Love or hate

By WuitYee5

10.4K 319 154

သိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထ... More

Characters' introduction
Chapter1(Unicode+Zawgyi)
Chapter2(Unicode+Zawgyi)
Chapter3(Unicode+Zawgyi)
Chapter-4(Unicode+Zawgyi)
Chapter- 5(Unicode+Zawgyi)
Chapter6(Unicode +Zawgyi)
Chapter7(Unicode+Zawgyi)
Chapter 8(Unicode +Zawgyi)
Chapter9(Unicode+Zawgyi)Spoiler
Chapter9(Unicode+Zawgyi)
Chapter10(Unicode+Zawgyi)
Chapter11(Unicode +Zawgyi)
Chapter12(Unicode+Zawgyi)
Chapter13(Unicode+Zawgyi)
Chapter14(Unicode+Zawgyi)
Chapter15(Unicode+Zawgyi)
Chapter16(Unicode+Zawgyi)
Chapter17(Unicode +Zawgyi)
Chapter18(Unicode +Zawgyi)
Chapter19(Unicode+Zawgyi)
Chapter20(Unicode+Zawgyi)
Chapter21(Unicode+Zawgyi)
Chapter22(Unicode+Zawgyi)
Spoiler alert!
Chapter23(Unicode+Zawgyi)
Chapter24(Unicode+Zawgyi)
Chapter25(Unicode+Zawgyi)
Chapter26(Unicode+Zawgyi)
Chapter27(Unicode+Zawgyi)
Chapter28(Unicode+Zawgyi)
Chapter29(Unicode+Zawgyi)
Chapter30(Unicode+Zawgyi)
Upcoming! !
Chapter32(Unicode, Zawgyi)
Chapter33(Unicode+Zawgyi)
Chapter-34(Unicode+Zawgyi)Final(Part 1)
Chapter34(Unicode+Zawgyi)Final part 2

Chapter31(Unicode+Zawgyi)

227 6 2
By WuitYee5

"မိတ္ထီလာကံဝယ်...ဖားကောက်ခဲ့ပါ့မယ်
ဗျိုင်းရှေ့ကပျံကာပျံကာရယ်....
မိုးစောစောချုပ်လို့အိပ်ပါကွယ်သားငယ်လေးရယ်....အိပ်ပါတော့ကွယ်..ကြောင်ကြီးကိုက်လိမ့်မယ်...အိပ်ရာကနိုးရင်...ဖေကြီးစီသွားကြမယ်..
မျက်စိမှိတ်ထားကွယ်....
ဖေကြီးစီသွားဖို့အိပ်ပါကွယ်....."

ကလေးရုပ်လေးတစ်ရုပ်ကိုလက်ကပွေ့ပိုက်ရင်းအခန်းတွင်းဝယ်တောင်နဲ့မြောက်ကိုမရပ်မနားလမ်းလျှောက်လိုက်သီချင်းဆိုလိုက်လက်ထဲကအရုပ်ကလေးကိုကြည့်ကာမ​လိုက်နဲ့အလုပ်ရှုပ်နေတဲ့ဖြူဥဥကောင်ငယ်လေးကိုကြည့်ပြီးအခန်းပြင်ဘက်မှာတိတ်တဆိတ်ငိုကြွေးနေတဲ့သူနှစ်ဦးလဲရှိတာပေါ့.....

မေမြင့်ကပထမကသခင်လေးကိုထမင်းလာပို့တာဖြစ်ပေမဲ့သူမခုတော့သူယူလာတဲ့ထမင်းပန်းကန်လေးကိုကျွန်တော့်လက်ထဲထည့်ပြီးတရှုံ့ရှုံ့ငိုကာပြေးထွက်သွားတော့သည်....

မျက်ရည်တွေဝဲနေပေမဲ့ကျွန်တော်လဲအတတ်နိုင်ဆုံးစိတ်ထိန်းကာလက်တစ်ဖက်နဲ့ကျလုဆဲဆဲမျက်ရည်တွေကိုသုတ်ဖယ်မိသည်....

'ဒေါက်...ဒေါက်....သခင်လေး'

'ရှူး......သားအိပ်နေလို့....ရှူး...'

လက်ထဲကအရုပ်လေးကိုမချဘဲကျွန်တော့်ကိုတိတ်တိတ်ကလေးနေဖို့ပြောတဲ့သခင်လေးကိုကြည့်ပြီးကျွန်တော်စိတ်မကောင်းလိုက်တာဗျာ.....

သို့ပေမဲ့အတတ်နိုင်ဆုံးငိုသံမပါအောင်အသံကိုထိန်းကာသခင်လေးအားထမင်းစားဖို့ချော့ခေါ်ရသည်.....

'သခင်လေး.....'

'ဟင်......'

'သားကအိပ်သွားပြီမလား...?ကုတင်ပေါ်ချသိပ်လိုက်လေနော်....သခင်လေးကညစာလေးစားရဦးမယ်လေ...'

'ဟွန်း....မစားချင်သေးဘူး....'

'မစားလို့ဘယ်ရမလဲသခင်လေးရဲ့...သခင်လေးကမစားရင်နေမကောင်းဖြစ်ပြီးအိပ်ယာထဲလဲတော့သားကိုဘယ်သူကြည့်မှာလဲ...?သခင်လေးကသားလေးကိုပြစ်ထားမလို့လား
..?'

'ဟင့်အင်း....ကျုပ်ကကျုပ်သားလေးကိုသိပ်ချစ်တာကို....လုပ်စရာလား...'

'ဒါဆိုရင်လဲသခင်လေးကနေကောင်းပြီးသားနဲ့ဆော့လို့ရအောင်အားရှိအောင်ထမင်းစားရမယ်နော်...ဟုတ်လား...'

'အင်း...အင်း....စားဆိုတော့လဲစားရတော့မှာပေါ့....ဒါပေမဲ့...'

'ဒါပေမဲ့ဘာဖြစ်လို့လဲသခင်လေး...?'

'သားကချီထားရဦးမှာ....ချလို့မရဘူးလေ....ခုမှအိပ်တာဆိုတော့နိုးသွားလိမ့်မယ်....'

'ဒါဆိုလဲသခင်လေးကသားကိုချီထားလေ....ကျွန်တော်ခွံကြွေးမယ်လေနော်....'

'အင်း....အင်း....'

'ပါးစပ်ကလေးဟပါဦးသခင်လေးရဲ့....'

'အာ.....'

'ထမင်းလုပ်လေးလာပါပြီဗျာ...'

'ဟီး......'

'ေဟာ....သခင်လေးကသဘောကျနေတာလား...?'.

'ကိုရဝေ....'

'ဗျာ...'.

'ဝေးကလိမ်မာတယ်မလား...?'

'အင်း......လိမ်မာတာပေါ့....'

'ဝေးလေ...ဝေးကကိုရဝေတို့သောက်ခိုင်းတဲ့ဆေးတွေလဲသောက်တယ်လေ....'

'အင်း....'

'ထမင်းတွေလဲစားတယ်လေ....'

'ဟုတ်တာပေါ့....'

'နောက်ဆိုးလဲမဆိုးဘူးလေ..ဟုတ်တယ်မလားဟင်...?ပြောစကားနားထောင်တယ်လေ...ဟင့်...အင့်..'

ပြောပြောဆိုဆိုနဲ့စောနကရယ်ရယ်မောမောပြောနေတဲ့သခင်လေးကတအင့်အင့်၇ှိုက်ကာငိုပြန်တာကြောင့်ကျွန်တော့်မှာဘာလုပ်လို့ဘာကိုင်ပေးရမလဲမသိဖြစ်ခဲ့ရသည်...

'သခင်လေး......မငိုပါနဲ့တော့နော်....'

'ဟင့်..ကိုရဝေ....အင့်.....'

'.....'

'ဒါပေမဲ့.....ဒါပေမဲ့...မောင်ကဝေးလိမ်မာပြနေတာကိုဘာလို့ခုထိဝေးစီပြန်မလာသေးတာလဲဟင်...'

'ဟို...အဲ့တာ..အဲ့တာက....'

'ဒီတခေါက်ဖုန်းလာရင်ပြောပေးနော်...ဝေးလိမ်မာနေပါပြီလို့...အဲ့အလုပ်တွေပြီးရင်လေ..မြန်မြန်အဲ့အဝေးကြီးကနေဝေးတို့စီပြန်လာဖို့ဆက်ဆက်ပြောပေးနော်...ကိုရဝေ...'.

'ဟို....'

'ဝေးကိုစိတ်မကောက်ပါနဲ့တော့လို့...ဝေးလိမ်မာနေပါပြီမို့ဝေးစီကိုမောင့်ကိုပြန်ခေါ်ပေးပါလားဗျာ....အီး..ဟီး...ဟင့်....'

'အင်းပါ..ကျွန်တော်ဒီတခေါက်ဖုန်းလာရင်ပြောလိုက်ပါ့မယ်....သခင်လေးကလိမ်မာကြောင့်သက်သေပြဖို့အတွက်ဒီထမင်းလေးတော့ကုန်အောင်စားရမယ်နော်......'

'အင်း...အင်း.....'

'ကဲ..အာ...ဒီမှာနောက်တစ်လုပ်....'

'အာ......'

ထမင်းကိုဝါးလိုက်...လက်ထဲကကလေးရုပ်လေးကိုပြုံးပြီးကြည့်လိုက်နဲ့တယောက်တည်းအလုပ်ရှုပ်နေတဲ့သခင်လေးဝေးကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိတာကတော့ကျွန်တော်ပါ...

ဆရာနဲ့သားစိတ်ကြောင့်ယဉ်ယဉ်လေးရူးသွားသလိုဖြစ်နေတဲ့သခင်လေးကိုညာပြောမိတဲ့ကျွန်တော်မှားလားဟင်.....

ဟုတ်ပါတယ်...ကျွန်တော်သခင်လေးကိုညာခဲ့ပါတယ်....ဆရာအသက်ရှင်နေပါသေးတယ်လို့...

တိုင်းတပါးကိူရောက်နေခဲ့တာလို့လဲညာခဲ့တော့သခင်လေးကအဲ့တုန်းကျွန်တော့်ကိုပြုံးပြီးပြောရှာတယ်...မောင်စိတ်ဆိုးပြေတဲ့တနေ့ အလုပ်တွေပြီးတဲ့တနေ့ဝေး တို့သားအဖစီသူ့ဘာသာပြန်လာပါလိမ့်မယ်တဲ့.....

ကျွန်တော်တောင်းပန်ပါတယ်သခင်လေးရယ်....ကျွန်တော်ဒီလိုမှမညာခဲ့ရင်တကယ်တမ်းခံစားရမဲ့သခင်လေးကိုကျွန်တော်တို့မကြည့်နိုင်လို့ပါ.....ခုတောင်သခင်လေးကကျန်းမာရေးမကောင်းရတဲ့အထဲဆရာနဲ့သားစိတ်ကြောင့်အားတင်းပြီးနေနေရတာမလား...

လောကကြီးရယ်....ခင်ဗျားကအပြစ်မဲ့တဲ့သူတွေအပေါ်သိပ်ရက်စက်တာဘဲလား.....?

ပေါက်ကနဲကြွေကျသွားတဲ့ကျွန်တော်မျက်ဝန်းနားကမျက်ရည်စက်တွေကိုကျွန်တော်မသုတ်ဖယ်မိတော့..ဒီတခေါက်တော့လွတ်လပ်စွာနဲ့မင်းတို့ကိုကျဆင်းခွင့်ပြုလိုက်ပါ့မယ်..

ဘေးနားကကြည့်နေရတဲ့ကျွန်တော်တို့တောင်သခင်လေးကိုကြည့်ပြီးဒီလောက်ခံစားရရင်...သခင်လေးသာတနေ့...အမှန်တရားကိုရှာတွေ့သွားရင်......သခင်လေးခံနိုင်ပါ့မလား.....😟

...........
..............

'ဟင်း...အင်း....မ..မလုပ်နဲ့....မလုပ်နဲ့.....ကလေး...ကလေး...,......!!!!အား....!!!'

ကျွန်တော့်မျက်လုံးတွေဖွင့်ကြည့်မိတော့မြင်လိုက်ရတာကမျက်နှာကြပ်ဖြူဖြူတချက်.....

မောဟိုက်နေတဲ့ရင်အစုံကြောင့်အသက်ကိုတတ်နိုင်သမျှခပ်နှေးနှေးရှူကြည့်ရင်းအနီးပတ်ဝန်းကျင်ကိုမျက်စိဝေ့ကာစူးစမ်းကြည့်မိသည်.......

လက်ကိုအနည်းငယ်လှုပ်မိတော့အောင့်ကနဲဖြစ်သွားတာကြောင့်သေချာကြည့်မိတော့မှစည်းနှောင်ထားတဲ့ပတ်တီးဖွေဖွေးနဲ့အတူအကြောထဲကိုထိုးစိုက်ထားတဲ့ဆေးပိုက်တစ်ချောင်း......

ဒါ..ဒီနေရာက....

ရုတ်တရက်ထလိုက်တာကြောင့်မိုက်ခနဲဖြစ်သွားပေမဲ့လဲသူ့စိတ်ထဲမှာလူတစ်ယောက်ကိုသာတွေးနေမိသည်...

ဘဘ်သူမှန်းမသိတဲ့အိမ်မက်ထဲကဖြူလွှလွှပုံရိပ်လေးတစ်ခု.....နောက်ပြီးသူလေးလက်ထဲမှာပွေ့ထားတဲ့ကလေးလေးတစ်ယောက်........

အဝေးကနေထိုလူသားလေးရှိရာကိုပြေးသွားချင်ပေမဲ့နောက်ဘက်ကနေတစ်ခုခုကလှုပ်မရအောင်ဆွဲထားပြန်သည်....

အတင်းရုန်းထွက်ကာပြေးမိပေမဲ့လဲကျွန်တော်တစ်လှမ်းလှမ်းလိုက်တိုင်းသူနဲ့ဝေးဝေးသွားတာကြောင့်ကျွန်တော့်ခြေလှမ်းတွေပင်ရှေ့ဆက်ရန်ကြောက်ရွံ့နေမိသည်...

သူသတိထားမိတာကဟိုးအဝေးကပုံရိပ်ကလေးကိုခေါ်မိတဲ့နာမ်စားလေးတစ်ခုသာ

'ကလေး'ဆိုပြီးခေါ်မိတိုင်းနူးနူးညံ့ညံ့ပြုံးပြတတ်တဲ့ကျွန်တော်မမှတ်မိနိုင်တဲ့သူ....

သူလေးကကျွန်တော့်ကိုခေါ်တဲ့နာမ်စားလေးကလဲ....'မောင်'တဲ့

ဘယ်သူလဲ....တကယ်ဘဲ....မင်းကဘယ်သူလဲ...?

ဘာလို့ငါကဘာဆိုဘာမှမမှတ်မိရတာလဲ..?

ကျွန်တော်သိတာကထိုလူသားလေးနဲ့ကျွန်တော်သိပ်ကိုရင်းနှီးခဲ့တာ.....

အား!!တကယ်စဉ်းစားမရဘူး.....!!

ထိုအချိန်မှာဘဲကျွန်တော့်မျက်လုံးအစုံကိုဆွဲဆောင်လိုက်တာကဘေးကစားပွဲပေါ်တင်ထားတဲ့ခေါက်ဓားလေးတစ်ခု.....

(မောင်..ဒါလေးက....

ဒါလေးကမောင်အမြဲဆောင်နေကြလေကလေးရဲ့....

အဲ့တာလေးက....

ခေါက်ဓားလေးလေကလေး....အင့်..ဒါလေးကိုမောင်လက်ဆောင်ပေးမယ်...

ဟာဗျာ....ဘာလို့လဲ....အဲ့တာကြီးကိုကျုပ်ကဘာလုပ်ရမှာလဲမောင်ရာ...

မောင်ကကလေးတို့အနားမှာအချိန်ပြည့်ရှိမနေနိုင်ဘူးလေ...ဒီတော့...မောင်မရှိရင်ကလေးကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်ရအောင်လို့....အန္တရာယ်ဆိုတာကကြိုခန့်မှန်းလို့မှမရတာ....မောင်ကကလေးကိုဘာမှအဖြစ်မခံနိုင်တာကလေးလဲသိတယ်ဟုတ်.......

အင်း...သိပါတဘ်မောင်၇◌ယ်...မောင်ကသိမ်းဆိုလဲသိမ်းထားပါ့မယ်..ဒါပေမဲ့ကျွန်တော်ယုံတယ်..မောင်သာရှိနေရင်ကျွန်တော်တို့စီဘယ်အန္တရာယ်မှလာရဲမှာမဟုတ်ဘူး...ဘာလို့ဆိုမောင်ကကျွန်တော့်နဲ့သားရဲ့herculeဘဲဟာ...

ဟားဟား....ဟုတ်ပါပြီကွာ....)

ဒီစကားတွေ..ဒီစကားတွေ.....ငါပြန်မှိတ်မိပေမဲ့..တကယ်ဘဲမင်းကဘဘ်သူလဲငါစဉ်းစားမရဘူး....

'ဟော.....နိုးလာပြီလား...?'

ကျွန်တော့်ရှေ့ခြေစုံလာရပ်တဲ့လူတစ်ယောက်ကြောင့်ကျွန်တော်သူဘယ်သူလဲသိရအောင်မော့ကြည့်မိသည်....

မိန်းကလေးတစ်ယောက်....ကျွန်တော့်ကိုသေချာလေးစူးစိုက်ကြည့်နေတယ်....

'မောင်.......'

သူမနှုတ်ကနေကျွန်တော့်ကိုခေါ်လိုက်တဲ့နာမ်စားလေးတစ်ခုကြောင့်ကျွန‌်တော့်စိတ်တွေဇဝေဇဝါဖြစ်ခဲ့ရသည်........

သူမက..တကယ်ဘဲ...ငါ့အိမ်မက်ထဲကသူလား...?

'မင်း...မင်းက.......'

'အိုး....မောင်ကကျွန်မကိုမမှတ်မိတော့ဘူးလား....?'

'Sorryပါ...ငါ့စိတ်ထဲမှာအရာရာကရှုပ်ထွေးနေတယ်....တကယ်ဘဲမင်းပြောပြနိုင်မလား...?မင်းကဘဘ္သူလဲ..ပြီးတော့...ငါကရော...ဘယ်သူလဲဆိုတာ......?'

မိန်းကလေးငယ်ကကောင်လေးမသိအောင်တဖက်ကနေမချိတင်ကဲလေးပြုံးမိတယ်..ပြီးတော့မှမျက်နှာပေါ်ဝမ်းနည်းရိပ်တွေသမ်းနေတဲ့မျက်နှဦမျိုးဖြစ်အောင်ဟန်ဆောင်လုပ်ယူရင်းကုတင်ပေါ်ကကောင်လေးဘေးဝင်ထိုင်လိုက်သည်...

ရင်ခွင်ထဲတိုးဝင်ရင်းကောင်လေးအကျီစလေးကိုလက်ကလေးနဲ့ခပ်ဖွဖွဆါဲကာမရဲတရဲပြောလာတာက

'မောင်..ကျွန်မကမောင်တရားဝင်လက်ထပ်ယူထားတဲ့မောင့်ဇနီးလေ...ခင်ခက်ခက်ပါမောင်...နောက်ပြီးမောင်နဲ့တို့စီမှာကလေးလေးတစ်ဘောက်လဲရှိသေးတယ်လေ...သားလေးကိုရောမောင်မှတ်မိသေးလား...?'

'ဒါဆိုငါ့အိမ်မက်ထဲကလူကမင်းလား...?'

'အိုး..မောင်ကကျွန်မကိုအိမ်မက်ထဲမှာတွေ့လိုက်တာလား...?'

'အင်း....ဟုတ်သလိုဘဲ....'

'အင်း...မောင့်ကိုချစ်လိုက်တာ..တို့ကိုမေ့မသွားလို့....'

ရုတ်တရက်ကျွန်တော့်ကိုလာဖက်ပေမဲ့ကျွန်တော်သူမကိုတော့ပြန်ဖက်ပေးဖို့မေ့လျော့နေခဲ့သည်...

သူမပြောပုံအရကျွန‌ေ်တာ်တို့ကလင်မယားတွေဆိုပေမဲ့ကျွန်တော်နဲ့သူမကြားမှာတစိမ်းဆန်နေသယောင်........

'မောင်..ကလေးကိုကြည့်လို့ရမလား...?'

'ခဏနော်..သားကိုမောင့်စီခေါ်လာပေးမယ်....ဟေး....သားကိုခေါ်ခဲ့ပါဦး...'

'ဟုတ်ကဲ့ပါမမလေး....ဒီမှာပါ....'

'သားငယ်က.....'

'အင်း...အိပ်ပျော်နေတာလေမောင်...ကလေးကဒီရက်ပိုင်းတအားအဖျားတွေတက်နေတာ....ကျွန်မမှာကလေးကိုပြုစုလိုက်မောင့်စီပြေးလိုက်နဲ့ဖက်ဖက်ကိုမောရော.....ဟူး..ခုတော့မောင်လဲသတိရလာ‌ောတ့တော်သေးတာပေါ့.....'

'အင်း.....မင်းပင်ပန်းသွားရပြီ..'

'ဟက်..ရပါတယ်မောင်ရယ်.......'

'ခင်ခက်ခက်...'

'ခင်လေးလို့ဘဲအရင်လိုခေါ်လေ..ဒါမှမဟုတ်လဲမောင်ခေါ်နေကြအတိုင်းကလေးလို့ခေါ်လဲရပါတယ်မောင်......'

'အင်း.....ခင်.....'

'ရှင်...'

'မောင့်ကိုသားကိုချီခွင့်ပေးပါလား...?'

'အင်း....ချီလေ....ခင်ခဏဆရာဝန်ကြီးနဲ့သွားတွေ့လိုက်ဦးမယ်...'

'အင်း......သွားလေ....'

ကျွန်တော့်လက်ထဲသားကိုထည့်ကာအဝေးကိုကျောခိုင်းထါက်သွားတဲ့သူမကိုကြည့်နေမိသည်....

တစ်ခုခုမှားနေမှန်းသိပေမဲ့ဘယ်အရာကမှားယွင်းနေမှန်းကျွန်တော်မတွေးမိခဲ့ဘူး...

လက်ထဲကအိပ်ပျော်နေတဲ့သားငယ်လေးကိုကြည့်ပြီးကျွန်တော့်မျက်လုံးထဲကနေမဖိတ်ခေါ်ဘဲသူ့အလိုလိုမျက်ရည်တွေကျနေမိသည်...

ဘာလို့ရယ်မသိဝမ်းနည်းနေမိတာကြောင့်သားငယ်လေးကိုပွေ့ဖက်ရင်ကျွန်တော်တိတ်တိတ်ကလေးငိုကြွေးနေမိသည်....

နောက်တော့ကျွန်တော်သားရဲ့ခေါင်းပေါ်ကကျွတ်နေတဲ့ဆံပင်စလေးသုံးချောင်းကိုဆွဲယူပြီးဘေးနားကtissueထဲထညိ့သိမ်းထားလိုက်သည်...

ခဏကြာတော့သူမပြန်ရောက်လာပြီးကျွန‌ေ်တာ့်ကိုစကားတွေပြော....ဆန်ပြုတ်တိုက်...ဆေးတိုက်ပြီးသားကိုခေါ်ကာအိမ်ပြန်သွားတော့သည်...

နောက်ဆုံးတော့ကျွန‌ေ်တာ်စောင့်နေတဲ့အချိန်ကိုရောက်ခဲ့ပြီလေ....

ကျွန်တော့်ကိုညစောင့်ပေးတဲ့nurseကောင်လေးကိုအကူအညီတောင်းကကျွန်တော့်ဆံပင်နဲ့ကလေးရဲ့ဆံပင်တို့အားDNAစစ်ပေးဖို့အကူအညီတောင်းမိတော့သည်.....

ဒီresultလေးထွက်လာပြီးရင်တော့အရာရာကရှင်းလင်းသွားမယ်ထင်ပါရဲ့...

........

................

'မမလေး....မမလေးပြောတဲ့အတိုင်းအဲလူကDNAစစ်ခိုင်းတယ်လေ...'

'ဟက်...ဘယ်လောက်ဘဲစစ်စစ်သူ့သွေးသားဘဲဟာ..မတူစရာလား...?ဟားဟား..ဒါတွေသိနေလို့အဲ့ကောင်နဲ့၇တဲ့သူ့သွေးသားကိုမသတ်ဘဲအသက်ရှင်ခွင့်ပေးခဲ့တာခုတော့‌ရွေးချယ်မှုမှန်ခဲ့တာဘဲ.....'

'Congratulationsမမလေး....'

'ဟက်...နင်ကြည့်နေလိုက်..အဲ့မျိုးမောင်မောင်ဆိုတဲ့လူငါ့လက်ခုပ်ထဲကရေဖြစ်လာစေရမယ်....နောက်ဆုံး....သူသိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့အဲ့ကောင်လေးကိုသူ့လက်နဲ့ဘဲကိုယ်တိုင်ပြန်သတ်မိတဲ့အခါဘဘ္လိုဖြစ်မလဲဆိုတာငါစောင့်ကြည့်ချင်နေပြီ..ဟားဟား....ငါ့အမထားထက်ထက်ကိုသူတို့လှည့်စားခဲ့သလိုမျိုး..မမထားခံစားခဲ့ရတာထက်ပိုခံစားစေရမယ်လို့ငါအာမခံတယ်.....'

စားပွဲပေါ်ကအလှဓာတ်ပုံလေးကိုလက်နဲ့အသာအယာတို့ထိမိသည်...

'မမထား...ညီမလေးတော်တယ်မလား...?မမကိုသေအောင်သတ်ပြစ်ခဲ့တဲ့သူတို့ကိုညီမလေးသေတာထက်ပိုပြီးခံစားရအောင်လုပ်နိုင်တော့မယ်....ဟားဟား...တွေးရင်းနဲ့တောင်တော်တော်ပျော်ရတဘ်...အဟက်....'

ဟားဟားဟား......

................

.......................

resultနောက်ဆူံးတော့ထွက်လာခဲ့ပြီ...

ကလေးနဲ့ကျွန‌ေ်တာ်နဲ့တော်စပ်မှုကတကယ်ဘဲသူမပြောသလို99.99%တဲ့...

ဒါဆိုသူမပြောတာအမှန်တွေပေါ့.......

'မောင်........'

'ဟင်.....အော်...ခင်....လာလေ....'

'ဘာတွေအသဲအသန်စဉ်းစားနေတာလဲ..?'

'မဟုတ်ပါဘူး...ခင်လာခေါ်မဲ့အချိန်ကိုစောင့်နေတာ....'

'အင်း....အထုပ်တွေလဲသိမ်းပြီးပြီဆိုတော့သွားရအောင်လေမောင်....'

'အင်း.....'

'လာ...ခင့်ကိုတွဲလေ...'

'အင်း....ဒါနဲ့....သားရော....'

'သားကအရမ်းငိုနေလို့....အပြင်မှာကလေးထိန်းနဲ့ထားခဲ့တယ်...လာ..သွားရအောင်လေ...'

'အင်း.....'

..........

....................

'ခုဖွင့်ပေး..တံခါးကို....ဝေးနေကောင်းတယ်..အဲ့ဆေးရုံကိုမသွားချင်ဘူးလို့...ဟင့်....'

'သားငယ်လေးကလိမ်မာပါတယ်.....'

'ဝေးသားကအိမ်မှာကျန်ခဲ့တယ်လေ..ဟင့်.....သားငိုနေတော့မှာ.......'

'သခင်လေး....ရောက်တော့မှာနော်...ခဏလေးဘဲ....သားလေးကအိပ်နေလို့စိတ်ချလို့ရပါတဘ်....'

'ဟုတ်ပါတယ်သားရယ်....'

'ဟင့်အင်း....ကားကိုခုရပ်...ဟင့်..အင့်....'

'သခင်လေး...'

'ကားကိုခုမရပ်ရင်ဝေးကားပေါ်ကနေခုန်ချလိုက်မှာနော်......'

ဆေးရုံဝန်းနားမဝင်ခင်မှာဘဲကားကိုရပ်ပေးတော့ကားရပ်တာနဲ့တပြိုင်နက်ကားတံခါးဖွင့်ကာကားပေါ်ကနေဆင်းပြေးတာကြီးမြင့်တောင်မမှီလိုက်......

'ကြီးမြင့်...လုပ်ပါဦး...'

'အေး..သားကားရပ်ချည်..ကြီးမေနောက်ကလိုက်လိုက်မယ်...'

'ဟုတ်ကဲ့.....'

...

....

ဝေးရောက်နေတဲ့နေရာကကားတွေလဲများပြီးလူတွေလဲအရမ်းကြပ်တာကြောင့်ဘယ်သွားလို့သွားရမှန်းမသိ....

လူတွေကြားဟိုတိုးဒီဝေ့နဲ့တနေရာအရောက်.....ကလေးငယ်လေးတစ်ယောက်ရဲ့အော်သံကျယ်ကြီးကိုကြားလိုက်ရသည်....

ဒီအသံ.........ဒီအသံက.....

အသံလာရာဘက်ကိုကြည့်မိတော့ကျွန်တော့်ရပ်နေတဲ့တဖက်ရဲ့လမ်းဘက်မှာ....

အဒေါ်ကြီးတစ်ယောက်ချီထားတဲ့ကလေးငယ်လေးကအော်နေတာ.....

ကလေးတချက်အော်ငိုတိုင်းကျွန‌ေ်တာ့်ရင်ဘတ်တွေအောင့်လိုက်တာများတဆစ်ဆစ်ဘဲ

'သား...အင့်...သားငယ်လေးလား.....ဟင့်......'

ကလေးလေးကအဆက်မပြတ်အော်ငိုလေကျွန်တော်ထိုနေရာကနေကလေးလေးရှိရာကိုပြေးသွားလေလေပေါ့...

ဒါပေမဲ့လူကအရမ်းကြပ်တော့ကလေးလေးရှီတဲ့နေရာကိုမ‌ရောက်နိုင်ခဲ့ဘူး.....

'သားငယ်.....ဘဘ်ကိုပြေးနေတာလဲ..?'

'လွှတ်ပါ..ကျွန်တော့်ကို........ကျွန်တော့်ကလေးလေးငိုနေပြီ....ဝေးသားလေးငိုနေပြီ....'

'...သားငယ်...'

'ကလေးကဗိုက်ဆာနေပြီကြီးမေရဲ့....ဝေးသားလေးဗိုက်ဆာနေပြီ...ဝေးကလေးကိုဝေးနို့တိုက်ပါရစေနော်....'

'သားငယ်....သားနားကြားမှားတာနေမှာပါ....'

'ဟင့်အင်း..ကျွန‌ေ်တာ့်သားလေးငိုနေတာ....ဒီမှာ..ကြီးမေ..ဝေးကိုကြည့်ပါဦး...ဝေးလက်ကိုလွှတ်နော်....ဝေးသွားမှရမယ်.......မဟုတ်ရင်ဝေးသားလေးနဲ့ဝေး...ဝေးသွားရလိမ့်မယ်...အင့်.......လွှတ်ပေးကြပါဗျာ....'

ကောင်လေးလက်ညှိုးထိုးရာကိုကြည့်မိတော့တကယ့်ကိုသခင်ငယ်လေးအရွယ်လောက်ရှိတဲ့ကလေးလေးတစ်ယောက်ပင်..ဒါပေမဲ့သခင်ငယ်လေးမှမဟုတ်ဘဲ...သခင်ငယ်လေးကဆုံးသွားပြီလေ....

ကျွန်မအတ္တကြီကြီးနဲ့သခင်လေးလက်ကိုလွှတ်မပေးမိပါ.....

'မောင်...........မောင်..........ဟို..........မှာ.......'

သားငယ်ပြောရာဘက်နောက်တခေါက်ကြည့်မိတော့မိန်းမတစ်ယောက်ကိုတွဲထွက်လာတဲ့လူတစ်ယောက်...ကလေးချီထားတဲ့ကောင်မလေးနဲ့ကြည့်ရတာတဖွဲ့တည်းပင်ထင်ရသည်...

သူတို့အားလုံးကားပေါ်ကိုတက်သွားကြသည်........

'ဟာ...သားငယ်.........'

ကျွန်မအတွေးလွန်နေချိန်မှာဘဲကျွန်မလက်ထဲကနေအတင်းရဒန်းကန်ကာထွက်ပြေးသွားတဲ့သားငယ်...

'သားငယ်..ဝေး.....!!'

ဝေးလေးကစောနကထွက်သွားတဲ့ကားနောက်ကိုအပြေးလိုက်ရှာသည်....

'မောင်.....သား.....ဝေးကိုမထားခဲ့ပါနဲ့....!!!'

'...သခင်လေး...!!!'

'သားငယ်..ပြေးမလိုက်ပါနဲ့တော့...'

'ဟင့်..အင့်...ဝေးကိုမထားခဲ့ကြပါနဲ့.......အ့.....'

ပြေးနေရင်းနဲ့ခြေခေါက်ကာချော်လဲကျသွားပေမဲ့နာနေတဲ့ခြေထောက်ကိုပြန်ထောက်ကာပြေးလိုက်ဖို့လုပ်နေပေမဲ့ခုတော့ကားလေးကဟိုးအဝေးတနေရာကိုလွတ်လပ်စွာခရီးနှင်ရှာနေပြီလေ.....

'သားငယ်...အဆင်ပြေရဲ့လား....အိုး..ခြေထောက်မှာလဲသွေးတွေနဲ့....'

'သခင်လေး...ကျွန်တော်ချီမယ်နော်.....'

'ဟင့်အင်း...ဟိုမှာ.....မောင်....သား...သားငယ်....က.....................'

'သခင်လေးအမြင်မှားတာပါ.....'

'သူတို့...ထွက်သွား...ကြပြီ......ဝေး.....ဝေးကို...ထား..သွား......ဟ့..........အ့.......နာ...နာလိုက်တာ..................ဒီရင်...ဘတ်...ကြီး......က....'

'သခင်လေး..သခင်လေး.....စိတ်ကိုလျှော့..အသက်ကိုပုံမှန်ရှူနော်...ကြီးမြင့်...'

'ဟေ...'

'ကျွန်တော်သခင်လေးကိုပွေ့ပြီးအရင်ခေါ်သွားနှင့်မယ်..ကြီးမေနောက်ကနေဖြည်းဖြည်းလိုက်ခဲ့နော်.....'

'အေး..အေးပါကွယ်...ဟင့်..သားငယ်..အားတင်းထားနော်.....သားလေးရယ်....'

ကြီးမြင့်ကိုမှာစရာရှိတာမှာပြီးတာနဲ့ကျွန်တော်လဲသခင်လေးကိုပွေ့ကာခပ်မြန်မြန်ပင်ဆေးရုံထဲပြေးဝင်မိသည်......

'သခင်လေး....သတိကပ်နေနော်...ကျွန်တော်ခေါ်တာကြားရလား...သခင်လေး..'

သခင်လေးကတော့ကျွန်တော့်ရင်ခွင်ထဲမှာမျက်လုံးလေးတွေတင်းတင်းမှိတ်ရင်းရင်ဘတ်ကအကျီစကလေးကိုတင်းတင်းစုပ်ထားလေသည်.....

အမောဖောက်နေတဲ့ကြားကနေတအင့်အင့်ရှိုက်ငိုကာ'မောင်'ဆိုတဲ့နာမ်စားလေးကိုလဲခေါ်မိသလို..'သားငယ်'လို့လဲတတွတ်တွတ်ခေါ်ခဲ့ပြန်ပါသေးသည်.......

ဒီလိုနဲ့အဲ့နေ့ကသခင်လေးအခြေအနေမဟန်တာကြောင့်ဆေးရုံသာတင်လိုက်ရတော့သည်....

တဖက်မှာလဲကားရဲ့အနောက်ဘက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ကလေးငယ်လေးကြောင့်မောင်တစ်ယောက်မနေနိုင်တော့ဘဲသားငယ်လေးရှိရာကိုကြည့်မိတော့...လူတစ်ယောက်..ကောင်လေးတစ်ယောက်ကိုရင်ခွင်ထဲပွေ့ကာဆေးရုံထဲပြေးဝင်သွားတဲ့မြင်ကွင်းလေး....

အဝေဂကနေတော့ဘယ်သူဘဘ်ဝါမှန်းမသိပေမဲ့ထိုရင်ခွင်ထဲကကောင်လေးကိုကြည့်ပြီးသူ့အလိုလိုမျက်ရည်ကျမိပြန်သည်.....

သားကလဲထိုမြင်ကွင်းလေးကိုသာငေးကြည့်နေပြန်သည်.....

ရှိုက်သံလေးတွေထွက်နေပေမဲ့မငိုတော့......

အဝေဂတနေရာကိုသာတွေတွေလေးငေးနေပြန်သည်...

ကျွန်တော့်နည်းတူပေါ့...

'မောင်..ဘာတွေကြည့်နေတာလဲ..?ဟော..မောင်ငိုနေတာလား..?'

'အင်း....ဒီလိုဘဲ....စောနကဆေးရုံဝန်းထဲပြေးဝင်သွားတဲ့ကောင်လေးကိုကြည့်နေတာ......သူပွေ့ထားတဲ့ကောင်လေးကဘာဖြစ်တာလဲမသိပါဘူးခင်ရယ်..အဲ့ကောင်လေးကိုကြည့်ပီဲးဘာရယ်မဟုတ်ဝမ်းနည်းသွားလို့..'

'အော..ဆေးရုံဆိုမှတော့မောင်၇◌ယ်နေမကောင်းတာဘဲဖြစ်မှာပေါ့.....ထားပါအပိုတွေအတွက်ခေါင်းထဲထည့်မနေနဲ့...မောင်ခေါင်းကိုက်နေမယ်....မောင်ခဏလောက်မှေးနေရင်မှေးလေ........'

'အင်း.....'

'ပေ့......အင်း...ပလပ်..ပလပ်...'

သားငယ်နှုတ်ကနေထွက်လာတဲ့စကားလေး....

ပေ့...တကယ်ကိုရင်းနှီးတဲ့စကားလေး......

နောက်တော့သားငယ်လေးကနှုတ်ခမ်းတွေကိုသပ်ကာလက်သေးသေးလေးတွေနဲ့အဝေးတနေရာကပုံရိပ်လေးကိုလက်လှမ်းသယောင်....

ခင်ကချီလိုက်တော့သားကငြိမ်နေရှာတယ်.....

'အိပ်တော့...ကလေးဆိုတာအိပ်ရတယ်....လိမ်မာတယ်....'

ခင်ပြောလိုက်တော့သားလေးရင်ခွင်ထဲမှာငြိမ်နေရှာတယ်..နောက်တော့အိပ်ပျော်သွားတဲ့ကလေးငယ်.....

'ခင်...'

'ရှင်...'

'ပေ့ဆိုတာက....'

'အော်..အင်း..အဟင်း...ဘာမှမဟုတ်ဘူး..သားကစကားသင်ခါစဆို‌ောတ့လျှောက်ခေါ်တာ...မောင့်ကိုခေါ်တာလဲဖြစ်နိုင်တာဘဲလေ...'

'အင်း..အင်း..ဟုတ်မှာပေါ့...'

'ကဲ..မောင်လဲခဏအိပ်တော့....ခင်အိမ်ရောက်ရင်နှိုးလိုက်မယ်....'

'အင်း....'

သားကိုသတိထားပြီးကြည့်မိတော့ခင့်ရင်ခွင်ထဲကသားကတခစ်ခစ်နဲ့ရယ်နေပြန်သည်....

အိပ်နေရင်းနဲ့ပေါ့...

နေ့တိုင်းအငိုမတိတ်တဲ့ကလေးလေးကစောနကပုံရိပ်လေးတစ်ခုကြောင့်အငိုတိတ်သွားတဲ့အပြင်ခုလဲတခစ်ခစ်နဲ့၇◌ယ်နေသေးတယ်....

တကယ်ဘဲ....ဘာကြောင့်များလဲ...?

.....

..............

'ကြီးမြင့်....အဆင်ပြေရဲ့လား..?အဝတ်တွေရော...'

'အင်း..လဲခဲ့ပေးလိုက်တဘ်ကွယ်....သားငယ်လေးကိုကြည့်ပီဲးသနားလိုက်တာကွယ်...စောနကကလေးလေးကိုကြည့်ပြီးသားငယ်လို့အော်ခေါ်နေ၇ှာတယ်လေ.....ပြီးတော့လဲကလေးကိုသူနို့တိုက်ရဦးမှာတဲ့....အဲတုန်းကကြီးမေသတိမထားခဲ့မိဘူး...သားငယ်ရင်ဘတ်ကနေနို့ရည်တွေကျနေခဲ့တာကို.........ဟင်း...သားငယ်ရင်ဘတ်ကနေခုနို့ရည်တွေကျနေပေမဲ့စိတ်မကောင်းစရာကကလေးငယ်..သခင်လေးကမရှိတော့ဘူးလေ.....ဒါကြောင့်ကြီးမြင့်ဆရာ့ကိုအကူအညီတောင်းပြီးနို့ခန်းဆေးထိုးခိုင်းလိုက်တဘ်သား....'

'အင်း.......သခင်လေးကသနားစရာကောင်းလိုက်တာ..ဟင့်..ကျွန်တော်ဘာလုပ်ပေးရမလဲတောင်မသိတော့ဘူးဗျာ...သေသွားတဲ့ကျွန‌ေ်တာ့်ဆရာနဲ့သားငယ်လေးကိုပြန်ခေါ်ပေးလို့ရရင်ကောင်းမှာဘဲနော်ကြီးမြင့်..ဟင့်....'

'ဟင်း...ဖြစ်ပျက်ခဲ့သမျှကလဲအကောင်းလို့ဘဲမှတ်ယူဖြေသိမ့်ရမှာပေါ့သားရယ်....'

ကုတင်ပေါ်မှာတိတ်ဆိတ်စွာလဲလျောင်းနေတဲ့ကောင်ငယ်လေးကိုကြည့်ပီဲးကြီဂမြင့်နဲ့ရဝေမှာစိတ်မကောင်းဖြစ်ရုံသာတတ်နိုင်‌ောတ့သည်....

ခုချိန်သူတို့လုပ်ပေးနိုင်တာကောင်လေးကိုစောင့်‌ေ၇ှာက်ပေးရုံကလွဲပီဲးတခြားဘာမှမှမလုပ်ပေးနိုင်ဘဲလေ......

လက်မလျှော့လိုက်ပါနဲ့သခင်လေးရယ်....

ကျွန်တော်နဲ့ကြီးမြင့်သခင်လေးအနားမှာရှိပါသေးတယ်....

သခင်လေးအားတင်းထားရမယ်နော်......

------------------------

To be continued

Zawgyi

မျက်စိမှိတ်ထားကွယ်....




'ဒေါက်...ဒေါက်....သခင်လေး'




'သခင်လေး.....'

'ဟင်......'


'ဟွန်း....မစားချင်သေးဘူး....'

..?'







'အင်း....အင်း....'


'အာ.....'


'ဟီး......'

'ဟော....သခင်လေးကသဘောကျနေတာလား...?'.

'ကိုရဝေ....'

'ဗျာ...'.

'ဝေးကလိမ်မာတယ်မလား...?'

'အင်း......လိမ်မာတာပေါ့....'


'အင်း....'

'ထမင်းတွေလဲစားတယ်လေ....'

'ဟုတ်တာပေါ့....'




'ဟင့်..ကိုရဝေ....အင့်.....'

'.....'


'ဟို...အဲ့တာ..အဲ့တာက....'


'ဟို....'



'အင်း...အင်း.....'


'အာ......'




တိုင်းတပါးကိုရောက်နေခဲ့တာလို့လဲညာခဲ့တော့သခင်လေးကအဲ့တုန်းကျွန်တော့်ကိုပြုံးပြီးပြောရှာတယ်...မောင်စိတ်ဆိုးပြေတဲ့တနေ့ အလုပ်တွေပြီးတဲ့တနေ့ဝေး တို့သားအဖစီသူ့ဘာသာပြန်လာပါလိမ့်မယ်တဲ့.....





...........
..............





ဒါ..ဒီနေရာက....











အား!!တကယ်စဉ်းစားမရဘူး.....!!


(မောင်..ဒါလေးက....


အဲ့တာလေးက....





ဟားဟား....ဟုတ်ပါပြီကွာ....)



'ဟော.....နိုးလာပြီလား...?'



'မောင်.......'



'မင်း...မင်းက.......'


'Sorryပါ...ငါ့စိတ်ထဲမှာအရာရာကရှုပ်ထွေးနေတယ်....တကယ်ဘဲမင်းပြောပြနိုင်မလား...?မင်းကဘဘ်သူလဲ..ပြီးတော့...ငါကရော...ဘယ်သူလဲဆိုတာ......?'


ရင်ခွင်ထဲတိုးဝင်ရင်းကောင်လေးအကျီစလေးကိုလက်ကလေးနဲ့ခပ်ဖွဖွဆဲါကာမရဲတရဲပြောလာတာက




'အင်း....ဟုတ်သလိုဘဲ....'




သူမပြောပုံအရကျွနေ်တ်ာတို့ကလင်မယားတွေဆိုပေမဲ့ကျွန်တော်နဲ့သူမကြားမှာတစိမ်းဆန်နေသယောင်........




'သားငယ်က.....'



'ဟက်..ရပါတယ်မောင်ရယ်.......'

'ခင်ခက်ခက်...'


'အင်း.....ခင်.....'

'ရှင်...'



'အင်း......သွားလေ....'







နောက်ဆုံးတော့ကျွနေ်တ်ာစောင့်နေတဲ့အချိန်ကိုရောက်ခဲ့ပြီလေ....



........

................







ဟားဟားဟား......

................

.......................


ကလေးနဲ့ကျွနေ်တ်ာနဲ့တော်စပ်မှုကတကယ်ဘဲသူမပြောသလို99.99%တဲ့...


'မောင်........'

'ဟင်.....အော်...ခင်....လာလေ....'




'အင်း.....'

'လာ...ခင့်ကိုတွဲလေ...'

'အင်း....ဒါနဲ့....သားရော....'


'အင်း.....'

..........

....................





'ဟုတ်ပါတယ်သားရယ်....'


'သခင်လေး...'



'ကြီးမြင့်...လုပ်ပါဦး...'


'ဟုတ်ကဲ့.....'

...

....



ဒီအသံ.........ဒီအသံက.....









'...သားငယ်...'






'မောင်...........မောင်..........ဟို..........မှာ.......'



'ဟာ...သားငယ်.........'


'သားငယ်..ဝေး.....!!'



'...သခင်လေး...!!!'










'ဟေ...'

















'အင်း.....'

'ပေ့......အင်း...ပလပ်..ပလပ်...'







'ခင်...'

'ရှင်...'

'ပေ့ဆိုတာက....'


'အင်း..အင်း..ဟုတ်မှာပေါ့...'


'အင်း....'


အိပ်နေရင်းနဲ့ပေါ့...



.....

..............










------------------------

To be continued



Continue Reading

You'll Also Like

152K 6.7K 31
ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။(4.11.2021) ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။
29.4K 2K 36
"Too nuff too likkle bit and nuff"
2.9K 89 24
ချစ်လျှက်နဲ့ဝေးကွာရတာတွေကို သိပ်မုန်းတယ်မောင်။
692K 58.1K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...