32(END)

36.5K 2.1K 149
                                    

နက္ခလူတွေဆီမကြာခဏအလည်လာဖူးပေမယ့်ကိုယ်တိုင်နေရသည့်အချိန်ကျစိမ်းသက်သက်ကြီးဖြစ်နေသည်။အမြုတေစွမ်းအင်တည်နေရာကလူငယ်တွေနေသောကျောင်းဆိုသည့်နေရာဖြစ်နေတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကိုလူငယ်ပုံပြန်ပြောင်းလိုက်ရသည်။

အခုသူ့ရဲ့ကြင်ယာတော်လေးကဘယ်မှာလဲ။

လူတွေကမြွေများနှင့်မတူ။နေရာတစ်ခုထဲမှာစုပြုံကာနေ,နေကြသည်။နက္ခကြိုးစားပြီးပုံဖော်ပေမယ့်ပြည့်စုံလေးမျက်နှာကိုမှန်းဆမရပေ။ကျောင်းဆိုတဲ့အရာကြီးကိုသူမုန်းလှပြီ။

ဒီနေရာရောက်နေတဲ့စောက်ကလေးတွေကအရမ်းစကားများလွန်းတယ်။

နက္ခ,နေရာလွှတ်တစ်နေရာဝင်ထိုင်လိုက်ရင်းစိတ်ကိုတည်ငြိမ်အောင်ထားနေရသည်။သူ့ဘေးကလူကတအားစကားများသည်။ပြည့်စုံဆိုသည့်နာမည်လေးကြောင့်စိတ်ဝင်တစားဖြစ်မိပေမယ့်ဆိုးဝါးလှသည့်အကျင့်တွေကြောင့်သူ့ပြည့်စုံလေးမဖြစ်နိုင်တော့။

ဒီဆပ်စလူးကောင်ကသူနှင့်လည်းမရင်းနှီးပါပဲအရောဝင်လွန်းသည်။ထို့အပြင်မျက်လုံးကလည်းမိန်းကလေးများကိုသာကြည့်နေတတ်သည်။သူ့ကြင်ယာတော်လေးကနှာဘူးမဟုတ်။တစ်ခါတစ်ရံနက္ခအင်္ကျီချွတ်ထားသည့်အချိန်မျိုးတွင်နှားခေါင်းသွေးထွက်အောင်ငမ်းတတ်ပေမယ့်ယခုလိုမျိုးနှာဘူးတော့မဟုတ်။

သူရှာတွေ့ထားတဲ့လူကအင်မတန်ရိုင်းသည်။သူ,အထိန်းတော်ကြီးနှင့်စကားပြောနေတုန်းအထိန်းတော်ကြီးကိုရိုက်ထည့်လိုက်တာကြောင့်အထိန်းတော်ကြီးကတစ်ပတ်လောက်ဘာမျှပင်မလုပ်နိုင်တော့။သူစိတ်ဆိုးလွန်းတာကြောင့်ထိုကောင်လေးကိုပညာပြဖို့ဆုံးဖြတ်ခဲ့သည်။

သို့သော်

အကြောက်လွန်နေသောလက်ဖဝါးလေးတစ်ဖက်ကသူ့လက်ဖဝါးတွေကိုဆုပ်ကိုင်လာသည့်အချိန်တွင်သူ့မှတ်ဉာဏ်တွေအကုန်လုံးကိုပြန်လည်ရရှိခဲ့တော့သည်။

"ကြင်ယာတော်လေးရေရှေ့လျှောက်ကိုယ်ကမင့်အပေါ်အများကြီးကောင်းပေးပါ့မယ်ကွာ"

ကြင်ယာတော်လေးကတော်တော်ဆိုးလာသည်။သူ့နေသည့်နေရာကိုအတင်းလိုက်လည်ချင်သည်အတွက်သူ့ရဲ့ကိုယ်ရံတော်နှင့်တပ်ဖွဲ့များကလူနေတဲ့,တဲကလေးတစ်ခုအမြန်ပြုလုပ်ရပြီးပစ္စည်းတွေကိုပါအမြန်နေရာချကြရသည်။

မြွေ(Complete -U+Z)Waar verhalen tot leven komen. Ontdek het nu