ်ဝင်စားနေတာပါ ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတာ မင်းဆိုတဲ့ သမုနွယ်လွင်ကိုပဲ ချစ်တာ ကိုယ့်အချစ်ဦးက မင်းတစ်ယောက်တည်းပဲ....

အပိုတွေလျှောက်ပြောမနေနဲ့ သွင်ထက် နောက်ပြီး ငါ့ကိုလွှတ်ဦး တခြားသူတွေ ရုတ်တရက်တံခါးဖွင့်ဝင်လာလို့ တွေ့သွားရင် ဝေဖန်စရာတွေဖြစ်ကုန်မယ်

တစ်ခါတည်းကြေညာပြီးသားဖြစ်သွားတာပေါ့ မဟုတ်ဘူးလား မင်းက သွင်ထက်ယံဆိုတဲ့ ကိုယ့်အပိုင်ပါလို့လေ

ဘယ်တုန်းက အဖြေပေးလိုက်လို့ ငါက နင့်အပိုင်ဖြစ်သွားရတာလဲ

ဟုတ်လား မပေးရသေးဘူးလား မသိပါဘူး ကိုယ်က ပေးပြီးပြီထင်နေတာဗျ

ရူးချင်ယောင်ဆောင်မနေနဲ့ သွင်ထက် ငါ့ကိုလွှတ်

နိုး....မလွှတ်ဘူး ကိုယ့်ကို ချစ်တယ်ပြောမှ လွှတ်ပေးမယ်

ငါ နင့်ကိုမချစ်ဘူး သွင်ထက်

ကိုယ့်မျက်လုံးကို ကြည့်ပြီးပြော

ငါ...နင့်ကို မချစ်ဘူး သွင်ထက်....

မင်း ညာနေတာ နွယ်...ကိုယ့်ကိုချစ်ရဲ့သားနဲ့ မင်းညာနေတာ

ငါ မညာဘူး သွင်ထက်

ဒါဆို ဒီအသံဖိုင်ထဲက ကိုယ့်ကိုချစ်တယ်လို့ဝန်ခံနေတာ ဘယ်သူလေးလဲ နွယ်

ဟမ်.....ဘယ်အသံဖိုင်လဲ

ဒီအသံဖိုင်လေ ကိုယ်ဖွင့်ပြမယ် နားထောင်နော်

" သမု...ငါမေးမယ် မှန်မှန်ဖြေနော်

အင်း..

နင် သွင်ထက်ကို ချစ်လား

အင်း..

ဘာအင်းလဲ သေချာပြော သမု

ချစ်တယ်လို့ ...ငါ သူ့ကိုချစ်တယ် သူနဲ့ငါ ချစ်သူတွေဖြစ်သွားရင် 'မောင်'လို့ ခေါ်မှာ ဟိဟိ..."

သွားပြီ ခွင်း၊ နှင်းခက်တို့နဲ့ အတူသောက်တုန်းက သူမဖြေထားတဲ့အသံဖိုင်ကြီးပဲ

" ကဲ ငြင်းမယ်မကြံနဲ့နော် နွယ် ကိုယ့်မှာ သက်သေရှိပြီးသား
ဒီအသံဖိုင်ပို့ပေးတဲ့ ခွင်းကို ကျေးဇူးတင်ရမယ် အဟွန်း

မဟုတ်ဘူး အဲ့တာ ငါမူးတုန်း လျှောက်ပြောထားတာ အတည်မယူနဲ့

နိုးပါ မူးမှအမှန်တွေပေါ်တာလေဗျာ ကိုယ်ကတော့အတည်ယူတယ်

သွင်ထက်ယံ ငါပြောနေတယ် အတည်မယူ...."

စကားသံတို့တိတ်သွားရသည်က နှုတ်ခမ်းပေါ်ကျရောက်လာသည့် အနမ်းကြောင့်ပင်

" ကိုယ်တို့ခံစားချက်တွေထပ်တူကျနေခဲ့ပြီးသားလေ နွယ်

ငါ.......

ကိုယ့်ကို ချက်ချင်းလက်မခံနိုင်သေးလည်းရတယ် ဒါပေမယ့် ထပ်ပြီးအဝေးကို တွန်းမထုတ်ပါနဲ့တော့နော် ကိုယ် မင်းနဲ့ခဏလေးတောင် အဝေးမှာ မနေနိုင်ဘူး
သည်ကို ပြောင်းခွင့်ကျလာဖို့ကို ကိုယ်မနည်းသည်းခံပြီးစောင့်ခဲ့ရတာ ကိုယ် သည်ကိုပြောင်းခွင့်ရမှပဲ နေလင်းနဲ့ခန့်ညားလည်း ကိုယ့်ဒဏ်ကနေလွတ်သွားတာ

အဟွန်း သူတို့ကို ဒုက္ခပေးခဲ့သေးတာပေါ့လေ

ဒါပေါ့ သူတို့တုန်းက ကိုယ်ခံခဲ့ရတာတွေကို အတိုးရောအရင်းရောပြန်ယူနေတာ

အကျင့်ကိုမကောင်းဘူး

နွယ်ကလည်းကွာ...

ငါ့ကိုလွှတ်တော့ သွင်ထက်

နွယ်.......

ငါ စဉ်းစားဦးမှာ နင်စောင့်နိုင်ရင်စောင့်

သေချာနေတာကို နွယ်ကလည်းကွာ...

အပိုင်တွက်ပြီးမှ ငါ့ဆီရောက်လာခဲ့တာလား သွင်ထက်

မဟုတ်ဘူး နွယ် အဲ့လိုမဟုတ်ဘူး

ဒါဆို စောင့်နိုင်ရမှာပေါ့

ကိုယ်စောင့်မယ် ဒါပေမယ့် အဖြေက Yesဆိုတာပဲဖြစ်ရမယ်နော်

ဒါကတော့ နင့်အပေါ်မူတည်တယ်လေ

စိတ်ချ နွယ့်အချစ်က ကိုယ့်အပိုင်ပဲဖြစ်စေရမယ်

အဟွန်း....လေကြီးနေပြန်ပြီ

နွယ်နော်.......

ကိုယ်မေးထားတာလေး ဖြေပေးပါဦးဆို နွယ်ရာ

ဘာလဲ ဘာကိုဖြေပေးရမှာလဲ

ဒေါက်တာဇေဆိုတာလေ ဘယ်လိုပက်သက်နေတာလဲ

ဪ ကိုဇေက ငါ့စီနီယာလေ သူနဲ့ငါက မောင်နှမတွေပါပဲ ဘာဖြစ်လို့လဲ

ဒါဆို ဘာလို့ ထမင်းချိုင့်လာပို့ပေးတာလဲ

ဪ ငါက ကိုဇေတို့အိမ်နဲ့ပါ ရင်းနှီးတယ်လေ အဲ့တာကြောင့် ငါသည်ကိုစရောက်ပါပြီဆိုကတည်းက ကိုဇေ့အိမ်က ထမင်းချိုင့်ပဲ စားဖြစ်တယ်

အဲ့လူက မင်းကိုသဘောကျနေတာလား နွယ် ဆေးရုံက နာ့စ်မတွေကပါ ဝိုင်းစနေကြတာ ကိုယ်ကြားခဲ့တယ်

အာ....သက်သက်မဲ့လျှောက်ပြောနေကြတာပါ ငါနဲ့ကိုဇေက တစ်ကယ့်မောင်နှမတွေစိတ်ပဲရှိတာ ကိုဇေ့ချစ်သူက Australia မှာ ကျောင်းဆက်တက်နေတာ ကိုဇေကလည်း သူ့ချစ်သူ ဒီမှာမရှိသေးတော့ တရားဝင်ချမပြသေးတာ

ဪ သည်လိုကိုး မသိပါဘူး ကိုယ့်မှာကြားကြားချင်း စိတ်တိုသွားတာပဲ

အဟွန်း အခုသိပြီမလား

သိပါပြီဗျာ "

ထိုနေ့နောက်ပိုင်းကစပြီး သွင်ထက်က သူမရှိရာ သားဖွားမီးယပ်ဌာနဆီ ခဏခဏချောင်းပေါက်မတတ်ရောက်လာနေကြမို့ အတော်များများလည်း ရိပ်မိနေကြပြီ
အရင်လို ကိုဇေနဲ့ စနောက်ခြင်းမရှိတော့တာ အဆင်ပြေပေမယ့် သွင်ထက်ယံကြောင့် ဘယ်သွားသွား ပြုံးစိစိအကြည့်ခံရတာက နေရခက်စေသည်
ဟိုအချစ်ရူးကလည်း သူမဆီ ခဏခဏမလာပါနဲ့ဟု ပြောလည်းမရ၊ လာတိုင်းလည်း ပန်းစည်းကအမြဲပါလာလေသည်
ပြောတော့သာ နွယ့်သဘော၊နွယ့်သဘောဆိုပြီး သူ့သဘောအတိုင်းလုပ်နေသည်ကများသည်

ကလောမှာ ၂နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးသည့်နောက် သမုတို့နှစ်ယောက်စလုံး ပြင်ဦးလွင်သို့ ပြောင်းခွင့်ပြန်တင်ခဲ့ကြသည်

ပြင်ဦးလွင်ကို ပြန်ရောက်သည်နှင့် မိဘများကို ဖွင့်ပြောပြီး နှစ်ဖက်မိဘသဘောတူမင်္ဂလာပွဲအား ပျော်ရွှင်စွာကျင်းပခဲ့ကြသည်

" ကိုယ့်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပေးခဲ့လို့ နွယ့်ကိုကျေးဇူးတင်ပါတယ်
ကိုယ့်ကြောင့် နောင်တရတယ်ဆိုတာ အိမ်ထောင်သက်တမ်းတစ်လျှောက် မရှိစေရပါဘူး
ကိုယ် တစ်သက်လုံး မင်းကို ပျော်ရွှင်အောင်ထားပါ့မယ်
ကိုယ့်အရိပ်၊ကိုယ့်ရင်ခွင်ဟာ နွယ့်အတွက် အေးမြစေရပါမယ်
ကိုယ် မင်းကိုသိပ်ချစ်တယ် နွယ်

နွယ်လည်း မောင့်ကိုသိပ်ချစ်ပါသတဲ့ရှင်..."

အချစ်ဦးနှင့် ပေါင်းဖက်ရသည်က သိပ်ကိုပျော်ဖို့ကောင်းပါသည်
သို့သော် ချစ်ခြင်းတရားတို့က စစ်မှန်ခဲ့လျှင် ပို၍ ပျော်ရွှင်ဖွယ်ကောင်းသည့် အိမ်ထောင်ရေးကို ပိုင်ဆိုင်ရတတ်သည်💜🌹

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

Extra Part-3မျှော်✨🖤⚜️
Author Ester Linn 🕊️

Continue Reading

You'll Also Like

292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
5.5K 257 20
သူမပန်ဖြစ်ပေမဲ့လည်း ကိုယ့်နှလုံးသားက သူ့အတွက် မေတ္တာပန်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေကျပေးခဲ့ပါတယ်...။
6.8K 430 36
" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်...