ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{154}
{155}
{156}
{157}
{158}
{159}
{160}

{153}

2.2K 358 5
By Greentealay-

Unicode

သို့သော် ကိစ္စတွေက ဒီအခြေအနေထိ ဖြစ်လာပြီဖြစ်လျက် ကျိချင်းကျိုး နည်းနည်းမှ ဇာဆက်မချဲ့ချင်တော့ပါ။ထို့ပြင် ရန်ကျန်းက သူမဘာသာ ဒါကို ရည်ရွယ်ခဲ့တာဖြစ်ပြီး ချင်းဝေ့မင်ကတော့ သူမနဲ့ လိုက်မျော်ရုံပါတဲ့။ဒီကိစ္စက "သူတို့ထိုက်နဲ့သူတို့ကံပင်" အပြင်လူအနေနဲ့ သူအများကြီး ပြောဖို့မလိုအပ်။

"မင်းက ငါ့ကိုဘာကြောင့် လာတောင်းပန်နေတာလဲ? ငါပြောမယ်။မင်းတောင်းပန်ရမှာ ငါ့ကိုမဟုတ်ဘူး။ငါဘယ်တုန်းကမှလည်း စိတ်ထဲမရှိဖူးဘူး။မင်းတောင်းပန်ရမှာက ယွီအန်းယီနဲ့ကျိချင်းကျိုးကိုပဲ" ချူချန်ပြောလိုက်သည်။

ချင်းဝေ့မင်က ယွီအန်းယီဆီ သွားကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်"

"ဟင့်အင်း မခံယူဝံ့ပါဘူး။တော်ကြာ ရှင့်ကို အနိုင်ကျင့်တယ်ပြောမှာစိုးတယ်"

ချင်းဝေ့မင်ကအရှက်ရသွားသည်။ ရန်ကျန်းက မကျေမနပ်မျက်နှာဖြင့် ယွီအန်းယီကိုကြည့်လာ၏။ယွီအန်းယီကလည်း ချက်ချင်းပြန်စိုက်ကြည့်ပေးလိုက်သည် ။

"ဘာလာကြည့်နေတာလဲ! နင့်မှာပဲမျက်လုံးရှိတယ်ထင်‌နေလား?"

"သူတောင်းပန်ပြီးပြီလေ။မင်းက ဘာလိုချင်နေသေးတာတုန်း?!"

"သူတောင်းပန်တိုင်း ခွင့်လွှတ်ပေးစရာလားဟ?! သူဘာသာအရင်လိမ်ပြီး ကျွန်မကပဲ အရှုံးမခံနိုင်လို့ ပူးပေါင်ကြံစည်သလိုလိုဖြစ်အောင် ပြောထားတာလေ။သူအခု 'တောင်းပန်ပါတယ်' ပြောရုံနဲ့ ကျွန်မက 'ရပါတယ်ရှင်' လို့ပြန်ပြောပေးရအောင် သူက ရှင့်ယောက်ျား။ကျွန်မယောက်ျားမဟုတ်ဘူးရှင့်။ရှင်ဘာသာ သူ့တောင်းပန်မှုကို ကြီးကြီးကျယ်ကျယ်အရာလို့ထင်ချင်ထင်နိုင်ပေမယ့် ကျွန်မကတော့ ဂရုမစိုက်ဘူး! သူ့ရဲ့ ဒီအကျင့်ဆိုးကို အလိုလိုက်အကြိုက်ဆောင်ပြီး ခွင့်လွှတ်နေမှာမဟုတ်ဘူး!"

ရန်ကျန်းဒေါသထွက်သွား၏။ချင်းဝေ့မင်ကမူ ဒီကိစ္စကို ဖြစ်နိုင်သမျှမြန်မြန် အဆုံးသတ်ချင်နေတာဖြစ်၍ သူမကို ပြန်ကြည့်ကာ သူ့ရဲ့ စိတ်အနှောင့်အယှက်ဖြစ်နေမှုကို ဖိနှိပ်ကာပြောလိုက်သည်။

"တော်တော့"

ရန်ကျန်း ဒီကိစ္စကို လက်လျော့လိုက်၏။

ထို့နောက် ချင်းဝေ့မင် ကျိချင်းကျိုးဘက်လှည့်လိုက်သည်။‌ပြောရရင် ကျိချင်းကျိုးက ယမ်းမှုန့်ဆို ယွီအန်းယီက စနက်တံပင်။သို့ပြင် ကျိချင်းကျိုးက စနက်တံကို ရှို့ခဲ့တဲ့မီးဖြစ်ပြီး မီးကြီးအောင် အစပြုခဲ့သူဖြစ်သည်။

သူကစကားများများ မပြောခဲ့ပေမယ့်လည်း ပြောလိုက်ချိန်တိုင်း ကိစ္စရဲ့ဗဟိုချက်ကို တန်းထိသည်။ယွီအန်းယီထက်စာရင် ချင်းဝေ့မင်က ကျိချင်းကျိုးကို တောင်းပန်ချင်စိတ်မရှိ။ဒါပေမယ့် ကျိချင်းကျိုးက ချူချန်ကို ခေါ်လာသူဖြစ်၍ သူတို့က ဆက်ဆံရေးကောင်းကြောင်း သက်သေပြလိုက်တာပင်။ဘုန်းကြီးက ဗုဒ္ဓကို ကြည့်ရသလို သူလည်း ခေါင်းငုံ့ရုံသာတတ်နိုင်သည်။

"တောင်းပန်ပါတယ်"

"ရပါတယ်" ကျိချင်းကျိုးပြန်ပြောလိုက်သည်။တကယ်တော့ အစက ဒီကိစ္စကို ဒီလောက်အခြေအနေထိ တစ်စတစ်စကြီးထွားလာလိမ့်မည်ဟု မထင်ခဲ့ပါ။သူ့မူလရည်ရွယ်ချက်က ဟာသအနေနဲ့ အဲ့စကားကို ပြောရုံဖြစ်ပြီး တင်ဆက်သူကို ပိုက်ဆံရေခွင့်ပေးလိုက်တာနဲ့ ချင်းဝေ့မင်ရဲ့ပိုက်ဆံအရေအတွက်မှားနေကြောင်း သိသွားကြကာ တင်ဆက်သူကလည်း ဟာသရွှင်စေမယ့် စကားနှစ်ခွန်းသုံးခွန်းဝင်ပြောလိုက်ရင်  ဒီကိစ္စက ချောချောမွေ့မွေ့နဲ့ ဒီတိုင်းရှင်းသွားမှာ။

မထင်မှတ်ထားစွာ ချင်းဝေ့မင်က သူများထက် ပိုတုန်လှုပ်ပြနေကာ ကောက်ကွေးနေခဲ့တာက အခြေအနေကို ပိုပိုပြီး ပြင်းထန်လာစေခဲ့သည်။အခု ချင်းဝေ့မင် ခေါင်းငုံ့တောင်းပန်လာမှတော့ ကျိချင်းကျိုးလည်း ဆက်မရှည်ချင်တော့ပါ။

"ဒါဖြင့် ဆက်ရိုက်ကြမယ်လေ" ချင်းဝေ့မင်သည် အရှက်ရမှုက မြန်မြန်ရှောင်ရှားရန် တတ်နိုင်သလောက် ရိုက်ကူးရေးကို မြန်မြန်လုပ်ပြီး အိမ်သာမြန်မြန်ပြန်လိုက်ချင်တော့သည်။

ကျိချင်းကျိုး ချူချန်ကို ကြည့်လိုက်သည်။သူက အကျိုးသက်ရောက်မှုမရှိဘူးထင်ပေမယ့် ချူချန်ဘယ်လိုစီစဉ်ထားသလဲသူမသိပေ။သူ ခုန ချင်းဝေ့မင်နဲ့ရန်ဖြစ်ပြီး ထွက်သွားစေချင်ခဲ့သည်။အခုသူနဲ့ရိုက်ကူးရေးဆက်လုပ်ကြမယ်ဆို ကောင်းရဲ့လား?

ချူချန်က ဘယ်လိုသဘောရလဲဆိုသည့်အကြည့်နဲ့ ယွီအန်းယီကိုကြည့်လိုက်သည်။ချင်းဝေ့မင်ကိုက ရှိရှိမရှိအကြောင်းမဟုတ်။သူဂရုမစိုက်။သို့သော် ကျိချင်ကျိုးနဲ့ယွီအန်းယီရဲ့ စိတ်အခြေအနေတွေကိုတော့ သူအလေးထားသည်။ကျိချင်းကျိုးက ချင်းဝေ့မင်ရဲ့တောင်းပန်မှုကို လက်ခံပြီး မလိုဘူးပြောပေမယ့် ယွီအန်းယီကတော့ လက်ခံချင်ပုံမရ။

ယွီအန်းယီက ချူချန်အကြည့်ကိုတွေ့တာနဲ့ သူမကို ဆုံးဖြတ်စေချင်ကြောင်း သဘောပေါက်သွားသည်။သူမက စိတ်ထဲရှိသလိုနေတတ်တဲ့ တစ်ဖြောင့်တည်းသမား။ပုံမှန်အနေအထားဆို ချင်းဝေ့မင်နဲ့ ရန်ပွဲပြီးတာနဲ့ ကိုယ့်လမ်းကိုယ့်လျှောက်ကာ တစ်ချုံကွယ်တစ်မယ်မေ့ ဖြစ်သွားမှာ။

သို့ပေမယ့် သူတို့က ရသစုံရှိုး ရိုက်နေကြတာဖြစ်သည်။လျန်ကျင်းရှင်ဟာလည်း ဒီရှိုးအတွက် အချိန်အကြာကြီး ပြင်ဆင်ထားသလို အများကြီး မျှော်လင့်ထားသည်မှာလည်း အသိအသာ။ချင်းဝေ့မင်အခု တောင်းပန်လိုက်ပြီဆိုတာက သူ့စာချုပ်ဆက်ဖြည့်ချင်စိတ်ရှိပုံပဲ။အကယ်၍သူမသာ အတင်းအဓမ္မသူ့ကို ဖယ်ထုတ်လိုက်ရင် စာချုပ်ဖျက်ခရတော့မှာ မဟုတ်သလို ရိုက်ကူးရေးအဖွဲ့ရဲ့ဂုဏ်သတင်းလည်း ထိခိုက်သွားမှာ။အဲ့တိုင်းဆို လျန်ကျင်းရှင်အားထည့်ထားသမျှ အကုန်သဲထဲရေသွန်ဖြစ်သွားမှာပင်။

ထို့‌ေကြာင့် ယွီအန်းယီက မကြည့်ချင်ကြည့်ချင်ဖြင့် ချင်းဝေ့မင်ကို ကြည့်လိုက်သည်။

"ရိုက်မယ် လေ။ဘာပြဿနာမှတော့ မရှာနဲ့"

သူမ‌ထိုကဲ့သို့ပြောလာမည်ဟု လျန်ကျင်းရှင် မထင်ထားခဲ့။ယွီအန်းယီစိတ်တိုင်းဆို ချင်းဝေ့မင်ကို မမောင်းထုတ်ရင်တောင် စကားထပ်မပြောလောက်တော့ဘူးဟု သူထင်ခဲ့တာ။သူမဒီလို ပြောလိမ့်မယ်မထင်ထားဘူး။

"ဒီလိုဆိုမှတော့ မင်းခုနက အကြံပြုထားတဲ့အတိုင်းပဲ ဆက်ရိုက်ကြတာပေါ့!"

ချူချန် လျန်ကျင်းရှင်ကို ပြောလိုက်သည်။

သူစကားပြောပြီးချိန် ရုတ်တရက်ဆိုသလို ချင်းဝေ့မင်က သူ့ဆီ လျှောက်လာပြီး ဖုန်းကမ်းပေး၏။

"ဦးလေးက ပြောစရာရှိလို့တဲ့"

ချူချန်ဖုန်းယူလိုက်ကာ ချင်းရွှမ်ထံမှ ရှင်းပြချက်တွေကို နားစွင့်လိုက်သည်။ချင်းဝေ့မင် တောင်းပန်ပြီး ချူချန်နဲ့‌တစ်ခြားသူတွေလည်းထပ် ပြောလိုစိတ်မရှိကြတော့သည်ကို သဘောပေါက်သွားသည့် ချင်းရွှမ်က ပြောသည်။

"ရှောင်ချန်...အခု ဝေ့မင်လည်း တောင်းပန်ပြီးပြီဆိုတော့ ဒီကိစ္စကို မတော်တဆလိုပဲကျော်ပြီး ဆက်ရိုက်ကြတာပေါ့နော့။ဦးလေးက ဒီရသစုံရှိုးအပေါ် အများကြီး မျှော်လင့်ထားတာမို့ ရင်းနှီးမြှုပ်နှံမှုကိုဂရုတစိုက်လုပ်သွားမှာပါ။မင်းသဘောကျတယ်မလား? ဝေ့မင်ဘာပြဿနာမှ ထပ်မ‌ရှာစေရဘူးလို့ ဦးလေး အာမခံပါတယ်"

"အမ်း"

ချူချန်က ဒီကိစ္စကို သိပ်ပြီး စိတ်ထဲမထား။

"ကျွန်တော်လည်း ဒီကိစ္စမှာ ဝင်ပါဖို့ ရည်ရွယ်ချက်မရှိပါဘူး။ဒီတိုင်း ချင်းဝေ့မင်က ခင်ဗျားနာမည်သုံးပြီး ရိုက်ကူးရေးအဖွဲ့ကို ခြိမ်းခြောက်နေတာ သဘောမ တွေ့လို့"

"ဝေ့မင်က မစဉ်းစားတတ်ဘူးမို့ မင်း ဝေ့မင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မခံနဲ့။နောက်မှ ဦးလေးသူ့ကိုသင်ခန်းစာပေးလိုက်မယ်။စိတ်မပူနဲ့။စိတ်မပူနဲ့"

"အမ်း"

"အဲ့လိုဆို မင်းတို့ ပျော်ပျော်ကြီး ဆက်ရိုက်ကြနော်"

ချူချန်ရယ်သည်။

"ခင်ဗျားရဲ့ကြင်နာတဲ့စကားတွေတွက် ကျေးဇူးပါ"

ပြီးနောက်ဖုန်းချလိုက်ကာ ချင်းဝေ့မင်ကို ပြန်ပေးလိုက်သည် ။

ချင်းဝေ့မင်ကတော့ မကျေမနပ်နဲ့လက်မလျော့ချင်သလို အကြည့်ဖြင့် သူ့ကို မနှစ်မြို့သလိုကြည့်ပြီးကာမှ တစ်ခြားတစ်ဖက်ကို လှည့်ထွက်သွားလေသည်။

ချင်းရွှမ်က ချူချန်က ဖုန်းပြောပြီးနောက် ဒါရိုက်တာဆီဖုန်းဆက်ကာ သူနဲ့ချူချန်တို့ သဘောတူညီချက်ရသွားပြီဆိုတဲ့အကြောင်း ပြောပြသည်။သူ့အရင်းအနှီးကို ထုတ်မှာမဟုတ်ကြောင်း အာမခံကာ ချူချန်ကလည်း ရင်းနှီးမြှုပ်နှံမှာ မဟုတ်ကြောင်းပြောသည်။ဒီနေ့ဖြစ်သွားတဲ့ မတော်တဆမှုကြောင့် တောင်းပန်စကားပြောလာပြီး နောက် ဒီလိုမတော်တဆမှုမျိုး လုံးဝမဖြစ်စေရဘူးလို့လည်း ကတိအထပ်ထပ်ပေးလေသည်။

အခြေအနေလည်း ပြီးဆုံးပြီဆိုတော့ ဒါရိုက်တာကြီးက "ကောင်းပါပြီ" ပေါ့။

နတ်ဘုရားတွေ ရန်ဖြစ်သောအခါ ကြောက်တဲ့လူက အနှိမ့်ချခံပင်။ချူချန်ရဲ့အနေအထားက အံ့မခန်းဖြစ်မယ်မှန်း သူသိသည့်တိုင် သူနဲ့တူမှာပဲဟု ထင်ခဲ့သည်။ဒါပေမယ့် ရန်ပွဲမှ တော့ တကယ်တမ်း အနိုင်ရသူက ချူချန်ပင်။

ကြည့်ရတာ ဒီလူမသိသူမသိက တကယ့်ဗုဒ္ဓဟန်။[ကန်တော့ပါရှင့်]

ဒါရိုက်တာကြီးက မြန်မြန်ဆန်ဆန်အလုပ်အကြောင်းပြောင်းတွေးလိုက်ကာ ကင်မရာသမားတွေ စရိုက်ဖို့ ပြောလိုက်သည်။ဧည့်သရုပ်ဆောင်တွေကလည်း သူတို့ဘာသာ ညှိနှိုင်းပြီး ပြန်ရိုက်ဖို့ပြင်ကြ၏။

တင်ဆက်သူက ရှေ့ထွက်ပြီးနေရာယူကာ အဖွဲ့တစ်ခုချင်းစီရဲ့ ပိုက်ဆံကို ရေတော့မယ်ဟန်။ထိုအချိန်အတွင်း သူက ဧည့်သရုပ်ဆောင်တွေနဲ့ စကားပြောရင်း ဟာသနှောကာ သူတို့စိတ်တင်းနေမှုကို ဖြေလျော့နေသည်။

သူ ချင်ဝေ့မင်ဆီရောက်တော့ ပိုက်ဆံထုတ်လိုက်၏။တင်ဆက်သူ ရေပြီးနောက် ချင်းဝေ့မင် ဘာလို့ လိမ်ချင်မှန်း နားလည်သွားသည်။ကွာခြားမှုက အရေးပါလွန်းတာကိုး။တစ်ခြားသူတိုင်း ပေါင်း၄၀ရနေစဉ် ချင်းဝေ့မင်တို့အဖွဲ့ကပဲ၃၈ဆိုတာကသိသိသာဟာနည်းနေခြင်း။

တင်ဆက်သူက ကြေညာသည်။

"၃၈"

ရန်ကျန်းက ပြုံးကာ

"ကျွန်မက ဇာတ်ကားရိုက်တဲ့နေရာမှာတော်ပေမယ့် ဈေးရောင်းတော့ တကယ်မတော်ဘူးရှင်"

တင်ဆက်သူကလည်း ထိုစကားကိုကောက်၍ နှစ်ယောက်အတူ သီချင်းဘာညာဆိုလျက် သဟဇာတဖြစ်စေသည်။

"ဒီတော့ နောက်ဆုံးနေရာက ရန်ကျန်းနဲ့ချင်းဝေ့မင်ပေါ့ဗျာ"

ရန်ကျန်းက သူမကိုယ်သူ ရယ်သလို။

"ဒီရသစုံရှိုးမှာတော့ ကျွန်မက ဂိမ်းဘလက်ခ်ဟိုးဖြစ်နေတာများလား?"

သူမက ဒီနေရာမှာ အရမ်းတော်တာပဲဟု ကျိချင်းကျိုးတွေးလိုက်မိတယ်။လူတိုင်းနဲ့သူမ မကျေနပ်စရာဖြစ်ထားသည်တောင် သူမစိတ်အခြေအနေကို အလျင်အမြန်ညှိလိုက်နိုင်သည်။သူမက ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နိုင်ရုံသာမက "ဂိမ်းဘလက်ခ်ဟိုး" ဆိုတဲ့ဇာတ်ကောင်တောင် သူမကို သူမ ပေးလိုက်သည်။သူမက ဒီအနုပညာအသိုင်းအဝိုင်းနဲ့ ကောင်းကောင်းကြီး အသားကျနေတာပဲ။

"အိုကေ။ဒီနေ့ညစာအတွက် အမယ်တွေအခုပဲလာယူကြပါဗျာ။ရန်ကျန်းတို့အဖွဲ့ကတော့ ဘာမှမရတဲ့အတွက်စိတ်မကောင်းပါဘူး။ဒါပေမယ့် ကိစ္စတော့မရှိပါဘူးဗျ။ပန်းသီးနှစ်လုံးကျန်ပါသေးတယ်နော်"

ရန်ကျန်းက ပန်းသီးတွေယူလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။

လျန်ကျင်းရှင်က ရှေ့ဆုံးကနေပြီး အကောင်းဆုံးအမယ်တွေယူသည်။ကျိချင်းကျိုးနဲ့နောက်လူတွေလည်း အစဉ်တိုင်း သက်ဆိုင်ရာအဆင့်အလိုက် အမယ်အသီးသီးကို ယူလိုက်ကြသည်။ယွီအန်းယွီကတော့ ရလာတာနဲ့ ထိုဘန်းကိတ်နွေးနွေးနှစ်ခုကို ကိုင်လျက်  နည်းနည်းကြောင်အနေပုံပင်။

"ကဲ ဧည့်သည်တော်တို့အကုန်ပြန်ပြီး ဒီနေ့ရဲ့ညစာကို ချက်ပြုတ်ပြင်ဆင်လို့ရပါပြီ။ညစာစားပြီးရင်တော့ အံ့ဩစရာ မီးပုံပွဲရှိဦးမှာပါ။တက်ရောက်လာမဲ့လူတိုင်းကို ကြိုဆိုလျက်ပါ"

လူတိုင်း 'အင်း' လို့သဘောတူကာ ပစ္စည်းတွေသယ်၍ ပြန်ကြသည်။

"အန်းယီတို့က ငါတို့အိမ်မှာညစာလာစားလို့ ရနေတာပဲကို ဘာလို့တူတူ လိုက်မစားပဲနေကြမှာလဲ?"

ဘန်းကိတ်နှစ်ခုပဲရှိသည့် ယွီအန်းယီနဲ့ ကွမ်းရှယွင်တို့ကို ကြည့်ကာ ကျိချင်းကျိုးကဖိတ်မဏ္ဍကပြုလိုက်ခြင်း။

ယွီအန်းယီဖြင့် ဘန်းကိတ်နှစ်ခုကို ဘယ်လိုစားမရလဲ စဉ်းစား‌ခန်းဝင်နေဆဲ သူ့စကားလုံးတွေကြားလိုက်ရချိန် ချက်ချင်းလက်ငင်း စိတ်အေးသွားသည်။

"အင်း"

သူမလက်ထဲက ဘန်းကိတ်တွေကိုတော့ ကျိချင်းကျိုးလက်ထဲထည့်ပေးလိုက်သည်။

"ရော့...စားစရိတ်ပေးတာ"

ကျိချင်းကျိုး ယူလိုက်ကာ

"အကောင်းဆုံးပဲ။မင်းတို့စားရအောင် ဘန်းကိတ်တွေကို လွှာပြီး ကြော်လို့ရတယ်လေ"

"အင်း အင်း" ယွီအန်းယီက ရွှင်မြူးစွာ ပြောသည်။

ကွမ်းရှယွင်ကတော့ ကျိချင်းကျိုးကိုကြည့်ကာ အပြုံးသေးသေးလေးလှစ်ဟမိသွားပြီး နူးနူးညံ့ညံ့လေးဖြင့် "ကျေးဇူးပါ"ဟုပြောလေသည်။

ချူချန်ကသူမကို တိတ်တဆိတ်စောင့်ကြည့်လိုက်၏။

လေးယောက်သား ချူချန်နဲ့ကျိချင်းကျိုးတို့ အိမ်ကို ပြန်လာကြသည်။ ကျိချင်းကျိုး လက်ဆေးကာ ရေခဲသေတ္တာဖွင့်၍ အသီးအရွက်တွေထုတ်လိုက်သည်။

"ကျွန်မအသီးအရွက်တွေဆေးပေးမယ်လေ" ကွမ်းရှယွင်ကပြောသည်။

"အွန်း။ မင်းက ဒါတွေဆေး" ကျိချင်းကျိုးက အသီးအရွက်တွေကို ဘေဇင်ပေါ်တင်ပေးလိုက်သည်။

ကွမ်းရှယွင် ဘေဇင်ကို သွားပြီး ရေဇလုံထဲမှ ရေခပ်၍ အသီးအရွက်တွေဆေးနေစဉ် ကျိချင်းကျိုးက ဆန်ဆေးနေသည်။

ဒီမှာ ထမင်းပေါင်းအိုးမရှိ၍ မီးထိုးချက်ရသည်။ကျိချင်းကျိုးက ထမင်း အလောတကြီး ချက်မှာမဟုတ်၍ အခုထိ မီးမမွှေးသေး။ ကွမ်းရှယွင်ကတော့ အသီးအရွက်တွေ ဆေးပြီးချိန် လှီးနေလေသည်။

"ဘာချက်မှာလဲဟင်" ကွမ်ရှယွင်မေးလေသည်။

"ဒီအရွက်တွေနဲ့ဆို ခရမ်းချဉ်သီးကြက်ဥမွှေကြော်ရယ်၊ခရမ်းချဉ်သီးနဲ့ပဲစိမ်းမွှေကြော်ရယ်၊ငရုပ်ပွနဲ့အသားကြော်ရယ်၊အာလူးချဉ်ချဉ်လေးရယ်လုပ်လိုက်မယ်" သူကပြန်ဖြေသည် ။

"ဟုတ်သား ဘန်းကိတ်လွှာတွေလည်းရှိသေးတယ်လေ"

"အင်း။ကျွန်မ အရွက်တွေကူလှီးပေးမယ်"

"ကျေးဇူး"

"ရတယ်ရတယ်"

ကွမ်းရှယွင်ပြောပြီးမှ အတွေးတစ်ခုဝင်လာကာ ရယ်မိသည်။သူမရဲ့လူသားလေးတစ်ကိုယ်လုံးက တောက်ပပြီး အလွန်နူးညံ့ညင်သာနေလိုက်တာ။
"ကျွန်မတို့က အကျိုးထူးရနေတဲ့ဟာ"

သူမအသံက အလွန်တိုးလျပြီး အရမ်းကိုမှ သက်သောင့်သက်သာလေးထွက်လာခြင်း။သူမစိတ်ဓာတ်နဲ့ယွီအန်းယီရဲ့တစ်ဖြောင့်တည်းစိတ်ဓာတ်က နည်းနည်းတော့ လိုက်ဖက်သားပင်။သူတို့သူငယ်လုပ်နိုင်သည်မှာ ထွေထူးအံ့ဩစရာမဟုတ်တော့။သူ ကြက်ဥတွေကို ကွမ်းရှယွင်ဆီပေးလိုက်ပြီး ပန်းကန်ထဲ ခေါက်ထည့်စေကာ သူကတော့ စတင်၍ အာလူးတွေ အခွံခွာပြီး နုတ်နုတ်စင်းနေလိုက်သည်။

ကျိချင်းကျိုးရဲ့ ဓားစကေးက အင်မတန်ကောင်း၏။ကွမ်းရှယွင်ပင် သူ့လှုပ်ရှားမှုကို ငေးကြည့်ပြီး မနေနိုင်ဘဲ ချီးကျူးစကားဆိုမိသည်။

"ရှင်လှီးထားတာကျွန်မထက်အများကြီးသာတယ်"

"မင်းပိုလေ့ကျင့်ရင် ပိုကောင်းလာမှာပါ"

"ကျွန်မတော့ အိမ်ရောက်တာနဲ့ကြိုးစားတော့မယ်"

ကွမ်းရှယွင် ခရမ်းချဉ်သီးယူလိုက်သည်။

"ဒါလှီးလိုက်မယ်နော်"

"အင်း"

ဒီအိမ်မှာ မီးဖိုဟူရယ်မရှိသဖြင့် ကျိချင်းကျိုးက စားပွဲပေါ်စဉ်းတုံးတင်ကာ အသီးတွေလှီးသည်။

မူလက ချူချန် ကူချင်နေတာပေမယ့် ကွမ်းရှယွင်က သူ့အလုပ်ကို လွှဲယူလိုက်၏။ထို့ပြင် သူမက သူ့ထက်လည်း ပိုတော်နေတော့ သူဘာမှကို ဝင်မလုပ်ရတော့ပေ။

သူ ဘေးဘက်မှာ မှီရပ်ရင်း အသီးအရွက်လှီးကာ စကားစမြည်းပြောနေကြသည့် ကွမ်းရှယွင်နဲ့ကျိချင်းကျိုးကို စူးစိုက်ကြည့်နေသည်။ကွမ်းရှယွင်ရဲ့မျက်လုံးထဲမှ သူမကျိချင်းကျိုးကို ကြည့်လိုက်တိုင်း သူမမျက်လုံးထဲမှာ ကျိချင်းကျိုးပဲရှိသလို အလင်းဖျဖျလေးကို ချူချန်ပင် မြင်နေရ၏။

ချူချန် ခဏစဉ်းစားနေလိုက်သည်။ ထို့နောက် လှည့်ထွက်လာပြီး ယွီအန်းယီကို ပြောလိုက်သည်။

"လာဦး။ငါတို့မီးဖိုခန်းပြမယ်"

ယွီအန်းယီတစ်ယောက် ဘာသံသယမှမရှိပါဘဲ အပြင်လိုက်လာခဲ့သည်။ချူချန်က ယွီအန်းယီကို ဘေးဘက်ဆွဲလိုက်ပြီး ကင်မရာသမားအား

"ကျွန်တော်တို့ စကားခဏလောက်ပြောဖို့လိုလို့။ကျေးဇူးပြုပြီး နှစ်မိနှစ်လောက်အချိန်ပေးပါ"

ထိုစကားဆုံးတာနဲ့ ယွီအန်းယီကို ခြံထဲမှ သစ်တော်ပင်ဘက် ဆွဲခေါ်လာလိုက်သည်။

ယွီအန်းယီ သူမရဲ့မိုက်ခ်ကို ပိတ်ပြီး ချူချန်ရဲ့မိုက်ခ်ကိုပါ ကူပိတ်ပေးရင်း နားမလည်ဟန်မေးလိုက်သည်။

"ဘာပြောမှာမလို့လဲ? ဒီလောက်ခိုကြောင်ခိုးဝှက်လုပ်နေတာ ဘာများဖြစ်လို့လဲဟမ်"

"ကွမ်းရှယွင်က ကျိချင်းကျိုးကို ကြိုက်နေတာလား?" ချူချန်မေးလိုက်တော့သည်။

>>>>>>>>>>>>>>>

စာရေးသူမှာ ပြောစရာရှိပါတယ်

အန်းယီ : ???!!!!! နင်ဘာတွေပြောနေတာလဲ??!!![စိတ်ရှုပ်နေသောမျက်နှာ.jpg]

ချူချန် : …ငါတို့အဖွဲ့ထဲမှာ မင်းဘာလို့ အနှေးဆုံးဖြစ်နေရလဲငါသိလိုက်ပြီ!

ယွီအန်းယီ : ????

ချူချန်က အူယားစရာလေးဟယ်😘

>>>>>>>>>>>














Zawgyi



သို႔ေသာ္ ကိစၥေတြက ဒီအေျခအေနထိ ျဖစ္လာၿပီျဖစ္လ်က္ က်ိခ်င္းက်ိဳး နည္းနည္းမွ ဇာဆက္မခ်ဲ႕ခ်င္ေတာ့ပါ။ထို႔ျပင္ ရန္က်န္းက သူမဘာသာ ဒါကို ရည္႐ြယ္ခဲ့တာျဖစ္ၿပီး ခ်င္းေဝ့မင္ကေတာ့ သူမနဲ႔ လိုက္ေမ်ာ္႐ုံပါတဲ့။ဒီကိစၥက "သူတို႔ထိုက္နဲ႔သူတို႔ကံပင္" အျပင္လူအေနနဲ႔ သူအမ်ားႀကီး ေျပာဖို႔မလိုအပ္။

"မင္းက ငါ့ကိုဘာေၾကာင့္ လာေတာင္းပန္ေနတာလဲ? ငါေျပာမယ္။မင္းေတာင္းပန္ရမွာ ငါ့ကိုမဟုတ္ဘူး။ငါဘယ္တုန္းကမွလည္း စိတ္ထဲမရွိဖူးဘူး။မင္းေတာင္းပန္ရမွာက ယြီအန္းယီနဲ႔က်ိခ်င္းက်ိဳးကိုပဲ" ခ်ဴခ်န္ေျပာလိုက္သည္။

ခ်င္းေဝ့မင္က ယြီအန္းယီဆီ သြားကာ ေျပာလိုက္သည္။

"ေတာင္းပန္ပါတယ္"

"ဟင့္အင္း မခံယူဝံ့ပါဘူး။ေတာ္ၾကာ ရွင့္ကို အႏိုင္က်င့္တယ္ေျပာမွာစိုးတယ္"

ခ်င္းေဝ့မင္ကအရွက္ရသြားသည္။ ရန္က်န္းက မေက်မနပ္မ်က္ႏွာျဖင့္ ယြီအန္းယီကိုၾကည့္လာ၏။ယြီအန္းယီကလည္း ခ်က္ခ်င္းျပန္စိုက္ၾကည့္ေပးလိုက္သည္ ။

"ဘာလာၾကည့္ေနတာလဲ! နင့္မွာပဲမ်က္လုံးရွိတယ္ထင္‌ေနလား?"

"သူေတာင္းပန္ၿပီးၿပီေလ။မင္းက ဘာလိုခ်င္ေနေသးတာတုန္း?!"

"သူေတာင္းပန္တိုင္း ခြင့္လႊတ္ေပးစရာလားဟ?! သူဘာသာအရင္လိမ္ၿပီး ကြၽန္မကပဲ အရႈံးမခံႏိုင္လို႔ ပူးေပါင္ႀကံစည္သလိုလိုျဖစ္ေအာင္ ေျပာထားတာေလ။သူအခု 'ေတာင္းပန္ပါတယ္' ေျပာ႐ုံနဲ႔ ကြၽန္မက 'ရပါတယ္ရွင္' လို႔ျပန္ေျပာေပးရေအာင္ သူက ရွင့္ေယာက္်ား။ကြၽန္မေယာက္်ားမဟုတ္ဘူးရွင့္။ရွင္ဘာသာ သူ႔ေတာင္းပန္မႈကို ႀကီးႀကီးက်ယ္က်ယ္အရာလို႔ထင္ခ်င္ထင္ႏိုင္ေပမယ့္ ကြၽန္မကေတာ့ ဂ႐ုမစိုက္ဘူး! သူ႔ရဲ႕ ဒီအက်င့္ဆိုးကို အလိုလိုက္အႀကိဳက္ေဆာင္ၿပီး ခြင့္လႊတ္ေနမွာမဟုတ္ဘူး!"

ရန္က်န္းေဒါသထြက္သြား၏။ခ်င္းေဝ့မင္ကမူ ဒီကိစၥကို ျဖစ္ႏိုင္သမွ်ျမန္ျမန္ အဆုံးသတ္ခ်င္ေနတာျဖစ္၍ သူမကို ျပန္ၾကည့္ကာ သူ႔ရဲ႕ စိတ္အေႏွာင့္အယွက္ျဖစ္ေနမႈကို ဖိႏွိပ္ကာေျပာလိုက္သည္။

"ေတာ္ေတာ့"

ရန္က်န္း ဒီကိစၥကို လက္ေလ်ာ့လိုက္၏။

ထို႔ေနာက္ ခ်င္းေဝ့မင္ က်ိခ်င္းက်ိဳးဘက္လွည့္လိုက္သည္။‌ေျပာရရင္ က်ိခ်င္းက်ိဳးက ယမ္းမႈန႔္ဆို ယြီအန္းယီက စနက္တံပင္။သို႔ျပင္ က်ိခ်င္းက်ိဳးက စနက္တံကို ရႈိ႕ခဲ့တဲ့မီးျဖစ္ၿပီး မီးႀကီးေအာင္ အစျပဳခဲ့သူျဖစ္သည္။

သူကစကားမ်ားမ်ား မေျပာခဲ့ေပမယ့္လည္း ေျပာလိုက္ခ်ိန္တိုင္း ကိစၥရဲ႕ဗဟိုခ်က္ကို တန္းထိသည္။ယြီအန္းယီထက္စာရင္ ခ်င္းေဝ့မင္က က်ိခ်င္းက်ိဳးကို ေတာင္းပန္ခ်င္စိတ္မရွိ။ဒါေပမယ့္ က်ိခ်င္းက်ိဳးက ခ်ဴခ်န္ကို ေခၚလာသူျဖစ္၍ သူတို႔က ဆက္ဆံေရးေကာင္းေၾကာင္း သက္ေသျပလိုက္တာပင္။ဘုန္းႀကီးက ဗုဒၶကို ၾကည့္ရသလို သူလည္း ေခါင္းငုံ႔႐ုံသာတတ္ႏိုင္သည္။

"ေတာင္းပန္ပါတယ္"

"ရပါတယ္" က်ိခ်င္းက်ိဳးျပန္ေျပာလိုက္သည္။တကယ္ေတာ့ အစက ဒီကိစၥကို ဒီေလာက္အေျခအေနထိ တစ္စတစ္စႀကီးထြားလာလိမ့္မည္ဟု မထင္ခဲ့ပါ။သူ႔မူလရည္႐ြယ္ခ်က္က ဟာသအေနနဲ႔ အဲ့စကားကို ေျပာ႐ုံျဖစ္ၿပီး တင္ဆက္သူကို ပိုက္ဆံေရခြင့္ေပးလိုက္တာနဲ႔ ခ်င္းေဝ့မင္ရဲ႕ပိုက္ဆံအေရအတြက္မွားေနေၾကာင္း သိသြားၾကကာ တင္ဆက္သူကလည္း ဟာသ႐ႊင္ေစမယ့္ စကားႏွစ္ခြန္းသုံးခြန္းဝင္ေျပာလိုက္ရင္  ဒီကိစၥက ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ဒီတိုင္းရွင္းသြားမွာ။

မထင္မွတ္ထားစြာ ခ်င္းေဝ့မင္က သူမ်ားထက္ ပိုတုန္လႈပ္ျပေနကာ ေကာက္ေကြးေနခဲ့တာက အေျခအေနကို ပိုပိုၿပီး ျပင္းထန္လာေစခဲ့သည္။အခု ခ်င္းေဝ့မင္ ေခါင္းငုံ႔ေတာင္းပန္လာမွေတာ့ က်ိခ်င္းက်ိဳးလည္း ဆက္မရွည္ခ်င္ေတာ့ပါ။

"ဒါျဖင့္ ဆက္႐ိုက္ၾကမယ္ေလ" ခ်င္းေဝ့မင္သည္ အရွက္ရမႈက ျမန္ျမန္ေရွာင္ရွားရန္ တတ္ႏိုင္သေလာက္ ႐ိုက္ကူးေရးကို ျမန္ျမန္လုပ္ၿပီး အိမ္သာျမန္ျမန္ျပန္လိုက္ခ်င္ေတာ့သည္။

က်ိခ်င္းက်ိဳး ခ်ဴခ်န္ကို ၾကည့္လိုက္သည္။သူက အက်ိဳးသက္ေရာက္မႈမရွိဘူးထင္ေပမယ့္ ခ်ဴခ်န္ဘယ္လိုစီစဥ္ထားသလဲသူမသိေပ။သူ ခုန ခ်င္းေဝ့မင္နဲ႔ရန္ျဖစ္ၿပီး ထြက္သြားေစခ်င္ခဲ့သည္။အခုသူနဲ႔႐ိုက္ကူးေရးဆက္လုပ္ၾကမယ္ဆို ေကာင္းရဲ႕လား?

ခ်ဴခ်န္က ဘယ္လိုသေဘာရလဲဆိုသည့္အၾကည့္နဲ႔ ယြီအန္းယီကိုၾကည့္လိုက္သည္။ခ်င္းေဝ့မင္ကိုက ရွိရွိမရွိအေၾကာင္းမဟုတ္။သူဂ႐ုမစိုက္။သို႔ေသာ္ က်ိခ်င္က်ိဳးနဲ႔ယြီအန္းယီရဲ႕ စိတ္အေျခအေနေတြကိုေတာ့ သူအေလးထားသည္။က်ိခ်င္းက်ိဳးက ခ်င္းေဝ့မင္ရဲ႕ေတာင္းပန္မႈကို လက္ခံၿပီး မလိုဘူးေျပာေပမယ့္ ယြီအန္းယီကေတာ့ လက္ခံခ်င္ပုံမရ။

ယြီအန္းယီက ခ်ဴခ်န္အၾကည့္ကိုေတြ႕တာနဲ႔ သူမကို ဆုံးျဖတ္ေစခ်င္ေၾကာင္း သေဘာေပါက္သြားသည္။သူမက စိတ္ထဲရွိသလိုေနတတ္တဲ့ တစ္ေျဖာင့္တည္းသမား။ပုံမွန္အေနအထားဆို ခ်င္းေဝ့မင္နဲ႔ ရန္ပြဲၿပီးတာနဲ႔ ကိုယ့္လမ္းကိုယ့္ေလွ်ာက္ကာ တစ္ခ်ဳံကြယ္တစ္မယ္ေမ့ ျဖစ္သြားမွာ။

သို႔ေပမယ့္ သူတို႔က ရသစုံရႈိး ႐ိုက္ေနၾကတာျဖစ္သည္။လ်န္က်င္းရွင္ဟာလည္း ဒီရႈိးအတြက္ အခ်ိန္အၾကာႀကီး ျပင္ဆင္ထားသလို အမ်ားႀကီး ေမွ်ာ္လင့္ထားသည္မွာလည္း အသိအသာ။ခ်င္းေဝ့မင္အခု ေတာင္းပန္လိုက္ၿပီဆိုတာက သူ႔စာခ်ဳပ္ဆက္ျဖည့္ခ်င္စိတ္ရွိပုံပဲ။အကယ္၍သူမသာ အတင္းအဓမၼသူ႔ကို ဖယ္ထုတ္လိုက္ရင္ စာခ်ဳပ္ဖ်က္ခရေတာ့မွာ မဟုတ္သလို ႐ိုက္ကူးေရးအဖြဲ႕ရဲ႕ဂုဏ္သတင္းလည္း ထိခိုက္သြားမွာ။အဲ့တိုင္းဆို လ်န္က်င္းရွင္အားထည့္ထားသမွ် အကုန္သဲထဲေရသြန္ျဖစ္သြားမွာပင္။

ထို႔‌ေၾကာင့္ ယြီအန္းယီက မၾကည့္ခ်င္ၾကည့္ခ်င္ျဖင့္ ခ်င္းေဝ့မင္ကို ၾကည့္လိုက္သည္။

"႐ိုက္မယ္ ေလ။ဘာျပႆနာမွေတာ့ မရွာနဲ႔"

သူမ‌ထိုကဲ့သို႔ေျပာလာမည္ဟု လ်န္က်င္းရွင္ မထင္ထားခဲ့။ယြီအန္းယီစိတ္တိုင္းဆို ခ်င္းေဝ့မင္ကို မေမာင္းထုတ္ရင္ေတာင္ စကားထပ္မေျပာေလာက္ေတာ့ဘူးဟု သူထင္ခဲ့တာ။သူမဒီလို ေျပာလိမ့္မယ္မထင္ထားဘူး။

"ဒီလိုဆိုမွေတာ့ မင္းခုနက အႀကံျပဳထားတဲ့အတိုင္းပဲ ဆက္႐ိုက္ၾကတာေပါ့!"

ခ်ဴခ်န္ လ်န္က်င္းရွင္ကို ေျပာလိုက္သည္။

သူစကားေျပာၿပီးခ်ိန္ ႐ုတ္တရက္ဆိုသလို ခ်င္းေဝ့မင္က သူ႔ဆီ ေလွ်ာက္လာၿပီး ဖုန္းကမ္းေပး၏။

"ဦးေလးက ေျပာစရာရွိလို႔တဲ့"

ခ်ဴခ်န္ဖုန္းယူလိုက္ကာ ခ်င္း႐ႊမ္ထံမွ ရွင္းျပခ်က္ေတြကို နားစြင့္လိုက္သည္။ခ်င္းေဝ့မင္ ေတာင္းပန္ၿပီး ခ်ဴခ်န္နဲ႔‌တစ္ျခားသူေတြလည္းထပ္ ေျပာလိုစိတ္မရွိၾကေတာ့သည္ကို သေဘာေပါက္သြားသည့္ ခ်င္း႐ႊမ္က ေျပာသည္။

"ေရွာင္ခ်န္...အခု ေဝ့မင္လည္း ေတာင္းပန္ၿပီးၿပီဆိုေတာ့ ဒီကိစၥကို မေတာ္တဆလိုပဲေက်ာ္ၿပီး ဆက္႐ိုက္ၾကတာေပါ့ေနာ့။ဦးေလးက ဒီရသစုံရႈိးအေပၚ အမ်ားႀကီး ေမွ်ာ္လင့္ထားတာမို႔ ရင္းႏွီးျမႇဳပ္ႏွံမႈကိုဂ႐ုတစိုက္လုပ္သြားမွာပါ။မင္းသေဘာက်တယ္မလား? ေဝ့မင္ဘာျပႆနာမွ ထပ္မ‌ရွာေစရဘူးလို႔ ဦးေလး အာမခံပါတယ္"

"အမ္း"

ခ်ဴခ်န္က ဒီကိစၥကို သိပ္ၿပီး စိတ္ထဲမထား။

"ကြၽန္ေတာ္လည္း ဒီကိစၥမွာ ဝင္ပါဖို႔ ရည္႐ြယ္ခ်က္မရွိပါဘူး။ဒီတိုင္း ခ်င္းေဝ့မင္က ခင္ဗ်ားနာမည္သုံးၿပီး ႐ိုက္ကူးေရးအဖြဲ႕ကို ၿခိမ္းေျခာက္ေနတာ သေဘာမ ေတြ႕လို႔"

"ေဝ့မင္က မစဥ္းစားတတ္ဘူးမို႔ မင္း ေဝ့မင္ေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မခံနဲ႔။ေနာက္မွ ဦးေလးသူ႔ကိုသင္ခန္းစာေပးလိုက္မယ္။စိတ္မပူနဲ႔။စိတ္မပူနဲ႔"

"အမ္း"

"အဲ့လိုဆို မင္းတို႔ ေပ်ာ္ေပ်ာ္ႀကီး ဆက္႐ိုက္ၾကေနာ္"

ခ်ဴခ်န္ရယ္သည္။

"ခင္ဗ်ားရဲ႕ၾကင္နာတဲ့စကားေတြတြက္ ေက်းဇူးပါ"

ၿပီးေနာက္ဖုန္းခ်လိုက္ကာ ခ်င္းေဝ့မင္ကို ျပန္ေပးလိုက္သည္ ။

ခ်င္းေဝ့မင္ကေတာ့ မေက်မနပ္နဲ႔လက္မေလ်ာ့ခ်င္သလို အၾကည့္ျဖင့္ သူ႔ကို မႏွစ္ၿမိဳ႕သလိုၾကည့္ၿပီးကာမွ တစ္ျခားတစ္ဖက္ကို လွည့္ထြက္သြားေလသည္။

ခ်င္း႐ႊမ္က ခ်ဴခ်န္က ဖုန္းေျပာၿပီးေနာက္ ဒါ႐ိုက္တာဆီဖုန္းဆက္ကာ သူနဲ႔ခ်ဴခ်န္တို႔ သေဘာတူညီခ်က္ရသြားၿပီဆိုတဲ့အေၾကာင္း ေျပာျပသည္။သူ႔အရင္းအႏွီးကို ထုတ္မွာမဟုတ္ေၾကာင္း အာမခံကာ ခ်ဴခ်န္ကလည္း ရင္းႏွီးျမႇဳပ္ႏွံမွာ မဟုတ္ေၾကာင္းေျပာသည္။ဒီေန႔ျဖစ္သြားတဲ့ မေတာ္တဆမႈေၾကာင့္ ေတာင္းပန္စကားေျပာလာၿပီး ေနာက္ ဒီလိုမေတာ္တဆမႈမ်ိဳး လုံးဝမျဖစ္ေစရဘူးလို႔လည္း ကတိအထပ္ထပ္ေပးေလသည္။

အေျခအေနလည္း ၿပီးဆုံးၿပီဆိုေတာ့ ဒါ႐ိုက္တာႀကီးက "ေကာင္းပါၿပီ" ေပါ့။

နတ္ဘုရားေတြ ရန္ျဖစ္ေသာအခါ ေၾကာက္တဲ့လူက အႏွိမ့္ခ်ခံပင္။ခ်ဴခ်န္ရဲ႕အေနအထားက အံ့မခန္းျဖစ္မယ္မွန္း သူသိသည့္တိုင္ သူနဲ႔တူမွာပဲဟု ထင္ခဲ့သည္။ဒါေပမယ့္ ရန္ပြဲမွ ေတာ့ တကယ္တမ္း အႏိုင္ရသူက ခ်ဴခ်န္ပင္။

ၾကည့္ရတာ ဒီလူမသိသူမသိက တကယ့္ဗုဒၶဟန္။[ကန္ေတာ့ပါရွင့္]

ဒါ႐ိုက္တာႀကီးက ျမန္ျမန္ဆန္ဆန္အလုပ္အေၾကာင္းေျပာင္းေတြးလိုက္ကာ ကင္မရာသမားေတြ စ႐ိုက္ဖို႔ ေျပာလိုက္သည္။ဧည့္သ႐ုပ္ေဆာင္ေတြကလည္း သူတို႔ဘာသာ ညႇိႏႈိင္းၿပီး ျပန္႐ိုက္ဖို႔ျပင္ၾက၏။

တင္ဆက္သူက ေရွ႕ထြက္ၿပီးေနရာယူကာ အဖြဲ႕တစ္ခုခ်င္းစီရဲ႕ ပိုက္ဆံကို ေရေတာ့မယ္ဟန္။ထိုအခ်ိန္အတြင္း သူက ဧည့္သ႐ုပ္ေဆာင္ေတြနဲ႔ စကားေျပာရင္း ဟာသေႏွာကာ သူတို႔စိတ္တင္းေနမႈကို ေျဖေလ်ာ့ေနသည္။

သူ ခ်င္ေဝ့မင္ဆီေရာက္ေတာ့ ပိုက္ဆံထုတ္လိုက္၏။တင္ဆက္သူ ေရၿပီးေနာက္ ခ်င္းေဝ့မင္ ဘာလို႔ လိမ္ခ်င္မွန္း နားလည္သြားသည္။ကြာျခားမႈက အေရးပါလြန္းတာကိုး။တစ္ျခားသူတိုင္း ေပါင္း၄၀ရေနစဥ္ ခ်င္းေဝ့မင္တို႔အဖြဲ႕ကပဲ၃၈ဆိုတာကသိသိသာဟာနည္းေနျခင္း။

တင္ဆက္သူက ေၾကညာသည္။

"၃၈"

ရန္က်န္းက ၿပဳံးကာ

"ကြၽန္မက ဇာတ္ကား႐ိုက္တဲ့ေနရာမွာေတာ္ေပမယ့္ ေဈးေရာင္းေတာ့ တကယ္မေတာ္ဘူးရွင္"

တင္ဆက္သူကလည္း ထိုစကားကိုေကာက္၍ ႏွစ္ေယာက္အတူ သီခ်င္းဘာညာဆိုလ်က္ သဟဇာတျဖစ္ေစသည္။

"ဒီေတာ့ ေနာက္ဆုံးေနရာက ရန္က်န္းနဲ႔ခ်င္းေဝ့မင္ေပါ့ဗ်ာ"

ရန္က်န္းက သူမကိုယ္သူ ရယ္သလို။

"ဒီရသစုံရႈိးမွာေတာ့ ကြၽန္မက ဂိမ္းဘလက္ခ္ဟိုးျဖစ္ေနတာမ်ားလား?"

သူမက ဒီေနရာမွာ အရမ္းေတာ္တာပဲဟု က်ိခ်င္းက်ိဳးေတြးလိုက္မိတယ္။လူတိုင္းနဲ႔သူမ မေက်နပ္စရာျဖစ္ထားသည္ေတာင္ သူမစိတ္အေျခအေနကို အလ်င္အျမန္ညႇိလိုက္ႏိုင္သည္။သူမက ဘာမွမျဖစ္သကဲ့သို႔ ဟန္ေဆာင္ႏိုင္႐ုံသာမက "ဂိမ္းဘလက္ခ္ဟိုး" ဆိုတဲ့ဇာတ္ေကာင္ေတာင္ သူမကို သူမ ေပးလိုက္သည္။သူမက ဒီအႏုပညာအသိုင္းအဝိုင္းနဲ႔ ေကာင္းေကာင္းႀကီး အသားက်ေနတာပဲ။

"အိုေက။ဒီေန႔ညစာအတြက္ အမယ္ေတြအခုပဲလာယူၾကပါဗ်ာ။ရန္က်န္းတို႔အဖြဲ႕ကေတာ့ ဘာမွမရတဲ့အတြက္စိတ္မေကာင္းပါဘူး။ဒါေပမယ့္ ကိစၥေတာ့မရွိပါဘူးဗ်။ပန္းသီးႏွစ္လုံးက်န္ပါေသးတယ္ေနာ္"

ရန္က်န္းက ပန္းသီးေတြယူလိုက္ကာ ေက်းဇူးတင္စကားေျပာလိုက္သည္။

လ်န္က်င္းရွင္က ေရွ႕ဆုံးကေနၿပီး အေကာင္းဆုံးအမယ္ေတြယူသည္။က်ိခ်င္းက်ိဳးနဲ႔ေနာက္လူေတြလည္း အစဥ္တိုင္း သက္ဆိုင္ရာအဆင့္အလိုက္ အမယ္အသီးသီးကို ယူလိုက္ၾကသည္။ယြီအန္းယြီကေတာ့ ရလာတာနဲ႔ ထိုဘန္းကိတ္ေႏြးေႏြးႏွစ္ခုကို ကိုင္လ်က္  နည္းနည္းေၾကာင္အေနပုံပင္။

"ကဲ ဧည့္သည္ေတာ္တို႔အကုန္ျပန္ၿပီး ဒီေန႔ရဲ႕ညစာကို ခ်က္ျပဳတ္ျပင္ဆင္လို႔ရပါၿပီ။ညစာစားၿပီးရင္ေတာ့ အံ့ဩစရာ မီးပုံပြဲရွိဦးမွာပါ။တက္ေရာက္လာမဲ့လူတိုင္းကို ႀကိဳဆိုလ်က္ပါ"

လူတိုင္း 'အင္း' လို႔သေဘာတူကာ ပစၥည္းေတြသယ္၍ ျပန္ၾကသည္။

"အန္းယီတို႔က ငါတို႔အိမ္မွာညစာလာစားလို႔ ရေနတာပဲကို ဘာလို႔တူတူ လိုက္မစားပဲေနၾကမွာလဲ?"

ဘန္းကိတ္ႏွစ္ခုပဲရွိသည့္ ယြီအန္းယီနဲ႔ ကြမ္းရွယြင္တို႔ကို ၾကည့္ကာ က်ိခ်င္းက်ိဳးကဖိတ္မ႑ကျပဳလိုက္ျခင္း။

ယြီအန္းယီျဖင့္ ဘန္းကိတ္ႏွစ္ခုကို ဘယ္လိုစားမရလဲ စဥ္းစား‌ခန္းဝင္ေနဆဲ သူ႔စကားလုံးေတြၾကားလိုက္ရခ်ိန္ ခ်က္ခ်င္းလက္ငင္း စိတ္ေအးသြားသည္။

"အင္း"

သူမလက္ထဲက ဘန္းကိတ္ေတြကိုေတာ့ က်ိခ်င္းက်ိဳးလက္ထဲထည့္ေပးလိုက္သည္။

"ေရာ့...စားစရိတ္ေပးတာ"

က်ိခ်င္းက်ိဳး ယူလိုက္ကာ

"အေကာင္းဆုံးပဲ။မင္းတို႔စားရေအာင္ ဘန္းကိတ္ေတြကို လႊာၿပီး ေၾကာ္လို႔ရတယ္ေလ"

"အင္း အင္း" ယြီအန္းယီက ႐ႊင္ျမဴးစြာ ေျပာသည္။

ကြမ္းရွယြင္ကေတာ့ က်ိခ်င္းက်ိဳးကိုၾကည့္ကာ အၿပဳံးေသးေသးေလးလွစ္ဟမိသြားၿပီး ႏူးႏူးညံ့ညံ့ေလးျဖင့္ "ေက်းဇူးပါ"ဟုေျပာေလသည္။

ခ်ဴခ်န္ကသူမကို တိတ္တဆိတ္ေစာင့္ၾကည့္လိုက္၏။

ေလးေယာက္သား ခ်ဴခ်န္နဲ႔က်ိခ်င္းက်ိဳးတို႔ အိမ္ကို ျပန္လာၾကသည္။ က်ိခ်င္းက်ိဳး လက္ေဆးကာ ေရခဲေသတၱာဖြင့္၍ အသီးအ႐ြက္ေတြထုတ္လိုက္သည္။

"ကြၽန္မအသီးအ႐ြက္ေတြေဆးေပးမယ္ေလ" ကြမ္းရွယြင္ကေျပာသည္။

"အြန္း။ မင္းက ဒါေတြေဆး" က်ိခ်င္းက်ိဳးက အသီးအ႐ြက္ေတြကို ေဘဇင္ေပၚတင္ေပးလိုက္သည္။

ကြမ္းရွယြင္ ေဘဇင္ကို သြားၿပီး ေရဇလုံထဲမွ ေရခပ္၍ အသီးအ႐ြက္ေတြေဆးေနစဥ္ က်ိခ်င္းက်ိဳးက ဆန္ေဆးေနသည္။

ဒီမွာ ထမင္းေပါင္းအိုးမရွိ၍ မီးထိုးခ်က္ရသည္။က်ိခ်င္းက်ိဳးက ထမင္း အေလာတႀကီး ခ်က္မွာမဟုတ္၍ အခုထိ မီးမေမႊးေသး။ ကြမ္းရွယြင္ကေတာ့ အသီးအ႐ြက္ေတြ ေဆးၿပီးခ်ိန္ လွီးေနေလသည္။

"ဘာခ်က္မွာလဲဟင္" ကြမ္ရွယြင္ေမးေလသည္။

"ဒီအ႐ြက္ေတြနဲ႔ဆို ခရမ္းခ်ဥ္သီးၾကက္ဥေမႊေၾကာ္ရယ္၊ခရမ္းခ်ဥ္သီးနဲ႔ပဲစိမ္းေမႊေၾကာ္ရယ္၊င႐ုပ္ပြနဲ႔အသားေၾကာ္ရယ္၊အာလူးခ်ဥ္ခ်ဥ္ေလးရယ္လုပ္လိုက္မယ္" သူကျပန္ေျဖသည္ ။

"ဟုတ္သား ဘန္းကိတ္လႊာေတြလည္းရွိေသးတယ္ေလ"

"အင္း။ကြၽန္မ အ႐ြက္ေတြကူလွီးေပးမယ္"

"ေက်းဇူး"

"ရတယ္ရတယ္"

ကြမ္းရွယြင္ေျပာၿပီးမွ အေတြးတစ္ခုဝင္လာကာ ရယ္မိသည္။သူမရဲ႕လူသားေလးတစ္ကိုယ္လုံးက ေတာက္ပၿပီး အလြန္ႏူးညံ့ညင္သာေနလိုက္တာ။
"ကြၽန္မတို႔က အက်ိဳးထူးရေနတဲ့ဟာ"

သူမအသံက အလြန္တိုးလ်ၿပီး အရမ္းကိုမွ သက္ေသာင့္သက္သာေလးထြက္လာျခင္း။သူမစိတ္ဓာတ္နဲ႔ယြီအန္းယီရဲ႕တစ္ေျဖာင့္တည္းစိတ္ဓာတ္က နည္းနည္းေတာ့ လိုက္ဖက္သားပင္။သူတို႔သူငယ္လုပ္ႏိုင္သည္မွာ ေထြထူးအံ့ဩစရာမဟုတ္ေတာ့။သူ ၾကက္ဥေတြကို ကြမ္းရွယြင္ဆီေပးလိုက္ၿပီး ပန္းကန္ထဲ ေခါက္ထည့္ေစကာ သူကေတာ့ စတင္၍ အာလူးေတြ အခြံခြာၿပီး ႏုတ္ႏုတ္စင္းေနလိုက္သည္။

က်ိခ်င္းက်ိဳးရဲ႕ ဓားစေကးက အင္မတန္ေကာင္း၏။ကြမ္းရွယြင္ပင္ သူ႔လႈပ္ရွားမႈကို ေငးၾကည့္ၿပီး မေနႏိုင္ဘဲ ခ်ီးက်ဴးစကားဆိုမိသည္။

"ရွင္လွီးထားတာကြၽန္မထက္အမ်ားႀကီးသာတယ္"

"မင္းပိုေလ့က်င့္ရင္ ပိုေကာင္းလာမွာပါ"

"ကြၽန္မေတာ့ အိမ္ေရာက္တာနဲ႔ႀကိဳးစားေတာ့မယ္"

ကြမ္းရွယြင္ ခရမ္းခ်ဥ္သီးယူလိုက္သည္။

"ဒါလွီးလိုက္မယ္ေနာ္"

"အင္း"

ဒီအိမ္မွာ မီးဖိုဟူရယ္မရွိသျဖင့္ က်ိခ်င္းက်ိဳးက စားပြဲေပၚစဥ္းတုံးတင္ကာ အသီးေတြလွီးသည္။

မူလက ခ်ဴခ်န္ ကူခ်င္ေနတာေပမယ့္ ကြမ္းရွယြင္က သူ႔အလုပ္ကို လႊဲယူလိုက္၏။ထို႔ျပင္ သူမက သူ႔ထက္လည္း ပိုေတာ္ေနေတာ့ သူဘာမွကို ဝင္မလုပ္ရေတာ့ေပ။

သူ ေဘးဘက္မွာ မွီရပ္ရင္း အသီးအ႐ြက္လွီးကာ စကားစျမည္းေျပာေနၾကသည့္ ကြမ္းရွယြင္နဲ႔က်ိခ်င္းက်ိဳးကို စူးစိုက္ၾကည့္ေနသည္။ကြမ္းရွယြင္ရဲ႕မ်က္လုံးထဲမွ သူမက်ိခ်င္းက်ိဳးကို ၾကည့္လိုက္တိုင္း သူမမ်က္လုံးထဲမွာ က်ိခ်င္းက်ိဳးပဲရွိသလို အလင္းဖ်ဖ်ေလးကို ခ်ဴခ်န္ပင္ ျမင္ေနရ၏။

ခ်ဴခ်န္ ခဏစဥ္းစားေနလိုက္သည္။ ထို႔ေနာက္ လွည့္ထြက္လာၿပီး ယြီအန္းယီကို ေျပာလိုက္သည္။

"လာဦး။ငါတို႔မီးဖိုခန္းျပမယ္"

ယြီအန္းယီတစ္ေယာက္ ဘာသံသယမွမရွိပါဘဲ အျပင္လိုက္လာခဲ့သည္။ခ်ဴခ်န္က ယြီအန္းယီကို ေဘးဘက္ဆြဲလိုက္ၿပီး ကင္မရာသမားအား

"ကြၽန္ေတာ္တို႔ စကားခဏေလာက္ေျပာဖို႔လိုလို႔။ေက်းဇူးျပဳၿပီး ႏွစ္မိႏွစ္ေလာက္အခ်ိန္ေပးပါ"

ထိုစကားဆုံးတာနဲ႔ ယြီအန္းယီကို ၿခံထဲမွ သစ္ေတာ္ပင္ဘက္ ဆြဲေခၚလာလိုက္သည္။

ယြီအန္းယီ သူမရဲ႕မိုက္ခ္ကို ပိတ္ၿပီး ခ်ဴခ်န္ရဲ႕မိုက္ခ္ကိုပါ ကူပိတ္ေပးရင္း နားမလည္ဟန္ေမးလိုက္သည္။

"ဘာေျပာမွာမလို႔လဲ? ဒီေလာက္ခိုေၾကာင္ခိုးဝွက္လုပ္ေနတာ ဘာမ်ားျဖစ္လို႔လဲဟမ္"

"ကြမ္းရွယြင္က က်ိခ်င္းက်ိဳးကို ႀကိဳက္ေနတာလား?" ခ်ဴခ်န္ေမးလိုက္ေတာ့သည္။

>>>>>>>>>>>>>>>

စာေရးသူမွာ ေျပာစရာရွိပါတယ္

အန္းယီ : ???!!!!! နင္ဘာေတြေျပာေနတာလဲ??!!![စိတ္ရႈပ္ေနေသာမ်က္ႏွာ.jpg]

ခ်ဴခ်န္ : …ငါတို႔အဖြဲ႕ထဲမွာ နင္ဘာလို႔ အေႏွးဆုံးျဖစ္ေနရလဲငါသိလိုက္ၿပီ!

ယြီအန္းယီ : ????

ခ်ဴခ်န္က အူယားစရာေလးဟယ္😘

>>>>>>>>>>>














Continue Reading

You'll Also Like

260K 16.8K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
1.1M 34.5K 51
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
220K 8.2K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.2M 51.8K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...