မူပိုင် ပြည့်တန်ဆာ...။(Comple...

נכתב על ידי DORotheA47

335K 15.6K 264

မူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။ עוד

episode 1
episode 2
episode 3
episode 4
episode 5
episode 6
episode 7
episode 8
episode 9
episode 10
episode 11
episode 12
episode 13
episode 14🔞
episode 15
episode 16
episode 17
episode 18
episode 19
episode 20
episode 21
episode 22
episode 24
episode 25
episode 26
episode 27
episode 28
episode 29
episode 30
episode 31
episode 32
episode 33
episode 34
episode 35
episode 36
episode 37
episode 38
episode 39
episode 40
episode 41
episode 42
episode 43
episode 44
episode 45
episode 46
episode 47
episode 48
episode 49
episode 50
episode 51
episode 52
episode 53
episode 54
episode 55
episode 56
ဇာတ်သိမ်းပိုင်း

episode 23

5.7K 288 1
נכתב על ידי DORotheA47


"မမခင် "!!
"ရေကစားကြမယ်"လာ..လာ"

""အသားမဲမှာစိုးတယ်ကွယ်""
"ပင်လယ်ရေက အသားမဲတယ် အေးရဲ့"

"ဟားဟား... မဲပါလေ့စေ"
"ရန်ကုန်ရောက်ရင် ဖြူသွားလိမ့်မယ်"လာပါ....မဖော်မရှိလို့""

"ခနပဲနော်""
"နေ့ခင်း နေအရမ်းပြင်းရင် အပူရှပ်လိမ်မယ်.."

"ဟုတ်ကဲ့"
"လာ...လာ.."

Rose အဝေးတစ်နေရာ မြင်ကွင်းတွင် ရေကစားနေသော ခင့်ကို ကြည့်ရင်း ပြုံးစိစိနှင့် အအေးသောက်ကာထိုင်ကြည့်နေသည်မှာ တစ်နာရီပင်ရှိပြီ။သူ့မ ပုံစံက ဆော့ကစားနေသော
ကလေးများကို စိတ်မချစွာ အရိပ်တစ်ကြည့်ကြည့်နှင့် စောင့်ကြည့်နေသည့် ကလေးအမေလိုပင်။

"ဒီခလေးမတွေတော့ အပူရှပ်တော့မှာပဲ" မမောနိုင်ကြဘူးလားကွယ်"

ခင် တို့ဘေးနားမလှမ်းမကမ်းတွင်အကောင်နှစ်ကောင် တန်းတန်းမက်မက် လာနေသည်ကို အဝေးမှ တွေ့လိုက်ရ​ပြန်သည်။

"တောက်" ခွေးသူတောင်းစားတွေ လာပြန်ပြီ""

ဟိုတစ်နေ့က ခင့်ကို ​နှောက်ယှက်သော ယောကျားလေးနှစ်ယောက်ပင်။ခင်တို့ အနားမှာ ရစ်သီရစ်သီပြန်လာလုပ်နေသည်ကို တွေ့လိုက်ရသဖြင့် Roseတစ်ဟုန်ထိုးပြေးတော့သည်။
ပြေးနေရင်း အုန်းသီးသည် အုန်သီးခုတ်နေသည်ကို တွေ့သဖြင့် အုန်းသီးသည်ဆီမှ ဓါးကိုမပြောမဆိုယူကာရေကစားနေသော သူမ ကလေးတွေ
ဆီသို့ တန်းတန်းမတ်မတ် ဓါးကိုင်ကာ ပြေးတော့သည်။ ပေါင်တိုလက်ပြတ်ဂါဝန်ကို ဝတ်ထားပြီး ဒေါသတစ်ကြီးပြေးနေသော သူမပုံစံသည် ရယ်ချင်စရာတစ်မျိုးကောင်းနေပြန်သည်။

"ဒီက မမ""

"ရှင်တို့ လာပြန်ပြီလား"

"မမကို မြင်မြင်ချင်း ချစ်မိလို့ပါ"
"ဖုန်းနံပါတ်လေးလိုချင်လို့"

"ဖုန်းမရှိဘူးလို့ ကျမပြောပြီးပြီလေ"

"ဟုတ်တယ်...ကျမတို့မှာ ဖုန်းမရှိဘူး"

"ကျမ ပြသနာထပ်မဖြစ်ချင်ဘူးနော်"
"ကိုယ့်လမ်းကိုယ် သွားကြပါတော့ရှင်" မိအေးလာ... သွားမယ်"

"မမခင် ဟိုးမှာ....မမကြီးလားဟင်"

"ဟမ်"...ဘယ်မှာလဲ"

"လက်ထဲမှာလည်း ဓါးကြီးနဲ့"
"ပြသနာတွေတတ်ကုန်တော့မှာပဲ"
"မမကြီးက စိတ်တစ်အားကြီးတာ"

"ဟို...ဖုန်းနံပါတ် မရှိရင် အိမ်လိပ်စာလေး ပေးလို့ရမလား မမ" ..လုပ်ပါ"..

"ရှင်တို့နဲ့ ကျမမပတ်သတ်ချင်ဘူး"
"ကိုယ့်လမ်းကိုယ် သွားကြတာကောင်းမယ်"
"ဟင့်...ဟိုတစ်ခါ ခေါင်းကွဲတာ မမှတ်သေးလို့လား"
"ဟိုး.....မှာကြည့်" ဓားဆွဲပြီးလာနေတာတွေ့လား"

"ဟာ!!! ဟျောင့် ...လာ သွားကြမယ်""တစ်ကယ်လုပ်မယ့်ပုံကြီး""

"တောက်... လာပြန်ပြီ အဲဒီကောင်မ""...တွေ့မယ်.."

Rose ခင့်အနားကို ရောက်သည်နှင့် ထွက်ပြေးသွားသော အကောင်
နှစ်ကောင်ကိုမလုပ်လိုက်ရသောကြောင့် ရင်ထဲကျိလိကျိလိနှင့် အခဲမကြေ။

"တောက်"...ခွေးသူတောင်းစားတွေ"

"မမကြီး စိတ်ကိုထိန်းပါ"
"လက်လွန်ကုန်မယ်"

"မိအေး!!! လက်လွန်ကုန်တော့ ဘာဖြစ်လဲ""နင် ဝင်မပါနဲ့"

"နှင်း!!!!
"တော်တော့"

ဓါးနှင့်လိုက်ခုတ်မယ် တစ်ကဲကဲလုပ်နေသော နှင်းသည် ခင် အော်လိုက်
မှ ဓါးကို ပစ်ချလိုက်တော့သည်။
ခင့် အမိန့်သာလျှင် နာခံသော သူမသည် ဒေါသကို လျှော့လျက်....

"ညနေ ပြန်မယ်"
"အထုပ်ပြင်ထားကြ"

"ဟာ" သွားပါပြီ "ရေဆော့လို့တောင် မဝသေးဘူး"

"မိအေး!!! ညည်းက ငါ့ကို အတွန့်တတ်ချင်တာလား"

"မ...မဟုတ်ပါဘူး...မမကြီး"

"ကျမ မပြန်ချင်သေးဘူး"
"နှစ်ရက်လောက်ထပ်နေချင်သေးတယ်"

"ဟက်" ဘာလဲ" မပြန်ချင်သေးဘူးဆိုတော့ မင်းက ဟိုကောင်တွေနဲ့ ငြိနေတာလား""

""ထင်ချင်သလိုထင်""

"ငြိမယ်တော့ မကြံနဲ့နော်....အသေသတ်ပြစ်မှာ.."

""သတ်တော့လည်း သေရတာပေါ့"
"ဟက်"...

ခင် ပြောကာ မိအေးကိုပင်မခေါ်ပဲ အခန်းဆီသို့ ပြန်ခဲ့လေသည်။ အခန်းထဲရောက်တော့ စိတ်ရှုပ်လာကာ ဝရန်တာထွက်ပြီး ဆေးလိပ်ဖွာသည်။ ရေကစားထားသည့် စိုနေသော အဝတ်ပင် မလဲသေးပဲ ဒီတိုင်းနေနေမိသည်။ အတွေးပေါင်းများစွာထဲ နှစ်မျောနေချိန်......

"ခင်" အဝတ်တွေစိုနေတယ်" မလဲသေးဘူးလား""အအေးပတ်လိမ်​့မယ်"

ဘယ်ကတည်းက ရောက်နေမှန်းမသိသော Roseအသံထွက်လာသည်ကြောင့် ခင် လှည့်ကြည့်လိုက်သည်။

"ရှင့် အပူများပါသလားရှင်"
"ကျမဖာသာ ဘယ်လိုနေနေပေါ့"
"အအေးပတ်ပြီး သေတော့လည်း
ဝဋ်ကျွတ်တယ်"

"တို့တောင်းပန်တယ်"
"စောနက တို့စကားလွန်သွားတယ်"
"ခင့်ကို စိတ်ပူလွန်းတာကြောင့်
မဆင်မခြင် ပြောလိုက်မိတယ်""
""တောင်းပန်တယ်နော်""

roseအသံတိုးတိုးလေးတိမ်ဝင်သွား
တော့ ခင် နည်းနည်း ဂရုဏာသက်သွားသည်။

"ကျမ ဒီမှာ နှစ်ရက်လောက်ထပ်နေချင်တယ်" ရမလား"

"နေတာကတော့ နေလို့ရပါတယ်"
"နှစ်ရက်စာအတွက် တို့... ဘာပြန်ရမှာလဲ"

"ဟက်...
"ရှင်က မိန်းမလည်ပဲနော်"
"စောနက တောင်းပန်တဲ့လေသံက တစ်မျိုး...အခုတစ်မျိုး.."
"ပြော...ဘာလိုချင်လို့လဲ"

"ခင်က တို့ကို ဘာများတောင်းဆိုစေချင်လို့လဲ..."
"တို့က ခင်နဲ့ ခင်မင်ရင်းနှီးချင်ရုံလေးပဲ"
"ရမလား"

"ဒါပဲလား"

"........."

ခင် မထင်ထားသော တောင်းဆိုမှုကို
နှင်းသည် တောင်းဆိုသည်တဲ့...။ လူကို ငွေပုံပေးဝယ်ထားပြီး အခုမှ ခင်
မင်ရင်းနှီးချင်လို့ တောင်းဆိုသည်တဲ့
လေ...။အကြိမ်ကြိမ်အခါခါ ပြုကျင့်ပြီးတော့ အခုမှ ရင်းနှီးဖို့ တောင်းဆိုနေပြန်သည်။ တစ်ခါတစ်လေ Roseစိတ်ကိုခင် နားပင်မလည်နိုင်ပါ...။ မထင်ထားသော အရာများကို လုပ်ပြတတ်သည်။ တောင်းဆိုတတ်သည်။ Roseရဲ့ တောင်းဆိုမှုကို ခင် ကြည်ကြည်ဖြူဖြူလက်ခံရမည်။ ခင် ဒီအတိုင်းအိမ်ထဲလည်း မနေနိုင်။ rose၏ ချုပ်ချယ်မှုအောက်တွင်လည်း ကြာကြာ မနေချင်ပေ။ ခင် လောကကြီးတွင် သင်ယူစရာများ အများကြီးရှိနေသေးသည် မဟုတ်လား။ Rose၏ ချုပ်ချယ်မှုအောက်တွင်နေပြီး ခင်သည်လည်း Roseကို ပြန်လည်ချုပ်ချယ်ရမည်။ အသုံးချရမည်။

"အင်းလေ" ခင့်ကို ခင်ချင်မှတော့လည်း peaceပေါ့""ကုတင်ပေါ်က
ပါတနာပဲ"...ရင်းရင်းနှီးနှီးနေကြတာပေါ့"

""တို့က ကုတင်ပေါ်က ကိစ္စထက်
ခင့် အချစ်ကို ရချင်တယ်""
"ကြိုးစားခွင့်တော့ ရှိတယ်မလားဟင်""

""သဘောပဲ"""

המשך קריאה

You'll Also Like

324K 8.5K 87
What do you do when you find out your Aunt is your father's mistress? Your lovely sweet cousin is actually your half sister? Cheng Bi Yu thought she...
121K 12.8K 72
TaeKook Non Fanfiction #1 roses #1 nonfic #1 nonfanfiction #1 nonff #1 nonfanfic 2023.12.09 2024.
28.8K 6.2K 35
OPEN! Join a community of passionate readers, where the love of literature meets a welcoming and professional atmosphere.
7.8K 813 12
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...