23

31.8K 2.1K 28
                                    

ထိုနေ့မှစ၍ကြင်ယာတော်လေးဟာလိမ်မာပြီးနာခံမှုရှိလာတော့သည်။သူမရှိတဲ့အချိန်တွေဆိုကြင်ယာတော်လေးကအခန်းပတ်ပတ်လည်သန့်ရှင်းရေးလုပ်နေတတ်သည်။လူသားကြင်ယာတော်တွေရဲ့အလုပ်မို့လုပ်နေမှန်းသိပေမယ့်သူကတော့မလုပ်စေချင်ပါ။မြွေတိုင်းပြည်မှာကြင်ယာတော်တွေကိုအများအားဖြင့်အိမ်မှုကိစ္စမခိုင်းတတ်ကြ။သာမာန်ဘဝတွေမှာတောင်,ယောက်ျားတစ်ယောက်ရဲ့ဂုဏ်သိက္ခါအတွက်အသက်ထက်မြတ်နိုးရတဲ့အိမ်သူသက်ထားအတွက်ပင်ပန်းပြီခက်ခဲသောအရာတွေကိုမလုပ်ခိုင်းကြချေ။

သူ့လိုမြင့်မြတ်တဲ့တော်ဝင်မင်းသာဆိုရင်ပိုဆိုးပေါ့။ဖြစ်နိုင်လျှင်နေပူပူထဲပင်မထွက်ခိုင်းရက်ပါ။သူ့မှာရွေရံသင်းပင်းတွေအများကြီးရှိပြီးသားဖြစ်သည်။သို့သော်လည်းယခုချိန်မှာသူကကြင်ယာတော်လေးကိုတရားဝင်မပိုင်ဆိုင်နိုင်သေးပေ။ထို့ကြောင့်အရာအားလုံးကိုသည်းခံထားရသည်။

တခြားကြင်ယာတော်တွေနှင့်မတူသည့်အချက်မှာသူ့ကြင်ယာတော်လေးဟာလွန်စွာမှမြွေများကိုကြောက်ရွံ့တတ်သည်။မြွေများနှင့်ထိတွေ့ခိုင်းလိုက်ပါကတစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့ပဲမျက်လုံးထဲမှမျက်ရည်များစီးကျရင်းနုတ်ခမ်းသေးသေးလေးတွေကတစ်ဆတ်ဆတ်တုန်ယင်နေတတ်သည်။နက္ခထိုပုံစံလေးကိုသဘောကျလွန်းလှ၍ကြင်ယာတော်လေးကိုယ်ပေါ်ခဏခဏမြွေများတင်ပေးထားတတ်သည်။

နည်းနည်းတော့သနားပေမယ့်စနောက်တာကိုလည်းမရပ်တန့်နိုင်ပါ။

"အရှင်..ဘာလို့ကျွန်တော့်ကိုအဲ့လိုမျိုးကြည့်နေတာလဲကျွန်တော်အမှားတစ်ခုခုလုပ်ထားမိလို့လား"

နက္ခမျက်မှောင်ကျုံ့လိုက်ကာ

"ကိုယ့်ကြင်တော်ကိုသဘောကျလို့ကြည့်တာပေါ့ဘာလို့အမှားလုပ်ထားလို့ဖြစ်ရမှာလဲအမှားလုပ်ထားရင်တောင်ကိုယ့်ကြင်ယာတော်လေးပဲဟာဘာလို့အပြစ်တင်ရမှာလဲ"

မိုမိုပြည့်စုံကောင်းကိုသာခပ်ပြင်းပြင်းကုတ်မိတော့သည်။

'သူ့မိဘတွေကသူ့ရဲ့အရှင်သခင်ဖြစ်သူဟာတစ်ခန်းလွှတ်နေမှန်းသိရင်သူ့ကိုပေးခဲ့ပါ့အုန်းမလား..ပေးမှာပေါ့ငါ့ကိုမှမချစ်ကြပဲ'

မြွေ(Complete -U+Z)Where stories live. Discover now