ပျိုးဒီနေ့မေမေနေသိပ်မကောင်းတာကြောင့်စောစောသင်ပြီးပြန်ဖို့လုပ်ထားတာကြောင့်အရင်အချိန်ကထက်စောလာပြီးဦးရဲထွဋ်ခေါင်အားခွင့်တောင်းရသည်။
"သမီးပျိုး..ဒီနေ့အစောကြီးပါလား.."
ပျိုးအိမ်ထဲဝင်လာတာမြင်တော့ဦးရဲထွဋ်ကဧည့်ခန်းထဲတွင်သတင်းစာဖတ်ရင်းမှပြုံးစစနှင့်ဆိုလာသည်။
"ဟုတ်တယ်..အန်ကယ်ဒီနေ့ပျိုးအမေနေသိပ်မကောင်းလို့စောစောသင်ပြီးပြန်ရအောင်အန်ကယ့်ဆီခွင့်လာတောင်းတာပါ"
"ဒါများသမီးရယ်အန်ကယ်ဒီတစ်ရက်ခွင့်ပေးလိုက်မယ်လေ.."
"အို...မဟုတ်တာဘဲအန်ကယ်ရယ်အရင်အချိန်ကထက်စောပြန်ရရင်ရပါပြီ.."
အန်ကယ်ရဲထွဋ်ကခွင့်ပေးသော်လည်းပျိုးမယူချင်ပါ။လစာလည်းအများကြီးပေးထားရပြီးပျိုးဘက်ကပျက်ကွက်နေရင်မကောင်းဘူးမလား
"အင်း....ဟုတ်ပါပြီသမီးအဆင်ပြေသလိုသာလုပ်ပါ။သမီးရဲ့တပည့်ကတော့မနက်ကတည်းကအပြင်ထွက်ကိုမလာဘူး။ဘာတွေငြိမ်ချက်သားကောင်းနေလဲမသိဘူး"
"ဟုတ်..အန်ကယ်ဒါဆိုခွင့်ပြုပါအုံး"
"အေး...အေး"
ပျိုးဦးရဲထွဋ်နှင့်စကားပြောပြီးနောက်ဝဠာ့အခန်းသို့တက်လာခဲ့သည်။အရင်ရက်တွေထဲကဝဠာအခန်းကလော့မချထားတော့တာကြောင့်ပျိုးအလွယ်တကူဖွင့်ပြီးဝင်သွားလိုက်သည်။ပျိုးအထဲကိုရောက်တော့အခန်းထဲမှာဘယ်သူမှရှိမနေ။ရေချိုးခန်းထဲမှာရေကျသံကြားတာကြောင့်ဝဠာရေချိုးနေတုန်းဟုတွေးကာသင်ရမည့်စာများအားကြည့်နေလိုက်သည်။အချိန်တော်တော်ကြာတဲ့အထိရေကျသံလည်းစဲမသွားသလိုလူကလည်းထွက်မလာတာကြောင့်ပျိုးရေချိုးခန်းတံခါးအားခေါက်လိုက်သည်။
ဒုန်း!!!!.. ဒုန်း!!!!!..
"ဝဠာ! ဝဠာ!!မင်းအထဲမှာရှိလား!?"
ဒုန်း!!.. ဒုန်း!!!!..
ပျိုးဘယ်လောက်ပဲခေါ်နေပါစေ။အထဲမှရေကျသံမှလွဲ၍ဘာသံမှမကြားရတာကြောင့်တံခါးအားလှည့်ဖွင့်ကြည့်လိုက်တော့ပွင့်သွားသည်။အထဲကိုဝင်ကြည့်လိုက်တော့ဘယ်သူမှရှိမနေဘဲရေပန်းမှရေတွေသာအဆက်မပြတ်ကျနေသည်ကိုတွေ့လိုက်ရသည်။ဦးရဲထွဋ်ပြောတုန်းကဝဠာအခန်းထဲကအခန်းပြင်တောင်မထွက်ဘူးဆိုပြီးအခုဝဠာကရှိမနေဘူးဆိုတော့ပျိုးစိတ်ပူသွားရသည်။အခုပျိုးမှာအန်ကယ့်ကိုပဲသွားပြောရတော့မလို၊ သွားပြောလိုက်ပြန်ရင်လည်းဝဠာအဆူခံရမှာစိုးတာကြောင့်တစ်ယောက်ထဲဗျာများနေရသည်။ထိုစဉ်ဝရန်တာဘက်ကအသံတစ်ခုကြားတာကြောင့်ပျိုးထိုသို့အပြေးသွားကြည့်တော့မြင်လိုက်ရတာကဝရန်တာဘောင်ကိုတွဲခိုတက်နေရင်းမျက်နှာမှာလည်းဒဏ်ရာဗလပွဖြစ်နေသောဝဠာ့အားတွေ့လိုက်ရသည်။
"ဝဠာမင်းဘယ်လိုဖြစ်လာရတာလည်း။အခုလိုဖြစ်လာတာမင်းအေဖသိရင်ဘယ်လိုလုပ်မလဲ..ဟမ်.."
"ပျိုးအခုကျွန်တော့်ကိုမဆူသေးဘဲဆွဲတင်ပေးပါအုံး!"
ထိုသို့ပြောမှပျိုးလည်းသတိရကာမနိုင်မနင်းခန္ဓာကိုယ်ကြီးအားဆွဲတင်ရတော့သည်။ဒီေကာင်ေလးအသက်ကငယ်ငယ်လေးနဲ့ဘာတွေများစားလိုခန္ဓာကိုယ်ကကြီးထွားနေရတာလဲမသိဘူး။
အပေါ်သို့ရောက်ကာမှပျိုးသည်ဟန်ချက်မထိန်းနိုင်ကာနောက်သို့လဲကျအံ့စဲစဲ...တောင့်တင်းသန်မာလှတဲ့လက်တစ်စုံကအလျှင်အမြန်ပွေ့လိုက်သော်လည်း.....ပွေ့ထားတဲ့လူပါချေချော်ပြီးတစ်ပတ်လည်သွားကာနှစ်ယောက်သားကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။
"အား...! ပျိုး...ကျွန်...ကျွန်တော့်ဒဏ်ရာပေါ်ဖိထားတယ်!"
"ဟို.....တောင်းပန်ပါတယ်ငါဖယ်ပေးပါ့မယ်"
"အား!!!!!"
ထိုင်နေမှအကောင်းထသွားမှကျိုးမှန်းသိဆိုသလိုပျိုးအလျှင်အမြန်ထလိုက်ရာဝဠာ့၏အရေးအကြီးဆံုးနေရာသို့ဒူးဖြင့်သွားထောက်မိတော့သည်။ပျိုးလည်းအသည်းအသန်ဝေဒနာခံစားနေရသူအားမျက်နှာချိုလေးသွေးကာပြုံးပြရုံသာတက်နိုင်တော့သည်။
"ဝဠာမင်းမှာဆေးတွေရှိလား"
"ကျွန်တော့်ဟာကိုဆေးလိမ်းပေးမလို့လား.."
"ဟမ်..ပေါက်....ပေါက်တက်ကရတေ မင်းမျက်နှာမှာဒဏ်ရာတွေလေ.. အဲ့တာတွေကိုလိမ်းပေးမလို့"
"အဟား... မသိပါဘူး လောလောလတ်လတ်ဖြစ်ထားတဲ့ဟာကိုများလိမ်းပေးမလို့လားလို့ ..အဟွန်း.."
"မင်း!!..."
"ကျွန်တော့်ဗီရိုထဲကညာဘက်ထောင့်မှာဆေးသေတ္တာရှိတယ်.."
ပြောလာမဲ့စကားေတွကိုဝဠာအမြန်ဖြတ်ပြောလိုက်တော့မျက်စောင့်တချက်လွှင့်စင်လာသည်။ပြီးနောက်ဝဠာပြောတဲ့နေရာမှဆေးပုံးကိုယူလာပြီးအနားသို့လာထိုင်သည်။
"အရက်ပြန်နဲ့အရင်ပိုးသပ်မှာဆိုတော့စပ်မယ်ထင်တယ်.."
"ရပါတယ်ဗျာ...ဒီလောက်ကတော့ပမွှားလေးပါ.."
ပျိုးစိတ်ရှည်လက်ရှည်နှင့်ဆေးထည့်ပေးလိုက်သည်။ဝဠာတစ်ချက်တွန့်သွားလိုက်တိုင်းပျိုးသည်သူ၏နှုတ်ခမ်းလေးကိုချွန်ကာလေမှုတ်ပေးသည်ကိုဝဠာသဘောခွေ့နေတော့သည်။
"ပျိုး...ကျွန်တော်ဒီနားလေးစပ်နေတယ်"
"ဟင်..?မင်းပဲခုနကပမွှားလေးဆို.."
"အဲ့... အဲ့တာကခုနကမစပ်ဘူးလေ..အခုအရမ်းစပ်နေပြီလေနဲ့မှုတ်ပေးပါနော်.. နော်လို့..."
ထိုအခန်းလေးထဲတွင်လူကောင်ကြီးမှအားမနာဒဏ်ရာသေးသေးလေးအားအကဲပိုပြတဲ့သူရှိသလိုထိုလူကောင်ကြီးကြီး၏စကားကိုအတည်မှတ်ကာအနာသေးသေးလေးအားလေနဲ့မှုတ်ပေးနေသူတစ်ယောက်လည်းရှိနေပြန်သည်။
ထိုနေ့ကတော့ပျိုးစာမသင်လိုက်ရဘဲအိမ်သို့စောစောပြန်လိုက်ရသောနေ့ဖြစ်သည်။
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
တိုတယ်လို့တော့မပြောနဲ့ သူများdouble upပေးထားတာ🥰
•°Thank For Reading°•
🍁Maple🍁