Zawgyi
အပိုင္း (၁၈၃၉) – သူမ၏ အစီအစဥ္
တယြိမင္းသား လဲက်သြားခ်ိန္တြင္ အားလုံး ပ်ာယာခတ္သြားၾကသည္။
"မင္းသား မင္းသား ဘာျဖစ္တာလဲ"
"ဒဏ္ရာေဟာင္း ျပန္ေပၚလာတာလား"
"သမားေတာ္ ဘယ္မွာလဲ သမားေတာ္ရွာၿပီးၾကည့္ခိုင္းလိုက္"
ပြဲေတာ္တစ္ခုလုံးသည္ ေပါက္ကြဲမတတ္ပုံျဖစ္ေနသည္။ တယြိမင္းသား ကို မင္းသားမ်ားအားလုံးဝိုင္းလာၾကသည္။
"သမားေတာ္ေရာက္ၿပီ သူ႔ကိုၾကည့္ခိုင္းလိုက္ပါဦး" ယြိယန္းသည္ သမား ေတာ္တစ္ေယာက္ႏွင့္ ေလွ်ာက္လာၿပီး အေမာတေကာေျပာေလသည္။ မင္းသားကို ဝိုင္းေနေသာလူမ်ားသည္ တစ္ခါတည္းႏွင့္ ေဘးသို႔ဖယ္ေပးၾက သည္။
"သမားေတာ္ေဟာ္ မင္းသား ဘာျဖစ္တာလဲ တစ္ခ်က္ေလာက္ၾကည့္ေပး ပါ" ၾကင္ယာေတာ္မင္းသမီးသည္ ေဘးသို႔ေရွာင္ကာ သမားေတာ္ေဟာ္အတြက္ လမ္းဖယ္ေပးလိုက္သည္။
သမားေတာ္ေဟာ္သည္ တယြိမင္းသား၏ ပင္တိုင္သမားေတာ္ျဖစ္ကာ ယေန႔ကဲ့သို႔ အျဖစ္အပ်က္မ်ိဳး မျဖစ္မလာေစရန္အတြက္ မင္းသားေနာက္သို႔ ေတာက္ေလွ်ာက္လိုက္ေနေသာ သူျဖစ္သည္။ မင္းသားကို စမ္းသပ္ၿပီးေနာက္ တြင္ ေျပာလိုက္သည္ "မင္းသား ခႏၶာကိုယ္ထဲက အေအးဓာတ္က ျပန္ေပၚလာ ၿပီ ကြၽန္ေတာ္တို႔ ေရပူစမ္းကို တစ္ခါတည္းသြားမွျဖစ္မယ္"
"မင္းသားက အခုအရမ္းအားနည္းေနတယ္... သူ႔ကို ဘယ္လိုေ႐ႊ႕မွာလဲ တျခားနည္းလမ္းမရွိေတာ့ဘူးလား" ၾကင္ယာေတာ္မင္းသမီး ေအာ္ေလသည္။
"ၾကင္ယာေတာ္မင္းသမီး စိတ္ေအးေအးထားပါ... မင္းသား ခႏၶာကိုယ္ထဲ က အေအးဓာတ္က သာမန္မဟုတ္ဘူး... ေရပူစမ္းကိုသုံးၿပီး ဖိႏွိပ္ခဲ့ရတာ... ေရပူစမ္းက သူ႔အေျခအေနကို ဘယ္ေလာက္ထိၾကာေအာင္ ဖိႏွိပ္ႏိုင္မလဲဆို တာ မသိ႐ုံတင္ပါ" သမားေတာ္ေဟာ္ ေျပာေလသည္ "ၾကင္ယာေတာ္မင္းသမီး မင္းသားကို ေဘးၿခံဝန္းကိုေခၚသြားခြင့္ေပးပါ"
"ေဘးၿခံဝန္းဆို အရမ္းေဝးတယ္ လမ္းမွာ တစ္ခုခုမ်ားျဖစ္သြားႏိုင္လား" ၾကင္ယာေတာ္မင္းသမီးသည္ စိုးရိမ္လ်က္ရွိသည္။
"ကြၽန္ေတာ္ မင္းသားရဲ႕အေျခအေနကို ဖိႏွိပ္ဖို႔ ေဆးသုံးပါမယ္... မင္းသား ရဲ႕အေျခအေနက ႐ုတ္တရက္ ပိုဆိုးသြားတာ... ပိုၿပီးျပင္းထန္လာမလားဆိုတာ မေသခ်ာပါဘူး" သမားေတာ္ေဟာ္ ေျပာေလသည္။ "ၾကင္ယာေတာ္မင္းသမီး အခ်ိန္က အေရးႀကီးပါတယ္ ျမန္ျမန္သြားၾကမယ္"
"ဟုတ္ၿပီ ဒီေန႔ပြဲကိုေတာ့ ဒီမွာပဲ အဆုံးသတ္ၾကတာေပါ့... မင္းသားကို ေဘးၿခံဝန္းကို ေခၚသြားမယ္" ၾကင္ယာေတာ္မင္းသမီး အမိန႔္ေပးေလသည္။
နယ္စားအားလုံးသည္ တယြိမင္းသား၏ အေျခအေနကို စိတ္ပူေနၾက သည္။ သို႔ေသာ္ ၾကင္ယာေတာ္မင္းသမီးႏွင့္ တျခားမင္းသားမ်ားသည္ သူ႔ကို ကူညီေပးၿပီးေနာက္ ထြက္သြားကာ အိမ္ေတာ္ထိန္းႏွင့္ အေစခံမ်ားကို လႊတ္ ေပးေလသည္။
သူတို႔ ေဘးၿခံဝန္းသို႔ေရာက္ေသာအခါ တပ္သားအခ်ိဳ႕ထြက္လာၿပီး အားလုံးကို တားေလသည္။
"ၾကင္ယာေတာ္မင္းသမီး ဝင္လို႔မရပါဘူး" တပ္သား ေျပာေလသည္။
"ဒီလိုအခ်ိန္မွာေတာင္ ငါ့ကို ဘယ္လိုမ်ိဳးေတာင္ တားရဲတာလဲ" ၾကင္ယာ ေတာ္မင္းသမီးသည္ တပ္သားကို ပါး႐ိုက္လိုက္သည္။ သို႔ေသာ္ တပ္သားသည္ မလႈပ္မယွက္ပင္။
"မင္းသား ၂ ပဲဝင္လို႔ရပါမယ္ ဒါက မင္းသားရဲ႕အမိန႔္ပါ.. ၾကင္ယာေတာ္ မင္းသမီး ကြၽန္ေတာ္တို႔ကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႔" တပ္သား ေျပာေလ သည္။
"အဲဒါက သာမာန္အေျခအေနမွာပဲ အက်ဳံးဝင္မယ္.. အခု မင္းသားရဲ႕ အသက္က အႏၲရာယ္မ်ားေနတာ... မင္းက ငါ့ကို ဒီလိုေျပာေနေသးတယ္ ဟုတ္ လား... ငါ မင္းကိုမသတ္ႏိုင္ဘူးလို႔ ထင္ေနလား" ၾကင္ယာေတာ္မင္းသမီးသည္ ေဒါသတႀကီးေအာ္ေလသည္။
"မယ္ေတာ္ သူတို႔က ခမည္းေတာ္ရဲ႕ အေသခံတပ္သားေတြပါ သူတို႔ကို သတ္လိုက္ရင္ေတာင္ ရလဒ္ကေတာ့ အတူတူပါပဲ... ခမည္းေတာ္ႏိုးလာရင္ မယ္ေတာ္ကို အျပစ္တင္လိမ့္မယ္... ကြၽန္ေတာ္ပဲ ခမည္းေတာ္ကို သြားၾကည့္ လိုက္ရင္ေရာ" ယြိယန္း ေျပာေလသည္။
"ငါ..." ၾကင္ယာေတာ္မင္းသမီးသည္ သူမလည္း ဝင္သြားလိုသည္ဟု ေျပာခ်င္သည္။ သို႔ေသာ္ ယြိယန္းသည္ မင္းသား၏ ၿခံဝန္းထဲသို႔ ေရာက္ႏွင့္ေန ၿပီျဖစ္သည္။
တပ္သားမ်ားသည္ သူ႔ကိုဝင္ခိုင္းၿပီးသည္ႏွင့္ ေနရာျပန္ယူကာ သူတို႔ကို တားထားေလသည္။
သမားေတာ္ေဟာ္သည္လည္း သူတို႔ေနာက္မွလိုက္ၿပီး အထဲသို႔ဝင္သြား ေလသည္။
ၾကင္ယာေတာ္မင္းသမီးသည္ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထား သည္။
ထိုေနရာသည္ သူမ မဝင္ႏိုင္ေသာ တစ္ခုတည္းေသာေနရာျဖစ္သည္။ ဤ ေနရာႏွင့္ပတ္သက္၍ တစ္စုံတစ္ရာလွ်ိဳ႕ဝွက္ဆန္းၾကယ္မႈရွိလိမ့္မည္ဟု သူမ အၿမဲတေစခံစားခဲ့ရသည္။ သူမသည္ ဤအခြင့္အေရးတြင္ အထဲသို႔ဝင္ၿပီး ၾကည့္ ခ်င္သည္။ သို႔ေသာ္ တပ္သားမ်ားမွာ ပူးေပါင္းျခင္းမရွိလိမ့္မည္ဟု ထင္မထား ေပ။
"မဘ္ေတာ္ ကြၽန္ေတာ္တို႔ ဘာလုပ္ၾကမလဲ" ယြိလ်ိဳေမးလိုက္သည္။
"ဘာလုပ္ႏိုင္ဦးမွာလဲ... ျပန္ရမွာေပါ့ ဒီမွာေစာင့္ဖို႔ လူလႊတ္လိုက္.. မင္းသားအေၾကာင္း သတင္းရတာနဲ႔ နန္းေတာ္ကို တစ္ခါတည္း သတင္းပို႔ခိုင္း လိုက္" ၾကင္ယာေတာ္မင္းသမီးသည္ ၫႊန္ၾကားၿပီးေနာက္ လွည့္ထြက္သြားေလ သည္။
မင္းသားတခ်ိဳ႕သည္ သူမေနာက္လိုက္သြားၿပီး တံခါးအျပင္တြင္ ေစာင့္ၾကပ္ေနေသာ တပ္သားႏွစ္ေယာက္ကို ခ်န္သြားေလသည္။
ေဘးၿခံဝန္းတြင္ တယြိမင္းသားသည္ မ်က္လုံးပြင့္လာသည္။ သူသည္ သမားေတာ္ေဟာ္၏ အကူအညီမရွိဘဲ မတ္တတ္ထလိုက္သည္။
"မင္း ထြက္သြားလို႔ရၿပီ" တယြိမင္းသား ၫႊန္ၾကားလိုက္သည္။
"မင္းသား ေသြးအန္ေအာင္လို႔ ကိုယ့္ဘာသာ ေဆးသုံးလိုက္ေပမဲ့ ခႏၶာကိုယ္ထဲက အေအးဓာတ္က လႈပ္ရွားေနတုန္းပဲ... အရင္ဆုံး ေရပူစမ္းကို ဝင္လိုက္တာ ပိုေကာင္းပါမယ္" သမားေတာ္ေဟာ္ ေျပာေလသည္။
"အင္း" တယြိမင္းသား ျပန္ေျဖလိုက္ၿပီးေနာက္ လွည့္ထြက္ကာ အတြင္း ဘက္ၿခံဝန္းသို႔ ဝင္သြားေလသည္။ တပ္သားတစ္ေယာက္ေပၚလာၿပီး သမား ေတာ္ေဟာ္ကို သြားနားခိုင္းလိုက္ေလသည္။
တယြိမင္းသားႏွင့္ ယြိယန္းတို႔သည္ အတြင္းဘက္ၿခံဝန္းသို႔ ဝင္သြားရာ ရွီမာယူယူ ေစာင့္ေနသည္ကို ျမင္လိုက္ရသည္။
"အသင့္ပဲလား" ရွီမာယူယူ ေမးလိုက္သည္။
"အင္း ေနာက္သုံးေလးရက္ေလာက္ေတာ့ ငါ လူေတြေရွ႕မထြက္ေတာ့ဘူး" တယြိမင္းသား ျပန္ေျဖေလသည္။
"ဒီပစၥည္းေတြကို စစ္ေဆးၿပီးပါၿပီ မင္းသား ေဆးကို အရင္ေသာက္လိုက္ ပါ ေဆးသက္ေရာက္မႈျပလာတာနဲ႔ မင္းသားရဲ႕ခႏၶာကိုယ္ထဲက တားျမစ္ေဆးကို ဖယ္ထုတ္ပါမယ္... အဲလိုဆိုရင္ ေနာက္သုံးေလးရက္ေလာက္ အပ္စိုက္မွ ဒဏ္ရာအေဟာင္းကို ကုလို႔ရမွာပါ... တားျမစ္ေဆးကို ဖယ္ထုတ္ၿပီးတာနဲ႔ ျပႆနာမရွိေတာ့ပါဘူး" ရွီမာယူယူသည္ ေသြးနီေရာင္ေဆးကိုထုတ္လိုက္ သည္။
တယြိမင္းသားသည္ ေဆးထုတ္ၿပီး ေသာက္လိုက္သည္။ သူ႔ခႏၶာကိုယ္ထဲ မွ ေသြးစီးဆင္းမႈသည္ မ်ားစြာတိုးတက္လာသည္။
ရွီမာယူယူသည္ သူတို႔ရွာလာသည့္ ေဆးပစၥည္းမ်ားကို ထပ္မံစစ္ေဆးေန သည္။
ထိုေဆးပစၥည္းမ်ားသည္ တတိယေျမာက္ၿပိဳင္ပြဲ ပထမေန႔တြင္ ေတြ႕လာခဲ့ ျခင္းျဖစ္သည္။ သူမ မင္းသားႏွင့္ ေဆြးေႏြးၿပီးေနာက္တြင္ အားလုံးေရွ႕တြင္ က်န္းမာေရးမေကာင္းသလို ဟန္ေဆာင္ရန္ ဆုံးျဖတ္လိုက္ၾကသည္။ ထို႔ေနာက္ ေနာက္ရက္မ်ားတြင္ သူမသည္ သူ႔ကို ေဆးကုသမည္။
ေဆးပစၥည္းမ်ားကို ဂ႐ုတစိုက္စစ္ေဆးေနသည့္ ရွီမာယူယူကို ယြိယန္ ၾကည့္ၿပီး လြန္ခဲ့သည့္ႏွစ္ရက္က နည္းစနစ္က်သည့္ နည္းလမ္းရွင္းျပခဲ့ပုံကို ျပန္စဥ္းစားမိကာ ေျပာလိုက္သည္ "မင္းသားက ဒီအခြင့္အေရးကို ေစာင့္ၿပီး ၾကင္ယာေတာ္မင္းသမီးရဲ႕ အာဏာကိုဖယ္ထုတ္ဖို႔ လုပ္ေနတာမဟုတ္ဘူးလား ဒီလိုမ်ိဳး အားနည္းသလိုဟန္ေဆာင္ရင္ သူမ လႈပ္ရွားလိမ့္မယ္"
ထိုအခ်ိန္တြင္ သူမသည္ ကစားရာတြင္ အလြန္ကြၽမ္းက်င္ေသာေၾကာင့္ သူ၏ ခမည္းေတာ္ႏွင့္ သူကိုယ္တိုင္ပင္ အံ့ဩရသည္။
သို႔ေသာ္ သူမ ေျပာသည္မွာမွန္သည္။ ခမည္းေတာ္သာ တစ္ခုခုျဖစ္သြား ပါက ၾကင္ယာေတာ္မင္းသမီးသည္ လႈပ္ရွားႏိုင္ေခ်မ်ားသည္။ ထိုအခ်ိန္မွာ သူတို႔ကို နန္းခ်ရန္ ၿပီးျပည့္စုံသည့္ အခြင့္အေရးပင္ျဖစ္သည္။
သူမသည္ မိန္းကေလးတစ္ေယာက္သာ ျဖစ္သည္။ သို႔ေသာ္ အရာ အားလုံးသည္ သူမ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနသလိုပင္။ သူမသည္ ႀကိဳးကိုင္ျခယ္လွယ္ႏိုင္သည့္ ပုံေပၚသည္။ သူမသာ ဆႏၵရွိပါက တိမ္တိုက္မ်ား ႏွင့္မိုးကိုပါ ခ်က္ခ်င္းဆင့္ေခၚႏိုင္သည္။
သူ သူမကို စိုက္ၾကည့္ေနသည္ကို ရွီမာယူယူ ခံစားမိေသာေၾကာင့္ ေခါင္းေမာ့ၿပီး သူ႔ကို ၿပဳံးျပသည္။ ထို႔ေနာက္ ေဆးပစၥည္းမ်ားကို ဆက္ၿပီး အမ်ိဳးအစားခြဲေနသည္။
ေန႔တစ္ဝက္ၾကာၿပီးေနာက္တြင္ သူမသည္ သစ္သားကန္ယူလာရန္ အမိန႔္ ေပးလိုက္ၿပီး ေရထည့္လိုက္သည္။ ထို႔ေနာက္ သူမသည္ အဆီအႏွစ္မ်ား ေလာင္းထည့္လိုက္ရာ ေရေအးသည္ ခ်က္ခ်င္းပင္ ပြက္ပြက္ဆူလာသည္။
"မင္းသား အက်ႌခြၽတ္ၿပီး အထဲကိုဆင္းလိုက္ပါ" ရွီမာယူယူ ေျပာလိုက္ သည္။
တယြိမင္းသားသည္ အဆီေဝ့ၿပီးအစိမ္းေရာင္ သမ္းေနကာ ပူေဖာင္းမ်ား ထေနသည့္ ေရကိုၾကည့္ၿပီး ႐ြံရွာစြာၾကည့္လိုက္သည္။
မင္းသားသည္ ႐ြံရွာစြာ မ်က္ေမွာင္ၾကဳတ္လိုက္ေသာ္လည္း ေနာက္ဆုံး တြင္ အဝတ္မ်ားကိုခြၽတ္ၿပီး သစ္သားကန္အတြင္းသို႔ ဝင္ေလသည္။
"မင္းသား မ႐ြံပါနဲ႔ ဒါက တန္ဖိုးႀကီးရတနာပါ" ရွီမာယူယူသည္ သူ၏ ရႈံ႕မဲ့ ေနေသာ မ်က္ႏွာကိုၾကည့္ၿပီး ၿပဳံးကာ ေျပာေလသည္။
"ငါ့ခႏၶာကိုယ္ထဲက တားျမစ္ေဆးေတြ အကုန္လုံးကို ဘယ္လိုထုတ္မွာလဲ" တယြိမင္းသားသည္ တတ္ႏိုင္သေလာက္ ေရကိုအာ႐ုံမေရာက္ရန္ ႀကိဳးစားေန သည္။
"တကယ္ကို ႐ိုးရွင္းပါတယ္ ဒါေပမဲ့ လုပ္ငန္းစဥ္ကေတာ့ နည္းနည္းနာပါ လိမ့္မယ္... ဒါေပမဲ့ ဒီပမာဏက မင္းသားရဲ႕အားကို ျဖည့္ေပးႏိုင္ပါတယ္ အဲဒါ ေၾကာင့္ လုံ႔လရွိတာက ျပႆနာမျဖစ္ႏိုင္ပါဘူး" ရွီမာယူယူ ေျပာလိုက္သည္။
"အပ္စိုက္ကုထုံးေရာ လိုေသးလား" ယြိယန္းသည္ ေဘးမွေမးေလသည္။
"မလိုပါဘူး ဒီအတိုင္းေဆးစားတာနဲ႔တင္ ျဖစ္ပါတယ္" ရွီမာယူယူသည္ ေဆးတစ္လုံးထုတ္ၿပီးေနာက္ မင္းသားကို တိုက္လိုက္သည္။ သူ ေဆးစားၿပီး သည္ႏွင့္ ခႏၶာကိုယ္သည္ ပူေလာင္သည္ကို ခံစားလာရၿပီး စြပ္ျပဳတ္ထက္ပင္ ပူသည္ဟု ခံစားရသည္။
သူ႔ခႏၶာကိုယ္အတြင္းတြင္ တစ္စုံတစ္ရာသည္ လႈပ္ရွားသြားလာေနၿပီး ေသြးေၾကာမ်ားသည္ ေၾကမြသြားသလိုခံစားရသည္။
ယြိယန္းသည္ ဖခင္ျဖစ္သူ မသက္မသာခံစားေနရသည္ကို ျမင္ေသာအခါ စိုးရိမ္ေနေသာ္လည္း သူလည္း ဘာမွမတတ္ႏိုင္ေပ။
ခဏၾကာၿပီးေနာက္တြင္ မင္းသား၏ ခႏၶာကိုယ္မ်က္ႏွာျပင္တြင္ အဖု အေသးစားမ်ားျဖစ္ေပၚလာသည္ကို ရွီမာယူယူ ျမင္လိုက္ရသည္။ သူ႔၏ တင္းမာေနေသာ မ်က္ႏွာမွာ ၿပဳံးလ်က္ရွိသည္ကို ျမင္ေသာအခါ သူမသည္ ေဘးမွ ဓားတစ္ေခ်ာင္းကို ေကာက္ယူၿပီး အဖုမ်ားျဖစ္ေနသည့္ ေနရာကို လွီးျဖတ္လိုက္ရာ အထဲမွ ေက်ာက္တုံးကဲ့သို႔အရာမ်ားထြက္လာေလသည္။
Unicode
အပိုင်း (၁၈၃၉) – သူမ၏ အစီအစဉ်
တယွိမင်းသား လဲကျသွားချိန်တွင် အားလုံး ပျာယာခတ်သွားကြသည်။
"မင်းသား မင်းသား ဘာဖြစ်တာလဲ"
"ဒဏ်ရာဟောင်း ပြန်ပေါ်လာတာလား"
"သမားတော် ဘယ်မှာလဲ သမားတော်ရှာပြီးကြည့်ခိုင်းလိုက်"
ပွဲတော်တစ်ခုလုံးသည် ပေါက်ကွဲမတတ်ပုံဖြစ်နေသည်။ တယွိမင်းသား ကို မင်းသားများအားလုံးဝိုင်းလာကြသည်။
"သမားတော်ရောက်ပြီ သူ့ကိုကြည့်ခိုင်းလိုက်ပါဦး" ယွိယန်းသည် သမား တော်တစ်ယောက်နှင့် လျှောက်လာပြီး အမောတကောပြောလေသည်။ မင်းသားကို ဝိုင်းနေသောလူများသည် တစ်ခါတည်းနှင့် ဘေးသို့ဖယ်ပေးကြ သည်။
"သမားတော်ဟော် မင်းသား ဘာဖြစ်တာလဲ တစ်ချက်လောက်ကြည့်ပေး ပါ" ကြင်ယာတော်မင်းသမီးသည် ဘေးသို့ရှောင်ကာ သမားတော်ဟော်အတွက် လမ်းဖယ်ပေးလိုက်သည်။
သမားတော်ဟော်သည် တယွိမင်းသား၏ ပင်တိုင်သမားတော်ဖြစ်ကာ ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုး မဖြစ်မလာစေရန်အတွက် မင်းသားနောက်သို့ တောက်လျှောက်လိုက်နေသော သူဖြစ်သည်။ မင်းသားကို စမ်းသပ်ပြီးနောက် တွင် ပြောလိုက်သည် "မင်းသား ခန္ဓာကိုယ်ထဲက အအေးဓာတ်က ပြန်ပေါ်လာ ပြီ ကျွန်တော်တို့ ရေပူစမ်းကို တစ်ခါတည်းသွားမှဖြစ်မယ်"
"မင်းသားက အခုအရမ်းအားနည်းနေတယ်... သူ့ကို ဘယ်လိုရွှေ့မှာလဲ တခြားနည်းလမ်းမရှိတော့ဘူးလား" ကြင်ယာတော်မင်းသမီး အော်လေသည်။
"ကြင်ယာတော်မင်းသမီး စိတ်အေးအေးထားပါ... မင်းသား ခန္ဓာကိုယ်ထဲ က အအေးဓာတ်က သာမန်မဟုတ်ဘူး... ရေပူစမ်းကိုသုံးပြီး ဖိနှိပ်ခဲ့ရတာ... ရေပူစမ်းက သူ့အခြေအနေကို ဘယ်လောက်ထိကြာအောင် ဖိနှိပ်နိုင်မလဲဆို တာ မသိရုံတင်ပါ" သမားတော်ဟော် ပြောလေသည် "ကြင်ယာတော်မင်းသမီး မင်းသားကို ဘေးခြံဝန်းကိုခေါ်သွားခွင့်ပေးပါ"
"ဘေးခြံဝန်းဆို အရမ်းဝေးတယ် လမ်းမှာ တစ်ခုခုများဖြစ်သွားနိုင်လား" ကြင်ယာတော်မင်းသမီးသည် စိုးရိမ်လျက်ရှိသည်။
"ကျွန်တော် မင်းသားရဲ့အခြေအနေကို ဖိနှိပ်ဖို့ ဆေးသုံးပါမယ်... မင်းသား ရဲ့အခြေအနေက ရုတ်တရက် ပိုဆိုးသွားတာ... ပိုပြီးပြင်းထန်လာမလားဆိုတာ မသေချာပါဘူး" သမားတော်ဟော် ပြောလေသည်။ "ကြင်ယာတော်မင်းသမီး အချိန်က အရေးကြီးပါတယ် မြန်မြန်သွားကြမယ်"
"ဟုတ်ပြီ ဒီနေ့ပွဲကိုတော့ ဒီမှာပဲ အဆုံးသတ်ကြတာပေါ့... မင်းသားကို ဘေးခြံဝန်းကို ခေါ်သွားမယ်" ကြင်ယာတော်မင်းသမီး အမိန့်ပေးလေသည်။
နယ်စားအားလုံးသည် တယွိမင်းသား၏ အခြေအနေကို စိတ်ပူနေကြ သည်။ သို့သော် ကြင်ယာတော်မင်းသမီးနှင့် တခြားမင်းသားများသည် သူ့ကို ကူညီပေးပြီးနောက် ထွက်သွားကာ အိမ်တော်ထိန်းနှင့် အစေခံများကို လွှတ် ပေးလေသည်။
သူတို့ ဘေးခြံဝန်းသို့ရောက်သောအခါ တပ်သားအချို့ထွက်လာပြီး အားလုံးကို တားလေသည်။
"ကြင်ယာတော်မင်းသမီး ဝင်လို့မရပါဘူး" တပ်သား ပြောလေသည်။
"ဒီလိုအချိန်မှာတောင် ငါ့ကို ဘယ်လိုမျိုးတောင် တားရဲတာလဲ" ကြင်ယာ တော်မင်းသမီးသည် တပ်သားကို ပါးရိုက်လိုက်သည်။ သို့သော် တပ်သားသည် မလှုပ်မယှက်ပင်။
"မင်းသား ၂ ပဲဝင်လို့ရပါမယ် ဒါက မင်းသားရဲ့အမိန့်ပါ.. ကြင်ယာတော် မင်းသမီး ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့" တပ်သား ပြောလေ သည်။
"အဲဒါက သာမာန်အခြေအနေမှာပဲ အကျုံးဝင်မယ်.. အခု မင်းသားရဲ့ အသက်က အန္တရာယ်များနေတာ... မင်းက ငါ့ကို ဒီလိုပြောနေသေးတယ် ဟုတ် လား... ငါ မင်းကိုမသတ်နိုင်ဘူးလို့ ထင်နေလား" ကြင်ယာတော်မင်းသမီးသည် ဒေါသတကြီးအော်လေသည်။
"မယ်တော် သူတို့က ခမည်းတော်ရဲ့ အသေခံတပ်သားတွေပါ သူတို့ကို သတ်လိုက်ရင်တောင် ရလဒ်ကတော့ အတူတူပါပဲ... ခမည်းတော်နိုးလာရင် မယ်တော်ကို အပြစ်တင်လိမ့်မယ်... ကျွန်တော်ပဲ ခမည်းတော်ကို သွားကြည့် လိုက်ရင်ရော" ယွိယန်း ပြောလေသည်။
"ငါ..." ကြင်ယာတော်မင်းသမီးသည် သူမလည်း ဝင်သွားလိုသည်ဟု ပြောချင်သည်။ သို့သော် ယွိယန်းသည် မင်းသား၏ ခြံဝန်းထဲသို့ ရောက်နှင့်နေ ပြီဖြစ်သည်။
တပ်သားများသည် သူ့ကိုဝင်ခိုင်းပြီးသည်နှင့် နေရာပြန်ယူကာ သူတို့ကို တားထားလေသည်။
သမားတော်ဟော်သည်လည်း သူတို့နောက်မှလိုက်ပြီး အထဲသို့ဝင်သွား လေသည်။
ကြင်ယာတော်မင်းသမီးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား သည်။
ထိုနေရာသည် သူမ မဝင်နိုင်သော တစ်ခုတည်းသောနေရာဖြစ်သည်။ ဤ နေရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာလျှို့ဝှက်ဆန်းကြယ်မှုရှိလိမ့်မည်ဟု သူမ အမြဲတစေခံစားခဲ့ရသည်။ သူမသည် ဤအခွင့်အရေးတွင် အထဲသို့ဝင်ပြီး ကြည့် ချင်သည်။ သို့သော် တပ်သားများမှာ ပူးပေါင်းခြင်းမရှိလိမ့်မည်ဟု ထင်မထား ပေ။
"မဘ်တော် ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ယွိလျိုမေးလိုက်သည်။
"ဘာလုပ်နိုင်ဦးမှာလဲ... ပြန်ရမှာပေါ့ ဒီမှာစောင့်ဖို့ လူလွှတ်လိုက်.. မင်းသားအကြောင်း သတင်းရတာနဲ့ နန်းတော်ကို တစ်ခါတည်း သတင်းပို့ခိုင်း လိုက်" ကြင်ယာတော်မင်းသမီးသည် ညွှန်ကြားပြီးနောက် လှည့်ထွက်သွားလေ သည်။
မင်းသားတချို့သည် သူမနောက်လိုက်သွားပြီး တံခါးအပြင်တွင် စောင့်ကြပ်နေသော တပ်သားနှစ်ယောက်ကို ချန်သွားလေသည်။
ဘေးခြံဝန်းတွင် တယွိမင်းသားသည် မျက်လုံးပွင့်လာသည်။ သူသည် သမားတော်ဟော်၏ အကူအညီမရှိဘဲ မတ်တတ်ထလိုက်သည်။
"မင်း ထွက်သွားလို့ရပြီ" တယွိမင်းသား ညွှန်ကြားလိုက်သည်။
"မင်းသား သွေးအန်အောင်လို့ ကိုယ့်ဘာသာ ဆေးသုံးလိုက်ပေမဲ့ ခန္ဓာကိုယ်ထဲက အအေးဓာတ်က လှုပ်ရှားနေတုန်းပဲ... အရင်ဆုံး ရေပူစမ်းကို ဝင်လိုက်တာ ပိုကောင်းပါမယ်" သမားတော်ဟော် ပြောလေသည်။
"အင်း" တယွိမင်းသား ပြန်ဖြေလိုက်ပြီးနောက် လှည့်ထွက်ကာ အတွင်း ဘက်ခြံဝန်းသို့ ဝင်သွားလေသည်။ တပ်သားတစ်ယောက်ပေါ်လာပြီး သမား တော်ဟော်ကို သွားနားခိုင်းလိုက်လေသည်။
တယွိမင်းသားနှင့် ယွိယန်းတို့သည် အတွင်းဘက်ခြံဝန်းသို့ ဝင်သွားရာ ရှီမာယူယူ စောင့်နေသည်ကို မြင်လိုက်ရသည်။
"အသင့်ပဲလား" ရှီမာယူယူ မေးလိုက်သည်။
"အင်း နောက်သုံးလေးရက်လောက်တော့ ငါ လူတွေရှေ့မထွက်တော့ဘူး" တယွိမင်းသား ပြန်ဖြေလေသည်။
"ဒီပစ္စည်းတွေကို စစ်ဆေးပြီးပါပြီ မင်းသား ဆေးကို အရင်သောက်လိုက် ပါ ဆေးသက်ရောက်မှုပြလာတာနဲ့ မင်းသားရဲ့ခန္ဓာကိုယ်ထဲက တားမြစ်ဆေးကို ဖယ်ထုတ်ပါမယ်... အဲလိုဆိုရင် နောက်သုံးလေးရက်လောက် အပ်စိုက်မှ ဒဏ်ရာအဟောင်းကို ကုလို့ရမှာပါ... တားမြစ်ဆေးကို ဖယ်ထုတ်ပြီးတာနဲ့ ပြဿနာမရှိတော့ပါဘူး" ရှီမာယူယူသည် သွေးနီရောင်ဆေးကိုထုတ်လိုက် သည်။
တယွိမင်းသားသည် ဆေးထုတ်ပြီး သောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ မှ သွေးစီးဆင်းမှုသည် များစွာတိုးတက်လာသည်။
ရှီမာယူယူသည် သူတို့ရှာလာသည့် ဆေးပစ္စည်းများကို ထပ်မံစစ်ဆေးနေ သည်။
ထိုဆေးပစ္စည်းများသည် တတိယမြောက်ပြိုင်ပွဲ ပထမနေ့တွင် တွေ့လာခဲ့ ခြင်းဖြစ်သည်။ သူမ မင်းသားနှင့် ဆွေးနွေးပြီးနောက်တွင် အားလုံးရှေ့တွင် ကျန်းမာရေးမကောင်းသလို ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် နောက်ရက်များတွင် သူမသည် သူ့ကို ဆေးကုသမည်။
ဆေးပစ္စည်းများကို ဂရုတစိုက်စစ်ဆေးနေသည့် ရှီမာယူယူကို ယွိယန် ကြည့်ပြီး လွန်ခဲ့သည့်နှစ်ရက်က နည်းစနစ်ကျသည့် နည်းလမ်းရှင်းပြခဲ့ပုံကို ပြန်စဉ်းစားမိကာ ပြောလိုက်သည် "မင်းသားက ဒီအခွင့်အရေးကို စောင့်ပြီး ကြင်ယာတော်မင်းသမီးရဲ့ အာဏာကိုဖယ်ထုတ်ဖို့ လုပ်နေတာမဟုတ်ဘူးလား ဒီလိုမျိုး အားနည်းသလိုဟန်ဆောင်ရင် သူမ လှုပ်ရှားလိမ့်မယ်"
ထိုအချိန်တွင် သူမသည် ကစားရာတွင် အလွန်ကျွမ်းကျင်သောကြောင့် သူ၏ ခမည်းတော်နှင့် သူကိုယ်တိုင်ပင် အံ့ဩရသည်။
သို့သော် သူမ ပြောသည်မှာမှန်သည်။ ခမည်းတော်သာ တစ်ခုခုဖြစ်သွား ပါက ကြင်ယာတော်မင်းသမီးသည် လှုပ်ရှားနိုင်ချေများသည်။ ထိုအချိန်မှာ သူတို့ကို နန်းချရန် ပြီးပြည့်စုံသည့် အခွင့်အရေးပင်ဖြစ်သည်။
သူမသည် မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ သို့သော် အရာ အားလုံးသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသလိုပင်။ သူမသည် ကြိုးကိုင်ခြယ်လှယ်နိုင်သည့် ပုံပေါ်သည်။ သူမသာ ဆန္ဒရှိပါက တိမ်တိုက်များ နှင့်မိုးကိုပါ ချက်ချင်းဆင့်ခေါ်နိုင်သည်။
သူ သူမကို စိုက်ကြည့်နေသည်ကို ရှီမာယူယူ ခံစားမိသောကြောင့် ခေါင်းမော့ပြီး သူ့ကို ပြုံးပြသည်။ ထို့နောက် ဆေးပစ္စည်းများကို ဆက်ပြီး အမျိုးအစားခွဲနေသည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင် သူမသည် သစ်သားကန်ယူလာရန် အမိန့် ပေးလိုက်ပြီး ရေထည့်လိုက်သည်။ ထို့နောက် သူမသည် အဆီအနှစ်များ လောင်းထည့်လိုက်ရာ ရေအေးသည် ချက်ချင်းပင် ပွက်ပွက်ဆူလာသည်။
"မင်းသား အင်္ကျီချွတ်ပြီး အထဲကိုဆင်းလိုက်ပါ" ရှီမာယူယူ ပြောလိုက် သည်။
တယွိမင်းသားသည် အဆီဝေ့ပြီးအစိမ်းရောင် သမ်းနေကာ ပူဖောင်းများ ထနေသည့် ရေကိုကြည့်ပြီး ရွံရှာစွာကြည့်လိုက်သည်။
မင်းသားသည် ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံး တွင် အဝတ်များကိုချွတ်ပြီး သစ်သားကန်အတွင်းသို့ ဝင်လေသည်။
"မင်းသား မရွံပါနဲ့ ဒါက တန်ဖိုးကြီးရတနာပါ" ရှီမာယူယူသည် သူ၏ ရှုံ့မဲ့ နေသော မျက်နှာကိုကြည့်ပြီး ပြုံးကာ ပြောလေသည်။
"ငါ့ခန္ဓာကိုယ်ထဲက တားမြစ်ဆေးတွေ အကုန်လုံးကို ဘယ်လိုထုတ်မှာလဲ" တယွိမင်းသားသည် တတ်နိုင်သလောက် ရေကိုအာရုံမရောက်ရန် ကြိုးစားနေ သည်။
"တကယ်ကို ရိုးရှင်းပါတယ် ဒါပေမဲ့ လုပ်ငန်းစဉ်ကတော့ နည်းနည်းနာပါ လိမ့်မယ်... ဒါပေမဲ့ ဒီပမာဏက မင်းသားရဲ့အားကို ဖြည့်ပေးနိုင်ပါတယ် အဲဒါ ကြောင့် လုံ့လရှိတာက ပြဿနာမဖြစ်နိုင်ပါဘူး" ရှီမာယူယူ ပြောလိုက်သည်။
"အပ်စိုက်ကုထုံးရော လိုသေးလား" ယွိယန်းသည် ဘေးမှမေးလေသည်။
"မလိုပါဘူး ဒီအတိုင်းဆေးစားတာနဲ့တင် ဖြစ်ပါတယ်" ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီးနောက် မင်းသားကို တိုက်လိုက်သည်။ သူ ဆေးစားပြီး သည်နှင့် ခန္ဓာကိုယ်သည် ပူလောင်သည်ကို ခံစားလာရပြီး စွပ်ပြုတ်ထက်ပင် ပူသည်ဟု ခံစားရသည်။
သူ့ခန္ဓာကိုယ်အတွင်းတွင် တစ်စုံတစ်ရာသည် လှုပ်ရှားသွားလာနေပြီး သွေးကြောများသည် ကြေမွသွားသလိုခံစားရသည်။
ယွိယန်းသည် ဖခင်ဖြစ်သူ မသက်မသာခံစားနေရသည်ကို မြင်သောအခါ စိုးရိမ်နေသော်လည်း သူလည်း ဘာမှမတတ်နိုင်ပေ။
ခဏကြာပြီးနောက်တွင် မင်းသား၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် အဖု အသေးစားများဖြစ်ပေါ်လာသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ သူ့၏ တင်းမာနေသော မျက်နှာမှာ ပြုံးလျက်ရှိသည်ကို မြင်သောအခါ သူမသည် ဘေးမှ ဓားတစ်ချောင်းကို ကောက်ယူပြီး အဖုများဖြစ်နေသည့် နေရာကို လှီးဖြတ်လိုက်ရာ အထဲမှ ကျောက်တုံးကဲ့သို့အရာများထွက်လာလေသည်။