Unicode
ရင်းနှီးမြုပ်နှံသူ
သူကိုယ်တိုင်ကပဲ နမော်နမဲ့နိုင်လွန်းနေသလား သို့မဟုတ် စိတ်နှင့်လူနှင့်ပဲ မကပ်လေသလားတော့ မပြောတတ်ပါချေ။ တောင်ကုန်းပေါ်မှ ပြန်ဆင်းသောအခါတွင် ချန်းရွှီသည် လမ်းတစ်လျှောက်လုံးနီးပါး ခြေလှမ်းများမှားခဲ့၍ နှင်းထူထူပေါ်တွင် လိမ့်ကျခဲ့ရသည်။
အကျိုးဆက်ကြောင့် နှာခေါင်းမှာ အနည်းငယ်မျှ နာကျင်သွားရ၍ ခြေကျင်းဝတ်လည်း ထိခိုက်မိသွားခဲ့သည်။ အဆုံးသတ်၌ ချန်းရွှီသည် အသက်ပြင်းပြင်းတစ်ချက်မျှ ရှူလိုက်မိ၏။ သူ၏မျက်နှာသည်ကား အေးစက်ထုံထိုင်းနေဆဲ။ ထို့နောက် သူသည် လဲကျရာမှ ဖြည်းဖြည်းချင်း ထလိုက်ကာ မျက်နှာပေါ်မှ နှင်းများကို သုတ်ပစ်လိုက်၏။ ၎င်းနောက်မှ သူ၏ခေါင်းကိုငုံ့ကာ ခန္ဓာကိုယ်ထက်ရှိ နှင်းမှုန်လွှာများကို ပုတ်ချလိုက်ပြီး စနိုးမိုဘိုင်းလ်ကိုမောင်းနှင်၍ အိမ်သို့ပြန်ခဲ့လေတော့သည်။
ချန်းရွှီအိမ်သို့ပြန်ရောက်သောအခါ အချိန်ကအတော်လေး လင့်နေပြီးလေပြီ။ ထို့ကြောင့် အိမ်အတွင်းမှာလည်း ဝါကျင့်ကျင့်အလင်းရောင်အချို့ဖြင့် ဖုံးလွှမ်းလျက်။ ချန်းရွှီသည် စနိုးမိုဘိုင်းလ်ကို တစ်နေရာ၌ရပ်ထားခဲ့၍ အိမ်တံခါးမကို ဆွဲဖွင့်လိုက်ရာ အတွင်းမှ ရယ်ရွှင်မြူးနေသော အသံများကို ကြားလိုက်ရသည်။ ထို့နောက် သူသည် သူ၏အပေါ်ဝတ်အကျႌကို ချွတ်ကာ အိမ်အတွင်းထဲသို့ ဆက်လျှောက်လာခဲ့၏။ သို့နှင့် ဧည့်ခန်းထဲသို့ ဝင်မိသောအခါ သတ်လတ်ပိုင်းလူအချို့နှင့် အသက် ၆၀ ၊ ၇၀ နီးပါးရှိသည့် လူကြီးများက ဖရဲစေ့အကြောင်းကို အတူဝိုင်းဖွဲ့ ဆွေးနွေးနေကြကြောင်း တွေ့လိုက်ရလေတော့သည်။
အဖေဖြစ်သူ ချန်းကျန်းသည်လည်း ၎င်းတို့အထဲမှ တစ်ယောက်အပါအဝင်ပင်။ ချန်းကျန်း၏ပုံစံမှာ ဝိုင်အနည်းငယ်မျှ သောက်ထားခြင်း၏ အကျိုးဆက်ကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းကာ မျက်ဝန်းများမှာလည်း ရွှန်းတောက်လျက်။ ချန်းရွှီသည် အိမ်နီးနားချင်းများကို နှုတ်ဆက်လိုက်၍ ချန်းကျန်းဆီသို့ အကြည့်လွှဲလာခဲ့လေသည်။
"အဖေ..ညစာ စားပြီးပြီလား"
ချန်းကျန်းကဆို၏။
"အေး။ ငါစားပြီးပြီ..မင်းအတွက်လည်း ချန်ထားတယ်။ သွားစားလိုက်ဦး"
ဤသို့ အဖြေပြုပြီးသည်နှင့် ချန်းကျန်းသည် ယခင်ကအတိုင်း အိမ်နီးနားချင်းများနှင့် စကားစမြည် ပြန်လည်ပြောဆိုလေတော့သည်။ ချန်းရွှီသည်လည်း ၎င်းတို့ပြောဆိုနေသည့်အကြောင်းကို တစ်ခဏမျှ ငြိမ်ကာနားထောင်ခဲ့မိသေး၏။ သူ၏ဖခင်ဖြစ်သူသည်ကား စီးပွားရေးနယ်ပယ်ထဲတွင် ကျင်လည်ခဲ့စဉ်က အတိတ်အကြောင်းများကို ပြောဆိုနေခြင်း ဖြစ်ပေသည်။
ချန်းကျန်းသည် အပြောအဆိုကောင်းသူတစ်ယောက် ဖြစ်သဖြင့် အကြောင်းအရာတစ်ခုခုကို သူပြောဆိုဆွေးနွေးပြီဆိုလျှင် လူတိုင်းထံမှ စိတ်ဝင်စားမှုကို ခံရစမြဲပင်။ ထို့ကြောင့် နားဆင်သူပရိသတ်၏လက်ခုပ်ဩဘာများကိုလည်း အချိန်ပြည့် ရတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ ချီးကျူးမှုများနှင့် ထိုက်တန်သည်အထိ သူ၏မျက်ဝန်းများကလည်း ပျော်ရွှင်မှုများနှင့် အပြည့်ဖြစ်နေတတ်လေသည်။
ချန်းရွှီသည် တံခါးကို ငြင်သာစွာပိတ်လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့၏။ အိမ်အတွင်း၌ အပူပေးစနစ် တပ်ဆင်ထားပြီး ဖြစ်သည့်တိုင် ၎င်းက အရမ်းတော့ မနွေးလှပါချေ။ အမြဲတမ်းနီးပါး ၁၀ ဒီဂရီခန့်တွင်သာ ရှိနေတတ်သည်။ သို့သော် နှင်းနှင့်ရေခဲများ ဖုံးလွှမ်းနေတတ်သော အပြင်ပတ်ဝန်းကျင်နှင့် ယှဉ်လျှင်မူ တော်ပါသေးသည်။
အမှန်အတိုင်းဆိုရလျှင် ချန်းကျန်းသည်လည်း ချန်းရွှီနည်းတူ မချက်ပြုတ်တတ်ပါပေ။ ထို့ကြောင့် အိုးအဖုံးကို ဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည့်အရာသည်ကား ကျိန်းသေပေါက် အာလူးအရသာရှိသော ဖြည့်စွက်စာစွပ်ပြုတ်သာ ဖြစ်နေခဲ့လေသည်။ ထို့အပြင် ၎င်းကို နွှေးထားသည်က အချိန်အနည်းငယ် ကြာမြင့်ခဲ့ပြီးပုံ ပေါ်သောကြောင့် စွပ်ပြုတ်၏ပုံစံမှာ ပုံမှန်ထက် ကြည့်ရဆိုးနေခဲ့သေး၏။ ချန်းရွှီအနေဖြင့် မည်မျှပင် ဆာလောင်နေပါစေ ဤကဲ့သို့သော အစားအစာမျိုးကို မြင်လိုက်ရသည့်အခါတွင်မူ စားချင်စိတ်လည်း ပျောက်ဆုံးသွားရတော့သည်။
သို့သော် မစားချင်လည်း စားရပေမည်။ မဟုတ်လျှင် အခြေခံအာဟာရဓာတ် ပြတ်လပ်ကာ ဘာမျှမလုပ်နိုင်ဘဲ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
သို့နှင့် ချန်းရွှီသည် စွပ်ပြုတ်ပန်းကန်ကို သူ့အခန်းအတွင်းသို့ တစ်ပါတည်း ယူလာခဲ့ပြီးနောက် စားပွဲခုံရှေ့တွင် ထိုင်လျက် အင်တာနက်လိုင်းချိတ်ဆက်မည့် အချိန်ကို စောင့်ရင်း စွပ်ပြုတ်သောက်နေလိုက်၏။ ကျွန်ပျူတာကို လျင်လျင်မြန်မြန် ဖွင့်ပြီးဖြစ်သည့်တိုင် ဆက်သွယ်ရေးလိုင်းကမူ ဆန့်ကျင်ဘက်ဖြစ်စွာ နှေးကွေးလို့နေခဲ့သည်။ စွပ်ပြုတ်တစ်ဝက်မျှ လျော့သွားပြီးချိန်မှ အင်တာနက်လိုင်းကို အောင်မြင်စွာ ချိတ်ဆက်လို့ ပြီးသွားလေ၏။ ချန်းရွှီသည် ကီးဘုတ်ပေါ်သို့ သူ၏လက်ချောင်းများကို ကျွမ်းကျင်စွာတင်လိုက်၍ သူ၏အကောင့်များထဲမှာ တစ်ခုကိုဝင်ကာ မိတ်ဆွေတစ်ဦးထံသို့ မက်ဆေ့တစ်စောင်ပို့လိုက်လေသည်။
သူ့အနေဖြင့် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးကာ အများစုမှာလည်း ၎င်းတို့၏သက်ဆိုင်ရာ လုပ်ငန်းအသီးသီးတွင် ထူးချွန်ကြသူများ ဖြစ်ကြလေသည်။ ထိုမိတ်ဆွေများထဲမှ တစ်ယောက်ဖြစ်သူ ဗိသုကာပညာရှင် ထန်ကောသည် ယခုလက်ရှိတွင် ဤနယ်ပယ်၌ အတော်ဆုံးမဟုတ်သေး၍ နာမည်လည်းမကြီးသေးသည့်တိုင် နောက်တစ်ချိန်တွင်မူ ထိုသူသည် ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာလိမ့်မည် ဖြစ်ကြောင်း ချန်းရွှီကောင်းစွာသိလေသည်။ ယခု ထင်သလောက် မအောင်မြင်ရခြင်းမှာ ထန်ကော၏အသက်အရွယ်နှင့် ၎င်းကစကားပြောသော အတွေ့အကြုံတို့ နည်းသေးသောကြောင့်သာ ဖြစ်လေတော့၏။
တစ်ဖက်လူသည်ကား ချန်းရွှီ၏ ရုတ်တရက် ဆက်သွယ်လာမှုကြောင့် ရာနှုန့်ပြည့် အံ့ဩသွားခဲ့ရ၏။ ၎င်းနောက် ချန်းရွှီ အသက်ရှင်နေသေးကြောင်း သေချာအတည်ပြုပြီးနောက်တွင် ထန်ကောသည် အံ့ဩရုံမက ပျော်ရွှင်သွားရလေသည်။ အချင်းချင်း အပြန်အလှန် နှုတ်ဆက်ပြီးနောက်တွင် ချန်းရွှီသည် သူ၏ရည်ရွယ်ချက်ကို ရှင်းပြ၍ လိုရင်းကို တိုက်ရိုက်အမေးဆိုလာခဲ့ပေ၏။
"ငါ အခု မင်းရဲ့ အကူအညီကို လိုအပ်နေတယ် .. မင်း ငါ့ကို ကူညီပေးနိုင်မလား"
ဆယ်စက္ကန့်မျှ ကြာပြီးနောက် တစ်ဖက်မှ အဖြေပြန်ပြု၏။
"ဒါပေါ့"
ထိုအခါမှ ချန်းရွှီသည် စိတ်သက်သာရာရသွားမိ၍ သက်ပြင်းဖွဖွ ချနိုင်လေတော့၏။
ထန်ကောသည်ကား တစ်ပတ်မျှကြာပြီးနောက်တွင် နံပါတ် ၂၉ ကမ္ဘာဆီသို့ ရောက်လာခဲ့လေသည်။ သို့နှင့် ဗိသုကာပညာရှင် လိုအပ်ချက်တစ်ခု ပြီးမြောက်သွားရကာ နောက်ဆုံးကျန်ရှိနေသည်ဟူ၍ ရန်ပုံငွေပြဿနာသာ ရှိလေတော့၏။
မာလျိုကို ကြည့်ရသည်မှာ အနည်းငယ် စိတ်ညစ်နေဖွယ်။
"ကျွန်တော်တို့ အိမ်နီးချင်းကမ္ဘာတွေရဲ့ အစိုးရတွေဆီလည်း အကူအညီ တောင်းကြည့်ပြီးပြီ ဒါပေမဲ့ သူတို့အားလုံးက လက်မခံကြဘူး"
ချန်းရွှီမှာ အနည်းငယ် အံ့အားသင့်သွားရ၏။
"အားလုံးက လက်မခံဘူး?"
မာလျိုက ခေါင်းငြိမ့်ပြကာ နေရခက်ဟန်ဖြင့် ရှင်းပြလာ၏။
"အစ်ကိုချန်းက သိလောက်မှာ မဟုတ်ဘူး ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၈၀ က ကိစ္စကြောင့် ကျွန်တော်တို့ကမ္ဘာရဲ့ ဂုဏ်သတင်းက ဟိုးအဆုံးထိ ရစရာမရှိအောင် ကျသွားခဲ့တာ အဲဒီကတည်းက လူတိုင်းက ကျွန်တော်တို့ကိုဆို အပြစ်သားတွေ အကြမ်းဖက်သမားတွေလို့ မြင်ကြတာလေ"
"မဟုတ်သေးပါဘူး .. လွန်ခဲ့တဲ့နှစ် ၈၀ က ကိစ္စတွေက အခုလူငယ်တွေနဲ့မှ မဆိုင်တာကို"
ချန်းရွှီက ခဏသက်ပြင်းချကာ ထပ်ဆို၏။
"အပြင်လူတွေဆီက အကူအညီတောင်းမရရင် ကိုယ့်လူအချင်းချင်းဆီက ချေးငွေယူရင်ရော..မဟုတ်လည်း ငါတို့တွေ ကုန်ပစ္စည်း ရင်းနှီးမြှုပ်နှံပြီး နည်းလမ်းရှာလို့ရတယ်လေ"
မာလျိုက စိတ်ပျက်စွာ ခေါင်းယမ်းပြလာ၏။
"ကျွန်တော်တို့ကမ္ဘာက လူတွေက ဆင်းရဲကြတယ်လေ အစ်ကိုရဲ့.."
"တခြားဟာ စမ်းကြည့်တာပေါ့ ဒါဆို..ငါ ရင်းနှီးမြုပ်နှံမှု ပရိုမိုးရှင်း လက်ကမ်းစာစောင် လုပ်လိုက်မယ် မင်းက ကူဖြန့်ပေး"
ချန်းရွှီ၏လေးနက်သော အကြည့်ကြောင့် မာလျိုမှာ အသိစိတ် ပြန်ဝင်လာမိသလိုပင်။
"ကောင်းပါပြီ အစ်ကို"
ရင်းနှီးမြှုပ်နှံမှု လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက်တွင် ထန်ကောသည် ပြည်သူများကိုပါ သူတို့၏အစီအစဉ်တွင် ပါဝင်လာနိုင်သည့် အကြံသစ်တစ်ခု ရလာလေ၏။ ၎င်းသည်ကား နံပါတ် ၂၉ ကမ္ဘာရှိ လူနေအိမ်တိုင်းကို အသေးစား အပန်းဖြေစခန်းများအဖြစ် ထပ်ပေါင်း သတ်မှတ်စေလိုခြင်းပင်။ ဤကမ္ဘာရှိ လူနေအိမ်တိုင်းနီးပါးမှာ ဆင်တူ နှစ်ထပ်သစ်သားအိမ်များ ဖြစ်ကြ၍ အိမ်တစ်အိမ်၌ နေထိုင်သူဦးရေမှာလည်း တစ်ယောက် နှစ်ယောက်မျှသာ ရှိကြလေသည်။ ထို့အပြင် အိမ်တိုင်းတွင် အခန်းအရေအတွက် အများအပြားရှိရုံမက ရေပူစမ်းများပါ ရှိကြသောကြောင့် လွန်စွာမှ အဆင်ပြေရလေသည်။ ချန်းရွှီကိုယ်တိုင်သည်လည်း ၎င်းအကြံကို ကြားသောအခါ ဝမ်းသာသွားမိ၍ ရန်ပုံငွေအတွက် ခြေလှမ်းကောင်းတစ်ခုဟု တွေးမိလေတော့၏။
သို့နှင့် ငါးရက်မျှကြာပြီးနောက်တွင် သူတို့၏လက်ကမ်းစာစောင်များသည် အစွမ်းပြလို့ လာခဲ့ပေသည်။ ၎င်းသည်ကား ပထမဆုံးသော ရင်းနှီးမြှုပ်နှံလိုသူတစ်ဦး သူတို့၏ရုံးခန်းဆီသို့ ဆက်သွယ်လာခဲ့ခြင်းပင်။
ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ မာလျိုမှာ ၎င်းသတင်းအား ကြားကြားချင်း လွန်စွာမှ ပျော်ရွှင်သွားမိလေ၏။ သူသည် အလျင်အမြန်ပင် တစ်ဖက်လူကို သူ့အိမ်သို့ ဖိတ်ကြားခဲ့၍ လက်ဖက်ရည်နှင့်မုန့်များဖြင့် ကျွေးမွေးဧည့်ခံလေသည်။ ထိုစဉ် တစ်ဖက်လူ၏ရုပ်ရည်သွင်ပြင်ကို သေချာကြည့်ရှုမိသောအခါ မာလျိုသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိလေတော့၏။
"လူကြီးမင်းကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ကျွန်တော်တို့ အရင်က တွေ့ဖူးကြသလား မသိဘူး"
ဧည့်သည်ဖြစ်သူသည် အသက် ၆၀ ၇၀ မျှ ရှိနိုင်လေ၏။ သူ၏အပေါ်ထပ် ကုတ်အကျႌကို ချွတ်ပြီးနောက်တွင် သေသပ်သော အနောက်တိုင်းဝတ်စုံနှင့် သပ်ရပ်စွာ ဖြီးထားသော ဆံပင်ပုံစံ ပေါင်းစပ်ထားပုံမှာ အလွန်မှ ပနံရပေတော့သည်။
တစ်ဖက်လူသည် သဘောကျစွာ ရယ်မောလိုက်၍ ချိုသာစွာ စကားဆိုလေသည်။
"ဦးလေးက မင်းရဲ့လုပ်ငန်းအတွက် ဒီကိုလာခဲ့တာပါ"
မာလျိုသည် ရုတ်တရက် ကြောင်သွားမိ၍ ထို့နောက် အားနာဟန်ပြုံးပြကာ အမေးဆို၏။
"ဒါဆို ကျွန်တော် ဦးလေးကို ဘယ်လိုခေါ်ရမလဲ"
"လီအန်းလို့ပဲခေါ်ပါ"
၎င်းနာမည်ကို ကြားသောအခါ မာလျိုသည် တစ်ခဏမျှ ဇဝေဇဝါဖြစ်သွားမိ၍ ခဏကြာပြီးနောက်တွင် အလွန်အမင်း အံ့အားသင့်သွားရပေတော့၏။
"ဒါဆို ဦးလေးက ကျွန်တော်တို့ကမ္ဘာက အကြီးဆုံးဟိုတယ်ရဲ့ တာဝန်ရှိသူပေါ့ ကျွန်တော် ဦးလေးကိုသိတယ်"
"အကြီးဆုံးသောဟိုတယ်" သူဟည့် စကာလုံးများကို ကြားသောအခါ ချန်းရွှီသည် အလိုအလျောက် မွန်းကြပ်သွားမိ၏။ ၎င်းနောက် လီအန်းဆိုသူက လက်ရှိတွင် Sunny ဟိုတယ်၏အဓိကတာဝန်ရှိသူဖြစ်ကြောင်း ကြားရသောအခါ ပို၍ပင် စိတ်ရှုပ်ထွေးသွားရပေတော့သည်။ မာလျိုကမူ ကျိန်းသေပေါက် သူ၏စိတ်ခံစားချက်များကို သတိထားမိလိမ့်မည် မဟုတ်ပါပေ။ ထိုအစား မာလျိုသည် လွန်စွာမှ စိတ်လှုပ်ရှားပျော်ရွှင်နေသေးလေသည်။
"ဒါဆို ဦးလေးက ကျွန်တော်တို့ကမ္ဘာရဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အသစ်မှာ ပါဝင်ချင်တယ်ပေါ့..ကြားရတာ ဝမ်းသာလိုက်တာဗျာ"
ထို့နောက် မာလျိုသည် တက်ကြွစွာဖြင့် ရင်းနှီးမြုပ်နှံမှုအကြောင်းကို စာတမ်းအပြည့်ဖြင့် အသေးစိတ် ရှင်းပြရင် ပြင်ဆင်လာပေတော့၏။ ထို့ကြောင့် ချန်းရွှီက ခဏတားလိုက်ကာ တစ်ဖက်လူကို ဤသို့ အမေးဆိုလေသည်။
သူသည် ယဉ်ကျေးသိမ်မွေ့ပုံပေါက်သည့် တစ်ဖက်မှ သတ်လတ်ပိုင်း လူကြီးကို တစ်ချက်မျှ ကြည့်လိုက်ပေ၏။
"ကျွန်တော် တစ်ခုလောက် မေးလို့ရမလား ဒီရင်းနှီးမြှုပ်မှာ ဦးလေး ပါဝင်ချင်တာက ..ဦးလေးကိုယ်ပိုင်အကျိုးအတွက်လား ဒါမှမဟုတ် Sunny ဟိုတယ်လုပ်ငန်းစုရဲ့ ကိုယ်စားအနေနဲ့လား"
လီအန်းက ထုံးစံအတိုင်း တည်ငြိမ်စွာပင် အဖြေပြန်ပြု၏။
"ကျိန်းသေပေါက် Sunny ဟိုတယ်လုပ်ငန်းစုရဲ့ ကိုယ်စားပြုအနေနဲ့ပါ"
သူကထပ်ဆို၏။
"ဦးလေး မင်းတို့ရဲ့ပရောဂျက်ကို အရမ်းစိတ်ဝင်စားတယ် နောက်ပြီး ဒီကမ္ဘာရဲ့အနာဂတ်အတွက်လည်း ဦးလေး ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်ဖို့ ဒီအထိ ရောက်လာခဲ့တာပါ"
ချန်းရွှီမှာ အတော်လေး စိတ်ရှုပ်သွားနေရလေပြီ။ Sunny ကုမ္ပဏီ၏ လုပ်ငန်းခွဲတိုင်းရှိ တာဝန်ရှိသူ မန်နေဂျာတိုင်းတွင် လုပ်ပိုင်ခွင့်အသီးသီး ရှိကြောင်း ချန်းရွှီသိခဲ့ပြီး ဖြစ်၏။ ဟိုတယ်စီမံခန့်ခွဲမှုကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိရုံမက အကျိုးရှိမည်ထင်မည့် ပရောဂျက်များတွင်လည်း ဟိုတယ်ကိုယ်စားလှယ်အနေဖြင့် ပါဝင်ခွင့်ရှိသေးလေသည်။ ထို့နောက် ၎င်းအပြင်လုပ်ငန်းများမှ ရရှိလာသည့် အကျိုးအမြတ်ဖြစ်စေ အရှုံးဖြစ်စေ အဓိကပိုင်ရှင်ဖြစ်သူ ရန်းချီနှင့် တစ်ဝက်စီ ခံစား စံစားရကြရပေ၏။
ဤကဲ့သို့သော ရန်းချီ၏ အလုပ်ခန့်ခွဲနိုင်သည့် အကျိုးကျေးဇူးကြောင့် သူ၏မန်နေဂျာများမှာ ယခင်ကထက်ပိုမို၍ လုပ်ဆောင်နိုင်စွမ်း များပြားလာကြပေသည်။
သို့သော် ယခုတစ်ကြိမ် လီအန်း၏ဆုံးဖြတ်ချက်သည်ကား သူ၏ကိုယ်ပိုင်ဆန္ဒလား ရန်းချီ၏ပယောဂကြောင့်ပဲလား ဆိုသည်ကိုတော့ ချန်းရွှီမသိတော့ပါချေ။
"မဟုတ်မှလွဲရော သူ တကယ်များ ငါ့ကို ရှာတွေ့သွားပြီလား"
၎င်း မေးခွန်းကိုမူ ချန်းရွှီသည် သူ၏စိတ်ထဲတွင်ပင် မျိုသိပ်ထားခဲ့လိုက်လေသည်။
မာလျိုက အားတက်သရော အမေးဆို၏။
"ဦးလေးလီအန်း .. ဘယ်လောက်ပမာဏလောက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားပါသလဲဗျ။ အမှန်အတိုင်းပြောရရင် ဦးလေးက ကျွန်တော်တို့နဲ့ ပထမဆုံး ရှယ်ယာဝေမျှမဲ့သူဆိုတော့ ရင်းနှီးမြှုပ်နှံမှုပမာဏအချိုးကို အတူတူ ဆွေးနွေးထားချင်လို့ပါ။ ဒါပေမဲ့ ကျွန်တော်အာမခံပါတယ် ဦးလေးကို အကျိုးခံစားခွင့်တွေ ပိုပြီးပေးမှာပါ"
လီအန်းက အသာအယာပြုံးပြ၍ ဆို၏။
"ပရောဂျက်ရဲ့ လိုအပ်နေတဲ့နေရာတွေ အားလုံးမှာ ရင်းနှီးမြှုပ်နှံဖို့ တွေးထားပါတယ်။ ဒီလိုဆိုရင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ မဟုတ်လား"
မာလျိုသည် ၎င်းစကားလုံးများအား ကြားကြားချင်း ဆွံ့အသွားခဲ့မိ၍ ပုံမှန်တုံ့ပြန်မှု ပြန်ရနိုင်ရန်အတွက် အချိန်အနည်းငယ်မျှပင် ကြာသွားခဲ့ရလေသည်။
"တကယ်..တကယ်ပြောတာလားဗျ"
"ဒါပေါ့ တကယ်ပြောတာပါ"
တစ်ဖက်လူ၏ အဖြေစကားကို ကြားရသောအခါ ချန်းရွှီသည် ရန်းချီအနေဖြင့် ၎င်းကိစ္စအား သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူကတော့ မည်သို့မျှ ငြင်းဆိုနိုင်တော့မည် မဟုတ်ကြောင်း တွေးမိလိုက်လေတော့၏။
ထိုအချိန်တွင် မာလျိုက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် အမေးဆိုလာခဲ့သည်။
"ဒါပေမဲ့ ဦးလေးလီအန်း ကျွန်တော် တစ်ခုအရင်ပြောပြပါရစေ..ကျွန်တော်တို့ လိုအပ်နေတဲ့ ရန်ပုံငွေပမာဏက အရမ်းများပါတယ် အဲဒါ.."
"စိတ်မပူပါနဲ့ Sunny ကုမ္ပဏီက ဖြေရှင်းပေးနိုင်ပါတယ်"
တစ်ဖက်လူက ဤကဲ့သို့ တည်ငြိမ်စွာ ပြန်ဖြေလာသည်ကို မြင်သောအခါ ချန်းရွှီအနေဖြင့် မအံ့ဩမိပါချေ။ ၎င်းက အမှန်တရားတစ်ခု ဖြစ်သည်ပင်။ ယှဉ်ကြည့်လျှင် ချန်းမိသားစုနှင့် မတူဘဲ ရန်းချီက စီးပွားရေးသော့ချက်တစ်ခုလုံးကို သူ့လက်ခုပ်ထဲတွင် ချုပ်ကိုင်ထားနိုင်ခဲ့လေသည်။ ယုတ်စွအဆုံး ထိုသူ၏ ကြွယ်ဝချမ်းသာမှုနှင့်ဆိုလျှင် ဤကမ္ဘာငယ်လေးကိုပင် ဝယ်ယူလို့ရနိုင်ပေလိမ့်မည် ဖြစ်ရကား ယခုရင်းနှီးမြှုပ်နှံမှု ပမာဏ ဟူသည်ကား Sunny ကုမ္ပဏီအတွက် ဘာမျှကြီးကျယ်မနေခဲ့ပါပေ။
"ကြားရတာ ဝမ်းသာလိုက်တာဗျာ"
မာလျိုသည် အလွန်အမင်းပင် ပျော်ရွှင်သွား၍ ချန်းရွှီဘက်သို့ လှည့်ကာ ဝမ်းမြောက်ဝမ်းသာ ဆိုလေ၏။
"အစ်ကိုချန်း ကျွန်တော်တို့ လုပ်ငန်းစလို့ရပြီ"
ချန်းရွှီသည် အသက်ပြင်းပြင်းတစ်ချက်မျှ ရှုလိုက်၍ သူ၏စိုးရိမ်စိတ်များကို မာလျိုသတိမထားမိစေရန် ဖုံးကွယ်ကာ ပုံမှန်အတိုင်း ဆိုလိုက်လေသည်။
"အင်း ကောင်းတာပေါ့"
ရင်းနှီးမြှုပ်နှံမှုစာချုပ်အား လက်မှတ်ထိုးခြင်းအမှုမှာ ချောမွေ့စွာပင် ပြီးဆုံးသွားခဲ့ရလေပြီ။ ထို့နောက် ဒုတိယမြောက်နေ့တွင် Sunny ကုမ္ပဏီသည် ဆွေးနွေးထားသည့်အတိုင်း ရန်ပုံငွေပမာဏကို လွှဲအပ်လာခဲ့ပေ၏။ ထို့သို့သာမက ပရောဂျက်အတွက် လိုအပ်နေသော အချို့ပစ္စည်းအရင်းအမြစ်များကိုလည်း ကုမ္ပဏီဘက်မှ မူရင်းဈေး၏ သုံးပုံတစ်ပုံဖြင့် လျှော့ရောင်းပေးခဲ့သေးသည်။ သို့သည့်တိုင် ပစ္စည်းအရည်အသွေးမှာ ထင်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေသေးတော့၏။
"ကျွန်တော်တို့ တကယ် အရမ်းကံကောင်းတာပဲ"
မာလျိုသည်ကား စာချုပ်ချုပ်သည့် နေ့ကတည်းကစ၍ ပျော်ရွှင်နေခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ တစ်ဖက်ရင်းနှီးမြှုပ်နှံသူထံမှ လိုအပ်သောပစ္စည်းများနှင့် သတ္တုအရင်းအမြစ်များ အဆတ်မပြတ် ပို့ပေးလာခြင်းကို ခံရသောအခါ ပို၍ပင် ကျေနပ်နေလေတော့သည်။
"ဒီတစ်ခါတော့ တကယ်ကို ကျွန်တော်တို့ကမ္ဘာလေး အကြီးကြီး ပြောင်းလဲနိုင်တော့မှာ"
ချန်းရွှီကမူ ယခုထိ စိတ်ရှုပ်နေဆဲပါပင်။ မစ္စတာလျန်ကို တွေ့ပြီးသည့်နေမှစ၍ သူသည် ရန်းချီပေါ်လာမည့်အချိန်ကိုသာ ရင်တမမ စောင့်နေရသကဲ့သို့ ဖြစ်ခဲ့လေသည်။ မည်မျှပင်မတွေ့ချင်ကြောင်း ဆိုခဲ့စေကာမူ မရှက်တမ်းဆိုရလျှင် သူကိုယ်တိုင်သည် သူ့ကြောင့် ရန်းချီ မည်ကဲ့သို့ဖြစ်ပျက်နေမည်ကို မြင်ချင်မိလေသည်။ သို့သော် တစ်လကြာပြီးသည်အထိ ရန်းချီပေါ်မလာသောအခါ ချန်းရွှီမှာ အနည်းငယ် စိတ်အားငယ်သွားရပေတော့၏။
သူ့အနေဖြင့် ထုံးစံအတိုင်း တော်ပါသေးသည်ဟု တွေးမိကာ သက်ပြင်းချရမည့်အစား အလိုမကျစွာပင် ညည်းညူမိလေသေးသည်။ ရန်းချီက ယခုကိစ္စကို သိလိမ့်မည်ဟု သူထင်နေမိ၏။ မဟုတ်လျှင် အဘယ်ကြောင့်များ ကိစ္စအားလုံးက ဤမျှအထိ တိုက်ဆိုင်နေနိုင်လိမ့်မည်နည်း။ ထိုသို့ဆိုလျှင် ရန်းချီက ယခုကိစ္စကို သိလျက်နှင့် သူ့ကို တမင် လာမရှာခြင်းပေလား။
၎င်းဖြစ်နိုင်ခြေအတွက် တစ်ခုတည်းသော အကြောင်းပြချက်သည်ကား ...တစ်ဖက်လူအနေဖြင့် သူ့အပေါ် လက်လွှတ်လိုက်ခြင်းမျိုးသာ ဖြစ်နိုင်တော့သည်ပင်။
၎င်းကဲ့သို့ တွေးမိသောအခါ ချန်းရွှီသည် အလွန်အမင်း စိတ်ထိခိုက်သွားကြောင်း မိမိကိုယ်ကို ခံစားမိလိုက်ရပေတော့၏။
"အစ်ကိုချန်း ဘာဖြစ်တာလဲ ..အစ်ကို့ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ။ ကျွန်တော်တို့ရဲ့ ပရောဂျက်နဲ့ ပတ်သက်ပြီး တစ်ခုခုတွေးမိလို့များလား"
အနီးမှ မာလျိုက စိတ်ပူစွာ အမေးဆိုလေ၏။
ချန်းရွှီက ခေါင်းယမ်းပြသည်။
"ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ငါ အော်ဒါတွေအကုန်လုံးကို သေချာ စစ်ကြည့်ပြီးသွားပြီ အားလုံးအဆင်ပြေတယ်။ ခုနက ငါ ဒီတိုင်း ပင်းချန်ကိစ္စလည်း စသင့်ပြီလို့ တွေးမိလို့"
မာလျိုက ခေါင်းငြိမ့်လျက် ထောက်ခံ၏။
"အစ်ကို ပြောတာ ဟုတ်တယ်။ မနက်ဖြန်ကျရင် ကျွန်တော် အဲဒီဒေသခံမျိုးနွယ်ဆီ သွားတွေ့လိုက်မယ်"
"ကောင်းပြီ ဒါပေမဲ့ ငါကြားတာ အဲဒီကလူတွေက အရမ်းရှေးရိုးဆန်ကြပြီး ရပ်ခြားကလူတွေနဲ့ ဆက်ဆံရတာ သဘောမကျကြဘူးတဲ့။ ဒါကြောင့် မင်း ဂရုစိုက်ဦး။ ဆွေးနွေးလို့မရရင် ဒီကို မြန်မြန်ပြန်လာ အရမ်းတွန်းအားမပေးနဲ့ ဟုတ်ပြီလား"
မာလျိုက တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ပြလာ၏။
"ကျွန်တော် နားလည်ပါပြီ"
TN : မပြောမဆိုနဲ့ပျောက်သွားတာ အရမ်းကြာခဲ့တယ်နော် အားနာပါတယ် >< ဒါနဲ့ စကားမစပ် ကိုယ်က အဆုံးထိ ဆက်တိုက်မလုပ်ပေးနိုင်ခဲ့ဘဲ ကြားထဲအကြာကြီးလေခဲ့မိတာဆိုတော့ အခု extra အပိုင်းသီးသန့်ချည်းပဲ ထပ်ပြန်ထားတာတွေ ရှိရင်လည်း ကိုယ့်ကိုပေးသိကြဦးနော် ရှိပြီးသားဆိုရင် တခြားတစ်ခုကို ဦးစားပေးပြန်ချင်လို့ ◔◡◔
Zawgyi
ရင္းႏွီးျမဳပ္ႏွံသူ
သူကိုယ္တိုင္ကပဲ နေမာ္နမဲ့ႏိုင္လြန္းေနသလား သို႔မဟုတ္ စိတ္ႏွင့္လူႏွင့္ပဲ မကပ္ေလသလားေတာ့ မေျပာတတ္ပါေခ်။ ေတာင္ကုန္းေပၚမွ ျပန္ဆင္းေသာအခါတြင္ ခ်န္းရႊီသည္ လမ္းတစ္ေလွ်ာက္လံုးနီးပါး ေျခလွမ္းမ်ားမွားခဲ့၍ ႏွင္းထူထူေပၚတြင္ လိမ့္က်ခဲ့ရသည္။
အက်ိဳးဆက္ေၾကာင့္ ႏွာေခါင္းမွာ အနည္းငယ္မွ် နာက်င္သြားရ၍ ေျခက်င္းဝတ္လည္း ထိခိုက္မိသြားခဲ့သည္။ အဆံုးသတ္၌ ခ်န္းရႊီသည္ အသက္ျပင္းျပင္းတစ္ခ်က္မွ် ႐ွဴလိုက္မိ၏။ သူ၏မ်က္ႏွာသည္ကား ေအးစက္ထံုထိုင္းေနဆဲ။ ထို႔ေနာက္ သူသည္ လဲက်ရာမွ ျဖည္းျဖည္းခ်င္း ထလိုက္ကာ မ်က္ႏွာေပၚမွ ႏွင္းမ်ားကို သုတ္ပစ္လိုက္၏။ ၎ေနာက္မွ သူ၏ေခါင္းကိုငံု႔ကာ ခႏၶာကိုယ္ထက္႐ွိ ႏွင္းမႈန္လႊာမ်ားကို ပုတ္ခ်လိုက္ၿပီး စႏိုးမိုဘိုင္းလ္ကိုေမာင္းႏွင္၍ အိမ္သို႔ျပန္ခဲ့ေလေတာ့သည္။
ခ်န္းရႊီအိမ္သို႔ျပန္ေရာက္ေသာအခါ အခ်ိန္ကအေတာ္ေလး လင့္ေနၿပီးေလၿပီ။ ထို႔ေၾကာင့္ အိမ္အတြင္းမွာလည္း ဝါက်င့္က်င့္အလင္းေရာင္အခ်ိဳ႕ျဖင့္ ဖံုးလႊမ္းလ်က္။ ခ်န္းရႊီသည္ စႏိုးမိုဘိုင္းလ္ကို တစ္ေနရာ၌ရပ္ထားခဲ့၍ အိမ္တံခါးမကို ဆြဲဖြင့္လိုက္ရာ အတြင္းမွ ရယ္ရႊင္ျမဴးေနေသာ အသံမ်ားကို ၾကားလိုက္ရသည္။ ထို႔ေနာက္ သူသည္ သူ၏အေပၚဝတ္အက်ႌကို ခြၽတ္ကာ အိမ္အတြင္းထဲသို႔ ဆက္ေလွ်ာက္လာခဲ့၏။ သို႔ႏွင့္ ဧည့္ခန္းထဲသို႔ ဝင္မိေသာအခါ သတ္လတ္ပိုင္းလူအခ်ိဳ႕ႏွင့္ အသက္ ၆၀ ၊ ၇၀ နီးပါး႐ွိသည့္ လူႀကီးမ်ားက ဖရဲေစ့အေၾကာင္းကို အတူဝိုင္းဖြဲ႔ ေဆြးေႏြးေနၾကေၾကာင္း ေတြ႔လိုက္ရေလေတာ့သည္။
အေဖျဖစ္သူ ခ်န္းက်န္းသည္လည္း ၎တို႔အထဲမွ တစ္ေယာက္အပါအဝင္ပင္။ ခ်န္းက်န္း၏ပံုစံမွာ ဝိုင္အနည္းငယ္မွ် ေသာက္ထားျခင္း၏ အက်ိဳးဆက္ေၾကာင့္ မ်က္ႏွာတစ္ျပင္လံုး နီျမန္းကာ မ်က္ဝန္းမ်ားမွာလည္း ရႊန္းေတာက္လ်က္။ ခ်န္းရႊီသည္ အိမ္နီးနားခ်င္းမ်ားကို ႏႈတ္ဆက္လိုက္၍ ခ်န္းက်န္းဆီသို႔ အၾကည့္လႊဲလာခဲ့ေလသည္။
"အေဖ..ညစာ စားၿပီးၿပီလား"
ခ်န္းက်န္းကဆို၏။
"ေအး။ ငါစားၿပီးၿပီ..မင္းအတြက္လည္း ခ်န္ထားတယ္။ သြားစားလိုက္ဦး"
ဤသို႔ အေျဖျပဳၿပီးသည္ႏွင့္ ခ်န္းက်န္းသည္ ယခင္ကအတိုင္း အိမ္နီးနားခ်င္းမ်ားႏွင့္ စကားစျမည္ ျပန္လည္ေျပာဆိုေလေတာ့သည္။ ခ်န္းရႊီသည္လည္း ၎တို႔ေျပာဆိုေနသည့္အေၾကာင္းကို တစ္ခဏမွ် ၿငိမ္ကာနားေထာင္ခဲ့မိေသး၏။ သူ၏ဖခင္ျဖစ္သူသည္ကား စီးပြားေရးနယ္ပယ္ထဲတြင္ က်င္လည္ခဲ့စဥ္က အတိတ္အေၾကာင္းမ်ားကို ေျပာဆိုေနျခင္း ျဖစ္ေပသည္။
ခ်န္းက်န္းသည္ အေျပာအဆိုေကာင္းသူတစ္ေယာက္ ျဖစ္သျဖင့္ အေၾကာင္းအရာတစ္ခုခုကို သူေျပာဆိုေဆြးေႏြးၿပီဆိုလွ်င္ လူတိုင္းထံမွ စိတ္ဝင္စားမႈကို ခံရစျမဲပင္။ ထို႔ေၾကာင့္ နားဆင္သူပရိသတ္၏လက္ခုပ္ဩဘာမ်ားကိုလည္း အခ်ိန္ျပည့္ ရတတ္သည္။ မည္သို႔ပင္ဆိုေစကာမူ ထိုကဲ့သို႔ ခ်ီးက်ဴးမႈမ်ားႏွင့္ ထိုက္တန္သည္အထိ သူ၏မ်က္ဝန္းမ်ားကလည္း ေပ်ာ္ရႊင္မႈမ်ားႏွင့္ အျပည့္ျဖစ္ေနတတ္ေလသည္။
ခ်န္းရႊီသည္ တံခါးကို ျငင္သာစြာပိတ္လိုက္ကာ မီးဖိုေခ်ာင္ထဲသို႔ ဝင္လာခဲ့၏။ အိမ္အတြင္း၌ အပူေပးစနစ္ တပ္ဆင္ထားၿပီး ျဖစ္သည့္တိုင္ ၎က အရမ္းေတာ့ မေႏြးလွပါေခ်။ အျမဲတမ္းနီးပါး ၁၀ ဒီဂရီခန္႔တြင္သာ ႐ွိေနတတ္သည္။ သို႔ေသာ္ ႏွင္းႏွင့္ေရခဲမ်ား ဖံုးလႊမ္းေနတတ္ေသာ အျပင္ပတ္ဝန္းက်င္ႏွင့္ ယွဥ္လွ်င္မူ ေတာ္ပါေသးသည္။
အမွန္အတိုင္းဆိုရလွ်င္ ခ်န္းက်န္းသည္လည္း ခ်န္းရႊီနည္းတူ မခ်က္ျပဳတ္တတ္ပါေပ။ ထို႔ေၾကာင့္ အိုးအဖံုးကို ဖြင့္ဖြင့္ခ်င္း ေတြ႔လိုက္ရသည့္အရာသည္ကား က်ိန္းေသေပါက္ အာလူးအရသာ႐ွိေသာ ျဖည့္စြက္စာစြပ္ျပဳတ္သာ ျဖစ္ေနခဲ့ေလသည္။ ထို႔အျပင္ ၎ကို ေႏႊးထားသည္က အခ်ိန္အနည္းငယ္ ၾကာျမင့္ခဲ့ၿပီးပံု ေပၚေသာေၾကာင့္ စြပ္ျပဳတ္၏ပံုစံမွာ ပံုမွန္ထက္ ၾကည့္ရဆိုးေနခဲ့ေသး၏။ ခ်န္းရႊီအေနျဖင့္ မည္မွ်ပင္ ဆာေလာင္ေနပါေစ ဤကဲ့သို႔ေသာ အစားအစာမ်ိဳးကို ျမင္လိုက္ရသည့္အခါတြင္မူ စားခ်င္စိတ္လည္း ေပ်ာက္ဆံုးသြားရေတာ့သည္။
သို႔ေသာ္ မစားခ်င္လည္း စားရေပမည္။ မဟုတ္လွ်င္ အေျခခံအာဟာရဓာတ္ ျပတ္လပ္ကာ ဘာမွ်မလုပ္ႏိုင္ဘဲ ျဖစ္သြားလိမ့္မည္ မဟုတ္ပါလား။
သို႔ႏွင့္ ခ်န္းရႊီသည္ စြပ္ျပဳတ္ပန္းကန္ကို သူ႔အခန္းအတြင္းသို႔ တစ္ပါတည္း ယူလာခဲ့ၿပီးေနာက္ စားပြဲခံုေ႐ွ႕တြင္ ထိုင္လ်က္ အင္တာနက္လိုင္းခ်ိတ္ဆက္မည့္ အခ်ိန္ကို ေစာင့္ရင္း စြပ္ျပဳတ္ေသာက္ေနလိုက္၏။ ကြၽန္ပ်ဴတာကို လ်င္လ်င္ျမန္ျမန္ ဖြင့္ၿပီးျဖစ္သည့္တိုင္ ဆက္သြယ္ေရးလိုင္းကမူ ဆန္႔က်င္ဘက္ျဖစ္စြာ ေႏွးေကြးလို႔ေနခဲ့သည္။ စြပ္ျပဳတ္တစ္ဝက္မွ် ေလ်ာ့သြားၿပီးခ်ိန္မွ အင္တာနက္လိုင္းကို ေအာင္ျမင္စြာ ခ်ိတ္ဆက္လို႔ ၿပီးသြားေလ၏။ ခ်န္းရႊီသည္ ကီးဘုတ္ေပၚသို႔ သူ၏လက္ေခ်ာင္းမ်ားကို ကြၽမ္းက်င္စြာတင္လိုက္၍ သူ၏အေကာင့္မ်ားထဲမွာ တစ္ခုကိုဝင္ကာ မိတ္ေဆြတစ္ဦးထံသို႔ မက္ေဆ့တစ္ေစာင္ပို႔လိုက္ေလသည္။
သူ႔အေနျဖင့္ လူေပါင္းမ်ားစြာႏွင့္ ေတြ႔ဆံုခဲ့ဖူးကာ အမ်ားစုမွာလည္း ၎တို႔၏သက္ဆိုင္ရာ လုပ္ငန္းအသီးသီးတြင္ ထူးခြၽန္ၾကသူမ်ား ျဖစ္ၾကေလသည္။ ထိုမိတ္ေဆြမ်ားထဲမွ တစ္ေယာက္ျဖစ္သူ ဗိသုကာပညာ႐ွင္ ထန္ေကာသည္ ယခုလက္႐ွိတြင္ ဤနယ္ပယ္၌ အေတာ္ဆံုးမဟုတ္ေသး၍ နာမည္လည္းမႀကီးေသးသည့္တိုင္ ေနာက္တစ္ခ်ိန္တြင္မူ ထိုသူသည္ ကမာၻတစ္ဝွမ္း ေက်ာ္ၾကားလာလိမ့္မည္ ျဖစ္ေၾကာင္း ခ်န္းရႊီေကာင္းစြာသိေလသည္။ ယခု ထင္သေလာက္ မေအာင္ျမင္ရျခင္းမွာ ထန္ေကာ၏အသက္အရြယ္ႏွင့္ ၎ကစကားေျပာေသာ အေတြ႔အၾကံဳတို႔ နည္းေသးေသာေၾကာင့္သာ ျဖစ္ေလေတာ့၏။
တစ္ဖက္လူသည္ကား ခ်န္းရႊီ၏ ႐ုတ္တရက္ ဆက္သြယ္လာမႈေၾကာင့္ ရာႏႈန္႔ျပည့္ အံ့ဩသြားခဲ့ရ၏။ ၎ေနာက္ ခ်န္းရႊီ အသက္႐ွင္ေနေသးေၾကာင္း ေသခ်ာအတည္ျပဳၿပီးေနာက္တြင္ ထန္ေကာသည္ အံ့ဩရံုမက ေပ်ာ္ရႊင္သြားရေလသည္။ အခ်င္းခ်င္း အျပန္အလွန္ ႏႈတ္ဆက္ၿပီးေနာက္တြင္ ခ်န္းရႊီသည္ သူ၏ရည္ရြယ္ခ်က္ကို ႐ွင္းျပ၍ လိုရင္းကို တိုက္႐ိုက္အေမးဆိုလာခဲ့ေပ၏။
"ငါ အခု မင္းရဲ႕ အကူအညီကို လိုအပ္ေနတယ္ .. မင္း ငါ့ကို ကူညီေပးႏိုင္မလား"
ဆယ္စကၠန္႔မွ် ၾကာၿပီးေနာက္ တစ္ဖက္မွ အေျဖျပန္ျပဳ၏။
"ဒါေပါ့"
ထိုအခါမွ ခ်န္းရႊီသည္ စိတ္သက္သာရာရသြားမိ၍ သက္ျပင္းဖြဖြ ခ်ႏိုင္ေလေတာ့၏။
ထန္ေကာသည္ကား တစ္ပတ္မွ်ၾကာၿပီးေနာက္တြင္ နံပါတ္ ၂၉ ကမာၻဆီသို႔ ေရာက္လာခဲ့ေလသည္။ သို႔ႏွင့္ ဗိသုကာပညာ႐ွင္ လိုအပ္ခ်က္တစ္ခု ၿပီးေျမာက္သြားရကာ ေနာက္ဆံုးက်န္႐ွိေနသည္ဟူ၍ ရန္ပံုေငြျပႆနာသာ ႐ွိေလေတာ့၏။
မာလ်ိဳကို ၾကည့္ရသည္မွာ အနည္းငယ္ စိတ္ညစ္ေနဖြယ္။
"ကြၽန္ေတာ္တို႔ အိမ္နီးခ်င္းကမာၻေတြရဲ႕ အစိုးရေတြဆီလည္း အကူအညီ ေတာင္းၾကည့္ၿပီးၿပီ ဒါေပမဲ့ သူတို႔အားလံုးက လက္မခံၾကဘူး"
ခ်န္းရႊီမွာ အနည္းငယ္ အံ့အားသင့္သြားရ၏။
"အားလံုးက လက္မခံဘူး?"
မာလ်ိဳက ေခါင္းၿငိမ့္ျပကာ ေနရခက္ဟန္ျဖင့္ ႐ွင္းျပလာ၏။
"အစ္ကိုခ်န္းက သိေလာက္မွာ မဟုတ္ဘူး ထင္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ၈၀ က ကိစၥေၾကာင့္ ကြၽန္ေတာ္တို႔ကမာၻရဲ႕ ဂုဏ္သတင္းက ဟိုးအဆံုးထိ ရစရာမ႐ွိေအာင္ က်သြားခဲ့တာ အဲဒီကတည္းက လူတိုင္းက ကြၽန္ေတာ္တို႔ကိုဆို အျပစ္သားေတြ အၾကမ္းဖက္သမားေတြလို႔ ျမင္ၾကတာေလ"
"မဟုတ္ေသးပါဘူး .. လြန္ခဲ့တဲ့ႏွစ္ ၈၀ က ကိစၥေတြက အခုလူငယ္ေတြနဲ႔မွ မဆိုင္တာကို"
ခ်န္းရႊီက ခဏသက္ျပင္းခ်ကာ ထပ္ဆို၏။
"အျပင္လူေတြဆီက အကူအညီေတာင္းမရရင္ ကိုယ့္လူအခ်င္းခ်င္းဆီက ေခ်းေငြယူရင္ေရာ..မဟုတ္လည္း ငါတို႔ေတြ ကုန္ပစၥည္း ရင္းႏွီးျမႇဳပ္ႏွံၿပီး နည္းလမ္း႐ွာလို႔ရတယ္ေလ"
မာလ်ိဳက စိတ္ပ်က္စြာ ေခါင္းယမ္းျပလာ၏။
"ကြၽန္ေတာ္တို႔ကမာၻက လူေတြက ဆင္းရဲၾကတယ္ေလ အစ္ကိုရဲ႕.."
"တျခားဟာ စမ္းၾကည့္တာေပါ့ ဒါဆို..ငါ ရင္းႏွီးျမဳပ္ႏွံမႈ ပ႐ိုမိုး႐ွင္း လက္ကမ္းစာေစာင္ လုပ္လိုက္မယ္ မင္းက ကူျဖန္႔ေပး"
ခ်န္းရႊီ၏ေလးနက္ေသာ အၾကည့္ေၾကာင့္ မာလ်ိဳမွာ အသိစိတ္ ျပန္ဝင္လာမိသလိုပင္။
"ေကာင္းပါၿပီ အစ္ကို"
ရင္းႏွီးျမႇဳပ္ႏွံမႈ လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝၿပီးေနာက္တြင္ ထန္ေကာသည္ ျပည္သူမ်ားကိုပါ သူတို႔၏အစီအစဥ္တြင္ ပါဝင္လာႏိုင္သည့္ အၾကံသစ္တစ္ခု ရလာေလ၏။ ၎သည္ကား နံပါတ္ ၂၉ ကမာၻ႐ွိ လူေနအိမ္တိုင္းကို အေသးစား အပန္းေျဖစခန္းမ်ားအျဖစ္ ထပ္ေပါင္း သတ္မွတ္ေစလိုျခင္းပင္။ ဤကမာၻ႐ွိ လူေနအိမ္တိုင္းနီးပါးမွာ ဆင္တူ ႏွစ္ထပ္သစ္သားအိမ္မ်ား ျဖစ္ၾက၍ အိမ္တစ္အိမ္၌ ေနထိုင္သူဦးေရမွာလည္း တစ္ေယာက္ ႏွစ္ေယာက္မွ်သာ ႐ွိၾကေလသည္။ ထို႔အျပင္ အိမ္တိုင္းတြင္ အခန္းအေရအတြက္ အမ်ားအျပား႐ွိရံုမက ေရပူစမ္းမ်ားပါ ႐ွိၾကေသာေၾကာင့္ လြန္စြာမွ အဆင္ေျပရေလသည္။ ခ်န္းရႊီကိုယ္တိုင္သည္လည္း ၎အၾကံကို ၾကားေသာအခါ ဝမ္းသာသြားမိ၍ ရန္ပံုေငြအတြက္ ေျခလွမ္းေကာင္းတစ္ခုဟု ေတြးမိေလေတာ့၏။
သို႔ႏွင့္ ငါးရက္မွ်ၾကာၿပီးေနာက္တြင္ သူတို႔၏လက္ကမ္းစာေစာင္မ်ားသည္ အစြြမ္းျပလို႔ လာခဲ့ေပသည္။ ၎သည္ကား ပထမဆံုးေသာ ရင္းႏွီးျမႇဳပ္ႏွံလိုသူတစ္ဦး သူတို႔၏ရံုးခန္းဆီသို႔ ဆက္သြယ္လာခဲ့ျခင္းပင္။
ဒုတိယအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ မာလ်ိဳမွာ ၎သတင္းအား ၾကားၾကားခ်င္း လြန္စြာမွ ေပ်ာ္ရႊင္သြားမိေလ၏။ သူသည္ အလ်င္အျမန္ပင္ တစ္ဖက္လူကို သူ႔အိမ္သို႔ ဖိတ္ၾကားခဲ့၍ လက္ဖက္ရည္ႏွင့္မုန္႔မ်ားျဖင့္ ေကြၽးေမြးဧည့္ခံေလသည္။ ထိုစဥ္ တစ္ဖက္လူ၏႐ုပ္ရည္သြင္ျပင္ကို ေသခ်ာၾကည့္႐ႈမိေသာအခါ မာလ်ိဳသည္ အနည္းငယ္ ဇေဝဇဝါ ျဖစ္သြားမိေလေတာ့၏။
"လူႀကီးမင္းကို ၾကည့္ရတာ ရင္းႏွီးေနသလိုပဲ ကြၽန္ေတာ္တို႔ အရင္က ေတြ႔ဖူးၾကသလား မသိဘူး"
ဧည့္သည္ျဖစ္သူသည္ အသက္ ၆၀ ၇၀ မွ် ႐ွိႏိုင္ေလ၏။ သူ၏အေပၚထပ္ ကုတ္အက်ႌကို ခြၽတ္ၿပီးေနာက္တြင္ ေသသပ္ေသာ အေနာက္တိုင္းဝတ္စံုႏွင့္ သပ္ရပ္စြာ ၿဖီးထားေသာ ဆံပင္ပံုစံ ေပါင္းစပ္ထားပံုမွာ အလြန္မွ ပနံရေပေတာ့သည္။
တစ္ဖက္လူသည္ သေဘာက်စြာ ရယ္ေမာလိုက္၍ ခ်ိဳသာစြာ စကားဆိုေလသည္။
"ဦးေလးက မင္းရဲ႕လုပ္ငန္းအတြက္ ဒီကိုလာခဲ့တာပါ"
မာလ်ိဳသည္ ႐ုတ္တရက္ ေၾကာင္သြားမိ၍ ထို႔ေနာက္ အားနာဟန္ျပံဳးျပကာ အေမးဆို၏။
"ဒါဆို ကြၽန္ေတာ္ ဦးေလးကို ဘယ္လိုေခၚရမလဲ"
"လီအန္းလို႔ပဲေခၚပါ"
၎နာမည္ကို ၾကားေသာအခါ မာလ်ိဳသည္ တစ္ခဏမွ် ဇေဝဇဝါျဖစ္သြားမိ၍ ခဏၾကာၿပီးေနာက္တြင္ အလြန္အမင္း အံ့အားသင့္သြားရေပေတာ့၏။
"ဒါဆို ဦးေလးက ကြၽန္ေတာ္တို႔ကမာၻက အႀကီးဆံုးဟိုတယ္ရဲ႕ တာဝန္႐ွိသူေပါ့ ကြၽန္ေတာ္ ဦးေလးကိုသိတယ္"
"အႀကီးဆံုးေသာဟိုတယ္" သူဟည့္ စကာလံုးမ်ားကို ၾကားေသာအခါ ခ်န္းရႊီသည္ အလိုအေလ်ာက္ မြန္းၾကပ္သြားမိ၏။ ၎ေနာက္ လီအန္းဆိုသူက လက္႐ွိတြင္ Sunny ဟိုတယ္၏အဓိကတာဝန္႐ွိသူျဖစ္ေၾကာင္း ၾကားရေသာအခါ ပို၍ပင္ စိတ္႐ႈပ္ေထြးသြားရေပေတာ့သည္။ မာလ်ိဳကမူ က်ိန္းေသေပါက္ သူ၏စိတ္ခံစားခ်က္မ်ားကို သတိထားမိလိမ့္မည္ မဟုတ္ပါေပ။ ထိုအစား မာလ်ိဳသည္ လြန္စြာမွ စိတ္လႈပ္႐ွားေပ်ာ္ရႊင္ေနေသးေလသည္။
"ဒါဆို ဦးေလးက ကြၽန္ေတာ္တို႔ကမာၻရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ အစီအစဥ္အသစ္မွာ ပါဝင္ခ်င္တယ္ေပါ့..ၾကားရတာ ဝမ္းသာလိုက္တာဗ်ာ"
ထို႔ေနာက္ မာလ်ိဳသည္ တက္ႂကြစြာျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈအေၾကာင္းကို စာတမ္းအျပည့္ျဖင့္ အေသးစိတ္ ႐ွင္းျပရင္ ျပင္ဆင္လာေပေတာ့၏။ ထို႔ေၾကာင့္ ခ်န္းရႊီက ခဏတားလိုက္ကာ တစ္ဖက္လူကို ဤသို႔ အေမးဆိုေလသည္။
သူသည္ ယဥ္ေက်းသိမ္ေမြ႔ပံုေပါက္သည့္ တစ္ဖက္မွ သတ္လတ္ပိုင္း လူႀကီးကို တစ္ခ်က္မွ် ၾကည့္လိုက္ေပ၏။
"ကြၽန္ေတာ္ တစ္ခုေလာက္ ေမးလို႔ရမလား ဒီရင္းႏွီးျမႇဳပ္မွာ ဦးေလး ပါဝင္ခ်င္တာက ..ဦးေလးကိုယ္ပိုင္အက်ိဳးအတြက္လား ဒါမွမဟုတ္ Sunny ဟိုတယ္လုပ္ငန္းစုရဲ႕ ကိုယ္စားအေနနဲ႔လား"
လီအန္းက ထံုးစံအတိုင္း တည္ၿငိမ္စြာပင္ အေျဖျပန္ျပဳ၏။
"က်ိန္းေသေပါက္ Sunny ဟိုတယ္လုပ္ငန္းစုရဲ႕ ကိုယ္စားျပဳအေနနဲ႔ပါ"
သူကထပ္ဆို၏။
"ဦးေလး မင္းတို႔ရဲ႕ပေရာဂ်က္ကို အရမ္းစိတ္ဝင္စားတယ္ ေနာက္ၿပီး ဒီကမာၻရဲ႕အနာဂတ္အတြက္လည္း ဦးေလး ကူညီေပးဖို႔ ဆႏၵ႐ွိပါတယ္။ ဒါေၾကာင့္ ဒီရင္းႏွီးျမႇဳပ္ႏွံမႈမွာ ပါဝင္ဖို႔ ဒီအထိ ေရာက္လာခဲ့တာပါ"
ခ်န္းရႊီမွာ အေတာ္ေလး စိတ္႐ႈပ္သြားေနရေလၿပီ။ Sunny ကုမၸဏီ၏ လုပ္ငန္းခြဲတိုင္း႐ွိ တာဝန္႐ွိသူ မန္ေနဂ်ာတိုင္းတြင္ လုပ္ပိုင္ခြင့္အသီးသီး ႐ွိေၾကာင္း ခ်န္းရႊီသိခဲ့ၿပီး ျဖစ္၏။ ဟိုတယ္စီမံခန္႔ခြဲမႈကို ကိုယ္တိုင္ဆံုးျဖတ္ႏိုင္ခြင့္႐ွိရံုမက အက်ိဳး႐ွိမည္ထင္မည့္ ပေရာဂ်က္မ်ားတြင္လည္း ဟိုတယ္ကိုယ္စားလွယ္အေနျဖင့္ ပါဝင္ခြင့္႐ွိေသးေလသည္။ ထို႔ေနာက္ ၎အျပင္လုပ္ငန္းမ်ားမွ ရ႐ွိလာသည့္ အက်ိဳးအျမတ္ျဖစ္ေစ အ႐ွံုးျဖစ္ေစ အဓိကပိုင္႐ွင္ျဖစ္သူ ရန္းခ်ီႏွင့္ တစ္ဝက္စီ ခံစား စံစားရၾကရေပ၏။
ဤကဲ့သို႔ေသာ ရန္းခ်ီ၏ အလုပ္ခန္႔ခြဲႏိုင္သည့္ အက်ိဳးေက်းဇူးေၾကာင့္ သူ၏မန္ေနဂ်ာမ်ားမွာ ယခင္ကထက္ပိုမို၍ လုပ္ေဆာင္ႏိုင္စြမ္း မ်ားျပားလာၾကေပသည္။
သို႔ေသာ္ ယခုတစ္ႀကိမ္ လီအန္း၏ဆံုးျဖတ္ခ်က္သည္ကား သူ၏ကိုယ္ပိုင္ဆႏၵလား ရန္းခ်ီ၏ပေယာဂေၾကာင့္ပဲလား ဆိုသည္ကိုေတာ့ ခ်န္းရႊီမသိေတာ့ပါေခ်။
"မဟုတ္မွလြဲေရာ သူ တကယ္မ်ား ငါ့ကို ႐ွာေတြ႔သြားၿပီလား"
၎ ေမးခြန္းကိုမူ ခ်န္းရႊီသည္ သူ၏စိတ္ထဲတြင္ပင္ မ်ိဳသိပ္ထားခဲ့လိုက္ေလသည္။
မာလ်ိဳက အားတက္သေရာ အေမးဆို၏။
"ဦးေလးလီအန္း .. ဘယ္ေလာက္ပမာဏေလာက္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စဥ္းစားထားပါသလဲဗ်။ အမွန္အတိုင္းေျပာရရင္ ဦးေလးက ကြ်န္ေတာ္တို႔နဲ႔ ပထမဆံုး ႐ွယ္ယာေဝမွ်မဲ့သူဆိုေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏအခ်ိဳးကို အတူတူ ေဆြးေႏြးထားခ်င္လို႔ပါ။ ဒါေပမဲ့ ကြၽန္ေတာ္အာမခံပါတယ္ ဦးေလးကို အက်ိဳးခံစားခြင့္ေတြ ပိုၿပီးေပးမွာပါ"
လီအန္းက အသာအယာျပံဳးျပ၍ ဆို၏။
"ပေရာဂ်က္ရဲ႕ လိုအပ္ေနတဲ့ေနရာေတြ အားလံုးမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေတြးထားပါတယ္။ ဒီလိုဆိုရင္ ႐ွင္း႐ွင္းလင္းလင္း သေဘာေပါက္သြားၿပီ မဟုတ္လား"
မာလ်ိဳသည္ ၎စကားလံုးမ်ားအား ၾကားၾကားခ်င္း ဆြံ႔အသြားခဲ့မိ၍ ပံုမွန္တံု႔ျပန္မႈ ျပန္ရႏိုင္ရန္အတြက္ အခ်ိန္အနည္းငယ္မွ်ပင္ ၾကာသြားခဲ့ရေလသည္။
"တကယ္..တကယ္ေျပာတာလားဗ်"
"ဒါေပါ့ တကယ္ေျပာတာပါ"
တစ္ဖက္လူ၏ အေျဖစကားကို ၾကားရေသာအခါ ခ်န္းရႊီသည္ ရန္းခ်ီအေနျဖင့္ ၎ကိစၥအား သိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ သူကေတာ့ မည္သို႔မွ် ျငင္းဆိုႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ေတြးမိလိုက္ေလေတာ့၏။
ထိုအခ်ိန္တြင္ မာလ်ိဳက အနည္းငယ္ ဇေဝဇဝါျဖစ္စြာျဖင့္ အေမးဆိုလာခဲ့သည္။
"ဒါေပမဲ့ ဦးေလးလီအန္း ကြၽန္ေတာ္ တစ္ခုအရင္ေျပာျပပါရေစ..ကြၽန္ေတာ္တို႔ လိုအပ္ေနတဲ့ ရန္ပံုေငြပမာဏက အရမ္းမ်ားပါတယ္ အဲဒါ.."
"စိတ္မပူပါနဲ႔ Sunny ကုမၸဏီက ေျဖ႐ွင္းေပးႏိုင္ပါတယ္"
တစ္ဖက္လူက ဤကဲ့သို႔ တည္ၿငိမ္စြာ ျပန္ေျဖလာသည္ကို ျမင္ေသာအခါ ခ်န္းရႊီအေနျဖင့္ မအံ့ဩမိပါေခ်။ ၎က အမွန္တရားတစ္ခု ျဖစ္သည္ပင္။ ယွဥ္ၾကည့္လွ်င္ ခ်န္းမိသားစုႏွင့္ မတူဘဲ ရန္းခ်ီက စီးပြားေရးေသာ့ခ်က္တစ္ခုလံုးကို သူ႔လက္ခုပ္ထဲတြင္ ခ်ဳပ္ကိုင္ထားႏိုင္ခဲ့ေလသည္။ ယုတ္စြအဆံုး ထိုသူ၏ ႂကြယ္ဝခ်မ္းသာမႈႏွင့္ဆိုလွ်င္ ဤကမာၻငယ္ေလးကိုပင္ ဝယ္ယူလို႔ရႏိုင္ေပလိမ့္မည္ ျဖစ္ရကား ယခုရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ ဟူသည္ကား Sunny ကုမၸဏီအတြက္ ဘာမွ်ႀကီးက်ယ္မေနခဲ့ပါေပ။
"ၾကားရတာ ဝမ္းသာလိုက္တာဗ်ာ"
မာလ်ိဳသည္ အလြန္အမင္းပင္ ေပ်ာ္ရႊင္သြား၍ ခ်န္းရႊီဘက္သို႔ လွည့္ကာ ဝမ္းေျမာက္ဝမ္းသာ ဆိုေလ၏။
"အစ္ကိုခ်န္း ကြၽန္ေတာ္တို႔ လုပ္ငန္းစလို႔ရၿပီ"
ခ်န္းရႊီသည္ အသက္ျပင္းျပင္းတစ္ခ်က္မွ် ႐ႈလိုက္၍ သူ၏စိုးရိမ္စိတ္မ်ားကို မာလ်ိဳသတိမထားမိေစရန္ ဖံုးကြယ္ကာ ပံုမွန္အတိုင္း ဆိုလိုက္ေလသည္။
"အင္း ေကာင္းတာေပါ့"
ရင္းႏွီးျမႇဳပ္ႏွံမႈစာခ်ဳပ္အား လက္မွတ္ထိုးျခင္းအမႈမွာ ေခ်ာေမြ႔စြာပင္ ၿပီးဆံုးသြားခဲ့ရေလၿပီ။ ထို႔ေနာက္ ဒုတိယေျမာက္ေန႔တြင္ Sunny ကုမၸဏီသည္ ေဆြးေႏြးထားသည့္အတိုင္း ရန္ပံုေငြပမာဏကို လႊဲအပ္လာခဲ့ေပ၏။ ထို႔သို႔သာမက ပေရာဂ်က္အတြက္ လိုအပ္ေနေသာ အခ်ိဳ႕ပစၥည္းအရင္းအျမစ္မ်ားကိုလည္း ကုမၸဏီဘက္မွ မူရင္းေစ်း၏ သံုးပံုတစ္ပံုျဖင့္ ေလွ်ာ့ေရာင္းေပးခဲ့ေသးသည္။ သို႔သည့္တိုင္ ပစၥည္းအရည္အေသြးမွာ ထင္ထားသည္ထက္ပင္ ပိုမိုေကာင္းမြန္ေနေသးေတာ့၏။
"ကြၽန္ေတာ္တို႔ တကယ္ အရမ္းကံေကာင္းတာပဲ"
မာလ်ိဳသည္ကား စာခ်ဳပ္ခ်ဳပ္သည့္ ေန႔ကတည္းကစ၍ ေပ်ာ္ရႊင္ေနခဲ့ျခင္းျဖစ္ကာ ယခုကဲ့သို႔ တစ္ဖက္ရင္းႏွီးျမႇဳပ္ႏွံသူထံမွ လိုအပ္ေသာပစၥည္းမ်ားႏွင့္ သတၱဳအရင္းအျမစ္မ်ား အဆတ္မျပတ္ ပို႔ေပးလာျခင္းကို ခံရေသာအခါ ပို၍ပင္ ေက်နပ္ေနေလေတာ့သည္။
"ဒီတစ္ခါေတာ့ တကယ္ကို ကြၽန္ေတာ္တို႔ကမာၻေလး အႀကီးႀကီး ေျပာင္းလဲႏိုင္ေတာ့မွာ"
ခ်န္းရႊီကမူ ယခုထိ စိတ္႐ႈပ္ေနဆဲပါပင္။ မစၥတာလ်န္ကို ေတြ႔ၿပီးသည့္ေနမွစ၍ သူသည္ ရန္းခ်ီေပၚလာမည့္အခ်ိန္ကိုသာ ရင္တမမ ေစာင့္ေနရသကဲ့သို႔ ျဖစ္ခဲ့ေလသည္။ မည္မွ်ပင္မေတြ႔ခ်င္ေၾကာင္း ဆိုခဲ့ေစကာမူ မ႐ွက္တမ္းဆိုရလွ်င္ သူကိုယ္တိုင္သည္ သူ႔ေၾကာင့္ ရန္းခ်ီ မည္ကဲ့သို႔ျဖစ္ပ်က္ေနမည္ကို ျမင္ခ်င္မိေလသည္။ သို႔ေသာ္ တစ္လၾကာၿပီးသည္အထိ ရန္းခ်ီေပၚမလာေသာအခါ ခ်န္းရႊီမွာ အနည္းငယ္ စိတ္အားငယ္သြားရေပေတာ့၏။
သူ႔အေနျဖင့္ ထံုးစံအတိုင္း ေတာ္ပါေသးသည္ဟု ေတြးမိကာ သက္ျပင္းခ်ရမည့္အစား အလိုမက်စြာပင္ ညည္းညဴမိေလေသးသည္။ ရန္းခ်ီက ယခုကိစၥကို သိလိမ့္မည္ဟု သူထင္ေနမိ၏။ မဟုတ္လွ်င္ အဘယ္ေၾကာင့္မ်ား ကိစၥအားလံုးက ဤမွ်အထိ တိုက္ဆိုင္ေနႏိုင္လိမ့္မည္နည္း။ ထိုသို႔ဆိုလွ်င္ ရန္းခ်ီက ယခုကိစၥကို သိလ်က္ႏွင့္ သူ႔ကို တမင္ လာမ႐ွာျခင္းေပလား။
၎ျဖစ္ႏိုင္ေျခအတြက္ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္သည္ကား ...တစ္ဖက္လူအေနျဖင့္ သူ႔အေပၚ လက္လႊတ္လိုက္ျခင္းမ်ိဳးသာ ျဖစ္ႏိုင္ေတာ့သည္ပင္။
၎ကဲ့သို႔ ေတြးမိေသာအခါ ခ်န္းရႊီသည္ အလြန္အမင္း စိတ္ထိခိုက္သြားေၾကာင္း မိမိကိုယ္ကို ခံစားမိလိုက္ရေပေတာ့၏။
"အစ္ကိုခ်န္း ဘာျဖစ္တာလဲ ..အစ္ကို႔ၾကည့္ရတာ တစ္ခုခုကို စိုးရိမ္ေနသလိုပဲ။ ကြၽန္ေတာ္တို႔ရဲ႕ ပေရာဂ်က္နဲ႔ ပတ္သက္ၿပီး တစ္ခုခုေတြးမိလို႔မ်ားလား"
အနီးမွ မာလ်ိဳက စိတ္ပူစြာ အေမးဆိုေလ၏။
ခ်န္းရႊီက ေခါင္းယမ္းျပသည္။
"ဘာမွ စိုးရိမ္စရာမ႐ွိပါဘူး။ ငါ ေအာ္ဒါေတြအကုန္လံုးကို ေသခ်ာ စစ္ၾကည့္ၿပီးသြားၿပီ အားလံုးအဆင္ေျပတယ္။ ခုနက ငါ ဒီတိုင္း ပင္းခ်န္ကိစၥလည္း စသင့္ၿပီလို႔ ေတြးမိလို႔"
မာလ်ိဳက ေခါင္းၿငိမ့္လ်က္ ေထာက္ခံ၏။
"အစ္ကို ေျပာတာ ဟုတ္တယ္။ မနက္ျဖန္က်ရင္ ကြၽန္ေတာ္ အဲဒီေဒသခံမ်ိဳးႏြယ္ဆီ သြားေတြ႔လိုက္မယ္"
"ေကာင္းၿပီ ဒါေပမဲ့ ငါၾကားတာ အဲဒီကလူေတြက အရမ္းေ႐ွး႐ိုးဆန္ၾကၿပီး ရပ္ျခားကလူေတြနဲ႔ ဆက္ဆံရတာ သေဘာမက်ၾကဘူးတဲ့။ ဒါေၾကာင့္ မင္း ဂ႐ုစိုက္ဦး။ ေဆြးေႏြးလို႔မရရင္ ဒီကို ျမန္ျမန္ျပန္လာ အရမ္းတြန္းအားမေပးနဲ႔ ဟုတ္ၿပီလား"
မာလ်ိဳက တည္ၿငိမ္စြာျဖင့္ ေခါင္းၿငိမ့္ျပလာ၏။
"ကြၽန္ေတာ္ နားလည္ပါၿပီ"
TN : မေျပာမဆိုနဲ႔ေပ်ာက္သြားတာ အရမ္းၾကာခဲ့တယ္ေနာ္ အားနာပါတယ္ >< ဒါနဲ႔ စကားမစပ္ ကိုယ္က အဆံုးထိ ဆက္တိုက္မလုပ္ေပးႏိုင္ခဲ့ဘဲ ၾကားထဲအၾကာႀကီးေလခဲ့မိတာဆိုေတာ့ အခု extra အပိုင္းသီးသန္႔ခ်ည္းပဲ ထပ္ျပန္ထားတာေတြ ႐ွိရင္လည္း ကိုယ့္ကိုေပးသိၾကဦးေနာ္ ႐ွိၿပီးသားဆိုရင္ တျခားတစ္ခုကို ဦးစားေပးျပန္ခ်င္လို႔ ◔◡◔