Paid gpမှာအပိုင်း၆၅ထိပြီးသွားပါပြီနော်။
Ch-24 စုယန်က ကလေးဆန်လွန်းတယ်
မိမိမှာယခင်နေထိုင်ခဲ့သောတိုက်ခန်းအား ငှားထားခဲ့လိုက်ပြီး စုယန်အတွက်အလုပ် လုပ်ပေးရန်သူ့ထံတရားဝင်ေရွှ့ပြောင်းလာခဲ့သည်။မိမိ၏ေခါင်းစီးမှာလက်ထောက်တစ်ယောက်ဖြစ်သော်ငြား အမှန်တွင်တော့ မိမိသည်မိန်းမေစတစ်ဦးသာဖြစ်နေရပြီး စမ်းသပ်ခန်းထဲရှိကြွက်ဖြူလေးတစ်ကောင်လိုသာဖြစ်နေရသည်။
နေ့စဉ်နေ့တိုင်း မိမိသည်သူ့အဝတ်များအားလျှော်ဖွပ်ပေးရပြီး သုံးနပ်စာပြင်ဆင်ပေးရသည်။ထို့အပြင် သူ၏အိပ်ခန်းမှလွဲ၍ တိုက်ခန်းတစ်ခုလုံးအားသန့်ရှင်းရေးလုပ်ေပးရသည်။ထပ်ပေါင်းပြောရလျှင် မိမိသည်သူ၏နောက်ပြောင်မှုမျိုးစုံ၌ပါဝင်ရသည် ဒါမှမဟုတ်ပါက နစ်နာသူဖြစ်ရသည်။
ဥပမာထားပြောရလျှင် ရံဖန်ရံခါတွင် သူသည်မိမိအားပီကေထုတ်ဖြင့်လှမ်းပစ်လာလိမ့်မည်။သို့သော်တစ်ကြိမ်တွင်တော့ မိမိသည်ပီကေထုတ်အားဖမ်းမိလိုက်ချိန်၌ အံ့အားသင့်သွားရာ သူသည်အူတတ်မတတ်ရယ်မောတော့သည်။
အခြားအချိန်မှာတော့ သူသည်မိမိအာရုံမစိုက်မိလိုက်ချိန်တွင် မိမိနောက်ကျော၌မှတ်စုတစ်စောင်အားကပ်ထားပေလိမ့်မည်။ထိုကြမ္မာငင်သောနေ့တွင် သူသည်တမင်သက်သက်မိမိအားသူနှင့်အပြင်ထွက်ရန်ခေါ်ခဲ့သည်။ထူးဆန်းသောအကြည့်များစွာအားသတိပြုမိချိန်အထိ သူသည်မိမိနောက်ကျော၌မှတ်စုတစ်စောင်ကပ်ရန် စူပါဂလူးအားသုံးသွားလိမ့်မည်ဟု မိမိမထင်မှတ်ခဲ့ပေ။မှတ်စုပေါ်၌ ဘယ်ဘက်ဆီညွှန်ပြနေသော မြှားတစ်စင်းရှိနေပြီး 'ကမ္ဘာပေါ်ရှိစမတ်အကျဆုံးလူသား' ဆိုပြီးရေးထားလေသည်။
မိမိသည် ဘာကြောင့်များစုယန်မှမိမိဘယ်ဘက်တွင် ခိုင်ခိုင်မာမာမတ်တပ်နေရသည်ကို ေနာက်ဆုံးမှာတော့နားလည်သွားရတော့သည်။
နစ်နာသူဖြစ်သည့်မိမိပဲမျက်နှာပိုပျက်မလား စမတ်အကျဆုံးလူအဖြစ်ကိုယ်တိုင်ကြေငြာခဲ့သောသူပဲ ပိုဆိုးလာမလားကိုတော့ မိမိမသိတော့ပေ။အတိုချုံ့ပြောရလျှင် စုယန်သည်ဤကဲ့သို့ကလေးဆန်ဆန်စနောက်မှုများအား အလွန်နှစ်သက်လေသည်။သူသည်ထိုအရာများအားဘယ်တုန်းကမှကြိုးစားမကြည့်ဖူးပုံရသည်။
- - - - - -
သာမန်နေ့ရက်လေးတစ်နေ့တွင် မိမိသည်စားသောက်ကုန်များဝယ်ပြီးအိမ်ပြန်လာခဲ့သည်။တိုက်ခန်းထဲမိမိဝင်လာချိန်မှာတော့ ဆိုဖာခုံရှည်ပေါ်လှဲလျောင်းနေသည့်စုယန်အားမြင်လိုက်ရသည်။သူသည်စိတ်ဓာတ်ကျပြီးဝမ်းနည်းနေပုံရပြီး သူ၏မျက်နှာတွင် တိမ်မည်းများအုံ့မှိုင်းေနတော့သည်။မိမိ၏ပင်ကိုယ်သိစိတ်မှ မိမိသာသူ့အားဘာမှားနေလဲဟုမေးလိုက်မိပါက နောက်ဆုံးတွင် မိမိသည်ကံဆိုးသူတစ်ဦးဖြစ်လာလိမ့်မည်ဟု ပြောနေသည်။ထို့ကြောင့် မိမိသည်ဘာတစ်ခုမှမမြင်ဟန်ဆောင်ကာ မီးဖိုချောင်ထဲတိတ်တိတ်လေးလျှောသွားရန်ကြိုးစားနေစဉ်၌
"မင်းပြန်လာပြီလား..."
စုယန်သည်သူ၏ရီဝေနေေသာမျက်လုံးများဖြင့်မိမိအားကြည့်ကာ စိတ်ဓာတ်ကျနေသောလေသံအားသုံးလာသည်။
အား!သေစမ်း။သူငါ့ကိုမိသွားပြီ။
မိမိသည်လှည့်လိုက်ပြီးကိုင်ထားသောအိတ်များကိုသူ့အားပြလိုက်သည်။
"အင်း။ကျွန်မစားသောက်ကုန်တွေနဲ့ပြန်လာတာမလို့ သူတို့ကိုအခုရေခဲသေတ္တာထဲသွားထားလိုက်ဦးမယ်"
"စားသောက်ကုန်တွေကိုချထားလိုက်။ငါဝမ်းနည်းနေတာကိုမင်းမမြင်ဘူးလား"
စုယန်သည်မိမိအား ခါးသက်စွာစိုက်ကြည့်လာသည်။အာ...ဒါဆိုသူကငါ့ကိုနှစ်သိမ့်ခိုင်းနေတာလား ဒါမှမဟုတ် တစ်ခုခုကိုရည်ညွှန်းေနတာလား။
အားးးး....အခုသူကငါ့သူဌေးပဲလေ။မိမိမှာရွေးချယ်စရာရှိမနေ၍ စားသောက်ကုန်များအား နာခံမှုရှိရှိချထားလိုက်ကာ ဆိုဖာခုံရှည်ထံလျှောက်လာလိုက်သည်။
"ဘာတွေမှားနေတာလဲဆိုတာ မေးလို့ရမလားသူေဌးရှင့်"
မိမိသည်စိတ်ရှည်ရှည်ဖြင့်မေးလိုက်သည်။
စုယန်သည်သူ့ခေါင်းအားမော့လာပြီး မိမိမှာသူ့မျက်လုံးများအောက်ရှိအနက်ရောင်စက်ဝိုင်းများအားချက်ချင်းသတိပြုမိလိုက်သည်။
"ရှင်မနေ့ညကမအိပ်ခဲ့ဘူးလား။တစ်ညလုံးစာတွေထပ်ရေးနေပြန်ပြီလား"
စုယန်သည်သူ့ခေါင်းအားယမ်းလိုက်ကာ သူ့လက်မောင်းများထဲရှိေနေသာပါကင်ဘူးအားပုတ်နေတော့သည်။သူသည်မိမိအားသနားစဖွယ်အမူအယာဖြင့်ငေးကြည့်နေသည်။
"မနေ့ညကငါအိပ်မက်မက်ခဲ့တယ်။ငါကလေလွင့်ကြောင်တစ်ကောင်ဖြစ်သွားတယ်လို့မက်ခဲ့တာ။ငါ့မှာအိမ်တစ်လုံး၊အစားအစာ ဒါမှမဟုတ် ပိုင်ရှင်တစ်ယောက်တောင်မရှိခဲ့ဘူး။လူဆိုးတွေနဲ့တွေ့တဲ့အခါ ငါကအနိုင်ကျင့်ခံခဲ့ရတယ်။အဆုံးမှာတော့ ငါကမိုးရေထဲဆာလောင်ပြီးသေသွားတာ..."
မိမိမျက်လုံးများမှာပြူးကျယ်လာပြီး ထိုအတွက်ဆိုးဝါးသောခံစားချက်တစ်ခုအားရနေလေသည်။
"ဒါဆို...."
စုယန်သည်သူကိုင်ထားသောပါကင်ထုတ်အား မိမိဆီတွန်းပို့လာသည်။
"ဒီနေ့ မင်းအနေနဲ့ဒီဧရိယာမှာရှိသမျှလေလွင့်ကြောင်တွေတိုင်းအတွက် ကြောင်စာသွားကျွေးပေးရမယ်။အကုန်ကျွေးခဲ့။ဘာမှချန်မထားနဲ့"
ယခုတော့မိမိသည်ပါကင်ထုတ်ပေါ်ရှိစာလုံးများအား နောက်ဆုံးမြင်လိုက်ရသည်။ထိုသည်မှာေကြာင်စာ25kgဖြစ်သည်။
မိမိသည်လည်ပင်းအားကုတ်လိုက်ပြီး ထိုသည်မှာယူဖို့ရန်နည်းနည်းခက်ခဲကြောင်းတွေ့လိုက်ရသည်။
"သူဌေးအဲ့ဒါကရှင့်ရဲ့အိပ်မက်ဆိုတော့ ရှင့်ကိစ္စလေ။ဆိုရိုးစကားလိုပေါ့ *ကျားလည်ပင်းမှာခေါင်းလောင်းချိတ်တဲ့လူကသာ အဲ့ဒါကိုပြန်ဖြည်ရမယ်တဲ့*လေ။ရှင်ကသာ ကြောင်တွေကိုကျွေးမွေးသင့်တာမလား"
"ငါကအရမ်းအလုပ်များတဲ့လူတစ်ယောက်ပဲ။ငါ့ရဲ့လက်ထောက်အနေနဲ့ မင်းကငါ့ကိုကိုယ်စားပြုရလိမ့်မယ်။ထပ်ပြောရရင် မင်းမှာရွေးချယ်စရာမရှိဘူး။အခုကမင်းရဲ့အလုပ်ချိန်တွေပဲ"
စုယန်သည် အမှန်တရားအားပြောနေသလိုလေသံဖြင့်ပြောလာသည်။နောက်တစ်ဖန် စုယန်သည်မိမိအားအဓိပ္ပာယ်မရှိသည့်စမ်းသပ်မှုတစ်ခုအားပေးနေပြန်လေသည်။
အလုပ်ရှုပ်တယ်ပေါ့လေ။မိမိသည်မျက်လုံးများအားပွတ်လိုက်ပြီး သူ၏ညအိပ်ဝတ်စုံနှင့်ရှုပ်ပွနေသောဆံပင်များအား ငေးကြည့်လိုက်မိသည်။ဒါကိုသာအလုပ်ရှုပ်တယ်ဆိုပြီး သတ်မှတ်လို့ရနေရင် ဒီကမ္ဘာကလူတိုင်းအလုပ်ရှုပ်နေတယ်လို့ယူဆလိုက်ရမှာပေါ့။
၂၅ကီလိုကြောင်စာအား ဖြန့်ဝေရန်မှာတစ်နေ့တာအချိန်ယူလိုက်ရသည်။မိမိသည်ကြောင်စာအားသယ်ရလွယ်စေရန် ပလက်စတစ်အိတ်ကိုသုံးလိုက်သည်။မိမိသည်လေလွင့်ကြောင်အများဆုံးရှိသည့်ဧရိယာဆီသွားကာ ကျွေးမွေးခဲ့ပြီး ကျွေးနေစဉ်သူတို့အာရုံအားတော်တော်ရစေရန် တစ်ေမြာင်မြောင်အော်နေလိုက်သည်။
အဆိုးဆုံးပုံစံဖြင့် ကြောင်များအားေကျွးေမွးပြီးသည်နှင့် မိမိသည်ပလက်စတစ်အိတ်အားပစ်ရန်ကောက်လိုက်သည်။မကြာခင်က အနားတွင်ကင်းလှည့်နေသော စီမံခန့်ခွဲရေးမှဦးလေးကြီးတစ်ယောက်ရှိနေခဲ့သည်။မိမိသည်အမှိုက်ပစ်ခြင်းကြောင့်တော့ အဖမ်းမခံချင်ခဲ့ပေ။
သို့သော်မိမိမှ ပလက်စတစ်အိတ်ကောက်လိုက်ချိန်တွင် ကြောင်ရိုင်းတစ်ကောင်မှမိမိအားကုတ်လာခဲ့သည်။မိမိသည်ကာကွယ်ေဆးထိုးရန်ဆေးရုံသို့သွားရတော့သည်။
ဒါပေါ့။ဤသည်မှာအလုပ်ခွင်ထိခိုက်မှုအဖြစ်သတ်မှတ်နိုင်သောကြောင့် စုယန်သည်မိမိအားငွေပြန်ပေးလာသည်။
သနားစရာကောင်းလိုက်တဲ့ငါလေး။အလုပ်ကိစ္စအတွက် ဘယ်သူကကြောင်ကုတ်ခံရမှာလဲလို့။
- - - - -
နှစ်ရက်အကြာ ညနေခင်းတွင်
မိမိသည်ထိခိုက်မှုမှ နာလန်ထူနေဆဲပင်။လက်ရှိတွင် မိမိမှာလှုပ်ကုလားထိုင်ပေါ်အနားယူနေရင်း ပြတင်းပေါက်နားတွင်ထိုင်နေသည်။ဤနေ့မှာတစ်ေန့လုံးမိုးရွာနေသည်။အချိန်နှင့်အမျှ မိုးခြိမ်းသံမှာလည်းနားစည်ကွဲထွက်မတတ်ပင်။ထိုသည်မှာအတော်ကြောက်စရာကောင်းလှသည်။
ညစာစားပြီးနောက်မိမိသည်တစ်ရေးအိပ်လိုက်သည်။မိမိတစ်ရေးမအိပ်ခင်တွင် စုယန်သည်အိမ်၌ဗီဒီယိုဂိမ်းကစားနေတုန်းဖြစ်သည်။မိမိနိုးလာချိန်မှာတော့ သူသည်တစ်နေရာရာထွက်သွားလေသည်။ထိုသည်မှာနှစ်နာရီမကကြာသော်ငြား သူ့အားမည့သည့်နေရာတွင်မှမမြင်ရသေးပေ။မိမိသည်ပြတင်းပေါက်အပြင်အား ကြည့်လိုက်ပြီး အပြုံးတစ်ပွင့်သဖွယ်ကွေးတက်သွားသည်။
မိမိသည်စုယန်ရှိမနေသည့်အတွက် သက်သာရာရသွားရသည်။
ကောင်းကင်သည်ယခုချိန်၌လုံးလုံးမမှောင်သေး၍ မိမိသည်အပြင်ဘက်သို့ကြည့်နေစဉ် မိုးထဲတွင်မလှုပ်မယှက်ရပ်နေသည့်ရူးတူးတူးပုံရိပ်တစ်ခုအား ဝေေဝဝါးဝါးတွေ့လိုက်ရသည်။
မိမိထောင့်မှနေ သူ၏နောက်ကျောပုံစံသည် အလွန်ဝမ်းနည်းနေပုံရသည်။သူအသည်းကွဲလာတာလား။သူကဇာတ်လမ်းတွဲမှာသရုပ်ဆောင်နေတယ်လို့ထင်နေတာလား။မိမိသည်အတွေးများအား ခပ်ကျယ်ကျယ်ထုတ်ပြောလိုက်သည်။မိမိတစ်ဘဝလုံး၌ သူတို့မှာဒရာမာတစ်ခုမှ အဓိကဇာတ်ကောင်များကဲ့သို့အင်မတန်ဒရာမာချိုးတတ်သည့်အမျိုးသားများအပေါ် မိမိသည်အမြဲနှိမ်ခဲ့သည်။
ဘာကြောင့်များသူတို့သည် မိုးသည်းေနစဥ်ရည်ရွယ်ချက်ရှိရှိထွက်လာပြီး အစိုခံခဲ့သည်အား မိမိသည်နားမလည်သလို နားလည်းမလည်ချင်ပါပေ။
သို့သော် သူ၏နောက်ကျောအားမိမိငေးကြည့်မိလေလေ တစ်ခုခုမှားနေသလိုခံစားမိလေလေပင်။
မိမိသည်အမျိုးသား၏မျက်နှာအားမမြင်ရသော်ငြား အဘယ်ကြောင့်သူသည်စုယန်နှင့်နည်းနည်းဆင်နေပါသနည်း။
အဲ့ဒါအထင်မှားတာနေမှာပါ....စုယန်ကအဲ့လောက်ထိမရူးလောက်ပါဘူးနော် ဟုတ်တယ်မလား။ထိုသည်မှာဖြစ်နိုင်ချေ၏တစ်သောင်းပုံတစ်ပုံဖြစ်နေေသာ်ငြား မိမိသည်စုယန်ထံဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။သူဖုန်းကိုင်လိုက်ချိန်၌ မိမိသည်အဆုံးမရှိသောနောက်ခံအဖြစ်မိုးသံများအားကြားလိုက်ရသည်။
"ဘာကိစ်စလဲ"
စုယန်၏အသံသည်အတော်တိုးလျနေသည်။အမှန်တော့ ထိုသည်မှာမတိုးသော်ငြား တတောက်တောက်မိုးစက်သံများက ဖုံးလွှမ်းထားသောကြောင့်ဖြစ်သည်။
မိမိသည်ဖုန်းအားလွှတ်ချလုနီးနီးအံ့အားသင့်သွားရသည်။မိမိသည်ဘာပြောရမည်ကိုပင်မသိတေယ့ပေ။သုံးမိနစ်ကြာအောင် တောင့်ခဲနေပြီးနောက် မိမိသည်ခပ်သွက်သွက်မတ်တပ်ရပ်လိုက်ပြီး ထီးတစ်ေချာင်းအားယူလိုက်ကာ ဖိနပ်ပါးနှင့်အိမ်နေရင်းဝတ်စုံဖြင့်သာတံခါးမှပြေးထွက်လာလိုက်သည်။
ဓာတ်လှေကားသည်အမြဲစောင့်နေရတတ်သည်။မိမိသည်စိတ်မရှည်တော့ပဲခြေဆောင့်ကာငြီးတွားလိုက်သည်။
"ဘာလို့သူဒီခလာက်တုံးရတာလဲ...သူသာအေအးမိသွားရင် ဘယ်သူကပြုစုပေးမှာလဲ။ငါလား!"
ပထမထပ်၏ဝင်ပေါက်ဆီရောက်သွားချိန်တွင် လျှပ်စီးများလက်နေပြီး *တဖျပ်ဖျပ်* မြည်နေတော့သည်။မိမိသည်အလွန်ကြောက်လန့်သွား၍ခြေလှမ်းများရပ်တန့်သွားရသည်။
မိမိသည်ထီးအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး အဆောက်အဦး၏အပြင်ထွက်ရမည်လော မထွက်ရလောတုံ့ဆိုင်းနေသည်။ထို့နောက်မိမိသည်အအေးဒဏ်ကြောင့်တုန်ယင်နေသည့် စုယန်၏ပုံရိပ်လေးအားမြင်လိုက်သည်။ဒီအရူးကတော့!!
မိမိသည်အံကြိတ်လိုက်ပြီး ထီးဖြင့်ပြေးထွက်ကာအော်လိုက်သည်။
"စုယန်!စုယန်!မြန်မြန်လာတော့ အိမ်ပြန်မယ်"
မိမိအသံအားကြားလိုက်သော် စုယန်သည်လှည့်ကြည့်လာသည်။သူသည်စိုရွှဲနေပြီး သူ့ဆံပင်သည်လည်းခေါင်းတွင်ပြားကပ်နေသည်။မူလကတည်းမှ သူသည်ပိန်ပါး၍အားနည်းပုံပေါ်နှင့်ပြီးဖြစ်သည်။ယခုသူသည်ခပ်ယဲ့ယဲ့သာကျန်တော့သည်။
မိမိသည်ထီးဆောင်းထားသော်ငြား ဘက်ပေါင်းစုံမှေနမိုးစက်များကရိုက်ခတ်လာသေးသည်။စက္ကန့်အနည်းငယ်အကြာတွင်တော့ မိမိသည်စိုရွှဲသွားလေပြီ။မိမိထီးသည်လည်းလေတိုက်နေသောကြောင့် ထိန်းချုပ်မရအောင်လှုပ်ရမ်းနေတော့သည်။
အခက်အခဲများနှင့်အတူ မိမိသည်လက်တစ်ဖက်ဖြင့်ထီးအားကိုင်ကာ ကျန်တစ်ဖက်ဖြင့် ကြောင်တောင်တောင်စုယန်အားဆွဲရန်လုပ်ရတော့သည်။
"အိမ်ပြန်မယ်"
မမျှော်လင့်ထားသည်မှာ စုယန်သည်ပြတ်သားစွာခါထုတ်လာခဲ့သည်။သူသည်စိတ်အနှောင့်အယှက်ဖြစ်သွားပုံရပြီး ရှတတအသံဖြင့်ပြန်ဖြေလာသည်။
"ငါမသွားဘူး"
"ရှင်ဒီမှာဘာလို့အစိုခံနေတာလဲ"
မိမိသည်ဖျားနာမှုတစ်ခု၏အခေါ်ကိုပင်ကြားနှင့်နေပြီဖြစ်သည်။မိမိသည်သူ့ကိုအိမ်ပြန်ရန်အားဖြင့်ဆွဲခေါ်လိုက်သည်။
သို့သော်မိမိလက်တစ်ဖက်၏အားသည် သူ၏လက်နှစ်ဘက်အားဖြင့်မယှဉ်နိုင်ပါပေ။ထို့ကြောင့်မိမိသည်ထီးအားရိုးရိုးေလးပင်လွှတ်ချကာ မုန်တိုင်းနှင့်ထိတွေ့လိုက်သည်။မိမိသည်လက်နှစ်ဖက်အားသုံးကာ သူ့နောက်မှနေတွန်းဖို့လုပ်လိုက်သည်။
"မြန်မြန်!အိမ်ပြန်စို့"
မုန်တိုင်းသည်မိမိမျှော်လင့်ထားသည်ထက်ပိုကြောက်စရာကောင်းနေသည်။မိမိသည်ထီးနှင့်သီးခြားစီဖြစ်နေပြီး မိုးမှာသည်းထန်လွန်း၍မျက်စိဖွင့်နိုင်ရုံလေးသာတတ်နိုင်တော့သည်။တစ်ချိန်တည်းတွင်ပင် စုယန်မှာမိမိအားခုခံနေဆဲပင်။ထိုသည်မှာမိမိအားပိုစိတ်တိုသွားသစသည်။
စိတ်ပျက်ေနေသာထိုအခိုက်တွင် မိမိမှာသူ့ကိုခပ်ကြမ်းကြမ်းကန်လိုက်ပြီးအော်ငေါက်လိုက်သည်။
"နင်အိမ်ပြန်မလား"
"ငါကအခုစမ်းသပ်မှုတစ်ခုလုပ်နေတာ။မင်းပြန်ချင်ရင်ပြန်လေ"
ထိုအချိန်တွင် မိမိထီးမှာလေဖြင့်လွှင့်ပါသွားသော်ငြား စုယန်မှကောက်လိုက်ကာမိမိဆီပြန်ပေးလာသည်။
"မင်းကိုအပြင်ထွက်ခဲ့ဖို့ဘယ်သူပြောလို့လဲ"
မိမိသည်မျက်စိဖွင့်နိုင်ရန် နဖူးရှေ့တွင်လက်ဖြင့်ကာထားရသည်။မိမိသည်တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် နောက်ထပ်ကျယ်လောင်သောမိုးခြိမ်းသံကျယ်ကျယ်မှာ မိမိနားတွင်းမြည်ဟီးလာတော့သည်။မိမိသည်မိမိကိုယ်ကို စုယန်၏ပွေ့ဖက်မှုတွင်းပစ်ဝင်ကာ သူ့နောက်ကျောအားလက်သီးဆုပ်လေးများဖြင့် ရက်ရက်စက်စက်ထုတော့သည်။တစ်ချိန်တည်းတွင် မိမိသည်တောင်ရောက်မြောက်ရောက်ပြောနေတော့သည်။
"အိုင်းယား!မား ရေ!သွားစို့!အခု...အိမ်ပြန်!ဒီလိုသာဆို ငါတို့တော့တစ်ဝက်ပြတ်ပြီးကံဆိုးတော့မှာပဲ"
အချိန်အတော်အကြာတွင်တော့ စုယန်သည်မိမိလက်ေမာင်းအားဆုပ်ကိုင်ကာ မိုးခိုရန်အဆောက်အဦးဆီခပ်သွက်သွက်ပြန်ပြေးလိုက်သည်။
သုံးမိနစ်မကြာခင်တွင် မိမိတစ်ကိုယ်လုံးသည်ရွှဲနစ်သွားတော့သည်။စုယန်အတွက်တော့ သူသည်သမုဒ္ဒရာထဲမှခုလေးတင်ဖမ်းမိလာသောလတ်လတ်ဆတ်ဆတ်ပင်လယ်စာပုံပေါ်နေသည်။သူတစ်ချက်ရွေ့လိုက်တိုင်း *ဟူးလားလား*အသံကမြည်နေသည်။
"နင်ဘာသောက်လုပ်တွေလုပ်ဖို့ကြိုးစားနေတာလဲ"
မိမိသည်အဝတ်များမှရေကိုညှစ်ရင်းရေရွတ်လိုက်သည်။မိမိသည်အလွန်စိတ်အနှောင့်အယှက်ဖြစ်နေတော့သည်။