Gpဝင်ချင်တဲ့ကလေးတွေစာပို့ပေးထားပါနော်။gpမှာကအပိုင်း၅၈ထိပြီးသွားပါပြီ။
Ch-23 နောက်ထပ်စာချုပ်လား
ထူးထူးဆန်းဆန်းပင် မိမိစကားများအားစုယန်ကြားလိုက်ချိန်မှာတော့ သူသည်အေးခဲသွားပြီးသူ၏မျက်နှာသွင်ပြင်သည်မှင်သက်နေပုံရသည်။
ဟ!ဒီလူ...ကသရဲကြောက်တာလား။မိမိနှုတ်ခမ်းထောင့်သည် လူယုတ်မာအပြုံးတစ်ခုအသွင်ကွေးတက်သွားသည်။မိမိသည်စုယန်ထံညစ်တစ်တစ်ကြည့်လိုက်ပြီး မိမိထွက်မသွားခင် သူစိတ်မပျက်ရလေအောင်လုပ်သွားသင့်သည်ဟုသန္ဓိဌာန်ချလိုက်သည်။
"ဟိတ် ရှင်သရဲရှိတာကိုယုံတယ်ပေါ့"
"သရဲဆိုတဲ့အရာတွေမရှိဘူး"
စုယန်သည်သူ့ရင်ဘတ်အားဖြောင့်ဖြောင့်ထားလိုက်ပြီး ရှင်းရှင်းလင်းလင်းတုန်ယင်နေသောအသံဖြင့်ပြောလာသည်။သို့သော်ထိုသည်မှာမိမိအားပြောနေပုံမရပေ။ထိုသည်မှာသူ့ကိုယ်သူအိပ်ေမွ့ချရန်ကြိုးစားနေသလိုမျိုးပြောနေခြင်းဖြစ်သည်။
ယခုတွင်တော့ မိမိသည်စုယန်မှသရဲများအားကြောက်သည်ဆိုသည်မှာသေချာသွားလေပြီ။မိမိသည်ဆိုဖာခုံရှည်ပေါ်မှဖြည်းညင်းစွာထလိုက်ပြီး သူ့ဘေးသို့လှည့်သွားလိုက်သည်။မိမိသည်ကြောက်ရွံ့နေသောအမူအယာပုံမျိုးလုပ်ယူကာ တီးတိုးပြောလိုက်သည်။
"သရဲတွေဆိုတာက...ရှင်မမြင်နိုင်တဲ့အရာေတွလေ။ဖြစ်နိုင်တာက အခုလေးတင်ရှင့်ရဲ့ဧည့်ခန်းပြတင်းပေါက်မှာတွဲလဲခိုနေတဲ့တစ်ကောင်ရှိနေတယ်"
မိမိသည်လက်အားတည်တည်ငြိမ်ငြိမ်မြှောက်လိုက်ပြီး သရဲရှိမနေသည့်ဧည့်ခန်းပြတင်းပေါက်ဆီညွှန်ပြလိုက်သည်။
စုယန်သည်မိမိလက်ညှိုးဦးတည်ရာဆီလိုက်ကြည့်ပြီး စိုက်ကြည့်လိုက်သည်။မိမိသည်သူ၏မျက်ဆံများပြူးကျယ်လာသည်ကိုရှင်းရှင်းလင်းလင်းသတိပြုမိလိုက်သည်။
"အားအားအားအားအားး"
သူ၏ဤကဲ့သို့ပုံမျိုးတွေ့လိုက်ရသည့်အခါ မထိန်းနိုင်ပဲကျယ်လောင်စွာရယ်မောလိုက်သည်။
"ရှင်သရဲတွေကိုကြောက်တယ်ဆိုတာ ကျွန်မယုံတောင်မယုံနိုင်ဘူး"
စုယန်သည်မိမိထံလေးလေးနက်နက်ကြည့်လာသည်။
"ငါသရဲကြောက်တယ်လို့ဘယ်သူပြောလဲ။ငါပြောခဲ့သားပဲ။သရဲဆိုတဲ့အရာတွေကဒီကမ္ဘာပေါ်မှာမရှိဘူးလို့။ငါကတည်ရှိမနေတဲ့အရာတွေကိုဘာကြောင့်ကြောက်ရမှာလဲ"
"ဒါပေါ့ ဒါပေါ့ ဒါပေါ့။ဒီကမ္ဘာပေါ်မှာသရဲမရှိပါဘူး။စိုးရိမ်စရာမရှိဘူးနော်..."
မိမိသည် စုယန်၏နောက်ကျောအားနှစ်သိမ့်သလိုအမူအယာဖြင့်ပုတ်ပေးလိုက်သည်။
မိမိသာဤတိုက်ခန်းတွင်အိမ်ေနသရဲများစွာရှိနေပြီးကြောင်းသာ သူ့အားပြောလိုက်ပါက သူသည်အဓိပ္ပာယ်မရှိကြောက်လန့်ကောင်းကြောက်လန့်နေပေလိမ့်မည်။ထပ်ပြောရလျှင် မိမိအားကန်ထုတ်ပစ်လိုက်မည်ကိုတော့ မိမိကြောက်လေသည်။ထို့ကြောင့် သူ့အားနည်းနည်းခြောက်လှန့်ပြီးသည်နှင့် မိမိသည်ခုန်ေပါက်ကာအခန်းဆီပြန်သွားလိုက်သည်။
မိမိသည်အိပ်ခန်းပြတင်းပေါက်အားအချိန်အတော်ကြာငေးကြည့်နေလိုက်သည်။ဧည့်ခန်းထဲတွင်သရဲတစ်ေကာင်ရှိမေနေသာ်လည်း မိမိအခန်းထဲတွင်တော့တစ်ကောင်ရှိလေသည်။
မိမိသည်အခန်းတံခါးအားလော့ခ်ချပြီးသည်နှင့် ခုံအားမ ရွှေ့ကာအငယ်မအားရှာရန်ပြတင်းပေါက်နားတွင်ထိုင်လိုက်သည်။
"သရဲတစ်ကောင်ဖြစ်လာရတဲ့အချက်ကို ငါ့ဆီအမှန်အတိုင်းပြောပြပေးမလား။နင်ကပုခုံးပေါ်ထမ်းမထားနိုင်ဘူးလေ။နင့်လက်တွေကရိုက်ဖို့ကိုတောင်မမြှောက်နိုင်ဘူး။နင်ကနင်ထိတွေ့ချင်တဲ့လူကိုလည်းမထိနိုင်ဘူး။ဒီကမ္ဘာမှာဆက်နေ နေရတဲ့အချက်ကဘာလဲ။နင်ဘာလို့မထွက်သွားနိုင်သေးတာလဲ။နင်အရမ်းတမ်းတနေရတဲ့၊ဆုပ်ကိုင်ထားချင်နေတဲ့တစ်ခုခုရှိနေလို့လား"
ရုတ်တရက်ဆိုသလိုပင် ဤနှစ်များတစ်လျှောက်မိမိစိတ်ထဲရှိနေသည့်မေးခွန်းများအားအငယ်မဆီမေးလိုက်သည်။
သူမ၏အသက်မဲ့နေသောမျက်ဆံများသည် အသက်ဝင်လာကာ အငယ်မသည်မိမိအားတစ်ခုခုပြောချင်နေသလို ခိုင်ခိုင်မာမာစိုက်ကြည့်နေသည်။သူမ၏မျက်လုံးများအားပြူးကျယ်ေနေအာင်ဖွင့်လိုက်ကတည်းမှ သူမမျက်ခမ်းစပ်များမှနေ တောက်ပသောသွေးနီနီများမှာ ပြည့်လျှံထွက်လာတော့သည်။
ယခုတွင်တော့ မိမိသည်ကြောက်စရာကောင်းလှသည့်အကြည့်ဖြင့်သရဲများအားမြင်ရသည်ကို နေသားကျနေလေပြီဖြစ်သည်။ထို့ကြောင့် ထိုအကြည့်သည်မိမိအားဒီထက်ပို၍မသက်ေရာက်နိုင်တော့ပေ။
"နင်ငိုနေတာလား။မြင်လား။သရဲတစ်ကောင်အနေနဲ့နင့်ကိုနင်ဖော်ပြဖို့စကားတောင်မပြောနိုင်ဘူး။နင်ဘာပြောဖို့ကြိုးစားနေတယ်ဆိုတာကို ငါမမှန်းနိုင်ဘူး...."
မိမိစကားများအားကြားသည်နှင့် သူမမျက်ဆံများသည်အသက်ပြန်မဲ့သွားပြန်သည်။သူမသည်ထုတ်ဖော်ပြီးနောက် ယခုတွင်သူမအတွေးများအားထပ်မံချွန်းအုပ်ထားလိုက်တော့သည်။
"အဘွားမုန့်ဆီကနေငါကြားတာကတော့ သရဲတွေကအငြိုးကြောင့်သာဒီကမ္ဘာမှာနေ နေတာတဲ့။သူတို့ခေါ်တဲ့အော်ရာဆိုတဲ့တစ်ခုခုက သူတို့ထွက်သွားဖို့မဖြစ်နိုင်အောင်လုပ်နေတာဆို။နင်ရောပဲလား"
"နင်ကလသာဆောင်ကနေတွန်းချခံလိုက်ရလို့ နင့်ဝိညာဉ်ကပျောက်မသွားသေးတာကိုငါသိတယ်။ဒါပေမယ့်နင်ကအရင်ဆုံးအိမ်ထောင်ဖျက်ဆီးသူဖြစ်ဖို့ရွေးချယ်လိုက်တာလေ။ထပ်ပြောရရင် နင့်ကိုသေအောင်လုပ်လိုက်တဲ့အမျိုးသမီးလည်း စစ်ဆေးဖမ်းဆီးထားပြီးပြီ။အာဃာတတွေကိုနင်ဆက်မထားသင့်တော့ဘူးလို့ငါထင်ပေမယ့် ဖြေလျှော့ရမယ့်အစား...."
တစ်နည်းနည်းဖြင့်မိမိ၏အကြောင်းအရာသည် အငယ်မအား သူမ၏ကံကြမ္မာအားလက်ခံပြီးသူမကိုယ်သူမလွတ်လပ်ခွင့်ပေးရန်ဖြားယောင်းသွေးဆောင်သည့်ဘက်သို့ပြောင်းသွားတော့သည်။
"ငါ့စကားတွေကမှန်တယ်လို့နင်မထင်ဘူးလား"
မိမိသည်စမ်းသပ်လိုက်သည်။
နောက်စက္ကန့်တွင် အငယ်မသည်ပျောက်ကွယ်သွားတော့သည်။
"ဟမ် ငါ့စကားတွေကသက်ရောက်သွားတာလား"
မိမိသည်မတ်တပ်ရပ်လိုက်ပြီးပြတင်းပေါက်အားဖွင့်ကာ ခပ်ဖွဖွခေါင်းထုတ်လိုက်ပြီးဘယ်ညာကြည့်လိုက်သည်။အငယ်မမှာမရှိတော့ပေ။ဤသည်မှာမိမိတိုက်ခန်းပြတင်းပေါက်မှသူမအေနဖြင့်ပထမဆုံးထွက်သွားခြင်းဖြစ်သည်။ထိုသည်မှာကောင်းသောအရာတစ်ခုဖြစ်သော်ငြား နည်းနည်းစိုးရိမ်နေမိသည်။သူမဘယ်သွားတာလဲ။သူမတစ်သက်လုံးထွက်သွားပြီလား။
"နင်ဘယ်သွားတာလဲ"
ဤသည်မှာမိခင်များမှသူတို့ကလေးများအားကျောင်းသွားရန်တိုက်တွန်းနေသလိုပင်။ယခုနောက်ဆုံးမှာသူတို့သွားချိန်တွင်တော့ ဆုံးရှုံးသွားသလိုခံစားနေရသည်။
မိမိသည်အငယ်မအားတစ်ခန်းလုံးပတ်ရှာနေစဉ်တွင် စာရွက်တစ်ရွက်သည်မိမိအခန်းတံခါးဆက်ကြားမှလျှောဝင်လာရန်ကြိုးပမ်းနေသည်။
မိမိသည်သွားကာဆွဲနှုတ်လိုက်ပြီး စာရွက်အားတွန်းရန်ကိုးရိုးကားယားကြိုးပမ်းေနသည့် ကုန်းကုန်းကွကွစုယန်အားဖမ်းဆီးရန် တံခါးအားဖွင့်လိုက်သည်။
သူသည်ခေါင်းမော့ကာ မတ်တပ်ရပ်လိုက်ရင်း သူ၏နက်ရှိုင်းကြီးမားသည့်မျက်လုံးများဖြင့်မိမိထံမျက်တောင်ခတ်ပြလာသည်။မိမိတံခါးဆက်ကြားမှစာရွက်အားထည့်ရန်ကြိုးစားနေတော့မည့်အစား သူသည်မိမိလက်မောင်းများတွင်းသို့ထိုးထည့်လိုက်သည်။
"ဒါကဘာလဲ"
မိမိသည်ထိုအရာအားဖမ်းဆုပ်လိုက်ရတော့သည်။A4စာရွက်အားမြင်လိုက်သည့်အခိုက်တွင် မိမိမှာဆိုးဝါးသောကြိုတင်သတိပေးချက်တစ်ခုရလိုက်သည်။
ဝန်ထမ်းစာချုပ်!
မိမိသည်ပထမစာကြောင်းမှထိုစကားလုံးနှစ်လုံးအားမြင်လိုက်ရချိန်တွင် အင်မတန်အံ့ဩသွားရသည်။သူကစာချုပ်တွေဖြန့်ချီတဲ့နေရာမှာအထူးပြုလားဟ။
မိမိသည်ခန့်မှန်းရန်ပျင်းလွန်းနေ၍ စုယန်အားတိုက်ရိုက်မေးလိုက်သည်။
"ဒါကဘာလဲ"
"ဝန်ထမ်းစာချုပ်ေလ"
"ကျွန်မစာဖတ်တတ်တယ်။ရှင်ကဝန်ထမ်းစာချုပ်ကိုကျွန်မဆီဘာလို့လာပေးတာလဲမေးနေတာ။ဒါကကျွန်မအတွက်ဆိုတာ သေချာလား"
"တော်တော်များများစဉ်းစားပြီးတဲ့အခါ မင်းကငါ့ဖန်တီးမှုအတွက်ဉာဏ်ကွန့်မြူးမှုရအောင်ကူညီတဲ့နေရာမှာ အရမ်းအသုံးဝင်တယ်ဆိုတာငါနားလည်လိုက်ရတယ်။ဒါကြောင့်ငါက လက်ထောက်တစ်ယောက်အနေနဲ့မင်းကိုခန့်ချင်တယ်"
"ရှင်.က.ကျွန်မ.ကို.ရှင့်.ရဲ့.လက်ထောက်.ဖြစ်.စေ.ချင်.တယ်.ပေါ့.လေ။အခြားလူတွေရဲ့အလုပ်အကိုင်နဲ့မစနောက်စမ်းနဲ့။အဲ့ဒါကမရယ်ရဘူး"
မိမိစကားလုံးများအားလုံးတွင် ယုံကြည်မှုရော မယုံကြည်မှုပါ ကင်းမဲ့နေသည်။
စုယန်သည်မိမိ၏သံသယအားလျစ်လျူရှုကာဆက်ပြောလာသည်။
"မင်းအခုအလုပ်မရှိဘူးမလား။ပြီးတော့ငါကလက်ထောက်တစ်ယောက်လိုနေတယ်လေ။ဒါကငါတို့နှစ်ယောက်အတွက် win-win ပဲမလား"
မိမိမှာစုယန်သည်မိမိအားသူ၏လက်ထောက်အဖြစ်ထားရန်ဘာကြောင့်များဆုံးဖြတ်ချက်ချလိုက်သည်အား မသိခဲ့ပါငြား မိမိသည်ဤကဲ့သို့အခွင့်အရေးကောင်းတစ်ခုအပေါ်လက်မလျှော့ချင်ပေ။သို့သော်လည်း မိမိသည်လက်ဝယ်ထားရှိချင်သောကြောင့်တုံ့ဆိုင်းဟန်ဆောင်နေလိုက်သည်။
"အင်းး...ကျွန်မစဉ်းစားပါရစေဦး။ပြီးရင်တော့..."
"မင်းအတိအကျသိချင်ရင်တော့ မင်းရဲ့တစ်လစာဝင်ငွေက 10000rmbဖြစ်လိမ့်မယ်။အစားအစာနဲ့နေရာထိုင်ခင်းပါထောက်ပံ့ပေးမှာ"
"အိုကေ။ကျွန်မလုပ်မယ်"
သူမှမိမိအားမည်မျှပေးရန်ဆန္ဒရှိကြောင်းပြောလာချိန်မှာတော့ မိမိသည်လက်ဝယ်ထားရှိရန်ဂရုမစိုက်တော့ပေ။
"ငါအခုထိစာချုပ်ကိုရှင်းမပြရသေးဘူးလေ..."
စုယန်သည်မိမိ၏တုံ့ပြန်ပုံကြောင့်တောင့်တင်းနေပုံပေါ်သည်။သူသည်လစာမှာမည်မျှလွှမ်းမိုးနိုင်ကြောင်းကိုနားမလည်ပုံရသည်။
"အဆင်ပြေပါတယ်။ဘယ်လိုဖြစ်ဖြစ် စာချုပ်ထဲမှာအဲ့ဒါကိုရှင်းရှင်းလင်းလင်းပြောထားမယ်ဆိုတာသေချာတယ်လေ။ကျွန်မနောက်မှဖြည်းဖြည်းချင်းဖတ်ကြည့်လိုက်မယ်။ဘယ်မှာလက်မှတ်ထိုးရမှာလဲ။နောက်ဆုံးစာမျက်နှာမလား"
မိမိမှာစုယန်မှသူ၏ပေးဝေမှုကိုငြင်းဆိုလာမည်အား စိုးထိတ်နေမိသည်။ထို့ကြောင့်မိမိသည် ဘောပင်တစ်ချောင်းအားခပ်မြန်မြန်ဆွဲယူလိုက်သည်။မိမိမှာထိုပေါ်တွင်လက်မှတ်ထိုးလိုက်တော့မည့်ချိန်တွင် စုယန်မှတားလာသည်။သူနောင်တရသွားတာလား။မိမိမှာထိတ်လန့်သွားသည်။
"မင်းဒါကိုလက်မှတ်မထိုးခင်ဖတ်ကြည့်လိုက်ဦး"
"မလိုဘူး။အဆင်ပြေတယ်ရယ်။ကျွန်မကအရာအားလုံးမှာ အရည်အချင်းရှိပြီး လုပ်နိုင်စွမ်းလည်းရှိတယ်လေ။ရှင်ကျွန်မကိုလုပ်ခိုင်းချင်တာမှန်သမျှက ကျွန်မအတွက်တော့အတားအဆီးမဖြစ်နိုင်ပါဘူး"
ထို့နောက်မိမိသည်စုယန်အား တံတောင်ဖြင့်တိုက်လိုက်ပြီး မိမိနာမည်အားချောမွေ့လျင်မြန်စွာလက်မှတ်ထိုးလိုက်ပြီး သူ့ကိုလည်းတိုက်တွန်းလိုက်သည်။
စုယန်သည် သူ၏နာမည်အားစာချုပ်ပေါ်တွင် ပေါ့ပေါ့ပါးပါးလက်မှတ်ထိုးလိုက်ပြီး မိမိဆီလည်းလက်မှတ်ထိုးလိုက်သည်။
"မင်းစာချုပ်မချုပ်ခဲ့ဖူးဘူးလို့ငါယူဆတယ်။အဲ့ဒါကငါ့အတွက်တော့ မင်းကငါ့လက်ထောက်တစ်ယောက်လို့ပြောဖို့ရာ အရေးမပါဘူးလို့ထင်တယ်။မင်းရဲ့အရေးအကြီးဆုံးအလုပ်က မှန်ကန်တဲ့စိတ်အခြေအနေဆီငါ့ကိုလမ်းပြပေးဖို့ပဲ"
"မှန်ကန်တဲ့စိတ်အခြေအနေဆီရှင့်ကိုလမ်းပြရမယ်...ဘာကိုဆိုလိုတာလဲ"
ထိုကဲ့သို့အခန်းကဏ္ဍအေကြာင်းအား မိမိကြားရသည်မှာဤသည်ကပထမဆုံးဖြစ်သည်။
"ငါတို့ပထမဆုံးစတွေ့တဲ့အချိန်ကိုမှတ်မိလား။ရှန်ရှောက်ချင်နဲ့ငါနဲ့ဘာလုပ်နေတယ်ဆိုတာမင်းမှတ်မိလား။အဲ့လိုပုံစံမျိုးပဲ။သက်ရောက်မှုရှိတဲ့စာအရေးအသားကိုဖန်တီးဖို့အတွက် ကာရိုက်တာရဲ့ဘဝမှာပုဂ္ဂိုလ်ရေးအရနေဖို့ငါလိုအပ်တယ်။ငါကသူ့ရဲ့လိုအပ်ချက်ခံစားမှုကိုကွက်ကွက်ကွင်းကွင်းရေးနိုင်ဖို့လိုအပ်တယ်"
မိမိသည်ဘာကိုဆိုလိုသည်အားနားလည်သွား၍ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုကျွန်မကသရုပ်ဆောင်ရမှာပေါ့။ရှင်ကျွန်မကိုသရုပ်ဆောင်စေချင်တဲ့အခန်းတိုင်းကို သရုပ်ဆောင်ပြရမှာမလား"
စုယန်သည်ခေါင်းငြိမ့်လိုက်သည်။သူသည်မိမိ၏နားလည်မှုအတွက်ဂုဏ်ယူနေပုံရသည်။
"အမှန်ပဲ။သရုပ်ဆောင်ရမှာ။ငါကအဲ့ဒါကိုလက်တွေ့ဆန်တာပဲလိုချင်တယ်"
"အိုကေလေ။သရုပ်ဆောင်တာက ပြဿနာမရှိပါဘူး။ကျွန်မငယ်ငယ်တုန်းကဆို မကြာခဏလိမ်ညာခဲ့ဖူးတယ်။ဒါကြောင့်အခုဆို ကျွန်မကဟန်ဆောင်တဲ့နေရာမှတော်တော်အတွေ့အကြုံရှိနေပြီ"
မိမိသည်အားစိုက်ကာအမွှန်းတင်လိုက်သည်။ရုတ်တရက်ဆိုသလို စုယန်သည်မိမိနားကပ်လာပြီး နံရံဆီဆုတ်ရန်တွန်းအားပေးလာသည်။
သူသည်သူ၏ခါးအားကုန်းလိုက်ရာ ယခုတွင်မိမိတို့မျက်နှာကြား၌လက်သီးတစ်ဆုပ်စာမျှသာကွာဝေးတော့သည်။သူသည်ဤအခိုက်အတန့်၌အလွန်မိမိုက်နေပုံရသော်ငြား ထိုသည်မှာသူ၏သဘာဝအလှတရားအားမဖုံးကွယ်နိုင်ခဲ့ပေ။
မိမိသည်လည်ပင်းအားနောက်ဆုတ်ကာ မိမိဉာဏ်စွမ်း၏အဆုံးသို့ရောက်နေသည်။
"အမ်...ရှင်ဘာလုပ်နေတာလဲ"
စုယန်၏မျက်လုံးမျာသည်ကြယ်စင်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ်လင်းလက်နေပြီး သူ၏ပါးစပ်အားဖိကပ်ကာကျက်သရေရှိရှိပြုံးပြလာသည်။သူမှဖြေးဖြေးလေးပြောလာခဲ့သည်။
"ငါ့ရဲ့နောက်ဖန်တီးမှုကအချစ်နဲ့ဆက်စပ်နေတယ်"