" သဘက်ခါ ရှင့်အစ်ကိုသြဇီကနေပြန်ရောက်ပြီမလား ကိုကျော်မြင့်သူ"
"ဟုတ်တယ်"
" အဘိုးကြီးက အဲဒါကြောင့်ပေါ့ ထုံးစံအတိုင်း ရှင့်ကိုနေရာမပေးချင်လို့
ရုံးချုပ်မှာ ရှယ်ယာရှင်အစည်းအဝေး
ရှိတိုင်းတစ်နေရာကို ပထုတ်ပြန်ပြီ။အဲ့ဒီ
ကွက်သစ်တွေအရောင်းအဝယ်ဖြစ်ဖို့ လောက်ကတော့ ရှင့်လက်အောက်က
လူကို လွှတ်လိုက်လည်းရတယ်။
ဉာဏ်များလိုက်တဲ့ မျက်နှာနှစ်ဖက်နဲ့
အဘိုးကြီး ကျွန်မဒီတစ်သက်မကျေဘူး
အမေလည်း အရမ်းဒေါသထွက်နေတယ်"
ဆန်းဆက် ဧည့်ခန်းထဲဝင်လာတဲ့
အချိန် ဦးကျော်မြင့်သူက သူ့သားကို
ကြည့်ပြီး မျက်နှာပျက်လျက်
ဒေါ်စိုးယုမော်ကတော့ ဒေါသဖြစ်နေသည်မှာအသိသာ။
ဆနိးဆက် ဒေါ်စိုးယုမော်ဘေးမှာ
ဝင်ထိုင်လိုက်သည်။
"အဖေနဲ့အစ်ကိုက သူတို့အလုပ်သူ
တို့လုပ်နေကြတာ သူတို့ခိုင်းတဲ့အတိုင်း
တစ်သွေမတိုင်း လိုက်နာရမှာကငါ့တာဝန်ပဲ"
" ရှင့်ကိုအဲ့လိုမျိုး ခိုင်းလို့ကောင်းနေ
လို့ ကိုခိုင်းဖက်လိုလုပ်နေကြတာ။
အောက်ခြေသိမ်းကနေအစစအရာရာ
လိုက်လုပ်ပေးရတာကရှင် အပေါ်စီး
ကနေ နေရာယူနေကြတာက သူတို့။
ဒါလား အဘိုးကြီးပြောနေကြ မင်းက
ငါ့ရဲ့ သားအရင်းလိုပါပဲဆိုတဲ့စကား။
ရှင့်ကိုမွေးစားသားအမည်ပေးပြီး
ပျိုးထောင်ခဲ့တာကလည်း သူ့သား
အတွက် ဒိုင်းကာလုပ်မလို့"
"သားရှေ့မှာ စကားကိုဆင်ခြင်ပြော
ကိုယ့်အဘိုးကိုယ်ပြန်မုန်းရအောင်
မလုပ်နဲ့လို့ ငါဘယ်နှခါပြောရမလဲယုမော်"
" တကယ်ဆိုရှင်က သူ့အစ်မရဲ့သား
သူ့အစ်မသာ မဆုံးပါးသွားပဲ မျိုးရိုး
စဥ်ဆက်အမွေတွေသာသူ တယောက်
တည်းအပိုင်စီးမရခဲ့ရင် အဘိုးကြီး ဒီလောက်အထိ ကြီးပွားလာစရာ အ
ကြောင်းကိုမရှိဘူး။ ရှင့်ကိုစောင့်ရှောက်
ခဲ့ရသလိုနဲ့ တကယ်တော့ ရှင်ရသင့်ရ
ထိုက်တာတွေကိုအဘိုးကြီးကသူ့သားအတွက် လက်ဝါးကြီးအုပ်ခဲ့တာ"
"အမေ"
သူ့အဖေ မျက်နှာမကောင်းတာကို
မြင်တော့ ဆန်းဆက် ဒေါ်စိုးယုမော်ကို
အကြည့်နဲ့ ဆက်မပြောဖို့တားလိုက်ပေးမယ့်။
"မြင်လား သား မင်းအဖေ ဘယ်လို
တောင် အဲဒီမိသားစု ဆီမှာကျွန်ခံ
နေခဲ့ရလည်းဆိုတာ။အဘိုးကြီးက
ပါးစပ်ကသာသူ့ရဲ့ မိသားစု
သူ့မှာ သားနှစ်ယောက်ရှိတယ်။ လက်
တွေ့မှာတော့ အချိုသပ်ပြီးလူရာ
မသွင်းပဲခိုင်းစားနေတာ ဟိုးအရင်
သားမမွေးခင်တုန်းအချိန် အခုလို
ဆက်သွယ်ရေးတွေမရှိတုန်းကထဲက
နယ်အစွန်ထိကိုရောက်တဲ့
တစ်ချို့အလုပ်ကိစ္စတွေဆိုရင် ကိုယ့် အန္တရာယ်ကိုတောင်မမှုပဲမင်းအဖေက
ရစရာရှိတာတွေကိုယူပြီးသူတို့အခုလိုကြီးပွားလာအောင်လုပ်ပေးခဲ့တာ။တကယ်တမ်းတော့ မင်းအဖေကလူယုံ အဆင့်ပဲရှိတယ်။မင်းအဘွားသာမရှိ
နေရင် မင်းအဖေ ဒီနေရာလေးကိုတောင်
ရမှာမဟုတ်ဘူး အမေတို့တသက်လုံး
ဟိုမိသားစုဆီမှာမျက်နှာငယ်နေရမှာ"
" စိတ်လျှော့ အမျိုးသမီး မျက်နှာမှာ
အရေးအကြောင်းတွေထင်လာလိမ့်မယ်"
လေပြေနဲ့ အေးဆေးစွာပင် ပြောလျက်
ဆန်းဆက်သူ့အမေကို နှစ်သိမ့်လိုက်သည်။
" မင်းအမေနဲ့စကားပြောလိုက် ဆန်းဆက်။ အဖေထမင်းစားခန်းထဲသွားတော့မယ် ကျောင်းမသွားခင် မနက်စာစားသွားအုံး"
" ဟုတ်ကဲ့အဖေ ကျွန်တော် ခဏနေလာခဲ့မယ်"
ဦး ကျော်မြင့်သူက သူ့မိန်းမကို
ကြည့်လျက် သက်ပြင်းချကာ
ထမင်းစားခန်းထဲဝင်သွားသည်။
"မင်းအဖေက အမေဘယ်လိုပြောပြ
ပြောပြငုံ့ခံနေမြဲပဲ။အမေ့ရဲ့အဲ့ဒီအချိန်
ထဲက ခံပြင်းမှုတွေကအခုထိ ရင်ထဲမှာအစိုင်အခဲ ဖြစ်နေတယ် သားရဲ့ အမေ အရမ်းခံပြင်းတယ်"
"သူတို့ မကောင်းတာလုပ်ထားရင်
သူတို့ စရိတ်နဲ့သူတို့သွားမှာပဲ အမေ
ဝဋ်ဆိုတာကရှိပြီးသား"
ရင်ဘတ်ကိုထုနေတဲ့ သူ့အမေရဲ့လက်ကိုဆန်းဆက် ဆွဲလိုက်ရသည်။
" အမေအနာကျည်းဆုံးကလေ
သားကို နာမည်ပေးတဲ့အချိန် သူ့မြေး
လိုပဲ အနောက်မှာသူ့နာမည်ပါတဲ့"ပိုင်"တစ်လုံး ထည့်ပါမယ်ဆို
တာကိုတောင် လက်မခံခဲ့တာပဲ။
နေ့နာမ်ကို လွှဲချတဲ့ အဘိုးကြီးရဲ့သရုပ်မှန်ပေါ့"
" ဆန်းဆက်ပိုင် မဖြစ်ခဲ့တာ ကျေးဇူးတင်တယ် အဲဒီနာမည်ကြီးနဲ့တော့ ကျွန်တော် အသက်ဆက်မရှင်နိုင်ဘူး"
သူ့အမေ ခံစားနေရတာ မမြင်ရက်
တော့လို့ စနောက်လိုက်ပေမယ့် ဒေါ်
စိုးယုမော်က ဆန်းဆက်ကို မျက်ရည်
တွေဝဲလာကာကြည့်လျက်။
" မင်းအဖေက သူတို့ကိုဘာမှမလုပ်
နိုင်ဘူး။ ဘာမှမလုပ်နိုင်တာထက်
သူက သစ္စာခံလိုမျိုး သူ့ကိုကျွန်လို သဘောထားတဲ့လူတွေကို ကျေးဇူးရှင်
တွေလို့ ပဲသတ်မှတ်ထားတာ။သားက
မင်းအဖေ ခံခဲ့ရတာတွေ အမေ့ရဲ့
နာကျည်းချက်တွေကို
ပြန်လည်ချေပပေးနိုင်မယ်လို့ အမေယုံကြည်ထားပြီးသား"
ဆန်းဆက် မျက်နှာတည်သွား
သည်။
"အဘိုးကြီးကအခုချိန်မှာ သူ့သား
အတွက်ပေမယ့်တချိန်ကျရင် သူ့မြေးအတွက်ပဲ ဖြစ်လာမှာပဲ။မင်းအဖေ
မရနိုင်ခဲ့တဲ့နေရာကိုသားကအရကို
ယူနိုင်ရမယ်ကိုထင်ပိုင်သူ့သားကို ကျောထောက်နောက်ခံလုပ်ချင်ရင်တောင်
လုပ်လို့မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်
လာမယ့်တစ်နေ့ကို အမေမြင်ချင်နေပြီ"
သူ့အမေရဲ့စကားအဆုံး ဆန်းဆက်
နှစ်ပေါင်းများစွာ သူ့ရင်ထဲမှာမြုပ်နှံ
ထားတဲ့ ခံစားချက်တွေ ဆက်တိုက်ပြည့်တက်လာသည်။
" မလွယ်ဘူးဆိုတာ အမေသိတယ်
လူတယောက်ကို အလဲထိုးချင်ရင်သူ့ရဲ့ အားနည်းချက်ကို အရင်ရှာရတယ်သား။ မင်းအဖေတုန်းက သူ့အစ်ကိုရဲ့ အားနည်းချက်ကိုသိပေမယ့် မလုပ်ခဲ့ဘူး။ အဲ့တာတောင်မှ အတ္တကြီးတဲ့အဖိုးကြီးက မင်းအဖေကိုအခုချိန်ထိ"
ဒေါ်စိုးယုမော်က အံကြိတ်လျက်။
" ယောကျာ်းလေးချင်း ချစ်ကြိုက်
တာကိုလက်မခံတဲ့ အဘိုးကြီးက
သူ့သား ဖြစ်သွားတဲ့အခါကျတော့ လုံးဝပါးစပ်ပေါက်ပိတ်နေခဲ့တယ်။သူ့သား
ကလေမင်းဦးငယ်ကို သူ့လက်ထပ်ရမဲ့
ခိုင်နီလာကိုတောင်မမြင်နိုင်ပဲအသားကုန်လိုက်ကပ်ပြီးကြိုက်တာကြိုက်တာဆိုတာ မြင်လို့တောင်မကောင်းဘူး။မင်းဦးငယ်ကလည်း ကိုထင်ပိုင်ကိုအစထဲကလေးစားနေတဲ့သူဆိုတော့ လုံးဝပါသွားပြီး သူ့ သိက္ခာတွေ အကုန်ပုံအောပြီးတော့ကို ပေး
ဆပ်ခဲ့တာ အဲ့ကောင်လေးက မနာလိုမှု
တွေကြားထဲကနေ မြေစာပင်ဖြစ်ခဲ့
ရတယ်။အာဏာကုန်သုံးပြီး ကိုယ့်မြေ
ကိုယ် သေတဲ့အချိန်ထိ ပြန်မလာနဲ့လို့
အမိန့်ပေးခံခဲ့ရတာက မင်းဦးငယ်။
အမေဖြင့်မင်းဦးငယ်ကို သနားလွန်းလို့ "
ပြောနေရင်းနဲ့ဆို့နင့်ပြီး ကျဆင်း
လာတဲ့မျက်ရည်တွေကိုသုတ်နေတဲ့
သူ့အမေကိုဆန်းဆက် မကြည့်ရက်
နိုင်တော့စွာဖြင့်
" စိတ်ကိုလျှော့ထားအမျိုးသမီး။
အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော့်
ကိုပဲ ယုံကြည်ထားလိုက်ပါလို့ ပြောထားတယ်မလား။အမေလုပ်ပေးဖို့က စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ပဲ။အမျိုးသမီးက
ဝေဒနာတွေမယူနေပဲမျက်နှာလေး
ဘာလေးပေါင်းသွားတင်ပြီး လုပ်နေကြအတိုင်း ကိုယ့်အလှပကိုပဲ ကိုယ်ဂရုစိုက် အလှပျက်မခံနဲ့။ ကျန်တာ ကျွန်တော်
တာဝန်ထား"
"သားကို အမေ ယုံကြည်တယ်။အမေအကြွင်းမဲ့ ယုံကြည်ပြီးသား "
ဒေါ်စိုးယုမော်က ပြတ်ပြတ်သားသား
ပြောပြီး ဆန်းဆက်ကို အားကိုးတကြီး
လိုကြည့်လျက် မျက်ရည်တွေကို.သုတ်လိုက်သည်။
" သမီးလေးနဲ့ရော ဘယ်လိုအခြေအနေ
ရှိနေလဲသား။ အဆင်ပြေနေတယ်
မလား အမေဖြင့်ငါ့သားက သမီးလေးကိုရထားတယ်ဆိုတာ ဟိုမိန်းမခိုင်နီလာနဲ့ သူ့သားသူ့မြေးကိုပဲ မြင်တဲ့အဘိုးကြီးရှေ့ တရားဝင်ချပြချင်နေပြီ သူ့မြေး ဘယ်လောက်ထိအသုံးမကျလဲ သိရအောင်"
"စောပါသေးတယ် ဖြစ်လာမှာပါ"
" သမီးလေးကို ကိုယ့်ဘက်ပါအောင် သေချာဆွဲထားနော်သား အဲ့ကောင်မလေး
က အမေတို့ဟိုဘက်မိသားစုကိုအလဲ
ထိုးနိုင်မယ့် ခြေလှမ်းအစပဲ"
" ကျွန်တော် သိပါတယ်"
ဒေါ်စိုးယုမော်နဲ့ဆန်းဆက် အကြည့်
ချင်းဆုံနေရင်း သူ့အမေကိုအသာပြုံးပြလိုက်ကာ သူ့အမေအနားတခဏထပ်
နေ၍ နှစ်သိမ့်လို့အပြီး ဆိုဖာပေါ်က
နေ ထရပ်လိုက်သည်။အခုချိနိ သူ့အဖေမျက်နှာကို ဘယ်လိုမှမကြည့်ရက်တာကြောင့် ထမင်းစားခန်းထဲကို မဝင်
ဖြစ်တော့။
ဒေါ်စိုးယုမော်ကို အသိပေးလိုက်ပြီး
ဆန်းဆက် ကျောင်းသွားဖို့ အိမ်ထဲကနေ ထွက်လာတဲ့အချိန် ထမင်းစားခန်းထဲကနေထွက်လာတဲ့ ဦးကျော်မြင့်သူနဲ့
ဒေါ်စိုးယုမော် အဓိပ္ပါယ်ပါပါ
အကြည့်ချင်းဆုံသွားသည်။
ဆန်းဆက် အိမ်အရှေ့မှာသူ့ဆိုင်ကယ်
ပေါ်တက်ပြီး စက်နှိုးလိုက်ရင်း။
ပထမခြေလှမ်းကို စတင်ခဲ့ပေမယ့်
ဝတ်ရည်ကို သူတို့အနိုင်ပိုင်းဖို့မီးစတစ်ခုကြောင့်သူ့ဘက်ပါလာအောင်လုပ်ခဲ့
ပေမဲ့ အမေမသိခဲ့တဲ့ အရေးအကြီးဆုံး
အရာ ရှိတယ်။အဲ့တာက...။
သူဘယ်နေရာကိုမှ လောဘတက်ပြီး
မလိုချင်ဘူး။ ဒါပေမယ့် ရန်ကြွေး ဆို
တာရှိတယ်။ အဲ့ဒီသူတွေကိုယ်လုပ်ချင်
တိုင်း လုပ်လို့ရခဲ့တာက သူတို့ အနိုင်ကျင့်သမျှကို နာခံတဲ့သူတွေဖြစ်နေလို့။
သူကတော့ မဟုတ်ဘူး။
သူ့အဖေနဲ့ အရေးကြီးဆုံးကတော့
သူချစ်တဲ့သူ့ဦးငယ်။ တန်ရာတန်ကြေးဆိုတာ ရှိတယ်။ မင်းငါ့ကို နှိမ်ခဲ့သမျှ ပြုံးပြုံးလေးပဲ ထိုင်ကြည့်နေမယ်။ အလှည့်ကျရင် မနွဲ့စတမ်းပေါ့။
လူတယောက်ကိုထိုးချချင်ရင် သူ့ရဲ့ အားနည်းချက်ကို အရင်ရှာရတယ်။
တစ်ချက်ခုတ်လေးချက်လောက်
ပြတ်မယ် ထင်ထားခဲ့ပေမယ့်ဝတ်ရည်ကို အသည်းအသန်ဖြစ်နေတဲ့ ဗျူဟာပိုင်ဆီကနေသူရခဲ့ပေမဲ့ ထင်ထားသလောက်သူ့အစ်ကိုဘက်ကနေမလှုပ်လာဘူး။
တကယ်ပဲ ဗျူဟာပိုင်ရဲ့ အားနည်းချက်က ဘာများ ဖြစ်နေမလဲ။
------------------------
မနက်ခပ်စောစော အချိန်ထဲကနေ
ဗျူဟာ ကျောင်းကိုရောက်နေပြီး
ကားပါကင်မှာကားကိုရပ်ထားလျက်
အထဲမှာထိုင်နေဖြစ်သည်။မနက်ပိုင်း
အတန်းချိန် တစ်ချိန်လွန်သွားပါသော်
လည်းသူအခုထိ ကားအထဲကနေ မထွက်ဖြစ်သေး။
ကားထိုင်ခုံကိုခေါင်းမှီထိုင်ကာ
ဘယ်လက်မှာပတ်ထားတဲ့ နာရီကို
တကြည့်ကြည့်နဲ့ ဖြစ်နေတုန်း ကျောင်း
ဂိတ်အပေါက်ဝထဲကို ဆိုင်ကယ်
အဖြူရောင်ဝင်လာတာ မြင်လိုက်ချိန်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်တဲ့
နောက်မှာပေါ်လာတဲ့အဝေးကနေမြင်
လိုက်ရသည့်မျက်နှာ။
နေစင်ဟန် ကျောင်းမလာတာ နှစ်ရက်
ရှိပြီဆိုတာဘုန်းပြည့် ကောင်လေးက
နေတဆင့် စုံစမ်းသိထားတယ်။နေ
မကောင်းဘူးလို့ ပြောတယ်တဲ့။အင်း
လေ လန့်ဖျားဖျားတယ်ဖြစ်မှာပေါ့။
ဒါပေမဲ့နေစင်ဟန်က နေပုံထိုင်ပုံက
အစတစ်ကယ်မာတယ်လို့ပြောရမယ်။
သူကားထဲကနေဆက်ကြည့်နေတုန်း
ပင်နေစင်ဟန်က ကျောပိုးအိတ်ကို
လက်တစ်ဖက်နဲ့ကိုင်ကာပုခုံပေါ်တင်ပြီး
သူ့ကားအနား လျှောက်လာနေပြီမို့
သူကားထဲကနေ အမြန်ထွက်လာပြီး
အပြင်ရောက်တာနဲ့နေစင်ဟန်သူ့
အရှေ့ကနေ ဖြတ်လျှောက်တာကကွက်တိပင်။
သို့ပေမယ့်....
နေစင်ဟန်ကသူ့ကို မြင်ပုံတောင်မရ
ဘဲ ကားအရှေ့မှာ ရပ်နေတဲ့ သူဘေး
ကနေဖြတ်ကာ အထာကျကျ ကား ပါးကင်ကနေထွက်သွားသည်၊။
ဗျူဟာ ခံပြင်းစွာနှင့်ဆွံ့အနေရင်း။
ဘာလဲ။အခု သူ့ကိုမမြင်ချင်ယောင်
ဆောင်သွားတာလား။မဟုတ်ဘူး
အရှေ့တည့်တည့်မှာရှိနေတာတောင်
ဂရုမစိုက်တဲ့ အချိုးချိုးတာ ။
အလေးမထားတာ။လူရာမသွင်းတာ။
နေစင်ဟန် မင်းနဲ့ငါတွေ့မယ်။
--------------------------
ဘုန်းပြည့် သူ့ထိုင်ခုံက ထလိုက်တာနဲ့
အနောက်က ဗျူဟာက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
" ဘယ်သွားမလို့လဲဟေ့ရောင်"
"toilet"
ဘုန်းပြည့် စိတ်မရှည်တော့၍။
"ငါဖင်ကြွလိုက်တာနဲ့ဘယ်သွားမလို့
လဲ ဘာလို့တချိန်လုံးလိုက်မေးနေတာလဲ လိုက်ချင်ရင် လိုက်ခဲ့ "
ဘာမှပြန်မဖြေပဲ
မသိချင်ယောင်ဆောင်နေသော ဗျူဟာကိုဘုန်းပြည့် ဂရုမစိုက်တော့ဘဲ။
"ရှင်းသန့်ဆီ သွားဦးမှပဲ သူတို့အခန်းမှာအချိန်လွတ်လို့ လူရှင်းနေတယ်တဲ့"
ဗျူဟာ သူ့ခုံကနေ ချက်ချင်းထရပ်ပြီး
သူ့ရှေ့ရောက်လာလာတာကြောင့်
ဘုန်းပြည့်တအံ့တသြနဲ့ဖြစ်နေတုန်း
"အဟမ်း သွားမယ်"
"ဘယ်ကိုလဲ"
" ဟိုတစ်နေ့က စကားပြောကြည့်
တော့ သိပ်မဆိုးပါဘူး။ဆက်ပြီးတော့ အခြေအနေကြည့်ပြီး လေ့လာ
လိုက်အုံးမယ် "
ရပ်နေဆဲဖြစ်သည့် ဘုန်းပြည့်ကို
ဗျူဟာက လှည့်ကြည့်၍။
" မသွားဘူးလား"
"ဘယ်ကိုလဲ"
" ရှင်းသန့်သူဆီ"
ဘုန်းပြည့် တခဏဆွံ့အပြီး ဗျူဟာ အနောက်အမြန်လိုက်ကာ ဗျူဟာ
ပုခုံးကိုဆွဲဖက်ပြီး။
" အဲ့ဒါတွေကြောင့် အရမ်းချစ်နေရတာ "
"ဖယ်စမ်း"
----------------
"ရှင်း ဗျူဟာက မင်းနဲ့တွေ့ပြီးစ
ကားပြောချင်လို့တဲ့ ငါ့ကိုပြောနေတာ
ကြာပြီ နောက်မှပြောလည်းရပါတယ်ဆို
အခုတောင် မရမကအတင်းလိုက်
လာတာပဲကြည့်"
သူတို့အတန်းထဲကို နှစ်ယောက်လုံး
ဝင်လာပြီး
ဘုန်းက ဝမ်းသာအားရနဲ့ ပြောနေသော်လည်း ဗျူဟာပိုင် ရဲ့အကြည့်
တွေက ရှင်းသန့်ရဲ့ဘေးတစ်ခုံကျော်
က သူ့စားပွဲပေါ်လက်တင်ပြီးခေါင်း
မှောက်ကာ အိပ်ပျော်နေတဲ့နေစင်ဆီမှာသာ။
"စကားတိုးတိုးပြောဘုန်း နေစင် အိပ်ပျော်နေတာ"
"သူအိပ်နေတာကြာပြီလား"
နေစင်ကိုပဲကြည့်နေသည့် ဗျူဟာပိုင်
ကိုရှင်းသန့် အေးဆေးစွာနဲ့။
" သိပ်တော့မကြာသေးဘူး ခဏ
မှေးမယ်ဆိုပြီး အိပ်ပျော်သွားတာ နေ
သိပ်မကောင်းသေးဘူးထင်တယ် "
နေစင်ဟန်တိူ့ အခန်းထဲမှာ အတနိးချိန်
လွတ်နေသည်မို့ကျောင်းသားဘယ်သူ
မှ သိပ်မရှိ။ဝတ်ရည်ကိုလည်း မတွေ့မိ။
ဘုန်းပြည့်က ဘေးစားပွဲကလွတ်နေ
တဲ့ခုံတလုံးဆွဲကာ ရှင်းသန့်သူဘေး
ကပ်ထိုင်ပြီး လူရှင်းနေတဲ့အခွင့်အရေးကို အသုံးချကာ ရှင်းသန့်သူနဲ့ နှစ်ကိုယ်ကြားစကားကပ်ပြောနေသည်။
ဘယ်လိုမှမတတ်နိုင်ဘူးပဲ။ဘုန်းပြည့်
သူ့ကောင်လေးကိုလာတွေ့တာ စောင့်ပေးရမှာမလို့ ဗျူဟာ ဘုန်းပြည့်နဲ့ရှင်းသန့်သူ
အရှေ့က ခုံမှာဝင်ထိုင်လိုက်သည်။
သူ့မြင်ကွင်းထဲရောက်နေတော့
ဘယ်လိုမှမတတ်နိုင်တော့မြင်နေ
ရတဲ့ နေစင်ဟန်။
ဒင်းက ဘယ်နေရာမှာ ဘယ်လိုပုံစံပဲ
ဖြစ်ဖြစ်အိပ်ပျော်တာလား။ခုံမှာ မျက်နှာမှောက်ပြီး အိပ်နေလိုက်တာများ သူ့
အိမ်သူ့ယာကြလို့။နိုးနိုးကြားကြားကလည်းရှိလိုက်တာမှ။
ဒီနေ့ကမနက်ထဲက ကောင်းကင်က
အုံ့မှိုင်းနေပြီး မိုးပြေးလေးတွေတောင်
မကျပေမဲ့ရာသီဥတုက နည်းနည်းအေး
သည့်ဘက်ကိုရောက်နေသည်။
အဆံရှိတဲ့ မိသားစုထဲက သားသမီး
ပီသစွာရှင်းသန့်သူ ကိုယ်ပေါ်မှာbrand အနွေးထည်တစ်ထည်။သူ့ဘေးက
စားပွဲပေါ်လက်တင်ပြီး မှောက်အိပ်နေတဲ့ကောင်လေးကတော့ ကျောင်း ယူနီဖောင်းနဲ့ပင် ဘာမှအပိုမဝတ်ထားပဲ တစ်ချက်တစ်ချက် ချမ်းနေသည့်ဟန်နှင့် ကိုယ်ကကျုံ့သွားသည်။
ဗျူဟာ ဘေးဘီကိုကြည့်လိုက်တော့
အခန်းထောင့်မှာရှိနေ
တဲ့floor standing airconditionerကအကြောင်းပြချက်။
နေစင်ဟန်ခုံကအခန်းထောင့်ဘက်မှာ
ဖြစ်ပြီးထိုင်နေတဲ့နေရာကအခန်းရှေ့ကျတော့နေစင်ဟန် ရဲ့အနီးကမျက်စောင်းထိုး မှာပင် ရှိနေတဲ့FSAဆီကလေအေးငွေ့တွေ
ကနေစင်ဟန်ကိုတိုက်ရိုက် ရိုက်ခတ်နေသည်။နည်းနည်းပါးပါး အနောက်ဆုတ်ထိုင်ပါလား။ လူကဖြင့်အေးနေပြီးတော့။
အဲယားကွန်းရှေ့တည့်တည့်မှာပိတ်
ထိုင်နေတဲ့ နေစင်ဟန်ကိုက အချိုး
မပြေတာ။အပူချိန်ကတံခါးတွေအလုံ
ပိတ်ထားတဲ့ အခန်းအတွက် ညှိထားတာ
အနေတော်ပဲ။
ဗျူဟာ သူထိုင်နေတဲ့ ခုံကိုမပြီး
FSAအကောင်ကြီးရှိတဲ့နေရာနဲ့ နေစင်ဟန် အလယ်ကြားမှာ ကျောပေးကာ
ကာလျက်ထိုင်လိုက်သည်။
သူ့နောက်ကျောတစ်ခုလုံးကို ရေခဲငွေ့နဲ့
အအေးလွှတ်ခံထားသလို
အေးတက်လာမှု။
" မင်းအဲ့အရှေ့မှာ ဘာလို့ကပ်ပြီးသွား
ထိုင်နေတာလဲ ဗျူဟာ "
"ငါပူနေတယ် ဒီအခန်းက တစ်အားပူတာပဲ "
"ချက်ချင်းကြီး"
ဘုန်းပြည့် ရှင်းသန့်သူ့ဆီ အာရုံပြန်ရောက်သွားပြီး နှစ်ယောက်ကတတွတ်တွတ်နဲ့ စကားဆက်ပြောနေသည်။ဗျူဟာ
ဘုန်းပြည့်ကို စောင့်နေရသည့်အတွက်
ဖုန်းထုတ်ကြည့်ကာထိုင်နေရင်း သူ့
အရှေ့ကကောင်လေးတစ်ယောက် ဆက်လက်ပြီးအေးဆေးစွာအိပ်နေ
တာကိုတိုက်ရိုက်မကြည့်ပဲနဲ့ သူ့ဖုန်းက အသစ်လဲထားတာမကြာသေးသည်မို့
သူ့အရှေ့ကနေစင်ဟန်မျက်နှာကို
focusထားပြီး ကင်မရာစမ်းနေလိုက်သည်။
------------------------
ဗျူဟာ သူ့ရဲ့ကားကို သင်တန်းအရှေ့
မှာ ရပ်လိုက်တဲ့အချိန် ဘုန်းပြည့် ခေါ်
လာတဲ့ဖုန်း။ဒီနေ့ကသူ မနက်ပိုင်းအတန်းခဏပဲတက်ဖြစ်ပြီး အိမ်ကိုပြန်ပြီးမှ သင်တန်းကို ထွက်လာတာပင်။
" ဘာလဲ ပြော"
"ဟေ့ရောင် ဝတ်ရည် နှလုံးအောင့်
တက်လို့ ရှော့ဖြစ်ပြီးဆေးရုံရောက်သွားတယ်တဲ့"
" မနေ့ကညနေတောင် ကျောင်းမှာ
လှမ်းတွေ့လိုက်သေးတယ် ဘယ်လိုဖြစ်လို့လဲ "
"သူ့ နှလုံးအခံကြောင့် ရုတ်တရက်
လန့်သွားလို့ ရှော့ဖြစ်သွားတာ အခုတော့သက်သာနေပြီတဲ့။ ရှင်းငါ့ကိုလှ ဖုန်းဆက်ပြီး လှမ်းပြောပြတာ။ဆန်းဆက်လည်း
အခုဆေးရုံ ရောက်နေတယ်တဲ့ ဝတ်ရည်
ကမင်းကိုဖုန်းဆက်ပြီးမပြောဘူးလား
အဲ့တာ မင်းအခုလိုက်သွားလိုက်
ဟရောင်"
"သက်သာနေပြီမလား မသွားတော့ဘူး
ဒါပဲ ငါသင်တန်းရောက်နေတယ် "
"နေစင်လည်း ဆေးရုံရောက်နေတယ်တဲ့"
ဖုန်းပိတ်ချမလို့လုပ်နေသည့် သူ့လက်တွေ ရပ်တန့်သွားရသည်။
" ဒင်းက ဘာသွားလုပ်တာလဲ "
"ဝတ်ရည်က ကျောင်းမှာဖြစ်တာ
မဟုတ်ဘူး။ သူတို့အခန်းက ဒီနေ့ဆောက်လက်စsiteထဲကို သွားပြီးလက်တွေ့လုပ်ငန်းခွင် ဆင်းကြတာ။အဲ့တာ
အထပ်မြင့်ကိုရောက်တော့
ဝတ်ရည်အပေါ် ကို လုပ်လက်စသံတိုင်
ဘေးဘောင်အသေးစားကပြုတ်ကျ
လာတာ အဲ့တာကို ဘေးမှာရှိနေတဲ့
နေစင်က ဝတ်ရည်ကိုကာပေးလိုက်တာ ဝတ်ရည်ကလန့်ပြီးရှော့ရသွားတယ်"
"ဘာ!!"
"နေစင်က ဘာမှတော့မဖြစ်"
"ဘယ်ဆေးရုံလဲ"
" မင်းမသွားဘူးဆို"
" ငါမေးနေတာ ဘယ်ဆေးရုံလဲ"
ကားစက်ကိုပြန်နှိုးကာ ဗျူဟာ သင်တန်းရှေ့ကနေ ပြန်ကွေ့ပြီးလမ်းမကိုထွက်
လိုက်သည်။ဝတ်ရည် အခြေအနေကို
ကြည့်ဖို့ ဆေးရုံလိုက်သွားမှပါ။
-------------------------------
ဆေးရုံကုတင်ထက်မှာ လှဲလျောင်းကာ လက် တဖက်က ဆေးသွင်းထားတဲ့ ဝတ်ရည်ကို ဆန်းဆက်မျက်နှာ
မလွှဲတမ်း ထိုင်ကြည့်နေရင်း။
"ဆန်း နင်coverဆိူမယ့် သီချင်းအတွက်အသံသွင်းလေ့ကျင့်နေတာမလား
Studio ပြန်သွားရင်သွားလိုက်လေ ငါ
အခုဘာမှမဖြစ်တော့ဘူး။ဒီဆေး
တစ်ပုလင်းကုန်ရင်အိမ်ပြန်ရမှာပဲဟာ "
"အခု အသံသွင်းတဲ့အကြောင်း ပြောထွက်သေးတာလား"
"ဆန်း"
" ငါဘယ်လောက်ထိ စိတ်ပူသွားတယ်
ထင်လဲ"
ဝတ်ရည်က ဆန်းဆက်ကိုကြည့်ရင်း
လှဲလျောင်းနေရာကနေ တဖြည်းဖြည်း
ထထိုင်လာတော့ ဆန်းဆက် ထိုင်နေရာ
ကနေထကာ ဝတ်ရည်ကိုထူပေးပြီး ဆေးသွင်းထားတဲ့လက်ကို မထိအောင် ဂရုစိုက်ရင်း။
သူ ကိုယ်တိုင် ကုတင်အပေါ်ဝတ်ရည်
ဘေးမှာ ဝင်ထိုင်လိုက်သည်။
"လှဲနေလေ ဘာလို့လဲ"
ဝတ်ရည်က ရှက်ပြုံးလေးနဲ့ မျက်နှာ
လေးက အနည်းငယ်နွမ်းနေတော့ ဆန်းဆက် စိတ်ပူနေရင်း မြတ်နိုးလွန်းစွာနဲ့ပဲ ဝတ်ရည်ရဲ့ ဆေးမသွင်းထားတဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
" ငါ့ကိုဘာလို့ ဖြစ်ဖြစ်ချင်းဖုန်းမဆက်
တာလဲ"
"အရမ်း စိတ်ပူနေမှာ သိလို့လေ"
ဝတ်ရည်ရဲ့ အသံခပ်တိုးတိုးနောက်မှာ
ဆန်းဆက် သက်ပြင်းချရင်းဝတ်ရည်
အနားကိုပူးကပ်လျက်လက်တွေကိုပိုမို၍ ဆုပ်ကိုင်လိုက်သည်။
" စိတ်ပူတာကပူတာပဲ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ငါ့ကိုအရင်အသိပေးရမယ်လို့ ပြောထားတယ်လေ။အခု တော်ပါ သေးတယ် တစ်ခြားဘာထိခိုက်ဒဏ်ရာမှ
မဖြစ်လို့ မင်းသာတစ်ခုခုဖြစ်သွားရင် "
" ဘာမှမဖြစ်ပါဘူးဆို လန့်သွားရုံပဲ
ငါ့ကိုကာပေးလိုက်လို့တကယ်ထိသွား
တာကနေစင်။ အခုမှသတိရတယ် နေစင်ရော ဘာဖြစ်သွားသေးလည်းမသိဘူး
နေစင်ဆေးရုံလိုက်လာတယ်မလား "
ဝတ်ရည်ပြောမှ ဆန်းဆက် သူရောက်လာတုန်းက ဆေးရုံအဝင်မှာတွေ့ခဲ့သည့် နေစင်ဟန်ကို ပြန်ပြီးသတိရသည်။
"ဒါနဲ့ဆန်း နင် ဘယ်လိုသိပြီးဆေးရုံ ချက်ချင်းရောက်လာတာလဲ ။နင့်ကို
ဘုန်းပြည့် ဖုန်းဆက်ပြောတာမလား
ရှင်းသန့် ပြောပြပေးလိုက်တာဖြစ်မယ်"
" အဲဒါကအရေးကြီးလား ဘာမှလိုက်
မတွေးနဲ့တော့ ပြန်လှဲပြီး အနားယူ
လိုက် ဒီဆေးကုန်မှ အတူတူပြန်မယ် "
"အွန်း"
ဝတ်ရည်ကိုပြန်လှဲဖို့ပြောနေပေမဲ့
ဆန်းဆက်က လက်ကိုမလွှတ်ပေး ။
"ဟယ်လို မာမီအခုလာနေပြီလား ဆေးရုံရောက်ရင် ဖုန်းဆက်လိုက်နော်
ဆန်းဆက်ကို လာထွက်ကြိုခိုင်းလိုက်မယ်"
"တွေ့မှပြောတော့မယ်ဒါပဲနော် မေ"
ဝတ်ရည် ဖုန်းချ လိုက်တာနဲ့ နှစ်ယောက်
သား အကြည့်ချင်းဆုံပြီး ဆန်းဆက် စိတ်လှုပ်ရှားမှုတွေနဲ့။
"အန်တီ့ကို ငါရှိနေတာဘာလို့ပြောလိုက်လဲ တကယ်ထွက်ကြိုရမှာလား"
"ဒါပေါ့ အမှတ်ယူရမဲ့အချိန်ပဲလေ"
"အခုချိန်မှာ အမှတ်ကအရေးကြီးနေလား"
" ဒါဆို အရေးမကြီးဘူးလားပြော"
စနောက်သလို ပြန်ပြောသည့်
ကောင်မလေးကို ဆန်းဆက် သက်ပျင်း
တစ်ခုချရင်း ရင်မောစွာနဲ့ပဲ စိုက်ကြည့်နေရင်း ဝတ်ရည် မျက်လွှာချချိန် ဆန်းဆက်
ခေါင်းကိုစောင်းငဲ့ကာ ဝတ်ရည် နှုတ်ခမ်းတွေနဲ့ ထပ်တူကျစေလိုက်သည်။ ဆေးရုံအခန်းထဲမှာမို့ဝတ်ရည်တစ်ချက်ငြိမ်
သွားပေမဲ့ ဆန်းဆက်ကို မတွန်းထုတ်
ပဲ နှစ်ယောက်လုံးယဥ်ပါးနေတဲ့အနမ်း
တွေထဲ ပျော်ဝင်သွားသည်။
ဒီအနမ်းက ဝတ်ရည်ကြောင့်သူစတွေ့
ထဲကနေအခုချိန်ထိရင်မောခဲ့ရတာ
တွေကို ပြန်ဖြေသိမ့်နေရသည့်အနမ်း။ဒုတိယတွေပဲ ရခဲ့သည့် သူ့ဘဝမှာ
ဝတ်ရည်ကတော့ စတွေ့ထဲက ဘယ်
သူနဲ့မှမတူပဲ ပထမဆုံးဆိုသည့် ခံစား
ချက်ကိုပဲသူ့ကိုပေးပြီးအရာရာသူ့
အတွက်ပဲရှေ့တန်းတင်ခဲ့သူ နှိမ့်ချဖို့မ
ပြောနဲ့ အထင်အမြင်သေးတဲ့ မျက်လုံးနဲ့တောင် မကြည့်ခဲ့ဘူးတဲ့သူ အမြင့်မှာ
ရှိနေပေမယ့် ဘယ်သူနဲ့မှမတူအောင် အပြုအမူစိတ်သဘောထားကအစ ကြည်လင်လွန်းတဲ့မိန်းကလေး။
ဖြစ်နိုင်ရင် အခုချက်ချင်းပဲ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို လူတွေသိ
အောင် ချပြလိုက်ချင်ပေမဲ့ သူ့အနေ
အထားနဲ့ အမြင့်
မှာရှိနေတဲ့ ကောင်မလေးကို တင့်တောင့်
တင့်တယ် တစ်သက်စာအပိုင်ရဖို့အတွက် အရာအားလုံးကို မြိုသိပ်ထားရတယ်။
ကိုယ်မြတ်နိုးရတဲ့ မိန်းကလေးကိုတောင် အကြံအစည်အတွက်ကိုယ့်ဘက်ပါအောင်အသုံးချသလိုဖြစ်ခဲ့ပေမယ့်
ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှု ငါမင်းပေါ်ထားတဲ့ သဘောထား ကတော့ အစစ်
အမှန်ပဲ။ငါမင်းကိုချစ်တယ် ဆိုတာထက်
ပိုတယ် ဝင့်။
မင်းကို မျက်နှာမငယ်စေရပဲ ငါက
အားလုံးရဲ့အမြင်မှာပထမလူဖြစ်ပြီး
မင်းမိဘတွေဘက်က ငါနဲ့သဘောတူကြည်ဖြူလာတဲ့အထိ ဖြစ်လာမယ့်
တစ်ချိန်ကိုရောက်လာမှာ ငါကဘာပဲ
လုပ်ရလုပ်ရလုပ်မှာမလို့ စောင့်
နေပေးမယ်မလား။ မင်းဘက်က
အစစ်မှန်တွေပေးခဲ့လို့ ငါ့ဆီက ရှားရှားပါးပါး အစစ်အမှန်ကိုပြန်ရခဲ့တာ။
ငါလုပ်နေတာတွေ အကုန်လုံးက ငါတို့နှစ်ယောက်ရဲ့ ရှေ့ရေးအတွက်ပဲ ဝင့်။
-------------------------
"နေစင်ဟန်"
လက်ကောက်ဝတ်ကို ခပ်ကြမ်းကြမ်း
အဆွဲခံလိုက်ရပြီး မြင်လိုက်ရတာက
သူ့ကိုဆေးရုံအဝင်ဝကနေဆွဲခေါ်သွား
တဲ့ တစုံတယောက်ရဲ့ နောက်ကျော။
ဗျူဟာပိုင်က ဒီကိုဘာလာလုပ်တာလဲ။ဘယ်လိုသိသွားတာလဲ။
ဝတ်ရည်ဦး ဆေးရုံရောက်သွားတဲ့ အကြောင်း သူ့ကိုမပြောပြလို့ ဒေါသထွက်
နေလောက်ပြီ။
"မင်း ဘယ်ကိုသွားနေတာလဲ ငါ့ကိုလွှတ်အုံး"
ဆေးရုံ တစ်ဖက်ကအဆောက်
အဦး အနားက လူရှင်းတဲ့နေရာမှာ
ဗျူဟာရပ်လိုက်လျက်လက်ကိုမလွှတ်
ပေးမိသေးပဲ သူအရှေ့က ကောင်လေးရဲ့ခေါင်းကဆံစကနေ တဖြည်းဖြည်း
အောက်ကိုဆင်း
ကာ ခြေဖျားအထိ စစ်ဆေးကြည့်ပြီးမှ။
တစ်ဖက်ကရုန်းနေတာကြောင့်
သူဆွဲကိုင်ထားတဲ့ လက် ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။
"မင်းဘာလာလုပ်တာလဲ"
"ဘာလာလုပ်ရမှာလဲ ဝတ်ရည်ကို
လာကြည့်တာ "
သူ့မျက်နှာကိူကြည့်လျက်
ချက်ချင်း အပြစ်လုပ်ထားမိသလို
ဖြစ်သွားတဲ့ နေစင်ဟန်။
" မင်းငါ့ကို ဒီအကြောင်း ဘာဖြစ်လို့ဖုန်း
ဆက်မပြောတာလဲ"
"ဆောရီး အမှန်ဆိုမင်းကိုအရင်ဆက်
လိုက်ရမှာ။
ဒီလိုအချိန်ဝတ်ရည်ကဆန်းဆက်ကို
သူ့အနားမှာရှိ
စေချင်မယ်လို့ထင်လိုက်မိလို့"
မလုံမလဲနဲ့
သူ့ကိုအားနာနေသလို မျက်ဝန်းတွေ။
အလုပ်ကြီးကိုလုပ်နေပြီး ကိုယ့်ပြိုင်
ဘက်ကို အလဲထိုးဖို့နေနေသာသာ ကြား
ထဲကအနာခံပေးပြီး သူ့လူကိုပါ ခေါ်ပေးလိုက်သေးတယ်။
နေစင်ဟန် မင်းက တကယ်ပဲ
ဘယ်လို ဟာလေးလဲ။
"ဝတ်ရည် ဘယ်လိုဖြစ်သွားတာလဲ
ငါ့ကိုအစအဆုံးပြောပြ"
"လန့်သွားရုံပဲ ဘာမှမဖြစ်ဘူး"
" ဘာကိုဘာမှမဖြစ်တာလဲ ဝတ်ရည်
အပေါ် ကိုသံတိုင်က ပြုတ်ကျလာ
တယ်ဆို အဲဒီအချိန် မင်းဘာလုပ်နေလဲပြော"
" ဝတ်ရည် ဘာမှမဖြစ်သွားဘူးလို့
ငါပြောပြီးပြီမလား ဘာနဲ့မှမထိသွား
ဘူး လန့်သွားရုံပဲ"
ဖြေရှင်းချက်ပေးနေပေမဲ့ သူသိချင်တာ
မထွက်လာတဲ့ ကောင်လေးကို ဗျူဟာ
ကြည့်နေရင်း။
ကျောင်းယူနီဖောင်း
အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်ပြီးဝတ်ထားတဲ့နေစင်ဟန်
ရဲ့ဘယ်ဘက်လက် အထဲဘက်မှာ ဗျူဟာ မြင်လိုက်ရတဲ့ ပွန်းပဲ့ရာတစ်ချို့။
အထဲဘက်မှာဆိုတော့ အခုမှသေချာ
ပြန်ကြည့်မှမြင်လိုက်ရတာပင်။
တံတောင်ဆစ်အောက်
ကိုရောက်နေတဲ့အင်္ကျီလက်ကို လှန်တင်လိုက်ရင် ပွန်းပဲ့ရာတွေကိုပိုမြင်ရမည်။ဒီကောင်တော့။
မဟုတ်တဲ့နေရာမှာ
တော်တော်လေးကို ယောက်ျားဆန်
ချင်နေတာပဲ။ဘာလို့ပါးစပ်ပိတ်နေတာလဲ။
သူတို့အခန်းက သင်ကြားရေးပိုင်း
တာဝန်ရှိတဲ့သူတွေက မိန်းကလေးကို
ပဲဦးစားပေးပြီးမြင်ကြတာလား။
တစ်ကယ် ထိသွားတာကဘယ်သူလဲ။ ဘယ်လိုဖြစ်လို့ ဒဏ်ရာရသွားတဲ့သူက ဆေးရုံအဝင်ဝမှာ ရပ်စောင့်နေရတာလဲ။
"မင်း ဝတ်ရည်ကို ကြည့်မယ်ဆိုရင် သွား ကြည့်လေ ငါတို့ စကားရပ်ပြောနေတာ
တစ်ယောက်ယောက်မြင်လို့မဖြစ်ဘူး။
ငါတို့အခန်းက တချို့လူတွေဝတ်ရည်ကိုလိုက်ပို့လို့ဆေးရုံမှာရှိနေတယ် ပြီးတော့ အရေးကြီးဆုံးက မင်းညီ"
"ငါက ဘယ်သူမြင်တာကိုကြောက်နေရမှာလဲ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး"
" စကားကိုကောင်းကောင်းမွန်မွန်
မပြောဘူးဆိုရင်လည်း မင်းသွားစရာ
ရှိတာကိုသွား ငါ့လုပ်ရမဲ့ အလုပ်ကို
တော့အနှောက်အယှက်လာမပေးနဲ့။ငါ့ကိုမင်းစောင့်ကြည့်နေတယ်ဆိုတာ ခဏ
ခဏ သတိလာပေးစရာလည်းမလိုဘူး
။ ငါလုပ်ရမယ့်အလုပ်ကို ငါသိတယ်။
ငါ့ဘက်က မင်းပေးထားတဲ့အချိန်အ
တောအတွင်းငါ့အလုပ်ကိုကတိတည်နိုင်အောင် ငါ ကြိုးစားနေတယ် အဲဒီအတွက်တော့ မင်းစိတ်ချထားလိုက်"
ဘေးပတ်ဝန်းကျင်ကို တစ်ကြည့်ကြည့်နဲ့
သူ့ကို အလိုက် မသိသလို စကားပြောချင်စိတ်မရှိနေသလို ခပ်တည်တည်မျက်နှာ။
နေစင်ဟန်က ဒီကမ်းလှမ်းမှုကို
စလုပ်ရတုန်းကသလိုမျိုး တွန့်ဆုတ်နေ
တာ မျက်နှာမကောင်းတာမျိုးကိုမရှိ
တော့ပဲသူ့ကိုယ်သူ ယုံကြည်မှုတွေရှိနေတဲ့အတိုင်းပင်။အခုဘာလဲ။ မိန်းကလေးတစ်ယောက်ဆီကနေ သူ့ကောင်လေးကို
လုယူဖို့ မင်းကအဆင်သင့်ဖြစ်နေတာလား။
သူ့ကိုတော့ လူကြားထဲစကားပြော
နေရတာတောင် ပုန်းကာဝှက်ကာနဲ့။
အဖက်လုပ်ပြီးမတွေ့ချင်သလို သူနဲ့
စကားပြောနေတာကိုလူတွေတွေ့မှာစိုး
သလိုအခက်တွေ့နေသလိုပုံစံမျိုးနဲ့။
သူ့ကိုမတူသလိုမတန်သလို။တောက်။
ကောင်းတာပေါ့။မင်းဘက်က ငါလိုချင်
တဲ့ပုံစံအတိုင်းအဆင်သင့် ဖြစ်သွားတော့လည်း အပေးအယူကိစ္စက အောင်မြင်ဖို့လက်တစ်ကမ်းပေါ့။
--------------------------
ဆေးရုံဒုတိယအထပ် ရဲ့အထဲမှန်နံရံ
အပေါ်စီးကနေ မြင်နေရတဲ့ စကားရပ်
ပြောနေတဲ့နှစ်ယောက်ကို ဆန်းဆက်
ရပ်ကြည့်နေရင်း နှုတ်ခမ်းကွေးရုံ
ပြုံးလိုက်သည်။
အခုမှပထမဆုံး တွေ့ဖူးတာ၊ငါက
ဗျူဟာပိုင်ကို စိတ်မဝင်စားလို့ မသိ
ဘူး။ဂီတကို စိတ်ဝင်စားတယ်တဲ့
ဒါပေမဲ့ အခြေခံဂီတာလက်ကွက်
တောင်မရဘူး သီချင်းတောင် နားထောင်လေ့မရှိဘူး သူ့ကိုမထိတထိလာ flirt
တယ် ဒါပေမဲ့ အတွေ့အကြုံကမရှိ
လူကညာလို့မရအောင် နေပုံထိုင်ပုံ
ကနေအငွေ့အသက်ကအစအဖြောင့်။
ဟက်ထင်ထားတဲ့အတိုင်း
နှစ်ယောက်လုံးကသူ့ကိုလာစားနေတာပဲ။
မသိစေချင်ရင် သိုသိုသိိပ်သိပ် အနေ
အထိုင်ဆင်ခြင်မှပေါ့ငါ့အစ်ကိုရယ်။
ဝတ်ရည် ဆေးရုံရောက်သွားတယ်
ဆိုတာ သူ့ကိုပထမဆုံး ဖုန်းဆက်
ပြောလာပေးတဲ့သူက နေစင်ဟန်။
ဗျူဟာပိုင် တစ်ယောက်တည်းသိတဲ့
သူနဲ့ဝတ်ရည်ရဲ့ပတ်သက်မှု
ကို နေစင်ဟန်က သိနေတာလား။
ဘယ်လို အကြောင်းအရာကြောင့်
သူ့ဆီလာကပ်နေမှန်းအခုထိမသိသေး
ပေမဲ့ သဘောဖြူနေတာက ပြဿနာပဲ။
ကိုယ့်ရဲ့ ခြေလှမ်းတွေကိုရိပ်မိနိုင်မဲ့
အသေးအမွှားကအစ သတိထားမှပေါ့။
နှစ်ယောက်သားက အချိတ်အဆက်ရှိနေတယ်။ ဗျူဟာပိုင်သိသမျှကိုနေစင်ဟန်ကသိနေတယ်။
ဟက်။
တစ်ကယ်ပဲ စိတ်ဝင်စားသွားပြီ
မင်းရဲ့သရုပ်အမှန်ကဘာလဲ နေစင်ဟန်။
-----------------
"လူနာ အရေးပေါ် အခြေအနေ
လက်ထိထားတယ်"
" အော် ဟုတ်ကဲ့ မောင်လေးလား"
" မဟုတ်ဘူး "
"လူနာနာမည်ပြောပါ"
"နေစင်ဟန် "
"လူနာ ဘယ်မှာလဲ ခေါ်လာခဲ့ပါ
သွေးပေါင် အရင်ချိန်မယ် "
"လူနာက ဆေးရုံ ရောက်နေတာက
ကြာလို့ ဒဏ်ရာက သွေးတောင်တိတ်
နေပြီ အဲ့တာတောင်ဆရာမတို့က လုပ်နေ
ကျအတိုင်း သွေးပေါင်ချိန်မယ် အဖျား
တက်မတက်တိုင်းမယ် ထိုင်စောင့်ခိုင်း
ထားမယ်ပြီးမှ ဆရာဝန်ဆီပို့မယ်ဆို
ရင်တော့ အဲဒီလက်ဖြတ်လိုက်ရဖို့ပဲရှိ
တော့တယ် "
"ရှင်"
ဆေးရုံစာအုပ်မှာ လူနာနာမည်မှတ်
နေတုန်း ပြောဆိုပြီးထွက်သွားတဲ့
မျက်နှာမာမာနဲ့ ကောင်လေးကို ဂျူတီ
ကျတဲ့ဆရာမလေးတွေ တအံ့တသြ
ငေးကြည့်နေမိရတော့သည်။
-------------------
ဝတ်ရည်ကိုတီချယ်နဲ့အတူဆေးရုံလိုက်
ပို့တဲ့ ကျောင်းသားတွေထဲမှာ သူပါလာခဲ့တာ။ဝတ်ရည်ကို စိတ်ပူလို့ လိုက်လာခဲ့တာလည်းပါသည်။
အခု ဆန်းဆက်လည်းရောက်နေပြီ။
ဗျူဟာ ပိုင်ကတော့ သူနဲ့စကားပြောပြီး
တော့ ဆေးရုံထဲကို တချက်ဝင်သွားပြီး
မတွေ့မိတော့။ဝတ်ရည်ကိုစိတ်ချရပြီဆိုတော့ဆေးရုံမှာတစ်ခြားရှိနေတဲ့ ကျောင်းသားတွေနဲ့တီချယ်ကို နှုတ်
ဆက်ပြီး ပြန်ဖို့လုပ်ချိန်။
"နေစင်ဟန်ရှိလား နေစင်ဟန်"
"ဟုတ်ကဲ့ ကျွန်တော်ပါ"
" မောင်လေးလက် ဆရာမကိုပြ
ဘယ်နားမှာထိထားတာလဲ။ခုနက ကျောင်းသူနဲ့ အတူပါလာတဲ့တယောက်
မဟုတ်လား လက်ထိထားတာအစထဲက
ဘာလို့မပြောတာလဲ မင်းတော့"
"နေစင် လက်ထိသွားတာလား တီချယ်
မေးတော့ ဘာမှမဖြစ်ဘူးဆို ဝတ်ရည်
ကိုပဲပူနေတာနဲ့ မမြင်လိုက်မိဘူး။ကလေး
ကို အခုချက်ချင်းသေချာလေးဆေး
ထည့်ပေးပါ ဆရာမ။ ကာကွယ်ဆေးထိုး
ဖို့ လိုရင်လည်းထိုးပေးပါ "
ဆရာမလေးရဲ့လက်ထဲက စာအုပ်
ပေါ်မှာ သူ့နာမည်။ ဘယ်သူသူ့နာမည်ပေးလိုက်တာလဲ။
ဝတ်ရည်အတွက်ပူနေရတာနဲ့ ဆေးရုံ
ထဲဝင်လိုက် ထွက်လိုက်လုပ်ပြီး အလုပ်
ရှုပ်နေတဲ့တီချယ်က သူ့ကို ဆူပူပြီး ချက်ခြင်းဆေးထည့်ခိုင်းသည်။
"အပေါ်ယံလေးတွေ နည်းနည်းပွန်း
ပဲ့သွားရုံလောက်ပါပဲအဲဒီလောက်
လည်း မဆိုးသေးပါဘူး
ဟိုကောင်လေးပြောသွားတာ
ဆရာမတို့ဖြင့် လန့်တောင်လန့်တယ်"
"ဘယ်သူဘာပြောသွားလို့လဲဆရာမ"
"ခုဏကပဲ လူနာလက်ထိထားတယ်
လို့လာပြောပြီး ဆေးရုံထဲက ထွက်
သွားလိုက်တယ်လေ"
သူ့ဘယ်ဘက်လက်ကို ကိုင်ပြီး ဆေး
မထည့်ခင် အရက်ပြန်သုတ်ပေးနေတဲ့
ဆရာမလေးရဲ့ စကားကြောင့်
နေစင်ဟန် စဉ်းစားရခက်နေတုန်း
ဆန်းဆက်က သူရှိနေတဲ့ အခန်းထဲ
ဝင်လာသည်။
"လက်က တော်တော်လေးပွန်းသွားတာပဲ"
ဆန်းဆက် မျက်နှာက သူ့ကိုစိုးရိမ်ကြီးနေသလို တော်တော်လေးမကောင်း။
"ဆန်းဆက်"
"ဝတ်ရည်ဆီ ဘယ်လိုမှမတတ်နိုင်ပဲ
အရင်သွားလိုက်ရတယ်။အများကြီး
ထိထားတာပဲ "
" အဲဒီလောက်မဟုတ်"
"အရက်ပြန်နဲ့စပ်နေမှာမလို့
ဒဏ်ရာတွေကိုဆေး ဖြေးဖြေးလေး
ထည့်ပေးနော်ဆရာမ။ သောက်ဆေး
လိုရင်လည်းထည့်ပေးပါအုံး ပြီးရင် အမာရွတ်မကျန်အောင်လည်း လိမ်း
ဆေးပါထည့်ပေးလိုက်ပါ"
ဆရာမလေးက ဘာမှထပ်မပြောတော့ပဲ
သူနဲ့ဆန်းဆက်ကို တချက်ကြည့်လာသည်။
ဆရာမလေး ဆေးထည့်ပေးနေတာ
ကို ရပ်ကြည့်ပြီးသူ့ဘေးမှာကပ်လျက်
ဆန်းဆက်က သူ့လက်က ဒဏ်ရာ
တွေအပေါ်မှာသာ မျက်နှာမကောင်းလျက် တကြည့်ကြည့်ဖြစ်နေသည်။
ဆန်းဆက် သူနဲ့ မျက်လုံးချင်းဆုံ
လာချိန် နေစင်ဟန် မလုံမလဲနဲ့
အကြည့်လွှဲလိုက်ရသည်။
အဲဒီနေ့က ထွန်းမြတ်သွားမဲ့နေရာ
ပို့ပေးအပြီး သူနဲ့သိတဲ့မိုတယ်က
အစ်ကိုဆီမှာ ပစ္စည်းပို့တဲ့အချိန်ပိုင်း
အလုပ်ရမယ်ဆိုလို့ သွားခဲ့တာ။
သူသတိမရှိတာမဟုတ်ပဲနဲ့ကို အခြေအ
နေမကောင်းဖြစ်သွားခဲ့သည်။
ကိုယ့်ကိုကိုယ်
စိတ်ပြန်ဖြေနိုင်ခဲ့စရာတစ်ခုက သူတအားကြီးဆိုးဆိုးရွားရွားမကောင်းတဲ့
ဘယ်အရာမှ ဘာမှမဖြစ်ခဲ့ပဲနဲ့ လူကောင်းပကတိ အိမ်ပြန်နိုင်ခဲ့ခြင်း။ အနည်း
ဆုံးတော့သူ အမေမွေးထားပေးတဲ့
အတိုင်းပင်။
ဘုန်းပြည့်သော် ကွန်ဒိုမှာသူနိုးလာ
ချင်း ဘုန်းပြည့် ပြောပြတဲ့စကားက
ဘုန်းပြည့်နဲ့ဆန်းဆက်က သူ့ကို ပြန်
ခေါ်လာခဲ့ပေးတာ။
ပြန်စဉ်းစားကြည့်တိုင်း
အိပ်မက်တစ်ခုလို ဖြစ်နေပေမယ့်
ကိုယ့်ကိုကိုယ် လိမ်ညာခြင်ပေမယ့်
လည်း အဲဒီနေ့ကတစ်စုံတစ်ယောက်နဲ့ ခန္ဓာကိုယ် အပြင်ဘက်မှာ တစ်ကယ်လက်တွေ့ အထိအတွေ့တစ်ခုရှိခဲ့သည်ကိုသူလက်ခံလိုက်ရသည်။ဘုန်းပြည့်ကတော့ မည်သို့မှမဖြစ်နိုင်။
ဆန်းဆက်ရဲ့ မျက်နှာကို သူနောက်
တကြိမ် ပြန်ကြည့်မိသွားချိန်။
နှစ်ယောက်ထဲရှိနေတဲ့အခန်း။
ရင်းနှီးနေတဲ့အငွေ့အသက် နွေးထွေးတဲ့ဂရုစိုက်မှု သူ့မျက်ခမ်းစပ်မှကျလာ
သည်များကိုသုတ်ပေးခဲ့သူ။
အဲ့တာဆိုရင် ဆန်းဆက်....။
******************************
Note**အပိုင်းကရှည်တော့ နည်းနည်း
ကြာသွားပါတယ်။ကဲဘယ်သူက
ဘယ်သူ့ကိုplayမှာလဲ။
ဗျူဟာပိုင်က အရမ်းတော့ဂျစ်တယ်
လို့ပြောရမယ်။ စိတ်မြန်လက်မြန်နဲ့ရှိပြီး
အကြောမခံ၊သူလက်မခံချင်တာဆိုရင်လည်း ပိတ်ပြီးငြင်းတဲ့အဖွဲ့ကပါ။
ကိုယ့်လူကိုပဲကိုယ် ပေးဆိုးထားတယ်။
ယူ တို့အတွက်level upထားတဲ့Aelennarပါ🤗
" တစ္ပတ္ခါ ႐ွင့္အစ္ကိုၾသဇီကေနျပန္ေရာက္ၿပီမလား ကိုေက်ာ္ျမင့္သူ"
"ဟုတ္တယ္"
" အဘိုးႀကီးက အဲဒါေၾကာင့္ေပါ့ ထုံးစံအတိုင္း ႐ွင့္ကိုေနရာမေပးခ်င္လို႔
႐ုံးခ်ဳပ္မွာ ႐ွယ္ယာ႐ွင္အစည္းအေဝး
႐ွိတိုင္းတစ္ေနရာကို ပထုတ္ျပန္ၿပီ။အဲ့ဒီ
ကြက္သစ္ေတြအေရာင္းအဝယ္ျဖစ္ဖို႔ ေလာက္ကေတာ့ ႐ွင့္လက္ေအာက္က
လူကို လႊတ္လိုက္လည္းရတယ္။
ဉာဏ္မ်ားလိုက္တဲ့ မ်က္ႏွာႏွစ္ဖက္နဲ႔
အဘိုးႀကီး ကြၽန္မဒီတစ္သက္မေက်ဘူး
အေမလည္း အရမ္းေဒါသထြက္ေနတယ္"
ဆန္းဆက္ ဧည့္ခန္းထဲဝင္လာတဲ့
အခ်ိန္ ဦးေက်ာ္ျမင့္သူက သူ႕သားကို
ၾကည့္ၿပီး မ်က္ႏွာပ်က္လ်က္
ေဒၚစိုးယုေမာ္ကေတာ့ ေဒါသျဖစ္ေနသည္မွာအသိသာ။
ဆနိးဆက္ ေဒၚစိုးယုေမာ္ေဘးမွာ
ဝင္ထိုင္လိုက္သည္။
"အေဖနဲ႔အစ္ကိုက သူတို႔အလုပ္သူ
တို႔လုပ္ေနၾကတာ သူတို႔ခိုင္းတဲ့အတိုင္း
တစ္ေသြမတိုင္း လိုက္နာရမွာကငါ့တာဝန္ပဲ"
" ႐ွင့္ကိုအဲ့လိုမ်ိဳး ခိုင္းလို႔ေကာင္းေန
လို႔ ကိုခိုင္းဖက္လိုလုပ္ေနၾကတာ။
ေအာက္ေျခသိမ္းကေနအစစအရာရာ
လိုက္လုပ္ေပးရတာက႐ွင္ အေပၚစီး
ကေန ေနရာယူေနၾကတာက သူတို႔။
ဒါလား အဘိုးႀကီးေျပာေနၾက မင္းက
ငါ့ရဲ႕ သားအရင္းလိုပါပဲဆိုတဲ့စကား။
႐ွင့္ကိုေမြးစားသားအမည္ေပးၿပီး
ပ်ိဳးေထာင္ခဲ့တာကလည္း သူ႕သား
အတြက္ ဒိုင္းကာလုပ္မလို႔"
"သားေ႐ွ႕မွာ စကားကိုဆင္ျခင္ေျပာ
ကိုယ့္အဘိုးကိုယ္ျပန္မုန္းရေအာင္
မလုပ္နဲ႔လို႔ ငါဘယ္ႏွခါေျပာရမလဲယုေမာ္"
" တကယ္ဆို႐ွင္က သူ႕အစ္မရဲ႕သား
သူ႕အစ္မသာ မဆုံးပါးသြားပဲ မ်ိဳး႐ိုး
စဥ္ဆက္အေမြေတြသာသူ တေယာက္
တည္းအပိုင္စီးမရခဲ့ရင္ အဘိုးႀကီး ဒီေလာက္အထိ ႀကီးပြားလာစရာ အ
ေၾကာင္းကိုမ႐ွိဘူး။ ႐ွင့္ကိုေစာင့္ေ႐ွာက္
ခဲ့ရသလိုနဲ႔ တကယ္ေတာ့ ႐ွင္ရသင့္ရ
ထိုက္တာေတြကိုအဘိုးႀကီးကသူ႕သားအတြက္ လက္ဝါးႀကီးအုပ္ခဲ့တာ"
"အေမ"
သူ႕အေဖ မ်က္ႏွာမေကာင္းတာကို
ျမင္ေတာ့ ဆန္းဆက္ ေဒၚစိုးယုေမာ္ကို
အၾကည့္နဲ႔ ဆက္မေျပာဖို႔တားလိုက္ေပးမယ့္။
"ျမင္လား သား မင္းအေဖ ဘယ္လို
ေတာင္ အဲဒီမိသားစု ဆီမွာကြၽန္ခံ
ေနခဲ့ရလည္းဆိုတာ။အဘိုးႀကီးက
ပါးစပ္ကသာသူ႕ရဲ႕ မိသားစု
သူ႕မွာ သားႏွစ္ေယာက္႐ွိတယ္။ လက္
ေတြ႕မွာေတာ့ အခ်ိဳသပ္ၿပီးလူရာ
မသြင္းပဲခိုင္းစားေနတာ ဟိုးအရင္
သားမေမြးခင္တုန္းအခ်ိန္ အခုလို
ဆက္သြယ္ေရးေတြမ႐ွိတုန္းကထဲက
နယ္အစြန္ထိကိုေရာက္တဲ့
တစ္ခ်ိဳ႕အလုပ္ကိစၥေတြဆိုရင္ ကိုယ့္ အႏၲရာယ္ကိုေတာင္မမႈပဲမင္းအေဖက
ရစရာ႐ွိတာေတြကိုယူၿပီးသူတို႔အခုလိုႀကီးပြားလာေအာင္လုပ္ေပးခဲ့တာ။တကယ္တမ္းေတာ့ မင္းအေဖကလူယုံ အဆင့္ပဲ႐ွိတယ္။မင္းအဘြားသာမ႐ွိ
ေနရင္ မင္းအေဖ ဒီေနရာေလးကိုေတာင္
ရမွာမဟုတ္ဘူး အေမတို႔တသက္လုံး
ဟိုမိသားစုဆီမွာမ်က္ႏွာငယ္ေနရမွာ"
" စိတ္ေလွ်ာ့ အမ်ိဳးသမီး မ်က္ႏွာမွာ
အေရးအေၾကာင္းေတြထင္လာလိမ့္မယ္"
ေလေျပနဲ႔ ေအးေဆးစြာပင္ ေျပာလ်က္
ဆန္းဆက္သူ႕အေမကို ႏွစ္သိမ့္လိုက္သည္။
" မင္းအေမနဲ႔စကားေျပာလိုက္ ဆန္းဆက္။ အေဖထမင္းစားခန္းထဲသြားေတာ့မယ္ ေက်ာင္းမသြားခင္ မနက္စာစားသြားအုံး"
" ဟုတ္ကဲ့အေဖ ကြၽန္ေတာ္ ခဏေနလာခဲ့မယ္"
ဦး ေက်ာ္ျမင့္သူက သူ႕မိန္းမကို
ၾကည့္လ်က္ သက္ျပင္းခ်ကာ
ထမင္းစားခန္းထဲဝင္သြားသည္။
"မင္းအေဖက အေမဘယ္လိုေျပာျပ
ေျပာျပငုံ႔ခံေနၿမဲပဲ။အေမ့ရဲ႕အဲ့ဒီအခ်ိန္
ထဲက ခံျပင္းမႈေတြကအခုထိ ရင္ထဲမွာအစိုင္အခဲ ျဖစ္ေနတယ္ သားရဲ႕ အေမ အရမ္းခံျပင္းတယ္"
"သူတို႔ မေကာင္းတာလုပ္ထားရင္
သူတို႔ စရိတ္နဲ႔သူတို႔သြားမွာပဲ အေမ
ဝဋ္ဆိုတာက႐ွိၿပီးသား"
ရင္ဘတ္ကိုထုေနတဲ့ သူ႕အေမရဲ႕လက္ကိုဆန္းဆက္ ဆြဲလိုက္ရသည္။
" အေမအနာက်ည္းဆုံးကေလ
သားကို နာမည္ေပးတဲ့အခ်ိန္ သူ႕ေျမး
လိုပဲ အေနာက္မွာသူ႕နာမည္ပါတဲ့"ပိုင္"တစ္လုံး ထည့္ပါမယ္ဆို
တာကိုေတာင္ လက္မခံခဲ့တာပဲ။
ေန႔နာမ္ကို လႊဲခ်တဲ့ အဘိုးႀကီးရဲ႕သ႐ုပ္မွန္ေပါ့"
" ဆန္းဆက္ပိုင္ မျဖစ္ခဲ့တာ ေက်းဇူးတင္တယ္ အဲဒီနာမည္ႀကီးနဲ႔ေတာ့ ကြၽန္ေတာ္ အသက္ဆက္မ႐ွင္ႏိုင္ဘူး"
သူ႕အေမ ခံစားေနရတာ မျမင္ရက္
ေတာ့လို႔ စေနာက္လိုက္ေပမယ့္ ေဒၚ
စိုးယုေမာ္က ဆန္းဆက္ကို မ်က္ရည္
ေတြဝဲလာကာၾကည့္လ်က္။
" မင္းအေဖက သူတို႔ကိုဘာမွမလုပ္
ႏိုင္ဘူး။ ဘာမွမလုပ္ႏိုင္တာထက္
သူက သစၥာခံလိုမ်ိဳး သူ႕ကိုကြၽန္လို သေဘာထားတဲ့လူေတြကို ေက်းဇူး႐ွင္
ေတြလို႔ ပဲသတ္မွတ္ထားတာ။သားက
မင္းအေဖ ခံခဲ့ရတာေတြ အေမ့ရဲ႕
နာက်ည္းခ်က္ေတြကို
ျပန္လည္ေခ်ပေပးႏိုင္မယ္လို႔ အေမယုံၾကည္ထားၿပီးသား"
ဆန္းဆက္ မ်က္ႏွာတည္သြား
သည္။
"အဘိုးႀကီးကအခုခ်ိန္မွာ သူ႕သား
အတြက္ေပမယ့္တခ်ိန္က်ရင္ သူ႕ေျမးအတြက္ပဲ ျဖစ္လာမွာပဲ။မင္းအေဖ
မရႏိုင္ခဲ့တဲ့ေနရာကိုသားကအရကို
ယူႏိုင္ရမယ္ကိုထင္ပိုင္သူ႕သားကို ေက်ာေထာက္ေနာက္ခံလုပ္ခ်င္ရင္ေတာင္
လုပ္လို႔မရႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္
လာမယ့္တစ္ေန႔ကို အေမျမင္ခ်င္ေနၿပီ"
သူ႕အေမရဲ႕စကားအဆုံး ဆန္းဆက္
ႏွစ္ေပါင္းမ်ားစြာ သူ႕ရင္ထဲမွာျမဳပ္ႏွံ
ထားတဲ့ ခံစားခ်က္ေတြ ဆက္တိုက္ျပည့္တက္လာသည္။
" မလြယ္ဘူးဆိုတာ အေမသိတယ္
လူတေယာက္ကို အလဲထိုးခ်င္ရင္သူ႕ရဲ႕ အားနည္းခ်က္ကို အရင္႐ွာရတယ္သား။ မင္းအေဖတုန္းက သူ႕အစ္ကိုရဲ႕ အားနည္းခ်က္ကိုသိေပမယ့္ မလုပ္ခဲ့ဘူး။ အဲ့တာေတာင္မွ အတၱႀကီးတဲ့အဖိုးႀကီးက မင္းအေဖကိုအခုခ်ိန္ထိ"
ေဒၚစိုးယုေမာ္က အံႀကိတ္လ်က္။
" ေယာက်ာ္းေလးခ်င္း ခ်စ္ႀကိဳက္
တာကိုလက္မခံတဲ့ အဘိုးႀကီးက
သူ႕သား ျဖစ္သြားတဲ့အခါက်ေတာ့ လုံးဝပါးစပ္ေပါက္ပိတ္ေနခဲ့တယ္။သူ႕သား
ကေလမင္းဦးငယ္ကို သူ႕လက္ထပ္ရမဲ့
ခိုင္နီလာကိုေတာင္မျမင္ႏိုင္ပဲအသားကုန္လိုက္ကပ္ၿပီးႀကိဳက္တာႀကိဳက္တာဆိုတာ ျမင္လို႔ေတာင္မေကာင္းဘူး။မင္းဦးငယ္ကလည္း ကိုထင္ပိုင္ကိုအစထဲကေလးစားေနတဲ့သူဆိုေတာ့ လုံးဝပါသြားၿပီး သူ႕ သိကၡာေတြ အကုန္ပုံေအာၿပီးေတာ့ကို ေပး
ဆပ္ခဲ့တာ အဲ့ေကာင္ေလးက မနာလိုမႈ
ေတြၾကားထဲကေန ေျမစာပင္ျဖစ္ခဲ့
ရတယ္။အာဏာကုန္သုံးၿပီး ကိုယ့္ေျမ
ကိုယ္ ေသတဲ့အခ်ိန္ထိ ျပန္မလာနဲ႔လို႔
အမိန္႔ေပးခံခဲ့ရတာက မင္းဦးငယ္။
အေမျဖင့္မင္းဦးငယ္ကို သနားလြန္းလို႔ "
ေျပာေနရင္းနဲ႔ဆို႔နင့္ၿပီး က်ဆင္း
လာတဲ့မ်က္ရည္ေတြကိုသုတ္ေနတဲ့
သူ႕အေမကိုဆန္းဆက္ မၾကည့္ရက္
ႏိုင္ေတာ့စြာျဖင့္
" စိတ္ကိုေလွ်ာ့ထားအမ်ိဳးသမီး။
အဲ့ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္႕
ကိုပဲ ယုံၾကည္ထားလိုက္ပါလို႔ ေျပာထားတယ္မလား။အေမလုပ္ေပးဖို႔က စိတ္႐ွည္႐ွည္နဲ႔ ေစာင့္ေနဖို႔ပဲ။အမ်ိဳးသမီးက
ေဝဒနာေတြမယူေနပဲမ်က္ႏွာေလး
ဘာေလးေပါင္းသြားတင္ၿပီး လုပ္ေနၾကအတိုင္း ကိုယ့္အလွပကိုပဲ ကိုယ္ဂ႐ုစိုက္ အလွပ်က္မခံနဲ႔။ က်န္တာ ကြၽန္ေတာ္
တာဝန္ထား"
"သားကို အေမ ယုံၾကည္တယ္။အေမအႂကြင္းမဲ့ ယုံၾကည္ၿပီးသား "
ေဒၚစိုးယုေမာ္က ျပတ္ျပတ္သားသား
ေျပာၿပီး ဆန္းဆက္ကို အားကိုးတႀကီး
လိုၾကည့္လ်က္ မ်က္ရည္ေတြကို.သုတ္လိုက္သည္။
" သမီးေလးနဲ႔ေရာ ဘယ္လိုအေျခအေန
႐ွိေနလဲသား။ အဆင္ေျပေနတယ္
မလား အေမျဖင့္ငါ့သားက သမီးေလးကိုရထားတယ္ဆိုတာ ဟိုမိန္းမခိုင္နီလာနဲ႔ သူ႕သားသူ႕ေျမးကိုပဲ ျမင္တဲ့အဘိုးႀကီးေ႐ွ႕ တရားဝင္ခ်ျပခ်င္ေနၿပီ သူ႕ေျမး ဘယ္ေလာက္ထိအသုံးမက်လဲ သိရေအာင္"
"ေစာပါေသးတယ္ ျဖစ္လာမွာပါ"
" သမီးေလးကို ကိုယ့္ဘက္ပါေအာင္ ေသခ်ာဆြဲထားေနာ္သား အဲ့ေကာင္မေလး
က အေမတို႔ဟိုဘက္မိသားစုကိုအလဲ
ထိုးႏိုင္မယ့္ ေျခလွမ္းအစပဲ"
" ကြၽန္ေတာ္ သိပါတယ္"
ေဒၚစိုးယုေမာ္နဲ႔ဆန္းဆက္ အၾကည့္
ခ်င္းဆုံေနရင္း သူ႕အေမကိုအသာျပဳံးျပလိုက္ကာ သူ႕အေမအနားတခဏထပ္
ေန၍ ႏွစ္သိမ့္လို႔အၿပီး ဆိုဖာေပၚက
ေန ထရပ္လိုက္သည္။အခုခ်ိနိ သူ႕အေဖမ်က္ႏွာကို ဘယ္လိုမွမၾကည့္ရက္တာေၾကာင့္ ထမင္းစားခန္းထဲကို မဝင္
ျဖစ္ေတာ့။
ေဒၚစိုးယုေမာ္ကို အသိေပးလိုက္ၿပီး
ဆန္းဆက္ ေက်ာင္းသြားဖို႔ အိမ္ထဲကေန ထြက္လာတဲ့အခ်ိန္ ထမင္းစားခန္းထဲကေနထြက္လာတဲ့ ဦးေက်ာ္ျမင့္သူနဲ႔
ေဒၚစိုးယုေမာ္ အဓိပၸါယ္ပါပါ
အၾကည့္ခ်င္းဆုံသြားသည္။
ဆန္းဆက္ အိမ္အေ႐ွ႕မွာသူ႕ဆိုင္ကယ္
ေပၚတက္ၿပီး စက္ႏိႈးလိုက္ရင္း။
ပထမေျခလွမ္းကို စတင္ခဲ့ေပမယ့္
ဝတ္ရည္ကို သူတို႔အႏိုင္ပိုင္းဖို႔မီးစတစ္ခုေၾကာင့္သူ႕ဘက္ပါလာေအာင္လုပ္ခဲ့
ေပမဲ့ အေမမသိခဲ့တဲ့ အေရးအႀကီးဆုံး
အရာ ႐ွိတယ္။အဲ့တာက...။
သူဘယ္ေနရာကိုမွ ေလာဘတက္ၿပီး
မလိုခ်င္ဘူး။ ဒါေပမယ့္ ရန္ေႂကြး ဆို
တာ႐ွိတယ္။ အဲ့ဒီသူေတြကိုယ္လုပ္ခ်င္
တိုင္း လုပ္လို႔ရခဲ့တာက သူတို႔ အႏိုင္က်င့္သမွ်ကို နာခံတဲ့သူေတြျဖစ္ေနလို႔။
သူကေတာ့ မဟုတ္ဘူး။
သူ႕အေဖနဲ႔ အေရးႀကီးဆုံးကေတာ့
သူခ်စ္တဲ့သူ႕ဦးငယ္။ တန္ရာတန္ေၾကးဆိုတာ ႐ွိတယ္။ မင္းငါ့ကို ႏွိမ္ခဲ့သမွ် ျပဳံးျပဳံးေလးပဲ ထိုင္ၾကည့္ေနမယ္။ အလွည့္က်ရင္ မႏြဲ႕စတမ္းေပါ့။
လူတေယာက္ကိုထိုးခ်ခ်င္ရင္ သူ႕ရဲ႕ အားနည္းခ်က္ကို အရင္႐ွာရတယ္။
တစ္ခ်က္ခုတ္ေလးခ်က္ေလာက္
ျပတ္မယ္ ထင္ထားခဲ့ေပမယ့္ဝတ္ရည္ကို အသည္းအသန္ျဖစ္ေနတဲ့ ဗ်ဴဟာပိုင္ဆီကေနသူရခဲ့ေပမဲ့ ထင္ထားသေလာက္သူ႕အစ္ကိုဘက္ကေနမလႈပ္လာဘူး။
တကယ္ပဲ ဗ်ဴဟာပိုင္ရဲ႕ အားနည္းခ်က္က ဘာမ်ား ျဖစ္ေနမလဲ။
------------------------
မနက္ခပ္ေစာေစာ အခ်ိန္ထဲကေန
ဗ်ဴဟာ ေက်ာင္းကိုေရာက္ေနၿပီး
ကားပါကင္မွာကားကိုရပ္ထားလ်က္
အထဲမွာထိုင္ေနျဖစ္သည္။မနက္ပိုင္း
အတန္းခ်ိန္ တစ္ခ်ိန္လြန္သြားပါေသာ္
လည္းသူအခုထိ ကားအထဲကေန မထြက္ျဖစ္ေသး။
ကားထိုင္ခုံကိုေခါင္းမွီထိုင္ကာ
ဘယ္လက္မွာပတ္ထားတဲ့ နာရီကို
တၾကည့္ၾကည့္နဲ႔ ျဖစ္ေနတုန္း ေက်ာင္း
ဂိတ္အေပါက္ဝထဲကို ဆိုင္ကယ္
အျဖဴေရာင္ဝင္လာတာ ျမင္လိုက္ခ်ိန္သူ လႈပ္လႈပ္႐ွား႐ွားျဖစ္သြားရသည္။
ဆိုင္ကယ္ဦးထုပ္ကိုခြၽတ္လိုက္တဲ့
ေနာက္မွာေပၚလာတဲ့အေဝးကေနျမင္
လိုက္ရသည့္မ်က္ႏွာ။
ေနစင္ဟန္ ေက်ာင္းမလာတာ ႏွစ္ရက္
႐ွိၿပီဆိုတာဘုန္းျပည့္ ေကာင္ေလးက
ေနတဆင့္ စုံစမ္းသိထားတယ္။ေန
မေကာင္းဘူးလို႔ ေျပာတယ္တဲ့။အင္း
ေလ လန္႔ဖ်ားဖ်ားတယ္ျဖစ္မွာေပါ့။
ဒါေပမဲ့ေနစင္ဟန္က ေနပုံထိုင္ပုံက
အစတစ္ကယ္မာတယ္လို႔ေျပာရမယ္။
သူကားထဲကေနဆက္ၾကည့္ေနတုန္း
ပင္ေနစင္ဟန္က ေက်ာပိုးအိတ္ကို
လက္တစ္ဖက္နဲ႔ကိုင္ကာပုခုံေပၚတင္ၿပီး
သူ႕ကားအနား ေလွ်ာက္လာေနၿပီမို႔
သူကားထဲကေန အျမန္ထြက္လာၿပီး
အျပင္ေရာက္တာနဲ႔ေနစင္ဟန္သူ႕
အေ႐ွ႕ကေန ျဖတ္ေလွ်ာက္တာကကြက္တိပင္။
သို႔ေပမယ့္....
ေနစင္ဟန္ကသူ႕ကို ျမင္ပုံေတာင္မရ
ဘဲ ကားအေ႐ွ႕မွာ ရပ္ေနတဲ့ သူေဘး
ကေနျဖတ္ကာ အထာက်က် ကား ပါးကင္ကေနထြက္သြားသည္၊။
ဗ်ဴဟာ ခံျပင္းစြာႏွင့္ဆြံ႕အေနရင္း။
ဘာလဲ။အခု သူ႕ကိုမျမင္ခ်င္ေယာင္
ေဆာင္သြားတာလား။မဟုတ္ဘူး
အေ႐ွ႕တည့္တည့္မွာ႐ွိေနတာေတာင္
ဂ႐ုမစိုက္တဲ့ အခ်ိဳးခ်ိဳးတာ ။
အေလးမထားတာ။လူရာမသြင္းတာ။
ေနစင္ဟန္ မင္းနဲ႔ငါေတြ႕မယ္။
--------------------------
ဘုန္းျပည့္ သူ႕ထိုင္ခုံက ထလိုက္တာနဲ႔
အေနာက္က ဗ်ဴဟာက လႈပ္လႈပ္႐ွား႐ွားျဖစ္လာသည္။
" ဘယ္သြားမလို႔လဲေဟ့ေရာင္"
"toilet"
ဘုန္းျပည့္ စိတ္မ႐ွည္ေတာ့၍။
"ငါဖင္ႂကြလိုက္တာနဲ႔ဘယ္သြားမလို႔
လဲ ဘာလို႔တခ်ိန္လုံးလိုက္ေမးေနတာလဲ လိုက္ခ်င္ရင္ လိုက္ခဲ့ "
ဘာမွျပန္မေျဖပဲ
မသိခ်င္ေယာင္ေဆာင္ေနေသာ ဗ်ဴဟာကိုဘုန္းျပည့္ ဂ႐ုမစိုက္ေတာ့ဘဲ။
"႐ွင္းသန္႔ဆီ သြားဦးမွပဲ သူတို႔အခန္းမွာအခ်ိန္လြတ္လို႔ လူ႐ွင္းေနတယ္တဲ့"
ဗ်ဴဟာ သူ႕ခုံကေန ခ်က္ခ်င္းထရပ္ၿပီး
သူ႕ေ႐ွ႕ေရာက္လာလာတာေၾကာင့္
ဘုန္းျပည့္တအံ့တၾသနဲ႔ျဖစ္ေနတုန္း
"အဟမ္း သြားမယ္"
"ဘယ္ကိုလဲ"
" ဟိုတစ္ေန႔က စကားေျပာၾကည့္
ေတာ့ သိပ္မဆိုးပါဘူး။ဆက္ၿပီးေတာ့ အေျခအေနၾကည့္ၿပီး ေလ့လာ
လိုက္အုံးမယ္ "
ရပ္ေနဆဲျဖစ္သည့္ ဘုန္းျပည့္ကို
ဗ်ဴဟာက လွည့္ၾကည့္၍။
" မသြားဘူးလား"
"ဘယ္ကိုလဲ"
" ႐ွင္းသန္႔သူဆီ"
ဘုန္းျပည့္ တခဏဆြံ႕အၿပီး ဗ်ဴဟာ အေနာက္အျမန္လိုက္ကာ ဗ်ဴဟာ
ပုခုံးကိုဆြဲဖက္ၿပီး။
" အဲ့ဒါေတြေၾကာင့္ အရမ္းခ်စ္ေနရတာ "
"ဖယ္စမ္း"
----------------
"႐ွင္း ဗ်ဴဟာက မင္းနဲ႔ေတြ႕ၿပီးစ
ကားေျပာခ်င္လို႔တဲ့ ငါ့ကိုေျပာေနတာ
ၾကာၿပီ ေနာက္မွေျပာလည္းရပါတယ္ဆို
အခုေတာင္ မရမကအတင္းလိုက္
လာတာပဲၾကည့္"
သူတို႔အတန္းထဲကို ႏွစ္ေယာက္လုံး
ဝင္လာၿပီး
ဘုန္းက ဝမ္းသာအားရနဲ႔ ေျပာေနေသာ္လည္း ဗ်ဴဟာပိုင္ ရဲ႕အၾကည့္
ေတြက ႐ွင္းသန္႔ရဲ႕ေဘးတစ္ခုံေက်ာ္
က သူ႕စားပြဲေပၚလက္တင္ၿပီးေခါင္း
ေမွာက္ကာ အိပ္ေပ်ာ္ေနတဲ့ေနစင္ဆီမွာသာ။
"စကားတိုးတိုးေျပာဘုန္း ေနစင္ အိပ္ေပ်ာ္ေနတာ"
"သူအိပ္ေနတာၾကာၿပီလား"
ေနစင္ကိုပဲၾကည့္ေနသည့္ ဗ်ဴဟာပိုင္
ကို႐ွင္းသန္႔ ေအးေဆးစြာနဲ႔။
" သိပ္ေတာ့မၾကာေသးဘူး ခဏ
ေမွးမယ္ဆိုၿပီး အိပ္ေပ်ာ္သြားတာ ေန
သိပ္မေကာင္းေသးဘူးထင္တယ္ "
ေနစင္ဟန္တိူ႕ အခန္းထဲမွာ အတနိးခ်ိန္
လြတ္ေနသည္မို႔ေက်ာင္းသားဘယ္သူ
မွ သိပ္မ႐ွိ။ဝတ္ရည္ကိုလည္း မေတြ႕မိ။
ဘုန္းျပည့္က ေဘးစားပြဲကလြတ္ေန
တဲ့ခုံတလုံးဆြဲကာ ႐ွင္းသန္႔သူေဘး
ကပ္ထိုင္ၿပီး လူ႐ွင္းေနတဲ့အခြင့္အေရးကို အသုံးခ်ကာ ႐ွင္းသန္႔သူနဲ႔ ႏွစ္ကိုယ္ၾကားစကားကပ္ေျပာေနသည္။
ဘယ္လိုမွမတတ္ႏိုင္ဘူးပဲ။ဘုန္းျပည့္
သူ႕ေကာင္ေလးကိုလာေတြ႕တာ ေစာင့္ေပးရမွာမလို႔ ဗ်ဴဟာ ဘုန္းျပည့္နဲ႔႐ွင္းသန္႔သူ
အေ႐ွ႕က ခုံမွာဝင္ထိုင္လိုက္သည္။
သူ႕ျမင္ကြင္းထဲေရာက္ေနေတာ့
ဘယ္လိုမွန္းမတတ္ႏိုင္ေတာ့ျမင္ေန
ရတဲ့ ေနစင္ဟန္။
ဒင္းက ဘယ္ေနရာမွာ ဘယ္လိုပုံစံပဲ
ျဖစ္ျဖစ္အိပ္ေပ်ာ္တာလား။ခုံမွာ မ်က္ႏွာေမွာက္ၿပီး အိပ္ေနလိုက္တာမ်ား သူ႕
အိမ္သူ႕ယာၾကလို႔။ႏိုးႏိုးၾကားၾကားကလည္း႐ွိလိုက္တာမွ။
ဒီေန႔ကမနက္ထဲက ေကာင္းကင္က
အုံ႔မိႈင္းေနၿပီး မိုးေျပးေလးေတြေတာင္
မက်ေပမဲ့ရာသီဥတုက နည္းနည္းေအး
သည့္ဘက္ကိုေရာက္ေနသည္။
အဆံ႐ွိတဲ့ မိသားစုထဲက သားသမီး
ပီသစြာ႐ွင္းသန္႔သူ ကိုယ္ေပၚမွာbrand အေႏြးထည္တစ္ထည္။သူ႕ေဘးက
စားပြဲေပၚလက္တင္ၿပီး ေမွာက္အိပ္ေနတဲ့ေကာင္ေလးကေတာ့ ေက်ာင္း ယူနီေဖာင္းနဲ႔ပင္ ဘာမွအပိုမဝတ္ထားပဲ တစ္ခ်က္တစ္ခ်က္ ခ်မ္းေနသည့္ဟန္ႏွင့္ ကိုယ္ကက်ံဳ႕သြားသည္။
ဗ်ဴဟာ ေဘးဘီကိုၾကည့္လိုက္ေတာ့
အခန္းေထာင့္မွာ႐ွိေန
တဲ့floor standing airconditionerကအေၾကာင္းျပခ်က္။
ေနစင္ဟန္ခုံကအခန္းေထာင့္ဘက္မွာ
ျဖစ္ၿပီးထိုင္ေနတဲ့ေနရာကအခန္းေ႐ွ႕က်ေတာ့ေနစင္ဟန္ ရဲ႕အနီးကမ်က္ေစာင္းထိုး မွာပင္ ႐ွိေနတဲ့FSAဆီကေလေအးေငြ႕ေတြ
ကေနစင္ဟန္ကိုတိုက္႐ိုက္ ႐ိုက္ခတ္ေနသည္။နည္းနည္းပါးပါး အေနာက္ဆုတ္ထိုင္ပါလား။ လူကျဖင့္ေအးေနၿပီးေတာ့။
အဲယားကြန္းေ႐ွ႕တည့္တည့္မွာပိတ္
ထိုင္ေနတဲ့ ေနစင္ဟန္ကိုက အခ်ိဳး
မေျပတာ။အပူခ်ိန္ကတံခါးေတြအလုံ
ပိတ္ထားတဲ့ အခန္းအတြက္ ညႇိထားတာ
အေနေတာ္ပဲ။
ဗ်ဴဟာ သူထိုင္ေနတဲ့ ခုံကိုမၿပီး
FSAအေကာင္ႀကီး႐ွိတဲ့ေနရာနဲ႔ ေနစင္ဟန္ အလယ္ၾကားမွာ ေက်ာေပးကာ
ကာလ်က္ထိုင္လိုက္သည္။
သူ႕ေနာက္ေက်ာတစ္ခုလုံးကို ေရခဲေငြ႕နဲ႔
အေအးလႊတ္ခံထားသလို
ေအးတက္လာမႈ။
" မင္းအဲ့အေ႐ွ႕မွာ ဘာလို႔ကပ္ၿပီးသြား
ထိုင္ေနတာလဲ ဗ်ဴဟာ "
"ငါပူေနတယ္ ဒီအခန္းက တစ္အားပူတာပဲ "
"ခ်က္ခ်င္းႀကီး"
ဘုန္းျပည့္ ႐ွင္းသန္႔သူ႕ဆီ အာ႐ုံျပန္ေရာက္သြားၿပီး ႏွစ္ေယာက္ကတတြတ္တြတ္နဲ႔ စကားဆက္ေျပာေနသည္။ဗ်ဴဟာ
ဘုန္းျပည့္ကို ေစာင့္ေနရသည့္အတြက္
ဖုန္းထုတ္ၾကည့္ကာထိုင္ေနရင္း သူ႕
အေ႐ွ႕ကေကာင္ေလးတစ္ေယာက္ ဆက္လက္ၿပီးေအးေဆးစြာအိပ္ေန
တာကိုတိုက္႐ိုက္မၾကည့္ပဲနဲ႔ သူ႕ဖုန္းက အသစ္လဲထားတာမၾကာေသးသည္မို႔
သူ႕အေ႐ွ႕ကေနစင္ဟန္မ်က္ႏွာကို
focusထားၿပီး ကင္မရာစမ္းေနလိုက္သည္။
------------------------
ဗ်ဴဟာ သူ႕ရဲ႕ကားကို သင္တန္းအေ႐ွ႕
မွာ ရပ္လိုက္တဲ့အခ်ိန္ ဘုန္းျပည့္ ေခၚ
လာတဲ့ဖုန္း။ဒီေန႔ကသူ မနက္ပိုင္းအတန္းခဏပဲတက္ျဖစ္ၿပီး အိမ္ကိုျပန္ၿပီးမွ သင္တန္းကို ထြက္လာတာပင္။
" ဘာလဲ ေျပာ"
"ေဟ့ေရာင္ ဝတ္ရည္ ႏွလုံးေအာင့္
တက္လို႔ ေ႐ွာ့ျဖစ္ၿပီးေဆး႐ုံေရာက္သြားတယ္တဲ့"
" မေန႔ကညေနေတာင္ ေက်ာင္းမွာ
လွမ္းေတြ႕လိုက္ေသးတယ္ ဘယ္လိုျဖစ္လို႔လဲ "
"သူ႕ ႏွလုံးအခံေၾကာင့္ ႐ုတ္တရက္
လန္႔သြားလို႔ ေ႐ွာ့ျဖစ္သြားတာ အခုေတာ့သက္သာေနၿပီတဲ့။ ႐ွင္းငါ့ကိုလွ ဖုန္းဆက္ၿပီး လွမ္းေျပာျပတာ။ဆန္းဆက္လည္း
အခုေဆး႐ုံ ေရာက္ေနတယ္တဲ့ ဝတ္ရည္
ကမင္းကိုဖုန္းဆက္ၿပီးမေျပာဘူးလား
အဲ့တာ မင္းအခုလိုက္သြားလိုက္
ဟေရာင္"
"သက္သာေနၿပီမလား မသြားေတာ့ဘူး
ဒါပဲ ငါသင္တန္းေရာက္ေနတယ္ "
"ေနစင္လည္း ေဆး႐ုံေရာက္ေနတယ္တဲ့"
ဖုန္းပိတ္ခ်မလို႔လုပ္ေနသည့္ သူ႕လက္ေတြ ရပ္တန္႔သြားရသည္။
" ဒင္းက ဘာသြားလုပ္တာလဲ "
"ဝတ္ရည္က ေက်ာင္းမွာျဖစ္တာ
မဟုတ္ဘူး။ သူတို႔အခန္းက ဒီေန႔ေဆာက္လက္စsiteထဲကို သြားၿပီးလက္ေတြ႕လုပ္ငန္းခြင္ ဆင္းၾကတာ။အဲ့တာ
အထပ္ျမင့္ကိုေရာက္ေတာ့
ဝတ္ရည္အေပၚ ကို လုပ္လက္စသံတိုင္
ေဘးေဘာင္အေသးစားကျပဳတ္က်
လာတာ အဲ့တာကို ေဘးမွာ႐ွိေနတဲ့
ေနစင္က ဝတ္ရည္ကိုကာေပးလိုက္တာ ဝတ္ရည္ကလန္႔ၿပီးေ႐ွာ့ရသြားတယ္"
"ဘာ!!"
"ေနစင္က ဘာမွေတာ့မျဖစ္"
"ဘယ္ေဆး႐ုံလဲ"
" မင္းမသြားဘူးဆို"
" ငါေမးေနတာ ဘယ္ေဆး႐ုံလဲ"
ကားစက္ကိုျပန္ႏိႈးကာ ဗ်ဴဟာ သင္တန္းေ႐ွ႕ကေန ျပန္ေကြ႕ၿပီးလမ္းမကိုထြက္
လိုက္သည္။ဝတ္ရည္ အေျခအေနကို
ၾကည့္ဖို႔ ေဆး႐ုံလိုက္သြားမွပါ။
-------------------------------
ေဆး႐ုံကုတင္ထက္မွာ လွဲေလ်ာင္းကာ လက္ တဖက္က ေဆးသြင္းထားတဲ့ ဝတ္ရည္ကို ဆန္းဆက္မ်က္ႏွာ
မလႊဲတမ္း ထိုင္ၾကည့္ေနရင္း။
"ဆန္း နင္coverဆိူမယ့္ သီခ်င္းအတြက္အသံသြင္းေလ့က်င့္ေနတာမလား
Studio ျပန္သြားရင္သြားလိုက္ေလ ငါ
အခုဘာမွမျဖစ္ေတာ့ဘူး။ဒီေဆး
တစ္ပုလင္းကုန္ရင္အိမ္ျပန္ရမွာပဲဟာ "
"အခု အသံသြင္းတဲ့အေၾကာင္း ေျပာထြက္ေသးတာလား"
"ဆန္း"
" ငါဘယ္ေလာက္ထိ စိတ္ပူသြားတယ္
ထင္လဲ"
ဝတ္ရည္က ဆန္းဆက္ကိုၾကည့္ရင္း
လွဲေလ်ာင္းေနရာကေန တျဖည္းျဖည္း
ထထိုင္လာေတာ့ ဆန္းဆက္ ထိုင္ေနရာ
ကေနထကာ ဝတ္ရည္ကိုထူေပးၿပီး ေဆးသြင္းထားတဲ့လက္ကို မထိေအာင္ ဂ႐ုစိုက္ရင္း။
သူ ကိုယ္တိုင္ ကုတင္အေပၚဝတ္ရည္
ေဘးမွာ ဝင္ထိုင္လိုက္သည္။
"လွဲေနေလ ဘာလို႔လဲ"
ဝတ္ရည္က ႐ွက္ျပဳံးေလးနဲ႔ မ်က္ႏွာ
ေလးက အနည္းငယ္ႏြမ္းေနေတာ့ ဆန္းဆက္ စိတ္ပူေနရင္း ျမတ္ႏိုးလြန္းစြာနဲ႔ပဲ ဝတ္ရည္ရဲ႕ ေဆးမသြင္းထားတဲ့လက္ကို ဆုပ္ကိုင္လိုက္သည္။
" ငါ့ကိုဘာလို႔ ျဖစ္ျဖစ္ခ်င္းဖုန္းမဆက္
တာလဲ"
"အရမ္း စိတ္ပူေနမွာ သိလို႔ေလ"
ဝတ္ရည္ရဲ႕ အသံခပ္တိုးတိုးေနာက္မွာ
ဆန္းဆက္ သက္ျပင္းခ်ရင္းဝတ္ရည္
အနားကိုပူးကပ္လ်က္လက္ေတြကိုပိုမို၍ ဆုပ္ကိုင္လိုက္သည္။
" စိတ္ပူတာကပူတာပဲ ဘယ္လိုကိစၥပဲျဖစ္ျဖစ္ ငါ့ကိုအရင္အသိေပးရမယ္လို႔ ေျပာထားတယ္ေလ။အခု ေတာ္ပါ ေသးတယ္ တစ္ျခားဘာထိခိုက္ဒဏ္ရာမွ
မျဖစ္လို႔ မင္းသာတစ္ခုခုျဖစ္သြားရင္ "
" ဘာမွမျဖစ္ပါဘူးဆို လန္႔သြား႐ုံပဲ
ငါ့ကိုကာေပးလိုက္လို႔တကယ္ထိသြား
တာကေနစင္။ အခုမွသတိရတယ္ ေနစင္ေရာ ဘာျဖစ္သြားေသးလည္းမသိဘူး
ေနစင္ေဆး႐ုံလိုက္လာတယ္မလား "
ဝတ္ရည္ေျပာမွ ဆန္းဆက္ သူေရာက္လာတုန္းက ေဆး႐ုံအဝင္မွာေတြ႕ခဲ့သည့္ ေနစင္ဟန္ကို ျပန္ၿပီးသတိရသည္။
"ဒါနဲ႔ဆန္း နင္ ဘယ္လိုသိၿပီးေဆး႐ုံ ခ်က္ခ်င္းေရာက္လာတာလဲ ။နင့္ကို
ဘုန္းျပည့္ ဖုန္းဆက္ေျပာတာမလား
႐ွင္းသန္႔ ေျပာျပေပးလိုက္တာျဖစ္မယ္"
" အဲဒါကအေရးႀကီးလား ဘာမွလိုက္
မေတြးနဲ႔ေတာ့ ျပန္လွဲၿပီး အနားယူ
လိုက္ ဒီေဆးကုန္မွ အတူတူျပန္မယ္ "
"အြန္း"
ဝတ္ရည္ကိုျပန္လွဲဖို႔ေျပာေနေပမဲ့
ဆန္းဆက္က လက္ကိုမလႊတ္ေပး ။
"ဟယ္လို မာမီအခုလာေနၿပီလား ေဆး႐ုံေရာက္ရင္ ဖုန္းဆက္လိုက္ေနာ္
ဆန္းဆက္ကို လာထြက္ႀကိဳခိုင္းလိုက္မယ္"
"ေတြ႕မွေျပာေတာ့မယ္ဒါပဲေနာ္ ေမ"
ဝတ္ရည္ ဖုန္းခ် လိုက္တာနဲ႔ ႏွစ္ေယာက္
သား အၾကည့္ခ်င္းဆုံၿပီး ဆန္းဆက္ စိတ္လႈပ္႐ွားမႈေတြနဲ႔။
"အန္တီ့ကို ငါ႐ွိေနတာဘာလို႔ေျပာလိုက္လဲ တကယ္ထြက္ႀကိဳရမွာလား"
"ဒါေပါ့ အမွတ္ယူရမဲ့အခ်ိန္ပဲေလ"
"အခုခ်ိန္မွာ အမွတ္ကအေရးႀကီးေနလား"
" ဒါဆို အေရးမႀကီးဘူးလားေျပာ"
စေနာက္သလို ျပန္ေျပာသည့္
ေကာင္မေလးကို ဆန္းဆက္ သက္ပ်င္း
တစ္ခုခ်ရင္း ရင္ေမာစြာနဲ႔ပဲ စိုက္ၾကည့္ေနရင္း ဝတ္ရည္ မ်က္လႊာခ်ခ်ိန္ ဆန္းဆက္
ေခါင္းကိုေစာင္းငဲ့ကာ ဝတ္ရည္ ႏႈတ္ခမ္းေတြနဲ႔ ထပ္တူက်ေစလိုက္သည္။ ေဆး႐ုံအခန္းထဲမွာမို႔ဝတ္ရည္တစ္ခ်က္ၿငိမ္
သြားေပမဲ့ ဆန္းဆက္ကို မတြန္းထုတ္
ပဲ ႏွစ္ေယာက္လုံးယဥ္ပါးေနတဲ့အနမ္း
ေတြထဲ ေပ်ာ္ဝင္သြားသည္။
ဒီအနမ္းက ဝတ္ရည္ေၾကာင့္သူစေတြ႕
ထဲကေနအခုခ်ိန္ထိရင္ေမာခဲ့ရတာ
ေတြကို ျပန္ေျဖသိမ့္ေနရသည့္အနမ္း။ဒုတိယေတြပဲ ရခဲ့သည့္ သူ႕ဘဝမွာ
ဝတ္ရည္ကေတာ့ စေတြ႕ထဲက ဘယ္
သူနဲ႔မွမတူပဲ ပထမဆုံးဆိုသည့္ ခံစား
ခ်က္ကိုပဲသူ႕ကိုေပးၿပီးအရာရာသူ႕
အတြက္ပဲေ႐ွ႕တန္းတင္ခဲ့သူ ႏွိမ့္ခ်ဖို႔မ
ေျပာနဲ႔ အထင္အျမင္ေသးတဲ့ မ်က္လုံးနဲ႔ေတာင္ မၾကည့္ခဲ့ဘူးတဲ့သူ အျမင့္မွာ
႐ွိေနေပမယ့္ ဘယ္သူနဲ႔မွမတူေအာင္ အျပဳအမူစိတ္သေဘာထားကအစ ၾကည္လင္လြန္းတဲ့မိန္းကေလး။
ျဖစ္ႏိုင္ရင္ အခုခ်က္ခ်င္းပဲ သူတို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈကို လူေတြသိ
ေအာင္ ခ်ျပလိုက္ခ်င္ေပမဲ့ သူ႕အေန
အထားနဲ႔ အျမင့္
မွာ႐ွိေနတဲ့ ေကာင္မေလးကို တင့္ေတာင့္
တင့္တယ္ တစ္သက္စာအပိုင္ရဖို႔အတြက္ အရာအားလုံးကို ၿမိဳသိပ္ထားရတယ္။
ကိုယ္ျမတ္ႏိုးရတဲ့ မိန္းကေလးကိုေတာင္ အၾကံအစည္အတြက္ကိုယ့္ဘက္ပါေအာင္အသုံးခ်သလိုျဖစ္ခဲ့ေပမယ့္
ငါတို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈ ငါမင္းေပၚထားတဲ့ သေဘာထား ကေတာ့ အစစ္
အမွန္ပဲ။ငါမင္းကိုခ်စ္တယ္ ဆိုတာထက္
ပိုတယ္ ဝင့္။
မင္းကို မ်က္ႏွာမငယ္ေစရပဲ ငါက
အားလုံးရဲ႕အျမင္မွာပထမလူျဖစ္ၿပီး
မင္းမိဘေတြဘက္က ငါနဲ႔သေဘာတူၾကည္ျဖဴလာတဲ့အထိ ျဖစ္လာမယ့္
တစ္ခ်ိန္ကိုေရာက္လာမွာ ငါကဘာပဲ
လုပ္ရလုပ္ရလုပ္မွာမလို႔ ေစာင့္
ေနေပးမယ္မလား။ မင္းဘက္က
အစစ္မွန္ေတြေပးခဲ့လို႔ ငါ့ဆီက ႐ွား႐ွားပါးပါး အစစ္အမွန္ကိုျပန္ရခဲ့တာ။
ငါလုပ္ေနတာေတြ အကုန္လုံးက ငါတို႔ႏွစ္ေယာက္ရဲ႕ ေ႐ွ႕ေရးအတြက္ပဲ ဝင့္။
-------------------------
"ေနစင္ဟန္"
လက္ေကာက္ဝတ္ကို ခပ္ၾကမ္းၾကမ္း
အဆြဲခံလိုက္ရၿပီး ျမင္လိုက္ရတာက
သူ႕ကိုေဆး႐ုံအဝင္ဝကေနဆြဲေခၚသြား
တဲ့ တစုံတေယာက္ရဲ႕ ေနာက္ေက်ာ။
ဗ်ဴဟာပိုင္က ဒီကိုဘာလာလုပ္တာလဲ။ဘယ္လိုသိသြားတာလဲ။
ဝတ္ရည္ဦး ေဆး႐ုံေရာက္သြားတဲ့ အေၾကာင္း သူ႕ကိုမေျပာျပလို႔ ေဒါသထြက္
ေနေလာက္ၿပီ။
"မင္း ဘယ္ကိုသြားေနတာလဲ ငါ့ကိုလႊတ္အုံး"
ေဆး႐ုံ တစ္ဖက္ကအေဆာက္
အဦး အနားက လူ႐ွင္းတဲ့ေနရာမွာ
ဗ်ဴဟာရပ္လိုက္လ်က္လက္ကိုမလႊတ္
ေပးမိေသးပဲ သူအေ႐ွ႕က ေကာင္ေလးရဲ႕ေခါင္းကဆံစကေန တျဖည္းျဖည္း
ေအာက္ကိုဆင္း
ကာ ေျခဖ်ားအထိ စစ္ေဆးၾကည့္ၿပီးမွ။
တစ္ဖက္က႐ုန္းေနတာေၾကာင့္
သူဆြဲကိုင္ထားတဲ့ လက္ ေကာက္ဝတ္ကို လႊတ္ေပးလိုက္သည္။
"မင္းဘာလာလုပ္တာလဲ"
"ဘာလာလုပ္ရမွာလဲ ဝတ္ရည္ကို
လာၾကည့္တာ "
သူ႕မ်က္ႏွာကိူၾကည့္လ်က္
ခ်က္ခ်င္း အျပစ္လုပ္ထားမိသလို
ျဖစ္သြားတဲ့ ေနစင္ဟန္။
" မင္းငါ့ကို ဒီအေၾကာင္း ဘာျဖစ္လို႔ဖုန္း
ဆက္မေျပာတာလဲ"
"ေဆာရီး အမွန္ဆိုမင္းကိုအရင္ဆက္
လိုက္ရမွာ။
ဒီလိုအခ်ိန္ဝတ္ရည္ကဆန္းဆက္ကို
သူ႕အနားမွာ႐ွိ
ေစခ်င္မယ္လို႔ထင္လိုက္မိလို႔"
မလုံမလဲနဲ႔
သူ႕ကိုအားနာေနသလို မ်က္ဝန္းေတြ။
အလုပ္ႀကီးကိုလုပ္ေနၿပီး ကိုယ့္ၿပိဳင္
ဘက္ကို အလဲထိုးဖို႔ေနေနသာသာ ၾကား
ထဲကအနာခံေပးၿပီး သူ႕လူကိုပါ ေခၚေပးလိုက္ေသးတယ္။
ေနစင္ဟန္ မင္းက တကယ္ပဲ
ဘယ္လို ဟာေလးလဲ။
"ဝတ္ရည္ ဘယ္လိုျဖစ္သြားတာလဲ
ငါ့ကိုအစအဆုံးေျပာျပ"
"လန္႔သြား႐ုံပဲ ဘာမွမျဖစ္ဘူး"
" ဘာကိုဘာမွမျဖစ္တာလဲ ဝတ္ရည္
အေပၚ ကိုသံတိုင္က ျပဳတ္က်လာ
တယ္ဆို အဲဒီအခ်ိန္ မင္းဘာလုပ္ေနလဲေျပာ"
" ဝတ္ရည္ ဘာမွမျဖစ္သြားဘူးလို႔
ငါေျပာၿပီးၿပီမလား ဘာနဲ႔မွမထိသြား
ဘူး လန္႔သြား႐ုံပဲ"
ေျဖ႐ွင္းခ်က္ေပးေနေပမဲ့ သူသိခ်င္တာ
မထြက္လာတဲ့ ေကာင္ေလးကို ဗ်ဴဟာ
ၾကည့္ေနရင္း။
ေက်ာင္းယူနီေဖာင္း
အက်ႌလက္႐ွည္ကို တံေတာင္ဆစ္အထိေခါက္တင္ၿပီးဝတ္ထားတဲ့ေနစင္ဟန္
ရဲ႕ဘယ္ဘက္လက္ အထဲဘက္မွာ ဗ်ဴဟာ ျမင္လိုက္ရတဲ့ ပြန္းပဲ့ရာတစ္ခ်ိဳ႕။
အထဲဘက္မွာဆိုေတာ့ အခုမွေသခ်ာ
ျပန္ၾကည့္မွျမင္လိုက္ရတာပင္။
တံေတာင္ဆစ္ေအာက္
ကိုေရာက္ေနတဲ့အက်ႌလက္ကို လွန္တင္လိုက္ရင္ ပြန္းပဲ့ရာေတြကိုပိုျမင္ရမည္။ဒီေကာင္ေတာ့။
မဟုတ္တဲ့ေနရာမွာ
ေတာ္ေတာ္ေလးကို ေယာက်္ားဆန္
ခ်င္ေနတာပဲ။ဘာလို႔ပါးစပ္ပိတ္ေနတာလဲ။
သူတို႔အခန္းက သင္ၾကားေရးပိုင္း
တာဝန္႐ွိတဲ့သူေတြက မိန္းကေလးကို
ပဲဦးစားေပးၿပီးျမင္ၾကတာလား။
တစ္ကယ္ ထိသြားတာကဘယ္သူလဲ။ ဘယ္လိုျဖစ္လို႔ ဒဏ္ရာရသြားတဲ့သူက ေဆး႐ုံအဝင္ဝမွာ ရပ္ေစာင့္ေနရတာလဲ။
"မင္း ဝတ္ရည္ကို ၾကည့္မယ္ဆိုရင္ သြား ၾကည့္ေလ ငါတို႔ စကားရပ္ေျပာေနတာ
တစ္ေယာက္ေယာက္ျမင္လို႔မျဖစ္ဘူး။
ငါတို႔အခန္းက တခ်ိဳ႕လူေတြဝတ္ရည္ကိုလိုက္ပို႔လို႔ေဆး႐ုံမွာ႐ွိေနတယ္ ၿပီးေတာ့ အေရးႀကီးဆုံးက မင္းညီ"
"ငါက ဘယ္သူျမင္တာကိုေၾကာက္ေနရမွာလဲ ဘယ္သူ႕ကိုမွဂ႐ုမစိုက္ဘူး"
" စကားကိုေကာင္းေကာင္းမြန္မြန္
မေျပာဘူးဆိုရင္လည္း မင္းသြားစရာ
႐ွိတာကိုသြား ငါ့လုပ္ရမဲ့ အလုပ္ကို
ေတာ့အေႏွာက္အယွက္လာမေပးနဲ႔။ငါ့ကိုမင္းေစာင့္ၾကည့္ေနတယ္ဆိုတာ ခဏ
ခဏ သတိလာေပးစရာလည္းမလိုဘူး
။ ငါလုပ္ရမယ့္အလုပ္ကို ငါသိတယ္။
ငါ့ဘက္က မင္းေပးထားတဲ့အခ်ိန္အ
ေတာအတြင္းငါ့အလုပ္ကိုကတိတည္ႏိုင္ေအာင္ ငါ ႀကိဳးစားေနတယ္ အဲဒီအတြက္ေတာ့ မင္းစိတ္ခ်ထားလိုက္"
ေဘးပတ္ဝန္းက်င္ကို တစ္ၾကည့္ၾကည့္နဲ႔
သူ႕ကို အလိုက္ မသိသလို စကားေျပာခ်င္စိတ္မ႐ွိေနသလို ခပ္တည္တည္မ်က္ႏွာ။
ေနစင္ဟန္က ဒီကမ္းလွမ္းမႈကို
စလုပ္ရတုန္းကသလိုမ်ိဳး တြန္႔ဆုတ္ေန
တာ မ်က္ႏွာမေကာင္းတာမ်ိဳးကိုမ႐ွိ
ေတာ့ပဲသူ႕ကိုယ္သူ ယုံၾကည္မႈေတြ႐ွိေနတဲ့အတိုင္းပင္။အခုဘာလဲ။ မိန္းကေလးတစ္ေယာက္ဆီကေန သူ႕ေကာင္ေလးကို
လုယူဖို႔ မင္းကအဆင္သင့္ျဖစ္ေနတာလား။
သူ႕ကိုေတာ့ လူၾကားထဲစကားေျပာ
ေနရတာေတာင္ ပုန္းကာဝွက္ကာနဲ႔။
အဖက္လုပ္ၿပီးမေတြ႕ခ်င္သလို သူနဲ႔
စကားေျပာေနတာကိုလူေတြေတြ႕မွာစိုး
သလိုအခက္ေတြ႕ေနသလိုပုံစံမ်ိဳးနဲ႔။
သူ႕ကိုမတူသလိုမတန္သလို။ေတာက္။
ေကာင္းတာေပါ့။မင္းဘက္က ငါလိုခ်င္
တဲ့ပုံစံအတိုင္းအဆင္သင့္ ျဖစ္သြားေတာ့လည္း အေပးအယူကိစၥက ေအာင္ျမင္ဖို႔လက္တစ္ကမ္းေပါ့။
--------------------------
ေဆး႐ုံဒုတိယအထပ္ ရဲ႕အထဲမွန္နံရံ
အေပၚစီးကေန ျမင္ေနရတဲ့ စကားရပ္
ေျပာေနတဲ့ႏွစ္ေယာက္ကို ဆန္းဆက္
ရပ္ၾကည့္ေနရင္း ႏႈတ္ခမ္းေကြး႐ုံ
ျပဳံးလိုက္သည္။
အခုမွပထမဆုံး ေတြ႕ဖူးတာ၊ငါက
ဗ်ဴဟာပိုင္ကို စိတ္မဝင္စားလို႔ မသိ
ဘူး။ ဂီတကို စိတ္ဝင္စားတယ္တဲ့ ဒါေပမဲ့ အေျခခံဂီတာလက္ကြက္ေတာင္မရဘူး သီခ်င္းေတာင္ နားေထာင္ေလ့မ႐ွိဘူး သူ႕ကိုမထိတထိလာ flirtတယ္ ဒါေပမဲ့ အေတြ႕အၾကဳံကမ႐ွိ လူကညာလို႔မရေအာင္ ေနပုံထိုင္ပုံကေနအေငြ႕အသက္ကအစအေျဖာင့္။
ဟက္ထင္ထားတဲ့အတိုင္း
ႏွစ္ေယာက္လုံးကသူ႕ကိုလာစားေနတာပဲ။
မသိေစခ်င္ရင္ သိုသိုသိိပ္သိပ္ အေန
အထိုင္ဆင္ျခင္မွေပါ့ငါ့အစ္ကိုရယ္။
ဝတ္ရည္ ေဆး႐ုံေရာက္သြားတယ္
ဆိုတာ သူ႕ကိုပထမဆုံး ဖုန္းဆက္
ေျပာလာေပးတဲ့သူက ေနစင္ဟန္။
ဗ်ဴဟာပိုင္ တစ္ေယာက္တည္းသိတဲ့
သူနဲ႔ဝတ္ရည္ရဲ႕ပတ္သက္မႈ
ကို ေနစင္ဟန္က သိေနတာလား။
ဘယ္လို အေၾကာင္းအရာေၾကာင့္
သူ႕ဆီလာကပ္ေနမွန္းအခုထိမသိေသးမဲ့ သေဘာျဖဴေနတာက ျပႆနာပဲ။ကိုယ့္ရဲ႕ ေျခလွမ္းေတြကိုရိပ္မိႏိုင္မဲ့ အေသး
အမႊားကအစ သတိထားမွေပါ့။
ႏွစ္ေယာက္သားက အခ်ိတ္အဆက္႐ွိေနတယ္။ ဗ်ဴဟာပိုင္သိသမွ်ကိုေနစင္ဟန္ကသိေနတယ္။
ဟက္။
တစ္ကယ္ပဲ စိတ္ဝင္စားသြားၿပီ
မင္းရဲ႕သ႐ုပ္အမွန္ကဘာလဲ ေနစင္ဟန္။
ငါ့အေပၚအတုအေယာင္ေတြလာေပးတာေလာက္ငါမုန္းတာမ႐ွိဘူး။
-----------------
"လူနာ အေရးေပၚ အေျခအေန
လက္ထိထားတယ္"
" ေအာ္ ဟုတ္ကဲ့ ေမာင္ေလးလား"
" မဟုတ္ဘူး "
"လူနာနာမည္ေျပာပါ"
"ေနစင္ဟန္ "
"လူနာ ဘယ္မွာလဲ ေခၚလာခဲ့ပါ
ေသြးေပါင္ အရင္ခ်ိန္မယ္ "
"လူနာက ေဆး႐ုံ ေရာက္ေနတာက
ၾကာလို႔ ဒဏ္ရာက ေသြးေတာင္တိတ္
ေနၿပီ အဲ့တာေတာင္ဆရာမတို႔က လုပ္ေန
က်အတိုင္း ေသြးေပါင္ခ်ိန္မယ္ အဖ်ား
တက္မတက္တိုင္းမယ္ ထိုင္ေစာင့္ခိုင္း
ထားမယ္ၿပီးမွ ဆရာဝန္ဆီပို႔မယ္ဆို
ရင္ေတာ့ အဲဒီလက္ျဖတ္လိုက္ရဖို႔ပဲ႐ွိ
ေတာ့တယ္ "
"႐ွင္"
ေဆး႐ုံစာအုပ္မွာ လူနာနာမည္မွတ္
ေနတုန္း ေျပာဆိုၿပီးထြက္သြားတဲ့
မ်က္ႏွာမာမာနဲ႔ ေကာင္ေလးကို ဂ်ဴတီ
က်တဲ့ဆရာမေလးေတြ တအံ့တၾသ
ေငးၾကည့္ေနမိရေတာ့သည္။
-------------------
ဝတ္ရည္ကိုတီခ်ယ္နဲ႔အတူေဆး႐ုံလိုက္
ပို႔တဲ့ ေက်ာင္းသားေတြထဲမွာ သူပါလာခဲ့တာ။ဝတ္ရည္ကို စိတ္ပူလို႔ လိုက္လာခဲ့တာလည္းပါသည္။
အခု ဆန္းဆက္လည္းေရာက္ေနၿပီ။
ဗ်ဴဟာ ပိုင္ကေတာ့ သူနဲ႔စကားေျပာၿပီး
ေတာ့ ေဆး႐ုံထဲကို တခ်က္ဝင္သြားၿပီး
မေတြ႕မိေတာ့။ဝတ္ရည္ကိုစိတ္ခ်ရၿပီဆိုေတာ့ေဆး႐ုံမွာတစ္ျခား႐ွိေနတဲ့ ေက်ာင္းသားေတြနဲ႔တီခ်ယ္ကို ႏႈတ္
ဆက္ၿပီး ျပန္ဖို႔လုပ္ခ်ိန္။
"ေနစင္ဟန္႐ွိလား ေနစင္ဟန္"
"ဟုတ္ကဲ့ ကြၽန္ေတာ္ပါ"
" ေမာင္ေလးလက္ ဆရာမကိုျပ
ဘယ္နားမွာထိထားတာလဲ။ခုနက ေက်ာင္းသူနဲ႔ အတူပါလာတဲ့တေယာက္
မဟုတ္လား လက္ထိထားတာအစထဲက
ဘာလို႔မေျပာတာလဲ မင္းေတာ့"
"ေနစင္ လက္ထိသြားတာလား တီခ်ယ္
ေမးေတာ့ ဘာမွမျဖစ္ဘူးဆို ဝတ္ရည္
ကိုပဲပူေနတာနဲ႔ မျမင္လိုက္မိဘူး။ကေလး
ကို အခုခ်က္ခ်င္းေသခ်ာေလးေဆး
ထည့္ေပးပါ ဆရာမ။ ကာကြယ္ေဆးထိုး
ဖို႔ လိုရင္လည္းထိုးေပးပါ "
ဆရာမေလးရဲ႕လက္ထဲက စာအုပ္
ေပၚမွာ သူ႕နာမည္။ ဘယ္သူသူ႕နာမည္ေပးလိုက္တာလဲ။
ဝတ္ရည္အတြက္ပူေနရတာနဲ႔ ေဆး႐ုံ
ထဲဝင္လိုက္ ထြက္လိုက္လုပ္ၿပီး အလုပ္
႐ႈပ္ေနတဲ့တီခ်ယ္က သူ႕ကို ဆူပူၿပီး ခ်က္ျခင္းေဆးထည့္ခိုင္းသည္။
"အေပၚယံေလးေတြ နည္းနည္းပြန္း
ပဲ့သြား႐ုံေလာက္ပါပဲအဲဒီေလာက္
လည္း မဆိုးေသးပါဘူး
ဟိုေကာင္ေလးေျပာသြားတာ
ဆရာမတို႔ျဖင့္ လန္႔ေတာင္လန္႔တယ္"
"ဘယ္သူဘာေျပာသြားလို႔လဲဆရာမ"
"ခုဏကပဲ လူနာလက္ထိထားတယ္
လို႔လာေျပာၿပီး ေဆး႐ုံထဲက ထြက္
သြားလိုက္တယ္ေလ"
သူ႕ဘယ္ဘက္လက္ကို ကိုင္ၿပီး ေဆး
မထည့္ခင္ အရက္ျပန္သုတ္ေပးေနတဲ့
ဆရာမေလးရဲ႕ စကားေၾကာင့္
ေနစင္ဟန္ စဥ္းစားရခက္ေနတုန္း
ဆန္းဆက္က သူ႐ွိေနတဲ့ အခန္းထဲ
ဝင္လာသည္။
"လက္က ေတာ္ေတာ္ေလးပြန္းသြားတာပဲ"
ဆန္းဆက္ မ်က္ႏွာက သူ႕ကိုစိုးရိမ္ႀကီးေနသလို ေတာ္ေတာ္ေလးမေကာင္း။
"ဆန္းဆက္"
"ဝတ္ရည္ဆီ ဘယ္လိုမွမတတ္ႏိုင္ပဲ
အရင္သြားလိုက္ရတယ္။အမ်ားႀကီး
ထိထားတာပဲ "
" အဲဒီေလာက္မဟုတ္"
"အရက္ျပန္နဲ႔စပ္ေနမွာမလို႔
ဒဏ္ရာေတြကိုေဆး ေျဖးေျဖးေလး
ထည့္ေပးေနာ္ဆရာမ။ ေသာက္ေဆး
လိုရင္လည္းထည့္ေပးပါအုံး ၿပီးရင္ အမာ႐ြတ္မက်န္ေအာင္လည္း လိမ္း
ေဆးပါထည့္ေပးလိုက္ပါ"
ဆရာမေလးက ဘာမွထပ္မေျပာေတာ့ပဲ
သူနဲ႔ဆန္းဆက္ကို တခ်က္ၾကည့္လာသည္။
ဆရာမေလး ေဆးထည့္ေပးေနတာ
ကို ရပ္ၾကည့္ၿပီးသူ႕ေဘးမွာကပ္လ်က္
ဆန္းဆက္က သူ႕လက္က ဒဏ္ရာ
ေတြအေပၚမွာသာ မ်က္ႏွာမေကာင္းလ်က္ တၾကည့္ၾကည့္ျဖစ္ေနသည္။
ဆန္းဆက္ သူနဲ႔ မ်က္လုံးခ်င္းဆုံ
လာခ်ိန္ ေနစင္ဟန္ မလုံမလဲနဲ႔
အၾကည့္လႊဲလိုက္ရသည္။
အဲဒီေန႔က ထြန္းျမတ္သြားမဲ့ေနရာ
ပို႔ေပးအၿပီး သူနဲ႔သိတဲ့မိုတယ္က
အစ္ကိုဆီမွာ ပစၥည္းပို႔တဲ့အခ်ိန္ပိုင္း
အလုပ္ရမယ္ဆိုလို႔ သြားခဲ့တာ။
သူသတိမ႐ွိတာမဟုတ္ပဲနဲ႔ကို အေျခအ
ေနမေကာင္းျဖစ္သြားခဲ့သည္။
ကိုယ့္ကိုကိုယ္
စိတ္ျပန္ေျဖႏိုင္ခဲ့စရာတစ္ခုက သူတအားႀကီးဆိုးဆိုး႐ြား႐ြားမေကာင္းတဲ့
ဘယ္အရာမွ ဘာမွမျဖစ္ခဲ့ပဲနဲ႔ လူေကာင္းပကတိ အိမ္ျပန္ႏိုင္ခဲ့ျခင္း။ အနည္း
ဆုံးေတာ့သူ အေမေမြးထားေပးတဲ့
အတိုင္းပင္။
ဘုန္းျပည့္ေသာ္ ကြန္ဒိုမွာသူႏိုးလာ
ခ်င္း ဘုန္းျပည့္ ေျပာျပတဲ့စကားက
ဘုန္းျပည့္နဲ႔ဆန္းဆက္က သူ႕ကို ျပန္
ေခၚလာခဲ့ေပးတာ။
ျပန္စဥ္းစားၾကည့္တိုင္း
အိပ္မက္တစ္ခုလို ျဖစ္ေနေပမယ့္
ကိုယ့္ကိုကိုယ္ လိမ္ညာျခင္ေပမယ့္
လည္း အဲဒီေန႔ကတစ္စုံတစ္ေယာက္နဲ႔ ခႏၶာကိုယ္ အျပင္ဘက္မွာ တစ္ကယ္လက္ေတြ႕ အထိအေတြ႕တစ္ခု႐ွိခဲ့သည္ကိုသူလက္ခံလိုက္ရသည္။ဘုန္းျပည့္ကေတာ့ မည္သို႔မွမျဖစ္ႏိုင္။
ဆန္းဆက္ရဲ႕ မ်က္ႏွာကို သူေနာက္
တႀကိမ္ ျပန္ၾကည့္မိသြားခ်ိန္။
ႏွစ္ေယာက္ထဲ႐ွိေနတဲ့အခန္း။
ရင္းႏွီးေနတဲ့အေငြ႕အသက္ ေႏြးေထြးတဲ့ဂ႐ုစိုက္မႈ သူ႕မ်က္ခမ္းစပ္မွက်လာ
သည္မ်ားကိုသုတ္ေပးခဲ့သူ။
အဲ့တာဆိုရင္ ဆန္းဆက္....။
******************************
Note**အပိုင္းက႐ွည္ေတာ့ နည္းနည္း
ၾကာသြားပါတယ္။ကဲဘယ္သူက
ဘယ္သူ႕ကိုplayမွာလဲ။
ဗ်ဴဟာပိုင္က အရမ္းေတာ့ဂ်စ္တယ္
လို႔ေျပာရမယ္။ စိတ္ျမန္လက္ျမန္နဲ႔႐ွိၿပီး
အေၾကာမခံ၊သူလက္မခံခ်င္တာဆိုရင္လည္း ပိတ္ၿပီးျငင္းတဲ့အဖြဲ႕ကပါ။
ကိုယ့္လူကိုပဲကိုယ္ ေပးဆိုးထားတယ္။
ယူ တို႔အတြက္level upထားတဲ့Aelennarပါ🤗