" ကိုကို "
အခန်းပြင်ပဆီက အော်ဟစ်သံများကြောင့် ကိုယ့်ကြောင့်များလား ဆိုတဲ့ စိုးထိတ်မူတွေနှင့်အတူ အခန်းတံခါးကို တွန်းကာ ဖွင့်မိတော့ ဒေါသကြီးပြီး ခက်ထန်သော မျက်နှာဖြင့် စာရင်းအင်းဌာနက အစ်မတစ်ယောက်ရဲ့လည်ပင်းကို ညှာတာခြင်းမရှိဆုပ်ကိုင်ထားတဲ့ ကိုကိုပြေ့ဘုန်းမာန်က ဘာကြောင့် ဒေါသတကြီး တုန့်ပြန်နေတယ် မသိခဲ့ပါ။
အထက်လူကြီးက ဌာနတွင်း နှိပ်စက်နေသည်ဟုသော ခေါင်းစဉ်ဖြင့် ပြောဆိုခံရနိင်သောကြောင့် ချစ်ရသူ၏ ဒေါသကို တားမြစ်နိုင်စေရန် အသံပေးမိသည့် လွယ်အွေ့လေး။
"ငယ်လေး...ကလေးလေး..."
ကလေးငယ်ငယ်လက်လေးကိုဆုပ်ကိုင်ကာ ဒေါသဖုံးလွှမ်းနေသော စိတ်အစဉ်ကိုအေးချမ်းစေသည့် ခေါ်ဝေါ်သံလေးကြောင့် ဒုန်းခနဲ မြည်အောင်ဆွဲပိတ်ခြင်း ခံလိုက်ရသော တံခါးပြင်ပ၌ မညှာမတာဖြတ်ရိုတ်ခံလိုက်ရသည့် မိန်းမငယ်လေးတစ်ယောက် ငိုယိုနေသည်ကို စိတ်မကောင်းနိုင်ပေမယ့် ဘာမှလုပ်မပေးနိုင်ခဲ့။
အစကတည်းကက သတိပေးထားခဲ့သော Boss ရဲ့ sensitive ဖြစ်ဆုံး အရာကိုမှ Mrs.Grace က ထိပါးခဲ့သည်မို့ ထိရောက်စွာ အရေးယူခြင်းခံရသည်မဟုတ်ပါ့လား။ Mann Group ရဲ့ ဝန်ထမ်းတိုင်း သတိကြီးကြီးထားကာ နားစွင့်နေရမည့် ယနေ့အဖြစ်အပျက်ကို နမူနာယူကာ မဆိုင်ရင် မဆိုင်သလိုနေ၍ အလုပ်ကြိုးစားရန်သာ ဖြစ်၏။
" ကိုဇေယျာ..."
ငိုယိုနေတဲ့ Grace ကို PAဖြစ်သူထံ လွဲပေးခဲ့သည့် လုပ်ပိုင်ခွင့်ကြောင့် အနီးရှိဝန်ထမ်းတိုင်းက ခေါင်းငုံ့ကာ ရပ်နေမိကြသည်။
အတန်တန်သတိပေးထားတဲ့ကြားက သူလွန်ခဲ့သည်မို့ သူဌေးရဲ့ အပစ်ပေးခြင်းခံရသော Grace.
" ငါလည်း မကူညီနိုင်ဘူး ..."
" Boss က ဘာလို့ခုလိုလုပ်ရတာလဲ သိချင်တာ...အဲ့တစ်ခုဖြေပေးပါ "
" နင်ပြောဆိုခဲ့တဲ့ ကလေးက Bossရဲ့ဆိုင်သူလေ ..."
" ဗျာ....."
" ရှင်....."
ရိုတ်ခံထိထားသော ပါးလေးကိုင်ကာ မျက်ရည်တွေ စီးကျနေတဲ့ Mrs.Grace ကို မည်သူ့မှ သနားငဲ့ညှာခြင်း အလျင်းမရှိခဲ့။ မည်သို့ပင် ဆိုစေ Mann Group ရဲ့ ပဲ့ကိုင်ရှင် CEO ဟာ အမျိုးသားတစ်ယောက်နှင့်လက်ထပ်ထားတယ်၊ ဆိုင်သူလေးက အားနည်းချက်ရှိသည်မို့ အနည်းအကျဉ်းသော Biography ကိုချပြပြီး မည်သည့်နည်းဖြင့် ဖြစ်စေ သူဌေးရဲ့အိမ်ထောင်ဖက်ကို စော်ကားခြင်း မပြုရ၊ အပြောဆိုဖြင့်သော်လည်း မဖော်ပြရဟူသော သတိပေးစကားတိုင်းကိုMann Group မှာ အလုပ်ဆင်းစကတည်းကကြားဖူးနားဝရှိသော် စကားမို့ အားလုံးကသိသာသိစေ မဖွင့်ဟနဲ့ဆိုတဲ့အတိုင်း သူဌေးလေးရဲ့ဆိုင်သူကို အရိုအသေပေးကာ ဆက်ဆံခဲ့တဲ့ PA ကိုဇေယျာကိုယ်တိုင်က မိမိအနားရှိဝန်ထမ်းတိုင်းကို တိုးတိုးတမျိုး/ ကျယ်ကျယ်တမျိုး သတိပေးကာ ဆုံးမထားလျှက်ရှိသည်မို့ ။
Grace ဆိုတဲ့ အစုတ်ပဲ့မရဲ့ လည်မြိုကို တင်းနေအောင် ဆုပ်ကိုင်ကာ ဆောင့်တွန်း လွတ်မိပြီး အခန်းတံခါးဝလေးကို အနည်းငယ်ဟကာ စိုးရိမ်မျက်ဝန်းများဖြင့် ခေါ်ဆိုနေတဲ့ ကလေးငယ်လေးဆီ အရောက်သွားမိသည်။
( ဟွတ် ~~~~ဟွတ်.....) အခန်းထောင့်ဝယ်ခွေကာ ကျလာသော Mrs.Grace ကို လုပ်ဖော်ကိုင်ဖက်အချို့ကသနားခြင်းများစွာ ထူမ၍ အနီးရှိ ထိုင်ခုံပေါ်တင်ကာ ရေတိုက်နေမိသည်။
" မိုက်လိုက်တာ Grace ရယ်...သူဌေးက သူ့ကလေးကို အရမ်း sensitive ဖြစ်တာ သိရဲ့နဲ့.."
" Grace ရယ်....သက်သာရဲ့လား ..report တင်ကြည့်ပါ အဆင်ပြေမှာပါ နော် "
" ဟင်းအင်း....မဟုတ်ဘူး....ကျွန်မ မမှားဘူး..ဟွတ် ..ဟွတ်.."
" စိတ်မကောင်းပါ Mrs.Grace ဒီနေ့အိမ်ပြန်နားလိုက်ပါတော့ .."
တည်တင်းနေသောမျက်နှာဖြင့် အိမ်ပြန်ခွင့်ပေးလာသော PA ကိုဇေယျာကို လုပ်ဖော်ကိုင်ဖက်များက ခေါင်းငုံ့ကာသာ တိတ်တဆိတ်နားထောင်ပေးနေကြသည်။ PA ကိုဇေယျာက သူဌေးရဲ့ အတွင်းရေးမှူးလို့ ဆိုရပေမယ့် ဝန်ထမ်းတွေပေါ် သူဌေးနီးပါး ကြီးမားစွာ စီမံပိုင်ခွင့် သူဌေးကိုယ်တိုင် ပေးအပ်ထားသူမို့ ကိုဇေယျာလို လူရိုး/လူမှန်တစ်ယောက်ကို Mann Group ရှိ ဝနိထမ်းတိုင်းက လေးစားကြောက်ရွံ့ခဲ့သည်။
" ကျွန်မ ဘာမှားနေလဲ ကိုဇေယျာ..ရှင်တို့လက်လွတ်စပါယ်လုပ်မရဘူး."
" သိပြီးသား ပြသနာကိုပိုကြီးအောင် မလုပ်ပါနဲ့ Mrs.Grace ..အိမ်ပြန်အနားယူလိုက်ပါ ..ကျွန်တော်တို့ HR team က ဆက်သွယ်ပါလိမ့်မယ် "
" ကျွန်မက လက်မခံဘူးဆိုရင်ရော...အဲ့ကလေးက ခြေမသန်လို့ မသန်ဘူးပြောတာ ကျွန်မ မှားလား..ရှင်ပြောကြည့် .."
" ခုချက်ချင်း အသာလှည့်ပြန်လိုက်ပါ ..ဒါနောက်ဆုံးသတိပေးခြင်းပါ "
တောက် !!!ခေါက်ကာ အိတ်ကိုဆွဲ၍မကျေနပ်စွာထွက်သွားသော Mrs.Graceတစ်ယောက် Mann Group အပေါ် အငြိုးကြီးမားခဲ့ရပြီ။
ယခုအဖြစ်ပျက်မှာ မည်သူလွန်ပါသနည်း ။
"ငယ်လေး...."
ရုံးခန်းတံခါး လော့ချပြီး ကလေးငယ် လက်ကလေးကိုဆွဲယူကာ ဆိုဖာပေါ်ထိုင်စေပြီး ကလေးငယ့်ရှေ့မျက်နှာချင်ဆိုင်မှာ ထိုင်ချပြီး တောင်းပန်မျက်ဝန်းများဖြင့် စကားပြောနေတဲ့ ချစ်ရသူကြီးပြေ့ဘုန်းမာန်။
"ကိုကိုတောင်းပန်တယ်နော်...."
ခေါင်းခါ၍သာ ငြင်းဆိုနေသူလေးက ကိုယ်ကိုကြည့်ကာ ခပ်ယဲ့ယဲ့အပြုံးတို့ဖြင့် ဒေါသပြေပျောက်စေရန် နှစ်သိမ့်ပေးနေသလိုမျိုး ။
" ဘာဖြစ်တာလဲဟင်..."
" ဘာရယ်မဟုတ်ပါဘူး ငယ်လေးရ..."
" မဟုတ်မှလွဲ....ကျွန်တော်ကြောင့် ....."
" လုံးဝမဟုတ်ပါဘူးကွာ....ကိုကို့စကားကိုယုံပါ ငယ်လေးရာ..."
မချိတင်ကဲစိတ်တို့ဖြင့်ကလေးငယ်အနားပြောင်းရွေ့ထိုင်ပြီး နုနယ်ငယ်ရွယ်လွန်းတဲ့ ကလေးငယ်ကိုယ်နွေးနွေးလေးကို ပွေ့ဖက်ထားမိသည်။ ကိုယ်ရင်ခွင်ထဲ ခိုဝင်လာသူလေးက မော့ကြည့်လာပြန်တော့ အားတင်းစရာအပြုံးတို့ကကပ်ပါလာသေးသည်။
" အရမ်းချစ်တယ် ကလေးငယ်.. ဖုံးကွယ်ထားဖို့ရည်ရွယ်ချက်လည်းမရှိသလို အရှက်မရှိ ဒီကိုကို ပြောခွင့်ပေးပါ..."
ရင်ခွင်ထဲရှိ အနွေးလုံးလေးကိုကျစ်နေအောင်ဖက်ထားပြီး ပြောနေမိသည့် ချစ်စကားတစ်ခွန်း။
" ကိုကို့....."
" အင်း.....ဘာတွေပဲဖြစ်လာလာ နောက်ဆုံးထွက်သက်ထိ ကိုယ့်အချစ်ရဲ့လက်ကိုပဲ မြဲမြဲဆုပ်ကိုင်ကာ အားလုံးကို ဒီကိုကိုကရင်ဆိုင်မယ် ....ငယ်လေးက ကိုယ်လက်ကိုရဲရဲတွဲပေးပါ..."
ခေါင်းညိမ့်၍သာ တုန့်ပြန်လာတဲ့ အနွေးလုံးလေးရဲ့ မျက်နှာကို အပေါ်မော့ယူစေကာ နူတ်ခမ်းလွှာလေးကို ထိကပ်ရုံမျှသာ အနမ်းတစ်ပွင့်တို့ဖြင့် ဆေးခြယ်ပေးမိသည်။
" ကိုယ့်ကို ယုံကြည်ပေးနိုင်မလား ....ကိုယ့်လက်ကိုရဲရဲတွဲပေးနော် ...အရာအားလုံး ငယ်လေးအလိုကျဖြစ်စေရပါ့မယ် ကိုကိုကတိပေးပါ့တယ်...."
" အင်......"
ပွေ့ဖက်ထားမိသည့်ရင်ခွင်ထဲက အနွေးလုံးလေးက ပင်ကိုစကားနည်းသည့်အလျှောက် တစ်ခွန်းတည်းသော စကားတို့သာ တုန်ပြန်ပေမယ့် ချစ်အားပိုစွာ ကျစ်နေအောင်ဖက်မိရင် ဒီကိုကို အလွန်ဖြစ်မလား ......။
" မနက်ကအဆင်ပြေရဲ့လား....မျက်နှာလေးညိုးနေတယ်ဆို .."
လူတွေ့ဖြေဆိုခန်းမှာ ကိုယ်တစ်ဦးသာ ရင်ဆိုင်ခဲ့ရသော အခြေအနေများကို ချစ်ရသူက မည်သိုများ သိသွားသနည်းဆိုတဲ့ အမေးမျက်ဝန်းတို့ဖြင့် မော့အကြည့် ....နဖူးထက်ဝယ်ထပ်မံကျရောက်လာသောအနမ်းတစ်ပွင့် ။
" ကိုကို သိတာပေါ့...ဘာလို့လဲဆိုတာ ကိုယ့်ကို မပြောပြချင်ဘူးလား ငယ်လေး...."
" ဘာရယ်ကြောင့်လို့ မရှိပါဘူး.."
လက်ထိပ်လေးကို ဆိတ်ကာ တိတ်တိတ်လေးထိုင်နေတဲ့ ကလေးငယ်ကို ကြည့်ပြီး အားနာစိတ်တို့ ဖြစ်မိတာအမှန်။ တကယ်အရွယ်ကောင်းလေး ဂီတနယ်ပါယ်မှာ မွေးရာပါရမီရှင်လေးတစ်ယောက်က ခုလို အများရဲ့ကဲ့ရဲ့မူတွေကို ကိုယ်မသိရှိစဉ်ကတည်းက ခါးဆီးခံစားခဲ့ရသည်မို့။
" ကလေးလေးရာ....ကိုကို သိပြီးသားပါ ..."
" ဗျာ..."
" ဒါပေါ့...ငယ်လေးရဲ့ ဆိုင်သူက ဘယ်သူမို့လဲ ကိုယ့်ကလေးလေး ဘယ်ချိန်မှာ ဘာဖြစိတယ်ဆိုတာ ဒီကိုကိုသိပြီးသားမို့ ကိုယ့်အပေါ် ပွင့်လင်းပေးနော်...."
" ဟုတ်....."
" ကိုကို ဘာကူညီပေးရမလဲ....ကလေး ဘာလုပ်ချင်လဲ..."
"ဟင်းအင်း....."
လောဘ၊ဒေါသ နည်းလိုက်တဲ့ ကလေးငယ်က ခွင့်လွတ်ပေးနိုင်ပေမယ့် ဒီကိုကိုက မသိကျေးကျွန်မပြုနိုင်ဘူးကလေးရဲ့။ ငယ်လေးကို နောက်ကွယ်ကနေ ရူံ့ချနေတဲ့ လူတွေလာဖြေခန်းထဲက တစ်ယောက်ချင်းဆီတိုင်းရဲ့အမည် အသေးစိတ်ကိုပါ ကိုခင်ဇော်အားရှာဖွေခိုင်းပြီးပြီမို့ ဒီကိစ္စကိုယ့်ကလေးငယ် မသိရှိစေရ။
" ကိုယ်ကိုကြည့်ပါအုံး ငယ်လေးရ ....ဒီနေ့ အိမ်မပြန်နဲ့တော့ ...ကိုယ့် Condo လိုက်ခဲ့နော် ကလေးကိုပြစရာရှိလို့ ...အဆင်ပြေရဲ့လား..."
" မဖြစ်လောက်ဘူး....မိဝေတို့စောင့်နေလောက်ပြီ.."
" ကိုဇေယျာကို ဖုန်းဆက်ခိုင်းထားပြီးပြီ ကလေးရ...."
" ဗျာ..ဒါပေမယ့်....."
" ကဲပါကွာ ခေါင်းညိမ့်လက်ခံလိုက်ပါ ကလေးရာ...နော်....နော်..."
ကိုယ်ပုခုံးလေးကို ခပ်ဖွဖွ ပွေ့ဖက်ထားပြီး ကလေးဆိုးကြီးတစ်ယောက်လို အဖြေဇွတ်တောင်းနေပါသော ချစ်ရသူကြီးက နဂိုမူပိုင် ခက်ထန်ခြင်းတွေ ဘယ်မလဲ မေးယူရမည့်ဟန်။
" အစ်ကိုသာထက်က..."
" ငယ်လေးအဆင်ပြေရင် ရပါတယ်တဲ့ ...ဒီ records လေး နားဆင်ကြည့်ပါဗျာ..."
စားပွဲပေါ်ချပြပေးလာသော မည်သည့်အချိန်က ခေါ်ဆိုတယ်မသိသော ကိုသာထက်ဆီ ခွင့်တောင်းနေမူတို့ကြောင့် မျက်လုံးလေးပြူးကာ အံ့အားသင့်နေသည့် လွယ်အွေ့လေးရဲ့ နီသွေးနေသော ပါးမို့လေးပေါ် မနေနိုင်စွာ အနမ်းခြွေနေမိသည်။
" ယုံပြီလား ဗျာ...."
ခေါင်းလေးညိမ့်ပြပြီး ရှက်သွေးဖြာနေတဲ့ ကလေးငယ်ကို ဘာကြောင့်များ တစ်ချိန်က ထားခဲ့မိလည်း ကိုယ်တိုင်နားမလည်နိုင်စွာ..။
" အစည်းအဝေးက ပီးပီလား..."
" အင်း....အားလုံး အဆင်ပြေပြေ ပြီးခဲ့ပါပြီဗျာ..."
ကလေးငယ်လက်သွယ်သွယ်လေးကို ဆွဲထူကာ မတ်တပ်အနေထားဖြင့် ကလေးငယ်မျက်နာနုနုလေးကို ဖုံးကွယ်စေရန် Mask လေးတပ်ပေးသည့်အပြင် ကလေးငယ်ပါလာသော ဦးထုပ်ဝိုင်းလေးကို ဆောင်းပေးကာ အိမ်အပြန်ခရီး ချစ်မောင်နှံတို့ ပျော်မြူးသကဲ့သို့။
" Boss "
" ကိုယ်တို့ပြန်တော့မယ် ကိုဇေယျာ ...အားလုံးစိတ်ချရမယ်မဟုတ်လား..."
" ဟုတ်ကဲ့ပါ Boss "
" အားလုံးပဲ ထပ်မံ မိတ်ဆက်ပေးပါရစေ...ဒါကိုယ့်အမျိုးသားလေး ဗန်လွယ်အွေ့တဲ့ မှတ်ထားကြပေါ့....ကိုယ်လိုပဲ သူကို လေးစားပေးကြဖို့ မျှော်လင့်တယ်.."
" ဟုတ်ကဲ့ Boss "
"မဂ်လာပါ အစ်ကိုလေး..."
" ဟုတ်ကဲ့ဗျ..."
အတွင်းရေးမှူးနေရာကနေ hall ခန်းထဲရှိ စပ်စုနေသော မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး တစ်ခါတည်းပါစပ်ပိတ်စေသည့် သူဌေးဖြစ်သူ၏ အကြည့်တွေကတကယ်ကြောက်လန့်ဖွယ်ရာမို့ ဝန်ထမ်းအားလုံးက ခေါင်းညိမ့်၍ သာ သူဌေးကတော်လေးအား နူတ်ခွန်းဆက်သနေမိသည်။
" ကိုယ်တစ်ခုတော့ အသိပေးပါရစေ...ကိုယ့်ကလေးငယ်နဲ့ ပတ်သတ်တာမှန်သမျှ ကလေးကိစ္စအဝဝက ကိုယ်အတွက်အရေးကြီးဆုံးမို့ ဒီတစ်ခုတော့ မင်းတို့ခေါင်းထဲ မြဲမြဲမှတ်ထားပေးစေချင်တယ်..."
" ဟုတ်ကဲ့ပါ Boss "
" ကိုယ်တို့ပြန်မယ် ကိုဇေယျာ ..."
" Driver အဆင့်သင့်ပါ Boss "
" မလိုဘူး ဒီနေ့ ကိုယ်ဘာသာ မောင်းမယ် "
" ဟုတ်ကဲ့ပါ Boss"
အထက်စီးဆန်ဆန် ခက်ထန်စွာ ပြောဆိုနေတဲ့ ချစ်ရသူကြီးက လူစားလဲခံရသလို အရာရာကို ခက်ထန်စူးရှနေတဲ့မျက်ဝန်းတို့ဖြင့် ဝန်ထမ်းအားလုံးကို မှာစရာရှိတာမှာပြီး ဘေးနားကနေ အနီးကပ်စောင့်ရှောက်ပေးနေသော အစ်ကိုဇေယျာအပေါ်ပင် ခက်ထန်လွန်သည်ဟု လွယ်အွေ့ခံစားမိသည်။
ကိုယ်အတွက် လုံလောက်စေသော ကာကွယ်မူတွေနဲ့အတူ မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ ချစ်ရသူရဲ့ လက်ဖဝါးကြီးကြီးထဲဝယ် နေရာတကျ၊ မေ့မောကာ ငေးမော့ကြည့်ပြန်တော့အပြုံးချိုချိုလေးဖြင့် ငုံကြည့်ကာ တုန့်ပြန်လာသေးသည်။
" ဖေဖေတို့ဆီ ဘယ်နေ့သွားရမလဲ "
" မနက်ဖန် ထင်တယ် ..ကိုကိုကြီး လာခေါ်မယ်တဲ့ .."
"ကိုယ်လိုက်ပို့ပေးမယ်...."
" ဟင်...ဖြစ်ပါ့မလား..."
" ဖြစ်ပါတယ်ကွာ....ဖေဖေ့ကိုယ်ကို မကြည်ဘူးဆိုပေမယ့် မိသားစုဝင်တွေလေ...ငယ်လေးအပေါ်ချစ်ပုံချစ်နည်းမတူကြတာ....ကဲပါ ခု Condo ပြန်ရအောင် ..."
ဖေဖေနဲ့ထိပ်တိုက်တွေ့ဆုံမှာ စိုးလို့ စိုးရိမ်မျက်ဝန်းတွေနှင့် မော့ကြည့်လာတဲ့ ကလေးသေးသေးလေးကို ဒူးခေါင်းကနေ ပွေ့ကာ ကားပေါ်တင်ပေးလိုက်တော့ အံ့အားသင့်မျက်ဝန်းတွေဖြင့် ပါးစပ်လေးဟနေပုံက အသည်းယားပုံအတိ။
ဘာမှပြော ညာမပြော မိမိကိုယ်ကို ကောက်ကာ ပွေ့လိုက်သည့် ချစ်ရသူကြီးကြောင့် ရောင်ရမ်းပြီး ဖက်ထားမိသည့် လည်တိုင်က သင်းပျံပျံရနံ့ကကြိုင်လိူင်စွာ။ ကိုယ့်ကိုပွေ့လျှက်သား အပေါ်ကိုမော့ကာ ဟားတိုက်ရယ်မောနေတဲ့ ချစ်ရသူကြီးက အဲ့သလောက် အရှက်ကင်းနေသည်တဲ့လား။
ဖျက်ခနဲ ထွက်ပေါ်လာသော အလင်းရောင်လေးကြောင့် နောက်ဘက်ဆီ စူးစိုက်ကြည့်မိတော့ ကင်မရာလွယ်ထားတဲ့ သတင်းသမားလေးက ပြုံးလျှက်သား ခေါင်းညိမ့်ပြပြီး တောင်းပန်နေရှာပါသေးသည်။ ကိုယ်တိုင်ကလည်း social media ပေါ်တနည်းမဟုတ် တနည်းဖြင့် ဖော်ပြပေးမှာမိုု့ CEO ပြေ့ဘုန်းမာန်က ပိုင်ရှင်ရှိနှင့်ပြီးသားဆ်ိုတာ လူအများအား သိနားလည်စေနိုင်ပြီလေ။ တစ်ချက်ခုတ်နှစ်ချက်ပြတ် အခွင့်အရေးမို့ ခေါင်းညိမ့်၍သာ လက်ခံထားမိပြီး ကလေးငယ်ကိုကားပေါ် သေချာတင်ကာ safety belt ကို တပ်၍ Driverseat နေရာ ဝင်ထိုင်ကာ ပြုံးပျော်လျှက်သား....။
" စောစောက ...သတင်းသမားလား...."
" ထင်တာပဲ...ကိုကိုလည်း appointment မပေးထားဘူးထင်တယ် "
" သူက photo ရိုတ်နေတာ..."
" သိတယ်လေ.."
လက်တစ်ဖက်က ငယ်လေး ဘယ်လက်လေးအား ဆုပ်ကိုင်ကာ အပြုံးမပြတ်ဝေဆာနေသော ကိုကိုက ဘာကိုမှကြောက်အားမပိုသည့်အလား။
စိုးရိမ်စိတ်အလျင်းမရှိသကဲ့သို့။
" ပုံတွေပါလာရင် ဘယ်လိုလုပ်မလဲ ..."
" အဲ့တာ ပိုကောင်းတာပေါ့..."
" ဟင်....ကျွန်တော်တို့က ..."
" လင်ခင်ပွန်းတွေပဲ....ကိုကိုက ပေါ်တင်တောင် ပြောချင်နေပြီဗျ...ခင်များလေးအဆင်မပြေမှာစိုးရိမ်လို့ ထိမ်းထားရတာ သိရဲ့လား..."
" ကိုကိုနော်...."
" တကယ်ပါဆိုကွာ....ခုလို သတင်းသမားတစ်ယောက်က ရူထောင့်ကောင်းကောင်းကနေ ရိုက်ပြီးတင်လိုက်တဲ့ ပုံလေးတစ်ပုံကြောင့် ဖေဖေဆူငေါက်တာ ခံရတာကလွဲ အကုန်လုံး ကောင်းကျိုးတွေကြီးပဲ....ကိုယ်တွေက လင်ခင်ပွန်းဆိုတာ သိကြတော့ ကိုယ့်ကလေးကို ဘယ်သူမော့ကြည့်ရဲမလဲ...ပြောကြည့်....ပြောဆိုရဲတဲ့ပါးစပ်တွေက auto ပိတ်သွားလိမ့်မယ်...ကိုကိုကို့ယုံလိုက် "
" မဟုတ်ဘူး ..ကိုကို့အပြောခံရ..."
"ငယ်လေးကို အဲလိုအတွေးဝင်စေမိတဲ့ ကိုယ်ကိုကိုယ်ခွင့်မလွတ်နိုင်ဆုံးပဲ.....တကယ်ကိုယ်မကောင်းခဲ့တာ....အဲ့အချိန်က ကိုယ့်စိတ်ထဲ ဖေဖေကိုအရွဲ့တိုက်ချင်စိတ်က ကြီးစိုးနေတာ အရှက်မရှိဝန်ခံတယ် ကလေးရာ...ဒါပေမယ့် ငယ်လေးအပေါ် ချိုးနိမ်ခြင်း တကယ်မရှိခဲ့တာပါ...ကိုယ်မကောင်းခဲ့ရိုးမှန်ပေမယ့် ကလေးကို စော်ကားနိမ့်ချလိုစိတ်မရှိခဲ့ပါဘူးကွာ...."
" အဲလိုသဘောပြောတာမဟုတ်ဘူး....ဟင်းအင်း..."
" ကလေးစိတ်ကို ကိုကို့နားလည်တာပေါ့....တော်ပြီနော် ကိုယ်လည်း အဲ့အကြောင်းဆက်မပြောတော့ဘူး...ကလေးလည်း ဝမ်းမနည်းနဲ့ ဘာကိုမှမစိုးရိမ်နဲ့ ..ဟုတ်ပြီလား....ကိုကို့ချစ်တယ်ဟုတ် .."
" အင်း.....ဗျာ ! "
" ဟားးးးကလေးလေးတစ်ယောက် ဝန်ခံနေပြီ...."
" ဟာ...နော်...."
" ချစ်နေတာကြီးကို...."
" ခင်များကြီး...."
" ဝေ့....ဟိုးဆရာ....ခင်များလေးအခေါ်ဝေါ်တွေပြင်လိုက်...ရောက်ပါပြီဗျာ..."
ကားပေါ်က အချစ်ငှက်လေးတွေ တဆာဆာ ဆိုညီးနေသလို ချော့လိုက်/ ပြောလိုက်ဖြင့် သာယာလှသော သည်ညနေချင်းအချိန်လေးက ပြေ့ဘုန်းမာန်အတွက် ချစ်ရသူလေးကို ရတနာတစ်ပါးလို ကြွကြွလေး ချီပိုးခေါ်ချင်သော်လည်း ကလေးငယ်က ရှက်အားပိုသည်မို့။
ကားပေါ်က ဆင်းရန်အရံသင့်ဖွင့်ပေးလာသော ကားတံခါးလေးကြောင့် ပြုံးလျက်သားခေါင်းညိမ့်ပြမိသည်။
" ကိုယ် ချီခေါ်မယ်လေ..."
" ဟင်းအင်း..."
" okay ဗျာ..."
ကားကို လော့ချကာ lift မှတဆင့် ကိုကိုနေထိုင်ရာ အထပ်ဆီသို့ ...။
၂ညတာမျှနေထိုင်ခဲ့ဖူးသော ဤနေရာတွင် ငိုချင်းရှည်သီချင်းတွေလည်း သီဆိုဖူးခဲ့သည်လေ။
ချစ်ရသူကြီးရဲ့ဌာနေမှာ ချန်ထားခံခဲ့ရသည့် ခံစားမူမျိုးက ခုထိမေ့မရနိုင်သည်မို့ ...။
Condo လေးထဲ ခြေချမိကတည်းကတိတ်ဆိတ်သွားတဲ့ ငယ်လေးရဲ့အသံလေးကြောင့် နောက်ပါးဆီကိုလှည့်အကြည့် အားငယ်ရိပ်တွေ ကငယ်လေးရဲ့မျက်နှာဝယ် အထင်းသားတွေ့နေရပြန်သည်။
" ကလေး.....ကိုကိုတောင်းပန်တယ်နော်...."
" ဟင်းအင်း...ကိုက်ိုမမှားခဲ့ဘူး...."
" သိပ်မှားတာပေါ့ကလေးရာ...ဒီကိုကိုက လူမဆန်ခဲ့တာပါကွာ....တောင်းပန်ပါတယ် အချစ်ရယ် ကိုကိုအနူးအညွှတိတောင်းပန်ပါတယ် "
" ဟင်းအင်း...."
" လာ ကိုကိုပြစရာရှိတယ်..."
မလွတ်တမ်းဆွဲခေါ်လာခဲ့သည်ကား မိမိနေထိုင်ခဲ့ဖူးသော အဖြူရောင်အခန်းငယ်လေးဆီသို့။
" အို......"
မြင်လ်ိုက်ရတဲ့ အခန်းတွင်းပြင်ဆင်မူက အံ့အားသင့်စေသည်မို့..။
နောက်ပါးဆီလှည့်ကြည့်မိတော့ လက်နှစ်ဖက်ပိုက်ကာ ပြုံးလျှက်သား ကိုယ်ကိုမေးဆက်ပြသည့် ချစ်ရသူကိုကို။
" ကြိုက်လား...ငယ်လေး.."
" အရမ်းမိုက်တာပဲ...ဘယ်တုန်းက ပြန်ပြင်လိုက်တာလဲ..."
" ကိုယ်ပြန်ရောက်ရောက်းချင်း ငယ်လေးအခန်းကို ငယ်လေးစိတ်ကြိုက်ဖြစ်စေမည့်အရာတွေကို သေချာတွေးပြီး interior designer ကိုသေချာပြောပြီး ပြင်ထားတာဗျ .."
" ချယ်ရီပင်ကြီးရော...တောင်ဇလပ်ပန်းတွေရော..."
" ဟုတ်တာပေါ့...ကိုကိုမေ့နေခဲ့တဲ့ ကိုယ်တွေ ငယ်ဘဝ ပုံရိပ်တွေလေ...သဘောကျလား ကလေးလေး...."
" အွန်း..."
အဖြူရောင်တစ်မျိုးတည်းကိုသာ သုံးထားသော ကျယ်ဝန်းတဲ့အခန်းလေးကို အိပ်ယာနောက်ဘက်ရှိနံရံပေါ်ဝယ် ဖေကြီးဆီ ရှိခဲ့ဖူးသော ငယ်ဘဝ အမှတ်တရဓါတ်ပုံလေးကအတိုင်း ချစ်စဖွယ်ကောင်လေးနှစ်ယောက်က ချယ်ရီပင်အိုကြီးအောက် ပြုံးလျှက်သား ထိုင်နေကြပုံကို အကျယ်ချဲ့ကာ နံရံဆေးရေးပန်းချီအဖြစ် ပြုပြင်ပြောင်းလဲလိုက်သော ပန်းချီကားကြီးက အသက်ရူဖို့ရာ မေ့ချင်ဖွယ်။ နှစ်ယောက်အိပ် မွေ့ရာဘေးရှိ အဖြူရောင် စားပွဲပေါ်တွင် အဖြူရောင်ကြွေပန်းအိုးထဲဝယ် တင့်တယ်လှပစွာ နေရာယူထားသော အနီရောင်တောင်ဇလပ်ပွင့်တို့က ရဲသွေးနီစွာ လှလှပပ နေရာယူထားပြန်သေးသည်။
အံဩဖွယ်ကောင်းလောကိသော နံရံဆေးရေးပန်းချီကြီးနှင့် ရဲသွေနီနေသော တောင်ဇလပ်ပန်းခြောက်တို့က ကိုယ်ကိုလက်ကမ်းကြိုနေသလို ပြုံးလျှက်သား ပျော်မြူး မျက်ရည်တို့ အိုင်ထွန်းခဲ့ရပြီး နောက်ပါးဆီမှ ကိုယ်ကိုပြုံးလျှက်သား ကြည့်နေသည့် ချစ်ရသူဆီရင်ခွင်ထဲ ခုန်ဝင်မိတော့ နွေးထွေးလျှက်သား ရင်ဖွင့်ကြိုဆိုနေပြန်သေးသည်။
" ကိုကို...."
" ဗျ..ကိုယ့်ကလေးလေး ငိုနေတာလား..."
ခေါင်းခါပြရင်း ရင်ခွင်ထဲထပ်တိုး၍သာ အချွဲပိုနေသော အဆ်ိုတော်ပေါက်စလေး။
" ကဲဗျာ...မကြာခင်အဆိုတော်ဖြစ်မယ့်သူက ကလေးလေးတစ်ယောက်လို ငိုနေရော့လား "
" မဟုတ်ပဲနဲ့..."
" တကယ်ပေါ့..ကိုကိုက ဒီကလေးလေးကို ယုံကြည်ပြီးသား...အောင်မြင်ရင် ဒီက ကိုယ်ကို အရင်ဆုံး အမှတ်တရလက်မှတ်ထိုးပေးရမယ်နော်....ဟားးးး"
" ကိုကိုနော်...လူညစ်ပတ်...."
" အေးဗျ...ညစ်ပတ်ဆို ရေမချိုးရသေးဘူး...ဟားးးးး"
" နံတယ်..လွတ်လို့..."
" လွတ်စရာလား...အဆိုတော်ပေါက်စလေးကို အမိအရ ဖက်ထားရတာ လွယ်တယ်များမှတ်နေလား ဟင်..."
" ဟား....ယားတယ်လို့....လွတ်....ဖယ်ပေးလို့....."
အနီးရှိမွေ့ရာပေါ် ကလေးငယ် ကိုယ်နွေးလုံးလေးအား ပွေ့တင်ကား အပေါ်စီးကနေအုပ်မိုး၍ ကလေးငယ်လည်ပင်းကြားလေးဝယ် နင့်နင့်သည်းသည်းနမ်းရိူက်မိတော့ တွန်းကန်လာတဲ့ လက်သွယ်သွယ်လေးကို ချုပ်ကိုင်ကာ နားထင်စပ်မှနေ၍ သင်းပျံပျံရနံထွက်သော လည်ပင်းကြားလေးထိ နူတ်ခမ်းသားလေးဖြင့် ပွတ်တိုက်ကာ နမ်းရိူက်မိသည်။
အနမ်းယာဉ်ကြော ဖြတ်သန်းနေစဉ် တွန့်လိမ်ကာ ဖယ်ရှားနေသည့် ကလေးငယ်လေးကြောင့် ထိမ်းချုပ်ထားသည့်ဆန္ဒတချို့တို့က မိမိစိတ်ရိုင်းထဲဝယ် တွန်းကန်လာသည့်အလား...။
မျက်နှာလေးကို မော့ကြည့်မိသည့်အခိုက် မျက်ရည်ကြည်တို့ရစ်သိုင်းနေတဲ့ ကလေးငယ် မျက်ဝန်းတို့ ရူးသွပ်ဖို့ရာ လုံလောက်နေသည်မို့.....။
" အရမ်းကြီး မရယ်နဲ့တော့ ..မောနေမယ်.."
" ခင်များကြီးကြောင့်.."
" ချစ်တာကို....ချစ်တာကိုးးးဟားးးး"
" အားးးးးအဲလိုကြီးမရယ်နဲ့လို့ !~~~~"
" လာပါအုံးကွာ ဒီအနွေးလုံးလေးကိုအားရပါးရ ဖက်ချင်လို့......."
" ဘာမှလည်းမရောင်းပဲနဲ့...........ဟိ..ဟိ"
" အေးဗျ....အသည်းယားအောင်သိပ်မလုပ်နဲ့ ..တစ်ကိုယ်လုံး ဝါးစားပစ်မယ်."
" ဟိ....ဟိ...ကြောက်တယ်လို့ "
ရင်ခွင်ထဲအတင်းခိုဝင်လာသူလေးကို အသည်းယားသည်ပုဒ်မတပ်ကာ ရင်ဘတ်ပေါ်တင်၍ သိမ်းကျုံးဖက်ထားလိုက်ပြီး တမေ့တမောနမ်းရိူက်နေမိတော့သည်.........။
#မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Take care all
( ......ဒါထက်ချိုရအောင် ဆေးသကြားခတ်ရုံပဲကျန်တော့တယ်....ရိုချိုမွှေးလုံးလေးက သူ့ဘဲရင်ခွင်ထဲမှာ....ခင်များတို့သာ ဘဲမရှိပဲ စောင်ကိုက်ပြီးအားကျနေကြ 🥴😂)
Zawgyi
" ကိုကို "
"ငယ်လေး...ကလေးလေး..."
" ကိုဇေယျာ..."
" ငါလည်း မကူညီနိုင်ဘူး ..."
" ဗျာ....."
" ရှင်....."
"ငယ်လေး...."
" ဘာဖြစ်တာလဲဟင်..."
" ကိုကို့....."
" အင်......"
" ဗျာ..."
" ဟုတ်....."
"ဟင်းအင်း....."
" ဗျာ..ဒါပေမယ့်....."
" အစ်ကိုသာထက်က..."
" ယုံပြီလား ဗျာ...."
" အစည်းအဝေးက ပီးပီလား..."
" Boss "
" ဟုတ်ကဲ့ပါ Boss "
" ဟုတ်ကဲ့ Boss "
"မဂ်လာပါ အစ်ကိုလေး..."
" ဟုတ်ကဲ့ဗျ..."
" ဟုတ်ကဲ့ပါ Boss "
" ဟုတ်ကဲ့ပါ Boss"
" ဟင်...ဖြစ်ပါ့မလား..."
" စောစောက ...သတင်းသမားလား...."
" သူက photo ရိုတ်နေတာ..."
" သိတယ်လေ.."
" ဟင်....ကျွန်တော်တို့က ..."
" ကိုကိုနော်...."
" အင်း.....ဗျာ ! "
" ဟာ...နော်...."
" ချစ်နေတာကြီးကို...."
" ခင်များကြီး...."
" ကိုယ် ချီခေါ်မယ်လေ..."
" ဟင်းအင်း..."
" okay ဗျာ..."
" ဟင်းအင်း...ကိုကျိုမမှားခဲ့ဘူး...."
" ဟင်းအင်း...."
" လာ ကိုကိုပြစရာရှိတယ်..."
" အို......"
မွငျလျိုကျရတဲ့ အခန်းတွင်းပြင်ဆင်မူက အံ့အားသင့်စေသည်မို့..။
" ကြိုက်လား...ငယ်လေး.."
" အွန်း..."
" ကိုကို...."
" မဟုတ်ပဲနဲ့..."
" ကိုကိုနော်...လူညစ်ပတ်...."
" နံတယ်..လွတ်လို့..."
အနီးရှိမွေ့ရာပေါ် ကလေးငယ် ကိုယ်နွေးလုံးလေးအား ပွေ့တင်ကား အပေါ်စီးကနေအုပ်မိုး၍ ကလေးငယ်လည်ပင်းကြားလေးဝယ် နင့်နင့်သည်းသည်းနမ်းရိုက်မိတော့ တွန်းကန်လာတဲ့ လက်သွယ်သွယ်လေးကို ချုပ်ကိုင်ကာ နားထင်စပ်မှနေ၍ သင်းပျံပျံရနံထွက်သော လည်ပင်းကြားလေးထိ နူတ်ခမ်းသားလေးဖြင့် ပွတ်တိုက်ကာ နမ်းရိုက်မိသည်။
" ခင်များကြီးကြောင့်.."
" ဟိ....ဟိ...ကြောက်တယ်လို့ "
ရင်ခွင်ထဲအတင်းခိုဝင်လာသူလေးကို အသည်းယားသည်ပုဒ်မတပ်ကာ ရင်ဘတ်ပေါ်တင်၍ သိမ်းကျုံးဖက်ထားလိုက်ပြီး တမေ့တမောနမ်းရိုက်နေမိတော့သည်.........။
#Take care all