မြွေ(Complete -U+Z)

By MyaHninn5

1.4M 92.6K 3.2K

မြွေများကိုအလွန်အမင်းကြောက်တတ်သောပြည့်စုံသည်တစ်နေ့တွင်ထူးထူးဆန်းဆန်းအိမ်မက်ကြီးတစ်ခုမက်ခဲ့သည်။ထိုအိမ်မက်ထဲတွင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32(END)
EXTRA
EXTRA
❤️
EXTRA
Book Mark
Book cover🐍details
Preorder time🐍
စားလုံးပေါင်းအမှားများ
ပြင်ဆင်ပြီးစီးခြင်း
သတိပေးချက်
Hello

EXTRA

33.4K 2K 77
By MyaHninn5

ကုတင်ပေါ်မှာဖျော့တော့စွာလဲလျောင်းနေတဲ့ကြင်ယာတော်လေးကိုပြုစုပေးနေရင်းအထိန်းတော်ကြီးသက်ပြင်းချမိလိုက်သည်။သူနဲ့ကြင်ယာတော်လေးကဘဝတူချင်းမို့ကိုယ်ချင်းစာမိပါသည်။ယောက်ျားတွေကသာမာန်အချိန်ဆိုနူးညံ့ပြီးအထိခိုက်မခံဖြစ်နေကြပေမယ့်အဲ့အချိန်ရောက်ရင်တော့ပေးထားတဲ့ကတိတွေအကုန်မေ့ပြစ်ပြီးလုပ်ချင်တာလုပ်ကြတော့သည်။ဟူး..မုန်းဖို့ကောင်းလိုက်ကြတာ။

နက္ခကပြည့်စုံရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်အခန်းထဲမဝင်ရဲပဲပြတင်းပေါက်မှချောင်းကြည့်ပြီးဖြေသိမ့်နေရသည်။ပြည့်စုံရဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းရေးလုပ်ပေးနေတဲ့အထိန်းတော်ကြီးရဲ့လက်တွေကိုဆွဲဖြုတ်ပြီးသူကိုယ်တိုင်ပြုစုပေးချင်လိုက်တာ။

​ပြည့်စုံချပ်ရပ်နေသေးသည့်သူ့ဗိုက်လေးကိုပွတ်သတ်လိုက်သည်။မေမေဖြစ်ရတဲ့ခံစားချက်ကတစ်ကယ်အရမ်းကောင်းတာပဲ။ဒီမြွေပေါက်လေးကသူ့ဗိုက်ထဲမှာငါးလအထိနေမှာဖြစ်ပြီးငါးလပြည့်ရင်ဥအဖြစ်,မွေးဖွားလာလိမ့်မည်။ထိုဥလေးကိုနက္ခကငါးလထိထိဝပ်ပေးရမည်ဖြစ်ကာ,လစေ့ရင်တော့မြွေသားပေါက်လေးဖြစ်လာလိမ့်မည်။တစ်နှစ်အရွက်ရောက်ရင်တော့လူကလေးအသွင်ပြောင်းလာပြီးယောက်ျား၊မိန်းမကွဲပြားလာလိမ့်မည်။သာမာန်မွေးဖွားနည်းတွေထက်အများကြီးပိုရှုပ်ထွေးပေမယ့်သူကတော့အလုပ်ရှုပ်တယ်လို့မခံစားရပေ။

'ဒါလေးကနက္ခနဲ့သူ့ရဲ့ရတနာလေးပဲလေ'

အချိန်တွေကတစ်ရွေ့ရွေ့ကုန်ဆုံးနေသည်။

"ပြည့်စုံလေးကိုယ်,လူတွေဘက်ဆီခဏသွားအုန်းမယ်ဘာမှာချင်သေးလဲ"

"ဟမ်!မင်းကဘာလုပ်ဖို့သွားမှာလဲ"

"မယ်တော်ကိုသတိရလို့ပါခမည်းတော်ကိုလည်းပြန်လာတော့ဖို့ပြောချင်လို့ပြည့်စုံလေးကိုယ်ဝန်လွယ်နေရတာကိုကိုယ်ကအလုပ်တွေရှုပ်နေရတယ်လို့"

ပြည့်စုံ,နက္ခကိုမျက်စောင်းထိုးလိုက်ကာ

"ငါသိတာတော့မင်းအမြဲတမ်းငါ့နားမှာကြီးပဲရှိနေတာလားလို့"

"ကိုယ်ဒီထက်ပိုပြီးနီးကပ်ချင်သေးတယ်"

တစ်လပြည့်ပြီဖြစ်လို့အနည်းငယ်ဆူလာပြီဖြစ်တဲ့ဗိုက်လေးကိုနက္ခပွတ်သတ်အနမ်းပေးမဝနိုင်အောင်ဖြစ်နေမိသည်။ပြည့်စုံကဗိုက်ဖောင်းဖောင်းလေးနှင့်နဂိုဖြူစွတ်နေသည့်အသားအရေလေးကအနီရောင်သန်းလာတာကြောင့်နက္ခစိတ်မထိန်းပဲအကြိမ်ကြိမ်ချစ်ရည်လူးဖို့ကြိုးစားဖူးပေမယ့်ဗိုက်ထဲက,ကလေးကသူရဲ့ဥခွံတွေကိုသုံးပြီးနက္ခရဲ့ညီလေးကိုအပြင်သို့တွန်းထုတ်တတ်တာကြောင့်သူ့မှာအောင့်အီးသည်းခံနေရဖို့သာတတ်နိုင်တော့သည်။

'မင်းအပြင်ထွက်လာရင်ငါကမင့်ကိုဘောလုံးလိုကန်လွှင့်ပြစ်လိုက်မှာကျေးဇူးမသိတဲ့သောက်ကလေး'

နက္ခ,ပြည့်စုံမှာလိုက်တဲ့မုန့်တစ်သီတစ်သန်းကြီးကိုစာရင်းနှင့်ရေးမှတ်လိုက်ပြီးနဖူးလေးကိုအနမ်းပေးလိုက်ကာ

"ကိုယ်ညနေပြန်လာခဲ့မယ်နော်"

ညနေစောင်းလို့နက္ခပြန်ရောက်လာတော့လက်ထဲမှစားစာတွေကပူနွေးတုန်းရှိသေးတာကြောင့်ဘယ်လောက်မြန်မြန်ပျံသန်းလာရမှန်းသိသာလှသည်။နက္ခမျက်လုံးများကအနည်းငယ်နီရဲနေပြီးငိုထားခဲ့ပုံပေါက်တာကြောင့်ပြည့်စုံစားစရာတွေက်ုပြစ်ချကာနက္ခမျက်နှာကိုစိုးရိမ်တကြီးဆွဲမော့လိုက်ပြီး

"ဘာဖြစ်လာတာလဲနက္ခ!"

"ဘာမှမဖြစ်ပါဘူး"

"ပြောစမ်းပါငါစိတ်ပူတယ်လို့"

"မယ်တော်ကိုတွေ့လိုက်ရလို့ဝမ်းနည်းပြီးငိုခဲ့တာပါ"

နက္ခရဲ့မျက်နှာကနီရဲကာအတော်ပင်ရှက်နေဟန်

"တော်သေးတာပေါ့..အရှင်မင်းကြီးနဲ့ဖိဖုရားကရောနန်းတော်ကိုပြန်လာတော့မယ်တဲ့လား"

နက္ခနုတ်ခမ်းဆူပုတ်ပုတ်လုပ်ကာခေါင်းခါပြလိုက်ရင်း

"သူတို့ကပြန်မလာကြတော့ဖို့ဆုံးဖြတ်ထားလိုက်ကြပြီကိုယ်အဆင်သင့်ဖြစ်ရင်ထီးနန်းလွှဲပေးကြမယ်တဲ့ပြည့်စုံလေးကိုယ်တို့လဲ,ကိုယ်တို့ရတနာလေး,မွှေးလာရင်သူ့ကိုထီးနန်းလွှဲပြီးကိုယ်တို့လည်းနှစ်ယောက်ထဲသီးသန့်သွားနေကြရအောင်"

"ပေါက်ကရတွေပြောချင်အုန်း..ခွပ်"

နက္ခကတော့ခေါက်ခံလိုက်ရသည့်သူ့ရဲ့ခေါင်းလေးကိုအသာပွတ်သပ်ရင်းမျက်နှာလေးငိုမဲ့မဲ့နှင့်။

အချိန်ကြာလာသည်နှင့်အမျှပြည့်စုံကမြွေများကိုမကြောက်တော့ပဲထိတွေ့ရဲလာတာကြောင့်အပြင်ထုတ်ခံထားရတဲ့အချစ်အိမ်မွေးလေးတွေကနန်းဆောင်ထဲပြန်ဝင်ခွင့်ရကြပြီဖြစ်သည်။အချစ်အိမ်မွေးလေးတွေရဲ့နဂိုပီဇကိုကကြင်ယာတော်တွေအပေါ်တွယ်ကပ်လွန်းတတ်ပြီးခင်ပွန်းရဲ့အချစ်ခံရရင်,ခံရသလောက်ပိုပိုပြီးတွယ်ကပ်တတ်ကြသည်။အချစ်အိမ်မွေးလေးတွေကပြည့်စုံကိုမျက်စိတောက်ထောက်ကြည့်နေကြပြီးအိမ်သာသွားလဲလိုက်၊ရေချိုးခန်းသွားလဲလိုက်တတ်ကြကာတစ်မိနစ်လောက်ပြည့်စုံကိုမတွေ့သည်နှင့်အော်ဟစ်ငိုယိုကြတော့သည်။နက္ခမှာဒေါသမထိန်းနိုင်ပဲသူ့ရဲ့တော်ဝင်ဓါးရှည်ကြီးကိုထုတ်ကာအချစ်အိမ်မွေးတွေကိုသတ်ပြစ်ဖို့အကြိမ်ကြိမ်လုပ်ဖူးပေမယ့်ပြည့်စုံကအကြိမ်တိုင်းသူ့ကိုဒေါသတကြီးဖြင့်တော်ဝင်နန်းဆောင်ကမောင်းထုတ်လေ့ရှိတာကြောင့်နက္ခမှာအချစ်အိမ်တွေသတ်ပြစ်ရေးအစီအစဉ်ကိုလက်လျော့လိုက်ရတော့သည်။

အချစ်အိမ်မွေးတွေမှာအလိုက်ကန်းဆိုးမသိပဲပြည့်စုံရဲ့ဝတ်ရုံတော်ထဲ၊ဆံပင်တွေကြားထဲ၊လက်မောင်းများကြားနှင့်ပုခုံးများပေါ်သို့အချိန်ပြည့်သွာလာနေတတ်ကြသည်။နန်းတော်ပြင်ပသို့အပျင်းပြေထွက်လည်တိုင်း,တိုင်းပြည်သူတွေဟာအချစ်အိမ်မွေးတွေဖုံးအုပ်ထားတာကြောင့်ကြင်ယာတော်ကိုမတွေ့ရပဲအိမ်မွေးအထွေးလိုက်ကြီးကိုသာတွေ့ရလေ့ရှိသည်။မသိလျှင်အချစ်အိမ်​မွေးတွေကလူသဏ္ဍန်ဖြင့်လည်ပတ်နေကျသလို။အရှင့်သားဒေါသထွက်သည်မှာဖြစ်သင့်ပါသည်။မည်သူမဆိုကိုယ့်ချစ်ရသူအနားတစ်ခြားလူတွေရှိနေတာကိုဘယ်လိုစိတ်နဲ့ကြည့်နေနိုင်မှာလဲ။ကြင်ယာတော်အတွက်ကမြွေပေါက်လေး​တွေဖြစ်နေပေမယ့်အရှင့်သားအတွက်ကတော့သူနဲ့မျိုးတူမြွေတွေပဲလေ။ဘယ်လိုပဲအိမ်မွေးကောင်ဆိုဆိုသဝန်တာကိုတော့ဘယ်ထိန်းလို့ရပါ့မလဲ။

သို့သော်လည်းအရှင့်သားဟာအရှင့်သားပါပဲ။တစ်နိုင်ငံလုံးကထိန်းမရလို့လွှတ်ထားရတဲ့သူတို့ရဲ့အရှင့်သားပဲမလား။

ငါးလပြည့်တော့ဗိုက်ပူပူဖောင်းဖောင်းလေးကနာကျင်လာပြီးဘောလုံးလောက်ရှိသည့်ဥလေးကိုဥချလိုက်ပြီဖြစ်သည်။ကြင်ယာတော်ရဲ့ငိုသံကြောင့်အရှင့်သားဟာမြွေအသွင်ပြောင်းလိုက်လူအသွင်ပြောင်းလိုက်ဖြင့်ဂနာမငြိမ်ဖြစ်နေခဲ့ပြီးမြွေတိုင်းပြည်တစ်ခုလုံးကိုအကြိမ်တစ်ထောင်မျှပျံသန်းနေခဲ့သည်။နောက်ဆုံးဥလေးထွက်လာတော့မှအရှင့်သားကပုံမှန်ပြန်ဖြစ်လာပြီးတစ်နိုင်ငံလုံးသက်ပြင်းချနိုင်ကြတော့သည်။

ပြသနာကခုမှတကယ်စပြီ။

​ဥလေးသားပေါက်ဖို့မြွေတစ်ကောင်ရဲ့အနွေးဓါတ်လိုအပ်ပြီးနှလုံခုန်သံနှင့်ဥလေးကထိတွေ့ဖို့လိုအပ်သည်။ရက်စက်စွာပင်အရှင့်သားဟာအိမ်​မွေးလေးတွေကိုဥဝပ်ဖို့တာဝန်ပေးလိုက်ပြီးအရှင့်သားဟာအတိုးချကာကြင်ယာတော်လေးနှင့်ညစဉ်ညတိုင်းချစ်ရည်လူးတော့သည်။အချစ်အိမ်မွေလေးတွေကသူတို့ကြင်ယာတော်လေးကိုကြည့်ပြီးညစဉ်ညတိုင်းဝမ်းနည်းစွာအော်ဟစ်ငိုယိုတတ်ကြတာကြောင့်တော်ဝင်နန်းဆောင်မှာညတိုင်းသာယာနေသောညည်းငြူသံများနှင့်ဝမ်းနည်းပက်လက်ငိုကြွေးသံများကိုကြားရလေ့ရှိသည်။

အရှင့်သားဟာဖခင်စိတ်ဝင်လာချိန်တိုင်းဥကိုဝပ်ပေးလေ့ရှိပြီးကြင်ယာတော်လေးစိတ်ဆိုးနေချိန်တိုင်းချော့ဖို့အတွက်ဥကိုဝပ်ပေးတတ်သည်။ကျန်အချိန်များတွင်တော့ကြင်ယာတော်လေးနားတွင်သာဆင်ကော်များလိုခွာမရအောင်ကပ်နေတတ်သည်။

ဥခွံလေးကွဲလာပြီးမြွေသားပေါက်လေးဖြစ်လာချိန်မှာသားပေါက်လေးဟာဖခင်ကဲ့သို့စိမ်းပုတ်ရောင်အဆင်းရှိပြီးဖခင်နှင့်တူလွန်းစွာပင်ကြင်ယာတော်နားသာကပ်နေတတ်သည်။ကြင်ယာတော်လေးမှလွှဲ၍အခြားမည်သူမှထိန်းမရတာကြောင့်အရှင့်သားရဲ့မချင့်မရဲအော်ဟစ်သံများကိုလည်းညတိုင်းနီးပါးကြားရလေ့ရှိသည်။

ပြည့်စုံသေမတတ်မျှော်လင့်ခဲ့ရသောနေ့လေးတစ်နေ့မှာသားပေါက်လေးဟာလူသားအသွင်ဖြစ်လာပြီးမျှော်လင့်ထားသည့်အတိုင်းဝဝကစ်ကစ်ယောက်ျားလေးတစ်ယာက်ဖြစ်နေခဲ့သည်။ပြည့်စုံဝမ်းသာလွန်းတာကြောင့်မျက်ရည်များစီးကျလာပြီးနက္ခရင်ခွင်ထဲခေါင်းတိုးဝင်ကာရှိုက်ငိုမိတော့သည်။

နက္ခ,ပြည့်စုံရဲ့နဖူးလေးကိုကြင်ကြင်နာနာနမ်းရှိုက်လိုက်ပြီး

"ကိုယ်တို့သူ့ကိုထီးနန်းလွှဲပြီးနှစ်ယောက်ထဲသွားနေလို့ရပြီ"

"လူဆိုးကောင်!"

ပြည့်စုံ,နက္ခရင်ဘတ်ကိုတစ်ဖုန်းဖုန်းထုရိုက်လိုက်ပေမယ့်မျက်နှာကတော့အပြုံးမပျက်ပေ။

"ကိုယ်တို့ရဲ့သားတော်လေးကိုနာမည်ပေးကြရအောင်"

ပြည့်စုံခေါင်းငြိမ့်လိုက်ပြီးအကြာကြီးစဉ်းစားလိုက်ပြီး

"သက္ကရာဇ်မဟာ!"

နက္ခဆီမှတုံ့ပြန်မှုတစ်စုံတစ်ရာမရတာကြောင့်ပြည့်စုံမော့ကြည့်လိုက်တော့နက္ခကသူ့ကိုချစ်မဝနိုင်တဲ့အကြည့်မျိုးနှင့်ငုံကြည့်နေပြီးမျက်လုံးတွေကမျက်ရည်ဝဲနေခဲ့သည်။အချိန်အနည်းငယ်ကြာမှနက္ခ,ပြည့်စုံကိုတင်းတင်းကျပ်ကျပ်ထွေးပွေ့လိုက်ပြီး

"အရာအားလုံးအတွက်ကျေးဇူးပါကိုယ့်ရဲ့ကြင်ယာတော်လေးရယ်..ကိုယ်အရမ်းကြိုက်တယ်"

အမြဲတမ်းသူ့အတွက်တွေးပေးတတ်တဲ့သူ့ရဲ့ကြင်ယာတော်လေးရယ်သူ့ကိုအမြဲရန်ရှာတတ်တဲ့သားတော်လေးရယ်အဆင်ပြေပြေနေကြတဲ့မိဘတွေရယ်သူ့အမိန့်ကိုနာခံလွန်းကြတဲ့တိုင်းသူပြည်သားတွေရယ်တစ်ကယ်ဘာမှထပ်မလိုတော့ဘူး။နက္ခမဟာဆိုတဲ့သူ့ရဲ့ဘဝဟာအရာအားလုံးပြည့်စုံလွန်းတာထက်ပိုလွန်းနေခဲ့ပြီ။

ထိုနေ့မှစ၍တစ်တိုင်းပြည်လုံးကသည်းသည်းလှုပ်အလိုလိုက်ချစ်ရသည့်အရှင့်သားမှာနက္ခမဟာမဟုတ်တော့ပဲသက္ကရာဇ်မဟာလေးဖြစ်လာခဲ့တော့သည်။

ထုံးစံအတိုင်းသူ့တို့ရဲ့အရှင့်သားဟောင်းကြီးကတော့ဘုရင်ဖြစ်လာသည့်တိုင်စိတ်အလိုမကျတာတွေ့တိုင်းကြင်ယာတော်ဖိဖုရားရင်ခွင်ထဲတိုးဝင်ကာလူရှေ့မရှောင်၊မြွေရှေ့မရှောင်၊ညီလာခံထဲပင်မရှောင်ပဲချွဲမြဲကဲမြဲဖြစ်နေဆဲပင်။
______________________________________

614❤️
ပျော်ရွှင်ဖွယ်မိသားစုလေးဖြစ်ပါစေ❤️
______________________________________

ကုတင္ေပၚမွာေဖ်ာ့ေတာ့စြာလဲေလ်ာင္းေနတဲ့ၾကင္ယာေတာ္ေလးကိုျပဳစုေပးေနရင္းအထိန္းေတာ္ႀကီးသက္ျပင္းခ်မိလိုက္သည္။သူနဲ႔ၾကင္ယာေတာ္ေလးကဘဝတူခ်င္းမို႔ကိုယ္ခ်င္းစာမိပါသည္။ေယာက်္ားေတြကသာမာန္အခ်ိန္ဆိုႏူးညံ့ၿပီးအထိခိုက္မခံျဖစ္ေနၾကေပမယ့္အဲ့အခ်ိန္ေရာက္ရင္ေတာ့ေပးထားတဲ့ကတိေတြအကုန္ေမ့ျပစ္ၿပီးလုပ္ခ်င္တာလုပ္ၾကေတာ့သည္။ဟူး..မုန္းဖို႔ေကာင္းလိုက္ၾကတာ။

နကၡကျပည့္စံုရဲ့တစ္ခ်က္လႊတ္အမိန္႔ေၾကာင့္အခန္းထဲမဝင္ရဲပဲျပတင္းေပါက္မွေခ်ာင္းၾကည့္ၿပီးေျဖသိမ့္ေနရသည္။ျပည့္စံုရဲ့ခႏၶာကိုယ္ကိုသန္႔ရွင္းေရးလုပ္ေပးေနတဲ့အထိန္းေတာ္ႀကီးရဲ့လက္ေတြကိုဆြဲျဖဳတ္ၿပီးသူကိုယ္တိုင္ျပဳစုေပးခ်င္လိုက္တာ။

​ျပည့္စံုခ်ပ္ရပ္ေနေသးသည့္သူ႔ဗိုက္ေလးကိုပြတ္သတ္လိုက္သည္။ေမေမျဖစ္ရတဲ့ခံစားခ်က္တစ္ကယ္အရမ္းေကာင္းတာပဲ။ဒီေႁမြေပါက္ေလးကသူ႔ဗိုက္ထဲမွာငါးလအထိေနမွာျဖစ္ၿပီးငါးလျပည့္ရင္ဥအျဖစ္,ေမြးဖြားလာလိမ့္မည္။ထိုဥေလးကိုနကၡကငါးလထိထိဝပ္ေပးရမည္ျဖစ္ကာ,လေစ့ရင္ေတာ့ေႁမြသားေပါက္ေလးျဖစ္လာလိမ့္မည္။တစ္ႏွစ္အရြက္ေရာက္ရင္ေတာ့လူကေလးအသြင္ေျပာင္းလာၿပီးေယာက်္ား၊မိန္းမကြဲျပားလာလိမ့္မည္။သာမာန္ေမြးဖြားနည္းေတြထက္အမ်ားႀကီးပိုရႈပ္ေထြးေပမယ့္သူကေတာ့အလုပ္ရႈပ္တယ္လို႔မခံစားရေပ။

'ဒါေလးကနကၡနဲ႔သူ႔ရဲ့ရတနာေလးပဲေလ'

အခ်ိန္ေတြကတစ္ေရြ့ေရြ့ကုန္ဆံုးေနသည္။

"ျပည့္စံုေလးကိုယ္,လူေတြဘက္ဆီခဏသြားအုန္းမယ္ဘာမွာခ်င္ေသးလဲ"

"ဟမ္!မင္းကဘာလုပ္ဖို႔သြားမွာလဲ"

"မယ္ေတာ္ကိုသတိရလို႔ပါခမည္းေတာ္ကိုလည္းျပန္လာေတာ့ဖို႔ေျပာခ်င္လို႔ျပည့္စံုေလးကိုယ္ဝန္လြယ္ေနရတာကိုကိုယ္ကအလုပ္ေတြရႈပ္ေနရတယ္လို႔"

ျပည့္စံု,နကၡကိုမ်က္ေစာင္းထိုးလိုက္ကာ

"ငါသိတာေတာ့မင္းအၿမဲတမ္းငါ့နားမွာႀကီးပဲရိွေနတာလားလို႔"

"ကိုယ္ဒီထက္ပိုၿပီးနီးကပ္ခ်င္ေသးတယ္"

တစ္လျပည့္ၿပီျဖစ္လို႔အနည္းငယ္ဆူလာၿပီျဖစ္တဲ့ဗိုက္ေလးကိုနကၡပြတ္သတ္အနမ္းေပးမဝႏိုင္ေအာင္ျဖစ္ေနမိသည္။ျပည့္စံုကဗိုက္ေဖာင္းေဖာင္းေလးႏွင့္နဂိုျဖဴစြတ္ေနသည့္အသားအေရေလးကအနီေရာင္သန္းလာတာေၾကာင့္နကၡစိတ္မထိန္းပဲအႀကိမ္ႀကိမ္ခ်စ္ရည္လူးဖို႔ႀကိဳးစားဖူးေပမယ့္ဗိုက္ထဲက,ကေလးကသူရဲ့ဥခြံေတြကိုသံုးၿပီးနကၡရဲ့ညီေလးကိုအျပင္သို႔တြန္းထုတ္တတ္တာေၾကာင့္သူ႔မွာေအာင့္အီးသည္းခံေနရဖို႔သာတတ္ႏိုင္ေတာ့သည္။

'မင္းအျပင္ထြက္လာရင္ငါကမင့္ကိုေဘာလံုးလိုကန္လႊင့္ျပစ္လိုက္မွာေက်းဇူးမသိတဲ့ေသာက္ကေလး'

နကၡ,ျပည့္စံုမွာလိုက္တဲ့မုန္႔တစ္သီတစ္သန္းႀကီးကိုစာရင္းႏွင့္ေရးမွတ္လိုက္ၿပီးနဖူးေလးကိုအနမ္းေပးလိုက္ကာ

"ကိုယ္ညေနျပန္လာခဲ့မယ္ေနာ္"

ညေနေစာင္းလို႔နကၡျပန္ေရာက္လာေတာ့လက္ထဲမွစားစာေတြကပူေနြးတုန္းရိွေသးတာေၾကာင့္ဘယ္ေလာက္ျမန္ျမန္ပ်ံသန္းလာရမွန္းသိသာလွသည္။နကၡမ်က္လံုးမ်ားကအနည္းငယ္နီရဲေနၿပီးငိုထားခဲ့ပံုေပါက္တာေၾကာင့္ျပည့္စံုစားစရာေတြက္ုျပစ္ခ်ကာနကၡမ်က္ႏွာကိုစိုးရိမ္တႀကီးဆြဲေမာ့လိုက္ၿပီး

"ဘာျဖစ္လာတာလဲနကၡ!"

"ဘာမွမျဖစ္ပါဘူး"

"ေျပာစမ္းပါငါစိတ္ပူတယ္လို႔"

"မယ္ေတာ္ကိုေတြ့လိုက္ရလို႔ဝမ္းနည္းၿပီးငိုခဲ့တာပါ"

နကၡရဲ့မ်က္ႏွာကနီရဲကာအေတာ္ပင္ရွက္ေနဟန္

"ေတာ္ေသးတာေပါ့..အရွင္မင္းႀကီးနဲ႔ဖိဖုရားကေရာနန္းေတာ္ကိုျပန္လာေတာ့မယ္တဲ့လား"

နကၡႏုတ္ခမ္းဆူပုတ္ပုတ္လုပ္ကာေခါင္းခါျပလိုက္ရင္း

"သူတို႔ကျပန္မလာၾကေတာ့ဖို႔ဆံုးျဖတ္ထားလိုက္ၾကၿပီကိုယ္အဆင္သင့္ျဖစ္ရင္ထီးနန္းလႊဲေပးၾကမယ္တဲ့ျပည့္စံုေလးကိုယ္တို႔လဲ,ကိုယ္တို႔ရတနာေလး,ေမႊးလာရင္သူ႔ကိုထီးနန္းလႊဲၿပီးကိုယ္တို႔လည္းႏွစ္ေယာက္ထဲသီးသန္႔သြားေနၾကရေအာင္"

"ေပါက္ကရေတြေျပာခ်င္အုန္း..ခြပ္"

နကၡကေတာ့ေခါက္ခံလိုက္ရသည့္သူ႔ရဲ့ေခါင္းေလးကိုအသာပြတ္သပ္ရင္းမ်က္ႏွာေလးငိုမဲ့မဲ့ႏွင့္။

အခ်ိန္ၾကာလာသည္ႏွင့္အမ်ျွပည့္စံုကေႁမြမ်ားကိုမေၾကာက္ေတာ့ပဲထိေတြ့ရဲလာတာေၾကာင့္အျပင္ထုတ္ခံထားရတဲ့အခ်စ္အိမ္ေမြးေလးေတြကနန္းေဆာင္ထဲျပန္ဝင္ခြင့္ရၾကၿပီျဖစ္သည္။အခ်စ္အိမ္ေမြးေလးေတြရဲ့နဂိုပီဇကိုကၾကင္ယာေတာ္ေတြအေပၚတြယ္ကပ္လြန္းတတ္ၿပီးခင္ပြန္းရဲ့အခ်စ္ခံရရင္,ခံရသေလာက္ပိုပိုၿပီးတြယ္ကပ္တတ္ၾကသည္။အခ်စ္အိမ္ေမြးေလးေတြကျပည့္စံုကိုမ်က္စိေတာက္ေထာက္ၾကည့္ေနၾကၿပီးအိမ္သာသြားလဲလိုက္၊ေရခ်ိဳးခန္းသြားလဲလိုက္တတ္ၾကကာတစ္မိနစ္ေလာက္ျပည့္စံုကိုမေတြ့သည္ႏွင့္ေအာ္ဟစ္ငိုယိုၾကေတာ့သည္။နကၡမွာေဒါသမထိန္းႏိုင္ပဲသူ႔ရဲ့ေတာ္ဝင္ဓါးရွည္ႀကီးကိုထုတ္ကာအခ်စ္အိမ္ေမြးေတြကိုသတ္ျပစ္ဖို႔အႀကိမ္ႀကိမ္လုပ္ဖူးေပမယ့္ျပည့္စံုကအႀကိမ္တိုင္းသူ႔ကိုေဒါသတႀကီးျဖင့္ေတာ္ဝင္နန္းေဆာင္ကေမာင္းထုတ္ေလ့ရိွတာေၾကာင့္နကၡမွာအခ်စ္အိမ္ေတြသတ္ျပစ္ေရးအစီအစဥ္ကိုလက္ေလ်ာ့လိုက္ရေတာ့သည္။

အခ်စ္အိမ္ေမြးေတြမွာအလိုက္ကန္းဆိုးမသိပဲျပည့္စံုရဲ့ဝတ္ရံုေတာ္ထဲ၊ဆံပင္ေတြၾကားထဲ၊လက္ေမာင္းမ်ားၾကားႏွင့္ပုခံုးမ်ားေပၚသို႔အခ်ိန္ျပည့္သြာလာေနတတ္ၾကသည္။နန္းေတာ္ျပင္ပသို႔အပ်င္းေျပထြက္လည္တိုင္း,တိုင္းျပည္သူေတြဟာအခ်စ္အိမ္ေမြးေတြဖံုးအုပ္ထားတာေၾကာင့္ၾကင္ယာေတာ္ကိုမေတြ့ရပဲအိမ္ေမြးအေထြးလိုက္ႀကီးကိုသာေတြ့ရေလ့ရိွသည္။မသိလ်ွင္အခ်စ္အိမ္​ေမြးေတြကလူသ႑န္ျဖင့္လည္ပတ္ေနက်သလို။အရွင့္သားေဒါသထြက္သည္မွာျဖစ္သင့္ပါသည္။မည္သူမဆိုကိုယ့္ခ်စ္ရသူအနားတစ္ျခားလူေတြရိွေနတာကိုဘယ္လိုစိတ္နဲ႔ၾကည့္ေနႏိုင္မွာလဲ။ၾကင္ယာေတာ္အတြက္ကေႁမြေပါက္ေလးေတျြဖစ္ေနေပမယ့္အရွင့္သားအတြက္ကေတာ့သူနဲ႔မ်ိဳးတူေႁမြေတြပဲေလ။ဘယ္လိုပဲအိမ္ေမြးေကာင္ဆိုဆိုသဝန္တာကိုေတာ့ဘယ္ထိန္းလို႔ရပါ့မလဲ။

သို႔ေသာ္လည္းအရွင့္သားဟာအရွင့္သားပါပဲ။တစ္ႏိုင္ငံလံုးကထိန္းမရလို႔လႊတ္ထားရတဲ့သူတို႔ရဲ့အရွင့္သားပဲမလား။

ငါးလျပည့္ေတာ့ဗိုက္ပူပူေဖာင္းေဖာင္းေလးကနာက်င္လာၿပီးေဘာလံုးေလာက္ရိွသည့္ဥေလးကိုဥခ်လိုက္ၿပီျဖစ္သည္။ၾကင္ယာေတာ္ရဲ့ငိုသံေၾကာင့္အရွင့္သားဟာေႁမြအသြင္ေျပာင္းလိုက္လူအသြင္ေျပာင္းလိုက္ျဖင့္ဂနာမၿငိမ္ျဖစ္ေနခဲ့ၿပီးေႁမြတိုင္းျပည္တစ္ခုလံုးကိုအႀကိမ္တစ္ေထာင္မ်ွပ်ံသန္းေနခဲ့သည္။ေနာက္ဆံုးဥေလးထြက္လာေတာ့မွအရွင့္သားကပံုမွန္ျပန္ျဖစ္လာၿပီးတစ္ႏိုင္ငံလံုးသက္ျပင္းခ်ႏိုင္ၾကေတာ့သည္။

ျပသနာကခုမွတကယ္စၿပီ။

​ဥေလးသားေပါက္ဖို႔ေႁမြတစ္ေကာင္ရဲ့အေနြးဓါတ္လိုအပ္ၿပီးႏွလံုခုန္သံႏွင့္ဥေလးကထိေတြ့ဖို႔လိုအပ္သည္။ရက္စက္စြာပင္အရွင့္သားဟာအိမ္​ေမြးေလးေတြကိုဥဝပ္ဖို႔တာဝန္ေပးလိုက္ၿပီးအရွင့္သားဟာအတိုးခ်ကာၾကင္ယာေတာ္ေလးႏွင့္ညစဥ္ညတိုင္းခ်စ္ရည္လူးေတာ့သည္။အခ်စ္အိမ္ေမြေလးေတြကသူတို႔ၾကင္ယာေတာ္ေလးကိုၾကည့္ၿပီးညစဥ္ညတိုင္းဝမ္းနည္းစြာေအာ္ဟစ္ငိုယိုတတ္ၾကတာေၾကာင့္ေတာ္ဝင္နန္းေဆာင္မွာညတိုင္းသာယာေနေသာညည္းျငဴသံမ်ားႏွင့္ဝမ္းနည္းပက္လက္ငိုေႂကြးသံမ်ားကိုၾကားရေလ့ရိွသည္။

အရွင့္သားဟာဖခင္စိတ္ဝင္လာခ်ိန္တိုင္းဥကိုဝပ္ေပးေလ့ရိွၿပီးၾကင္ယာေတာ္ေလးစိတ္ဆိုးေနခ်ိန္တိုင္းေခ်ာ့ဖို႔အတြက္ဥကိုဝပ္ေပးတတ္သည္။က်န္အခ်ိန္မ်ားတြင္ေတာ့ၾကင္ယာေတာ္ေလးနားတြင္သာဆင္ေကာ္မ်ားလိုခြာမရေအာင္ကပ္ေနတတ္သည္။

ဥခြံေလးကြဲလာၿပီးေႁမြသားေပါက္ေလးျဖစ္လာခ်ိန္မွာသားေပါက္ေလးဟာဖခင္ကဲ့သို႔စိမ္းပုတ္ေရာင္အဆင္းရိွၿပီးဖခင္ႏွင့္တူလြန္းစြာပင္ၾကင္ယာေတာ္နားသာကပ္ေနတတ္သည္။ၾကင္ယာေတာ္ေလးမွလႊဲ၍အျခားမည္သူမွထိန္းမရတာေၾကာင့္အရွင့္သားရဲ့မခ်င့္မရဲေအာ္ဟစ္သံမ်ားကိုလည္းညတိုင္းနီးပါးၾကားရေလ့ရိွသည္။

ျပည့္စံုေသမတတ္ေမ်ွာ္လင့္ခဲ့ရေသာေန့ေလးတစ္ေန့မွာသားေပါက္ေလးဟာလူသားအသြင္ျဖစ္လာၿပီးေမ်ွာ္လင့္ထားသည့္အတိုင္းဝဝကစ္ကစ္ေယာက်္ားေလးတစ္ယာက္ျဖစ္ေနခဲ့သည္။ျပည့္စံုဝမ္းသာလြန္းတာေၾကာင့္မ်က္ရည္မ်ားစီးက်လာၿပီးနကၡရင္ခြင္ထဲေခါင္းတိုးဝင္ကာရိႈက္ငိုမိေတာ့သည္။

နကၡ,ျပည့္စံုရဲ့နဖူးေလးကိုၾကင္ၾကင္နာနာနမ္းရိႈက္လိုက္ၿပီး

"ကိုယ္တို႔သူ႔ကိုထီးနန္းလႊဲၿပီးႏွစ္ေယာက္ထဲသြားေနလို႔ရၿပီ"

"လူဆိုးေကာင္!"

ျပည့္စံု,နကၡရင္ဘတ္ကိုတစ္ဖုန္းဖုန္းထုရိုက္လိုက္ေပမယ့္မ်က္ႏွာကေတာ့အၿပံဳးမပ်က္ေပ။

"ကိုယ္တို႔ရဲ့သားေတာ္ေလးကိုနာမည္ေပးၾကရေအာင္"

ျပည့္စံုေခါင္းၿငိမ့္လိုက္ၿပီးအၾကာႀကီးစဥ္းစားလိုက္ၿပီး

"သကၠရာဇ္မဟာ!"

နကၡဆီမွတံု႔ျပန္မႈတစ္စံုတစ္ရာမရတာေၾကာင့္ျပည့္စံုေမာ့ၾကည့္လိုက္ေတာ့နကၡကသူ႔ကိုခ်စ္မဝႏိုင္တဲ့အၾကည့္မ်ိဳးႏွင့္ငံုၾကည့္ေနၿပီးမ်က္လံုးေတြကမ်က္ရည္ဝဲေနခဲ့သည္။အခ်ိန္အနည္းငယ္ၾကာမွနကၡ,ျပည့္စံုကိုတင္းတင္းက်ပ္က်ပ္ေထြးေပြ့လိုက္ၿပီး

"အရာအားလံုးအတြက္ေက်းဇူးပါကိုယ့္ရဲ့ၾကင္ယာေတာ္ေလးရယ္..ကိုယ္အရမ္းႀကိဳက္တယ္"

အၿမဲတမ္းသူ႔အတြက္ေတြးေပးတတ္တဲ့သူ႔ရဲ့ၾကင္ယာေတာ္ေလးရယ္သူ႔ကိုအၿမဲရန္ရွာတတ္တဲ့သားေတာ္ေလးရယ္အဆင္ေျပျပေရိွေနၾကတဲ့မိဘေတြရယ္သူ႔အမိန္႔ကိုနာခံလြန္းၾကတဲ့တိုင္းသူျပည္သားေတြရယ္တစ္ကယ္ဘာမွထပ္မလိုေတာ့ဘူး။နကၡမဟာဆိုတဲ့သူ႔ရဲ့ဘဝဟာအရာအားလံုးျပည့္စံုလြန္းတာထက္ပိုလြန္းေနခဲ့ၿပီ။

ထိုေန့မွစ၍တစ္တိုင္းျပည္လံုးကသည္းသည္းလႈပ္အလိုလိုက္ခ်စ္ရသည့္အရွင့္သားမွာနကၡမဟာမဟုတ္ေတာ့ပဲသကၠရာဇ္မဟာေလးျဖစ္လာခဲ့ေတာ့သည္။

ထံုးစံအတိုင္းသူ႔တို႔ရဲ့အရွင့္သားေဟာင္းႀကီးကေတာ့ဘုရင္ျဖစ္လာသည့္တိုင္စိတ္အလိုမက်တာေတြ့တိုင္းၾကင္ယာေတာ္ဖိဖုရားရင္ခြင္ထဲတိုးဝင္ကာလူေရ႔ွမေရွာင္၊ေႁမြေရ႔ွမေရွာင္၊ညီလာခံထဲပင္မေရွာင္ပဲခြၽဲၿမဲကဲၿမဲျဖစ္ေနဆဲပင္။

______________________________________

614❤️
ေပ်ာ္ရႊင္ဖြယ္မိသားစုေလးျဖစ္ပါေစ❤️
______________________________________

Continue Reading

You'll Also Like

1.3M 32.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
318K 4.4K 31
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1M 48.4K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...