"နေစင် ရောက်လာပြီလား "
ကွန်ဒို အခန်းတံခါးဖွင့်လာချိန်
ဘုန်းပြည့်ရဲ့လှိုက်လှဲစွာကြိုဆိုမှု။
"အားနာလိုက်တာ လမ်းတစ်ဝက်မှာ
လာယူပေးပါမယ်ဆို ဒီအထိလာပေးတယ် "
" ရတယ် လမ်းကြုံနေတာပဲ အပန်း
မကြီးဘူး ဒီမှာ ရှင်းသန့် ဘုန်းပြည့်
အတွက် ထည့်ပေးခဲ့တာတွေ "
လက်ထဲက ထောပတ်ထမင်း
ပါဆယ် နှစ်ထုပ်ကိုဘုန်းပြည့်ဆီ
သူ့ကမ်းပေးလိုက်သည်။
ဒီနေ့ ရှင်းသန့် အိမ်မှာ အလှူရှိတာ
ဘုန်းပြည့်က သွားလို့မရတော့ နေစင်ဟန် ရောက်သွားချိန်ရှင်းသန့်က ဘုန်းပြည့်အတွက်လမ်းကြုံပါဆယ် ဝင်ပေးခိုင်းခဲ့သည်။
နောက်ထပ်ပါဆယ် တထုပ်နဲ့ဖာအသေး
လေးကတော့ ရှင်းသန့်သူ့ကိုပေးတာမလို့ပြန်ယူသွားဖို့ပြင်ဆင်လျက်။
"နေစင်ရော စားခဲ့ပြီးပြီလား"
" အချိုပွဲတွေပဲစားခဲ့တယ် ပါဆယ်ကမ်းတော့ ပါဆယ်ပေးတာပဲယူလာခဲ့တာ"
" အဲဒါဆို အထဲကိုဝင် နေစင်။ ဗျူဟာ
လည်းမနက်ထဲကရောက်နေတယ် နေစင်ပါဆယ်လာပို့မှာကိုစောင့်နေတာ အတူ
တူဝိုင်းဖွဲ့လိုက်ကြရအောင် "
" မဝင်တော့ဘူး အချိန်မရလို့ အလုပ်
တွေရှိသေးတယ်။ သွားတော့မယ်နော်
ဘုန်းပြည့်"
" ခဏလောက်တော့ရတယ်မလား
မ ဝင်လို့မရဘူး အတူတူစားရအောင်
အအေးတွေဘာတွေသောက်သွားဦး
လာဝင်ခဲ့"
"မဟုတ် ဘုန်းပြည့်"
ရှင်းသန့် အဲဒါကြောင့် ဘုန်းပြည့်ကို
ဘာလို့နှစ်ထုပ်တောင်ပေးလဲ စဉ်းစား
နေတာ။ ဗျူဟာပိုင်ဆိုတဲ့ နာမည်ကြား
တာနဲ့ ထွက်သွားမည်လုပ်သော်လည်း
ဘုန်းပြည့်က သူ့ပုခုံးကိုတွန်းပြီး
အတင်းအကြပ်အထဲဝင်စေကာ တံခါးကိုပိတ်လိုက်သည်။ပါဆယ်ယူလာပေးလို့
ဘုန်းပြည့် သူ့ကိုအားနာနေတာ။
သူ့အိမ်လိုပဲ ဧည့်ခန်းကဆိုဖာအရှည်
ပေါ်မှာ ခြေထောက်တစ်ဖက်တင်ကာကျကျနနနဲ့ tvchannel
တခုကိုဖွင့်ကာ ထိုင်နေသည့်
သူကတော့ ဗျူဟာပိုင်။
သူအထဲရောက်နေတာ မြင်လိုက်တော့
အံ့သြဟန်မပြ။
နှစ်ယောက်လုံးနဲ့သူငယ်ချင်းဆိုတော့
ဆန်းဆက်ရော ဗျူဟာပိုင်ရောက
ဘုန်းပြည့်ကွန်ဒိုဆီ လာလေ့ရှိသည်ဖြစ်မည်။
" ဟေ့ရောင် သွား ပန်းကန်တွေဇွန်းတွေ သွားယူလာခဲ့"
ဗျူဟာပိုင်ကို ဘုန်းပြည့်က ပိတ်ဟောက်လိုက်သည်။
" ငါကဘာလို့"
" မင်းစားမလို့ငါပါဆယ်အပိုမှာထားပေးတယ်မလား အခုသွား နေစင်ယူလာ
ပေးရတာ။အအေးဘူးတွေပါယူခဲ့"
သူကကြီးပဲ နိုင်စားတယ်လို့ထင်နေတာ
ဘုန်းပြည့်ဟောက်လိုက်တော့ ဗျူဟာပိုင် စကားနားထောင်သားပဲ။
သူ့ကိုတချက်သာကြည့်ပြီး ဗျူဟာပိုင်က ထမင်းစားခန်းထဲဝင်သွားသည်။
" နေစင် ထိုင်"
" ငါသွားတော့မယ် ဘုန်းပြည့်။ ဗိုက်
ပြည့်နေသေးလို့ ထမင်းမစားနိုင်သေး
ဘူးအအေးဘူးပဲယူသွားတော့မယ်"
"မရဘူး ရောက်တုန်းရောက်ခိုက် နေ
သွားပါဦး။ ဗျူဟာလည်းရှိနေတာပဲ။
သူ့သူငယ်ချင်းကို ဒီလိုဘဲပြန်ခိုင်းလိုက်ရင်
ရှင်း ငါ့ကိုစိတ်ဆိုးမှာပေါ့"
သူ့လက်ထဲက အထုပ်ကိုပါယူပြီး
ဘုန်းပြည့်က စားပွဲပေါ်တင်လိုက်တော့
သူဘာမှလုပ်မရတော့။
ရှင်းသန့်အိမ်ကနေပါဆယ်ယူလာပေးလို့
သူ့ကို အတော်အားနာနေပုံရတဲ့ဘုန်းပြည့်။
"ကဲ ဘယ်လိုလဲ ဗျူဟာနဲ့ ရင်းနှီးနေပြီ
လား"
" မရင်းနှီးပါဘူး"
ဘုန်းပြည့် ရုတ်တရက်ကြီးဘာလို့ ဒီလို
လာမေးနေလဲ သူနားမလည်။
ဗျူဟာပိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး
မဟုတ်ဘူးလို့ပြောပြထားတာပဲ။။
" အော် ထားပါတော့ ။ မင်းကိုမနှုတ်
ဆက်တာ ဗျူဟာကို စိတ်ထဲမှာ ဘယ်
လိုမှမထားနဲ့နော်နေစင်။ ဒီကောင်က
အဲ့လိုပဲ ဆက်ဆံရေးညံ့တယ်။မင်းတို့ချင်း ရင်းနှီးတာလား မရင်းနှီးတာလား ငါ
လည်းသေချာမပြောတတ်တော့ပေ
မယ့် ဒီကောင် မင်းကို ကြည်ပါတယ်။
ဗျူဟာက သူမပတ်သက်ချင်ရင် မျက်နှာတောင်မကြည့်တဲ့အချိုး"
ဗျူဟာပိုင်အကြောင်းက သိပြီးသားမို့
သူနှုတ်ဆက်သည်ဖြစ်စေမဆက်သည်
ဖြစ်စေနေစင်ဟန် စိတ်ထဲမှာဘယ်လိုမှမနေပါဘူး။
နားလည်ရခက်တဲ့ အပြုံးတစ်ခုက
ဘုန်းပြည့်ရဲ့မျက်နှာမှာ။
ဘာလား။ဘာလို့ ဗျူဟာပိုင်
အကြောင်း သူ့ကိုလာပြောနေတာလဲ။
ဘုန်းပြည့်ဘာကိုသိထားလို့လဲ။
ဆိုဖာ ပေါ်မှာ ထိုင်လိုက်ရင်း
နေစင်ဟန် အကြည့်တို့က တံခါးပိတ်
ထားတဲ့ အခန်းအလွတ်ဆီအရောက်
မျက်နှာပူမိစွာနဲ့ အလျင်အမြန်အကြည့်
လွှဲလိုက်ရသည်။ လက်ဖျားတွေကပါ
အေးစက်လို့။ တော်ပါသေးတယ်။
ဒီနေရာမှာ ဆန်းဆက်ပါရှိနေလျှင်သူ ဘယ်လိုမှ တည်တည်ငြိမ်ငြိမ်နဲ့
ဆက်ပြီးထိုင်နေနိုင်မည်မဟုတ်။
"နေစင် ဘာအလုပ်ရှိတာလဲ"
"ဒယ်လီပို့တာ "
"အော် ကောင်းတာပေါ့။နေရာစုံသွားရပြီးကိုယ်လက် လှုပ်ရှားမှုလည်းဖြစ်တယ်
ငါလည်းဝင်ငွေရှာဖို့လုပ်ရင်ကောင်းမလား ငါ့ကိုလည်း ချိတ်ပေးပါဦး "
" တော်လိုက်တော့"
ဘုန်းပြည့်က မေးပြီးမှ အားနာနေပြီး
စကားလိုက်နေတာ။ သူကအေးဆေး
ပါပဲ။ ဒီအလုပ်လုပ်လို့တစ်ခါမှ ကိုယ့်ကိုကိုယ်မသိမ်ငယ်ဖူးဘူး။
" ငါ့အမေသာ မင်းကိုတွေ့ရင် ကြည့်စမ်းသူများသားတွေ ကျောင်းတက်နေရင်း အလုပ်လုပ်နေတာ။ ငါက လက်ကြော
မတင်းတဲ့သူလို့ အပြောခံရမှာအသေချာပဲ "
သူရယ်လိုက်မိသည်။
" ကိုယ့်အခြေအနေနဲ့ကိုယ်ပေါ့ ငါ
လည်းမင်းလိုသာဖြစ်နေရင် ဒီလိုပဲဖြစ်
နေမှာပဲ။မင်းနဲ့ရှင်းသန့်လည်း မှာချင်တာရှိရင်မှာလို့ရတယ်နော် မြို့တွင်းက ဆိုင်တွေအကုန်လိုက်ဝယ်ပေးတယ်"
"ငါတို့ဆိုရင်တော့ လျှော့ပေးမယ်မလား"
" ရှင်းသန့် မျက်နှာနဲ့ပေါ့"
ဘုန်းပြည့်က သဘောတကျ
ရယ်သည်။
လငပုတ်ဖမ်းတဲ့မျက်နှာနဲ့ လက်ထဲမှာပန်းကန်တွေခရင်းတွေကိုင်ပြီး အိမ်ရှေ့ကိုပြန်ထွက်လာတဲ့ ဗျူဟာပိုင်။
ထောပတ်ထမင်းကို ကိုယ့်အထုပ်နဲ့
ကိုယ်ပန်းကန်တွေထဲထည့်လိုက်ပြီး
ဟင်းကိုတစ်ပန်းကန်ထဲရောထည့်ကာ
သူတို့သုံးယောက် ဧည့်ခန်းမှာပဲ ဝိုင်းဖွဲ့
ဖြစ်ကြသည်။ ဒါပေမယ့် ဘုန်းပြည့်က
သာ နေစင်ဟန်ကိုဒိုင်ခံစကားပြောနေပြီး ဗျူဟာပိုင်ကတော့ သူ့ဘာသာအသံတိတ်စားနေသည်။
" ရှင်းသန့်က ငါ့အတွက်တဲ့ အချိုပွဲပါ
တစ်ဖာ ထည့်ပေးခဲ့တယ်ရွှေကြည် စားမှာလား ဘုန်း"
"ဟမ် မင်းအတွက်ပဲလား"
"မဟုတ် အားလုံးအတွက်"
"စားပါ ကိုယ့်ဘာသာ ငါတို့မကြိုက်လို့
မစားဘူး။ ကြည့်ရတာနေစင်က ရွှေကြည်ကြိုက်တဲ့ပုံပဲ"
ရယ်နေတဲ့ ဘုန်းပြည့်ကို နေစင်ဟန်
ပြုံးပြလျက်
သူတစ်ယောက်ထဲအတွက် ရှင်းသန့်
ထည့်ခဲ့ပေးသည့်ရွှေကြည် ဖာအသေးလေးကို သိသိပင်သာသာပင် သူ့ပန်းကန်
ဘေးမှာကပ်ထားလိုက်သည်။
" ယောက္ခမအိမ်ရဲ့အလှူက မို့လို့လား
မသိ အရသာကိုရှိနေရော။ရှင်းသန့်
မင်းကိုပါဆယ်တွေထည့်ပေးလိုက်တာ
သူ့အမေမြင်လားနေစင် "
"မြင်တယ် ငါတယောက်တည်းသုံးထုပ်တောင်ဆိုတော့ အလှူအိမ်ကထွက်လာ
ရတာ မျက်နှာတောင်ပူတယ်"
"အေးလေ ဒီကောင်ပါစားမယ်ဆိုလို့
ရှင်းသန့်ကိုငါတစ်ထုပ်ပိုတောင်းလိုက်ရတာ"
ဗျူဟာပိုင် စားနေရင်းမြိုမကျသလို ဖြစ်သွားပြီး ဘုန်းပြည့်ကိုစောင်းကြည့်သည်။
"စတာ စတာ။ရှင်းသန့်ကမင်းရှိနေတယ်
ဆိုလို့အပိုထည့် ပေးလိုက်တာ နော့် "
ဘုန်းပြည့်စကားအဆုံး
သူမထိန်းနိုင်ပဲ ရယ်မိမလိုဖြစ်သွားချိန် ဗျူဟာပိုင်သူ့ကို ကြည့်လာသည်မို့
အချိန်မှီမျက်နှာပိုး ပြန်သတ်လိုက်ရသည်။
"ဗျူဟာ မင်း ငါ့အခန်းလွတ်ကို အပိုင်စီးထားပြီး လုပ်ချင်သလိုလုပ်နေတာ
တကယ်လာအိပ်မှအခန်းကိုပြင်လေကွာ။
ညနက်တဲ့အထိလည်း တခါမှမနေပဲနဲ့
ပြီးရင်မင်းအမေခေါ်တာနဲ့တန်းပြန်တာပဲ "
" အဟမ်း ဒီကြက်သားဟင်းကလည်းညံ့လိုက်တာ"
" မင်းအမေလက်ရာလောက်တော့
ဘယ်ကောင်းပါ့မလဲ။ဒါနဲ့အသစ်တွေ
မဟုတ်ရင် မင်းမအိပ်တတ်လို့အကုန်
လဲပစ်တာကတော့ဟုတ်ပါပြီ ငါ့ဧည့်သည်အခန်းက မွေ့ယာနဲ့စောင်ကမင်း ဘယ်လိုလုပ်လိုက်ပြီလဲ"
"အဟွတ် အဟွတ်"
ထမင်းစားနေရင်းသီးသွားတဲ့ ဗျူဟာပိုင်
က ဘေးကအအေးဘူးကိုဖောက်ပြီး
သောက်လိုက်ကာနေစင်ဟန်ကိုကြည့်လာရင်း မျက်လုံးချင်းဆုံချိန်ချက်ချင်းပင်
အကြည့်ပြန်လွှဲသည် ။
" အကုန်အသစ်လဲပြီး ပစ်ထုတ်လိုက်ပြီ"
"ဘာ ဧည့်သည်လာရင်ပေးအိပ်မလို့ငါအသစ်ဝယ်ထားတာတွေလေကွာ အဲ့ဒီ
တစ်စုံ ဘယ်လောက်တောင်ပေးရတယ်
ထင်လဲငါ့မွေ့ယာ ငါ့စောင်"
ဘုန်းပြည့် သွေးတက်မလိုဖြစ်ပြီး
သူ့ကို အသံတိတ်ဆဲနေသည်။
ဗျူဟာ ထမင်းပြန်စားနေရင်း စောင်းငဲ့
ကာ ဘေးကကောင်လေးကို မသိမသာ
ပြန်ကြည့်တော့ တည်တည်ငြိမ်ငြိမ်နဲ့သာ ခေါင်းငုံ့ကာ စားနေသည်။
အဲဒီကိစ္စကိုနေစင်ဟန်
မမှတ်မိဘူးထင်တယ်။မှတ်မိရင်လည်း ခေါင်းထဲမှာ သူ့ကိုရှိမှာမဟုတ် ။
သူဖြစ်စေချင်တဲ့ အတိုင်းပဲ ဘုန်းပြည့်
က ဆန်းဆက် ခေါ်လာပေးတာလို့
ပြောတာကိုလည်း တစ်ခါထဲ ယုံသွားတယ်တဲ့။
အရာအားလုံးက အစီအစဥ်ကျနေပေမယ့် ဘာကိုအလိုမကျဖြစ်နေသလိုဖြစ်နေမှန်းခက်နေသည်။
"ဆန်းဆက် ကရော ဒီကိုလာနေကျပဲလား"
"လာတာပေါ့ ဒီကောင်ထက်တောင် ဆန်းဆက်က ခဏခဏလာနေတာပိုများတယ်
တခါတလေဆိုသောက်ကြပြီးအမူးလွန်
သွားရင်ညအိပ်ပြီးမှပြန်တာ"
"အော"
ခေါင်းတငြိမ့်ငြိမ့်နဲ့ ဘုန်းပြည့်စကားကိုထောက်ခံနေတာ။
နေစင်ဟန် မျက်နှာမှာ ပြုံးရုံလေးဖြစ်သွားပြီး သူ ခန့်မှန်းလို့မရတဲ့ အရောင်တစ်ခု
ဖြတ်ပြေးသွားတယ်။
ဘာလဲ။
"ငါ့ကွန်ဒိုက ဒီကောင်တွေမွှေဖို့ ဖွင့်
ထားပေးသလား အောက်မေ့ရတယ်။
အခုလည်း ဟောဒီကသခင်လေးက ဘာစိတ်ကူးထပေါက်လဲမသိဘူး။မေမေချစ်သားကတစ်ခါမှလဲညလာမအိပ်ဖူးပဲနဲ့
ဧည့်သည်အခန်းကို သူ့စိတ်ကြိုက်ခန်းဝင်ပစ္စည်းတွေလဲလိုက်တာ
။ဒီကောင်ရှင်းသန့်ဆီကနေငါ့ကို
နှိုက်ဖို့များ ကြံစည်နေတာလားမသိဘူး"
ဘုန်းပြည့်ကိုသူ နေစင်ဟန် မမြင်အောင် လက်ခလယ်လှမ်းပြလိုက်မိသည်။
ဒီကောင်ဘာလို့ဒီလောက် စကားရှည်
နေတာလဲ။အကုန်ပေါ်ကုန်တော့မှာပဲ။
နေစင်ဟန်ကို ပြန်ကြည့်တော့ သတိထား
မိပုံတောင်မပေါ် သူ့အကြောင်းဘုန်းပြည့်ပြောနေတာကို စိတ်ဝင်စားဟန်တောင်မရှိ။သူ့အတွေးနဲ့သူ ခေါင်းငုံ့လျက် မျက်နှာကပြုံးယောင်သန်းပြီးထမင်းဆက်စားနေသည်။
ဆန်းဆက်မှူး အကြောင်းမေးတုန်းက
နဲ့ မျက်နှာအချိုးကတစ်ခြားဆီ။တောက်။
"ငါလည်း ဘယ်တော့မှ ယောက္ခမအိမ်က အလှူကို ကိုယ်တိုင်သွားပြီးအကြိတ်အနယ်သွားဆွဲခွင့်ရှိမှာလဲကွာ ယောက္ခမ အိမ်ရှေ့ခြေချရတာတောင်လန့်နေရတယ်"
" အိမ်အထိသွားဖူးပြီးပြီလား
ရှင်းသန့်ဘက်ကနဲ့ အခြေအနေ
ဘယ်လိုလဲ"
" သူ့မိဘတွေနဲ့အစ်ကိုအကြီးဆုံးက
အယူကြီးတော့ လုံးဝလက်မခံဘူး လောလောဆယ်တော့ သိသာသိစေ
မမြင်စေနဲ့ဆိုသလိုပေါ့ တခါပဲအိမ်ထိသွားခေါ်ဖူးသေးတယ် သူ့အစ်ကိုထွက်လာလို့ ကားမောင်းပြေးလိုက်ရတာမှ"
ဘုန်းပြည့်ကဟာသနှောပြီးပြောနေပေ
မဲ့နေစင်ဟန် မရယ်နိုင်ပဲနားလည်မိသည်။
စားရင်းသောက်ရင်းနဲ့ဘုန်းပြည့်နဲ့နေစင်ဟန်ကသာ ဆက်ပြီး စကားကောင်းနေတာ။
သူတို့အလယ်မှာထိုင်နေတဲ့
ဗျူဟာပိုင်ကတော့ ဘုန်းပြည့်သူ့ကို
ခေါ်သွင်းထားလို့ပဲလား သူယူလာတဲ့အလှူအိမ်ကပါဆယ်ကိုစားနေလို့ပဲလား မျက်နှာတည်နဲ့ပဲဘာမှမပြော။ ဗျူဟာပိုင် ကိုယ်တိုင် လူမှုရေးညံ့တယ်ဆိုပေမယ့်လည်း...။
သူတို့ကတစ်ကယ်ပဲ ရင်းနှီးတဲ့သူတွေ
လို နေလို့ရမယ့်ဆက်ဆံရေးမျိုးလည်း
ဖြစ်မှမဖြစ်နိုင်တာ။
"မင်းဘက်က တကယ်အတည်ပဲလေ
အချိန်တစ်ခုကြာရင် ရှင်း ဘက်ကသူ
တွေ နားလည်လာမှာပါ။
အားမလျှော့နဲ့ ဘုန်းဘက်ကအတည်
ဆိုတာသူတို့ လူကြီးတွေ သိအောင် ပြ
နိုင်ဖို့ပဲလိုတယ် "
"အင်း အဲဒီလိုပဲ အားတင်းရမှာပဲ။
ငါ့ဘက်က ကြိုးစားရမှာပေါ့"
"အဲ့ဒီလောက်ထိ ဖြစ်ပျက်နေရအောင်
သူတို့လူက ဘယ်လောက်များအဖိုးတန်နေလို့လဲ။မင်းက သူတို့သားဆီကအရင် သိမ်းသွင်းခံရတာ။မွေးရာပါပါလာတဲ့
သူတို့သားကို မင်းလိုအစစ်အမှန်နဲ့
တွေ့သွားတာတောင် ပြန်ပြီးကျေးဇူး
တင်ရအုံးမယ်"
"ဟေ့ရောင် တော်လိုက်"
" ဘယ်လောက်ပဲ သိမ်းသွင်းခံရပါစေ
ကိုယ့်လူကလည်း အဲဒီဓါတ်မရှိနေရင် ပါသွားစရာအကြောင်းကိုမရှိဘူး"
ဘုန်းပြည့်ကို နေစင်ဟန် အားနာမိသော်လည်း ရှင်းသန့်ဘက်ကနာ၍ ဗျူဟာပိုင်စကားကို ပြန်ချေပလိုက်မိသည်။
"ဒါကတော့ တဖက်လူရဲ့ အရည်အချင်းပေါ့။စစ်လှပါချည်ရဲ့ဆိုတဲ့ကောင်ကို
တောင် အဲ့ဒီဓါတ်ဖြစ်သွားအောင် လုပ်
နိုင်တာကိုပဲကြည့်"
" မင်းတို့နှစ်ယောက်က ဘာဖြစ်နေကြ
တာလဲ တော်လိုက်တော့ ငါထမင်းလေးကောင်းကောင်းစားပါရစေ"
ဘုန်းပြည့် မျက်နှာ တည်သွားတာကို
အားနာသွားပုံရတဲ့
နေစင်ဟန်က သူနဲ့ စကားပြိုင်မလု
တော့ပဲ ထမင်းပြန်စားနေသည်။
ခေါင်းငုံ့သွားတဲ့
နေစင်ဟန် ကိုယ်တိုင်လည်း မျက်နှာမကောင်းပဲ ချက်ချင်းငြိမ်ကျသွားလျက်။
ဗျူဟာ ရင်ထဲခံသွားသလိုပင်။
သူက တစ်ကယ်ပဲ ဘုန်းပြည့်နဲ့ ရှင်းသန့်
သူအကြောင်းကိုပဲပြောပေမယ့်
နေစင်ဟန်က ဘယ်လိုထင်သွားတာလဲ
။သူ့စကားမှားသွားပြီ။
ရွှေကြည်ဆနွင်းမကင်း ကိုတော့
နေစင်ဟန် တစ်ကယ်ကြိုက်တဲ့ပုံပဲ။
ထမင်းကိုကုန်အောင်မစားသေးပဲ
ရွှေကြည်ဖာကိုဖွင့်လိုက်ပြီး ဘယ်သူ့ကိုမှ အားနာပါးနာနဲ့တောင် မခေါ်ကျွေး။
ခေါင်းငုံ့ပြီး အပီအပြင်ကိုစားနေတာ။
ဘယ်သူမှမင်းရွှေကြည်ကိုလုမစားပါဘူး ထမင်းကိုကုန်အောင်အရင်စားပြီးမှ ဖြေးဖြေးစားလို့လည်းရပါတယ်။
----------------------------------
ထမင်းစားခန်းထဲကနေ ဗျူဟာ
ပန်းကန်ဆေး လက်ဆေးပြီး ထွက်လာတဲ့အချိန် ဘုန်းပြည့်ကဖုန်းကိုနားမှာကပ်ကာ ဆိုဖာပေါ်မှာရှိနေတဲ့နေစင်ဟန်ကို ညွှန်ပြ
ပြီး ခပ်တိုးတိုးအမူအယာပြကာသူ့
အခန်းထဲဝင်သွားသည်။
ရှင်းသန့်သူနဲ့ ဖုန်းပြောမယ်ဆိုရင်တော့ အနည်းဆုံးနာရီဝက်ပဲ။
သူတို့ စားလို့သောက်လို့ပြီးတော့သူက နောက်ဆုံးမှပန်းကန်ဆေးတာ။
နေစင်ဟန် ပြန်လို့မရသေးတဲ့ အကြောင်း
ပြချက်ကတော့ သူတို့ ထမင်းစားနေတုန်း လေပြင်းတွေပါပါပြီး အမှန်အကန်ကို
ရွာချလာတဲ့ မိုးကြောင့်ပင်။
ဆိုဖာအနားကိုသူ ခပ်ဖြေးဖြေး
လျှောက်သွားချိန် ထိုင်နေရက်နှင့်ပင်
လက်ပိုက်ပြီးဆိုဖာကိုမှီလျက် မျက်လုံး
မှိတ်ထားတဲ့ နေစင်ဟန်။
သူ အံ့ဩလွန်းလို့ ရယ်မိမလိုတောင်ဖြစ်သွားရသည်။ မှိန်းနေတာလား ထိုင်ရက်နဲ့ အိပ်ပျော်သွားပြီလား။
ရွှေကြည်ဆနွင်းမကင်း ကတော့
တစ်ကယ်ပဲ ဘယ်လိုနေရာမှာ ဘယ်လို
ပုံစံပဲဖြစ်ဖြစ်အိပ်တတ်တယ်။
မိုးကတော်တော်လေးသည်းနေတယ်။လေပြင်းတွေပါတော့ တော်ရုံတိတ်
မယ့်ပုံ မပေါ်သေးဘူး။
အလုံပိတ်ထားတဲ့ကွန်ဒိုထဲမှာ မိုးသံ
လေသံနဲ့အတူ မိုးချိန်းသံကျယ်ရဲ့
နောက်မှာ လန့်သလို
တစ်ချက် လှုပ်ခါသွားတဲ့နေစင်ဟန်
ကချမ်းနေသည့်ဟန်။
ဆိုဖာထဲကို ဝင်တော့မတတ် ကပ်နေပြီး လက်ပိုက်ကာ ဆက်အိပ်နေတဲ့
ကောင်လေး။
ရွှေကြည်ဆနွင်းမကင်းက ချမ်းတတ်
တာလဲ သူ့အပြင်နှစ်ယောက်မရှိပါလား။
နေစင်ဟန် ဘေးက ဆိုဖာပေါ်မှာ
ဗျူဟာဝင်ထိုင်လိုက်ပြီး ရီမုကိုင်ကာ
ဧည့်ခန်းက အဲယားကွန်ကို လျှော့လိုက်သည်။
ငြိမ်သက်နေတဲ့ နေစင်ဟန်ကို ဒီအတိုင်းပဲ တခဏ ထိုင်ကြည့်နေမိရင်း
စားပွဲပေါ်မှာတင်ထားတဲ့နေစင်ဟန်
ဖုန်းစခရင် ကမက်ဆေ့ရောက်သံနဲ့အတူလင်းလာသည်။
"ဆန်းဆက်"ဆိုတဲ့ နာမည်ကိုတွေ့ချိန်
ဗျူဟာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဒီည လိုက်မယ်မလား နေစင်။
လာကြိုပေးမယ်"
ဖုန်းစခရင်က
နိုတီမှာ မြင်လိုက်ရတဲ့ ဆန်းဆက်
ပို့လာသောစာ။
အိပ်ပျော်နေသောနေစင်ဟန်ကို ပြန်
ကြည့်မိသွားပြီးသူ ဖုန်းကိုချလိုက်သည်။
ဘယ်လောက်ပဲ တန်ရာတန် ကြေး
ပေးထားပါတယ်လို့ပြောပြောနေစင်ဟန်က ဒီလိုမျိုးသူလုပ်နေတာကိုရှေ့ဆက်ဖို့ စဉ်းစားရကျပ်စေတဲ့ အထိ တစ်ကယ်
ရိုးစင်းနေတယ် သူ့မိသားစုတွေအတွက်
နဲ့ ကိုယ့်ကိုကိုယ်စွန့်လွှတ် အနစ်နာခံ
လိုက်တဲ့သူ။
သူ့လုပ်ရပ်တွေ တစ်ကယ်ပဲ မှန်ကန်
နေရဲ့လား။
"နေစင် အိပ်ပျော်သွားတာလား"
ကိုယ့်မျက်လုံးကိုယ် မထိန်းနိုင်ပဲ
မှိန်းကနဲ တချက်ဖြစ်သွားရာကနေ
နားထဲမှာ မိုးသံနဲ့အတူ ဘုန်းပြည့်ရဲ့
စကားသံကြောင့် သူ မျက်လုံးတွေပွင့်
လာရသည်။
သူ့ဘေးက ဆိုဖာမှာထိုင်နေတဲ့ ဗျူဟာပိုင်။
ဗျူဟာပိုင်နဲ့ အချိန်တွေကြာအတူရှိ
ရတာ တော်တော်လေး
နေရခက်သလို ဖြစ်တာမလို့။
"ဘုန်း မိုးကာမရှိဘူးဆိုရင် ငါ့ကို ထီးပဲ
ငှားပေးလိုက်တော့ မိုးနဲနဲနည်းသွားပြီ
ပြန်လိုက်တော့မယ် "
"ဟာ မိုးရွာနေတာ ဆိုင်ကယ်နဲ့ ထီး
တစ်ဖက်နဲ့ဆိုရင်
အန္တရာယ်များတယ်လေ နေစင် ။
ခနထပ်နေလိုက်ပါဦး အေးဆေးပေါ့ "
"ငါသွားပြီ ဘုန်းပြည့်"
" ပြန်တော့မလို့လား ဟေ့ရောင်"
သူ့ကားသော့ကိုယူပြီး ဗျူဟာပိုင်က
တံခါးဖွင့်ကာ ကွန်ဒိုထဲကနေထွက်သွားသည်။ သူသွားစရာရှိလို့လား။
နေစင်ဟန် နည်းနည်း အသက်ရှူ
ချောင်သွားသလိုပင်။
ဗျူဟာပိုင် ပြန်သွားပြီဆိုတော့ သူ
နေရခက်နေစရာမလိုပဲ
မိုးတိတ်မှပဲ အေးဆေး ပြန်လို့ရပြီလေ။
---------------------------
ဆန်းဆက်နဲ့သူ ကလပ်ကို အတူတူရောက်လာပြီး ဝင်ကြေးရော table
ယူတာကအစ ဆန်းဆက်ကပင်ထုတ်
ပေးပြီး ဦးဆောင်ခေါ်လာခဲ့သည်။
နေစင်ဟန်barတော့တစ်ခါ
ကိုဖြိုးတို့နဲ့ ထိုင်ဖူးပေမယ့်clubက
မရောက်ဖူး။ဆန်းဆက်ထိုင်တဲ့အမြင့်
ဆုံးဝိုင်းကtableစျေးကိုကြားချိန်သူ
တချက်မျက်လုံးပြူးသွားရသည်။ ဆန်းတော့ လည်းမဆန်းပါဘူး ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ်နေတတ်ပါစေ သူဌေးသားပဲလေ။
"ဆန်းဆက်မဟုတ်လား မတွေ့ရတာ
ကြာပြီနော် တစ်ယောက်ထဲလား "
ကောင်မလေး တစ်ယောက်ရဲ့ ချိုသာ
နေတဲ့အသံနဲ့အတူ သူ့ဘေးမှာ ထိုင်နေတဲ့ ဆန်းဆက် လည်ပင်းကို ခိုတွဲလာမှု။
သူဆန်းဆက်ကိုအကြည့်လွှဲလိုက်သည်။
မီးရောင်မှိန်ပြပြ
သီချင်းအသံကျယ်နဲ့အတူ ထိုင်ခုံတွေ
ဘေးကလျှောက်လမ်းမှာရပ်နေတဲ့သူ
တွေကို ကြည့်နေချိန်
"ဆောရီး ကိုယ့်မှာ ပါတနာပါလာတယ်"
ရင်ဘတ်ထဲ လှိုင်းတစ်ချို့ဖြတ်ပြေးသွားမှု။
နေစင်ဟန် ဆန်းဆက်နဲ့ မျက်လုံးခြင်း
ဆုံချိန် ဆန်းဆက်က သူ့ကိုပဲစူးစိုက်
ကာကြည့်ပြီး ဆွဲဆောင်မှုရှိလွန်းနေသည်။
"ဘယ်လို"
"အင်း အဲ့ဒီလိုပဲ"
" ဘေးကကောင်လေးလို့တော့ မပြော
ဘူးမလား"
သူ့ကိုကြည့်ပြီး သဘောကျစွာပြုံးနေတဲ့ ဆန်းဆက်ကို ဘေးကကောင်မလေး
က ခိုတွဲထားတဲ့ လက်တွေကိုဖြုတ်ကာ
"မနှောက်ယှက်တော့ဘူး"
ဆိုပြီး ထွက်သွားသည်။
လာကြူတဲ့ ကောင်မလေးထွက်သွား
အောင် ပြောလိုက်တာမလားဆိုပြီး ဆန်းဆက်ကို စကားစဖို့က
မီးရောင်မှိန်မှိန်အောက်က ဆန်းဆက်ရဲ့ အကြည့်တွေအောက်မှာသူ နှုတ်ဆိတ်သည်။
အခု ဘာတွေဖြစ်ကုန်တာလဲ။အဲ့ ဒီ
နေ့ပြီးကတည်းက ဆန်းဆက်က
သူ့အပေါ် ရင်းနှီးမှု ဂရုစိုက်မှုတွေ တစ
ထက်တစ များလာသလိုပဲ။အခုတလော
နေ့တိုင်းနီးပါးလည်း သူတို့ ကျောင်းကwelcomeနဲ့ပတ်သက်တာတိုင်ပင်
ဖို့ ဖုန်းပြောဖြစ်ကြသည်။
သူ့ကို သဘောကျတယ်လို့ မဖွင့်ပြော
ရုံတစ်မယ် အနားကပ်နေတဲ့ ကောင်လေးတစ်ယောက်ကိုသူ ဒီလိုမျိုး အရေးပေးနေတာ ဆန်းဆက်သူ့အပေါ်....။
နေစင်ဟန်
သူ့အစီစဉ်တွေ
အောင်မြင်ဖို့ လမ်းစပေါ်ရောက်နေသော်လည်း စိတ်ထဲမှာဘယ်လိုလုပ်
ပြီး များ သက်ပြင်းချနိုင်မှာတဲ့လဲ။
"ဘာလဲ ငါခေါ်တော့မင်းကောင်လေးက ဘားတွေကလပ်တွေပေးမသွားတော့
လို့ မလိုက်ဖူးဆို အခု ဘယ်လိုဖြစ်ပြီးရုတ်တရက်ရောက်လာတာလဲ။ကြားရလား ဟရောင်"
ဆန်းဆက် အသံကိုမြှင့်ပြီး ဖုန်းပြော
နေတာက ဘုန်းပြည့်နဲ့ပင်။ဘုန်းပြည့်
ရောက်နေတာလား။
" နေစင်နဲ့ငါ နှစ်ယောက်ထဲtableယူပြီး
ထိုင်နေတယ် တွေ့အောင်ရှာပြီးလာခဲ့ ဒါပဲ"
ဖုန်းချလိုက်ပြီး ဆန်းဆက်က သူ့အရှေ့က အရက်ခွက်ကို တစ်ငုံ ထပ်သောက်လိုက်သည်။ဆန်းဆက်ကသောက်နိုင်တာပင်။ဆန်းဆက်ရဲ့ ပုံစံနောက်တစ်မျိုးကိုမြင်
လိုက်ရသလိုပဲဘယ်လောက်ပဲမိုက်နေပေမယ့် ဆန်းဆက်ကို ယုံပေမဲ့လည်း
ရောက်နေတဲ့နေရာကိုသတိထားပြီး
နေစင်ဟန်ကတော့ မသောက်ဖြစ်။
သူဒါတွေနဲ့ ပတ်သက်ရင်လည်း ဘီယာအပျော့စားလောက်ပဲ စမ်းဖူးသည်၊။
ဘုန်းပြည့် ရောက်လာ တယ်ဆိုတော့
သူ ကိုယ့်လူအရင်းကြီး ထပ်ရောက်လာသလိုစိတ်မျိုး ဖြစ်သွားရတာပင်။
မီးရောင်စုံနဲ့စင်ပေါ်က တဒုန်းဒုန်းနဲ့dj သီချင်းအသံကျယ်တွေကြားမှာ
လွတ်လွတ်လပ်လပ် ပျော်ပါးနေကြ
တဲ့လူတွေကို ကြည့်ရင်း သူလည်း
အပျော်မကြိုက်တာတော့မဟုတ်ပေမဲ့
လိုက်ပါချင်စိတ်မရှိ နေပေ။
"ဟေ့ရောင် ရှာလိုက်ရတာကွာ "
ဖုန်းနဲ့ကားသော့ကို စားပွဲပေါ် အရင်
ပစ်ချပြီး မတ်တပ်ရပ်ကာအမောဖြေနေတဲ့
ဘုန်းပြည့်ရဲ့ အနောက်မှာ လိုက်ပါလာ
သူကို မြင်လိုက်ရချိန်နေစင်ဟန်
အံ့သြကြီးသွားရပြီး နေရခက်စွာနဲ့ အလျင်အမြန် အကြည့်လွှဲလိုက်ရ
သည်။
သူရှိနေတယ်ဆိုတာကို ဆန်းဆက်
ဘုန်းပြည့်ကိုပြောလိုက်တာပဲ။ ဗျူဟာ
ပိုင် ဘာဖြစ်လို့ လိုက်လာတာလဲ။သူနေရခက်မှာကိုနည်းနည်းလေးမှအားနာစိတ်တောင်မရှိဘူးလား။
"မင်း တစ်ယောက်ထဲမဟုတ်ဘူးပဲ"
"အေး မင်းအစ်ကိုပါ ပါတယ်"
ဘုန်းပြည့်နဲ့ပါလာတဲ့ ဗျူဟာပိုင်ကို
တွေ့ချိန် ဆန်းဆက် မျက်နှာပေါ်မှာ
စိတ်ဝင်စားတဲ့ အပြုံးတခုဖြစ်သွား
ရသည်။ ဗျူဟာပိုင် သူ့အစ်ကိုက
ကလပ်ကိုလာတယ်။ တကယ်ပဲ နေက အနောက်အရပ်က ထွက်တော့မှာပဲ။
တော်ရုံပဲ သူ့ကိုစိတ်ဝင်စားစရာကောင်းအောင်လုပ်ကြလေ အခုသူက စိတ်
လှုပ်ရှားတဲ့အဆင့်ကို ရောက်သွားပြီ။
"နေစင် သူတို့ကိုပါပေးထိုင်လိုက်လို့
ရတယ်ဟုတ် အနှောက်အယှက်တော့
မဖြစ်ဘူးမလား "
"မ မဖြစ်ပါဘူး "
နေစင်ဟန် မျက်နှာမှာ နေရခက်သလို ဖြစ်လာသည်ကို သူ ကျေနပ်စွာကြည့်ရင်း
နေစင်ဟန်ကသူ့ကိုကြွေကြနေသလို
ကပ်နေပြီး
လူတွေသိဖို့တော့ မဝံ့ရဲဖြစ်နေပါလား။
"အောင်မယ် နေစင်က ငါတို့နဲ့မသိနေတာ
ကြနေတာပဲ ထိုင်တယ်ကွာ ဟေ့ရောင်ထိုင်"
" မင်းနဲ့တော့သိပေမယ့်ငါ့အစ်ကိုနဲ့
ကတော့မသိဘူးလေကွာ ငါက ခေါ်လာ
တဲ့သူဆိုတော့ နေစင်ကို အားနာလို့"
သီချင်းသံကတစထက်တစကျယ်လာသည်။
နေစင်ဟန်က ဗျူဟာပိုင်ကို လုံးဝ
မကြည့်ပဲ သူ့အကို ရောက်လာထဲက
မျက်နှာလုံးဝ ပျက်သွားတာကိုဟန်ဆောင်ထိန်းနေပေမဲ့ အရိပ်အကဲဖမ်းတတ်တဲ့
ဆန်းဆက် ချက်ချင်းသိလိုက်သည်။
သူရှိတဲ့ နေရာဆိုရင်ဝေးဝေးကရှောင်ပြီး
ကလပ်တွေဘာတွေ လာလေ့လာထမရှိတဲ့ ဗျူဟာပိုင်ရောက်လာပြီးတဝိုင်းထဲလာ
ထိုင်တယ်။ နေစင်ဟန်ကိုတချက်
တောင်မကြည့်လာပေမဲ့...။
ဆန်းဆက် အသာပြုံးလိုက်သည်။
" ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ
ဘုန်းပြည့် "
" ငါ စိတ်ပြေလက်ပျောက်သောက်
ချင်ကဲချင်စိတ်ဖြစ်လာလို့လေ
ဒီကောင် ကိုပါ မရမက အဖော်ခေါ်
လာတာ။ ရှင်းသန့်နားထဲ ပြန်ရောက်သွားရင် တော့ မင်းတို့သုံးကောင်လုံး
အသေပဲနော် "
" ကြောက်တတ်ရင် အစတည်းကမလာနဲ့ ဟေ့ရောင်"
"ဟား ဟား"
ဘုန်းပြည့်ရယ်သံကသူတို့ဝိုင်းမှာ
လွှမ်းမိုးသွားသည်။
" မင်းတို့ကရော ဘယ်လိုဖြစ်လို့
နှစ်ယောက်ထဲ "
" နှစ်ယောက်တည်းလည်း ကလပ်
လာလို့မရဘူးလား ငါတို့welcome
အတွက် ပြင်ဆင်ရတာ အလုပ်ရှုပ်နေလို့ အပန်းလာဖြေတာကွာ နေစင်ကငါ့ရဲ့
ပုခုံးတစ်ဖက်လိုတောင် ဖြစ်နေပြီ။
ဟုတ်တယ်မလား နေစင်"
"ဟမ် ဘာပြော.... သိပ်မကြားရဘူး
သီချင်းသံကျယ်နေလို့"
ဆန်းဆက် သူ့ဘေးမှာထိုင်နေတဲ့
နေစင်ဟန်အနားကို ကပ်သွားကာ
ခေါင်းကိုစောင်းငဲ့၍ နေစင်ဟန်နားရွက်အနားနှုတ်ခမ်းကပ်ကာ တီးတိုး
ပြောလိုက်သည်။တစ်ဆက်ထဲ
နေစင်ဟန် မျက်ခွံအပေါ်ကျနေတဲ့
အရှေ့ကဆံပင်တစ်ချို့ကိုပါ လက်ညှိုး
နဲ့အသာယာ ဖယ်ပေးလိုက်ချိန်
မနေတတ်ဖြစ်သွားတဲ့နေစင်ဟန်ရဲ့
မျက်နှာနဲ့အတူ ဘုန်းပြည့်ကအသံ
တိတ်သွားကာအကဲခတ်နေလျက်။
သူတို့အရှေ့က လုံးဝ
ကို သူနဲ့နေစင်ဟန်ကိုမရှိသလိုပင်
စတိတ်စင်ဘက် အေးဆေးစွာ
မျက်နှာလွှဲထားတဲ့ဗျူဟာပိုင်ရဲ့ လစ်
လျှူရှုမှုတွေကြားမှာ ဆန်းဆက်
တစ်ချက်ပြုံးလိုက်လျက်နေစင်ဟန်
နားရွက်အနားကခွာလိုက်သည်။
တစ်ခုခုတော့ တစ်ခုခုပဲ။
"ငဘုန်း မင်းချနေပြီလား ကြည့်ကြပ်
တော့လုပ် မင်းကမူးလာရင်သွေးဆိုးတာနဲ့ အပြန်ကားမမောင်းနိုင်ပဲနေမယ်"
"ငါ့ကောင် တစ်ယောက်လုံးရှိနေတာပဲ
အေးဆေး"
"ဟုတ်သား ငါတို့လိုသောက်တတ်တဲ့
သူမဟုတ်တဲ့ ကားမောင်းပေးမဲ့သူက
ဘေးမှာအဆင်သင့်ရှိနေတာပဲ။"
"အေးပေါ့"
"ငါtoilet ခဏသွားလိုက်အုံးမယ်"
နေစင်ဟန်က သူ့ဘက်ကိုလှည့်ပြောပြီး
ထရပ်လိုက်သည်။
" နေရာသိလို့လား လိုက်ခဲ့ပေးမယ်လေ"
"ရတယ် မလိုက်နဲ့တော့ ဝန်ထမ်းကို
မေးပြီး သွားလိုက်မယ်"
"သတိထားပြီးသွားနော် ကြာရင်လိုက်ခဲ့မယ်"
"အင်း"
နေစင်ဟန် ထွက်သွားတာနဲ့ ဟန်
မဆောင်နိုင်အောင်ဖြစ်နေတဲ့ဘုန်းပြည့်။
"ဟေ့ရောင် နေစင်ဟန်နဲ့မင်းကဘာတွေလဲ"
" မြင်တဲ့အတိုင်းပဲလေ"
"ဘာ "
"နေစင်ဟန်ဘက်ကတော့ ဘယ်လို
ရှိနေတယ်ဆိုတာပြောရခက်တယ် ငါ့ဘက်ကတော့ ရိုးရိုးသားသား သူငယ်ချင်းပဲ။
သိတယ်မလားဒီလိုမျိုးသာ ရှောင်နေရင်
ငါ့မှာ ဘော်ဒါတောင်ရှိတော့မှာမ
ဟုတ်ဘူး။ငါနဲ့သူnight outထွက်
လာတာ ဝတ်ရည်လည်းသိတယ်။
တစ်ချို့လူတွေ ပြန်ပြောပြချင်နေရင်
လည်းရတယ် ကြားလေသွေးသလိုပဲ
ဖြစ်လိမ့်မယ်ဆိုတာ ကြိုပြောပြထားတာ"
"ဘာလဲဟ မင်းစကားက ဝတ်ရည်ကို
ဘယ်သူက ဘာကိစ္စ ပြန်ပြောရမှာလဲ "
" မသောက်နိုင်ပဲနဲ့ ဘားတွေကလပ်တွေ
ကို စတိုင်တစ်ခွဲသားနဲ့ လာထိုင်နေတာ
မြင်ရတာလောက်ဖီးအောက်တာမရှိဘူး"
"ဟေ့ရောင် ဘယ်လိုဖြစ်နေတာလဲ။
ဒါနဲ့ပဲ မင်းတို့ ရန်ထဖြစ်တော့မယ်"
"ဆောရီး ငါတို့လိုသောက်တတ်တဲ့သူ
မဟုတ်တဲ့ သခင်လေးက ဒီလိုနေရာ ရောက်လာတော့ ဘာနဲ့ဧည့်ခံရမလဲ
စဥ်းစားရခက်နေတာ"
" ပါးစပ်ပေါက်ကိုပိတ်ထားပြီး ထိုင်
နေမယ်ဆိုရင် မင်း အေးအေးဆေးဆေး ဆက်ပြီးအပန်းဖြေနိုင် လိမ့်မယ်"
"ဟေ့ရောင် တော်ပြီ တော်လိုက်တော့
မင်းတို့နှစ်ယောက်လုံး။ဆန်းဆက်
မင်းမူးနေပြီ ဘာမှထပ်မပြောနဲ့။
ဗျူဟာသိတယ်မလား မင်းညီမူးနေတာ"
"ငါ အပြင်မှာပဲသွားစောင့်နေမယ်
ဘုန်းပြည့် သိပ်မကြာဘဲပြန်ထွက်လာ
ခဲ့ ကြာရင်ငါပြန်ပြီ။ ဒီထဲမှာ အနံ့
အသက်မကောင်းတာ တော်တော်
ဆိုးရွားတယ်"
ဗျူဟာပိုင်က သူ့ကို ပညာသားပါပါ
ပေါ်တင်ပြောပြီးထထွက်သွားတာနဲ့ဆန်းဆက် နောက်တစ်ကြိမ် သဘောကျစွာ ပြုံးလိုက်ရင်းပြန်တည်သွားရသည်။
တစ်ခုခုကိုတော့ သူအရိပ်အမြွက် ဖမ်းမိလိုက်သလိုပဲ။
သူမှန်းရင်လွဲခဲတယ်ဆိုပေမယ့်
ဗျူဟာပိုင်ကတော့ လုံးဝမဖြစ်နိုင်
တာပဲ။မဖြစ်နိုင်ဘူး သောက်လိုက်တာ
များလို့ သူ့အတွေးလုံးဝချော်နေပြီ။
-------------------------------
နေစင်ဟန် toiletထဲဝင်ပြီး ဟို
သုံးယောက်ရှိနေတဲ့အထဲကိုပြန်
မသွားချင်လောက်တဲ့အထိ ဖြစ်
နေပေမဲ့လည်း သက်ပြင်းတချက်
ချကာပင် လက်ဆေးပြီးtoiletထဲကနေ
ပြန်ထွက်လာခဲ့သည်။
ယောက်ျားလေး
toiletထဲကအထွက်မှာပင် သူ့ညာဘက်လက်ကောက်ဝတ်က တစုံတစ်ယောက်
ရဲ့ ဆွဲယူခြင်းကိုခံလိုက်ရပြီး အနီး
အနားက လူရှင်းနေတဲ့အမှောင်ကျ
တဲ့နေရာကို ခေါ်သွားခြင်း ခံလိုက်ရသည်။
ဆွဲခေါ်သွားတဲ့သူကိုသိလိုက်တာနဲ့တပြိုင်နက်သူဘာမှပြောချင်စိတ်မရှိတော့ပေ။
"မင်းငါ့ကိုဒီလိုမျိုး ဘာမပြောညာ
မပြော ဆွဲခေါ်တာတွေရပ်ဖို့ငါ အကြံ
ပေးချင်တယ်"
သူဆွဲကိုင်ထားတဲ့လက်ကို ခပ်ကြမ်းကြမ်းဖြုတ်ပစ်လိုက်တဲ့ နေစင်ဟန်။
ဗျူဟာ သူ့အရှေ့က ကောင်လေးရဲ့ အမှောင်ကျနေတဲ့ မီးမှိန်မှိန်မှာ မြင်နေရတဲ့မျက်နှာကိုစူးစိုက်ကြည့်ရင်းသာ ချက်ချင်း သူ ကိုယ်တိုင် ပြောစရာစကားတွေ
ရှာမရ။ သူဘာလို့လိုက်လာခဲ့လဲ ဘာလို့
အခုလိုနေစင်ဟန်ကိုဆွဲလားရမ်းလား
တွေလုပ်နေမိတာလဲ။
ဘားဆိုရင်တောင် သူလိုက်လာခဲ့မိမည်
မဟုတ်။အခုက ဘုန်းပြည့်ဆီကနေ
ကလပ်ဆိုတဲ့အသံကြားတာနဲ့ ဘာမှမစဉ်းစားနိုင်ပဲ နေစင်ဟန်ဘယ်လိုရှိနေ
လဲဆိုတာမျက်မြင်တွေ့ရဖို့လိုက်လာခဲ့မိသည်။သူ့ညီက အနည်းဆုံးတော့ ထွန်းမြတ်လို ကောင်မျိုးမဟုတ်တာ အသေ
ချာသိပေမယ့် ဘာကို စိတ်မချဖြစ်
နေရသည်လဲ။ဆန်းဆက်နဲ့
နေစင်ဟန်ကို ယှဉ်တွဲတွေ့ရတာ
ဘာလို့များ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့
ခက်ခဲနေရသည်လဲ။စိတ်သဘောထား
ဖြူ မိသားစုကိုသိတတ်တဲ့ကောင်လေး
မို့ ဂရုဏာတွေဘာတွေသက်ပြီး နေစင်
ဟန်ကိုသနားစိတ်ဝင်မိ၍ ဒီလိုမျိုးတွေ
ဆက်မလုပ်စေချင်တာမျိုးလား။ဟုတ်တယ်။နေစင်ဟန်ကို သူရှားရှားပါးပါး
သနားစိတ်ဝင်နေမိတာ။
" မင်းကိုငါက ကိုင်ချင်လွန်းလို့ထင်နေ
လား ပြီးရင် ငါ့လက်ကိုရေပြန်ဆေးမှာ"
"အရက်ပြန်နဲ့ပါပွတ်လိုက်။ငါမင်းနဲ့
ပြောစရာမရှိဘူး ငါသွားပြီ "
နေစင်ဟန် အရှေ့မှာအလျင်အမြန်ပိတ်ရပ်ပြီး သူ့လက်တစ်ဖက်ကိုနံရံမှာထောက်
လိုက်တဲ့အချိန် နေစင်ဟန်ထွက်ပေါက်
ပိတ်သွားသည်။
ချောင်ကျတဲ့နေရာမှာ
နီးကပ်လွန်းနေတဲ့အနေအထား။
" မင်းဘာဖြစ်ချင်နေတာလဲ။ဘာလို့
ငါ့ကိုမင်းပေးထားတဲ့အချိန်အထိ
မလွှတ်ပေးထားနိုင်ပဲ ငါ့အရှေ့ကို
ခဏခဏပေါ်လာပြီး စိတ်အ နှောက်
အယှက်ပေးနေရတာလဲ။အကုန်လုံးက သူငယ်ချင်းတွေ ဖြစ်နေတဲ့အတွက် တိုက်ဆိုင်တာမျိုးဆိုရင်တော့ ငါဘာမှ
မပြောပါဘူး။မင်း မျက်နှာပြောင်တိုက်ပြီးဆန်းဆက်နဲ့ငါ အတူ ရှိနေတဲ့အချိန်
ထိုင်ကြည့်နေနိုင်တာ ဘယ်လိုစိတ်
ဓာတ်မျိုးနဲ့လဲ။ငါ့ကို အားမနာရင်တောင်ဆန်းဆက်ကတော့ မင်းညီလေ။
အနည်းဆုံးတော့မင်းရှောင်လိမ့်မယ်
လို့ ထင်ထားတာ"
"အေး ငါက အဲဒီလို စိတ်ဓာတ်မျိုးပဲ။
မင်းမှာ အရည်အချင်းဘယ်လောက်
ရှိတယ်ဆိုတာ ကိုယ်တိုင် မြင်လိုက်ရတာပေါ့။အခြေအနေက ဒီအတိုင်းဆို မြန်သားပဲ"
"ငါလည်း မင်းဘယ်လောက်ထိ အကျင့်ယုတ်လဲဆိုတာ ကိုယ်တိုင်မြင်လိုက်
ရပြီ။ရပြီမလား မင်းပြောစရာ
ဒါပဲမလား ငါ့အရှေ့ကဖယ်ပေး "
နံရံမှာထောက်ထားတဲ့
သူ့လက်ကို တွန်းဖယ်ပြီး ထွက်သွား
ဖို့ ပြင်နေသူကို အဖယ်မခံပဲ ပြန်လည်ကာ ပိတ်ရပ်လိုက်သည်။
"နေစင်ဟန်"
သူ့ကို စူးစိုက်ကာ ကြည့်လာတဲ့
မျတ်ဝန်းတွေ။
ကြည်လင်မှုမရှိ
အလိုမကျခြင်းတွေ ပါနေသည့်တိုင်
သူ့မျက်နှာကိုတည့်တည့်ဆိုင်ပြီး
အကြည့်မလွှဲစတမ်းကြည့်နေခြင်း
ကပင် သူ့ကိုကျေနပ်နေစေသလို။
သူ့ကြောင့် မကျေမနပ်ဖြစ်နေတဲ့
ကောင်လေးကို ဘယ်သူနဲ့မှ ယှဉ်တွဲ
မမြင်ချင်ပဲသူ့အနားမှာပဲဆွဲထားချင်
နေရတာကပဲစိတ်ရဲ့လိုအင်တစ်ခုလို။
ဗျူဟာ ကိုယ့်ကိုယ်ကို ပြန်သတိထား
မိပြီး နေစင်ဟန် အရှေ့ကနေဖယ်ပေး
လိုက်တာနဲ့ သူ့ကိုမကြည်သလိုကြည့်
ကာ နေစင်ဟန်က သူ့ပုခုံးတစ်ဖက်ကို
တိုက်ထည့်ပြီး ထွက်သွားသည်။
အခု ဘာတွေဖြစ်နေတာလဲ။နေစင်ဟန် စကားအတိုင်းပဲဘာလို့သူ နေစင်ဟန်
ကို မလွှတ်ထားနိုင်ရတာလဲ ။သူက
ကောင်းတဲ့လူ မဟုတ်ပေမယ့်လည်း တစ်ဖက်လူကိုထိခိုက်စေမဲ့ ဒီလိုကိစ္စ
မျိုးကိုမလုပ်ဖူးတော့ စိတ်ကတွေဝေ
နေတာ။နေစင်ဟန်ကို သနားနေရုံ သက်သက်။
နေစင်ဟန် မင်းကငါ့စိတ်ကိုညစ်ညူး
စေတဲ့ အနောက်ဓါတ်ပဲ။
ဘယ်လိုတောင် အနှစ်နှစ်အလလက
အမေ့အတွက် တစ်မိသားစုလုံးရဲ့ရန်ကြွေးကိုတစ်ချက်ထဲ အမိအရတုန့်ပြန်နိုင်မဲ့ အစီအစဉ်ချထားရမှုလဲ။ဆန်းဆက်မှုးက အခုသူ့အစီအစဥ်ထဲပါလာပြီ။
သူ့စိတ်ကိုသူ ပြုပြင်မှရမယ်။ဘာမှ
ထပ်ပြီး တွန့်ဆုတ်နေစရာအကြောင်း
မရှိဘူး။
-----------------------------------
" ကြာနေသလိုပဲ အခုပဲလိုက်လာတော့မလို့"
"toilet ရှာမတွေ့လို့ နည်းနည်းကြာသွားတယ်"
" ပြောတာပဲ လိုက်ပို့ပါမယ်ဆို"
ဘေးမှဝင်ထိုင်လိုက်ရင်း စိတ်ပူနေ
တဲ့ဆန်းဆက်ကို သူ ပြုံးပြလိုက်ရသည်။
"ဘုန်းပြည့်ရော"
" သောက်ပါများပြီး သူ့ သူငယ်ချင်း ကောင်မလေးတွေနဲ့တွေ့လို့စင်ရှေ့ကို
ရောက်သွားပြီ။ သီချင်းသံကြားတော့
ဒွန့်ကလည်းဒွန့်ချင်တယ် ရှင်းသန့်
မသိစေနဲ့လို့ တချိန်လုံးရွတ်နေတော့တာပဲ"
ဆန်းဆက်နဲ့သူ နှစ်ယောက်လုံးရယ်
လိုက်ကြသည်။
" ဗျူဟာပိုင်ကတော့ အပြင်မှာပဲ
စောင့်မယ်ဆိုပြီး ထွက်သွားတယ်။မင်းtoilet သွားမယ်ဆိုပြီးထသွား
ကထဲကပဲ။အခုတော့ ပြန်သွားပြီ
လားမသိဘူး"
"အော်"
မျက်နှာ အမူအယာမပျက်အောင်
ထိန်းပြီးနေစင်ဟန် ဘုန်းပြည့်ရှိနေသည့် သီချင်းသံနဲ့လိုက်ပါနေတဲ့လူအုပ်ကြား
ထဲကို အကြည့်ပို့လျက်
"မင်းလည်း ဘုန်းပြည့်အနောက်
လိုက်ချင်ရင်လိုက်သွားလေ ဆန်းဆက်
ငါ ထိုင်နေလို့ရတယ်"
" မင်းတစ်ယောက်တည်း ဒီလိုနေရာ
မျိုးမှာ ထိုင်နေတာကို ငါက ထားခဲ့
နိုင်မယ်လို့ ထင်နေတာလား"
ဆန်းဆက် အသံက သူ့အနားကပ်
၍ နှစ်ယောက်တည်းကြားရုံ။
စတိတ်စင်မှ ဒီဘက်ခေတ်အချစ်
သီချင်းသံခပ်ဆွေးဆွေးနဲ့အတူ
သူ့ ရင်ခုန်သံတွေကတော့ မူမမှန်ဖြစ်လာလျက်။
" ဆန်းဆက်"
"အင်း"
" ဘုန်းပြည့်ကွန်ဒိုကို ရောက်သွား
တဲ့နေ့က လေ"
နီးကပ်နေတဲ့ အနေအထားမှာ
ဆန်းဆက် နဲ့ အကြည့်ချင်းဆုံနေချိန်
" ဆက်ပြောလေ "
" ငါ ငါဒုက္ခရောက်နေတာကို ကူညီပြီး
ခေါ်လာခဲ့ပေးတာ ကျေးဇူးပဲ"
"ထွန်းမြတ် မင်းကိုခေါ်သွားတဲ့နေ့ကလား"
"အင်း"
" အဲဒီကောင်ကိုငါ မှတ်လောက်သားလောက်အောင် ပညာပေးပြီး ကျောင်း
ထွက်ခိုင်းလိုက်ပြီ။မင်းကိုလာနှောက်
ယှက်လို့ ရတော့မှာမဟုတ်ဘူး"
" ဘာလို့အဲ့လောက်ထိလုပ်လိုက်တာလဲ ထွန်းမြတ်မင်းကို အငြိုးထားနေရင်"
အလောတကြီး ပြန်ပြောလိုက်သည်
ကိုပင် ဆန်းဆက်က အေးဆေးစွာနဲ့။
" မထိသင့်တဲ့သူကိုလာထိတာလေ
အဲ့ကောင် အငြိုးထားလည်းငါ့ဘက်က
ကိစ္စမရှိဘူး။ အရေးကြီးတာက မင်းကို စိတ်ချရဖို့ပဲ"
"ဆန်းဆက်"
ပြုံးလိုက်လျှင် အရမ်းဆွဲဆောင်မှုရှိ
စွာနဲ့ပင် သီချင်းသံတွေကြားမှာ
ဆန်းဆက်က သူ့အနားကိုပို၍ တိုးကပ်လျက်။
" လောလောဆယ်တော့ ဒီအခြေအနေ
လေးကိုသဘောကျတယ်
၊။ မင်းသိတယ်မလား ငါက တစ်ဦး
တစ်ယောက်ရဲ့ဖြစ်တည်မှုတိုင်းကို
လက်ခံနိုင်ပေမယ့် ငါက မိန်းကလေး
တွေကိုပဲ စိတ်ဝင်စားခဲ့တာ။ ယောက်
ကျားလေးတယောက်ငါ့ကိုလာflirt
လည်းငါကအေးဆေးပဲ တခြားစိတ်
ဘယ်လိုမှမရှိနိုင်လို့ အကုန်လုံးနဲ့
အဆင်ပြေအောင်ပဲပေါင်းသင်းခဲ့
တာကြီးပဲ။ မင်းကတော့မတူဘူး နေစင်"
စကားတခွန်းဆီတိုင်းကိုကြားရဖို့
သေချာနားထောင်နေရင်းကပင် သူ့လက်ဖျားတွေအေးစက်လာရသည်။
"ငါမင်းအကြောင်းကို ဒီထက်ပိုပြီးသိချင်တယ်။ ငါတို့နှစ်ယောက်ကြားမှာ လေးလေးနက်နက် ဖြစ်ချင်တယ်။ ယောက်ျားလေးတယောက်ကိုငါ ဒီလောက်ထိ
စိတ်ရောလူရောဂရုစိုက်ပေးခဲ့တာ
မင်းကပထမဆုံးပဲ။ တကယ်တော့
ငါ့မှာ မိသားစုအရေးကိစ္စကြောင့် မင်း
မသိတဲ့ငါလုပ်နေရတဲ့ပတ်သက်မှု
အကြောင်းအရာတစ်ချို့ရှိတယ်။
မင်းငါ့ကို ဒီထက်ပိုပြီးပွင့် ပွင့်လင်း
လင်း ရှိလာတဲ့အခါကျရင်
ငါတို့နှစ်ယောက်လုံး ဒီအခြေအနေ
ကနေလွန်မြောက်ပြီးစိတ်ချင်းနီးစပ်
နိုင်လိမ့်မယ်လို့ငါယုံကြည်တယ်"
ရင်ဘတ်ထဲမှာ တင်းကျပ်လာမှုကြောင့်
နေစင်ဟန်သူ့ လက်နှစ်ဖက်ကိုခပ်
တင်းတင်းယှက်တွယ်မိလိုက်သည်။
သူ့အပေါ် ဒီလောက်ကောင်းတဲ့သူ
ကျေးဇူးရှိတဲ့သူ ကိုမှ။ ကံတရားက
ဘာလို့လဲ။သူဘယ်လိုစိတ်နဲ့ ဆက်
လုပ်ရမှာလဲ။
ငါသိပြီးသားပါ။ ဝတ်ရည်ဦးကိုမင်း
မိသားစုရဲ့ အရေးကိစ္စကြောင့် မင်းသဘောထားမပါဘဲ ပတ်သက်နေရ
တယ်ဆိုတာ။ ငါမင်းကို ဘယ်လို
ထုတ်ပြောရမှာလဲ ဆန်းဆက်။ငါက
မင်းကိုထိုးချဖို့ ကိုယ့်အကျိုးအတွက်
ရယူပြီး မင်းကိုလာကပ်တဲ့သူဆိုတာ။
သူစိတ်ပင်ပန်းလွန်းစွာနဲ့ သူ့အရှေ့က
ခွက်ကို အသက်အောင့်ကာ တစ်ဝက်ကျိုးသည်အထိတပြိုင်ထဲမော့ချလိုက်သည်။
"အဲ့တာက ပြင်းတယ်နော် နေစင်"
"ဆန်းဆက်.... ငါတောင်းပန်ပါတယ်"
" ဘာအတွက်လဲ"
သူ့ကိုချော့နေသလို နူးညံ့လှတဲ့ စကားသံ။
" ဘာအတွက် တောင်းပန်ချင်တာလဲ
ပြောလေ မင်းမပြောရင် ငါကဘယ်လို
လုပ်ပြီး သိမှာလဲ"
"ငါ..."
" အခုမပြောချင်ရင်လဲ မင်းအဆင်
ပြေတဲ့ တစ်နေ့ကျမှငါ့ကိုပြောပြ။ လုံးဝမပြောချင်ဘူးဆိုရင်လည်း မင်းသဘောပဲ ငါက ဘာတွေပဲဖြစ်နေပါစေ မင်းကိုနားလည်ပေးမဲ့သူဆိုတာသိတယ်
မလား နေစင် "
သီချင်းအ သံကျယ်။
ဆန်းဆက်နဲ့ အကြည့်ချင်းဆုံရင်း တဖြည်းဖြည်း မြန်လာတဲ့ နှလုံးခုန်နှုန်း။
မဖြစ်မနေ ငါ ရှေ့ဆက်ရမယ်ဆိုရင်
ငါပေးနိုင်တဲ့ တစ်ခုတည်းသော
အစစ်အမှန်က မင်းအပေါ်ထားတဲ့
ငါ့ရဲ့စိတ်ပဲ ဆန်းဆက်။
*****************************
"ေနစင္ ေရာက္လာၿပီလား "
ကြန္ဒို အခန္းတံခါးဖြင့္လာခ်ိန္
ဘုန္းျပည့္ရဲ႕လိႈက္လွဲစြာႀကိဳဆိုမႈ။
"အားနာလိုက္တာ လမ္းတစ္ဝက္မွာ
လာယူေပးပါမယ္ဆို ဒီအထိလာေပးတယ္ "
" ရတယ္ လမ္းၾကဳံေနတာပဲ အပန္း
မႀကီးဘူး ဒီမွာ ႐ွင္းသန္႔ ဘုန္းျပည့္
အတြက္ ထည့္ေပးခဲ့တာေတြ "
လက္ထဲက ေထာပတ္ထမင္း
ပါဆယ္ ႏွစ္ထုပ္ကိုဘုန္းျပည့္ဆီ
သူ႕ကမ္းေပးလိုက္သည္။
ဒီေန႔ ႐ွင္းသန္႔ အိမ္မွာ အလႉ႐ွိတာ
ဘုန္းျပည့္က သြားလို႔မရေတာ့ ေနစင္ဟန္ ေရာက္သြားခ်ိန္႐ွင္းသန္႔က ဘုန္းျပည့္အတြက္လမ္းၾကဳံပါဆယ္ ဝင္ေပးခိုင္းခဲ့သည္။
ေနာက္ထပ္ပါဆယ္ တထုပ္နဲ႔ဖာအေသး
ေလးကေတာ့ ႐ွင္းသန္႔သူ႕ကိုေပးတာမလို႔ျပန္ယူသြားဖို႔ျပင္ဆင္လ်က္။
"ေနစင္ေရာ စားခဲ့ၿပီးၿပီလား"
" အခ်ိဳပြဲေတြပဲစားခဲ့တယ္ ပါဆယ္ကမ္းေတာ့ ပါဆယ္ေပးတာပဲယူလာခဲ့တာ"
" အဲဒါဆို အထဲကိုဝင္ ေနစင္။ ဗ်ဴဟာ
လည္းမနက္ထဲကေရာက္ေနတယ္ ေနစင္ပါဆယ္လာပို႔မွာကိုေစာင့္ေနတာ အတူ
တူဝိုင္းဖြဲ႕လိုက္ၾကရေအာင္ "
" မဝင္ေတာ့ဘူး အခ်ိန္မရလို႔ အလုပ္
ေတြ႐ွိေသးတယ္။ သြားေတာ့မယ္ေနာ္
ဘုန္းျပည့္"
" ခဏေလာက္ေတာ့ရတယ္မလား
မ ဝင္လို႔မရဘူး အတူတူစားရေအာင္
အေအးေတြဘာေတြေသာက္သြားဦး
လာဝင္ခဲ့"
"မဟုတ္ ဘုန္းျပည့္"
႐ွင္းသန္႔ အဲဒါေၾကာင့္ ဘုန္းျပည့္ကို
ဘာလို႔ႏွစ္ထုပ္ေတာင္ေပးလဲ စဥ္းစား
ေနတာ။ ဗ်ဴဟာပိုင္ဆိုတဲ့ နာမည္ၾကား
တာနဲ႔ ထြက္သြားမည္လုပ္ေသာ္လည္း
ဘုန္းျပည့္က သူ႕ပုခုံးကိုတြန္းၿပီး
အတင္းအၾကပ္အထဲဝင္ေစကာ တံခါးကိုပိတ္လိုက္သည္။ပါဆယ္ယူလာေပးလို႔
ဘုန္းျပည့္ သူ႕ကိုအားနာေနတာ။
သူ႕အိမ္လိုပဲ ဧည့္ခန္းကဆိုဖာအ႐ွည္
ေပၚမွာ ေျခေထာက္တစ္ဖက္တင္ကာက်က်နနနဲ႔ tvchannel
တခုကိုဖြင့္ကာ ထိုင္ေနသည့္
သူကေတာ့ ဗ်ဴဟာပိုင္။
သူအထဲေရာက္ေနတာ ျမင္လိုက္ေတာ့
အံ့ၾသဟန္မျပ။
ႏွစ္ေယာက္လုံးနဲ႔သူငယ္ခ်င္းဆိုေတာ့
ဆန္းဆက္ေရာ ဗ်ဴဟာပိုင္ေရာက
ဘုန္းျပည့္ကြန္ဒိုဆီ လာေလ့႐ွိသည္ျဖစ္မည္။
" ေဟ့ေရာင္ သြား ပန္းကန္ေတြဇြန္းေတြ သြားယူလာခဲ့"
ဗ်ဴဟာပိုင္ကို ဘုန္းျပည့္က ပိတ္ေဟာက္လိုက္သည္။
" ငါကဘာလို႔"
" မင္းစားမလို႔ငါပါဆယ္အပိုမွာထားေပးတယ္မလား အခုသြား ေနစင္ယူလာ
ေပးရတာ။အေအးဘူးေတြပါယူခဲ့"
သူကႀကီးပဲ ႏိုင္စားတယ္လို႔ထင္ေနတာ
ဘုန္းျပည့္ေဟာက္လိုက္ေတာ့ ဗ်ဴဟာပိုင္ စကားနားေထာင္သားပဲ။
သူ႕ကိုတခ်က္သာၾကည့္ၿပီး ဗ်ဴဟာပိုင္က ထမင္းစားခန္းထဲဝင္သြားသည္။
" ေနစင္ ထိုင္"
" ငါသြားေတာ့မယ္ ဘုန္းျပည့္။ ဗိုက္
ျပည့္ေနေသးလို႔ ထမင္းမစားႏိုင္ေသး
ဘူးအေအးဘူးပဲယူသြားေတာ့မယ္"
"မရဘူး ေရာက္တုန္းေရာက္ခိုက္ ေန
သြားပါဦး။ ဗ်ဴဟာလည္း႐ွိေနတာပဲ။
သူ႕သူငယ္ခ်င္းကို ဒီလိုဘဲျပန္ခိုင္းလိုက္ရင္
႐ွင္း ငါ့ကိုစိတ္ဆိုးမွာေပါ့"
သူ႕လက္ထဲက အထုပ္ကိုပါယူၿပီး
ဘုန္းျပည့္က စားပြဲေပၚတင္လိုက္ေတာ့
သူဘာမွလုပ္မရေတာ့။
႐ွင္းသန္႔အိမ္ကေနပါဆယ္ယူလာေပးလို႔
သူ႕ကို အေတာ္အားနာေနပုံရတဲ့ဘုန္းျပည့္။
"ကဲ ဘယ္လိုလဲ ဗ်ဴဟာနဲ႔ ရင္းႏွီးေနၿပီ
လား"
" မရင္းႏွီးပါဘူး"
ဘုန္းျပည့္ ႐ုတ္တရက္ႀကီးဘာလို႔ ဒီလို
လာေမးေနလဲ သူနားမလည္။
ဗ်ဴဟာပိုင္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရး
မဟုတ္ဘူးလို႔ေျပာျပထားတာပဲ။။
" ေအာ္ ထားပါေတာ့ ။ မင္းကိုမႏႈတ္
ဆက္တာ ဗ်ဴဟာကို စိတ္ထဲမွာ ဘယ္
လိုမွမထားနဲ႔ေနာ္ေနစင္။ ဒီေကာင္က
အဲ့လိုပဲ ဆက္ဆံေရးညံ့တယ္။မင္းတို႔ခ်င္း ရင္းႏွီးတာလား မရင္းႏွီးတာလား ငါ
လည္းေသခ်ာမေျပာတတ္ေတာ့ေပ
မယ့္ ဒီေကာင္ မင္းကို ၾကည္ပါတယ္။
ဗ်ဴဟာက သူမပတ္သက္ခ်င္ရင္ မ်က္ႏွာေတာင္မၾကည့္တဲ့အခ်ိဳး"
ဗ်ဴဟာပိုင္အေၾကာင္းက သိၿပီးသားမို႔
သူႏႈတ္ဆက္သည္ျဖစ္ေစမဆက္သည္
ျဖစ္ေစေနစင္ဟန္ စိတ္ထဲမွာဘယ္လိုမွမေနပါဘူး။
နားလည္ရခက္တဲ့ အျပဳံးတစ္ခုက
ဘုန္းျပည့္ရဲ႕မ်က္ႏွာမွာ။
ဘာလား။ဘာလို႔ ဗ်ဴဟာပိုင္
အေၾကာင္း သူ႕ကိုလာေျပာေနတာလဲ။
ဘုန္းျပည့္ဘာကိုသိထားလို႔လဲ။
ဆိုဖာ ေပၚမွာ ထိုင္လိုက္ရင္း
ေနစင္ဟန္ အၾကည့္တို႔က တံခါးပိတ္
ထားတဲ့ အခန္းအလြတ္ဆီအေရာက္
မ်က္ႏွာပူမိစြာနဲ႔ အလ်င္အျမန္အၾကည့္
လႊဲလိုက္ရသည္။ လက္ဖ်ားေတြကပါ
ေအးစက္လို႔။ ေတာ္ပါေသးတယ္။
ဒီေနရာမွာ ဆန္းဆက္ပါ႐ွိေနလွ်င္သူ ဘယ္လိုမွ တည္တည္ၿငိမ္ၿငိမ္နဲ႔
ဆက္ၿပီးထိုင္ေနႏိုင္မည္မဟုတ္။
"ေနစင္ ဘာအလုပ္႐ွိတာလဲ"
"ဒယ္လီပို႔တာ "
"ေအာ္ ေကာင္းတာေပါ့။ေနရာစုံသြားရၿပီးကိုယ္လက္ လႈပ္႐ွားမႈလည္းျဖစ္တယ္
ငါလည္းဝင္ေငြ႐ွာဖို႔လုပ္ရင္ေကာင္းမလား ငါ့ကိုလည္း ခ်ိတ္ေပးပါဦး "
" ေတာ္လိုက္ေတာ့"
ဘုန္းျပည့္က ေမးၿပီးမွ အားနာေနၿပီး
စကားလိုက္ေနတာ။ သူကေအးေဆး
ပါပဲ။ ဒီအလုပ္လုပ္လို႔တစ္ခါမွ ကိုယ့္ကိုကိုယ္မသိမ္ငယ္ဖူးဘူး။
" ငါ့အေမသာ မင္းကိုေတြ႕ရင္ ၾကည့္စမ္းသူမ်ားသားေတြ ေက်ာင္းတက္ေနရင္း အလုပ္လုပ္ေနတာ။ ငါက လက္ေၾကာ
မတင္းတဲ့သူလို႔ အေျပာခံရမွာအေသခ်ာပဲ "
သူရယ္လိုက္မိသည္။
" ကိုယ့္အေျခအေနနဲ႔ကိုယ္ေပါ့ ငါ
လည္းမင္းလိုသာျဖစ္ေနရင္ ဒီလိုပဲျဖစ္
ေနမွာပဲ။မင္းနဲ႔႐ွင္းသန္႔လည္း မွာခ်င္တာ႐ွိရင္မွာလို႔ရတယ္ေနာ္ ၿမိဳ႕တြင္းက ဆိုင္ေတြအကုန္လိုက္ဝယ္ေပးတယ္"
"ငါတို႔ဆိုရင္ေတာ့ ေလွ်ာ့ေပးမယ္မလား"
" ႐ွင္းသန္႔ မ်က္ႏွာနဲ႔ေပါ့"
ဘုန္းျပည့္က သေဘာတက်
ရယ္သည္။
လငပုတ္ဖမ္းတဲ့မ်က္ႏွာနဲ႔ လက္ထဲမွာပန္းကန္ေတြခရင္းေတြကိုင္ၿပီး အိမ္ေ႐ွ႕ကိုျပန္ထြက္လာတဲ့ ဗ်ဴဟာပိုင္။
ေထာပတ္ထမင္းကို ကိုယ့္အထုပ္နဲ႔
ကိုယ္ပန္းကန္ေတြထဲထည့္လိုက္ၿပီး
ဟင္းကိုတစ္ပန္းကန္ထဲေရာထည့္ကာ
သူတို႔သုံးေယာက္ ဧည့္ခန္းမွာပဲ ဝိုင္းဖြဲ႕
ျဖစ္ၾကသည္။ ဒါေပမယ့္ ဘုန္းျပည့္က
သာ ေနစင္ဟန္ကိုဒိုင္ခံစကားေျပာေနၿပီး ဗ်ဴဟာပိုင္ကေတာ့ သူ႕ဘာသာအသံတိတ္စားေနသည္။
" ႐ွင္းသန္႔က ငါ့အတြက္တဲ့ အခ်ိဳပြဲပါ
တစ္ဖာ ထည့္ေပးခဲ့တယ္ေ႐ႊၾကည္ စားမွာလား ဘုန္း"
"ဟမ္ မင္းအတြက္ပဲလား"
"မဟုတ္ အားလုံးအတြက္"
"စားပါ ကိုယ့္ဘာသာ ငါတို႔မႀကိဳက္လို႔
မစားဘူး။ ၾကည့္ရတာေနစင္က ေ႐ႊၾကည္ႀကိဳက္တဲ့ပုံပဲ"
ရယ္ေနတဲ့ ဘုန္းျပည့္ကို ေနစင္ဟန္
ျပဳံးျပလ်က္
သူတစ္ေယာက္ထဲအတြက္ ႐ွင္းသန္႔
ထည့္ခဲ့ေပးသည့္ေ႐ႊၾကည္ ဖာအေသးေလးကို သိသိပင္သာသာပင္ သူ႕ပန္းကန္
ေဘးမွာကပ္ထားလိုက္သည္။
" ေယာကၡမအိမ္ရဲ႕အလႉက မို႔လို႔လား
မသိ အရသာကို႐ွိေနေရာ။႐ွင္းသန္႔
မင္းကိုပါဆယ္ေတြထည့္ေပးလိုက္တာ
သူ႕အေမျမင္လားေနစင္ "
"ျမင္တယ္ ငါတေယာက္တည္းသုံးထုပ္ေတာင္ဆိုေတာ့ အလႉအိမ္ကထြက္လာ
ရတာ မ်က္ႏွာေတာင္ပူတယ္"
"ေအးေလ ဒီေကာင္ပါစားမယ္ဆိုလို႔
႐ွင္းသန္႔ကိုငါတစ္ထုပ္ပိုေတာင္းလိုက္ရတာ"
ဗ်ဴဟာပိုင္ စားေနရင္းၿမိဳမက်သလို ျဖစ္သြားၿပီး ဘုန္းျပည့္ကိုေစာင္းၾကည့္သည္။
"စတာ စတာ။႐ွင္းသန္႔ကမင္း႐ွိေနတယ္
ဆိုလို႔အပိုထည့္ ေပးလိုက္တာ ေနာ္႕ "
ဘုန္းျပည့္စကားအဆုံး
သူမထိန္းႏိုင္ပဲ ရယ္မိမလိုျဖစ္သြားခ်ိန္ ဗ်ဴဟာပိုင္သူ႕ကို ၾကည့္လာသည္မို႔
အခ်ိန္မွီမ်က္ႏွာပိုး ျပန္သတ္လိုက္ရသည္။
"ဗ်ဴဟာ မင္း ငါ့အခန္းလြတ္ကို အပိုင္စီးထားၿပီး လုပ္ခ်င္သလိုလုပ္ေနတာ
တကယ္လာအိပ္မွအခန္းကိုျပင္ေလကြာ။
ညနက္တဲ့အထိလည္း တခါမွမေနပဲနဲ႔
ၿပီးရင္မင္းအေမေခၚတာနဲ႔တန္းျပန္တာပဲ "
" အဟမ္း ဒီၾကက္သားဟင္းကလည္းညံ့လိုက္တာ"
" မင္းအေမလက္ရာေလာက္ေတာ့
ဘယ္ေကာင္းပါ့မလဲ။ဒါနဲ႔အသစ္ေတြ
မဟုတ္ရင္ မင္းမအိပ္တတ္လို႔အကုန္
လဲပစ္တာကေတာ့ဟုတ္ပါၿပီ ငါ့ဧည့္သည္အခန္းက ေမြ႕ယာနဲ႔ေစာင္ကမင္း ဘယ္လိုလုပ္လိုက္ၿပီလဲ"
"အဟြတ္ အဟြတ္"
ထမင္းစားေနရင္းသီးသြားတဲ့ ဗ်ဴဟာပိုင္
က ေဘးကအေအးဘူးကိုေဖာက္ၿပီး
ေသာက္လိုက္ကာေနစင္ဟန္ကိုၾကည့္လာရင္း မ်က္လုံးခ်င္းဆုံခ်ိန္ခ်က္ခ်င္းပင္
အၾကည့္ျပန္လႊဲသည္ ။
" အကုန္အသစ္လဲၿပီး ပစ္ထုတ္လိုက္ၿပီ"
"ဘာ ဧည့္သည္လာရင္ေပးအိပ္မလို႔ငါအသစ္ဝယ္ထားတာေတြေလကြာ အဲ့ဒီ
တစ္စုံ ဘယ္ေလာက္ေတာင္ေပးရတယ္
ထင္လဲငါ့ေမြ႕ယာ ငါ့ေစာင္"
ဘုန္းျပည့္ ေသြးတက္မလိုျဖစ္ၿပီး
သူ႕ကို အသံတိတ္ဆဲေနသည္။
ဗ်ဴဟာ ထမင္းျပန္စားေနရင္း ေစာင္းငဲ့
ကာ ေဘးကေကာင္ေလးကို မသိမသာ
ျပန္ၾကည့္ေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔သာ ေခါင္းငုံ႔ကာ စားေနသည္။
အဲဒီကိစၥကိုေနစင္ဟန္
မမွတ္မိဘူးထင္တယ္။မွတ္မိရင္လည္း ေခါင္းထဲမွာ သူ႕ကို႐ွိမွာမဟုတ္ ။
သူျဖစ္ေစခ်င္တဲ့ အတိုင္းပဲ ဘုန္းျပည့္
က ဆန္းဆက္ ေခၚလာေပးတာလို႔
ေျပာတာကိုလည္း တစ္ခါထဲ ယုံသြားတယ္တဲ့။
အရာအားလုံးက အစီအစဥ္က်ေနေပမယ့္ ဘာကိုအလိုမက်ျဖစ္ေနသလိုျဖစ္ေနမွန္းခက္ေနသည္။
"ဆန္းဆက္ ကေရာ ဒီကိုလာေနက်ပဲလား"
"လာတာေပါ့ ဒီေကာင္ထက္ေတာင္ ဆန္းဆက္က ခဏခဏလာေနတာပိုမ်ားတယ္
တခါတေလဆိုေသာက္ၾကၿပီးအမူးလြန္
သြားရင္ညအိပ္ၿပီးမွျပန္တာ"
"ေအာ"
ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ဘုန္းျပည့္စကားကိုေထာက္ခံေနတာ။
ေနစင္ဟန္ မ်က္ႏွာမွာ ျပဳံး႐ုံေလးျဖစ္သြားၿပီး သူ ခန္႔မွန္းလို႔မရတဲ့ အေရာင္တစ္ခု
ျဖတ္ေျပးသြားတယ္။
ဘာလဲ။
"ငါ့ကြန္ဒိုက ဒီေကာင္ေတြေမႊဖို႔ ဖြင့္
ထားေပးသလား ေအာက္ေမ့ရတယ္။
အခုလည္း ေဟာဒီကသခင္ေလးက ဘာစိတ္ကူးထေပါက္လဲမသိဘူး။ေမေမခ်စ္သားကတစ္ခါမွလဲညလာမအိပ္ဖူးပဲနဲ႔
ဧည့္သည္အခန္းကို သူ႕စိတ္ႀကိဳက္ခန္းဝင္ပစၥည္းေတြလဲလိုက္တာ
။ဒီေကာင္႐ွင္းသန္႔ဆီကေနငါ့ကို
ႏိႈက္ဖို႔မ်ား ၾကံစည္ေနတာလားမသိဘူး"
ဘုန္းျပည့္ကိုသူ ေနစင္ဟန္ မျမင္ေအာင္ လက္ခလယ္လွမ္းျပလိုက္မိသည္။
ဒီေကာင္ဘာလို႔ဒီေလာက္ စကား႐ွည္
ေနတာလဲ။အကုန္ေပၚကုန္ေတာ့မွာပဲ။
ေနစင္ဟန္ကို ျပန္ၾကည့္ေတာ့ သတိထား
မိပုံေတာင္မေပၚ သူ႕အေၾကာင္းဘုန္းျပည့္ေျပာေနတာကို စိတ္ဝင္စားဟန္ေတာင္မ႐ွိ။သူ႕အေတြးနဲ႔သူ ေခါင္းငုံ႔လ်က္ မ်က္ႏွာကျပဳံးေယာင္သန္းၿပီးထမင္းဆက္စားေနသည္။
ဆန္းဆက္မႉး အေၾကာင္းေမးတုန္းက
နဲ႔ မ်က္ႏွာအခ်ိဳးကတစ္ျခားဆီ။ေတာက္။
"ငါလည္း ဘယ္ေတာ့မွ ေယာကၡမအိမ္က အလႉကို ကိုယ္တိုင္သြားၿပီးအႀကိတ္အနယ္သြားဆြဲခြင့္႐ွိမွာလဲကြာ ေယာကၡမ အိမ္ေ႐ွ႕ေျခခ်ရတာေတာင္လန္႔ေနရတယ္"
" အိမ္အထိသြားဖူးၿပီးၿပီလား
႐ွင္းသန္႔ဘက္ကနဲ႔ အေျခအေန
ဘယ္လိုလဲ"
" သူ႕မိဘေတြနဲ႔အစ္ကိုအႀကီးဆုံးက
အယူႀကီးေတာ့ လုံးဝလက္မခံဘူး ေလာေလာဆယ္ေတာ့ သိသာသိေစ
မျမင္ေစနဲ႔ဆိုသလိုေပါ့ တခါပဲအိမ္ထိသြားေခၚဖူးေသးတယ္ သူ႕အစ္ကိုထြက္လာလို႔ ကားေမာင္းေျပးလိုက္ရတာမွ"
ဘုန္းျပည့္ကဟာသေႏွာၿပီးေျပာေနေပ
မဲ့ေနစင္ဟန္ မရယ္ႏိုင္ပဲနားလည္မိသည္။
စားရင္းေသာက္ရင္းနဲ႔ဘုန္းျပည့္နဲ႔ေနစင္ဟန္ကသာ ဆက္ၿပီး စကားေကာင္းေနတာ။
သူတို႔အလယ္မွာထိုင္ေနတဲ့
ဗ်ဴဟာပိုင္ကေတာ့ ဘုန္းျပည့္သူ႕ကို
ေခၚသြင္းထားလို႔ပဲလား သူယူလာတဲ့အလႉအိမ္ကပါဆယ္ကိုစားေနလို႔ပဲလား မ်က္ႏွာတည္နဲ႔ပဲဘာမွမေျပာ။ ဗ်ဴဟာပိုင္ ကိုယ္တိုင္ လူမႈေရးညံ့တယ္ဆိုေပမယ့္လည္း...။
သူတို႔ကတစ္ကယ္ပဲ ရင္းႏွီးတဲ့သူေတြ
လို ေနလို႔ရမယ့္ဆက္ဆံေရးမ်ိဳးလည္း
ျဖစ္မွမျဖစ္ႏိုင္တာ။
"မင္းဘက္က တကယ္အတည္ပဲေလ
အခ်ိန္တစ္ခုၾကာရင္ ႐ွင္း ဘက္ကသူ
ေတြ နားလည္လာမွာပါ။
အားမေလွ်ာ့နဲ႔ ဘုန္းဘက္ကအတည္
ဆိုတာသူတို႔ လူႀကီးေတြ သိေအာင္ ျပ
ႏိုင္ဖို႔ပဲလိုတယ္ "
"အင္း အဲဒီလိုပဲ အားတင္းရမွာပဲ။
ငါ့ဘက္က ႀကိဳးစားရမွာေပါ့"
"အဲ့ဒီေလာက္ထိ ျဖစ္ပ်က္ေနရေအာင္
သူတို႔လူက ဘယ္ေလာက္မ်ားအဖိုးတန္ေနလို႔လဲ။မင္းက သူတို႔သားဆီကအရင္ သိမ္းသြင္းခံရတာ။ေမြးရာပါပါလာတဲ့
သူတို႔သားကို မင္းလိုအစစ္အမွန္နဲ႔
ေတြ႕သြားတာေတာင္ ျပန္ၿပီးေက်းဇူး
တင္ရအုံးမယ္"
"ေဟ့ေရာင္ ေတာ္လိုက္"
" ဘယ္ေလာက္ပဲ သိမ္းသြင္းခံရပါေစ
ကိုယ့္လူကလည္း အဲဒီဓါတ္မ႐ွိေနရင္ ပါသြားစရာအေၾကာင္းကိုမ႐ွိဘူး"
ဘုန္းျပည့္ကို ေနစင္ဟန္ အားနာမိေသာ္လည္း ႐ွင္းသန္႔ဘက္ကနာ၍ ဗ်ဴဟာပိုင္စကားကို ျပန္ေခ်ပလိုက္မိသည္။
"ဒါကေတာ့ တဖက္လူရဲ႕ အရည္အခ်င္းေပါ့။စစ္လွပါခ်ည္ရဲ႕ဆိုတဲ့ေကာင္ကို
ေတာင္ အဲ့ဒီဓါတ္ျဖစ္သြားေအာင္ လုပ္
ႏိုင္တာကိုပဲၾကည့္"
" မင္းတို႔ႏွစ္ေယာက္က ဘာျဖစ္ေနၾက
တာလဲ ေတာ္လိုက္ေတာ့ ငါထမင္းေလးေကာင္းေကာင္းစားပါရေစ"
ဘုန္းျပည့္ မ်က္ႏွာ တည္သြားတာကို
အားနာသြားပုံရတဲ့
ေနစင္ဟန္က သူနဲ႔ စကားၿပိဳင္မလု
ေတာ့ပဲ ထမင္းျပန္စားေနသည္။
ေခါင္းငုံ႔သြားတဲ့
ေနစင္ဟန္ ကိုယ္တိုင္လည္း မ်က္ႏွာမေကာင္းပဲ ခ်က္ခ်င္းၿငိမ္က်သြားလ်က္။
ဗ်ဴဟာ ရင္ထဲခံသြားသလိုပင္။
သူက တစ္ကယ္ပဲ ဘုန္းျပည့္နဲ႔ ႐ွင္းသန္႔
သူအေၾကာင္းကိုပဲေျပာေပမယ့္
ေနစင္ဟန္က ဘယ္လိုထင္သြားတာလဲ
။သူ႕စကားမွားသြားၿပီ။
ေ႐ႊၾကည္ဆႏြင္းမကင္း ကိုေတာ့
ေနစင္ဟန္ တစ္ကယ္ႀကိဳက္တဲ့ပုံပဲ။
ထမင္းကိုကုန္ေအာင္မစားေသးပဲ
ေ႐ႊၾကည္ဖာကိုဖြင့္လိုက္ၿပီး ဘယ္သူ႕ကိုမွ အားနာပါးနာနဲ႔ေတာင္ မေခၚေကြၽး။
ေခါင္းငုံ႔ၿပီး အပီအျပင္ကိုစားေနတာ။
ဘယ္သူမွမင္းေ႐ႊၾကည္ကိုလုမစားပါဘူး ထမင္းကိုကုန္ေအာင္အရင္စားၿပီးမွ ေျဖးေျဖးစားလို႔လည္းရပါတယ္။
----------------------------------
ထမင္းစားခန္းထဲကေန ဗ်ဴဟာ
ပန္းကန္ေဆး လက္ေဆးၿပီး ထြက္လာတဲ့အခ်ိန္ ဘုန္းျပည့္ကဖုန္းကိုနားမွာကပ္ကာ ဆိုဖာေပၚမွာ႐ွိေနတဲ့ေနစင္ဟန္ကို ၫႊန္ျပ
ၿပီး ခပ္တိုးတိုးအမူအယာျပကာသူ႕
အခန္းထဲဝင္သြားသည္။
႐ွင္းသန္႔သူနဲ႔ ဖုန္းေျပာမယ္ဆိုရင္ေတာ့ အနည္းဆုံးနာရီဝက္ပဲ။
သူတို႔ စားလို႔ေသာက္လို႔ၿပီးေတာ့သူက ေနာက္ဆုံးမွပန္းကန္ေဆးတာ။
ေနစင္ဟန္ ျပန္လို႔မရေသးတဲ့ အေၾကာင္း
ျပခ်က္ကေတာ့ သူတို႔ ထမင္းစားေနတုန္း ေလျပင္းေတြပါပါၿပီး အမွန္အကန္ကို
႐ြာခ်လာတဲ့ မိုးေၾကာင့္ပင္။
ဆိုဖာအနားကိုသူ ခပ္ေျဖးေျဖး
ေလွ်ာက္သြားခ်ိန္ ထိုင္ေနရက္ႏွင့္ပင္
လက္ပိုက္ၿပီးဆိုဖာကိုမွီလ်က္ မ်က္လုံး
မွိတ္ထားတဲ့ ေနစင္ဟန္။
သူ အံ့ဩလြန္းလို႔ ရယ္မိမလိုေတာင္ျဖစ္သြားရသည္။ မွိန္းေနတာလား ထိုင္ရက္နဲ႔ အိပ္ေပ်ာ္သြားၿပီလား။
ေ႐ႊၾကည္ဆႏြင္းမကင္း ကေတာ့
တစ္ကယ္ပဲ ဘယ္လိုေနရာမွာ ဘယ္လို
ပုံစံပဲျဖစ္ျဖစ္အိပ္တတ္တယ္။
မိုးကေတာ္ေတာ္ေလးသည္းေနတယ္။ေလျပင္းေတြပါေတာ့ ေတာ္႐ုံတိတ္
မယ့္ပုံ မေပၚေသးဘူး။
အလုံပိတ္ထားတဲ့ကြန္ဒိုထဲမွာ မိုးသံ
ေလသံနဲ႔အတူ မိုးခ်ိန္းသံက်ယ္ရဲ႕
ေနာက္မွာ လန္႔သလို
တစ္ခ်က္ လႈပ္ခါသြားတဲ့ေနစင္ဟန္
ကခ်မ္းေနသည့္ဟန္။
ဆိုဖာထဲကို ဝင္ေတာ့မတတ္ ကပ္ေနၿပီး လက္ပိုက္ကာ ဆက္အိပ္ေနတဲ့
ေကာင္ေလး။
ေ႐ႊၾကည္ဆႏြင္းမကင္းက ခ်မ္းတတ္
တာလဲ သူ႕အျပင္ႏွစ္ေယာက္မ႐ွိပါလား။
ေနစင္ဟန္ ေဘးက ဆိုဖာေပၚမွာ
ဗ်ဴဟာဝင္ထိုင္လိုက္ၿပီး ရီမုကိုင္ကာ
ဧည့္ခန္းက အဲယားကြန္ကို ေလွ်ာ့လိုက္သည္။
ၿငိမ္သက္ေနတဲ့ ေနစင္ဟန္ကို ဒီအတိုင္းပဲ တခဏ ထိုင္ၾကည့္ေနမိရင္း
စားပြဲေပၚမွာတင္ထားတဲ့ေနစင္ဟန္
ဖုန္းစခရင္ ကမက္ေဆ့ေရာက္သံနဲ႔အတူလင္းလာသည္။
"ဆန္းဆက္"ဆိုတဲ့ နာမည္ကိုေတြ႕ခ်ိန္
ဗ်ဴဟာ ဖုန္းကိုေကာက္ကိုင္လိုက္သည္။
"ဒီည လိုက္မယ္မလား ေနစင္။
လာႀကိဳေပးမယ္"
ဖုန္းစခရင္က
ႏိုတီမွာ ျမင္လိုက္ရတဲ့ ဆန္းဆက္
ပို႔လာေသာစာ။
အိပ္ေပ်ာ္ေနေသာေနစင္ဟန္ကို ျပန္
ၾကည့္မိသြားၿပီးသူ ဖုန္းကိုခ်လိုက္သည္။
ဘယ္ေလာက္ပဲ တန္ရာတန္ ေၾကး
ေပးထားပါတယ္လို႔ေျပာေျပာေနစင္ဟန္က ဒီလိုမ်ိဳးသူလုပ္ေနတာကိုေ႐ွ႕ဆက္ဖို႔ စဥ္းစားရက်ပ္ေစတဲ့ အထိ တစ္ကယ္
႐ိုးစင္းေနတယ္ သူ႕မိသားစုေတြအတြက္
နဲ႔ ကိုယ့္ကိုကိုယ္စြန္႔လႊတ္ အနစ္နာခံ
လိုက္တဲ့သူ။
သူ႕လုပ္ရပ္ေတြ တစ္ကယ္ပဲ မွန္ကန္
ေနရဲ႕လား။
"ေနစင္ အိပ္ေပ်ာ္သြားတာလား"
ကိုယ့္မ်က္လုံးကိုယ္ မထိန္းႏိုင္ပဲ
မွိန္းကနဲ တခ်က္ျဖစ္သြားရာကေန
နားထဲမွာ မိုးသံနဲ႔အတူ ဘုန္းျပည့္ရဲ႕
စကားသံေၾကာင့္ သူ မ်က္လုံးေတြပြင့္
လာရသည္။
သူ႕ေဘးက ဆိုဖာမွာထိုင္ေနတဲ့ ဗ်ဴဟာပိုင္။
ဗ်ဴဟာပိုင္နဲ႔ အခ်ိန္ေတြၾကာအတူ႐ွိ
ရတာ ေတာ္ေတာ္ေလး
ေနရခက္သလို ျဖစ္တာမလို႔။
"ဘုန္း မိုးကာမ႐ွိဘူးဆိုရင္ ငါ့ကို ထီးပဲ
ငွားေပးလိုက္ေတာ့ မိုးနဲနဲနည္းသြားၿပီ
ျပန္လိုက္ေတာ့မယ္ "
"ဟာ မိုး႐ြာေနတာ ဆိုင္ကယ္နဲ႔ ထီး
တစ္ဖက္နဲ႔ဆိုရင္
အႏၲရာယ္မ်ားတယ္ေလ ေနစင္ ။
ခနထပ္ေနလိုက္ပါဦး ေအးေဆးေပါ့ "
"ငါသြားၿပီ ဘုန္းျပည့္"
" ျပန္ေတာ့မလို႔လား ေဟ့ေရာင္"
သူ႕ကားေသာ့ကိုယူၿပီး ဗ်ဴဟာပိုင္က
တံခါးဖြင့္ကာ ကြန္ဒိုထဲကေနထြက္သြားသည္။ သူသြားစရာ႐ွိလို႔လား။
ေနစင္ဟန္ နည္းနည္း အသက္႐ွဴ
ေခ်ာင္သြားသလိုပင္။
ဗ်ဴဟာပိုင္ ျပန္သြားၿပီဆိုေတာ့ သူ
ေနရခက္ေနစရာမလိုပဲ
မိုးတိတ္မွပဲ ေအးေဆး ျပန္လို႔ရၿပီေလ။
---------------------------
ဆန္းဆက္နဲ႔သူ ကလပ္ကို အတူတူေရာက္လာၿပီး ဝင္ေၾကးေရာ table
ယူတာကအစ ဆန္းဆက္ကပင္ထုတ္
ေပးၿပီး ဦးေဆာင္ေခၚလာခဲ့သည္။
ေနစင္ဟန္barေတာ့တစ္ခါ
ကိုၿဖိဳးတို႔နဲ႔ ထိုင္ဖူးေပမယ့္clubက
မေရာက္ဖူး။ဆန္းဆက္ထိုင္တဲ့အျမင့္
ဆုံးဝိုင္းကtableေစ်းကိုၾကားခ်ိန္သူ
တခ်က္မ်က္လုံးျပဴးသြားရသည္။ ဆန္းေတာ့ လည္းမဆန္းပါဘူး ဘယ္ေလာက္ပဲ လြတ္လြတ္လပ္လပ္ေနတတ္ပါေစ သူေဌးသားပဲေလ။
"ဆန္းဆက္မဟုတ္လား မေတြ႕ရတာ
ၾကာၿပီေနာ္ တစ္ေယာက္ထဲလား "
ေကာင္မေလး တစ္ေယာက္ရဲ႕ ခ်ိဳသာ
ေနတဲ့အသံနဲ႔အတူ သူ႕ေဘးမွာ ထိုင္ေနတဲ့ ဆန္းဆက္ လည္ပင္းကို ခိုတြဲလာမႈ။
သူဆန္းဆက္ကိုအၾကည့္လႊဲလိုက္သည္။
မီးေရာင္မွိန္ျပျပ
သီခ်င္းအသံက်ယ္နဲ႔အတူ ထိုင္ခုံေတြ
ေဘးကေလွ်ာက္လမ္းမွာရပ္ေနတဲ့သူ
ေတြကို ၾကည့္ေနခ်ိန္
"ေဆာရီး ကိုယ့္မွာ ပါတနာပါလာတယ္"
ရင္ဘတ္ထဲ လိႈင္းတစ္ခ်ိဳ႕ျဖတ္ေျပးသြားမႈ။
ေနစင္ဟန္ ဆန္းဆက္နဲ႔ မ်က္လုံးျခင္း
ဆုံခ်ိန္ ဆန္းဆက္က သူ႕ကိုပဲစူးစိုက္
ကာၾကည့္ၿပီး ဆြဲေဆာင္မႈ႐ွိလြန္းေနသည္။
"ဘယ္လို"
"အင္း အဲ့ဒီလိုပဲ"
" ေဘးကေကာင္ေလးလို႔ေတာ့ မေျပာ
ဘူးမလား"
သူ႕ကိုၾကည့္ၿပီး သေဘာက်စြာျပဳံးေနတဲ့ ဆန္းဆက္ကို ေဘးကေကာင္မေလး
က ခိုတြဲထားတဲ့ လက္ေတြကိုျဖဳတ္ကာ
"မေႏွာက္ယွက္ေတာ့ဘူး"
ဆိုၿပီး ထြက္သြားသည္။
လာၾကဴတဲ့ ေကာင္မေလးထြက္သြား
ေအာင္ ေျပာလိုက္တာမလားဆိုၿပီး ဆန္းဆက္ကို စကားစဖို႔က
မီးေရာင္မွိန္မွိန္ေအာက္က ဆန္းဆက္ရဲ႕ အၾကည့္ေတြေအာက္မွာသူ ႏႈတ္ဆိတ္သည္။
အခု ဘာေတြျဖစ္ကုန္တာလဲ။အဲ့ ဒီ
ေန႔ၿပီးကတည္းက ဆန္းဆက္က
သူ႕အေပၚ ရင္းႏွီးမႈ ဂ႐ုစိုက္မႈေတြ တစ
ထက္တစ မ်ားလာသလိုပဲ။အခုတေလာ
ေန႔တိုင္းနီးပါးလည္း သူတို႔ ေက်ာင္းကwelcomeနဲ႔ပတ္သက္တာတိုင္ပင္
ဖို႔ ဖုန္းေျပာျဖစ္ၾကသည္။
သူ႕ကို သေဘာက်တယ္လို႔ မဖြင့္ေျပာ
႐ုံတစ္မယ္ အနားကပ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကိုသူ ဒီလိုမ်ိဳး အေရးေပးေနတာ ဆန္းဆက္သူ႕အေပၚ....။
ေနစင္ဟန္
သူ႕အစီစဥ္ေတြ
ေအာင္ျမင္ဖို႔ လမ္းစေပၚေရာက္ေနေသာ္လည္း စိတ္ထဲမွာဘယ္လိုလုပ္
ၿပီး မ်ား သက္ျပင္းခ်ႏိုင္မွာတဲ့လဲ။
"ဘာလဲ ငါေခၚေတာ့မင္းေကာင္ေလးက ဘားေတြကလပ္ေတြေပးမသြားေတာ့
လို႔ မလိုက္ဖူးဆို အခု ဘယ္လိုျဖစ္ၿပီး႐ုတ္တရက္ေရာက္လာတာလဲ။ၾကားရလား ဟေရာင္"
ဆန္းဆက္ အသံကိုျမႇင့္ၿပီး ဖုန္းေျပာ
ေနတာက ဘုန္းျပည့္နဲ႔ပင္။ဘုန္းျပည့္
ေရာက္ေနတာလား။
" ေနစင္နဲ႔ငါ ႏွစ္ေယာက္ထဲtableယူၿပီး
ထိုင္ေနတယ္ ေတြ႕ေအာင္႐ွာၿပီးလာခဲ့ ဒါပဲ"
ဖုန္းခ်လိုက္ၿပီး ဆန္းဆက္က သူ႕အေ႐ွ႕က အရက္ခြက္ကို တစ္ငုံ ထပ္ေသာက္လိုက္သည္။ဆန္းဆက္ကေသာက္ႏိုင္တာပင္။ဆန္းဆက္ရဲ႕ ပုံစံေနာက္တစ္မ်ိဳးကိုျမင္
လိုက္ရသလိုပဲဘယ္ေလာက္ပဲမိုက္ေနေပမယ့္ ဆန္းဆက္ကို ယုံေပမဲ့လည္း
ေရာက္ေနတဲ့ေနရာကိုသတိထားၿပီး
ေနစင္ဟန္ကေတာ့ မေသာက္ျဖစ္။
သူဒါေတြနဲ႔ ပတ္သက္ရင္လည္း ဘီယာအေပ်ာ့စားေလာက္ပဲ စမ္းဖူးသည္၊။
ဘုန္းျပည့္ ေရာက္လာ တယ္ဆိုေတာ့
သူ ကိုယ့္လူအရင္းႀကီး ထပ္ေရာက္လာသလိုစိတ္မ်ိဳး ျဖစ္သြားရတာပင္။
မီးေရာင္စုံနဲ႔စင္ေပၚက တဒုန္းဒုန္းနဲ႔dj သီခ်င္းအသံက်ယ္ေတြၾကားမွာ
လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးေနၾက
တဲ့လူေတြကို ၾကည့္ရင္း သူလည္း
အေပ်ာ္မႀကိဳက္တာေတာ့မဟုတ္ေပမဲ့
လိုက္ပါခ်င္စိတ္မ႐ွိ ေနေပ။
"ေဟ့ေရာင္ ႐ွာလိုက္ရတာကြာ "
ဖုန္းနဲ႔ကားေသာ့ကို စားပြဲေပၚ အရင္
ပစ္ခ်ၿပီး မတ္တပ္ရပ္ကာအေမာေျဖေနတဲ့
ဘုန္းျပည့္ရဲ႕ အေနာက္မွာ လိုက္ပါလာ
သူကို ျမင္လိုက္ရခ်ိန္ေနစင္ဟန္
အံ့ၾသႀကီးသြားရၿပီး ေနရခက္စြာနဲ႔ အလ်င္အျမန္ အၾကည့္လႊဲလိုက္ရ
သည္။
သူ႐ွိေနတယ္ဆိုတာကို ဆန္းဆက္
ဘုန္းျပည့္ကိုေျပာလိုက္တာပဲ။ ဗ်ဴဟာ
ပိုင္ ဘာျဖစ္လို႔ လိုက္လာတာလဲ။သူေနရခက္မွာကိုနည္းနည္းေလးမွအားနာစိတ္ေတာင္မ႐ွိဘူးလား။
"မင္း တစ္ေယာက္ထဲမဟုတ္ဘူးပဲ"
"ေအး မင္းအစ္ကိုပါ ပါတယ္"
ဘုန္းျပည့္နဲ႔ပါလာတဲ့ ဗ်ဴဟာပိုင္ကို
ေတြ႕ခ်ိန္ ဆန္းဆက္ မ်က္ႏွာေပၚမွာ
စိတ္ဝင္စားတဲ့ အျပဳံးတခုျဖစ္သြား
ရသည္။ ဗ်ဴဟာပိုင္ သူ႕အစ္ကိုက
ကလပ္ကိုလာတယ္။ တကယ္ပဲ ေနက အေနာက္အရပ္က ထြက္ေတာ့မွာပဲ။
ေတာ္႐ုံပဲ သူ႕ကိုစိတ္ဝင္စားစရာေကာင္းေအာင္လုပ္ၾကေလ အခုသူက စိတ္
လႈပ္႐ွားတဲ့အဆင့္ကို ေရာက္သြားၿပီ။
"ေနစင္ သူတို႔ကိုပါေပးထိုင္လိုက္လို႔
ရတယ္ဟုတ္ အေႏွာက္အယွက္ေတာ့
မျဖစ္ဘူးမလား "
"မ မျဖစ္ပါဘူး "
ေနစင္ဟန္ မ်က္ႏွာမွာ ေနရခက္သလို ျဖစ္လာသည္ကို သူ ေက်နပ္စြာၾကည့္ရင္း
ေနစင္ဟန္ကသူ႕ကိုေႂကြၾကေနသလို
ကပ္ေနၿပီး
လူေတြသိဖို႔ေတာ့ မဝံ့ရဲျဖစ္ေနပါလား။
"ေအာင္မယ္ ေနစင္က ငါတို႔နဲ႔မသိေနတာ
ၾကေနတာပဲ ထိုင္တယ္ကြာ ေဟ့ေရာင္ထိုင္"
" မင္းနဲ႔ေတာ့သိေပမယ့္ငါ့အစ္ကိုနဲ႔
ကေတာ့မသိဘူးေလကြာ ငါက ေခၚလာ
တဲ့သူဆိုေတာ့ ေနစင္ကို အားနာလို႔"
သီခ်င္းသံကတစထက္တစက်ယ္လာသည္။
ေနစင္ဟန္က ဗ်ဴဟာပိုင္ကို လုံးဝ
မၾကည့္ပဲ သူ႕အကို ေရာက္လာထဲက
မ်က္ႏွာလုံးဝ ပ်က္သြားတာကိုဟန္ေဆာင္ထိန္းေနေပမဲ့ အရိပ္အကဲဖမ္းတတ္တဲ့
ဆန္းဆက္ ခ်က္ခ်င္းသိလိုက္သည္။
သူ႐ွိတဲ့ ေနရာဆိုရင္ေဝးေဝးကေ႐ွာင္ၿပီး
ကလပ္ေတြဘာေတြ လာေလ့လာထမ႐ွိတဲ့ ဗ်ဴဟာပိုင္ေရာက္လာၿပီးတဝိုင္းထဲလာ
ထိုင္တယ္။ ေနစင္ဟန္ကိုတခ်က္
ေတာင္မၾကည့္လာေပမဲ့...။
ဆန္းဆက္ အသာျပဳံးလိုက္သည္။
" ဘယ္လိုျဖစ္ၿပီးေရာက္လာတာလဲ
ဘုန္းျပည့္ "
" ငါ စိတ္ေျပလက္ေပ်ာက္ေသာက္
ခ်င္ကဲခ်င္စိတ္ျဖစ္လာလို႔ေလ
ဒီေကာင္ ကိုပါ မရမက အေဖာ္ေခၚ
လာတာ။ ႐ွင္းသန္႔နားထဲ ျပန္ေရာက္သြားရင္ ေတာ့ မင္းတို႔သုံးေကာင္လုံး
အေသပဲေနာ္ "
" ေၾကာက္တတ္ရင္ အစတည္းကမလာနဲ႔ ေဟ့ေရာင္"
"ဟား ဟား"
ဘုန္းျပည့္ရယ္သံကသူတို႔ဝိုင္းမွာ
လႊမ္းမိုးသြားသည္။
" မင္းတို႔ကေရာ ဘယ္လိုျဖစ္လို႔
ႏွစ္ေယာက္ထဲ "
" ႏွစ္ေယာက္တည္းလည္း ကလပ္
လာလို႔မရဘူးလား ငါတို႔welcome
အတြက္ ျပင္ဆင္ရတာ အလုပ္႐ႈပ္ေနလို႔ အပန္းလာေျဖတာကြာ ေနစင္ကငါ့ရဲ႕
ပုခုံးတစ္ဖက္လိုေတာင္ ျဖစ္ေနၿပီ။
ဟုတ္တယ္မလား ေနစင္"
"ဟမ္ ဘာေျပာ.... သိပ္မၾကားရဘူး
သီခ်င္းသံက်ယ္ေနလို႔"
ဆန္းဆက္ သူ႕ေဘးမွာထိုင္ေနတဲ့
ေနစင္ဟန္အနားကို ကပ္သြားကာ
ေခါင္းကိုေစာင္းငဲ့၍ ေနစင္ဟန္နား႐ြက္အနားႏႈတ္ခမ္းကပ္ကာ တီးတိုး
ေျပာလိုက္သည္။တစ္ဆက္ထဲ
ေနစင္ဟန္ မ်က္ခြံအေပၚက်ေနတဲ့
အေ႐ွ႕ကဆံပင္တစ္ခ်ိဳ႕ကိုပါ လက္ညိႇဳး
နဲ႔အသာယာ ဖယ္ေပးလိုက္ခ်ိန္
မေနတတ္ျဖစ္သြားတဲ့ေနစင္ဟန္ရဲ႕
မ်က္ႏွာနဲ႔အတူ ဘုန္းျပည့္ကအသံ
တိတ္သြားကာအကဲခတ္ေနလ်က္။
သူတို႔အေ႐ွ႕က လုံးဝ
ကို သူနဲ႔ေနစင္ဟန္ကိုမ႐ွိသလိုပင္
စတိတ္စင္ဘက္ ေအးေဆးစြာ
မ်က္ႏွာလႊဲထားတဲ့ဗ်ဴဟာပိုင္ရဲ႕ လစ္
လွ်ဴ႐ႈမႈေတြၾကားမွာ ဆန္းဆက္
တစ္ခ်က္ျပဳံးလိုက္လ်က္ေနစင္ဟန္
နား႐ြက္အနားကခြာလိုက္သည္။
တစ္ခုခုေတာ့ တစ္ခုခုပဲ။
"ငဘုန္း မင္းခ်ေနၿပီလား ၾကည့္ၾကပ္
ေတာ့လုပ္ မင္းကမူးလာရင္ေသြးဆိုးတာနဲ႔ အျပန္ကားမေမာင္းႏိုင္ပဲေနမယ္"
"ငါ့ေကာင္ တစ္ေယာက္လုံး႐ွိေနတာပဲ
ေအးေဆး"
"ဟုတ္သား ငါတို႔လိုေသာက္တတ္တဲ့
သူမဟုတ္တဲ့ ကားေမာင္းေပးမဲ့သူက
ေဘးမွာအဆင္သင့္႐ွိေနတာပဲ။"
"ေအးေပါ့"
"ငါtoilet ခဏသြားလိုက္အုံးမယ္"
ေနစင္ဟန္က သူ႕ဘက္ကိုလွည့္ေျပာၿပီး
ထရပ္လိုက္သည္။
" ေနရာသိလို႔လား လိုက္ခဲ့ေပးမယ္ေလ"
"ရတယ္ မလိုက္နဲ႔ေတာ့ ဝန္ထမ္းကို
ေမးၿပီး သြားလိုက္မယ္"
"သတိထားၿပီးသြားေနာ္ ၾကာရင္လိုက္ခဲ့မယ္"
"အင္း"
ေနစင္ဟန္ ထြက္သြားတာနဲ႔ ဟန္
မေဆာင္ႏိုင္ေအာင္ျဖစ္ေနတဲ့ဘုန္းျပည့္။
"ေဟ့ေရာင္ ေနစင္ဟန္နဲ႔မင္းကဘာေတြလဲ"
" ျမင္တဲ့အတိုင္းပဲေလ"
"ဘာ "
"ေနစင္ဟန္ဘက္ကေတာ့ ဘယ္လို
႐ွိေနတယ္ဆိုတာေျပာရခက္တယ္ ငါ့ဘက္ကေတာ့ ႐ိုး႐ိုးသားသား သူငယ္ခ်င္းပဲ။
သိတယ္မလားဒီလိုမ်ိဳးသာ ေ႐ွာင္ေနရင္
ငါ့မွာ ေဘာ္ဒါေတာင္႐ွိေတာ့မွာမ
ဟုတ္ဘူး။ငါနဲ႔သူnight outထြက္
လာတာ ဝတ္ရည္လည္းသိတယ္။
တစ္ခ်ိဳ႕လူေတြ ျပန္ေျပာျပခ်င္ေနရင္
လည္းရတယ္ ၾကားေလေသြးသလိုပဲ
ျဖစ္လိမ့္မယ္ဆိုတာ ႀကိဳေျပာျပထားတာ"
"ဘာလဲဟ မင္းစကားက ဝတ္ရည္ကို
ဘယ္သူက ဘာကိစၥ ျပန္ေျပာရမွာလဲ "
" မေသာက္ႏိုင္ပဲနဲ႔ ဘားေတြကလပ္ေတြ
ကို စတိုင္တစ္ခြဲသားနဲ႔ လာထိုင္ေနတာ
ျမင္ရတာေလာက္ဖီးေအာက္တာမ႐ွိဘူး"
"ေဟ့ေရာင္ ဘယ္လိုျဖစ္ေနတာလဲ။
ဒါနဲ႔ပဲ မင္းတို႔ ရန္ထျဖစ္ေတာ့မယ္"
"ေဆာရီး ငါတို႔လိုေသာက္တတ္တဲ့သူ
မဟုတ္တဲ့ သခင္ေလးက ဒီလိုေနရာ ေရာက္လာေတာ့ ဘာနဲ႔ဧည့္ခံရမလဲ
စဥ္းစားရခက္ေနတာ"
" ပါးစပ္ေပါက္ကိုပိတ္ထားၿပီး ထိုင္
ေနမယ္ဆိုရင္ မင္း ေအးေအးေဆးေဆး ဆက္ၿပီးအပန္းေျဖႏိုင္ လိမ့္မယ္"
"ေဟ့ေရာင္ ေတာ္ၿပီ ေတာ္လိုက္ေတာ့
မင္းတို႔ႏွစ္ေယာက္လုံး။ဆန္းဆက္
မင္းမူးေနၿပီ ဘာမွထပ္မေျပာနဲ႔။
ဗ်ဴဟာသိတယ္မလား မင္းညီမူးေနတာ"
"ငါ အျပင္မွာပဲသြားေစာင့္ေနမယ္
ဘုန္းျပည့္ သိပ္မၾကာဘဲျပန္ထြက္လာ
ခဲ့ ၾကာရင္ငါျပန္ၿပီ။ ဒီထဲမွာ အနံ႔
အသက္မေကာင္းတာ ေတာ္ေတာ္
ဆိုး႐ြားတယ္"
ဗ်ဴဟာပိုင္က သူ႕ကို ပညာသားပါပါ
ေပၚတင္ေျပာၿပီးထထြက္သြားတာနဲ႔ဆန္းဆက္ ေနာက္တစ္ႀကိမ္ သေဘာက်စြာ ျပဳံးလိုက္ရင္းျပန္တည္သြားရသည္။
တစ္ခုခုကိုေတာ့ သူအရိပ္အႁမြက္ ဖမ္းမိလိုက္သလိုပဲ။
သူမွန္းရင္လြဲခဲတယ္ဆိုေပမယ့္
ဗ်ဴဟာပိုင္ကေတာ့ လုံးဝမျဖစ္ႏိုင္
တာပဲ။မျဖစ္ႏိုင္ဘူး ေသာက္လိုက္တာ
မ်ားလို႔ သူ႕အေတြးလုံးဝေခ်ာ္ေနၿပီ။
-------------------------------
ေနစင္ဟန္ toiletထဲဝင္ၿပီး ဟို
သုံးေယာက္႐ွိေနတဲ့အထဲကိုျပန္
မသြားခ်င္ေလာက္တဲ့အထိ ျဖစ္
ေနေပမဲ့လည္း သက္ျပင္းတခ်က္
ခ်ကာပင္ လက္ေဆးၿပီးtoiletထဲကေန
ျပန္ထြက္လာခဲ့သည္။
ေယာက်္ားေလး
toiletထဲကအထြက္မွာပင္ သူ႕ညာဘက္လက္ေကာက္ဝတ္က တစုံတစ္ေယာက္
ရဲ႕ ဆြဲယူျခင္းကိုခံလိုက္ရၿပီး အနီး
အနားက လူ႐ွင္းေနတဲ့အေမွာင္က်
တဲ့ေနရာကို ေခၚသြားျခင္း ခံလိုက္ရသည္။
ဆြဲေခၚသြားတဲ့သူကိုသိလိုက္တာနဲ႔တၿပိဳင္နက္သူဘာမွေျပာခ်င္စိတ္မ႐ွိေတာ့ေပ။
"မင္းငါ့ကိုဒီလိုမ်ိဳး ဘာမေျပာညာ
မေျပာ ဆြဲေခၚတာေတြရပ္ဖို႔ငါ အၾကံ
ေပးခ်င္တယ္"
သူဆြဲကိုင္ထားတဲ့လက္ကို ခပ္ၾကမ္းၾကမ္းျဖဳတ္ပစ္လိုက္တဲ့ ေနစင္ဟန္။
ဗ်ဴဟာ သူ႕အေ႐ွ႕က ေကာင္ေလးရဲ႕ အေမွာင္က်ေနတဲ့ မီးမွိန္မွိန္မွာ ျမင္ေနရတဲ့မ်က္ႏွာကိုစူးစိုက္ၾကည့္ရင္းသာ ခ်က္ခ်င္း သူ ကိုယ္တိုင္ ေျပာစရာစကားေတြ
႐ွာမရ။ သူဘာလို႔လိုက္လာခဲ့လဲ ဘာလို႔
အခုလိုေနစင္ဟန္ကိုဆြဲလားရမ္းလား
ေတြလုပ္ေနမိတာလဲ။
ဘားဆိုရင္ေတာင္ သူလိုက္လာခဲ့မိမည္
မဟုတ္။အခုက ဘုန္းျပည့္ဆီကေန
ကလပ္ဆိုတဲ့အသံၾကားတာနဲ႔ ဘာမွမစဥ္းစားႏိုင္ပဲ ေနစင္ဟန္ဘယ္လို႐ွိေန
လဲဆိုတာမ်က္ျမင္ေတြ႕ရဖို႔လိုက္လာခဲ့မိသည္။သူ႕ညီက အနည္းဆုံးေတာ့ ထြန္းျမတ္လို ေကာင္မ်ိဳးမဟုတ္တာ အေသ
ခ်ာသိေပမယ့္ ဘာကို စိတ္မခ်ျဖစ္
ေနရသည္လဲ။ဆန္းဆက္နဲ႔
ေနစင္ဟန္ကို ယွဥ္တြဲေတြ႕ရတာ
ဘာလို႔မ်ား ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ဖို႔
ခက္ခဲေနရသည္လဲ။စိတ္သေဘာထား
ျဖဴ မိသားစုကိုသိတတ္တဲ့ေကာင္ေလး
မို႔ ဂ႐ုဏာေတြဘာေတြသက္ၿပီး ေနစင္
ဟန္ကိုသနားစိတ္ဝင္မိ၍ ဒီလိုမ်ိဳးေတြ
ဆက္မလုပ္ေစခ်င္တာမ်ိဳးလား။ဟုတ္တယ္။ေနစင္ဟန္ကို သူ႐ွား႐ွားပါးပါး
သနားစိတ္ဝင္ေနမိတာ။
" မင္းကိုငါက ကိုင္ခ်င္လြန္းလို႔ထင္ေန
လား ၿပီးရင္ ငါ့လက္ကိုေရျပန္ေဆးမွာ"
"အရက္ျပန္နဲ႔ပါပြတ္လိုက္။ငါမင္းနဲ႔
ေျပာစရာမ႐ွိဘူး ငါသြားၿပီ "
ေနစင္ဟန္ အေ႐ွ႕မွာအလ်င္အျမန္ပိတ္ရပ္ၿပီး သူ႕လက္တစ္ဖက္ကိုနံရံမွာေထာက္
လိုက္တဲ့အခ်ိန္ ေနစင္ဟန္ထြက္ေပါက္
ပိတ္သြားသည္။
ေခ်ာင္က်တဲ့ေနရာမွာ
နီးကပ္လြန္းေနတဲ့အေနအထား။
" မင္းဘာျဖစ္ခ်င္ေနတာလဲ။ဘာလို႔
ငါ့ကိုမင္းေပးထားတဲ့အခ်ိန္အထိ
မလႊတ္ေပးထားႏိုင္ပဲ ငါ့အေ႐ွ႕ကို
ခဏခဏေပၚလာၿပီး စိတ္အ ေႏွာက္
အယွက္ေပးေနရတာလဲ။အကုန္လုံးက သူငယ္ခ်င္းေတြ ျဖစ္ေနတဲ့အတြက္ တိုက္ဆိုင္တာမ်ိဳးဆိုရင္ေတာ့ ငါဘာမွ
မေျပာပါဘူး။မင္း မ်က္ႏွာေျပာင္တိုက္ၿပီးဆန္းဆက္နဲ႔ငါ အတူ ႐ွိေနတဲ့အခ်ိန္
ထိုင္ၾကည့္ေနႏိုင္တာ ဘယ္လိုစိတ္
ဓာတ္မ်ိဳးနဲ႔လဲ။ငါ့ကို အားမနာရင္ေတာင္ဆန္းဆက္ကေတာ့ မင္းညီေလ။
အနည္းဆုံးေတာ့မင္းေ႐ွာင္လိမ့္မယ္
လို႔ ထင္ထားတာ"
"ေအး ငါက အဲဒီလို စိတ္ဓာတ္မ်ိဳးပဲ။
မင္းမွာ အရည္အခ်င္းဘယ္ေလာက္
႐ွိတယ္ဆိုတာ ကိုယ္တိုင္ ျမင္လိုက္ရတာေပါ့။အေျခအေနက ဒီအတိုင္းဆို ျမန္သားပဲ"
"ငါလည္း မင္းဘယ္ေလာက္ထိ အက်င့္ယုတ္လဲဆိုတာ ကိုယ္တိုင္ျမင္လိုက္
ရၿပီ။ရၿပီမလား မင္းေျပာစရာ
ဒါပဲမလား ငါ့အေ႐ွ႕ကဖယ္ေပး "
နံရံမွာေထာက္ထားတဲ့
သူ႕လက္ကို တြန္းဖယ္ၿပီး ထြက္သြား
ဖို႔ ျပင္ေနသူကို အဖယ္မခံပဲ ျပန္လည္ကာ ပိတ္ရပ္လိုက္သည္။
"ေနစင္ဟန္"
သူ႕ကို စူးစိုက္ကာ ၾကည့္လာတဲ့
မ်တ္ဝန္းေတြ။
ၾကည္လင္မႈမ႐ွိ
အလိုမက်ျခင္းေတြ ပါေနသည့္တိုင္
သူ႕မ်က္ႏွာကိုတည့္တည့္ဆိုင္ၿပီး
အၾကည့္မလႊဲစတမ္းၾကည့္ေနျခင္း
ကပင္ သူ႕ကိုေက်နပ္ေနေစသလို။
သူ႕ေၾကာင့္ မေက်မနပ္ျဖစ္ေနတဲ့
ေကာင္ေလးကို ဘယ္သူနဲ႔မွ ယွဥ္တြဲ
မျမင္ခ်င္ပဲသူ႕အနားမွာပဲဆြဲထားခ်င္
ေနရတာကပဲစိတ္ရဲ႕လိုအင္တစ္ခုလို။
ဗ်ဴဟာ ကိုယ့္ကိုယ္ကို ျပန္သတိထား
မိၿပီး ေနစင္ဟန္ အေ႐ွ႕ကေနဖယ္ေပး
လိုက္တာနဲ႔ သူ႕ကိုမၾကည္သလိုၾကည့္
ကာ ေနစင္ဟန္က သူ႕ပုခုံးတစ္ဖက္ကို
တိုက္ထည့္ၿပီး ထြက္သြားသည္။
အခု ဘာေတြျဖစ္ေနတာလဲ။ေနစင္ဟန္ စကားအတိုင္းပဲဘာလို႔သူ ေနစင္ဟန္
ကို မလႊတ္ထားႏိုင္ရတာလဲ ။သူက
ေကာင္းတဲ့လူ မဟုတ္ေပမယ့္လည္း တစ္ဖက္လူကိုထိခိုက္ေစမဲ့ ဒီလိုကိစၥ
မ်ိဳးကိုမလုပ္ဖူးေတာ့ စိတ္ကေတြေဝ
ေနတာ။ေနစင္ဟန္ကို သနားေန႐ုံ သက္သက္။
ေနစင္ဟန္ မင္းကငါ့စိတ္ကိုညစ္ညဴး
ေစတဲ့ အေနာက္ဓါတ္ပဲ။
ဘယ္လိုေတာင္ အႏွစ္ႏွစ္အလလက
အေမ့အတြက္ တစ္မိသားစုလုံးရဲ႕ရန္ေႂကြးကိုတစ္ခ်က္ထဲ အမိအရတုန္႔ျပန္ႏိုင္မဲ့ အစီအစဥ္ခ်ထားရမႈလဲ။ဆန္းဆက္မႈးက အခုသူ႕အစီအစဥ္ထဲပါလာၿပီ။
သူ႕စိတ္ကိုသူ ျပဳျပင္မွရမယ္။ဘာမွ
ထပ္ၿပီး တြန္႔ဆုတ္ေနစရာအေၾကာင္း
မ႐ွိဘူး။
-----------------------------------
" ၾကာေနသလိုပဲ အခုပဲလိုက္လာေတာ့မလို႔"
"toilet ႐ွာမေတြ႕လို႔ နည္းနည္းၾကာသြားတယ္"
" ေျပာတာပဲ လိုက္ပို႔ပါမယ္ဆို"
ေဘးမွဝင္ထိုင္လိုက္ရင္း စိတ္ပူေန
တဲ့ဆန္းဆက္ကို သူ ျပဳံးျပလိုက္ရသည္။
"ဘုန္းျပည့္ေရာ"
" ေသာက္ပါမ်ားၿပီး သူ႕ သူငယ္ခ်င္း ေကာင္မေလးေတြနဲ႔ေတြ႕လို႔စင္ေ႐ွ႕ကို
ေရာက္သြားၿပီ။ သီခ်င္းသံၾကားေတာ့
ဒြန္႔ကလည္းဒြန္႔ခ်င္တယ္ ႐ွင္းသန္႔
မသိေစနဲ႔လို႔ တခ်ိန္လုံး႐ြတ္ေနေတာ့တာပဲ"
ဆန္းဆက္နဲ႔သူ ႏွစ္ေယာက္လုံးရယ္
လိုက္ၾကသည္။
" ဗ်ဴဟာပိုင္ကေတာ့ အျပင္မွာပဲ
ေစာင့္မယ္ဆိုၿပီး ထြက္သြားတယ္။မင္းtoilet သြားမယ္ဆိုၿပီးထသြား
ကထဲကပဲ။အခုေတာ့ ျပန္သြားၿပီ
လားမသိဘူး"
"ေအာ္"
မ်က္ႏွာ အမူအယာမပ်က္ေအာင္
ထိန္းၿပီးေနစင္ဟန္ ဘုန္းျပည့္႐ွိေနသည့္ သီခ်င္းသံနဲ႔လိုက္ပါေနတဲ့လူအုပ္ၾကား
ထဲကို အၾကည့္ပို႔လ်က္
"မင္းလည္း ဘုန္းျပည့္အေနာက္
လိုက္ခ်င္ရင္လိုက္သြားေလ ဆန္းဆက္
ငါ ထိုင္ေနလို႔ရတယ္"
" မင္းတစ္ေယာက္တည္း ဒီလိုေနရာ
မ်ိဳးမွာ ထိုင္ေနတာကို ငါက ထားခဲ့
ႏိုင္မယ္လို႔ ထင္ေနတာလား"
ဆန္းဆက္ အသံက သူ႕အနားကပ္
၍ ႏွစ္ေယာက္တည္းၾကား႐ုံ။
စတိတ္စင္မွ ဒီဘက္ေခတ္အခ်စ္
သီခ်င္းသံခပ္ေဆြးေဆြးနဲ႔အတူ
သူ႕ ရင္ခုန္သံေတြကေတာ့ မူမမွန္ျဖစ္လာလ်က္။
" ဆန္းဆက္"
"အင္း"
" ဘုန္းျပည့္ကြန္ဒိုကို ေရာက္သြား
တဲ့ေန႔က ေလ"
နီးကပ္ေနတဲ့ အေနအထားမွာ
ဆန္းဆက္ နဲ႔ အၾကည့္ခ်င္းဆုံေနခ်ိန္
" ဆက္ေျပာေလ "
" ငါ ငါဒုကၡေရာက္ေနတာကို ကူညီၿပီး
ေခၚလာခဲ့ေပးတာ ေက်းဇူးပဲ"
"ထြန္းျမတ္ မင္းကိုေခၚသြားတဲ့ေန႔ကလား"
"အင္း"
" အဲဒီေကာင္ကိုငါ မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးၿပီး ေက်ာင္း
ထြက္ခိုင္းလိုက္ၿပီ။မင္းကိုလာေႏွာက္
ယွက္လို႔ ရေတာ့မွာမဟုတ္ဘူး"
" ဘာလို႔အဲ့ေလာက္ထိလုပ္လိုက္တာလဲ ထြန္းျမတ္မင္းကို အၿငိဳးထားေနရင္"
အေလာတႀကီး ျပန္ေျပာလိုက္သည္
ကိုပင္ ဆန္းဆက္က ေအးေဆးစြာနဲ႔။
" မထိသင့္တဲ့သူကိုလာထိတာေလ
အဲ့ေကာင္ အၿငိဳးထားလည္းငါ့ဘက္က
ကိစၥမ႐ွိဘူး။ အေရးႀကီးတာက မင္းကို စိတ္ခ်ရဖို႔ပဲ"
"ဆန္းဆက္"
ျပဳံးလိုက္လွ်င္ အရမ္းဆြဲေဆာင္မႈ႐ွိ
စြာနဲ႔ပင္ သီခ်င္းသံေတြၾကားမွာ
ဆန္းဆက္က သူ႕အနားကိုပို၍ တိုးကပ္လ်က္။
" ေလာေလာဆယ္ေတာ့ ဒီအေျခအေန
ေလးကိုသေဘာက်တယ္
၊။ မင္းသိတယ္မလား ငါက တစ္ဦး
တစ္ေယာက္ရဲ႕ျဖစ္တည္မႈတိုင္းကို
လက္ခံႏိုင္ေပမယ့္ ငါက မိန္းကေလး
ေတြကိုပဲ စိတ္ဝင္စားခဲ့တာ။ ေယာက္
က်ားေလးတေယာက္ငါ့ကိုလာflirt
လည္းငါကေအးေဆးပဲ တျခားစိတ္
ဘယ္လိုမွမ႐ွိႏိုင္လို႔ အကုန္လုံးနဲ႔
အဆင္ေျပေအာင္ပဲေပါင္းသင္းခဲ့
တာႀကီးပဲ။ မင္းကေတာ့မတူဘူး ေနစင္"
စကားတခြန္းဆီတိုင္းကိုၾကားရဖို႔
ေသခ်ာနားေထာင္ေနရင္းကပင္ သူ႕လက္ဖ်ားေတြေအးစက္လာရသည္။
"ငါမင္းအေၾကာင္းကို ဒီထက္ပိုၿပီးသိခ်င္တယ္။ ငါတို႔ႏွစ္ေယာက္ၾကားမွာ ေလးေလးနက္နက္ ျဖစ္ခ်င္တယ္။ ေယာက်္ားေလးတေယာက္ကိုငါ ဒီေလာက္ထိ
စိတ္ေရာလူေရာဂ႐ုစိုက္ေပးခဲ့တာ
မင္းကပထမဆုံးပဲ။ တကယ္ေတာ့
ငါ့မွာ မိသားစုအေရးကိစၥေၾကာင့္ မင္း
မသိတဲ့ငါလုပ္ေနရတဲ့ပတ္သက္မႈ
အေၾကာင္းအရာတစ္ခ်ိဳ႕႐ွိတယ္။
မင္းငါ့ကို ဒီထက္ပိုၿပီးပြင့္ ပြင့္လင္း
လင္း ႐ွိလာတဲ့အခါက်ရင္
ငါတို႔ႏွစ္ေယာက္လုံး ဒီအေျခအေန
ကေနလြန္ေျမာက္ၿပီးစိတ္ခ်င္းနီးစပ္
ႏိုင္လိမ့္မယ္လို႔ငါယုံၾကည္တယ္"
ရင္ဘတ္ထဲမွာ တင္းက်ပ္လာမႈေၾကာင့္
ေနစင္ဟန္သူ႕ လက္ႏွစ္ဖက္ကိုခပ္
တင္းတင္းယွက္တြယ္မိလိုက္သည္။
သူ႕အေပၚ ဒီေလာက္ေကာင္းတဲ့သူ
ေက်းဇူး႐ွိတဲ့သူ ကိုမွ။ ကံတရားက
ဘာလို႔လဲ။သူဘယ္လိုစိတ္နဲ႔ ဆက္
လုပ္ရမွာလဲ။
ငါသိၿပီးသားပါ။ ဝတ္ရည္ဦးကိုမင္း
မိသားစုရဲ႕ အေရးကိစၥေၾကာင့္ မင္းသေဘာထားမပါဘဲ ပတ္သက္ေနရ
တယ္ဆိုတာ။ ငါမင္းကို ဘယ္လို
ထုတ္ေျပာရမွာလဲ ဆန္းဆက္။ငါက
မင္းကိုထိုးခ်ဖို႔ ကိုယ့္အက်ိဳးအတြက္
ရယူၿပီး မင္းကိုလာကပ္တဲ့သူဆိုတာ။
သူစိတ္ပင္ပန္းလြန္းစြာနဲ႔ သူ႕အေ႐ွ႕က
ခြက္ကို အသက္ေအာင့္ကာ တစ္ဝက္က်ိဳးသည္အထိတၿပိဳင္ထဲေမာ့ခ်လိုက္သည္။
"အဲ့တာက ျပင္းတယ္ေနာ္ ေနစင္"
"ဆန္းဆက္.... ငါေတာင္းပန္ပါတယ္"
" ဘာအတြက္လဲ"
သူ႕ကိုေခ်ာ့ေနသလို ႏူးညံ့လွတဲ့ စကားသံ။
" ဘာအတြက္ ေတာင္းပန္ခ်င္တာလဲ
ေျပာေလ မင္းမေျပာရင္ ငါကဘယ္လို
လုပ္ၿပီး သိမွာလဲ"
"ငါ..."
" အခုမေျပာခ်င္ရင္လဲ မင္းအဆင္
ေျပတဲ့ တစ္ေန႔က်မွငါ့ကိုေျပာျပ။ လုံးဝမေျပာခ်င္ဘူးဆိုရင္လည္း မင္းသေဘာပဲ ငါက ဘာေတြပဲျဖစ္ေနပါေစ မင္းကိုနားလည္ေပးမဲ့သူဆိုတာသိတယ္
မလား ေနစင္ "
သီခ်င္းအ သံက်ယ္။
ဆန္းဆက္နဲ႔ အၾကည့္ခ်င္းဆုံရင္း တျဖည္းျဖည္း ျမန္လာတဲ့ ႏွလုံးခုန္ႏႈန္း။
မျဖစ္မေန ငါ ေ႐ွ႕ဆက္ရမယ္ဆိုရင္
ငါေပးႏိုင္တဲ့ တစ္ခုတည္းေသာ
အစစ္အမွန္က မင္းအေပၚထားတဲ့
ငါ့ရဲ႕စိတ္ပဲ ဆန္းဆက္။
*****************************