Disclaimer: Sexual content alert !
Unicode
နေ့ရက်သစ်များ
_____________
နန်းတော်၏ ကျယ်ဝန်းသောမြေနေရာတစ်ခုဝယ် ဆိုင်းသံ၊ ဗုံသံ၊ တေးသီချင်းသံများ အကျအန မြူးကြွကခုန်နေသည်။
ဆိုင်းဝိုင်းတစ်ဖက်ရှိ မြေနေရာလွတ်တွင် စည်းချက်နရီကျစွာ ကပြဖျော်ဖြေနေသော ပန်တျာသည်များရှိသကဲ့သို့ တစ်ဖက်တွင်လည်း လူအများကို ဧည့်ခံပြုစုရန်၊ စားကောင်းသောက်ဖွယ်များ ဆောင်ယူပေးရန်၊ လိုအပ်သမျှ ဆောင်ရွက်ပေးရန်အတွက် ရံရွေတော်များ အဆင်သင့်ရှိနေသည်။
ပျော်ပွဲရွှင်ပွဲသည် မီးရောင်များ ထိန်ထိန်ညီး၍ စားကောင်းသောက်ဖွယ်များ၊ မြူးကြွသောတေးသီချင်းသံများနှင့် ပြည့်နှက်နေသည်။
ဤပွဲသည် မင်းအသစ်နန်းတက်ခြင်းအတွက် ကျင်းပသော ပျော်ပွဲဖြစ်လေရာ ရာထူးကြီးသော မင်းမှုထမ်းများနှင့် ဖိတ်ခေါ်ခြင်းခံထားရသော အထက်တန်းလွှာများသာ ပါဝင်ဆင်နွှဲကြသည်ဖြစ်သည်။
အနှီပျော်ပွဲရွှင်ပွဲ၏ အဓိက ဇာတ်ကောင်ဖြစ်သော မင်းကြီးအရုဏမှာ ရှင်ဘုရင်အတွက် သီးသန့်ပေးထားသော သလွန်တွင် သူ၏ကြင်ရာတော်ယုဂန်နှင့်အတူ ယှဉ်တွဲထိုင်ရင်း စားကောင်းသောက်ဖွယ်များ မှီဝဲကာ ပန်တျာသည်များ က,ပြဖျော်ဖြေသည်ကို ကြည့်ရှုနေသည်။
သူတို့၏ဘေးဘီနှစ်ဖက်တွင် မင်းသားမဏိ၊ ဒေါဏ၊ သုဒီပါ၊ ပီယံ၊ ဧကသူနှင့် ဘဒ္ဒါ၊ သူမ၏ခင်ပွန်းဖြစ်သူ ရဲသိင်္ခတို့ရှိနေသည်။
နန္ဒ၊ သုန္ဒရီနှင့် နဂါးမင်းသားအဏ္ဏမှာမူ ပန်တျာသည်များနှင့် ခပ်ဝေးဝေးနေရာတွင်ရှိပြီး ကြွေအံကစားနေကြသည်။
အစက သူတို့သည် ငွေပုံ၍ အလောင်းကစားဆန်ဆန် ကြွေအံကစားကြ၏။ သို့သော်လည်း သုန္ဒရီကသာ ဆက်တိုက်နိုင်နေလေရာ နဂါးမင်းသားအဏ္ဏမှာ ပါသမျှငွေ ကုန်လုနီးနီးပင် ဖြစ်နေလေသည်။ ထို့ကြောင့် သူဟာ နောက်ဆုံးတွင် ညစ်တွန်းတွန်းပြီး လူကြီးအာဏာပြကာ နဖူးတောက်ကြေးဟူ၍သာ အတင်းပြောင်းလဲဆော့စေသည်။
ထိုတွင်လည်း သူမနိုင်သေးပေ။
ကံကောင်းလွန်းသော သုန္ဒရီမှာ ဆက်လက်နိုင်နေစမြဲဖြစ်ပြီး သူမ၏ လက်သေးသေးလေးများက နန္ဒနှင့် နဂါးမင်းသားအဏ္ဏကို နဖူးတောက်ရန် အားမာန်အပြည့်နှင့်ဖြစ်နေသည်။
သုန္ဒရီသည် နန္ဒကို တစ်ချက်၊ အဏ္ဏကိုတစ်ချက် နဖူးတောက်ချ၏။
လက်ကသာ သေးသော်လည်း တပ်မှူးဖြစ်သော သူမမှာ လက်ဆတော့မသေးနေပါချေ။ သူမ တစ်ခါတစ်ခါ နဖူးတောက်လျှင် နဖူးတွင် အနီကွက်ကြီးဖြစ်၍ ကျန်ခဲ့သည်။
နန္ဒမှာ သူ၏နဖူးကိုလက်ဖြင့်အုပ်ရင်း မြည်တွန်တောက်တီးနေ၏။ သုန္ဒရီကမူ သူမ,ချည်းနိုင်နေသောကြောင့် အလွန်အမင်း ကျေနပ်အားရနေကာ
" ဒီနေ့တော့ ကျွန်ုပ်ရဲ့နေ့ပဲ"
ဟု ဘဝင်မြင့်စွာဆိုလိုက်သေးသည်။
နဂါးမင်းသားအဏ္ဏနှင့် နန္ဒသည် မျက်နှာကြီးရှုံ့မဲ့နေကြ၏။ နဂါးမင်းသားက မျက်မှောင်ကြီးကုပ်၍ ဆူပုတ်ကာ
" ငါနိုင်လို့ကတော့ကွာ..."
ဟု ကြုံးဝါးသည်။ တစ်လက်စတည်းပင် ခရုခွံများကို လက်ထဲထည့်၍ ခလောက်ကာ ကြွေပန်းကန်ပေါ်ပစ်ချလိုက်သည်။
" နောက်ဆုံးတော့ နိုင်ပြီ!"
အော်ဟစ်လိုက်သူမှာ နန္ဒဖြစ်သည်။
နဂါးမင်းသားမှာ သူ၏ကံဆိုးမိုးမှောင်ကျမှုကို လက်ခံလိုက်ဟန်ဖြင့် သက်ပြင်းကြီးကြီးချ၏။
နန္ဒမှာ အကြာကြီးနေမှ ပြန်လည်အနိုင်ရခြင်းဖြစ်သောကြောင့် တက်ကြွနေကာ သူ၏အင်္ကျီလက်များကိုတောင် ပင့်တင်လိုက်သေးသည်။ သူက နဂါးမင်းသားကို စိန်ခေါ်သည်။
" လာလိုက်တော့ အရှင့်သား"
နန္ဒမှာ အပြောကနောက်၊ လက်ကအရင်ဖြစ်၏။ သူ၏လက်က နဂါးမင်းသားအဏ္ဏ၏နဖူးကို ဒေါက်ခနဲတောက်ချလိုက်ပြီးဖြစ်သည်။ ပြီးသည်နှင့် သုန္ဒရီ့ဘက်လှည့်ကာ
"နင်ကတော့ အသေပဲ"
ဟု မကျေချမ်းစွာဆိုသည်။
သုန္ဒရီသည် ကံကြမ္မာကိုလက်ခံလိုက်သူပမာ မျက်လုံးကိုစုံမှိတ်လျက် နဖူးပေါ်ကျရောက်လာမည့် နာကျင်မှုကို စောင့်ဆိုင်းနေ၏။
နန္ဒ၏လက် သုန္ဒရီ့၏နဖူးနားသို့ ကပ်သွားသည်။ သူဟာ သုန္ဒရီ့ကို ရှိရှိသမျှအားဖြင့် တောက်ချလိုက်မည်ဟု ရည်ရွယ်လိုက်သော်ငြား သုန္ဒရီ့၏စုံမှိတ်ထားသော မျက်လုံးများ၊ အသာကုပ်နေသော မျက်ခုံးများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများက သူ့ကို အာရုံထွေပြားသွားစေသည်။
သူ စိတ်လျှော့လိုက်သည်။
သူ သုန္ဒရီ့၏နဖူးကို အသာလေးသာ တောက်၍ အနောက်သို့ ပြန်ဆုတ်သွားသည်။
နဂါးမင်းသားအဏ္ဏဟာ နန္ဒ၏ခွဲခြားဆက်ဆံမှုကြောင့် ပါးစပ်အဟောင်းသားဖြင့် ပြူးကြည့်၏။
ဘာကြောင့်ရယ်မသိ နန္ဒရှက်မိသည်။ သူ မည်သူ့ကိုမှ အလျှော့မပေးဖူးသည်ကို၊ ဒါက သူ့၏မာနကို အတော်လေးထိခိုက်စေသည်ပင်။
နန္ဒ မသိချင်ယောင်ဆောင်ကာ ထိုင်ရာမှ ဝုန်းခနဲထ,ရပ်သည်။
" ဆော့ရတာ ပျော်ဖို့မကောင်းတော့ဘူး။ တစ်ခုခုသွားစားလိုက်ဦးမယ်"
မာနခဲ ဂျစ်တူးသခင်လေးဟာ တခြားနေရာသို့ ရှက်ရှက်နှင့် ခြေဆောင့်ထွက်ခွာသွားသည်။
ကျန်ရစ်ခဲ့သော အဏ္ဏနှင့် သုန္ဒရီသည် နန္ဒဘာဖြစ်သွားမှန်း မသိသဖြင့် အချင်းချင်းအူကြောင်ကြောင်ဖြင့် လှည့်ကြည့်မိကြ၏။
သို့သော်လည်း နန္ဒ ထွက်သွားမှန်းသေချာသွားသောအချိန်တွင် နဂါးမင်းသားအဏ္ဏက နန္ဒအနိုင်ရရှိထားသော ငွေများကို ညွှန်ပြ၍
" ဒါတွေ ငါယူလိုက်လို့ ရလောက်တယ်မလား။ ဘာပဲဖြစ်ဖြစ် ငါ့ထက်စာရင် သူကအဆတစ်ရာပိုချမ်းသာသေးတယ်"
ဟု ရုပ်တည်ကြီးနှင့်ဆိုသည်။ သုန္ဒရီ အူလည်လည်ဖြင့် ခေါင်းညိတ်ပြသည်။
" ယူလိုက်ပါ။ သူလည်း အဲ့ငွေတွေ သတိရမှာမဟုတ်ဘူး"
" ဟုတ်ပြီ"
အဏ္ဏ ထိုငွေများကို သူ့အိတ်ထဲသို့ ပျော်ပျော်ရွှင်ရွှင်နှင့် ကောက်ထည့်သိမ်းလိုက်သည်။
တစ်ဖက်တွင် နန္ဒသည် ပီယံနှင့် သုဒီပါကြားထဲသို့ ဆူပုတ်ပုတ်နှင့် သွားဝင်ထိုင်နေ၏။
သူတို့၏ရှေ့တွင် ပန်တျာသည်များက လှပစွာက,ပြဖျော်ဖြေနေကာ အရုဏ၊ မဏိနှင့် သူတို့၏ကြင်ရာတော်လေးများက သေရည်သောက်သုံးရင်း စကားစမြည်ပြော၍ စည်းစိမ်ခံနေကြသည်။
မဏိဟာ ဒေါဏ၏ခါးသွယ်သွယ်လေးကို ပွေ့ဖက်ထားလျင် ဒေါဏကို သူ၏ရင်ခွင်ထဲသို့ အသာမှီနေစေသည်။ ရုတ်တရက်သူဟာ တစ်စုံတစ်ရာ သတိရသွားဟန်ဖြင့် ဒေါဏကို ငုံ့ကြည့်၍
" ကိုယ်တို့နှစ်ယောက် ပြန်တွေ့တုန်းကလည်း ဒီသံစဉ်နဲ့ပဲ မင်းကခုန်နေခဲ့တာ မှတ်မိသေးလား"
ဟုဆိုသည်။
ဒေါဏဟာ ပန်တျာသည်များဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် နူးညံ့လှပစွာပြုံးလာသည်။
" အဲ့တုန်းက အစ်ကို တအားမူးနေတာလေ။ ကျွန်ုပ်မှာ အစ်ကို့ကို မြင်မြင်ချင်းဘယ်လောက်လန့်သွားရတယ် ထင်လဲ"
ထိုစကားကို ကြားသော် တစ်ဖက်ရှိ သုဒီပါသည် ဒေါဏဘက်ကိုလှည့်ကြည့်ကာ အားကြိုးမာန်တက်ဆိုလာသည်။
" အာ....အခုမှသတိရတယ်။ အစ်ကိုဒေါဏက အတော်ဆုံးပန်တျာသည် လုပ်ခဲ့ဖူးတာပဲဟာ။ ကျွန်ုပ်တို့ကို ကပြ,ပါလား"
မထင်မှတ်ထားသော တောင်းဆိုချက်မို့ ဒေါဏ၏မျက်လုံးလေးများ ဝိုင်းသွားသည်။
" အခုလား"
သုဒီပါ ခေါင်းညိတ်ပြသည်။ ဘေးရှိ ဘဒ္ဒါကလည်း
" လုပ်ပါ....သင်က,တာ သိပ်လှတာ။ ထပ်ကြည့်ချင်ပါတယ်"
ဟု စကားဝင်ထောက်သည်။
ချီးကျူးစကားကြောင့် ဒေါဏဟာ ရှက်ပြုံးကလေး ပြုံးသွား၏။ တစ်ဆက်တည်းပင် သူက မဏိကို ခွင့်တောင်းဟန်ဖြင့် မျက်လုံးကလေးမော်ကြည့်သည်။
မဏိက ပြုံး၍ ခေါင်းညိတ်ပြလိုက်လျှင် ဒေါဏဟာ သူ၏ပျော့ပြောင်းသော ဆံပင်ရှည်များကို လက်ဖြင့်သပ်၍ ထိုင်ရာမှ ထ,လာသည်။
" တောင်းဆိုနေတော့လည်း လုပ်ရတာပေါ့"
အားလုံးထံမှ လက်ခုပ်ဩဘာသံများ သောင်းသောင်းဖျဖျထွက်ပေါ်လာသည်။
ဒေါဏသည် သူနှင့်ရင်းနှီးပြီးသားဖြစ်သော ပန်တျာသည်များ ကပြရာ မြေဝိုင်းသို့ ကြွကြွရွရွကလေးလျှောက်သွား၏။
ထိုအခါ အရိပ်အကဲသိသော ပန်တျာသည်များက ဒေါဏ၏တစ်ဖက်တစ်ချက်တွင် ညီညီညာညာ ဝန်းရံလိုက်ကြပြီး ဒေါဏကို အလယ်တွင်ထားလိုက်သည်။
ဆန်းသစ်သော တေးဂီတသံ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
ပန်တျာသည်အဖြစ် အသွင်ယူစဉ်က အကတော်တော်များများကို တစ်ရေးနိုးထ,ကလျှင်တောင် ရလောက်သည်အထိ လေ့ကျင့်ထားရာ ယခုထိတိုင် ဒေါဏဟာ ပန်တျာသည်များနှင့် ဟန်ချက်ညီအောင် နုနုရွရွ လှလှပပက,ပြဖျော်ဖြေနိုင်သေးသည်။
ကကွက်များ တစ်ချက်တစ်ချက် မေ့သွားတတ်သော်လည်း အကတော်တော်များများကို ဇာတ်ရှိန်မပျက်အောင် ထိန်းညှိက,ပြနေနိုင်၏။
ဒေါဏ၏ ဖျော့တော့သောလက်များက ကျူပင်လေးများယိမ်းသည့်နှယ် ပျော့ပျောင်းနူးညံ့နေဆဲဖြစ်ကာ သူ တစ်ချက်တစ်ချက် လှည့်လိုက်ချိန်တွင် သူ၏ဆံနွယ်ရှည်များက လှပစွာ ဝေ့ဝဲသွားစမြဲဖြစ်သည်။
ဂီတသံ အဆုံးသတ်ခါနီးတွင် မဏိသည် ဒေါဏ,ကပြရာ မြေဝိုင်းသို့ ဖြည်းဖြည်းချင်းစီ ဝင်ရောက်သွား၏။
သူဟာ သူနှင့်ဒေါဏတို့ ပြန်လည်တွေ့ဆုံခဲ့သော အတိတ်ဖြစ်စဉ်ကို ပြန်လည်ကာ ပုံဖော်ချင်လိုဟန်ရှိသည်။
ဒေါဏဟာ သူ၏ခန္ဓာကိုယ်ကို အဆတ်မပြတ်လှည့်နေပြီး သီချင်းသံအဆုံးသတ်သွားသည့်အချိန်တွင် မဏိ၏ရှေ့တည့်တည့်၌ ရပ်တန့်သွားသည်ဖြစ်သည်။
ဒေါဏ မမျှော်လင့်ထားခဲ့ပေ။ မဏိက သူ၏ခါးကို ဆွဲဖက်လာသည်။
ထိုအချိန်မှာတွင် ဘေးမှ
" နမ်းလိုက်ပါဗျို့"
" နမ်းလိုက် နမ်းလိုက်..."
ဟူသော အသံများက စနောက်တတ်သော မင်းသားသုဒီပါနှင့် အမတ်ယုဂန်နိုင်တို့ဆီမှ အသီးသီးထွက်ပေါ်လာသည်။
ဒေါဏ၏မျက်နှာကလေး နီရဲသွားသည်။
အစ်ကိုကမူ သူ့ကို ရယ်ကျဲကျဲဖြင့် စိုက်ကြည့်နေပြီး စနောက်လိုဟန်လည်း အပြည့်ရှိနေသည်။
အစ်ကို့၏နှုတ်ခမ်းများက သူ့အပေါ်သို့ ဖိကပ်လာသည်။
ရှက်စိတ်ကြောင့် ဒေါဏ၏ပါးလေးများ ပူထူလာစဉ်တွင် ဘေးမှ အားပေးအားမြှောက်ပြုသော အသံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။
မဏိဟာတော့ တကယ့်ကို ထိုအခြင်းအရာအပေါ် ပျော်မွေ့နေဟန်ရှိ၏။
ထိုအချိန်တွင် ဧကသည် မသိလိုက်ပါဘဲ ပီယံ့ဘက်ကို လှမ်းမျှော်ငေးကြည့်မိသည်။
ပီယံဟာ မဏိနှင့်ဒေါဏဆီသို့ ပြုံး၍ကြည့်နေသော်လည်း တစ်ချိန်တည်းမှာတင် သူ၏မျက်ဝန်းများက ညှိုးရော်ဖျော့တော့နေသည်။
သူက ကွဲကြေသောအပြုံးကို လူမသိစွာ တပ်ဆင်ရင်း သေရည်တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ယခုအချိန်တွင် ရေဝတီ့ကို မလွမ်းပါဟု ဆိုပါက သူ,လိမ်ရာကျလိမ့်မည်။
အကယ်၍ ရေဝတီသာရှိနေသေးပါက လက်ရှိအချိန်တွင် သူတို့နှစ်ဦးအတူ ပျော်ရွှင်စွာရှိနေနိုင်မည်ဟု သူ,မ,တွေးတောဘဲ မနေနိုင်ချေ။
သူဟာ ရေဝတီ့၏လက်ကလေးကိုတောင် ချစ်သူတစ်ဦးအနေဖြင့် ကိုင်ခွင့်မရခဲ့ပါပေ။ ကံဟာ တစ်ခါတလေတော့လည်း မျှော်လင့်ထားသည်နှင့် လွဲချော်ရသည်ပင်။
" အစ်ကိုတော်"
ခေါ်သံကြောင့် ပီယံ လှည့်ကြည့်မိသည်။ သူ့ကို ခေါ်လိုက်သူက ဧကသူဖြစ်သည်။
"ကျွန်ုပ်နဲ့ လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်ထွက်ကြမလား"
ပီယံ မွေ့သိမ်စွာပြုံးသည်။
" အင်း...ကောင်းသားပဲ"
ဤသို့နှင့် ပီယံနှင့် ဧကတို့သည် ပွဲခင်းထဲမှ ခေတ္တထွက်ကာ အနီးစပ်ဆုံးပန်းခြံထဲသို့ လမ်းလျှောက်ရန် ထွက်ခွာလာခဲ့ကြသည်။
ပန်းခြံတွင်းဟာ ပျော်ပွဲရွှင်ပွဲနှင့် အတန်ငယ်ဝေးရာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်ရှိ လမင်းက ဝင်းသာနေ၏။ ထို့ကြောင့် မိမိတို့၏လျှောက်လမ်းကို သဲကွဲစွာမြင်ရသည်။
သူတို့နှစ်ဦးကြားတွင် အချိန်အတော်ကြာအောင် အတွေးကိုယ်စီဖြင့် နှုတ်ဆိတ်နေခဲ့သည်။ ခဏကြာမှ ဧကဟာ ပီယံ၏မျက်နှာအမူအရာကို အကဲခတ်ရင်း တိုးညင်းစွာဆိုလာသည်။
" မနက်ဖြန်ကျရင် ကျွန်ုပ် ရာဓဇတိုင်းကို ပြန်တော့မှာပါ"
ထိုစကားကြောင့် ပီယံ့၏ခြေလှမ်းတို့ ရပ်သွားသည်။ သူ အံ့အားသင့်စွာဆိုသည်။
"မနက်ဖြန်? ချက်ချင်းကြီး ဘာလို့လဲ။ မင်းရဲ့အစ်ကိုတော် ပြန်ခေါ်လို့လား"
" ဟုတ်ပါတယ်။ မင်းကြီးအရုဏဆီကလည်း ခွင့်ပြုချက်ရပြီးပါပြီ"
ဧက ထိုထက်ပိုပြီး မဆိုနိုင်တော့ပါချေ။ သူဟာ မိမိ၏နိုင်ငံဆီပြန်ပြီး တခြားသောအကြောင်းအရာများထဲ စိတ်နှစ်ကာ အစ်ကိုတော်ပီယံ့ကို မေ့ပစ်ရန် ကြိုးစားတော့မည်ဖြစ်ကြောင်း သူ ထုတ်မပြောပြနိုင်ပါ။
ပီယံက သက်ပြင်းသဲ့သဲ့ချသည်။ ထို့နောက် သူဟာ လက်နောက်ပစ်ရင်း တည်ကြည်စွာဆိုလာသည်။
" ဒီလိုခွဲရမယ်ဆိုတော့လည်း စိတ်ထဲတစ်မျိုးကြီးပဲ။ နောင် အခွင့်အခါသင့်တိုင်း ဟီရကိုလာလည်ပါ"
စကားအဆုံးတွင် ပီယံဟာ ကြင်နာစွာပြုံးပြ၏။
ဒါဟာ အစ်ကိုတော်ပီယံ့၏အမူအကျင့်ပါပင်။ အစ်ကိုတော်ဟာ မည်သူ့အပေါ်ကိုမဆို သဘောကောင်းသည်။ ကြင်နာသည်။ ဖော်ရွေသည်။
ဤအချက်ကပင် ဧကကို နာကျင်စေသည်။
အစ်ကိုတော်ဟာ ယခုခံစားနေရသော နာကျင်မှုများနှင့် လုံးဝကို မထိုက်တန်ချေ။ အစ်ကိုတော်ဟာ ပျော်ရွှင်သင့်သည်။
အစ်ကိုတော် စိတ်ကူးထားသည့်အိပ်မက်အတိုင်း ချစ်ရသော ဇနီးသည်နှင့် လိမ္မာသော သားသမီးများရရှိကာ လှပသော မိသားစုလေးကို ပိုင်ဆိုင်စေလိုသည်။
အစ်ကိုတော်က မိန်းကလေးကို သဘောကျသည်။ သူက မိန်းကလေးတစ်ဦး မဟုတ်နေချေ။
အစ်ကိုတော့်၏နှလုံးသားထဲတွင် မင်းသမီးရေဝတီ၏ပုံရိပ်များက စွဲကျန်ရစ်နေသည်။
သူ၏နှလုံးသားကမူ အစ်ကိုတော့်ကို မေ့ပစ်ကာ မြတ်နိုးမှုကို စွန့်လွှတ်သင့်နေပြီဖြစ်သည်။
သူမရှိတော့သော တစ်ချိန်ချိန်တွင် အစ်ကိုတော် ပျော်ရွှင်စွာနေထိုင်နေသည်ဟူသော သတင်းကို သူကြားချင်ပါသည်။
" အစ်ကိုတော်က ကျွန်ုပ်အတွက် နှစ်ယောက်မရှိနိုင်တဲ့သူပါ။ ကျွန်ုပ်ကို ပညာတွေလည်းသင်ပေးတယ်။ ဂရုလည်းစိုက်တယ်။ ဟီရကို ရောက်ခါစက အထီးကျန်ခဲ့ပေမဲ့ အစ်ကိုတော့်ကြောင့် ဒီအထိ တောင့်ခံနိုင်ခဲ့တာပါ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"
ထိုစကားများက သူ၏စိတ်ရင်းပင်။ သဘောကျစိတ်ကို ဖွင့်ပြောဖို့ရာတော့ မဖြစ်နိုင်ပါချေ။
အဆုံးသတ်ကို သိပြီးမဟုတ်ပါလား။ အလကားသက်သက်သက် သူထပ်ပြီး မနာကျင်ချင်တော့ပေ။
အနည်းဆုံးတော့ အစ်ကိုတော့်၏ကြင်နာတတ်သောအပြုံးက သူ့ကိုစိတ်သက်သာရာရစေပါသည်။
" မဟုတ်တာ။ ဧက,က တပည့်ကောင်း၊ ညီတော်ကောင်းလေးတစ်ဦး ဖြစ်ပေးခဲ့တဲ့အတွက်ကြောင့်သာ အမှတ်တရတွေ လှပခဲ့တာပါ"
ဇာတ်လမ်းအဆုံးသတ်သွားလေပြီ။
သူ၏တစ်ဖက်သတ်အချစ်ကို ဤမှာတင် အဆုံးသတ်ရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။
သို့ရာတွင် အလွန်အမင်းနာကျင်ဝမ်းနည်းရသည်။ မြတ်နိုးမှုကို စွန့်လွှတ်ရသည်က နှလုံးသားကို အမြစ်ဖြုတ်ရသည့်အတိုင်း ရင်နင့်လွန်းရသည်။
ဧက၏မျက်ဝန်းတို့ စိုစွတ်ပူနွေးလာသည်။
ထိုမျက်လုံးတို့ကို အစ်ကိုတော်မမြင်အောင် ဧက အသာခေါင်းငုံ့လိုက်မိသည်။
" ကျွန်ုပ် သန့်စင်ခန်း ခဏသွားလိုက်ပါဦးမယ်"
" အစ်ကိုတော် ဒီမှာပဲစောင့်နေမယ်"
" မဟုတ်တာ။ ကျွန်ုပ်က ကြာဦးမှာပါ။ ပြီးမှ ပွဲခင်းထဲပြန်ဆုံကြတာပေါ့"
" ကောင်းပါပြီ"
ဧက ပီယံ့ကို ခေါင်းငုံ့၍ ဂါဝရတစ်ချက်ပြုကာ ထိုမှ အလျင်အမြန်ထွက်ခွာလာခဲ့သည်။
ကျန်ရစ်ခဲ့သော ပီယံသည် ပွဲခင်းထဲပြန်သွားရမည့်အစား ထိုတွင် ငြိမ်သက်စွာ ရပ်၍ကျန်ခဲ့၏။
သူ လပြည့်ဝန်းကို အတွေးမဲ့စွာ မော့ကြည့်မိသည်။
ထို့နောက် သူ၏လက်တွင် ပတ်ထားသော အပြာရောင်ကြိုးကျစ်လေးကို တခြားလက်ဖြင့် ဆုပ်ကိုင်မိလိုက်၏။
အဆိုပါအပြာရောင်ကြိုးကျစ်ကလေးသည် ရေဝတီ၏ခေါင်းတွင် တပ်ဆင်ကာ အမြဲတစေ သူမ၏ဆံပင်များနှင့်ရော၍ ကျစ်ဆံမြီးကျစ်လေ့ရှိသော ပိုးကြိုးကလေးသာ ဖြစ်သည်။
လပြည့်ညဟာ အလွမ်းဓာတ်များကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် လုံလောက်စွာ လှပစွာနေခဲ့သည်ဖြစ်သည်။
********************************
ပွဲတော်တွင်းမှ ထွက်လာသောအချိန်တွင် သုဒီပါသည် အတော်အသင့်မူးနေပြီဖြစ်ပြီး လက်ထဲတွက်လည်း သောည်ပုလင်းကတစ်ဖက်၊ အမြည်းအဖြစ် ဆတ်သားခြောက်ပန်းကန်က တစ်ဖက်ဖြစ်လေသည်။
သူဟာ လူသူရှင်းနေသော စင်္ကြန်လမ်းတွင် တစ်ယောက်တည်း လွတ်လပ်စွာသွားနေရင်း ရုတ်တရက် တစ်နေရာမှ တရှုံ့ရှုံ့ငိုသံကိုကြားလိုက်ရသည်။
ထိုအသံကြောင့် ဘေးဘီဝန်းကျင်ကို စပ်စပ်စုစုလှည့်ပတ်ရှာသောအခါ ရွှေကနုတ်ဖော်တိုင်လုံးကြီးတစ်လုံးအနောက်တွင် ကျုံ့ကျုံ့လေးထိုင်ကာ ဒူးပေါ်မျက်နှာအပ်,ငိုနေသော ကောင်လေးတစ်ဦးကို တွေ့လိုက်ရသည်။
သုဒီပါသည် သိရှိလိုစိတ်ဖြင့် ထိုကောင်လေးအနားသို့ တိုးကပ်သွား၏။ သုဒီပါ၏ခြေသံကြောင့် ငိုနေသောကောင်လေးက သူ့ကို မျက်ရည်အရွဲရွဲဖြစ်သော မျက်လုံးများဖြင့် မော့ကြည့်လာသည်။
ထိုကောင်လေး၏မျက်နှာကို မြင်သော် သုဒီပါတအံ့တဩဖြစ်သွားသည်။
" မင်း ရာဓဇတိုင်းရဲ့ မင်းသားဧကသူမဟုတ်လား"
ဧကသူ လူမိသွားသဖြင့် မျက်လုံးလေးများဝိုင်းစက်သွားသည်။
" ဟုတ်...ဟုတ်ပါတယ်"
သူ့ရှေ့ကလူကို ဧက,သိ၏။ ထိုသူက မင်းကြီးအရုဏ၏ဒုတိယမြောက်ညီတော် မင်းသားသုဒီပါပင်။
သူဟာ စစ်ပွဲအတောအတွင်း စစ်ရေးအစည်းအဝေးပွဲများ၌ မင်းသားသုဒီပါနှင့် တွေ့ဆုံဖူးသည်။ ဆုံဖူးသည်ဆိုသော်လည်း စကားတော့မပြောဖူးပါချေ။ သာမန်အတိုင်း မျက်မှန်းတန်းမိခြင်းဖြစ်သည်။
သုဒီပါက ဧကသူ့ရှေ့သို့ ခါးကုန်းကြည့်ရှုသည်။ သူ့ထံမှ သေရည်နံ့အချို့က သင်းနေ၏။ သာမန်ဆိုပါက သုဒီပါဟာ ထိုမျှမတက်ကြွ,မဖော်ရွေဘဲ သူတစ်ပါးအရေးကို စိတ်ဝင်စားလေ့မရှိပေ။ သို့သော်လည်း ယခုတွင် သေရည်အခိုးငွေ့ , သွေးသားထဲ စိမ့်နေသည်မို့ ပြောရဲဆိုရဲ မေးရဲမြန်းရဲဖြစ်နေလေပြီ။
သူက ဧက၏မျက်ရည်များကို အံ့ဩထူးဆန်းနေပုံပေါ်သည်။
" ဘာလို့ငိုနေတာလဲ"
ထိုမေးခွန်းကြောင့် ဧက,ပျာပျာသလဲဖြစ်သွားသည်။ သူချက်ချင်းပင် သူ၏ပါးနှစ်ဖက် နီရဲလုမတတ်ဖြစ်အောင် လက်ဖြင့် ထပ်ကာထပ်ကာပွတ်သပ်သည်။
" ဘာမှမဟုတ်ပါဘူး"
တစ်ဆက်တည်းပင် ဧကသူတစ်ယောက် ကြမ်းပြင်ပေါ် ထိုင်နေရာမှ ကမန်းကတန်း မတ်တပ်ထ, ရပ်သည်။ ရာဓဇ၏မင်းသားက ကြမ်းပြင်ပေါ်ထိုင်ငိုနေသည်မှာ ရာဇဣန္ဒြေနှင့် မသင့်ကြောင်း သူထိုမျှတော့ ဆင်ခြင်မိပါသည်။
ဧကသူ့ဘက်က ပြောပြချင်ဟန်မရှိသည်မို့ သုဒီပါ ဆက်မမေးတော့ပါချေ။ ထိုအစား သူက သူ၏လက်ထဲကိုင်ထားသော ဆတ်သားခြောက်ပန်းကန်ကို ဧကသူ့ရှေ့တည့်တည့် ထိုးပေးလာသည်။
" စားမလား"
" ဗျာ"
မမျှော်လင့်ထားသော အပြုအမူမို့ ဧကသူ အံ့ဩသွားသည်။ သို့သော်လည်း မင်းသားသုဒီပါဟာ နောက်နေဟန်မရှိဘဲ အတည်အကြည်ကျွေးနေသည်မို့ ဧကသူ ထူးဆန်းနေရင်းနှင့်ပင် ငြင်းဆိုလိုက်သည်။
" မစားတော့ပါဘူး။ ကျေးဇူးတင်ပါတယ်"
သုဒီပါ ပန်းကန်ကိုပြန်ရုတ်သိမ်းသွား၏။ ယင်းအစား သေရည်ပုလင်းကို ဧကသူဘက် ထိုးပေးလာပြန်သည်။
" သောက်မလား"
မင်းသားသုဒီပါဟာ ထိုမျှထူးဆန်းမည်ဟု ဧကသူ မထင်ထားခဲ့ပေ။
ထူးဆန်းသည်?
သို့မဟုတ် ဖော်ရွေလွန်သည်ဟုပဲ ဆိုရမည်လားမသိပါချေ။
ဧက,ကို တစ်ဖက်နိုင်ငံ၏မင်းသားမှန်းသိသည်တောင် ထီးနန်းသုံး စကားများမပြောဘဲ နှစ်လကြာရှည်ခင်ခဲ့သော မိတ်ဆွေကို မုန့်ကျွေးသလို ရင်းရင်းနှီးနှီးပြုမူနေသည်။
တစ်ဖက်နိုင်ငံရဲ့မင်းသားကို ဘယ်သူကများ သူသောက်လက်စ သေရည်ပုလင်းကြီးကို ထိုအတိုင်းထိုးပေးပါမည်လဲ။
ဒါမှမဟုတ် မူးများနေလို့လား။
အမြဲတစေ တည်ကြည်ရှင်းသန့်နေသော အစ်ကိုတော်ပီယံနှင့်ယှဉ်လျှင် ဒီနှစ်ဦး ညီအစ်ကိုတော်သည်ဆိုသော အချက်မှာ ယုံမှားသံသယတောင်ရှိချင်လှသည်။
အစ်ကိုတော်ပီယံက ကျော့ရှင်းလှပသော သမင်ဖိုနှင့်တူပြီး မင်းသားဒီပါကတော့ ရှုပ်ပွနေသည့် ဝက်ဝံတစ်ကောင်နှင့်တူသည်။
သူကိုင်ထားသည့် သေရည်ပုလင်းကိုတောင် ဝက်ဝံ၏ပျားအုံဟူ၍တောင် မျက်စိထဲ မြင်ယောင်မိလာသည်။
" ကျွန်ုပ် သေရည်မသောက်ပါဘူး"
" အာ....ငယ်သေးလို့လား။ ဒါမဲ့ ငါတောင် ၁၄-၁၅ လောက်ကတည်းက သေရည်သောက်နေပြီကို။ မင်းက အသက်၁၅ ပဲရှိသေးတာလား"
" ၁၈ နှစ်ပါ"
သုဒီပါ မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးကြည့်သည်။
" ၁၀ နှစ်တောင်ငယ်တယ်။ ကလေးလေးပဲ"
သုဒီပါဟာ ပြောပြောဆိုဆိုနှင့် သေရည်ပုလင်းကို လက်မောင်းကြားညှပ်ကာ ဆတ်သားခြောက်တစ်ဖပ် နှိုက်ယူပြီး တမြုံ့မြုံ့ဝါးစားနေသည်။
သူတို့ကြားတွင် ခေတ္တမျှ ကို့ရို့ကားယားနိုင်စွာ တိတ်ဆိတ်သွား၏။
နောက်မှ သုဒီပါဘက်က စကားပြန်စသည်။
"မငိုပါနဲ့။ ဒီနေ့က မင်္ဂလာရှိတဲ့နေ့ရက်ပဲဟာ။ မငိုရဘူး"
ဧကသူ ခေါင်းငုံ့လိုက်မိသည်။ ခုနကမှ ရှိုက်ကြီးတငင်ငိုထားသည်မို့ သူ၏နှာခေါင်းလုံးလုံးလေးက ရဲကာ နှာတရှုံ့ရှုံ့ဖြစ်နေသည်။
" ဟုတ်ကဲ့...တောင်းပန်ပါတယ်"
" ဘာလို့တောင်းပန်တာလဲ"
" မင်းကြီးအရုဏအတွက် မင်္ဂလာရှိတဲ့နေ့ရက်မှာ ငိုနေမိလို့ပါ။ ဒါပေမဲ့ ကျွန်ုပ် မင်းကြီးကို အ,မင်္ဂလာဖြစ်စေချင်တဲ့ရည်ရွယ်ချက်မျိုး မဟုတ်ပါဘူး...ဒီတိုင်း....ကိစ္စလေးတစ်ခုကြောင့်...."
အထင်လွဲသွားသည်မို့ သုဒီပါ လက်တစ်ဖက်ကို အသည်းအသန်ခါရမ်းပြလာသည်။
" ငါ...ငါက အဲ့တာကိုပြောချင်တာမဟုတ်ပါဘူး။ ဘယ်လိုကိစ္စပဲရှိရှိ မင်းရဲ့ လှပတဲ့နေ့ရက်ကို ငိုပြီးဖြတ်သန်းရလောက်တဲ့အထိ မတန်ဘူးလို့ ပြောချင်တာ"
ဧကသူ ဘာမှဆက်မပြောတော့ချေ။ သို့တိုင် မျက်လွှာကိုချကာ ပါးရဲရဲဖောင်းဖောင်းလေးနှစ်ဖက်ဖြင့် ညှိုးငယ်နေသည့်မျက်နှာမှာ သနားချင့်သဖွယ်ဖြစ်နေသည်။
မသိပါက သူအပြစ်လုပ်ထား၍ အဆူခံထိထားသည့်အတိုင်းပါပင်။ ဒီအတိုင်း ထားခဲ့လျှင်လည်း တခြားတိုင်တစ်လုံးလုံး ထပ်ရှာပြီး ချောင်ကပ်၍ ထပ်ငိုနေဦးမည်ထင်သည်။
သုဒီပါ ဧကဘေးသို့ကပ်ကာ ပခုံးကိုဆွဲဖက်လိုက်သည်။
" လာ...ဒီအစ်ကိုကြီးက မင်းကိုပြပေးမယ်"
သုဒီပါက အားကြီးဖြင့် ဆွဲခေါ်သွားသည်မို့ ဧကသူ ထိတ်လန့်သွားသည်။
" ဘယ်...ဘယ်ကိုသွားမလို့ပါလဲ"
"ယုံလိုက်စမ်းပါ။ မင်းသား သုဒီပါက ဘယ်တော့မှ ကလေးတွေကို ငိုအောင်မလုပ်ဘူး။ ပျော်အောင်ပဲလုပ်ပေးတာ"
ငြင်း၍လည်း မရပါချေ။ အတင်းအကြပ်ဆွဲသွားသည်မို့ ဧကဟာ သုဒီပါခေါ်ဆောင်ရာနောက်သို့ တရွတ်တိုက်ဆွဲပါသွားသည်။
နောက်ဆုံးတွင် ဧက,ဟာ သုဒီပါဆွဲခေါ်လာသော နေရာသို့ ရောက်ရှိခဲ့သည်။
ယင်းနေရာဟာ နန်းဆောင်တစ်ခု၏ခေါင်မိုးပေါ်ဖြစ်ပြီး ပွဲခင်းနှင့်လည်း ဝေးသောနေရာဖြစ်သည်။
လူအများစုက ပျော်ပွဲရွှင်ပွဲနေရာသို့ ရောက်ရှိနေကြသည်ဖြစ်ရာ သူတို့နှစ်ဦးရှိသောနေရာမှာ လူသူမရှိဘဲ အလွန်တရာတိတ်ဆိတ်နေသည်။ ညအချိန်ပေမို့ ကောင်းကင်ဝယ် ကြယ်များက စိန်ပွင့်ပမာ တလက်လက်တောက်ပနေကြပြီး ငွေသော်တာလမင်းဟာလည်း ငွေရည်များ သွန်းချနေသည့်ပမာ တဖိတ်ဖိတ် ရွှန်းလဲ့ဝင်းပနေသည်။
သုဒီပါက ခေါင်မိုးပေါ်ရောက်သည်နှင့် ဆတ်သားခြောက်ပန်းကန်ကိုဘေးသို့ချကာ သားမွေးအိပ်ရာပေါ်ရောက်နေသည့်အတိုင်း ခြေနှစ်ဖက်ကို စင်း၍ အကျအနထိုင်သည်။
ဧက, သူ့ဘေးတွင် ဒူးနှစ်ဖက်ကိုထောင်၍ ကျူံ့ကျုံ့လေးဝင်ထိုင်၏။ သုဒီပါ ဧကကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဆတ်သားခြောက်ပန်းကန်ကို ထိုးပေးသည်။
" ရော့...."
ဧက, သုဒီပါနှင့် ဆတ်သားခြောက်ပန်းကန်ကို တစ်လှည့်စီကြည့်သည်။ နောက်မှ ဆတ်သားခြောက်တစ်မြောင်းကို ချီတုံချတုံဖြင့်ယူ၏။
ခပ်ပျင်းပျင်းရှိလှသဖြင့် ဆတ်သားခြောက်ကို သူ ဆွဲဖဲ့ကိုက်လိုက်သည်။ ထိုအခါ ကောင်းမွန်သော အရသာကြောင့် ဧက မျက်နှာလေး ဝင်းလက်သွားသည်။
" စားကောင်းတယ်မလား။ ငါက အထူးသီးသန့် အကောင်းစား ဆတ်သားကိုမှ လုပ်ခိုင်းထားတာ"
ဒီတစ်ခါတော့ သုဒီပါစကားကို ဧက ခေါင်းညိတ်၍ထောက်ခံသည်။
အနှီဆတ်သားခြောက်က အတော်လေးအရသာရှိသည်။ စားဖူးသမျှထဲတောင် အကောင်းဆုံးဟုဆိုရမည်။
ထိုသို့ ဧက ကောင်းကောင်းစားနေသဖြင့် သုဒီပါ ကျေနပ်သွားပုံရသည်။
" ငိုပြီးရင် အစားများများစားရတယ်။ အဲ့တာမှ အားပြန်ပြည့်မှာ"
သုဒီပါစကားဟာ မှန်၊ မမှန် ဧက မသိပါ။ သို့သော်လည်း သူ...
" ကျေးဇူးတင်ပါတယ်"
ဟု ဆိုလိုက်သည်။
သုဒီပါ တစ်ချက်ပြုံးပြီး ခေါင်းမိုးပေါ်သို့ လှဲချသွားသည်။ သူက လက်နှစ်ဖက်ကို အနောက်သို့ကွေး၍ ခေါင်းခုအိပ်ရင်း ကောင်းကင်ရှိကြယ်များကို တမေ့တမော ငေးစိုက်ကြည့်ရှုနေသည်။
သူ့ကြည့်ရသည်မှာ အတော်လေး လွတ်လပ်ပေါ့ပါးဟန်ရှိသည်။
ဥတ္တရကို ရောက်ကတည်းက ဧကသည် မင်းကြီးအရုဏနှင့် အစ်ကိုတော်ပီယံမိတ်ကဲ့သို့သော စည်းစနစ်ရှိကာ တာဝန်များကို အမြဲတမ်းစိတ်ထဲထည့်၍ တည်ကြည်လွန်းသော သူများနှင့်သာ တွေ့ဆုံခဲ့ရသည်။ ထို့ကြောင့်လည်း ဥတ္တရမင်းသားများကို တည်ငြိမ်လေးနက်သူများသာ ဖြစ်ရမည်ဟု ထင်မှတ်ခဲ့၏။
မင်းသားမဏိဟာလည်း တည်,သည့်အထဲပါသည်။ မင်းသားနန္ဒဟာ လွတ်လပ်စွာနေတတ်ပုံရှိသော်လည်း သူက မည်သည့်အရေးကိုမှ စိတ်ဝင်စားမှုမရှိနေခြင်းဖြစ်သည်။
အခု မင်းသားသုဒီပါကျ တာဝန်ကို အသက်ထက်အလေးထားကြောင်း ကြားဖူး၏။ ဖုတ်ကောင်အဖြစ်ရောက်ရသည်အထိလည်း အနစ်နာခံ၏။ အမိန့်ကို လေးလေးနက်နက်လည်းရှိ၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် စိတ်လက်ပေါ့ပါးစွာနေတတ်ပြီး မည်သည့်အကျိုးရလဒ်ကိုမှ မျှော်ကိုးနေခြင်းမရှိချေ။
သူက သူ့ဘဝကို အပြည့်အဝနေထိုင်နေသည်။
လေးနက်သင့်သည်ကို လေးနက်ပြီး ပေါ့ပါးသင့်သည်ကိုလည်း ပေါ့ပါးသည်။
သူလိုလူမျိုးက အနာဂတ်ကိုများများစားစား ပုံဖော်ကာ တွေးတောထားမည့် လူမဟုတ်ဘဲ ယုံကြည်ရာကို စိတ်ပေါက်ရာထ,လုပ်ရင်း အနာဂတ်ဘာဖြစ်ဖြစ် ဟူသောအမျိုးအစားထဲ ပါဝင်တတ်သည်။
ဒီလိုစိတ်ထားတတ်တော့လည်း တစ်နည်းတစ်ဖုံကောင်းလှသည်ပင်။ ကိုယ့်စိတ် ချမ်းသာရသည်။
" ဒီည လှတယ်မလား။ နန်းတော်ပေါ်ကနေ မြင်ရတဲ့ကြယ်တွေက အလှဆုံးပဲ။ ရာဓဇမှာရော ကြယ်တွေအမြဲလှနေလား"
ရုတ်တရက် မင်းသားသုဒီပါထံမှ စကားသံထွက်ပေါ် လာသည်။
ဧက ပြန်မဖြေခင် ကောင်းကင်ရှိကြယ်များကို သုဒီပါနည်းတူ မော့ကြည့်မိသည်။
တိမ်ကင်းစင်သဖြင့် ကြယ်တာရာကောင်းကင်ဟာ ကြည်စင်တောက်ပပြီး သိပ်ကိုလှပလွန်းနေသည်။ မင်္ဂလာရှိသည့် နေ့ရက်ဆိုသည့်အတိုင်း ရာသီဥတုက တကယ့်ကို သာယာသည်။
ပရောဟိတ်ကြီးများ အတုကိုခိုး၍ နိမိတ်ဖတ်ဆိုရလျှင် မင်းကြီးအရုဏ၏ အုပ်ချုပ်မှုကြောင့် တိုင်းပြည်၏အနာဂတ် လှပသာယာနေမည့် အတိတ်နိမိတ်မျိုးပင်။
ဧက၏အစ်ကိုတော် ရာဓဇနန်းတက်တုန်းကလည်း ထိုအတိုင်းသာယာခဲ့ဖူးသည်။
" ဟုတ်...ရာဓဇမှာလည်း ကြယ်တွေ အမြဲလှပါတယ်"
" အင်း....ရာဓဇကို မရောက်ဖူးသေးဘူး။ တစ်နေ့ အစ်ကိုတော်အရုဏဆီကခွင့်ပြုချက်တောင်းပြီး အဲ့ဘက်ခရီးထွက်ကြည့်ပါဦးမယ်"
" အဲ့ကျရင် နန်းတော်တွင်းကို လာလည်ပါ။ ကျွန်ုပ် ခရီးဦးကြိုပြုပြီး လှပတဲ့နေရာတွေ လိုက်ပို့ပေးပါ့မယ်"
လူလူချင်း ခင်မင်ရင်းနှီးမှု ရယူခြင်းအရ ဧက, ဖိတ်မန္တကပြုလိုက်သည်။ ထိုစကားကြောင့် သုဒီပါ ခေါင်းထောင်ကာ ဧကဘက်ကို လှည့်ကြည့်သည်။
" အဲ့လိုလည်း အဆင်ပြေသားပဲ။ ဒါဆို မင်းကပြန်တော့မှာပေါ့"
" ဟုတ် မနက်ဖြန်..."
" အခုမှ စသိတာကို....မနက်ဖြန်ပြန်မယ်တဲ့။ သုံးလေးရက်လောက်နေမှပြန်လေ"
" ဗျာ"
ဧက မျက်လုံးလေးကလယ်ကလယ်ဖြင့် ရေရွတ်မိသည်။
သုဒီပါက ကိုယ်တစ်ဝက်ထ,ထိုင်လာသည်။
"ဟုတ်တယ်လေ...ဒီအတောအတွင်း စစ်ပွဲတွေကြောင့် ဥတ္တရကိုကောင်းကောင်း မလည်ကြည့်ရသေးဘူးမလား။ ဧည့်သည်ကို ဘယ်မှလိုက်မပြရဘဲ ပြန်လွှတ်လိုက်ရမယ်ဆိုရင် ဧည့်ဝတ်မကျေဘူး ဖြစ်နေမှာပေါ့။ ဒါကြောင့် ဒီမှာရက်ပိုင်းလောက် ခဏနေပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးမှ ပြန်။ ဟီရမှာလည်း ပျော်စရာများတယ်"
" ဒါပေမဲ့...."
"တောက်လျှောက်ပင်ပန်းထားတာကို အခုစိတ်လွတ်လက်လွတ် ပျော်လိုက်စမ်းပါ။ ၁၈ နှစ်အရွယ်မှာ မပျော်ထားရင် ဘယ်အချိန်သွားပျော်မှာလဲ"
ထိုစကားကြောင့် ဧက၏ခေါင်းထဲ အတွေးများနှင့် ပြည့်နှက်သွားသည်။
အမှန်တိုင်းဆိုရလျှင် သူ,လူငယ်တစ်ယောက်အတိုင်း မနေဖူးသေးပေ။ အသက် ၁၅ နှစ်အရွယ်တွင် ပုန်ကန်သော အစ်ကိုတော့်အနောက်သို့ လိုက်ကာ နိုင်ငံရေးကိစ္စများကြားထဲ နေထိုင်ခဲ့ရသည်။
၁၈ နှစ်တွင် ဥတ္တရသို့ရောက်ပြီး ထပ်မံကာ စစ်ပွဲထဲပါရသည်။ သူ ရူးရူးမိုက်မိုက်နှင့် လုပ်ချင်ရာလုပ်သည့်ကိစ္စမျိုး မရှိသေးပေ။
သူ ဆယ်ကျော်သက်တစ်ဦးပီပီ မပျော်ဖူးသေးချေ။
အတွေးနှင့်အတူ ဧကသည် သုဒီပါဘေးချထားသော သေရည်ပုလင်းကို စိတ်ပေါက်လက်ပေါက်ဖြင့် လှမ်းယူကာ မော့ချလိုက်သည်။
သေရည်က ခါးပြီး စူးရှလွန်း၏။
အရသာကြောင့် ဧက၏မျက်နှာတစ်ခုလုံး ပန်းရောင်သန်းကာ ရှုံ့မဲ့ယုတ်တွသွားသည်။
ဧက ထွေးထုတ်တော့မည်တောင် ထင်လိုက်သဖြင့် သုဒီပါ သူ၏လက်ကို ဧကရှေ့သို့ ကမန်းကတန်းခံလိုက်မိသည်။
သို့သော်လည်း ဧက,က ရအောင်တော့ မျိုချရှာသည်။
သုဒီပါ ဒီကောင်လေးကို ရယ်လည်းရယ်ချင်၊ သနားလည်းသနားချင် ဖြစ်ကာ ဧကလက်ထဲမှ သေရည်ပုလင်းကို ပြန်ယူလိုက်သည်။
" ရှုံ့မဲ့သွားတာပဲ။ မကြိုက်ဘူးလား"
" ခါးတယ်"
ဧက မျက်နှာက ရှုံ့မဲ့နေဆဲဖြစ်သည်။ ဘီလူး သံပရာသီး
ကိုက်စားမိထားသည့်အတိုင်းပင်။
" ဒီသေရည်က ပြင်းတယ်။ အခုမှ စသောက်တဲ့သူဆို အဆင်မပြေဘူး။ ဒါပေမဲ့လည်း အခုမှ တကယ် အရွယ်ရောက်တဲ့ယောက်ျား ဖြစ်သွားတာပေါ့ကွ...ဟားဟားဟား"
" အရွယ်ရောက်တဲ့ယောက်ျားလား..."
ဧက ထိုစကားကို ခပ်တိုးတိုးဆိုကာ အဆုံးတွင် ပါးဖောင်းဖောင်းလေးနှစ်ဖက် အပေါ်တက်သည်အထိ သဘောကျစွာ ပြုံးသွားသည်။
ထိုအပြုံးကို မြင်သော် သုဒီပါဟာ ဗျူဟာအောင်မြင်သွားသည့် စစ်သူကြီးပမာ အားရကျေနပ်သွားသည်။
" တွေ့လား။ ဒီလိုရယ်လိုက်တော့လည်း ချစ်ဖို့ကောင်းတာပဲကို"
ဧက သေရည် ပထမဦးဆုံး သောက်ဖူးသော သူ့အဖြစ်သူ ပြန်စဉ်းစားပြီး ရယ်ချင်သဖြင့် မျက်နှာကလေး ပြုံးယောင်သမ်းနေသည်။
သူဟာ နဂိုပါးဖောင်းသူမို့ ပြုံးတုံးတုံးဖြစ်နေချိန်တွင် ပါးလေးနှစ်ဖက် အလိုလိုလုံးအိနေသည်။ ထိုပုံစံက တစ်စုံတစ်ကောင်ကို သတိရစေသည်။
" ရှဉ့်နဲ့တူတယ်"
သုဒီပါ၏ ဆိုင်းမဆင့်ဘုံမဆင့်အပြောကြောင့် ဧက,အူကြောင်ကြောင်ဖြစ်သွားသည်။
နောက်မှ သူ့ကိုပြောနေမှန်းသိသွားကာ
" မတူပါဘူး"
ဟု ပြန်ငြင်းသည်။ သုဒီပါက လက်မခံပါချေ။
" တူပါတယ်။ အစာစားရင် ပိုတောင်တူသေးတယ်"
ဧက မျက်မှောင်ကုတ်သွားသည်။
" မတူပါဘူး"
" တူတာပေါ့။ မှန်ထောင်ပြဖို့ လိုသေးလား"
ဧက မျက်မှောင်ကုတ်ကာ ခေါင်းခါပြသည်။ အနှီ ရှဉ့်ကိစ္စနှင့်တင် သူတို့ နှစ်ဦး ဆက်လက်ငြင်းခုန်ကြသည်။
ဆိတ်ငြိမ်သော ညတစ်ညဟာ လူတစ်ဦးနှင့်တစ်ဦးကို ရင်းနှီးခင်မင်သွားစေရန် လွယ်ကူစေခဲ့သည်နှင့်တူသည်။
********************************
ပျော်ပွဲရွှင်ပွဲပြီးဆုံး၍ နန်းဆောင်သို့ ပြန်ရောက်သည့် အချိန်ဟာ ညသန်းခေါင်သို့ပင် ရောက်လုနီးနီးဖြစ်သည်။
သို့သော်လည်း ယုဂန်နှင့် အရုဏမှာ မအိပ်ချင်နေဘဲ မနက်ခင်းအတိုင်းကို လန်းဆန်းတက်ကြွနေကြသည်။ သူတို့သည် တစ်နေ့တာ ပင်ပန်းခဲ့သမျှကို ရေချိုးသန့်စင်ပြီး ဆေးကြောလိုက်ကြ၏။
တစ်နေကုန် ဣန္ဒြေကြီးမြတ်သော ဘုရင့်အဝတ်အစားများကို ဝတ်ထားခဲ့ရသဖြင့် ပေါ့ပါးကာ သက်တောင့်သက်သာဖြစ်သော အဝတ်တို့ကို ပြောင်းလဲဝတ်ဆင်လိုက်ရချိန်တွင် အရုဏမှာ အတော်လေးစိတ်လက်ပေါ့ပါးသွားသည်။
သူဟာ ရံရွေတော်များ အလကားသက်သက်ခေါ်ရသည်ကို မနှစ်မြို့သည်ဖြစ်ရာ မိမိ၏လက်ဝတ်ရတနာများကို ကိုယ်တိုင်သာ ချွတ်ပြီး တင်းကျပ်စွာထုံးဖွဲ့ထားရသော သူ၏ဆံပင်ခွေခွေများကို ဖြည်လျှော့ချလိုက်သည်။
ထိုအချိန်တွင်
" မောင်..."
ဟူသော ချွဲသံအတန်ငယ်ပါသည့် အသံကလေးတစ်ခု သူ့အနောက်နားမှ ထွက်ပေါ်လာသည်။
အရုဏလှည့်ကြည့်လိုက်သောအခါ ယုဂန်ကို အံ့ဩဖွယ်ရာတွေ့လိုက်ရသည်။
စင်စစ် ယုဂန်ကို တွေ့ရခြင်းမှာ အံ့ဩဖွယ်ရာမဟုတ်သော်လည်း ယုဂန်ဝတ်ထားသော အင်္ကျီက အံ့ဩဖွယ်ရာ ဖြစ်နေခြင်းဖြစ်သည်။
ယုဂန်သည် မှန်ဇာပါးပါးလေးဖြင့် ချုပ်ထားသော အင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထား၏။
အင်္ကျီမှာ ပါးလွှာမှုကြောင့် ယုဂန်၏ရင်ဘတ်ပေါ်ရှိ စာသားကိုပါ အသေးစိတ်ဖောက်ထွင်းမြင်နေရပြီး အောက်ဘက်တွင်လည်း တိုလျသောအတွင်းခံကို သေသေချာချာ လှမ်းမြင်နေရသည်။
အရုဏ ပါးစပ်ဟရင်းနှင့်ပင် အသက်ရှူဖို့မေ့လျော့သွားမိသည်။
"ဒါ ဘယ်တုန်းကအင်္ကျီတုံး။ အတော် ဖောက်ထွင်းမြင်နေရတာပဲ"
ယုဂန်၏နားရွက်လေးနှစ်ဖက်နီရဲသွားသည်။
သူဟာ ရှက်ရွံ့နေဟန်ရှိသော်လည်း အရုဏအနားကို တစ်လှမ်းချင်းစီ လျှောက်လှမ်းလာသည်။
ယုဂန်အနားကိုရောက်လာသည်မို့ အရုဏ ခါးမှဆွဲ၍ ပွေ့ဖက်လိုက်သည်။
အရုဏက ထိုင်နေပြီး ယုဂန်က မတ်တပ်ရပ်နေသည်ဖြစ်ရာ အရုဏ၏မျက်နှာမှာ ယုဂန်၏ရင်ဘတ်နား၌ ကပ်လျက်ရှိသည်။
ယုဂန်က အရုဏ၏ပခုံးကို အသာကိုင်၍ဆိုသည်။
" မောင့်အတွက် ဝတ်ပြတာပါနော်။ မောင်ကြည့်ဖို့"
" ဒါမျိုးကို မောင်ပဲ ကြည့်ရမှာပေါ့။ တခြားဘယ်သူမှမြင်လို့ မဖြစ်ဘူးလေ"
ထိုစကားကြောင့် ယုဂန်ရယ်သည်။
မောင်က သူ့ကိုမော်ကြည့်နေရင်း နူးညံ့သောအသံဖြင့် ရေရွတ်လာသည်။
" လှတယ်"
ထိုသို့ဆိုရင်း အရုဏမတ်တပ်ရပ်လာ၏။ ထို့ကြောင့် သည်တစ်ခါမော်ကြည့်ရသူမှာ ယုဂန်ဖြစ်သွားလေသည်။
ယုဂန်သည် အရုဏ၏လည်ပင်းကို သူ၏လက်ကလေးများဖြင့် တွဲလွဲခိုရင်း အရုဏကြားနိုင်ရုံမျှ အသံကလေးဖြင့် ကလူ၏သို့ မြူ၏သို့ဆိုသည်။
" ဥတ္တရနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကို တစ်ခါလောက်ဖြစ်ဖြစ် ဆွဲဆောင်ကြည့်မလို့လေ"
" နေ့တိုင်း ဆွဲဆောင်နေတာပဲကို"
စကားဆုံးဆုံးချင်းပင် ယုဂန်ဟာ မောင့်၏နမ်းရှိုက်ခြင်းကို ခံယူလိုက်ရသည်။
သူတို့ဟာ အချင်းချင်းချစ်ခင်မြတ်နိုးစွာနမ်းရှုပ်ရင်း လျှာဖျားတို့ ရစ်ပတ်ထိတွေ့လာကြသည်။ အသက်ရှူရန် ခေတ္တရပ်တန့်လိုက်စဉ်တွင် ယုဂန်ဟာ ခြေဖျားထောက်၍ အရုဏ၏နားရွက်ဖျားနားသို့ တိုးကပ်ကာ
" ဒီည အရှင်မင်းကြီးဆီ ခ,စားပေးမယ်"
ဟု တိုးဖျလွန်းစွာဆိုသည်။ ထိုစကားကြောင့် အရုဏပြုံးသွားသည်။
" ပြီးမှ ရပ်ဖို့မစဉ်းစားနဲ့"
ရုတ်တရက် အရုဏ ယုဂန်ကို ချီမ,လိုက်သည်ဖြစ်ရာ ယုဂန်ဟာ လန့်ဖျပ်သွားပြီး သဘောကျနှစ်ခြိုက်စွာရယ်သည်။
ယုဂန်၏ခြေထောက်သွယ်သွယ်လေးနှစ်ဖက်က အရုဏ၏ခါးကို တွယ်ဖက်ပြီးဖြစ်၏။ အရုဏကမူ ယုဂန်ကို တင်ပါးမှတစ်ဆင့် မ,ချီထားသည်ဖြစ်ရာ အဆိုပါ တင်ပါးလုံးလုံးလေးများကို ဖျစ်ညှစ်ဖို့ရန်လည်း မမေ့လျော့နေပါချေ။
သူတို့ဟာ ထိုအတိုင်းထပ်မံပြီး နမ်းရှုပ်ကြ၏။ ဒီတစ်ခေါက်တွင်မူ အနမ်းများဟာ ပိုမိုကာပြင်းထန်လာပြီး ပိုပို၍လည်း မွတ်မွတ်သိပ်သိပ်ဖြစ်လာကြသည်။
အရုဏက သူ့ကို ထိုအတိုင်းချီလျက် နမ်းရှုပ်ရင်း ကုတင်ပေါ်သို့ ခေါ်ဆောင်သွားသည်။
ယုဂန်ကို ကုတင်ပေါ်တွင် လှဲလိုက်ကာ အရုဏက အပေါ်မှအုပ်မိုးပြီး အဆက်မပြတ်နမ်းရှုပ်သည်။ သူတို့၏လျှာဖျားများမှာ အချင်းချင်းတွယ်ငြိရင်း ပူနွေးစိုစွတ်နေကြ၏။
ရာဂမီးများက ပူလောင်လာသောအချိန်တွင် အရုဏဟာ မတုံ့ဆိုင်းနေတော့ဘဲ သူ၏အဝတ်များကို ချွတ်၍ ကြမ်းပြင်ပေါ်သို့ လွှတ်ပစ်လိုက်သည်။
ထိုအခါ သူ၏ မာကြောနေပြီဖြစ်သောရိုးတံဟာ ထင်းခနဲရှင်းခနဲပင် မြင်ကွင်းထဲ ပေါ်ပေါက်လာလေသည်။
" လိုချင်နေပြီလား အချစ်ကလေး"
သူ ရှတစွာဆို၍ ယုဂန်ဆီသို့ ပြန်လည်ငုံ့ဆင်းလာကာ ယုဂန်၏လှပသော ညှပ်ရိုးကလေးများကို ပါးလွှာသောအဝတ်ပေါ်မှတစ်ဆင့် သဲကြီးမဲကြီးနမ်းသည်။
ထိုအချိန်မှာတင် အရုဏဟာ သူ၏အရာကို ယုဂန်၏ပေါင်တံတစ်ဖက်က တမင်တကာ လာရောက်ထိတွေ့နေမှန်း ခံစားလိုက်ရသည်။
ယုဂန် တကယ့်ကို အဆိုးကလေးပင်။
" အွန်း...သူ့ရှင်က သေချာလေး ချစ်ပေးမှဖြစ်မှာပေါ့"
" သူ့ရှင်?"
အခေါ်အဝေါ်ကြောင့် အရုဏပြုံးလိုက်မိကာ တစ်ချိန်တည်းဆိုသလိုပင် ယုဂန်၏ရင်ဘတ်ပေါ်မှ အသီးလေးများကို အဝတ်ပေါ်မှတစ်ဆင့် ဆွဲကိုက်လိုက်သည်။
ထိုအပြုအမူကြောင့် ယုဂန်ဟာ "အ့"ခနဲဟူ၍ပင် အသံသေးသေးလေးထွက်မိသွား၏။
အရုဏကမူ ယုဂန်၏ဝမ်းဗိုက်ကို နမ်းရှိုက်နေရင်းနှင့်ပင် ယုဂန်၏ပေါင်တံလေးများကို ပွတ်သပ်၍ အလယ်ရှိနေရာကို ကျူးကျော်ရန် ပြင်ဆင်နေပြီဖြစ်သည်။
ယုဂန် မျက်နှာလေးရဲ၍ မပွင့်တပွင့်ပြောလိုက်မိသည်။
" ဘေးမှာ...ရှိတယ်...."
အရုဏ ယုဂန်၏စကားအတိုင်း ဘေးသို့ကြည့်လိုက်သော် ကုတင်ဘေးရှိ ခုံပုလေးပေါ်တွင် အသင့်ပြင်ဆင့်ထားသည့် ဆီဘူးကိုတွေ့လိုက်ရသည်။
အရုဏ ထိုဘူးကို လှမ်းယူရင်း ခပ်ဟဟရယ်လိုက်မိသည်။
" ဘယ်လောက်တောင် လိုချင်နေလို့ ကြိုပြင်ထားရတာလဲ"
ယုဂန် ယခုမှရှက်မိသဖြင့် သူ၏နီမြန်းနေသော မျက်နှာကို လက်ဖြင့်အုပ်သည်။
မောင်ကမူ သူ့ကိုစနောက်ရခြင်းအပေါ် ပျော်မွေ့နေဟန်ရှိပြီး ဆီဘူးကို အဖုံးဖွင့်ရင်း ယုဂန်၏ခြေထောက်လေးများကို ဖွင့်ဟရန်ကြိုးပမ်းနေသည်။
" မောင်လုပ်တာကို ခံချင်တယ်ပေါ့ ဟုတ်လား"
" မောင် မစနဲ့ကွာ"
ယုဂန် ရှက်ရှက်နှင့်ပင် ရန်တွေ့မိ၏။ မိမိဟာ လူပျိုမဟုတ်တော့သည်မှာ ကြာပြီဖြစ်သော်လည်း အကြာကြီးနေမှ ပြန်လည် လုပ်ရသောကြောင့်နှင့်တူသည်။ သူဟာ ရှက်နေပြီး မျက်နှာကြီးတစ်ခုလုံးလည်း ပူထူနေသည်ဟုခံစားရသည်။
ထိုသို့ မျက်နှာကသာ ပူနေသော်လည်း အောက်ပိုင်းကမူ လောင်းချလိုက်သော ပျစ်ချွဲသည့်အရည်များကြောင့် အေးစိမ့်သွားရသည်။
တစ်ဆက်တည်းပင် ယုဂန်ဟာ သူ၏ခြေထောက်များကြားမှ တွင်းပေါက်နေရာတွင်း ထိတွေ့လာသော လက်ချောင်းများကို ခံစားလာရသည်။
ယုဂန် စိတ်လှုပ်ရှားစွာဖြင့် ခြေချောင်းလေးများကို ကုပ်လိုက်မိသည်။
" လုပ်တာခံချင်နေတာ ဟုတ်တာပဲကို"
မောင်က ရယ်ကျဲကျဲဖြင့်ဆိုရင်း အဝငယ်ထဲသို့ သူ၏လက်ချောင်းများကို တစ်ချောင်းစီ ထည့်သွင်းလာခဲ့သည်။
ယုဂန် ပင့်သက်ရှိုက်လိုက်မိ၏။ မောင့်၏လက်ချောင်းများက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်အသွင်းအထုတ်ပြုကာ နေရာချဲ့ထွင်နေသည်။
" ဒီခန္ဓာကိုယ်က အသစ်ကလေးဆိုတော့ တင်းကျပ်နေတုန်းပဲ"
လက်ချောင်းတို့က ရမ္မက်များစုံရာနေရာကို ထိတွေ့လိုက်လျှင် ယုဂန်ဟာ ခန္ဓာကိုယ်လေးပင် တစ်ချက်တုန်တက်သွားရသည်။
မောင်က သူ့ကို လှုံ့ဆော်နေရင်းနှင့်ပင် သူ၏ရင်ဘတ်များကို ထပ်မံနမ်းရှုပ်လာခဲ့သည်။ ထိုသို့ နမ်းရှုပ်နေရင်းနှင့်လည်း ယုဂန်၏ နီမြန်းနေသော မျက်နှာကလေးကို ငေးစိုက်ကြည့်ကာ
" ဒီိလိုလုပ်ရင် ကောင်းလား"
ဟု ခပ်ရှရှအသံဖြင့်မေးသည်။ ယုဂန် တော်ရုံနှင့်ပြန်မဖြေသော် သူဟာ မျက်မှောင်ကုတ်သွားပြီး သူ၏လက်ချောင်းများ လှုပ်ရှားမှုကို ပိုမြန်လာသည်။
" ကောင်းလားလို့"
" အင်း...မောင်"
ပြန်ဖြေမှ ကျေနပ်သွားဟန်ဖြင့် သူ၏လက်ချောင်းများကို ဆွဲထုတ်သွားသည်။
ထို့နောက်တွင် အရုဏက ယုဂန်ကို ကျောမှဖက်၍ ဆွဲထူလိုက်ရာ ယုဂန်ဟာ အရုဏ၏ပေါင်ပေါ် မျက်နှာချင်းဆိုင် ထိုင်မိရက်သားဖြစ်သွားသည်။
မောင်က သူ့၏နှုတ်ခမ်းလွှာတို့ကို မက်မောစွာနမ်း၏။ ယုဂန်ကမူ သူ၏တင်ပါးအောက်၌ ပွတ်သပ်နေသာ ရိုးတံ၏တင်းမာမှုကိုသာ ပြက်ပြက်ထင်ထင်ခံစားနေရသည်။
ဒီည သူ့ဘက်ကအရင်ခစားပေးမည်ဟု ဆိုထားသဖြင့် အစအဆုံး သူပြုစုသင့်သည်ဟု ယုဂန်တွေးတောမိလိုက်သည်။
သို့ပါ၍ ထိုအတွေးနှင့်အတူ သူဟာ အရုဏကို အနောက်သို့ လဲကျအောင် ဖိကျပစ်လိုက်သည်။ ထိုအခါ သူသည် လှဲနေသော အရုဏအပေါ်၌ ထိုင်ရက်သားဖြစ်သွား၏။
မမျှော်လင့်ထားသော အပြုအမူကြောင့် အရုဏ အံ့ဩသွားသည်ကို တွေ့လိုက်ရသည်။
ယုဂန် အရုဏကို ငုံ့နမ်းကာ ပူနွေးမောဟိုက်သောအသံကလေးဖြင့်ဆိုလာသည်။
" ဒီညတော့ ကျွန်တော်ပြုစုပေးမယ်"
ပြောပြောဆိုဆိုနှင့် ယုဂန်သည် အရုဏ၏ထောင်မတ်နေသော အင်္ဂါကိုဆုပ်ကိုင်လိုက်၏။ ထို့နောက် သူ၏အဝနှင့် တေ့ကာ ဖြည်းဖြည်းချင်းထိုင်ချသည်။
" အာ့...မောင်"
သူ၏ ညည်းညူသံသေးသေးကလေးက အရုဏကို ရူးသွပ်သွားစေရန် လုံလောက်နေပြီဖြစ်သည်။
သူတို့ဟာ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးကြသည်ဖြစ်သော်လည်း ဤအနေအထားနှင့်မူ ပထမဆုံးအကြိမ်ဖြစ်သည်။
ယုဂန်က ပင်ပန်းသည်ဟုဆိုပြီး တစ်ခါမှ အပေါ်ကမနေချေ။ ထို့ကြောင့် ယနေ့ညဟာ အတော်လေးထူးထူးခြားခြားဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ယုဂန်က အပေါ်မှနေရင်း သူ၏ရိုးတံကို အတွင်းထဲထည့်ကာ အသာလေးလှုပ်ရှားလာသည်။
ကောင်းမွန်သောခံစားချက်များကြောင့် အရုဏ အသက်ပြင်းပြင်းရှူရှိုက်လိုက်မိသည်။
"ဖြည်းဖြည်းချင်းလှုပ် ကလေးလေး။ နာမယ်"
ယုဂန်ဟာ ဘာမှပြန်မပြောနိုင်ဘဲ သူအကောင်းဆုံးပြုစုပေးနိုင်ရန်ကိုသာ စိတ်ထဲထည့်သွင်းထားသည်။
သူ၏အဝငယ်အတွင်း ရိုးတံဟာ တစ်ဝက် ဝင်ချည် တစ်ဝက်ထွက်ချည်ဖြစ်နေပြီး အရုဏနေရာမှ မြင်ရသော ယုဂန်၏မြင်ကွင်းဟာလည်း အလွန်တရာကို ဆွဲဆောင်မှုပြင်းထန်စွာ လှရက်လွန်းနေသည်။
အရုဏ ညည်းလိုက်မိသည့်တစ်ဆက်တည်းပင် ဖွင့်ဟရေရွတ်လိုက်မိသည်။
" အချစ် သိပ်လှတာပဲ"
ယုဂန် ပြုံးသွား၏။
အရုဏ မနေနိုင်တော့သည်ဖြစ်ရာ တစ်ဝက်ထ,ထိုင်ပြီး
ယုဂန်ကို သိမ်ကျုံးပွေ့ဖက် နမ်းရှုပ်လိုက်မိတော့သည်။
" ချစ်တယ်"
သူ အနမ်းများကြားမှ တိုးညင်းစွာရေရွတ်သည်။
သူ၏ရိုးတံဟာတော့ ယုဂန်၏ကိုယ်ထဲ ဆက်တိုက်တိုးဝင်နေစမြဲဖြစ်၏။
ရမ္မက်အငွေ့အသက်များက သူတို့နှစ်ဦး၏အင်္ဂါများထဲသို့ မျှတူပျံ့နှံ့စီးဝင်နေသည်။ ထိုကြောင့် နှစ်ဦးစလုံးဟာ အသက်ကို ပြင်းပြင်းမရှူဘဲ၊ ပင့်သက်မရှိုက်ဘဲ မနေနိုင်ကြပါချေ။
အရုဏဟာ ယုဂန်ကို အသာမယာပင့်မလိုက်၏။ သူက ထ်ိုအတိုင်းပင် ယုဂန်၏ကိုယ်ထဲသို့ ပိုမိုပြီးတိုးဝင့်နိုင်အောင် ဆောင့်ချက်မျာကို ပြင်းလိုက်မိသည်။
" ချစ်တယ် မောင့်ကလေးလေး"
ယုဂန်ဟာ သူ၏လည်ပင်းကို အားကိုးတကြီးပွေ့ဖက်လာသည်။ မြန်ဆန်လာသော တိုးဝင်မှုများကြောင့် ယုဂန်၏ကိုယ်လေးဟာ လှုပ်ယမ်းနေပြီး ထိုကြားမှပင် သူမောဟိုက်စွာဆိုလာသည်။
" ကျွန်တော်ရောပဲ ချစ်တယ်"
အရုဏ ယုဂန်ကို အောက်သို့ချလိုက်ကာ ယုဂန်၏ခြေထောက်လေးနှစ်ဖက်ကို သူ၏ပခုံးပေါ်သို့ တင်လိုက်သည်။
ယခုအချိန်တွင် သူဟာ ယုဂန်ကလွဲပြီး မည်သည့်အရာကိုမှ အတွေးထဲမရှိတော့ပါချေ။
သူ ယုဂန်၏အတွင်းထဲကိုသာ ပိုပိုကျုးကျော်ဝင်ရောက်မိသည်။
သူနှစ်ဦးအတွက် ထိုညတာဟာ အလွန်အမင်းရှည်လျားခဲ့သည်ပင်။
********************************
လေပြည်အေးသည် သော့၍ သော့၍ အပြေးနှင်နေလေ၏။
သစ်ရွက်များ တရှဲရှဲမြည်အောင် လှုပ်ခါသွားသောအခါတွင် အညှာမခိုင်သော သစ်ရွက်အချို့ မြေပြင်ပေါ်သို့ ဝေ့ကာဝိုက်ကာ ပျံဝဲကျလာလေသည်။
သစ်ရွက်တို့သည် အုတ်ဂူတစ်ခုပေါ်သို့ တင်၍သွား၏။
သို့ရာတွင် ကြာကြာမခံလိုက်ပါဘဲ သစ်ရွက်ဟာ လက်တစ်ဖက်၏ဖယ်ရှားခြင်းကို ခံယူလိုက်ရသည်။
မဏိဟာ အုတ်ဂူပေါ်တင်ကျန်နေသော သစ်ရွက်တို့ကို တစ်ရွက်ဆီ ဖယ်ရှားလိုက်သည်။
အုတ်ဂူထက်တွင် "မင်းယောဇာ" ဟုရေးထားသော စာတန်းငယ်က ငြိမ်သက်စွာ တည်ရှိနေ၏။
မင်းယောဇာ ဆုံးပါးပြီးနောက်တွင် မဏိသည် အရုဏကို မေတ္တာရပ်ခံကာ သူ၏ညီတော်အလောင်းကို ဥတ္တရသို့ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် နန်းတော်၏အနောက်ဘက်ဆုံး နန်းဆောင်မရှိ လူသူကင်းမဲ့သည့်နေရာတွင် အရုဏ၏ခွင့်ပြုချက်နှင့်အတူ အုတ်ဂူသွင်း၍ မြေမြှုပ်ခဲ့သည်။
သူ၏ညီတော်မင်းယောဇာဟာ အတိတ်ဘဝမှ မင်းယောဇာ၏ခြယ်လှယ်ထိန်းချုပ်မှုကြောင့် မကောင်းသောအရာများကို ဆိုးဝါးစွာပြုလုပ်ခဲ့သည်။
သို့သော်လည်း သူ၏နှလုံးသားအနက်ရှိုင်းဆုံး အတွင်းဘက်တွင်မူ ဥတ္တရအပေါ် သံယောဇဉ်နှင့် မိသားစုအပေါ် ခံစားချက်တို့ တည်ရှိနေဦးမည်ဟု မဏိယုံကြည်ထားချင်သည်။
မည်သို့ပင်ဆိုစေကာမူ မင်းယောဇာဟာ အတိတ်ဘဝ၏စိတ်ညှို့ခြင်းကို ခံစားခဲ့ရသူမဟုတ်ပါလား။
မွေးကတည်းက သတ်ပစ်ရန် အမိန့်ချခံခဲ့ရသည့် သူ၏ညီတော်။ ခွဲခြားခံခဲ့ရသည့် သူ၏ညီတော်။ ချစ်သူနှင့် မတရားစွာ ကွဲကွာခဲ့ရသော သူ၏ညီတော်။
သူ့အတွက်တော့ မင်းယောဇာဟာ ကံဆိုးခဲ့ရသည့် ကလေးငယ်တစ်ဦးပါပင်။
အနည်းဆုံးတော့ ယောဇာဟာ ဟီရနန်းတော်တွင်းမှာပင် သူ၏ခန္ဓာကို မြေချခွင့်ရသင့်သည်။ နောက်ဆုံးတော့ ကံကြမ္မာဆိုးဝါးခဲ့ရသည့် သူ၏ညီတော်ဟာ အေးချမ်းရာကို ရောက်ရှိလေပြီဟု သူယုံကြည်ထားချင်သည်။
" နောင်ဘဝကျရင်တော့ အေးချမ်းတဲ့ဘဝကို သူရနိုင်လောက်တယ်မဟုတ်လား"
မဏိ၏ ခပ်လှမ်းလှမ်းနေရာ၌ မတ်တပ်ရပ်နေသော ဒေါဏနှင့် ဘဒ္ဒါကို သူ,မဝံ့ရဲစွာလှမ်းမေးမိသည်။
တစ်ချိန်တည်းတွင် သူ၏ရင်ထဲစူးနင့်သွား၏။ "မင်းယောဇာ" ဟုရေးထားသော နာမည်ပြားကို သူ,ဖြည်းညင်းစွာ ထိတွေ့လိုက်သည်။
" ချစ်တဲ့သူနဲ့လည်း ပေါင်းသင်းရပြီး အမြဲတမ်းပြုံးပျော်ရွှင်ရတဲ့ လူတစ်ယောက်ဖြစ်လောက်မှာပါနော်"
ဘဒ္ဒါ အုတ်ဂူအနားသို့ လျှောက်လှမ်းလာသည်။ သူမဟာလည်း မဏိနည်းတူ အုတ်ဂူကို ဖျော့တော့မှိုင်းရီစွာ ငေးကြည့်ရင်း
"သေချာပါတယ် အစ်ကိုတော်။ နောင်ဘဝတွေမှာ သူက လူကောင်းတစ်ယောက်ဖြစ်နေပြီး သူ့ဘဝကိုအကောင်းဆုံးရှင်သန်သွားနိုင်မှာပါ"
ဟု တိုးညင်းနူးညံ့စွာဆိုသည်။
မဏိနှင့် ဘဒ္ဒါတို့သည် အချင်းချင်းကြည့်လိုက်မိကြ၏။ ထုတ်မပြောကြသော်လည်း သူတို့နှစ်ဦး၏ ခံစားချက်မှာမှာ ထပ်တူညီသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။
မဏိဟာ ညီတော်ကို ဆုံးရှုံးရပြီး ဘဒ္ဒါဟာ အစ်ကိုတော်ကို ဆုံးရှုံးရသည်။
သူတို့တွင် မရေတွက်နိုင်သော အမှတ်တရများရှိခဲ့ကြသည်။ ရင်းနှီးမှုများ သံယောဇဉ်ကြီးခဲ့ကြ၏။
မိမိ၏အနီးစပ်ဆုံးလူတစ်ဦး မရှိတော့ခြင်းက အပေါက်ပြန်ဖာမရတော့သော လစ်ဟာမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ မည်သူဘာပြောပြော ယောဇာဟာ သူတို့အတွက်မူ ညီအစ်ကိုကောင်းတစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား။
" အစ်ကိုတော်"
တည်ကြည်သော အသံတစ်ခုကြောင့် မဏိနှင့် ဘဒ္ဒါတို့ ပြိုင်တူလှည့်ကြည့်မိကြသည်။
ထိုတွင် အရုဏကို တွေ့လိုက်ရ၏။
အရုဏဟာ ရှင်ဘုရင်အဝတ်အစား ဆင်ယင်ထားသော်လည်း မှူးမတ်ရံရွေတော်လိုက်ပါဟန် မရှိဘဲ တစ်ဦးတည်းသာဖြစ်လေသည်။ သူဟာ ယခုထက်တိုင် ဘုရင်၏အဆောင်အယောင်နှင့် အသားမကျသေးခြင်းဖြစ်နိုင်သည်။ သို့မဟုတ် လွတ်လပ်စွာသွားလာလိုသောကြောင့်လည်း သွားလေရာ ခြွေရံသင်းပင်းမခေါ်ခြင်းလည်း ဖြစ်နိုင်သည်။
" အရုဏ...အာ....ခုဆို မင်းကြီးအရုဏလို့ ခေါ်ရတော့မှာပဲ"
မဏိစကားကြောင့် အရုဏ ပြုံးသည်ဆိုရုံလေးပြုံးကာ
" အရုဏလို့ပဲခေါ်ပါ"
ဟုဆိုသည်။
သူက မဏိနှင့်ဘဒ္ဒါအနားသို့လျှောက်လာပြီး အုတ်ဂူကို တစ်ချက်ကြည့်ပြီးမှ စကားဆက်ပြောသည်။
" အစ်ကိုတော်နဲ့ ဒေါဏတို့ သွားကြတော့မယ်လို့ ကြားပါတယ်"
ဒေါဏက မဏိ၏ဘေးတွင်ဝင်ရပ်သည်။ မဏိ ဒေါဏဘက်ကို တစ်ချပ်လှည့်ကြည့်ပြီးနောက် ဒေါဏ၏လက်ကို ဆုပ်ကိုင်သည်။
" ဟုတ်တယ် အရုဏ။ ငါတို့နှစ်ယောက် ဘယ်သူမှမသိတဲ့ ရွာဇနပုဒ်လေးဆီ ထွက်သွားကြတော့မယ်။ ပြီးရင် တို့နှစ်ယောက်တည်း လူမသိ သူမသိနေကြမယ်"
" အစ်ကိုတော့်မယ်တော်ရော ဒီကိစ္စကိုသိပြီးပါပြီလား"
" ပြောတော့ပြောထားပေမဲ့ မယ်တော်က တို့တွေကို အတွေ့မခံဘူး။ မင်းယောဇာ ဆုံးသွားတာရော၊ မင်း ဘုရင်ဖြစ်သွားတာရော အရာအားလုံးကြောင့် သူလက်မခံနိုင်ဖြစ်ပြီး တစ်ယောက်တည်း တံခါးပိတ်နေနေတယ်။ ဘဒ္ဒါတစ်ယောက်နဲ့ပဲ အတွေ့ခံတယ်"
အရုဏ၏အာရုံထဲတွင် အမြဲတစေ လွဲမှားသော မာနတရားဖြင့် ခေါင်းမော်ကာ စူးရဲလွန်းနေခဲ့သည့် မိဖုရားမေသီရိဒေဝီကို သတိရမိသည်။
သူ့ငယ်စဉ်အခါက သူ့ကို ရန်ငြိုးဖြင့်နှိပ်စက်ခဲ့သော၊ ညှဉ်းပန်းခဲ့သော၊ သူ့အား ဖျက်ဆီးချင်နေခဲ့သော မိဖုရားမေသီရိဒေဝီ။
အရုဏ အရှင်ဘုရင်ဖြစ်လာခြင်းက မိဖုရားမေသီရိအတွက် အကြီးမားဆုံး ထိုးနှက်မှုဖြစ်မည်မှာ အသေအချာပင်။
အရုဏအတွက်မူ သူမအကြောင်းက ခေါင်းထဲလုံးလုံးမရှိနေပါချေ။ အသက်၆၀ နီးနီးရှိပြီးဖြစ်သော အမျိုးသမီးအိုတစ်ဦးနှင့် မာနချင်းပြိုင်ရင်း ထိုးနှက်ရန်လိုရန် သူမည်သည့်နည်းနှင့်မျှ အစီအစဉ်မရှိပေ။
ပြောရပါက မိဖုရားမေသီရိဒေဝီဟာ သူ့အတွက် ဘယ်သောအခါမှ မရှိခဲ့ဖူးသည့် လူတစ်ယောက်လိုပါပင်။
" ဘဒ္ဒါရော အဆင်ပြေရဲ့လား"
အရုဏ မေးသောအခါ ဘဒ္ဒါ သိမ်မွေ့စွာပြုံးသည်။
"အစ်ကိုတော်နဲ့ ရုတ်ချည်းခွဲရတော့မယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ ဒါပေမဲ့ ဒီလို သာမန်လူဘဝနဲ့နေရဖို့က အစ်ကိုတော်မဏိရဲ့ အိပ်မက်ပဲလေ။ ကျွန်ုပ် အစ်ကိုတော့်အတွက် ဝမ်းသာမိပါတယ်"
အရုဏ ခေါင်းညိတ်၍ မဏိကိုကြည့်သည်။
" နန်းတော်ကို ပြန်မလာတော့ဘူးလား"
မဏိ ခပ်သဲ့သဲ့ရယ်လျက် ခေါင်းကိုအသာခါရမ်းသည်။
" ဟင့်အင်း...နန်းရေးကိစ္စတွေတော်ပါပြီ။ ငါရော ဒေါဏရော ငါတို့ဘဝတစ်လျှောက်လုံး အတ္တတွေ၊ မာနတွေ၊ ပြိုင်ဆိုင်မှုတွေ၊ သွေးကြွေးတွေနဲ့ပဲ ပြည့်နှက်နေခဲ့ရတယ်။ အဲ့တာတွေကို မေ့ပစ်လိုက်ချင်ပြီ"
စကားအဆုံးတွင် မဏိသည် ဒေါဏကို လှည့်ကြည့်၏။ သူ့ကို ပြန်လည်ငေးကြည့်နေသော ဒေါဏ၏မျက်ဝန်းများက အရည်လဲ့တောက်ပကာ အားကိုးမှုများနှင့် ပြည့်နှက်နေသည်။
မဏိအနေနှင့် ထိုမျက်ဝန်းကလေး အရောင်ပြန်မမှိန်သွားအောင် ကြိုးစားချင်သည်။ ဒေါဏနှင့်သူ သာမန်ဆန်သော
အိမ်ထောင်တစ်ခုကို ငြိမ်းချမ်းစွာ ပိုင်ဆိုင်သွားချင်သည်။ သူ ပျော်ရွှင်စွာနေမည်။ သူအလိုချင်ခဲ့ဆုံးသောဘဝကို သူတည်ဆောက်သွားချင်သည်။ သေချာပေါက် ဒေါဏနှင့်အတူ သူနေထိုင်သွားချင်သည်။
" ဒါပေမဲ့ ပွဲအခမ်းအနားရှိခဲ့ရင်တော့ မောင်နှမတွေနဲ့ပြန်ဆုံဖို့ ပြန်လာခဲ့ပါမယ်"
" ဟီရနန်းတော်က အစ်ကိုတော့်ကို အမြဲတမ်း ကြိုဆိုနေမှာပါ"
မဏိ ကျေနပ်စွာပြုံးကာ ဒေါဏကိုတစ်ဖက်၊ ဘဒ္ဒါကိုတစ်ဖက် ပခုံးဖက်လိုက်သည်။
" တို့နှစ်ယောက်လည်း မမှောင်ခင် အားလုံးကိုနှုတ်ဆက်ပြီး သွားရမှာပေါ့"
ဒေါဏ ဝင်းပစွာပြုံး၍ ခေါင်းညိတ်ပြသည်။
*****************************
ညီလာခံသဘင်....
ရွှေရေးချ ကနုတ်ဖော်တိုင်လုံးကြီးများ အစီအရီသွယ်တန်းနေကာ ရွှေခက်သွန်းဆီမီးတိုင်များ၊ အဆင့်အတန်းမြင့်သော ကော်ဇော်ကြီးများနှင့် ခမ်းနားတင့်တယ်သော အဆောင်အယောင်များ ပြည့်စုံရာ ထည်ဝါသည့် မြေနန်းပြသာဒ်တွင် နန်းတက်စရှင်ဘုရင်၏ ပထမဆုံးညီလာခံသဘင်ကို ကျင်းပခဲ့လေသည်။
နန်းဆောင်၏ ထိပ်ဆုံးရှိ သီဟာသနပလ္လင်ထက်ဝယ် မင်းကြီးအရုဏဟာ ဖွဲ့ခွေထိုင်၍ သူ၏ရှေ့ရှိ မှူးကြီးမတ်ရာအထွေထွေကို တည်ကြည်စွာ ကြည့်ရှုနေသည်။
မင်းကြီးအရုဏ၏လက်ထဲတွင် မင်းမြောက်တန်ဆာဖြစ်သော ရွှေသန်လျက်အား စွဲကိုင်ထား၏။
မင်းကြီး၏ကြင်ရာတော်အဖြစ် အမတ်ရာထူးကို စွန့်လွှတ်လိုက်ရသော ယုဂန်မှာမူ တစ်ဖက်တစ်ချက်ရှိ ရွှေကန့်လန့်ကာနောက်တွင် ထိုင်၍ ညီလာခံကို စနည်းနာလျက်ရှိသည်။
လက်ဝဲအမတ်ရာထူးကို စွန့်လွှတ်ခဲ့ရသည့်တိုင် ယုဂန်ဟာ ဘုရင့်ကြင်ရာတော်အနေဖြင့် ဒုတိယအကြီးဆုံးသော အာဏာကို ရယူနိုင်ထားသည်သာဖြစ်သည်။
သို့ပါ၍ အရုဏနှင့်သူဟာ တိုင်းပြည်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်အချို့ကို အတူတကွချမှတ်ပြီးဖြစ်သည်။ ယနေ့တွင် အဆိုပါဆုံးဖြတ်ချက်များထဲမှ တစ်ခုကို လက်တွေ့အကောင်အထည် ဖော်ဆောင်မည်ဖြစ်၏။
ထိုအတွက် အရုဏသည် ဩဇာအရှိန်အဝါ ပြည့်ဝသောအသံဖြင့် ပြတ်သားစွာ အမိန့်ချမှတ်လာသည်။
" မင်းသားပီယံမိတ်ဟာ ဉာဏ်ပညာကြီးမားသူတစ်ဦးဖြစ်သည့်အပြင် ကျိုးကြောင်းဆင်ခြင်နိုင်ခြင်း၊ အမျှော်အမြင်ရှိခြင်း၊ နှလုံးရည်ပြည့်ဝခြင်း၊ ကြောင်းကျိုးသင့်တင့်ခြင်း၊ တရားမျှတခြင်း စသည်တို့ပြည့်ဝသူတစ်ဦးဖြစ်တယ်။ ယခင် လွန်ပြီးသော ခေမာဘုရင်၏ သတ္တမသားတော်ဖြစ်သည့်အပြင် ကျွန်ုပ်ရဲ့ ယုံကြည်ရသောညီတော်တစ်ဦးအဖြစ် ရာဇသွေး တော်ဝင်သွေးစစ်စစ် စီးဆင်းဆနသူတစ်ဦးလည်းဖြစ်တယ်။
တိုင်းပြည်ရဲ့အနာဂတ်ကို ကြည့်ရှုပြီး၊ ဥတ္တရရဲ့စည်ပင်သာယာဝပြောမှု ဖြစ်စေခြင်းအလို့ငှါ မင်းသားပီယံမိတ်ကို ဥတ္တရနိုင်ငံ၏ အိမ်ရှေ့စံမင်းသားအဖြစ် ယနေ့ကစပြီး သတ်မှတ်စေ"
အမိန့်သံဟာ နန်းဆောင်၏တိုင်လုံးများကို ထိ၍ ပဲ့ထင်သံလှုပ်ခါသွား၏။
အိမ်ရှေ့စံရာထူးဟာ အရေးကြီးသောရာထူးတစ်ခုဖြစ်သော်လည်း ထိုရာထူးကို မင်းသားပီယံ့အား အပ်နှင်းခြင်းအပေါ် မည်သူမှ ကန့်ကွက်လိုခြင်းမရှိပါချေ။
မင်းသားပီယံသည် စင်စစ် အဆိုပါရာထူးနှင့် ထိုက်တန်သူမှန်း လူတိုင်းလက်ခံကြသူဖြစ်၏။
ထို့ကြောင့် မှူးမတ်များထံမှ
" သင့်လျော်ညီညွတ်လှပါတယ် ဘုရား"
ဟူသောအသံများသာ တညီတညွတ်တည်းထွက်ပေါ်လာခဲ့သည်။
ထိုအချိန်မှစ၍ မင်းသားပီယံမိတ်ဟာ အိမ်ရှေ့စံပီယံမိတ်အဖြစ်သို့ ပြောင်းလဲအမည်တွင်သွားခဲ့လေပြီ။
***************************
" ဒီအတောအတွင်း အရှင့်သားလုပ်ပေးခဲ့တာတွေကသိပ်ကိုကျေးဇူးကြီးမားလှပါတယ်။ ဒီကျေးဇူးကို အကုန်ဆပ်ဖို့မဖြစ်နိုင်လောက်ပေမဲ့ ကျွန်တော်တို့ဘက်က ရသလောက်လေးကျေးဇူးဆပ်တဲ့အနေနဲ့ ဒီရတနာတွေကို အရှင့်သားအတွက် လက်ဆောင်ပေးလိုက်ချင်ပါတယ်"
ယုဂန်၏စကားအဆုံးတွင် နဂါးမင်းသားအဏ္ဏ၏မျက်လုံးများမှာ ဓာတ်လုံးရှင်ကြီးထွန်းလိုက်သည့်ပမာ တလက်လက် တောက်ပသွားလေသည်။
လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်၊ သူ အရှေ့တောင်နဂါးမင်းသားအဖြစ် စည်းစိမ်ရှိစဉ်အခါက ရွှေ၊ငွေ၊ စိန်ကျောက် မည်သည့်အရာကိုမှ ခေါင်းထဲမရှိနေဘဲ ရေသုံးသလို ဗုန်းဗလောသုံးစွဲခဲ့သည်ဖြစ်သည်။
သို့သော်လည်း "ငွေတန်ဖိုး မရှိကာမှ သိ" ဆိုသည့်အတိုင်း အနှစ်တစ်ထောင်လုံးလုံးမှာတော့ ပြာတောင်ကြီးလို မွဲပြာကျသောကြောင့် ငါးရောင်းကာ ဘဝသမားလေးအဖြစ် ဖြတ်သန်းခဲ့ရသည်။
ထိုမှ ရရှိလာသည့် အသိတရားမှာမူ ငွေကို ရနိုင်သလောက်များများ စုဆောင်းထားဖို့ပင်။ သို့ပါ၍ မင်းကြီးအရုဏနှင့် ယုဂန်နိုင်၏ လက်ဆောင်များဖြစ်သော ရွှေတုံးများ မိမိမျက်စိရှေ့ရောက်လာသောအခါတွင် အဏ္ဏမှာ ဟန်တောင်မဆောင်နိုင်ဘဲ မျက်နှာကြီးတစ်ခုလုံး ပြုံးဖြီးနေလေပြီ။
သူဟာ အပျိုတော်များသယ်လာသော ရွှေဗန်းပေါ်မှ ရွှေတုံးများကို ချစ်ခင်မြတ်နိုးမှုများစွာဖြင့် ကြည့်သည်။ ထိုပမာဏနှင့်ဆိုလျှင် သူ ခြံကျယ်ကျယ်ပါသော အိမ်ကြီးအိမ်ကောင်းတစ်လုံးတောင် ဝယ်လို့ရနေလောက်ပြီ။
" ဟဲဟဲ....အချင်းချင်း ဒီစကားတွေပြောနေစရာတောင် မလိုတော့ပါဘူး။ ဒါပေမဲ့ ဒါတွေက သိပ်ကိုတန်ဖိုးကြီးမယ့်ပုံတွေပဲနော်။ အရမ်းသဘောကျတယ်။ စိတ်တိုင်းကျတယ်"
" သဘောကျလို့ တော်ပါသေးတယ်"
ဆက်ဆံရေးပြေပြစ်သော ယုဂန်က ပြုံး၍ဆို၏။
ယခုအချိန်တွင်သူတို့ဟာ ပန်းခြံဘက်လေသာဆောင်တွင် လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုနေကြခြင်းဖြစ်လေရာ အဏ္ဏနှင့်ယုဂန်သာမက အရုဏနှင့် ပီယံပါ အတူတကွရှိနေကြခြင်းဖြစ်သည်။
ပီယံက လက်ဖက်ရည်ကိုအရသာခံသောက်ရင်း
" အရှင့်သားက အခု နတ်ပြည်မှာနေမှာပါလား"
ဟု စကားဆက်စပ်သည့်အနေနှင့် မေးသည်။ ထိုအခါ အဏ္ဏခေါင်းခါပြသည်။
"ဟင့်အင်း။ ငါ တာဝန်ကျတဲ့နေရာကို ပြောင်းရမယ်။ နေရာသစ်မှာ စိတ်သစ်၊ လူသစ်၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဘဝကြီးကို အီလေးဆွဲပြီးနေလို့လည်း ကောင်းတာတစ်ခုခုဖြစ်လာမှာ မဟုတ်ဘူးလေ။ အလုပ်လေးရှိတော့လည်း မပျင်းရဘူးပေါ့"
" အလုပ်ရှိတော့ အချိန်ကုန်လို့ကုန်မှန်း မသိတာ အမှန်ပါပဲ"
ပီယံ စကားထောက်ပေးသည်။
အဏ္ဏမှာမူ ရွှေတုံးများကြောင့် စိတ်အခြေအနေကောင်းမွန်ပြီး တက်ကြွနေသည်ဖြစ်ရာ မုန့်သရေစာများကို သုံးဆောင်ရင်း
" ဒါနဲ့ အရှင်မင်းကြီးက တကယ်ကို ဘုရင်ဖြစ်ဖို့မွေးဖွားလာတဲ့သူပဲ။ ဒီနေရာနဲ့ လုံးဝလိုက်ဖက်တယ်"
ဟု အာပေါင်အာရင်းသန်သန်ဆိုလာသည်။ တစ်ဆက်တည်းပင်
" ပြီးတော့ အရှင့်သားပီယံ....အခု အိမ်ရှေ့စံပီယံမိတ်ပေါ့လေ...ဝါး...ဒီနေရာနဲ့ ကွက်တိပဲ...ကွက်တိ...."
ဟု လက်မောင်းပါတန်း၍ပြောသည်။
အဆိုပါ ချီးကျုးစကားကြောင့် ပီယံ နှိမ့်ချဟန်ဖြင့်ပြုံးသည်။
" ကျေးဇူးတင်ပါတယ်"
အဏ္ဏက မျက်နှာကိုရှုံ့၍လက်ခါပြသည်။
" ကျေးဇူးတင်စရာမလိုဘူး။ ကိုယ့်အရည်အချင်းတွေ၊ ကိုယ့်လုပ်ဆောင်ချက်တွေကြောင့် ဒီနေရာကို ရောက်လာခဲ့တာပါပဲ။ ကျွန်ုပ်ဘဝမှာ အလေးစားရဆုံးသူတွေထဲ သင်တို့သုံးယောက်စလုံးပါဝင်တယ်။ ဒီတွေ့ဆုံမှုကို ကျွန်ုပ်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"
" ကျွန်တော်ရောပါပဲ"
ယုဂန်ဟာ သူ၏ယုန်သွားလေးပေါ်မတတ် ပြုံး၍ဆိုသည်။
အဏ္ဏ ယုဂန်မှတစ်ဆင့် အရုဏဘက်အကြည့်ရောက်သွားသည်။ ထိုအခါ အရုဏဟာ တည်ကြည်လေးနက်သောအနေအထားဖြင့် ခေါင်းတစ်ချက်ညွှတ်ပြ၏။
အဏ္ဏလည်း ခေါင်းတစ်ချက်ပြန်ညွှတ်လိုက်သည်။ အရုဏဘက်က စကားဖြင့်မတုံ့ပြန်သော်လည်း သူတို့ကြားတွင် အပြန်အလှန်လေးစားသမှုရှိနေကြောင်း အဏ္ဏခံစားမိသည်။
ထိုသို့ တွေ့ဆုံနှုတ်ဆက်ပွဲပြီးသည့်အချိန်တွင် အဏ္ဏသည် ပီယံမိတ်နှင့်အတူ မိမိ၏ဧည့်နန်းဆောင်ဆီသို့ ရွှေတုံးများသယ်ယူလာသော ရံရွေတော်များခြံရံ၍ ပြန်သည်။
နှစ်ဦးတည်းရှိတော့သောအချိန်တွင်မူ အဏ္ဏဘက်က ပီယံ၏အရိပ်အချည်ကိုကြည့်ရင်း စကားစလာသည်။
" လူတွေက သေသောသူ ကြာရင်မေ့ လို့ပြောကြတယ်မဟုတ်လား။ ဒါပေမဲ့ မေ့တာမဟုတ်ဘဲ နေ့တိုင်းလွမ်းနေရင်းနဲ့ကို ငါတို့က ဘဝမှာ အနည်ကျသွားကြတယ်။ ဒါပေမဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မပျောက်ဆုံးသွားစေနဲ့။ ဒါပေမဲ့ မင်းကတော့ ပျောက်မှာမဟုတ်ပါဘူး။ ငါယုံတယ်"
ရေဝတီ့အကြောင်းကို ပြောနေမှန်းသိသည်မို့ ပီယံ ဖျော့တော့စွာပြုံးလိုက်မိသည်။
"ရေဝတီက ကျွန်ုပ်ဘဝမှာ ဘယ်တော့မှာ ပပျောက်မှာမဟုတ်တဲ့ အချစ်ဦးပါ။ သူမရှိတော့ပေမဲ့ ဝတီက ကျွန်ုပ်ရဲ့နှလုံးသားထဲမှာ နှစ်များစွာကြာအောင် ခိုအောင်းနေတော့မှာပါ။ ဒါပေမဲ့ ရှင်သန်ရသူဟာ ဆက်လက်ရှင်သန်ရတာ ဓမ္မတာပဲမို့လို့ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်သွားပါမယ်။ ဒီဘဝမှာ ဝတီနဲ့ ရေစက်ကြိုးက တိုတောင်းခဲ့ပေမဲ့ သံသရာတစ်ကွေ့မှာ ပိုမိုရှည်ကြာတဲ့ရေစက်နဲ့ ပြန်လည်တွေ့ဆုံနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်"
ပီယံ့၏တည်ငြိမ်သော အသံနေအသံထားဟာ တကယ့်ကို ပညာရှိပီသသော လူတစ်ဦး၏လက္ခဏာတစ်ရပ်ကို ညွှန်းဆိုနေသကဲ့သို့ပင်။
နာကျင်နေရမည်မှန်း သိသော်လည်း အနည်းဆုံးတော့ ပီယံဟာ မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူတစ်ဦးဖြစ်သည်။ ထိုအခြင်းအရာကိုမြင်ရသောအခါ ဘာကြောင့်ရယ်မသိ၊ အဏ္ဏစိတ်အေးမိသည်။
ပီယံမိတ်ဟာ သူ့လို ကိုယ့်ကိုယ်ကို နှိပ်စက်မိသည်အထိ ရူးသွပ်နေသော လူတစ်ဦးမဟုတ်နေမှန်း သိလိုက်ရသောကြောင့်ဖြစ်နိုင်သည်။
"ဟုတ်တာပေါ့။ မင်းက တရားသမားပဲ။ မင်းရဲ့စိတ်နှလုံးကို ငြိမ်းချမ်းအောင်ထားတဲ့နည်းကို မင်းက ရှာတွေ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလွမ်းဆွတ်မှုတွေ အနည်ကျသွားတဲ့တစ်နေ့၊ အခွင့်အခါကောင်းပေးလာတဲ့ တစ်နေ့မှာ မင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့၊ မြတ်နိုးရသူတစ်ဦးနဲ့ ထပ်ဆုံတွေ့နိုင်မှာပါ"
ပီယံ ခြေလှမ်းတို့ရပ်တန့်သွား၏။
ထပ်မံပြီးမြတ်နိုးရသည့်လူ...
ထိုစကားလုံးများက သူ၏စိတ်ကို ဗလာပြင်ဖြစ်သွားစေသည်။ သူ ရင်ထဲမှ မွန်းကြပ်သွားမိ၏။
မည်သို့ပင်ဆိုစေကာမူ သူဟာ ပညာရှင်ဆန်စွာပင် အပြုံးတစ်ခုကို ပြန်လည်ချိတ်ဆွဲရင်း တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လာသည်။
" အရှင့်သားလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်"
အဏ္ဏ မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် ငြင်းဆိုလာသည်။
" ငါကတော့ မဖြစ်နိုင်ပါဘူး"
" အနာဂတ်ကို ကြိုမသိနိုင်ဘူး မဟုတ်ပါလား"
" အနာဂတ်မှာလည်း ဖြစ်လာမှာမဟုတ်ဘူး။ နဂါးတစ်ကောင်က တစ်သက်မှာ တစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးနိုင်တယ်။ ငါတို့ သဘာဝပေါ့။ တမင်တကာလုပ်တာမဟုတ်ပေမဲ့ ငါတို့နှလုံးသားကို တစ်ယောက်တည်းကိုပဲ ပေးလို့ရတယ်"
ထိုစကားက ပီယံ့၏အပြုံးနုနုကို အရောင်မှိန်ကျသွားစေသည်။ ပီယံ တိုးညင်းအက်ကွဲစွာ ရေရွတ်လာခဲ့သည်။
" ဝတီလည်း သူ့တစ်ဘဝလုံးစာအတွက် ကျွန်ုပ်ကို ရွေးချယ်ခဲ့တာကို"
စကားမှားသွားသည်မှန်း သိလိုက်သဖြင့် အဏ္ဏချက်ချင်းပင် စကားပြန်လည်ဖာထေးလာသည်။
" အတွေးမမှားပါနဲ့။ ရေဝတီသာဆို မင်းပျော်ရွှင်ပြီး မင်းကို အများကြီးချစ်ပေးမဲ့သူနဲ့ ထပ်ဆုံရင်း ဘဝကိုနောင်တမရှိ ဖြတ်သန်းသွားမှာကို သေချာပေါက် မြင်ချင်မှာပါ။ ငါပြောရဲတယ်"
ပီယံ့၏နှုတ်ခမ်းစွန်းတို့ အပေါ်ဘက်သို့ အတန်ငယ်ကွေးညွတ်သွားသည်။
အဏ္ဏအနေနှင့် လူတစ်ယောက်ပြုံးနေသည့်အပေါ် ပထမဆုံးအကြိမ် စိုးရိမ်မိခြင်းပင်။ အမြဲတစေ ပြုံးနေသည့်လူတစ်ဦးက ခန့်မှန်းရအခက်ဆုံးပင် မဟုတ်ပါလား။
" ဝတီလည်း နောင်ဘဝများမှာ တစ်သက်လုံးအဖော်ပြုပေးနိုင်မယ့် သူတစ်ဦးနဲ့တွေ့ရင် ကောင်းမှာပါ။ သံသရာက ကြောက်စရာကောင်းပေမဲ့ နောင်ဘဝမှာ အရာအားလုံး ပြန်လည်ဖြစ်ပေါ်နိုင်တယ်၊ ပြင်ဆင်လို့ရနိုင်တယ်ဆိုတဲ့ အသိက ကျွန်ုပ်တို့ကို စိတ်အေးစေနိုင်တာ သိပ်ကို ထူးဆန်းတာပါပဲ။ ကျွန်ုပ်ကတော့ ဝတီ့ကို တွေ့ဆုံဖို့လွဲချော်သွားရတဲ့ အချစ်လို့ပဲ သတ်မှတ်ထားချင်ပါတယ်။ ဝတီ အမြန်ဆုံး ပြန်လည်ဝင်စားပြီး ကျွန်ုပ်ကိုမမှတ်မိတော့ဘဲ ဘဝအသစ်မှာ သူချစ်ရတဲ့သူနဲ့ ပျော်ရွှင်ရမယ်ဆို သိပ်ကိုကောင်းမှာပါ"
အဆုံးသတ်တွင် ပီယံ့ထံမှ သက်ပြင်းချသံကလေးထွက်ပေါ်လာသည်။ သူ အရှေ့သို့ ခြေတစ်လှမ်းချင်းတိုးရွေ့သွား၏။ ထို့ကြောင့် အဏ္ဏလည်း သူ့ဘေးသို့ အမြန်လိုက်ပါသွားသည်။
သူတို့ စကားဆက်မပြောဖြစ်ကြတော့ပေ။
*********************************
A/N
နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါမယ်။
11.3.2024
( Monday)
.
.
.
Disclaimer: Sexual content alert !
Zawgyi
ေန႔ရက္သစ္မ်ား
_____________
နန္းေတာ္၏ က်ယ္ဝန္းေသာေျမေနရာတစ္ခုဝယ္ ဆိုင္းသံ၊ ဗုံသံ၊ ေတးသီခ်င္းသံမ်ား အက်အန ျမဴးႂကြကခုန္ေနသည္။
ဆိုင္းဝိုင္းတစ္ဖက္ရွိ ေျမေနရာလြတ္တြင္ စည္းခ်က္နရီက်စြာ ကျပေဖ်ာ္ေျဖေနေသာ ပန္တ်ာသည္မ်ားရွိသကဲ့သို႔ တစ္ဖက္တြင္လည္း လူအမ်ားကို ဧည့္ခံျပဳစုရန္၊ စားေကာင္းေသာက္ဖြယ္မ်ား ေဆာင္ယူေပးရန္၊ လိုအပ္သမွ် ေဆာင္႐ြက္ေပးရန္အတြက္ ရံေ႐ြေတာ္မ်ား အဆင္သင့္ရွိေနသည္။
ေပ်ာ္ပြဲ႐ႊင္ပြဲသည္ မီးေရာင္မ်ား ထိန္ထိန္ညီး၍ စားေကာင္းေသာက္ဖြယ္မ်ား၊ ျမဴးႂကြေသာေတးသီခ်င္းသံမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
ဤပြဲသည္ မင္းအသစ္နန္းတက္ျခင္းအတြက္ က်င္းပေသာ ေပ်ာ္ပြဲျဖစ္ေလရာ ရာထူးႀကီးေသာ မင္းမႈထမ္းမ်ားႏွင့္ ဖိတ္ေခၚျခင္းခံထားရေသာ အထက္တန္းလႊာမ်ားသာ ပါဝင္ဆင္ႏႊဲၾကသည္ျဖစ္သည္။
အႏွီေပ်ာ္ပြဲ႐ႊင္ပြဲ၏ အဓိက ဇာတ္ေကာင္ျဖစ္ေသာ မင္းႀကီးအ႐ုဏမွာ ရွင္ဘုရင္အတြက္ သီးသန႔္ေပးထားေသာ သလြန္တြင္ သူ၏ၾကင္ရာေတာ္ယုဂန္ႏွင့္အတူ ယွဥ္တြဲထိုင္ရင္း စားေကာင္းေသာက္ဖြယ္မ်ား မွီဝဲကာ ပန္တ်ာသည္မ်ား က,ျပေဖ်ာ္ေျဖသည္ကို ၾကည့္ရႈေနသည္။
သူတို႔၏ေဘးဘီႏွစ္ဖက္တြင္ မင္းသားမဏိ၊ ေဒါဏ၊ သုဒီပါ၊ ပီယံ၊ ဧကသူႏွင့္ ဘဒၵါ၊ သူမ၏ခင္ပြန္းျဖစ္သူ ရဲသိခၤတို႔ရွိေနသည္။
နႏၵ၊ သုႏၵရီႏွင့္ နဂါးမင္းသားအဏၰမွာမူ ပန္တ်ာသည္မ်ားႏွင့္ ခပ္ေဝးေဝးေနရာတြင္ရွိၿပီး ေႂကြအံကစားေနၾကသည္။
အစက သူတို႔သည္ ေငြပုံ၍ အေလာင္းကစားဆန္ဆန္ ေႂကြအံကစားၾက၏။ သို႔ေသာ္လည္း သုႏၵရီကသာ ဆက္တိုက္ႏိုင္ေနေလရာ နဂါးမင္းသားအဏၰမွာ ပါသမွ်ေငြ ကုန္လုနီးနီးပင္ ျဖစ္ေနေလသည္။ ထို႔ေၾကာင့္ သူဟာ ေနာက္ဆုံးတြင္ ညစ္တြန္းတြန္းၿပီး လူႀကီးအာဏာျပကာ နဖူးေတာက္ေၾကးဟူ၍သာ အတင္းေျပာင္းလဲေဆာ့ေစသည္။
ထိုတြင္လည္း သူမႏိုင္ေသးေပ။
ကံေကာင္းလြန္းေသာ သုႏၵရီမွာ ဆက္လက္ႏိုင္ေနစၿမဲျဖစ္ၿပီး သူမ၏ လက္ေသးေသးေလးမ်ားက နႏၵႏွင့္ နဂါးမင္းသားအဏၰကို နဖူးေတာက္ရန္ အားမာန္အျပည့္ႏွင့္ျဖစ္ေနသည္။
သုႏၵရီသည္ နႏၵကို တစ္ခ်က္၊ အဏၰကိုတစ္ခ်က္ နဖူးေတာက္ခ်၏။
လက္ကသာ ေသးေသာ္လည္း တပ္မႉးျဖစ္ေသာ သူမမွာ လက္ဆေတာ့မေသးေနပါေခ်။ သူမ တစ္ခါတစ္ခါ နဖူးေတာက္လွ်င္ နဖူးတြင္ အနီကြက္ႀကီးျဖစ္၍ က်န္ခဲ့သည္။
နႏၵမွာ သူ၏နဖူးကိုလက္ျဖင့္အုပ္ရင္း ျမည္တြန္ေတာက္တီးေန၏။ သုႏၵရီကမူ သူမ,ခ်ည္းႏိုင္ေနေသာေၾကာင့္ အလြန္အမင္း ေက်နပ္အားရေနကာ
" ဒီေန႔ေတာ့ ကြၽန္ုပ္ရဲ႕ေန႔ပဲ"
ဟု ဘဝင္ျမင့္စြာဆိုလိုက္ေသးသည္။
နဂါးမင္းသားအဏၰႏွင့္ နႏၵသည္ မ်က္ႏွာႀကီးရႈံ႕မဲ့ေနၾက၏။ နဂါးမင္းသားက မ်က္ေမွာင္ႀကီးကုပ္၍ ဆူပုတ္ကာ
" ငါႏိုင္လို႔ကေတာ့ကြာ..."
ဟု ႀကဳံးဝါးသည္။ တစ္လက္စတည္းပင္ ခ႐ုခြံမ်ားကို လက္ထဲထည့္၍ ခေလာက္ကာ ေႂကြပန္းကန္ေပၚပစ္ခ်လိုက္သည္။
" ေနာက္ဆုံးေတာ့ ႏိုင္ၿပီ!"
ေအာ္ဟစ္လိုက္သူမွာ နႏၵျဖစ္သည္။
နဂါးမင္းသားမွာ သူ၏ကံဆိုးမိုးေမွာင္က်မႈကို လက္ခံလိုက္ဟန္ျဖင့္ သက္ျပင္းႀကီးႀကီးခ်၏။
နႏၵမွာ အၾကာႀကီးေနမွ ျပန္လည္အႏိုင္ရျခင္းျဖစ္ေသာေၾကာင့္ တက္ႂကြေနကာ သူ၏အက်ႌလက္မ်ားကိုေတာင္ ပင့္တင္လိုက္ေသးသည္။ သူက နဂါးမင္းသားကို စိန္ေခၚသည္။
" လာလိုက္ေတာ့ အရွင့္သား"
နႏၵမွာ အေျပာကေနာက္၊ လက္ကအရင္ျဖစ္၏။ သူ၏လက္က နဂါးမင္းသားအဏၰ၏နဖူးကို ေဒါက္ခနဲေတာက္ခ်လိုက္ၿပီးျဖစ္သည္။ ၿပီးသည္ႏွင့္ သုႏၵရီ႕ဘက္လွည့္ကာ
"နင္ကေတာ့ အေသပဲ"
ဟု မေက်ခ်မ္းစြာဆိုသည္။
သုႏၵရီသည္ ကံၾကမၼာကိုလက္ခံလိုက္သူပမာ မ်က္လုံးကိုစုံမွိတ္လ်က္ နဖူးေပၚက်ေရာက္လာမည့္ နာက်င္မႈကို ေစာင့္ဆိုင္းေန၏။
နႏၵ၏လက္ သုႏၵရီ႕၏နဖူးနားသို႔ ကပ္သြားသည္။ သူဟာ သုႏၵရီ႕ကို ရွိရွိသမွ်အားျဖင့္ ေတာက္ခ်လိုက္မည္ဟု ရည္႐ြယ္လိုက္ေသာ္ျငား သုႏၵရီ႕၏စုံမွိတ္ထားေသာ မ်က္လုံးမ်ား၊ အသာကုပ္ေနေသာ မ်က္ခုံးမ်ားႏွင့္ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းမ်ားက သူ႔ကို အာ႐ုံေထြျပားသြားေစသည္။
သူ စိတ္ေလွ်ာ့လိုက္သည္။
သူ သုႏၵရီ႕၏နဖူးကို အသာေလးသာ ေတာက္၍ အေနာက္သို႔ ျပန္ဆုတ္သြားသည္။
နဂါးမင္းသားအဏၰဟာ နႏၵ၏ခြဲျခားဆက္ဆံမႈေၾကာင့္ ပါးစပ္အေဟာင္းသားျဖင့္ ျပဴးၾကည့္၏။
ဘာေၾကာင့္ရယ္မသိ နႏၵရွက္မိသည္။ သူ မည္သူ႔ကိုမွ အေလွ်ာ့မေပးဖူးသည္ကို၊ ဒါက သူ႔၏မာနကို အေတာ္ေလးထိခိုက္ေစသည္ပင္။
နႏၵ မသိခ်င္ေယာင္ေဆာင္ကာ ထိုင္ရာမွ ဝုန္းခနဲထ,ရပ္သည္။
" ေဆာ့ရတာ ေပ်ာ္ဖို႔မေကာင္းေတာ့ဘူး။ တစ္ခုခုသြားစားလိုက္ဦးမယ္"
မာနခဲ ဂ်စ္တူးသခင္ေလးဟာ တျခားေနရာသို႔ ရွက္ရွက္ႏွင့္ ေျခေဆာင့္ထြက္ခြာသြားသည္။
က်န္ရစ္ခဲ့ေသာ အဏၰႏွင့္ သုႏၵရီသည္ နႏၵဘာျဖစ္သြားမွန္း မသိသျဖင့္ အခ်င္းခ်င္းအူေၾကာင္ေၾကာင္ျဖင့္ လွည့္ၾကည့္မိၾက၏။
သို႔ေသာ္လည္း နႏၵ ထြက္သြားမွန္းေသခ်ာသြားေသာအခ်ိန္တြင္ နဂါးမင္းသားအဏၰက နႏၵအႏိုင္ရရွိထားေသာ ေငြမ်ားကို ၫႊန္ျပ၍
" ဒါေတြ ငါယူလိုက္လို႔ ရေလာက္တယ္မလား။ ဘာပဲျဖစ္ျဖစ္ ငါ့ထက္စာရင္ သူကအဆတစ္ရာပိုခ်မ္းသာေသးတယ္"
ဟု ႐ုပ္တည္ႀကီးႏွင့္ဆိုသည္။ သုႏၵရီ အူလည္လည္ျဖင့္ ေခါင္းညိတ္ျပသည္။
" ယူလိုက္ပါ။ သူလည္း အဲ့ေငြေတြ သတိရမွာမဟုတ္ဘူး"
" ဟုတ္ၿပီ"
အဏၰ ထိုေငြမ်ားကို သူ႔အိတ္ထဲသို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ ေကာက္ထည့္သိမ္းလိုက္သည္။
တစ္ဖက္တြင္ နႏၵသည္ ပီယံႏွင့္ သုဒီပါၾကားထဲသို႔ ဆူပုတ္ပုတ္ႏွင့္ သြားဝင္ထိုင္ေန၏။
သူတို႔၏ေရွ႕တြင္ ပန္တ်ာသည္မ်ားက လွပစြာက,ျပေဖ်ာ္ေျဖေနကာ အ႐ုဏ၊ မဏိႏွင့္ သူတို႔၏ၾကင္ရာေတာ္ေလးမ်ားက ေသရည္ေသာက္သုံးရင္း စကားစျမည္ေျပာ၍ စည္းစိမ္ခံေနၾကသည္။
မဏိဟာ ေဒါဏ၏ခါးသြယ္သြယ္ေလးကို ေပြ႕ဖက္ထားလ်င္ ေဒါဏကို သူ၏ရင္ခြင္ထဲသို႔ အသာမွီေနေစသည္။ ႐ုတ္တရက္သူဟာ တစ္စုံတစ္ရာ သတိရသြားဟန္ျဖင့္ ေဒါဏကို ငုံ႔ၾကည့္၍
" ကိုယ္တို႔ႏွစ္ေယာက္ ျပန္ေတြ႕တုန္းကလည္း ဒီသံစဥ္နဲ႔ပဲ မင္းကခုန္ေနခဲ့တာ မွတ္မိေသးလား"
ဟုဆိုသည္။
ေဒါဏဟာ ပန္တ်ာသည္မ်ားဘက္သို႔ တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ႏူးညံ့လွပစြာၿပဳံးလာသည္။
" အဲ့တုန္းက အစ္ကို တအားမူးေနတာေလ။ ကြၽန္ုပ္မွာ အစ္ကို႔ကို ျမင္ျမင္ခ်င္းဘယ္ေလာက္လန႔္သြားရတယ္ ထင္လဲ"
ထိုစကားကို ၾကားေသာ္ တစ္ဖက္ရွိ သုဒီပါသည္ ေဒါဏဘက္ကိုလွည့္ၾကည့္ကာ အားႀကိဳးမာန္တက္ဆိုလာသည္။
" အာ....အခုမွသတိရတယ္။ အစ္ကိုေဒါဏက အေတာ္ဆုံးပန္တ်ာသည္ လုပ္ခဲ့ဖူးတာပဲဟာ။ ကြၽန္ုပ္တို႔ကို ကျပ,ပါလား"
မထင္မွတ္ထားေသာ ေတာင္းဆိုခ်က္မို႔ ေဒါဏ၏မ်က္လုံးေလးမ်ား ဝိုင္းသြားသည္။
" အခုလား"
သုဒီပါ ေခါင္းညိတ္ျပသည္။ ေဘးရွိ ဘဒၵါကလည္း
" လုပ္ပါ....သင္က,တာ သိပ္လွတာ။ ထပ္ၾကည့္ခ်င္ပါတယ္"
ဟု စကားဝင္ေထာက္သည္။
ခ်ီးက်ဴးစကားေၾကာင့္ ေဒါဏဟာ ရွက္ၿပဳံးကေလး ၿပဳံးသြား၏။ တစ္ဆက္တည္းပင္ သူက မဏိကို ခြင့္ေတာင္းဟန္ျဖင့္ မ်က္လုံးကေလးေမာ္ၾကည့္သည္။
မဏိက ၿပဳံး၍ ေခါင္းညိတ္ျပလိုက္လွ်င္ ေဒါဏဟာ သူ၏ေပ်ာ့ေျပာင္းေသာ ဆံပင္ရွည္မ်ားကို လက္ျဖင့္သပ္၍ ထိုင္ရာမွ ထ,လာသည္။
" ေတာင္းဆိုေနေတာ့လည္း လုပ္ရတာေပါ့"
အားလုံးထံမွ လက္ခုပ္ဩဘာသံမ်ား ေသာင္းေသာင္းဖ်ဖ်ထြက္ေပၚလာသည္။
ေဒါဏသည္ သူႏွင့္ရင္းႏွီးၿပီးသားျဖစ္ေသာ ပန္တ်ာသည္မ်ား ကျပရာ ေျမဝိုင္းသို႔ ႂကြႂကြ႐ြ႐ြကေလးေလွ်ာက္သြား၏။
ထိုအခါ အရိပ္အကဲသိေသာ ပန္တ်ာသည္မ်ားက ေဒါဏ၏တစ္ဖက္တစ္ခ်က္တြင္ ညီညီညာညာ ဝန္းရံလိုက္ၾကၿပီး ေဒါဏကို အလယ္တြင္ထားလိုက္သည္။
ဆန္းသစ္ေသာ ေတးဂီတသံ ထပ္မံ၍ ထြက္ေပၚလာျပန္သည္။
ပန္တ်ာသည္အျဖစ္ အသြင္ယူစဥ္က အကေတာ္ေတာ္မ်ားမ်ားကို တစ္ေရးႏိုးထ,ကလွ်င္ေတာင္ ရေလာက္သည္အထိ ေလ့က်င့္ထားရာ ယခုထိတိုင္ ေဒါဏဟာ ပန္တ်ာသည္မ်ားႏွင့္ ဟန္ခ်က္ညီေအာင္ ႏုႏု႐ြ႐ြ လွလွပပက,ျပေဖ်ာ္ေျဖႏိုင္ေသးသည္။
ကကြက္မ်ား တစ္ခ်က္တစ္ခ်က္ ေမ့သြားတတ္ေသာ္လည္း အကေတာ္ေတာ္မ်ားမ်ားကို ဇာတ္ရွိန္မပ်က္ေအာင္ ထိန္းညႇိက,ျပေနႏိုင္၏။
ေဒါဏ၏ ေဖ်ာ့ေတာ့ေသာလက္မ်ားက က်ဴပင္ေလးမ်ားယိမ္းသည့္ႏွယ္ ေပ်ာ့ေပ်ာင္းႏူးညံ့ေနဆဲျဖစ္ကာ သူ တစ္ခ်က္တစ္ခ်က္ လွည့္လိုက္ခ်ိန္တြင္ သူ၏ဆံႏြယ္ရွည္မ်ားက လွပစြာ ေဝ့ဝဲသြားစၿမဲျဖစ္သည္။
ဂီတသံ အဆုံးသတ္ခါနီးတြင္ မဏိသည္ ေဒါဏ,ကျပရာ ေျမဝိုင္းသို႔ ျဖည္းျဖည္းခ်င္းစီ ဝင္ေရာက္သြား၏။
သူဟာ သူႏွင့္ေဒါဏတို႔ ျပန္လည္ေတြ႕ဆုံခဲ့ေသာ အတိတ္ျဖစ္စဥ္ကို ျပန္လည္ကာ ပုံေဖာ္ခ်င္လိုဟန္ရွိသည္။
ေဒါဏဟာ သူ၏ခႏၶာကိုယ္ကို အဆတ္မျပတ္လွည့္ေနၿပီး သီခ်င္းသံအဆုံးသတ္သြားသည့္အခ်ိန္တြင္ မဏိ၏ေရွ႕တည့္တည့္၌ ရပ္တန႔္သြားသည္ျဖစ္သည္။
ေဒါဏ မေမွ်ာ္လင့္ထားခဲ့ေပ။ မဏိက သူ၏ခါးကို ဆြဲဖက္လာသည္။
ထိုအခ်ိန္မွာတြင္ ေဘးမွ
" နမ္းလိုက္ပါဗ်ိဳ႕"
" နမ္းလိုက္ နမ္းလိုက္..."
ဟူေသာ အသံမ်ားက စေနာက္တတ္ေသာ မင္းသားသုဒီပါႏွင့္ အမတ္ယုဂန္ႏိုင္တို႔ဆီမွ အသီးသီးထြက္ေပၚလာသည္။
ေဒါဏ၏မ်က္ႏွာကေလး နီရဲသြားသည္။
အစ္ကိုကမူ သူ႔ကို ရယ္က်ဲက်ဲျဖင့္ စိုက္ၾကည့္ေနၿပီး စေနာက္လိုဟန္လည္း အျပည့္ရွိေနသည္။
အစ္ကို႔၏ႏႈတ္ခမ္းမ်ားက သူ႔အေပၚသို႔ ဖိကပ္လာသည္။
ရွက္စိတ္ေၾကာင့္ ေဒါဏ၏ပါးေလးမ်ား ပူထူလာစဥ္တြင္ ေဘးမွ အားေပးအားေျမႇာက္ျပဳေသာ အသံမ်ားကလည္း က်ယ္ေလာင္စြာ ထြက္ေပၚလာၾကသည္။
မဏိဟာေတာ့ တကယ့္ကို ထိုအျခင္းအရာအေပၚ ေပ်ာ္ေမြ႕ေနဟန္ရွိ၏။
ထိုအခ်ိန္တြင္ ဧကသည္ မသိလိုက္ပါဘဲ ပီယံ့ဘက္ကို လွမ္းေမွ်ာ္ေငးၾကည့္မိသည္။
ပီယံဟာ မဏိႏွင့္ေဒါဏဆီသို႔ ၿပဳံး၍ၾကည့္ေနေသာ္လည္း တစ္ခ်ိန္တည္းမွာတင္ သူ၏မ်က္ဝန္းမ်ားက ညႇိဳးေရာ္ေဖ်ာ့ေတာ့ေနသည္။
သူက ကြဲေၾကေသာအၿပဳံးကို လူမသိစြာ တပ္ဆင္ရင္း ေသရည္တစ္ခြက္ကို တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္သည္။
ယခုအခ်ိန္တြင္ ေရဝတီ့ကို မလြမ္းပါဟု ဆိုပါက သူ,လိမ္ရာက်လိမ့္မည္။
အကယ္၍ ေရဝတီသာရွိေနေသးပါက လက္ရွိအခ်ိန္တြင္ သူတို႔ႏွစ္ဦးအတူ ေပ်ာ္႐ႊင္စြာရွိေနႏိုင္မည္ဟု သူ,မ,ေတြးေတာဘဲ မေနႏိုင္ေခ်။
သူဟာ ေရဝတီ့၏လက္ကေလးကိုေတာင္ ခ်စ္သူတစ္ဦးအေနျဖင့္ ကိုင္ခြင့္မရခဲ့ပါေပ။ ကံဟာ တစ္ခါတေလေတာ့လည္း ေမွ်ာ္လင့္ထားသည္ႏွင့္ လြဲေခ်ာ္ရသည္ပင္။
" အစ္ကိုေတာ္"
ေခၚသံေၾကာင့္ ပီယံ လွည့္ၾကည့္မိသည္။ သူ႔ကို ေခၚလိုက္သူက ဧကသူျဖစ္သည္။
"ကြၽန္ုပ္နဲ႔ ေလေကာင္းေလသန႔္ရွဴရင္း လမ္းေလွ်ာက္ထြက္ၾကမလား"
ပီယံ ေမြ႕သိမ္စြာၿပဳံးသည္။
" အင္း...ေကာင္းသားပဲ"
ဤသို႔ႏွင့္ ပီယံႏွင့္ ဧကတို႔သည္ ပြဲခင္းထဲမွ ေခတၱထြက္ကာ အနီးစပ္ဆုံးပန္းၿခံထဲသို႔ လမ္းေလွ်ာက္ရန္ ထြက္ခြာလာခဲ့ၾကသည္။
ပန္းၿခံတြင္းဟာ ေပ်ာ္ပြဲ႐ႊင္ပြဲႏွင့္ အတန္ငယ္ေဝးရာ လူသူကင္းမဲ့ၿပီး တိတ္ဆိတ္ၿငိမ္သက္ေနသည္။ ေကာင္းကင္ရွိ လမင္းက ဝင္းသာေန၏။ ထို႔ေၾကာင့္ မိမိတို႔၏ေလွ်ာက္လမ္းကို သဲကြဲစြာျမင္ရသည္။
သူတို႔ႏွစ္ဦးၾကားတြင္ အခ်ိန္အေတာ္ၾကာေအာင္ အေတြးကိုယ္စီျဖင့္ ႏႈတ္ဆိတ္ေနခဲ့သည္။ ခဏၾကာမွ ဧကဟာ ပီယံ၏မ်က္ႏွာအမူအရာကို အကဲခတ္ရင္း တိုးညင္းစြာဆိုလာသည္။
" မနက္ျဖန္က်ရင္ ကြၽန္ုပ္ ရာဓဇတိုင္းကို ျပန္ေတာ့မွာပါ"
ထိုစကားေၾကာင့္ ပီယံ့၏ေျခလွမ္းတို႔ ရပ္သြားသည္။ သူ အံ့အားသင့္စြာဆိုသည္။
"မနက္ျဖန္? ခ်က္ခ်င္းႀကီး ဘာလို႔လဲ။ မင္းရဲ႕အစ္ကိုေတာ္ ျပန္ေခၚလို႔လား"
" ဟုတ္ပါတယ္။ မင္းႀကီးအ႐ုဏဆီကလည္း ခြင့္ျပဳခ်က္ရၿပီးပါၿပီ"
ဧက ထိုထက္ပိုၿပီး မဆိုႏိုင္ေတာ့ပါေခ်။ သူဟာ မိမိ၏ႏိုင္ငံဆီျပန္ၿပီး တျခားေသာအေၾကာင္းအရာမ်ားထဲ စိတ္ႏွစ္ကာ အစ္ကိုေတာ္ပီယံ့ကို ေမ့ပစ္ရန္ ႀကိဳးစားေတာ့မည္ျဖစ္ေၾကာင္း သူ ထုတ္မေျပာျပႏိုင္ပါ။
ပီယံက သက္ျပင္းသဲ့သဲ့ခ်သည္။ ထို႔ေနာက္ သူဟာ လက္ေနာက္ပစ္ရင္း တည္ၾကည္စြာဆိုလာသည္။
" ဒီလိုခြဲရမယ္ဆိုေတာ့လည္း စိတ္ထဲတစ္မ်ိဳးႀကီးပဲ။ ေနာင္ အခြင့္အခါသင့္တိုင္း ဟီရကိုလာလည္ပါ"
စကားအဆုံးတြင္ ပီယံဟာ ၾကင္နာစြာၿပဳံးျပ၏။
ဒါဟာ အစ္ကိုေတာ္ပီယံ့၏အမူအက်င့္ပါပင္။ အစ္ကိုေတာ္ဟာ မည္သူ႔အေပၚကိုမဆို သေဘာေကာင္းသည္။ ၾကင္နာသည္။ ေဖာ္ေ႐ြသည္။
ဤအခ်က္ကပင္ ဧကကို နာက်င္ေစသည္။
အစ္ကိုေတာ္ဟာ ယခုခံစားေနရေသာ နာက်င္မႈမ်ားႏွင့္ လုံးဝကို မထိုက္တန္ေခ်။ အစ္ကိုေတာ္ဟာ ေပ်ာ္႐ႊင္သင့္သည္။
အစ္ကိုေတာ္ စိတ္ကူးထားသည့္အိပ္မက္အတိုင္း ခ်စ္ရေသာ ဇနီးသည္ႏွင့္ လိမၼာေသာ သားသမီးမ်ားရရွိကာ လွပေသာ မိသားစုေလးကို ပိုင္ဆိုင္ေစလိုသည္။
အစ္ကိုေတာ္က မိန္းကေလးကို သေဘာက်သည္။ သူက မိန္းကေလးတစ္ဦး မဟုတ္ေနေခ်။
အစ္ကိုေတာ့္၏ႏွလုံးသားထဲတြင္ မင္းသမီးေရဝတီ၏ပုံရိပ္မ်ားက စြဲက်န္ရစ္ေနသည္။
သူ၏ႏွလုံးသားကမူ အစ္ကိုေတာ့္ကို ေမ့ပစ္ကာ ျမတ္ႏိုးမႈကို စြန႔္လႊတ္သင့္ေနၿပီျဖစ္သည္။
သူမရွိေတာ့ေသာ တစ္ခ်ိန္ခ်ိန္တြင္ အစ္ကိုေတာ္ ေပ်ာ္႐ႊင္စြာေနထိုင္ေနသည္ဟူေသာ သတင္းကို သူၾကားခ်င္ပါသည္။
" အစ္ကိုေတာ္က ကြၽန္ုပ္အတြက္ ႏွစ္ေယာက္မရွိႏိုင္တဲ့သူပါ။ ကြၽန္ုပ္ကို ပညာေတြလည္းသင္ေပးတယ္။ ဂ႐ုလည္းစိုက္တယ္။ ဟီရကို ေရာက္ခါစက အထီးက်န္ခဲ့ေပမဲ့ အစ္ကိုေတာ့္ေၾကာင့္ ဒီအထိ ေတာင့္ခံႏိုင္ခဲ့တာပါ။ အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္"
ထိုစကားမ်ားက သူ၏စိတ္ရင္းပင္။ သေဘာက်စိတ္ကို ဖြင့္ေျပာဖို႔ရာေတာ့ မျဖစ္ႏိုင္ပါေခ်။
အဆုံးသတ္ကို သိၿပီးမဟုတ္ပါလား။ အလကားသက္သက္သက္ သူထပ္ၿပီး မနာက်င္ခ်င္ေတာ့ေပ။
အနည္းဆုံးေတာ့ အစ္ကိုေတာ့္၏ၾကင္နာတတ္ေသာအၿပဳံးက သူ႔ကိုစိတ္သက္သာရာရေစပါသည္။
" မဟုတ္တာ။ ဧက,က တပည့္ေကာင္း၊ ညီေတာ္ေကာင္းေလးတစ္ဦး ျဖစ္ေပးခဲ့တဲ့အတြက္ေၾကာင့္သာ အမွတ္တရေတြ လွပခဲ့တာပါ"
ဇာတ္လမ္းအဆုံးသတ္သြားေလၿပီ။
သူ၏တစ္ဖက္သတ္အခ်စ္ကို ဤမွာတင္ အဆုံးသတ္ရန္ သူ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
သို႔ရာတြင္ အလြန္အမင္းနာက်င္ဝမ္းနည္းရသည္။ ျမတ္ႏိုးမႈကို စြန႔္လႊတ္ရသည္က ႏွလုံးသားကို အျမစ္ျဖဳတ္ရသည့္အတိုင္း ရင္နင့္လြန္းရသည္။
ဧက၏မ်က္ဝန္းတို႔ စိုစြတ္ပူေႏြးလာသည္။
ထိုမ်က္လုံးတို႔ကို အစ္ကိုေတာ္မျမင္ေအာင္ ဧက အသာေခါင္းငုံ႔လိုက္မိသည္။
" ကြၽန္ုပ္ သန႔္စင္ခန္း ခဏသြားလိုက္ပါဦးမယ္"
" အစ္ကိုေတာ္ ဒီမွာပဲေစာင့္ေနမယ္"
" မဟုတ္တာ။ ကြၽန္ုပ္က ၾကာဦးမွာပါ။ ၿပီးမွ ပြဲခင္းထဲျပန္ဆုံၾကတာေပါ့"
" ေကာင္းပါၿပီ"
ဧက ပီယံ့ကို ေခါင္းငုံ႔၍ ဂါဝရတစ္ခ်က္ျပဳကာ ထိုမွ အလ်င္အျမန္ထြက္ခြာလာခဲ့သည္။
က်န္ရစ္ခဲ့ေသာ ပီယံသည္ ပြဲခင္းထဲျပန္သြားရမည့္အစား ထိုတြင္ ၿငိမ္သက္စြာ ရပ္၍က်န္ခဲ့၏။
သူ လျပည့္ဝန္းကို အေတြးမဲ့စြာ ေမာ့ၾကည့္မိသည္။
ထို႔ေနာက္ သူ၏လက္တြင္ ပတ္ထားေသာ အျပာေရာင္ႀကိဳးက်စ္ေလးကို တျခားလက္ျဖင့္ ဆုပ္ကိုင္မိလိုက္၏။
အဆိုပါအျပာေရာင္ႀကိဳးက်စ္ကေလးသည္ ေရဝတီ၏ေခါင္းတြင္ တပ္ဆင္ကာ အၿမဲတေစ သူမ၏ဆံပင္မ်ားႏွင့္ေရာ၍ က်စ္ဆံၿမီးက်စ္ေလ့ရွိေသာ ပိုးႀကိဳးကေလးသာ ျဖစ္သည္။
လျပည့္ညဟာ အလြမ္းဓာတ္မ်ားကို ေဆာင္ၾကဥ္းေပးႏိုင္ရန္အတြက္ လုံေလာက္စြာ လွပစြာေနခဲ့သည္ျဖစ္သည္။
********************************
ပြဲေတာ္တြင္းမွ ထြက္လာေသာအခ်ိန္တြင္ သုဒီပါသည္ အေတာ္အသင့္မူးေနၿပီျဖစ္ၿပီး လက္ထဲတြက္လည္း ေသာည္ပုလင္းကတစ္ဖက္၊ အျမည္းအျဖစ္ ဆတ္သားေျခာက္ပန္းကန္က တစ္ဖက္ျဖစ္ေလသည္။
သူဟာ လူသူရွင္းေနေသာ စၾကၤန္လမ္းတြင္ တစ္ေယာက္တည္း လြတ္လပ္စြာသြားေနရင္း ႐ုတ္တရက္ တစ္ေနရာမွ တရႈံ႕ရႈံ႕ငိုသံကိုၾကားလိုက္ရသည္။
ထိုအသံေၾကာင့္ ေဘးဘီဝန္းက်င္ကို စပ္စပ္စုစုလွည့္ပတ္ရွာေသာအခါ ေ႐ႊကႏုတ္ေဖာ္တိုင္လုံးႀကီးတစ္လုံးအေနာက္တြင္ က်ဳံ႔က်ဳံ႔ေလးထိုင္ကာ ဒူးေပၚမ်က္ႏွာအပ္,ငိုေနေသာ ေကာင္ေလးတစ္ဦးကို ေတြ႕လိုက္ရသည္။
သုဒီပါသည္ သိရွိလိုစိတ္ျဖင့္ ထိုေကာင္ေလးအနားသို႔ တိုးကပ္သြား၏။ သုဒီပါ၏ေျခသံေၾကာင့္ ငိုေနေသာေကာင္ေလးက သူ႔ကို မ်က္ရည္အ႐ြဲ႐ြဲျဖစ္ေသာ မ်က္လုံးမ်ားျဖင့္ ေမာ့ၾကည့္လာသည္။
ထိုေကာင္ေလး၏မ်က္ႏွာကို ျမင္ေသာ္ သုဒီပါတအံ့တဩျဖစ္သြားသည္။
" မင္း ရာဓဇတိုင္းရဲ႕ မင္းသားဧကသူမဟုတ္လား"
ဧကသူ လူမိသြားသျဖင့္ မ်က္လုံးေလးမ်ားဝိုင္းစက္သြားသည္။
" ဟုတ္...ဟုတ္ပါတယ္"
သူ႔ေရွ႕ကလူကို ဧက,သိ၏။ ထိုသူက မင္းႀကီးအ႐ုဏ၏ဒုတိယေျမာက္ညီေတာ္ မင္းသားသုဒီပါပင္။
သူဟာ စစ္ပြဲအေတာအတြင္း စစ္ေရးအစည္းအေဝးပြဲမ်ား၌ မင္းသားသုဒီပါႏွင့္ ေတြ႕ဆုံဖူးသည္။ ဆုံဖူးသည္ဆိုေသာ္လည္း စကားေတာ့မေျပာဖူးပါေခ်။ သာမန္အတိုင္း မ်က္မွန္းတန္းမိျခင္းျဖစ္သည္။
သုဒီပါက ဧကသူ႔ေရွ႕သို႔ ခါးကုန္းၾကည့္ရႈသည္။ သူ႔ထံမွ ေသရည္နံ႔အခ်ိဳ႕က သင္းေန၏။ သာမန္ဆိုပါက သုဒီပါဟာ ထိုမွ်မတက္ႂကြ,မေဖာ္ေ႐ြဘဲ သူတစ္ပါးအေရးကို စိတ္ဝင္စားေလ့မရွိေပ။ သို႔ေသာ္လည္း ယခုတြင္ ေသရည္အခိုးေငြ႕ , ေသြးသားထဲ စိမ့္ေနသည္မို႔ ေျပာရဲဆိုရဲ ေမးရဲျမန္းရဲျဖစ္ေနေလၿပီ။
သူက ဧက၏မ်က္ရည္မ်ားကို အံ့ဩထူးဆန္းေနပုံေပၚသည္။
" ဘာလို႔ငိုေနတာလဲ"
ထိုေမးခြန္းေၾကာင့္ ဧက,ပ်ာပ်ာသလဲျဖစ္သြားသည္။ သူခ်က္ခ်င္းပင္ သူ၏ပါးႏွစ္ဖက္ နီရဲလုမတတ္ျဖစ္ေအာင္ လက္ျဖင့္ ထပ္ကာထပ္ကာပြတ္သပ္သည္။
" ဘာမွမဟုတ္ပါဘူး"
တစ္ဆက္တည္းပင္ ဧကသူတစ္ေယာက္ ၾကမ္းျပင္ေပၚ ထိုင္ေနရာမွ ကမန္းကတန္း မတ္တပ္ထ, ရပ္သည္။ ရာဓဇ၏မင္းသားက ၾကမ္းျပင္ေပၚထိုင္ငိုေနသည္မွာ ရာဇဣေျႏၵႏွင့္ မသင့္ေၾကာင္း သူထိုမွ်ေတာ့ ဆင္ျခင္မိပါသည္။
ဧကသူ႔ဘက္က ေျပာျပခ်င္ဟန္မရွိသည္မို႔ သုဒီပါ ဆက္မေမးေတာ့ပါေခ်။ ထိုအစား သူက သူ၏လက္ထဲကိုင္ထားေသာ ဆတ္သားေျခာက္ပန္းကန္ကို ဧကသူ႔ေရွ႕တည့္တည့္ ထိုးေပးလာသည္။
" စားမလား"
" ဗ်ာ"
မေမွ်ာ္လင့္ထားေသာ အျပဳအမူမို႔ ဧကသူ အံ့ဩသြားသည္။ သို႔ေသာ္လည္း မင္းသားသုဒီပါဟာ ေနာက္ေနဟန္မရွိဘဲ အတည္အၾကည္ေကြၽးေနသည္မို႔ ဧကသူ ထူးဆန္းေနရင္းႏွင့္ပင္ ျငင္းဆိုလိုက္သည္။
" မစားေတာ့ပါဘူး။ ေက်းဇူးတင္ပါတယ္"
သုဒီပါ ပန္းကန္ကိုျပန္႐ုတ္သိမ္းသြား၏။ ယင္းအစား ေသရည္ပုလင္းကို ဧကသူဘက္ ထိုးေပးလာျပန္သည္။
" ေသာက္မလား"
မင္းသားသုဒီပါဟာ ထိုမွ်ထူးဆန္းမည္ဟု ဧကသူ မထင္ထားခဲ့ေပ။
ထူးဆန္းသည္?
သို႔မဟုတ္ ေဖာ္ေ႐ြလြန္သည္ဟုပဲ ဆိုရမည္လားမသိပါေခ်။
ဧက,ကို တစ္ဖက္ႏိုင္ငံ၏မင္းသားမွန္းသိသည္ေတာင္ ထီးနန္းသုံး စကားမ်ားမေျပာဘဲ ႏွစ္လၾကာရွည္ခင္ခဲ့ေသာ မိတ္ေဆြကို မုန႔္ေကြၽးသလို ရင္းရင္းႏွီးႏွီးျပဳမူေနသည္။
တစ္ဖက္ႏိုင္ငံရဲ႕မင္းသားကို ဘယ္သူကမ်ား သူေသာက္လက္စ ေသရည္ပုလင္းႀကီးကို ထိုအတိုင္းထိုးေပးပါမည္လဲ။
ဒါမွမဟုတ္ မူးမ်ားေနလို႔လား။
အၿမဲတေစ တည္ၾကည္ရွင္းသန႔္ေနေသာ အစ္ကိုေတာ္ပီယံႏွင့္ယွဥ္လွ်င္ ဒီႏွစ္ဦး ညီအစ္ကိုေတာ္သည္ဆိုေသာ အခ်က္မွာ ယုံမွားသံသယေတာင္ရွိခ်င္လွသည္။
အစ္ကိုေတာ္ပီယံက ေက်ာ့ရွင္းလွပေသာ သမင္ဖိုႏွင့္တူၿပီး မင္းသားဒီပါကေတာ့ ရႈပ္ပြေနသည့္ ဝက္ဝံတစ္ေကာင္ႏွင့္တူသည္။
သူကိုင္ထားသည့္ ေသရည္ပုလင္းကိုေတာင္ ဝက္ဝံ၏ပ်ားအုံဟူ၍ေတာင္ မ်က္စိထဲ ျမင္ေယာင္မိလာသည္။
" ကြၽန္ုပ္ ေသရည္မေသာက္ပါဘူး"
" အာ....ငယ္ေသးလို႔လား။ ဒါမဲ့ ငါေတာင္ ၁၄-၁၅ ေလာက္ကတည္းက ေသရည္ေသာက္ေနၿပီကို။ မင္းက အသက္၁၅ ပဲရွိေသးတာလား"
" ၁၈ ႏွစ္ပါ"
သုဒီပါ မယုံႏိုင္ဟန္ျဖင့္ မ်က္လုံးျပဴးၾကည့္သည္။
" ၁၀ ႏွစ္ေတာင္ငယ္တယ္။ ကေလးေလးပဲ"
သုဒီပါဟာ ေျပာေျပာဆိုဆိုႏွင့္ ေသရည္ပုလင္းကို လက္ေမာင္းၾကားညႇပ္ကာ ဆတ္သားေျခာက္တစ္ဖပ္ ႏႈိက္ယူၿပီး တၿမဳံ႔ၿမဳံ႔ဝါးစားေနသည္။
သူတို႔ၾကားတြင္ ေခတၱမွ် ကို႔႐ို႕ကားယားႏိုင္စြာ တိတ္ဆိတ္သြား၏။
ေနာက္မွ သုဒီပါဘက္က စကားျပန္စသည္။
"မငိုပါနဲ႔။ ဒီေန႔က မဂၤလာရွိတဲ့ေန႔ရက္ပဲဟာ။ မငိုရဘူး"
ဧကသူ ေခါင္းငုံ႔လိုက္မိသည္။ ခုနကမွ ရႈိက္ႀကီးတငင္ငိုထားသည္မို႔ သူ၏ႏွာေခါင္းလုံးလုံးေလးက ရဲကာ ႏွာတရႈံ႕ရႈံ႕ျဖစ္ေနသည္။
" ဟုတ္ကဲ့...ေတာင္းပန္ပါတယ္"
" ဘာလို႔ေတာင္းပန္တာလဲ"
" မင္းႀကီးအ႐ုဏအတြက္ မဂၤလာရွိတဲ့ေန႔ရက္မွာ ငိုေနမိလို႔ပါ။ ဒါေပမဲ့ ကြၽန္ုပ္ မင္းႀကီးကို အ,မဂၤလာျဖစ္ေစခ်င္တဲ့ရည္႐ြယ္ခ်က္မ်ိဳး မဟုတ္ပါဘူး...ဒီတိုင္း....ကိစၥေလးတစ္ခုေၾကာင့္...."
အထင္လြဲသြားသည္မို႔ သုဒီပါ လက္တစ္ဖက္ကို အသည္းအသန္ခါရမ္းျပလာသည္။
" ငါ...ငါက အဲ့တာကိုေျပာခ်င္တာမဟုတ္ပါဘူး။ ဘယ္လိုကိစၥပဲရွိရွိ မင္းရဲ႕ လွပတဲ့ေန႔ရက္ကို ငိုၿပီးျဖတ္သန္းရေလာက္တဲ့အထိ မတန္ဘူးလို႔ ေျပာခ်င္တာ"
ဧကသူ ဘာမွဆက္မေျပာေတာ့ေခ်။ သို႔တိုင္ မ်က္လႊာကိုခ်ကာ ပါးရဲရဲေဖာင္းေဖာင္းေလးႏွစ္ဖက္ျဖင့္ ညႇိဳးငယ္ေနသည့္မ်က္ႏွာမွာ သနားခ်င့္သဖြယ္ျဖစ္ေနသည္။
မသိပါက သူအျပစ္လုပ္ထား၍ အဆူခံထိထားသည့္အတိုင္းပါပင္။ ဒီအတိုင္း ထားခဲ့လွ်င္လည္း တျခားတိုင္တစ္လုံးလုံး ထပ္ရွာၿပီး ေခ်ာင္ကပ္၍ ထပ္ငိုေနဦးမည္ထင္သည္။
သုဒီပါ ဧကေဘးသို႔ကပ္ကာ ပခုံးကိုဆြဲဖက္လိုက္သည္။
" လာ...ဒီအစ္ကိုႀကီးက မင္းကိုျပေပးမယ္"
သုဒီပါက အားႀကီးျဖင့္ ဆြဲေခၚသြားသည္မို႔ ဧကသူ ထိတ္လန႔္သြားသည္။
" ဘယ္...ဘယ္ကိုသြားမလို႔ပါလဲ"
"ယုံလိုက္စမ္းပါ။ မင္းသား သုဒီပါက ဘယ္ေတာ့မွ ကေလးေတြကို ငိုေအာင္မလုပ္ဘူး။ ေပ်ာ္ေအာင္ပဲလုပ္ေပးတာ"
ျငင္း၍လည္း မရပါေခ်။ အတင္းအၾကပ္ဆြဲသြားသည္မို႔ ဧကဟာ သုဒီပါေခၚေဆာင္ရာေနာက္သို႔ တ႐ြတ္တိုက္ဆြဲပါသြားသည္။
ေနာက္ဆုံးတြင္ ဧက,ဟာ သုဒီပါဆြဲေခၚလာေသာ ေနရာသို႔ ေရာက္ရွိခဲ့သည္။
ယင္းေနရာဟာ နန္းေဆာင္တစ္ခု၏ေခါင္မိုးေပၚျဖစ္ၿပီး ပြဲခင္းႏွင့္လည္း ေဝးေသာေနရာျဖစ္သည္။
လူအမ်ားစုက ေပ်ာ္ပြဲ႐ႊင္ပြဲေနရာသို႔ ေရာက္ရွိေနၾကသည္ျဖစ္ရာ သူတို႔ႏွစ္ဦးရွိေသာေနရာမွာ လူသူမရွိဘဲ အလြန္တရာတိတ္ဆိတ္ေနသည္။ ညအခ်ိန္ေပမို႔ ေကာင္းကင္ဝယ္ ၾကယ္မ်ားက စိန္ပြင့္ပမာ တလက္လက္ေတာက္ပေနၾကၿပီး ေငြေသာ္တာလမင္းဟာလည္း ေငြရည္မ်ား သြန္းခ်ေနသည့္ပမာ တဖိတ္ဖိတ္ ႐ႊန္းလဲ့ဝင္းပေနသည္။
သုဒီပါက ေခါင္မိုးေပၚေရာက္သည္ႏွင့္ ဆတ္သားေျခာက္ပန္းကန္ကိုေဘးသို႔ခ်ကာ သားေမြးအိပ္ရာေပၚေရာက္ေနသည့္အတိုင္း ေျခႏွစ္ဖက္ကို စင္း၍ အက်အနထိုင္သည္။
ဧက, သူ႔ေဘးတြင္ ဒူးႏွစ္ဖက္ကိုေထာင္၍ က်ဴံ႕က်ဳံ႔ေလးဝင္ထိုင္၏။ သုဒီပါ ဧကကို တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ဆတ္သားေျခာက္ပန္းကန္ကို ထိုးေပးသည္။
" ေရာ့...."
ဧက, သုဒီပါႏွင့္ ဆတ္သားေျခာက္ပန္းကန္ကို တစ္လွည့္စီၾကည့္သည္။ ေနာက္မွ ဆတ္သားေျခာက္တစ္ေျမာင္းကို ခ်ီတုံခ်တုံျဖင့္ယူ၏။
ခပ္ပ်င္းပ်င္းရွိလွသျဖင့္ ဆတ္သားေျခာက္ကို သူ ဆြဲဖဲ့ကိုက္လိုက္သည္။ ထိုအခါ ေကာင္းမြန္ေသာ အရသာေၾကာင့္ ဧက မ်က္ႏွာေလး ဝင္းလက္သြားသည္။
" စားေကာင္းတယ္မလား။ ငါက အထူးသီးသန႔္ အေကာင္းစား ဆတ္သားကိုမွ လုပ္ခိုင္းထားတာ"
ဒီတစ္ခါေတာ့ သုဒီပါစကားကို ဧက ေခါင္းညိတ္၍ေထာက္ခံသည္။
အႏွီဆတ္သားေျခာက္က အေတာ္ေလးအရသာရွိသည္။ စားဖူးသမွ်ထဲေတာင္ အေကာင္းဆုံးဟုဆိုရမည္။
ထိုသို႔ ဧက ေကာင္းေကာင္းစားေနသျဖင့္ သုဒီပါ ေက်နပ္သြားပုံရသည္။
" ငိုၿပီးရင္ အစားမ်ားမ်ားစားရတယ္။ အဲ့တာမွ အားျပန္ျပည့္မွာ"
သုဒီပါစကားဟာ မွန္၊ မမွန္ ဧက မသိပါ။ သို႔ေသာ္လည္း သူ...
" ေက်းဇူးတင္ပါတယ္"
ဟု ဆိုလိုက္သည္။
သုဒီပါ တစ္ခ်က္ၿပဳံးၿပီး ေခါင္းမိုးေပၚသို႔ လွဲခ်သြားသည္။ သူက လက္ႏွစ္ဖက္ကို အေနာက္သို႔ေကြး၍ ေခါင္းခုအိပ္ရင္း ေကာင္းကင္ရွိၾကယ္မ်ားကို တေမ့တေမာ ေငးစိုက္ၾကည့္ရႈေနသည္။
သူ႔ၾကည့္ရသည္မွာ အေတာ္ေလး လြတ္လပ္ေပါ့ပါးဟန္ရွိသည္။
ဥတၱရကို ေရာက္ကတည္းက ဧကသည္ မင္းႀကီးအ႐ုဏႏွင့္ အစ္ကိုေတာ္ပီယံမိတ္ကဲ့သို႔ေသာ စည္းစနစ္ရွိကာ တာဝန္မ်ားကို အၿမဲတမ္းစိတ္ထဲထည့္၍ တည္ၾကည္လြန္းေသာ သူမ်ားႏွင့္သာ ေတြ႕ဆုံခဲ့ရသည္။ ထို႔ေၾကာင့္လည္း ဥတၱရမင္းသားမ်ားကို တည္ၿငိမ္ေလးနက္သူမ်ားသာ ျဖစ္ရမည္ဟု ထင္မွတ္ခဲ့၏။
မင္းသားမဏိဟာလည္း တည္,သည့္အထဲပါသည္။ မင္းသားနႏၵဟာ လြတ္လပ္စြာေနတတ္ပုံရွိေသာ္လည္း သူက မည္သည့္အေရးကိုမွ စိတ္ဝင္စားမႈမရွိေနျခင္းျဖစ္သည္။
အခု မင္းသားသုဒီပါက် တာဝန္ကို အသက္ထက္အေလးထားေၾကာင္း ၾကားဖူး၏။ ဖုတ္ေကာင္အျဖစ္ေရာက္ရသည္အထိလည္း အနစ္နာခံ၏။ အမိန႔္ကို ေလးေလးနက္နက္လည္းရွိ၏။ သို႔ရာတြင္ တစ္ခ်ိန္တည္းမွာပင္ စိတ္လက္ေပါ့ပါးစြာေနတတ္ၿပီး မည္သည့္အက်ိဳးရလဒ္ကိုမွ ေမွ်ာ္ကိုးေနျခင္းမရွိေခ်။
သူက သူ႔ဘဝကို အျပည့္အဝေနထိုင္ေနသည္။
ေလးနက္သင့္သည္ကို ေလးနက္ၿပီး ေပါ့ပါးသင့္သည္ကိုလည္း ေပါ့ပါးသည္။
သူလိုလူမ်ိဳးက အနာဂတ္ကိုမ်ားမ်ားစားစား ပုံေဖာ္ကာ ေတြးေတာထားမည့္ လူမဟုတ္ဘဲ ယုံၾကည္ရာကို စိတ္ေပါက္ရာထ,လုပ္ရင္း အနာဂတ္ဘာျဖစ္ျဖစ္ ဟူေသာအမ်ိဳးအစားထဲ ပါဝင္တတ္သည္။
ဒီလိုစိတ္ထားတတ္ေတာ့လည္း တစ္နည္းတစ္ဖုံေကာင္းလွသည္ပင္။ ကိုယ့္စိတ္ ခ်မ္းသာရသည္။
" ဒီည လွတယ္မလား။ နန္းေတာ္ေပၚကေန ျမင္ရတဲ့ၾကယ္ေတြက အလွဆုံးပဲ။ ရာဓဇမွာေရာ ၾကယ္ေတြအၿမဲလွေနလား"
႐ုတ္တရက္ မင္းသားသုဒီပါထံမွ စကားသံထြက္ေပၚ လာသည္။
ဧက ျပန္မေျဖခင္ ေကာင္းကင္ရွိၾကယ္မ်ားကို သုဒီပါနည္းတူ ေမာ့ၾကည့္မိသည္။
တိမ္ကင္းစင္သျဖင့္ ၾကယ္တာရာေကာင္းကင္ဟာ ၾကည္စင္ေတာက္ပၿပီး သိပ္ကိုလွပလြန္းေနသည္။ မဂၤလာရွိသည့္ ေန႔ရက္ဆိုသည့္အတိုင္း ရာသီဥတုက တကယ့္ကို သာယာသည္။
ပေရာဟိတ္ႀကီးမ်ား အတုကိုခိုး၍ နိမိတ္ဖတ္ဆိုရလွ်င္ မင္းႀကီးအ႐ုဏ၏ အုပ္ခ်ဳပ္မႈေၾကာင့္ တိုင္းျပည္၏အနာဂတ္ လွပသာယာေနမည့္ အတိတ္နိမိတ္မ်ိဳးပင္။
ဧက၏အစ္ကိုေတာ္ ရာဓဇနန္းတက္တုန္းကလည္း ထိုအတိုင္းသာယာခဲ့ဖူးသည္။
" ဟုတ္...ရာဓဇမွာလည္း ၾကယ္ေတြ အၿမဲလွပါတယ္"
" အင္း....ရာဓဇကို မေရာက္ဖူးေသးဘူး။ တစ္ေန႔ အစ္ကိုေတာ္အ႐ုဏဆီကခြင့္ျပဳခ်က္ေတာင္းၿပီး အဲ့ဘက္ခရီးထြက္ၾကည့္ပါဦးမယ္"
" အဲ့က်ရင္ နန္းေတာ္တြင္းကို လာလည္ပါ။ ကြၽန္ုပ္ ခရီးဦးႀကိဳျပဳၿပီး လွပတဲ့ေနရာေတြ လိုက္ပို႔ေပးပါ့မယ္"
လူလူခ်င္း ခင္မင္ရင္းႏွီးမႈ ရယူျခင္းအရ ဧက, ဖိတ္မႏၲကျပဳလိုက္သည္။ ထိုစကားေၾကာင့္ သုဒီပါ ေခါင္းေထာင္ကာ ဧကဘက္ကို လွည့္ၾကည့္သည္။
" အဲ့လိုလည္း အဆင္ေျပသားပဲ။ ဒါဆို မင္းကျပန္ေတာ့မွာေပါ့"
" ဟုတ္ မနက္ျဖန္..."
" အခုမွ စသိတာကို....မနက္ျဖန္ျပန္မယ္တဲ့။ သုံးေလးရက္ေလာက္ေနမွျပန္ေလ"
" ဗ်ာ"
ဧက မ်က္လုံးေလးကလယ္ကလယ္ျဖင့္ ေရ႐ြတ္မိသည္။
သုဒီပါက ကိုယ္တစ္ဝက္ထ,ထိုင္လာသည္။
"ဟုတ္တယ္ေလ...ဒီအေတာအတြင္း စစ္ပြဲေတြေၾကာင့္ ဥတၱရကိုေကာင္းေကာင္း မလည္ၾကည့္ရေသးဘူးမလား။ ဧည့္သည္ကို ဘယ္မွလိုက္မျပရဘဲ ျပန္လႊတ္လိုက္ရမယ္ဆိုရင္ ဧည့္ဝတ္မေက်ဘူး ျဖစ္ေနမွာေပါ့။ ဒါေၾကာင့္ ဒီမွာရက္ပိုင္းေလာက္ ခဏေနၿပီး ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ၿပီးမွ ျပန္။ ဟီရမွာလည္း ေပ်ာ္စရာမ်ားတယ္"
" ဒါေပမဲ့...."
"ေတာက္ေလွ်ာက္ပင္ပန္းထားတာကို အခုစိတ္လြတ္လက္လြတ္ ေပ်ာ္လိုက္စမ္းပါ။ ၁၈ ႏွစ္အ႐ြယ္မွာ မေပ်ာ္ထားရင္ ဘယ္အခ်ိန္သြားေပ်ာ္မွာလဲ"
ထိုစကားေၾကာင့္ ဧက၏ေခါင္းထဲ အေတြးမ်ားႏွင့္ ျပည့္ႏွက္သြားသည္။
အမွန္တိုင္းဆိုရလွ်င္ သူ,လူငယ္တစ္ေယာက္အတိုင္း မေနဖူးေသးေပ။ အသက္ ၁၅ ႏွစ္အ႐ြယ္တြင္ ပုန္ကန္ေသာ အစ္ကိုေတာ့္အေနာက္သို႔ လိုက္ကာ ႏိုင္ငံေရးကိစၥမ်ားၾကားထဲ ေနထိုင္ခဲ့ရသည္။
၁၈ ႏွစ္တြင္ ဥတၱရသို႔ေရာက္ၿပီး ထပ္မံကာ စစ္ပြဲထဲပါရသည္။ သူ ႐ူး႐ူးမိုက္မိုက္ႏွင့္ လုပ္ခ်င္ရာလုပ္သည့္ကိစၥမ်ိဳး မရွိေသးေပ။
သူ ဆယ္ေက်ာ္သက္တစ္ဦးပီပီ မေပ်ာ္ဖူးေသးေခ်။
အေတြးႏွင့္အတူ ဧကသည္ သုဒီပါေဘးခ်ထားေသာ ေသရည္ပုလင္းကို စိတ္ေပါက္လက္ေပါက္ျဖင့္ လွမ္းယူကာ ေမာ့ခ်လိုက္သည္။
ေသရည္က ခါးၿပီး စူးရွလြန္း၏။
အရသာေၾကာင့္ ဧက၏မ်က္ႏွာတစ္ခုလုံး ပန္းေရာင္သန္းကာ ရႈံ႕မဲ့ယုတ္တြသြားသည္။
ဧက ေထြးထုတ္ေတာ့မည္ေတာင္ ထင္လိုက္သျဖင့္ သုဒီပါ သူ၏လက္ကို ဧကေရွ႕သို႔ ကမန္းကတန္းခံလိုက္မိသည္။
သို႔ေသာ္လည္း ဧက,က ရေအာင္ေတာ့ မ်ိဳခ်ရွာသည္။
သုဒီပါ ဒီေကာင္ေလးကို ရယ္လည္းရယ္ခ်င္၊ သနားလည္းသနားခ်င္ ျဖစ္ကာ ဧကလက္ထဲမွ ေသရည္ပုလင္းကို ျပန္ယူလိုက္သည္။
" ရႈံ႕မဲ့သြားတာပဲ။ မႀကိဳက္ဘူးလား"
" ခါးတယ္"
ဧက မ်က္ႏွာက ရႈံ႕မဲ့ေနဆဲျဖစ္သည္။ ဘီလူး သံပရာသီး
ကိုက္စားမိထားသည့္အတိုင္းပင္။
" ဒီေသရည္က ျပင္းတယ္။ အခုမွ စေသာက္တဲ့သူဆို အဆင္မေျပဘူး။ ဒါေပမဲ့လည္း အခုမွ တကယ္ အ႐ြယ္ေရာက္တဲ့ေယာက္်ား ျဖစ္သြားတာေပါ့ကြ...ဟားဟားဟား"
" အ႐ြယ္ေရာက္တဲ့ေယာက္်ားလား..."
ဧက ထိုစကားကို ခပ္တိုးတိုးဆိုကာ အဆုံးတြင္ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ အေပၚတက္သည္အထိ သေဘာက်စြာ ၿပဳံးသြားသည္။
ထိုအၿပဳံးကို ျမင္ေသာ္ သုဒီပါဟာ ဗ်ဴဟာေအာင္ျမင္သြားသည့္ စစ္သူႀကီးပမာ အားရေက်နပ္သြားသည္။
" ေတြ႕လား။ ဒီလိုရယ္လိုက္ေတာ့လည္း ခ်စ္ဖို႔ေကာင္းတာပဲကို"
ဧက ေသရည္ ပထမဦးဆုံး ေသာက္ဖူးေသာ သူ႔အျဖစ္သူ ျပန္စဥ္းစားၿပီး ရယ္ခ်င္သျဖင့္ မ်က္ႏွာကေလး ၿပဳံးေယာင္သမ္းေနသည္။
သူဟာ နဂိုပါးေဖာင္းသူမို႔ ၿပဳံးတုံးတုံးျဖစ္ေနခ်ိန္တြင္ ပါးေလးႏွစ္ဖက္ အလိုလိုလုံးအိေနသည္။ ထိုပုံစံက တစ္စုံတစ္ေကာင္ကို သတိရေစသည္။
" ရွဥ့္နဲ႔တူတယ္"
သုဒီပါ၏ ဆိုင္းမဆင့္ဘုံမဆင့္အေျပာေၾကာင့္ ဧက,အူေၾကာင္ေၾကာင္ျဖစ္သြားသည္။
ေနာက္မွ သူ႔ကိုေျပာေနမွန္းသိသြားကာ
" မတူပါဘူး"
ဟု ျပန္ျငင္းသည္။ သုဒီပါက လက္မခံပါေခ်။
" တူပါတယ္။ အစာစားရင္ ပိုေတာင္တူေသးတယ္"
ဧက မ်က္ေမွာင္ကုတ္သြားသည္။
" မတူပါဘူး"
" တူတာေပါ့။ မွန္ေထာင္ျပဖို႔ လိုေသးလား"
ဧက မ်က္ေမွာင္ကုတ္ကာ ေခါင္းခါျပသည္။ အႏွီ ရွဥ့္ကိစၥႏွင့္တင္ သူတို႔ ႏွစ္ဦး ဆက္လက္ျငင္းခုန္ၾကသည္။
ဆိတ္ၿငိမ္ေသာ ညတစ္ညဟာ လူတစ္ဦးႏွင့္တစ္ဦးကို ရင္းႏွီးခင္မင္သြားေစရန္ လြယ္ကူေစခဲ့သည္ႏွင့္တူသည္။
********************************
ေပ်ာ္ပြဲ႐ႊင္ပြဲၿပီးဆုံး၍ နန္းေဆာင္သို႔ ျပန္ေရာက္သည့္ အခ်ိန္ဟာ ညသန္းေခါင္သို႔ပင္ ေရာက္လုနီးနီးျဖစ္သည္။
သို႔ေသာ္လည္း ယုဂန္ႏွင့္ အ႐ုဏမွာ မအိပ္ခ်င္ေနဘဲ မနက္ခင္းအတိုင္းကို လန္းဆန္းတက္ႂကြေနၾကသည္။ သူတို႔သည္ တစ္ေန႔တာ ပင္ပန္းခဲ့သမွ်ကို ေရခ်ိဳးသန႔္စင္ၿပီး ေဆးေၾကာလိုက္ၾက၏။
တစ္ေနကုန္ ဣေျႏၵႀကီးျမတ္ေသာ ဘုရင့္အဝတ္အစားမ်ားကို ဝတ္ထားခဲ့ရသျဖင့္ ေပါ့ပါးကာ သက္ေတာင့္သက္သာျဖစ္ေသာ အဝတ္တို႔ကို ေျပာင္းလဲဝတ္ဆင္လိုက္ရခ်ိန္တြင္ အ႐ုဏမွာ အေတာ္ေလးစိတ္လက္ေပါ့ပါးသြားသည္။
သူဟာ ရံေ႐ြေတာ္မ်ား အလကားသက္သက္ေခၚရသည္ကို မႏွစ္ၿမိဳ႕သည္ျဖစ္ရာ မိမိ၏လက္ဝတ္ရတနာမ်ားကို ကိုယ္တိုင္သာ ခြၽတ္ၿပီး တင္းက်ပ္စြာထုံးဖြဲ႕ထားရေသာ သူ၏ဆံပင္ေခြေခြမ်ားကို ျဖည္ေလွ်ာ့ခ်လိုက္သည္။
ထိုအခ်ိန္တြင္
" ေမာင္..."
ဟူေသာ ခြၽဲသံအတန္ငယ္ပါသည့္ အသံကေလးတစ္ခု သူ႔အေနာက္နားမွ ထြက္ေပၚလာသည္။
အ႐ုဏလွည့္ၾကည့္လိုက္ေသာအခါ ယုဂန္ကို အံ့ဩဖြယ္ရာေတြ႕လိုက္ရသည္။
စင္စစ္ ယုဂန္ကို ေတြ႕ရျခင္းမွာ အံ့ဩဖြယ္ရာမဟုတ္ေသာ္လည္း ယုဂန္ဝတ္ထားေသာ အက်ႌက အံ့ဩဖြယ္ရာ ျဖစ္ေနျခင္းျဖစ္သည္။
ယုဂန္သည္ မွန္ဇာပါးပါးေလးျဖင့္ ခ်ဳပ္ထားေသာ အက်ႌတစ္ထည္တည္းကိုသာ ဝတ္ဆင္ထား၏။
အက်ႌမွာ ပါးလႊာမႈေၾကာင့္ ယုဂန္၏ရင္ဘတ္ေပၚရွိ စာသားကိုပါ အေသးစိတ္ေဖာက္ထြင္းျမင္ေနရၿပီး ေအာက္ဘက္တြင္လည္း တိုလ်ေသာအတြင္းခံကို ေသေသခ်ာခ်ာ လွမ္းျမင္ေနရသည္။
အ႐ုဏ ပါးစပ္ဟရင္းႏွင့္ပင္ အသက္ရွဴဖို႔ေမ့ေလ်ာ့သြားမိသည္။
"ဒါ ဘယ္တုန္းကအက်ႌတုံး။ အေတာ္ ေဖာက္ထြင္းျမင္ေနရတာပဲ"
ယုဂန္၏နား႐ြက္ေလးႏွစ္ဖက္နီရဲသြားသည္။
သူဟာ ရွက္႐ြံ႕ေနဟန္ရွိေသာ္လည္း အ႐ုဏအနားကို တစ္လွမ္းခ်င္းစီ ေလွ်ာက္လွမ္းလာသည္။
ယုဂန္အနားကိုေရာက္လာသည္မို႔ အ႐ုဏ ခါးမွဆြဲ၍ ေပြ႕ဖက္လိုက္သည္။
အ႐ုဏက ထိုင္ေနၿပီး ယုဂန္က မတ္တပ္ရပ္ေနသည္ျဖစ္ရာ အ႐ုဏ၏မ်က္ႏွာမွာ ယုဂန္၏ရင္ဘတ္နား၌ ကပ္လ်က္ရွိသည္။
ယုဂန္က အ႐ုဏ၏ပခုံးကို အသာကိုင္၍ဆိုသည္။
" ေမာင့္အတြက္ ဝတ္ျပတာပါေနာ္။ ေမာင္ၾကည့္ဖို႔"
" ဒါမ်ိဳးကို ေမာင္ပဲ ၾကည့္ရမွာေပါ့။ တျခားဘယ္သူမွျမင္လို႔ မျဖစ္ဘူးေလ"
ထိုစကားေၾကာင့္ ယုဂန္ရယ္သည္။
ေမာင္က သူ႔ကိုေမာ္ၾကည့္ေနရင္း ႏူးညံ့ေသာအသံျဖင့္ ေရ႐ြတ္လာသည္။
" လွတယ္"
ထိုသို႔ဆိုရင္း အ႐ုဏမတ္တပ္ရပ္လာ၏။ ထို႔ေၾကာင့္ သည္တစ္ခါေမာ္ၾကည့္ရသူမွာ ယုဂန္ျဖစ္သြားေလသည္။
ယုဂန္သည္ အ႐ုဏ၏လည္ပင္းကို သူ၏လက္ကေလးမ်ားျဖင့္ တြဲလြဲခိုရင္း အ႐ုဏၾကားႏိုင္႐ုံမွ် အသံကေလးျဖင့္ ကလူ၏သို႔ ျမဴ၏သို႔ဆိုသည္။
" ဥတၱရႏိုင္ငံရဲ႕ ဘုရင္မင္းျမတ္ကို တစ္ခါေလာက္ျဖစ္ျဖစ္ ဆြဲေဆာင္ၾကည့္မလို႔ေလ"
" ေန႔တိုင္း ဆြဲေဆာင္ေနတာပဲကို"
စကားဆုံးဆုံးခ်င္းပင္ ယုဂန္ဟာ ေမာင့္၏နမ္းရႈိက္ျခင္းကို ခံယူလိုက္ရသည္။
သူတို႔ဟာ အခ်င္းခ်င္းခ်စ္ခင္ျမတ္ႏိုးစြာနမ္းရႈပ္ရင္း လွ်ာဖ်ားတို႔ ရစ္ပတ္ထိေတြ႕လာၾကသည္။ အသက္ရွဴရန္ ေခတၱရပ္တန႔္လိုက္စဥ္တြင္ ယုဂန္ဟာ ေျခဖ်ားေထာက္၍ အ႐ုဏ၏နား႐ြက္ဖ်ားနားသို႔ တိုးကပ္ကာ
" ဒီည အရွင္မင္းႀကီးဆီ ခ,စားေပးမယ္"
ဟု တိုးဖ်လြန္းစြာဆိုသည္။ ထိုစကားေၾကာင့္ အ႐ုဏၿပဳံးသြားသည္။
" ၿပီးမွ ရပ္ဖို႔မစဥ္းစားနဲ႔"
႐ုတ္တရက္ အ႐ုဏ ယုဂန္ကို ခ်ီမ,လိုက္သည္ျဖစ္ရာ ယုဂန္ဟာ လန႔္ဖ်ပ္သြားၿပီး သေဘာက်ႏွစ္ၿခိဳက္စြာရယ္သည္။
ယုဂန္၏ေျခေထာက္သြယ္သြယ္ေလးႏွစ္ဖက္က အ႐ုဏ၏ခါးကို တြယ္ဖက္ၿပီးျဖစ္၏။ အ႐ုဏကမူ ယုဂန္ကို တင္ပါးမွတစ္ဆင့္ မ,ခ်ီထားသည္ျဖစ္ရာ အဆိုပါ တင္ပါးလုံးလုံးေလးမ်ားကို ဖ်စ္ညႇစ္ဖို႔ရန္လည္း မေမ့ေလ်ာ့ေနပါေခ်။
သူတို႔ဟာ ထိုအတိုင္းထပ္မံၿပီး နမ္းရႈပ္ၾက၏။ ဒီတစ္ေခါက္တြင္မူ အနမ္းမ်ားဟာ ပိုမိုကာျပင္းထန္လာၿပီး ပိုပို၍လည္း မြတ္မြတ္သိပ္သိပ္ျဖစ္လာၾကသည္။
အ႐ုဏက သူ႔ကို ထိုအတိုင္းခ်ီလ်က္ နမ္းရႈပ္ရင္း ကုတင္ေပၚသို႔ ေခၚေဆာင္သြားသည္။
ယုဂန္ကို ကုတင္ေပၚတြင္ လွဲလိုက္ကာ အ႐ုဏက အေပၚမွအုပ္မိုးၿပီး အဆက္မျပတ္နမ္းရႈပ္သည္။ သူတို႔၏လွ်ာဖ်ားမ်ားမွာ အခ်င္းခ်င္းတြယ္ၿငိရင္း ပူေႏြးစိုစြတ္ေနၾက၏။
ရာဂမီးမ်ားက ပူေလာင္လာေသာအခ်ိန္တြင္ အ႐ုဏဟာ မတုံ႔ဆိုင္းေနေတာ့ဘဲ သူ၏အဝတ္မ်ားကို ခြၽတ္၍ ၾကမ္းျပင္ေပၚသို႔ လႊတ္ပစ္လိုက္သည္။
ထိုအခါ သူ၏ မာေၾကာေနၿပီျဖစ္ေသာ႐ိုးတံဟာ ထင္းခနဲရွင္းခနဲပင္ ျမင္ကြင္းထဲ ေပၚေပါက္လာေလသည္။
" လိုခ်င္ေနၿပီလား အခ်စ္ကေလး"
သူ ရွတစြာဆို၍ ယုဂန္ဆီသို႔ ျပန္လည္ငုံ႔ဆင္းလာကာ ယုဂန္၏လွပေသာ ညႇပ္႐ိုးကေလးမ်ားကို ပါးလႊာေသာအဝတ္ေပၚမွတစ္ဆင့္ သဲႀကီးမဲႀကီးနမ္းသည္။
ထိုအခ်ိန္မွာတင္ အ႐ုဏဟာ သူ၏အရာကို ယုဂန္၏ေပါင္တံတစ္ဖက္က တမင္တကာ လာေရာက္ထိေတြ႕ေနမွန္း ခံစားလိုက္ရသည္။
ယုဂန္ တကယ့္ကို အဆိုးကေလးပင္။
" အြန္း...သူ႔ရွင္က ေသခ်ာေလး ခ်စ္ေပးမွျဖစ္မွာေပါ့"
" သူ႔ရွင္?"
အေခၚအေဝၚေၾကာင့္ အ႐ုဏၿပဳံးလိုက္မိကာ တစ္ခ်ိန္တည္းဆိုသလိုပင္ ယုဂန္၏ရင္ဘတ္ေပၚမွ အသီးေလးမ်ားကို အဝတ္ေပၚမွတစ္ဆင့္ ဆြဲကိုက္လိုက္သည္။
ထိုအျပဳအမူေၾကာင့္ ယုဂန္ဟာ "အ့"ခနဲဟူ၍ပင္ အသံေသးေသးေလးထြက္မိသြား၏။
အ႐ုဏကမူ ယုဂန္၏ဝမ္းဗိုက္ကို နမ္းရႈိက္ေနရင္းႏွင့္ပင္ ယုဂန္၏ေပါင္တံေလးမ်ားကို ပြတ္သပ္၍ အလယ္ရွိေနရာကို က်ဴးေက်ာ္ရန္ ျပင္ဆင္ေနၿပီျဖစ္သည္။
ယုဂန္ မ်က္ႏွာေလးရဲ၍ မပြင့္တပြင့္ေျပာလိုက္မိသည္။
" ေဘးမွာ...ရွိတယ္...."
အ႐ုဏ ယုဂန္၏စကားအတိုင္း ေဘးသို႔ၾကည့္လိုက္ေသာ္ ကုတင္ေဘးရွိ ခုံပုေလးေပၚတြင္ အသင့္ျပင္ဆင့္ထားသည့္ ဆီဘူးကိုေတြ႕လိုက္ရသည္။
အ႐ုဏ ထိုဘူးကို လွမ္းယူရင္း ခပ္ဟဟရယ္လိုက္မိသည္။
" ဘယ္ေလာက္ေတာင္ လိုခ်င္ေနလို႔ ႀကိဳျပင္ထားရတာလဲ"
ယုဂန္ ယခုမွရွက္မိသျဖင့္ သူ၏နီျမန္းေနေသာ မ်က္ႏွာကို လက္ျဖင့္အုပ္သည္။
ေမာင္ကမူ သူ႔ကိုစေနာက္ရျခင္းအေပၚ ေပ်ာ္ေမြ႕ေနဟန္ရွိၿပီး ဆီဘူးကို အဖုံးဖြင့္ရင္း ယုဂန္၏ေျခေထာက္ေလးမ်ားကို ဖြင့္ဟရန္ႀကိဳးပမ္းေနသည္။
" ေမာင္လုပ္တာကို ခံခ်င္တယ္ေပါ့ ဟုတ္လား"
" ေမာင္ မစနဲ႔ကြာ"
ယုဂန္ ရွက္ရွက္ႏွင့္ပင္ ရန္ေတြ႕မိ၏။ မိမိဟာ လူပ်ိဳမဟုတ္ေတာ့သည္မွာ ၾကာၿပီျဖစ္ေသာ္လည္း အၾကာႀကီးေနမွ ျပန္လည္ လုပ္ရေသာေၾကာင့္ႏွင့္တူသည္။ သူဟာ ရွက္ေနၿပီး မ်က္ႏွာႀကီးတစ္ခုလုံးလည္း ပူထူေနသည္ဟုခံစားရသည္။
ထိုသို႔ မ်က္ႏွာကသာ ပူေနေသာ္လည္း ေအာက္ပိုင္းကမူ ေလာင္းခ်လိုက္ေသာ ပ်စ္ခြၽဲသည့္အရည္မ်ားေၾကာင့္ ေအးစိမ့္သြားရသည္။
တစ္ဆက္တည္းပင္ ယုဂန္ဟာ သူ၏ေျခေထာက္မ်ားၾကားမွ တြင္းေပါက္ေနရာတြင္း ထိေတြ႕လာေသာ လက္ေခ်ာင္းမ်ားကို ခံစားလာရသည္။
ယုဂန္ စိတ္လႈပ္ရွားစြာျဖင့္ ေျခေခ်ာင္းေလးမ်ားကို ကုပ္လိုက္မိသည္။
" လုပ္တာခံခ်င္ေနတာ ဟုတ္တာပဲကို"
ေမာင္က ရယ္က်ဲက်ဲျဖင့္ဆိုရင္း အဝငယ္ထဲသို႔ သူ၏လက္ေခ်ာင္းမ်ားကို တစ္ေခ်ာင္းစီ ထည့္သြင္းလာခဲ့သည္။
ယုဂန္ ပင့္သက္ရႈိက္လိုက္မိ၏။ ေမာင့္၏လက္ေခ်ာင္းမ်ားက သူ၏ခႏၶာကိုယ္အတြင္းသို႔ ဆက္တိုက္အသြင္းအထုတ္ျပဳကာ ေနရာခ်ဲ႕ထြင္ေနသည္။
" ဒီခႏၶာကိုယ္က အသစ္ကေလးဆိုေတာ့ တင္းက်ပ္ေနတုန္းပဲ"
လက္ေခ်ာင္းတို႔က ရမၼက္မ်ားစုံရာေနရာကို ထိေတြ႕လိုက္လွ်င္ ယုဂန္ဟာ ခႏၶာကိုယ္ေလးပင္ တစ္ခ်က္တုန္တက္သြားရသည္။
ေမာင္က သူ႔ကို လႈံ႕ေဆာ္ေနရင္းႏွင့္ပင္ သူ၏ရင္ဘတ္မ်ားကို ထပ္မံနမ္းရႈပ္လာခဲ့သည္။ ထိုသို႔ နမ္းရႈပ္ေနရင္းႏွင့္လည္း ယုဂန္၏ နီျမန္းေနေသာ မ်က္ႏွာကေလးကို ေငးစိုက္ၾကည့္ကာ
" ဒီိလိုလုပ္ရင္ ေကာင္းလား"
ဟု ခပ္ရွရွအသံျဖင့္ေမးသည္။ ယုဂန္ ေတာ္႐ုံႏွင့္ျပန္မေျဖေသာ္ သူဟာ မ်က္ေမွာင္ကုတ္သြားၿပီး သူ၏လက္ေခ်ာင္းမ်ား လႈပ္ရွားမႈကို ပိုျမန္လာသည္။
" ေကာင္းလားလို႔"
" အင္း...ေမာင္"
ျပန္ေျဖမွ ေက်နပ္သြားဟန္ျဖင့္ သူ၏လက္ေခ်ာင္းမ်ားကို ဆြဲထုတ္သြားသည္။
ထို႔ေနာက္တြင္ အ႐ုဏက ယုဂန္ကို ေက်ာမွဖက္၍ ဆြဲထူလိုက္ရာ ယုဂန္ဟာ အ႐ုဏ၏ေပါင္ေပၚ မ်က္ႏွာခ်င္းဆိုင္ ထိုင္မိရက္သားျဖစ္သြားသည္။
ေမာင္က သူ႔၏ႏႈတ္ခမ္းလႊာတို႔ကို မက္ေမာစြာနမ္း၏။ ယုဂန္ကမူ သူ၏တင္ပါးေအာက္၌ ပြတ္သပ္ေနသာ ႐ိုးတံ၏တင္းမာမႈကိုသာ ျပက္ျပက္ထင္ထင္ခံစားေနရသည္။
ဒီည သူ႔ဘက္ကအရင္ခစားေပးမည္ဟု ဆိုထားသျဖင့္ အစအဆုံး သူျပဳစုသင့္သည္ဟု ယုဂန္ေတြးေတာမိလိုက္သည္။
သို႔ပါ၍ ထိုအေတြးႏွင့္အတူ သူဟာ အ႐ုဏကို အေနာက္သို႔ လဲက်ေအာင္ ဖိက်ပစ္လိုက္သည္။ ထိုအခါ သူသည္ လွဲေနေသာ အ႐ုဏအေပၚ၌ ထိုင္ရက္သားျဖစ္သြား၏။
မေမွ်ာ္လင့္ထားေသာ အျပဳအမူေၾကာင့္ အ႐ုဏ အံ့ဩသြားသည္ကို ေတြ႕လိုက္ရသည္။
ယုဂန္ အ႐ုဏကို ငုံ႔နမ္းကာ ပူေႏြးေမာဟိုက္ေသာအသံကေလးျဖင့္ဆိုလာသည္။
" ဒီညေတာ့ ကြၽန္ေတာ္ျပဳစုေပးမယ္"
ေျပာေျပာဆိုဆိုႏွင့္ ယုဂန္သည္ အ႐ုဏ၏ေထာင္မတ္ေနေသာ အဂၤါကိုဆုပ္ကိုင္လိုက္၏။ ထို႔ေနာက္ သူ၏အဝႏွင့္ ေတ့ကာ ျဖည္းျဖည္းခ်င္းထိုင္ခ်သည္။
" အာ့...ေမာင္"
သူ၏ ညည္းညဴသံေသးေသးကေလးက အ႐ုဏကို ႐ူးသြပ္သြားေစရန္ လုံေလာက္ေနၿပီျဖစ္သည္။
သူတို႔ဟာ အႀကိမ္ေပါင္းမ်ားစြာ လုပ္ခဲ့ဖူးၾကသည္ျဖစ္ေသာ္လည္း ဤအေနအထားႏွင့္မူ ပထမဆုံးအႀကိမ္ျဖစ္သည္။
ယုဂန္က ပင္ပန္းသည္ဟုဆိုၿပီး တစ္ခါမွ အေပၚကမေနေခ်။ ထို႔ေၾကာင့္ ယေန႔ညဟာ အေတာ္ေလးထူးထူးျခားျခားျဖစ္သည္ဟု ဆိုရမည္ျဖစ္သည္။
ယုဂန္က အေပၚမွေနရင္း သူ၏႐ိုးတံကို အတြင္းထဲထည့္ကာ အသာေလးလႈပ္ရွားလာသည္။
ေကာင္းမြန္ေသာခံစားခ်က္မ်ားေၾကာင့္ အ႐ုဏ အသက္ျပင္းျပင္းရွဴရႈိက္လိုက္မိသည္။
"ျဖည္းျဖည္းခ်င္းလႈပ္ ကေလးေလး။ နာမယ္"
ယုဂန္ဟာ ဘာမွျပန္မေျပာႏိုင္ဘဲ သူအေကာင္းဆုံးျပဳစုေပးႏိုင္ရန္ကိုသာ စိတ္ထဲထည့္သြင္းထားသည္။
သူ၏အဝငယ္အတြင္း ႐ိုးတံဟာ တစ္ဝက္ ဝင္ခ်ည္ တစ္ဝက္ထြက္ခ်ည္ျဖစ္ေနၿပီး အ႐ုဏေနရာမွ ျမင္ရေသာ ယုဂန္၏ျမင္ကြင္းဟာလည္း အလြန္တရာကို ဆြဲေဆာင္မႈျပင္းထန္စြာ လွရက္လြန္းေနသည္။
အ႐ုဏ ညည္းလိုက္မိသည့္တစ္ဆက္တည္းပင္ ဖြင့္ဟေရ႐ြတ္လိုက္မိသည္။
" အခ်စ္ သိပ္လွတာပဲ"
ယုဂန္ ၿပဳံးသြား၏။
အ႐ုဏ မေနႏိုင္ေတာ့သည္ျဖစ္ရာ တစ္ဝက္ထ,ထိုင္ၿပီး
ယုဂန္ကို သိမ္က်ဳံးေပြ႕ဖက္ နမ္းရႈပ္လိုက္မိေတာ့သည္။
" ခ်စ္တယ္"
သူ အနမ္းမ်ားၾကားမွ တိုးညင္းစြာေရ႐ြတ္သည္။
သူ၏႐ိုးတံဟာေတာ့ ယုဂန္၏ကိုယ္ထဲ ဆက္တိုက္တိုးဝင္ေနစၿမဲျဖစ္၏။
ရမၼက္အေငြ႕အသက္မ်ားက သူတို႔ႏွစ္ဦး၏အဂၤါမ်ားထဲသို႔ မွ်တူပ်ံ႕ႏွံ႔စီးဝင္ေနသည္။ ထိုေၾကာင့္ ႏွစ္ဦးစလုံးဟာ အသက္ကို ျပင္းျပင္းမရွဴဘဲ၊ ပင့္သက္မရႈိက္ဘဲ မေနႏိုင္ၾကပါေခ်။
အ႐ုဏဟာ ယုဂန္ကို အသာမယာပင့္မလိုက္၏။ သူက ထ္ိုအတိုင္းပင္ ယုဂန္၏ကိုယ္ထဲသို႔ ပိုမိုၿပီးတိုးဝင့္ႏိုင္ေအာင္ ေဆာင့္ခ်က္မ်ာကို ျပင္းလိုက္မိသည္။
" ခ်စ္တယ္ ေမာင့္ကေလးေလး"
ယုဂန္ဟာ သူ၏လည္ပင္းကို အားကိုးတႀကီးေပြ႕ဖက္လာသည္။ ျမန္ဆန္လာေသာ တိုးဝင္မႈမ်ားေၾကာင့္ ယုဂန္၏ကိုယ္ေလးဟာ လႈပ္ယမ္းေနၿပီး ထိုၾကားမွပင္ သူေမာဟိုက္စြာဆိုလာသည္။
" ကြၽန္ေတာ္ေရာပဲ ခ်စ္တယ္"
အ႐ုဏ ယုဂန္ကို ေအာက္သို႔ခ်လိုက္ကာ ယုဂန္၏ေျခေထာက္ေလးႏွစ္ဖက္ကို သူ၏ပခုံးေပၚသို႔ တင္လိုက္သည္။
ယခုအခ်ိန္တြင္ သူဟာ ယုဂန္ကလြဲၿပီး မည္သည့္အရာကိုမွ အေတြးထဲမရွိေတာ့ပါေခ်။
သူ ယုဂန္၏အတြင္းထဲကိုသာ ပိုပိုက်ဳးေက်ာ္ဝင္ေရာက္မိသည္။
သူႏွစ္ဦးအတြက္ ထိုညတာဟာ အလြန္အမင္းရွည္လ်ားခဲ့သည္ပင္။
********************************
ေလျပည္ေအးသည္ ေသာ့၍ ေသာ့၍ အေျပးႏွင္ေနေလ၏။
သစ္႐ြက္မ်ား တရွဲရွဲျမည္ေအာင္ လႈပ္ခါသြားေသာအခါတြင္ အညႇာမခိုင္ေသာ သစ္႐ြက္အခ်ိဳ႕ ေျမျပင္ေပၚသို႔ ေဝ့ကာဝိုက္ကာ ပ်ံဝဲက်လာေလသည္။
သစ္႐ြက္တို႔သည္ အုတ္ဂူတစ္ခုေပၚသို႔ တင္၍သြား၏။
သို႔ရာတြင္ ၾကာၾကာမခံလိုက္ပါဘဲ သစ္႐ြက္ဟာ လက္တစ္ဖက္၏ဖယ္ရွားျခင္းကို ခံယူလိုက္ရသည္။
မဏိဟာ အုတ္ဂူေပၚတင္က်န္ေနေသာ သစ္႐ြက္တို႔ကို တစ္႐ြက္ဆီ ဖယ္ရွားလိုက္သည္။
အုတ္ဂူထက္တြင္ "မင္းေယာဇာ" ဟုေရးထားေသာ စာတန္းငယ္က ၿငိမ္သက္စြာ တည္ရွိေန၏။
မင္းေယာဇာ ဆုံးပါးၿပီးေနာက္တြင္ မဏိသည္ အ႐ုဏကို ေမတၱာရပ္ခံကာ သူ၏ညီေတာ္အေလာင္းကို ဥတၱရသို႔ျပန္လည္ေခၚေဆာင္လာခဲ့သည္။ ထို႔ေနာက္ နန္းေတာ္၏အေနာက္ဘက္ဆုံး နန္းေဆာင္မရွိ လူသူကင္းမဲ့သည့္ေနရာတြင္ အ႐ုဏ၏ခြင့္ျပဳခ်က္ႏွင့္အတူ အုတ္ဂူသြင္း၍ ေျမျမႇဳပ္ခဲ့သည္။
သူ၏ညီေတာ္မင္းေယာဇာဟာ အတိတ္ဘဝမွ မင္းေယာဇာ၏ျခယ္လွယ္ထိန္းခ်ဳပ္မႈေၾကာင့္ မေကာင္းေသာအရာမ်ားကို ဆိုးဝါးစြာျပဳလုပ္ခဲ့သည္။
သို႔ေသာ္လည္း သူ၏ႏွလုံးသားအနက္ရႈိင္းဆုံး အတြင္းဘက္တြင္မူ ဥတၱရအေပၚ သံေယာဇဥ္ႏွင့္ မိသားစုအေပၚ ခံစားခ်က္တို႔ တည္ရွိေနဦးမည္ဟု မဏိယုံၾကည္ထားခ်င္သည္။
မည္သို႔ပင္ဆိုေစကာမူ မင္းေယာဇာဟာ အတိတ္ဘဝ၏စိတ္ညႇိဳ႕ျခင္းကို ခံစားခဲ့ရသူမဟုတ္ပါလား။
ေမြးကတည္းက သတ္ပစ္ရန္ အမိန႔္ခ်ခံခဲ့ရသည့္ သူ၏ညီေတာ္။ ခြဲျခားခံခဲ့ရသည့္ သူ၏ညီေတာ္။ ခ်စ္သူႏွင့္ မတရားစြာ ကြဲကြာခဲ့ရေသာ သူ၏ညီေတာ္။
သူ႔အတြက္ေတာ့ မင္းေယာဇာဟာ ကံဆိုးခဲ့ရသည့္ ကေလးငယ္တစ္ဦးပါပင္။
အနည္းဆုံးေတာ့ ေယာဇာဟာ ဟီရနန္းေတာ္တြင္းမွာပင္ သူ၏ခႏၶာကို ေျမခ်ခြင့္ရသင့္သည္။ ေနာက္ဆုံးေတာ့ ကံၾကမၼာဆိုးဝါးခဲ့ရသည့္ သူ၏ညီေတာ္ဟာ ေအးခ်မ္းရာကို ေရာက္ရွိေလၿပီဟု သူယုံၾကည္ထားခ်င္သည္။
" ေနာင္ဘဝက်ရင္ေတာ့ ေအးခ်မ္းတဲ့ဘဝကို သူရႏိုင္ေလာက္တယ္မဟုတ္လား"
မဏိ၏ ခပ္လွမ္းလွမ္းေနရာ၌ မတ္တပ္ရပ္ေနေသာ ေဒါဏႏွင့္ ဘဒၵါကို သူ,မဝံ့ရဲစြာလွမ္းေမးမိသည္။
တစ္ခ်ိန္တည္းတြင္ သူ၏ရင္ထဲစူးနင့္သြား၏။ "မင္းေယာဇာ" ဟုေရးထားေသာ နာမည္ျပားကို သူ,ျဖည္းညင္းစြာ ထိေတြ႕လိုက္သည္။
" ခ်စ္တဲ့သူနဲ႔လည္း ေပါင္းသင္းရၿပီး အၿမဲတမ္းၿပဳံးေပ်ာ္႐ႊင္ရတဲ့ လူတစ္ေယာက္ျဖစ္ေလာက္မွာပါေနာ္"
ဘဒၵါ အုတ္ဂူအနားသို႔ ေလွ်ာက္လွမ္းလာသည္။ သူမဟာလည္း မဏိနည္းတူ အုတ္ဂူကို ေဖ်ာ့ေတာ့မႈိင္းရီစြာ ေငးၾကည့္ရင္း
"ေသခ်ာပါတယ္ အစ္ကိုေတာ္။ ေနာင္ဘဝေတြမွာ သူက လူေကာင္းတစ္ေယာက္ျဖစ္ေနၿပီး သူ႔ဘဝကိုအေကာင္းဆုံးရွင္သန္သြားႏိုင္မွာပါ"
ဟု တိုးညင္းႏူးညံ့စြာဆိုသည္။
မဏိႏွင့္ ဘဒၵါတို႔သည္ အခ်င္းခ်င္းၾကည့္လိုက္မိၾက၏။ ထုတ္မေျပာၾကေသာ္လည္း သူတို႔ႏွစ္ဦး၏ ခံစားခ်က္မွာမွာ ထပ္တူညီေသာ ဆုံးရႈံးမႈတစ္ခုျဖစ္သည္။
မဏိဟာ ညီေတာ္ကို ဆုံးရႈံးရၿပီး ဘဒၵါဟာ အစ္ကိုေတာ္ကို ဆုံးရႈံးရသည္။
သူတို႔တြင္ မေရတြက္ႏိုင္ေသာ အမွတ္တရမ်ားရွိခဲ့ၾကသည္။ ရင္းႏွီးမႈမ်ား သံေယာဇဥ္ႀကီးခဲ့ၾက၏။
မိမိ၏အနီးစပ္ဆုံးလူတစ္ဦး မရွိေတာ့ျခင္းက အေပါက္ျပန္ဖာမရေတာ့ေသာ လစ္ဟာမႈတစ္ခုကို ျဖစ္ေပၚေစသည္။ မည္သူဘာေျပာေျပာ ေယာဇာဟာ သူတို႔အတြက္မူ ညီအစ္ကိုေကာင္းတစ္ဦး ျဖစ္ခဲ့သည္ မဟုတ္ပါလား။
" အစ္ကိုေတာ္"
တည္ၾကည္ေသာ အသံတစ္ခုေၾကာင့္ မဏိႏွင့္ ဘဒၵါတို႔ ၿပိဳင္တူလွည့္ၾကည့္မိၾကသည္။
ထိုတြင္ အ႐ုဏကို ေတြ႕လိုက္ရ၏။
အ႐ုဏဟာ ရွင္ဘုရင္အဝတ္အစား ဆင္ယင္ထားေသာ္လည္း မႉးမတ္ရံေ႐ြေတာ္လိုက္ပါဟန္ မရွိဘဲ တစ္ဦးတည္းသာျဖစ္ေလသည္။ သူဟာ ယခုထက္တိုင္ ဘုရင္၏အေဆာင္အေယာင္ႏွင့္ အသားမက်ေသးျခင္းျဖစ္ႏိုင္သည္။ သို႔မဟုတ္ လြတ္လပ္စြာသြားလာလိုေသာေၾကာင့္လည္း သြားေလရာ ေႁခြရံသင္းပင္းမေခၚျခင္းလည္း ျဖစ္ႏိုင္သည္။
" အ႐ုဏ...အာ....ခုဆို မင္းႀကီးအ႐ုဏလို႔ ေခၚရေတာ့မွာပဲ"
မဏိစကားေၾကာင့္ အ႐ုဏ ၿပဳံးသည္ဆို႐ုံေလးၿပဳံးကာ
" အ႐ုဏလို႔ပဲေခၚပါ"
ဟုဆိုသည္။
သူက မဏိႏွင့္ဘဒၵါအနားသို႔ေလွ်ာက္လာၿပီး အုတ္ဂူကို တစ္ခ်က္ၾကည့္ၿပီးမွ စကားဆက္ေျပာသည္။
" အစ္ကိုေတာ္နဲ႔ ေဒါဏတို႔ သြားၾကေတာ့မယ္လို႔ ၾကားပါတယ္"
ေဒါဏက မဏိ၏ေဘးတြင္ဝင္ရပ္သည္။ မဏိ ေဒါဏဘက္ကို တစ္ခ်ပ္လွည့္ၾကည့္ၿပီးေနာက္ ေဒါဏ၏လက္ကို ဆုပ္ကိုင္သည္။
" ဟုတ္တယ္ အ႐ုဏ။ ငါတို႔ႏွစ္ေယာက္ ဘယ္သူမွမသိတဲ့ ႐ြာဇနပုဒ္ေလးဆီ ထြက္သြားၾကေတာ့မယ္။ ၿပီးရင္ တို႔ႏွစ္ေယာက္တည္း လူမသိ သူမသိေနၾကမယ္"
" အစ္ကိုေတာ့္မယ္ေတာ္ေရာ ဒီကိစၥကိုသိၿပီးပါၿပီလား"
" ေျပာေတာ့ေျပာထားေပမဲ့ မယ္ေတာ္က တို႔ေတြကို အေတြ႕မခံဘူး။ မင္းေယာဇာ ဆုံးသြားတာေရာ၊ မင္း ဘုရင္ျဖစ္သြားတာေရာ အရာအားလုံးေၾကာင့္ သူလက္မခံႏိုင္ျဖစ္ၿပီး တစ္ေယာက္တည္း တံခါးပိတ္ေနေနတယ္။ ဘဒၵါတစ္ေယာက္နဲ႔ပဲ အေတြ႕ခံတယ္"
အ႐ုဏ၏အာ႐ုံထဲတြင္ အၿမဲတေစ လြဲမွားေသာ မာနတရားျဖင့္ ေခါင္းေမာ္ကာ စူးရဲလြန္းေနခဲ့သည့္ မိဖုရားေမသီရိေဒဝီကို သတိရမိသည္။
သူ႔ငယ္စဥ္အခါက သူ႔ကို ရန္ၿငိဳးျဖင့္ႏွိပ္စက္ခဲ့ေသာ၊ ညႇဥ္းပန္းခဲ့ေသာ၊ သူ႔အား ဖ်က္ဆီးခ်င္ေနခဲ့ေသာ မိဖုရားေမသီရိေဒဝီ။
အ႐ုဏ အရွင္ဘုရင္ျဖစ္လာျခင္းက မိဖုရားေမသီရိအတြက္ အႀကီးမားဆုံး ထိုးႏွက္မႈျဖစ္မည္မွာ အေသအခ်ာပင္။
အ႐ုဏအတြက္မူ သူမအေၾကာင္းက ေခါင္းထဲလုံးလုံးမရွိေနပါေခ်။ အသက္၆၀ နီးနီးရွိၿပီးျဖစ္ေသာ အမ်ိဳးသမီးအိုတစ္ဦးႏွင့္ မာနခ်င္းၿပိဳင္ရင္း ထိုးႏွက္ရန္လိုရန္ သူမည္သည့္နည္းႏွင့္မွ် အစီအစဥ္မရွိေပ။
ေျပာရပါက မိဖုရားေမသီရိေဒဝီဟာ သူ႔အတြက္ ဘယ္ေသာအခါမွ မရွိခဲ့ဖူးသည့္ လူတစ္ေယာက္လိုပါပင္။
" ဘဒၵါေရာ အဆင္ေျပရဲ႕လား"
အ႐ုဏ ေမးေသာအခါ ဘဒၵါ သိမ္ေမြ႕စြာၿပဳံးသည္။
"အစ္ကိုေတာ္နဲ႔ ႐ုတ္ခ်ည္းခြဲရေတာ့မယ္ဆိုေတာ့ စိတ္မေကာင္းေတာ့ ျဖစ္မိပါတယ္။ ဒါေပမဲ့ ဒီလို သာမန္လူဘဝနဲ႔ေနရဖို႔က အစ္ကိုေတာ္မဏိရဲ႕ အိပ္မက္ပဲေလ။ ကြၽန္ုပ္ အစ္ကိုေတာ့္အတြက္ ဝမ္းသာမိပါတယ္"
အ႐ုဏ ေခါင္းညိတ္၍ မဏိကိုၾကည့္သည္။
" နန္းေတာ္ကို ျပန္မလာေတာ့ဘူးလား"
မဏိ ခပ္သဲ့သဲ့ရယ္လ်က္ ေခါင္းကိုအသာခါရမ္းသည္။
" ဟင့္အင္း...နန္းေရးကိစၥေတြေတာ္ပါၿပီ။ ငါေရာ ေဒါဏေရာ ငါတို႔ဘဝတစ္ေလွ်ာက္လုံး အတၱေတြ၊ မာနေတြ၊ ၿပိဳင္ဆိုင္မႈေတြ၊ ေသြးေႂကြးေတြနဲ႔ပဲ ျပည့္ႏွက္ေနခဲ့ရတယ္။ အဲ့တာေတြကို ေမ့ပစ္လိုက္ခ်င္ၿပီ"
စကားအဆုံးတြင္ မဏိသည္ ေဒါဏကို လွည့္ၾကည့္၏။ သူ႔ကို ျပန္လည္ေငးၾကည့္ေနေသာ ေဒါဏ၏မ်က္ဝန္းမ်ားက အရည္လဲ့ေတာက္ပကာ အားကိုးမႈမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
မဏိအေနႏွင့္ ထိုမ်က္ဝန္းကေလး အေရာင္ျပန္မမွိန္သြားေအာင္ ႀကိဳးစားခ်င္သည္။ ေဒါဏႏွင့္သူ သာမန္ဆန္ေသာ
အိမ္ေထာင္တစ္ခုကို ၿငိမ္းခ်မ္းစြာ ပိုင္ဆိုင္သြားခ်င္သည္။ သူ ေပ်ာ္႐ႊင္စြာေနမည္။ သူအလိုခ်င္ခဲ့ဆုံးေသာဘဝကို သူတည္ေဆာက္သြားခ်င္သည္။ ေသခ်ာေပါက္ ေဒါဏႏွင့္အတူ သူေနထိုင္သြားခ်င္သည္။
" ဒါေပမဲ့ ပြဲအခမ္းအနားရွိခဲ့ရင္ေတာ့ ေမာင္ႏွမေတြနဲ႔ျပန္ဆုံဖို႔ ျပန္လာခဲ့ပါမယ္"
" ဟီရနန္းေတာ္က အစ္ကိုေတာ့္ကို အၿမဲတမ္း ႀကိဳဆိုေနမွာပါ"
မဏိ ေက်နပ္စြာၿပဳံးကာ ေဒါဏကိုတစ္ဖက္၊ ဘဒၵါကိုတစ္ဖက္ ပခုံးဖက္လိုက္သည္။
" တို႔ႏွစ္ေယာက္လည္း မေမွာင္ခင္ အားလုံးကိုႏႈတ္ဆက္ၿပီး သြားရမွာေပါ့"
ေဒါဏ ဝင္းပစြာၿပဳံး၍ ေခါင္းညိတ္ျပသည္။
*****************************
ညီလာခံသဘင္....
ေ႐ႊေရးခ် ကႏုတ္ေဖာ္တိုင္လုံးႀကီးမ်ား အစီအရီသြယ္တန္းေနကာ ေ႐ႊခက္သြန္းဆီမီးတိုင္မ်ား၊ အဆင့္အတန္းျမင့္ေသာ ေကာ္ေဇာ္ႀကီးမ်ားႏွင့္ ခမ္းနားတင့္တယ္ေသာ အေဆာင္အေယာင္မ်ား ျပည့္စုံရာ ထည္ဝါသည့္ ေျမနန္းျပသာဒ္တြင္ နန္းတက္စရွင္ဘုရင္၏ ပထမဆုံးညီလာခံသဘင္ကို က်င္းပခဲ့ေလသည္။
နန္းေဆာင္၏ ထိပ္ဆုံးရွိ သီဟာသနပလႅင္ထက္ဝယ္ မင္းႀကီးအ႐ုဏဟာ ဖြဲ႕ေခြထိုင္၍ သူ၏ေရွ႕ရွိ မႉးႀကီးမတ္ရာအေထြေထြကို တည္ၾကည္စြာ ၾကည့္ရႈေနသည္။
မင္းႀကီးအ႐ုဏ၏လက္ထဲတြင္ မင္းေျမာက္တန္ဆာျဖစ္ေသာ ေ႐ႊသန္လ်က္အား စြဲကိုင္ထား၏။
မင္းႀကီး၏ၾကင္ရာေတာ္အျဖစ္ အမတ္ရာထူးကို စြန႔္လႊတ္လိုက္ရေသာ ယုဂန္မွာမူ တစ္ဖက္တစ္ခ်က္ရွိ ေ႐ႊကန႔္လန႔္ကာေနာက္တြင္ ထိုင္၍ ညီလာခံကို စနည္းနာလ်က္ရွိသည္။
လက္ဝဲအမတ္ရာထူးကို စြန႔္လႊတ္ခဲ့ရသည့္တိုင္ ယုဂန္ဟာ ဘုရင့္ၾကင္ရာေတာ္အေနျဖင့္ ဒုတိယအႀကီးဆုံးေသာ အာဏာကို ရယူႏိုင္ထားသည္သာျဖစ္သည္။
သို႔ပါ၍ အ႐ုဏႏွင့္သူဟာ တိုင္းျပည္အတြက္ အေရးႀကီးေသာ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို အတူတကြခ်မွတ္ၿပီးျဖစ္သည္။ ယေန႔တြင္ အဆိုပါဆုံးျဖတ္ခ်က္မ်ားထဲမွ တစ္ခုကို လက္ေတြ႕အေကာင္အထည္ ေဖာ္ေဆာင္မည္ျဖစ္၏။
ထိုအတြက္ အ႐ုဏသည္ ဩဇာအရွိန္အဝါ ျပည့္ဝေသာအသံျဖင့္ ျပတ္သားစြာ အမိန႔္ခ်မွတ္လာသည္။
" မင္းသားပီယံမိတ္ဟာ ဉာဏ္ပညာႀကီးမားသူတစ္ဦးျဖစ္သည့္အျပင္ က်ိဳးေၾကာင္းဆင္ျခင္ႏိုင္ျခင္း၊ အေမွ်ာ္အျမင္ရွိျခင္း၊ ႏွလုံးရည္ျပည့္ဝျခင္း၊ ေၾကာင္းက်ိဳးသင့္တင့္ျခင္း၊ တရားမွ်တျခင္း စသည္တို႔ျပည့္ဝသူတစ္ဦးျဖစ္တယ္။ ယခင္ လြန္ၿပီးေသာ ေခမာဘုရင္၏ သတၱမသားေတာ္ျဖစ္သည့္အျပင္ ကြၽန္ုပ္ရဲ႕ ယုံၾကည္ရေသာညီေတာ္တစ္ဦးအျဖစ္ ရာဇေသြး ေတာ္ဝင္ေသြးစစ္စစ္ စီးဆင္းဆနသူတစ္ဦးလည္းျဖစ္တယ္။
တိုင္းျပည္ရဲ႕အနာဂတ္ကို ၾကည့္ရႈၿပီး၊ ဥတၱရရဲ႕စည္ပင္သာယာဝေျပာမႈ ျဖစ္ေစျခင္းအလို႔ငွါ မင္းသားပီယံမိတ္ကို ဥတၱရႏိုင္ငံ၏ အိမ္ေရွ႕စံမင္းသားအျဖစ္ ယေန႔ကစၿပီး သတ္မွတ္ေစ"
အမိန႔္သံဟာ နန္းေဆာင္၏တိုင္လုံးမ်ားကို ထိ၍ ပဲ့ထင္သံလႈပ္ခါသြား၏။
အိမ္ေရွ႕စံရာထူးဟာ အေရးႀကီးေသာရာထူးတစ္ခုျဖစ္ေသာ္လည္း ထိုရာထူးကို မင္းသားပီယံ့အား အပ္ႏွင္းျခင္းအေပၚ မည္သူမွ ကန႔္ကြက္လိုျခင္းမရွိပါေခ်။
မင္းသားပီယံသည္ စင္စစ္ အဆိုပါရာထူးႏွင့္ ထိုက္တန္သူမွန္း လူတိုင္းလက္ခံၾကသူျဖစ္၏။
ထို႔ေၾကာင့္ မႉးမတ္မ်ားထံမွ
" သင့္ေလ်ာ္ညီၫြတ္လွပါတယ္ ဘုရား"
ဟူေသာအသံမ်ားသာ တညီတၫြတ္တည္းထြက္ေပၚလာခဲ့သည္။
ထိုအခ်ိန္မွစ၍ မင္းသားပီယံမိတ္ဟာ အိမ္ေရွ႕စံပီယံမိတ္အျဖစ္သို႔ ေျပာင္းလဲအမည္တြင္သြားခဲ့ေလၿပီ။
***************************
" ဒီအေတာအတြင္း အရွင့္သားလုပ္ေပးခဲ့တာေတြကသိပ္ကိုေက်းဇူးႀကီးမားလွပါတယ္။ ဒီေက်းဇူးကို အကုန္ဆပ္ဖို႔မျဖစ္ႏိုင္ေလာက္ေပမဲ့ ကြၽန္ေတာ္တို႔ဘက္က ရသေလာက္ေလးေက်းဇူးဆပ္တဲ့အေနနဲ႔ ဒီရတနာေတြကို အရွင့္သားအတြက္ လက္ေဆာင္ေပးလိုက္ခ်င္ပါတယ္"
ယုဂန္၏စကားအဆုံးတြင္ နဂါးမင္းသားအဏၰ၏မ်က္လုံးမ်ားမွာ ဓာတ္လုံးရွင္ႀကီးထြန္းလိုက္သည့္ပမာ တလက္လက္ ေတာက္ပသြားေလသည္။
လြန္ခဲ့ေသာ အႏွစ္တစ္ေထာင္ေက်ာ္၊ သူ အေရွ႕ေတာင္နဂါးမင္းသားအျဖစ္ စည္းစိမ္ရွိစဥ္အခါက ေ႐ႊ၊ေငြ၊ စိန္ေက်ာက္ မည္သည့္အရာကိုမွ ေခါင္းထဲမရွိေနဘဲ ေရသုံးသလို ဗုန္းဗေလာသုံးစြဲခဲ့သည္ျဖစ္သည္။
သို႔ေသာ္လည္း "ေငြတန္ဖိုး မရွိကာမွ သိ" ဆိုသည့္အတိုင္း အႏွစ္တစ္ေထာင္လုံးလုံးမွာေတာ့ ျပာေတာင္ႀကီးလို မြဲျပာက်ေသာေၾကာင့္ ငါးေရာင္းကာ ဘဝသမားေလးအျဖစ္ ျဖတ္သန္းခဲ့ရသည္။
ထိုမွ ရရွိလာသည့္ အသိတရားမွာမူ ေငြကို ရႏိုင္သေလာက္မ်ားမ်ား စုေဆာင္းထားဖို႔ပင္။ သို႔ပါ၍ မင္းႀကီးအ႐ုဏႏွင့္ ယုဂန္ႏိုင္၏ လက္ေဆာင္မ်ားျဖစ္ေသာ ေ႐ႊတုံးမ်ား မိမိမ်က္စိေရွ႕ေရာက္လာေသာအခါတြင္ အဏၰမွာ ဟန္ေတာင္မေဆာင္ႏိုင္ဘဲ မ်က္ႏွာႀကီးတစ္ခုလုံး ၿပဳံးၿဖီးေနေလၿပီ။
သူဟာ အပ်ိဳေတာ္မ်ားသယ္လာေသာ ေ႐ႊဗန္းေပၚမွ ေ႐ႊတုံးမ်ားကို ခ်စ္ခင္ျမတ္ႏိုးမႈမ်ားစြာျဖင့္ ၾကည့္သည္။ ထိုပမာဏႏွင့္ဆိုလွ်င္ သူ ၿခံက်ယ္က်ယ္ပါေသာ အိမ္ႀကီးအိမ္ေကာင္းတစ္လုံးေတာင္ ဝယ္လို႔ရေနေလာက္ၿပီ။
" ဟဲဟဲ....အခ်င္းခ်င္း ဒီစကားေတြေျပာေနစရာေတာင္ မလိုေတာ့ပါဘူး။ ဒါေပမဲ့ ဒါေတြက သိပ္ကိုတန္ဖိုးႀကီးမယ့္ပုံေတြပဲေနာ္။ အရမ္းသေဘာက်တယ္။ စိတ္တိုင္းက်တယ္"
" သေဘာက်လို႔ ေတာ္ပါေသးတယ္"
ဆက္ဆံေရးေျပျပစ္ေသာ ယုဂန္က ၿပဳံး၍ဆို၏။
ယခုအခ်ိန္တြင္သူတို႔ဟာ ပန္းၿခံဘက္ေလသာေဆာင္တြင္ လက္ဖက္ရည္ေသာက္ရင္း စကားစျမည္ေျပာဆိုေနၾကျခင္းျဖစ္ေလရာ အဏၰႏွင့္ယုဂန္သာမက အ႐ုဏႏွင့္ ပီယံပါ အတူတကြရွိေနၾကျခင္းျဖစ္သည္။
ပီယံက လက္ဖက္ရည္ကိုအရသာခံေသာက္ရင္း
" အရွင့္သားက အခု နတ္ျပည္မွာေနမွာပါလား"
ဟု စကားဆက္စပ္သည့္အေနႏွင့္ ေမးသည္။ ထိုအခါ အဏၰေခါင္းခါျပသည္။
"ဟင့္အင္း။ ငါ တာဝန္က်တဲ့ေနရာကို ေျပာင္းရမယ္။ ေနရာသစ္မွာ စိတ္သစ္၊ လူသစ္၊ မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ရမွာေပါ့။ ဘာပဲျဖစ္ျဖစ္ ဘဝႀကီးကို အီေလးဆြဲၿပီးေနလို႔လည္း ေကာင္းတာတစ္ခုခုျဖစ္လာမွာ မဟုတ္ဘူးေလ။ အလုပ္ေလးရွိေတာ့လည္း မပ်င္းရဘူးေပါ့"
" အလုပ္ရွိေတာ့ အခ်ိန္ကုန္လို႔ကုန္မွန္း မသိတာ အမွန္ပါပဲ"
ပီယံ စကားေထာက္ေပးသည္။
အဏၰမွာမူ ေ႐ႊတုံးမ်ားေၾကာင့္ စိတ္အေျခအေနေကာင္းမြန္ၿပီး တက္ႂကြေနသည္ျဖစ္ရာ မုန႔္သေရစာမ်ားကို သုံးေဆာင္ရင္း
" ဒါနဲ႔ အရွင္မင္းႀကီးက တကယ္ကို ဘုရင္ျဖစ္ဖို႔ေမြးဖြားလာတဲ့သူပဲ။ ဒီေနရာနဲ႔ လုံးဝလိုက္ဖက္တယ္"
ဟု အာေပါင္အာရင္းသန္သန္ဆိုလာသည္။ တစ္ဆက္တည္းပင္
" ၿပီးေတာ့ အရွင့္သားပီယံ....အခု အိမ္ေရွ႕စံပီယံမိတ္ေပါ့ေလ...ဝါး...ဒီေနရာနဲ႔ ကြက္တိပဲ...ကြက္တိ...."
ဟု လက္ေမာင္းပါတန္း၍ေျပာသည္။
အဆိုပါ ခ်ီးက်ဳးစကားေၾကာင့္ ပီယံ ႏွိမ့္ခ်ဟန္ျဖင့္ၿပဳံးသည္။
" ေက်းဇူးတင္ပါတယ္"
အဏၰက မ်က္ႏွာကိုရႈံ႕၍လက္ခါျပသည္။
" ေက်းဇူးတင္စရာမလိုဘူး။ ကိုယ့္အရည္အခ်င္းေတြ၊ ကိုယ့္လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဒီေနရာကို ေရာက္လာခဲ့တာပါပဲ။ ကြၽန္ုပ္ဘဝမွာ အေလးစားရဆုံးသူေတြထဲ သင္တို႔သုံးေယာက္စလုံးပါဝင္တယ္။ ဒီေတြ႕ဆုံမႈကို ကြၽန္ုပ္ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး"
" ကြၽန္ေတာ္ေရာပါပဲ"
ယုဂန္ဟာ သူ၏ယုန္သြားေလးေပၚမတတ္ ၿပဳံး၍ဆိုသည္။
အဏၰ ယုဂန္မွတစ္ဆင့္ အ႐ုဏဘက္အၾကည့္ေရာက္သြားသည္။ ထိုအခါ အ႐ုဏဟာ တည္ၾကည္ေလးနက္ေသာအေနအထားျဖင့္ ေခါင္းတစ္ခ်က္ၫႊတ္ျပ၏။
အဏၰလည္း ေခါင္းတစ္ခ်က္ျပန္ၫႊတ္လိုက္သည္။ အ႐ုဏဘက္က စကားျဖင့္မတုံ႔ျပန္ေသာ္လည္း သူတို႔ၾကားတြင္ အျပန္အလွန္ေလးစားသမႈရွိေနေၾကာင္း အဏၰခံစားမိသည္။
ထိုသို႔ ေတြ႕ဆုံႏႈတ္ဆက္ပြဲၿပီးသည့္အခ်ိန္တြင္ အဏၰသည္ ပီယံမိတ္ႏွင့္အတူ မိမိ၏ဧည့္နန္းေဆာင္ဆီသို႔ ေ႐ႊတုံးမ်ားသယ္ယူလာေသာ ရံေ႐ြေတာ္မ်ားၿခံရံ၍ ျပန္သည္။
ႏွစ္ဦးတည္းရွိေတာ့ေသာအခ်ိန္တြင္မူ အဏၰဘက္က ပီယံ၏အရိပ္အခ်ည္ကိုၾကည့္ရင္း စကားစလာသည္။
" လူေတြက ေသေသာသူ ၾကာရင္ေမ့ လို႔ေျပာၾကတယ္မဟုတ္လား။ ဒါေပမဲ့ ေမ့တာမဟုတ္ဘဲ ေန႔တိုင္းလြမ္းေနရင္းနဲ႔ကို ငါတို႔က ဘဝမွာ အနည္က်သြားၾကတယ္။ ဒါေပမဲ့ ဘာေၾကာင့္ပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္ကို မေပ်ာက္ဆုံးသြားေစနဲ႔။ ဒါေပမဲ့ မင္းကေတာ့ ေပ်ာက္မွာမဟုတ္ပါဘူး။ ငါယုံတယ္"
ေရဝတီ့အေၾကာင္းကို ေျပာေနမွန္းသိသည္မို႔ ပီယံ ေဖ်ာ့ေတာ့စြာၿပဳံးလိုက္မိသည္။
"ေရဝတီက ကြၽန္ုပ္ဘဝမွာ ဘယ္ေတာ့မွာ ပေပ်ာက္မွာမဟုတ္တဲ့ အခ်စ္ဦးပါ။ သူမရွိေတာ့ေပမဲ့ ဝတီက ကြၽန္ုပ္ရဲ႕ႏွလုံးသားထဲမွာ ႏွစ္မ်ားစြာၾကာေအာင္ ခိုေအာင္းေနေတာ့မွာပါ။ ဒါေပမဲ့ ရွင္သန္ရသူဟာ ဆက္လက္ရွင္သန္ရတာ ဓမၼတာပဲမို႔လို႔ ကိုယ့္ကိုယ္ကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားၿပီးေနထိုင္သြားပါမယ္။ ဒီဘဝမွာ ဝတီနဲ႔ ေရစက္ႀကိဳးက တိုေတာင္းခဲ့ေပမဲ့ သံသရာတစ္ေကြ႕မွာ ပိုမိုရွည္ၾကာတဲ့ေရစက္နဲ႔ ျပန္လည္ေတြ႕ဆုံႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္"
ပီယံ့၏တည္ၿငိမ္ေသာ အသံေနအသံထားဟာ တကယ့္ကို ပညာရွိပီသေသာ လူတစ္ဦး၏လကၡဏာတစ္ရပ္ကို ၫႊန္းဆိုေနသကဲ့သို႔ပင္။
နာက်င္ေနရမည္မွန္း သိေသာ္လည္း အနည္းဆုံးေတာ့ ပီယံဟာ မိမိကိုယ္ကို ထိန္းသိမ္းႏိုင္သူတစ္ဦးျဖစ္သည္။ ထိုအျခင္းအရာကိုျမင္ရေသာအခါ ဘာေၾကာင့္ရယ္မသိ၊ အဏၰစိတ္ေအးမိသည္။
ပီယံမိတ္ဟာ သူ႔လို ကိုယ့္ကိုယ္ကို ႏွိပ္စက္မိသည္အထိ ႐ူးသြပ္ေနေသာ လူတစ္ဦးမဟုတ္ေနမွန္း သိလိုက္ရေသာေၾကာင့္ျဖစ္ႏိုင္သည္။
"ဟုတ္တာေပါ့။ မင္းက တရားသမားပဲ။ မင္းရဲ႕စိတ္ႏွလုံးကို ၿငိမ္းခ်မ္းေအာင္ထားတဲ့နည္းကို မင္းက ရွာေတြ႕ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလြမ္းဆြတ္မႈေတြ အနည္က်သြားတဲ့တစ္ေန႔၊ အခြင့္အခါေကာင္းေပးလာတဲ့ တစ္ေန႔မွာ မင္းကို ေပ်ာ္႐ႊင္ေအာင္လုပ္ေပးႏိုင္တဲ့၊ ျမတ္ႏိုးရသူတစ္ဦးနဲ႔ ထပ္ဆုံေတြ႕ႏိုင္မွာပါ"
ပီယံ ေျခလွမ္းတို႔ရပ္တန႔္သြား၏။
ထပ္မံၿပီးျမတ္ႏိုးရသည့္လူ...
ထိုစကားလုံးမ်ားက သူ၏စိတ္ကို ဗလာျပင္ျဖစ္သြားေစသည္။ သူ ရင္ထဲမွ မြန္းၾကပ္သြားမိ၏။
မည္သို႔ပင္ဆိုေစကာမူ သူဟာ ပညာရွင္ဆန္စြာပင္ အၿပဳံးတစ္ခုကို ျပန္လည္ခ်ိတ္ဆြဲရင္း တည္ၿငိမ္စြာပင္ ျပန္လည္တုံ႔ျပန္လာသည္။
" အရွင့္သားလည္း အဲ့လိုျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္"
အဏၰ မ်က္ေမွာင္ၾကဳတ္ကာ ခ်က္ခ်င္းပင္ ျငင္းဆိုလာသည္။
" ငါကေတာ့ မျဖစ္ႏိုင္ပါဘူး"
" အနာဂတ္ကို ႀကိဳမသိႏိုင္ဘူး မဟုတ္ပါလား"
" အနာဂတ္မွာလည္း ျဖစ္လာမွာမဟုတ္ဘူး။ နဂါးတစ္ေကာင္က တစ္သက္မွာ တစ္ေယာက္တည္းကိုပဲ ခ်စ္ျမတ္ႏိုးႏိုင္တယ္။ ငါတို႔ သဘာဝေပါ့။ တမင္တကာလုပ္တာမဟုတ္ေပမဲ့ ငါတို႔ႏွလုံးသားကို တစ္ေယာက္တည္းကိုပဲ ေပးလို႔ရတယ္"
ထိုစကားက ပီယံ့၏အၿပဳံးႏုႏုကို အေရာင္မွိန္က်သြားေစသည္။ ပီယံ တိုးညင္းအက္ကြဲစြာ ေရ႐ြတ္လာခဲ့သည္။
" ဝတီလည္း သူ႔တစ္ဘဝလုံးစာအတြက္ ကြၽန္ုပ္ကို ေ႐ြးခ်ယ္ခဲ့တာကို"
စကားမွားသြားသည္မွန္း သိလိုက္သျဖင့္ အဏၰခ်က္ခ်င္းပင္ စကားျပန္လည္ဖာေထးလာသည္။
" အေတြးမမွားပါနဲ႔။ ေရဝတီသာဆို မင္းေပ်ာ္႐ႊင္ၿပီး မင္းကို အမ်ားႀကီးခ်စ္ေပးမဲ့သူနဲ႔ ထပ္ဆုံရင္း ဘဝကိုေနာင္တမရွိ ျဖတ္သန္းသြားမွာကို ေသခ်ာေပါက္ ျမင္ခ်င္မွာပါ။ ငါေျပာရဲတယ္"
ပီယံ့၏ႏႈတ္ခမ္းစြန္းတို႔ အေပၚဘက္သို႔ အတန္ငယ္ေကြးၫြတ္သြားသည္။
အဏၰအေနႏွင့္ လူတစ္ေယာက္ၿပဳံးေနသည့္အေပၚ ပထမဆုံးအႀကိမ္ စိုးရိမ္မိျခင္းပင္။ အၿမဲတေစ ၿပဳံးေနသည့္လူတစ္ဦးက ခန႔္မွန္းရအခက္ဆုံးပင္ မဟုတ္ပါလား။
" ဝတီလည္း ေနာင္ဘဝမ်ားမွာ တစ္သက္လုံးအေဖာ္ျပဳေပးႏိုင္မယ့္ သူတစ္ဦးနဲ႔ေတြ႕ရင္ ေကာင္းမွာပါ။ သံသရာက ေၾကာက္စရာေကာင္းေပမဲ့ ေနာင္ဘဝမွာ အရာအားလုံး ျပန္လည္ျဖစ္ေပၚႏိုင္တယ္၊ ျပင္ဆင္လို႔ရႏိုင္တယ္ဆိုတဲ့ အသိက ကြၽန္ုပ္တို႔ကို စိတ္ေအးေစႏိုင္တာ သိပ္ကို ထူးဆန္းတာပါပဲ။ ကြၽန္ုပ္ကေတာ့ ဝတီ့ကို ေတြ႕ဆုံဖို႔လြဲေခ်ာ္သြားရတဲ့ အခ်စ္လို႔ပဲ သတ္မွတ္ထားခ်င္ပါတယ္။ ဝတီ အျမန္ဆုံး ျပန္လည္ဝင္စားၿပီး ကြၽန္ုပ္ကိုမမွတ္မိေတာ့ဘဲ ဘဝအသစ္မွာ သူခ်စ္ရတဲ့သူနဲ႔ ေပ်ာ္႐ႊင္ရမယ္ဆို သိပ္ကိုေကာင္းမွာပါ"
အဆုံးသတ္တြင္ ပီယံ့ထံမွ သက္ျပင္းခ်သံကေလးထြက္ေပၚလာသည္။ သူ အေရွ႕သို႔ ေျခတစ္လွမ္းခ်င္းတိုးေ႐ြ႕သြား၏။ ထို႔ေၾကာင့္ အဏၰလည္း သူ႔ေဘးသို႔ အျမန္လိုက္ပါသြားသည္။
သူတို႔ စကားဆက္မေျပာျဖစ္ၾကေတာ့ေပ။
*********************************
A/N
ေနာက္တစ္ပိုင္းဆို ဇာတ္သိမ္းပါမယ္။
11.3.2024
( Monday)
.
.
.