27

30.8K 2K 5
                                    

"မယ်တော့်ကိုညာတာမကြိုက်ဘူးနော်အဲ့တော့အမှန်တိုင်းပြောဘယ်မှာဝှက်ထားတာလဲ"

"......"

"သားတော်လေးလူသားနတ်မင်းတွေပါဒီကိစ္စမှာပါဝင်လာပြီဆက်ပြီးခေါင်းမာနေရင်သားတော်ဒုက္ခရောက်လိမ့်မယ်"

"......"

"နက္ခမဟာ!"

နူးညံ့သိမ်မွေ့လှသောကြင်ယာတော်မှာဒေါသထွက်ခဲသော်လည်းယခုအချိန်တွင်အတော်ဒေါသထွက်နေမှန်းသိသာလှသည်။

နက္ခနီရဲနေသောမျက်နှာနှင့်ပင်မယ်တော်ရှေ့ဒူးထောက်ချလိုက်သည်။

"သားတော်ရဲ့အမြုတေကိုလွှဲပြောင်းလိုက်ပြီမယ်တော်"

"မင်း....မင်း..အရူးကောင်"

သားအမိတွေကြားဝင်ပါလေ့မရှိသောအရှင်မင်းကြီးပင်လျှင်ဒေါသတကြီးအော်ဟစ်လာပြီးကြင်ယာတော်ကတော့ဘာစကားမှပင်မပြောနိုင်တော့။

အထိန်းတော်ခေါင်းကိုတိတ်တိတ်လေးခါရမ်းမိလိုက်သည်။

'အရှင်မင်းကြီးကိုဆိုးလှပြီထင်ခဲ့ပေမယ့်အရှင့်သားကပိုဆိုးနေတာပဲ'

"သားတော်လုပ်ခဲ့တဲ့အရာကဘယ်လောက်တောင်အန္တာယ်များလဲသိရဲ့လား"

"သားတော်ဂရုမစိုက်ဘူးသေရမယ်ဆိုရင်တောင်သူ့လက်ထဲပျော်ပျော်ကြီးအသေခံနိုင်တယ်"

"ကောင်းပြီ..ဒါဆိုလပြည့်နေ့ပွဲတော်ကိုအလျှင်အမြန်ပဲကျင်းပရအောင်"

"မဖြစ်ဘူးကြင်ယာတော်လေး,သားတော်ကအရွယ်ရောက်နေပြီပေမယ့်လူသားလေးကငယ်ရွယ်သေးတယ်သွေးသားဆိုတဲ့အကြောင်းပြချက်နဲ့တစ်ပါးသူအပေါ်နစ်နာစေလို့မရဘူး"

"သူတို့သာမချည်နှောင်ရင်ကျွန်မသားအသက်အန္တာယ်ရှိလာနိုင်တယ်အဲ့လိုတော့အဖြစ်မခံဘူးကျွန်မသားရဲ့အသက်နဲ့ယှဉ်ရင်ဘာမှအရေးမကြီးဘူး"

"ဒါပေမယ့်လူသားလေးက!"

"ဒီတစ်ခါလပြည့်ရင်လပြည့်နေ့ပွဲတော်ကျင်းပမယ်မင်္ဂလာမောင်နှံတွေအဖြစ်ချည်နှောင်ပေးမယ်လူသားမိဘတွေကိုအသိပေးပြီးနတ်တွေအားလုံးကိုအစည်းအဝေးခန်းထဲဖိတ်ကြားလိုက်"

မြွေ(Complete -U+Z)Where stories live. Discover now