Unicode
ပန်သျှားနှင့် ဥတ္တရပြည်သို့.....
___________
ခြောက်လခန့်ကြာသော်......
" အမတ်မင်း..."
တိုးညင်းသော ခေါ်သံကလေးနှင့်အတူ အေးစက်စက်ဖျော့တော့တော့လက်တစ်စုံ၏ လှုပ်နှိုးမှုကြောင့် မင်းလွင် အိပ်ရာမှ လန့်နိုးလာသည်။
အခန်း၏အမှောင်ကြောင့် မိမိအားခေါ်ဆိုသူကို သေချာမမြင်ရသည့်တိုင် ညကြီးမင်းကြီး မိမိကုတင်ဘေးရှိ သူစိမ်းပုံရိပ်ကြောင့် လန့်ဖျပ်သွားသည်မှာ အသေအချာပင်။
သို့ရာတွင် ချက်ချင်းပင် သတိကပ်မိသည်။ ထိုသူက မိမိအား အမတ်မင်းဟု ခေါ်ဆိုနေသည်။ မင်းလွင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားမိသည်။
သူ ကုတင်ပေါ်မှ အလျင်အမြန်ထကာ အဆိုပါ သူစိမ်းကို အိပ်ရာထ,စ ဝေဝေဝါးဝါးမျက်ဝန်းများဖြင့် ကြည့်သည်။
အခန်းမီးဟာ မည်သူမှခလုတ်မနိုပ်ပါဘဲ အလိုလိုလင်းထိန်လာသည်။ အလင်းကြောင့် အရာအားလုံးကို ပြတ်ပြတ်သားသား မြင်လာရသည်။
" အရှင်သုနန္ဒာ..."
မင်းလွင် တအံ့တဩရေရွတ်မိလိုက်သည်။
သုနန္ဒာဟာ သူ၏နဂိုပုံစံအတိုင်း တင်ပါးထိရှည်သောဆံပင်ရှည်ကြီးကို ဖြန့်ချထားကာ အရောင်နုသော ဖားဖားလျားလျား အဝတ်တို့ကို ဝတ်ဆင်ထားသည်။
သုနန္ဒာကို တွေ့လိုက်ရခြင်းက မင်းလွင်ကို မပြောပြတတ်လောက်အောင် ပျော်ရွှင်မှုကြီးဖြစ်သွားစေသည်။
မင်းလွင် ကုတင်ပေါ်မှ ပြေးဆင်းကာ သုနန္ဒာကို ပြေးဖက်မိမတတ်ပင်။
" အရှင် ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ။ မောင်ရော...မောင်ရော....ဘယ်မှာလဲ....ဘယ်လိုလဲ...."
စိတ်လှုပ်ရှားလွန်းသဖြင့် အသံပင်ကျယ်မိ၏။ နောက်မှ ညဘက်ကြီးတိတ်ဆိတ်နေသည်ကို သတိပြုမိကာ မင်းလွင်အသံပြန်တိုးသွားသည်။
သုနန္ဒာက နူးညံ့သော အပြုံးကလေးနှင့်တုံ့ပြန်သည်။
" ဟိုဘက်မှာ စစ်ပွဲတွေအကုန်ပြီးဆုံးသွားပါပြီ အမတ်မင်း။ မင်းယောဇာလည်း သေသွားပြီဖြစ်သလို အရှင့်ရဲ့အနစ်နာခံမှုကြောင့် တွင်းပေါက်လည်း ပြန်လည်ပိတ်ဆို့သွားပါပြီ။ နောက်ပြီး စကြဝဠာတွေ အချင်းချင်းဝင်တိုက်တော့ရန်ကနေလည်း ဝေးကွာသွားပါပြီ"
ယုဂန် စိတ်အေးသွားသော်လည်း သူ့ထံတွင် မေးခွန်းများကျန်ရစ်နေသေးသည်။ သူဟာ အတော်များများကို နားမလည်နိုင်သေးပေ။
" အခု အရှင်ကဘယ်လို ဒီရောက်လာတာလဲ"
" အမတ်မင်းကို လာပြန်ခေါ်လာပါ"
" ကျွန်တော့်ကို?"
" ဟုတ်ပါတယ်။ နတ်ပြည်မှာ သဘာဝအလျှောက်ရှိနေတဲ့ စကြဝဠာကူးသန်းပေါက်တွေရှိပေမဲ့ သာမန်အရတော့ လူသားတွေကို စကြဝဠာကူးပြောင်းခွင့်မပေးပါဘူး။ ဒါပေမဲ့ အမတ်မင်းကတော့ စကြဝဠာအားလုံးကို ကယ်တင်နိုင်ခဲ့တဲ့သူပါ။ ဒါကြောင့် ခြွင်းချက်အနေနဲ့ အမတ်မင်းကို မိသားစုဆီ ပြန်လာနိုင်ဖို့ လာခေါ်တာပါ"
ယုဂန် ပျော်ရွှင်သွားမိသည်။ ယင်းဟာ မမျှော်လင့်ထားသော ပျော်ရွှင်မှုဖြစ်သဖြင့် သူဟာစိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကိုဟ,ကာ လက်ဖြင့်အုပ်လိုက်မိသည်။ တစ်နည်း စိတ်အေးသွားခြင်းလည်းဖြစ်နိုင်သည်။
" ဘုရားရေ ကျွန်တော်ဘယ်တော့မှ မောင့်ဆီပြန်မသွားနိုင်တော့ဘူးလို့ထင်နေတာ။ ကျေးဇူးတင်ပါတယ် အရှင်"
" ကျွန်ုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး အမတ်မင်း။ အမတ်မင်းလုပ်ပေးခဲ့တာတွေက အရာအားလုံးထက်ပိုပါတယ်"
" ဒါပေမဲ့ မရှင်းတာရှိတယ်။ အခု အရှင်က စစ်ပွဲပြီးပြီးချင်း ကျွန်တော့်ဆီ ထွက်လာတာလား"
" ဟုတ်ပါတယ် အမတ်မင်း"
" ကျွန်တော် ဒီကိုရောက်တာ ခြောက်လရှိပြီ။ နောက်ပြီး တကယ်ဆို ကျွန်တော်က လွန်ခဲ့တဲ့ခြောက်လမှာ သေပြီး ဥတ္တရကိုရောက်သွားရမှာ။ ဒါမဲ့အခုက ကျွန်တော် အတိတ်မှာပြန်နိုးလာပြီး ဥတ္တရကို လုံးဝမရောက်ခဲ့ဘူးလေ။ ဒါတောင် ဒီအဖြစ်အပျက်တွေက ဆက်လက်ဖြစ်နေသေးတယ်တဲ့လား"
သုနန္ဒာဟာ ပြောရမည့်စကားရှည်လျားသည့်ဟန်ဖြင့် ခုံတစ်လုံးဆွဲယူပြီး အရင်ထိုင်သည်။ ထို့ကြောင့် ယုဂန်လည်း ကုတင်ပေါ်ထိုင်လိုက်သည်။
" ရွေးချယ်မှုတိုင်းမှာ စကြဝဠာအသစ်ကွဲထွက်သွားတယ်ဆိုတာ အမတ်မင်းလည်း သိပြီးဖြစ်မှာပါ"
ယုဂန်ခေါင်းညိတ်ပြသည်။ ထိုအခါ သုနန္ဒာက ဆက်ပြောသည်။
" အခု စကြဝဠာက အမတ်မင်းရဲ့ အတိတ်က စကြဝဠာမဟုတ်ဘဲ ဖြစ်တန်စွမ်းကနေ ခွဲထွက်လာတဲ့ စကြဝဠာတစ်ခုပဲ။
ဆိုလိုချင်တာက အမတ်မင်းမွေးဖွားတဲ့စကြဝဠာ ၁ မှာ အမတ်မင်းက သေဆုံးသွားပြီ။ သေဆုံးပြီး ဥတ္တရကိုရောက်သွားတယ်။ တဖြည်းဖြည်းနဲ့ အမတ်မင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေဖြစ်လာပြီး အမတ်မင်းက အချိန်တွင်းပေါက်ထဲ ရောက်သွားတယ်။ အဲ့ကနေ အတိတ်ကို ပြန်ရောက်တယ်။
အခုလက်ရှိ စကြဝဠာက မင်းလွင်က သူ့နဂိုကံကြမ္မာအတိုင်း သေဆုံးပြီး ဥတ္တရကိုရောက်သွားလောက်ပါပြီ။ အမတ်မင်းရဲ့ ဝိဉာဉ်က ဝိဉာဉ်မဲ့သွားတဲ့ ကိုယ်ခန္ဓာ ၂ ကို ယူပြီး အသက်ဆက်ရှင်နေတာ။ အဲ့မှာ စကြဝဠာ ၂ ကွဲထွက်သွားပါတယ်။
အခု ပြောခဲ့တဲ့ စကြဝဠာနှစ်ခုမှာ အမတ်မင်းသေတာ၊ရှင်တာ အဲ့နှစ်ခုပဲကွာခြားမှုရှိတာဖြစ်တဲ့အတွက် ကျန်တာတွေက ထပ်တူကျလုနီးပါးပါပဲ။ ဒါကြောင့် အမတ်မင်းက စကြဝဠာမတူကြောင်း သတိမထားမိတာပါ"
"ဒါဆို အခု အရှင်က ကျွန်တော်ရှိတဲ့ စကြဝဠာ၂ ကို လာရှာရတာပေါ့"
" ဟုတ်ပါတယ်"
" နားလည်ပြီ။ အခုကျွန်တော်ရောက်နေတဲ့ စကြဝဠာမှာ မင်းလွင် နံပါတ်နှစ်က ဂိမ်းဆော့ပြီး save လုပ်ထားခဲ့တယ်။ ပြီးတော့ သေသွားတယ်။ ဒါကို မင်းလွင် နံပါတ်တစ်က ပြန်ရောက်လာပြီး save လုပ်ခဲ့တဲ့နေရာကနေ ဆက်ဆော့နေတာမျိုးပေါ့"
"အခု အမတ်မင်းပြောတာတွေကိုတော့ ကျွန်ုပ်နားမလည်ပါဘူး"
သုနန္ဒာစကားကြောင့် သူတို့နှစ်ဦး ခပ်တိုးတိုးရယ်လိုက်ကြသည်။ ပြီးမှ သုနန္ဒာက ဆက်ပြောသည်။
" အချိန်အကြောင်း ပြောရရင်တော့ အမတ်မင်းရဲ့စကြဝဠာနဲ့ ကျွန်ုပ်တို့ရဲ့စကြဝဠာက အချိန်စီးဆင်းမှု မတူဘူး။ ကျွန်ုပ်တို့ဆီမှာ ခြောက်နှစ် ခုနစ်နှစ်ကြာတဲ့အချိန်က အမတ်မင်းတို့ဆီမှာ ခြောက်လပဲကြာတယ်။ နောက်ပြီး အမတ်မင်းက အတိတ်ကိုပြန်ရောက်သွားတာမို့ ပစ္စုပ္ပန်ဆီလာဖို့ ခြောက်လအချိန်ကုန်သွားတာပါ။ ကျွန်ုပ်က ပစ္စုပ္ပန်ကနေ ပစ္စုပ္ပန်ဆီ တန်းလာတာလေ"
ယုဂန် ခဏတာစဉ်းစားနေပြီးမှ
" ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော် မောင့်ဆီပြန်သွားလို့ရနိုင်တာနဲ့တင် တော်ပါပြီ။ ဒါပေမဲ့...."
ဟုဆိုကာ အဆုံးသတ်တွင် အသံတိုးဝင်သွားပြန်သည်။
သူ့ဘက်က အနည်းဆုံးတော့ မမနှင့် သူငယ်ချင်းများကို နှုတ်ဆက်ရန် အချိန်ရသင့်သည်ဟု ထင်သည်။ သူဟာ ဒီဘဝကို ထပ်မံပြီး ထာဝရနှုတ်ဆက်ရတော့မည်မဟုတ်ပါလား။
ထိုသို့သော ယုဂန်၏ခံစားချက်ကို သိသည့်ပမာ သုနန္ဒာက
" မနက်ဖြန်ညထိ အချိန်ရပါတယ် အမတ်မင်း"
ဟုဆိုလာသည်။
မင်းလွင် ပြုံး၍ခေါင်းညိတ်သည်။
ထိုညတွင် သုနန္ဒာဟာ ပြန်သွားသော်လည်း မင်းလွင် အိပ်၍မပျော်ခဲ့ပါချေ။
ပျော်ရွှင်မှုကြောင့်လား၊ စိတ်လှုပ်ရှားမှုကြောင့်လား သူကိုယ်တိုင်တောင်မပြောတတ်ပေ။
***************************
နောက်တစ်ရက်ဟာ ကျောင်းပိတ်ရက်ဖြစ်သည်။
မင်းလွင်ဟာ ညကတည်းက သူ၏သူငယ်ချင်းများကို အတူတူလျှောက်လည်ရန် ဖိတ်ခေါ်ထားသည်။ ဒီနေ့တော့ သူဟာ သူငယ်ချင်းများနှင့်စိတ်တိုင်းကျလျှောက်လည်ပြီး ရှိရှိသမျှပိုက်ဆံ အကုန်သုံးခဲ့မည်ဟု တွေးထားသည်။
အဘယ်ကြောင့်ဆိုသော် သူ ဥတ္တရဆီထွက်သွားသည်နှင့် အရှင်သုနန္ဒာဟာ မှော်အစွမ်းကိုသုံးပြီး မင်းလွင်၏ခန္ဓာကိုယ်ကို အတုလုပ်ခဲ့မည်ဖြစ်သည်။ ထို့နောက် မင်းလွင် ဦးနှောက်သွေးကြောပေါက်၍ သေဆုံးသွားသည်ဟု ဇာတ်လမ်းဆင်ခဲ့မည်ဖြစ်သည်။ မှော်အစွမ်းနှင့်လုပ်ထားသော အလောင်းတုဖြစ်ရာ ဆရာဝန်များတောင် သံသယရှိလိမ့်မည်မဟုတ်ချေ။
ထိုအဖြစ်အပျက်ဟာ စဉ်းစားကြည့်လျှင် ဝမ်းနည်းစရာကောင်းလှသော်လည်း မင်းလွင်၏ရွေးချယ်မှုက ခိုင်ခိုင်မာမာတည်ဆောက်ပြီးဖြစ်သည်။
သူ မောင်နှင့်အတူရှိရဖို့ အားလုံးကိုစွန့်လွှတ်ရဲသည်။ နောက်ပြီး သူလည်းသိနေသည်။ မောင်ကလည်း သူမရှိ၍မဖြစ်ချေ။
မနက်ပိုင်းတွင် မမက ထုံးစံအတိုင်း ဟင်းချက်နေသည်။
မင်းလွင် မမ,ဘေးသွားကာ ဟင်းများကိုစပ်စုကြည့်သည်။
ထိုအခါ မမက မင်းလွင်ကို စောင်းကြည့်ကာ ခပ်ထေ့ထေ့ပြုံးသည်။
" နင် အိမ်ထောင်ကျရင်တောင် ငါ့လိုချက်ကျွေးတဲ့လူ ဟုတ်ချင်မှဟုတ်မှာ"
မင်းလွင် ခပ်သဲ့သဲ့ရယ်ကာ မီးဖိုခုံကို ခါးဖြင့်မှီလိုက်သည်။
" သားချက်တတ်တာပဲ။ သားပဲချက်ကျွေးမှာပေါ့"
" အခုတောင် အပျင်းကြီးပြီး မချက်တဲ့လူကများ..."
" ဒါကတော့ မမနဲ့ သားရဲ့အိမ်ထောင်ဖက်နဲ့ တူပါ့မလား။ ကိုယ့်အချစ်ကိုတော့ သေချာပေါက်ချက်ကျွေးရမှာပေါ့"
မင်းလွင် စကားကြောင့် မမဟာမျက်စောင်းထိုးကာ မင်းလွင်ကို ကိုင်လက်စ ယောက်မဖြင့် ရွယ်သည်။
" ဒီ ကျွေးရကျိုးနပ်တဲ့ဟာလေး"
မင်းလွင် ရယ်လျက် ကြောက်ရသည့်ဟန်ဖြင့် ကိုယ်ကိုကျုံံ့ပြသည်။
ယခုအချိန် သူ ဝမ်းအနည်းရဆုံးအရာဟုဆိုရလျှင် မမနှင့်ခွဲခွာရခြင်းပင်။ မေမေဆုံးပြီးသည့်နောက်ပိုင်း မမကသာ သူ၏ဒုတိယမိခင်ဖြစ်ခဲ့သည်။
ဆိုရပါက ဟိုးအရင်ကတည်းက သူတို့မောင်နှမနှစ်ဦးဟာ အချင်းချင်းချစ်ခင်ပြီး တပူးပူးတတွဲတွဲနေခဲ့ကြသည်။ မမ အိမ်ထောင်ကျတုန်းကတောင် သူ့မှာ မျက်ရည်အရွှဲရွှဲဖြစ်ခဲ့သေးသည်။ နောက် မမ သမီးလေးမွေးတော့ သူပျော်သည်။ သူ့ယောက်ဖနှင့်သူဟာလည်း အတည့်တောင် လွန်နေသေးသည်ဟု ဆိုနိုင်သည်။
အနည်းဆုံးတော့ မမကိုသူစိတ်ချပါသည်။ မမမှာ သူမကိုချစ်သောခင်ပွန်းနှင့် သမီးလေးတို့ရှိနေပြီဖြစ်သည်။
တစ်ဦးတည်းသော မောင်လေးကို ဆုံးရှုံးရခြင်းမှာ အစားထိုးနိုင်ဖွယ်ရာမရှိသည့်တိုင် နှစ်သိမ့်စရာမိသားစုရှိနေသဖြင့် တော်သေးသည်ဟု ဆိုရမည်။ အခွင့်သာရလျှင်တော့ မမကို သူပြန်လာတွေ့ချင်ပါသေးသည်။
" တကယ်က သားမှာ ချစ်သူရှိတယ်"
မင်းလွင်၏ရုတ်တရက်စကားကြောင့် မမ ဆတ်ခနဲလှည့်ကြည့်သည်။
အလွန်အမင်းအံ့ဩသွားမည်ဟု ထင်ခဲ့သည့်တိုင် မမက မထူးဆန်းသလို မျက်ခုံးပင့်ကြည့်၍သာ အရှေ့သို့ပြန်လှည့်သွားသည်။
" တကယ်လား။ ဘယ်သူတုန်း"
" မမကိုပြောလည်း သိမှာမှမဟုတ်တာ"
" ချောလား"
မင်းလွင်သည် သူ၏ယုန်သွားကြီးကြီးလေးနှစ်ချောင်း ပေါ်သည်အထိ ပြုံး၏။ ထို့နောက် သူဟာအရှက်သည်းဟန်ဖြင့်ဆိုသည်။
" အင်း။ အရမ်းချောတယ်"
" ပုံပြလေ။ ငါလည်းသိချင်တာပေါ့"
" အခုတော့မပြသေးဘူး"
မမ မျက်စောင်းထိုးသော်လည်း ဘာမှပြန်မပြောပါချေ။ မမကိုကြည့်ရင်း မင်းလွင်စိတ်ရင်းနှင့်ပြောမိသည်။
" နောက်အခွင့်အရေးရလာရင်တော့ မိတ်ဆက်ပေးပါ့မယ်"
" နင်ပျော်ရင်ပြီးတာပါပဲ"
မင်းလွင် ဘာမှဆက်မပြောနိုင်တော့ပါချေ။ သူ မမအနားကပ်သွားပြီး မမကိုသာ ဖက်လိုက်မိသည်။
" ဘာလုပ်တာတုံး။ ငါ ဟင်းနံ့တွေနဲ့နံစော်နေတာ"
မမရုန်းသော်လည်း မင်းလွင် မလွှတ်ပေးမိပါချေ။ သူ မမနှင့်ပြန်တွေ့ဖို့ဟာ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလား။
" မမစိတ်ချပါ။ သူက သားကို တစ်လောကလုံးမှာ အပျော်ဆုံးဖြစ်အောင် လုပ်ပေးနိုင်တဲ့သူပါ"
" အေးပါ ကြားရတာဝမ်းသာပါတယ်"
မင်းလွင်ငိုချင်လာသည်။ ထို့ကြောင့် သူမမ၏ပခုံးပေါ်သို့ ကြောင်တစ်ကောင်လို တိုးဝှေ့မိသည်။
" တကယ်ပြောတာ"
" အေးပါ။ ငါက ဘာပြောနေလို့လဲ။ နင့်ရည်းစားနဲ့ နင်ပျော်နေရင်ပြီးတာပဲပေါ့"
" မမလည်း ကောင်းကောင်းနေရမယ်နော်"
" နင်မဖက်ထားရင် ကောင်းကောင်းနေလို့ရတယ်။ ဖယ်ဦး...."
မင်းလွင် မမကို လွှတ်လိုက်သည်။ သူ၏မျက်တောင်များဟာတော့ မျက်ရည်ကိုထိန်းထားရသဖြင့် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေ၏။
ထို့နောက် သူ မမကိုလှည့်ကြည့် လှည့်ကြည့်နှင့်သာ မီးဖိုချောင်ထဲမှထွက်လာသည်။
ယခု သူ သူငယ်ချင်းများနှင့် သွားတွေ့ရမည်။
ပြီးလျှင် လူအားလုံးကို နှုတ်ဆက်ခဲ့ရမည်။
******************************
ညသည် ယခင်ကထက်ပို တိတ်ဆိတ်နေသည်ဟု ထင်မှတ်မိ၏။
မမနှင့် ကဲကဲဟာ ကုတင်ပေါ်တွင် အိပ်မောကျနေလျက်ရှိသည်။
မင်းလွင်သည် ထိုသူတို့ကိုအတန်ကြာစိုက်ကြည့်နေပြီးမှ အသက်တစ်ရှိုက် ရှူသွင်းလိုက်မိသည်။ ထို့နောက် သူလည်ပင်းမှ ဆွဲကြိုးကို ချွတ်၏။
အနှီဆွဲကြိုးမှာ မင်းလွင်မေမေပေးခဲ့သော အနာဂတ်မှ နဂါးမင်းသားအဏ္ဏ၏မျက်ရှင်ဖြစ်သည်။
ယခုနေ ဥတ္တရကို သူပြန်ယူသွားပါကလည်း အဏ္ဏနှင့်မျက်ရှင် နှစ်ခုဖြစ်နေရုံသာရှိလိမ့်မည်။ ထို့ကြောင့် ထိုဆွဲကြိုးကို ချွတ်ကာ အိပ်ပျော်နေသော ကဲကဲ၏လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်သည်။
ကဲကဲကတော့ ထိုဆွဲကြိုးကို မဖျောက်ပစ်စေရန် သူမျှော်လင့်သည်။
အခန်းဝတွင် အရှင်သုနန္ဒာစောင့်ဆိုင်းနေ၏။
မင်းလွင်ဟာ နောက်ဆုံးတစ်ကြိမ် မမနဲ့ကဲကဲကို ကြည့်ရှုပြီးနောက် သုနန္ဒာရှိရာသို့ လျှောက်လှမ်းလာသည်။
သုနန္ဒာ၏ဘေးဘက် အပြင်တွင်မူ တခြားနေရာဆီ အမြန်သွားသော တွင်းပေါက်တံခါးပွင့်နေသည်။ ထိုတံခါးမှတစ်ဆင့် နတ်ပြည်ရှိ စကြဝဠာကူးသန်းပေါက်ဆီ သွားရမည်ဖြစ်သည်။
မင်းလွင်သည် သုနန္ဒာနှင့်အတူ တွင်းပေါက်ထဲဝင်ရန်ပြင်၏။
ထိုအချိန်တွင် အနောက်မှ
" ဦးငယ် သူကဘယ်သူလဲ"
ဟူသော ငါးနှစ်ကလေးပိစိလေး၏အသံထွက်ပေါ်လာသည်။
မင်းလွင်လှည့်ကြည့်လိုက်သော် အိပ်ချင်မူးတူးရုပ်ဖြင့် မျက်လုံးများကို ပွတ်နေသော ကဲကဲကိုတွေ့ရသည်။
ကဲကဲက သုနန္ဒာကို စူးစမ်းလိုခြင်းအပြည့်နှင့် ကြည့်နေ၏။ ထို့နောက် အလင်းများ တောက်ပနေသော portal ကိုတွေ့သောအခါတွင် ပိုလို့တောင် စပ်စုလိုစိတ်များ ပြည့်လျှံလာသည်။
မင်းလွင်နှင့် သုနန္ဒာတို့ အကြည့်ဆုံမိကြသည်။ သို့သော်လည်း ငါးနှစ်ကလေးကို မှတ်ဉာဏ်ဖျောက်ဖို့ သူတို့မလုပ်ချင်ပါပေ။
မင်းလွင်ဟာ ကဲကဲရှေ့သို့လာပြီး ဒူးထောက်ထိုင်ချသည်။ ထို့နောက် ကဲကဲလည်ပင်းရှိ ဆွဲကြိုးကိုကိုင်ကာ
"ဒီဆွဲကြိုးက ဦးငယ်လက်ဆောင်ပေးတာ။ ပျောက်လို့မဖြစ်ဘူးနော်"
ဟုဆိုသည်။ ကဲကဲက ဆွဲကြိုးကို ငုံ့ကြည့်၏။ သူမဟာ စူးစမ်းလိုစိတ်များပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်နိုင်ပုံမပေါ်ပါချေ။
မည်သို့ပင်ဆိုစေကာမူ သူမက မင်းလွင်၏စကားကို ခေါင်းညိတ်နာခံသည်။
" ပြီးတော့ ကဲလေး...ဦးငယ်က ခုသွားတော့မှာ"
" ဦးငယ်က ဘယ်သွားမလို့လဲ"
" ဦးငယ်ရဲ့ အိမ်ဆီ"
" ဦးငယ်ရဲ့အိမ်က ဒါလေ"
" ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့အိမ်က ဦးငယ်မရှိလို့ မဖြစ်ဘူးတဲ့။ ဒီအိမ်မှာ ကဲရဲ့မေမေမရှိရင် မဖြစ်သလိုပေါ့။ ဦးငယ်လည်း အဲ့အိမ်မှာ ရှိရမှာမို့ သွားတော့မယ်"
ကဲကဲဟာ မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသော်လည်း ထပ်ပြီး ခေါင်းညိတ်ပြန်သည်။ မင်းလွင် ကဲကဲ၏ပါးလေးကို ဆွဲညှစ်ပြီး ခေါင်းကိုပုတ်လိုက်သည်။
" ဒီဆွဲကြိုးကို ဆွဲထားရင် တစ်နေ့ကဲကဲလည်း ဦးငယ်ရဲ့အိမ်ကို လိုက်လည်လို့ရနိုင်မှာပါ။ အခုတော့ ပြီးရင် သွားပြန်အိပ်လိုက်ဦးနော်"
" ဦးငယ်ပြန်မလာဘူးလား"
" အခွင့်အရေးရရင်တော့ ပြန်လာပါ့မယ်"
မင်းလွင်၏စကားဆိုလိုရင်းကို နားမလည်သည့်တိုင် ကဲကဲက ထပ်ပြီးခေါင်းညိတ်သည်။
မင်းလွင်သည် ကဲကဲ၏ပါးအား နစ်ဝင်နေအောင် နမ်းပြီးနောက် သုနန္ဒာနှင့်အတူ တွင်းပေါက်တံခါးထဲသို့ ဝင်သွားသည်။
သူ ကဲကဲကို တာ့တာလှမ်းပြ၏။ ကဲကဲဟာလည်း ဘုမသိဘ,မသိနှင့်ပြန်ပြသည်။
တံခါးဟာ ဖြည်းဖြည်းချင်းပိတ်သွားသည်။
မင်းလွင်၏ရှေ့တွင် ကဲကဲမရှိတော့ဘဲ၊ မိမိဟာလည်း အိမ်တွင်မဟုတ်တော့ဘဲ ထူးဆန်းလှပသော နေရာသစ်ဆီ ရောက်ရှိသွားပြီ ဖြစ်သည်။
တကယ်တမ်း တွင်းပေါက်များသည် အမျိုးအစားအမျိုးမျိုးရှိ၏။ တချို့သော တွင်းပေါက်များက ဝိဉာဉ်တစ်ခုတည်းသာ ဖြတ်သန်းနိုင်သည့်တိုင် အဆင့်မြင့်သော သဘာဝတွင်းပေါက်များဟာတော့ ခန္ဓာကိုယ်အလိုက် စကြဝဠာကူးပြောင်းနိုင်သည်။ ထို့အပြင် မင်းလွင်၏ဝိဉာဉ်ဟာ စွမ်းအားမြင့် မျက်ရှင်ကို ဝါးမျိုထားသည်ဖြစ်ရာ တွင်းပေါက်၏ဖိအားကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။
ထိုအချက်ကြောင့် မင်းလွင်သည် မိမိ၏ခန္ဓာကိုယ်အစစ်နှင့်တင် ဥတ္တရဆီပြန်သွားနိုင်၏။
မင်းလွင် တွင်းပေါက်ထဲသို့ ခြေလှမ်းလိုက်သည်။
ယခုကစပြီး မင်းလွင်ဆိုသည့်နာမည်ဟာ သူ၏အတိတ်ဘဝနှင့်အတူ တစ်စစီကျန်ရစ်ခဲ့လေပြီ။
*******************
အလင်းစူးစူး....
အသံအူအူ....
တစ်ချက်ကလေး မူးဝေသွားသော ခံစားချက်အဆုံးတွင် ယုဂန်ဟာ မိမိအရှေ့ရှိနေရာသစ်တစ်ခုကို သေချာစွာ မြင်ရလာသည်။
သူဟာ တောအုပ်တစ်ခုတွင်းသို့ ရောက်ရှိနေခြင်းဖြစ်၏။
အဆိုပါတောအုပ်သည် မကြုံဖူးလောက်လှပသော ပန်းများနှင့်ပြည့်နှက်နေကာ တချို့သောသစ်ပင်များဟာလည်း နတ်သမီးပုံပြင်ထဲရောက်ရှိနေသည့်ပမာ လှပခမ်းနားနေကြသည်။
ယုဂန်သည် မိမိနှင့်အတူ လိုက်ပါလာသော သုနန္ဒာကို လှည့်ပတ်လိုက်ရှာ၏။ ထိုအခါ ယုဂန်၏ခပ်လှမ်းလှမ်းနေရာတွင် သုနန္ဒာမှာ နေရာကူးပြောင်းသည့် portal တစ်ခု ဖန်တီးနေကြောင်းတွေ့လိုက်ရသည်။
ထို portal ဖန်ဆင်းပြီးသည့်နောက်တွင် သုနန္ဒာက ယုဂန်ကိုလက်ယပ်ခေါ်သည်။ ယုဂန်လည်း ထိုသို့ အမြန်ပြေးသွားကာ သုနန္ဒာနှင့်အတူ portal ထဲသို့ဝင်ရောက်ကြသည်။
ခြေတစ်လှမ်းအဆုံးတွင် ယုဂန်သည် နေရာသစ်တစ်ခုကို ထပ်မံရောက်လာပြန်၏။
သည်တစ်ခါ ရောက်ရှိလာသည်မှာ ပန်သျှားနန်းတော်သာဖြစ်သည်။
ထို့နောက်တွင် နန်းဆောင်တစ်ခုရှေ့ဝယ် ရပ်စောင့်နေသော အရုဏကို တွေ့လိုက်ရသည်။
" မောင်..."
ပျော်ရွှင်မှုဟာ ယုဂန်၏နှလုံးသည်းစိုင်ထဲသို့ စုပြုံတိုးဝှေ့ဝင်ရောက်လာသည်။
ယုဂန်သည် တခြားဘာကိုမှ သတိမပြုနိုင်တော့ဘဲ မောင့်ဆီသို့ တဟုန်ထိုးပြေးထွက်သွားသည်။
လက်ရှိတွင် ယုဂန်သည် မိမိ၏ပင်ကိုခန္ဓာနှင့် ဖြစ်သည်မို့ တိုတိုကပ်ကပ်ဆံပင်ရှိကာ အဝတ်အစားမှာလည်း ရိုးရိုးတီရှပ်နှင့် ဂျင်းဘောင်းဘီနှင့်၊ ခေတ်သစ်အဝတ်စားသာဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ အရုဏ သတိပြုမိသည်မှာ ယုဂန်၏ဆံပင်နှင့် အဝတ်အစားမဟုတ်ဘဲ ယုဂန်၏မျက်ဝန်းထဲမှ မျက်ရည်များနှင့် နာကျင်မှုသာဖြစ်သည်။
ယုဂန်ဟာ သူ့ရင်ခွင်ထဲ ပစ်ဝင်လာသည်။
သူ့ကို မျက်ရည်များရစ်ဝဲနေသော မျက်ဝန်းအိမ်ဖြင့် နင့်နဲရီဝေစွာကြည့်ပြီးနောက် တင်းတင်းကျပ်ကျပ်ပွေ့ဖက်လာသည်။
ကျန်သောအကြောင်းအရာများကို အရုဏမသိချင်တော့ပေ။ သူသိသည်က ယုဂန် သူ့ကိုလိုအပ်နေသည်။
" အချစ်"
သူ ယုဂန်ကို သိမ်းကျုံးပွေ့ဖက်ကာ ယုဂန်၏ပခုံးပေါ်သို့ မျက်နှာအပ်လိုက်သည်။
ယုဂန် ဘာမှမဖြစ်၍တော်ပါသေးသည်။
အချိန်ကူးသန်းပေါက်ထဲ ယုဂန်ဝင်သွားတုန်းက သူဟာများစွာ စိုးရိမ်ပူပန်ရသဖြင့် သေမတတ်ပင်ခံစားခဲ့ရသည်။ နောက်ကျမှ ယုဂန်ဟာ ဘာမှမဖြစ်ဘဲ သူ၏မူလစကြဝဠာသို့သာ ပြန်လည်ရောက်ရှိသွားကြောင်း နတ်များထံမှ သတင်းရရှိသည်။
သုနန္ဒာ တာဝန်ခံပြီး ယုဂန်ကို ပြန်လည်ခေါ်ဆောင်လာပေးမည်ဟု ဆိုသည်။
ထိုသို့ ယုဂန်ပြန်ရောက်လာရန် အချိန်တစ်ရက်တောင် မကြာညောင်းလိုက်သည့်တိုင် အရုဏစိတ်ထဲ ဆယ်နှစ်ကြာခဲ့သယောင်ယောင် ခံစားနေရသည်။
သူဟာ ယခုမှအသက်ပြန်ရှူနိုင်၏။
သူ၏ယုဂန် သူ့ဆီကို အဆင်ပြေပြေ ပြန်လည်ရောက်ရှိလာပြီ။
သို့သော်လည်း ယုဂန်ဟာ အလွန်အမင်းဝမ်းနည်းနေပုံရှိ၏။ သူ့ရင်ခွင်ထဲ တိုးဝှေ့ပြီး တသိမ့်သိမ့်နှင့်ငိုကြွေးလာသည်။
ထို့နောက် အရုဏ၏ကျောပြင်ကို လက်သီးဆုပ်လေးနှင့် ထု၍ဆိုသည်။
" လွမ်းနေခဲ့တာ။ သေလောက်အောင် သတိရနေခဲ့တာလို့ သိလား"
အရုဏ နာကျင်သွားမိသည်။ ယုဂန်ဟာ အစူးနင့်ဆုံး၊ ဝမ်းအနည်းရဆုံးသောကိစ္စနှင့် ကြုံတွေ့ခဲ့ရကြောင်း သူအလိုလိုခံစားသိရှိနေသည်။
ယုဂန်၏ ရှိုက်ကြီးတငင်ငိုသံကိုကြားရခြင်းက သူ့ကို များစွာရင်နင့် စေသည်။
"မောင်အခု အချစ်အနားမှာရှိနေပါပြီ။ မောင်ရှိနေပြီနော်"
သူ ယုဂန်၏တုန်ယင်နေသော ကျောပြင်ကို ပွတ်သပ်ရင်း နူးနူးညံ့ညံ့ဆို၏။
ထို့နောက် ယုဂန်၏နားရွက်ဖျားကို အသာနမ်းရှိုက်ကာ
" အားလုံးပြီးသွားပါပြီ ကလေးရယ်"
ဟု တိုးညင်းစွာရေရွတ်သည်။
***************************
.
.
.
.
Zawgyi
ပန္သွ်ားႏွင့္ ဥတၱရျပည္သို႔.....
___________
ေျခာက္လခန႔္ၾကာေသာ္......
" အမတ္မင္း..."
တိုးညင္းေသာ ေခၚသံကေလးႏွင့္အတူ ေအးစက္စက္ေဖ်ာ့ေတာ့ေတာ့လက္တစ္စုံ၏ လႈပ္ႏႈိးမႈေၾကာင့္ မင္းလြင္ အိပ္ရာမွ လန႔္ႏိုးလာသည္။
အခန္း၏အေမွာင္ေၾကာင့္ မိမိအားေခၚဆိုသူကို ေသခ်ာမျမင္ရသည့္တိုင္ ညႀကီးမင္းႀကီး မိမိကုတင္ေဘးရွိ သူစိမ္းပုံရိပ္ေၾကာင့္ လန႔္ဖ်ပ္သြားသည္မွာ အေသအခ်ာပင္။
သို႔ရာတြင္ ခ်က္ခ်င္းပင္ သတိကပ္မိသည္။ ထိုသူက မိမိအား အမတ္မင္းဟု ေခၚဆိုေနသည္။ မင္းလြင္ ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားသြားမိသည္။
သူ ကုတင္ေပၚမွ အလ်င္အျမန္ထကာ အဆိုပါ သူစိမ္းကို အိပ္ရာထ,စ ေဝေဝဝါးဝါးမ်က္ဝန္းမ်ားျဖင့္ ၾကည့္သည္။
အခန္းမီးဟာ မည္သူမွခလုတ္မႏိုပ္ပါဘဲ အလိုလိုလင္းထိန္လာသည္။ အလင္းေၾကာင့္ အရာအားလုံးကို ျပတ္ျပတ္သားသား ျမင္လာရသည္။
" အရွင္သုနႏၵာ..."
မင္းလြင္ တအံ့တဩေရ႐ြတ္မိလိုက္သည္။
သုနႏၵာဟာ သူ၏နဂိုပုံစံအတိုင္း တင္ပါးထိရွည္ေသာဆံပင္ရွည္ႀကီးကို ျဖန႔္ခ်ထားကာ အေရာင္ႏုေသာ ဖားဖားလ်ားလ်ား အဝတ္တို႔ကို ဝတ္ဆင္ထားသည္။
သုနႏၵာကို ေတြ႕လိုက္ရျခင္းက မင္းလြင္ကို မေျပာျပတတ္ေလာက္ေအာင္ ေပ်ာ္႐ႊင္မႈႀကီးျဖစ္သြားေစသည္။
မင္းလြင္ ကုတင္ေပၚမွ ေျပးဆင္းကာ သုနႏၵာကို ေျပးဖက္မိမတတ္ပင္။
" အရွင္ ဒီကိုဘယ္လိုလုပ္ေရာက္လာတာလဲ။ ဘယ္လိုေတြျဖစ္ကုန္ၿပီလဲ။ ေမာင္ေရာ...ေမာင္ေရာ....ဘယ္မွာလဲ....ဘယ္လိုလဲ...."
စိတ္လႈပ္ရွားလြန္းသျဖင့္ အသံပင္က်ယ္မိ၏။ ေနာက္မွ ညဘက္ႀကီးတိတ္ဆိတ္ေနသည္ကို သတိျပဳမိကာ မင္းလြင္အသံျပန္တိုးသြားသည္။
သုနႏၵာက ႏူးညံ့ေသာ အၿပဳံးကေလးႏွင့္တုံ႔ျပန္သည္။
" ဟိုဘက္မွာ စစ္ပြဲေတြအကုန္ၿပီးဆုံးသြားပါၿပီ အမတ္မင္း။ မင္းေယာဇာလည္း ေသသြားၿပီျဖစ္သလို အရွင့္ရဲ႕အနစ္နာခံမႈေၾကာင့္ တြင္းေပါက္လည္း ျပန္လည္ပိတ္ဆို႔သြားပါၿပီ။ ေနာက္ၿပီး စၾကဝဠာေတြ အခ်င္းခ်င္းဝင္တိုက္ေတာ့ရန္ကေနလည္း ေဝးကြာသြားပါၿပီ"
ယုဂန္ စိတ္ေအးသြားေသာ္လည္း သူ႔ထံတြင္ ေမးခြန္းမ်ားက်န္ရစ္ေနေသးသည္။ သူဟာ အေတာ္မ်ားမ်ားကို နားမလည္ႏိုင္ေသးေပ။
" အခု အရွင္ကဘယ္လို ဒီေရာက္လာတာလဲ"
" အမတ္မင္းကို လာျပန္ေခၚလာပါ"
" ကြၽန္ေတာ့္ကို?"
" ဟုတ္ပါတယ္။ နတ္ျပည္မွာ သဘာဝအေလွ်ာက္ရွိေနတဲ့ စၾကဝဠာကူးသန္းေပါက္ေတြရွိေပမဲ့ သာမန္အရေတာ့ လူသားေတြကို စၾကဝဠာကူးေျပာင္းခြင့္မေပးပါဘူး။ ဒါေပမဲ့ အမတ္မင္းကေတာ့ စၾကဝဠာအားလုံးကို ကယ္တင္ႏိုင္ခဲ့တဲ့သူပါ။ ဒါေၾကာင့္ ႁခြင္းခ်က္အေနနဲ႔ အမတ္မင္းကို မိသားစုဆီ ျပန္လာႏိုင္ဖို႔ လာေခၚတာပါ"
ယုဂန္ ေပ်ာ္႐ႊင္သြားမိသည္။ ယင္းဟာ မေမွ်ာ္လင့္ထားေသာ ေပ်ာ္႐ႊင္မႈျဖစ္သျဖင့္ သူဟာစိတ္လႈပ္ရွားစြာျဖင့္ ႏႈတ္ခမ္းကိုဟ,ကာ လက္ျဖင့္အုပ္လိုက္မိသည္။ တစ္နည္း စိတ္ေအးသြားျခင္းလည္းျဖစ္ႏိုင္သည္။
" ဘုရားေရ ကြၽန္ေတာ္ဘယ္ေတာ့မွ ေမာင့္ဆီျပန္မသြားႏိုင္ေတာ့ဘူးလို႔ထင္ေနတာ။ ေက်းဇူးတင္ပါတယ္ အရွင္"
" ကြၽန္ုပ္ကို ေက်းဇူးတင္စရာမလိုပါဘူး အမတ္မင္း။ အမတ္မင္းလုပ္ေပးခဲ့တာေတြက အရာအားလုံးထက္ပိုပါတယ္"
" ဒါေပမဲ့ မရွင္းတာရွိတယ္။ အခု အရွင္က စစ္ပြဲၿပီးၿပီးခ်င္း ကြၽန္ေတာ့္ဆီ ထြက္လာတာလား"
" ဟုတ္ပါတယ္ အမတ္မင္း"
" ကြၽန္ေတာ္ ဒီကိုေရာက္တာ ေျခာက္လရွိၿပီ။ ေနာက္ၿပီး တကယ္ဆို ကြၽန္ေတာ္က လြန္ခဲ့တဲ့ေျခာက္လမွာ ေသၿပီး ဥတၱရကိုေရာက္သြားရမွာ။ ဒါမဲ့အခုက ကြၽန္ေတာ္ အတိတ္မွာျပန္ႏိုးလာၿပီး ဥတၱရကို လုံးဝမေရာက္ခဲ့ဘူးေလ။ ဒါေတာင္ ဒီအျဖစ္အပ်က္ေတြက ဆက္လက္ျဖစ္ေနေသးတယ္တဲ့လား"
သုနႏၵာဟာ ေျပာရမည့္စကားရွည္လ်ားသည့္ဟန္ျဖင့္ ခုံတစ္လုံးဆြဲယူၿပီး အရင္ထိုင္သည္။ ထို႔ေၾကာင့္ ယုဂန္လည္း ကုတင္ေပၚထိုင္လိုက္သည္။
" ေ႐ြးခ်ယ္မႈတိုင္းမွာ စၾကဝဠာအသစ္ကြဲထြက္သြားတယ္ဆိုတာ အမတ္မင္းလည္း သိၿပီးျဖစ္မွာပါ"
ယုဂန္ေခါင္းညိတ္ျပသည္။ ထိုအခါ သုနႏၵာက ဆက္ေျပာသည္။
" အခု စၾကဝဠာက အမတ္မင္းရဲ႕ အတိတ္က စၾကဝဠာမဟုတ္ဘဲ ျဖစ္တန္စြမ္းကေန ခြဲထြက္လာတဲ့ စၾကဝဠာတစ္ခုပဲ။
ဆိုလိုခ်င္တာက အမတ္မင္းေမြးဖြားတဲ့စၾကဝဠာ ၁ မွာ အမတ္မင္းက ေသဆုံးသြားၿပီ။ ေသဆုံးၿပီး ဥတၱရကိုေရာက္သြားတယ္။ တျဖည္းျဖည္းနဲ႔ အမတ္မင္း ႀကဳံခဲ့ရတဲ့အျဖစ္အပ်က္ေတြျဖစ္လာၿပီး အမတ္မင္းက အခ်ိန္တြင္းေပါက္ထဲ ေရာက္သြားတယ္။ အဲ့ကေန အတိတ္ကို ျပန္ေရာက္တယ္။
အခုလက္ရွိ စၾကဝဠာက မင္းလြင္က သူ႔နဂိုကံၾကမၼာအတိုင္း ေသဆုံးၿပီး ဥတၱရကိုေရာက္သြားေလာက္ပါၿပီ။ အမတ္မင္းရဲ႕ ဝိဉာဥ္က ဝိဉာဥ္မဲ့သြားတဲ့ ကိုယ္ခႏၶာ ၂ ကို ယူၿပီး အသက္ဆက္ရွင္ေနတာ။ အဲ့မွာ စၾကဝဠာ ၂ ကြဲထြက္သြားပါတယ္။
အခု ေျပာခဲ့တဲ့ စၾကဝဠာႏွစ္ခုမွာ အမတ္မင္းေသတာ၊ရွင္တာ အဲ့ႏွစ္ခုပဲကြာျခားမႈရွိတာျဖစ္တဲ့အတြက္ က်န္တာေတြက ထပ္တူက်လုနီးပါးပါပဲ။ ဒါေၾကာင့္ အမတ္မင္းက စၾကဝဠာမတူေၾကာင္း သတိမထားမိတာပါ"
"ဒါဆို အခု အရွင္က ကြၽန္ေတာ္ရွိတဲ့ စၾကဝဠာ၂ ကို လာရွာရတာေပါ့"
" ဟုတ္ပါတယ္"
" နားလည္ၿပီ။ အခုကြၽန္ေတာ္ေရာက္ေနတဲ့ စၾကဝဠာမွာ မင္းလြင္ နံပါတ္ႏွစ္က ဂိမ္းေဆာ့ၿပီး save လုပ္ထားခဲ့တယ္။ ၿပီးေတာ့ ေသသြားတယ္။ ဒါကို မင္းလြင္ နံပါတ္တစ္က ျပန္ေရာက္လာၿပီး save လုပ္ခဲ့တဲ့ေနရာကေန ဆက္ေဆာ့ေနတာမ်ိဳးေပါ့"
"အခု အမတ္မင္းေျပာတာေတြကိုေတာ့ ကြၽန္ုပ္နားမလည္ပါဘူး"
သုနႏၵာစကားေၾကာင့္ သူတို႔ႏွစ္ဦး ခပ္တိုးတိုးရယ္လိုက္ၾကသည္။ ၿပီးမွ သုနႏၵာက ဆက္ေျပာသည္။
" အခ်ိန္အေၾကာင္း ေျပာရရင္ေတာ့ အမတ္မင္းရဲ႕စၾကဝဠာနဲ႔ ကြၽန္ုပ္တို႔ရဲ႕စၾကဝဠာက အခ်ိန္စီးဆင္းမႈ မတူဘူး။ ကြၽန္ုပ္တို႔ဆီမွာ ေျခာက္ႏွစ္ ခုနစ္ႏွစ္ၾကာတဲ့အခ်ိန္က အမတ္မင္းတို႔ဆီမွာ ေျခာက္လပဲၾကာတယ္။ ေနာက္ၿပီး အမတ္မင္းက အတိတ္ကိုျပန္ေရာက္သြားတာမို႔ ပစၥဳပၸန္ဆီလာဖို႔ ေျခာက္လအခ်ိန္ကုန္သြားတာပါ။ ကြၽန္ုပ္က ပစၥဳပၸန္ကေန ပစၥဳပၸန္ဆီ တန္းလာတာေလ"
ယုဂန္ ခဏတာစဥ္းစားေနၿပီးမွ
" ဘာပဲျဖစ္ျဖစ္ပါ။ ကြၽန္ေတာ္ ေမာင့္ဆီျပန္သြားလို႔ရႏိုင္တာနဲ႔တင္ ေတာ္ပါၿပီ။ ဒါေပမဲ့...."
ဟုဆိုကာ အဆုံးသတ္တြင္ အသံတိုးဝင္သြားျပန္သည္။
သူ႔ဘက္က အနည္းဆုံးေတာ့ မမႏွင့္ သူငယ္ခ်င္းမ်ားကို ႏႈတ္ဆက္ရန္ အခ်ိန္ရသင့္သည္ဟု ထင္သည္။ သူဟာ ဒီဘဝကို ထပ္မံၿပီး ထာဝရႏႈတ္ဆက္ရေတာ့မည္မဟုတ္ပါလား။
ထိုသို႔ေသာ ယုဂန္၏ခံစားခ်က္ကို သိသည့္ပမာ သုနႏၵာက
" မနက္ျဖန္ညထိ အခ်ိန္ရပါတယ္ အမတ္မင္း"
ဟုဆိုလာသည္။
မင္းလြင္ ၿပဳံး၍ေခါင္းညိတ္သည္။
ထိုညတြင္ သုနႏၵာဟာ ျပန္သြားေသာ္လည္း မင္းလြင္ အိပ္၍မေပ်ာ္ခဲ့ပါေခ်။
ေပ်ာ္႐ႊင္မႈေၾကာင့္လား၊ စိတ္လႈပ္ရွားမႈေၾကာင့္လား သူကိုယ္တိုင္ေတာင္မေျပာတတ္ေပ။
***************************
ေနာက္တစ္ရက္ဟာ ေက်ာင္းပိတ္ရက္ျဖစ္သည္။
မင္းလြင္ဟာ ညကတည္းက သူ၏သူငယ္ခ်င္းမ်ားကို အတူတူေလွ်ာက္လည္ရန္ ဖိတ္ေခၚထားသည္။ ဒီေန႔ေတာ့ သူဟာ သူငယ္ခ်င္းမ်ားႏွင့္စိတ္တိုင္းက်ေလွ်ာက္လည္ၿပီး ရွိရွိသမွ်ပိုက္ဆံ အကုန္သုံးခဲ့မည္ဟု ေတြးထားသည္။
အဘယ္ေၾကာင့္ဆိုေသာ္ သူ ဥတၱရဆီထြက္သြားသည္ႏွင့္ အရွင္သုနႏၵာဟာ ေမွာ္အစြမ္းကိုသုံးၿပီး မင္းလြင္၏ခႏၶာကိုယ္ကို အတုလုပ္ခဲ့မည္ျဖစ္သည္။ ထို႔ေနာက္ မင္းလြင္ ဦးေႏွာက္ေသြးေၾကာေပါက္၍ ေသဆုံးသြားသည္ဟု ဇာတ္လမ္းဆင္ခဲ့မည္ျဖစ္သည္။ ေမွာ္အစြမ္းႏွင့္လုပ္ထားေသာ အေလာင္းတုျဖစ္ရာ ဆရာဝန္မ်ားေတာင္ သံသယရွိလိမ့္မည္မဟုတ္ေခ်။
ထိုအျဖစ္အပ်က္ဟာ စဥ္းစားၾကည့္လွ်င္ ဝမ္းနည္းစရာေကာင္းလွေသာ္လည္း မင္းလြင္၏ေ႐ြးခ်ယ္မႈက ခိုင္ခိုင္မာမာတည္ေဆာက္ၿပီးျဖစ္သည္။
သူ ေမာင္ႏွင့္အတူရွိရဖို႔ အားလုံးကိုစြန႔္လႊတ္ရဲသည္။ ေနာက္ၿပီး သူလည္းသိေနသည္။ ေမာင္ကလည္း သူမရွိ၍မျဖစ္ေခ်။
မနက္ပိုင္းတြင္ မမက ထုံးစံအတိုင္း ဟင္းခ်က္ေနသည္။
မင္းလြင္ မမ,ေဘးသြားကာ ဟင္းမ်ားကိုစပ္စုၾကည့္သည္။
ထိုအခါ မမက မင္းလြင္ကို ေစာင္းၾကည့္ကာ ခပ္ေထ့ေထ့ၿပဳံးသည္။
" နင္ အိမ္ေထာင္က်ရင္ေတာင္ ငါ့လိုခ်က္ေကြၽးတဲ့လူ ဟုတ္ခ်င္မွဟုတ္မွာ"
မင္းလြင္ ခပ္သဲ့သဲ့ရယ္ကာ မီးဖိုခုံကို ခါးျဖင့္မွီလိုက္သည္။
" သားခ်က္တတ္တာပဲ။ သားပဲခ်က္ေကြၽးမွာေပါ့"
" အခုေတာင္ အပ်င္းႀကီးၿပီး မခ်က္တဲ့လူကမ်ား..."
" ဒါကေတာ့ မမနဲ႔ သားရဲ႕အိမ္ေထာင္ဖက္နဲ႔ တူပါ့မလား။ ကိုယ့္အခ်စ္ကိုေတာ့ ေသခ်ာေပါက္ခ်က္ေကြၽးရမွာေပါ့"
မင္းလြင္ စကားေၾကာင့္ မမဟာမ်က္ေစာင္းထိုးကာ မင္းလြင္ကို ကိုင္လက္စ ေယာက္မျဖင့္ ႐ြယ္သည္။
" ဒီ ေကြၽးရက်ိဳးနပ္တဲ့ဟာေလး"
မင္းလြင္ ရယ္လ်က္ ေၾကာက္ရသည့္ဟန္ျဖင့္ ကိုယ္ကိုက်ဳံံ့ျပသည္။
ယခုအခ်ိန္ သူ ဝမ္းအနည္းရဆုံးအရာဟုဆိုရလွ်င္ မမႏွင့္ခြဲခြာရျခင္းပင္။ ေမေမဆုံးၿပီးသည့္ေနာက္ပိုင္း မမကသာ သူ၏ဒုတိယမိခင္ျဖစ္ခဲ့သည္။
ဆိုရပါက ဟိုးအရင္ကတည္းက သူတို႔ေမာင္ႏွမႏွစ္ဦးဟာ အခ်င္းခ်င္းခ်စ္ခင္ၿပီး တပူးပူးတတြဲတြဲေနခဲ့ၾကသည္။ မမ အိမ္ေထာင္က်တုန္းကေတာင္ သူ႔မွာ မ်က္ရည္အ႐ႊဲ႐ႊဲျဖစ္ခဲ့ေသးသည္။ ေနာက္ မမ သမီးေလးေမြးေတာ့ သူေပ်ာ္သည္။ သူ႔ေယာက္ဖႏွင့္သူဟာလည္း အတည့္ေတာင္ လြန္ေနေသးသည္ဟု ဆိုႏိုင္သည္။
အနည္းဆုံးေတာ့ မမကိုသူစိတ္ခ်ပါသည္။ မမမွာ သူမကိုခ်စ္ေသာခင္ပြန္းႏွင့္ သမီးေလးတို႔ရွိေနၿပီျဖစ္သည္။
တစ္ဦးတည္းေသာ ေမာင္ေလးကို ဆုံးရႈံးရျခင္းမွာ အစားထိုးႏိုင္ဖြယ္ရာမရွိသည့္တိုင္ ႏွစ္သိမ့္စရာမိသားစုရွိေနသျဖင့္ ေတာ္ေသးသည္ဟု ဆိုရမည္။ အခြင့္သာရလွ်င္ေတာ့ မမကို သူျပန္လာေတြ႕ခ်င္ပါေသးသည္။
" တကယ္က သားမွာ ခ်စ္သူရွိတယ္"
မင္းလြင္၏႐ုတ္တရက္စကားေၾကာင့္ မမ ဆတ္ခနဲလွည့္ၾကည့္သည္။
အလြန္အမင္းအံ့ဩသြားမည္ဟု ထင္ခဲ့သည့္တိုင္ မမက မထူးဆန္းသလို မ်က္ခုံးပင့္ၾကည့္၍သာ အေရွ႕သို႔ျပန္လွည့္သြားသည္။
" တကယ္လား။ ဘယ္သူတုန္း"
" မမကိုေျပာလည္း သိမွာမွမဟုတ္တာ"
" ေခ်ာလား"
မင္းလြင္သည္ သူ၏ယုန္သြားႀကီးႀကီးေလးႏွစ္ေခ်ာင္း ေပၚသည္အထိ ၿပဳံး၏။ ထို႔ေနာက္ သူဟာအရွက္သည္းဟန္ျဖင့္ဆိုသည္။
" အင္း။ အရမ္းေခ်ာတယ္"
" ပုံျပေလ။ ငါလည္းသိခ်င္တာေပါ့"
" အခုေတာ့မျပေသးဘူး"
မမ မ်က္ေစာင္းထိုးေသာ္လည္း ဘာမွျပန္မေျပာပါေခ်။ မမကိုၾကည့္ရင္း မင္းလြင္စိတ္ရင္းႏွင့္ေျပာမိသည္။
" ေနာက္အခြင့္အေရးရလာရင္ေတာ့ မိတ္ဆက္ေပးပါ့မယ္"
" နင္ေပ်ာ္ရင္ၿပီးတာပါပဲ"
မင္းလြင္ ဘာမွဆက္မေျပာႏိုင္ေတာ့ပါေခ်။ သူ မမအနားကပ္သြားၿပီး မမကိုသာ ဖက္လိုက္မိသည္။
" ဘာလုပ္တာတုံး။ ငါ ဟင္းနံ႔ေတြနဲ႔နံေစာ္ေနတာ"
မမ႐ုန္းေသာ္လည္း မင္းလြင္ မလႊတ္ေပးမိပါေခ်။ သူ မမႏွင့္ျပန္ေတြ႕ဖို႔ဟာ မျဖစ္ႏိုင္သေလာက္ပင္ မဟုတ္ပါလား။
" မမစိတ္ခ်ပါ။ သူက သားကို တစ္ေလာကလုံးမွာ အေပ်ာ္ဆုံးျဖစ္ေအာင္ လုပ္ေပးႏိုင္တဲ့သူပါ"
" ေအးပါ ၾကားရတာဝမ္းသာပါတယ္"
မင္းလြင္ငိုခ်င္လာသည္။ ထို႔ေၾကာင့္ သူမမ၏ပခုံးေပၚသို႔ ေၾကာင္တစ္ေကာင္လို တိုးေဝွ႔မိသည္။
" တကယ္ေျပာတာ"
" ေအးပါ။ ငါက ဘာေျပာေနလို႔လဲ။ နင့္ရည္းစားနဲ႔ နင္ေပ်ာ္ေနရင္ၿပီးတာပဲေပါ့"
" မမလည္း ေကာင္းေကာင္းေနရမယ္ေနာ္"
" နင္မဖက္ထားရင္ ေကာင္းေကာင္းေနလို႔ရတယ္။ ဖယ္ဦး...."
မင္းလြင္ မမကို လႊတ္လိုက္သည္။ သူ၏မ်က္ေတာင္မ်ားဟာေတာ့ မ်က္ရည္ကိုထိန္းထားရသျဖင့္ ပုတ္ခတ္ပုတ္ခတ္ျဖစ္ေန၏။
ထို႔ေနာက္ သူ မမကိုလွည့္ၾကည့္ လွည့္ၾကည့္ႏွင့္သာ မီးဖိုေခ်ာင္ထဲမွထြက္လာသည္။
ယခု သူ သူငယ္ခ်င္းမ်ားႏွင့္ သြားေတြ႕ရမည္။
ၿပီးလွ်င္ လူအားလုံးကို ႏႈတ္ဆက္ခဲ့ရမည္။
******************************
ညသည္ ယခင္ကထက္ပို တိတ္ဆိတ္ေနသည္ဟု ထင္မွတ္မိ၏။
မမႏွင့္ ကဲကဲဟာ ကုတင္ေပၚတြင္ အိပ္ေမာက်ေနလ်က္ရွိသည္။
မင္းလြင္သည္ ထိုသူတို႔ကိုအတန္ၾကာစိုက္ၾကည့္ေနၿပီးမွ အသက္တစ္ရႈိက္ ရွဴသြင္းလိုက္မိသည္။ ထို႔ေနာက္ သူလည္ပင္းမွ ဆြဲႀကိဳးကို ခြၽတ္၏။
အႏွီဆြဲႀကိဳးမွာ မင္းလြင္ေမေမေပးခဲ့ေသာ အနာဂတ္မွ နဂါးမင္းသားအဏၰ၏မ်က္ရွင္ျဖစ္သည္။
ယခုေန ဥတၱရကို သူျပန္ယူသြားပါကလည္း အဏၰႏွင့္မ်က္ရွင္ ႏွစ္ခုျဖစ္ေန႐ုံသာရွိလိမ့္မည္။ ထို႔ေၾကာင့္ ထိုဆြဲႀကိဳးကို ခြၽတ္ကာ အိပ္ေပ်ာ္ေနေသာ ကဲကဲ၏လည္ပင္းတြင္ ခ်ိတ္ဆြဲေပးလိုက္သည္။
ကဲကဲကေတာ့ ထိုဆြဲႀကိဳးကို မေဖ်ာက္ပစ္ေစရန္ သူေမွ်ာ္လင့္သည္။
အခန္းဝတြင္ အရွင္သုနႏၵာေစာင့္ဆိုင္းေန၏။
မင္းလြင္ဟာ ေနာက္ဆုံးတစ္ႀကိမ္ မမနဲ႔ကဲကဲကို ၾကည့္ရႈၿပီးေနာက္ သုနႏၵာရွိရာသို႔ ေလွ်ာက္လွမ္းလာသည္။
သုနႏၵာ၏ေဘးဘက္ အျပင္တြင္မူ တျခားေနရာဆီ အျမန္သြားေသာ တြင္းေပါက္တံခါးပြင့္ေနသည္။ ထိုတံခါးမွတစ္ဆင့္ နတ္ျပည္ရွိ စၾကဝဠာကူးသန္းေပါက္ဆီ သြားရမည္ျဖစ္သည္။
မင္းလြင္သည္ သုနႏၵာႏွင့္အတူ တြင္းေပါက္ထဲဝင္ရန္ျပင္၏။
ထိုအခ်ိန္တြင္ အေနာက္မွ
" ဦးငယ္ သူကဘယ္သူလဲ"
ဟူေသာ ငါးႏွစ္ကေလးပိစိေလး၏အသံထြက္ေပၚလာသည္။
မင္းလြင္လွည့္ၾကည့္လိုက္ေသာ္ အိပ္ခ်င္မူးတူး႐ုပ္ျဖင့္ မ်က္လုံးမ်ားကို ပြတ္ေနေသာ ကဲကဲကိုေတြ႕ရသည္။
ကဲကဲက သုနႏၵာကို စူးစမ္းလိုျခင္းအျပည့္ႏွင့္ ၾကည့္ေန၏။ ထို႔ေနာက္ အလင္းမ်ား ေတာက္ပေနေသာ portal ကိုေတြ႕ေသာအခါတြင္ ပိုလို႔ေတာင္ စပ္စုလိုစိတ္မ်ား ျပည့္လွ်ံလာသည္။
မင္းလြင္ႏွင့္ သုနႏၵာတို႔ အၾကည့္ဆုံမိၾကသည္။ သို႔ေသာ္လည္း ငါးႏွစ္ကေလးကို မွတ္ဉာဏ္ေဖ်ာက္ဖို႔ သူတို႔မလုပ္ခ်င္ပါေပ။
မင္းလြင္ဟာ ကဲကဲေရွ႕သို႔လာၿပီး ဒူးေထာက္ထိုင္ခ်သည္။ ထို႔ေနာက္ ကဲကဲလည္ပင္းရွိ ဆြဲႀကိဳးကိုကိုင္ကာ
"ဒီဆြဲႀကိဳးက ဦးငယ္လက္ေဆာင္ေပးတာ။ ေပ်ာက္လို႔မျဖစ္ဘူးေနာ္"
ဟုဆိုသည္။ ကဲကဲက ဆြဲႀကိဳးကို ငုံ႔ၾကည့္၏။ သူမဟာ စူးစမ္းလိုစိတ္မ်ားျပည့္ႏွက္ေနၿပီး တစ္ခ်ိန္တည္းမွာပင္ လက္ရွိျဖစ္ပ်က္ေနေသာ အေၾကာင္းအရာမ်ားကို နားလည္ႏိုင္ပုံမေပၚပါေခ်။
မည္သို႔ပင္ဆိုေစကာမူ သူမက မင္းလြင္၏စကားကို ေခါင္းညိတ္နာခံသည္။
" ၿပီးေတာ့ ကဲေလး...ဦးငယ္က ခုသြားေတာ့မွာ"
" ဦးငယ္က ဘယ္သြားမလို႔လဲ"
" ဦးငယ္ရဲ႕ အိမ္ဆီ"
" ဦးငယ္ရဲ႕အိမ္က ဒါေလ"
" ဟုတ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီ့အိမ္က ဦးငယ္မရွိလို႔ မျဖစ္ဘူးတဲ့။ ဒီအိမ္မွာ ကဲရဲ႕ေမေမမရွိရင္ မျဖစ္သလိုေပါ့။ ဦးငယ္လည္း အဲ့အိမ္မွာ ရွိရမွာမို႔ သြားေတာ့မယ္"
ကဲကဲဟာ မ်က္လုံးပုတ္ခတ္ပုတ္ခတ္ျဖစ္သြားေသာ္လည္း ထပ္ၿပီး ေခါင္းညိတ္ျပန္သည္။ မင္းလြင္ ကဲကဲ၏ပါးေလးကို ဆြဲညႇစ္ၿပီး ေခါင္းကိုပုတ္လိုက္သည္။
" ဒီဆြဲႀကိဳးကို ဆြဲထားရင္ တစ္ေန႔ကဲကဲလည္း ဦးငယ္ရဲ႕အိမ္ကို လိုက္လည္လို႔ရႏိုင္မွာပါ။ အခုေတာ့ ၿပီးရင္ သြားျပန္အိပ္လိုက္ဦးေနာ္"
" ဦးငယ္ျပန္မလာဘူးလား"
" အခြင့္အေရးရရင္ေတာ့ ျပန္လာပါ့မယ္"
မင္းလြင္၏စကားဆိုလိုရင္းကို နားမလည္သည့္တိုင္ ကဲကဲက ထပ္ၿပီးေခါင္းညိတ္သည္။
မင္းလြင္သည္ ကဲကဲ၏ပါးအား နစ္ဝင္ေနေအာင္ နမ္းၿပီးေနာက္ သုနႏၵာႏွင့္အတူ တြင္းေပါက္တံခါးထဲသို႔ ဝင္သြားသည္။
သူ ကဲကဲကို တာ့တာလွမ္းျပ၏။ ကဲကဲဟာလည္း ဘုမသိဘ,မသိႏွင့္ျပန္ျပသည္။
တံခါးဟာ ျဖည္းျဖည္းခ်င္းပိတ္သြားသည္။
မင္းလြင္၏ေရွ႕တြင္ ကဲကဲမရွိေတာ့ဘဲ၊ မိမိဟာလည္း အိမ္တြင္မဟုတ္ေတာ့ဘဲ ထူးဆန္းလွပေသာ ေနရာသစ္ဆီ ေရာက္ရွိသြားၿပီ ျဖစ္သည္။
တကယ္တမ္း တြင္းေပါက္မ်ားသည္ အမ်ိဳးအစားအမ်ိဳးမ်ိဳးရွိ၏။ တခ်ိဳ႕ေသာ တြင္းေပါက္မ်ားက ဝိဉာဥ္တစ္ခုတည္းသာ ျဖတ္သန္းႏိုင္သည့္တိုင္ အဆင့္ျမင့္ေသာ သဘာဝတြင္းေပါက္မ်ားဟာေတာ့ ခႏၶာကိုယ္အလိုက္ စၾကဝဠာကူးေျပာင္းႏိုင္သည္။ ထို႔အျပင္ မင္းလြင္၏ဝိဉာဥ္ဟာ စြမ္းအားျမင့္ မ်က္ရွင္ကို ဝါးမ်ိဳထားသည္ျဖစ္ရာ တြင္းေပါက္၏ဖိအားကို ခံႏိုင္ရည္ရွိေနၿပီျဖစ္သည္။
ထိုအခ်က္ေၾကာင့္ မင္းလြင္သည္ မိမိ၏ခႏၶာကိုယ္အစစ္ႏွင့္တင္ ဥတၱရဆီျပန္သြားႏိုင္၏။
မင္းလြင္ တြင္းေပါက္ထဲသို႔ ေျခလွမ္းလိုက္သည္။
ယခုကစၿပီး မင္းလြင္ဆိုသည့္နာမည္ဟာ သူ၏အတိတ္ဘဝႏွင့္အတူ တစ္စစီက်န္ရစ္ခဲ့ေလၿပီ။
*******************
အလင္းစူးစူး....
အသံအူအူ....
တစ္ခ်က္ကေလး မူးေဝသြားေသာ ခံစားခ်က္အဆုံးတြင္ ယုဂန္ဟာ မိမိအေရွ႕ရွိေနရာသစ္တစ္ခုကို ေသခ်ာစြာ ျမင္ရလာသည္။
သူဟာ ေတာအုပ္တစ္ခုတြင္းသို႔ ေရာက္ရွိေနျခင္းျဖစ္၏။
အဆိုပါေတာအုပ္သည္ မႀကဳံဖူးေလာက္လွပေသာ ပန္းမ်ားႏွင့္ျပည့္ႏွက္ေနကာ တခ်ိဳ႕ေသာသစ္ပင္မ်ားဟာလည္း နတ္သမီးပုံျပင္ထဲေရာက္ရွိေနသည့္ပမာ လွပခမ္းနားေနၾကသည္။
ယုဂန္သည္ မိမိႏွင့္အတူ လိုက္ပါလာေသာ သုနႏၵာကို လွည့္ပတ္လိုက္ရွာ၏။ ထိုအခါ ယုဂန္၏ခပ္လွမ္းလွမ္းေနရာတြင္ သုနႏၵာမွာ ေနရာကူးေျပာင္းသည့္ portal တစ္ခု ဖန္တီးေနေၾကာင္းေတြ႕လိုက္ရသည္။
ထို portal ဖန္ဆင္းၿပီးသည့္ေနာက္တြင္ သုနႏၵာက ယုဂန္ကိုလက္ယပ္ေခၚသည္။ ယုဂန္လည္း ထိုသို႔ အျမန္ေျပးသြားကာ သုနႏၵာႏွင့္အတူ portal ထဲသို႔ဝင္ေရာက္ၾကသည္။
ေျခတစ္လွမ္းအဆုံးတြင္ ယုဂန္သည္ ေနရာသစ္တစ္ခုကို ထပ္မံေရာက္လာျပန္၏။
သည္တစ္ခါ ေရာက္ရွိလာသည္မွာ ပန္သွ်ားနန္းေတာ္သာျဖစ္သည္။
ထို႔ေနာက္တြင္ နန္းေဆာင္တစ္ခုေရွ႕ဝယ္ ရပ္ေစာင့္ေနေသာ အ႐ုဏကို ေတြ႕လိုက္ရသည္။
" ေမာင္..."
ေပ်ာ္႐ႊင္မႈဟာ ယုဂန္၏ႏွလုံးသည္းစိုင္ထဲသို႔ စုၿပဳံတိုးေဝွ႔ဝင္ေရာက္လာသည္။
ယုဂန္သည္ တျခားဘာကိုမွ သတိမျပဳႏိုင္ေတာ့ဘဲ ေမာင့္ဆီသို႔ တဟုန္ထိုးေျပးထြက္သြားသည္။
လက္ရွိတြင္ ယုဂန္သည္ မိမိ၏ပင္ကိုခႏၶာႏွင့္ ျဖစ္သည္မို႔ တိုတိုကပ္ကပ္ဆံပင္ရွိကာ အဝတ္အစားမွာလည္း ႐ိုး႐ိုးတီရွပ္ႏွင့္ ဂ်င္းေဘာင္းဘီႏွင့္၊ ေခတ္သစ္အဝတ္စားသာျဖစ္ေလသည္။
မည္သို႔ပင္ဆိုေစကာမူ အ႐ုဏ သတိျပဳမိသည္မွာ ယုဂန္၏ဆံပင္ႏွင့္ အဝတ္အစားမဟုတ္ဘဲ ယုဂန္၏မ်က္ဝန္းထဲမွ မ်က္ရည္မ်ားႏွင့္ နာက်င္မႈသာျဖစ္သည္။
ယုဂန္ဟာ သူ႔ရင္ခြင္ထဲ ပစ္ဝင္လာသည္။
သူ႔ကို မ်က္ရည္မ်ားရစ္ဝဲေနေသာ မ်က္ဝန္းအိမ္ျဖင့္ နင့္နဲရီေဝစြာၾကည့္ၿပီးေနာက္ တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လာသည္။
က်န္ေသာအေၾကာင္းအရာမ်ားကို အ႐ုဏမသိခ်င္ေတာ့ေပ။ သူသိသည္က ယုဂန္ သူ႔ကိုလိုအပ္ေနသည္။
" အခ်စ္"
သူ ယုဂန္ကို သိမ္းက်ဳံးေပြ႕ဖက္ကာ ယုဂန္၏ပခုံးေပၚသို႔ မ်က္ႏွာအပ္လိုက္သည္။
ယုဂန္ ဘာမွမျဖစ္၍ေတာ္ပါေသးသည္။
အခ်ိန္ကူးသန္းေပါက္ထဲ ယုဂန္ဝင္သြားတုန္းက သူဟာမ်ားစြာ စိုးရိမ္ပူပန္ရသျဖင့္ ေသမတတ္ပင္ခံစားခဲ့ရသည္။ ေနာက္က်မွ ယုဂန္ဟာ ဘာမွမျဖစ္ဘဲ သူ၏မူလစၾကဝဠာသို႔သာ ျပန္လည္ေရာက္ရွိသြားေၾကာင္း နတ္မ်ားထံမွ သတင္းရရွိသည္။
သုနႏၵာ တာဝန္ခံၿပီး ယုဂန္ကို ျပန္လည္ေခၚေဆာင္လာေပးမည္ဟု ဆိုသည္။
ထိုသို႔ ယုဂန္ျပန္ေရာက္လာရန္ အခ်ိန္တစ္ရက္ေတာင္ မၾကာေညာင္းလိုက္သည့္တိုင္ အ႐ုဏစိတ္ထဲ ဆယ္ႏွစ္ၾကာခဲ့သေယာင္ေယာင္ ခံစားေနရသည္။
သူဟာ ယခုမွအသက္ျပန္ရွဴႏိုင္၏။
သူ၏ယုဂန္ သူ႔ဆီကို အဆင္ေျပေျပ ျပန္လည္ေရာက္ရွိလာၿပီ။
သို႔ေသာ္လည္း ယုဂန္ဟာ အလြန္အမင္းဝမ္းနည္းေနပုံရွိ၏။ သူ႔ရင္ခြင္ထဲ တိုးေဝွ႔ၿပီး တသိမ့္သိမ့္ႏွင့္ငိုေႂကြးလာသည္။
ထို႔ေနာက္ အ႐ုဏ၏ေက်ာျပင္ကို လက္သီးဆုပ္ေလးႏွင့္ ထု၍ဆိုသည္။
" လြမ္းေနခဲ့တာ။ ေသေလာက္ေအာင္ သတိရေနခဲ့တာလို႔ သိလား"
အ႐ုဏ နာက်င္သြားမိသည္။ ယုဂန္ဟာ အစူးနင့္ဆုံး၊ ဝမ္းအနည္းရဆုံးေသာကိစၥႏွင့္ ႀကဳံေတြ႕ခဲ့ရေၾကာင္း သူအလိုလိုခံစားသိရွိေနသည္။
ယုဂန္၏ ရႈိက္ႀကီးတငင္ငိုသံကိုၾကားရျခင္းက သူ႔ကို မ်ားစြာရင္နင့္ ေစသည္။
"ေမာင္အခု အခ်စ္အနားမွာရွိေနပါၿပီ။ ေမာင္ရွိေနၿပီေနာ္"
သူ ယုဂန္၏တုန္ယင္ေနေသာ ေက်ာျပင္ကို ပြတ္သပ္ရင္း ႏူးႏူးညံ့ညံ့ဆို၏။
ထို႔ေနာက္ ယုဂန္၏နား႐ြက္ဖ်ားကို အသာနမ္းရႈိက္ကာ
" အားလုံးၿပီးသြားပါၿပီ ကေလးရယ္"
ဟု တိုးညင္းစြာေရ႐ြတ္သည္။
***************************
.
.
.
.