ကိုယ့်ရဲ့ငှက်ကလေး OC(Unicode...

Door omik_ox

4.4K 220 14

semeကpsychoပါရှင့် Red flagထဲကမှRed flagအကြီးစားပါ🚩 အသဲငယ်သူ‌တွေမဖတ်ပါနဲ့ semeကpsychoပါရွင့္ Red flagထဲကမွRe... Meer

part 1
Part 2
Part4
Part5
Part 6
Part 7
Part 8
Part 9
Part10
Part 11
Part 12
Part 13

part 3

344 25 0
Door omik_ox

နှစ်ယောက်သားပြုံးပြုံးရွှင်ရွှင်နှင့်ပင် အမောတကောပြေးလိုက်ကြတာ သွန်းမင်းနောင်အမောဆို့ပြီး မရပ်ခင်အထိပင်။

"အမလေး မောလိုက်တာ ဟူး"

"ရရဲ့လား ကျွန်တော်ရေဘူးသွား၀ယ်ပေးရမလား"

သွန်းမင်းနောင်ခဗျာ စစ်ခွန်းဆက်ကိုလှမ်းကြည့်မိတော့ ထိုလူသားရဲ့ဖုန်လူးနေတဲ့အင်္ကျီနဲ့ချွေးနည်းနည်းကျနေသော ချစ်စဖွယ်မျက်နှာလေးမှာ ဖုတ်၀င်နေသောzombieလို လျှာတစ်ထုပ်ထုပ်နဲ့ အမောဆို့နေတဲ့သူနဲ့မိုးနဲ့မြေလိုကွာတယ်လို့ နှိုင်းယှဉ်ပြောမည်ဆို‌ရင်တောင်ပိုသည်မထင်။

"စစ်က ဟဲ...ဟော..အမလေး စကားတောင်..သေချာပြော...မရ"

စစ်ခွန်းဆက်မှာတော့ စကားတောင်နားနားပြီးပြောနေရတဲ့ သွန်းမင်းနောင်အဖြစ်ကိုကြည့်ရင်း အလွန်စိုးရိမ်နေဟန်။

"ရရဲ့လား ဒီနားကဆိုင်တစ်ဆိုင်မှာ ရေသွားတောင်းမှပါ အာ တွေ့ပြီ!ဟိုဆိုင်မှာ ရေသွားတောင်းရအောင်! အစ်ကိုလမ်းတော့လျှောက်လို့ရတယ်မလား မရရင်ကျွန်တော်ကုန်းပိုးပေးရမလား"

"လမ်းတော့..လျှောက်ရပါတယ်..လိုနေတာ...ရေ..အမလေးအာခြောက်လိုက်တာ"

သွန်းမင်းနောင်ရဲ့လက်ကို စစ်ခွန်းဆက်ရဲ့ပခုံးပေါ်တင်ရင်း ဖြေးဖြေးနှင့်မှန်မှန်ထိုအမည်မသိဆိုင်ဆီသို့ တွဲခေါ်သွားတော့သည်။ဆိုင်ထဲ၀င်လိုက်သည်နှင့် မြင်လိုက်ရသည်များမှာအရောင်စုံလှသောအ၀တ်များနှင့်အတူ ကောင်တာမှာပျင်းရိနေဟန်ထိုင်နေသော ဗိုက်ပူပူ ဆံပင်ကောက်ကောက်နှင့်အသားအရောင်ဝါသောမိန်းမကြီးတစ်ယောက်ကိုပင်။ထိုမိန်းမကြီးမှာ သွန်းမင်းနောင်တို့ကိုမြင်သည်နှင့် အလွန်စိုးရိမ်သွားသည့်နှယ် အပြေးတစ်ပိုင်းရောက်လာတော့သည်။

"ကလေးတို့ ဘာဖြစ်လာကြတာလဲ! တစ်ကိုယ်လုံးလဲဖုန်တွေသဲတွေပေပွလာတာဘဲ"

"အန်တီ ရေလေးမြန်မြန်ပေးပါ ကျွန်တော့်အဖော်အမောဆို့နေလို့ပါ"

ထိုအန်တီကြီးလဲ နောက်ဖေးဘက်အမြန်သွားကာ ရေတစ်ခွက်ယူလာရင်းစစ်ခွန်းဆက်ကိုပေး၏။ရုပ်ကြမ်းပေမယ့် စိတ်ထားကောင်းသောအန်တီကြီးပင်။သွန်းမင်းနောင်လည်း ရေသောက်ပြီးမှသာ အသက်ရှူရခက်နေတဲ့ဖြစ်စဉ်ကြီးမှလွတ်မြောက်သွားတော့သည်။

(ဖြစ်ဖူးတဲ့သူတွေသိပါတယ်နော် သာသာကကျန်းမာရေးသိပ်မကောင်းတဲ့သူမို့ အရမ်းပြေးမိရင် အမောဆို့ပြီးအသက်ရှူရခက်ပါတယ် ရှူသလောက်လေမ၀င်ပါဖူး ဦးခေါင်းကလဲတစ်ဒုတ်ဒုတ်နဲ့ကိုက်ခဲပြီး ပူကျစ်နေတတ်ပါတယ် ဒါ့အပြင်နံရိုးကလဲအောင့်တတ်ပါတယ်🥺)

"ဟူး ခုမှဘဲအမောပြေသွားတော့တယ် ကျေးဇူးပါအန်တီ"

"ရပါတယ်ကလေးရယ် ကလေးတို့အ၀တ်တွေကရောဘာလို့ဖုန်တွေပေနေတာလဲ ရောက်လက်စနဲ့အန်တီ့ဆိုင်စီမှာ အင်္ကျီလေးတွေ၀ယ်သွားပါ့လား အ၀တ်လဲခန်းလဲရှိတယ်လေ အန်တီမနက်ကထဲကအခုထိဈေးဦးမပေါက်သေးလို့ပါကွယ် နော်သားလေးတို့၀ယ်ပါကွယ်"

ဈေးရောင်းသူပီပီအပြောကြွယ်သောအန်တီကြီးပင်။ထို့အပြင် သွန်းမင်းနောင်တို့မှာလဲဖုန်လူးထားသော ဒီပုံစံနဲ့မြို့ထဲလျှောက်သွားလို့လဲမရတာမို့ လက်ခံလိုက်သည်။အန်တီကြီးမှာတော့ သွန်းမင်းနောင်တို့ကိုဆိုင်ပတ်ကာ ဈေးအကြီးဆုံးနှင့်fashionအကျဆုံးဒီဇိုင်းများကိုသာထုတ်ပြနေတော့သည်။သွန်းမင်းနောင်၀တ်လေ့ရှိတာတွေနဲ့ထိုဒီဇိုင်းများမှာ အလွန်ကွာဟလွန်းနေသဖြင့် သွန်းမင်းနောင်လိုချင်တာတွေပြောဖို့လုပ်ပေမယ့်...

"အန်တီ ကျွန်တော်--"

"ဒီဟာလေးကြည့်ကြည့် အညိုဆင်လေးနော် သားလေးနဲ့ဆိုအရမ်းလိုက်"

"အန်တီ ဟိုဟာ--"

"ပြီးတော့ ဒီမီးခိုးရောင်shirtလေးကိုကြည့် ဒီဘက်ကချစ်စရာသားလေးနဲ့ဆို ပါဖက်ဘဲ"

"အန်တီ--"

"ဒီဟာလေးကိုရောကြည့် ဒါနောက်ဆုံးပေါ်ဒီဇိုင်း အန်တီဆိုင်ကလွဲရင်ဘယ်ဆိုင်ကမှဒီဈေးနဲ့မရောင်းဖူး"

သွန်းမင်းနောင်မှာစိတ်ဓာတ်တောင်ကျလာမိသည်။သွန်းမင်းနောင်အဖြစ်ကိုကြည့်ရင်းစစ်ခွန်းဆက်မှာမထိန်းထားနိုင်တော့ဟန် အသံတိတ်ရီနေလေသည်။သို့ပေမယ့်စစ်ခွန်းဆက်၏ရီသံကို  အာပေါက်မတတ်အ၀တ်တွေကောင်းကြောင်း‌ပြောနေသော အန်တီကြီးမှာကြားသွားသည်ထင်။နားမလည်နိုင်ဟန်မေးလာ၏။

"ဟယ်တော် အန်တီပြောတဲ့အထဲရီစရာပါလို့လားသားလေးရယ်"

စစ်ခွန်းဆက်မှာတော့ကျေနပ်အောင်ရီပြီးမှသွန်းမင်းနောင်လိုချင်တာကိုပြော၏။

"ဘာမှမဟုတ်ပါဖူး မိုးပြာရောင်ဆွယ်တာရှိသလားအန်တီ ကျွန်တော့်အဖော်ကဒီလိုဟာတွေမ၀တ်တတ်လို့ပါ ဘောင်းဘီကိုလဲသက်တောင့်သက်သာရှိတာလေးပေးပါနော် အာ..အတူတူဖြစ်အောင်နှစ်ထည်ပေးပါ အန်တီ"

အန်တီကြီးမှာတော့ တံတွေးတွေပါထွက်သည်အထိ အာပေါက်မတတ်ပြောနေ‌သော်လည်း တစ်ခြားဟာ၀ယ်မည်ဆိုသောကြောင့် စိတ်ညစ်‌သွားဟန် မျက်နှာမှာမှုန်မှိုင်းသွားလေသည်။

သွန်းမင်းနောင်အလွန်အံ့ဩသင့်သွားရသည်။

'သူကငါ့အကြိုက်တွေဘယ်လိုသိနေတာလဲ?'

ထိုအတွေးနှင့်အတူထုတ်‌မေးလိုက်သောအမေးစကား။

"မင်းကငါ့အကြိုက်တွေဘယ်လိုသိနေတာလဲ"

သတိလက်လွတ်ပြောမိလိုက်သော စကားမှတစ်ခုခုပေါ်သွားမည်ဆိုးဟန် စစ်ခွန်းဆက်၏ကိုယ်လုံးလေးမှာတစ်ချက်တုန်ရီသွား‌လေသည်။သို့ပေမယ့်စက္ကန့်ပိုင်းတောင်မကြာလိုက် ယုံကြည်မှုရှိဟန်ချစ်စရာအပြုံးလေးနှင့်

"ကျွန်တော်ချစ်တဲ့သူရဲ့အကြိုက်တွေဘဲဟာ ဘာလို့မသိရမှာလဲ"

သွန်းမင်းနောင်မှာထိုချစ်စဖွယ်အပြုံးလေးတွင်နစ်မွန်းသွားရှာ၏။မေးမိသည့်ဒီပါးစပ်ကဘဲမှားပါသည်။ထိုနှင့်အတူ သွန်းမင်းနောင်၏ခြေထောက်ပေါ်‌သို့‌ပြုတ်ကျလာသော အ၀တ်ပုံတစ်ပုံ။သွန်းမင်းနောင်သူ့ခြေထောက်ပေါ် တင်နေသောအ၀တ်ပုံကိုတစ်ချက်ကြည့်လိုက်သည်။ပြီးမှအန်တီကြီးရှိနေတာကိုပြန်သတိရကာ အန်တီကြီးကိုလှမ်းကြည့်မိတော့။ သူပြတဲ့အင်္ကျီတွေမ၀ယ်လို့ စိတ်ကောက်ပြီးမှုန်မှိုင်းနေသောမျက်နှာမှာ ယခုတော့မျက်လုံးပြူး မျက်ဆံပြူးနှင့် ပါးစပ်အဟောင်းစား။အန်တီကြီးတို့အရွယ်သည် LGBTကိုမထောက်ခံတဲ့အပြင် အဖွဲ့တောင့်တောင့်နှင့်အတင်းထိုင်တုပ်တတ်သည့် အရွယ်ဖြစ်သောကြောင့် သွန်းမင်းနောင်သူတို့အကြောင်းလျှောက်ဖွမည်ကိုစိုးရိမ်သွားရသည်။

"အန်တီ!"

"ခနလေး!"

ထိုအန်တီကြီးမှာ ခေါင်းကိုနှိပ်ကာတစ်ခုခုကိုစဉ်းစားနေဟန်လုပ်နေ၏။သွန်းမင်းနောင်၏စိုးရိမ်စိတ်မှာ ပိုဆိုးလာရသည်။

"အန်တီဘာလုပ်-"

"ငါ့ရဲ့‌လောကသုံးဘုံအမြင်ကို ပြန်ပြင်ဆင်နေတာ"

(လောကသုံးဘုံသိကြတယ်မလား လူ့ဘုံ နတ်ဘုံ ငရဲဘုံ)

သွန်းမင်းနောင်: [...........]

စစ်ခွန်းဆက်: [...........]

ထိုအန်တီကြီးမှာတော့ အမြင်မှန်ရသွားဟန်။ထိုနှင့်အတူ တတ်ကြွလာသောသူမသည် သွန်းမင်းနောင်တို့ကို စုံတွဲတို့၏အင်္ကျီပေါင်းစုံကို ထုတ်ပြလာ၏။သွန်းမင်းနောင်မှာ ထပ်စောင့်နေရင်လဲကြာတော့မည်ဖြစ်သောကြောင့် လိုရင်းသာပြောရတော့သည်။

"ဒီမှာအန်တီ ကျွန်တော်တို့လိုချင်တာ--"

"ဒီမှာကြည့်လိုက် ဒီချစ်စရာကောင်လေးနဲ့ဆိုလိုက်မှလိုက် ဟီးဟီး"

လူယုတ်မာအပြုံးနှင့်အတူအန်တီကြီးမှာ အသစ်စက်စက်ဖာဗူးထဲကBarတွေမှာအကမယ်တွေတစ်ခြားသောကောင်လေးတွေကို ဆွဲဆောင်ဖို့၀တ်လေ့ရှိသောBunny girl၀တ်စုံကြီးကိုထုတ်လာ၏။

သွန်းမင်းနောင်:ဖွီးးးးးး

စစ်ခွန်းဆက်: ဒါကြီးနဲ့ငါနဲ့ဘယ်လိုလိုက်တာ![စိတ်ထဲတွင်အော်ဟစ်လျက်]

သွန်းမင်းနောင်မှာစစ်ခွန်းဆက်၏ပခုံးပေါ်မျက်နှာအပ်ပြီးကိုအသေရီနေရလေသည်။စစ်ခွန်းဆက်ကတော့ လောကဓံတရားကိုစိတ်ကုန်သွားဟန်မျက်နှာဘေးနှင့်။

" မလိုပါဖူး အန်တီရယ် စစချင်းတုံးကပြောတဲ့ ဆွယ်တာနဲ့ဘောင်းဘီသာပေးပါ အန်တီ"

အန်တီကြီးမှာတော့ ပျော်ရွှင်မှုလေးတွေပျောက်ရှသွားဟန်။သက်ပြင်းအရှည်ကြီးချလျက်..

"ဟင်းးး ဒါလေးကခုမှအသစ်ရောက်တာကို အခုခေတ်ကလေးတွေကလဲအပျော်ကိုမရှာတတ်ကြဖူး ဟွင့်"

ဆိုကာ ဆွယ်တာအင်္ကျီတန်းဘက်ထွက်သွားတော့သည်။သွန်းမင်းနောင်ကတော့အရယ်မပျက်သေးပေ။

"ဟားဟားဟား လိုက်မှလိုက်ဆိုဘဲ ဟားဟား ၀တ်မလား ၀ယ်ပေးမယ်လေ ဖွီးးးး"

"တော်ပါတော့ အစ်ကိုရယ်"

"အေးပါအေးပါ ဒါနဲ့ငါမေးရအုံးမယ် စစ်ကငါ့ထက်အားနည်းပုံပေါက်ရဲ့သားနဲ့ ဒီလောက်ပြေးတာကို ငါကဖတ်ဖတ်မောပြီး စစ်ကဘာလို့ချွေးလေးဘဲပြန်တာတုံး ငါကဘဲအားနည်းတာလား"

"အစ်ကိုကအားမနည်းပါဖူး ကျွန်တော်ရဲ့အချိန်ပိုင်းအလုပ်ကအားနည်းနည်းလိုတော့ ခနခနလုပ်ရင်းသန်မာသွားတာပါ"

သွန်းမင်းနောင်မှာစိတ်၀င်စားစရာတစ်ခုကိုကြားလိုက်ရဟန် စစ်ခွန်းဆက်နဲ့အသားချင်းထိတဲ့အထိတိုးကာဆက်မေးလိုက်သည်။

"အို အချိန်ပိုင်းလုပ်တယ်ပေါ့ ဘာအလုပ်လဲ"

"ညပိုင်းမှအလုပ်လုပ်တာပါ ဘာအလုပ်လဲဆိုတာတော့မပြောဖူး ဟီး"

မေးခွန်းကိုမဖြေသောကြောင့် သွန်းမင်းနောင်နည်းနည်းတော့၀မ်းနည်းမိသွားသည်။သူ၀မ်းနည်းသွားတာကို စစ်ခွန်းဆက်မြင်သွားသည်ထင် အလန့်တစ်ကြားနှစ်သိမ့်ပေးလာ၏။

"အာ ကျွန်တော်ကမဖြေပေးချင်လို့မဟုတ်ဖူးနော် အစ်ကိုစိတ်မကောင်းမဖြစ်ပါနဲ့ကျွန်တော်အလုပ်က ပြောမရလို့ပါ"

ကပျာကရာဖြစ်နေသော စစ်ခွန်းဆက်၏ပုံစံလေးကြောင့် သွန်းမင်းနောင်ပြုံးမိသွားသည်။

"လာပီကလေးတို့ရေ မိုးပြာရောင်ကနှစ်ထည်ဘဲကျန်တော့တာ သားလေးတို့ကံကောင်းတယ်နော်"

အန်တီကြီးမှာ မပြေးရုံတမယ်ရောက်လာကာ သွန်းမင်းနောင်နှင့်စစ်ခွန်းဆက်တို့လက်ထဲကို မိုးပြာရောင်ဆွယ်တာနှင့်အနက်ရောင်ချည်အပျော့သားဘောင်းဘီတစ်ထည်စီကမ်းပေးလာ၏။

"အ၀တ်လဲခန်းက ဟိုဘက်မှာသွားလဲကြ"

ခနလောက်အ၀တ်လဲအပြီးတွင်‌။

သွန်းမင်းနောင်သည်အရင်ကထဲကချောလွန်းတဲ့မျက်နှာကိုပိုင်ဆိုင်ထားသူဖြစ်ပြီး လူငယ်ဆန်တဲ့outfitနဲ့‌ ပေါင်းစပ်လိုက်သောအခါမြင်သူတိုင်း၏နှလုံးသား‌တွေကို တစ်ဖြုတ်ဖြုတ်ကြွေကျသွားစေနိုင်သည်အထိပင်။သွန်းမင်းနောင်အ၀တ်လဲပြီးသော်လည်း စစ်ခွန်းဆက်မှာမပြီးသေးသောကြောင့် စစ်ခွန်းဆက်၏အ၀တ်လဲခန်းအရှေ့မှာ မတ်တပ်ရပ်ကာစောင့်နေမိသည်။ရပ်နေရင်းနှင့်လဲ သူ၏ပုံစံကိုအချောဆုံးပုံစံအနေအထားသို့ရအောင်ဟိုပြောင်း ဒီပြောင်းလုပ်နေသေးသည်။
လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း ခါးကိုမတ်မတ်ကော့ထားကာ ယုံကြည်မှုရှိဟန်အနေအထားဖြင့်

'ဒီလိုဆိုရင် သူကြွေသွားလောက်လား နေပါအုံးသူကငါ့ကိုကြွေနေပြီးသားဘဲကို တစ်ခြားတစ်မျိုးပြောင်းကြည့်အုံးမယ်'

ထိုလိုနှင့်တစ်မျိုးပြီးတစ်မျိုးပြောင်းနေလိုက်တာ စစ်ခွန်းဆက်အ၀တ်လဲပြီးသည်အထိပင်။အ၀တ်လဲခန်းရဲ့လိုက်ကာဟာ ဖြေးဖြေးချင်းပွင့်ဟသွားပြီး အထဲမှ ကောင်းကင်ဘုံမှနတ်သားတစ်မျှလှပလွန်းသော ကောင်ကလေးတစ်ယောက်ဖြည်းငြင်းစွာထွက်ပေါ်လာလေသည်။ဖဲပြားလိုနူးညံ့ပြီးကြည်ပြာရောင်ရေအိုင်ပေါ်တွေ ပုံရိပ်ပေါ်နေသောကောင်းကင်ပြာကြီး၏ အရောင်နှင့်လိုက်ဖက်စွာ ထိုကောင်ကလေးကိုကြည့်လေကြည့်လေ မြတ်နိုးစွာ ဖတ်ထားချင်စိတ်များဖြစ်ပေါ်လေလေပင်။သွန်းမင်းနောင်ခမျာ အချောဆုံးပုံစံထားမယ်ဆိုတာတွေလဲမသိတော့ စစ်ခွန်းဆက်ကိုသာငေးကြည့်နေမိသည်။

"ကျွန်တော်တို့စုံတွဲ၀တ်စုံတွေ၀တ်ထားတာနော်"

စစ်ခွန်းဆက်၏ချစ်စရာအပြုံးလေးနှင့်ပြောလာသော‌ စကားကြောင့်သွန်းမင်းနောင်ငေးနေရာမှပြန်နိုးထလာရသည်။

"အော် အင်း ပြီးပြီမလား သွားကြမယ်လေ"

ဟုဆိုကာ စစ်ခွန်းဆက်၏လက်ကိုတွဲရင်းကောင်တာမှစောင့်နေသောအန်တီကြီးစီသို့ သွန်းမင်းနောင်ယိမ်းထိုးယိမ်းထိုးနှင့်သွားတော့သည်။သွန်းမင်း‌နောင်ယိမ်းထိုး‌ရင်းသွားနေခြင်းကြောင့် စစ်ခွန်းဆက်ပါမသိမသာဟိုယိုင်ဒီယိုင်ဖြစ်လာပေမယ့် နီရဲတွတ်နေသောထိုသူ၏နားနုနု‌လေးတွေကြောင့် စစ်ခွန်းဆက်မှာတိတ်တခိုးပြုံးရင်း မသိချင်ယောင်ဆောင်ရတော့သည်။

"၃သောင်းကျတယ်သားလေး ဒါပေမယ့်သားလေးတို့အတွဲကိုဒီကအန်တီကြီးကအရမ်းသဘောကျမိသွားလို့ ၂သောင်းခွဲနဲ့ရောင်းပေးမယ်"

ဆိုကာမျက်စိတ်တစ်ဖက်မှိတ်ရင်းပြောလာသော အန်တီကြီးကြောင့် သွန်းမင်းနောင်ရယ်သွမ်းသွေးရလေသည်။ထို့နောက်credit cardကိုထုတ်ပေးရင်း

"၅သောင်းယူလိုက်ပါအန်တီ ကျွန်တော်ကိုကူညီတဲ့အတွက်"

အန်တီကြီးမှာတော့ ထိတ်လန့်သွားဟန်

"ဟယ် မဟုတ်တာတော် အဲ့လောက်ကြီးမလိုပါဖူး ဒီတိုင်းရေလေးတစ်ခွက်တိုက်ယုံပါဘဲသားရယ်"

"ရပါတယ် အန်တီယူလိုက်ပါ"

"ဒါဆိုလဲ အားမနာတော့ဖူးနော် သားလေး"

အန်တီကြီးမှာသူ၏ဈေးဦးထွက်လေးသည် အမြတ်တော်တော်များများရလိုက်ခြင်းကြောင့် ပျော်ရွှင်နေတော့သည်။

"ကျွန်တော်တို့သွားပြီနော် အန်တီ"

သွန်းမင်းနောင်တို့လဲ ထိုသဘောကောင်းသောအန်တီကြီးကိုနှုတ်ဆက်ကာ မြို့ထဲလည်ပင်ရင်းdateရန် စုံတွဲ၀တ်စုံလေးနှင့်အတူသွားဖို့ ဆိုင်တံခါးကိုဖွင့်လိုက်တော့သည်။

Bunny girl၀တ်စုံလေး🌚🐇
_______________________________________________________________________________________
    


"အမလေး မောလိုက်တာ ဟူး"















"အန်တီ ကျွန်တော်--"


"အန်တီ ဟိုဟာ--"


"အန်တီ--"














"အန်တီ!"

"ခနလေး!"


"အန်တီဘာလုပ်-"



သွန်းမင်းနောင်: [...........]

စစ်ခွန်းဆက်: [...........]













"တော်ပါတော့ အစ်ကိုရယ်"

















စစ်ခွန်းဆက်၏ချစ်စရာအပြုံးလေးနှင့်ပြောလာသော‌ စကားကြောင့်သွန်းမင်းနောင်ငေးနေရာမြှပန်နိုးထလာရသည်။














Bunny girl၀တ်စုံလေး🌚🐇
_______________________________________________________________________________________

Ga verder met lezen

Dit interesseert je vast

33K 6.7K 61
"Do you think betrayal never gonna pay back?" Come on let's go and seek it! One line ⬇️ It's a crime thriller love story. All based on 2 best frien...
174K 10.6K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
11.4K 2K 58
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
12.5K 932 18
4.7.2023