12

36.5K 2.5K 54
                                    

တံခါးမကြီးကိုတွန်းကြည့်လိုက်တော့ပွင့်သွားတာကြောင့်လမ်းအတိုင်းထွက်ပြေးလာစဉ်အစောင့်များဟုယူဆရသောလူတစ်ခုကိုတွေ့လိုက်တာကြောင့်လန့်ပြီးထွက်ပြေးဖို့လုပ်သော်လည်းထိုလူများကသူ့ကိုတွေ့သည်နှင့်ခေါင်းငုံ့ကာအရိုအသေပေးလာကြသည်။

"ကြင်ယာတော်လိုအပ်တာများရှိရင်အမိန့်ပေးလို့ရပါတယ်ဘုရား"

"မ..မလိုဘူး"

"နန်တွင်းပြင်ဘက်လျှောက်လည်ချင်ရင်အရှင့်သားကိုစောင့်သင့်ပါတယ်ဘုရား,ကြင်ယာတော်တစ်ယောက်ထဲဆိုအန္တာယ်များလွန်းလှပါတယ်"

'ကြင်ယာတော်..ဘာ.ဘာတွေလဲ'

"သွားစမ်းပါငါ့ကိုလာမရှုပ်ကြနဲ့မင်းတို့ရဲ့လက်နက်အစုတ်အပြတ်တွေကိုငါနဲ့ဝေးဝေးကိုယူသွားစမ်း"

သူတို့ကိုင်ဆောင်ထားတဲ့လက်နက်တွေရဲ့ထိပ်မှာမြွေပုံစံရစ်ပတ်ထားကြပြီးအဲ့မြွေတွေကအသက်ဝင်လွန်းလှသည်။သူကြည့်လိုက်လျှင်သူ့ကိုပြန်ကြည့်လာသလိုခံစားနေရပြီးအထူသဖြင့်ထိုလူတွေရဲ့မျက်လုံးတွေပင်။မြွေများလိုအရောင်မျိုးစုံရှိကြပြီးဆံပင်တွေကလည်းကောက်ကွေးနေကြကာအရပ်တွေကလည်းမြင့်မားလွန်းလှသည်။

ထိုလူတွေထွက်သွားမှနက္ခရဲ့ပုံစံပြောင်းမှုကိုသူသတိရသွားပြီးကျက်သီးပင်ထသွားမိသည်။တစ်ခုခုကိုသဘောပေါက်သလိုတော့ရှိနေပြီပင်။

'ဒီမြွေမသား,ဘယ်ကတည်းငါကိုကြိတ်ကြံနေတာလဲအဲ့တာကြောင့်ငါတစ်ချိန်လုံးမြွေတွေတွေ့နေရပါတယ်ထင်နေတာမေ_ိုးကောင်'

ပြည့်စုံအံကြိတ်လိုက်ပြီးလမ်းအတိုင်းထွက်ပြေးလာလိုက်သည်။လမ်းမှာအစောင့်တွေအများကြီးတွေ့ပါသော်လည်းတစ်ဉီးတစ်ယောက်မှသူ့ကိုတားဆီးလာခြင်းမရှိချေ။

နာရီဝက်လောက်ပြေးလွှားပြီးသော်လည်းထွက်ပေါက်ကိုမတွေ့နိုင်သေး။ထိုအချိန်တွင်မိန်းမပျိုလေးတစ်ယောက်ကအနားကပ်လာပြီး

"ကြင်ယာတော်လေထွက်ပေါက်ကဒီကတည့်တည့်သွားရင်နှစ်မိနစ်လောက်ဆိုရောက်ပါပြီ"

မြွေ(Complete -U+Z)Where stories live. Discover now