"နေစင်ဟန်"
ကန်တင်းမှာ သူ မနက်စာမှာဖို့ရပ်
စောင့်နေတုန်းမိန်းကလေးတစ်
ယောက်ရဲ့ ခေါ်သံကြောင့် ဘေးကို
ကြည့်မိသွားသည်။
အမြဲပင်မျက်နှာက အကြည်ဓါတ်ရှိ
နေပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြုံး
မျက်နှာလေးနဲ့ဝတ်ရည်ဦး။
ဝတ်ရည်ဦး ဘေးမှာရပ်နေတာ
ကတော့ ဆန်းဆက်။
နှစ်ယောက်လုံးကိုသူ အသာပြုံးပြ
လိုက်ရင်း တိုက်ဆိုင်မှုတစ်ခုကို
လုပ်ယူခဲ့လိုက်ရသည်။
"ထပ်တွေ့တယ်နော် တစ်ယောက်ထဲ
လား မနက်စာထိုင်စားမှာမလား ငါတို့
တဝိုင်းထဲထိုင်ရအောင်"
"အင်း"
ဝတ်ရည်ကိုဖြေလိုက်လျက် ဆန်းဆက်
ကိုကြည့်လိုက်တော့ ဆန်းဆက်က
menu ကတ်ကိုသာကြည့်နေလျက်ပင်၊။
သူတို့အရှေ့မှာ မှာသူတွေရှိနေတုန်း
ဝတ်ရည်ကသူ့ သူငယ်ချင်း
ကောင်မလေး တွေ ရောက်လာသဖြင့်
ရပ်နေရာကနေဆန်းဆက်နဲ့သူ့ကို
ထားသွားပြီး စကားသွားပြောသည်။
" ဘာမှာမလို့လဲ"
ဝတ်ရည်သွားလိုက်မှပင် သူ့ကို
စကားပြောလာတဲ့ ဆန်းဆက်။
"ကြက်ဆီထမင်း"
" မင်းရော ဘာမှာမလို့လဲ"
"မသိသေးဘူး ဘာမှာရင်ကောင်းမလဲ ထမင်းသုပ်ဆိုရင်ရော"
"ဝတ်ရည်အတွက်ကရော "
"အတူတူပဲ ဝတ်ရည်ကကိုးရီးယား
ထမင်းသုပ် ကြိုက်တယ်"
"မင်းဝိုင်းရအောင် သွားထိုင်ထား
လိုက်ပါလား မှာထားတာတွေ ငါ
ယူလာခဲ့ပေးမယ်"
"အအေးတွေပါ သယ်လို့ရရဲ့လား"
"အင်း ရတယ်"
ဆန်းဆက်က လှည့်ထွက်သွားခဲ့ပြီ။
ဝတ်ရည်အရှေ့မှာ ဆန်းဆက်က
ဘယ်သူ့ကိုမှ အတန်းရှင်းမပေးတဲ့ပုံ
မျိုးနေထားတာပင်။
ကျောင်းကလည်းသူဌေးကျောင်း
ဆိုတော့ကန်တင်းက အစ ခေတ်မှီ
သပ်ရပ်ပြီး ကိုယ်တိုင်ကောင်တာမှာ
မှာရသည့်စနစ်ပင်။ ကျောင်းကသူတွေအတွက် ဖွင့်ထားသည့်တော်တော်
များများမှာလို့ရသည့်စားသောက်
ဆိုင်ကြီးကတစ်ဆိုင် ဘေးမှာ
အအေးဆိုင်ကသက်သက်တစ်ဆိုင်ပင်။ အသင့်စားဘူးလေးတွေနဲ့ထည့်ပေးပြီး ထိုင်စားရုံပင်။
"ဆန်းရော သွားထိုင်နေပြီလား ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရ
ဦးမယ်နေစင် ဒါကယုယမိုး သူက
အိမ့် နန္ဒာတဲ့။ အိမ့်နန္ဒာကတော့ ငါတို့နဲ့
တခန်းတည်းပဲ။ငါတို့တွေလည်းနော်
တခန်းတည်းဖြစ်ပြီး အတန်းထဲမှာ
ခုထိမဆုံသေးဘူး"
သူ့ပြုံးပြလိုက်သော်လည်း။
" ငါတို့သွားပြီ ဝတ်ရည်"
ဝတ်ရည်ရဲ့ သူငယ်ချင်းတွေက
ဝတ်ရည်နဲ့ ခြားနားစွာ လူကိုကြည့်
တဲ့ပုံစံကလည်းတမျိုးပင်။
" မှာထားလိုက်ပြီလား "
"အင်း ဝတ်ရည်အတွက်က ဆန်းဆက်
မှာပေးသွားတယ်"
"လာ နေစင် ငါတို့သွားထိုင်ရအောင်"
မှာထားတာတွေကိုဝတ်ရည်ကဝိုင်း
သယ်ပေးပြီးဆန်းဆက်ထိုင်နေတဲ့
ဝိုင်းဆီအလာ၊။
" ဗျူဟာ"
ဝတ်ရည်က အအေးဘူးတွေကို
စားပွဲပေါ်ချပြီး ဗျူဟာပိုင်အနားကို
အပြေးသွား၏။
ဆန်းဆက်ကတော့ မျက်နှာတချက်ပျက်သွားပေမယ့် ထိန်းချုပ်တဲ့နေရာမှာ တော်လွန်းတဲ့သူပါပဲ။
သူလည်းဝင်ထိုင်လိုက်လျက်။
ဗျူဟာပိုင်ရောက်လာတာက သူ့ရဲ့
သတင်းပေးပို့မှုကြောင့်ဆိုတာကို
ဆန်းဆက်အရှေ့မသိသာအောင်
နေရရင်းပေါ့။
သိပ်မကြာလိုက်
ဗျူဟာပိုင် မှာထားတာကို ဝတ်ရည်ဦး
ကကိုင်လာပေးပြီး နှစ်ယောက်အတူတူ
သူတို့ဆီကို လျှောက်လာသည်။
ကန်တင်းက သူတချို့ကလည်းကြည့်နေလျက်ပင်။
နေစင်ဟန် နံရံကိုကိုယ့်ခေါင်းနဲ့ဆောင့်
ချင်မိလောက်အောင် မှင်သက်နေ
မိလျက်သာပင်။
ကောင်မလေးကို သူ့ဘက်တဖြည်း
ဖြည်းပြန်ပါလာအောင် မာနလျော့ပြီး
အလျှော့ပေးပါလို့တိုင်ပင်ထားတဲ့
ကြားကနေ ဗျူဟာပိုင်ကသူ့အကျင့်
အတိုင်း အပေါ်စီးမှာနေနေမြဲ။ သူမှာ
ထားတာကို ကောင်မလေးကသယ်
ပေးရတယ်လို့။ဒီကောင်တော့။
ဆန်းဆက်နဲ့ သူက မျက်နှာချင်းဆိုင်
ထိုင်နေကြတာ။
ဝတ်ရည်ဦးက ဆန်းဆက်ဘေးမှာ
ဝင်ထိုင်လိုက်သည်မို့ ဗျူဟာပိုင်က
သူ့ဘေးမှာဝင်ထိုင်လာသည်။
"နေစင် သူက ဗျူဟာပိုင်တဲ့ ကျောင်းမှာနာမည်ကြီးပဲလေ သိနေမယ်လို့တော့ထင်တယ် "
ဝတ်ရည်ဦးက တိတ်ဆိတ်နေတဲ့
အခြေအနေကို ဖြိုခွင်းလိုက်၏။
" နင့်ကိုမိတ်ဆက်ပေးရအုံးမယ်
ဗျူဟာ သူကနေစင်ဟန်တဲ့ ငါနဲ့
တစ်ခန်းထဲပဲ"
" အခုမှ ပထမဆုံး ဆုံဖူးတာပဲ"
အေးစက်စက်အသံ။
သူ့ဘေးက ဗျူဟာပိုင်ကို နေစင်ဟန်
တချက်ကြည့်မိရင်း အရှေ့ကိုပြန်
လှည့်လိုက်သည်။ ဗျူဟာပိုင် လိုမျိုး ဟန်ဆောင်ကောင်းဖို့ ကြိုးစားရင်းပေါ့။
"အ အခုမှသေချာတွေ့ဖူးတာပဲ နာမည်
တော့ကြားဖူးနေတယ်"
"ဟုတ်လား အခုတော့ သေချာသိ
သွားကြပြီပေါ့"
ဝတ်ရည်ဦးက ဗျူဟာပိုင်ရဲ့ အရိပ်
အကဲကိုကြည့်ရင်း စကားလမ်းကြောင်း
ရှာနေသည့်အလား။
တိတ်ဆိတ်နေပြီး သူ့ထမင်းသုပ်ဘူးကို
တူနဲ့နယ်နေသည့် ဆန်းဆက်က ဝတ်
ရည်ဦးအရှေ့ကို နယ်ပြီးသား သူ့ထမင်း
သုပ်ဘူးကိုချလိုက်ပြီး ဝတ်ရည်ဦးရဲ့
အသစ်ဆက်ဆက်ဘူးကိုတော့သူယူ
လိုက်သည်။
"ပူနေတုန်း စားလိုက်"
သူ့အရှေ့ရောက်လာသည့် ထမင်းသုပ်
ဘူးကိုကြည့်ရင်း ဝတ်ရည်က
ဆန်းဆက်ကို အပြုံးလေးနဲ့ ပြန်ကြည့်
ရင်း ဗျူဟာကို အားနာနေသည့်ဟန်နဲ့
ခပ်တည်တည် ပြန်နေလိုက်သည်။
ဝတ်ရည်က ဆန်းဆက်ကို တော်တော်
လေးကြွေနေပုံရပြီး ဗျူဟာပိုင်ကိုတော့ သူငယ်ချင်းသံယောဇဥ်ပဲ ရှိသည်မှာအသိသာ။ ဝတ်ရည်က အကုန်လုံးနဲ့အဆင်ပြေအောင်လိုက်ညှိနေပုံရသည်။
ဆန်းဆက်က ဝတ်ရည် ကြွေရင်လည်း
ကြွေသွားလောက်စရာပါပဲ။
ကောင်မလေးရှေ့ ဂရုစိုက်မှုနဲ့အလေး
ပေးဆက်ဆံတတ်တဲ့နေရာမှာ နှစ်
ယောက်မရှိတဲ့သူပဲ။
သူ့ကိုမကျေနပ်လို့ ဝတ်ရည်ကို သူ့
လက်ထဲကနေ လုသွားတာတဲ့။ သူတို့မိသားစုက ရှုပ်ထွေးတော့ သူတို့
ညီအစ်ကိုကြားမှာ တခြားဘာတွေရှိ
သလဲဆိုတာတော့
နေစင်ဟန် မသိဘူး။
ဗျူဟာပိုင် ပြောတာအမှန်တွေဖြစ်
နေရင်တောင် ဆန်းဆက် ဝတ်ရည်
အပေါ်မှာ ထားတဲ့ဂရုစိုက်မှုတွေက အစစ်အမှန်တွေဆိုတာတော့ သူ့စိတ်ကအလိုလိုသိနေသည်။ ဗျူဟာပိုင်နဲ့
တခြားစီပင်။
"နင်လည်းစားလေ ဆန်းဆက်"
အရှေ့မှာ ဗျူဟာပိုင်ရှိနေတော့
ဝတ်ရည်အသံက ခပ်တိုးတိူး။
ဗျူဟာပိုင်က သူ့အရှေ့ကမြင်ကွင်း
ကို ဂရုမစိုက်သည့်ဟန်နှင့် ခုံကိုမှီထိုင်
ပြီး သူ့ကော်ဖီအေးဘူးကို ယူကာသောက်လိုက်သည်။
" ဗျူဟာ အန်တီနီလာရော နေကောင်းရဲ့လား မတွေ့တာကြာပြီ "
"ကောင်းတယ်"
"အင်း အန်ကယ်ရော"
ဆန်းဆက်လက်အပေါ် ဖိတ်စင်ကြ
ကုန်တဲ့အအေးတချို့။
ဆန်းဆက်က ထမင်းသုပ် စားနေရင်း
ဘေးက သူ့အအေးဘူးကို လက်နဲ့တိုက်မိသွားခြင်းပင်။
" ဆန်း ပေကုန်ပီ ရရဲ့လား"
စားပွဲပေါ်က တစ်ရှူးနဲ့ ဝတ်ရည်က ပြာ
ပြာသလဲ ဆန်းဆက်ရဲ့ လက်ကိုသုတ်ပေးလိုက်သည်။
" အင်္ကျီရော ပေသွားသေးလားဆန်း"
" ရတယ် ဝင့်"
"အရသာကလည်း စိတ်ပျက်စရာ"
စားပွဲပေါ် အအေးဘူးကို ဗျူဟာပိုင်
ပြန်ချလိုက်သည်အသံက ကျယ်
လောင်စွာ။
ဝတ်ရည်က ဗျူဟာပိုင် မျက်နှာတည်နေသည်ကို သတိထားမိသွားပြီးဘေးက ဆန်းဆက်ကို ဂရုစိုက်နေရာကနေ
သူ့နေရာသူ အတည်တကျပြန်ထိုင်လိုက်သည်။
" ဟိုတယ်က စားဖိုမှူးတွေ လက်
ရာလောက်တော့ ဘယ်ကောင်းမလဲ
ဒါကကျောင်းကန်တင်းလေ"
ဆန်းဆက်ရဲ့လေသံက ခပ်အေးအေးပင်။
ဗျူဟာပိုင်ကတော့ မျက်နှာက
ခက်ထန်နေလျက် မတတ်သာလို့သာ
မင်းတို့နဲ့ ထိုင်နေရတယ် မင်းမာယာ
လောက်ငါသိတယ်ဆိုတဲ့ ပုံစံမျိုး။
ညီအကိုနှစ်ယောက်ရဲ့ သွေးအေး
တိုက်ပွဲမှာ ဝတ်ရည်က နေရခက်နေ
ပုံပေါ်တာမို့နေစင်ဟန် ဆန်းဆက်ကို
ကြည့်ရင်း။
" ဘယ်အချိန်ရှိသွားပြီလဲ ဆန်းဆက်
ကိုဂျွန်ကငါ့ကို မနက်ပိုင်းအတန်းမ
တက်ခင် music clubအခန်းထဲ ခဏ
ဝင်လာဖို့ မှာထားတယ်။ ဘာပြောစရာ
ရှိလို့လဲမသိဘူး မင်းရောလိုက်ဦးမလား"
"ခဏပဲဆိုရင် လိုက်ခဲ့ပေးမယ်"
" အဲ့တာဆိုရင် မြန်မြန်စားပြီးငါတို့သွားလိုက်ကြရအောင် မနက်ပိုင်း အတန်း
ချိန်နီးနေပြီ။ဗျူဟာ နင်အအေးသောက်
မယ်ဆို သောက်လေ"
ဝတ်ရည်က စကားဝိုင်းကို အသံတိတ်
အောင်လုပ်လိုက်ပြီး ဆန်းဆက်နဲ့
ဗျူဟာကို အရိပ်အခြေကြည့်နေ
လျက်ပင် အဆင်ပြေအောင် လိုက်ညှိ
နေရှာ၏။
နေစင်ဟန်လည်း ခပ်မြန်မြန်စားရင်း
သူ့ဘေးမှာ ခုံကိုမှီပြီးအအေးသောက်
ကာ ဒီအတိုင်းမျက်နှာမာနဲ့ထိုင်နေတဲ့
ဗျူဟာပိုင်ကိုတချက်ကြည့်မိရင်းပေါ့။
ဝတ်ရည်ဦးအရှေ့မှာ ပုံစံပြောင်းသွားတဲ့
ဆန်းဆက်ရဲ့ ရည်ရွယ်ချက်က ရော
ဘာလဲ။
ဆန်းဆက်က ဝတ်ရည်ရဲ့ စိတ်ကို
သေချာသိတယ်။ ဘယ်လိုပြောပြီး
ဘယ်လိုနေရင် ကောင်မလေးကြွေ
မလဲဆိုတာ သိလို့ အချိုသပ်ပြီး
သူ့ဘက်ပါအောင် လုပ်ထားလိုက်ပြီ။
သူ့ဘေးက ကောင်ကလည်း ဝတ်ရည်ဦး
ရဲ့စိတ်ကိုမသိတာမဟုတ်၊ သိသိရင်း
နဲ့ပင် ဒီအခြေအနေရောက်နေတာတောင်အချိုးပြေအောင်မနေပဲ
ကောင်မလေးဘက်က သူ့ဆီ
အောက်ကျို့ပြီးရောက်လာတာကိုပဲ
အပေါ်စီးကနေလိုချင်နေသူဖြစ်သည်။
နေစင်ဟန် မြင်ရသလောက် ပြောရ
ရင်တော့ညီအစ်ကို နှစ်ယောက်လုံး
က တကယ် မလွယ်ကြောတဲ့သူတွေပါပဲ။
-----------------------
" ဗျူဟာ... ဗျူဟာ "
ကျောင်းဆောင်ထဲကိုဝင်မည့်
အပေါက်ဝရှေ့မှာ သူရပ်နေမိဆဲပင်။
ဆန်းဆက်နဲ့ ဘေးချင်းယှဉ်ကာ
စကားပြောရင်း music clubအခန်း
ရှိရာဘက်ကို သွားနေတဲ့ နေစင်ဟန်။
အဝေးကနေ လှမ်းမြင်နေရတာတောင်
တယောက်နဲ့တယောက် စကားတ
ပြောပြောနဲ့ ရင်းနှီးနေပုံရပြီး အခြေအနေကောင်းနေသည်။သူ့အရှေ့မှာတော့ခပ်တန်းတန်းပဲနေပေမဲ့ ဒီကောင် ပေါင်းသင်းတတ်သားပဲ။
နေစင်ဟန်ရဲ့ကျောပြင်ကဆန်းဆက်
နဲ့ယှဥ်လိုက်ရင်တော့သေးငယ်လွန်း
နေကာ သူ့နာမည်အတိုင်းပဲ အ
ဝေးကကြည့်တာတောင် နေစင်ဟန်
ကထင်သာမြင်သာနဲ့ လင်းထွက်နေသည်။
" ဗျူဟာ ငါခေါ်နေတာ ကြားရဲ့လား"
ဝတ်ရည် ခေါ်မှပင် ဗျူဟာ သတိပြန်
ဝင်လာပြီး။
"ဟမ်"
" နင်ဘာကိုကြည့်နေတာလဲ သွား
ရအောင်လေ"
"အင်း"
သူနဲ့ဝတ်ရည် လှေကားထစ်တွေကိုကျော်
ကာအတူတူတက်လာသည်။
တတိယအထပ်ရဲ့ လှေကားထိပ်ကို
ရောက်တော့
ဝတ်ရည်က ဗျူဟာကိုတစ်ကြည့်
ကြည့်နဲ့။
"ငါဘယ်လိုစကားစပြောရမှန်းမသိ
ဘူး နင်ငါ့ကို ခါးခါးသီးသီးမဖြစ်
သွားလို့ ငါအရမ်းပျော်တာပဲ။ ငါတို့
ဒီအတိုင်းပဲ သူငယ်ချင်းတွေအဖြစ်နဲ့
ဆက်ပြီးရှိသွားလို့ရတယ်မလား
နင်စိတ်ပြေပြီမလားဟင် ဗျူဟာ"
တောင်းပန် နေတဲ့အသံလေး မျက်နှာ
ငယ် နဲ့ဝတ်ရည်။ ဒီလိုပုံစံမျိုး
လာပြတာက ဘယ်သူ့အတွက်လဲ
ဆိုတာ ခံရခက်စွာနဲ့
ဝတ်ရည်ရဲ့မျက်နှာကို ငေးရင်း
လိုချင်တောင့်တမှုတွေကိုမြိုသိပ်လျက် ကောင်မလေးနဲ့ ပိုမ ဝေးသွားအောင် အလိုက်သင့်နေဖို့သာရှိတော့သည်။
တကယ်ဆို ဝတ်ရည်က သူ့ဆီကိုပဲ
လာမှာလို့ အပိုင်တွက်ထားတဲ့ သူ
ကိုယ်တိုင်က ဝတ်ရည်အပေါ် သူ့
စိတ်ကိုသိ အောင်ထုတ်မပြနိုင်ခဲ့တာပဲ။
ကောင်မလေးကအရမ်းအပြစ်ကင်းတယ်။
"နင်ငါ့ကို စိတ်ပြေပြီးမလားလို့"
"အင်း"
" ငါတို့ရဲ့ သခင်လေးကစိတ် သဘော
ထားပြည့်ဝတာငါသိပြီးသားပါ။ အဲဒါကြောင့်လေ"
ဝတ်ရည်က ဗျူဟာကို မျက်နှာချိုသွေးလျက်။
" ငါ့မျက်နှာကိုထောက်ပြီးတော့ ဖြစ်ဖြစ် ဆန်းဆက်ကိုရော နင်မကျေတာမျိုးရှိ
ရင်လေ အဲ့တာလေ စိတ်ပြေ
ပေးလို့ရမလား။ တကယ်ဆိုငါက
အပြင်လူ သူစိမ်း နင်တို့က ညီအကို
တွေလေ ငါ့ကြောင့်နဲ့"
"ဝတ်ရည်"
"အင်း"
" မင်းငါ့ကို အားနာနေသလိုနဲ့ လာပြုံး
ပြနေတာ နောက်ဆုံးတော့ ဆန်းဆက် အတွက်ပဲမလား"
ဝတ်ရည် မျက်နှာမှာ စိုးထိတ်သည့်
ဟန်ဖြစ်သွားချိန်။
" နည်းနည်းများနေပြီလို့ ထင်တယ်"
"ဗျူဟာ"
" ငါတို့က ညီအကိုတွေ ဆန်းဆက်ကို
ငါဘာမှလုပ်လို့မရဘူး။မင်းစိတ်ချထားလိုက်"
" ငါအဲဒီသဘောနဲ့ ပြောတာမဟုတ်ဘူး။ဗျူဟာ"
တောင်းပန် တိုးလျှိုးနေသည့်အသံကို
လစ်လျူရှုလျက် ဗျူဟာ ဝတ်ရည်ကို ကျောခိုင်းကာ သူတို့အတန်းဘက်
ကို ခြေလှမ်းကြဲနဲ့ လျှောက်လာခဲ့လိုက်သည်။
သူ့စိတ်တွေကတော့ ဝတ်ရည်ဆီမှာ
ကျန်ခဲ့လျက်ပေါ့။
ငါကမကောင်းတဲ့ကောင်ဖြစ်နေလို့
ဆန်းဆက်ကိုရွေးလိုက်တာမလား။
ဆောရီး ပဲ ကောင်မလေး။ မင်းကို
ထိခိုက်ဖို့ မရည်ရွယ်ပေမယ့် ကိစ္စတွေ
က နောက်ပြန်ဆုတ်လို့မရတော့ဘူး။
အမြင့်မှာတင်ထားတာကို မင်းကိုယ်
တိုင်မနေချင်ပဲ ဆင်းပြေးမှတော့
မင်းကံပဲ။
အဲဒီအစား မကောင်းဘူးလို့သတ်မှတ်
ထားတဲ့ငါ့ဆီကိုမင်းပြန်ရောက်လာတဲ့
အခါ တောင်းပန်စကားတွေမလိုပဲ
လိုလိုချင်ချင် ပြန်လက်ခံပေးမယ်။
----------------------
"နေတစ်စင်းနဲ့ နေဝင်ဆည်းဆာ အတူတူ ယှဉ်တွဲ လာပါလားဟေ "
Music club
အခန်းထဲကိုသူတို့ဝင်ဝင် ချင်းပင်
ကိုဂျွန်ရဲ့အသံစူးစူး။
မသော်တာနဲ့ တခြားသင်တန်းသား
တွေကပါ သူတို့ကိုလှည့်ကြည့်လာသည်။
" ကန်တင်းမှာဆုံလို့ အတူတူလာ
ဖြစ်သွားတာ"
သူကဖြေရှင်းချက် ပေးလိုက်သော်လည်း ဆန်းဆက်ကတော့အေးဆေးပင်။
"မသော် ဘာကိစ္စရှိလို့လဲ လူတွေစုနေတာ"
"အော် ကိုမိုးလေ စာရင်းလုပ်ခိုင်း
ထားလို့။ ကျောင်းရဲ့welcomeက
နီးနေပြီလေ။ အမတို့clubက တာဝန်
ယူရမယ့်အပိုင်းတွေကိုအခုထဲက
အစီစဉ်ဆွဲရတော့မယ်။အဲဒါclub
ထဲကပါချင်တဲ့ သင်တန်းသားတွေ
ကိုစရင်းယူပြီးသီချင်းလေ့ကျင့်
တော့မလို့"
ဆန်းဆက်ကိုမသော်ကပြန်ဖြေလိုက်
သည်။ အခန်းထဲမှာ ရှိနေကြတဲ့ တခြား သင်တန်းသူသင်တန်းသားတွေကလည်း စုဝေးနေသည်။
" နေဝင်ဆည်းဆာ ကတော့ သေချာ
ပေါက် သီချင်းဆိုမှရမယ်နော် ကိုမိုးနဲ့တိုင်ပင်ပြီး သီချင်းရွေးထား လိုက်တော့"
ကိုဂျွန်က ဆန်းဆက်ကို ပြောရင်း
သူနဲ့ဆန်းဆက် အလယ်မှာလာရပ်သည်။
ပြီးတာနဲ့ နှစ်ယောက်လုံးပခုံးပေါ် လက်တင်၍
"နေတစ်စင်းကရော ဘယ်ထဲပါမှာလဲ"
" ကျွန်တော် မပါ"
"ဟောဒီမှာအဖွဲ့လိုက် kpop ဝါသနာ
ရှင်ဆိုရင်အဖွဲ့ထဲသွားနိုင်တယ်။
အကလည်းသင်ပေးမယ်။ ဒါမှမဟုတ် တစ်ယောက်တည်းစင်ပေါ်မှာ ဟစ်ချင်
တယ်ဆိုရင်လည်း သီချင်းသာရွေးထားလိုက်တော့"
" ကျွန်တော် မပါဘူး ဘာကိုမှဝါသနာ
မပါဘူး တစ်ကယ်ဘာမှ"
စင်ပေါ်တက်ရမှာစိုးလို့
သင်တန်းသားတွေကို ညွှန်ပြနေတဲ့
ကိုဂျွန်ကို အသည်းအသန်ငြင်းနေရင်း
ဆန်းဆက် သူ့ကိုကြည့်လာတော့
အမြန်ဘရိတ်အုပ်လိုက်ရပြီး။
"အဲ ဟိုဟာ အဖွဲ့လိုက် ဝါသနာမပါဘူး
ပြောတာ။သီချင်းကတော့ဆိုချင်ပေမယ့် ကျွန်တော့် အသံကမကောင်းဘူး။ ဂီတာ
ကလည်းအခုမှ အခြေခံသင်နေတုန်းဆိုတော့ကျွန်တော် အနောက်ကနေပဲ
clubမှာလိုအပ်တာပဲလိုက်လုပ်
ပေးမယ်လေနော်"
"အယ် ဘယ်လိုတုန်း စင်ကြောက်
တယ်နဲ့တူတယ် မရဘူးနော်။ သင်တန်း
သားဖြစ်နေမှတော့ တစ်နေရာပါမှ
ရမယ် ။စင်မကြောက်နဲ့ ကိုဂျွန်က
သေချာလေးသင်ပေး"
သူ့ပခုံးပေါ် တင်ထားတဲ့ ကိုဂျွန်ရဲ့လက်ကိုဆွဲချလိုက်တဲ့ ဆန်းဆက်။
"ကျွန်တော် သင်ပေးနေတာဆိုတော့ ကျွန်တော်ပဲ သူ့အခြေအနေကြည့်ပြီးလုပ်လိုက်မယ်။ တိုးတက်လာရင် တီးဝိုင်း
ထဲထည့်လိုက်မယ် မနေ့က သင်ထားတာဆက်ရအောင် နေစင်ဟန်"
ဆန်းဆက်က ဂီတာယူပြီး ခုံမှာသွား
ထိုင်နေပြီမို့သူလည်း ကိုဂျွန်လက်ထဲ
ကနေ အမြန်လစ်ထွက်ခဲ့ကာ ဆန်းဆက်အနားမှာ ဂီတာယူပြီး သွားထိုင်လိုက်သည်။
ဆန်းဆက်က သူ့ဂီတာကို တီးနေတော့။
" အတန်းထဲမသွားသေးဘူးလား"
" ရောက်လာမှတော့ နေလိုက်တော့မယ်"
ဆန်းဆက်မျက်နှာက မနေ့ကနဲ့မတူပဲ
တည်နေသည်။
"မနေ့က မင်းသင်ထားပေးတာ
ပြန်တီးပြရမလား"
ဘာလုပ်ရမှန်းမသိတာမို့ သူလည်း
မနေ့က ဆန်းဆက်သင်ပေးထားတဲ့
သူရတဲ့တစ်ကွက်ကိုပဲ ပြန်တီးပြနေချိန်
ဆန်းဆက်က သူ့ကိုစိုက်ကြည့်လာသည်။
"နေစင်ဟန်"
ဖော်ရွေတဲ့သူတွေ အနေတည်သွားရင် ကြောက်စရာကောင်းတယ်ဆိုတာ
အမှန်ပါပဲလား။
"ပြော ပြောလေ"
"ဗျူဟာပိုင်နဲ့ ဒီနေ့မှသိတာလား"
သူ့တစ်ကိုယ်လုံး တောင့်တင်း
ကာအေးခဲသွားမှု။
ဆန်းဆက်ရဲ့ မျက်နှာကို စိတ်ထိန်းကာ
ကြည့်ရရင်း။
"ဟုတ်တယ်လေ ဘာ ဘာဖြစ်လို့လဲ"
သူကိုစိုက်ကြည့်နေလျက်သာ ဘာမှ
ပြန်မပြောတဲ့ဆန်းဆက်။
"အော် ဟိုတစ်ခါ မင်းတို့ရန်ဖြစ်ကြ
တေုန်းကတော့ ခဏတွေ့ဖူးလိုက်တယ်။
ဒါပေမယ့်သေချာမမှတ်မိဘူး
။ငါက သူ့ကိုစိတ်ဝင်စားနေတာ
မဟုတ်တော့လေ"
ရိပ်မိသွားမှာစိုးလို့ အလျင်အမြန်
ပြောလိုက်မိရာမှ ဆန်းဆက်နဲ့
အကြည့်ချင်းဆုံချိန် ကိုယ့်စကားကိုယ်
ပြန်သတိထားမိလျက်။
"သူ့ကို ငါ့စိတ်ထဲမှာမရှိဘူးလို့ပြောတာ"
" ငါ့ကိုတော့ ရှိတယ်ပေါ့"
အသာပြုံးရုံပြုံးလိုက်တဲ့ဆန်းဆက်။
နေစင်ဟန် စိတ်နှလုံး အေးခဲသွားရပြန်သည်။ အေးအေးဆေးဆေး
ပြောနေပေမယ့်အစစ်ဆေးခံနေရသလို ခံစားနေရတာက ဘာကြောင့်လဲ။
"အင်း မင်းကမာနမကြီးဘူးလို့
သိထားတယ် ပြီးတော့ သဘော
ထားလည်းကောင်းတယ်လေ။
အဲဒါကြောင့် ငါမင်းနဲ့သူငယ်ချင်း
ဖြစ်ချင်တာ"
" ငါသဘောထားကောင်းတယ်လို့
မင်းထင်တာ သေချာလို့လား"
"သေချာတယ်"
တွေဝေမှုမရှိဘဲ တစ်ပြိုင်နက် သူပြန်
ဖြေလိုက်တဲ့နောက် ဆန်းဆက်က
မျက်နှာတည်နေရာကနေ သူ့ပုံစံ
အတိုင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးလာသည်။
" မင်းက စလို့ကောင်းသားပဲ"
သူ အူကြောင်ကြောင်ဖြစ်နေသည်ကိုပင်ဆန်းဆက်က သဘောတကျနဲ့
ရယ်နေသည်။
ကိုဂျွန်ကတော့သင်တန်းသားတွေကိူ
အကသင်ပေးနေရင်း သူတို့ဘက်ကို
ပြီးရင် ငါနဲ့တွေ့မယ်ဆိုတဲ့ဒီဇိုင်းနဲ့။
ဆန်းဆက်က သတိထားမိသွားပြီး။
" စင်ပေါ်မတက်ချင်ဘူးမလား
ကိုဂျွန်လက်ထဲကနေ မင်းကိုကယ်တင်
ပေးရတော့မယ်ထင်တယ်"
"သေချာလေး အကူအညီတောင်း
ပါတယ် ငါဘာလုပ်ပေးရမလဲ ကြိုက်တာပြော"
" အဲဒါဆိုရင် ဆန်းဆက်လို့ခေါ်ကြည့်လေ"
"ဟမ်"
"အော် မင်းငါ့ကို နာမည်တပ်ပြီး တခါမှ
မခေါ်ဖူးသေးဘူးလားလို့ ငါ့သူငယ်
ချင်းတွေ အကုန်လုံးကတော့ ငါ့ကို
ဆန်းဆက်လို့ပဲ ခေါ်ကြတယ်"
နှစ်ယောက်ကြားမှာတခဏ တိတ်ဆိတ်
သွားမှု။ဆန်းဆက် သူ့ကိုကြည့်နေမှန်းသိတော့ နေစင်ဟန် ကိုယ့်ကိုယ်ကို
တည်ငြိမ်အောင် ကြိုးစားလိုက်ရရင်းပင်။
"ဆန်းဆက်"
သူ့စကားအဆုံးဆန်းဆက်က နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်သည်။
ခုနကဆန်းဆက်ကို ကြောက်စရာကောင်းတယ်လို့သူထင်မိသွားတာကိုတောင်
မေ့နိုင်လောက်တဲ့အပြုံးမျိုး။
သူ့နေရာမှာမဖြောင့်တန်းနေသည့်
ကောင်လေးတယောက်သာဆိုရင်
တစ်ခါထဲပစ်ကြွေ သွားလောက်သည်။
ဆန်းဆက်က ဗျူဟာပိုင်ပြောသလိုပဲ
တစ်ကယ်ပဲ အပြုံးလေးနဲ့ ပါးနပ်ပြီး လူရည်လည်တာပဲ။ ရှေ့လျှောက်
ဆန်းဆက်အရှေ့မှာ ပိပိရိရိနေနိုင်ဖို့ သူအများကြီးကြိုးစားရဦးမည်။
----------------
"Where?"
ဖုန်းထဲဝင်လာတဲ့မက်ဆေ့ကို
နေစင်ဟန် ဖတ်ကြည့်နေရင်း။
ဖုန်းContactမှာ မှတ်ထားမိတဲ့နာမည်က ဗျူဟာပိုင်။ တော်တော်စိတ်ရှုပ်စရာ
ကောင်းတာပဲ။
ဘယ်နေရာမှာရှိနေတာကို သိတော့
ဘာလုပ်မလို့လဲ။ ဘာခိုင်းဦးမလို့ပဲ။
လက်ကသိပ်မသွက်နဲ့ပဲ သူစာပြန်
ရိုက်လိုက်သည်။
"toilet"
----------------
ဗျူဟာ ကျောင်းရဲ့တတိယအထပ်က ယောက်ကျားလေး toiletအရှေ့ကို
ရောက်ချိန် အပြင်မှာရပ်နေတဲ့ သူတို့
အတန်းထဲက ထွန်းမြတ်ဆိုတဲ့
ကောင်ကို တွေ့လိုက်ရသည်။
ဒီကောင်toilet အရှေ့မှာဘာရပ်
လုပ်နေတာလဲ။
toiletဝင်နေတဲ့
ကျောင်းသားတချို့ တယောက်ပြီး
တယောက် ထွက်လာတာကို ထွန်းမြတ်
ဆိုတဲ့ကောင်က ဖုန်းပြောနေသလိုနဲ့
မျက်လုံးအကြည့်တွေက
ကောင်လေးခပ်လန်းလန်းတွေကို
ခြေအစ ခေါင်းအဆုံးပင်။
ဒီကောင်မှာစော်လည်းရှိတယ်။
ဘာလဲ ဒီကောင်က။ ပွေတဲ့နှစ်ဖက်ချွန်
လို့ သိထားတယ် ယောကျာ်လေးတွေ
ဆိုရင် ပိုပြီးတိတ်တိတ်ပုန်းတဏှာထ
တယ်လို့ သိထားတာ အမှန်တွေ
ဖြစ်နေတာပဲ။
ယောကျာ်းထုရဲ့ သိက္ခာကိုချနေတဲ့ ဒီလိုကောင်မျိုးကို သူအရွှံဆုံးပဲ။
toiletထဲကနေ ဘယ်သူမှထပ် ထွက်မလာတော့ဘူး။
ထွန်းမြတ်က ဒီအခြေအနေကို စောင့်နေသလိုနဲ့toiletအထဲကို ခပ်မြန်မြန်ဝင်သွားသည်။
ခဏလေး။
နေစင်ဟန်ကအခုအထဲမှာလား။
ထွန်းမြတ် အထဲဝင်သွားတာနဲ့
ဗျူဟာ ချက်ချင်းပင် အနောက်ကနေ
Toiletအထဲ လိုက်ဝင်လိုက်ရတော့သည်။
အထဲကိုရောက်တော့ ဘေစင်မှာ
လက်ဆေးနေတဲ့ နေစင်ဟန်။ ထွန်းမြတ်ကနေစင်ဟန် ဘေးကိုရောက်နေပြီ။
" တိုက်ဆိုင်လိုက်တာ ကိုယ့်ညီရယ်"
"အော် broထွန်းမြတ်"
ကိုယ်တိုင်တောင် စဉ်းစားချိန်မရလိုက်ပဲ
သူ့ခြေထောက်တွေက အလိုလို
ထွန်းမြတ်နဲ့နေစင်ဟန်ရဲ့အလယ်မှာ
သွားရပ်ထားပြီးသား ဖြစ်သွားသည်။
နေစင်ဟန် အရှေ့မှာ ပိတ်ရပ်လိုက်တဲ့
သူ့ကို မြင်လိုက်ရတာနဲ့ ထွန်းမြတ်ရဲ့သွေးလေခြောက်ခြား သွားသည့်မျက်နှာ။
" ဗျူဟာပိုင်"
"မင်းဘာဖြစ်လို့ toiletတစ်ခါဝင်တာ ဒီလောက်တောင်ကြာနေတာလဲ"
"ဟမ် ငါက"
"ဟယ်လို ဟယ်လို ပြောပါ သိပ်မကြား
ရဘူး လိုင်းမမိဘူးထင်တယ် "
သူနဲ့နေစင်ဟန် စကားပြောနေတုန်း
ဖုန်းကို နားမှာကပ်ပြီး အရူး ကွက်နင်းကာ ထွန်းမြတ်ကtoilet ထဲကနေ ထွက်သွားသည်။ အလကား ကြုံရင်ကြုံသလိုတဏှာထနေတဲ့ ချီးဘရိန်းသောက်ရူးငကြောက်ကောင်။
"မင်း ဘာပြောစရာရှိလို့ ဒီအထိလိုက်လာတာလဲ "
" ဘာပြောစရာရှိရမှာလဲ ငါ့ဘာသာ
toiletဝင်မလို့ "
" အဲဒါဆိုရင် ငါသွားပြီ"
သူဟာဘယ်တုန်းကမှ ကိုယ်လဲမဆိုင်ရင် စိတ်မဝင်စားတတ်ပေမယ့်မြင်နေရတာကဘဝင်မကျစရာ။
နေစင်ဟန်က စကားအပိုမပြောဘဲ
ဘေစင်မှာလက်ဆေးပြီး သူ့ဘေးကနေ
ထွက်သွားဖို့လုပ်တော့ ဗျူဟာ ခပ်တည်တည်နှင့်ပင်။
" ခုနက ကောင်နဲ့မင်းခင်တာလား "
'" ဒီလိုပါပဲ သိရုံလောက်ပဲ"
" သိရုံပဲဆိုရင် ရှေ့ဆက် အဲ့ကောင်နဲ့ အဆက်ဆံမလုပ်နဲ့။ သူစကားလာ
ပြောရင်လည်းအဖက်လုပ်ပြီး ပြန်မပြောနဲ့ "
"ဘာလို့လဲ"
ခပ်အေးအေး
ပြန်မေးတဲ့ပုံစံကိုက အမြင်
ကတ်ချင်စရာ။
" မင်းကိုငါ အဲ့ကောင်က နှစ်ဖက်ချွန်
လို့ ပြောပြထားတယ်မလား။ပြီးတော့
အဲ့ကောင်က"
ပြုံးရုံလေး ပြုံးလိုက်သည့်နေစင်ဟန်။
" ကျေးဇူးတင်ပေမဲ့ မင်းရဲ့စေတနာက
ငါနဲ့မတန်ပါဘူး"
နီးကပ်နေတဲ့ အနေအထားမှာ မြင်နေ
ရတဲ့မျက်နှာ။
"နှစ်ဖက်ချွန်ဖြစ်တော့ရောဘာဖြစ်လဲ။
ငါလည်းအခု အဲ့ဒီသူနဲ့ဘာများကွာခြား
နေလို့လဲ။ပြီးတော့ ငါကိုယ်တိုင်
ဒီဇာတ်ထဲကိုသွင်းဖို့လုပ်နေတဲ့ မင်းရဲ့ညီ ဆန်းဆက်"
အကြည့်ချင်းဆုံချိန်တိုင်း
ညို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံ။
ခပ်ချောချောမျက်နှာက ဆက်တိုက်ပြောသွားတဲ့စကားရဲ့ အဆုံးသတ်မှာ စိတ်မကောင်းဖြစ်နေသလို မျက်နှာလွှဲသွားသည်။
"ဆောရီး...ဗျူဟာပိုင် ငါ"
မျက်နှာပျက်လျက် နေစင်ဟန်က
သူ့ကို ပြန်ကြည့်လာပြီး။
"အပေးအယူလုပ်ထားတဲ့ ကိစ္စနဲ့
ပါတ်သက်တာကလွဲ မင်းပြောစရာ
ခိုင်းစရာမရှိဘူးဆိုရင် ငါတို့ကျောင်း
မှာမသိတဲ့သူတွေလိုမတွေ့ပဲနေကြရင်ကောင်းမယ်။ မင်းနဲငါက ရင်းနှီးတဲ့
သူတွေလိုနေစရာအကြောင်းလည်း
မရှိဘူးလေ။ငါသွားပြီ"
သူ့ဘေးကနေထွက်သွားတဲ့ ကောင်လေးရဲ့ ကျောပြင်ကိုကြည့်ရင်း ဗျူဟာ
တခဏဒီအတိုင်းရပ်နေမိသည်။
တစ်ခါထဲကိုငြိမ်ကျသွားတာ
မျက်နှာမကောင်းဖြစ်သွားတာ အရမ်း
သိသာတယ်။ စိတ်ထဲမှာရှိတာကို
မထိန်းတတ်ဘူးပဲ။စိတ်မကောင်းဖြစ်သွားတယ်ထင်ပါ့။
စိုးရိမ်ပြီးတော့သတိပေးလိုက်တာ
တခြားသူဘက်ကိုသူတစ်ခါမှ
မတွေးပေးတော့ နေစင်ဟန်ဘက်ကို
သူမကြည့်လိုက်မိဘူး။ဒီလိုတွေလုပ်နေရတာ တော်တော်လေး စိတ်ကျဥ်းကျပ်
နေတဲ့ပုံပဲ။အင်းလေ ဒီကောင်လေးက ကောင်းကောင်းမွန်မွန်လေးထဲက ပြီးတော့ ဘာအတွေ့မကြုံမှတောင်မရှိတဲ့ အဖြောင့်လေးပဲ။
သူကိုယ်တိုင်လည်း စိတ်ညစ်ညူးသွားပြီး ဘေစင်ကို မှီပြီးရပ်နေရာကနေ လှည့်လိုက်တော့ မှန်ချပ်ထဲက ကိုယ့်မျက်နှာကိုယ်ပြန်မြင်မှသတိပြန်ဝင်သည်။
အထိတ်တလန့်နဲ့ ခပ်မြန်မြန်ရေဖွင့်ချကာလက်နှစ်ဖက်နဲ့ ခံပြီး မျက်နှာကိုရေနဲ့ ဖြန်းလိုက်မိတဲ့အထိ။
သူဘာတွေတွေးနေတာလဲ။ဘယ်တုန်းကတခြားသူဘက်ကိုသူကြည့်ဖူး ဘယ်သူက သူ့အတွေးထဲကို နေရာယူဖူးလို့လဲ။ အလကား ခိုင်းထားတာမှမဟုတ်တာ။
၊နေစင်ဟန်ကိုယ်တိုင်သဘောတူကြည်
ဖြူလို့လုပ်တာပဲ၊။ သူကဘာလို့ အပြစ်ရှိသလို ခံစားလိုက်ရတာလဲ ။ဘယ်လိုဟာလေးလဲ။မသိရင်သူကပဲလူဆိုးဆိုတာကိုတဖက်လှည့်နဲ့ ပြောသွားသလို။တကယ်ပဲ ရှားရှားပါးပါးသူ့ စေတနာက ဘယ်သူနဲ့မှမတန်ဘူး။
နဂို စိတ်ရင်းကောင်းတဲ့ဓါတ်ခံလေးကရှိနေတော့ ဟိုကောင်လေး မျက်နှာငယ်ကျသွားတာနဲ့ သူ့အတွေးထဲကိုတခဏစိုးမိုးနိုင်သွားတာပဲ။ဒီရက်ပိုင်းကံနိမ့်နေတာများလား။
-------------
ဆေးရုံကုတင်ထက်မှာ မျက်လုံးတွေ
မှိတ်ကာလှဲလျောင်းနေတဲ့ မလတ်ကို အတော်ကြာသူ ဘေးကခုံမှာထိုင်ကြည့်နေရင်းငြိမ်နေမိသည်။
မနေ့တုန်းက သူတို့မိသားစုတွေ
စောင့်ဆိုင်းကာ နာရီပေါင်းများစွာ
ကြာခဲ့သည့် မလတ်ရဲ့ ခွဲစိတ်မှုက
အောင်မြင်စွာနဲ့ ဒီကနေ့မနက်တော့
မလတ်ကိုစိတ်ချရတဲ့ အခြေအနေနဲ့
ဆေးရုံကုတင်ပေါ်မှာ ပြန်တွေ့ခဲ့ရပြီ။
ဆေးရုံကတော့ စိတ်ချရအောင် စောင့်ကြည့်ပြီး ရက်အနည်းငယ်ကြာမှ ဆင်းလို့ရမယ်။
အခန်းထဲမှာ သူကမလတ်ဘေးမှာ
ထိုင်နေပြီး အမေကတော့ အိမ်က
သူ့အကျင့်အတိုင်း ပစ္စည်းတွေရှင်း
စရာရှိတာတွေကိုရှင်းနေလျက် ပကတိတိတ်ဆိတ်နေသည်။
မလတ်ကိုပဲ သူကြည့်နေမိရင်းသာ....။
သူ ဗျူဟာပိုင်လွှဲပေးထားတဲ့ပိုက်ဆံ
တွေကို မလတ်ရဲ့ဆေးကုသစရိတ်ကလွဲ
သူ့ကိုယ်ကျိုးအတွက်တပြားတချပ်
တောင်မသုံးစွဲထားဘူးဆိုတာ ကျိန်ဆို
ကျိန်ရဲပါတယ်။
ကျွန်တော့်အပြစ်တွေကိုကျွန်တော်
ကိုယ်တိုင်ပဲခံယူမှာမို့လို့ မလတ်ကတော့
လူကောင်းပကတိအနေနဲ့ နေပြန်ကောင်း
လာမှရမယ်နော်၊။
တခဏအကြာ
အသံလျော့ထားတဲ့
သူ့ရဲ့ဖုန်းက မြည်လာသည်။
ကိုလေးဆက်တာပင်။ဆေးသွင်းထားတဲ့
မလတ်က မှိန်းနေသည်မို့အမေ့ကို အသံတိတ် ပြောပြခဲ့ကာ အခန်းပြင်ထွက်လာခဲ့သည်။
"ကိုလေး ရောက်နေပြီလား"
" အခုချက်ချင်း ဆေးရုံအောက်ကို
ဆင်းလာခဲ့ နေစင်ဟန်"
ကိုလေးက အသံမာနေပြီး ချက်ချင်းဖုန်းချသွားသည်။။ကိုလေး ဘာဖြစ်လို့လဲ။
------------
" မင်းငါတို့ကို ဘာဖြစ်လို့လိမ်ရတာလဲ
နေစင်ဟန်။ ဆေးရုံစရိတ်က အင်ကြင်း
တို့ဆီက ရခဲ့တာလို့ ဘာလို့လိမ်ပြော
ရတာလဲ "
"ကိုလေး"
အသံမာနေတဲ့ ကိုလေးကို သူကြောက်
နေမိသလို ကိုလေးမိန်းမအစ်မ အေးမာ
ကပုံပုံလေးကိုချီထားပြီး သူတို့စကားပြောနေတဲ့ဆေးရုံအောက်ကအဝေးတစ်နေရာမှာရပ်ကြညိ့နေတယ်။
"ငါနဲ့မင်းအစ်မ အင်ကြင်းနဲ့အင်ကြင်း
အမေကိုတွေ့ပြီးပြီ။ မင်းသူတို့ဆီမ
လာဘူး မင်းသူငယ်ချင်းဆီကနေ
တပြားတချပ်မှမချေးထားဘူးတဲ့။ဘာလို့ လူကြီးတွေကို လိမ်ရတာလဲ"
" အဖေနဲအမေကို ပြောပြလိုက်ပြီလား"
" မပြောရသေးဘူး"
ကိုလေးက ဒေါသထွက်သည့်ဟန်နှင့်
မာန်မဲလျက်။
" အခုချက်ချင်း ကိုလေးကိုပြောပြ
နေနေ ဒီလောက်ပိုက်ဆံအများကြီး
မင်းဘယ်ကနေရခဲ့တာလဲ အခု အမှန်အတိုင်း ပြော"
" သူငယ်ချင်းတယောက်ဆီက"
" ဘယ်ကသူငယ်ချင်းလဲ"
" အခုတက်နေတဲ့ ကျောင်းက"
" ကျောင်းတက်တာဖြင့် ဘယ်နှစ်ရက်
မှမရှိသေးဘူး သိတာမကြာသေးပဲ
သူကမင်းကို ဘာတွေယုံကြည်ပြီး
ဒီလောက်ပိုက်ဆံအများကြီး ပေး
လိုက်တာလဲ။မင်းနဲ့ဘယ်လိုခင်ပြီး မင်းဘယ်လိုချေးခဲ့တာလဲ နေနေ"
" သူ သူကကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့သူငယ်ချင်း။ သိတာမကြာသေးဘူးဆိုပေမဲ့ သူက အရမ်းကိုစိတ်သဘောထား ပြည့်ဝပြီးတော့ အေးဆေးတည်
ငြိမ်ပြီး ကူညီတတ်တဲ့သူဌေးသား။
အစ်မရဲ့ ကျန်းမာရေးကိစ္စမို့လို့ တဖြည်းဖြည်းမှ ပြန်ဆပ်လို့ရတယ်တဲ့"
" အဲဒီသူငယ်ချင်းကို ငါနဲ့ပေးတွေ့"
"ကိုလေး"
နေစင်ဟန် ကြောက်ရွှံ့ထိတ်လန့်စွာ
နဲ့ပင် ကိုလေးကို
ပြန်ကြည့်မိသွားသည်။
"သူမအားဘူးကိုလေး သူက
သူဌေးသားဆိုတော့သူ့ကိုသက်သက်
အလုပ်သွားရှုပ်သလို ဖြစ်နေမယ်။ ဒီလောက်ပိုက်ဆံက သူ့အတွက် တစ်ပတ်စာ မုန့်ဖိုးလောက်ပဲရှိတယ် ကျွန်တော်"
" ငါစကားများများမပြောချင်ဘူး
နေစင်ဟန် မင်းရဲ့အဲ့ဒီ အေးဆေး
တည်ငြိမ်ပြီး ကူညီတတ်တဲ့ သူဌေးသားသူငယ်ချင်းနဲ့ငါ့ကိုပေးတွေ့စမ်းပါ။
မဟုတ်ရင် အဖေနဲ့အမေကိုအဖြစ်မှန်
ပြောပြရလိမ့်မယ်"
ကိုလေးကို သူဘယ်လိုမှ တားလို့ရ
တော့မည်မဟုတ်။
သူတစ်ခါမှ သူ့မိသားစုဝင်တွေ
မပြောနဲ့ဘယ်သူ့ကိုမှမလိမ်ညာခဲ့ဖူးပါ။
ကိုလေးက သူ့ကိုစိုးရိမ်စိတ်နဲ့ ဒေါသထွက်နေသည်မို့နေစင်ဟန် စိတ်ထဲကနေ
များစွာကြောက်ရွှံ့နေမိသလို တပြိုင်နက်ဝမ်းလည်းနည်းနေရတော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ေနစင္ဟန္"
ကန္တင္းမွာ သူ မနက္စာမွာဖို႔ရပ္
ေစာင့္ေနတုန္းမိန္းကေလးတစ္
ေယာက္ရဲ႕ ေခၚသံေၾကာင့္ ေဘးကို
ၾကည့္မိသြားသည္။
အၿမဲပင္မ်က္ႏွာက အၾကည္ဓါတ္႐ွိ
ေနၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့အျပဳံး
မ်က္ႏွာေလးနဲ႔ဝတ္ရည္ဦး။
ဝတ္ရည္ဦး ေဘးမွာရပ္ေနတာ
ကေတာ့ ဆန္းဆက္။
ႏွစ္ေယာက္လုံးကိုသူ အသာျပဳံးျပ
လိုက္ရင္း တိုက္ဆိုင္မႈတစ္ခုကို
လုပ္ယူခဲ့လိုက္ရသည္။
"ထပ္ေတြ႕တယ္ေနာ္ တစ္ေယာက္ထဲ
လား မနက္စာထိုင္စားမွာမလား ငါတို႔
တဝိုင္းထဲထိုင္ရေအာင္"
"အင္း"
ဝတ္ရည္ကိုေျဖလိုက္လ်က္ ဆန္းဆက္
ကိုၾကည့္လိုက္ေတာ့ ဆန္းဆက္က
menu ကတ္ကိုသာၾကည့္ေနလ်က္ပင္၊။
သူတို႔အေ႐ွ႕မွာ မွာသူေတြ႐ွိေနတုန္း
ဝတ္ရည္ကသူ႕ သူငယ္ခ်င္း
ေကာင္မေလး ေတြ ေရာက္လာသျဖင့္
ရပ္ေနရာကေနဆန္းဆက္နဲ႔သူ႕ကို
ထားသြားၿပီး စကားသြားေျပာသည္။
" ဘာမွာမလို႔လဲ"
ဝတ္ရည္သြားလိုက္မွပင္ သူ႕ကို
စကားေျပာလာတဲ့ ဆန္းဆက္။
"ၾကက္ဆီထမင္း"
" မင္းေရာ ဘာမွာမလို႔လဲ"
"မသိေသးဘူး ဘာမွာရင္ေကာင္းမလဲ ထမင္းသုပ္ဆိုရင္ေရာ"
"ဝတ္ရည္အတြက္ကေရာ "
"အတူတူပဲ ဝတ္ရည္ကကိုးရီးယား
ထမင္းသုပ္ ႀကိဳက္တယ္"
"မင္းဝိုင္းရေအာင္ သြားထိုင္ထား
လိုက္ပါလား မွာထားတာေတြ ငါ
ယူလာခဲ့ေပးမယ္"
"အေအးေတြပါ သယ္လို႔ရရဲ႕လား"
"အင္း ရတယ္"
ဆန္းဆက္က လွည့္ထြက္သြားခဲ့ၿပီ။
ဝတ္ရည္အေ႐ွ႕မွာ ဆန္းဆက္က
ဘယ္သူ႕ကိုမွ အတန္း႐ွင္းမေပးတဲ့ပုံ
မ်ိဳးေနထားတာပင္။
ေက်ာင္းကလည္းသူေဌးေက်ာင္း
ဆိုေတာ့ကန္တင္းက အစ ေခတ္မွီ
သပ္ရပ္ၿပီး ကိုယ္တိုင္ေကာင္တာမွာ
မွာရသည့္စနစ္ပင္။ ေက်ာင္းကသူေတြအတြက္ ဖြင့္ထားသည့္ေတာ္ေတာ္
မ်ားမ်ားမွာလို႔ရသည့္စားေသာက္
ဆိုင္ႀကီးကတစ္ဆိုင္ ေဘးမွာ
အေအးဆိုင္ကသက္သက္တစ္ဆိုင္ပင္။ အသင့္စားဘူးေလးေတြနဲ႔ထည့္ေပးၿပီး ထိုင္စား႐ုံပင္။
"ဆန္းေရာ သြားထိုင္ေနၿပီလား ငါ့သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးရ
ဦးမယ္ေနစင္ ဒါကယုယမိုး သူက
အိမ့္ နႏၵာတဲ့။ အိမ့္နႏၵာကေတာ့ ငါတို႔နဲ႔
တခန္းတည္းပဲ။ငါတို႔ေတြလည္းေနာ္
တခန္းတည္းျဖစ္ၿပီး အတန္းထဲမွာ
ခုထိမဆုံေသးဘူး"
သူ႕ျပဳံးျပလိုက္ေသာ္လည္း။
" ငါတို႔သြားၿပီ ဝတ္ရည္"
ဝတ္ရည္ရဲ႕ သူငယ္ခ်င္းေတြက
ဝတ္ရည္နဲ႔ ျခားနားစြာ လူကိုၾကည့္
တဲ့ပုံစံကလည္းတမ်ိဳးပင္။
" မွာထားလိုက္ၿပီလား "
"အင္း ဝတ္ရည္အတြက္က ဆန္းဆက္
မွာေပးသြားတယ္"
"လာ ေနစင္ ငါတို႔သြားထိုင္ရေအာင္"
မွာထားတာေတြကိုဝတ္ရည္ကဝိုင္း
သယ္ေပးၿပီးဆန္းဆက္ထိုင္ေနတဲ့
ဝိုင္းဆီအလာ၊။
" ဗ်ဴဟာ"
ဝတ္ရည္က အေအးဘူးေတြကို
စားပြဲေပၚခ်ၿပီး ဗ်ဴဟာပိုင္အနားကို
အေျပးသြား၏။
ဆန္းဆက္ကေတာ့ မ်က္ႏွာတခ်က္ပ်က္သြားေပမယ့္ ထိန္းခ်ဳပ္တဲ့ေနရာမွာ ေတာ္လြန္းတဲ့သူပါပဲ။
သူလည္းဝင္ထိုင္လိုက္လ်က္။
ဗ်ဴဟာပိုင္ေရာက္လာတာက သူ႕ရဲ႕
သတင္းေပးပို႔မႈေၾကာင့္ဆိုတာကို
ဆန္းဆက္အေ႐ွ႕မသိသာေအာင္
ေနရရင္းေပါ့။
သိပ္မၾကာလိုက္
ဗ်ဴဟာပိုင္ မွာထားတာကို ဝတ္ရည္ဦး
ကကိုင္လာေပးၿပီး ႏွစ္ေယာက္အတူတူ
သူတို႔ဆီကို ေလွ်ာက္လာသည္။
ကန္တင္းက သူတခ်ိဳ႕ကလည္းၾကည့္ေနလ်က္ပင္။
ေနစင္ဟန္ နံရံကိုကိုယ့္ေခါင္းနဲ႔ေဆာင့္
ခ်င္မိေလာက္ေအာင္ မွင္သက္ေန
မိလ်က္သာပင္။
ေကာင္မေလးကို သူ႕ဘက္တျဖည္း
ျဖည္းျပန္ပါလာေအာင္ မာနေလ်ာ့ၿပီး
အေလွ်ာ့ေပးပါလို႔တိုင္ပင္ထားတဲ့
ၾကားကေန ဗ်ဴဟာပိုင္ကသူ႕အက်င့္
အတိုင္း အေပၚစီးမွာေနေနၿမဲ။ သူမွာ
ထားတာကို ေကာင္မေလးကသယ္
ေပးရတယ္လို႔။ဒီေကာင္ေတာ့။
ဆန္းဆက္နဲ႔ သူက မ်က္ႏွာခ်င္းဆိုင္
ထိုင္ေနၾကတာ။
ဝတ္ရည္ဦးက ဆန္းဆက္ေဘးမွာ
ဝင္ထိုင္လိုက္သည္မို႔ ဗ်ဴဟာပိုင္က
သူ႕ေဘးမွာဝင္ထိုင္လာသည္။
"ေနစင္ သူက ဗ်ဴဟာပိုင္တဲ့ ေက်ာင္းမွာနာမည္ႀကီးပဲေလ သိေနမယ္လို႔ေတာ့ထင္တယ္ "
ဝတ္ရည္ဦးက တိတ္ဆိတ္ေနတဲ့
အေျခအေနကို ၿဖိဳခြင္းလိုက္၏။
" နင့္ကိုမိတ္ဆက္ေပးရအုံးမယ္
ဗ်ဴဟာ သူကေနစင္ဟန္တဲ့ ငါနဲ႔
တစ္ခန္းထဲပဲ"
" အခုမွ ပထမဆုံး ဆုံဖူးတာပဲ"
ေအးစက္စက္အသံ။
သူ႕ေဘးက ဗ်ဴဟာပိုင္ကို ေနစင္ဟန္
တခ်က္ၾကည့္မိရင္း အေ႐ွ႕ကိုျပန္
လွည့္လိုက္သည္။ ဗ်ဴဟာပိုင္ လိုမ်ိဳး ဟန္ေဆာင္ေကာင္းဖို႔ ႀကိဳးစားရင္းေပါ့။
"အ အခုမွေသခ်ာေတြ႕ဖူးတာပဲ နာမည္
ေတာ့ၾကားဖူးေနတယ္"
"ဟုတ္လား အခုေတာ့ ေသခ်ာသိ
သြားၾကၿပီေပါ့"
ဝတ္ရည္ဦးက ဗ်ဴဟာပိုင္ရဲ႕ အရိပ္
အကဲကိုၾကည့္ရင္း စကားလမ္းေၾကာင္း
႐ွာေနသည့္အလား။
တိတ္ဆိတ္ေနၿပီး သူ႕ထမင္းသုပ္ဘူးကို
တူနဲ႔နယ္ေနသည့္ ဆန္းဆက္က ဝတ္
ရည္ဦးအေ႐ွ႕ကို နယ္ၿပီးသား သူ႕ထမင္း
သုပ္ဘူးကိုခ်လိုက္ၿပီး ဝတ္ရည္ဦးရဲ႕
အသစ္ဆက္ဆက္ဘူးကိုေတာ့သူယူ
လိုက္သည္။
"ပူေနတုန္း စားလိုက္"
သူ႕အေ႐ွ႕ေရာက္လာသည့္ ထမင္းသုပ္
ဘူးကိုၾကည့္ရင္း ဝတ္ရည္က
ဆန္းဆက္ကို အျပဳံးေလးနဲ႔ ျပန္ၾကည့္
ရင္း ဗ်ဴဟာကို အားနာေနသည့္ဟန္နဲ႔
ခပ္တည္တည္ ျပန္ေနလိုက္သည္။
ဝတ္ရည္က ဆန္းဆက္ကို ေတာ္ေတာ္
ေလးေႂကြေနပုံရၿပီး ဗ်ဴဟာပိုင္ကိုေတာ့ သူငယ္ခ်င္းသံေယာဇဥ္ပဲ ႐ွိသည္မွာအသိသာ။ ဝတ္ရည္က အကုန္လုံးနဲ႔အဆင္ေျပေအာင္လိုက္ညႇိေနပုံရသည္။
ဆန္းဆက္က ဝတ္ရည္ ေႂကြရင္လည္း
ေႂကြသြားေလာက္စရာပါပဲ။
ေကာင္မေလးေ႐ွ႕ ဂ႐ုစိုက္မႈနဲ႔အေလး
ေပးဆက္ဆံတတ္တဲ့ေနရာမွာ ႏွစ္
ေယာက္မ႐ွိတဲ့သူပဲ။
သူ႕ကိုမေက်နပ္လို႔ ဝတ္ရည္ကို သူ႕
လက္ထဲကေန လုသြားတာတဲ့။ သူတို႔မိသားစုက ႐ႈပ္ေထြးေတာ့ သူတို႔
ညီအစ္ကိုၾကားမွာ တျခားဘာေတြ႐ွိ
သလဲဆိုတာေတာ့
ေနစင္ဟန္ မသိဘူး။
ဗ်ဴဟာပိုင္ ေျပာတာအမွန္ေတြျဖစ္
ေနရင္ေတာင္ ဆန္းဆက္ ဝတ္ရည္
အေပၚမွာ ထားတဲ့ဂ႐ုစိုက္မႈေတြက အစစ္အမွန္ေတြဆိုတာေတာ့ သူ႕စိတ္ကအလိုလိုသိေနသည္။ ဗ်ဴဟာပိုင္နဲ႔
တျခားစီပင္။
"နင္လည္းစားေလ ဆန္းဆက္"
အေ႐ွ႕မွာ ဗ်ဴဟာပိုင္႐ွိေနေတာ့
ဝတ္ရည္အသံက ခပ္တိုးတိူး။
ဗ်ဴဟာပိုင္က သူ႕အေ႐ွ႕ကျမင္ကြင္း
ကို ဂ႐ုမစိုက္သည့္ဟန္ႏွင့္ ခုံကိုမွီထိုင္
ၿပီး သူ႕ေကာ္ဖီေအးဘူးကို ယူကာေသာက္လိုက္သည္။
" ဗ်ဴဟာ အန္တီနီလာေရာ ေနေကာင္းရဲ႕လား မေတြ႕တာၾကာၿပီ "
"ေကာင္းတယ္"
"အင္း အန္ကယ္ေရာ"
ဆန္းဆက္လက္အေပၚ ဖိတ္စင္ၾက
ကုန္တဲ့အေအးတခ်ိဳ႕။
ဆန္းဆက္က ထမင္းသုပ္ စားေနရင္း
ေဘးက သူ႕အေအးဘူးကို လက္နဲ႔တိုက္မိသြားျခင္းပင္။
" ဆန္း ေပကုန္ပီ ရရဲ႕လား"
စားပြဲေပၚက တစ္႐ွဴးနဲ႔ ဝတ္ရည္က ျပာ
ျပာသလဲ ဆန္းဆက္ရဲ႕ လက္ကိုသုတ္ေပးလိုက္သည္။
" အက်ႌေရာ ေပသြားေသးလားဆန္း"
" ရတယ္ ဝင့္"
"အရသာကလည္း စိတ္ပ်က္စရာ"
စားပြဲေပၚ အေအးဘူးကို ဗ်ဴဟာပိုင္
ျပန္ခ်လိုက္သည္အသံက က်ယ္
ေလာင္စြာ။
ဝတ္ရည္က ဗ်ဴဟာပိုင္ မ်က္ႏွာတည္ေနသည္ကို သတိထားမိသြားၿပီးေဘးက ဆန္းဆက္ကို ဂ႐ုစိုက္ေနရာကေန
သူ႕ေနရာသူ အတည္တက်ျပန္ထိုင္လိုက္သည္။
" ဟိုတယ္က စားဖိုမႉးေတြ လက္
ရာေလာက္ေတာ့ ဘယ္ေကာင္းမလဲ
ဒါကေက်ာင္းကန္တင္းေလ"
ဆန္းဆက္ရဲ႕ေလသံက ခပ္ေအးေအးပင္။
ဗ်ဴဟာပိုင္ကေတာ့ မ်က္ႏွာက
ခက္ထန္ေနလ်က္ မတတ္သာလို႔သာ
မင္းတို႔နဲ႔ ထိုင္ေနရတယ္ မင္းမာယာ
ေလာက္ငါသိတယ္ဆိုတဲ့ ပုံစံမ်ိဳး။
ညီအကိုႏွစ္ေယာက္ရဲ႕ ေသြးေအး
တိုက္ပြဲမွာ ဝတ္ရည္က ေနရခက္ေန
ပုံေပၚတာမို႔ေနစင္ဟန္ ဆန္းဆက္ကို
ၾကည့္ရင္း။
" ဘယ္အခ်ိန္႐ွိသြားၿပီလဲ ဆန္းဆက္
ကိုဂြၽန္ကငါ့ကို မနက္ပိုင္းအတန္းမ
တက္ခင္ music clubအခန္းထဲ ခဏ
ဝင္လာဖို႔ မွာထားတယ္။ ဘာေျပာစရာ
႐ွိလို႔လဲမသိဘူး မင္းေရာလိုက္ဦးမလား"
"ခဏပဲဆိုရင္ လိုက္ခဲ့ေပးမယ္"
" အဲ့တာဆိုရင္ ျမန္ျမန္စားၿပီးငါတို႔သြားလိုက္ၾကရေအာင္ မနက္ပိုင္း အတန္း
ခ်ိန္နီးေနၿပီ။ဗ်ဴဟာ နင္အေအးေသာက္
မယ္ဆို ေသာက္ေလ"
ဝတ္ရည္က စကားဝိုင္းကို အသံတိတ္
ေအာင္လုပ္လိုက္ၿပီး ဆန္းဆက္နဲ႔
ဗ်ဴဟာကို အရိပ္အေျခၾကည့္ေန
လ်က္ပင္ အဆင္ေျပေအာင္ လိုက္ညႇိ
ေန႐ွာ၏။
ေနစင္ဟန္လည္း ခပ္ျမန္ျမန္စားရင္း
သူ႕ေဘးမွာ ခုံကိုမွီၿပီးအေအးေသာက္
ကာ ဒီအတိုင္းမ်က္ႏွာမာနဲ႔ထိုင္ေနတဲ့
ဗ်ဴဟာပိုင္ကိုတခ်က္ၾကည့္မိရင္းေပါ့။
ဝတ္ရည္ဦးအေ႐ွ႕မွာ ပုံစံေျပာင္းသြားတဲ့
ဆန္းဆက္ရဲ႕ ရည္႐ြယ္ခ်က္က ေရာ
ဘာလဲ။
ဆန္းဆက္က ဝတ္ရည္ရဲ႕ စိတ္ကို
ေသခ်ာသိတယ္။ ဘယ္လိုေျပာၿပီး
ဘယ္လိုေနရင္ ေကာင္မေလးေႂကြ
မလဲဆိုတာ သိလို႔ အခ်ိဳသပ္ၿပီး
သူ႕ဘက္ပါေအာင္ လုပ္ထားလိုက္ၿပီ။
သူ႕ေဘးက ေကာင္ကလည္း ဝတ္ရည္ဦး
ရဲ႕စိတ္ကိုမသိတာမဟုတ္၊ သိသိရင္း
နဲ႔ပင္ ဒီအေျခအေနေရာက္ေနတာေတာင္အခ်ိဳးေျပေအာင္မေနပဲ
ေကာင္မေလးဘက္က သူ႕ဆီ
ေအာက္က်ိဳ႕ၿပီးေရာက္လာတာကိုပဲ
အေပၚစီးကေနလိုခ်င္ေနသူျဖစ္သည္။
ေနစင္ဟန္ ျမင္ရသေလာက္ ေျပာရ
ရင္ေတာ့ညီအစ္ကို ႏွစ္ေယာက္လုံး
က တကယ္ မလြယ္ေၾကာတဲ့သူေတြပါပဲ။
-----------------------
" ဗ်ဴဟာ... ဗ်ဴဟာ "
ေက်ာင္းေဆာင္ထဲကိုဝင္မည့္
အေပါက္ဝေ႐ွ႕မွာ သူရပ္ေနမိဆဲပင္။
ဆန္းဆက္နဲ႔ ေဘးခ်င္းယွဥ္ကာ
စကားေျပာရင္း music clubအခန္း
႐ွိရာဘက္ကို သြားေနတဲ့ ေနစင္ဟန္။
အေဝးကေန လွမ္းျမင္ေနရတာေတာင္
တေယာက္နဲ႔တေယာက္ စကားတ
ေျပာေျပာနဲ႔ ရင္းႏွီးေနပုံရၿပီး အေျခအေနေကာင္းေနသည္။သူ႕အေ႐ွ႕မွာေတာ့ခပ္တန္းတန္းပဲေနေပမဲ့ ဒီေကာင္ ေပါင္းသင္းတတ္သားပဲ။
ေနစင္ဟန္ရဲ႕ေက်ာျပင္ကဆန္းဆက္
နဲ႔ယွဥ္လိုက္ရင္ေတာ့ေသးငယ္လြန္း
ေနကာ သူ႕နာမည္အတိုင္းပဲ အ
ေဝးကၾကည့္တာေတာင္ ေနစင္ဟန္
ကထင္သာျမင္သာနဲ႔ လင္းထြက္ေနသည္။
" ဗ်ဴဟာ ငါေခၚေနတာ ၾကားရဲ႕လား"
ဝတ္ရည္ ေခၚမွပင္ ဗ်ဴဟာ သတိျပန္
ဝင္လာၿပီး။
"ဟမ္"
" နင္ဘာကိုၾကည့္ေနတာလဲ သြား
ရေအာင္ေလ"
"အင္း"
သူနဲ႔ဝတ္ရည္ ေလွကားထစ္ေတြကိုေက်ာ္
ကာအတူတူတက္လာသည္။
တတိယအထပ္ရဲ႕ ေလွကားထိပ္ကို
ေရာက္ေတာ့
ဝတ္ရည္က ဗ်ဴဟာကိုတစ္ၾကည့္
ၾကည့္နဲ႔။
"ငါဘယ္လိုစကားစေျပာရမွန္းမသိ
ဘူး နင္ငါ့ကို ခါးခါးသီးသီးမျဖစ္
သြားလို႔ ငါအရမ္းေပ်ာ္တာပဲ။ ငါတို႔
ဒီအတိုင္းပဲ သူငယ္ခ်င္းေတြအျဖစ္နဲ႔
ဆက္ၿပီး႐ွိသြားလို႔ရတယ္မလား
နင္စိတ္ေျပၿပီမလားဟင္ ဗ်ဴဟာ"
ေတာင္းပန္ ေနတဲ့အသံေလး မ်က္ႏွာ
ငယ္ နဲ႔ဝတ္ရည္။ ဒီလိုပုံစံမ်ိဳး
လာျပတာက ဘယ္သူ႕အတြက္လဲ
ဆိုတာ ခံရခက္စြာနဲ႔
ဝတ္ရည္ရဲ႕မ်က္ႏွာကို ေငးရင္း
လိုခ်င္ေတာင့္တမႈေတြကိုၿမိဳသိပ္လ်က္ ေကာင္မေလးနဲ႔ ပိုမ ေဝးသြားေအာင္ အလိုက္သင့္ေနဖို႔သာ႐ွိေတာ့သည္။
တကယ္ဆို ဝတ္ရည္က သူ႕ဆီကိုပဲ
လာမွာလို႔ အပိုင္တြက္ထားတဲ့ သူ
ကိုယ္တိုင္က ဝတ္ရည္အေပၚ သူ႕
စိတ္ကိုသိ ေအာင္ထုတ္မျပႏိုင္ခဲ့တာပဲ။
ေကာင္မေလးကအရမ္းအျပစ္ကင္းတယ္။
"နင္ငါ့ကို စိတ္ေျပၿပီးမလားလို႔"
"အင္း"
" ငါတို႔ရဲ႕ သခင္ေလးကစိတ္ သေဘာ
ထားျပည့္ဝတာငါသိၿပီးသားပါ။ အဲဒါေၾကာင့္ေလ"
ဝတ္ရည္က ဗ်ဴဟာကို မ်က္ႏွာခ်ိဳေသြးလ်က္။
" ငါ့မ်က္ႏွာကိုေထာက္ၿပီးေတာ့ ျဖစ္ျဖစ္ ဆန္းဆက္ကိုေရာ နင္မေက်တာမ်ိဳး႐ွိ
ရင္ေလ အဲ့တာေလ စိတ္ေျပ
ေပးလို႔ရမလား။ တကယ္ဆိုငါက
အျပင္လူ သူစိမ္း နင္တို႔က ညီအကို
ေတြေလ ငါ့ေၾကာင့္နဲ႔"
"ဝတ္ရည္"
"အင္း"
" မင္းငါ့ကို အားနာေနသလိုနဲ႔ လာျပဳံး
ျပေနတာ ေနာက္ဆုံးေတာ့ ဆန္းဆက္ အတြက္ပဲမလား"
ဝတ္ရည္ မ်က္ႏွာမွာ စိုးထိတ္သည့္
ဟန္ျဖစ္သြားခ်ိန္။
" နည္းနည္းမ်ားေနၿပီလို႔ ထင္တယ္"
"ဗ်ဴဟာ"
" ငါတို႔က ညီအကိုေတြ ဆန္းဆက္ကို
ငါဘာမွလုပ္လို႔မရဘူး။မင္းစိတ္ခ်ထားလိုက္"
" ငါအဲဒီသေဘာနဲ႔ ေျပာတာမဟုတ္ဘူး။ဗ်ဴဟာ"
ေတာင္းပန္ တိုးလွ်ိဳးေနသည့္အသံကို
လစ္လ်ဴ႐ႈလ်က္ ဗ်ဴဟာ ဝတ္ရည္ကို ေက်ာခိုင္းကာ သူတို႔အတန္းဘက္
ကို ေျခလွမ္းႀကဲနဲ႔ ေလွ်ာက္လာခဲ့လိုက္သည္။
သူ႕စိတ္ေတြကေတာ့ ဝတ္ရည္ဆီမွာ
က်န္ခဲ့လ်က္ေပါ့။
ငါကမေကာင္းတဲ့ေကာင္ျဖစ္ေနလို႔
ဆန္းဆက္ကိုေ႐ြးလိုက္တာမလား။
ေဆာရီး ပဲ ေကာင္မေလး။ မင္းကို
ထိခိုက္ဖို႔ မရည္႐ြယ္ေပမယ့္ ကိစၥေတြ
က ေနာက္ျပန္ဆုတ္လို႔မရေတာ့ဘူး။
အျမင့္မွာတင္ထားတာကို မင္းကိုယ္
တိုင္မေနခ်င္ပဲ ဆင္းေျပးမွေတာ့
မင္းကံပဲ။
အဲဒီအစား မေကာင္းဘူးလို႔သတ္မွတ္
ထားတဲ့ငါ့ဆီကိုမင္းျပန္ေရာက္လာတဲ့
အခါ ေတာင္းပန္စကားေတြမလိုပဲ
လိုလိုခ်င္ခ်င္ ျပန္လက္ခံေပးမယ္။
----------------------
"ေနတစ္စင္းနဲ႔ ေနဝင္ဆည္းဆာ အတူတူ ယွဥ္တြဲ လာပါလားေဟ "
Music club
အခန္းထဲကိုသူတို႔ဝင္ဝင္ ခ်င္းပင္
ကိုဂြၽန္ရဲ႕အသံစူးစူး။
မေသာ္တာနဲ႔ တျခားသင္တန္းသား
ေတြကပါ သူတို႔ကိုလွည့္ၾကည့္လာသည္။
" ကန္တင္းမွာဆုံလို႔ အတူတူလာ
ျဖစ္သြားတာ"
သူကေျဖ႐ွင္းခ်က္ ေပးလိုက္ေသာ္လည္း ဆန္းဆက္ကေတာ့ေအးေဆးပင္။
"မေသာ္ ဘာကိစၥ႐ွိလို႔လဲ လူေတြစုေနတာ"
"ေအာ္ ကိုမိုးေလ စာရင္းလုပ္ခိုင္း
ထားလို႔။ ေက်ာင္းရဲ႕welcomeက
နီးေနၿပီေလ။ အမတို႔clubက တာဝန္
ယူရမယ့္အပိုင္းေတြကိုအခုထဲက
အစီစဥ္ဆြဲရေတာ့မယ္။အဲဒါclub
ထဲကပါခ်င္တဲ့ သင္တန္းသားေတြ
ကိုစရင္းယူၿပီးသီခ်င္းေလ့က်င့္
ေတာ့မလို႔"
ဆန္းဆက္ကိုမေသာ္ကျပန္ေျဖလိုက္
သည္။ အခန္းထဲမွာ ႐ွိေနၾကတဲ့ တျခား သင္တန္းသူသင္တန္းသားေတြကလည္း စုေဝးေနသည္။
" ေနဝင္ဆည္းဆာ ကေတာ့ ေသခ်ာ
ေပါက္ သီခ်င္းဆိုမွရမယ္ေနာ္ ကိုမိုးနဲ႔တိုင္ပင္ၿပီး သီခ်င္းေ႐ြးထား လိုက္ေတာ့"
ကိုဂြၽန္က ဆန္းဆက္ကို ေျပာရင္း
သူနဲ႔ဆန္းဆက္ အလယ္မွာလာရပ္သည္။
ၿပီးတာနဲ႔ ႏွစ္ေယာက္လုံးပခုံးေပၚ လက္တင္၍
"ေနတစ္စင္းကေရာ ဘယ္ထဲပါမွာလဲ"
" ကြၽန္ေတာ္ မပါ"
"ေဟာဒီမွာအဖြဲ႕လိုက္ kpop ဝါသနာ
႐ွင္ဆိုရင္အဖြဲ႕ထဲသြားႏိုင္တယ္။
အကလည္းသင္ေပးမယ္။ ဒါမွမဟုတ္ တစ္ေယာက္တည္းစင္ေပၚမွာ ဟစ္ခ်င္
တယ္ဆိုရင္လည္း သီခ်င္းသာေ႐ြးထားလိုက္ေတာ့"
" ကြၽန္ေတာ္ မပါဘူး ဘာကိုမွဝါသနာ
မပါဘူး တစ္ကယ္ဘာမွ"
စင္ေပၚတက္ရမွာစိုးလို႔
သင္တန္းသားေတြကို ၫႊန္ျပေနတဲ့
ကိုဂြၽန္ကို အသည္းအသန္ျငင္းေနရင္း
ဆန္းဆက္ သူ႕ကိုၾကည့္လာေတာ့
အျမန္ဘရိတ္အုပ္လိုက္ရၿပီး။
"အဲ ဟိုဟာ အဖြဲ႕လိုက္ ဝါသနာမပါဘူး
ေျပာတာ။သီခ်င္းကေတာ့ဆိုခ်င္ေပမယ့္ ကြၽန္ေတာ္႕ အသံကမေကာင္းဘူး။ ဂီတာ
ကလည္းအခုမွ အေျခခံသင္ေနတုန္းဆိုေတာ့ကြၽန္ေတာ္ အေနာက္ကေနပဲ
clubမွာလိုအပ္တာပဲလိုက္လုပ္
ေပးမယ္ေလေနာ္"
"အယ္ ဘယ္လိုတုန္း စင္ေၾကာက္
တယ္နဲ႔တူတယ္ မရဘူးေနာ္။ သင္တန္း
သားျဖစ္ေနမွေတာ့ တစ္ေနရာပါမွ
ရမယ္ ။စင္မေၾကာက္နဲ႔ ကိုဂြၽန္က
ေသခ်ာေလးသင္ေပး"
သူ႕ပခုံးေပၚ တင္ထားတဲ့ ကိုဂြၽန္ရဲ႕လက္ကိုဆြဲခ်လိုက္တဲ့ ဆန္းဆက္။
"ကြၽန္ေတာ္ သင္ေပးေနတာဆိုေတာ့ ကြၽန္ေတာ္ပဲ သူ႕အေျခအေနၾကည့္ၿပီးလုပ္လိုက္မယ္။ တိုးတက္လာရင္ တီးဝိုင္း
ထဲထည့္လိုက္မယ္ မေန႔က သင္ထားတာဆက္ရေအာင္ ေနစင္ဟန္"
ဆန္းဆက္က ဂီတာယူၿပီး ခုံမွာသြား
ထိုင္ေနၿပီမို႔သူလည္း ကိုဂြၽန္လက္ထဲ
ကေန အျမန္လစ္ထြက္ခဲ့ကာ ဆန္းဆက္အနားမွာ ဂီတာယူၿပီး သြားထိုင္လိုက္သည္။
ဆန္းဆက္က သူ႕ဂီတာကို တီးေနေတာ့။
" အတန္းထဲမသြားေသးဘူးလား"
" ေရာက္လာမွေတာ့ ေနလိုက္ေတာ့မယ္"
ဆန္းဆက္မ်က္ႏွာက မေန႔ကနဲ႔မတူပဲ
တည္ေနသည္။
"မေန႔က မင္းသင္ထားေပးတာ
ျပန္တီးျပရမလား"
ဘာလုပ္ရမွန္းမသိတာမို႔ သူလည္း
မေန႔က ဆန္းဆက္သင္ေပးထားတဲ့
သူရတဲ့တစ္ကြက္ကိုပဲ ျပန္တီးျပေနခ်ိန္
ဆန္းဆက္က သူ႕ကိုစိုက္ၾကည့္လာသည္။
"ေနစင္ဟန္"
ေဖာ္ေ႐ြတဲ့သူေတြ အေနတည္သြားရင္ ေၾကာက္စရာေကာင္းတယ္ဆိုတာ
အမွန္ပါပဲလား။
"ေျပာ ေျပာေလ"
"ဗ်ဴဟာပိုင္နဲ႔ ဒီေန႔မွသိတာလား"
သူ႕တစ္ကိုယ္လုံး ေတာင့္တင္း
ကာေအးခဲသြားမႈ။
ဆန္းဆက္ရဲ႕ မ်က္ႏွာကို စိတ္ထိန္းကာ
ၾကည့္ရရင္း။
"ဟုတ္တယ္ေလ ဘာ ဘာျဖစ္လို႔လဲ"
သူကိုစိုက္ၾကည့္ေနလ်က္သာ ဘာမွ
ျပန္မေျပာတဲ့ဆန္းဆက္။
"ေအာ္ ဟိုတစ္ခါ မင္းတို႔ရန္ျဖစ္ၾက
ေတုန္းကေတာ့ ခဏေတြ႕ဖူးလိုက္တယ္။
ဒါေပမယ့္ေသခ်ာမမွတ္မိဘူး
။ငါက သူ႕ကိုစိတ္ဝင္စားေနတာ
မဟုတ္ေတာ့ေလ"
ရိပ္မိသြားမွာစိုးလို႔ အလ်င္အျမန္
ေျပာလိုက္မိရာမွ ဆန္းဆက္နဲ႔
အၾကည့္ခ်င္းဆုံခ်ိန္ ကိုယ့္စကားကိုယ္
ျပန္သတိထားမိလ်က္။
"သူ႕ကို ငါ့စိတ္ထဲမွာမ႐ွိဘူးလို႔ေျပာတာ"
" ငါ့ကိုေတာ့ ႐ွိတယ္ေပါ့"
အသာျပဳံး႐ုံျပဳံးလိုက္တဲ့ဆန္းဆက္။
ေနစင္ဟန္ စိတ္ႏွလုံး ေအးခဲသြားရျပန္သည္။ ေအးေအးေဆးေဆး
ေျပာေနေပမယ့္အစစ္ေဆးခံေနရသလို ခံစားေနရတာက ဘာေၾကာင့္လဲ။
"အင္း မင္းကမာနမႀကီးဘူးလို႔
သိထားတယ္ ၿပီးေတာ့ သေဘာ
ထားလည္းေကာင္းတယ္ေလ။
အဲဒါေၾကာင့္ ငါမင္းနဲ႔သူငယ္ခ်င္း
ျဖစ္ခ်င္တာ"
" ငါသေဘာထားေကာင္းတယ္လို႔
မင္းထင္တာ ေသခ်ာလို႔လား"
"ေသခ်ာတယ္"
ေတြေဝမႈမ႐ွိဘဲ တစ္ၿပိဳင္နက္ သူျပန္
ေျဖလိုက္တဲ့ေနာက္ ဆန္းဆက္က
မ်က္ႏွာတည္ေနရာကေန သူ႕ပုံစံ
အတိုင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးလာသည္။
" မင္းက စလို႔ေကာင္းသားပဲ"
သူ အူေၾကာင္ေၾကာင္ျဖစ္ေနသည္ကိုပင္ဆန္းဆက္က သေဘာတက်နဲ႔
ရယ္ေနသည္။
ကိုဂြၽန္ကေတာ့သင္တန္းသားေတြကိူ
အကသင္ေပးေနရင္း သူတို႔ဘက္ကို
ၿပီးရင္ ငါနဲ႔ေတြ႕မယ္ဆိုတဲ့ဒီဇိုင္းနဲ႔။
ဆန္းဆက္က သတိထားမိသြားၿပီး။
" စင္ေပၚမတက္ခ်င္ဘူးမလား
ကိုဂြၽန္လက္ထဲကေန မင္းကိုကယ္တင္
ေပးရေတာ့မယ္ထင္တယ္"
"ေသခ်ာေလး အကူအညီေတာင္း
ပါတယ္ ငါဘာလုပ္ေပးရမလဲ ႀကိဳက္တာေျပာ"
" အဲဒါဆိုရင္ ဆန္းဆက္လို႔ေခၚၾကည့္ေလ"
"ဟမ္"
"ေအာ္ မင္းငါ့ကို နာမည္တပ္ၿပီး တခါမွ
မေခၚဖူးေသးဘူးလားလို႔ ငါ့သူငယ္
ခ်င္းေတြ အကုန္လုံးကေတာ့ ငါ့ကို
ဆန္းဆက္လို႔ပဲ ေခၚၾကတယ္"
ႏွစ္ေယာက္ၾကားမွာတခဏ တိတ္ဆိတ္
သြားမႈ။ဆန္းဆက္ သူ႕ကိုၾကည့္ေနမွန္းသိေတာ့ ေနစင္ဟန္ ကိုယ့္ကိုယ္ကို
တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ရရင္းပင္။
"ဆန္းဆက္"
သူ႕စကားအဆုံးဆန္းဆက္က ႏွစ္လိုဖြယ္ေကာင္းေအာင္ ျပဳံးလိုက္သည္။
ခုနကဆန္းဆက္ကို ေၾကာက္စရာေကာင္းတယ္လို႔သူထင္မိသြားတာကိုေတာင္
ေမ့ႏိုင္ေလာက္တဲ့အျပဳံးမ်ိဳး။
သူ႕ေနရာမွာမေျဖာင့္တန္းေနသည့္
ေကာင္ေလးတေယာက္သာဆိုရင္
တစ္ခါထဲပစ္ေႂကြ သြားေလာက္သည္။
ဆန္းဆက္က ဗ်ဴဟာပိုင္ေျပာသလိုပဲ
တစ္ကယ္ပဲ အျပဳံးေလးနဲ႔ ပါးနပ္ၿပီး လူရည္လည္တာပဲ။ ေ႐ွ႕ေလွ်ာက္
ဆန္းဆက္အေ႐ွ႕မွာ ပိပိရိရိေနႏိုင္ဖို႔ သူအမ်ားႀကီးႀကိဳးစားရဦးမည္။
----------------
"Where?"
ဖုန္းထဲဝင္လာတဲ့မက္ေဆ့ကို
ေနစင္ဟန္ ဖတ္ၾကည့္ေနရင္း။
ဖုန္းContactမွာ မွတ္ထားမိတဲ့နာမည္က ဗ်ဴဟာပိုင္။ ေတာ္ေတာ္စိတ္႐ႈပ္စရာ
ေကာင္းတာပဲ။
ဘယ္ေနရာမွာ႐ွိေနတာကို သိေတာ့
ဘာလုပ္မလို႔လဲ။ ဘာခိုင္းဦးမလို႔ပဲ။
လက္ကသိပ္မသြက္နဲ႔ပဲ သူစာျပန္
႐ိုက္လိုက္သည္။
"toilet"
----------------
ဗ်ဴဟာ ေက်ာင္းရဲ႕တတိယအထပ္က ေယာက္က်ားေလး toiletအေ႐ွ႕ကို
ေရာက္ခ်ိန္ အျပင္မွာရပ္ေနတဲ့ သူတို႔
အတန္းထဲက ထြန္းျမတ္ဆိုတဲ့
ေကာင္ကို ေတြ႕လိုက္ရသည္။
ဒီေကာင္toilet အေ႐ွ႕မွာဘာရပ္
လုပ္ေနတာလဲ။
toiletဝင္ေနတဲ့
ေက်ာင္းသားတခ်ိဳ႕ တေယာက္ၿပီး
တေယာက္ ထြက္လာတာကို ထြန္းျမတ္
ဆိုတဲ့ေကာင္က ဖုန္းေျပာေနသလိုနဲ႔
မ်က္လုံးအၾကည့္ေတြက
ေကာင္ေလးခပ္လန္းလန္းေတြကို
ေျခအစ ေခါင္းအဆုံးပင္။
ဒီေကာင္မွာေစာ္လည္း႐ွိတယ္။
ဘာလဲ ဒီေကာင္က။ ေပြတဲ့ႏွစ္ဖက္ခြၽန္
လို႔ သိထားတယ္ ေယာက်ာ္ေလးေတြ
ဆိုရင္ ပိုၿပီးတိတ္တိတ္ပုန္းတဏွာထ
တယ္လို႔ သိထားတာ အမွန္ေတြ
ျဖစ္ေနတာပဲ။
ေယာက်ာ္းထုရဲ႕ သိကၡာကိုခ်ေနတဲ့ ဒီလိုေကာင္မ်ိဳးကို သူအ႐ႊံဆုံးပဲ။
toiletထဲကေန ဘယ္သူမွထပ္ ထြက္မလာေတာ့ဘူး။
ထြန္းျမတ္က ဒီအေျခအေနကို ေစာင့္ေနသလိုနဲ႔toiletအထဲကို ခပ္ျမန္ျမန္ဝင္သြားသည္။
ခဏေလး။
ေနစင္ဟန္ကအခုအထဲမွာလား။
ထြန္းျမတ္ အထဲဝင္သြားတာနဲ႔
ဗ်ဴဟာ ခ်က္ခ်င္းပင္ အေနာက္ကေန
Toiletအထဲ လိုက္ဝင္လိုက္ရေတာ့သည္။
အထဲကိုေရာက္ေတာ့ ေဘစင္မွာ
လက္ေဆးေနတဲ့ ေနစင္ဟန္။ ထြန္းျမတ္ကေနစင္ဟန္ ေဘးကိုေရာက္ေနၿပီ။
" တိုက္ဆိုင္လိုက္တာ ကိုယ့္ညီရယ္"
"ေအာ္ broထြန္းျမတ္"
ကိုယ္တိုင္ေတာင္ စဥ္းစားခ်ိန္မရလိုက္ပဲ
သူ႕ေျခေထာက္ေတြက အလိုလို
ထြန္းျမတ္နဲ႔ေနစင္ဟန္ရဲ႕အလယ္မွာ
သြားရပ္ထားၿပီးသား ျဖစ္သြားသည္။
ေနစင္ဟန္ အေ႐ွ႕မွာ ပိတ္ရပ္လိုက္တဲ့
သူ႕ကို ျမင္လိုက္ရတာနဲ႔ ထြန္းျမတ္ရဲ႕ေသြးေလေျခာက္ျခား သြားသည့္မ်က္ႏွာ။
" ဗ်ဴဟာပိုင္"
"မင္းဘာျဖစ္လို႔ toiletတစ္ခါဝင္တာ ဒီေလာက္ေတာင္ၾကာေနတာလဲ"
"ဟမ္ ငါက"
"ဟယ္လို ဟယ္လို ေျပာပါ သိပ္မၾကား
ရဘူး လိုင္းမမိဘူးထင္တယ္ "
သူနဲ႔ေနစင္ဟန္ စကားေျပာေနတုန္း
ဖုန္းကို နားမွာကပ္ၿပီး အ႐ူး ကြက္နင္းကာ ထြန္းျမတ္ကtoilet ထဲကေန ထြက္သြားသည္။ အလကား ၾကဳံရင္ၾကဳံသလိုတဏွာထေနတဲ့ ခ်ီးဘရိန္းေသာက္႐ူးငေၾကာက္ေကာင္။
"မင္း ဘာေျပာစရာ႐ွိလို႔ ဒီအထိလိုက္လာတာလဲ "
" ဘာေျပာစရာ႐ွိရမွာလဲ ငါ့ဘာသာ
toiletဝင္မလို႔ "
" အဲဒါဆိုရင္ ငါသြားၿပီ"
သူဟာဘယ္တုန္းကမွ ကိုယ္လဲမဆိုင္ရင္ စိတ္မဝင္စားတတ္ေပမယ့္ျမင္ေနရတာကဘဝင္မက်စရာ။
ေနစင္ဟန္က စကားအပိုမေျပာဘဲ
ေဘစင္မွာလက္ေဆးၿပီး သူ႕ေဘးကေန
ထြက္သြားဖို႔လုပ္ေတာ့ ဗ်ဴဟာ ခပ္တည္တည္ႏွင့္ပင္။
" ခုနက ေကာင္နဲ႔မင္းခင္တာလား "
'" ဒီလိုပါပဲ သိ႐ုံေလာက္ပဲ"
" သိ႐ုံပဲဆိုရင္ ေ႐ွ႕ဆက္ အဲ့ေကာင္နဲ႔ အဆက္ဆံမလုပ္နဲ႔။ သူစကားလာ
ေျပာရင္လည္းအဖက္လုပ္ၿပီး ျပန္မေျပာနဲ႔ "
"ဘာလို႔လဲ"
ခပ္ေအးေအး
ျပန္ေမးတဲ့ပုံစံကိုက အျမင္
ကတ္ခ်င္စရာ။
" မင္းကိုငါ အဲ့ေကာင္က ႏွစ္ဖက္ခြၽန္
လို႔ ေျပာျပထားတယ္မလား။ၿပီးေတာ့
အဲ့ေကာင္က"
ျပဳံး႐ုံေလး ျပဳံးလိုက္သည့္ေနစင္ဟန္။
" ေက်းဇူးတင္ေပမဲ့ မင္းရဲ႕ေစတနာက
ငါနဲ႔မတန္ပါဘူး"
နီးကပ္ေနတဲ့ အေနအထားမွာ ျမင္ေန
ရတဲ့မ်က္ႏွာ။
"ႏွစ္ဖက္ခြၽန္ျဖစ္ေတာ့ေရာဘာျဖစ္လဲ။
ငါလည္းအခု အဲ့ဒီသူနဲ႔ဘာမ်ားကြာျခား
ေနလို႔လဲ။ၿပီးေတာ့ ငါကိုယ္တိုင္
ဒီဇာတ္ထဲကိုသြင္းဖို႔လုပ္ေနတဲ့ မင္းရဲ႕ညီ ဆန္းဆက္"
အၾကည့္ခ်င္းဆုံခ်ိန္တိုင္း
ညိဳ႕အားျပင္းတဲ့ မ်က္ဝန္းတစ္စုံ။
ခပ္ေခ်ာေခ်ာမ်က္ႏွာက ဆက္တိုက္ေျပာသြားတဲ့စကားရဲ႕ အဆုံးသတ္မွာ စိတ္မေကာင္းျဖစ္ေနသလို မ်က္ႏွာလႊဲသြားသည္။
"ေဆာရီး...ဗ်ဴဟာပိုင္ ငါ"
မ်က္ႏွာပ်က္လ်က္ ေနစင္ဟန္က
သူ႕ကို ျပန္ၾကည့္လာၿပီး။
"အေပးအယူလုပ္ထားတဲ့ ကိစၥနဲ႔
ပါတ္သက္တာကလြဲ မင္းေျပာစရာ
ခိုင္းစရာမ႐ွိဘူးဆိုရင္ ငါတို႔ေက်ာင္း
မွာမသိတဲ့သူေတြလိုမေတြ႕ပဲေနၾကရင္ေကာင္းမယ္။ မင္းနဲငါက ရင္းႏွီးတဲ့
သူေတြလိုေနစရာအေၾကာင္းလည္း
မ႐ွိဘူးေလ။ငါသြားၿပီ"
သူ႕ေဘးကေနထြက္သြားတဲ့ ေကာင္ေလးရဲ႕ ေက်ာျပင္ကိုၾကည့္ရင္း ဗ်ဴဟာ
တခဏဒီအတိုင္းရပ္ေနမိသည္။
တစ္ခါထဲကိုၿငိမ္က်သြားတာ
မ်က္ႏွာမေကာင္းျဖစ္သြားတာ အရမ္း
သိသာတယ္။ စိတ္ထဲမွာ႐ွိတာကို
မထိန္းတတ္ဘူးပဲ။စိတ္မေကာင္းျဖစ္သြားတယ္ထင္ပါ့။
စိုးရိမ္ၿပီးေတာ့သတိေပးလိုက္တာ
တျခားသူဘက္ကိုသူတစ္ခါမွ
မေတြးေပးေတာ့ ေနစင္ဟန္ဘက္ကို
သူမၾကည့္လိုက္မိဘူး။ဒီလိုေတြလုပ္ေနရတာ ေတာ္ေတာ္ေလး စိတ္က်ဥ္းက်ပ္
ေနတဲ့ပုံပဲ။အင္းေလ ဒီေကာင္ေလးက ေကာင္းေကာင္းမြန္မြန္ေလးထဲက ၿပီးေတာ့ ဘာအေတြ႕မၾကဳံမွေတာင္မ႐ွိတဲ့ အေျဖာင့္ေလးပဲ။
သူကိုယ္တိုင္လည္း စိတ္ညစ္ညဴးသြားၿပီး ေဘစင္ကို မွီၿပီးရပ္ေနရာကေန လွည့္လိုက္ေတာ့ မွန္ခ်ပ္ထဲက ကိုယ့္မ်က္ႏွာကိုယ္ျပန္ျမင္မွသတိျပန္ဝင္သည္။
အထိတ္တလန္႔နဲ႔ ခပ္ျမန္ျမန္ေရဖြင့္ခ်ကာလက္ႏွစ္ဖက္နဲ႔ ခံၿပီး မ်က္ႏွာကိုေရနဲ႔ ျဖန္းလိုက္မိတဲ့အထိ။
သူဘာေတြေတြးေနတာလဲ။ဘယ္တုန္းကတျခားသူဘက္ကိုသူၾကည့္ဖူး ဘယ္သူက သူ႕အေတြးထဲကို ေနရာယူဖူးလို႔လဲ။ အလကား ခိုင္းထားတာမွမဟုတ္တာ။
၊ေနစင္ဟန္ကိုယ္တိုင္သေဘာတူၾကည္
ျဖဴလို႔လုပ္တာပဲ၊။ သူကဘာလို႔ အျပစ္႐ွိသလို ခံစားလိုက္ရတာလဲ ။ဘယ္လိုဟာေလးလဲ။မသိရင္သူကပဲလူဆိုးဆိုတာကိုတဖက္လွည့္နဲ႔ ေျပာသြားသလို။တကယ္ပဲ ႐ွား႐ွားပါးပါးသူ႕ ေစတနာက ဘယ္သူနဲ႔မွမတန္ဘူး။
နဂို စိတ္ရင္းေကာင္းတဲ့ဓါတ္ခံေလးက႐ွိေနေတာ့ ဟိုေကာင္ေလး မ်က္ႏွာငယ္က်သြားတာနဲ႔ သူ႕အေတြးထဲကိုတခဏစိုးမိုးႏိုင္သြားတာပဲ။ဒီရက္ပိုင္းကံနိမ့္ေနတာမ်ားလား။
-------------
ေဆး႐ုံကုတင္ထက္မွာ မ်က္လုံးေတြ
မွိတ္ကာလွဲေလ်ာင္းေနတဲ့ မလတ္ကို အေတာ္ၾကာသူ ေဘးကခုံမွာထိုင္ၾကည့္ေနရင္းၿငိမ္ေနမိသည္။
မေန႔တုန္းက သူတို႔မိသားစုေတြ
ေစာင့္ဆိုင္းကာ နာရီေပါင္းမ်ားစြာ
ၾကာခဲ့သည့္ မလတ္ရဲ႕ ခြဲစိတ္မႈက
ေအာင္ျမင္စြာနဲ႔ ဒီကေန႔မနက္ေတာ့
မလတ္ကိုစိတ္ခ်ရတဲ့ အေျခအေနနဲ႔
ေဆး႐ုံကုတင္ေပၚမွာ ျပန္ေတြ႕ခဲ့ရၿပီ။
ေဆး႐ုံကေတာ့ စိတ္ခ်ရေအာင္ ေစာင့္ၾကည့္ၿပီး ရက္အနည္းငယ္ၾကာမွ ဆင္းလို႔ရမယ္။
အခန္းထဲမွာ သူကမလတ္ေဘးမွာ
ထိုင္ေနၿပီး အေမကေတာ့ အိမ္က
သူ႕အက်င့္အတိုင္း ပစၥည္းေတြ႐ွင္း
စရာ႐ွိတာေတြကို႐ွင္းေနလ်က္ ပကတိတိတ္ဆိတ္ေနသည္။
မလတ္ကိုပဲ သူၾကည့္ေနမိရင္းသာ....။
သူ ဗ်ဴဟာပိုင္လႊဲေပးထားတဲ့ပိုက္ဆံ
ေတြကို မလတ္ရဲ႕ေဆးကုသစရိတ္ကလြဲ
သူ႕ကိုယ္က်ိဳးအတြက္တျပားတခ်ပ္
ေတာင္မသုံးစြဲထားဘူးဆိုတာ က်ိန္ဆို
က်ိန္ရဲပါတယ္။
ကြၽန္ေတာ္႕အျပစ္ေတြကိုကြၽန္ေတာ္
ကိုယ္တိုင္ပဲခံယူမွာမို႔လို႔ မလတ္ကေတာ့
လူေကာင္းပကတိအေနနဲ႔ ေနျပန္ေကာင္း
လာမွရမယ္ေနာ္၊။
တခဏအၾကာ
အသံေလ်ာ့ထားတဲ့
သူ႕ရဲ႕ဖုန္းက ျမည္လာသည္။
ကိုေလးဆက္တာပင္။ေဆးသြင္းထားတဲ့
မလတ္က မွိန္းေနသည္မို႔အေမ့ကို အသံတိတ္ ေျပာျပခဲ့ကာ အခန္းျပင္ထြက္လာခဲ့သည္။
"ကိုေလး ေရာက္ေနၿပီလား"
" အခုခ်က္ခ်င္း ေဆး႐ုံေအာက္ကို
ဆင္းလာခဲ့ ေနစင္ဟန္"
ကိုေလးက အသံမာေနၿပီး ခ်က္ခ်င္းဖုန္းခ်သြားသည္။။ကိုေလး ဘာျဖစ္လို႔လဲ။
------------
" မင္းငါတို႔ကို ဘာျဖစ္လို႔လိမ္ရတာလဲ
ေနစင္ဟန္။ ေဆး႐ုံစရိတ္က အင္ၾကင္း
တို႔ဆီက ရခဲ့တာလို႔ ဘာလို႔လိမ္ေျပာ
ရတာလဲ "
"ကိုေလး"
အသံမာေနတဲ့ ကိုေလးကို သူေၾကာက္
ေနမိသလို ကိုေလးမိန္းမအစ္မ ေအးမာ
ကပုံပုံေလးကိုခ်ီထားၿပီး သူတို႔စကားေျပာေနတဲ့ေဆး႐ုံေအာက္ကအေဝးတစ္ေနရာမွာရပ္ၾကညိ့ေနတယ္။
"ငါနဲ႔မင္းအစ္မ အင္ၾကင္းနဲ႔အင္ၾကင္း
အေမကိုေတြ႕ၿပီးၿပီ။ မင္းသူတို႔ဆီမ
လာဘူး မင္းသူငယ္ခ်င္းဆီကေန
တျပားတခ်ပ္မွမေခ်းထားဘူးတဲ့။ဘာလို႔ လူႀကီးေတြကို လိမ္ရတာလဲ"
" အေဖနဲအေမကို ေျပာျပလိုက္ၿပီလား"
" မေျပာရေသးဘူး"
ကိုေလးက ေဒါသထြက္သည့္ဟန္ႏွင့္
မာန္မဲလ်က္။
" အခုခ်က္ခ်င္း ကိုေလးကိုေျပာျပ
ေနေန ဒီေလာက္ပိုက္ဆံအမ်ားႀကီး
မင္းဘယ္ကေနရခဲ့တာလဲ အခု အမွန္အတိုင္း ေျပာ"
" သူငယ္ခ်င္းတေယာက္ဆီက"
" ဘယ္ကသူငယ္ခ်င္းလဲ"
" အခုတက္ေနတဲ့ ေက်ာင္းက"
" ေက်ာင္းတက္တာျဖင့္ ဘယ္ႏွစ္ရက္
မွမ႐ွိေသးဘူး သိတာမၾကာေသးပဲ
သူကမင္းကို ဘာေတြယုံၾကည္ၿပီး
ဒီေလာက္ပိုက္ဆံအမ်ားႀကီး ေပး
လိုက္တာလဲ။မင္းနဲ႔ဘယ္လိုခင္ၿပီး မင္းဘယ္လိုေခ်းခဲ့တာလဲ ေနေန"
" သူ သူကကြၽန္ေတာ္႕သူငယ္ခ်င္းတစ္ေယာက္ရဲ႕သူငယ္ခ်င္း။ သိတာမၾကာေသးဘူးဆိုေပမဲ့ သူက အရမ္းကိုစိတ္သေဘာထား ျပည့္ဝၿပီးေတာ့ ေအးေဆးတည္
ၿငိမ္ၿပီး ကူညီတတ္တဲ့သူေဌးသား။
အစ္မရဲ႕ က်န္းမာေရးကိစၥမို႔လို႔ တျဖည္းျဖည္းမွ ျပန္ဆပ္လို႔ရတယ္တဲ့"
" အဲဒီသူငယ္ခ်င္းကို ငါနဲ႔ေပးေတြ႕"
"ကိုေလး"
ေနစင္ဟန္ ေၾကာက္႐ႊံ႕ထိတ္လန္႔စြာ
နဲ႔ပင္ ကိုေလးကို
ျပန္ၾကည့္မိသြားသည္။
"သူမအားဘူးကိုေလး သူက
သူေဌးသားဆိုေတာ့သူ႕ကိုသက္သက္
အလုပ္သြား႐ႈပ္သလို ျဖစ္ေနမယ္။ ဒီေလာက္ပိုက္ဆံက သူ႕အတြက္ တစ္ပတ္စာ မုန္႔ဖိုးေလာက္ပဲ႐ွိတယ္ ကြၽန္ေတာ္"
" ငါစကားမ်ားမ်ားမေျပာခ်င္ဘူး
ေနစင္ဟန္ မင္းရဲ႕အဲ့ဒီ ေအးေဆး
တည္ၿငိမ္ၿပီး ကူညီတတ္တဲ့ သူေဌးသားသူငယ္ခ်င္းနဲ႔ငါ့ကိုေပးေတြ႕စမ္းပါ။
မဟုတ္ရင္ အေဖနဲ႔အေမကိုအျဖစ္မွန္
ေျပာျပရလိမ့္မယ္"
ကိုေလးကို သူဘယ္လိုမွ တားလို႔ရ
ေတာ့မည္မဟုတ္။
သူတစ္ခါမွ သူ႕မိသားစုဝင္ေတြ
မေျပာနဲ႔ဘယ္သူ႕ကိုမွမလိမ္ညာခဲ့ဖူးပါ။
ကိုေလးက သူ႕ကိုစိုးရိမ္စိတ္နဲ႔ ေဒါသထြက္ေနသည္မို႔ေနစင္ဟန္ စိတ္ထဲကေန
မ်ားစြာေၾကာက္႐ႊံ႕ေနမိသလို တၿပိဳင္နက္ဝမ္းလည္းနည္းေနရေတာ့သည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎