EXTRA

31.9K 1.9K 75
                                    

ကုတင်ပေါ်မှာဖျော့တော့စွာလဲလျောင်းနေတဲ့ကြင်ယာတော်လေးကိုပြုစုပေးနေရင်းအထိန်းတော်ကြီးသက်ပြင်းချမိလိုက်သည်။သူနဲ့ကြင်ယာတော်လေးကဘဝတူချင်းမို့ကိုယ်ချင်းစာမိပါသည်။ယောက်ျားတွေကသာမာန်အချိန်ဆိုနူးညံ့ပြီးအထိခိုက်မခံဖြစ်နေကြပေမယ့်အဲ့အချိန်ရောက်ရင်တော့ပေးထားတဲ့ကတိတွေအကုန်မေ့ပြစ်ပြီးလုပ်ချင်တာလုပ်ကြတော့သည်။ဟူး..မုန်းဖို့ကောင်းလိုက်ကြတာ။

နက္ခကပြည့်စုံရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်အခန်းထဲမဝင်ရဲပဲပြတင်းပေါက်မှချောင်းကြည့်ပြီးဖြေသိမ့်နေရသည်။ပြည့်စုံရဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းရေးလုပ်ပေးနေတဲ့အထိန်းတော်ကြီးရဲ့လက်တွေကိုဆွဲဖြုတ်ပြီးသူကိုယ်တိုင်ပြုစုပေးချင်လိုက်တာ။

​ပြည့်စုံချပ်ရပ်နေသေးသည့်သူ့ဗိုက်လေးကိုပွတ်သတ်လိုက်သည်။မေမေဖြစ်ရတဲ့ခံစားချက်ကတစ်ကယ်အရမ်းကောင်းတာပဲ။ဒီမြွေပေါက်လေးကသူ့ဗိုက်ထဲမှာငါးလအထိနေမှာဖြစ်ပြီးငါးလပြည့်ရင်ဥအဖြစ်,မွေးဖွားလာလိမ့်မည်။ထိုဥလေးကိုနက္ခကငါးလထိထိဝပ်ပေးရမည်ဖြစ်ကာ,လစေ့ရင်တော့မြွေသားပေါက်လေးဖြစ်လာလိမ့်မည်။တစ်နှစ်အရွက်ရောက်ရင်တော့လူကလေးအသွင်ပြောင်းလာပြီးယောက်ျား၊မိန်းမကွဲပြားလာလိမ့်မည်။သာမာန်မွေးဖွားနည်းတွေထက်အများကြီးပိုရှုပ်ထွေးပေမယ့်သူကတော့အလုပ်ရှုပ်တယ်လို့မခံစားရပေ။

'ဒါလေးကနက္ခနဲ့သူ့ရဲ့ရတနာလေးပဲလေ'

အချိန်တွေကတစ်ရွေ့ရွေ့ကုန်ဆုံးနေသည်။

"ပြည့်စုံလေးကိုယ်,လူတွေဘက်ဆီခဏသွားအုန်းမယ်ဘာမှာချင်သေးလဲ"

"ဟမ်!မင်းကဘာလုပ်ဖို့သွားမှာလဲ"

"မယ်တော်ကိုသတိရလို့ပါခမည်းတော်ကိုလည်းပြန်လာတော့ဖို့ပြောချင်လို့ပြည့်စုံလေးကိုယ်ဝန်လွယ်နေရတာကိုကိုယ်ကအလုပ်တွေရှုပ်နေရတယ်လို့"

ပြည့်စုံ,နက္ခကိုမျက်စောင်းထိုးလိုက်ကာ

"ငါသိတာတော့မင်းအမြဲတမ်းငါ့နားမှာကြီးပဲရှိနေတာလားလို့"

မြွေ(Complete -U+Z)Όπου ζουν οι ιστορίες. Ανακάλυψε τώρα