ဒီနေ့ဟာတစ်ပတ်လုံးမှာရှားရှားပါးပါးပျိုးရဲ့ပိတ်ရက်ဖြစ်တာကြောင့်အနားယူရန်ဆုံးဖြတ်လိုက်သည်။ခေါင်းအုံးပေါ်ခေါင်းချရုံရှိသေး၊တဂွမ်ဂွမ်မြည်လာတဲ့ဖုန်းသံကြောင့်စိတ်ညစ်သွားရသည်။
မင်းစေရာသာဆိုရင်အပီအပြင်ကောပစ်လိုက်မယ်ဆိုပြီးဖုန်းနံပါတ်ကြည့်လိုက်တော့မသိတဲ့နံပါတ်တစ်ခု။
"ဟယ်လို"
"ပျိုးလား...ကျွန်တော်ပါ"
"ပျိုး..ဖုန်းကိုဆက်နေပြီးတော့ပျိုးလားမေးနေတော့ဘယ်လိုပြောရမလဲ။ပြီးတော့ကျွန်တော်?...ကျွန်တော်ဆိုတာကဘယ်သူလဲ..."
ပျိုးရဲ့အနားယူချိန်ကိုလာရှုပ်နေတဲ့လူကြောင့်စိတ်အချဉ်ဖောက်ဖောက်နဲ့အကန်တေကြီးသာပြောပစ်လိုက်သည်။ထိုအခါတစ်ဖက်ကခပ်ဟဟရီသံကြားလိုက်ရသည်။
"အဟင်း!..ကျွန်တော်ပါ..ဝဠာထွဋ်ခေါင်"
"ဪ.... ဟမ်!!!.."
ဝဠာကပျိုးဆီဖုန်းဆက်လာမယ်မထင်ထားတာေကြာင့်ပျိုးပုံမှန်အသံနှင့်ပြောလိုက်မိတာ။သူရိပ်မိသွားလောက်ပြီလား?..
"ဟယ်လို...ပျိုး..နားထောင်နေသေးလား.."
ပျိုးဖုန်းကိုကိုင်ထားပြီးတွေးနေတာအချိန်ဘယ်လောက်ကြာသွားလဲမသိ...တဖက်ကနဲနဲအော်ပြောလိုက်မှအသိပြန်ဝင်ကာ....
"ဟင်!...အင်း..ကိုင်ထားတယ်ဒါနဲ့မင်းငါ့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲ..."
"အဟမ်း...ဒီလိုပါပဲ..ကျွန်တော်ကအကြားမြင်ရတယ်လေ...ထားပါကျွန်တော်အခုပျိုးအိမ်ရှေ့နားရောက်နေတယ်..ကျွန်တော်နဲ့တစ်နေရာလိုက်ခဲ့ပေး"
"ဘယ်...ဘယ်ကိုလဲ!"
"ရောက်ရင်သိရမှာပေါ့...ကျွန်တော်အိမ်ထဲလာခေါ်ရမလား.."
"မလာနဲ့!!!!!.."
ပျိုးအလန့်တကြားအော်ကာပြောလိုက်မိသည်။အိမ်ထဲမှာေမေမရှိေနတာမို့ဝင်လာလို့မဖြစ်။မဟုတ်ရင်အလိမ်တေပေါ်ကုန်မည်မဟုတ်လား?...
"အင်းပါ....ဝင်မလာစေချင်လဲမဝင်ပါဘူး ..ဟွန့်..!သူ့အိမ်လည်ခေါ်ဖို့တောင်ကပ်စီးကုပ်လွန်းတယ်"
"အဲ့...အဲ့လိုမဟုတ်ပါဘူးမင်းသွားရမဲ့အချိန်တွေနောက်ကျကုန်မှာစိုးလို့ပါ၊မင်းအဲ့နေရာမှာပဲစောင့်နေနော်..နောက်၁၅မိနစ်...မဟုတ်ဘူး!..၅မိနစ်ပဲငါလာခဲ့မယ်"
ဒီတဇွတိထိုးလူဆိုးကောင်ကြောင့်ပျိုးရဲ့အိပ်ချင်စိတ်တွေဘယ်ရောက်ကုန်မှန်းတောင်မသိဘူး။အိမ်မှာမေမေကလည်းရှိနေတာမို့ဟိုလိုပြင်ဆင်သွားလို့မရတာကြောင့်ပျိုးထွေထွေထူးထူးပြင်ဆင်မနေတော့ပဲဟူဒီတစ်ထည်ကောက်စွတ်ပြီးဆံပင်ကိုခပ်မြင့်မြင့်စည်းလိုက်သည်။အခုခေတ်မိန်းကလေးတွေလည်းဒီလိုဝတ်နေကြတာမလို့မသိသာလောက်ဘူးမလား။ပျိုးပြင်ဆင်ပြီးဝဠာရှိတဲ့နေရာသို့အပြေးသွားရတော့သည်။တော်ကြာစောင့်ရတာကြာလို့အိမ်ထဲဝင်လာမှဖြင့်....
ဝဠာဖုန်းဆက်ပြီးခနကြာတောဟူဒီအပွကြီးဝတ်ကာလုံးတုံးလုံးတုံးနှင့်ပြေးလာသောသူ့ရဲ့ရင်ခုန်သံလေးကိုတွေ့လိုက်ရသည်။
"ဘာလို့အရမ်းပြေးလာတာလဲမောနေပြီမလား!!"
ဝဠာရှေ့ကလူသားလေးကိုစိုးရိမ်လွန်ပြီးပြောလိုက်သည့်အသံဟာအနည်းငယ်မာသွားတာကိုထိုအကောင်ပေါက်ကပက်ခနဲပြန်ပြောလာသည်။တစ်ကယ်ပါ၊ပထမဦးဆုံးစာလာသင်သည့်နေ့ကဝဠာကိုကြောက်လို့အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့လင်္ကာပျိုးကိုဘယ်မှာလိုက်ရှာရမလဲမသိတော့အောင်ပျိုးကရဲတင်းနေပါသည်။
"မင်းနောက်တခါငါ့ကို့မအော်နဲ့!..ငါကမင်းသွားရမဲ့အချိန်တေနောက်ကျမှာစိုးလို့ဟာကို၊ ပြီးတော့ငါကမင်းဆရာမနော်..."
ဟော....ကိုယ်ကသူပြေးလာရတာမောမှာစိုးလို့ေပြာတဲ့ဟာကိုသူကတပြန်ကြီးပြန်ဟောက်နေတယ်။နောက်ဆုံးတော့အလျော့ပေးရသူဟာဝဠာပင်။
"ဟုတ်ပါပြီဗျာ...နောက်ဆိုအဲ့လိုလေသံနဲ့မပြောတော့ပါဘူး။ အဲ့တာဆိုရပီမလားသွားကြမယ်လေ"
"နေပါအုံး..မင်း. ဒါ!..ဒါကြီးနဲ့သွားမှာလား!.."
ဝဠာ့ဆိုင်ကယ်ကိုလက်ညိုးထိုးကာမေးလာသူကဆိုင်ကယ်ကိုကြည့်လျက်ထိုသို့ဆိုလာတော့ဝဠာခေါင်းညှိမ့်ပြလိုက်သည်။
"အင်းလေ...တက်"
"မင်းဆိုင်ကယ်ကလည်းပုံမှန်ဆိုင်ကယ်ေတွနဲ့လည်းမတူဘူးအမြင့်ကြီးပဲ ၊ဟို.....ဟိုငါမစီးရဲဘူးပြုတ်ကျမှာကြောက်တယ်..!"
"ဘယ်လို.....အဟင်း!.ဟုတ်ပါပြီကျွန်တော်မကျအောင်လုပ်ပေးမယ်"
ဆိုကာပျိုးအားဆိုင်ကယ်ပေါ်ခွထိုင်စေကာပျိုးရဲ့လက်နှစ်ဖက်ကိုဆွဲယူပြီးသူ့ခါးတွင်တင်းကျပ်နေအောင်ဖက်စေလိုက်သည်။
"ဒီလိုဆိုပြုတ်မကျတော့ဘူးဟုတ်.."
"အင်း... ဒါပေမဲ့ဖြေးဖြေးပဲမောင်းနော်.."
"အင်း"
အပြောနှင့်အလုပ်ညီစွာလီဗာကိုအသားကုန်ဆွဲကာတရကြမ်းမောင်းထွက်လာသောဆိုင်ကယ်လေးပေါ်မှတစ်ယောက်သောသူကတော့ဝဠာ့အားအတုံးလိုက်အတစ်လိုက်မေတ္တာပို့နေတော့သည်။
သွားစရာရှိသည်ဟုဆိုကာပျိုး၏အနားယူချိန်ကိုလုပြီးခေါ်လာတဲ့နေရာကကစားကွင်းတစ်ခု......
"မင်းသွားစရာရှိတာဒါလား.."
"အင်း...ကျွန်တော်ပျိုးကိုပြောချင်တာလေးလဲရှိလို့သီးသန့်ဖြစ်အောင်ခေါ်လာတာ"
"ပြောလေ"
"ပြီးမှပြောမယ်အခုကစားကွင်းရောက်နေပြီဆိုတော့ကျွန်တော်တို့ကစားကြမလား.."
"ဟွန်း..ကလေးကလားမဆော့ချင်ပါဘူး"
အစကတော့မဆော့ဘူးဟုအကြောက်ကန်ငြင်းနေသူကိုဝဠာအတင်းဆွဲခေါ်ကာပင်လယ်ဓားပြပေါ်သို့တက်လိုက်သည်။အဲ့မှာဇာတ်လမ်းကစတာပဲ။အစကတော့ကလေးကလားနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟုပြောဆိုထားသူသည်အခုတော့သူမဟုတ်သည့်အတိုင်း။ဝဠာ့ကိုစာသင်ပေးနေပြီးသူ့ထက်အသက်ကြီးတဲ့သူဆိုတာယုံချင်စရာမရှိ။တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ကစားနည်းပေါင်းစုံနေေအာင်ကိုဆော့သည်။ပြီးရင်လည်း......
"ဝဠာ..ငါ့ကိုအအေးလေးဝယ်တိုက်ပါအုံး.."
"ဝဠာ...ငါရိုလာကိုစတာစီးချင်တယ်"
"ငါတို့သရဲအိမ်ထဲဝင်ကြမလား?"
"ဝဠာ..ငါရေခဲမုန့်စားချင်တယ်"
ဟူ၍အစရှိသဖြင့်မရိုးနိုင်အောင်ပူဆာသေးသည်။
အခုလည်းတိုက်ကားမောင်းချင်သည်ဟုပြောလာသူကြောင့်တစ်ယောက်ထဲသွားစီးခိုင်းပြီးအပြင်မှာစောင့်နေတာဖြစ်သည်။ခနအကြာတော့မှချွေးသံတရွှဲရွှဲနှင့်လျှောက်လာသူအားရေဘူးကမ်းပေးလိုက်သည်။
"ဟူး...မောလိုက်တာ"
"ဆော့လို့မှဝရဲ့လား..."
"ဟီး....ဟီး..."
ဝဠာရွဲ့ကာမေးနေမှန်းသိတော့အစွမ်းကုန်သွားဖြီးကာတဟီးဟီးနှင့်ရီပြလိုက်တော့သည်။
"ဒါနဲ့မင်းေပြာစရာရှိတယ်ဆို..."
"အင်း...ကျွန်တော်တို့တစ်နေရာမှာသွားထိုင်ရအောင်.."
ဟုဆိုကာပျိုးရဲ့လက်ကိုဆွဲပြီးပန်းခြံလိုပြုလုပ်ထားသောနေရာမှခုံတန်းလေးတွင်ထိုင်လိုက်သည်။တစ်စုံတစ်ခုကိုလေးလေးနက်နက်နဲ့ပြောတော့မည့်ဟန်ဖြင့်ဝဠာ့ပုံစံဟာအရင်အချိန်များနှင့်မတူဘဲလေးနက်တည်ကြည်နေသည်။
"အခုကျွန်တော်ပြောမဲ့စကားတွေကကျွန်တော့်ရဲ့စိတ်ကိုအကြိမ်ကြိမ်ဆန်းစစ်ပြီးတော့မှပြောတဲ့စကားတွေမလို့သေချာလေးနားထောင်စေချင်တယ်"
လူဆိုးကောင်ကဘာတွေများပြောမှာမလို့ဒီလောက်တည်ငြိမ်နေရတာလဲ။ပျိုးလည်းပြောလေဟူ၍မေးဆတ်ပြလိုက်ပြီးရေတစ်ငုံသောက်လိုက်သည်။
"ကျွန်တော်...ပျိုးကိုချစ်တယ်..."
"ဖူး.!!!..အဟွတ်!.. အဟွတ်!!!.."
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
•°Thank For Reading°•
🍁Maple🍁