The Everlasting One (volume 2...

By _pannthoon_

761K 75.3K 17.5K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 155 (ပ)

3.6K 499 58
By _pannthoon_

Unicode

အချိန်ယန္တရား

____________________

မြင်းပျံတစ်စီးသည် သူ​၏ကြီးမားသန်မာသော အတောင်ပံနှစ်ဖက်အား မနားတမ်းခတ်ကာ အနက်ရောင်တွင်းပေါက်အလယ်တည့်တည့်ဆီသို့ မနားစတမ်းပျံသန်းနေသည်။

ထိုမြင်းပေါ်တွင် မင်းယောဇာရှိ​၏။

မင်းယောဇာ​၏ နီမြန်းနေသောမျက်ဝန်းများက မိမိရှေ့တည့်တည့်တူရူရာ အရပ်ဆီသို့သာ သားကောင်တွေ့သော သိမ်းငှက်​၏ကြည့်ခြင်းမျိုးနှင့် စူးစိုက်ကြည့်နေသည်။

မင်းယောဇာသည် မြင်းပျံကို ထပ်မံပြီးအရှိန်မြှင့်ပြန်​၏။
သို့ရာတွင် ထိုအချိန်၌ မင်းယောဇာ​၏မြင်းပျံအနားသို့ တခြားအရာတစ်ခု ချဉ်းကပ်လာသည်။

မင်းယောဇာ ဘေးသို့လှည့်ကြည့်သည်။

ထိုအခါ တခြားမြင်းပျံတစ်စီးနှင့် ယင်းအပေါ်မှ ယုဂန်နိုင်ကို တွေ့လိုက်ရပေသည်။

ယုဂန်သည် မြင်းပျံကိုဒုန်းစိုင်းစီးကာ မင်းယောဇာဆီသို့ တည့်တည့်ဦးတည်လာနေသည်။ ယုဂန်ဟာ ဇွဲလျှော့မည့်ဟန်မရှိ။ သူ​၏အသက်ကိုလည်း ပဓာနထားတော့ဟန်မရှိ။ သူဟာ မင်းယောဇာဆီရောက်ဖို့သာ စိတ်အားထက်သန်နေပြီး သူ​၏ခိုင်မာသောဆုံးဖြတ်ချက်ကို သူ​၏တင်းမာလေးနက်နေသော မျက်နှာထားအားကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

မင်းယောဇာ မယုံကြည်နိုင်မှုနှင့် ဟက်ခနဲရယ်လိုက်မိ​သည်။

အမတ်ယုဂန်ဟာ ထိုမျှမိုက်ရူးရဲဆန်လိမ့်မည်ဟု မည်သူကများထင်ခဲ့ပါမည်နည်း။

မည်သို့ပင်ဆိုစေကာမူ မင်းယောဇာအနေနှင့် ယုဂန်နိုင်ကို ဂရုမစိုက်နိုင်ပေ။ သူ့ဆီ နတ်များအချိန်မီမရောက်လာခင် အချိန်ယန္တရားတွင်းပေါက်ထဲ ဝင်သွားနိုင်ရန်သာ အာရုံစိုက်ထားသည်။ သို့ပါ၍ မင်းယောဇာသည် ယုဂန်ဘက်အားလျစ်လျူရှုလျက် တွင်းပေါက်ဆီသို့သာ ဆက်လက်ဦးတည်သည်။

ထိုအခါ ယုဂန်သည် မြင်းပျံကို အသားကုန်နှင်၍ မင်းယောဇာ​၏မြင်းပျံနားသို့ မရမကတိုးကပ်သည်။ များမကြာမီ ယုဂန်​၏မြင်းမှာ မင်းယောဇာ​၏မြင်းအား လိုက်မီလာ​၏။ သို့သော်လည်း မင်းယောဇာ​၏မြင်းက ခွာပြေးပြန်သောကြောင့် မင်းယောဇာကို လှမ်းဖမ်းဆွဲရန် မဖြစ်နိုင်သေးချေ။

မြင်းပျံနှစ်ကောင်သည် ခွာလိုက်ကပ်လိုက် ဖြစ်နေ​၏။

ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးမှာ တွင်းပေါက်နှင့် နီးသထက်နီးလာပြီဖြစ်ရာ တွင်းပေါက်​၏ဆွဲငင်အားကို ခံစားလာရပြီဖြစ်သည်။ အနှီဆွဲငင်အားကြောင့်ပင် မြင်းပျံ​၏အရှိန်ပိုမိုမြန်ဆန်လာ​သည်။

မင်းယောဇာသည် သူ​၏အနောက်သို့ ထပ်ကြပ်မကွာလိုက်လာသော ယုဂန်ကို တစ်ချက်စောင်းငဲ့ကြည့်​၏။ ဒီအတိုင်းသာဆိုလျှင် သူနှင့်အတူ ယုဂန်ပါ တွင်းပေါက်ထဲလိုက်ဝင်လာမည်ကို စိုးထိတ်သွားသည်။ ထို့ကြောင့် သူ​၏မြင်းပျံဖြင့် ယုဂန်​၏မြင်းပျံကို ကြမ်းတမ်းစွာဝင်တိုက်သည်။

ရုတ်ချည်းတိုက်ခိုက်မှုကြောင့် ယုဂန်​၏မြင်းပျံ ခပ်ကြမ်းကြမ်းလှုပ်ခါသွား​သည်။ ယုဂန်လည်း ကံကောင်း၍သာ မြင်းပေါ်မှ မပြုတ်ကျသွားခြင်းဖြစ်သည်။ ယုဂန် မြင်းပျံ​၏ဇက်ကြိုးသာမက လည်ဆံမွေးများကိုပါ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ​သည်။

သူတစ်ခုခုလုပ်မှရတော့မည်။ ထိုအတိုင်းသာဆိုလျှင် မင်းယောဇာကို တားဆီးပြီး သူဘက်က အရင်တွင်းပေါက်ထဲဝင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ယုဂန် တွင်းပေါက်​၏ဆွဲအားကို မှန်းဆကြည့်သည်။ တွင်းပေါက်နားနီးလေလေ ဆွဲငင်အားပိုကြီးလာလေလေဖြစ်မည်ကို ချင့်ချိန်မိသည်။

အခုချိန်တွင် မင်းယောဇာ​၏မြင်းပျံပေါ် သူခုန်တက်ပါက အန္တရာယ်များလွန်းလှသည်။ သူတို့ဟာ အမြင့်ပေပေါင်းများစွာကို ရောက်ရှိနေခြင်းဖြစ်သည်မို့ တစ်ချက်ကလေးခြေချော်သည်နှင့် ဇာတ်လမ်းပြီးဆုံးသွားနိုင်သည်။

ယုဂန် အခွင့်ကောင်းကိုစောင့်​၏။ သူ မင်းယောဇာ​၏မြင်းပျံနားသို့ ထပ်ကြပ်မကွာ ဆက်လိုက်ရင်းသာ တွင်းပေါက်ဆီသို့ ပိုပိုပြီးနီးလာသည်။

ယုဂန် မြင်းပျံကိုကိုင်ထားသော သူ​၏လက်များကို ဖြည်းဖြည်းချင်း လွှတ်လိုက်​၏။

အမှန်တိုင်းပြောရလျှင် သူအမြင့်ကြောက်သည်။ အမြင့်ကြောက်ရောဂါမဟုတ်သော်ငြား မည်သူမဆို ထိုမျှကောင်းကင်အမြင့်တွင် စွန့်စားရပါက ကြီးမားသောကြောင်လန့်ခြင်း ဖြစ်နေမည်မှာ အသေအချာပင်။

ယုဂန် အသက်ကိုရှိုက်၍ရှူကာ လေပူများမှုတ်ထုတ်မိသည်။

ကောင်းကင်အမြင့်သို့ရောက်နေပြီဖြစ်၍ လေဖိအားက နည်းနည်းလာနေပြီဖြစ်သည်။

ယုဂန် ဘုရားတရားတမိသည်။

ထို့နောက်တွင် သူဟာ မြင်းပျံနှစ်စီးကို ကပ်ချလိုက်ကာ သူ​၏မြင်းပေါ်မှ မင်းယောဇာ​၏မြင်းပေါ်သို့ ခုန်ပျံတက်လေသည်။

တွင်းပေါက်​၏ဆွဲငင်အားကို ထည့်တွက်ထားသည်ဖြစ်ရာ ယုဂန် တစ်ဖက်မြင်းပျံဆီ ခုန်တက်ရန် များစွာအားမထုတ်လိုက်ရချေ။

သူ မင်းယောဇာမြင်းပျံ​၏ အတောင်ပံကို လှမ်းဆွဲမိ​သည်။

ထိုအခြင်းအရာကိုသိသည်နှင့် မင်းယောဇာဟာ မြင်းပျံကို ပတ်ချာလည်လှုပ်ခါ၍ ယုဂန် မပြုတ်ကျ၊ ပြုတ်ကျအောင်ကြံရွယ်သည်။ သို့ရာတွင် ယုဂန်ဟာ မြင်းပျံ​၏အတောင်ပံကို ကျိုးကြေမတတ်ပင် ဆုပ်ကိုင်ထား​၏။ မိမိအသက်နှင့် ပတ်သက်လာသည့်အချိန်တွင် အင်အားများက သွေးကြောထဲမှပင် စိမ့်ထွက်လာသည်ဟု ထင်မှတ်ရသည်။ ယုဂန်သည် သူ​၏တစ်ကိုယ်လုံး နာကျင်မှု၊ ကြောက်လန့်မှုနှင့် တုန်လှုပ်နေသည့်ကြားမှပင် မြင်းပျံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲပင်။

ယုဂန်​၏ကံကောင်းမှုကြောင့်ဟု ဆိုရမည်လားမသိ။ မင်းယောဇာ​၏ လှုပ်ခါနေခြင်းကြားမှပင် မြင်းပျံပေါ်သို့ ရောက်မှန်းမသိရောက်ကာ တွယ်ဖက်တက်လာနိုင်သည်။

ယုဂန် မင်းယောဇာ​၏အင်္ကျီစကိုဆွဲမိသည်။ မင်းယောဇာက ယုဂန်​၏လက်ကို မရမကဖယ်ချ​၏။

ထိုအခါ ယုဂန်ဟာ မင်းယောဇာ​၏လက်မောင်းကို လှမ်းဆွဲပြန်ပြီး သူတို့နှစ်ဦးအတူ မြင်းပျံပေါ်တွင် အနီးကပ်တွေ့ဆုံကြသည်။

ထူးဆန်းစွာနှင့် မင်းယောဇာဟာ ပါးချိုင့်များပေါ်သည်အထိ လှောင်ပြောင်ရယ်မောနေသည်။ သူ​၏မျက်နှာပေါ်တွင် ရူးနှမ်းသောအကြည့်များကို တွေ့မြင်နေရသည်။

" မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ယုဂန်နိုင်"

မင်းယောဇာဟာ ပြောပြောဆိုဆိုနှင့် ယုဂန်​၏နဖူးပေါ်သို့ သူ​၏လက်ညှိုးနှင့် လက်ခလယ် တင်​၏။ သူအနေနှင့် မှော်နက်အစွမ်းသုံးလိုက်ပါက ယုဂန်ကို အသာလေးသတ်ပစ်လိုက်နိုင်ပြီဖြစ်သည်။

သူအထင်မှားခဲ့သည်။ သို့မဟုတ် မမျှော်လင့်ခဲ့ခြင်းဟုဆိုရမည်။

သူ​၏မှော်နက်အစွမ်းက ယုဂန်ပေါ်တွင် သက်ရောက်မှုမရှိနေချေ။

သူ အစွမ်းထုတ်သုံးလိုက်သည့်တိုင် ယုဂန်အနေနှင့်နည်းနည်းလေးတောင် ခံစားသိရှိလိုက်ပုံမပေါ်ပေ။

မင်းယောဇာ အံ့အားသင့်သွားစဉ်တွင် ယုဂန်က မောဟိုက်စွာ ဆိုလာသည်။

" မေ့နေပြီလား။ ငါက ကမ္ဘာဦးမျက်ရှင်ရဲ့ပိုင်ရှင်လေ။ စွမ်းအားကြီးမျက်ရှင်ရဲ့ သခင်တွေက မှော်နက်အစွမ်းကို ခံနိုင်ရည်ရှိတယ်"

ယုဂန်​၏စကားဆုံးဆုံးချင်းတွင် မင်းယောဇာ​၏ရင်ဝတည့်တည့်သို့ မာကျောသောအရာတစ်ခု ထောက်ထားပြီးသားဖြစ်သည်။

မင်းယောဇာ ငုံ့ကြည့်သည်။

ယုဂန်က မင်းယောဇာ​၏ ရင်ဘတ်တည့်တည့်အား ထူးခြားသောပုံစံရှိသည့် လက်နက်တစ်ခုဖြင့် အနီးကပ်ထောက်ထားပြီးဖြစ်သည်။

ယုဂန် အက်ရှစွာဆို​သည်။

" ထပ်မတွေ့ကြရအောင်"

သေနတ်ခလုတ်ကို ဆွဲလိုက်​​၏။

ကျည်ဆန်ဟာ ပြောင်းဝနှင့်ကပ်နေသော ရင်ဘတ်တည့်တည့်ဆီသို့ အားအပြည့်နှင့်ဝင်ရောက်သွားသည်။

ဒိုင်း!

သေနတ်​၏ကျယ်လောင်သောအသံနှင့်အတူ အရာအားလုံး ပြီးဆုံးသွားလေပြီ။

မင်းယောဇာ​၏အသက်မရှိတော့သော ခန္ဓာကိုယ်သည် မြင်းပျံပေါ်မှ ဒလိမ့်ခေါက်ခွေးပြုတ်ကျသွား​၏။

ယုဂန် မောဟိုက်စွာသက်ပြင်းချလိုက်မိသည်။

ယုဂန်​၏မြင်းပျံရှေ့တည့်တည့်တွင် အနက်ရောင်တွင်းပေါက်ကိုသာ မြင်နေရတော့သည်။

ယုဂန်မြေပြင်ဆီ ငုံ့ကြည့်သည်။

သူရောက်နေသော နေရာကနေ မောင့်ကိုတောင် လှမ်းမမြင်နိုင်တော့ပါချေ။

" ကျွန်တော်တို့ ပြန်တွေ့ကြမယ်မဟုတ်လား"

ယုဂန် တိုးညင်းစွာရေရွတ်သည်။

ဘာကြောင့်ရယ်မသိ။ ထိုစကားတစ်ခွန်းကပင် သူ​၏အသည်းနှလုံးကို စူးအောင့်နာကျင်စေသည်။

သို့ရာတွင် သူယုံသည်။ ကံပါသော လူနှစ်ဦးသည် မည်မျှပင် အချိန်များမတူညီပါစေ၊  စကြဝဠာများခြားပါစေ ပြန်လည်တွေ့ဆုံမည်ဟု သူယုံကြည်ထားသည်။

မြင်းပျံကို အနောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပါချေ။

တွင်းပေါက်​၏ဆွဲငင်အားက အလွန်တရာပြင်းထန်လာ​၏။

မြင်းပျံဟာ အတောင်ပံခတ်စရာမလိုဘဲ တွင်းပေါက်ထဲသို့ ဝင်ရောက်သွားသည်။

ထို့အတူ ယုဂန်ဟာလည်း တွင်းပေါက်​၏အမှောင်ထဲသို့...

အမှောင်ထဲသို့....ဝင်ကာ....

ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။

***********************************

A/N

chapter မပြီးသေးပေမဲ့ တမင်တကာ ပ နဲ့ ဒု ခွဲလိုက်တာ။
😆😆ကလိကလိဖြစ်အောင်လို့။

ဒီauthor အကျင့်မကောင်းဘူးနော် xD

7.2.2024
( Wednesday)
.
.
.

Zawgyi

အခ်ိန္ယႏၲရား

____________________

ျမင္းပ်ံတစ္စီးသည္ သူ​၏ႀကီးမားသန္မာေသာ အေတာင္ပံႏွစ္ဖက္အား မနားတမ္းခတ္ကာ အနက္ေရာင္တြင္းေပါက္အလယ္တည့္တည့္ဆီသို႔ မနားစတမ္းပ်ံသန္းေနသည္။

ထိုျမင္းေပၚတြင္ မင္းေယာဇာရွိ​၏။

မင္းေယာဇာ​၏ နီျမန္းေနေသာမ်က္ဝန္းမ်ားက မိမိေရွ႕တည့္တည့္တူ႐ူရာ အရပ္ဆီသို႔သာ သားေကာင္ေတြ႕ေသာ သိမ္းငွက္​၏ၾကည့္ျခင္းမ်ိဳးႏွင့္ စူးစိုက္ၾကည့္ေနသည္။

မင္းေယာဇာသည္ ျမင္းပ်ံကို ထပ္မံၿပီးအရွိန္ျမႇင့္ျပန္​၏။
သို႔ရာတြင္ ထိုအခ်ိန္၌ မင္းေယာဇာ​၏ျမင္းပ်ံအနားသို႔ တျခားအရာတစ္ခု ခ်ဥ္းကပ္လာသည္။

မင္းေယာဇာ ေဘးသို႔လွည့္ၾကည့္သည္။

ထိုအခါ တျခားျမင္းပ်ံတစ္စီးႏွင့္ ယင္းအေပၚမွ ယုဂန္ႏိုင္ကို ေတြ႕လိုက္ရေပသည္။

ယုဂန္သည္ ျမင္းပ်ံကိုဒုန္းစိုင္းစီးကာ မင္းေယာဇာဆီသို႔ တည့္တည့္ဦးတည္လာေနသည္။ ယုဂန္ဟာ ဇြဲေလွ်ာ့မည့္ဟန္မရွိ။ သူ​၏အသက္ကိုလည္း ပဓာနထားေတာ့ဟန္မရွိ။ သူဟာ မင္းေယာဇာဆီေရာက္ဖို႔သာ စိတ္အားထက္သန္ေနၿပီး သူ​၏ခိုင္မာေသာဆုံးျဖတ္ခ်က္ကို သူ​၏တင္းမာေလးနက္ေနေသာ မ်က္ႏွာထားအားၾကည့္ျခင္းျဖင့္ သိရွိႏိုင္သည္။

မင္းေယာဇာ မယုံၾကည္ႏိုင္မႈႏွင့္ ဟက္ခနဲရယ္လိုက္မိ​သည္။

အမတ္ယုဂန္ဟာ ထိုမွ်မိုက္႐ူးရဲဆန္လိမ့္မည္ဟု မည္သူကမ်ားထင္ခဲ့ပါမည္နည္း။

မည္သို႔ပင္ဆိုေစကာမူ မင္းေယာဇာအေနႏွင့္ ယုဂန္ႏိုင္ကို ဂ႐ုမစိုက္ႏိုင္ေပ။ သူ႔ဆီ နတ္မ်ားအခ်ိန္မီမေရာက္လာခင္ အခ်ိန္ယႏၲရားတြင္းေပါက္ထဲ ဝင္သြားႏိုင္ရန္သာ အာ႐ုံစိုက္ထားသည္။ သို႔ပါ၍ မင္းေယာဇာသည္ ယုဂန္ဘက္အားလ်စ္လ်ဴရႈလ်က္ တြင္းေပါက္ဆီသို႔သာ ဆက္လက္ဦးတည္သည္။

ထိုအခါ ယုဂန္သည္ ျမင္းပ်ံကို အသားကုန္ႏွင္၍ မင္းေယာဇာ​၏ျမင္းပ်ံနားသို႔ မရမကတိုးကပ္သည္။ မ်ားမၾကာမီ ယုဂန္​၏ျမင္းမွာ မင္းေယာဇာ​၏ျမင္းအား လိုက္မီလာ​၏။ သို႔ေသာ္လည္း မင္းေယာဇာ​၏ျမင္းက ခြာေျပးျပန္ေသာေၾကာင့္ မင္းေယာဇာကို လွမ္းဖမ္းဆြဲရန္ မျဖစ္ႏိုင္ေသးေခ်။

ျမင္းပ်ံႏွစ္ေကာင္သည္ ခြာလိုက္ကပ္လိုက္ ျဖစ္ေန​၏။

ထိုအခ်ိန္တြင္ သူတို႔ႏွစ္ဦးစလုံးမွာ တြင္းေပါက္ႏွင့္ နီးသထက္နီးလာၿပီျဖစ္ရာ တြင္းေပါက္​၏ဆြဲငင္အားကို ခံစားလာရၿပီျဖစ္သည္။ အႏွီဆြဲငင္အားေၾကာင့္ပင္ ျမင္းပ်ံ​၏အရွိန္ပိုမိုျမန္ဆန္လာ​သည္။

မင္းေယာဇာသည္ သူ​၏အေနာက္သို႔ ထပ္ၾကပ္မကြာလိုက္လာေသာ ယုဂန္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္​၏။ ဒီအတိုင္းသာဆိုလွ်င္ သူႏွင့္အတူ ယုဂန္ပါ တြင္းေပါက္ထဲလိုက္ဝင္လာမည္ကို စိုးထိတ္သြားသည္။ ထို႔ေၾကာင့္ သူ​၏ျမင္းပ်ံျဖင့္ ယုဂန္​၏ျမင္းပ်ံကို ၾကမ္းတမ္းစြာဝင္တိုက္သည္။

႐ုတ္ခ်ည္းတိုက္ခိုက္မႈေၾကာင့္ ယုဂန္​၏ျမင္းပ်ံ ခပ္ၾကမ္းၾကမ္းလႈပ္ခါသြား​သည္။ ယုဂန္လည္း ကံေကာင္း၍သာ ျမင္းေပၚမွ မျပဳတ္က်သြားျခင္းျဖစ္သည္။ ယုဂန္ ျမင္းပ်ံ​၏ဇက္ႀကိဳးသာမက လည္ဆံေမြးမ်ားကိုပါ က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိ​သည္။

သူတစ္ခုခုလုပ္မွရေတာ့မည္။ ထိုအတိုင္းသာဆိုလွ်င္ မင္းေယာဇာကို တားဆီးၿပီး သူဘက္က အရင္တြင္းေပါက္ထဲဝင္ႏိုင္ရန္ ခက္ခဲေပလိမ့္မည္။

ယုဂန္ တြင္းေပါက္​၏ဆြဲအားကို မွန္းဆၾကည့္သည္။ တြင္းေပါက္နားနီးေလေလ ဆြဲငင္အားပိုႀကီးလာေလေလျဖစ္မည္ကို ခ်င့္ခ်ိန္မိသည္။

အခုခ်ိန္တြင္ မင္းေယာဇာ​၏ျမင္းပ်ံေပၚ သူခုန္တက္ပါက အႏၲရာယ္မ်ားလြန္းလွသည္။ သူတို႔ဟာ အျမင့္ေပေပါင္းမ်ားစြာကို ေရာက္ရွိေနျခင္းျဖစ္သည္မို႔ တစ္ခ်က္ကေလးေျခေခ်ာ္သည္ႏွင့္ ဇာတ္လမ္းၿပီးဆုံးသြားႏိုင္သည္။

ယုဂန္ အခြင့္ေကာင္းကိုေစာင့္​၏။ သူ မင္းေယာဇာ​၏ျမင္းပ်ံနားသို႔ ထပ္ၾကပ္မကြာ ဆက္လိုက္ရင္းသာ တြင္းေပါက္ဆီသို႔ ပိုပိုၿပီးနီးလာသည္။

ယုဂန္ ျမင္းပ်ံကိုကိုင္ထားေသာ သူ​၏လက္မ်ားကို ျဖည္းျဖည္းခ်င္း လႊတ္လိုက္​၏။

အမွန္တိုင္းေျပာရလွ်င္ သူအျမင့္ေၾကာက္သည္။ အျမင့္ေၾကာက္ေရာဂါမဟုတ္ေသာ္ျငား မည္သူမဆို ထိုမွ်ေကာင္းကင္အျမင့္တြင္ စြန႔္စားရပါက ႀကီးမားေသာေၾကာင္လန႔္ျခင္း ျဖစ္ေနမည္မွာ အေသအခ်ာပင္။

ယုဂန္ အသက္ကိုရႈိက္၍ရွဴကာ ေလပူမ်ားမႈတ္ထုတ္မိသည္။

ေကာင္းကင္အျမင့္သို႔ေရာက္ေနၿပီျဖစ္၍ ေလဖိအားက နည္းနည္းလာေနၿပီျဖစ္သည္။

ယုဂန္ ဘုရားတရားတမိသည္။

ထို႔ေနာက္တြင္ သူဟာ ျမင္းပ်ံႏွစ္စီးကို ကပ္ခ်လိုက္ကာ သူ​၏ျမင္းေပၚမွ မင္းေယာဇာ​၏ျမင္းေပၚသို႔ ခုန္ပ်ံတက္ေလသည္။

တြင္းေပါက္​၏ဆြဲငင္အားကို ထည့္တြက္ထားသည္ျဖစ္ရာ ယုဂန္ တစ္ဖက္ျမင္းပ်ံဆီ ခုန္တက္ရန္ မ်ားစြာအားမထုတ္လိုက္ရေခ်။

သူ မင္းေယာဇာျမင္းပ်ံ​၏ အေတာင္ပံကို လွမ္းဆြဲမိ​သည္။

ထိုအျခင္းအရာကိုသိသည္ႏွင့္ မင္းေယာဇာဟာ ျမင္းပ်ံကို ပတ္ခ်ာလည္လႈပ္ခါ၍ ယုဂန္ မျပဳတ္က်၊ ျပဳတ္က်ေအာင္ႀကံ႐ြယ္သည္။ သို႔ရာတြင္ ယုဂန္ဟာ ျမင္းပ်ံ​၏အေတာင္ပံကို က်ိဳးေၾကမတတ္ပင္ ဆုပ္ကိုင္ထား​၏။ မိမိအသက္ႏွင့္ ပတ္သက္လာသည့္အခ်ိန္တြင္ အင္အားမ်ားက ေသြးေၾကာထဲမွပင္ စိမ့္ထြက္လာသည္ဟု ထင္မွတ္ရသည္။ ယုဂန္သည္ သူ​၏တစ္ကိုယ္လုံး နာက်င္မႈ၊ ေၾကာက္လန႔္မႈႏွင့္ တုန္လႈပ္ေနသည့္ၾကားမွပင္ ျမင္းပ်ံကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားဆဲပင္။

ယုဂန္​၏ကံေကာင္းမႈေၾကာင့္ဟု ဆိုရမည္လားမသိ။ မင္းေယာဇာ​၏ လႈပ္ခါေနျခင္းၾကားမွပင္ ျမင္းပ်ံေပၚသို႔ ေရာက္မွန္းမသိေရာက္ကာ တြယ္ဖက္တက္လာႏိုင္သည္။

ယုဂန္ မင္းေယာဇာ​၏အက်ႌစကိုဆြဲမိသည္။ မင္းေယာဇာက ယုဂန္​၏လက္ကို မရမကဖယ္ခ်​၏။

ထိုအခါ ယုဂန္ဟာ မင္းေယာဇာ​၏လက္ေမာင္းကို လွမ္းဆြဲျပန္ၿပီး သူတို႔ႏွစ္ဦးအတူ ျမင္းပ်ံေပၚတြင္ အနီးကပ္ေတြ႕ဆုံၾကသည္။

ထူးဆန္းစြာႏွင့္ မင္းေယာဇာဟာ ပါးခ်ိဳင့္မ်ားေပၚသည္အထိ ေလွာင္ေျပာင္ရယ္ေမာေနသည္။ သူ​၏မ်က္ႏွာေပၚတြင္ ႐ူးႏွမ္းေသာအၾကည့္မ်ားကို ေတြ႕ျမင္ေနရသည္။

" မင္းက ကိုယ့္ေသတြင္း ကိုယ္တူးတာပဲ ယုဂန္ႏိုင္"

မင္းေယာဇာဟာ ေျပာေျပာဆိုဆိုႏွင့္ ယုဂန္​၏နဖူးေပၚသို႔ သူ​၏လက္ညႇိဳးႏွင့္ လက္ခလယ္ တင္​၏။ သူအေနႏွင့္ ေမွာ္နက္အစြမ္းသုံးလိုက္ပါက ယုဂန္ကို အသာေလးသတ္ပစ္လိုက္ႏိုင္ၿပီျဖစ္သည္။

သူအထင္မွားခဲ့သည္။ သို႔မဟုတ္ မေမွ်ာ္လင့္ခဲ့ျခင္းဟုဆိုရမည္။

သူ​၏ေမွာ္နက္အစြမ္းက ယုဂန္ေပၚတြင္ သက္ေရာက္မႈမရွိေနေခ်။

သူ အစြမ္းထုတ္သုံးလိုက္သည့္တိုင္ ယုဂန္အေနႏွင့္နည္းနည္းေလးေတာင္ ခံစားသိရွိလိုက္ပုံမေပၚေပ။

မင္းေယာဇာ အံ့အားသင့္သြားစဥ္တြင္ ယုဂန္က ေမာဟိုက္စြာ ဆိုလာသည္။

" ေမ့ေနၿပီလား။ ငါက ကမာၻဦးမ်က္ရွင္ရဲ႕ပိုင္ရွင္ေလ။ စြမ္းအားႀကီးမ်က္ရွင္ရဲ႕ သခင္ေတြက ေမွာ္နက္အစြမ္းကို ခံႏိုင္ရည္ရွိတယ္"

ယုဂန္​၏စကားဆုံးဆုံးခ်င္းတြင္ မင္းေယာဇာ​၏ရင္ဝတည့္တည့္သို႔ မာေက်ာေသာအရာတစ္ခု ေထာက္ထားၿပီးသားျဖစ္သည္။

မင္းေယာဇာ ငုံ႔ၾကည့္သည္။

ယုဂန္က မင္းေယာဇာ​၏ ရင္ဘတ္တည့္တည့္အား ထူးျခားေသာပုံစံရွိသည့္ လက္နက္တစ္ခုျဖင့္ အနီးကပ္ေထာက္ထားၿပီးျဖစ္သည္။

ယုဂန္ အက္ရွစြာဆို​သည္။

" ထပ္မေတြ႕ၾကရေအာင္"

ေသနတ္ခလုတ္ကို ဆြဲလိုက္​​၏။

က်ည္ဆန္ဟာ ေျပာင္းဝႏွင့္ကပ္ေနေသာ ရင္ဘတ္တည့္တည့္ဆီသို႔ အားအျပည့္ႏွင့္ဝင္ေရာက္သြားသည္။

ဒိုင္း!

ေသနတ္​၏က်ယ္ေလာင္ေသာအသံႏွင့္အတူ အရာအားလုံး ၿပီးဆုံးသြားေလၿပီ။

မင္းေယာဇာ​၏အသက္မရွိေတာ့ေသာ ခႏၶာကိုယ္သည္ ျမင္းပ်ံေပၚမွ ဒလိမ့္ေခါက္ေခြးျပဳတ္က်သြား​၏။

ယုဂန္ ေမာဟိုက္စြာသက္ျပင္းခ်လိုက္မိသည္။

ယုဂန္​၏ျမင္းပ်ံေရွ႕တည့္တည့္တြင္ အနက္ေရာင္တြင္းေပါက္ကိုသာ ျမင္ေနရေတာ့သည္။

ယုဂန္ေျမျပင္ဆီ ငုံ႔ၾကည့္သည္။

သူေရာက္ေနေသာ ေနရာကေန ေမာင့္ကိုေတာင္ လွမ္းမျမင္ႏိုင္ေတာ့ပါေခ်။

" ကြၽန္ေတာ္တို႔ ျပန္ေတြ႕ၾကမယ္မဟုတ္လား"

ယုဂန္ တိုးညင္းစြာေရ႐ြတ္သည္။

ဘာေၾကာင့္ရယ္မသိ။ ထိုစကားတစ္ခြန္းကပင္ သူ​၏အသည္းႏွလုံးကို စူးေအာင့္နာက်င္ေစသည္။

သို႔ရာတြင္ သူယုံသည္။ ကံပါေသာ လူႏွစ္ဦးသည္ မည္မွ်ပင္ အခ်ိန္မ်ားမတူညီပါေစ၊  စၾကဝဠာမ်ားျခားပါေစ ျပန္လည္ေတြ႕ဆုံမည္ဟု သူယုံၾကည္ထားသည္။

ျမင္းပ်ံကို အေနာက္ျပန္လွည့္ရန္ မျဖစ္ႏိုင္ေတာ့ပါေခ်။

တြင္းေပါက္​၏ဆြဲငင္အားက အလြန္တရာျပင္းထန္လာ​၏။

ျမင္းပ်ံဟာ အေတာင္ပံခတ္စရာမလိုဘဲ တြင္းေပါက္ထဲသို႔ ဝင္ေရာက္သြားသည္။

ထို႔အတူ ယုဂန္ဟာလည္း တြင္းေပါက္​၏အေမွာင္ထဲသို႔...

အေမွာင္ထဲသို႔....ဝင္ကာ....

ျဖည္းျဖည္းခ်င္း ကြယ္ေပ်ာက္သြားသည္။

***********************************

A/N

chapter မၿပီးေသးေပမဲ့ တမင္တကာ ပ နဲ႔ ဒု ခြဲလိုက္တာ။
😆😆ကလိကလိျဖစ္ေအာင္လို႔။

ဒီauthor အက်င့္မေကာင္းဘူးေနာ္ xD

7.2.2024
( Wednesday)
.
.
.

Continue Reading

You'll Also Like

56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
10.8K 433 13
Created From Lycrius of this songs " Walking on memories " & " Beating Heart " And This Fiction is based on " A Little Mermaid "
3M 233K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
28K 4.6K 51
ဘာသာပြန်သူ - စွဲညို့အသင်း