ကျောင်းဂိတ်ဝထဲသို့ ဗျူဟာ ကား
မောင်းဝင်လာပြီး ကားပါကင်အနားကို
အကွေ့ရောက်လာစဉ်တွင်
ဆိုင်ကယ်ထုတ်နေသည့်နေစင်ဟန်ကို
ကားအထဲကနေ တွေ့လိုက်ရသည်။
အရင်တစ်ခါက သင်တန်းအရှေ့မှာ
တွေ့ပြီးထဲကနေစင်ဟန် သူ့ကိုလုံးဝ
မဆက်သွယ်လာတော့ မက်ဆေ့လည်း
မပို့လာတော့ပဲ ကျောင်းမှာလည်းမ
တွေ့ဖြစ်တာ တစ်ပတ်ကျော်ပြီ။
နေစင်ဟန် ဘာတွေလုပ်နေလဲ။
ဆန်းဆက်နဲ့ ဘယ်အခြေအနေထိ
ရောက်နေပြီလဲ။
ဆန်းဆက်နဲ့ music clubမှာ
တစ်ရင်းတစ်နှီး ရှိနေပြီး ကျောင်းမှာအနှစ်နှစ်အလလက ဘော်ဒါအရင်း
တွေလို ကပ်နေပြီးတွဲသွားတွဲလာ
လုပ်နေကြတယ်ဆိုတာတော့
သူသိထားတယ်။ သူ့ကိုတော့ အဲဒီနေ့
ထဲကလုံးဝမဆက်သွယ် လာတော့တာပင်။
ကားပါကင် တခုတည်းရှိတဲ့ ကျောင်း
ထဲမှာ တစ်ပတ်ကျော်တောင် မ
တွေ့ဖြစ်အောင်နေစင်ဟန်နဲ့သူတို့
အတန်းရဲ့ အချိန်ဇယားက အဲဒီလောက်တောင်ကွာခြားနေတာလား။နေစင်ဟန်
ကပဲ သူ့ကိုရှောင်နေတာလား။
ဒီမနက်တော့ ထိပ်တိုက်တွေ့ပြီ။
ကားပါကင်ထိုးဖို့ သူနေရာလွတ်ကြည့်ပြီး မောင်းလာစဉ်အတွင်းနေစင်ဟန်ရဲ့ ဆိုင်ကယ်အနောက်မှာ ကပ်ပါလာတဲ့
ထွန်းမြတ်ကိုပါတွေ့လိုက်ရသည်။
နေစင်ဟန်နဲ့ စကားပြောနေတာ။
ဒီကောင်ထွန်းမြတ် ဘာလဲ ။ ဒီလောက်ပြောထားတာတောင်မှ နေစင်ဟန်က
ရောဘာလို့ ထွန်းမြတ်နဲ့ တရင်းတနှီး
လုပ်နေရတာလဲ။
ဆိုင်ကယ်က ထွက်တော့ဖို့ လုပ်နေပြီ
မလို့ကားပါကင်မထိုးရသေးပဲ
ခပ်မြန်မြန်ပင် တစ်ဖက်လမ်းဘေးမှာ
ကားရပ်အပြီး ဆိုင်ကယ်ပေါ်တက်
မလို့လုပ်နေတဲ့ နေစင်ဟန်အနားကိုသူ ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားရ
တာပင်။
ဆိုင်ကယ်အရှေ့မှာရပ်လိုက်တဲ့
သူ့ကိုမြင်လိုက်တာနဲ့ တချက်ကြည့်လာသော်လည်း ချက်ချင်းပင်သူစိမ်းတွေ
လို မမြင်လိုက်သလိုမျက်နှာလွှဲသည်။
"bro ထွန်းမြတ် တက်တော့"
"အိုကေ ညီ"
နေစင်ဟန်ရဲ့ ဆိုင်ကယ်အရှေ့မှာသူ
ပိတ်ရပ်လိုက်မိတာပင်။
" ဘယ်သွားမလို့လဲ"
" မင်းဘာပြောစရာရှိလို့လဲ "
" ငါမေးနေတာ မင်းဘယ်သွားမလို့လဲ"
"ငါအခုမအားဘူး ဗျူဟာပိုင်။မင်းငါ့ကို အထွေအထူး ပြောစရာမရှိရင် အရှေ့
ကနေဖယ်ပေးလို့ရမလား"
"နှစ်ယောက်က ရင်းနှီးကြတာလား"
"ဟုတ်တယ်"
"မဟုတ်ဘူး"
ပြိုင်တူဖြေလိုက်ပေမဲ့နေစင်ဟန်ရဲ့
ငြင်းဆိုတဲ့ အဆုံးသတ် နေစင်ဟန်ကို
သူစူးစိုက်ကြည့်နေမိရင်း
ဘေးက ထွန်းမြတ်ဆိုတဲ့ကောင်ကို
လုံးဝသဘောမတွေ့။ ဒီလိုကောင်မျိုး
ကိုနေစင်ဟန် နဲ့တွဲတွေ့ရတာ သူ့စိတ်က
စိတ်မချဖြစ်နေမိရသလို နောက်
ဆံတင်း နေသလိုပင်။
" ဘုန်းပြည့်ရဲ့ သူငယ်ချင်းလေ ဘုန်း
ပြည့်နဲ့ခင်လို့ သိရုံပဲ။ ဗျူဟာပိုင်နဲ့
ကျွန်တော်က ဘယ်လိုလုပ်ပြီး ရင်းနှီးမှာလဲ"
" နောက်ကျနေပြီညီ အစ်ကိုတို့ အခု
သွားမှ မှီတော့မယ်"
"တက်လေ broထွန်းမြတ်"
ထွန်းမြတ်ကသူ့ကို နေစင်ဟန်
အနောက်ကနေ တစ်ချက်ကြည့်ပြီး
ဆိုင်ကယ်ပေါ် တက်လိုက်သည်။
နေစင်ဟန်ကတော့ ဆိုင်ကယ်မောင်း
ထွက်ဖို့ အသင့်ဖြစ်နေပြီး သူ့ကို အရေး
မကြီးသလိုနှင့်။
" မင်းဖယ်ပေးလို့ ရပြီလား"
" ဘယ်သွားမလို့လဲဆိုတာ ပြောသွား"
စိတ်မရှည်သလို မျက်နှာထား။
"ကိုထွန်းမြတ်က ငါ့ကိုဆိုင်ကယ်ငှား
တာ သူသွားမဲ့နေရာလိုက်ပို့ပေးမလို့
မင်းအခုမဖယ်ပေးရင်ငါ့အလုပ်ပျက်
လိမ့်မယ်"
နေစင်ဟန်က ကျောင်းတက်ရင်းဒယ်လီ
ပို့ပြီး သူ့ဆိုင်ကယ်နဲ့လူရရင်တင်တာ
တော့သူသိထားတယ်။ အလုပ်ကိစ္စ
ဆိုတော့ တားလို့မကောင်း။
" လူပို့ပြီးရင်မင်းကျောင်းကိုပြန်လာမှာလား"
" ပြန်လာမယ်"
"နေ့လည် ကားပါကင်မှာဆုံဖြစ်ရင် စကားပြောရအောင် ငါပြောစရာရှိတယ်"
ဘာမှပြန်မပြော။ သူ့ကိုဖယ်စေချင်
တဲ့ပုံစံနဲ့မျက်နှာလွှဲသည်။
တစ်ပတ်ကျော် မမြင်ခဲ့ရသည့် မျက်နှာ
က အနည်းငယ်တောင်နွမ်းလျနေ
သလို။သူ့အကိုကိုတွေ့ပေးဖို့လာပြောတာ လက်မခံလို့ စိတ်ဆိုးနေတဲ့ပုံစံကလည်း။
ကလေးလား။ အဲဒီနေ့က သူစိတ်မကြည်
လို့နည်းနည်းလွန်သွားတယ်။
ကိုယ့်ဘာသာ တစ်ကြိမ်တည်းနဲ့
လက်လျှော့တာလေ။နောက်တစ်နေ့
လာထပ်တွေ့ပါလား။ဝိရိယကိုမရှိဘူး။
သူအရှေ့ကနေဖယ်ပေးလိုက်တာနဲ့
နေစင်ဟန်ကထွန်းမြတ်ကို အနောက်မှာ
တင်ပြီး ဆိုင်ကယ်မောင်းထွက်သွားသည်။
သူရပ်နေတဲ့နေရာနဲ့သိပ်မဝေးတဲ့
ကျောင်းဂိတ်ဝကနေနေစင်ဟန်ရဲ့
ဆိုင်ကယ်ပျောက်ကွယ်သွားတဲ့အထိသူ
ကြည့်နေမိတာပင်။ နောက်တစ်ခါတွေ့ရင်
အဲ့ဒီကောင်နဲ့ အပေါင်းသင်းမလုပ်ဖို့နေစင်ဟန်ကိုအပြတ်တားမှပဲ။
-----------------
ထိုင်ခုံကို မှီထိုင်ပြီး စားပွဲပေါ်လက်တင်
ကာ ဘောပင်ကိုခေါက်နေတဲ့ ဗျူဟာ
အရှေ့စားပွဲက ထိုင်ခုံမှာ
ဘုန်းပြည့်က အနောက်လှည့်ပြီး
ဝင်ထိုင်လိုက်သည်။
"ဆန်းဆက်နဲ့ဝတ်ရည် ကျောင်းမလာပဲ
နှစ်ယောက်ထဲ ရုပ်ရှင်သွားကြည့်ကြ
ပြန်ပြီတဲ့"
သူဘာမှ ပြန်မဖြေသည့်တိုင် ဘုန်းပြည့်က ပြောရခက်နေသလိုဖင်တကြွကြွနဲ့။
" ငါပြောလို့လည်းမကောင်းဘူး။ သူငယ်ချင်းတွေဆိုတာ သိပေမဲ့ ဝတ်ရည်
ကို ဆန်းဆက်နဲ့သိပ်မလွှတ်ထားနဲ့
လေ မင်းကကိုယ့်ကောင်မလေးကိုယ်
လိုက်ကပ်မှပေါ့။ ဝတ်ရည်က
ဆန်းဆက်ကိုလိုတာထက်ပိုတွယ်နေသလိုပဲ"
"လစ်လိုက်တော့ ဟရောင့်"
"အေး ငါက မင်းတို့ညီအကိုတွေကို
ဒီထက်ပိုပြီး စိတ်ဝမ်းကွဲတာမျိုး မဖြစ်စေချင်လို့"
သက်ပြင်းချလျက် ဘုန်းပြည့်က
အတန်းထဲကနေ ပြန်ထွက်သွားသည်။
ဖုန်းကိုပြန်ထုတ်ကာ သူအချိန်ကြည့်လိုက်တော့ ဆယ့်တစ်နာရီခွဲပြီ။
နေစင်ဟန် သူ့အတန်းထဲပြန်ရောက်နေပြီလား။ ဒီအချိန်ဆို ရောက်နေလောက်
ပြီပေါ့။သူ့အစ်ကိုအကြောင်းပြောမလို့ဟာ တွေ့မယ်လို့ပြောထားတာတောင် ဖုန်း
တစ်ချက်မဆက်လာဘူး။ စိတ်မပြောင်း
ခင်မင်းအခုချက်ချင်း ဖုန်းဆက်လာ
လိုက်။
သူ့ဘက်ကအရင်
မဆက်ဘူးလို့ ဆုံးဖြတ်ထားပေမယ့်
လည်း ခဏခဏ ထုတ်ကြည့်နေတော့
သူ့လက်ကအလိုလို contact name
ကနေစင်ဟန်ဆိုတဲ့နာမည်ကိုနှိပ်မိသွားသည်။အော် လက်နဲ့ထိမိသွားတာပဲ။
မထူးတော့ပါဘူး။
ဖုန်းကိုနားမှာကပ်ပြီး ဖုန်းအဝင် စောင့်
နေချိန်တစ်ဖက်က "လူကြီးမင်းခေါ်ဆို
သောတယ်လီဖုန်းမှာ စက်ပိတ်ထား
ပါသည်" ဆိုတဲ့ အသံကြောင့်
ဖုန်းကိုပြန်ကြည့်မိသွားသည်။
နောက်တစ်ခါ ထပ်ဆက်မိတော့လည်း
ဒီအတိုင်းပင်။
မဟုတ်တော့ဘူး။ တခုခုတော့လွဲနေပြီ။
----------------------
နေ့လည် အတန်းချိန်မတက်တော့ပဲ
ဗျူဟာ ကားပါကင်ကသူ့ကားဘေးမှာ
ရပ်ပြီး နာရီတစ်ကြည့်ကြည့်နဲ့နေစင်ဟန်
ကို စောင့်နေတာနေ့လည်ခင်းအချိန်ကိုပင်
ကျော်သွားပြီ။
နေစင်ဟန်ကို အရိပ်အယောင်တောင်
မတွေ့။ ပြန်လာမယ်လို့ ပြောသွားတာ
ပဲ။ သူ့အိမ်ပဲပြန်သွားတာများလား။
နေစင်ဟန်အတန်းမှာ မရှိတာတော့
သေချာတယ်။ ကျောင်းကတစ်ခုတည်း
သော ကားပါကင်မှာနေစင်ဟန်ရဲ့
ဆိုင်ကယ်အဖြူရောင်မရှိ။
ကျောင်းပြန်လာပြီးမှ အိမ်ပြန်သွား
တာများလား။
သူကရော ဖုန်းဆက်လို့မရတဲ့နေစင်
ဟန်ကို ဘာလို့စောင့်နေမိတာလဲ။နေစင်
ဟန်ဖုန်းက အားကုန်နေတယ် ဖြစ်မှာပေါ့။
ငါစိတ်ကောင်း ဝင်နေတာကိုမင်းက
လာမတွေ့တော့လည်း မင်းထိုက်နဲ့
မင်းကံပဲ။ နောက်တခါမရဘူး။
ကိုယ့်ကိုကိုယ်
အဓိပ္ပါယ်မရှိတာတွေ လုပ်နေမိတယ်လို့ စဉ်းစားမိရင်း သူအိမ်ပြန်ဖို့ကား
တံခါးကိုဖွင့်လိုက်သည်။
"ပိုင်သခင်လေး ခဏစောင့်"
သူလှည့်ကြည့်လိုက်တော့ ကားပါကင်
ကို အတူလာနေတဲ့ဘုန်းပြည့်နဲ့သူ့ရဲ့
ကောင်လေး။ အမှန်တရားက သူလက်မခံချင်လဲ ဘုန်းပြည့်သော်ဖြောင့်ရာ မကျန်တော့ဘူးဆိုတာခံရခက်စွာ မမြင်ခြင်
လည်း မြင်နေရပြီ။ ဘယ်လောက်ထိ
မြဲမလဲ စောင့်ကြည့်ဦးမယ်။
" သည်းလေး"
ဘုန်းပြည့်က ထုံးစံအတိုင်း သူ့ကိုလာစသည်။
"အိမ်ပြန်တော့မလို့လား ငါလည်း ပြန်
တော့မလို့ ရှင်းသန့်ကို သူ့အိမ်ကလာကြိုတာ စောင့်ပေးလိုက်အုံးမယ်။ခဏပဲ
စောင့် ပြီးရင်အတူပြန်ရအောင် ငါ
ဒီနေ့ကားမပါလာဘူး"
" မစောင့်နိုင်ဘူး ဟရောင့် လိုက်ချင်
ရင်အခုလိုက် ငါသွားပြီ "
"စောင့်ပါအုံးဆိုမှကွာ မင်းကလည်း
သဘောကောင်းရဲ့သားနဲ့"
ရှင်းသန့်သူကသူ့ကိုတချက်ပဲကြည့်
လာပြီး တိတ်ဆိတ်သလောက်ကိုယ့်
ကောင်ကပဲ ဖြစ်ပျက်နေတာ။ဘုန်းပြည့်သော် သူ့ကို မျက်နှာပြောင်လာတိုက်
နေတာ။ပိတ်ထိုးချင်စရာ။
ဟိုဟာလေးက ကလေးလည်းမဟုတ်
အိမ်ကလာကြိုဖို့ကို စောင့်ပေးဦးမယ်တဲ့ ဘုန်းပြည့်သော် ကဲပြသဲပြနေတာလွန်နေပြီ။
ဘုန်းပြည့်ကို ပညာပြကာ
ကား တံခါးဖွင့်လိုက်ပြီး သူ ကားပေါ်
တက်ဖို့အလုပ်။
"နေစင်ဖုန်းက စက်ပိတ်ထားတယ်
ရော တနေ့လုံး ဆက်လို့လည်းမရဘူး "
"နေစင်ဟန်လား ဘာဖြစ်လို့လဲ"
"မသိဘူး မနက်ကသူသွားစရာရှိလို့
အတန်းတစ်ချိန်ပျက်မယ် ဆယ်နာရီခွဲလောက်အတန်းပြန်လာမယ်ဆိုပြီး သေချာပြောသွားတာ တစ်မနက်လုံးပြန်လည်းရောက်မလာဘူး။ အိမ်ပဲပြန်သွားတာထင်တယ်"
ဗျူဟာ ကြားလိုက်ရတဲ့ စကား
ကြောင့် ကားတံခါးကိုပြန်ပိတ်လိုက်မိသည်။
"နေစင်ဟန် ကျောင်းကိုတစ်ချက်လေးမှ
ပြန်မရောက်လာဘူးလား။ အတန်း ပြန်
လာမယ်လို့ မင်းကိုရော ပြောသွားတာလား"
နေစင်ဟန်ကိုဖုန်းဆက်နေတဲ့
ရှင်းသန်သူက သူ စကားလာပြောတာကို ရုတ်တရက် လန့်နေပုံနဲ့။
"မနက်က ဆရာမဝင်ခင် အတန်းထဲ
မှာတွေ့တော့ တစ်ယောက်ယောက်
ဖုန်းဆက်ခေါ်တာနဲ့ သူသွားစရာရှိတယ်။ နောက်တချိန်ပြန်လာမယ်လို့
ပြောပြီးထွက်သွားတယ်။ ဒါပေမယ့်
ပြန်မရောက်လာဘူး "
"သူ့ကိုမင်း ဖုန်းဆက်လို့ လုံးဝမရဘူးလား"
"မရဘူးစက်ပိတ်ထားတာ ဖုန်းအား
ကုန်သွားတာများလား"
"အယ် ဘာကိစ္စရှိလို့လဲဗျူဟာ
နေစင်ဟန်နဲ့မင်းက သိလို့လား"
ရှင်းသန့်သူကိုမေးနေတဲ့သူ့ကို
ဘုန်းပြည့်က အထူးအဆန်းလိုနဲ့။
ဘုန်းပြည့်
ကို သူဘာမှ ပြန်မဖြေနိုင်။
ခေါင်းထဲမှာ စနိုးစနောင့်နဲ့။နေစင်ဟန်က ကလေးမဟုတ် ဦးနှောက်မရှိတာမဟုတ် ။ ကျောင်းတက်နေရင်း အလုပ်လုပ်နေပြီး
လူ အရိပ်အခြေတော့ကြည့်တတ်မှာပဲ
။သူလူပို့ပြီးတာနဲ့ ပြန်လာမယ်လို့
ပြောသွားတယ်။
စိတ်ထဲမှာ ထင့်နေတာကနေစင်ဟန်
ဖုန်းကဘာဖြစ်လို့ စက်ပိတ်ထားရတာလဲ။
သူကားအနားကို ပြန်လျှောက်လာတော့
ဘုန်းပြည့်က သူ့အနောက်က ကပ်လိုက်လာသည်။
" ဘာဖြစ်နေတာလဲဟျောင့်"
" အတန်းထဲက ထွန်းမြတ်ဆိုတဲ့ကောင်ကို မင်းသိတယ်မလား ဘုန်းပြည့်"
"အေးသိတယ်လေ ဘာဖြစ်လို့လဲ"
" သူ့အကြောင်း ဘယ်လောက်သိလဲ"
"အဲ့ကောင်က အပြောချိုပြီး လူရှေ့မှာ
အဖြောင့်လိုနဲ့စော်တွေကိုcoverသဘောသက်သက်တွဲတာတဲ့ သူ့ရဲ့တစ်ကယ့်နောက်ကွယ်ကမျက်နှာက ဂေးတွေကို သိက္ခာချတဲ့ တဏှာရူးလိုကောင်အထူးသဖြင့် အတွေ့အကြုံမရှိတဲ့
ကောင်လေးတွေကိုသူ့လိုလိုင်းသွင်း
ပစ်တာ တစ်ချို့ဆိုကွာ"
ဘုန်းပြည့်က ခပ်တိုးတိုးပြောနေတာ
ကိုရပ်လိုက်ပြီး ခပ်လှမ်းလှမ်းက ရှင်းသန့်
သူကို ပြန်ကြည့်ပြီးမှ သူ့အနားကပ်လာလျက်။
"လူပျိုလေးတွေ အသစ်လေးတွေ
ကိုမှသူ့ပစ်မှတ်လိုရွေးပြီးတမင်ဖြိုပစ်တာတောင်ရှိတယ်တဲ့ ငါလည်း သူငယ်ချင်း
တစ်ယောက်ပြောတာကြားဖူးတာ။
သေချာဟုတ်မဟုတ်တော့မသိဘူး"
ဘုန်းပြည့် သူ့အနားကနေ ပြန်ခွာသွားသည်။
"မင်းပြောမှပဲ သတိရတာ နေစင်ဟန်
ကိုဒီရက်ပိုင်း ကျောင်းမှာအဲ့ကောင်နဲ့
တစ်ခါတွဲတွေ့လိုက်မိသလိုပဲ နေစင်ကိုငါပြောထားမှရမယ်"
ခေါင်းထဲမှာ ဘာလုပ်ရမှန်းမသိအောင် အကျပ်ရိုက်သွားမိတာပင်။
ဆိုင်ကယ်ငှားတာ။ ထွန်းမြတ်ကိုလိုက်
ပို့ပေးပြီးရင် ကျောင်းပြန်လာမယ်လို့
သေချာပြောသွားတယ်။ အဲဒါကိုဘာ
လို့ အခုချိန်ထိပြန်မလာသေးတာလဲ။
နေစင်ဟန်က ငတုံးမဟုတ်မှန်း တခုခု
ဆို တခုခုဆို ယောက်ျားလေးတစ်
ယောက်ရဲ့ အားအင်တွေအပြည့်ရှိမှန်း
သိတာတောင် သူ့ စိုးရိမ်စိတ်က တစ်ဖြေးဖြေးတက်လာရသည်။
ကားပါကင် အပြင်ဘက်က ပူပြင်းနေ
တဲ့ နေအပူရှိန်က သူ့ဆီကို လာပြီး
ခပ်ပြင်းပြင်း ရိုက်ခတ်သွားသလိုပဲ။
"ဟျောင့် မင်းဘာဖြစ်နေတာလဲ မဟုတ်
မှလွဲရောနေစင်ဟန် အဲ့ကောင်ထွန်းမြတ်နဲ့ပါသွားတယ်လို့တော့ မင်းငါ့ကိုမပြောနဲ့နော်"
သူဘာမှပြန်မပြောချိန် သဘော
ပေါက်သွားတဲ့
ဘုန်းပြည့်ရဲ့ "သောက် ပြဿနာပဲ"
ဆိုတဲ့စကားအဆုံး ဖုန်းကိုထုတ်ရင်း
နေစင်ဟန်ကို ပြန်ပြီးဆက်နေပေမယ့်
စက်ပိတ်ထားသည်သာ။
" နေစင် ဘာဖြစ်လို့လဲ"
" ဘာမှမဖြစ်ဘူး ရှင်း ငါတို့ ကြည့်လုပ်
လိုက်မယ် စိတ်မပူနဲ့ ဟိုမှာ အိမ်က
ကားလာကြိုနေပြီ"
" အဲဒါဆို ပြန်ပြီနော် နေစင်ဟန်နဲ့ အဆက်အသွယ်ရင် တချက်ပြန်ပြောပေးအုံး"
ရှင်းသန့်သူ အိမ်ကလာကြိုတဲ့ကားက
ဝင်လာသည်မို့ ဘုန်းပြည့်ကို အသံတိတ် လက်ပြကာနှုတ်ဆက်ပြီး ရှင်းသန့်သူက ကားထဲပါသွားသည်။
ဘုန်းပြည့် သူ့ကောင်လေးကိုတောင်
သေချာ မကြည့်နိုင်။
" ဘယ်လိုလုပ်မလဲ ဟရောင့်နေစင် အဲ့ကောင်ဆီမှာမဟုတ်ပဲတစ်ခြားမှာအန္တရာယ်ကင်းကင်းနဲ့ရှိနေလား သိမှ
ရတော့မယ်"
" ရှင်းသန့်သူက နေစင်ဟန် အိမ်က
သူတွေနဲ့သိလား"
" ဘယ်လိုလုပ်သိမှာလဲ သူတို့အဲ
လောက် မရင်းနှီးသေးဘူး။နေစင်က ငါနဲ့တောင်ပိုခင်တယ်"
"နေစင်ဟန်ရဲ့ သူငယ်ချင်း
ကျောင်းပြောင်းသွားတဲ့ တစ်ယောက်
လေ အင်ကြင်းလားဘာလား သူ့နဲ့
မင်းသိတယ်မလား။ အဲ့ကောင်မလေးကို ဖုန်းဆက်သလိုနဲ့နေစင်ဟန်ကို သူ့အိမ်
မှာရှိနေလား တစ်ချက်လှမ်းမေးခိုင်း
ပေး။နေစင်ဟန် ကျောင်းမှာမရှိတာ
သူ့အိမ်ကသူတွေမသိစေနဲ့"
အလောတကြီးနဲ့ သူ့ရဲ့စကားအဆုံး
ဘုန်းပြည့်သော် မျက်လုံးတွေပြူး
ကျယ်သွားသည်။
"ဟာ အဲ့ကောင်မလေးနဲ့ငါ ပြဿနာတက်ထားတယ် ငါ့ကို အကြီးကြီးတင်းသွား
လို့ချေချပြီးကျောင်းတောင်ပြောင်း
သွားတာ ငါမဆက်ရဲဘူး"
"ဘုန်းပြည့်သော်"
"သိပြီ သိပြီ ဘာဖြစ်လို့ ဒီလောက်ပူ
နေတာလဲ မင်းတို့ဟာကလည်း ပဟေဋိ
ပဲ နေစင်ဟန်ပြောတော့လည်း မင်းနဲ့သူ
က မခင်ဘူးတဲ့။ ငါ့မျက်နှာတော့
ဘယ်နားမှာ သွားထားရပါ့မလဲ"
ပါးစပ်ကပြောနေပေမဲ့ ဘော်ဒါစိတ်ရှိတဲ့ ဘုန်းပြည့်ကသူ့ ဖုန်းကိုထုတ်ကာ
ဖုန်းနံပါတ်ရှာပြီး ဆက်မလို့လုပ်နေပြီ။
ဖုန်းအဝင်ကိုစောင့်ရင်း
သူ့ကို လက်သီးတစ်ဖက် ထောင်ပြ
ရင်းပေါ့။
"ဟယ်လို အင်ကြင်း"
" ဘုန်းပြည့်သော်လေ ကျွန်တော့် အသံ
ကိုမမှတ်မိတော့တာလား "
လေပြေနဲ့
introဝင်ပြီး ဘုန်းပြည့်က သူ့အနားကနေ ထွက်သွားလျက် ခပ်လှမ်းလှမ်းက ကားဘေးမှာနေစင်ဟန် သူငယ်ချင်းနဲ့
စကားသွားပြောနေတယ်။
သူစိတ်လောစွာ စောင့်နေရင်း
တစ်ခဏအကြာမှ ဘုန်းပြည့် သူ့ဘေး ခပ်သွက်သွက်ပြန်ရောက်လာလျက်။
"အင်ကြင်း လှမ်းမေးပေးတာ သူ့အိမ်ကိုလည်းပြန်မရောက်လာသေးဘူးတဲ့ ဖုန်းကလည်း စက်ပိတ်ထားတယ် ။သူ့အမေ
နေစင်ဟန်အလုပ်လုပ်တဲ့ကော်ဖီဆိုင်ကိုဆက်တော့လည်း မရောက်လာဘူး။
သူ့အမေက ဖုန်းအားကုန်သွားလို့ စက်
ပိတ်ထားတယ်ထင်တာတဲ့ အင်ကြင်း
ပွင့်ကနေစင်ဘာဖြစ်လို့လဲ ကျောင်းမှာ
မရှိဘူးလားတဲ့ ငါဘယ်လိုပြန်ဖြေရမလဲ ဟျောင့် တိုင်ပတ်ပြီ"
စိတ်ထဲထင့်နေတာက ပိုသေချာသွား
သလိုပင်။
ထွန်းမြတ်ဆိုတဲ့ကောင် ပြီတီတီမျက်နှာ
နဲ့နေစင်ဟန် အနားကပ်နေထဲက သူသတိထားမိလိုက်ရမှာ။နေစင်ဟန် တခုခုတော့ ဖြစ်နေတာ သေချာသွားပြီ။
မင်းဘာလို့ အဲဒီလောက် သတိမရှိရတာလဲနေစင်ဟန် ။အဲ့လောက်လူအကဲခတ်ညံ့ရလား။ ငါမင်းကို သေချာပြောပြထားရဲ့နဲ့။
" နေစင်ဟန် ကျောင်းမှာရှိနေတယ်
အပြန်နောက်ကျမယ်လို့
ကြည့်ကြပ်ပြီး သူ့သူငယ်ချင်းကနေ
သူ့အမေကိုပြန်ပြောခိုင်းလိုက် သူ့အိမ်
ကသူတွေ စိတ်မပူစေနဲ့"
" အင်ကြင်းကနေစင်ဟန် ဘာဖြစ်လို့
လဲတဲ့ ငါ့ကိုအတင်းမေးနေတယ်"
"လောလောဆည် အဲ့ကောင်မလေးကို
နေစင်ဟန် အိမ်ကသူတွေကို စိတ်မပူ
အောင် ငါပြောသလို ပြောခိုင်းလိုက်"
ဘုန်းပြည့် မငြင်းပဲသူပြောသလိုသာဖုန်းဆက်ပြီးပြန်ပြောပေးနေတုန်း ဘယ်လို
လုပ်ရမလဲ ဗျူဟာ စဉ်းစားရခက်နေသည်။
အဲ့ဒါကြောင့် ဘာလို့ပြောစကားကို
နားမထောင်ရတာလဲ။
ဒီအတိုင်းနေစင်ဟန် အိမ်ပြန်ရောက်မဲ့
အချိန်ကို စောင့်နေလို့တော့မရဘူး။
တစ်နေရာရာမှာဆိုင်ကယ်ပျက်နေတာပဲဖြစ်ဖြစ် ဖုန်းအားကုန်သွားတာပဲဖြစ်ဖြစ် ပြောမကောင်းဆိုမကောင်း ဟိုသူတောင်းစားမျိုးမစစ်ကောင် ခေါ်သွား
တာခံရတာပဲဖြစ်ဖြစ် နေစင်ဟန်ကိုသူ
ဒီနေ့ ဘာအထိအခိုက်အပွန်းအပဲ့မှမ
ရှိပဲနဲ့ လူအကောင်လိုက်ပြန်မြင်ရ
မှဖြစ်မည်။
" အဲ့ကောင် ထွန်းမြတ် ဖုန်းနံပါတ် မင်း
ဆီမှာရှိလား"
"ဘယ်လိုလုပ်ပြီး ရှိမှာလဲ ဒါပေမယ့်
အတန်းထဲကငါ့သူငယ်ချင်းကနေတစ်
ဆင့်သူနဲ့သိတဲ့ ကောင်တွေဆီမှာတော့ တောင်းပေးလို့ရတယ်"
"အဲ့ကောင်အကြောင်း ပြောပြတဲ့မင်း
သူငယ်ချင်း ကိုအခုဖုန်းဆက်ပြီး
မေးလိုက်"
ဘုန်းပြည့်က သူ့ကိုအထူးအဆန်းလို
ကြည့်လာပေမဲ့နေစင်ဟန်ကို သူလည်း စိတ်ပူနေသည်မို့ စကားမရှည်တော့ပဲ
သူတို့ ထွန်းမြတ်အနောက်လိုက်ဖို့ ပြင်ဆင်လိုက်ကြသည်။
ထွန်းမြတ် အကြောင်းပြောပြတဲ့
ဘုန်းပြည့်သူငယ်ချင်းက သူတို့အတန်း
ထဲကပဲဖြစ်ပြီး ထွန်းမြတ်ရဲ့ဖုန်းနံပါတ်
ကိုပါရခဲ့သည်။သူတို့ဆက်ပြီးသတင်း
ရခဲ့တာက ထွန်းမြတ်နဲ့စရိုက်တူအပေါင်းအပါ ထွန်းမြတ်အကြောင်း ကကြီးက
နေအ အထိသိတဲ့သူ။ အဲ့ဒီကောင်
ကတော့ဒီကျောင်းက တစ်ခြားမေဂျာ
ကပဲဖြစ်သည်။ ဖုန်းနံပါတ်ရလိုက်
ပေမဲ့ထွန်းမြတ်ကိုတိုက်ရိုက်ဆက်လို့မရ။
toiletထဲကို ဘုန်းပြည့်နဲ့သူဝင်လိုက်တာနဲ့တစ်ပြိုင်နက် toiletထဲကမှန်ချပ်ကိုကြည့်ပြီး သီချင်းဆိုကာ ဖုန်းသုံးနေတဲ့ထွန်းမြတ် အပေါင်းအပါက အခြေအနေမဟန်တာကို ချက်ချင်းတန်းသိသည်။
"ဘာလဲ မင်းတို့ကောင်တွေက"
ထွက်ပြေးဖို့လုပ်နေတဲ့ ကောင်ကို
ဘုန်းပြည့်က ဘေစင်မှာ ကပ်လိုက်ပြီး အလျင်အမြန်ပင် လက်နှစ်ဖက်ကိုချုပ်
ထားလိုက်တော့။
"မင်း မင်းတို့ဘာလုပ်တာလဲ "
" ထွန်းမြတ်ဆိုတဲ့ကောင် အခုဘယ်မှာ
ရှိနေလဲ"
ဘုန်းပြည့် ခပ်မာမာမေးလိုက်သည့်
တိုင် မထင်မဲ့မြင်မျက်နှာနဲ့ကောင်က ဟန်ဆောင်ကောင်းစွာနဲ့ ။
"ငါနဲ့ မသိတဲ့လူပဲ။ မင်းတို့ကျောင်းထဲမှာ ကျောင်းသားချင်းချင်း ဒီလိုမျိုး အကြမ်းဖက်တာ တရားမဝင်ဘူး
ဆိုတာ သိရဲ့လား"
ဒီထက်ပိုပြီးအချိန်ယူလို့ မဖြစ်တော့တာမို့
သူရှေ့ကကောင်ရဲ့ အင်္ကျီကော်လံကို
ဗျူဟာ ဆွဲကိုင်လိုက်မိတာပင်။
"ထွန်းမြတ် ဘယ်မှာရှိနေလဲ"
"မင်း ဗျူဟာပိုင်မဟုတ်လား။အဲ့
ကောင်ကို ငါမသိဘူးလို့ ပြောပြီးပြီလေ
ငါ့ကိုထိုးချင်ရင်တော့ရပေမဲ့ လူသိများ
တဲ့ သူဌေးသားလေးက ကျောင်းမှာ အနိုင်ကျင့် အကြမ်းဖက်တယ်လို့
နာမည်ပျက်ထွက်သွားရင် ဘယ်လို
လုပ်မလဲ ဟက် အားး"
တံတောင်ဆစ်ကနေ
သူလိမ်ချိုးထားလိုက်တဲ့လက်ကြောင့်
သူတို့ရှေ့ကကောင်က မျက်နှာပျက်စွာ
အသံတိတ်သွားသည်။
"အဲ့ကောင်ရဲ့ အရှုပ်တွေထဲ မင်း ပြဿနာတက်ပြီး ဝင်မပါချင်ဘူးဆိုရင် မင်းကို
ငါမဆွဲထည့်ခင် ထွန်းမြတ် ဆိုတဲ့ကောင်
ရှိနေတဲ့နေရာကို ငါ့ကိုအခုပြော"
"မင်း ဗျူဟာပိုင် မင်းအကြောင်း
ကိုကျောင်းကသူတွေ အကုန်လုံး
သိစေရမယ်။ငါ့အသားကိုထိရင် ငါကပို
ပြီးတောင် ပါးစပ်မဟ အားး ပြော
ပြောမယ် ငါ့ကိုလွှတ် အခုလွှတ်"
သူလွှတ်ပေးလိုက်တော့ ညီးညူနေတဲ့
ကောင်က ဘုန်းပြည့်နဲ့သူ့ကို ခပ်မိုက်
မိုက်ကြည့်လျက်။
"ဘယ်လောက်ပေးမလဲ"
"ဘာ"
"ဘယ်လောက်ပေးမလဲလို့ ငါ့ဆီကသတင်း
လိုချင်ရင် ဒါတော့လိုတယ်"
"မင်း"
"ဘုန်းပြည့်"
သူ တားမြစ်လိုက်မှသူတို့အရှေ့က
ကောင်ရဲ့ မျက်နှာပေါ်ကျတော့မဲ့လက်သီး
ကို ဘုန်းပြည့်ကအံကြိတ်ပြီးပြန်ထိန်း
လိုက်သည်။
"အချိန်မရှိလို့ ဘယ်လောက်ပေးရ
မလဲပြော "
သူ့ရှေ့ကကောင်က မျက်လုံးတွေ
အရောင်တောက်သွားပြီး စိတ်ဝင်စားသွား
သလိုပြုံးသည်။
" ထွန်းမြတ် ဘယ်သူနဲ့သွားရှုပ်ပြန်ပြီလဲ ကြည့်ရတာမင်းတို့နဲ့အသိထင်တယ်။ ဒီအချိန်မှဆိုရင် မှီပါ့ဦးမလား အဲ့ကောင်က ဆေးစွမ်းတယ် အစထဲက ကိုယ့်လူကိုယ်ထိန်းထားမှပေါ့ "
"မင်းတို့ကောင်တွေ"
"ဘုန်းပြည့် ရပ်လိုက်"
ဒေါသထွက်နေတဲ့ ဘုန်းပြည့်ကိုသူထပ်
တားလိုက်ရသည်။
"အခုတစ်လော သူ ကောင်လေး
တယောက်ကိုချိန်နေတာတော့သိတယ်။
ဒါပေမယ့်ငါ ဒီကိစ္စထဲ လုံးဝမပါဘူးနော်။
သူအခု ဘယ်မှာရှိနေလဲဆိုတာ အတိ
အကျကတော့ဖုန်းဆက်မေးမှရမယ်"
"အခုဆက်လိုက် speakerဖွင့်ထား"
ဘုန်းပြည့် ကမ်းပေးလိုက်တဲ့ဖုန်းကို
အဲဒီကောင်ကယူပြီး ဆက်မလိုလုပ်ပြီးမှ ဗျူဟာကို ပြန်ကြည့်လာလျက်။
"အလောကြီးနေတဲ့ပုံပဲ ငါကတိကျမှ
ကြိုက်တတ်တဲ့သူဆိုတော့ စိတ်တော့
မရှိပါနဲ့ ။ဒီအတိုင်း ပြောပြမလို့ပေမယ့်
အဲ့ဒီဘက်က ပေးမယ့်စကားပြောထား
တော့ အားနာနာနဲ့ပဲ"
"မင်းလိုသလောက် ပေးမယ် စကား
မရှည်နေပဲ အခုချက်ချင်းဆက်"
"ကြိုက်ပြီ ကိုယ့်လူ ဒါမျိုးမှကြိုက်တာ "
ဗျူဟာ ပုခုံးကို အဲ့ကောင်ကတစ်ချက်
လှမ်းပုတ်လိုက်လျက် သဘောကျစွာနဲ့
သူ့ဖုန်းထဲကထွန်းမြတ်ဆိုတဲ့contact
ကိုနှိပ်လိုက်သည်။ဖုန်းက ဝင်ပြီးသိပ်
မကြာခင်မှာပဲတစ်ဖက်က ဖုန်းကိုင်လိုက်သည်။
"ထွန်းမြတ်"
" အချိန်ကိုက်ဖုန်းဆက်တာပဲဟရောင်"
"မင်းအခုဘယ်မှာလဲ"
" အသစ်စက်စက်လေးနဲ့ အတူရှိ
နေတယ်ကွာဘာလုပ်ဖို့လဲ မင်းဝင်
joinချင်လို့လား"
ကျက်သရေတုန်းတဲ့အသံ။
ဗျူဟာ သူ့လက်သီးကိုဆုပ်ထားမိပြီး
ကြားလိုက်ရတဲ့စကားတွေကသူ့ရင်
ကိုအပူမီးနဲ့လာထိုးနေသလို နေစင်ဟန်
ရှိနေတဲ့နေရာကိုသိဖို့ ထွန်းမြတ်
ဆိုတဲ့ကောင်ကို မိဖို့ ဒေါသကိုမြိုသိပ်
ထားလိုက်ရသည်။
မင်းငါနဲ့မကြာခင်တွေ့မယ်။
" ကောင်လေးက အရမ်းသစ်နေပြီး
တောင့်ဖြောင့်တော့မထိရက်မကိုင်ရက်တောင်ဖြစ်နေတယ်ကွာ"
"ငါလာခဲ့မယ် မင်းအခုဘယ်မှာလဲဆိုတာပြော "
toiletထဲကကောင်ကို လွှတ်ပေး
လိုက်ပြီး ထွန်းမြတ် နေစင်ဟန်ကို
ခေါ်သွားတဲ့နေရာကိုသူ တို့သိပြီးတာနဲ့ ချက်ချင်းလိုက်ဖို့ကျောင်းထဲကနေပြန်
ထွက်လာပြီး ဘုန်းပြည့်နဲ့သူ ကားမောင်းထွက်လာခဲ့လိုက်သည်။
မင်းတော့မထိသင့်တာကိုထိလိုက်မိတာပဲ။
ကားကိုအရှိန်တင်မောင်းနေရင်း
သူ့ခေါင်းထဲမှာ ထပ်ခါတလဲလဲ ရောက်ရှိ
နေတာကနေစင်ဟန်က ငတုံးမဟုတ် အခြေအနေနဲ့ အချိန်အခါကို သူရှောင်
တတ်မှာပဲ။ အဲဒါဆိုဘာလို့လဲ။ဘာလို့
ဒီလိုကောင်ကိုယုံစားပြီးပါသွားရတာလဲ။
သူ့မျက်လုံးထဲမှာ ပြန်မြင်ယောင်လာတဲ့ မျက်နှာ နေစင်ဟန် ပြောခဲ့ဖူးတဲ့စကား။ စေတနာကို ကျေးဇူးတင်တယ် ငါကရော အခု အဲဒီသူနဲ့ ဘာများကွာခြားနေလို့
လဲတဲ့။နေစင်ဟန်ကိုဒီလို လူနဲ့အပေါင်း
အသင်းထားရအောင်လုပ်ခဲ့မိတဲ့သူက
သူကိုယ်တိုင်ဖြစ်နေခဲ့ရင်...။
**************
ေက်ာင္းဂိတ္ဝထဲသို႔ ဗ်ဴဟာ ကား
ေမာင္းဝင္လာၿပီး ကားပါကင္အနားကို
အေကြ႕ေရာက္လာစဥ္တြင္
ဆိုင္ကယ္ထုတ္ေနသည့္ေနစင္ဟန္ကို
ကားအထဲကေန ေတြ႕လိုက္ရသည္။
အရင္တစ္ခါက သင္တန္းအေ႐ွ႕မွာ
ေတြ႕ၿပီးထဲကေနစင္ဟန္ သူ႕ကိုလုံးဝ
မဆက္သြယ္လာေတာ့ မက္ေဆ့လည္း
မပို႔လာေတာ့ပဲ ေက်ာင္းမွာလည္းမ
ေတြ႕ျဖစ္တာ တစ္ပတ္ေက်ာ္ၿပီ။
ေနစင္ဟန္ ဘာေတြလုပ္ေနလဲ။
ဆန္းဆက္နဲ႔ ဘယ္အေျခအေနထိ
ေရာက္ေနၿပီလဲ။
ဆန္းဆက္နဲ႔ music clubမွာ
တစ္ရင္းတစ္ႏွီး ႐ွိေနၿပီး ေက်ာင္းမွာအႏွစ္ႏွစ္အလလက ေဘာ္ဒါအရင္း
ေတြလို ကပ္ေနၿပီးတြဲသြားတြဲလာ
လုပ္ေနၾကတယ္ဆိုတာေတာ့
သူသိထားတယ္။ သူ႕ကိုေတာ့ အဲဒီေန႔
ထဲကလုံးဝမဆက္သြယ္ လာေတာ့တာပင္။
ကားပါကင္ တခုတည္း႐ွိတဲ့ ေက်ာင္း
ထဲမွာ တစ္ပတ္ေက်ာ္ေတာင္ မ
ေတြ႕ျဖစ္ေအာင္ေနစင္ဟန္နဲ႔သူတို႔
အတန္းရဲ႕ အခ်ိန္ဇယားက အဲဒီေလာက္ေတာင္ကြာျခားေနတာလား။ေနစင္ဟန္
ကပဲ သူ႕ကိုေ႐ွာင္ေနတာလား။
ဒီမနက္ေတာ့ ထိပ္တိုက္ေတြ႕ၿပီ။
ကားပါကင္ထိုးဖို႔ သူေနရာလြတ္ၾကည့္ၿပီး ေမာင္းလာစဥ္အတြင္းေနစင္ဟန္ရဲ႕ ဆိုင္ကယ္အေနာက္မွာ ကပ္ပါလာတဲ့
ထြန္းျမတ္ကိုပါေတြ႕လိုက္ရသည္။
ေနစင္ဟန္နဲ႔ စကားေျပာေနတာ။
ဒီေကာင္ထြန္းျမတ္ ဘာလဲ ။ ဒီေလာက္ေျပာထားတာေတာင္မွ ေနစင္ဟန္က
ေရာဘာလို႔ ထြန္းျမတ္နဲ႔ တရင္းတႏွီး
လုပ္ေနရတာလဲ။
ဆိုင္ကယ္က ထြက္ေတာ့ဖို႔ လုပ္ေနၿပီ
မလို႔ကားပါကင္မထိုးရေသးပဲ
ခပ္ျမန္ျမန္ပင္ တစ္ဖက္လမ္းေဘးမွာ
ကားရပ္အၿပီး ဆိုင္ကယ္ေပၚတက္
မလို႔လုပ္ေနတဲ့ ေနစင္ဟန္အနားကိုသူ ေျခလွမ္းက်ဲေတြနဲ႔ ေလွ်ာက္သြားရ
တာပင္။
ဆိုင္ကယ္အေ႐ွ႕မွာရပ္လိုက္တဲ့
သူ႕ကိုျမင္လိုက္တာနဲ႔ တခ်က္ၾကည့္လာေသာ္လည္း ခ်က္ခ်င္းပင္သူစိမ္းေတြ
လို မျမင္လိုက္သလိုမ်က္ႏွာလႊဲသည္။
"bro ထြန္းျမတ္ တက္ေတာ့"
"အိုေက ညီ"
ေနစင္ဟန္ရဲ႕ ဆိုင္ကယ္အေ႐ွ႕မွာသူ
ပိတ္ရပ္လိုက္မိတာပင္။
" ဘယ္သြားမလို႔လဲ"
" မင္းဘာေျပာစရာ႐ွိလို႔လဲ "
" ငါေမးေနတာ မင္းဘယ္သြားမလို႔လဲ"
"ငါအခုမအားဘူး ဗ်ဴဟာပိုင္။မင္းငါ့ကို အေထြအထူး ေျပာစရာမ႐ွိရင္ အေ႐ွ႕
ကေနဖယ္ေပးလို႔ရမလား"
"ႏွစ္ေယာက္က ရင္းႏွီးၾကတာလား"
"ဟုတ္တယ္"
"မဟုတ္ဘူး"
ၿပိဳင္တူေျဖလိုက္ေပမဲ့ေနစင္ဟန္ရဲ႕
ျငင္းဆိုတဲ့ အဆုံးသတ္ ေနစင္ဟန္ကို
သူစူးစိုက္ၾကည့္ေနမိရင္း
ေဘးက ထြန္းျမတ္ဆိုတဲ့ေကာင္ကို
လုံးဝသေဘာမေတြ႕။ ဒီလိုေကာင္မ်ိဳး
ကိုေနစင္ဟန္ နဲ႔တြဲေတြ႕ရတာ သူ႕စိတ္က
စိတ္မခ်ျဖစ္ေနမိရသလို ေနာက္
ဆံတင္း ေနသလိုပင္။
" ဘုန္းျပည့္ရဲ႕ သူငယ္ခ်င္းေလ ဘုန္း
ျပည့္နဲ႔ခင္လို႔ သိ႐ုံပဲ။ ဗ်ဴဟာပိုင္နဲ႔
ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး ရင္းႏွီးမွာလဲ"
" ေနာက္က်ေနၿပီညီ အစ္ကိုတို႔ အခု
သြားမွ မွီေတာ့မယ္"
"တက္ေလ broထြန္းျမတ္"
ထြန္းျမတ္ကသူ႕ကို ေနစင္ဟန္
အေနာက္ကေန တစ္ခ်က္ၾကည့္ၿပီး
ဆိုင္ကယ္ေပၚ တက္လိုက္သည္။
ေနစင္ဟန္ကေတာ့ ဆိုင္ကယ္ေမာင္း
ထြက္ဖို႔ အသင့္ျဖစ္ေနၿပီး သူ႕ကို အေရး
မႀကီးသလိုႏွင့္။
" မင္းဖယ္ေပးလို႔ ရၿပီလား"
" ဘယ္သြားမလို႔လဲဆိုတာ ေျပာသြား"
စိတ္မ႐ွည္သလို မ်က္ႏွာထား။
"ကိုထြန္းျမတ္က ငါ့ကိုဆိုင္ကယ္ငွား
တာ သူသြားမဲ့ေနရာလိုက္ပို႔ေပးမလို႔
မင္းအခုမဖယ္ေပးရင္ငါ့အလုပ္ပ်က္
လိမ့္မယ္"
ေနစင္ဟန္က ေက်ာင္းတက္ရင္းဒယ္လီ
ပို႔ၿပီး သူ႕ဆိုင္ကယ္နဲ႔လူရရင္တင္တာ
ေတာ့သူသိထားတယ္။ အလုပ္ကိစၥ
ဆိုေတာ့ တားလို႔မေကာင္း။
" လူပို႔ၿပီးရင္မင္းေက်ာင္းကိုျပန္လာမွာလား"
" ျပန္လာမယ္"
"ေန႔လည္ ကားပါကင္မွာဆုံျဖစ္ရင္ စကားေျပာရေအာင္ ငါေျပာစရာ႐ွိတယ္"
ဘာမွျပန္မေျပာ။ သူ႕ကိုဖယ္ေစခ်င္
တဲ့ပုံစံနဲ႔မ်က္ႏွာလႊဲသည္။
တစ္ပတ္ေက်ာ္ မျမင္ခဲ့ရသည့္ မ်က္ႏွာ
က အနည္းငယ္ေတာင္ႏြမ္းလ်ေန
သလို။သူ႕အကိုကိုေတြ႕ေပးဖို႔လာေျပာတာ လက္မခံလို႔ စိတ္ဆိုးေနတဲ့ပုံစံကလည္း။
ကေလးလား။ အဲဒီေန႔က သူစိတ္မၾကည္
လို႔နည္းနည္းလြန္သြားတယ္။
ကိုယ့္ဘာသာ တစ္ႀကိမ္တည္းနဲ႔
လက္ေလွ်ာ့တာေလ။ေနာက္တစ္ေန႔
လာထပ္ေတြ႕ပါလား။ဝိရိယကိုမ႐ွိဘူး။
သူအေ႐ွ႕ကေနဖယ္ေပးလိုက္တာနဲ႔
ေနစင္ဟန္ကထြန္းျမတ္ကို အေနာက္မွာ
တင္ၿပီး ဆိုင္ကယ္ေမာင္းထြက္သြားသည္။
သူရပ္ေနတဲ့ေနရာနဲ႔သိပ္မေဝးတဲ့
ေက်ာင္းဂိတ္ဝကေနေနစင္ဟန္ရဲ႕
ဆိုင္ကယ္ေပ်ာက္ကြယ္သြားတဲ့အထိသူ
ၾကည့္ေနမိတာပင္။ ေနာက္တစ္ခါေတြ႕ရင္
အဲ့ဒီေကာင္နဲ႔ အေပါင္းသင္းမလုပ္ဖို႔ေနစင္ဟန္ကိုအျပတ္တားမွပဲ။
-----------------
ထိုင္ခုံကို မွီထိုင္ၿပီး စားပြဲေပၚလက္တင္
ကာ ေဘာပင္ကိုေခါက္ေနတဲ့ ဗ်ဴဟာ
အေ႐ွ႕စားပြဲက ထိုင္ခုံမွာ
ဘုန္းျပည့္က အေနာက္လွည့္ၿပီး
ဝင္ထိုင္လိုက္သည္။
"ဆန္းဆက္နဲ႔ဝတ္ရည္ ေက်ာင္းမလာပဲ
ႏွစ္ေယာက္ထဲ ႐ုပ္႐ွင္သြားၾကည့္ၾက
ျပန္ၿပီတဲ့"
သူဘာမွ ျပန္မေျဖသည့္တိုင္ ဘုန္းျပည့္က ေျပာရခက္ေနသလိုဖင္တႂကြႂကြနဲ႔။
" ငါေျပာလို႔လည္းမေကာင္းဘူး။ သူငယ္ခ်င္းေတြဆိုတာ သိေပမဲ့ ဝတ္ရည္
ကို ဆန္းဆက္နဲ႔သိပ္မလႊတ္ထားနဲ႔
ေလ မင္းကကိုယ့္ေကာင္မေလးကိုယ္
လိုက္ကပ္မွေပါ့။ ဝတ္ရည္က
ဆန္းဆက္ကိုလိုတာထက္ပိုတြယ္ေနသလိုပဲ"
"လစ္လိုက္ေတာ့ ဟေရာင့္"
"ေအး ငါက မင္းတို႔ညီအကိုေတြကို
ဒီထက္ပိုၿပီး စိတ္ဝမ္းကြဲတာမ်ိဳး မျဖစ္ေစခ်င္လို႔"
သက္ျပင္းခ်လ်က္ ဘုန္းျပည့္က
အတန္းထဲကေန ျပန္ထြက္သြားသည္။
ဖုန္းကိုျပန္ထုတ္ကာ သူအခ်ိန္ၾကည့္လိုက္ေတာ့ ဆယ့္တစ္နာရီခြဲၿပီ။
ေနစင္ဟန္ သူ႕အတန္းထဲျပန္ေရာက္ေနၿပီလား။ ဒီအခ်ိန္ဆို ေရာက္ေနေလာက္
ၿပီေပါ့။သူ႕အစ္ကိုအေၾကာင္းေျပာမလို႔ဟာ ေတြ႕မယ္လို႔ေျပာထားတာေတာင္ ဖုန္း
တစ္ခ်က္မဆက္လာဘူး။ စိတ္မေျပာင္း
ခင္မင္းအခုခ်က္ခ်င္း ဖုန္းဆက္လာ
လိုက္။
သူ႕ဘက္ကအရင္
မဆက္ဘူးလို႔ ဆုံးျဖတ္ထားေပမယ့္
လည္း ခဏခဏ ထုတ္ၾကည့္ေနေတာ့
သူ႕လက္ကအလိုလို contact name
ကေနစင္ဟန္ဆိုတဲ့နာမည္ကိုႏွိပ္မိသြားသည္။ေအာ္ လက္နဲ႔ထိမိသြားတာပဲ။
မထူးေတာ့ပါဘူး။
ဖုန္းကိုနားမွာကပ္ၿပီး ဖုန္းအဝင္ ေစာင့္
ေနခ်ိန္တစ္ဖက္က "လူႀကီးမင္းေခၚဆို
ေသာတယ္လီဖုန္းမွာ စက္ပိတ္ထား
ပါသည္" ဆိုတဲ့ အသံေၾကာင့္
ဖုန္းကိုျပန္ၾကည့္မိသြားသည္။
ေနာက္တစ္ခါ ထပ္ဆက္မိေတာ့လည္း
ဒီအတိုင္းပင္။
မဟုတ္ေတာ့ဘူး။ တခုခုေတာ့လြဲေနၿပီ။
----------------------
ေန႔လည္ အတန္းခ်ိန္မတက္ေတာ့ပဲ
ဗ်ဴဟာ ကားပါကင္ကသူ႕ကားေဘးမွာ
ရပ္ၿပီး နာရီတစ္ၾကည့္ၾကည့္နဲ႔ေနစင္ဟန္
ကို ေစာင့္ေနတာေန႔လည္ခင္းအခ်ိန္ကိုပင္
ေက်ာ္သြားၿပီ။
ေနစင္ဟန္ကို အရိပ္အေယာင္ေတာင္
မေတြ႕။ ျပန္လာမယ္လို႔ ေျပာသြားတာ
ပဲ။ သူ႕အိမ္ပဲျပန္သြားတာမ်ားလား။
ေနစင္ဟန္အတန္းမွာ မ႐ွိတာေတာ့
ေသခ်ာတယ္။ ေက်ာင္းကတစ္ခုတည္း
ေသာ ကားပါကင္မွာေနစင္ဟန္ရဲ႕
ဆိုင္ကယ္အျဖဴေရာင္မ႐ွိ။
ေက်ာင္းျပန္လာၿပီးမွ အိမ္ျပန္သြား
တာမ်ားလား။
သူကေရာ ဖုန္းဆက္လို႔မရတဲ့ေနစင္
ဟန္ကို ဘာလို႔ေစာင့္ေနမိတာလဲ။ေနစင္
ဟန္ဖုန္းက အားကုန္ေနတယ္ ျဖစ္မွာေပါ့။
ငါစိတ္ေကာင္း ဝင္ေနတာကိုမင္းက
လာမေတြ႕ေတာ့လည္း မင္းထိုက္နဲ႔
မင္းကံပဲ။ ေနာက္တခါမရဘူး။
ကိုယ့္ကိုကိုယ္
အဓိပၸါယ္မ႐ွိတာေတြ လုပ္ေနမိတယ္လို႔ စဥ္းစားမိရင္း သူအိမ္ျပန္ဖို႔ကား
တံခါးကိုဖြင့္လိုက္သည္။
"ပိုင္သခင္ေလး ခဏေစာင့္"
သူလွည့္ၾကည့္လိုက္ေတာ့ ကားပါကင္
ကို အတူလာေနတဲ့ဘုန္းျပည့္နဲ႔သူ႕ရဲ႕
ေကာင္ေလး။ အမွန္တရားက သူလက္မခံခ်င္လဲ ဘုန္းျပည့္ေသာ္ေျဖာင့္ရာ မက်န္ေတာ့ဘူးဆိုတာခံရခက္စြာ မျမင္ျခင္
လည္း ျမင္ေနရၿပီ။ ဘယ္ေလာက္ထိ
ၿမဲမလဲ ေစာင့္ၾကည့္ဦးမယ္။
" သည္းေလး"
ဘုန္းျပည့္က ထုံးစံအတိုင္း သူ႕ကိုလာစသည္။
"အိမ္ျပန္ေတာ့မလို႔လား ငါလည္း ျပန္
ေတာ့မလို႔ ႐ွင္းသန္႔ကို သူ႕အိမ္ကလာႀကိဳတာ ေစာင့္ေပးလိုက္အုံးမယ္။ခဏပဲ
ေစာင့္ ၿပီးရင္အတူျပန္ရေအာင္ ငါ
ဒီေန႔ကားမပါလာဘူး"
" မေစာင့္ႏိုင္ဘူး ဟေရာင့္ လိုက္ခ်င္
ရင္အခုလိုက္ ငါသြားၿပီ "
"ေစာင့္ပါအုံးဆိုမွကြာ မင္းကလည္း
သေဘာေကာင္းရဲ႕သားနဲ႔"
႐ွင္းသန္႔သူကသူ႕ကိုတခ်က္ပဲၾကည့္
လာၿပီး တိတ္ဆိတ္သေလာက္ကိုယ့္
ေကာင္ကပဲ ျဖစ္ပ်က္ေနတာ။ဘုန္းျပည့္ေသာ္ သူ႕ကို မ်က္ႏွာေျပာင္လာတိုက္
ေနတာ။ပိတ္ထိုးခ်င္စရာ။
ဟိုဟာေလးက ကေလးလည္းမဟုတ္
အိမ္ကလာႀကိဳဖို႔ကို ေစာင့္ေပးဦးမယ္တဲ့ ဘုန္းျပည့္ေသာ္ ကဲျပသဲျပေနတာလြန္ေနၿပီ။
ဘုန္းျပည့္ကို ပညာျပကာ
ကား တံခါးဖြင့္လိုက္ၿပီး သူ ကားေပၚ
တက္ဖို႔အလုပ္။
"ေနစင္ဖုန္းက စက္ပိတ္ထားတယ္
ေရာ တေန႔လုံး ဆက္လို႔လည္းမရဘူး "
"ေနစင္ဟန္လား ဘာျဖစ္လို႔လဲ"
"မသိဘူး မနက္ကသူသြားစရာ႐ွိလို႔
အတန္းတစ္ခ်ိန္ပ်က္မယ္ ဆယ္နာရီခြဲေလာက္အတန္းျပန္လာမယ္ဆိုၿပီး ေသခ်ာေျပာသြားတာ တစ္မနက္လုံးျပန္လည္းေရာက္မလာဘူး။ အိမ္ပဲျပန္သြားတာထင္တယ္"
ဗ်ဴဟာ ၾကားလိုက္ရတဲ့ စကား
ေၾကာင့္ ကားတံခါးကိုျပန္ပိတ္လိုက္မိသည္။
"ေနစင္ဟန္ ေက်ာင္းကိုတစ္ခ်က္ေလးမွ
ျပန္မေရာက္လာဘူးလား။ အတန္း ျပန္
လာမယ္လို႔ မင္းကိုေရာ ေျပာသြားတာလား"
ေနစင္ဟန္ကိုဖုန္းဆက္ေနတဲ့
႐ွင္းသန္သူက သူ စကားလာေျပာတာကို ႐ုတ္တရက္ လန္႔ေနပုံနဲ႔။
"မနက္က ဆရာမဝင္ခင္ အတန္းထဲ
မွာေတြ႕ေတာ့ တစ္ေယာက္ေယာက္
ဖုန္းဆက္ေခၚတာနဲ႔ သူသြားစရာ႐ွိတယ္။ ေနာက္တခ်ိန္ျပန္လာမယ္လို႔
ေျပာၿပီးထြက္သြားတယ္။ ဒါေပမယ့္
ျပန္မေရာက္လာဘူး "
"သူ႕ကိုမင္း ဖုန္းဆက္လို႔ လုံးဝမရဘူးလား"
"မရဘူးစက္ပိတ္ထားတာ ဖုန္းအား
ကုန္သြားတာမ်ားလား"
"အယ္ ဘာကိစၥ႐ွိလို႔လဲဗ်ဴဟာ
ေနစင္ဟန္နဲ႔မင္းက သိလို႔လား"
႐ွင္းသန္႔သူကိုေမးေနတဲ့သူ႕ကို
ဘုန္းျပည့္က အထူးအဆန္းလိုနဲ႔။
ဘုန္းျပည့္
ကို သူဘာမွ ျပန္မေျဖႏိုင္။
ေခါင္းထဲမွာ စႏိုးစေနာင့္နဲ႔။ေနစင္ဟန္က ကေလးမဟုတ္ ဦးေႏွာက္မ႐ွိတာမဟုတ္ ။ ေက်ာင္းတက္ေနရင္း အလုပ္လုပ္ေနၿပီး
လူ အရိပ္အေျခေတာ့ၾကည့္တတ္မွာပဲ
။သူလူပို႔ၿပီးတာနဲ႔ ျပန္လာမယ္လို႔
ေျပာသြားတယ္။
စိတ္ထဲမွာ ထင့္ေနတာကေနစင္ဟန္
ဖုန္းကဘာျဖစ္လို႔ စက္ပိတ္ထားရတာလဲ။
သူကားအနားကို ျပန္ေလွ်ာက္လာေတာ့
ဘုန္းျပည့္က သူ႕အေနာက္က ကပ္လိုက္လာသည္။
" ဘာျဖစ္ေနတာလဲေဟ်ာင့္"
" အတန္းထဲက ထြန္းျမတ္ဆိုတဲ့ေကာင္ကို မင္းသိတယ္မလား ဘုန္းျပည့္"
"ေအးသိတယ္ေလ ဘာျဖစ္လို႔လဲ"
" သူ႕အေၾကာင္း ဘယ္ေလာက္သိလဲ"
"အဲ့ေကာင္က အေျပာခ်ိဳၿပီး လူေ႐ွ႕မွာ
အေျဖာင့္လိုနဲ႔ေစာ္ေတြကိုcoverသေဘာသက္သက္တြဲတာတဲ့ သူ႕ရဲ႕တစ္ကယ့္ေနာက္ကြယ္ကမ်က္ႏွာက ေဂးေတြကို သိကၡာခ်တဲ့ တဏွာ႐ူးလိုေကာင္အထူးသျဖင့္ အေတြ႕အၾကဳံမ႐ွိတဲ့
ေကာင္ေလးေတြကိုသူ႕လိုလိုင္းသြင္း
ပစ္တာ တစ္ခ်ိဳ႕ဆိုကြာ"
ဘုန္းျပည့္က ခပ္တိုးတိုးေျပာေနတာ
ကိုရပ္လိုက္ၿပီး ခပ္လွမ္းလွမ္းက ႐ွင္းသန္႔
သူကို ျပန္ၾကည့္ၿပီးမွ သူ႕အနားကပ္လာလ်က္။
"လူပ်ိဳေလးေတြ အသစ္ေလးေတြ
ကိုမွသူ႕ပစ္မွတ္လိုေ႐ြးၿပီးတမင္ၿဖိဳပစ္တာေတာင္႐ွိတယ္တဲ့ ငါလည္း သူငယ္ခ်င္း
တစ္ေယာက္ေျပာတာၾကားဖူးတာ။
ေသခ်ာဟုတ္မဟုတ္ေတာ့မသိဘူး"
ဘုန္းျပည့္ သူ႕အနားကေန ျပန္ခြာသြားသည္။
"မင္းေျပာမွပဲ သတိရတာ ေနစင္ဟန္
ကိုဒီရက္ပိုင္း ေက်ာင္းမွာအဲ့ေကာင္နဲ႔
တစ္ခါတြဲေတြ႕လိုက္မိသလိုပဲ ေနစင္ကိုငါေျပာထားမွရမယ္"
ေခါင္းထဲမွာ ဘာလုပ္ရမွန္းမသိေအာင္ အက်ပ္႐ိုက္သြားမိတာပင္။
ဆိုင္ကယ္ငွားတာ။ ထြန္းျမတ္ကိုလိုက္
ပို႔ေပးၿပီးရင္ ေက်ာင္းျပန္လာမယ္လို႔
ေသခ်ာေျပာသြားတယ္။ အဲဒါကိုဘာ
လို႔ အခုခ်ိန္ထိျပန္မလာေသးတာလဲ။
ေနစင္ဟန္က ငတုံးမဟုတ္မွန္း တခုခု
ဆို တခုခုဆို ေယာက်္ားေလးတစ္
ေယာက္ရဲ႕ အားအင္ေတြအျပည့္႐ွိမွန္း
သိတာေတာင္ သူ႕ စိုးရိမ္စိတ္က တစ္ေျဖးေျဖးတက္လာရသည္။
ကားပါကင္ အျပင္ဘက္က ပူျပင္းေန
တဲ့ ေနအပူ႐ွိန္က သူ႕ဆီကို လာၿပီး
ခပ္ျပင္းျပင္း ႐ိုက္ခတ္သြားသလိုပဲ။
"ေဟ်ာင့္ မင္းဘာျဖစ္ေနတာလဲ မဟုတ္
မွလြဲေရာေနစင္ဟန္ အဲ့ေကာင္ထြန္းျမတ္နဲ႔ပါသြားတယ္လို႔ေတာ့ မင္းငါ့ကိုမေျပာနဲ႔ေနာ္"
သူဘာမွျပန္မေျပာခ်ိန္ သေဘာ
ေပါက္သြားတဲ့
ဘုန္းျပည့္ရဲ႕ "ေသာက္ ျပႆနာပဲ"
ဆိုတဲ့စကားအဆုံး ဖုန္းကိုထုတ္ရင္း
ေနစင္ဟန္ကို ျပန္ၿပီးဆက္ေနေပမယ့္
စက္ပိတ္ထားသည္သာ။
" ေနစင္ ဘာျဖစ္လို႔လဲ"
" ဘာမွမျဖစ္ဘူး ႐ွင္း ငါတို႔ ၾကည့္လုပ္
လိုက္မယ္ စိတ္မပူနဲ႔ ဟိုမွာ အိမ္က
ကားလာႀကိဳေနၿပီ"
" အဲဒါဆို ျပန္ၿပီေနာ္ ေနစင္ဟန္နဲ႔ အဆက္အသြယ္ရင္ တခ်က္ျပန္ေျပာေပးအုံး"
႐ွင္းသန္႔သူ အိမ္ကလာႀကိဳတဲ့ကားက
ဝင္လာသည္မို႔ ဘုန္းျပည့္ကို အသံတိတ္ လက္ျပကာႏႈတ္ဆက္ၿပီး ႐ွင္းသန္႔သူက ကားထဲပါသြားသည္။
ဘုန္းျပည့္ သူ႕ေကာင္ေလးကိုေတာင္
ေသခ်ာ မၾကည့္ႏိုင္။
" ဘယ္လိုလုပ္မလဲ ဟေရာင့္ေနစင္ အဲ့ေကာင္ဆီမွာမဟုတ္ပဲတစ္ျခားမွာအႏၲရာယ္ကင္းကင္းနဲ႔႐ွိေနလား သိမွ
ရေတာ့မယ္"
" ႐ွင္းသန္႔သူက ေနစင္ဟန္ အိမ္က
သူေတြနဲ႔သိလား"
" ဘယ္လိုလုပ္သိမွာလဲ သူတို႔အဲ
ေလာက္ မရင္းႏွီးေသးဘူး။ေနစင္က ငါနဲ႔ေတာင္ပိုခင္တယ္"
"ေနစင္ဟန္ရဲ႕ သူငယ္ခ်င္း
ေက်ာင္းေျပာင္းသြားတဲ့ တစ္ေယာက္
ေလ အင္ၾကင္းလားဘာလား သူ႕နဲ႔
မင္းသိတယ္မလား။ အဲ့ေကာင္မေလးကို ဖုန္းဆက္သလိုနဲ႔ေနစင္ဟန္ကို သူ႕အိမ္
မွာ႐ွိေနလား တစ္ခ်က္လွမ္းေမးခိုင္း
ေပး။ေနစင္ဟန္ ေက်ာင္းမွာမ႐ွိတာ
သူ႕အိမ္ကသူေတြမသိေစနဲ႔"
အေလာတႀကီးနဲ႔ သူ႕ရဲ႕စကားအဆုံး
ဘုန္းျပည့္ေသာ္ မ်က္လုံးေတြျပဴး
က်ယ္သြားသည္။
"ဟာ အဲ့ေကာင္မေလးနဲ႔ငါ ျပႆနာတက္ထားတယ္ ငါ့ကို အႀကီးႀကီးတင္းသြား
လို႔ေခ်ခ်ၿပီးေက်ာင္းေတာင္ေျပာင္း
သြားတာ ငါမဆက္ရဲဘူး"
"ဘုန္းျပည့္ေသာ္"
"သိၿပီ သိၿပီ ဘာျဖစ္လို႔ ဒီေလာက္ပူ
ေနတာလဲ မင္းတို႔ဟာကလည္း ပေဟဋိ
ပဲ ေနစင္ဟန္ေျပာေတာ့လည္း မင္းနဲ႔သူ
က မခင္ဘူးတဲ့။ ငါ့မ်က္ႏွာေတာ့
ဘယ္နားမွာ သြားထားရပါ့မလဲ"
ပါးစပ္ကေျပာေနေပမဲ့ ေဘာ္ဒါစိတ္႐ွိတဲ့ ဘုန္းျပည့္ကသူ႕ ဖုန္းကိုထုတ္ကာ
ဖုန္းနံပါတ္႐ွာၿပီး ဆက္မလို႔လုပ္ေနၿပီ။
ဖုန္းအဝင္ကိုေစာင့္ရင္း
သူ႕ကို လက္သီးတစ္ဖက္ ေထာင္ျပ
ရင္းေပါ့။
"ဟယ္လို အင္ၾကင္း"
" ဘုန္းျပည့္ေသာ္ေလ ကြၽန္ေတာ့္ အသံ
ကိုမမွတ္မိေတာ့တာလား "
ေလေျပနဲ႔
introဝင္ၿပီး ဘုန္းျပည့္က သူ႕အနားကေန ထြက္သြားလ်က္ ခပ္လွမ္းလွမ္းက ကားေဘးမွာေနစင္ဟန္ သူငယ္ခ်င္းနဲ႔
စကားသြားေျပာေနတယ္။
သူစိတ္ေလာစြာ ေစာင့္ေနရင္း
တစ္ခဏအၾကာမွ ဘုန္းျပည့္ သူ႕ေဘး ခပ္သြက္သြက္ျပန္ေရာက္လာလ်က္။
"အင္ၾကင္း လွမ္းေမးေပးတာ သူ႕အိမ္ကိုလည္းျပန္မေရာက္လာေသးဘူးတဲ့ ဖုန္းကလည္း စက္ပိတ္ထားတယ္ ။သူ႕အေမ
ေနစင္ဟန္အလုပ္လုပ္တဲ့ေကာ္ဖီဆိုင္ကိုဆက္ေတာ့လည္း မေရာက္လာဘူး။
သူ႕အေမက ဖုန္းအားကုန္သြားလို႔ စက္
ပိတ္ထားတယ္ထင္တာတဲ့ အင္ၾကင္း
ပြင့္ကေနစင္ဘာျဖစ္လို႔လဲ ေက်ာင္းမွာ
မ႐ွိဘူးလားတဲ့ ငါဘယ္လိုျပန္ေျဖရမလဲ ေဟ်ာင့္ တိုင္ပတ္ၿပီ"
စိတ္ထဲထင့္ေနတာက ပိုေသခ်ာသြား
သလိုပင္။
ထြန္းျမတ္ဆိုတဲ့ေကာင္ ၿပီတီတီမ်က္ႏွာ
နဲ႔ေနစင္ဟန္ အနားကပ္ေနထဲက သူသတိထားမိလိုက္ရမွာ။ေနစင္ဟန္ တခုခုေတာ့ ျဖစ္ေနတာ ေသခ်ာသြားၿပီ။
မင္းဘာလို႔ အဲဒီေလာက္ သတိမ႐ွိရတာလဲေနစင္ဟန္ ။အဲ့ေလာက္လူအကဲခတ္ညံ့ရလား။ ငါမင္းကို ေသခ်ာေျပာျပထားရဲ႕နဲ႔။
" ေနစင္ဟန္ ေက်ာင္းမွာ႐ွိေနတယ္
အျပန္ေနာက္က်မယ္လို႔
ၾကည့္ၾကပ္ၿပီး သူ႕သူငယ္ခ်င္းကေန
သူ႕အေမကိုျပန္ေျပာခိုင္းလိုက္ သူ႕အိမ္
ကသူေတြ စိတ္မပူေစနဲ႔"
" အင္ၾကင္းကေနစင္ဟန္ ဘာျဖစ္လို႔
လဲတဲ့ ငါ့ကိုအတင္းေမးေနတယ္"
"ေလာေလာဆည္ အဲ့ေကာင္မေလးကို
ေနစင္ဟန္ အိမ္ကသူေတြကို စိတ္မပူ
ေအာင္ ငါေျပာသလို ေျပာခိုင္းလိုက္"
ဘုန္းျပည့္ မျငင္းပဲသူေျပာသလိုသာဖုန္းဆက္ၿပီးျပန္ေျပာေပးေနတုန္း ဘယ္လို
လုပ္ရမလဲ ဗ်ဴဟာ စဥ္းစားရခက္ေနသည္။
အဲ့ဒါေၾကာင့္ ဘာလို႔ေျပာစကားကို
နားမေထာင္ရတာလဲ။
ဒီအတိုင္းေနစင္ဟန္ အိမ္ျပန္ေရာက္မဲ့
အခ်ိန္ကို ေစာင့္ေနလို႔ေတာ့မရဘူး။
တစ္ေနရာရာမွာဆိုင္ကယ္ပ်က္ေနတာပဲျဖစ္ျဖစ္ ဖုန္းအားကုန္သြားတာပဲျဖစ္ျဖစ္ ေျပာမေကာင္းဆိုမေကာင္း ဟိုသူေတာင္းစားမ်ိဳးမစစ္ေကာင္ ေခၚသြား
တာခံရတာပဲျဖစ္ျဖစ္ ေနစင္ဟန္ကိုသူ
ဒီေန႔ ဘာအထိအခိုက္အပြန္းအပဲ့မွမ
႐ွိပဲနဲ႔ လူအေကာင္လိုက္ျပန္ျမင္ရ
မွျဖစ္မည္။
" အဲ့ေကာင္ ထြန္းျမတ္ ဖုန္းနံပါတ္ မင္း
ဆီမွာ႐ွိလား"
"ဘယ္လိုလုပ္ၿပီး ႐ွိမွာလဲ ဒါေပမယ့္
အတန္းထဲကငါ့သူငယ္ခ်င္းကေနတစ္
ဆင့္သူနဲ႔သိတဲ့ ေကာင္ေတြဆီမွာေတာ့ ေတာင္းေပးလို႔ရတယ္"
"အဲ့ေကာင္အေၾကာင္း ေျပာျပတဲ့မင္း
သူငယ္ခ်င္း ကိုအခုဖုန္းဆက္ၿပီး
ေမးလိုက္"
ဘုန္းျပည့္က သူ႕ကိုအထူးအဆန္းလို
ၾကည့္လာေပမဲ့ေနစင္ဟန္ကို သူလည္း စိတ္ပူေနသည္မို႔ စကားမ႐ွည္ေတာ့ပဲ
သူတို႔ ထြန္းျမတ္အေနာက္လိုက္ဖို႔ ျပင္ဆင္လိုက္ၾကသည္။
ထြန္းျမတ္ အေၾကာင္းေျပာျပတဲ့
ဘုန္းျပည့္သူငယ္ခ်င္းက သူတို႔အတန္း
ထဲကပဲျဖစ္ၿပီး ထြန္းျမတ္ရဲ႕ဖုန္းနံပါတ္
ကိုပါရခဲ့သည္။သူတို႔ဆက္ၿပီးသတင္း
ရခဲ့တာက ထြန္းျမတ္နဲ႔စ႐ိုက္တူအေပါင္းအပါ ထြန္းျမတ္အေၾကာင္း ကႀကီးက
ေနအ အထိသိတဲ့သူ။ အဲ့ဒီေကာင္
ကေတာ့ဒီေက်ာင္းက တစ္ျခားေမဂ်ာ
ကပဲျဖစ္သည္။ ဖုန္းနံပါတ္ရလိုက္
ေပမဲ့ထြန္းျမတ္ကိုတိုက္႐ိုက္ဆက္လို႔မရ။
toiletထဲကို ဘုန္းျပည့္နဲ႔သူဝင္လိုက္တာနဲ႔တစ္ၿပိဳင္နက္ toiletထဲကမွန္ခ်ပ္ကိုၾကည့္ၿပီး သီခ်င္းဆိုကာ ဖုန္းသုံးေနတဲ့ထြန္းျမတ္ အေပါင္းအပါက အေျခအေနမဟန္တာကို ခ်က္ခ်င္းတန္းသိသည္။
"ဘာလဲ မင္းတို႔ေကာင္ေတြက"
ထြက္ေျပးဖို႔လုပ္ေနတဲ့ ေကာင္ကို
ဘုန္းျပည့္က ေဘစင္မွာ ကပ္လိုက္ၿပီး အလ်င္အျမန္ပင္ လက္ႏွစ္ဖက္ကိုခ်ဳပ္
ထားလိုက္ေတာ့။
"မင္း မင္းတို႔ဘာလုပ္တာလဲ "
" ထြန္းျမတ္ဆိုတဲ့ေကာင္ အခုဘယ္မွာ
႐ွိေနလဲ"
ဘုန္းျပည့္ ခပ္မာမာေမးလိုက္သည့္
တိုင္ မထင္မဲ့ျမင္မ်က္ႏွာနဲ႔ေကာင္က ဟန္ေဆာင္ေကာင္းစြာနဲ႔ ။
"ငါနဲ႔ မသိတဲ့လူပဲ။ မင္းတို႔ေက်ာင္းထဲမွာ ေက်ာင္းသားခ်င္းခ်င္း ဒီလိုမ်ိဳး အၾကမ္းဖက္တာ တရားမဝင္ဘူး
ဆိုတာ သိရဲ႕လား"
ဒီထက္ပိုၿပီးအခ်ိန္ယူလို႔ မျဖစ္ေတာ့တာမို႔
သူေ႐ွ႕ကေကာင္ရဲ႕ အက်ႌေကာ္လံကို
ဗ်ဴဟာ ဆြဲကိုင္လိုက္မိတာပင္။
"ထြန္းျမတ္ ဘယ္မွာ႐ွိေနလဲ"
"မင္း ဗ်ဴဟာပိုင္မဟုတ္လား။အဲ့
ေကာင္ကို ငါမသိဘူးလို႔ ေျပာၿပီးၿပီေလ
ငါ့ကိုထိုးခ်င္ရင္ေတာ့ရေပမဲ့ လူသိမ်ား
တဲ့ သူေဌးသားေလးက ေက်ာင္းမွာ အႏိုင္က်င့္ အၾကမ္းဖက္တယ္လို႔
နာမည္ပ်က္ထြက္သြားရင္ ဘယ္လို
လုပ္မလဲ ဟက္ အားး"
တံေတာင္ဆစ္ကေန
သူလိမ္ခ်ိဳးထားလိုက္တဲ့လက္ေၾကာင့္
သူတို႔ေ႐ွ႕ကေကာင္က မ်က္ႏွာပ်က္စြာ
အသံတိတ္သြားသည္။
"အဲ့ေကာင္ရဲ႕ အ႐ႈပ္ေတြထဲ မင္း ျပႆနာတက္ၿပီး ဝင္မပါခ်င္ဘူးဆိုရင္ မင္းကို
ငါမဆြဲထည့္ခင္ ထြန္းျမတ္ ဆိုတဲ့ေကာင္
႐ွိေနတဲ့ေနရာကို ငါ့ကိုအခုေျပာ"
"မင္း ဗ်ဴဟာပိုင္ မင္းအေၾကာင္း
ကိုေက်ာင္းကသူေတြ အကုန္လုံး
သိေစရမယ္။ငါ့အသားကိုထိရင္ ငါကပို
ၿပီးေတာင္ ပါးစပ္မဟ အားး ေျပာ
ေျပာမယ္ ငါ့ကိုလႊတ္ အခုလႊတ္"
သူလႊတ္ေပးလိုက္ေတာ့ ညီးညဴေနတဲ့
ေကာင္က ဘုန္းျပည့္နဲ႔သူ႕ကို ခပ္မိုက္
မိုက္ၾကည့္လ်က္။
"ဘယ္ေလာက္ေပးမလဲ"
"ဘာ"
"ဘယ္ေလာက္ေပးမလဲလို႔ ငါ့ဆီကသတင္း
လိုခ်င္ရင္ ဒါေတာ့လိုတယ္"
"မင္း"
"ဘုန္းျပည့္"
သူ တားျမစ္လိုက္မွသူတို႔အေ႐ွ႕က
ေကာင္ရဲ႕ မ်က္ႏွာေပၚက်ေတာ့မဲ့လက္သီး
ကို ဘုန္းျပည့္ကအံႀကိတ္ၿပီးျပန္ထိန္း
လိုက္သည္။
"အခ်ိန္မ႐ွိလို႔ ဘယ္ေလာက္ေပးရ
မလဲေျပာ "
သူ႕ေ႐ွ႕ကေကာင္က မ်က္လုံးေတြ
အေရာင္ေတာက္သြားၿပီး စိတ္ဝင္စားသြား
သလိုျပဳံးသည္။
" ထြန္းျမတ္ ဘယ္သူနဲ႔သြား႐ႈပ္ျပန္ၿပီလဲ ၾကည့္ရတာမင္းတို႔နဲ႔အသိထင္တယ္။ ဒီအခ်ိန္မွဆိုရင္ မွီပါ့ဦးမလား အဲ့ေကာင္က ေဆးစြမ္းတယ္ အစထဲက ကိုယ့္လူကိုယ္ထိန္းထားမွေပါ့ "
"မင္းတို႔ေကာင္ေတြ"
"ဘုန္းျပည့္ ရပ္လိုက္"
ေဒါသထြက္ေနတဲ့ ဘုန္းျပည့္ကိုသူထပ္
တားလိုက္ရသည္။
"အခုတစ္ေလာ သူ ေကာင္ေလး
တေယာက္ကိုခ်ိန္ေနတာေတာ့သိတယ္။
ဒါေပမယ့္ငါ ဒီကိစၥထဲ လုံးဝမပါဘူးေနာ္။
သူအခု ဘယ္မွာ႐ွိေနလဲဆိုတာ အတိ
အက်ကေတာ့ဖုန္းဆက္ေမးမွရမယ္"
"အခုဆက္လိုက္ speakerဖြင့္ထား"
ဘုန္းျပည့္ ကမ္းေပးလိုက္တဲ့ဖုန္းကို
အဲဒီေကာင္ကယူၿပီး ဆက္မလိုလုပ္ၿပီးမွ ဗ်ဴဟာကို ျပန္ၾကည့္လာလ်က္။
"အေလာႀကီးေနတဲ့ပုံပဲ ငါကတိက်မွ
ႀကိဳက္တတ္တဲ့သူဆိုေတာ့ စိတ္ေတာ့
မ႐ွိပါနဲ႔ ။ဒီအတိုင္း ေျပာျပမလို႔ေပမယ့္
အဲ့ဒီဘက္က ေပးမယ့္စကားေျပာထား
ေတာ့ အားနာနာနဲ႔ပဲ"
"မင္းလိုသေလာက္ ေပးမယ္ စကား
မ႐ွည္ေနပဲ အခုခ်က္ခ်င္းဆက္"
"ႀကိဳက္ၿပီ ကိုယ့္လူ ဒါမ်ိဳးမွႀကိဳက္တာ "
ဗ်ဴဟာ ပုခုံးကို အဲ့ေကာင္ကတစ္ခ်က္
လွမ္းပုတ္လိုက္လ်က္ သေဘာက်စြာနဲ႔
သူ႕ဖုန္းထဲကထြန္းျမတ္ဆိုတဲ့contact
ကိုႏွိပ္လိုက္သည္။ဖုန္းက ဝင္ၿပီးသိပ္
မၾကာခင္မွာပဲတစ္ဖက္က ဖုန္းကိုင္လိုက္သည္။
"ထြန္းျမတ္"
" အခ်ိန္ကိုက္ဖုန္းဆက္တာပဲဟေရာင္"
"မင္းအခုဘယ္မွာလဲ"
" အသစ္စက္စက္ေလးနဲ႔ အတူ႐ွိ
ေနတယ္ကြာဘာလုပ္ဖို႔လဲ မင္းဝင္
joinခ်င္လို႔လား"
က်က္သေရတုန္းတဲ့အသံ။
ဗ်ဴဟာ သူ႕လက္သီးကိုဆုပ္ထားမိၿပီး
ၾကားလိုက္ရတဲ့စကားေတြကသူ႕ရင္
ကိုအပူမီးနဲ႔လာထိုးေနသလို ေနစင္ဟန္
႐ွိေနတဲ့ေနရာကိုသိဖို႔ ထြန္းျမတ္
ဆိုတဲ့ေကာင္ကို မိဖို႔ ေဒါသကိုၿမိဳသိပ္
ထားလိုက္ရသည္။
မင္းငါနဲ႔မၾကာခင္ေတြ႕မယ္။
" ေကာင္ေလးက အရမ္းသစ္ေနၿပီး
ေတာင့္ေျဖာင့္ေတာ့မထိရက္မကိုင္ရက္ေတာင္ျဖစ္ေနတယ္ကြာ"
"ငါလာခဲ့မယ္ မင္းအခုဘယ္မွာလဲဆိုတာေျပာ "
toiletထဲကေကာင္ကို လႊတ္ေပး
လိုက္ၿပီး ထြန္းျမတ္ ေနစင္ဟန္ကို
ေခၚသြားတဲ့ေနရာကိုသူ တို႔သိၿပီးတာနဲ႔ ခ်က္ခ်င္းလိုက္ဖို႔ေက်ာင္းထဲကေနျပန္
ထြက္လာၿပီး ဘုန္းျပည့္နဲ႔သူ ကားေမာင္းထြက္လာခဲ့လိုက္သည္။
မင္းေတာ့မထိသင့္တာကိုထိလိုက္မိတာပဲ။
ကားကိုအ႐ွိန္တင္ေမာင္းေနရင္း
သူ႕ေခါင္းထဲမွာ ထပ္ခါတလဲလဲ ေရာက္႐ွိ
ေနတာကေနစင္ဟန္က ငတုံးမဟုတ္ အေျခအေနနဲ႔ အခ်ိန္အခါကို သူေ႐ွာင္
တတ္မွာပဲ။ အဲဒါဆိုဘာလို႔လဲ။ဘာလို႔
ဒီလိုေကာင္ကိုယုံစားၿပီးပါသြားရတာလဲ။
သူ႕မ်က္လုံးထဲမွာ ျပန္ျမင္ေယာင္လာတဲ့ မ်က္ႏွာ ေနစင္ဟန္ ေျပာခဲ့ဖူးတဲ့စကား။ ေစတနာကို ေက်းဇူးတင္တယ္ ငါကေရာ အခု အဲဒီသူနဲ႔ ဘာမ်ားကြာျခားေနလို႔
လဲတဲ့။ေနစင္ဟန္ကိုဒီလိုလူနဲ႔ အေပါင္းအသင္းထားရေအာင္
လုပ္ခဲ့မိတဲ့သူကသူကိုယ္တိုင္ျဖစ္ေနခဲ့ရင္...။
**************