The First He Glared
By Aelennar
72.2K 6.1K 1.4K
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား.... More
Get Started
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Ending [Unicode]
Ending(Zawgi)
The First He Glared
Chapter-14
1.8K 196 46
By Aelennar
"Room service"
" ဒီအခန်းက မ​ခေါ်ထား"
အခန်းတံခါး ပွင့်လာတာနဲ့ တစ်ပြိုင်နက် ထွန်းမြတ်က သူတို့ကိုတွေ့တာနဲ့ တံခါးကိုချက်ချင်း ပြန်ပိတ်မည်အလုပ် ဗျူဟာ
လက်နဲ့ ပြန်တွန်းထုတ်လိုက်သည်။
အပြင်မှာရပ်နေတဲ့
မိုတယ်က မန်​နေဂျာနဲ့ ဝန်ထမ်း နှစ်
ယောက်ကို အထဲပေးမဝင်ပဲ ဘုန်းပြည့် တံခါးပိတ်ချလိုက်သည်။
အခန်းထဲကိုဘုန်းပြည့်နဲ့သူ ဝင်ရောက်ချိန် ထွန်းမြတ်က မျက်နှာအပျက်ပျက်နဲ့ ခြေလှမ်းတွေနောက်ဆုတ်သွားလျက်။
ဗျူဟာ စိတ်​လောစွာ
အခန်းထဲမှာ ပထမဦးဆုံး မျက်လုံးတွေ
ကို အလုပ်ပေးပြီး ရှာလိုက်မိတာကနေစင်ဟန်။
ကုတင်ပေါ်မှာ မျက်လုံးတွေမှိတ်ထားပြီး ပက်လက်လှဲ​နေလျက်ရှိတဲ့ ​နေစင်ဟန်။ ကျောင်းကနေထွက်သွားတဲ့အတိုင်း
အပေါ်ရောအောက်ရော အဝတ်အစား
တွေ မပျက်ယွင်းပဲ ကိုယ်ပေါ်မှာ ဒီအ
တိုင်းရှိနေတာကိုမြင်မှ သူစိတ်​အေး
သွားရတာက အတိုင်းထက်အလွန်။
"နေစင်ဟန် "
ဘုန်းပြည့်က ကုတင်ပေါ်တက်သွားပြီး
ပုခုံးကိုကိုင်ကာ နှိုး​နေ​ပေမဲ့နေစင်ဟန်က မျက်လုံးတွေလုံးဝမပွင့်လာ။ပကတိ အိပ်ပျော်နေတဲ့သူလို။နေစင်ဟန်
ဒီကောင်ဆီက တစ်ခုခု​တော့ထိသွား
ပြီဆိုတာ သူသိလိုက်ပြီ။
"သူကိုယ်တိုင်သ​ဘောတူပြီး လိုက်လာတာ မင်းတို့အထင်မလွဲနဲ့ "
" မင်းသူ့ကိုဘာလုပ်ထားတာလဲ ခေါ်လို့မရဘူး "
မျက်နှာ အပျက်ပျက်နဲ့ ထွန်းမြတ်ကို
ဘုန်းပြည့် ကုတင်​ပေါ်က​နေ လှမ်းအော်သည်။
"သူ ​ခေါင်းနည်းနည်းမူး​နေလို့အိပ်​ပျော်
သွားတာဖြစ်မယ် အဲဒါကြောင့်ငါ​ထိုင်
စောင့်​ပေးနေတာ မကြာခင် ပြန်နိုးလာ
လိမ့်မယ်။မင်းတို့ရောက်လာပြီဆို
တော့ ငါ ငါသွား​တော့မယ်"
ကျက်သရေမရှိတဲ့ ကောင်က ကုတင်​
ဘေးစားပွဲ​ပေါ်က ဖုန်းကိုယူ သူ့အိတ်
ကိုယူပြီး ကမန်းကတမ်းထွက်သွားဖို့
လုပ်​နေချိန်ဗျူဟာ သူပိတ်ရပ်ထားတဲ့ အခန်းအဝင်ဝနားကနေ ထွန်းမြတ်ဖြတ်လာတာနဲ့ ခြေထောက်ကိုခံလိုက်တော့
ကြမ်းပြင်ပေါ် ကျသည်။
"သူ့ကို ငါထိ​တောင်မထိရ​သေးဘူးမင်းတို့ထင်သလိုမဟုတ်ဘူး"
ထွန်းမြတ်က ဗျူဟာကို ကြောက်လန့်နေသည်ကို ထိန်းပြီး မျက်နှာပျက်ယွင်း
စွာနဲ့​ကြမ်းပြင်​ပေါ်က ကုန်းထမလို့လုပ်ပြီးဘေးက သူ့ဖုန်းကို​ကောက်​​နေချိန် ။
"အားး"
ထွန်းမြတ်ရဲ့ နာကျင်စွာအော်
ဟစ်လိုက်တဲ့အသံ။ ထွန်းမြတ်ရဲ့ လက်ကောက်ဝတ်ကို ဗျူဟာ သူ့ခြေ
ထောက်တစ်ဖက်နဲ့ တက်နင်းထားခြင်းပင်။
"မင်းဘာလုပ်ထားလဲ ​အမှန်အတိုင်းပြော"
" ငါဘာမှ မလုပ်ဘူး...အားး ငါ့လက်"
" ဗျူဟာ "
ကုတင်ပေါ်က ဘုန်းပြည့်က သူ့ကိုလှမ်းခေါ်သည်။
" ဘာမှတော့မဖြစ်ထားဘူးထင်တယ်
ဒါပေမယ့် လုံးဝခေါ်လို့မရဘူး
​နေစင်ဟန် သတိလစ်​နေတယ်"
ကုတင်​ပေါ်က  ​နေစင်ဟန်ကို သူပြန်
ကြည့်မိချိန် ထွန်းမြတ်က ကြမ်းပြင်
ပေါ်ကနေကုန်းရုန်းထပြီး ထွက်ပြေးမ
လို့လုပ်ပေမယ့် ဗျူဟာက လွယ်ကူစွာပင်
ထွန်းမြတ်ရဲ့လည်ပင်းကိုညစ်ကာ
နံရံမှာကပ်ပြီး ပိတ်ရပ်ထားလိုက်သည်။
"  ​နေစင်ဟန်ကို အပြင်ခေါ်ထုတ်သွား"
သူပြောလိုက်တာနဲ့ ဘုန်းပြည့်က
နေစင်ဟန်ကိုကုတင်​ပေါ်က​နေထူမပြီး
သူ့ကျောပေါ် အချိန်ယူတင်ကာ ကုန်းပိုးလိုက်သည်။
​နေစင်ဟန်ကိုကုန်းပိုးထားတဲ့ ဘုန်းပြည့်က ဗျူဟာအနားရောက်လာချိန်။
"အလွန်အကျွံ မဖြစ်စေနဲ့ ​ဟေ့​ရောင်"
မျက်နှာပျက်ယွင်းထိတ်လန့်နေတဲ့
ထွန်းမြတ်ကိုကြည့်ပြီး ပြောကာ ဘုန်းပြည့်က​နေစင်ဟန်ကို ကုန်းပိုးလျက် အခန်း
ထဲကနေ ထွက်သွားသည်။
ဘုန်းပြည့် ပုခုံးပေါ်မှာ​ခေါင်းငိုက်ကျပြီးပါသွားတဲ့ ကောင်​လေးရဲ့မျက်နှာကို သူအနီးကပ်တစ်ချက်မြင်လိုက်ရချိန်...။
ထွန်းမြတ် လည်ပင်းကိုညှစ်ထားတဲ့
သူ့လက်တွေ ပို၍တင်းကြပ်သွားရသည်။
ဘုန်းပြည့် ဗျူဟာကို မလွန်​စေနဲ့လို့မှာ
သွားရတာကတော့ အလယ်တန်း​လောက်
ထဲက သင်တန်း​တက်​ထားတဲ့ဗျူဟာရဲ့ ကိုယ်ခံပညာ၊ဝါရင့်​နေတဲ့ တိုက်ခိုက်
စွမ်းရည်ကိုသိ​​နေလို့ဖြစ်သည်။ ထွန်းမြတ်
က ဗျူဟာနဲ့ယှဉ်ရင် လူ​ကောင် သိပ်
မကွာ ဒါပေမယ့် ဗျူဟာလက်ထဲမှာ
ထွန်းမြတ်နံရံမှာကပ်ကာလည်ပင်းညစ်ခံထားရပြီးအသက်ရှုကြပ်ကာဘယ်လို
မှ မရုန်းနိုင်။ အင်အားသုံးစရာ​တောင်
မလိုပဲ လူ့ခန္ဓာကိုယ်မှာဘယ်လိုနေရာကိုထိရင် ဘယ်လိုအထိနာမလဲ ဆိုတာဗျူဟာက ကောင်းကောင်းသိ​နေသည်။
"မင်း မင်းတို့ သူ့ကိုပြန်ခေါ်သွားပြီမဟုတ်လား ငါဘာမှ မလုပ်ထားဘူး
ငါ့ကိုအခုလွှတ်​ပေး"
ရုန်းနေတဲ့ ထွန်းမြတ်ရဲ့လည်ပင်းကို ဗျူဟာ ပိုပြီးချုပ်ထားလိုက်လျက်။
"ငါ အသက်ရှူကျပ်နေပြီ ဗျူဟာပိုင် "
" မင်းသူ့ကို ဒီနေရာ ဒီအခန်းထဲ ဘယ်
လိုခေါ်လာတာလဲ"
" သူ့ဘာသာ သဘောတူပြီးလိုက်လာ
တာလို့ ငါပြောပြီးပြီလေ"
သူ့လည်ပင်းကိုညှစ်ထားတဲ့လက်
အား​ကြောင့်ထွန်းမြတ် မျက်နှာတစ်ခု
လုံးနီရဲတက်လာပြီး အသက်ရှုရခက်ခဲစွာနဲ့။
" ​ဆေး ​ဆေးထိပြီး သူမူး​ဝေ​နေတုန်း
အခန်းထဲ​ခေါ်သွင်းလိုက်တာ။
။ ဒါပေမယ့် ဒီကောင်က အရမ်းသတိ
ကြီးတယ် မာတယ်လို့ပြောရမယ် အသိ
ဝင်မြန်တယ်​​ခြေယိုင်​နေတာ​တောင်ကုန်း
ရုန်းထပြီးအခန်းထဲကနေပြန် ထွက်ဖို့
လုပ်နေလို့အိပ်​ဆေး​ကျွေးလိုက်တာ။အဲဒါကြောင့်သူသတိ​မေ့​နေတာ "
" ငါ ငါတစ်ကယ် တစ်ခြားဘာမှမလုပ်
ထားဘူး။ သူ​မေ့ပြီးအိပ်​ပျော်သွားရုံပဲ တကယ်ပြောတာ"
ဗျူဟာ သူ့လက်ကို လွှတ်ပေးလိုက်တဲ့
အချိန် ထွန်းမြတ်က သူ့လည်ပင်းသူ
ကိုင်ပြီး ​အသက်ပုံမှန်ပြန်ရှု၍မောဟိုက်​နေသည်။ ထွန်းမြတ်လက်ထဲက
ဖုန်းကို ဗျူဟာ ဆွဲယူလိုက်လျက်။
"Password​ပြော"
ထိတ်လန့်သွားတဲ့ ထွန်းမြတ်မျက်လုံးတွေ။
"ငါ ကောင်း​ကောင်းမွန်မွန်​မေး​နေတုန်း​
ပြောလိုက်"
ထွန်းမြတ်ဖုန်းကို ဗျူဟာ ဖွင့်လိုက်ပြီး
ရှာ​ဖွေကာကြည့်​နေချိန် တွေ့လိုက်ရ​သောဗီဒီယိုဖိုင် ​တွေ။ထိပ်ဆုံးမှာနေစင်ဟန်
။သူ့မျက်လုံး​တွေပင့်သက်သွားရသည်။
ကုတင်​ပေါ်မှာ
သတိ​မေ့နေတဲ့ ​နေစင်ဟန်ရဲ့ အင်္ကျီ
ကြယ်သီး​တွေကပွင့်ဟလျက် ရင်ဘတ်
သား​တွေကိုထပ်ခါပွတ်သပ်​နေတဲ့
ထွန်းမြတ်ရဲ့လက်။ အပေါ်ပိုင်းကလွဲပြီး
တစ်ခြား​တော့မပါ။videoကအတိုပဲ။
နေစင်ဟန်မျက်နှာကပါ​နေသည်။
သီးသန့်အယ်ဘမ်ထဲမှာ တစ်ခြား ကောင်လေးတွေနဲ့video​တွေလည်းရှိ​နေတယ်။
အများစုကခိုးရိုက်ထားတာ​လို့ပဲထင်သည်။တခြားဟာ​တွေသူဖွင့်မကြည့်။
သူတောင်းစားက သူတို့မ​ရောက်ခင်
လက်ကမြင်းထားတာပဲ ။
ဘာ​တွေကြံစည်ထားတာလဲ။သူတို့သာ ရောက်လာတာမမြန်ရင်။
" ဗျူဟာပိုင် ငါ ငါတစ်ကယ်အစကသူနဲ့ စကားပြောချင်လို့ပဲ ခေါ်လာခဲ့တာ။ မင်းလည်းသိတယ်မလား။ ယောက်ျားတွေ
ပဲလေ ကိုယ့်အရှေ့မှာ နေစင်ဟန်လို
ကောင်လေးတစ်ယောက် မှောက်ရက်
လဲ​နေတာကိုဘယ်သူကဒီအတိုင်း အလှကြည့်နေနိုင်မလဲ ငါကိုင်ကြည့်ရုံ​လေးပဲ
တစ်ကယ် ဘာမှမလုပ်ခဲ့ဘူး "
သူ့ဖုန်းကိုရှာ​နေတဲ့ ဗျူဟာအ​ရှေ့မှာ
ထွန်းမြတ်က မျက်နှာ​သွေးမရှိအောင်
ဖြစ်နေပြီ။
ဖုန်းထဲကို ဗျူဟာဆက်ရှာရာ ထွန်းမြတ် ကောင်လေးတချို့ရဲ့ ဗီဒီယိုဖိုင်တွေ​ကိုရောင်းစား​နေတဲ့conversationတွေကို
ပါ တွေ့လိုက်ရသည်။နေစင်ဟန်ကို
ခေါ်လာတဲ့ အကြောင်းအရင်းကို သူ
သိသွားပြီ။
ဒီ​ကောင်က ဒီအတိုင်းရိုးရိုးတဏှာထ
တဲ့အဆင့်​မဟုတ်​ဘူးပဲ။
အ​ရောက်မြန်လို့သာပဲ။တစ်ကယ်
အသိမြန်လို့။
" ဗျူဟာပိုင် ငါ ငါ"
​နေစင်ဟန်ကို ရိုက်ထားတဲ့ ဗီဒီယို ကို
သူဖျက်ပြီးrestore ပြန်လုပ်လို့မရ
အောင်ပါ​သေချာစစ်ပြီးဖျက်လိုက်ပြီးမှ
ဖုန်းပြန်​ပေးဖို့စိတ်မချ​နေတာမလို့ အခန်း
ထဲတစ်ချက်ကြည့်ပြီးဖုန်းကိုကြမ်းပြင်​
ပေါ်ပစ်ချကာ ကုတင်ဘးကခုံကို​
ကောက်ကိုင်ပြီးဖုန်းscreenကို
အစိတ်စိတ်အမွှာမွှာဖြစ်အောင်ထု​ခွဲလိုက်သည်။
" မင်းဘာလုပ်တာလဲ ဗျူဟာပိုင်
ငါ့ဖုန်း​တော့ သွားပြီ ။မင်းငါ့ကို ဒီလို
လုပ်လို့မရဘူး မင်းကိုငါရဲတိုင်မယ်"
ထွန်းမြတ်ရဲ့အော်ဟစ်သံနဲ့ ကျက်သရေ
မရှိတဲ့ မျက်နှာက သူရုတ်ရုတ်သဲသဲ
မဖြစ်ချင်လို့ လက်သီး မသုံးဘူးလို့
ဆုံးဖြတ်ထားတာကိုပျက်ပြားသွား​စေသည်။
" တခြား​ကောင်​တွေကို မင်းဘယ်လိုပဲ
လုပ်လုပ်ငါ စိတ်မဝင်စားဘူး"
ထွန်းမြတ်ရဲ့ အင်္ကျီ ကော်လံကို ဗျူဟာ ဆွဲကိုင်လိုက်သည်။
"မင်းလို​ကောင်ကများရာရာစစ"
ဗျူဟာ
အားထည့်ပြီးထိုးလိုက်သည့် လက်သီးတစ်ချက်တည်းနှင့်ပင် ထွန်းမြတ် ​ဘေးကနံရံပေါ် လက်​ထောက်ကာ မျက်နှာ လည်ထွက် သည်။
" ကျောင်းထွက်လိုက်"
"ဘာ"
" ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကျောင်းပြောင်းလိုက် ငါ့အကြောင်းမင်းသိ
တယ်မလား။ ဒီကိစ္စကို
ဒီမှာပဲ အဆုံးသတ်လိုက်မယ်။ အခု
ချိန်ကစပြီး ​နေစင်ဟန်နဲ့မင်းကမသိ
တဲ့သူ​တွေပဲ။မင်း​အေး​အေး​ဆေး​ဆေး အသက်ဆက်ရှင်ချင်ရင် ​နောက်တစ်
ခါ မင်းအရိပ်ကို​တောင် ငါ့အ​ရှေ့လာ
မပြမိ​စေနဲ့"
ထွန်းမြတ်မျက်နှာက ​ထိတ်လန့်​နေတဲ့
အရိပ်​တွေ ပျောက်ကွယ်သွားလျက်
နှုတ်ခမ်းထောင့်မှာ​သွေးထွက်​နေတဲ့ထွန်းမြတ်က  ခံရခက်​နေသလို သ​ဘော
တကျရယ်ပြီး​ဆက်တိုက်လှောင်ပြုံးပြုံးသည်။
" မင်းနဲ့​နေစင်ဟန်က အဲ့လောက်တောင် ရင်းရင်းနှီးနှီး သိကြရင်လဲ
နေစင်ဟန်က ငါ့ကိုပြောပြတာမဟုတ်ဘူး
။ ဗျူဟာပိုင်ဆိုတဲ့ မင်းနဲ့ ပတ်သက်
နေမှန်းသိရင် ငါမလုပ်ခဲ့ဘူး။
မင်းတို့မှာ ​ငွေဆိုတဲ့အပြင်းဆုံးအာဏာ
က ရှိနေတာပဲ ငါကဘာစကားကို
ဆက်​ပြောရဲမှာလဲ"
ထွန်းမြတ်က ခံရခက်​နေသလို ဗျူဟာကို အငြိုးထားသလို ​ပြောလျက် စူးစိုက်ကြည့်​နေသည်ကို
ဗျူဟာ မျက်နှာတည်နှင့်ပင်
ရှင်းစရာရှိတာ ရှင်းပြီးပြီ
ဒီလို​ကောင်မျိုးနဲ့ စကားဆက်ပြော
စရာမရှိတာမလို့။
ဗျူဟာ ထွန်းမြတ်ကိုကျောခိုင်းကာ
ကုတင်​ပေါ်မှာရှိ​နေတဲ့နေစင်ဟန်ရဲ့ ကျောပိုးအိတ်ကိုယူပြီး
အခန်းထဲကထွက်ဖို့အလုပ်။
"နေစင်ဟန်ကိုငါ အိပ်ဆေးတစ်ခုတည်း ​ကျွေးထားတာမဟုတ်ဘူး"
တံခါးနား အရောက်
သူ့ခြေလှမ်းတွေ ရပ်တန့်သွားရသည်။
" မင်း ဘာစကားလဲ"
" တစ်ဖက်ကမ​တောင်းဆိုပဲကိုင်​နေ
ရင်ငါ့ ဗီဒီယို ​တွေက​ရောင်းစားဖို့
ဘယ်လို ယုတ္တိရှိမှာလဲ။သူစိတ်ကြွလာမဲ့ အချိန်ကို​ထိုင်စောင့်​နေတာ အခုလိုမျိုးအဖျက်တွေရောက်လာလိမ့်မယ်လို့ ဘယ်
ထင်မလဲ။ တကယ်နှ​မြောစရာပဲ
နေစင်ဟန်ကအရမ်းဆင်နေ​တော့ ​စျေးတင်ရင်​တောင် ငါ အများကြီးရမှာ "
​ခြေလှမ်းကြဲတွေနဲ့ ဗျူဟာ ထွန်းမြတ်
အနားပြန်သွားကာ ထွန်းမြတ်ရဲ့ အင်္ကျီ
ကိုဆွဲရင်း​နောက်တစ်ချက်ထပ်ထိုးလိုက်သည်။ပြီးတာနဲ့အားပြင်းပြင်းနဲ့ နောက်
ထပ်တချက်။
ပါးစပ်ထဲက​ ​သွေး​စတွေထွက်လာတဲ့
ထွန်းမြတ်က  အကြောက်အလန့်မရှိ​တော့သလိုနဲ့ ဗျူဟာ ​ဒေါသထွက်နေတာကို ​လှောင်ပြုံး​နေလျက်ပင်။
"မကြာခင် သူစိတ်ထလာလိမ့်မယ်။
ငါ့ဘက်က နှစ်ဦးသဘောတူ မဟုတ်တဲ့သူ​တွေဆိုရင်အဆုံးထိ​တော့မသွားပါဘူး။
ငါ​လျှော့ပြီးတိုက်ထား​ပေးတယ်။​မ​တော်
တဆ ​ပြောရဲဆိုရဲတဲ့​ကောင်နဲ့​​တွေ့ရင်​
ဂျေးထဲ​တော့မ​အောင်းချင်ဘူး​လေ။
hand job​လောက်ပဲ လုပ်မလို့။
သူကိုယ်တိုင်နိုးလာပြီးကိုယ့်ဘာသာ
မ​ဖြေ​လျော့နိုင်ရင် သူ့ကို​ဖြေရှင်း​ပေး
မှရမယ် မဟုတ်ရင်သူ့လိုလူပျို​လေး
အတွက် ပြဿနာရှိတယ် အဟက် "
"မင်းပါးစပ်​ပေါက်ကို ပိတ်ထား"
သူ ဒေါသထွက်နေတာကိုမြင်ချင်လို့
ထွန်းမြတ်ကဆွ​နေမှန်းသိ​ပေမဲ့ ကိုယ့်ကိုကိုယ် မထိန်းနိုင်​တော့။ ထွန်းမြတ်
ပါးစပ်က​နေတခွန်းမှထပ်မထွက်လာနိုင်​အောင် ဆက်တိုက်ထိုးကြိတ်အပြီး
ထွန်းမြတ် ကြမ်းပြင်​ပေါ်မှာ
မထနိုင်​အောင် ဖြစ်နေခဲ့ပြီ။
---------------------
ထွနိးမြတ်ကို စိတ်တိုင်းကျ ထိုးကြိတ်
အပြီး ဗျူဟာ အခန်းအပြင်ကိုထွက်လာတော့ မိုတယ်မန်​နေဂျာနဲ့ ထပ်ပြီးစကား
ပြောလိုက်ရသည်။
မိုတယ်က ချောင်ကျတဲ့နေရာမှာ။သူတို့
ဒီမိုတယ်ကိုရောက်ဖို့ ကျောင်းကနေ
မစ်နစ်နှစ်ဆယ်​လောက်​မောင်းခဲ့ရသည်။
နေစင်ဟန်က မှတ်ပုံတင်မပါပဲ ထွန်း
မြတ်ကိုအခန်းယူဝင်ခွင့်​ပေးခဲ့တာမလို့
သူတို့ဘက်ကလည်းများများစားစား
ရစ်မ​နေ​တော့ပဲ အလိုက်သင့်ပင်
အဆင်ပြေ​ပြေ ဖြေရှင်းနိုင်ခဲ့သည် ။
"နေစင် သတိမရလာ​သေးဘူး​ဘယ်လို
လုပ်မလဲ သူအိမ်ကိုပြန်ပို့မှာလား"
" ဒီအတိုင်းဘယ်လိုလုပ်ပြီး ပြန်ပို့
လို့ရမှာလဲ"
" အဲ့ဒါဆိုဘယ်လိုလုပ်မလဲ ဘယ်ကို
ခေါ်သွားမှာလဲ"
သူ့ကားဘေးမှာ သူနဲ့ဘုန်းပြည့်ရပ်​နေရင်း ။
ဗျူဟာ စိတ်​လေးစွာနဲ့ပဲ ကားမောင်းသူ
ဘက်ကနေ ကားထဲဝင်ထိုင်လိုက်တော့ အနောက်ခန်းမှာ လှဲ​နေပြီး​မေ့​နေဆဲဖြစ်တဲ့ ​နေစင်ဟန်ကို ကားမှန်ကပဲတချက်ကြည့်ပြီး မောင်းထွက်ဖို့ ပြင်လိုက်သည်။
" ဘယ်ကိုခေါ်သွားမှာလဲ ​ဟ​ရောင်"
"မင်းကွန်ဒို"
"ဟမ်"
ဘုန်းပြည့်က အံ့သြ​နေ​သော်လည်း
ဘာမှမ​ပြော။သူ့မှာလည်း နေရာလွတ်​
တွေရှိပေမယ့် အိမ်ကလွဲပြီးအပြင်မှာ
တစ်ခါတစ်​လေ​တောင်မှထွက်မ​နေဖြစ်။
အခုအချိန်မှာ အ​ပျော်အပါးမက်ပြီး လွတ်လွတ်လပ်လပ်
တစ်ယောက်တည်းအပြင်​ထွက်နေ​​​
လေ့ရှိတဲ့ဒီ​ကောင့်ကွန်ဒို
က  အသင့်တော်ဆုံးပဲ။
--------------------- 
ကွန်ဒို မြေညီထပ်ကို​ရောက်ပြီး
ကားပေါ်ကဆင်းတာနဲ့သူ့ကား
အ​နောက်က​နေ​မောင်းလာတဲ့
​နေစင်ဟန်ဆိုင်ကယ်ကို ပြနိ
မောင်းလာ​ပေးတဲ့မိုတယ်ကဝန်ထမ်း။​
သော့ပြန်ယူပြီး​တော့ ဗျူဟာ ဝန်ထမ်း​ကောင်​လေးကို မုန့်ဖိုး​ပေးပြီးပြန်လွှတ်
လိုက်သည်။
ဘုန်းပြည့်ကအ​နောက်ခန်းက ကားတံခါး
ဖွင့်ပြီးနေစင်ဟန်ကိုထူမဖို့လုပ်သည်။
ပြီးတာနဲ့ ထပ်ပြီး မနိုင်တနိုင် ကုန်းပိုးဖို့
လုပ်​နေသည်မို့ သူစိတ်မရှည်စွာနဲ့ ဘုန်း
ပြည့်ကိုဖယ် ထုတ်လိုက်ပြီး နေစင်ဟန်
ကို သူ့ကျောပေါ်တင်ဖို့ လုပ်လိုက်သည်။
အနုအယွသူဌေးသား ဘုန်းပြည့်က သူနဲ့မတိမ်းမယိမ်းနေစင်ဟန် ခန္ဓာကိုယ် ကို
သယ်ဖို့သိပ်အားမရှိ​နေတာမလို့သူ
စိတ်မရှည်ခြင်းပင်။
" ဘာရပ်ကြည့်နေတာလဲ နည်းနည်း
ပါးပါး ကူညီလေ"
" ငါတော့တကယ် သိချင်နေပြီ။
နေစင်ဟန်နဲ့မင်း ဘယ်လိုပတ်သက်
နေကြတယ်ဆိုတာ"
သိချင်စိတ်များနေတဲ့
ဘုန်းပြည့်ကို သူဘာမှ ပြန်မပြောပဲ
နေစင်ဟန် သူ့ကျော​ပေါ်အပြည့်အဝ
ရောက်တာနဲ့ နေစင်ဟန်ကို ဗျူဟာ
ကျောပိုးပြီး သူတို့ ဓါတ်​လှေကားထဲ
ဝင်လာခဲ့ကြသည်။
သူ့ကွန်ဒို အခန်းတံခါးကိုဖွင့်အပြီး
ဘုန်းပြည့်က ဧည့်သည်အခန်းထဲ နေစင်
ဟန်ကို နေရာချပေးသည်။
ကုတင်​ပေါ် တင်အပြီး သတိမရလာ​
သေးတဲ့ နေစင်ဟန်
​ကို ဘုန်းပြည့်က စောင်ခြုံပေး​နေ
တုန်း သူအခန်းထဲကနေ ထွက်လာ
ခဲ့လိုက်သည်။
အခန်းပြင်ကိုရောက်တာနဲ့ စိတ်က
လေးပင်​နေလျက်ပင်။ထွန်းမြတ်
ပြောလိုက်တာ​တွေက အမှန်​​တွေပဲ
လား။နေစင်ဟန် ကိုဆေးဘယ်နှစ်မျိုးတောင် တိုက်လိုက်တာလဲ။
ဘယ်လိုလုပ်ရမလဲ။ ဆရာဝန်ခေါ်ရ
မလား။ ဒီကိစ္စကို ဆရာဝန်က ဖြေရှင်းနိုင်လား။
တခဏအကြာ
အခန်းတခါးဖွင့်သံအ​နောက်မှာ
ဘုန်းပြည့်ကထပ်ထွက်လာသည်။
"နေစင် ဘာဖြစ်နေလဲမသိဘူးဟ​ရောင်"
" ဘာဖြစ်နေလို့လဲ"
"ငါ​ခေါ်နှိုး​တော့လည်း တစ်အင်းအင်းနဲ့ ချွေးစေးတွေလည်းပြန်​နေတယ် မျက်လုံးတွေကတော့မပွင့်လာဘူး ဘာလို့အခုထိသတိ​မေ့​နေတာလဲ ဟို​ကောင်ဘာလုပ်ထားလို့လဲ ငါ​မေး​တော့လဲမင်းကမ​ဖြေဘူး
။ငါတို့ ဆရာဝန်ခေါ်လိုက်ရင်
ကောင်းမလား "
" မခေါ်နဲ့"
" ဘာဖြစ်လို့လဲ"
အသံကျယ်နဲ့
အလျင်စလိုတားမြစ်ရင်း
ဘုန်းပြည့်ကို သူချက်ချင်း ဘာမှထပ်မ
ဖြေနိုင်။
တကယ်ခေါင်းခဲနေရပြီ။
" သူ့ဘာသာ သတိရလာလိမ့်မယ်
ထားထားလိုက်"
" ဖြစ်ပါ့မလား"
"ဖြစ်တယ်"
အလိုမကျသလို ဘုန်းပြည့်သူ့ကို
ကြည့်ရင်း ထမင်းစားခန်းထဲဝင်သွားသည်။
ပြဿနာပဲ။ တကယ့်ပြဿနာပဲ။
"ငါ​​နေစင်ကို ရေတိုက်ကြည့်လိုက်အုံးမယ်"
ထမင်းစားခန်းထဲကနေ
​ရေဘူးနဲ့ဖနိခွက်ယူပြီး ပြန်ထွက်
လာတဲ့ဘုန်းပြည့်က အခန်းထဲပြန်ဝင်ဖို့လုပ်နေပြီ။
ဗျူဟာ ​ခေါင်းခဲလွန်းစွာနဲ့ သူ့လက်ကို
ဆံပင်ထဲထိုးထည့်ကာ  ​ပါးစပ်ကလေ
ပူ တစ်ချက်မှုတ်ထုတ်ရင်း ။
"ဘုန်းပြည့်"
သူ့အသံက အနည်းငယ်တော့ ​လေးပင်
နေလိမ့်မည်။
"ငါလုပ်လိုက်မယ် မင်းနေစင်ဟန်နိုး
လာရင်စားဖို့ တခုခုသွားလုပ်လိုက်"
"ဒယ်လီနဲ့မှာ​ပေးလိုက်မယ်​လေ ငါ
ခေါက်ဆွဲပဲပြုတ်တတ်တာ"
"သူဘာမှစားနိုင်မှာမဟုတ်ဘူး ခေါက်ဆွဲပဲပြုတ်လိုက်"
" အဲ့တာ​ဆိုရင်​တော့ ခေါက်ဆွဲဘူးတိုက် အောက်ဆင်းဝယ်မှရမယ် ငါ့မှာကုန်​နေတယ်"
"​အေး သွားဝယ်လိုက်"
" martကအနီးအနားမှာပဲ ​ဟျောင့် သိပ်တော့မကြာလောက်ဘူး"
ပိုက်ဆံအိတ်ကိုယူ
ဖိနပ်စီးပြီး တံခါးဖွင့်ကာ ဘုန်းပြည့်ထွက်သွားသည်။
ဆိုင်ကနီး​ပေမဲ့ ​အပြင်တစ်ခါထွက်စျေးတစ်ခါဝယ်ရင် ​​​ပေရှည်တဲ့ ဘုန်းပြည့်က တော်ရုံပြန်မ​ရောက်ဘူးဆိုတာသူသိသည်။
လိုရမယ်ရ
အချိန်ကြာ​အောင် ဘုန်းပြည့်ကို
နှင်လိုက်တာက ကွန်ဒိုအပြင်ထိပါ​
ရောက်သွားပြီ။နေစင်ဟန်နဲ့သူနှစ်
ယောက်ထဲကျန်သည်။မထူး​တော့။
ဗျူဟာ စိတ်တွေလေးလံရင်း
သက်ပြင်းချကာ​ရေဘူးနဲ့ဖန်ခွက်ယူပြီး
နေစင်ဟန် ရှိနေတဲ့ အခန်းထဲသို့ဝင်လာပြီး တံခါးကို​လော့ချကာပိတ်လိုက်သည်။
ကုတင်ပေါ်ကနေစင်ဟန် က မျက်လုံး​
တွေမှိတ်ထားပြီး လူကမလှုပ်နိုင်ပေမဲ့
ဘုန်းပြည့်​ပြောတဲ့အတိုင်းပဲ မျက်နှာမှာ
​ချွေး​စေး​တွေအ​တော်ထွက်​နေပြီ။
ဒီ​ကောင်​တော့ ​​ချွေးထွက်​နေတာမြင်
တာကိုစောင်ပြန်မဖယ်​ပေးခဲ့ဘူး။
သူအမြန်ပင် နေစင်ဟန် အနားသွားပြီး
ကုတင်ပေါ်တက်ထိုင်ကာနေစင်ဟန်
ကို ခြုံထား​ပေးတဲ့​စောင်ကိုဖယ်ရင်း
နေစင်ဟန်ကိုသေချာကြည့်လိုက်သည်။
မျက်နှာပေါ်နဲ့ လည်ပင်းသား တစ်လျှောက်မှာ ​စို့​နေပြီဖြစ်တဲ့ချွေး​စေး​တွေ။
မျက်ခွံ​တွေ တစ်ချက်တချက်ဖြည်းဖြည်းလှုပ်​နေသည်။ ဒါပေမယ့်မျက်လုံးမပွင့်လာနိုင်။
သတိရလာဖို့ကို အတင်းရုန်းကန်နေရ
တဲ့သူလိုမျိုး လက်​တွေပါ တစ်ချက်
လှုပ်လာလိုက်ငြိမ်ကျသွားလိုက်နဲ့
မျက်လုံးတွေကလုံးဝမဖွင့်နိုင်ပဲ အသံခပ်တိုးတိုး ညီးညူ​နေသည်။သူဆက်မကြည့်နိုင်။
ဘယ်နှစ်မျိုး​တောင် တစ်ခါထဲထိခဲ့
တာလဲ။
နေစင်ဟန် ​​အိပ်ဆေးအရှိန်​ကြောင့်
လူကမျက်လုံးမဖွင့်နိုင်​တာကို မသိစိတ်
က အတင်းရုန်းကန်​နေတာ။သူ​ပြောတာ
ကိုကြားရဲ့လားသတိရှိ​နေလား မရှိ​
နေလား သူမသိ​ပေမဲ့။
"​မင်း ဘာမှမဖြစ်တော့ဘူး သတိရလာရင်အိမ်ပြန်ပို့​ပေးမယ်။အတင်းရုန်းကန်မနေနဲ့"
ခပ်တိုးတိုး​ပြောရင်း
ကုတင်ဘေး သစ်ရှူးထုပ်ထဲက တစ်ရွက်
ကိုယူလိုက်ပြီး ဗျူဟာ နေစင်ဟန် မျက်နှာပေါ်က​ချွေး​စေး​တွေကို အသာယာ
သုတ်ပေး​နေလိုက်သည်။
သူ့လက်တွေကနေစင်ဟန် ရဲ့လည်ပင်း
သား​တွေဆီ​ရောက်ချိန်
နေစင်ဟန် ကညီးညူသံကျယ်လာပြီး
လူးလွန့်ကာ အ​တော်အမင်း နေရခက်
နေပုံနဲ့ ​အသက်ရှုမြန်ကာ ချွေး​စေး​တွေပို၍ပြန်လာသည်။
"​ဟေ့​ရောင် သတိထားအုံး
နေစင်ဟန် "
သူ​ခေါင်းခဲစွာဖြင့်နေစင်ဟန် ရဲ့
ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောနေ
ပေမယ့်နေစင်ဟန် က ဘယ်လိုမှအသိ
မဝင်လာနိုင်။ မျက်လုံးမဖွင့်နိုင်။
ခန္ဓာကိုယ်ဆီက ​အိပ်​ဆေးနဲ့အတူ
တစ်ခြားဆေးအရှိန်က
သူ့ကို ဆန့်ကျင်ဘက်တွန်းအားလို ဒုက္ခ
ပေးနေသည်။
"နေစင်ဟန်  ငါပြောနေတာကြားလား
သတိထားအုံး မင်းမျက်လုံး​တွေဖွင့်"
ပုခုံးနှစ်ဖက်ကို သူလှုပ်ခါလိုက်သည့်
တိုင် နေစင်ဟန်က မျက်လုံး​တွေပိတ်
လျက်ပင် အသက်ရှုသံ​တော်​တော်​
လေး​ပြင်းလာပြီး မျက်နှာ​တွေ လက်​တွေချက်ချင်း ပူတက်လာကာ နှုတ်က
ပါးစပ်ဟရုံခပ်တိုးတိုး
ညီးညူ​​နေသည်။
"ဘာလဲ ဘာပြောတာလဲ ​သေချာ​ပြော"
သူ​သေချာမကြားရတာမလို့နေစင်ဟန်နှုတ်ခမ်းအနားတိုးကပ်ရချိန်။
"​အောင့် တယ်"
ခြေ​ထောက်နှစ်ဖက်ကို ပူးကပ်​ထားလျက် ခါးအောက်ပိုင်း တနေရာကို ဖိလာတဲ့
နေစင်ဟန်ရဲ့လက်။
ဗျူဟာ မျက်နှာလွန်စွာပျက်လျက်
နေစင်ဟန်အနားကပြန်ခွာလိုက်သည်။
"ဟ​ရောင် မျက်လုံးဖွင့် မင်းယောက်ျား
မဟုတ်လား။ခဏ​လေးအားတင်းလိုက်
အခုချက်ချင်းနိုးလာစမ်း"
သူ့​ရှေ့ကကောင်လေး ပုခုံးကိုထပ်မံ
ဆုပ်ကိုင်ကာ ဗျူဟာ ပြောနေပေမယ့်
အချည်းနှီးသာ။
နေစင်ဟန်တစ်ကိုယ်လုံး ​ချွေး​တွေထပ်
ထွက်နေတာကလည်း တာ​ဝေးက​နေ ပြေးလာတဲ့သူအတိုင်းပင်။သူထပ်ခါသုတ်​
ပေး​နေလည်းမရ။လုံးဝ သွားပြီ။
ဒီအတိုင်းလွှတ်ထားလို့ မရတော့ဘူး။
နေစင်ဟန်ကိုတစ်ယောက်ယောက်
ကူညီမှရ​တော့မယ် ဆိုတာ ဗျူဟာ
လက်ခံလိုက်ရတာနဲ့တစ်ပြိုင်နက်။
အခုနေစင်ဟန် အနားမှာရှိနေတာဆို
လို့သူတစ်​ယောက်ထဲ။ဘုန်းပြည့်ကိုချက်ချင်းပြန်လာခိုင်းလို့ရတယ်။ ဒါ
ပေမယ့် ဘုန်းပြည့်ကသူ့​ကောင်​လေးရှိတယ်။ ဘယ်လိုမှခိုင်းလို့မဖြစ်။ ပြီးတော့​နည်း နည်းလေးမှ ပေးလည်းမထိနိုင်။ဒီအကြောင်းတွေကိုဘယ်သူမှလည်း
သိလို့မဖြစ်ဘူး။
နောက်ဆုံးတစ်ခုထဲ​ကျန်တဲ့လမ်းကို
သူ စဉ်းစားမိသွားချိန် အမူအယာကို
ထိန်းနိုင်တဲ့သူနဲ့မတူ​အောင်ထိတ်လန့်စွာနဲ့
နေစင်ဟန် ဘေးမှာထိုင်နေရာကနေ
ကုတင်ပေါ်ကဆင်းပြီး မတ်တပ်ထရပ်
မိသွားသည်။နေစင်ဟန်ကိုလည်း
မျက်နှာလွှဲလိုက်မိတဲ့အထိ။
တစ်ချက်​လေး စဉ်းစားမိသွားတာ
တောင် ကိုယ့်ကိုကိုယ်​ရေထချိုးချင်​
လောက်​အောင်မသတီ​တော့တဲ့အထိပဲ။
။သူကဘာလို့။ မိုးပြိုရင်တောင်
မဖြစ်နိုင်မဲ့ကိစ္စပဲ။သူက သူက​လေ ယောက်ျားလေးတစ်ယောက်ကို ဖြေ
လျှော့ပေးရမဲ့ကိစ္စ။ဘယ်လို​တောင်​
သောက်တစ်လွဲ ပြဿနာလဲ။
လုံလောက်ပြီ။ ဒီလောက်အထိကူညီ
ခဲ့တာ လုံလောက်နေပြီ။ ဒါတော့ လုံးဝပဲ။လုံးဝ လုံးဝ နေက အနောက်အရပ်ကထွက် ရင်​တောင် မဖြစ်နိုင်ဘူး။​ဆောရီးပဲ နေစင်ဟန်။ငါက ကောင်းတဲ့သူမဟုတ်ဘူး။
သူမျက်နှာလွှဲ​နေလျက်အတိုင်းပင်
နေစင်ဟန်ကို လုံးဝပြန်မကြည့်​တော့ဘဲ အခန်းထဲကနေ ပြန်ထွက်​တော့မည်အပြု။
"ခွမ်း!!"
ကုတင်​ပေါ် မှာတင်ထားတဲ့​ရေဘူး​ဘေးကဖန်ခွက်က လူးလွန့်လာတဲ့ နေစင်ဟန်
လက်​မောင်းနဲ့ထိပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသည်။
ကုတင်​ပေါ်ကသူက​တော့ သူ​ဘေးမှာ
ရှိတုန်းကလိုမဟုတ်ပဲ ပကတိငြိမ်ကျသွားလျက်။ရုန်းကန်စရာ အားအင်တွေမရှိ​တော့သလို။
ပြီး​တော့
မျက်လုံးတွေမှိတ်ထားတဲ့ နေစင်ဟန်
မျက်နှာ​ပေါ်မှာကျ​နေတဲ့ မျက်ရည်တွေ။​တောက်လျှောက်ကိုကျ​နေတာ။သူ
ဘယ်လိုလုပ်ပြီးကုတင်​ပေါ်ပြန်​ရောက်
သွားပြီးနေစင်ဟန် မျက်နှာပေါ်က
မျက်ရည်တွေကို သုတ်ပေးလိုက်မိမှန်း
ကိုယ့်ကိုယ်ကိုယ်တောင် မခန့်မှန်းနိုင်။
ပါးစပ်မှလည်း"မငိုနဲ့"ဟု ခပ်တိုးတိုး
ပြောလိုက်မိသည်။
"နေစင်ဟန် ငါ့ကိုကြည့် သတိရှိ
သ​လောက်ငါ့ကိုကြည့်ပြီးမင်းပါးစပ်ကစကား​ပြောစမ်း မင်းကိုယ်တိုင်သ​ဘော
တူမှငါလုပ်​ပေးမယ်"
"ကူ ညီ ပါ "
နှုတ်ခမ်း​တွေကဖွင့်ဟရုံ။စကား​တွေ
ကတိုးလျစွာ အားယူ​ပြောရလျက်။
အချိန်ယူမ​နေ​တော့ပဲ မျက်နှာလွှဲကာ
အကြည့်တွေကိုကုတင်​ခေါင်းရင်း
ဆီပို့ပြီး
နေစင်ဟန်ရဲ့ ​ဘောင်းဘိီ ကြယ်သီးကိုသူ ဖြုတ်လိုက်သည်။ဇစ်ကိုပါ ဆွဲချပြီးတဲ့
အခါမှာတော့ သူဘယ်လိုမှ သက်သက်သာသာမရှိတာမို့ ​ဘေးက
စောင်ကိုယူပြီးနေစင်ဟန် အောက်ပိုင်း
ကို ခြုံပေးလိုက်သည်။
တစ်ထပ်တည်းကျန်တဲ့ အထဲက​
ဘောင်းဘီကို​အောက် ​​ရောက်​အောင်
ဆွဲချအပြီးကုတင်​ခေါင်းရင်းကိုပဲကြည့်လျက် သူကိုယ်တိုင် အသက်ကို
ခပ်ပြင်းပြင်းရှူချလိုက်ရသည်။
စိတ်ကိုလျှော့။ ဘာပဲဖြစ်ဖြစ်နေစင်ဟန်
က သူတို့သူငယ်ချင်းလိုဖြစ်​နေပြီ
သူ့ထပ်လည်းငယ်​တော့သူ့ညီ​လေးပဲ။straight​တွေမှာလည်း  သူငယ်ချင်း​
တွေအချင်းချင်း ဖလှယ်ပြီးလက်နဲ့ပဲ
ဒီလိုလုပ်ပေးကြတာ​တွေ ရှိတယ်တဲ့။
အခုဖြစ်​နေတာက သာယာမှုမဟုတ်ဘူး
။အ​ရေး​ပေါ်ကျန်းမာ​ရေးပဲ။
ငါမင်းကို အသားယူတာ အခွင့်အရေး
ယူတာ မဟုတ်ဘူး​နော်။မင်းကိုသက်သာ​အောင်ကူညီတာ။ မင်းကိုယ်တိုင် ငါ့ကိုအကူအညီတောင်းတာ။
ဗျူဟာအသက်ကို ပုံမှန်မရှူရဲ​အောင်
ဖြစ်နေပြီး သူ့လက်ကိုနေစင်ဟန်
ခါးအောက်ပိုင်းက​စောင်ထဲသို့လျှိုဝင်၍
နေစင်ဟန်ကို ဒုက္ခပေးနေတဲ့ဆီကိုထိကိုင်လိုက်မိချိန် တစ်ကိုယ်လုံး တောင့်တင်း
သွားပြီး ကျင်တက်သွားရသလိုပင်။
အခုအချိန်မှာ သူ့စိတ်ထဲက
ခံစားနေရတာတွေကိုဥပက္ခာပြုလျက်
လုပ်​ပေးသင့်တာကို ရှေ့ဆက်လိုက်သည်။
အချိန်ကြာလာတာနဲ့အမျှ ​ခေါင်းရင်းကိုမျက်နှာလွှဲထားတဲ့ သူ့အကြည့်က
နေစင်ဟန်မျက်နှာ​ပေါ်ကို ကျ​​​ရောက်သွားလျက်နေစင်ဟန် ​ချွေး​စေး​တွေသိပ်
မထွက်​တော့တာကို သတိပြုမိသွားသည်။
အသက်ရှုမှန်လာတဲ့နေစင်ဟန် အခြေအနေကိုကြည့်ရင်း ချက်ချင်းပဲသင်တန်းကို
အ​ပြေးသွားပြီးပြိုင်ဘက်ကိုမ​သေမရှင်
ကိုင်​ပေါက်ပစ်ချင်​လောက်​အောင်
ယောက်ကျားလေးတစ်ယောက်ကို
ထိ​တွေ့​နေရသည့် ဆိုးရွားလွန်းစွာခံရ
ခက်သည့်သူ့ခံစားချက်ကိုတစ်ခဏ​​ဘေးဖယ်ထားနိုင်ခဲ့သည်။နေစင်ဟန် ကိူခံရသက်သာ​စေချင်သည့် စိတ်​ကြောင့်
လည်းပါမယ်ထင်သည်။
​စောင်​အောက်ကသူ့လက်ထဲမှာ စွန်းထင်သွားသည့်အရည်ကြည်​တွေကို ခံစားမိ
လိုက်ချိန် ​နေစင်ဟန်က ခပ်တိုးတိုး
ညီးညူ​နေတာ​တွေ မရှိတော့ပဲ ငြိမ်ကျသွားသည်။
အဆင်​ပြေသွားပြီထင်တယ်။
ကုတင်​ဘေးက သစ်ရှူးထုတ်ကို
လှမ်းယူပြီးအရွက်​ပေါင်း များစွာထုတ်
ကာနေစင်ဟန်ရဲ့ ဗိုက်​ပေါ်ကိုပါ
​ပေသွားလား ​စောင်​အောက်က​နေပဲလက်လျှိုကာသုတ်​ပေး သူ့လက်ကို အထပ်ထပ်အခါခါသုတ်​ပေး အပြီး
အမှိုက်ပုံးမှာ ပစ်မလို့လုပ်ပြီးမှ ဘုန်းပြည့် မြင်သွားမှာစိုး၍ သူ့ဘောင်းဘီအိတ်ကပ်
ထဲ သုံးပြီးသားသစ်ရှူး​တွေကိုထိုးထည့်
လိုက်သည်။
ဦးနှောက်က အချက်ပြတဲ့အတိုင်းသာ
ခပ်မြန်မြန်လုပ်​နေတာ သူတစ်ကယ်
လူက သူ့စိတ်ကိုသူချက်ချင်းပြန်မခေါ်
နိုင် ဖြစ်နေသည်။လုံးဝစိတ်နဲ့လူနဲ့မကပ်သလိုခံစားချက်ကြီး ဖြစ်နေသည်နှင့်တစ်ပြိုင်နက် သူခံစားမိလိုက်တာက
သူ့ခန္ဓာကိုယ်ဆီက တစ်စုံတစ်ရာ
ပြောင်းလဲမှု။
စိတ်နဲ့ကိုယ်မကပ်​အောင် ဖြစ်နေလို့ အထင်မှားတာဆိုပြီးငုံ့ကြည့်လိုက်မိ
ချိန် သူ အံ့သြထိတ်လန့်လွန်းစွာနဲ့ နေစင်ဟန် ​ဘေးမှာ ထိုင်နေရာကနေ ကုတင်​​ဘေးကို​ပြေးဆင်းမိတဲ့အထိ။
ကုတင်ပေါ်ကနေစင်ဟန် က​တော့
အေးငြိမ်းစွာ အနားယူ​နေခဲ့ပြီ။
နေစင်ဟန် ငြိမ်ကျသွားတာ ​သေချာ​
အောင် တစ်ချက်ပြန်လှည့်ကြည့်ပြီး
အခန်းတံခါးကိုဖွင့်ပြီး ခပ်မြန်မြန်ထွက်လာတဲ့သူ့ကို ဘုန်းပြည့်က အပြင်က တံခါးဖွင့်ဝင်လာကာခေါက်ဆွဲထုပ်ကိုင်ပြီးစီးကြိုသည်။
"ဗျူဟာ မင်းမျက်နှာ ဘာဖြစ်နေ
တာလဲ နေစင်ဘယ်လို​နေလဲ "
" သူသက်သာသွားပြီ။သူနိုးလာရင်
မင်းနဲ့ဆန်းဆက်​ခေါ်လာ​ပေးတာလို့​ပြောလိုက်။ငါ့နာမည်လုံးဝမဟနဲ့  ငါပြန်ပြီ"
" ဗျူဟာ ဟေ့ရောင်"
​ခပ်မြန်မြန်ထွက်လာတဲ့သူ့ကိုအ​နောက်က လှမ်း ခေါ်​နေတဲ့ ဘုန်းပြည့်။
ဓာတ်လှေကားထဲ ဘယ်လိုဝင်လာလဲ
​မြေညီထပ်က သူ့ကားထဲဘယ်လို​
ပြန်ရောက်ခဲ့လဲ။ကားအထဲ​ရောက်ချိန်
သူ​မောဟိုက်လွန်းကာ လက်ရှိဖြစ်နေ
တဲ့သူ့ခန္ဓာကိုယ်က ခံစားချက်ထက်
သူ့ စိတ်ထဲကခံစားချက်က အဆပေါင်း
များစွာဆိုးရွား​နေသည်။
နေစင်ဟန် ပျောက်သွားတာကိုသူ
လိုက်ရှာခဲ့တာက နေစင်ဟန် ဆန်းဆက်မဟုတ်ပဲ တခြားသူ​အနောက်ပါသွားပြီး
သူ့ အစီအစဥ်တွေပျက်မှာစိုးလိူ့ ဒုက္ခ
ရောက်နေတာကို ကူညီခဲ့တာ
အကုန်လုံးက သူ့ညီအတွက်ပဲ သန့်သန့်​
လေးဖြစ်​စေချင်လို့။။ထွန်းမြတ်ကို
ရစရာမရှိအောင်ထိုးခဲ့တာက သူ့ညီ​
တောင်မထိရ​သေးပဲ ထိခဲ့လို့။အခုလည်း ဘယ်လိုမှမတတ်နိုင်ပဲ။
ကားစတီယာရင်ကို ဗျူဟာ​ဒေါသနဲ့
ခပ်ကြမ်းကြမ်းထုလိုက်သည်။
စိတ်ကိုအေးအေးထား။သူကလူငယ်ပဲ။
စိတ်လှုပ်ရှားတာလွန်​နေပြီ။ခွန်အားရှိပြီး တက်ကြွ​နေတဲ့အရွယ် အသားချင်းထိ
တော့ ခန္ဓာ​ဗေဒရဲ့ဓါတ်​သ​ဘောတွေ
အရ သူ့ခန္ဓာကိုယ်ကမှားယွင်းပြီး
အလိုလိုတုန့်ပြန်မိသွားတာပဲ။
ဟုတ်တယ်။အဲ့ဒီအတိုင်းပဲ။သူ့ဆီမှာ
အခုဖြစ်​နေတာ​လောက် မှားယွင်းတာ
ဘာကိစ္စမှမရှိ​တော့ဘူး။
*******************
"Room service"
" ဒီအခန်းက မ​ခေါ်ထား"
အပြင်မှာရပ်နေတဲ့
ဗျူဟာ စိတ်​လောစွာ
"နေစင်ဟန် "
တော့ ငါ ငါသွား​တော့မယ်"
ကြမ်းပြင်ပေါ် ကျသည်။
"အားး"
" ဗျူဟာ "
နေစင်ဟန် သတိလစ်​နေတယ်"
ထဲကနေ ထွက်သွားသည်။
မှ မရုန်းနိုင်။ အင်အားသုံးစရာ​တောင်
ငါ့ကိုအခုလွှတ်​ပေး"
လိုခေါ်လာတာလဲ"
"  ဆေး ​ဆေးထိပြီး သူမူး​ဝေ
"Password​ပြော"
ပြောလိုက်"
ကုတင်​ပေါ်မှာ
ထွန်းမြတ်ရဲ့လက်။ အပေါ်ပိုင်းကလွဲပြီး
တစ်ခြား​တော့မပါ။videoကအတိုပဲ။
လက်ကမြင်းထားတာပဲ ။
ဖြစ်နေပြီ။
ဖုန်းထဲကို ဗျူဟာဆက်ရှာရာ ထွန်းမြတ် ကောင်လေးတချို့ရဲ့ video file​တွေ​ကိုရောင်းစား​နေတဲ့conversationတွေကို
ပါ တွေ့လိုက်ရသည်။နေစင်ဟန်ကို
သိသွားပြီ။
တဲ့အဆင့်​မဟုတ်​ဘူးပဲ။
အ​ရောက်မြန်လို့သာပဲ။တစ်ကယ်
အသိမြန်လို့။
" ဗျူဟာပိုင် ငါ ငါ"
ငါ့ဖုန်း​တော့ သွားပြီ ။မင်းငါ့ကို ဒီလို
ဗျူဟာ
" ကျောင်းထွက်လိုက်"
"ဘာ"
တယ်မလား။ ဒီကိစ္စကို
မပြမိ​စေနဲ့"
ဆက်​ပြောရဲမှာလဲ"
စရာမရှိတာမလို့။
တံခါးနား အရောက်
" မင်း ဘာစကားလဲ"
ထင်မလဲ။ တကယ်နှ​မြောစရာပဲ
နေစင်ဟန်ကအရမ်းဆင်နေ​တော့ ​ဈေးတင်ရင်​တောင် ငါ အများကြီးရမှာ "
ထပ်တချက်။
---------------------
ပြောလိုက်ရသည်။
လို့ရမှာလဲ"
ခေါ်သွားမှာလဲ"
"မင်းကွန်ဒို"
"ဟမ်"
ဘာမှမ​ပြော။သူ့မှာလည်း နေရာလွတ်
က  အသင့်တော်ဆုံးပဲ။
--------------------- 
လိုက်သည်။
စိတ်မရှည်ခြင်းပင်။
ပါးပါး ကူညီလေ"
နေကြတယ်ဆိုတာ"
သိချင်စိတ်များနေတဲ့
ဝင်လာခဲ့ကြသည်။
ဟန်ကို နေရာချပေးသည်။
သေးတဲ့ နေစင်ဟန်
ခဲ့လိုက်သည်။
လေးပင်​နေလျက်ပင်။ထွန်းမြတ်
ဘယ်လိုလုပ်ရမလဲ။ ဆရာဝန်ခေါ်ရ
တခဏအကြာ
" ဘာဖြစ်နေလို့လဲ"
ကောင်းမလား "
" မခေါ်နဲ့"
" ဘာဖြစ်လို့လဲ"
အသံကျယ်နဲ့
ဖြေနိုင်။
တကယ်ခေါင်းခဲနေရပြီ။
ထားထားလိုက်"
" ဖြစ်ပါ့မလား"
"ဖြစ်တယ်"
ပြဿနာပဲ။ တကယ့်ပြဿနာပဲ။
ထမင်းစားခန်းထဲကနေ
"ဘုန်းပြည့်"
နေလိမ့်မည်။
"​အေး သွားဝယ်လိုက်"
ပိုက်ဆံအိတ်ကိုယူ
ဆိုင်ကနီး​ပေမဲ့ ​အပြင်တစ်ခါထွက်ဈေးတစ်ခါဝယ်ရင် ​​​ပေရှည်တဲ့ ဘုန်းပြည့်က တော်ရုံပြန်မ​ရောက်ဘူးဆိုတာသူသိသည်။
လိုရမယ်ရ
ရောက်သွားပြီ။နေစင်ဟန်နဲ့သူနှစ်
ယောက်ထဲကျန်သည်။မထူး​တော့။
တာလဲ။
က အတင်းရုန်းကန်​နေတာ။သူ​ပြောတာ
နေလား သူမသိ​ပေမဲ့။
ခပ်တိုးတိုး​ပြောရင်း
သုတ်ပေး​နေလိုက်သည်။
သား​တွေဆီ​ရောက်ချိန်
"​ဟေ့​ရောင် သတိထားအုံး
နေစင်ဟန် "
မဝင်လာနိုင်။ မျက်လုံးမဖွင့်နိုင်။
တစ်ခြားဆေးအရှိန်က
ပေးနေသည်။
ညီးညူ​​နေသည်။
"​အောင့် တယ်"
နေစင်ဟန်ရဲ့လက်။
မဟုတ်လား။ခဏ​လေးအားတင်းလိုက်
အချည်းနှီးသာ။
ပေး​နေလည်းမရ။လုံးဝ သွားပြီ။
သိလို့မဖြစ်ဘူး။
မိသွားသည်။နေစင်ဟန်ကိုလည်း
။သူကဘာလို့။ မိုးပြိုရင်တောင်
လျှော့ပေးရမဲ့ကိစ္စ။ဘယ်လို​တောင်
သောက်တစ်လွဲ ပြဿနာလဲ။
လုံလောက်ပြီ။ ဒီလောက်အထိကူညီ
"ခွမ်း!!"
ပြီး​တော့
ပြောလိုက်မိသည်။
တူမှငါလုပ်​ပေးမယ်"
"ကူ ညီ ပါ "
ဆီပို့ပြီး
ကို ခြုံပေးလိုက်သည်။