17

35.6K 2.4K 16
                                    

ပြည့်စုံမြှောက်ဘက်သို့နာရီဝက်လောက်မရပ်မနားပြေးလိုက်ပြီးနောက်မြွေအုပ်ကြီးကိုတွေ့လိုက်ရသည်။ထိုမြွေတွေကစိတ်လှုပ်ရှားလွန်းနေကြတာကြောင့်လူသဏ္ဍန်ပင်မရှိနိုင်ကြတော့ပဲအမှီးတွေကလည်းမြေပြင်ကိုတဘန်းဘန်းရိုက်ခတ်နေကြသည်။ထိုမြွေအုပ်ကြီးရဲ့အလည်မှာတော့အဖြူရောင်အဆင်းရှိသောမြွေကြီးတစ်ကောင်နှင့်စိမ်းပုတ်ရောင်အဆင်းရှိသောမြွေကြီးတစ်ကောင်ကအပြင်းအထန်တိုက်ခိုက်နေကြသည်။

"နက္ခ!!!!!"

ပြည့်စုံသေလောက်အောင်မောပန်းနေပါသော်လည်းအနားယူချင်စိတ်ရှိမနေ။စိမ်းပုတ်ရောင်မြွေကြီးရဲ့ဒဏ်ရာတွေကိုမြင်ရုံနှင့်ပြည့်စုံရူးသွားတော့မလိုပင်။ပြည့်စုံရဲ့အော်သံကျယ်ကြီးကြောင့်​ကွင်းပြင်ကိုပတ်လည်ဝိုင်းထားတဲ့မြွေများကမျက်လုံးပြူးကာလှည့်ကြည့်လာကြသည်။

အိမ်ရှေ့မင်းသားကကြင်ယာတော်မသိစေဖို့စိတ်ဝိဉာဏ်ချင်းဆက်သွယ်ပြီးတစ်တိုင်းပြည်လုံးကိုသတိပေးထားခဲ့သည်မလား။ဘယ်မိသားစုကများအသက်အပိုပါနေတာလဲ။

​စိမ်းပုတ်ရောင်မြွေကြီးခေတ္တငေးကြောင်သွားတာကိုအခွင့်ကောင်းယူပြီးအဖြူရောင်မြွေကြီးကအားကုန်သုံးကာရိုက်ချလိုက်တာကြောင့်စိမ်းပုတ်ရောင်မြွေကြီးဟာစည်းအပြင်ဘက်လွင့်ထွက်သွားတော့သည်။

"နက္ခ!!"

မြွေကြီးကအားနည်းလွန်းနေတာကြောင့်လူသဏ္ဍန်ပင်ပြန်မပြောင်းနိုင်တော့။သူကစကားတွေအများကြီးပြောနေပေမယ့်သူ့အချစ်ကလေးကသူ့စကားတွေကိုနားလည်နိုင်စွမ်းမရှိချေ။

ပြည့်စုံရဲ့မျက်လုံကအရည်တြွေပည့်လာပြီး​သူ့ရင်ခွင်ထဲ​စိမ်းပုတ်ရောင်ဧရာမမြွေကြီးပေါ်တစ်စက်စက်စီးကျလာသည်။

"ပွဲပြီးပြီ!"

အဖြူရောင်မြွေကြီးကမျက်နှာကိုမော်ချီလိုက်ကာထွက်သွားဖို့ပြင်လိုက်သည်။

"နေအုန်းငါ့သားတော်မသေသ၍ပွဲမပြီးသေးဘူးမင်းရဲ့ခေါင်းကိုငါ့သားဖြတ်ပြီးမှမင်းသွားချင်တဲ့နေရာသွား"

မြွေ(Complete -U+Z)Where stories live. Discover now