ဂရုမှာအပိုင်း၅၀ကျော်သွားပြီနော် ပေပီတို့ရေ။ဂရုဝင်ချင်ရင် စာပို့လိုက်ကြပါရှင့်။
Ch-22 ရှင်ကလူမှဟုတ်ရဲ့လား
စုယန်သည်သူ၏မျက်နှာ၌မည်သည့်အမူအယာမှရှိမနေပဲ မိမိအားဒရိုင်ဘာခုံမှဘေးခုံသို့တွန်းထုတ်လိုက်သည်။သူသည်တိတ်ဆိတ်နေပြီး လေထုထဲကိုသာငေးကြည့်နေပြီး သူသည်တောင့်တောင့်ကြီးကားမောင်းနေသည်။
"ဟေး ရှင်ဘာဖြစ်နေတာလဲ။ကျွန်မကိုမခြောက်ပါနဲ့"
ပုံမှန်အားဖြင့် မိမိသည်စုယန်မှာအနည်းငယ်ထူးဆန်းသည်ဟုသတ်မှတ်ထားပြီးဖြစ်သည်။သို့သော်ယခုတွင်တော့ သူသည်ပိုစိမ်းသက်နေပုံပေါ်နေသည်။
သူကစိတ္တဇလူသတ်ကောင်ပြောလိုက်တဲ့ တိတ်တိတ်ပုန်းကိုးကွယ်သူတွေထဲကတစ်ယောက်တော့ မဟုတ်လောက်ဘူးမလား။သူကဦးနှောက်ဆေးခံလိုက်ရပြီး နတ်ဆိုးလိုအတွေးအချို့ရှိနေနိုင်မလားပဲ။
သူကားမောင်းတာကအရမ်းအန္တရာယ်များလွန်းမနေဘူးလား။ငါတော့အခုအန္တရာယ်တွင်းထဲရောက်နေပြီပေါ့လေ။ဤအေကြာင်းအားတွေးကြည့်မိလိုက်သောအခါ မိမိသည်အနည်းငယ်မျှစတင်ထိတ်လန့်လာကာ အိမ်မရောက်ခင်အထိလိမ္မာပါးနပ်စွာငြိမ်ငြိမ်လေးနေ နေလိုက်သည်။
စုယန်သည်သူ့ခြေထောက်တွင်လေတိုက်နေသလိုဖြစ်နေသည်။သူသည်မိမိအားမစောင့်ပဲဓာတ်လှေကားဆီပြေးသွားလိုက်သည်။ရလဒ်အနေဖြင့် မိမိသည်နောက်တစ်ကြိမ်ဆင်းလာမည်ကိုစောင့်လိုက်ရတော့သည်။မိမိတိုက်ခန်းတွင်းဝင်လိုက်ချိန်တွင်တော့ တင်းတင်းကြပ်ကြပ်ပိတ်ထားသည့် တံခါးမှလွှဲ၍ သူ့အားမမြင်ရတော့ပေ။
မိမိသည်ဧည့်သည်တွင်းတွင် ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေပြီး အချိန်ခဏအကြာတွင်တော့ စိတ်ထဲမှနေထိတ်လန့်လာတော့သည်။နောက်ဆုံးမှာတော့ မိမိသည်သူဘာလုပ်နေသည်ကိုကြားရရန်တံခါးဆီမျက်နှာကပ်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
မိမိသည်ကြောင်တစ်ကောင်လိုခန္ဓာကိုယ်အားကုန်းလိုက်ကာ ကြမ်းပြင်ပေါ်မိမိလက်များအား ခပ်ဖွဖွဖိလိုက်သည်။မိမိ၏နားအားကပ်လိုက်ပြီး အခန်းထဲရှိလှုပ်ရှားမှုကိုကြားရရန် အာရုံစူးစိုက်ထားလိုက်သည်။အဲ့ဒါဘာပါလိမ့်။အထဲတွင်ဆူညံသံတစ်ခုထွက်ပေါ်နေသည်။ထိုသည်မှာလူတစ်ယောက်မှ ကီးဘုတ်ရိုက်နေသလိုအသံမျိုးဖြစ်သည်။
မိမိမှာထိုအကြောင်းအားတွေးလေလေ စိုးရိမ်လာလေလေဖြစ်လာတော့သည်။မိမိသည်ရှန်ရှောက်ချင်ထံဖုန်းခေါ်ဖို့ဆုံးဖြတ်လိုက်တော့သည်။
"အိုး!မင်းအသက်ရှင်ေနသေးတယ်ပေါ့လေ"
ထိုသည်မှာရှန်ရှောက်ချင်၏ပထမဆုံးစကားကြောင်းဖြစ်သည်။မိမိသည်ပျော်ရွှင်ရမည်လော စိတ်ပျက်ရမည်လောကိုပင် မသေချာတော့ပေ။
"မင်းခန္ဓာကိုယ်ရောဘယ်လိုေနလဲ"
မိမိသည်စနောက်ရန်ခံစားချက်ရှိမနေ၍ ထောင့်တစ်နေရာ၌ယာယီပုန်းလိုက်ကာ တီးတိုးပြောလိုက်သည်။
"ကျွန်မစုယန်ကိုစိတ္တဇလူသတ်သမားနဲ့တွေ့ရအောင် ခေါ်သွားခဲ့တာ။ဒါပေမယ့်အခုသူကတစ်ကယ်ကိုထူးဆန်းနေသလိုပြုမူနေတာလေ။အိမ်အပြန်လမ်းမှာလည်း သူကစကားတစ်ခွန်းမှကိုမပြောဘူး။အိမ်ပြန်ရောက်တော့လည်း သူ့ကိုယ်သူအခန်းထဲလော့ခ်ချထားပြန်ရော။သူအဆင်ပြေေလာက်မှာပါ ဟုတ်တယ်မလား"
ရှန်ရှောက်ချင်သည် တဟားဟားရယ်တော့သည်။ဆန့်ကျင်ဘက်ပင် မိမိစိုးရိမ်မှုများအကြောင်းမှာသူ့အတွက်တော့စိတ်အေးလက်အေးရှိနေပုံရသည်။
"စိတ်မပူပါနဲ့။သူကအဲ့လိုပဲ။သူ့ကိုတစ်ယောက်တည်းထားလိုက်ပါ။မင်းရဲ့နေ့ရက်တွေမှာသူက မတည်ရှိသလို နေထိုင်မနေသလိုသာလှည့်စားနေလိုက်။အချိန်ပြည့်ရင် သူ့ဘာသာထွက်လာလိမ့်မယ်။ဒါပေမယ့် မင်းချောကလက်နည်းနည်းဝယ်ပြီးရေခဲသေတ္တာထဲထည့်ထားလိုက် ...ဒါမှမဟုတ် သကြားဓာတ်ပြန်ဖြည့်ပေးနိုင်မယ့် ချိုတာမျိုးတစ်ခုခုပေါ့"
"ကောင်းကောင်းကြီးလုံလောက်တယ်ဆိုတာ သေချာတယ်နော်"
ရှန်ရှောက်ချင်၏အကြံပြုချက်အားကြားပြီးသည်နှင့် မိမိသည်ဇဝေဇဝါဖြစ်သွားရသည်။သို့သော်ထိုသည်မှာသူ၏သူငယ်ချင်းကောင်းလေးမှပြောသည်ဖြစ်တဲ့အတွက် မိမိလည်းလိုက်လုပ်ရပေလိမ့်မည်။
"ကိုယ်ကအကောင်းပြောနေတာပါ။စိတ်မပူပါနဲ့။စကားမစပ် ကိုယ်မင်းရဲ့တိုက်ခန်းအကြောင်းမနေ့ကမေးခဲ့သေးတယ်။သုံးရက်အတွင်း ဒါမှမဟုတ်ရင် အကျော်လောက်မှာပြီးလိမ့်မယ်လို့သူတို့ကပြောတယ်။မင်းစုယန်နဲ့နေဖို့ကြိုးစားခဲ့ရမှာပဲ ဟုတ်တယ်မလား။မင်းမကြာခင်လွတ်ေမြာက်တော့မှာပါ။နည်းနည်းကြာကြာလေးသာသည်းခံနေလိုက်ရုံပဲနော်!ချီးယားစ်!"
ထို့နောက်ရှန်ရှောက်ချင်သည် ခပ်သုတ်သုတ်ဖုန်းချသွားပြီး မိမိမှာတော့ ဖရိုဖရဲအခြေအနေဖြင့်သာကျန်ရစ်ခဲ့တော့သည်။
ငါ့တိုက်ခန်းကသုံးရက်အတွင်းပြီးတော့မှာတဲ့လား။
ဤသည်မှာသတင်းကောင်းဟုသတ်မှတ်နိုင်သော်ငြား မိမိမှာထိုအတွက်အဘယ်ကြောင့်ပျော်ရွှင်မနေရသနည်း။ဒါပေါ့။အဲ့ဒါက ဒီတိုက်ခန်းကြီးနဲ့မခွဲနိုင်လို့ပဲဖြစ်ရမယ်။
မိမိသည်စုယန်၏ပိတ်ထားသောတံခါးအားကြည့်လိုက်သည်။အဲ့ဒါကအကြောင်းရင်းဖြစ်ရမယ်...
ထို့ကြောင့်မိမိသည်ရှန်ရှောက်ချင်၏စကားအားနားထောင်ကာ မိမိဘာသာမိမိနေလိုက်သည်။မိမိသည်စုယန်မှာတည်ရှိမနေသလိုပြုမူနေလိုက်သည်။
တစ်ခါတစ်ရံတွင်တော့ မိမိသည်စပ်စုတတ်ပြီး သူ့အခန်းရှိရာဆီမျှော်ကြည့်နေလိုက်သည်။အသေအချာပင် မိမိသည်သူမသေသွားဖို့ရာကိုသာဆုတောင်းနေရတော့သည်။
နောက်ဆုံးနှစ်ရက်အကြာတွင်တော့ စုယန်သည်သူ့အခန်းထဲမှထွက်လာတော့သည်။
ထိုအချိန်တွင် မိမိသည်ပေါင်မုန့်စားရင်း ဝဘ်တွင်အလုပ်တစ်ခုရှာနေတုန်းဖြစ်သည်။မိမိသည်စုယန်မှာ အင်တာဗျူးသည့်နေ့မှသူဝတ်ခဲ့သောအင်္ကျီသာဝတ်ဆင်ထားတုန်းဖြစ်သည်ကိုသတိပြုမိလိုက်သည်။
သူထွက်လာချိန်တွင် သူ့ဆံပင်များမှာရှုပ်ပွနေပြီး သူ့မျက်နှာသည်လည်းညစ်ပတ်နေလေသည်။
"ရှင်!ရှင်!ရှင်!"
မိမိတို့၏နီးကပ်နေသောအကွာအဝေးကြောင့် ပြင်းထန်လှသည့်ချဉ်စော်နံ့ကိုရနေရသည်။ထိုသည်မှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။မိမိသည်နှာခေါင်းပိတ်ကာ နောက်ဆုတ်လိုက်သည်။
"Sh...Sh..."
စုယန်သည်သူ့ခေါင်းအားခါယမ်းနေကာ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ေနပုံရပြီး သူ့ဘာသာရေရွတ်နေခဲ့သည်။
"ရှင်ဘာပြောချင်နေတာလဲ"
မိမိသည်မျက်မှောင်ကြုတ်လိုက်မိသည်။မိမိသည်စုယန်၏ ပုံမှန်မဟုတ်သည့်ဗားရှင်းနှင့်မျက်နှာချင်းဆိုင်နေရချိန်တွင် မိမိ၏နိုးကြားမှုအားသင်ခန်းစာပို့ချရန်မဝံ့ရဲခဲ့ပေ။
"Shui..."(ရေကိုခေါ်ဆိုသည့်မန်ဒရင်းအသုံး)
စုယန်သည်သူ၏အသံအားမြှင့်လိုက်ကာ ဆက်တိုက်ထပ်ပြောနေတော့သည်။ဤအချိန်တွင်တော့ မိမိသည်သူပြောသည်အားရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
မိမိသည်ရေခဲသေတ္တာဆီပြေးသွားကာ ရေတစ်ဘူးအားဆွဲယူ၍သူ့ထံပစ်ပေးလိုက်သည်။
ထူးထူးဆန်းဆန်းပင် စုယန်သည်ရေဘူးအားမဖမ်းခဲ့ပေ။ထိုအစားရေဘူးသည်သူ့ကိုယ်လုံးအားတိုက်ရိုက်ထိမှန်သွားသည်။စုယန်သည်တော့မလှုပ်မယှက်ရှိနေသည်။
မိမိသည်ပါးစပ်အားလက်ဖြင့်ပိတ်လိုက်မိပြီး ဘာလုပ်ရမှန်းမသိတော့ပေ။
သေသေချာချာ မိမိတွေးလိုက်ရင်း
"ဝိုး။အဆိပ်ပြင်းတဲ့လျှာက ငါပစ်တဲ့ရေဘူးနဲ့ပစ်ခံလိုက်ရတဲ့စုယန်ကိုအနိုင်ကျင့်လိုက်တာပဲ"
မိမိသည်စုယန်ဆီအလျင်စလိုပြေးသွားကာ ထိန်းပေးထားလိုက်သည်။သူ့တစ်ကိုယ်လုံးသည်နွမ်းနယ်နေပြီးမိမိပွေ့ဖက်မှုတွင်းသက်ဆင်းလာသည်။မိမိသည်သူ့မျက်လုံးများမှာအာရုံစူးစိုက်မှုရှိမနေကြောင်းကိုပြောနိုင်၍ သူ့ပါးကိုဖွဖွလေးရိုက်လိုက်သည်။
"ဟေး။ရှင်အဆင်ပြေရဲ့လား"
"ရေ..."
သူသည်အရေးကြီးသောအခြေအနေကိုရောက်နေပြီးဖြစ်ေသာ်ငြား ခုထိရေပေးရန်တောင်းဆိုနေဆဲပင်။မိမိသည်အဖုံးအားလှည့်ဖွင့်လိုက်ပြီး ရေဘူးကိုသူ့နှုတ်ခမ်းဆီတင်ပေးလိုက်သည်။
မိမိအကူအညီနှင့်အတူ စုယန်သည်ရေတစ်ဘူးလုံးသောက်လိုက်သည်။
ရေသောက်ပြီးသည်နှင့် စုယန်သည်မထလာသေးပေ။သူသည်တူညီသောအနေအထားတိုင်းရှိနေပြီး သူ့မျက်လုံးများသည်အသက်မဲ့နေကာအဝေးတစ်နေရာဆီငေးကြည့်နေသည်။
"ရှင်ဘာကြည့်နေတာလဲ"
မိမိသည်သူ့အကြည့်အတိုင်းလိုက်ကြည့်လိုက်သော်ငြား စိတ်ဝင်စားစရာဘာတစ်ခုမှမတွေ့ရပေ။
"ငါ..စား..ချင်...တယ်"
အချိန်အတော်အကြာတွင်တော့ စုယန်သည် ဝါကျတကြောင်းအားရုတ်ချည်းပြောလိုက်သည်။
အမှန်ပဲ။သူကဒီနှစ်ရက်လုံးဘာမှမစားရသေးဘူးလေ။သူဒီလိုပြုမူနေတာမထူးဆန်းပါဘူး။
"ကောင်းပြီလေ။ကျွန်မကိုဒီမှာစောင့်နေ။ရှင်အခုစားလို့ရအောင်ကျွန်မတစ်ခုခုလုပ်ပေးမယ်"
မိမိသည်အားနည်းေနေသာစုယန်အား ကြမ်းပြင်ပေါ်လှဲပေးထားလိုက်သည်။ထို့နောက် မိမိသည်ရေခဲသေတ္တာဆီပြေးကာ သူ၏သကြားဓာတ်အားဖြည့်ပေးရန် ရှန်ရှောက်ချင်မှဝယ်ထားရန်ပြောထားသည့်ချောကလက်နှင့်ချိုချဉ်များအားရှာလိုက်ကာ သူ့အားအနည်းငယ်ပေးလိုက်သည်။နောက်တော့ မိမိသည်အသင့်စားခေါက်ဆွဲနှစ်ထုတ်နှင့် ကြက်ဥများအားစုယန်အတွက်ရိုးရိုးရှင်းရှင်းချက်ပေးလိုက်သည်။
အသင့်စားခေါက်ဆွဲရနံ့မှာ တစ်ခန်းလုံးပြည့်နှက်သွားကာ စုယန်သည်ချောကလက်အားကိုက်စားနေရင်း ကြမ်းပြင်ပေါ်တွင်စတင်လှုပ်ရွလာတော့သည်။ထိုသည်မှာသူအသက်ပြန်ဝင်လာခြင်းဖြစ်သော်ငြား သူသည်ထဖို့ရန်တော့အားမရှိသေးပေ။
ထို့ကြောင့် 160cm+ရှိသည့် လူလေးမိမိမှာ 180cm+လူကြီးအား ထမင်းစားစားပွဲဆီအစာစားရန် မ လာခဲ့ရတော့သည်။စိတ်ကူးယဉ်ရတာက သိပ်ရယ်ရတာပဲ။စုယန်သည်သူ၏ခေါက်ဆွဲအား အငမ်းမရစားသောက်နေစဉ် မိမိမှာမနေနိုင်ဘဲသိချင်စိတ်ကိုထုတ်မေးလိုက်သည်။
"ရှင်ဒီနှစ်ရက်အတွင်းဘာတွေလုပ်နေတာလဲ"
"ဝတ္တုတစ်ပုဒ်ရေးနေတာ"
စုယန်သည်သူ့ခေါက်ဆွဲအားဆက်စားနေရင်း ခေါင်းမော့မလာဘဲပြန်ဖြေလာသည်။
"ဝတ္တုတစ်ပုဒ်ရေးတာက ရှင့်ကိုနှစ်ရက်ကြာအောင်မစားမသောက်နိုင်ဖြစ်စေတယ်လို့တော့ မဆိုလိုဘူးမလား။ရှင်ဘယ်လိုစားနေလဲဆိုတာပေါ်မူတည်ရရင် ကျွန်မတော့ရှင်ကနွားတစ်ကောင်လုံးကိုတောင် မျိုချနိုင်နေသလိုပဲနော်"
"လှုံဆော်မှုဆိုတာက မင်းချက်ချင်းဖမ်းဆုပ်ထားသင့်တဲ့တစ်စုံတစ်ခုပဲ"
စုယန်သည်ရုတ်တရက်ခေါင်းမော့လာကာ မိမိအားစူးစိုက်ကြည့်လာသည်။သူကဆက်၍
"တစ်ခါကဆို စာတစ်ကြောင်းရေးဖို့ငါးရက်လောက်မအိပ်ခဲ့ဘူး။ဒီတစ်ကြိမ်ကပေါ့ပေါ့ပါးပါးဖြစ်တယ်လို့ယူဆနိုင်တယ်"
သူ့လေသံသည် သူ၏စကားလုံးများအားနှိမ့်ချနေသည်။
"ငါးရက်တောင်!ရှင်ဘယ်လိုအသက်ရှင်ခဲ့တာလဲ။သန့်စင်တဲ့စိတ်စွမ်းအင်လား။ရှင်လူမှဟုတ်ရဲ့လား"
"ရှန်ရှောက်ချင်ကငါ့ကိုအာဟာရရည်ထိုးပေးဖို့ ဆရာဝန်တစ်ယောက်ရှာခဲ့တယ်လေ"
မိမိမျက်လုံးများမှာထွက်ကျလုမတတ်ဖြစ်သွားသည်။မိမိသည်မိမိ၏ထိတ်လန့်မှုကိုမဖုံးကွယ်နိုင်တော့ပေ။ရုတ်ချည်းဆိုသလိုမိမိသည်စုယန်၏တည်ရှိမှုအား နတ်ဘုရားတစ်ပါးဟုခံစားလိုက်ရသည်။အဲ့ဒီတုန်းကသူဘယ်လိုဘဝမျိုးမှာနေခဲ့တာလဲ။သူသည်မိမိ၏သိချင်စိတ်အားလုံးလုံးနှိုးဆွလာသည်။
"ရှင်ကနာမည်ကြီးစာရေးဆရာတစ်ေယာက်ဆို။ဘယ်လိုဝတ္တုမျိုးတွေရှင်ရေးတာလဲ"
"အခုအလုပ်ရှာတွေ့ပြီလား"
စုယန်သည်မိမိ၏မေးခွန်းအားမဖြေခဲ့ပေ။ထိုအစားသူသည်အခြားတစ်ခုအားမေးလာသည်။
"ပြောမနေနဲ့တော့။ကျွန်မအဲ့ဒါကိုစဉ်းစားလိုက်တိုင်း အရမ်းစိတ်ပျက်ရလွန်းလို့..."
တစ်ခဏအတွင်းမှာပင် မိမိ၏ခံစားချက်မှာနေသာနေရာမှ တိမ်ထူသွားတော့သည်။
"ကျွန်မလိုသာမန်ကျောင်းဆင်း၊သာမန်ဘွဲ့ရထားတဲ့သာမန်လူတစ်ယောက်အနေနဲ့ အခုလိုကြောက်စရာကောင်းတဲ့စီးပွားရေးလောကကြီးထဲမှာ အလုပ်တစ်ခုကိုရှာတွေ့ရဖို့လောက်က မရိုးရှင်းဘူးရှင့်။အခုပြန်စဉ်းစားကြည့်ရင် ကျွန်မရဲ့အရင်အလုပ်ပြုတ်ခဲ့ရတာ သိပ်မှားတယ်လို့ခံစားနေရတယ်"
"မင်းအရင်အလုပ်ကေနဘယ်လိုပြုတ်လာတာလဲ"
"အင်း...ကျွန်မကသန့်စင်ခန်းကေပြးထွက်လာတဲ့အချိန် ခန်းမဘက်ကလာတဲ့သူဌေးရဲ့အမေကိုမတော်တဆဝင်တိုက်မိသွားတာလေ....ကြီးကျယ်လွန်းတာတော့မဟုတ်ပါဘူး..."
မိမိသည်တိုးတိုးတိတ်တိတ်ပြောလိုက်သည်။
စုယန်သည်သူ၏ခေါက်ဆွဲများထွက်ကျလုမတတ်ရယ်တော့သည်။
"မင်းအလုပ်ကနေပြုတ်ခဲ့တာမှားတယ်လို့တော့ ငါမထင်ဘူး။ထင်တဲ့အတိုင်း မင်းကရွှေငါးတစ်ကောင်ပဲလေ"
မိမိသည်စုယန်အား ဝမ်းပန်းတနည်းစိုက်ကြည့်လိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ"
စုယန်သည်ပုခုံးတွန့်လိုက်ကာ
"ငါပြောချင်တာက ငါ့ကိုခေါက်ဆွဲနောက်တစ်ထုတ်ပြုတ်ပေးဦးလို့"
"ရှင်အခုအားပြန်ပြည့်လာပြီပဲကို။ကိုယ့်ဘာသာပြုတ်တော့"
မိမိသည်ထမင်းစားပွဲမှထကာ ဧည့်ခန်းဆီသွားပြီး ဆိုဖာခုံရှည်ပေါ်ထိုင်လိုက်သည်။မိမိသည်လမ်းမများပေါ်တွင် သောင်တင်တော့မည့် မိမိ၏သနားစရာအနာဂတ်အား ကူရှင်ကိုဖက်ရင်းပုံဖော်နေလိုက်သည်။
စုယန်လည်းထွက်လာသည်။သူသည်ခေါက်ဆွဲပြုတ်မစားတော့ပုံရသည်။လက်ရှိတွင်သူသည်မိမိကျန်ခဲ့သည့်ပေါင်မုန့်အားကိုင်ထားလေသည်။
"အဲ့ဒါဘယ်လို့အမူအယာကြီးလဲ။မင်းမှာသာအဲ့လိုသောကရောက်နေတဲ့မျက်နှာရှိနေရင် ဘယ်သူကလိုချင်ဦးမှာလဲ"
"ရှင်ကဘာလို့ မျက်မှောက်ခေတ်အမျိုးသမီးမျှခြေရဲ့ဝမ်းနည်းစရာတွေကိုနားလည်ဖို့မကြိုးစားရတာလဲ။ကျွန်မတို့ဘယ်လောက်ဆိုးရွားနေလဲဆိုတာ ရှင်သိလား။ကျွန်မတို့သာ အသက်အရွယ်တူနေရင် သူတို့ရဲ့မြင့်မားတဲ့ပညာရေးကိုမယှဉ်နိုင်ဘူး။ကျွန်မတို့သာသူတို့နဲ့ပညာရေးအဆင့်တူနေရင် သူတို့ရဲ့ငယ်ရွယ်မှုကိုမယှဉ်နိုင်ဘူး...."
ဤအချက်တွင် မိမိမှာ သက်ပြင်းကိုလေးလံစွာထပ်ချလိုက်မိသည်။
"အိုး။ဒါဆိုမင်းက အသုံးမကျတာပေါ့"
စုယန်သည်မိမိပေါင်မုန့်အား ဝါးနေရင်းမိမိထံငုံ့ကြည့်လာသည်။
မိမိသည်မျက်လုံးများအားလှည့်လိုက်ကာ နှုတ်ခမ်းစူလိုက်ပြီးစုယန်အားကြည့်လိုက်သည်။
"အသုံးမကျဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ"
"အစကတော့ ငါထင်တာမင်းအိမ်မှာနေတာက မကြာခဏဒုက္ခရောက်တတ်လို့ လို့ထင်နေတာလေ။မမျှော်လင့်ပဲ အဓိကပြဿနာကမင်းရဲ့စွမ်းဆောင်ရည်ဖြစ်နေတာပဲ"
စုယန်သည်အကဲဖြတ်ဒိုင်အဖွဲ့ဝင်တစ်ဦးလို မိမိအားအကဲဖြတ်ရင်းစိုးရိမ်နေသောအမူအယာရှိနေသည်။
မိမိမှာပိုတိုး၍စိတ်အနှောင့်အယှက်ဖြစ်လာတော့သည်။
"ဒါပေါ့။ကျွန်မကဘာတစ်ခုမှကောင်းတာမရှိဘူးလေ။ပြီးတော့ ဒုက္ခကိုလည်းလွယ်လွယ်နဲ့နှိုးဆွနိုင်သေးတယ်။ကျွန်မကသရဲတွေကိုလည်း ဆွဲဆောင်နိုင်သေးတယ်နော်။ကြည့်လိုက်။ရှင့်နောက်မှာသရဲတစ်ကောင်ရှိနေတယ်"
တွန်သည်စုယန်နားတွင် သိမ်သိမ်မွေ့မွေ့လေးလျှောက်နေသည်။အဲ့ဒါဟာသအစစ်ပဲလေ။ငါသူ့ကိုခြောက်ပစ်ချင်တယ်။