The Everlasting One (volume 2...

By _pannthoon_

772K 75.9K 17.5K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 152

4.1K 515 68
By _pannthoon_

Warning : သွေးထွက်သံယိုတွေ ပါပါမယ်။

Unicode

ပြင်းထန်လွန်းသော သတ်ဖြတ်ပွဲ

____________________

စုန်းမကိဏီ​၏အသံကြောင့် နရတ်အနောက်သို့ ဆတ်ခနဲလှည့်ကြည့်သည်။ တစ်ပြိုင်နက်တည်းပင် သူ​၏လက်ဖဝါးမှ စွမ်းအားများက စုန်းမကိဏီကို တိုက်ခိုက်သည်။ ကိဏီသည် ပေါ့ပါးသွက်လက်စွာရှောင်ရှားနိုင်လိုက်​၏။ သူမက ဘာမှမဖြစ်သည့်နှယ် ပြုံးယောင်ယောင်တောင်သမ်းပြလိုက်သေးသည်။

" မင်းတို့ရဲ့ အချိန်ကူးသန်းပေါက်က ဘယ်တော့မှမဖြစ်လာစေရဘူး"

နရတ် အံကြိတ်၍ဆိုသည်။ ထိုအခါ ကိဏီိက ကျယ်လောင်စွာ အော်ရယ်သည်။ သူမ​၏ရယ်သံတွင် လှောင်ပြောင်သရော်ဟန်နှင့် မကောင်းဆိုးဝါးတစ်ကောင်ဟန် အပြည့်ပါဝင်နေသည်။

" ဘာလို့ သူရဲကောင်းယောင် ဆောင်တဲ့စကားတွေ ပြောနေတာတုံး။ ကျွန်ုပ်တို့ရဲ့အခုလုပ်ရပ်တွေ အကုန်လုံးက အတိတ်ဘဝမှာ သင် လုပ်ခဲ့တာတွေချည်းပဲလေ။ အခုကျမှလာပြီး တားဆီးမယ်လေး ဘာလေးနဲ့။ သင်ကမှ တကယ် ကြောင်သူတော် ကြွက်သူခိုးပဲ"

နရတ်​၏မျက်လုံးတို့ နက်မှောင်သွားသည်။ ကိဏီ သူ​၏အတိတ်ဘဝအကြောင်း သိရှိနေခြင်းမှာ သူ့အတွက် မည်သည့်ကောင်းကျိုးမှမရှိနေချေ။

" ငါ ပြန်ဝင်စားခဲ့တာကို မင်းသိတယ်?"

ကိဏီက နှုတ်ခမ်းထောင့်စွန်းတစ်ဖက်တည်း ကွေးရုံမျှ   ညုတုတုဆန်စွာပြုံးကာ တစ်ဖက်လူကို ဒေါသမထွက်ထွက်အောင် လှုံ့ဆော်နိုင်သော မထိတထိ၊ မထီမဲ့မြင် အမူအရာဖြင့် သရော်ဟန်ဆိုလာသည်။

" မင်းယောဇာက အဲ့ကိစ္စကို မရိပ်မိလောက်ဘူးလို့ သင်ထင်နေတာလား။ ကျွန်ုပ်တို့အစကတည်းက သင်ပြန်ဝင်စားတဲ့ကိစ္စတွေအားလုံးကို ခန့်မှန်းမိထားပါ့။ မင်းယောဇာက အတိတ်တုန်းက သင်ဘာတွေလုပ်ခဲ့လဲဆိုတာကအစ ပြောပြထားတယ်။ သင်နဲ့အရုဏနဲ့ပေါင်းပြီး တွင်းပေါက်ဖွင့်ဖို့ကြိုးစားကြတယ်ဆို....တွင်းပေါက်ဖွင့်တဲ့နေရာက ကျွန်ုပ်တို့နဲ့ မတူပေမဲ့ တွင်းပေါက်ဖွင့်ဖို့လိုအပ်တဲ့ လူပေါင်း ၇သန်း ၇ သိန်း ၇ သောင်း၇ ထောင်ကိုတော့ သတ်ခဲ့ကြတယ်မဟုတ်လား...

သင်တို့ သတ်တော့အကောင်း။ ကျွန်ုပ်တို့သတ်မှ ကျွန်ုပ်တို့ကို လူဆိုးတွေလို လာပြီးစွပ်စွဲနေတာပဲ။ ကျွန်ုပ်က မကောင်းတဲ့သူဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ သင်ကတော့ ဝန်လည်းမခံဘဲ ကြောင်သူတော်လုပ်နေတာပဲ။ ဒါနဲ့...ပြောစမ်းပါဦး။ သင်ဒီလိုတွေလိုက်လုပ်နေရတဲ့အကြောင်းရင်းက နံ့ရှားကြာ သုနန္ဒာများလား"

သုနန္ဒာ နာမည်ပါလာသည်မို့ နရတ်ပိုမို လေးနက်ခက်ထန်သွားသည်။ ဒီဘဝမှာတော့ သူဟာ ကိုကို့ကို ဒီကိစ္စများနှင့် ပါဝင်ပတ်သတ်ခွင့် ပေးတော့မည်မဟုတ်ချေ။ ကိုကို့ကို ဒီကိစ္စများနှင့် အဝေးဆုံးနေရာတွင်သာထားမည်။

တစ်ဖက်တွင် ကိဏီသည် နရတ်​၏တင်းမာသွားသောအမူအရာကို မြင်ပြီး ပိုမိုအားရကျေနပ်သွားရလေကာ ဆက်လက်၍ ဆိုလာသည်။

"အတိတ်တုန်းက သင်က သူ့ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးကိုသတ်ပြီး၊ သတ်မယ်ခြိမ်းခြောက်ပြီး သူ့ကိုအတင်းအကျပ်လက်ထပ်ခဲ့တယ်ဆိုတာ သူသိလား။ သူ ထွက်မပြေးနိုင်အောင် သူ့ရဲ့စွမ်းအင်တွေအကုန် လျော့နည်းပျက်စီးအောင်လုပ်ပြီး သူမွေးဖွားခဲ့တဲ့ကြာပန်းကအစ ဖျက်ဆီးခဲ့တာကို.."

နရတ် လက်သီးကိုတင်းကျပ်စွာ ဆုပ်လိုက်မိသည်။ မာကျောသော အော်ငေါက်သံက သူ​၏ရင်ခေါင်းတွင်းမှ တိုးထွက်လာသည်။

" မင်း သူ့ကိုထိဖို့ မစဉ်းစားနဲ့"

" သူသာ အရာအားလုံးကိုသိသွားခဲ့ရင် သင့်ကိုဘယ်လိုများ မြင်ဦးမလဲ သိချင်မိပါရဲ့။ အတိတ်တုန်းက သူသင့်ကို သတ်လိုက်တာဆို။ အခု အကုန်သိသွားရင်လည်း ထပ်သတ်ဦးမလား....အင်း...သိချင်မိပါရဲ့...."

နရတ် ရှေ့ဆက်သည်းမခံနိုင်တော့ချေ။

သူ ကိဏီရှေ့သို့ ဖျတ်ခနဲရောက်လာကာ ကိဏီကို လက်ဖြင့် စတင်တိုက်ခိုက်သည်။ ကိဏီဟာ ဆိုးဆိုးဝါးဝါးမထိခိုက်ရင် ခုခံလိုက်နိုင်သော်လည်း သူမ​၏ပါးပေါ်တွင် ကြီးမားသော  လက်သည်းကြီးရာများ ပုံနှိပ်ပြီးဖြစ်သွားလေပြီ။  သူမ​၏ပါးဟာ စုတ်ပြဲသွားပြီး သွေးများ ဒလဟောစီးကျလာသည်။

သူမ မေးစေ့စီးကျလာသော သွေးများကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ သူမ​၏မျက်ဝန်းများ မီးဝင်းဝင်းတောက်လာသည်။

"ကြောင်သူတော်...."

ကိဏီဟာ နရတ် မကြားကြားအောင် ရေရွတ်ပြီးနောက်  နရတ်အား တန်ပြန်တိုက်ခိုက်လာသည်။

သူတို့နှစ်ဦးသည် အဆင့်တူညီသော ထိပ်တန်းမှော်နက်ပညာရှင်များ၊ စုန်းများ ဖြစ်ကြ​၏။ ထို့ကြောင့် အချိန်ခဏလေးအတွင်း နှစ်ဦး​၏တိုက်ပွဲမှာ မှော်နက်စွမ်းအားတို့ဖြင့် အလွန်အမင်းပြင်းထန်လာသည်။

ကိဏီဟာ သူမခေါ်ဆောင်ထားခြင်းဖြစ်သော မကောင်းဆိုးဝါးအချို့ကို သူမဘက်သို့ခေါ်ကာ နရတ်အား တိုက်ခိုက်စေသည်။ နရတ်သည်လည်း စိတ်ညှို့ပညာ၊ စိတ်ထိန်းချုပ်ခြင်းပညာတွင် ခေသူမဟုတ်ချေ။ ထို့ကြောင့် သူက တစ်ပြန် ကိဏီ​၏တခြားမကောင်းဆိုးဝါးများကို စိတ်ထိန်းချုပ်ကာ မကောင်းဆိုးဝါးချင်းတိုက်ခိုက်စေသည်။

သူတို့​၏ ကြမ်းတမ်းလွန်းသောတိုက်ခိုက်ချက်များကြောင့် ဘေးရှိ အဆောက်အအုံများ၊ ဈေးဆိုင်များပင် ထိခိုက်ကာ ပြိုကျပျက်စီးကြသည်။

သူတို့​၏ဘေးဘီတွင်မူ မကောင်းဆိုးဝါးများက သတ်ဖြတ်ပြီးသားလူအလောင်းများအား တရွေ့ရွေ့သယ်ကာ မြင့်မားလှသော လူအလောင်းပုံကြီးကို ထပ်ဆင့်နေကြသည်။

နရတ်သည် သံဆူးများပါသော ကြိုးတစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ မှော်နက်အစွမ်းများစီးဝင်စေလျက် ကိဏီရှိရာဆီ ရိုက်ချလိုက်သည်။ အဆိုပါကြိုးက မြေပြင်ကို အားပြင်းစွာရိုက်ခတ်သွားလေရာ မှော်အစွမ်းကြောင့် မြေကြီိးများဖြင့် အက်ကွဲကုန်လေသည်။

ကိဏီရှောင်​၏။ သို့ရာတွင်ကြိုးက သူမ​၏ညာဘက်လက်ကို ထိမှန်သွားရာ သွေးညစ်ညစ်တို့ စီးကျလာသည်။

နရတ် သူမရှေ့သို့ ခက်ထန်သောခြေလှမ်းများနှင့် လှမ်းလာသည်။

" မင်းယောဇာဘယ်မှာလဲ"

ထို့တိုင် ကိဏီဟာ မထီမဲ့မြင်ဟန်နှင့် ပြုံးနေဆဲဖြစ်ကာ သူမက နရတ်ကို မျက်လုံးလန်ပြီး စိုက်ကြည့်လာသည်။

" မပြောတတ်ပါဘူး။ ဟိုမှာလား...ဒီမှာလား....."

စကားဆုံးဆုံးချင်းတွင် ကိဏီသည် သူမ​၏ညာဘက်များသွေးများကို ကျန်လက်ဖြင့် ယူကာ နရတ်ရှိရာတည့်တည့်ဆီ ပစ်ထည့်လိုက်သည်။

စုန်းတစ်ယောက်​၏သွေးက ထိမိသူအား ကျိန်စာမိအောင်လည်း ပြုလုပ်နိုင်စွမ်းရှိသည်။ ထိုအကြောင်းသိသဖြင့် နရတ်က ထိုသွေးတို့ကိုရှောင်ရှားရင်း ကိဏီ​၏ရှေ့တည့်တည့်သို့ရောက်ကာ သူ​၏လက်တွင် အနက်ရောင်ငွေ့ဖြင့်ပြုလုပ်သော ဓားပေါ်လာလျက် ကိဏီကို ခုတ်ချလေသည်။

ကီဏီ ပစ်လွှတ်လိုက်သော သွေးတို့မှာမူ မြေပြင်ပေါ်ကျပြီး ထိုမြေကြီးနားတစ်ဝိုက် မဲညစ်သွားလေသည်။

ကိဏီသည် အစွမ်းတံတိုင်းကို အချိန်မီကာလိုက်နိုင်သဖြင့် နရတ်​၏ဓားက သူမကို မခုတ်မိချေ။ သို့တိုင် နရတ်က အဆိုပါဓားဖြင့် ကိဏီ​၏ ဒိုင်းကို ခွဲချရန် အားစိုက်နေသည်။ နရတ်ကအားကြီးလွန်းသည်။  ကိဏီ​၏လက်ကျန်အင်အားက အလွန်တရာဆုတ်ယုတ်နေလေပြီ။

မည်သို့ပင်ဆိုစေကာမူ ကိဏီဟာ လည်လည်ဝယ်ဝယ်ရှိသည်။ သူမက ပိုသေးသော သိမ်းငှက်အသွင်သို့
ရုတ်ချည်းပြောင်းလဲလိုက်ရာ ဒိုင်းကိုခွဲရန် ဓား၌ အားစိုက်ထားသောနရတ်မှာ ရှေ့သို့ပင် ယိမ်းယိုင်သွားလေသည်။

ကိဏီက ထိုအခြေအနေကိုအခွင့်ကောင်းယူပြီး ဓားနှင့် စက်ကွင်းမလွတ်သောနေရာမှ အမြန်ထွက်ကာ ကောင်းကင်ပေါ်ပျံတက်သွားသည်။ သူမက အော်ပြောသည်။

" သင်အခုချိန်မှ တားဆီးနေလည်းအပိုပဲ။ လူ့ဝိဉာဉ်ပေါင်း ၇ သန်း ၇ သိန်းကျော်ကို ကျွန်ုပ်တို့ကရရှိပြီးနေပြီ။ လူပြည့်ဖို့ နည်းနည်းလေးပဲ လိုတော့တာပါ"

ကောင်းကင်ပေါ်ရောက်ရောက်ချင်း ကိဏီ
သည်  လူအသွင်ပြန်ပြောင်း​၏။ သူမက အနီးဆုံးမြေပြင်ရှိ လှံတစ်ခုကို အစွမ်းဖြင့်ဆွဲယူလိုက်ကာ နရတ်ရှိရာတည့်တည့်ဆီ အဟုန်ဖြင့် ပစ်သည်။

လှံသည် နရတ်​၏မျက်နှာတည့်တည့်သို့ပြေးဝင်လာ​၏။
နရတ် လှံ​၏လမ်းကြောင်းအား မပြောင်းလဲရသေးခင်တွင် တခြားသော လှံတစ်ချောင်းက ကိဏီ​၏လှံကို ဘေးမှ ထိမှန်ကာ လှံနှစ်ချောင်းလုံး လမ်းကြောင်းပြောင်းသွားသည်။

ဒုတိယလှံ လာရာလမ်းကြောင်းကို နရတ်ရော ကိဏီပါ ပြိုင်တူလှည့်ကြည့်မိကြသည်။

ထိုတွင်မူ ဩဇာကြီးမားသည့်အသွင်ရှိသော အမျိုးသမီးတစ်ဦးသည် မြင်းပျံစီးလျက် ရှေ့ဦးမှ ဦးဆောင်နေ​၏။ သူမ​၏အနောက်တွင် စစ်တပ်ဗိုလ်ပါများ အပြည့်အဝလိုက်ရပ်တည်နေသည်။

ထိုအမျိုးသမီးကို နရတ်သိသည်။ သူမက ပန်သျှား​၏ဘုရင်မ နာရဏီိပင်ဖြစ်သည်။

( A/N နာရဏီက အရုဏနဲ့ပါ ပြိုင်ပြီး တိုက်ခိုက်ဖူးပါတယ်။  သူ့ရဲ့နှမတော်ကို အရုဏနဲ့လက်ဆက်ပေးဖို့ ကမ်းလှမ်းခဲ့တာပါ။ သူကတော့ အပျိုကြီးပါ။)

ဘုရင်မနာရဏီသည် တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ဩဇာကြီးမားမှုကို ခံစားသိရှိနိုင်​၏။ သူမက စစ်ဝတ်တန်ဆာ အပြည့်အဝဝတ်ဆင်ထားကာ ရာဇသွေးမာန်ကြွယ်သော မျက်လုံးထဲတွင် နာကြည်းချက်နှင့် ဒေါသတရားကို ပြက်ပြက်ထင်ထင်တွေ့မြင်နေရသည်။

" ကျန်တဲ့လူနည်းနည်းလေးကိုတောင် မင်းတို့မရစေရဘူး"

သူမ​၏အသံဟာနက်ရှိုင်း၍ လေးနက်မှုများပြည့်နှက်နေ​၏။

နာရဏီ​၏အကြည့်များက လူအလောင်းပုံဆီရောက်သွားချိန်တွင် သူမဟာ ပို၍တောင် စက်ဆုပ်ခြင်း၊ ဒေါသဖြစ်ခြင်းစသော ပြင်းထန်သည့် ခံစားချက်များဖြစ်ပေါ်လာကာ စိတ်အစုံတို့ ကြမ်းတမ်းလာမိသည်။

သူမ စစ်တပ်အား လက်ဖြင့်အချက်ပြလိုက်သည်။

"ငါ့ပြည်သူတွေရဲ့ အသက်တစ်ချောင်းတည်းဆိုရင်တောင် မင်းတို့ကိုထိပါးဖို့ ခွင့်မပြုနိုင်ဘူး"

သူမ​၏ ခြင်္သေ့ကဲ့သို့ ဟစ်ကြွေးသံ​၏အဆုံးတွင် စစ်သည်များဟာ အသီးသီးရှေ့သို့ ပြေးထွက်လာကြပြီး  လူအလောင်းများအား ဆွဲယူနေကြသော မကောင်းဆိုးဝါးတို့ကို တခဲနက်တိုက်ခိုက်ကြသည်။

ကိဏီဟာ ခံစားချက်မပါသော မျက်နှာသေဖြင့် ဘုရင်မဆီ လှမ်းကြည့်သည်။

ဘုရင်မက သူမကိုဦးတည်တိုက်ခိုက်ရန် အစီစဉ်ချထားပုံရှိသည်။

ရယ်ချင်စရာပေ။ သာမန်လူက သူမကိုတိုက်ခိုက်နိုင်မည်ဟု ယုံကြည်နေခြင်းမှာ ရယ်ချင်စရာကောင်းလှသည်။

သို့သော်လည်း ဘုရင်မသည် စစ်တပ်ကိုချက်ချင်းပြင်ဆင်ပြီး လာရောက်နိုင်ခြင်းက အထင်ကြီးဖွယ်ရာတော့ရှိသည်။ တကယ်တမ်းပြောရလျှင် မကောင်းဆိုးဝါးများ​၏ရုတ်ချည်းတိုက်ခိုက်ခြင်းက အချိန်ခဏလေးသာရှိသေးသည်။

မကောင်းဆိုးဝါး အရေအတွက် သောင်းချီသောကြောင့်သာ ခဏလေးအတွင်း အလောင်းများစုပုံလာခြင်းဖြစ်သည်။ မြို့တွင်း ပြဿနာတက်နေသည်ကို နန်းတော်တွင်းသတင်းရောက်ရန် အချိန်ယူရဦးမည်ဖြစ်သည်။ ထိိုသို့ ဆက်စပ်တွေးလျှင် ဘုရင်မနာရဏီသည် မျက်တစ်ခတ်လေးအတွင်း စစ်တပ်ကို ပြင်ဆင်ပြီး ဗျူဟာချပြီး ရောက်ရှိလာသည်ပင်။

အထင်သေးလို့တော့ မရနိုင်သည့် အမျိုးသမီးဟုဆိုရမည်။

*********************************

ပန်သျှားမင်းနေပြည်တော်အား အော်ဟစ်ငိုယိုသံများနှင့် ပြည့်နှက်ကာ သွေးသံချောင်းစီးစေသော မကောင်းဆိုးဝါးတို့​၏သတ်ဖြတ်ခြင်းမစတင်ခင် ယုဂန်သည် အရုဏတို့နှင့်အတူသွားရာမှ တစ်ဦးတည်းခွဲခွာကာ ပန်သျှားနန်းတော်ဆီ ဦးတည်သွားခဲ့သည်။

နန်းတော်မြို့ရိုးရှေ့ရောက်၍ " အမတ်ယုဂန်" ဖြစ်ကြောင်း ဘုရင်မဆီ လျှောက်တင်ခိုင်းလိုက်သောအခါ ယုဂန်ဟာ ချက်ချင်းပင် ဝင်ခွင့်ရရှိလေသည်။

စင်စစ် ဘုရင်မနာရဏီသည် မင်းသားအရုဏပို့ဆောင်ထားသော စာကို မကြာခင်ကမှ ရရှိထားသည်။ ထို့ကြောင့် သူမဟာ အမတ်ယုဂန်ရောက်လာမည်ကို ကြိုတင်သိရှိနေပြီး စာရရချင်း မြို့တွင်းကာကွယ်နိုင်ရန် စစ်တပ်ကိုလည်း အလျင်အမြန် စီစဉ်နေဆဲအချိန်ဖြစ်သည်။

ပန်သျှားနိုင်ငံသည် စက်မှုလက်မှုထွန်းကားသော်လည်း စစ်အင်အားတွင်မူ ဥတ္တရလောက် အင်အားမကြီးပါချေ။ ပန်သျှားဘုရင်မက စီးပွားရေးဘက်ကိုသာ ပိုမိုအာရုံစိုက်ပြီး စစ်ရေးမက်ရာတွင်မူ အသုံးပြုသောငွေကြေး၊ လူအင်အား၊ လက်နက်အင်အား လျှော့နိုင်သမျှထိ လျှော့ချထားသူဖြစ်သည်။

ဤသည်က ပန်သျှားတွင် သိမ်းပိုက်လိုသော တစ်ဖက်ရန်သူမရှိဘဲ ပန်သျှားဘုရင်မ​၏ ငြိမ်းချမ်းရေးအား ပိုမိုလိုလားသော အသွင်ကို ဖော်ဆောင်နေသည့်တိုင် မင်းယောဇာကဲ့သို့ ကမူးရှူးထိုးအရူးနှင့် ကြုံသောအခါတွင် ပြဿနာတက်ရသည်။

မင်းယောဇာက နိုင်ငံအတွက်၊ စီးပွားရေးအတွက်၊ နယ်မြေချဲ့ထွင်လိုခြင်းအတွက်၊ အာဏာအတွက် တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ လူများများသတ်နိုင်ရန်၊ တွင်းပေါက်ဖွင့်ရန်ကိုသာ ဦးတည်ထားသည်။

ဤသည်က သင်ဟာ သိုင်းကွက်ပေါင်းစုံတတ်မြောက်သော်လည်း သင့်ကို "မရမက သတ်ရလျှင် ကျေနပ်ပြီ" ဟူသော အရူးနှင့် ထိပ်တိုက်တွေ့ဆုံရသလိုပါပင်။ ထိုအရူးက သင့်​၏သိုင်းကွက်များ၊ စည်းကမ်းများကို ဂရုစိုက်နေမည်မဟုတ်ဘဲ သင့်ကိုသာ ဓားဖြင့်ခုတ်ရန် အစဉ်တစိုက်ကြိုးစားနေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ပန်သျှားဘုရင်မ​၏ စီးပွားရေး၊ နိုင်ငံရေးအကွက်များ၊ ဗျူဟာများက မင်းယောဇာအပေါ် ထိရောက်မှုရှိမည်မဟုတ်ချေ။ မင်းယောဇာသည်ကား အချင်းချင်းယှဉ်တိုက်ပြီး တစ်ဦးဦးအရင်ငရဲရောက်မှသာ ပြီးမည့်ကိစ္စမျိုးဖြစ်သည်။

ဤသို့နှင့် ယုဂန်သည် ပန်သျှားဘုရင်မနှင့်အတူ တိုင်ပင်​၏။ သူတို့နှစ်ဦး နန်းဆောင်တစ်ခုမှ တခြားတစ်ဆောင်ဆီ သွားရုံရှိသေးသည်။ မြို့တွင်း၌ မကောင်းဆိုးဝါးများပေါ်လာ၍ ပြည်သူအများကို သတ်ဖြတ်နေကြောင်း သတင်းရောက်ရှိလာသည်။

ဘုရင်မလည်း ချက်ချင်းပင် ချပ်ဝတ်လဲပြီး စစ်ပြင်ဆင်ရန် ထွက်သွားသည်။

ကျန်ရစ်ခဲ့သော ယုဂန်သည် မူလအစီအစဉ်အရ နန်းတော်မှာ နေခဲ့ရမည်ဖြစ်​၏။ အဘယ်ကြောင့်ဆိုသော် ယုဂန်​၏ကမ္ဘာဦးမျက်ရှင်အစွမ်းကို မင်းယောဇာတို့က လိုလားနေသည်ဖြစ်ရာ ယုဂန်ကို ဖမ်းဆီးရန် ကြိုးစားမည်စိုးသောကြောင့်ဖြစ်သည်။

ယုဂန်ကိုသာ ယောဇာရရှိသွားပါက ယုဂန်​၏သွေးကိုအသုံးပြုပြီး တွင်းပေါက်ဖွင့်သွားနိုင်ချေရှိသည်။

ထိုအခြင်းအရာကို အရုဏက ဘုရင်မဆီပေးသည့်သဝဏ်လွှာ၌ အပြည့်အစုံထည့်ရေးထားသည်။ ထိုအချက်ကို ဘုရင်မကလည်းသဘောတူပြီး ယုဂန်ကို လုံခြုံရေးအပြည့်နှင့်သိမ်းဝှက်ထားရန် စီစဉ်ပြီးဖြစ်သည်။

စစ်ပြင်ဆင်ရန် ဘုရင်မထွက်သွားပြီးနောက် ယုဂန်သည် စိတ်ထဲမကောင်းလှသဖြင့် လေတရှိုက်ရှူရန် နန်းဆောင်အပြင်ဘက်သို့ ဆင်းသည်။

ထိုတွင် ကောင်းကင်ပေါ်မှ နဂါးတစ်ကောင်ဟာ နန်းတော်ထဲ တဟုန်ထိုးပျံဆင်းလာပြီး ယုဂန်ရှေ့တည့်တည့်  မြေကွက်လပ်မှာတင် ရပ်နားလေသည်။ နဂါးပေါ်တွင် အမျိုးသားနှစ်ဦးပါလာ​၏။ ထိုသူတို့က ပီယံ၊ အဏ္ဏနှင့် ဧကတို့မှလွဲပြီး တခြားသူမဖြစ်နိုင်ပါချေ။

" အစ်ကိုယုဂန်"

မြေပြင်ပေါ် ခြေချချချင်း ပီယံက ရေးကြီးသုတ်ပျာခေါ်ကာ နဂါးပေါ်မှ ခုန်ဆင်းလာသည်။

ဧကဟာလည်း ပီယံနှင့်အတူ အနောက်က လိုက်ဆင်းပြီး အဏ္ဏက လူအသွင်ပြန်ပြောင်းလိုက်​သည်။

နန်းဆောင်ဘေးရှိ ရဲမက်များက သူစိမ်းဝင်လာသဖြင့် လှုပ်လှုပ်ယွယွဖြစ်သွားကြသော်လည်း ယုဂန်မှ လက်ကာပြသဖြင့် ရဲမက်တို့ ပြန်ငြိမ်သွားကြသည်။

" ပီယံ...အချိန်မီပဲ။ ကိစ္စတွေအကုန်အဆင်ပြေခဲ့ရဲ့လား။ ရေဝတီရော..."

ရေဝတီ့ကိုမတွေ့သဖြင့် ယုဂန်မေးလိုက်မိသည်။ ထိုအခါ ပီယံသည် အလွန်အမင်းမျက်နှာပျက်ယွင်းသွားကာ ဖြူရော်နေသော နှုတ်ခမ်းတို့ပင် တုန်ခါသွားလေသည်။

တစ်ခုခုမှားယွင်းနေမှန်း ယုဂန်သိရှိလိုက်သည်။ ပီယံဟယာ မကြုံဖူးလောက်အောင် မျက်နှာအရောင်ကင်းမဲ့နေပြီး သူ​၏နှုတ်ခမ်းတို့ဟာလည်း အလွန်အမင်းခြောက်သွေ့၍ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။

ပီယံက အက်ကွဲတိုးလျသောအသံဖြင့်

" သူ...."

ဟုရေရွတ်သည်။ သို့သော်လည်း ဆက်မပြောနိုင်ဟန်ဖြင့် အသံတို့ တိုးဝင်သွားပြန်သည်။ ထို့ကြောင့် ခဏတာရပ်တန့်ပြီးမှ လက်သီးတို့ကိုတင်းတင်းဆုပ်ရင်း ဆိုလာသည်။

" မျက်တစ်လုံးရှင်လက်ချက်နဲ့ သူ ဆုံးသွားပါပြီ။ မျက်တစ်လုံးရှင်ကိုတော့ အရှင့်သားအဏ္ဏက သတ်ပစ်လိုက်နိုင်ပါတယ်"

သတင်းကြားကြားချင်းပင် ယုဂန်သည် သူ​၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်မိ​၏။ ခဏတာလေးသာ ခင်မင်ခဲ့ရသော ဆက်ဆံရေးဖြစ်သည့်တိုင် ရေဝတီ့​၏သေဆုံးခြင်းက သူ​၏ဘဝအစိတ်အပိုင်းတစ်ခု ပဲ့ထွက်သွားသည့် ခံစားချက်ပါပင်။ 

သူ့ရင်ထဲတွင် အလွန်အမင်း ဟာ,ထွက်သွားသည်။

" ဘုရားရေ...ရေဝတီရယ်...."

သူ ရင်နာလွန်းစွာ ရေရွတ်လိုက်မိသည်။ တစ်ဆက်တည်းပင် ပီယံသည် သူ့ထက် အဆပေါင်းသိန်းသန်းချီစွာ ခံစားနေရမည်ကို ကိုယ်ချင်းစာမိသည်။

သူ ပီယံ့ကို ဝမ်းနည်းစွာ ငေးကြည့်မိချိန်တွင် ပီယံဟာ နာကျင်မှုကို အတင်းအကျပ်ဖုံးကွယ်ထားပြီး ထိုအစား

" အခုလောလောဆယ် အရေးကြီးစကားပြောစရာရှိတယ်"

ဟု တာဝန်ရှေ့တန်းတင်သည့် စကားသာဆိုလာသည်။
ပီယံက သူယူလာသော အိတ်ထဲမှ ပေရွက်တစ်ရွက်ကို ထုတ်ကာ ယုဂန်ဆီ ကမ်းပေးသည်။

" ဒါ မျက်တစ်လုံးရှင်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကိုရှာဖွေတုန်း တွေ့လာတဲ့စာပါ။ မာရစ်မျိုးနွယ်ရေးသားထားတဲ့ အချိန်ကူးသန်းပေါက်ဖွင့်နည်းတွေကြား ပါဝင်တဲ့ပေရွက်ပဲ။ အစ်ကို ဖတ်ကြည့်မှဖြစ်မယ်"

ယုဂန် ပေရွက်ကိုယူပြီး အသံထွက်ဖတ်ကြည့်သည်။ ပေရွက်ဟာ အလွန်တရာဟောင်းနွမ်းနေပြီး စာလုံးများတောင် သိပ်မပေါ်ချင်တော့ပေ။

"ယုဂန်နိုင်  ကူးသန်းပေါက်ဖွင့်မယ့်နေရာကို သွားပါ။ သွားမှဖြစ်မယ်။ မင်းသွားမှ သက်ရှိအားလုံးကိုကယ်တင်နိုင်မယ်။ မင်းလွင်က ဘာကိုပြောလဲဆိုတာ မင်းအသိဆုံးမဟုတ်လား။ မင်းလွင်က အရာအားလုံးကိုပြင်ဆင်နိုင်လိမ့်မယ်။ ဒီစာကို သေချာပေါက်ယုံကြည်ပြီး သွားမှဖြစ်မယ်"

ယုဂန် အံ့ဩသလို တစ်ချိန်တည်းမှာတင် မျက်မှောင်ကြုတ်မိသည်။ ဒီစာက လုံးဝ သူ့ကို လက်ညှိုးထိုး ပြောဆိုနေခြင်းပင်။

" ဒါ ဘယ်သူရေးထားတာလဲ"

" မာရစ်မျိုးနွယ်ပဲ။ လွန်ခဲ့တဲ့ အနှစ်၇၀၀ တုန်းကရေးခဲ့တာ"

ယုဂန် အလွန်တရာမအံ့ဩဘဲ မနေနိုင်တော့ချေ။

" ဒီမှာ ငါ့နာမည်အတိအကျကြီးပါနေတယ်"

" အဲ့တာကြောင့်ပဲ အစ်ကို့ဆီယူလာတာ"

ယုဂန် စိတ်ရှုပ်ထွေးသွားသည်။ လွန်ခဲ့သောအနှစ်၇၀၀ကျော် က စာတွင် သူ​၏နာမည်အပြင် ဒီနေ့အတွက် သူ့ကိုစစ်မြေပြင်ဆီသွားဖို့ တိုက်တွန်းသည့်စာများလည်း ပါဝင်နေသည်။ ဤသည်က ဘယ်လိုတွေးတွေး၊ ထူးခြားဆန်းကြယ်မှုကြီးဖြစ်သည်။

" မင်းလွင်ကဘာလဲ။ မင်းလွင်ကို အစ်ကိုသိတယ်လို့ ဒီစာထဲမှာ ရေးထားတယ်"

ပီယံဟာ ယုဂန်ကို စူးစိုက်ကြည့်ရင်းမေး​၏။ ယုဂန် လိမ်ညာလိုက်၍ ရသော်လည်း ဒီအချိန်တွင် ပီယံ့အား လိမ်ညာလိုစိတ် မရှိနေချေ။  ထို့ကြောင့် သူဟာ အရှင်းဆုံးဖြစ်မည့် အဖြေကိုသာပေးလိုက်သည်။

" မင်းလွင်က...ငါ့နာမည်...ငါ့အရင်နာမည်...."

" ဒါဆို အစ်ကိုက စကြဝဠာတွင်းပေါက်ကို ပိတ်ဆို့နိုင်မယ့် ကဗျာရဲ့ အဖြေပေါ့။ ဘာလို့အစကတည်းက မပြောခဲ့တာလဲ"

" ငါ့မှာလည်း အကြောင်းပြချက်နဲ့ ငါရှိတယ်။ ဒါပေမဲ့ မင်းငါ့ကိုတော့ ယုံမှဖြစ်မယ်"

" ကျွန်ုပ် အစ်ကို့ကိုယုံပါတယ်။ အစ်ကိုသာ ရွေးပါ။ အခုစာထဲကအတိုင်းလုပ်မှာလား၊ ဒီမှာဆက်နေမှာလား"

ယုဂန် ပေရွက်ဆီ ငုံ့ကြည့်မိသည်။ ထို့နောက် သူလွယ်ထားသောအိတ်ထဲ အမြဲဆောင်ထားသည့် သေနတ်ကို အိတ်အပေါ်ထပ်၍ စမ်းကြည့်မိသည်။

အနှစ်၇၀၀ ကျော်က မာရစ်မျိုးနွယ်တွင် ကောင်းသောရည်ရွယ်ချက်နှင့်ဆိုးသောရည်ရွယ်ချက်ကြား မည်သို့သောရည်ရွယ်ချက်ရှိနေသည်ကို ခန့်မှန်းရခက်လွန်းလှသည်။

********************************

လက်ရှိအချိန်တွင် မြို့တော်တွင်းဝယ် ပန်သျှားစစ်တပ် ပါဝင်လာခြင်းကြောင့် မကောင်းဆိုးဝါးများ​၏သတ်ဖြတ်ခြင်းကို ပိုမိုတားဆီးလာနိုင်ပြီး ပြည်သူများကိုလည်း ဘေးကင်းရာသို့ ရသလောက် ရွှေ့ပြောင်းပေးနိုင်လာသည်။

သုဒီပါနှင့် နန္ဒသည် ပန်သျှားစစ်တပ်ရောက်လာသည်ကိုမြင်သည်နှင့် စစ်တပ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည်။ သူတို့နှစ်ဦး​၏တာဝန်မှာမူ မကောင်းဆိုးဝါးများကို ရသလောက်ရှင်းပစ်ရန်သာဖြစ်သည်။

သုဒီပါသည် မကောင်းဆိုးဝါးတစ်ကောင်ကို အလယ်မှ ဓားဖြင့်ပိုင်းချလိုက်​၏။ ထိုအချိန်တွင် သူသည် ဘေးရှိ အိမ်တစ်အိမ်​၏ခေါင်မိုးအပေါ်မှ ပြေးဆင်းသွားသော လူတစ်ဦးကို မျက်လုံးထောင့်စွန်းတစ်နေရာမှ လှမ်းမြင်လိုက်ရသည်။

တစ်ဆက်တည်းပင် နန္ဒဆီမှ

" အဲ့တာ မြို့စားရွဲလား"

ဟူသော မေးသံကြားရသည်။ သုဒီပါ ချက်ချင်းပင် ထိုဘက်ကို လှည့်ကြည့်သည်။

" ဘယ်မှာလဲ အဲ့ကောင်! ဘယ်မှာလဲ"

" ဟိုမှာ"

နန္ဒ လက်ညှိုးထိုးပြသည့်နေရာတွင် မြို့စားရွဲက အိမ်တစ်အိမ်​၏ခေါင်မိုးပေါ်မှ တခြားလမ်းဘက်သို့ ခုန်ချသွားသည်ကို တွေ့ရသည်။

သုဒီပါဟာ အံကြိတ်လိုက်သဖြင့် သူ​၏တောင့်တင်းသောမေးရိုးတို့ပင် လှုပ်ခါသွားလေသည်။

သူ​၏ခေါင်းထဲတွင် လွန်ခဲ့သော ငါးခြောက်နှစ်ခန့်က မြို့စားရွဲကြောင့် သေဆုံးခဲ့ရသည့် သူ​၏မိတ်ဆွေပုံရိပ် ထင်းခနဲပေါ်လွင်လာသည်။ ထို့နောက် အဆိုပါမိတ်ဆွေ​၏ ဇနီး၊ အဆိုပါမိတ်ဆွေ​၏သမီး၊ အရာအားလုံးက သူ​၏ဒေါသများကို ဦး​ထိပ်ထိတက်အောင် ပွက်ပွက်ဆူလာစေသည်။

" ဒီညအတွင်း အဲ့ကောင်ကို မသတ်နိုင်ရင် ငါ့ကိုယ်ငါ လူလို့မခေါ်တော့ဘူး"

မာထန်သော ကြွေးကြော်သံနှင့်အတူ သုဒီပါပြေးထွက်သွားသည်။ အနောက်တွင်ကျန်ခဲ့သည့် နန္ဒထံမှ

" အစ်ကိုတော်...."

ဟုခေါ်သော အသံကိုပင် သူ,မကြားလိုက်ပါချေ။

သုဒီပါဟာ မြို့စားရွဲထွက်သွားသည့်နောက်သို့ အလျင်အမြန်ပြေးလိုက်သွားသည်။ တစ်ဖက်လမ်းတွင် မြို့စားရွဲက ပန်သျှားစစ်တပ်​၏ ဖြန့်ကျက်ထားပုံကို စနည်းနာနေသည်။

သုဒီပါ မဆိုင်းမတွပင် မြို့စားရွဲရှိရာဆီပြေးသွားကာ ဓားဖြင့်ထိုးရန် ကြိုးစားသည်။

မြို့စားရွဲသည် အစက သုဒီပါကို ကျောပေးထားခြင်းဖြစ်​၏။ သို့သော်လည်း သူ​၏စစ်သည်ဆန်သော သတိရှိသည့်အာရုံကြောင့် အနောက်သို့ တစ်စုံတစ်ယောက်ပြေးဝင်လာမှန်း သိရှိလိုက်သည်။

ထို့ကြောင့် သုဒီပါ​၏ဓားနှင့် မထိုးမိခင်မှာတင် အရှေ့သို့ချာခနဲလှည့်လိုက်ပြီး မိမိ​၏ဓားကိုထုတ်ကာ သုဒီပါ​၏ဓားကို ကာရံလိုက်သည်။

ဓားချင်းထိသံသည် ချွမ်ခနဲ အသံမြည်ထွက်သွား​၏။

တည့်တည့်မြင်တွေ့လိုက်ရသော မြို့စားရွဲ​၏မျက်နှာက သုဒီပါကို ပိုမိုကာ ဒေါသတောက်လောင်စေလာသည်။

သုဒီပါဟာ မည်သို့သောတုံ့ဆိုင်းမှုမျိုးမှ မရှိဘဲ မြို့စားရွဲကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော့သည်။

မြို့စားရွဲသည် စစ်သည်တစ်ဦးဖြစ်သော်ငြား သုဒီပါကဲ့သို့ စစ်ပွဲအလီလီအတွေ့အကြုံရှိပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝလွန်းသော သူရဲကောင်းကိုမူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိပါချေ။  အထူးသဖြင့် လက်စားချေရန် စိတ်အားထက်သန်နေသော သုဒီပါကို တားဆီိးရန်နည်းလမ်းမရှိတော့ပါချေ။

ထို့ကြောင့် ခဏလေးအတွင်း မြို့စားရွဲ သိသိသာသာရှုံးနိမ့်လာသည်။

သုဒီပါသည် မြို့စားရွဲ​၏ရင်ဝကို ခြေဖြင့်ဆောင့်ကန်လိုက်သည်မို့ မြို့စားရွဲ မြေပေါ်လဲကျသွားသည်။

မြို့စားရွဲ​၏ဓားဟာ လက်ထဲမှလွတ်ထွက်သွား​၏။ သူဓားကို လှမ်းမယူနိုင်သေးခင်တွင် သုဒီပါက ဓားကို အဝေးရောက်အောင် ကန်ထုတ်လိုက်ပြီး မြို့စားရွဲ​၏လက်ဖဝါးတည့်တည့်အား ဓားဖြင့် စိုက်ချလိုက်သည်။

ဓားက လက်ဖဝါးကို ထုတ်ချင်းပေါက်သွားပြီး မြေကြီးထဲစိုက်ဝင်သွားသည်။

မြို့စားရွဲထံ နာကျင်လွန်းစွာ အော်သည်။ ဓားစိုက်ဝင်သွားသော သူ​၏လက်က လှုပ်မရတော့ဘဲ သွေးများသာ အမြောက်အမြား စိမ့်ထွက်နေသည်။

" သူသေသလို မင်းလည်းသေရမယ်"

ခံစားချက်မပါဝင်သော တိုးရှရှရေရွတ်သံက သုဒီပါ​၏ ကြမ်းခက်သောအကြည့်များနှင့် တွဲစပ်သော် သေမင်းတမန်အလား ထင်မှတ်ရသည်။

သုဒီပါသည် ဘေးနားရှိ အဆောက်အအုံတစ်ခုမှ ပြုတ်ထွက်လာသည်ထင်ရသော အုတ်ချပ်တစ်ခုအား ကောက်ယူ​၏။ ထိုအုပ်ချပ်က ကျောက်တုံးကြီးတစ်တုံးစာမျှ ကြီးမားပြီး အလေးချိန်လည်း အတော်စီးသည်။

သုဒီပါသည် မြို့စားရွဲ​၏ခေါင်းကို ထိုအုတ်ချပ်ဖြင့် ထုချလိုက်သည်။

သူ​၏မိတ်ဆွေဟာလည်း ကျောက်တုံးပိ၍ ပြားပြားကြေကာ သေခဲ့ရသည်မို့ ဤသည်က ဆင်တူသောသေဆုံးခြင်းသာဖြစ်သည်။

အုတ်​၏အလေးချိန်အပါအဝင် သုဒီပါ​၏အားဖြင့် သုံးချက်မျှ ထုပြီးချိန်တွင် မြို့စားရွဲ​၏ဦးခေါင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး ဦးနှောက်အစအနများဟာ မြေပြင်တစ်ယောက် ပြန့်ကျဲသွားသည်။

သုဒီပါ အုတ်ချပ်ကို လွှတ်ချလိုက်​၏။

သူ​၏စိတ်ထဲတွင် အချိန်အတန်ကြာလေးလံနေသော ဝန်ထုပ်ကြီးအား လွှတ်ချလိုက်ရသဖြင့် လစ်ဟာသောခံစားချက်တစ်ခုသာ ကျန်ရစ်လေသည်။

သူ စိုက်ထားသော ဓားကို ဆွဲနှုတ်လိုက်​၏။ ဓားထိပ်တွင် ပေကျံနေသော သွေးများအား လူရုပ်ပင်မပေါ်တော့အောင် သေဆုံးနေသည့် မြို့စားရွဲ​၏အင်္ကျီဖြင့် သုတ်လိုက်သည်။

ရုတ်တရက် သုဒီပါ​၏ ခြေအောက်မှ မြေကြီးဟာ တုန်ခါသွားသည်။ ထို့အတူ သားရဲကောင်​၏အော်သံပမာ စိတ်မချမ်းမြေ့စရာ ဆွဲငင်ပြီး ကျယ်လောင်သော အသံတစ်သံကိုကြားလိုက်ရသည်။

သုဒီပါ အသံလာရာဆီလှမ်းကြည့်သည်။

ထိုအခါ သူသည် ကောင်းကင်ထိလုမတတ် မြင့်မားသော အုပ်ဆောင်းပမာ သွေးရောင်စက်ခုံးတစ်ခုကို တွေ့မြင်ရလေသည်။ ထိုစက်ခုံးသည် သွေးရောင်ဆိုသော်ငြား အတွင်းကို ဖောက်ထွင်းပြီးမြင်ရ​၏။

ထို့အပြင် ယင်းစက်ခုံး​၏တည်နေရာမှာ မြို့လယ်ခေါင်တည့်တည့်သာဖြစ်သည်။

ပုံစံအရ ဒါဟာ မှော်နက်ကျိန်စာမှလွဲ၍ တခြားအရာမဖြစ်နိုင်ပါချေ။

******************************

ယုဂန် နန်းတော်တွင်းမှ ထွက်ခဲ့သည်။

သူဟာ စစ်မြေပြင်ထဲသို့ ပီယံ၊ အဏ္ဏ၊ ဧကတို့နှင့်အတူတူ ထွက်လာခဲ့သည့်တိုင် မထင်မှတ်ဘဲ တစ်ဦးတည်း လူစုကွဲသွားသည်။

ယုဂန်သည် မကောင်းဆိုးဝါးများကို တတ်နိုင်သမျှရှောင်ရင်း အရုဏဖြစ်ဖြစ်၊ အဏ္ဏဖြစ်ဖြစ် တစ်ဦးဦးကိုရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် လှည့်လည်သွားလာနေခဲ့သည်။ မာရစ်မျိုးနွယ်​၏ အနှစ်၇၀၀ စာအရ သူဟာ စစ်မြေပြင်အတွင်း ကံကြမ္မာအလှည့်အပြောင်းတစ်ခုခုနှင့် ကြုံကိုကြုံရမည်။

သူဟာ မည်သို့များ လူပေါင်းများစွာကို ကယ်တိုင်နိုင်မည်ကိုလည်း သိချင်လွန်းလှသည်။

ယုဂန်သည် ထိုသို့သွားလာနေရင်း ရုတ်တရက်

" ယုဂန်..."

ဟုသော အော်ခေါ်သံကို ကြားလိုက်ရသည်။

ထိုအသံဟာ မောင့်​၏အသံဖြစ်သည်မို့ ယုဂန် ဝမ်းပန်းတသာဖြစ်သွားသည်။ ထို့ကြောင့် သူ အနောက်သို့ လှည့်ကြည့်လိုက်ချင်းချင်းပင် အရုဏဆီသို့ တဟုန်ထိုး ပြေးသွားသည်။

" မောင် ကျွန်တော်တို့ မင်းယောဇာကို လိုက်ရှာမှရမယ်။ သူအချိန်ဆွဲနေတာ။ တွင်းပေါက်ဖွင့်ဖို့ အသင့်တော်ဆုံးအချိန်မရောက်ခင်အထိ သူပေါ်လာမှာမဟုတ်ဘူး"

အရုဏက ယုဂန်ကို ခဏတာစိုက်ကြည့်ပြီးနောက် ဝေခွဲမရသည့်ဟန်ဖြစ်သွားသည်။

" ဒါပေမဲ့ ဘယ်မင်းယောဇာကိုရှာမှာလဲ။ အတိတ်ဘဝက မင်းယောဇာ၊ လက်ရှိဘဝကမင်းယောဇာ...ဘယ်သူကပိုပြီးအဓိကကျလဲဆိုတာ...."

" ကျွန်တော်တော့ အရင်ဘဝက မင်းယောဇာက လက်ရှိမင်းယောဇာကို ထိန်းချုပ်နေတယ်လို့ထင်တယ်။ ကျွန်တော်တွေ့ခဲ့ရတယ်...သူက...."

ယုဂန်​၏စကားမဆုံးခင်တွင် ကျယ်လောင်သော အသံတစ်ခုကြားလိုက်သည်မို့  ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။

ထိုအခါ ညဘက်ကောင်းကင်ယံတွင် ကြယ်များပျောက်လျက် ထိုအစား သွေးရောင်လွှမ်းလာသည်ကိုသာ တွေ့မြင်ရသည်။  ယုဂန် စိုးရိမ်မိသွားသည်။

" ဘာဖြစ်တာလဲ"

" အသူရာနတ်တွေ စစ်ပွဲထဲပါလာတာလေ"

ယုဂန် မျက်မှောင်ကြုတ်မိသွားသည်။ သူစိတ်ထဲသံသယဖြစ်သွားသဖြင့် အရုဏဘက်သို့ ပြန်လှည့်လာသည်။

" မောင် ဘယ်လိုသိ...."

ယုဂန်စကားမဆုံးခင်မှာတင် မိမိရှေ့တည့်တည့်ရှိ အရုဏ​၏ပုံရိပ်မှာ အရေကွာကျသွားလျက် ထိုနေရာတွင် မင်းယောဇာသာ ရှိလေသည်။

ယုဂန် မေ့လျော့ခဲ့သည်ပင်။ အတိတ်ဘဝက မင်းယောဇာက ရုပ်ပြောင်းရုပ်လွှဲအတတ်၌ အလွန်တရာကျွမ်းကျင်သည့် မှော်နက်ပညာရှင်တစ်ဦး ဖြစ်နေလေပြီ။

မင်းယောဇာက ပါးချိုင့်များနစ်ဝင်သည်အထိ ပြုံးသည်။ ထို့နောက် သူက လှောင်ပြောင်သရော်ဟန်ဖြင့်ဆို​၏။

" မင်းယောဇာကို ရှာတွေ့သွားပြီပဲ"

************************

မမျှော်လင့်ထားခြင်းမဟုတ်သော်လည်း မထင်မှတ်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ အသူရာနတ်များပါ စစ်ပွဲထဲ ပါဝင်လာခြင်းပင်။

ကိဏီသည် နရတ်၊ ပန်သျှားဘုရင်မတို့နှင့် တစ်ဖက်စီးတိုက်ခိုက်ရင်း အရေးမသာဖြစ်နေသည့်အချိန်မှာပင် အသူရာနတ်အုပ်စု အချိန်မီရောက်လာသည်။ ကိဏီဘက်မှ ဝင်ရောက်ကူညီတိုက်ခိုက်ပေးသဖြင့် တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားပြန်သည်။

အချိန်မှာ ညသန်းခေါင်ယံသို့ နီးကပ်လာပြီဖြစ်သည်။

သွေးရောင်လွှမ်းသောလက မိုးကောင်းကင်ဝယ် အနီရောင်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

အရုဏသည် အသူရာနတ်များနှင့်ပါ ပါဝင်တိုက်ခိုက်ရ​၏။ ယင်းအချိန်တွင် ခရုသင်းမှုတ်သံကဲ့သို့ အသံတစ်သံထွက်ပေါ်လာကာ ထိုအသံကိုကြားသည်နှင့် ကိဏီသည်လည်းကောင်း၊ အသူရာနတ်များသည်လည်းကောင်း မိမိတို့ရောက်ရာနေရာမှ အမြန်ရှောင်ထွက်ကာ လူအသေအလောင်းများ တောင်နှယ်စုပြုံနေသော နေရာနားတစ်ဝိုက်သို့ အလျင်အမြန်သွားကြသည်။

မကြာခင်ပင် အလောင်းများစုပြုံနေသောနေရာတစ်ဝိုက်တွင် နတ်ဆိုးများ ဝန်းရံ၍ သွေးရောင်စက်ခုံးတစ်ခုပေါ်လာပြီး အုပ်ဆောင်းနှယ် ဖုံးအုပ်သွားသည်။

အရုဏသည် သူတို့နောက်ပြေးလိုက်လာရင်း ထိုနေရာသို့ ရောက်ရှိလာ​၏။

ထိုအခါ သစ်ပင်တစ်ပင်စာမြင့်သော လူသေအလောင်းပုံ​၏ထိပ်တွင် မင်းယောဇာထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ​၏ဘေးတွင်မူ ကိဏီ အဆင်သင့်ရောက်ရှိနေလေပြီ။

အရုဏ စက်ခုံးထဲဝင်ရန် ကြိုးစားသည်။ သို့ရာတွင် စက်ခုံးက အကာအရံတစ်ခု ဖြစ်နေပြီဖြစ်ရာ အပြင်လူများ အထဲဝင်၍ မရချေ။

ဆံပင်ရှည်များရှိသော မင်းယောဇာက ကျယ်လောင်စွာ အော်ရယ်၍ အသံနက်ကြီးဖြင့်ဆိုသည်။

(A/N ဆံပင်ရှည် မင်းယောဇာ = လက်ရှိဘဝမှ မင်းယောဇာ)

"နောက်ဆုံးတော့ ငါတို့ရဲ့အချိန် ကျရောက်လာပြီ"

သန်းခေါင်ယံသို့ ရောက်ရှိနေပြီဖြစ်သည်။

အလောင်းပုံကြီး​၏နောက်ကွယ်မှ အနက်ရောင်အငွေ့သဏ္ဌာန်ကြိုးမျှင်များဖြင့် ချုပ်နှောင်ခြင်းခံထားရသော လူတစ်ဦးဟာ အနက်ရောင်ကြိုးများ​၏ဆွဲခေါ်မှုကြောင့် လေပေါ်သို့ မြင့်တက်လာသည်။

ယင်းမြင်ကွင်းက အရုဏ​၏ဦးရေပြားများကို ကွဲကြေမတတ်ကျိန်းစက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူက ယုဂန်နိုင် ဖြစ်နေသောကြောင့်ပင်။

"ယုဂန်"

အရုဏ စိုးရိမ်တကြီးအော်ခေါ်မိကာ ချက်ချင်းပင် ဘီလူးအသွင်ပြောင်း၍ အကာအရံကို လက်သီးဖြင့်ဆက်တိုက်ထိုးသည်။

သို့ရာတွင် အကာအရံဟာ နည်းနည်းလေးတောင် မထိခိုက်သွားဘဲ မင်းယောဇာ​၏ အားရကျေနပ်နေသော အပြုံးကသာ ပို၍ပို၍ကြီးမားလာသည်။

" ယုဂန်နိုင်၊ မင်းယောက်ျားမင်းကိုခေါ်နေတယ် ထ,လိုက်ပါဦး"

မင်းယောဇာက ပြောပြောဆိုဆိုနှင့်လက်ဖျောက်တစ်ဖက်တီးလိုက်သည်။

ထိုအခါ သတိမေ့နေသောယုဂန် ငေါက်ခနဲခေါင်းထောင်လာ​၏။ လက်ရှိအချိန်တွင် သူဟာ လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ မှော်ကြိုးဖြင့်အတုပ်နှောင်ခံထားရပြီး လေပေါ်မှာ ချိတ်ဆွဲခံထားရသည်။ သူလှုပ်ရှား၍မရချေ။ ကြိုးများက အလွန်အမင်းခိုင်မာလွန်းသည်။ မှော်အစွမ်းလည်း မထုတ်သုံးနိုင်ချေ။

ယုဂန်သည် အကာအရံပြင်ပမှ အရုဏနှင့် ကျန်သောသူများရောက်ရှိလာသည်ကို တွေ့မြင်နေရသည်။ ထို့အပြင် အကာအရံကိုထိန်းထားသော အသူရာနတ်များနှင့် အလောင်းပုံကြီးပေါ်မှ မင်းယောဇာကို မကောင်းဆိုးဝါးပမာ မြင်တွေ့နေရသည်။

အရုဏက သူ့အတွက် အလွန်တရာစိုးရိမ်ပူပန်နေသည်။ သူက လက်ထိပ်မှ သွေးများကျသည့်တိုင် မရပ်နားဘဲ အကာအရံကို ချိုးဖျက်နိုင်ရန် ကြိုးပမ်းနေသည်။

တစ်ဖက်တွင် အကာအရံပြင်ပ၌ ရှိနေသော အဏ္ဏက ခက်ထန်လွန်းစွာ ဟိန်းဟောက်သည်။

" မင်းတို့ တွင်းပေါက်ဖွင့်ဖို့ကြိုးစားလည်း အလကားပဲ။ မျက်တစ်လုံးရှင်ကို တာဝန်ပေးထားတဲ့ အစီအရင်နေရာ မပြီးမြောက်လိုက်ဘူး။ နောက်ပြီး မျက်တစ်လုံးရှင်လည်းသေပြီ။ မင်းတို့ ဒီနေရာမှာ တွင်းပေါက်ဖွင့်လည်း အောင်မြင်မှာမဟုတ်တော့ဘူး"

မင်းယောဇာက ဂရုမစိုက်သည့်နှယ် ခပ်ဖျော့ဖျော့သာပြုံးသည်။

" အဲ့လိုထင်စရာတော့ရှိတာပေါ့။ ဒါပေမဲ့ ကျွန်ုပ်အခု ရထားတဲ့လူက ဘယ်သူမို့လို့လဲ"

မင်းယောဇာက ထိုသို့ဆိုရင်း သူ​၏လက်ကိုလှုပ်ရှားလိုက်သည်။ ထိုအခါ ချည်နှောင်ခြင်းခံထားရသော ယုဂန်က သူ့အနားသို့ ရွေ့လာသည်။

" ကြီးမြတ်တဲ့လူသား ယုဂန်နိုင်....ကမ္ဘာဦးမျက်ရှင်ရဲ့သခင်....သူ့သွေးနဲ့သာဆိုရင် အရာအားလုံးဖြစ်နိုင်သွားလိမ့်မယ်"

စကားဆုံးဆုံးချင်းပင် မင်းယောဇာ​၏လက်ထဲသို့ ကိဏီက အနက်ရောင်မီးများ တငြီးငြီးတောက်လောင်နေသော ဓားတစ်ချောင်းထည့်ပေးကာ မင်းယောဇာသည် ထိုဓားကိုသုံး၍ ယုဂန်​၏ ခြေထောက်ဆီ အားအပြည့်နှင့် လွှဲခုတ်လိုက်သည်။

" အား....."

ယုဂန်​၏ ကျယ်လောင်လွန်းသော အော်ဟစ်သံတွင် နာကျင်မှုများ အဆမတန်ပါဝင်နေသည်။

ဓားက ညာဘက်ခြေထောက်​၏ ဒူးအထက်နေရာအား နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားသည်။

ယင်းသည် အရိုးကိုပင်ဖြတ်၍ တည်းတည်းလေးကျန်တော့သည်အထိ ပြတ်ထွက်သွားခြင်းဖြစ်​၏။

အသက်သေစေနိုင်သည့်အထိ မဟုတ်သည့်တိုင် ပြန်ကောင်းရန် မဖြစ်နိုင်တော့သော ဖြတ်တောက်ခြင်းသာဖြစ်သည်။

ယုဂန်​၏ပြတ်ထွက်ခါနီးခြေထောက်မှ သွေးများစွာ လျှံကျလာသည်။

ယုဂန်​၏အော်ဟစ်သံနှင့် နာကျင်မှုကြောင့် ကျဆင်းလာသည့် မျက်ရည်များက အရုဏကို ရူးသွပ်သွားစေရန်ပင် လုံလောက်နေပြီဖြစ်သည်။

**************************

A/N

ဝင်လေထွက်လေ ရှူကြပါ စာဖတ်သူတို့ xD
final မို့လို့ သေပြီး ဇာတ်လည်းနာကြဦးမှာပါ။

ဒါမဲ့ ဘယ်သူ့မှ ဒုက္ခိတဖြစ်သွားမှာ မဟုတ်ပါဘူး။ ပြီးတော့ HE ပါ xD

26.1.2024
(Friday)

.
.
.

Warning : ေသြးထြက္သံယိုေတြ ပါပါမယ္။

Zawgyi

ျပင္းထန္လြန္းေသာ သတ္ျဖတ္ပြဲ

____________________

စုန္းမကိဏီ​၏အသံေၾကာင့္ နရတ္အေနာက္သို႔ ဆတ္ခနဲလွည့္ၾကည့္သည္။ တစ္ၿပိဳင္နက္တည္းပင္ သူ​၏လက္ဖဝါးမွ စြမ္းအားမ်ားက စုန္းမကိဏီကို တိုက္ခိုက္သည္။ ကိဏီသည္ ေပါ့ပါးသြက္လက္စြာေရွာင္ရွားႏိုင္လိုက္​၏။ သူမက ဘာမွမျဖစ္သည့္ႏွယ္ ၿပဳံးေယာင္ေယာင္ေတာင္သမ္းျပလိုက္ေသးသည္။

" မင္းတို႔ရဲ႕ အခ်ိန္ကူးသန္းေပါက္က ဘယ္ေတာ့မွမျဖစ္လာေစရဘူး"

နရတ္ အံႀကိတ္၍ဆိုသည္။ ထိုအခါ ကိဏီိက က်ယ္ေလာင္စြာ ေအာ္ရယ္သည္။ သူမ​၏ရယ္သံတြင္ ေလွာင္ေျပာင္သေရာ္ဟန္ႏွင့္ မေကာင္းဆိုးဝါးတစ္ေကာင္ဟန္ အျပည့္ပါဝင္ေနသည္။

" ဘာလို႔ သူရဲေကာင္းေယာင္ ေဆာင္တဲ့စကားေတြ ေျပာေနတာတုံး။ ကြၽန္ုပ္တို႔ရဲ႕အခုလုပ္ရပ္ေတြ အကုန္လုံးက အတိတ္ဘဝမွာ သင္ လုပ္ခဲ့တာေတြခ်ည္းပဲေလ။ အခုက်မွလာၿပီး တားဆီးမယ္ေလး ဘာေလးနဲ႔။ သင္ကမွ တကယ္ ေၾကာင္သူေတာ္ ႂကြက္သူခိုးပဲ"

နရတ္​၏မ်က္လုံးတို႔ နက္ေမွာင္သြားသည္။ ကိဏီ သူ​၏အတိတ္ဘဝအေၾကာင္း သိရွိေနျခင္းမွာ သူ႔အတြက္ မည္သည့္ေကာင္းက်ိဳးမွမရွိေနေခ်။

" ငါ ျပန္ဝင္စားခဲ့တာကို မင္းသိတယ္?"

ကိဏီက ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္တည္း ေကြး႐ုံမွ်   ညဳတုတုဆန္စြာၿပဳံးကာ တစ္ဖက္လူကို ေဒါသမထြက္ထြက္ေအာင္ လႈံ႕ေဆာ္ႏိုင္ေသာ မထိတထိ၊ မထီမဲ့ျမင္ အမူအရာျဖင့္ သေရာ္ဟန္ဆိုလာသည္။

" မင္းေယာဇာက အဲ့ကိစၥကို မရိပ္မိေလာက္ဘူးလို႔ သင္ထင္ေနတာလား။ ကြၽန္ုပ္တို႔အစကတည္းက သင္ျပန္ဝင္စားတဲ့ကိစၥေတြအားလုံးကို ခန႔္မွန္းမိထားပါ့။ မင္းေယာဇာက အတိတ္တုန္းက သင္ဘာေတြလုပ္ခဲ့လဲဆိုတာကအစ ေျပာျပထားတယ္။ သင္နဲ႔အ႐ုဏနဲ႔ေပါင္းၿပီး တြင္းေပါက္ဖြင့္ဖို႔ႀကိဳးစားၾကတယ္ဆို....တြင္းေပါက္ဖြင့္တဲ့ေနရာက ကြၽန္ုပ္တို႔နဲ႔ မတူေပမဲ့ တြင္းေပါက္ဖြင့္ဖို႔လိုအပ္တဲ့ လူေပါင္း ၇သန္း ၇ သိန္း ၇ ေသာင္း၇ ေထာင္ကိုေတာ့ သတ္ခဲ့ၾကတယ္မဟုတ္လား...

သင္တို႔ သတ္ေတာ့အေကာင္း။ ကြၽန္ုပ္တို႔သတ္မွ ကြၽန္ုပ္တို႔ကို လူဆိုးေတြလို လာၿပီးစြပ္စြဲေနတာပဲ။ ကြၽန္ုပ္က မေကာင္းတဲ့သူဆိုတာ ဝန္ခံပါတယ္။ ဒါေပမဲ့ သင္ကေတာ့ ဝန္လည္းမခံဘဲ ေၾကာင္သူေတာ္လုပ္ေနတာပဲ။ ဒါနဲ႔...ေျပာစမ္းပါဦး။ သင္ဒီလိုေတြလိုက္လုပ္ေနရတဲ့အေၾကာင္းရင္းက နံ႔ရွားၾကာ သုနႏၵာမ်ားလား"

သုနႏၵာ နာမည္ပါလာသည္မို႔ နရတ္ပိုမို ေလးနက္ခက္ထန္သြားသည္။ ဒီဘဝမွာေတာ့ သူဟာ ကိုကို႔ကို ဒီကိစၥမ်ားႏွင့္ ပါဝင္ပတ္သတ္ခြင့္ ေပးေတာ့မည္မဟုတ္ေခ်။ ကိုကို႔ကို ဒီကိစၥမ်ားႏွင့္ အေဝးဆုံးေနရာတြင္သာထားမည္။

တစ္ဖက္တြင္ ကိဏီသည္ နရတ္​၏တင္းမာသြားေသာအမူအရာကို ျမင္ၿပီး ပိုမိုအားရေက်နပ္သြားရေလကာ ဆက္လက္၍ ဆိုလာသည္။

"အတိတ္တုန္းက သင္က သူ႔ရဲ႕သူငယ္ခ်င္းေတြ၊ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ အကုန္လုံးကိုသတ္ၿပီး၊ သတ္မယ္ၿခိမ္းေျခာက္ၿပီး သူ႔ကိုအတင္းအက်ပ္လက္ထပ္ခဲ့တယ္ဆိုတာ သူသိလား။ သူ ထြက္မေျပးႏိုင္ေအာင္ သူ႔ရဲ႕စြမ္းအင္ေတြအကုန္ ေလ်ာ့နည္းပ်က္စီးေအာင္လုပ္ၿပီး သူေမြးဖြားခဲ့တဲ့ၾကာပန္းကအစ ဖ်က္ဆီးခဲ့တာကို.."

နရတ္ လက္သီးကိုတင္းက်ပ္စြာ ဆုပ္လိုက္မိသည္။ မာေက်ာေသာ ေအာ္ေငါက္သံက သူ​၏ရင္ေခါင္းတြင္းမွ တိုးထြက္လာသည္။

" မင္း သူ႔ကိုထိဖို႔ မစဥ္းစားနဲ႔"

" သူသာ အရာအားလုံးကိုသိသြားခဲ့ရင္ သင့္ကိုဘယ္လိုမ်ား ျမင္ဦးမလဲ သိခ်င္မိပါရဲ႕။ အတိတ္တုန္းက သူသင့္ကို သတ္လိုက္တာဆို။ အခု အကုန္သိသြားရင္လည္း ထပ္သတ္ဦးမလား....အင္း...သိခ်င္မိပါရဲ႕...."

နရတ္ ေရွ႕ဆက္သည္းမခံႏိုင္ေတာ့ေခ်။

သူ ကိဏီေရွ႕သို႔ ဖ်တ္ခနဲေရာက္လာကာ ကိဏီကို လက္ျဖင့္ စတင္တိုက္ခိုက္သည္။ ကိဏီဟာ ဆိုးဆိုးဝါးဝါးမထိခိုက္ရင္ ခုခံလိုက္ႏိုင္ေသာ္လည္း သူမ​၏ပါးေပၚတြင္ ႀကီးမားေသာ  လက္သည္းႀကီးရာမ်ား ပုံႏွိပ္ၿပီးျဖစ္သြားေလၿပီ။  သူမ​၏ပါးဟာ စုတ္ၿပဲသြားၿပီး ေသြးမ်ား ဒလေဟာစီးက်လာသည္။

သူမ ေမးေစ့စီးက်လာေသာ ေသြးမ်ားကို လက္ျဖင့္ပြတ္သပ္လိုက္သည္။ သူမ​၏မ်က္ဝန္းမ်ား မီးဝင္းဝင္းေတာက္လာသည္။

"ေၾကာင္သူေတာ္...."

ကိဏီဟာ နရတ္ မၾကားၾကားေအာင္ ေရ႐ြတ္ၿပီးေနာက္  နရတ္အား တန္ျပန္တိုက္ခိုက္လာသည္။

သူတို႔ႏွစ္ဦးသည္ အဆင့္တူညီေသာ ထိပ္တန္းေမွာ္နက္ပညာရွင္မ်ား၊ စုန္းမ်ား ျဖစ္ၾက​၏။ ထို႔ေၾကာင့္ အခ်ိန္ခဏေလးအတြင္း ႏွစ္ဦး​၏တိုက္ပြဲမွာ ေမွာ္နက္စြမ္းအားတို႔ျဖင့္ အလြန္အမင္းျပင္းထန္လာသည္။

ကိဏီဟာ သူမေခၚေဆာင္ထားျခင္းျဖစ္ေသာ မေကာင္းဆိုးဝါးအခ်ိဳ႕ကို သူမဘက္သို႔ေခၚကာ နရတ္အား တိုက္ခိုက္ေစသည္။ နရတ္သည္လည္း စိတ္ညႇိဳ႕ပညာ၊ စိတ္ထိန္းခ်ဳပ္ျခင္းပညာတြင္ ေခသူမဟုတ္ေခ်။ ထို႔ေၾကာင့္ သူက တစ္ျပန္ ကိဏီ​၏တျခားမေကာင္းဆိုးဝါးမ်ားကို စိတ္ထိန္းခ်ဳပ္ကာ မေကာင္းဆိုးဝါးခ်င္းတိုက္ခိုက္ေစသည္။

သူတို႔​၏ ၾကမ္းတမ္းလြန္းေသာတိုက္ခိုက္ခ်က္မ်ားေၾကာင့္ ေဘးရွိ အေဆာက္အအုံမ်ား၊ ေဈးဆိုင္မ်ားပင္ ထိခိုက္ကာ ၿပိဳက်ပ်က္စီးၾကသည္။

သူတို႔​၏ေဘးဘီတြင္မူ မေကာင္းဆိုးဝါးမ်ားက သတ္ျဖတ္ၿပီးသားလူအေလာင္းမ်ားအား တေ႐ြ႕ေ႐ြ႕သယ္ကာ ျမင့္မားလွေသာ လူအေလာင္းပုံႀကီးကို ထပ္ဆင့္ေနၾကသည္။

နရတ္သည္ သံဆူးမ်ားပါေသာ ႀကိဳးတစ္ေခ်ာင္းကိုေတြ႕သျဖင့္ ေကာက္ယူကာ ေမွာ္နက္အစြမ္းမ်ားစီးဝင္ေစလ်က္ ကိဏီရွိရာဆီ ႐ိုက္ခ်လိုက္သည္။ အဆိုပါႀကိဳးက ေျမျပင္ကို အားျပင္းစြာ႐ိုက္ခတ္သြားေလရာ ေမွာ္အစြမ္းေၾကာင့္ ေျမႀကီိးမ်ားျဖင့္ အက္ကြဲကုန္ေလသည္။

ကိဏီေရွာင္​၏။ သို႔ရာတြင္ႀကိဳးက သူမ​၏ညာဘက္လက္ကို ထိမွန္သြားရာ ေသြးညစ္ညစ္တို႔ စီးက်လာသည္။

နရတ္ သူမေရွ႕သို႔ ခက္ထန္ေသာေျခလွမ္းမ်ားႏွင့္ လွမ္းလာသည္။

" မင္းေယာဇာဘယ္မွာလဲ"

ထို႔တိုင္ ကိဏီဟာ မထီမဲ့ျမင္ဟန္ႏွင့္ ၿပဳံးေနဆဲျဖစ္ကာ သူမက နရတ္ကို မ်က္လုံးလန္ၿပီး စိုက္ၾကည့္လာသည္။

" မေျပာတတ္ပါဘူး။ ဟိုမွာလား...ဒီမွာလား....."

စကားဆုံးဆုံးခ်င္းတြင္ ကိဏီသည္ သူမ​၏ညာဘက္မ်ားေသြးမ်ားကို က်န္လက္ျဖင့္ ယူကာ နရတ္ရွိရာတည့္တည့္ဆီ ပစ္ထည့္လိုက္သည္။

စုန္းတစ္ေယာက္​၏ေသြးက ထိမိသူအား က်ိန္စာမိေအာင္လည္း ျပဳလုပ္ႏိုင္စြမ္းရွိသည္။ ထိုအေၾကာင္းသိသျဖင့္ နရတ္က ထိုေသြးတို႔ကိုေရွာင္ရွားရင္း ကိဏီ​၏ေရွ႕တည့္တည့္သို႔ေရာက္ကာ သူ​၏လက္တြင္ အနက္ေရာင္ေငြ႕ျဖင့္ျပဳလုပ္ေသာ ဓားေပၚလာလ်က္ ကိဏီကို ခုတ္ခ်ေလသည္။

ကီဏီ ပစ္လႊတ္လိုက္ေသာ ေသြးတို႔မွာမူ ေျမျပင္ေပၚက်ၿပီး ထိုေျမႀကီးနားတစ္ဝိုက္ မဲညစ္သြားေလသည္။

ကိဏီသည္ အစြမ္းတံတိုင္းကို အခ်ိန္မီကာလိုက္ႏိုင္သျဖင့္ နရတ္​၏ဓားက သူမကို မခုတ္မိေခ်။ သို႔တိုင္ နရတ္က အဆိုပါဓားျဖင့္ ကိဏီ​၏ ဒိုင္းကို ခြဲခ်ရန္ အားစိုက္ေနသည္။ နရတ္ကအားႀကီးလြန္းသည္။  ကိဏီ​၏လက္က်န္အင္အားက အလြန္တရာဆုတ္ယုတ္ေနေလၿပီ။

မည္သို႔ပင္ဆိုေစကာမူ ကိဏီဟာ လည္လည္ဝယ္ဝယ္ရွိသည္။ သူမက ပိုေသးေသာ သိမ္းငွက္အသြင္သို႔
႐ုတ္ခ်ည္းေျပာင္းလဲလိုက္ရာ ဒိုင္းကိုခြဲရန္ ဓား၌ အားစိုက္ထားေသာနရတ္မွာ ေရွ႕သို႔ပင္ ယိမ္းယိုင္သြားေလသည္။

ကိဏီက ထိုအေျခအေနကိုအခြင့္ေကာင္းယူၿပီး ဓားႏွင့္ စက္ကြင္းမလြတ္ေသာေနရာမွ အျမန္ထြက္ကာ ေကာင္းကင္ေပၚပ်ံတက္သြားသည္။ သူမက ေအာ္ေျပာသည္။

" သင္အခုခ်ိန္မွ တားဆီးေနလည္းအပိုပဲ။ လူ႔ဝိဉာဥ္ေပါင္း ၇ သန္း ၇ သိန္းေက်ာ္ကို ကြၽန္ုပ္တို႔ကရရွိၿပီးေနၿပီ။ လူျပည့္ဖို႔ နည္းနည္းေလးပဲ လိုေတာ့တာပါ"

ေကာင္းကင္ေပၚေရာက္ေရာက္ခ်င္း ကိဏီ
သည္  လူအသြင္ျပန္ေျပာင္း​၏။ သူမက အနီးဆုံးေျမျပင္ရွိ လွံတစ္ခုကို အစြမ္းျဖင့္ဆြဲယူလိုက္ကာ နရတ္ရွိရာတည့္တည့္ဆီ အဟုန္ျဖင့္ ပစ္သည္။

လွံသည္ နရတ္​၏မ်က္ႏွာတည့္တည့္သို႔ေျပးဝင္လာ​၏။
နရတ္ လွံ​၏လမ္းေၾကာင္းအား မေျပာင္းလဲရေသးခင္တြင္ တျခားေသာ လွံတစ္ေခ်ာင္းက ကိဏီ​၏လွံကို ေဘးမွ ထိမွန္ကာ လွံႏွစ္ေခ်ာင္းလုံး လမ္းေၾကာင္းေျပာင္းသြားသည္။

ဒုတိယလွံ လာရာလမ္းေၾကာင္းကို နရတ္ေရာ ကိဏီပါ ၿပိဳင္တူလွည့္ၾကည့္မိၾကသည္။

ထိုတြင္မူ ဩဇာႀကီးမားသည့္အသြင္ရွိေသာ အမ်ိဳးသမီးတစ္ဦးသည္ ျမင္းပ်ံစီးလ်က္ ေရွ႕ဦးမွ ဦးေဆာင္ေန​၏။ သူမ​၏အေနာက္တြင္ စစ္တပ္ဗိုလ္ပါမ်ား အျပည့္အဝလိုက္ရပ္တည္ေနသည္။

ထိုအမ်ိဳးသမီးကို နရတ္သိသည္။ သူမက ပန္သွ်ား​၏ဘုရင္မ နာရဏီိပင္ျဖစ္သည္။

( A/N နာရဏီက အ႐ုဏနဲ႔ပါ ၿပိဳင္ၿပီး တိုက္ခိုက္ဖူးပါတယ္။  သူ႔ရဲ႕ႏွမေတာ္ကို အ႐ုဏနဲ႔လက္ဆက္ေပးဖို႔ ကမ္းလွမ္းခဲ့တာပါ။ သူကေတာ့ အပ်ိဳႀကီးပါ။)

ဘုရင္မနာရဏီသည္ တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္တင္ ဩဇာႀကီးမားမႈကို ခံစားသိရွိႏိုင္​၏။ သူမက စစ္ဝတ္တန္ဆာ အျပည့္အဝဝတ္ဆင္ထားကာ ရာဇေသြးမာန္ႂကြယ္ေသာ မ်က္လုံးထဲတြင္ နာၾကည္းခ်က္ႏွင့္ ေဒါသတရားကို ျပက္ျပက္ထင္ထင္ေတြ႕ျမင္ေနရသည္။

" က်န္တဲ့လူနည္းနည္းေလးကိုေတာင္ မင္းတို႔မရေစရဘူး"

သူမ​၏အသံဟာနက္ရႈိင္း၍ ေလးနက္မႈမ်ားျပည့္ႏွက္ေန​၏။

နာရဏီ​၏အၾကည့္မ်ားက လူအေလာင္းပုံဆီေရာက္သြားခ်ိန္တြင္ သူမဟာ ပို၍ေတာင္ စက္ဆုပ္ျခင္း၊ ေဒါသျဖစ္ျခင္းစေသာ ျပင္းထန္သည့္ ခံစားခ်က္မ်ားျဖစ္ေပၚလာကာ စိတ္အစုံတို႔ ၾကမ္းတမ္းလာမိသည္။

သူမ စစ္တပ္အား လက္ျဖင့္အခ်က္ျပလိုက္သည္။

"ငါ့ျပည္သူေတြရဲ႕ အသက္တစ္ေခ်ာင္းတည္းဆိုရင္ေတာင္ မင္းတို႔ကိုထိပါးဖို႔ ခြင့္မျပဳႏိုင္ဘူး"

သူမ​၏ ျခေသၤ့ကဲ့သို႔ ဟစ္ေႂကြးသံ​၏အဆုံးတြင္ စစ္သည္မ်ားဟာ အသီးသီးေရွ႕သို႔ ေျပးထြက္လာၾကၿပီး  လူအေလာင္းမ်ားအား ဆြဲယူေနၾကေသာ မေကာင္းဆိုးဝါးတို႔ကို တခဲနက္တိုက္ခိုက္ၾကသည္။

ကိဏီဟာ ခံစားခ်က္မပါေသာ မ်က္ႏွာေသျဖင့္ ဘုရင္မဆီ လွမ္းၾကည့္သည္။

ဘုရင္မက သူမကိုဦးတည္တိုက္ခိုက္ရန္ အစီစဥ္ခ်ထားပုံရွိသည္။

ရယ္ခ်င္စရာေပ။ သာမန္လူက သူမကိုတိုက္ခိုက္ႏိုင္မည္ဟု ယုံၾကည္ေနျခင္းမွာ ရယ္ခ်င္စရာေကာင္းလွသည္။

သို႔ေသာ္လည္း ဘုရင္မသည္ စစ္တပ္ကိုခ်က္ခ်င္းျပင္ဆင္ၿပီး လာေရာက္ႏိုင္ျခင္းက အထင္ႀကီးဖြယ္ရာေတာ့ရွိသည္။ တကယ္တမ္းေျပာရလွ်င္ မေကာင္းဆိုးဝါးမ်ား​၏႐ုတ္ခ်ည္းတိုက္ခိုက္ျခင္းက အခ်ိန္ခဏေလးသာရွိေသးသည္။

မေကာင္းဆိုးဝါး အေရအတြက္ ေသာင္းခ်ီေသာေၾကာင့္သာ ခဏေလးအတြင္း အေလာင္းမ်ားစုပုံလာျခင္းျဖစ္သည္။ ၿမိဳ႕တြင္း ျပႆနာတက္ေနသည္ကို နန္းေတာ္တြင္းသတင္းေရာက္ရန္ အခ်ိန္ယူရဦးမည္ျဖစ္သည္။ ထိိုသို႔ ဆက္စပ္ေတြးလွ်င္ ဘုရင္မနာရဏီသည္ မ်က္တစ္ခတ္ေလးအတြင္း စစ္တပ္ကို ျပင္ဆင္ၿပီး ဗ်ဴဟာခ်ၿပီး ေရာက္ရွိလာသည္ပင္။

အထင္ေသးလို႔ေတာ့ မရႏိုင္သည့္ အမ်ိဳးသမီးဟုဆိုရမည္။

*********************************

ပန္သွ်ားမင္းေနျပည္ေတာ္အား ေအာ္ဟစ္ငိုယိုသံမ်ားႏွင့္ ျပည့္ႏွက္ကာ ေသြးသံေခ်ာင္းစီးေစေသာ မေကာင္းဆိုးဝါးတို႔​၏သတ္ျဖတ္ျခင္းမစတင္ခင္ ယုဂန္သည္ အ႐ုဏတို႔ႏွင့္အတူသြားရာမွ တစ္ဦးတည္းခြဲခြာကာ ပန္သွ်ားနန္းေတာ္ဆီ ဦးတည္သြားခဲ့သည္။

နန္းေတာ္ၿမိဳ႕႐ိုးေရွ႕ေရာက္၍ " အမတ္ယုဂန္" ျဖစ္ေၾကာင္း ဘုရင္မဆီ ေလွ်ာက္တင္ခိုင္းလိုက္ေသာအခါ ယုဂန္ဟာ ခ်က္ခ်င္းပင္ ဝင္ခြင့္ရရွိေလသည္။

စင္စစ္ ဘုရင္မနာရဏီသည္ မင္းသားအ႐ုဏပို႔ေဆာင္ထားေသာ စာကို မၾကာခင္ကမွ ရရွိထားသည္။ ထို႔ေၾကာင့္ သူမဟာ အမတ္ယုဂန္ေရာက္လာမည္ကို ႀကိဳတင္သိရွိေနၿပီး စာရရခ်င္း ၿမိဳ႕တြင္းကာကြယ္ႏိုင္ရန္ စစ္တပ္ကိုလည္း အလ်င္အျမန္ စီစဥ္ေနဆဲအခ်ိန္ျဖစ္သည္။

ပန္သွ်ားႏိုင္ငံသည္ စက္မႈလက္မႈထြန္းကားေသာ္လည္း စစ္အင္အားတြင္မူ ဥတၱရေလာက္ အင္အားမႀကီးပါေခ်။ ပန္သွ်ားဘုရင္မက စီးပြားေရးဘက္ကိုသာ ပိုမိုအာ႐ုံစိုက္ၿပီး စစ္ေရးမက္ရာတြင္မူ အသုံးျပဳေသာေငြေၾကး၊ လူအင္အား၊ လက္နက္အင္အား ေလွ်ာ့ႏိုင္သမွ်ထိ ေလွ်ာ့ခ်ထားသူျဖစ္သည္။

ဤသည္က ပန္သွ်ားတြင္ သိမ္းပိုက္လိုေသာ တစ္ဖက္ရန္သူမရွိဘဲ ပန္သွ်ားဘုရင္မ​၏ ၿငိမ္းခ်မ္းေရးအား ပိုမိုလိုလားေသာ အသြင္ကို ေဖာ္ေဆာင္ေနသည့္တိုင္ မင္းေယာဇာကဲ့သို႔ ကမူးရွဴးထိုးအ႐ူးႏွင့္ ႀကဳံေသာအခါတြင္ ျပႆနာတက္ရသည္။

မင္းေယာဇာက ႏိုင္ငံအတြက္၊ စီးပြားေရးအတြက္၊ နယ္ေျမခ်ဲ႕ထြင္လိုျခင္းအတြက္၊ အာဏာအတြက္ တိုက္ခိုက္ျခင္းမ်ိဳးမဟုတ္ဘဲ လူမ်ားမ်ားသတ္ႏိုင္ရန္၊ တြင္းေပါက္ဖြင့္ရန္ကိုသာ ဦးတည္ထားသည္။

ဤသည္က သင္ဟာ သိုင္းကြက္ေပါင္းစုံတတ္ေျမာက္ေသာ္လည္း သင့္ကို "မရမက သတ္ရလွ်င္ ေက်နပ္ၿပီ" ဟူေသာ အ႐ူးႏွင့္ ထိပ္တိုက္ေတြ႕ဆုံရသလိုပါပင္။ ထိုအ႐ူးက သင့္​၏သိုင္းကြက္မ်ား၊ စည္းကမ္းမ်ားကို ဂ႐ုစိုက္ေနမည္မဟုတ္ဘဲ သင့္ကိုသာ ဓားျဖင့္ခုတ္ရန္ အစဥ္တစိုက္ႀကိဳးစားေနလိမ့္မည္ျဖစ္သည္။

ထို႔ေၾကာင့္ ပန္သွ်ားဘုရင္မ​၏ စီးပြားေရး၊ ႏိုင္ငံေရးအကြက္မ်ား၊ ဗ်ဴဟာမ်ားက မင္းေယာဇာအေပၚ ထိေရာက္မႈရွိမည္မဟုတ္ေခ်။ မင္းေယာဇာသည္ကား အခ်င္းခ်င္းယွဥ္တိုက္ၿပီး တစ္ဦးဦးအရင္ငရဲေရာက္မွသာ ၿပီးမည့္ကိစၥမ်ိဳးျဖစ္သည္။

ဤသို႔ႏွင့္ ယုဂန္သည္ ပန္သွ်ားဘုရင္မႏွင့္အတူ တိုင္ပင္​၏။ သူတို႔ႏွစ္ဦး နန္းေဆာင္တစ္ခုမွ တျခားတစ္ေဆာင္ဆီ သြား႐ုံရွိေသးသည္။ ၿမိဳ႕တြင္း၌ မေကာင္းဆိုးဝါးမ်ားေပၚလာ၍ ျပည္သူအမ်ားကို သတ္ျဖတ္ေနေၾကာင္း သတင္းေရာက္ရွိလာသည္။

ဘုရင္မလည္း ခ်က္ခ်င္းပင္ ခ်ပ္ဝတ္လဲၿပီး စစ္ျပင္ဆင္ရန္ ထြက္သြားသည္။

က်န္ရစ္ခဲ့ေသာ ယုဂန္သည္ မူလအစီအစဥ္အရ နန္းေတာ္မွာ ေနခဲ့ရမည္ျဖစ္​၏။ အဘယ္ေၾကာင့္ဆိုေသာ္ ယုဂန္​၏ကမာၻဦးမ်က္ရွင္အစြမ္းကို မင္းေယာဇာတို႔က လိုလားေနသည္ျဖစ္ရာ ယုဂန္ကို ဖမ္းဆီးရန္ ႀကိဳးစားမည္စိုးေသာေၾကာင့္ျဖစ္သည္။

ယုဂန္ကိုသာ ေယာဇာရရွိသြားပါက ယုဂန္​၏ေသြးကိုအသုံးျပဳၿပီး တြင္းေပါက္ဖြင့္သြားႏိုင္ေခ်ရွိသည္။

ထိုအျခင္းအရာကို အ႐ုဏက ဘုရင္မဆီေပးသည့္သဝဏ္လႊာ၌ အျပည့္အစုံထည့္ေရးထားသည္။ ထိုအခ်က္ကို ဘုရင္မကလည္းသေဘာတူၿပီး ယုဂန္ကို လုံၿခဳံေရးအျပည့္ႏွင့္သိမ္းဝွက္ထားရန္ စီစဥ္ၿပီးျဖစ္သည္။

စစ္ျပင္ဆင္ရန္ ဘုရင္မထြက္သြားၿပီးေနာက္ ယုဂန္သည္ စိတ္ထဲမေကာင္းလွသျဖင့္ ေလတရႈိက္ရွဴရန္ နန္းေဆာင္အျပင္ဘက္သို႔ ဆင္းသည္။

ထိုတြင္ ေကာင္းကင္ေပၚမွ နဂါးတစ္ေကာင္ဟာ နန္းေတာ္ထဲ တဟုန္ထိုးပ်ံဆင္းလာၿပီး ယုဂန္ေရွ႕တည့္တည့္ ေျမကြက္လပ္မွာတင္ ရပ္နားေလသည္။ နဂါးေပၚတြင္ အမ်ိဳးသားႏွစ္ဦးပါလာ​၏။ ထိုသူတို႔က ပီယံ၊ အဏၰႏွင့္ ဧကတို႔မွလြဲၿပီး တျခားသူမျဖစ္ႏိုင္ပါေခ်။

" အစ္ကိုယုဂန္"

ေျမျပင္ေပၚ ေျခခ်ခ်ခ်င္း ပီယံက ေရးႀကီးသုတ္ပ်ာေခၚကာ နဂါးေပၚမွ ခုန္ဆင္းလာသည္။

ဧကဟာလည္း ပီယံႏွင့္အတူ အေနာက္က လိုက္ဆင္းၿပီး အဏၰက လူအသြင္ျပန္ေျပာင္းလိုက္​သည္။

နန္းေဆာင္ေဘးရွိ ရဲမက္မ်ားက သူစိမ္းဝင္လာသျဖင့္ လႈပ္လႈပ္ယြယြျဖစ္သြားၾကေသာ္လည္း ယုဂန္မွ လက္ကာျပသျဖင့္ ရဲမက္တို႔ ျပန္ၿငိမ္သြားၾကသည္။

" ပီယံ...အခ်ိန္မီပဲ။ ကိစၥေတြအကုန္အဆင္ေျပခဲ့ရဲ႕လား။ ေရဝတီေရာ..."

ေရဝတီ့ကိုမေတြ႕သျဖင့္ ယုဂန္ေမးလိုက္မိသည္။ ထိုအခါ ပီယံသည္ အလြန္အမင္းမ်က္ႏွာပ်က္ယြင္းသြားကာ ျဖဴေရာ္ေနေသာ ႏႈတ္ခမ္းတို႔ပင္ တုန္ခါသြားေလသည္။

တစ္ခုခုမွားယြင္းေနမွန္း ယုဂန္သိရွိလိုက္သည္။ ပီယံဟယာ မႀကဳံဖူးေလာက္ေအာင္ မ်က္ႏွာအေရာင္ကင္းမဲ့ေနၿပီး သူ​၏ႏႈတ္ခမ္းတို႔ဟာလည္း အလြန္အမင္းေျခာက္ေသြ႕၍ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနသည္။

ပီယံက အက္ကြဲတိုးလ်ေသာအသံျဖင့္

" သူ...."

ဟုေရ႐ြတ္သည္။ သို႔ေသာ္လည္း ဆက္မေျပာႏိုင္ဟန္ျဖင့္ အသံတို႔ တိုးဝင္သြားျပန္သည္။ ထို႔ေၾကာင့္ ခဏတာရပ္တန႔္ၿပီးမွ လက္သီးတို႔ကိုတင္းတင္းဆုပ္ရင္း ဆိုလာသည္။

" မ်က္တစ္လုံးရွင္လက္ခ်က္နဲ႔ သူ ဆုံးသြားပါၿပီ။ မ်က္တစ္လုံးရွင္ကိုေတာ့ အရွင့္သားအဏၰက သတ္ပစ္လိုက္ႏိုင္ပါတယ္"

သတင္းၾကားၾကားခ်င္းပင္ ယုဂန္သည္ သူ​၏ပါးစပ္ကို လက္ႏွစ္ဖက္ျဖင့္ အုပ္လိုက္မိ​၏။ ခဏတာေလးသာ ခင္မင္ခဲ့ရေသာ ဆက္ဆံေရးျဖစ္သည့္တိုင္ ေရဝတီ့​၏ေသဆုံးျခင္းက သူ​၏ဘဝအစိတ္အပိုင္းတစ္ခု ပဲ့ထြက္သြားသည့္ ခံစားခ်က္ပါပင္။ 

သူ႔ရင္ထဲတြင္ အလြန္အမင္း ဟာ,ထြက္သြားသည္။

" ဘုရားေရ...ေရဝတီရယ္...."

သူ ရင္နာလြန္းစြာ ေရ႐ြတ္လိုက္မိသည္။ တစ္ဆက္တည္းပင္ ပီယံသည္ သူ႔ထက္ အဆေပါင္းသိန္းသန္းခ်ီစြာ ခံစားေနရမည္ကို ကိုယ္ခ်င္းစာမိသည္။

သူ ပီယံ့ကို ဝမ္းနည္းစြာ ေငးၾကည့္မိခ်ိန္တြင္ ပီယံဟာ နာက်င္မႈကို အတင္းအက်ပ္ဖုံးကြယ္ထားၿပီး ထိုအစား

" အခုေလာေလာဆယ္ အေရးႀကီးစကားေျပာစရာရွိတယ္"

ဟု တာဝန္ေရွ႕တန္းတင္သည့္ စကားသာဆိုလာသည္။
ပီယံက သူယူလာေသာ အိတ္ထဲမွ ေပ႐ြက္တစ္႐ြက္ကို ထုတ္ကာ ယုဂန္ဆီ ကမ္းေပးသည္။

" ဒါ မ်က္တစ္လုံးရွင္ရဲ႕ ပိုင္ဆိုင္မႈပစၥည္းေတြကိုရွာေဖြတုန္း ေတြ႕လာတဲ့စာပါ။ မာရစ္မ်ိဳးႏြယ္ေရးသားထားတဲ့ အခ်ိန္ကူးသန္းေပါက္ဖြင့္နည္းေတြၾကား ပါဝင္တဲ့ေပ႐ြက္ပဲ။ အစ္ကို ဖတ္ၾကည့္မွျဖစ္မယ္"

ယုဂန္ ေပ႐ြက္ကိုယူၿပီး အသံထြက္ဖတ္ၾကည့္သည္။ ေပ႐ြက္ဟာ အလြန္တရာေဟာင္းႏြမ္းေနၿပီး စာလုံးမ်ားေတာင္ သိပ္မေပၚခ်င္ေတာ့ေပ။

"ယုဂန္ႏိုင္  ကူးသန္းေပါက္ဖြင့္မယ့္ေနရာကို သြားပါ။ သြားမွျဖစ္မယ္။ မင္းသြားမွ သက္ရွိအားလုံးကိုကယ္တင္ႏိုင္မယ္။ မင္းလြင္က ဘာကိုေျပာလဲဆိုတာ မင္းအသိဆုံးမဟုတ္လား။ မင္းလြင္က အရာအားလုံးကိုျပင္ဆင္ႏိုင္လိမ့္မယ္။ ဒီစာကို ေသခ်ာေပါက္ယုံၾကည္ၿပီး သြားမွျဖစ္မယ္"

ယုဂန္ အံ့ဩသလို တစ္ခ်ိန္တည္းမွာတင္ မ်က္ေမွာင္ၾကဳတ္မိသည္။ ဒီစာက လုံးဝ သူ႔ကို လက္ညႇိဳးထိုး ေျပာဆိုေနျခင္းပင္။

" ဒါ ဘယ္သူေရးထားတာလဲ"

" မာရစ္မ်ိဳးႏြယ္ပဲ။ လြန္ခဲ့တဲ့ အႏွစ္၇၀၀ တုန္းကေရးခဲ့တာ"

ယုဂန္ အလြန္တရာမအံ့ဩဘဲ မေနႏိုင္ေတာ့ေခ်။

" ဒီမွာ ငါ့နာမည္အတိအက်ႀကီးပါေနတယ္"

" အဲ့တာေၾကာင့္ပဲ အစ္ကို႔ဆီယူလာတာ"

ယုဂန္ စိတ္ရႈပ္ေထြးသြားသည္။ လြန္ခဲ့ေသာအႏွစ္၇၀၀ေက်ာ္ က စာတြင္ သူ​၏နာမည္အျပင္ ဒီေန႔အတြက္ သူ႔ကိုစစ္ေျမျပင္ဆီသြားဖို႔ တိုက္တြန္းသည့္စာမ်ားလည္း ပါဝင္ေနသည္။ ဤသည္က ဘယ္လိုေတြးေတြး၊ ထူးျခားဆန္းၾကယ္မႈႀကီးျဖစ္သည္။

" မင္းလြင္ကဘာလဲ။ မင္းလြင္ကို အစ္ကိုသိတယ္လို႔ ဒီစာထဲမွာ ေရးထားတယ္"

ပီယံဟာ ယုဂန္ကို စူးစိုက္ၾကည့္ရင္းေမး​၏။ ယုဂန္ လိမ္ညာလိုက္၍ ရေသာ္လည္း ဒီအခ်ိန္တြင္ ပီယံ့အား လိမ္ညာလိုစိတ္ မရွိေနေခ်။  ထို႔ေၾကာင့္ သူဟာ အရွင္းဆုံးျဖစ္မည့္ အေျဖကိုသာေပးလိုက္သည္။

" မင္းလြင္က...ငါ့နာမည္...ငါ့အရင္နာမည္...."

" ဒါဆို အစ္ကိုက စၾကဝဠာတြင္းေပါက္ကို ပိတ္ဆို႔ႏိုင္မယ့္ ကဗ်ာရဲ႕ အေျဖေပါ့။ ဘာလို႔အစကတည္းက မေျပာခဲ့တာလဲ"

" ငါ့မွာလည္း အေၾကာင္းျပခ်က္နဲ႔ ငါရွိတယ္။ ဒါေပမဲ့ မင္းငါ့ကိုေတာ့ ယုံမွျဖစ္မယ္"

" ကြၽန္ုပ္ အစ္ကို႔ကိုယုံပါတယ္။ အစ္ကိုသာ ေ႐ြးပါ။ အခုစာထဲကအတိုင္းလုပ္မွာလား၊ ဒီမွာဆက္ေနမွာလား"

ယုဂန္ ေပ႐ြက္ဆီ ငုံ႔ၾကည့္မိသည္။ ထို႔ေနာက္ သူလြယ္ထားေသာအိတ္ထဲ အၿမဲေဆာင္ထားသည့္ ေသနတ္ကို အိတ္အေပၚထပ္၍ စမ္းၾကည့္မိသည္။

အႏွစ္၇၀၀ ေက်ာ္က မာရစ္မ်ိဳးႏြယ္တြင္ ေကာင္းေသာရည္႐ြယ္ခ်က္ႏွင့္ဆိုးေသာရည္႐ြယ္ခ်က္ၾကား မည္သို႔ေသာရည္႐ြယ္ခ်က္ရွိေနသည္ကို ခန႔္မွန္းရခက္လြန္းလွသည္။

********************************

လက္ရွိအခ်ိန္တြင္ ၿမိဳ႕ေတာ္တြင္းဝယ္ ပန္သွ်ားစစ္တပ္ ပါဝင္လာျခင္းေၾကာင့္ မေကာင္းဆိုးဝါးမ်ား​၏သတ္ျဖတ္ျခင္းကို ပိုမိုတားဆီးလာႏိုင္ၿပီး ျပည္သူမ်ားကိုလည္း ေဘးကင္းရာသို႔ ရသေလာက္ ေ႐ႊ႕ေျပာင္းေပးႏိုင္လာသည္။

သုဒီပါႏွင့္ နႏၵသည္ ပန္သွ်ားစစ္တပ္ေရာက္လာသည္ကိုျမင္သည္ႏွင့္ စစ္တပ္ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ၾကသည္။ သူတို႔ႏွစ္ဦး​၏တာဝန္မွာမူ မေကာင္းဆိုးဝါးမ်ားကို ရသေလာက္ရွင္းပစ္ရန္သာျဖစ္သည္။

သုဒီပါသည္ မေကာင္းဆိုးဝါးတစ္ေကာင္ကို အလယ္မွ ဓားျဖင့္ပိုင္းခ်လိုက္​၏။ ထိုအခ်ိန္တြင္ သူသည္ ေဘးရွိ အိမ္တစ္အိမ္​၏ေခါင္မိုးအေပၚမွ ေျပးဆင္းသြားေသာ လူတစ္ဦးကို မ်က္လုံးေထာင့္စြန္းတစ္ေနရာမွ လွမ္းျမင္လိုက္ရသည္။

တစ္ဆက္တည္းပင္ နႏၵဆီမွ

" အဲ့တာ ၿမိဳ႕စား႐ြဲလား"

ဟူေသာ ေမးသံၾကားရသည္။ သုဒီပါ ခ်က္ခ်င္းပင္ ထိုဘက္ကို လွည့္ၾကည့္သည္။

" ဘယ္မွာလဲ အဲ့ေကာင္! ဘယ္မွာလဲ"

" ဟိုမွာ"

နႏၵ လက္ညႇိဳးထိုးျပသည့္ေနရာတြင္ ၿမိဳ႕စား႐ြဲက အိမ္တစ္အိမ္​၏ေခါင္မိုးေပၚမွ တျခားလမ္းဘက္သို႔ ခုန္ခ်သြားသည္ကို ေတြ႕ရသည္။

သုဒီပါဟာ အံႀကိတ္လိုက္သျဖင့္ သူ​၏ေတာင့္တင္းေသာေမး႐ိုးတို႔ပင္ လႈပ္ခါသြားေလသည္။

သူ​၏ေခါင္းထဲတြင္ လြန္ခဲ့ေသာ ငါးေျခာက္ႏွစ္ခန႔္က ၿမိဳ႕စား႐ြဲေၾကာင့္ ေသဆုံးခဲ့ရသည့္ သူ​၏မိတ္ေဆြပုံရိပ္ ထင္းခနဲေပၚလြင္လာသည္။ ထို႔ေနာက္ အဆိုပါမိတ္ေဆြ​၏ ဇနီး၊ အဆိုပါမိတ္ေဆြ​၏သမီး၊ အရာအားလုံးက သူ​၏ေဒါသမ်ားကို ဦး​ထိပ္ထိတက္ေအာင္ ပြက္ပြက္ဆူလာေစသည္။

" ဒီညအတြင္း အဲ့ေကာင္ကို မသတ္ႏိုင္ရင္ ငါ့ကိုယ္ငါ လူလို႔မေခၚေတာ့ဘူး"

မာထန္ေသာ ေႂကြးေၾကာ္သံႏွင့္အတူ သုဒီပါေျပးထြက္သြားသည္။ အေနာက္တြင္က်န္ခဲ့သည့္ နႏၵထံမွ

" အစ္ကိုေတာ္...."

ဟုေခၚေသာ အသံကိုပင္ သူ,မၾကားလိုက္ပါေခ်။

သုဒီပါဟာ ၿမိဳ႕စား႐ြဲထြက္သြားသည့္ေနာက္သို႔ အလ်င္အျမန္ေျပးလိုက္သြားသည္။ တစ္ဖက္လမ္းတြင္ ၿမိဳ႕စား႐ြဲက ပန္သွ်ားစစ္တပ္​၏ ျဖန႔္က်က္ထားပုံကို စနည္းနာေနသည္။

သုဒီပါ မဆိုင္းမတြပင္ ၿမိဳ႕စား႐ြဲရွိရာဆီေျပးသြားကာ ဓားျဖင့္ထိုးရန္ ႀကိဳးစားသည္။

ၿမိဳ႕စား႐ြဲသည္ အစက သုဒီပါကို ေက်ာေပးထားျခင္းျဖစ္​၏။ သို႔ေသာ္လည္း သူ​၏စစ္သည္ဆန္ေသာ သတိရွိသည့္အာ႐ုံေၾကာင့္ အေနာက္သို႔ တစ္စုံတစ္ေယာက္ေျပးဝင္လာမွန္း သိရွိလိုက္သည္။

ထို႔ေၾကာင့္ သုဒီပါ​၏ဓားႏွင့္ မထိုးမိခင္မွာတင္ အေရွ႕သို႔ခ်ာခနဲလွည့္လိုက္ၿပီး မိမိ​၏ဓားကိုထုတ္ကာ သုဒီပါ​၏ဓားကို ကာရံလိုက္သည္။

ဓားခ်င္းထိသံသည္ ခြၽမ္ခနဲ အသံျမည္ထြက္သြား​၏။

တည့္တည့္ျမင္ေတြ႕လိုက္ရေသာ ၿမိဳ႕စား႐ြဲ​၏မ်က္ႏွာက သုဒီပါကို ပိုမိုကာ ေဒါသေတာက္ေလာင္ေစလာသည္။

သုဒီပါဟာ မည္သို႔ေသာတုံ႔ဆိုင္းမႈမ်ိဳးမွ မရွိဘဲ ၿမိဳ႕စား႐ြဲကို ျပင္းျပင္းထန္ထန္တိုက္ခိုက္ေတာ့သည္။

ၿမိဳ႕စား႐ြဲသည္ စစ္သည္တစ္ဦးျဖစ္ေသာ္ျငား သုဒီပါကဲ့သို႔ စစ္ပြဲအလီလီအေတြ႕အႀကဳံရွိၿပီး တိုက္ရည္ခိုက္ရည္ျပည့္ဝလြန္းေသာ သူရဲေကာင္းကိုမူ ယွဥ္ၿပိဳင္တိုက္ခိုက္ႏိုင္စြမ္းမရွိပါေခ်။  အထူးသျဖင့္ လက္စားေခ်ရန္ စိတ္အားထက္သန္ေနေသာ သုဒီပါကို တားဆီိးရန္နည္းလမ္းမရွိေတာ့ပါေခ်။

ထို႔ေၾကာင့္ ခဏေလးအတြင္း ၿမိဳ႕စား႐ြဲ သိသိသာသာရႈံးနိမ့္လာသည္။

သုဒီပါသည္ ၿမိဳ႕စား႐ြဲ​၏ရင္ဝကို ေျချဖင့္ေဆာင့္ကန္လိုက္သည္မို႔ ၿမိဳ႕စား႐ြဲ ေျမေပၚလဲက်သြားသည္။

ၿမိဳ႕စား႐ြဲ​၏ဓားဟာ လက္ထဲမွလြတ္ထြက္သြား​၏။ သူဓားကို လွမ္းမယူႏိုင္ေသးခင္တြင္ သုဒီပါက ဓားကို အေဝးေရာက္ေအာင္ ကန္ထုတ္လိုက္ၿပီး ၿမိဳ႕စား႐ြဲ​၏လက္ဖဝါးတည့္တည့္အား ဓားျဖင့္ စိုက္ခ်လိုက္သည္။

ဓားက လက္ဖဝါးကို ထုတ္ခ်င္းေပါက္သြားၿပီး ေျမႀကီးထဲစိုက္ဝင္သြားသည္။

ၿမိဳ႕စား႐ြဲထံ နာက်င္လြန္းစြာ ေအာ္သည္။ ဓားစိုက္ဝင္သြားေသာ သူ​၏လက္က လႈပ္မရေတာ့ဘဲ ေသြးမ်ားသာ အေျမာက္အျမား စိမ့္ထြက္ေနသည္။

" သူေသသလို မင္းလည္းေသရမယ္"

ခံစားခ်က္မပါဝင္ေသာ တိုးရွရွေရ႐ြတ္သံက သုဒီပါ​၏ ၾကမ္းခက္ေသာအၾကည့္မ်ားႏွင့္ တြဲစပ္ေသာ္ ေသမင္းတမန္အလား ထင္မွတ္ရသည္။

သုဒီပါသည္ ေဘးနားရွိ အေဆာက္အအုံတစ္ခုမွ ျပဳတ္ထြက္လာသည္ထင္ရေသာ အုတ္ခ်ပ္တစ္ခုအား ေကာက္ယူ​၏။ ထိုအုပ္ခ်ပ္က ေက်ာက္တုံးႀကီးတစ္တုံးစာမွ် ႀကီးမားၿပီး အေလးခ်ိန္လည္း အေတာ္စီးသည္။

သုဒီပါသည္ ၿမိဳ႕စား႐ြဲ​၏ေခါင္းကို ထိုအုတ္ခ်ပ္ျဖင့္ ထုခ်လိုက္သည္။

သူ​၏မိတ္ေဆြဟာလည္း ေက်ာက္တုံးပိ၍ ျပားျပားေၾကကာ ေသခဲ့ရသည္မို႔ ဤသည္က ဆင္တူေသာေသဆုံးျခင္းသာျဖစ္သည္။

အုတ္​၏အေလးခ်ိန္အပါအဝင္ သုဒီပါ​၏အားျဖင့္ သုံးခ်က္မွ် ထုၿပီးခ်ိန္တြင္ ၿမိဳ႕စား႐ြဲ​၏ဦးေခါင္းမွာ အစိတ္စိတ္အမႊာမႊာ ကြဲေၾကၿပီး ဦးေႏွာက္အစအနမ်ားဟာ ေျမျပင္တစ္ေယာက္ ျပန႔္က်ဲသြားသည္။

သုဒီပါ အုတ္ခ်ပ္ကို လႊတ္ခ်လိုက္​၏။

သူ​၏စိတ္ထဲတြင္ အခ်ိန္အတန္ၾကာေလးလံေနေသာ ဝန္ထုပ္ႀကီးအား လႊတ္ခ်လိုက္ရသျဖင့္ လစ္ဟာေသာခံစားခ်က္တစ္ခုသာ က်န္ရစ္ေလသည္။

သူ စိုက္ထားေသာ ဓားကို ဆြဲႏႈတ္လိုက္​၏။ ဓားထိပ္တြင္ ေပက်ံေနေသာ ေသြးမ်ားအား လူ႐ုပ္ပင္မေပၚေတာ့ေအာင္ ေသဆုံးေနသည့္ ၿမိဳ႕စား႐ြဲ​၏အက်ႌျဖင့္ သုတ္လိုက္သည္။

႐ုတ္တရက္ သုဒီပါ​၏ ေျခေအာက္မွ ေျမႀကီးဟာ တုန္ခါသြားသည္။ ထို႔အတူ သားရဲေကာင္​၏ေအာ္သံပမာ စိတ္မခ်မ္းေျမ့စရာ ဆြဲငင္ၿပီး က်ယ္ေလာင္ေသာ အသံတစ္သံကိုၾကားလိုက္ရသည္။

သုဒီပါ အသံလာရာဆီလွမ္းၾကည့္သည္။

ထိုအခါ သူသည္ ေကာင္းကင္ထိလုမတတ္ ျမင့္မားေသာ အုပ္ေဆာင္းပမာ ေသြးေရာင္စက္ခုံးတစ္ခုကို ေတြ႕ျမင္ရေလသည္။ ထိုစက္ခုံးသည္ ေသြးေရာင္ဆိုေသာ္ျငား အတြင္းကို ေဖာက္ထြင္းၿပီးျမင္ရ​၏။

ထို႔အျပင္ ယင္းစက္ခုံး​၏တည္ေနရာမွာ ၿမိဳ႕လယ္ေခါင္တည့္တည့္သာျဖစ္သည္။

ပုံစံအရ ဒါဟာ ေမွာ္နက္က်ိန္စာမွလြဲ၍ တျခားအရာမျဖစ္ႏိုင္ပါေခ်။

******************************

ယုဂန္ နန္းေတာ္တြင္းမွ ထြက္ခဲ့သည္။

သူဟာ စစ္ေျမျပင္ထဲသို႔ ပီယံ၊ အဏၰ၊ ဧကတို႔ႏွင့္အတူတူ ထြက္လာခဲ့သည့္တိုင္ မထင္မွတ္ဘဲ တစ္ဦးတည္း လူစုကြဲသြားသည္။

ယုဂန္သည္ မေကာင္းဆိုးဝါးမ်ားကို တတ္ႏိုင္သမွ်ေရွာင္ရင္း အ႐ုဏျဖစ္ျဖစ္၊ အဏၰျဖစ္ျဖစ္ တစ္ဦးဦးကိုရွာေတြ႕ႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ လွည့္လည္သြားလာေနခဲ့သည္။ မာရစ္မ်ိဳးႏြယ္​၏ အႏွစ္၇၀၀ စာအရ သူဟာ စစ္ေျမျပင္အတြင္း ကံၾကမၼာအလွည့္အေျပာင္းတစ္ခုခုႏွင့္ ႀကဳံကိုႀကဳံရမည္။

သူဟာ မည္သို႔မ်ား လူေပါင္းမ်ားစြာကို ကယ္တိုင္ႏိုင္မည္ကိုလည္း သိခ်င္လြန္းလွသည္။

ယုဂန္သည္ ထိုသို႔သြားလာေနရင္း ႐ုတ္တရက္

" ယုဂန္..."

ဟုေသာ ေအာ္ေခၚသံကို ၾကားလိုက္ရသည္။

ထိုအသံဟာ ေမာင့္​၏အသံျဖစ္သည္မို႔ ယုဂန္ ဝမ္းပန္းတသာျဖစ္သြားသည္။ ထို႔ေၾကာင့္ သူ အေနာက္သို႔ လွည့္ၾကည့္လိုက္ခ်င္းခ်င္းပင္ အ႐ုဏဆီသို႔ တဟုန္ထိုး ေျပးသြားသည္။

" ေမာင္ ကြၽန္ေတာ္တို႔ မင္းေယာဇာကို လိုက္ရွာမွရမယ္။ သူအခ်ိန္ဆြဲေနတာ။ တြင္းေပါက္ဖြင့္ဖို႔ အသင့္ေတာ္ဆုံးအခ်ိန္မေရာက္ခင္အထိ သူေပၚလာမွာမဟုတ္ဘူး"

အ႐ုဏက ယုဂန္ကို ခဏတာစိုက္ၾကည့္ၿပီးေနာက္ ေဝခြဲမရသည့္ဟန္ျဖစ္သြားသည္။

" ဒါေပမဲ့ ဘယ္မင္းေယာဇာကိုရွာမွာလဲ။ အတိတ္ဘဝက မင္းေယာဇာ၊ လက္ရွိဘဝကမင္းေယာဇာ...ဘယ္သူကပိုၿပီးအဓိကက်လဲဆိုတာ...."

" ကြၽန္ေတာ္ေတာ့ အရင္ဘဝက မင္းေယာဇာက လက္ရွိမင္းေယာဇာကို ထိန္းခ်ဳပ္ေနတယ္လို႔ထင္တယ္။ ကြၽန္ေတာ္ေတြ႕ခဲ့ရတယ္...သူက...."

ယုဂန္​၏စကားမဆုံးခင္တြင္ က်ယ္ေလာင္ေသာ အသံတစ္ခုၾကားလိုက္သည္မို႔  ဆတ္ခနဲလွည့္ၾကည့္လိုက္မိသည္။

ထိုအခါ ညဘက္ေကာင္းကင္ယံတြင္ ၾကယ္မ်ားေပ်ာက္လ်က္ ထိုအစား ေသြးေရာင္လႊမ္းလာသည္ကိုသာ ေတြ႕ျမင္ရသည္။  ယုဂန္ စိုးရိမ္မိသြားသည္။

" ဘာျဖစ္တာလဲ"

" အသူရာနတ္ေတြ စစ္ပြဲထဲပါလာတာေလ"

ယုဂန္ မ်က္ေမွာင္ၾကဳတ္မိသြားသည္။ သူစိတ္ထဲသံသယျဖစ္သြားသျဖင့္ အ႐ုဏဘက္သို႔ ျပန္လွည့္လာသည္။

" ေမာင္ ဘယ္လိုသိ...."

ယုဂန္စကားမဆုံးခင္မွာတင္ မိမိေရွ႕တည့္တည့္ရွိ အ႐ုဏ​၏ပုံရိပ္မွာ အေရကြာက်သြားလ်က္ ထိုေနရာတြင္ မင္းေယာဇာသာ ရွိေလသည္။

ယုဂန္ ေမ့ေလ်ာ့ခဲ့သည္ပင္။ အတိတ္ဘဝက မင္းေယာဇာက ႐ုပ္ေျပာင္း႐ုပ္လႊဲအတတ္၌ အလြန္တရာကြၽမ္းက်င္သည့္ ေမွာ္နက္ပညာရွင္တစ္ဦး ျဖစ္ေနေလၿပီ။

မင္းေယာဇာက ပါးခ်ိဳင့္မ်ားနစ္ဝင္သည္အထိ ၿပဳံးသည္။ ထို႔ေနာက္ သူက ေလွာင္ေျပာင္သေရာ္ဟန္ျဖင့္ဆို​၏။

" မင္းေယာဇာကို ရွာေတြ႕သြားၿပီပဲ"

************************

မေမွ်ာ္လင့္ထားျခင္းမဟုတ္ေသာ္လည္း မထင္မွတ္ထားေသာ အေျခအေနတစ္ခု ျဖစ္ေပၚလာသည္။

ဤသည္မွာ အသူရာနတ္မ်ားပါ စစ္ပြဲထဲ ပါဝင္လာျခင္းပင္။

ကိဏီသည္ နရတ္၊ ပန္သွ်ားဘုရင္မတို႔ႏွင့္ တစ္ဖက္စီးတိုက္ခိုက္ရင္း အေရးမသာျဖစ္ေနသည့္အခ်ိန္မွာပင္ အသူရာနတ္အုပ္စု အခ်ိန္မီေရာက္လာသည္။ ကိဏီဘက္မွ ဝင္ေရာက္ကူညီတိုက္ခိုက္ေပးသျဖင့္ တိုက္ပြဲအေျခအေနက ေျပာင္းျပန္ျဖစ္သြားျပန္သည္။

အခ်ိန္မွာ ညသန္းေခါင္ယံသို႔ နီးကပ္လာၿပီျဖစ္သည္။

ေသြးေရာင္လႊမ္းေသာလက မိုးေကာင္းကင္ဝယ္ အနီေရာင္အေငြ႕အသက္မ်ားကို ထုတ္လႊတ္ေနသည္။

အ႐ုဏသည္ အသူရာနတ္မ်ားႏွင့္ပါ ပါဝင္တိုက္ခိုက္ရ​၏။ ယင္းအခ်ိန္တြင္ ခ႐ုသင္းမႈတ္သံကဲ့သို႔ အသံတစ္သံထြက္ေပၚလာကာ ထိုအသံကိုၾကားသည္ႏွင့္ ကိဏီသည္လည္းေကာင္း၊ အသူရာနတ္မ်ားသည္လည္းေကာင္း မိမိတို႔ေရာက္ရာေနရာမွ အျမန္ေရွာင္ထြက္ကာ လူအေသအေလာင္းမ်ား ေတာင္ႏွယ္စုၿပဳံေနေသာ ေနရာနားတစ္ဝိုက္သို႔ အလ်င္အျမန္သြားၾကသည္။

မၾကာခင္ပင္ အေလာင္းမ်ားစုၿပဳံေနေသာေနရာတစ္ဝိုက္တြင္ နတ္ဆိုးမ်ား ဝန္းရံ၍ ေသြးေရာင္စက္ခုံးတစ္ခုေပၚလာၿပီး အုပ္ေဆာင္းႏွယ္ ဖုံးအုပ္သြားသည္။

အ႐ုဏသည္ သူတို႔ေနာက္ေျပးလိုက္လာရင္း ထိုေနရာသို႔ ေရာက္ရွိလာ​၏။

ထိုအခါ သစ္ပင္တစ္ပင္စာျမင့္ေသာ လူေသအေလာင္းပုံ​၏ထိပ္တြင္ မင္းေယာဇာထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ​၏ေဘးတြင္မူ ကိဏီ အဆင္သင့္ေရာက္ရွိေနေလၿပီ။

အ႐ုဏ စက္ခုံးထဲဝင္ရန္ ႀကိဳးစားသည္။ သို႔ရာတြင္ စက္ခုံးက အကာအရံတစ္ခု ျဖစ္ေနၿပီျဖစ္ရာ အျပင္လူမ်ား အထဲဝင္၍ မရေခ်။

လည္ပင္နားဝဲေနေသာ ဆံပင္ရွည္မ်ားရွိသည့္ မင္းေယာဇာက က်ယ္ေလာင္စြာ ေအာ္ရယ္၍ အသံနက္ႀကီးျဖင့္ဆိုသည္။

"ေနာက္ဆုံးေတာ့ ငါတို႔ရဲ႕အခ်ိန္ က်ေရာက္လာၿပီ"

သန္းေခါင္ယံသို႔ ေရာက္ရွိေနၿပီျဖစ္သည္။

အေလာင္းပုံႀကီး​၏ေနာက္ကြယ္မွ အနက္ေရာင္အေငြ႕သဏၭာန္ႀကိဳးမွ်င္မ်ားျဖင့္ ခ်ဳပ္ေႏွာင္ျခင္းခံထားရေသာ လူတစ္ဦးဟာ အနက္ေရာင္ႀကိဳးမ်ား​၏ဆြဲေခၚမႈေၾကာင့္ ေလေပၚသို႔ ျမင့္တက္လာသည္။

ယင္းျမင္ကြင္းက အ႐ုဏ​၏ဦးေရျပားမ်ားကို ကြဲေၾကမတတ္က်ိန္းစက္သြားေစသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုလူက ယုဂန္ႏိုင္ ျဖစ္ေနေသာေၾကာင့္ပင္။

"ယုဂန္"

အ႐ုဏ စိုးရိမ္တႀကီးေအာ္ေခၚမိကာ ခ်က္ခ်င္းပင္ ဘီလူးအသြင္ေျပာင္း၍ အကာအရံကို လက္သီးျဖင့္ဆက္တိုက္ထိုးသည္။

သို႔ရာတြင္ အကာအရံဟာ နည္းနည္းေလးေတာင္ မထိခိုက္သြားဘဲ မင္းေယာဇာ​၏ အားရေက်နပ္ေနေသာ အၿပဳံးကသာ ပို၍ပို၍ႀကီးမားလာသည္။

" ယုဂန္ႏိုင္၊ မင္းေယာက္်ားမင္းကိုေခၚေနတယ္ ထ,လိုက္ပါဦး"

မင္းေယာဇာက ေျပာေျပာဆိုဆိုႏွင့္လက္ေဖ်ာက္တစ္ဖက္တီးလိုက္သည္။

ထိုအခါ သတိေမ့ေနေသာယုဂန္ ေငါက္ခနဲေခါင္းေထာင္လာ​၏။ လက္ရွိအခ်ိန္တြင္ သူဟာ လက္ႏွစ္ဖက္၊ ေျခႏွစ္ဖက္တို႔ ေမွာ္ႀကိဳးျဖင့္အတုပ္ေႏွာင္ခံထားရၿပီး ေလေပၚမွာ ခ်ိတ္ဆြဲခံထားရသည္။ သူလႈပ္ရွား၍မရေခ်။ ႀကိဳးမ်ားက အလြန္အမင္းခိုင္မာလြန္းသည္။ ေမွာ္အစြမ္းလည္း မထုတ္သုံးႏိုင္ေခ်။

ယုဂန္သည္ အကာအရံျပင္ပမွ အ႐ုဏႏွင့္ က်န္ေသာသူမ်ားေရာက္ရွိလာသည္ကို ေတြ႕ျမင္ေနရသည္။ ထို႔အျပင္ အကာအရံကိုထိန္းထားေသာ အသူရာနတ္မ်ားႏွင့္ အေလာင္းပုံႀကီးေပၚမွ မင္းေယာဇာကို မေကာင္းဆိုးဝါးပမာ ျမင္ေတြ႕ေနရသည္။

အ႐ုဏက သူ႔အတြက္ အလြန္တရာစိုးရိမ္ပူပန္ေနသည္။ သူက လက္ထိပ္မွ ေသြးမ်ားက်သည့္တိုင္ မရပ္နားဘဲ အကာအရံကို ခ်ိဳးဖ်က္ႏိုင္ရန္ ႀကိဳးပမ္းေနသည္။

တစ္ဖက္တြင္ အကာအရံျပင္ပ၌ ရွိေနေသာ အဏၰက ခက္ထန္လြန္းစြာ ဟိန္းေဟာက္သည္။

" မင္းတို႔ တြင္းေပါက္ဖြင့္ဖို႔ႀကိဳးစားလည္း အလကားပဲ။ မ်က္တစ္လုံးရွင္ကို တာဝန္ေပးထားတဲ့ အစီအရင္ေနရာ မၿပီးေျမာက္လိုက္ဘူး။ ေနာက္ၿပီး မ်က္တစ္လုံးရွင္လည္းေသၿပီ။ မင္းတို႔ ဒီေနရာမွာ တြင္းေပါက္ဖြင့္လည္း ေအာင္ျမင္မွာမဟုတ္ေတာ့ဘူး"

မင္းေယာဇာက ဂ႐ုမစိုက္သည့္ႏွယ္ ခပ္ေဖ်ာ့ေဖ်ာ့သာၿပဳံးသည္။

" အဲ့လိုထင္စရာေတာ့ရွိတာေပါ့။ ဒါေပမဲ့ ကြၽန္ုပ္အခု ရထားတဲ့လူက ဘယ္သူမို႔လို႔လဲ"

မင္းေယာဇာက ထိုသို႔ဆိုရင္း သူ​၏လက္ကိုလႈပ္ရွားလိုက္သည္။ ထိုအခါ ခ်ည္ေႏွာင္ျခင္းခံထားရေသာ ယုဂန္က သူ႔အနားသို႔ ေ႐ြ႕လာသည္။

" ႀကီးျမတ္တဲ့လူသား ယုဂန္ႏိုင္....ကမာၻဦးမ်က္ရွင္ရဲ႕သခင္....သူ႔ေသြးနဲ႔သာဆိုရင္ အရာအားလုံးျဖစ္ႏိုင္သြားလိမ့္မယ္"

စကားဆုံးဆုံးခ်င္းပင္ မင္းေယာဇာ​၏လက္ထဲသို႔ ကိဏီက အနက္ေရာင္မီးမ်ား တၿငီးၿငီးေတာက္ေလာင္ေနေသာ ဓားတစ္ေခ်ာင္းထည့္ေပးကာ မင္းေယာဇာသည္ ထိုဓားကိုသုံး၍ ယုဂန္​၏ ေျခေထာက္ဆီ အားအျပည့္ႏွင့္ လႊဲခုတ္လိုက္သည္။

" အား....."

ယုဂန္​၏ က်ယ္ေလာင္လြန္းေသာ ေအာ္ဟစ္သံတြင္ နာက်င္မႈမ်ား အဆမတန္ပါဝင္ေနသည္။

ဓားက ညာဘက္ေျခေထာက္​၏ ဒူးအထက္ေနရာအား နက္နက္ရႈိင္းရႈိင္း နစ္ဝင္သြားသည္။

ယင္းသည္ အ႐ိုးကိုပင္ျဖတ္၍ တည္းတည္းေလးက်န္ေတာ့သည္အထိ ျပတ္ထြက္သြားျခင္းျဖစ္​၏။

အသက္ေသေစႏိုင္သည့္အထိ မဟုတ္သည့္တိုင္ ျပန္ေကာင္းရန္ မျဖစ္ႏိုင္ေတာ့ေသာ ျဖတ္ေတာက္ျခင္းသာျဖစ္သည္။

ယုဂန္​၏ျပတ္ထြက္ခါနီးေျခေထာက္မွ ေသြးမ်ားစြာ လွ်ံက်လာသည္။

ယုဂန္​၏ေအာ္ဟစ္သံႏွင့္ နာက်င္မႈေၾကာင့္ က်ဆင္းလာသည့္ မ်က္ရည္မ်ားက အ႐ုဏကို ႐ူးသြပ္သြားေစရန္ပင္ လုံေလာက္ေနၿပီျဖစ္သည္။

**************************

A/N

ဝင္ေလထြက္ေလ ရွဴၾကပါ စာဖတ္သူတို႔ xD
final မို႔လို႔ ေသၿပီး ဇာတ္လည္းနာၾကဦးမွာပါ။

ဒါမဲ့ ဘယ္သူ႔မွ ဒုကၡိတျဖစ္သြားမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ HE ပါ xD

26.1.2024
(Friday)

Continue Reading

You'll Also Like

10.9K 1.1K 8
1940 ခုနှစ် Own Creation Cv by Pinterest
772K 62.6K 32
ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။
347K 24.3K 26
ႏွလံုးသားနယ္ေျမမွလိႈက္လွဲစြာႀကိဳဆိုပါ၏။ နှလုံးသားနယ်မြေမှလှိုက်လှဲစွာကြိုဆိုပါ၏။ For birthday girl♥
10.1K 676 3
FBပေါ်တင်ထားတဲ့ ဝတ္ထုတိုတွေ၊စာစုရှည်တွေကို ဒီမှါအကုန်ပေါင်းတင်ပေးပါမယ် #poe_nyo🐌