" သင်တန်းသား အသစ်လေးလာပြီ"
နေစင်ဟန် music club အခန်းထဲ
ဝင်လိုက်ချင်းပင် ကြိုဆိုမှုပြုတဲ့ အစ်မသော်တာ။ မနေ့ထဲကcbမှာ ပြောထား
သဖြင့် သူ့ကိုသိနေခြင်းပင်။
" ဒီနေ့လာမယ်ပြောတဲ့
အသစ်လေးလားသော်တာ "
"ဟုတ်တယ်"
"နာမည် ဘယ်လိုခေါ်လဲမောင်လေး"
"နေစင်ဟန်ပါ"
"ဟယ် နာမည်လေးက
ဆင်လိုက်တာ"
အစ်မသော်တာဘေးက music club
ကနာမည်ကြီးကိုဂျွန်ဆိုသူကိုသူ ပြုံး
သာပြလိုက်တယ်။
ကိုဂျွန်က come out လုပ်ထားတဲ့
gay တစ်ယောက်ဆိုတာ ဒီကျောင်းမှာ
မသိတဲ့သူ မရှိသလောက်
ပါပဲ။
"နင် လုပ်စရာရှိတာသွားလုပ်ဂျွန်
ကိုယ့်ကလေးတွေကိုယ်သွားကြည့် "
ကိုဂျွန်က သူ့ကိုလက်လေးလှုပ်ပြ
သွားပြီး မျက်လုံးတစ်ဖက် မှိတ်ပြ
သွားသည်။
" အစ်မတို့clubထဲအဖွဲ့ဝင်မယ်ဆိုရင်
ဖောင်အရင်ဖြည့်ရမယ် နော် မောင်လေး"
" ဟုတ်ကဲ့ အစ်မ"
အစ်မသော်တာ လာပေးတဲ့ စာရွက်မှာ
သူလိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပေးလိုက်ပြီး အစ်မသော်တာကို ပြန်ပေးလိုက်သည်။
" အကူအညီလိုရင် ဒီမှာအဆင်သင့်
ပဲနော်"
ကိုဂျွန် လှမ်းပြောတော့သူပြုံးနေမိ
လျက်ပင်။
"ကျွန်တော် ဖြည့်ပြီးပြီအစ်မ ဒီမှာ
သင်တန်းကြေး "
"သင်တန်းကြေးကမလိုတော့ဘူး
မျက်နှာလေးနဲ့တင်freeရှင်း ဖြစ်
သားဖြစ်သွားပြီ"
"မိဂျွန် နင်တော့နော်"
"ဟဲ့ ငါ့ကို လူရှေ့သူရှေ့ အဲ့လိုမခေါ်နဲ့
လို့ ပြောထားတယ်မလား"
အရပ်အမြင့်ကြီးနဲ့လူကောင်ကြီးတဲ့
ကိုဂျွန်က စကားပြောမှပင်နည်းနည်း
နွဲ့သလိုဖြစ်နေတာကိုသိနိုင်မည်။
" ဟုတ်ပြီ နေစင်ဟန် မောင်လေး လောလောဆယ်တော့အစ်မတို့က
guitarအခြေခံကစပြီးအသစ်တွေကို သင်တန်းပေးနေတာ တော်တော်လေး
ခရီးရောက်နေပြီ။ မောင်လေးက ခုမှ
အသစ်လာတယ် ဂီတာအခြေခံလည်း
မရှိဘူး ဆိုတော့ အစကနေ ပြန်သင်
မှရမယ်။ကိုမိုးကသင်ကြားရေးပိုင်း
မအားတော့ဘူး အခုအစ်မနဲ့ ကိုဂျွန်
ကပဲ အသစ်လေးတွေကို ဆက်သင်
ပေးနေတယ်။မောင်လေး ဘယ်သူနဲ့
သင်ချင်လဲ"
" တို့ကိုရွေး....အယ်မှားလို့ ကိုဂျွန်
ကိုရွေး ကိုဂျွန်သေချာသင်ပေးမယ်
အစကနေကို သေသေချာချာ"
" ကျွန်တော် နောက်ကျသွားတယ်"
ရင်းနှီးနေတဲ့ အသံနှင့်အတူ နေစင်ဟန် စကားပြောနေရာကနေ အနောက်သို့
လှည့်ကြည့်မိသွားတယ်။
တံခါးဝမှာ ရပ်နေတဲ့ ဆန်းဆက်က
သူ့ကိုမြင်လိုက်ရတာ အံ့ဩသည့်ဟန်
ဖြစ်သွားတာနဲ့သူလည်း မထင်မှတ်
ထားတဲ့ မျက်နှာတစ်ခု လုပ်ယူလိုက်ရသည်။
"နေစင်ဟန် "
"နေစင်ကို သိတာလားဆန်းက"
" ကျွန်တော် ဆန်းဆက်နဲ့ သင်လို့ရ
မလား အသိတွေဆိုတော့"
စိတ်လှုပ်ရှားနေသည်ကိုထိန်းကာ
အေးဆေးစွာနှင့်ပင် ဆန်းဆက်ကို
အကြည့်မလွှဲရင်းမသော်တာကို
သူပြောလိုက်ချိန်။
"ဆန်းဆက်နဲ့လား"
မသော်တာက ပြောရခက်နေသလိုနှင့်။
"အမ် ဆန်းဆက်က သင်ကြားရေး
အတွက်အချိန်သိပ်မရဘူး ပြီးတော့
အဓိကသူကbandရဲ့ အဆိုပိုင်းဆို
တော့လေ ဂီတာသင်ပေးလို့အားပါ့
မလားမသိဘူး ဂျွန်ကလိုက်စနေတာ
မောင်လေးအစ်မနဲ့သင်လည်းရ
တယ်နော်"
" ကျွန်တော်သင်ပေးလိုက်မယ်
မသော်တာ"
ကိုဂျွန်နှင့်မသော်တာက ဆန်းဆက်ကို အားနာနေသလိုနှင့် bandမှာ
ဆန်းဆက်က နာမည်ကြီးဖြစ်တာကြောင့် ဦးစားပေးခံထားရသည်မှာ အသိသာ၊။
" အချိန်ရရဲ့လား ဆန်း "
" ရတယ် ဂျွန် "
ဆန်းဆက်က သူ့ကိုကြည့်လာလျက်
ဂီတာတွေ ချိတ်ထားတဲ့ နံရံမှာအိတ်နဲ့
ထည့်ထားတဲ့သူ့ဂီတာကိုယူလိုက်သည်။
"မင်းကြိုက်တဲ့ ဂီတာတစ်လက်ယူပြီး
တော့ လာခဲ့"
သင်တန်းသားတွေအတွက်ကတော့
ဒီအတိုင်းထောင်ထားတဲ့ဂီတာလက်
ကျန်တွေက ရှိနေသည်။ တခြား သင်တန်းသား ငါးယောက်လောက်က
လည်း မသော်တာနဲ့ကိုဂျွန်နဲ့အတူ
ရှိနေကြသည်။
အခန်းကဟောခန်းလိုမျိုး အတော်
လေးကို ကျယ် သည်။ထောင့်နားက ပြတင်းပေါက်ဘေးက ခုံမှာ သွားထိုင်ပြီး ဆန်းဆက်က သူ့ဂီတာကို ကြိုးညှိနေပြီ။
သူ ဂီတာတလက်ကို ယူလာခဲ့ကာ
ခုံတလုံးနဲ့ ဆန်းဆက်မှူးဘေးမှာဝင်ထိုင်လိုက်သည်။
ဆန်းဆက်ကခေါင်းငုံ့လျက် ဂီတာကြိုး
တွေကိုညှိနေတော့ သူလည်း ဘာမှ
မပြောပဲ စောင့်နေတဲ့အချိန်။
" ရုတ်တရက်ကြီး ဘာဖြစ်လို့music clubထဲကို ဝင်လာတာလဲ"
ဆန်းဆက်က သူနဲ့ မျက်နှာချင်းဆိုင်လာသည်မို့နေစင်ဟန် ရုတ်တရက်
ဖြေစရာမဲ့သွားသော်လည်း အမြန်ပင် မျက်နှာမှာ တည်ငြိမ်မှုတစ်ခု လုပ်
ယူလိုက်ရသည်။
" ငါ ဂီတာတီးသင်ချင်လို့လေ"
"ဂီတကို မင်းကစိတ်ဝင်စားတယ်ပေါ့"
"အင်း "
ဘာမှဆက်မပြောတော့ပဲ ဆန်းဆက်က
ကြိုးညှိပြီးသွားတဲ့ဂီတာကို စတင်တီး
လိုက်သည်။
" ဟိုတစ်နေ့က ဆိုင်ကယ်နဲ့ လိုက်ပို့
ပေးတာ ကျေးဇူးပဲ "
"အော် ရပါတယ် မင်းလည်းငါ့ကို
ကူညီဖူးတာပဲ"
"ဘယ်တုန်းက"
သူတကယ်ပင်မသိလိူ့ ပြန်မေးလိုက်
မိပြီးမှ ဆန်းဆက်မျက်နှာကိုကြည့်
ရင်းပြန်စဥ်းစားကာ သဘောပေါက်သွားသည်။
" အဲဒီတုန်းကလား ငါကဘုန်းပြည့်နဲ့
ခင်လို့လေ ဘယ်သူတွေဘာဖြစ်မှန်း
မသိပေမယ့် ဘုန်းပြည့်ကမင်းကိုသွား
ဆွဲခိုင်းလို့"
" ငါ့ကိုစသိသွားတာ အဲဒီအချိန်မှ
လား"
"အင်း"
" ပထမဆုံး တွေ့ဆုံမှုကသိပ်မမိုက်ဘူးပဲ"
ဆန်းဆက်က မျက်နှာတည်သွားလျက်။
"ဂီတာ အခြေခံ သင်ဖူးလား"
"မသင်ဖူးဘူး"
"အဲ့ဒါဆိုငါတို့rhythm level 1ကနေ
စပြီးသင်ရမယ်"
ပြောရင်းနဲ့ သူ့ဂီတာကိုမှောက်လိုက်တော့ ဂီတာ အလယ်ကအပေါက်လေးထဲက
နေ တခုခုကျလာသည်။
"အခုမှစတီးမှာဆိုတော့ pickကိုင်လိုက် မဟုတ်ရင် လက်နာလိမ့်မယ်"
ဆန်းဆက် ကမ်းပေးလာတဲ့လက်မနာ
အောင်အခံတီးတဲ့pickလို့ခေါ်တာလေး
ကိုသူယူလိုက်သည်။
" အရင်ဆုံး မင်းလက်ကို အောက်ဆုံးက နံပါတ်တစ်ကြိုးပေါ်မှာတင်လိုက်
ပြီးရင် ဒီဘက်လက်ကလက်ညှိုးကိုတစ်အကွက်ကနံပါတ်တစ်ကြိုးအပေါ်ပဲ
တင်ပြီး တစ်ချက်တီး"
ဆန်းဆက်ပြောတဲ့အတိုင်း သူလိုက်
ကြည့်ကာ နားထောင်ပြီး အစမ်းတီး
ကြည့်လိုက်သည်။
"Pickက အဲလိုကိုင်ရတာမဟုတ်ဘူး
လေ ပြောင်းပြန်ကြီး"
သူ့ကြောင်နေတုန်းပင် ဆန်းဆက်က
သူ့လက်ထဲက pickကိုယူ၍ ကိုင်ရ
မည့်ပုံစံကို သေချာပြတယ်
ပြီးတော့pickကို ပြန်ပေးတဲ့အချိန် ဆန်းဆက်ရဲ့လက်နဲ့သူ့လက်အသာလေး
ထိသွားခဲ့သည်။
ဆန်းဆက်ကတော့ သတိထားမိပုံမပေါ်။
ယောကျာ်းလေးဆိုတော့ဂီတာက
ဝါသနာပါတာပဲ ။ ဆန်းဆက်က
နံပါတစ်ကြိုးကိုပဲ လက်ညှိုးလက်ခလယ်
လက်သူကြွယ် အကွက်ရွှေ့၍ အခြေ
ခံကို အချိန်ကြာကြာ သင်ပေးနေသည်။ စိတ်ရှည်တယ်လို့လည်း ပြောရမည်။
ဂီတာကို စိတ်ပါဝင်စားစွာ တီးနေတဲ့
ဆန်းဆက်က ဆွဲဆောင်မှုရှိစွာ မိုက်လွန်းနေသည်။
"အိုး အို ဆန်းဆက်က စိတ်ရှည်နေ
လိုက်တာ အသစ်လေးကို သေသေ
ချာချာ ကိုယ်ဖိရင်ဖိ သင်ပေးနေတာပဲ"
သူတို့အနားကို ရောက်လာတဲ့ကိုဂျွန်။
" ကျွန်တော် စိတ်မရှည်တာကို ဂျွန်
မြင်ဖူးလို့လား"
"အဲ့တော့ နှစ်ယောက်က အရင်ထဲက
ရင်းနှီးနေကြတယ်ပေါ့"
ဆန်းဆက်က သူ့ကိုပြန်ကြည့်လာလျက်။
"သိတာထက်ကိုပိုတဲ့ သူငယ်ချင်းတွေ။
ဂျွန် အကြည့်တွေကိုအခုထဲကရပ်
ထားလိုက်နေစင် လန့်သွားမယ်"
ဆန်းဆက်က ကိုဂျွန်ကို အေးအေးဆေးဆေးပဲ ပြောလိုက်တာပင်။
"အိုး အို သူငယ်ချင်းကို စိုးရိမ်ပေးတာလား"
ကိုဂျွန်ကပြုံးလျက် ။
" ဘာမှမကြောက်နဲ့နော် အချောလေး
ဂျွန်က ဘယ်အဆင်လေးတွေကိုမှ
အပျော်မကြံဘူး အတည်ပဲကြံတာ"
"ဗျာ"
ဒီတခါတော့ ကိုဂျွန်စကားကို ဆန်းဆက်
က သဘောတကျနဲ့ ရယ်နေသည့်
အတွက် သူပါ လိုက်လျောညီထွေ
ဖြစ်အောင်ပြုံးလိုက်မိသည်။
သူ
သတိထားလိုက်မိတာကတော့
ဆန်းဆက်က ရယ်လိုက်လျှင် ပိုပြီးဆွဲဆောင်မှုရှိတာပင်။
"ကိုဂျွန်စတာနော် နေစင်။ ဒါနဲ့ မင်းတို့နှစ်ယောက်ရဲ့နာမည်တွေက လိုက်ဖက်ညီ
နေတယ်နော်။အရမ်းကိုတောက်ပတဲ့
နေတစ်စင်းနဲ့အားလုံးကစောင့်ဆိုင်းပြီး
ငေးကြည့်ရတဲ့နေဝင်ဆည်းဆာ"
ကိုဂျွန် စကားကြောင့် ဆန်းဆက်နဲ့သူ အကြည့်ချင်းဆုံသွားသည်။
တခဏအကြာဆန်းဆက်က အရင်မျက်နှာလွှဲ၍
" ကဗျာဆန်လှချည်လား ကိုဂျွန်"
" ကဗျာဆန်ကိုဆန်ရမယ်လေ နေနဲ့
ဆန်းဆက်ဆိုတဲ့ ကောင်းကင်ကြီး
တစ်ခုလုံးကို အပိုင်ရထားမှတော့ ငါတို့clubကတော့ ဒီထက်ပိုပြီး
ကောင်မလေးတွေကြားမှာ နာမည်
ကြီးလာဦးမှာ "
"ကိုဂျွန်ကိုတော့ တစ်ကယ်ပဲ မနိုင်ဘူး"
ဆန်းဆက်က သဘောတစ်ကျ ရယ်နေ
လျက်ပင် သူ့ကို ပြုံးပြလာပြီး ကိုဂျွန်နဲ့ စကားဆက်ပြောနေသည်။
ကိုဂျွန်က ဆန်းဆက်ရဲ့ပုခုံးကိုဖက်ပြီး
အနှောင့်အသွားမလွတ်စကားတွေနဲ့
စနောက်နေပါသော်လည်း ဆန်းဆက်က ပြုံးရယ်လျက်
အေးအေးဆေးဆေး ဖြစ်နေလျက်ပင်။
သူဟာ အနည်းငယ်တော့ လူရဲ့စိတ်ကိုကြည့်တတ်တဲ့သူပါ။
ဆန်းဆက်က လုံးဝဟန်ဆောင်နေ
ခြင်းမပါ။စိတ်ရှည်သည်းခံပြီး လူသားအချင်းချင်း ခွဲခြားတဲ့စိတ်မရှိတာကို
တွေ့လိုက်ရသည်။
မသော်တာ စကားလာပြောပြီး အကူအညီတောင်းတာတချို့ကိုလည်းပြန်ဖြေပေးလျက် ဒီထဲမှာရှိနေတဲ့ သင်တန်းသားတွေ အကုန်လုံးနှင့်လည်း ဆန်းဆက်က
ခင်သည်။ တရင်းတနှီးဆက်ဆံသည်။
ဘယ်လောက်ပဲမွေးစားသားရဲ့
ကလေးဖြစ်နေပါစေ သူ့အဖွားက
ဦးပိုင်ဦးရဲ့လက်ရှိဇနီးမယားပဲ။ ဆန်း
ဆက်ကလည်း သူဌေးမြေး သူဋ္ဌေးသား
တယောက်ပဲ။ ဒါပေမယ့် ဗျူဟာ
ပိုင်လိုမျိုး မာနမကြီးပဲ ပုံမှန်အတိုင်း
ပင် လိုက်လျောညီထွေရှိ၍ သဘော
ကောင်းသည့်ဟန် အပြည့်ရှိသည်။
အဲဒီအချိန်မှာ လက်ထဲမှာ
အထုပ်တထုပ်နှင့်အတူ အခန်းထဲကို
ဝင်လာတဲ့ဝတ်ရည်ဦး။ တံခါးပေါက်
ဝမှာတော့ သူငယ်ချင်းလို့ထင်ရတဲ့ ကောင်မလေးတစ်ယောက်ရပ်နေသည်။
"ဝတ်ရည် ဘာတွေဝယ်လာပြန်ပြီလဲ"
မသော်တာက ဝတ်ရည်ဦး လက်ထဲက အထုပ်ကို ကိုင်ပေးလိုက်သည်။
"အအေးဘူးတွေ ဝေပေးလိုက်မသော်"
"ဝတ်ရည်ကတော့ တစ်ကယ်ငါတို့
bandက မင်းသမီးလေးပဲ လူလေးရော
စိတ်ရောလှ အဲတာကြောင့် ပိုပိုပြီး
ချောလာတာနေမယ် "
" အဲဒီလိုမမြှောက်လဲ ဝယ်ကျွေးမှာ
ပါနော်ကိုဂျွန်"
ဝတ်ရည်ဦးကရယ်လျက်ပင် ကိုဂျွန်နဲ့ စကားပြောရာကနေ ဆန်းဆက်ကို ကြည့်လာပြီး ဆန်းဆက်ဘေးက သူ့ကိုမြင်သွားသည်။
"သူ့ကို မြင်ဖူးသလိုပဲ နေပါအုံး ငါတို့ကအတန်းအတူတူပဲမဟုတ်လား"
" ဟုတ်တယ်"
သူပြန်ဖြေလိုက်တော့။
"နေစင်ဟန်တဲ့ ဝင့်နဲ့ အတန်းအတူတူပဲ
ငါတို့ ဘော်ဒါတစ်ယောက်တိုးပြီ"
ဆန်းဆက်က ဝင်ပြောလိုက်သည်။
" အဲတာကြောင့် မြင်ဖူးနေပါတယ်လို့
ဒီရက်ပိုင်းတော့ အတန်းထဲမှာမတွေ့
မိသလိုပဲ။ဝတ်ရည်လို့ပဲခေါ်နော် အခုမှ music clubထဲအသစ်ဝင်တာလား "
"ဟူတ်တယ် "
သူလိုရင်းပင် ပြန်ဖြေလိုက်တော့
ဝတ်ရည်ဦးက ပြုံးလျက် မသော်
လက်ထဲကနေ အအေးတစ်ဘူးကို
ယူပြီး သူ့ကိုကမ်းပေးသည်။
သူအားနာလွန်းစွာနှင့်ပင်။
"ရ ရတယ် မသောက်တော့ဘူး"
"ယူပါ အကုန်လုံးကို တိုက်ချင်လို့
ဝယ်လာတာ"
အအေးဘူးကိုဝတ်ရည်ဦး လက်ထဲကနေ လှမ်းယူလိုက်တယ့်အချိန် သူ့လက်တွေကတော့ အေးစက်နေခဲ့သည်။
" ဒီနေ့တော့ ဒီလောက်ပဲ။သင်ထား
တာကို ပြန်လေ့ကျင့်ထားလိုက်။
မသော် ကျွန်တော် သွားလိုက်ဦးမယ်နော်"
ဆန်းဆက်က သူဘေးမှာထိုင်နေရာ
ကနေ ထရပ်ပြီးဝတ်ရည်ဦးဘေးမှာ
သွားရပ်ချိန်ဝတ်ရည်ဦးမျက်နှာက
ရှက်ပြုံးတွေ ဖြစ်သွားလျက်။
"အမယ် လာခေါ်တဲ့သူရှိတာနဲ့ ချက်ချင်းသွားတော့မှာပေါ့လေ"
ကိုဂျွန်က စူးစမ်းသလိုပြောတော့။
"မဟုတ်ဘူး ရတယ်။ ဒီအတိုင်းမသော်
တို့ကိုလာတွေ့တာ ဆန်း နင်နေရင်နေ
ခဲ့လေ အချိန်ရလို့လား"
ဝတ်ရည်ဦးက အားနာနေပြီးရှက်နေ
ပုံရပေမဲ့
"ရတယ် ဘာလို့မရရမှာလဲအခုသွားမှ ရုပ်ရှင်ကြည့်ဖို့အချိန်မှီမှာ။ ကျွန်တော်တို့သွားပြီမသော် သွားပြီကိုဂျွန်"
ဆန်းဆက်က ပြောရင်း ဝတ်ရည်ဦးရဲ့
စာအုပ်တွေထည့်ထားတဲ့ဖိုင်ကို ဆွဲယူကာ ကိုင်ပေးလိုက်သည်။
" နှစ်ယောက်ထဲ ကျောင်းပြေးကြမှာပေါ့လေ"
ရှက်ပြုံးလေးနဲ့
ပြန်ဖြေရခက်နေတဲ့ဝတ်ရည်ဦးရဲ့ လက်ကောက်ဝတ်ကိုဆန်းဆက်က
ဆွဲကိုင်ကာ အခန်းထဲကနေ ဦးဆောင်
ကာ ခေါ်သွားသည်။
"အရမ်းလိုက်တာပဲ ချစ်စရာလေးတွေ"
ထွက်သွားတဲ့ သူနှစ်ယောက်ကို ကိုဂျွန် သဘောတကျနဲ့ငေးရင်းပြောသည်။
" ဒီလောက်ကပ်နေတာ သူတို့တွဲနေ
ကြပြီလို့မထင်ဘူးလား"
" အဲဒါတော့ပြောရခက်တယ် ဒီနှစ်ယောက်ဘာလို့officialမချပြတာလဲမသိဘူး သူငယ်ချင်းတွေ ဆိုပြီးငါတို့ကိုဂျင်း
နေတာနှစ်ယောက်ကြားမှာ တခုခုတော့
ရှိနေမှာ သေချာပါတယ်"
မသော်တာနဲ့ ကိုဂျွန် ခေါင်းချင်းဆိုင်
ရင်း ပြောနေသည်ကို နားထောင်ရင်း
သူငြိမ်နေမိရသည်။
ဆန်းဆက်နဲ့ဝတ်ရည်ဦးက ဘာဖြစ်လို့
သူတို့ရဲ့ပတ်သက်မှုကို အများသိအော
င်မဖွင့်ချသေးတာလဲ။
ဆန်းဆက်ကဝတ်ရည်ဦးကို တကယ်
ပင်ဂရုစိုက်တဲ့ပုံမြင်ရပြီး သူတို့နှစ်
ယောက်ကြားက သံယောဇဉ်က
တခဏလေး မြင်လိုက်ရုံနှင့်ပင်
ခိုင်မြဲလွန်းတယ်ဆိုတာကိုသူသိ
လိုက်ရသည်။ အထူးသဖြင့် ဝတ်ရည်
ဦး။
ဝတ်ရည်ဦးဘက်က ဆန်းဆက်ကို
တော်တော်လေးချစ်နေပြီး မေတ္တာ
ရှိသည့်ပုံပေါ်သည်။
လက်ထဲက အအေးဘူးကို ပြန်ကြည့်
ရင်းသူဝတ်ရည်ဦးကို လွန်စွာအားနာ
နေမိရသည်။ အဆင်းရော အချင်း
ပါပြည့်စုံပြီး စိတ်သဘောထား
ကောင်းမွန်လွန်းတဲ့မိန်းကလေးပဲ။
သူတစ်ကယ် မလုပ်သင့်တဲ့အပြစ်ကြီး
တစ်ခုကို ကျူးလွန်နေမိတဲ့အပြစ်သား
တစ်ယောက်လို ခံစားနေရသည်။
-----------------------------
နေ့လည်ပိုင်းအချိန်
ကားပါကင်မှာ လူရှင်းနေသည်။
အနားတဝိုက်မှာ ဘယ်သူမှမရှိ ဘယ်
သူမှသူ့ကို မတွေ့တာသေချာမှ
သူ့ကားကိုမှီပြီးရပ်နေတဲ့ ဗျူဟာပိုင်
အနားကိုသူသွားလိုက်သည်။
"ဘာကိစ္စလဲ ငါ့ကို မင်းခေါ်တာ"
သူမျက်နှာသေနဲ့ပင် ဗျူဟာပိုင်
အရှေ့ရပ်ပြီး ဖြစ်နိုင်ရင် မတွေ့ချင်ပါသော်လည်း။
" တကယ်ဆို ငါမခေါ်ရပဲနဲ့ မင်းကိုယ်
တိုင်လာသင့်တာမလား"
ဗျူဟာပိုင်ကို မကျေနပ်စွာနဲ့ပင် သူ
ပြန်ကြည့်လိုက်မိသည်။ နည်းနည်း
လောက်မှ အထက်စီးမဆန်လိုက်ရရင် ဒီကောင်စကားမပြောတတ်ဘူးထင်တယ်။
"ဗျူဟာ "
အဲ့ဒီအချိန်
သူတို့ရပ်နေတဲ့ ကားပါကင်ဆီကို
လျှောက်လာနေတဲ့ ဘုန်းပြည့်သော်နဲ့
ရှင်းသန့်သူ။သူတို့ရောကျောင်းပြေးမလို့လား။
သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်
ဗျူဟာပိုင်က သူ့ကားတခါးကိုဖွင့်ကာ
သူ့ကို ကားအထဲသို့သွင်းလိုက်သည်။
" အထဲမှာဝင်နေ"
ကားမှန်က အထဲကနေပဲ မြင်ရသည်မို့
ဘုန်းပြည့်နဲ့ရှင်းသန့် သူကိုမတွေ့နိုင်။
" ရှင်းသန့် လာလေ ငါ့ ကောင်နဲ့
မိတ်ဆက်ပေးမယ်"
ဘုန်းပြည့်က ဗျူဟာပိုင်ဘေးနား
ရောက်လာသော်လည်းရှင်းသန့်က
ဘုန်းပြည့် ကားအနားမှာသာ မျက်နှာ
ငယ်နဲ့ရပ်နေသည်။
" သူမင်းကိုကြောက်နေတာ"
" အဲဒါဆိုရင်လည်း မင်းရည်းစားနဲ့ပဲ
သွားလိုက်တော့လေ ငါ့ဆီဘာလို့
လာသေးလဲ"
" မင်းက အဲ့လိုမျက်နှာမလုပ်ထားနဲ့
လေဗျူဟာ ငါတစ်ကယ်မင်းက
ရှင်းသန့်ကိုငါ့ကောင်လေးအနေနဲ့
လက်ခံပေးမှာကိုမျှော်လင့်နေတာ"
"မင်းလုပ်ချင်တာလုပ်ထားပြီးမှ ငါ့ကို
လာမမိတ်ဆက်ပေးနဲ့"
"အော် ငါရည်းစားရသွားတာမင်းကို
အရင်မပြောပြမိလို့ အခုထိ စိတ်ဆိုး
နေတုန်းပဲလား"
" ရယ်စရာတွေလာမပြောနဲ့ဟျောင့်"
" ရည်းစားရသွားလို့ဆိုပြီး မင်းကို
မပစ်ထားပါဘူး စိတ်ချနော် ငါ့ကို
စိတ်မဆိုးစိတ်မကောက်နဲ့တော့ "
" ငါဆွဲမထိုးမိခင် ဒီနေရာကနေ
မင်းမြန်မြန်လစ်လိုက်တော့ ဘုန်းပြည့်"
" လစ်မှာ ငါ့ကောင်လေး စောင့်နေတယ် နောက်မှပဲသေချာလေးလာချော့တော့မယ် ပိုင်မျိုးနွယ်ကသခင်လေး"
သူတို့ကို လက်မခံပေးခဲ့တာတောင်
ဗျူဟာပိုင်ကို နဲနဲလေးမှစိတ်ခုနေပုံ
မရတဲ့ဘုန်းပြည့်။
ဘုန်းပြည့်က ဗျူဟာပိုင်ကိုစသွားပြီး
မှပြန်လှည့်လာကာ။
"အော် ဒါနဲ့"
ဘုန်းပြည့်က သူထိုင်နေတဲ့ဘက်က
ကားမှန်ကိုကြည့်နေသည်မို့။
"ဗျူဟာ ခုနတုန်းက မင်းတယောက်
ယောက်နဲ့ စကားပြောနေတာငါ
တွေ့လိုက်မိသလိုပဲ ဘယ်သူလဲဟျောင့် "
" ဘယ်သူမှမရှိဘူး"
"ငါပဲ အမြင်မှားတာလား သွားပြီ သားကြီး"
ဘုန်းပြည့် အနားကထွက်သွားပြီး
ကားပေါ်တက်သွားကာရှင်းသန့်နဲ့
ကားပါကင်ကနေ ကားမောင်းထွက်
သွားမှသူ အသက်ရှူရဲတော့သည်။
တခဏပါပဲ။
ဗျူဟာပိုင်က ကားတံခါးဖွင့်ကာ
အထဲဝင်ထိုင်လာတော့ သတိ အနေ
အထားနဲ့ စိတ်တွေတင်းကြပ်သွားရ
သည်။ သူ့ရဲ့ကားအကောင်းစားထဲမှာ
လည်းမထိုင်ချင်။
ဗျူဟာပိုင်က ဘုန်းပြည့် မောင်း
ထွက်သွားတဲ့ ကားကိုကြည့်နေလျက်
မျက်နှာတည်နေသည်။ ဘယ်လိုမှ
တားလို့မရလို့သာ ဒီကောင်လက်လျှော့
လိုက်တာ သူ့သူငယ်ချင်း ယောက်ျားလေးချင်း ကြိုက်သွားတာကို ဒီကောင်
လုံးဝ သဘောကျပုံမရ။
ရှင်းသန့်ဆို ဗျူဟာပိုင် အနားတောင်
မလာရဲ။
" မင်းက ယောက်ျားလေးချင်းကြိုက်
တာကို လက်မခံတဲ့သူလား"
ခပ်တိုးတိုးပင် သူမေးလိုက်တော့
ဗျူဟာပိုင်က သူ့မျက်နှာကိုစူးစိုက်
ကြည့်လာပြီး တခဏ တိတ်ဆိတ်နေ
ပြီးမှ။
"ဟုတ်တယ်"
သိပြီးသားအဖြေ ဖြစ်နေတာတောင်မှ။
ဒါကသူ့ကိစ္စပါပဲ။နေစင်ဟန် ဘာမှ
မပြောချင်။ဒါပေမဲ့ တစ်ခုပဲ
သူကိုယ်တိုင် လူသားအချင်းချင်း
သူတစ်ပါးဖြစ်တည်မှုကိုနားလည်
ပေးနိုင်မှုမရှိပဲ လူချင်းအတူတူ
နှိမ့်ချပြီးလက်မခံနိုင်
မုန်းနေတဲ့ကိစ္စကို သူ့ရဲ့ညီ ဖြစ်တဲ့သူ
ကို ကြံစည်နေတဲ့ အကြံအစည်က။
ဒီကောင်ဘယ်လိုတောင် သွေးအေး
တာလဲ။
" ငါတို့ကျောင်းမှာ နှစ်ယောက်ထဲ
သိပ်မတွေ့ကြရင် ကောင်းမယ်။
ငါနဲ့မင်းက သိနေတဲ့သူတွေဆိုတာ
ဆန်းဆက်မှူး နားထဲရောက်သွားရင်
မင်းအကြံအစည်အတွက် ကောင်းတာဖြစ်လာဖို့မရှိဘူး"
" မင်းက အဲဒီလောက်တောင် ကိုယ့်
တာဝန်ကိုယ်သိနေမှတော့ ငါလူရွေး
မှန်တာပေါ့"
မျက်နှာသေနှင့်ပင် သူဆက်ပြောစရာ
စကားမဲ့သွားရသည်။
နည်းနည်းလေးမှကိုအကြောမခံ။
" အဲဒီတော့ အခြေ အနေဘယ်လိုရှိလဲ
ငါကမင်းကို အမြဲစောင့်ကြည့်နေမှာ
ဘယ်အရာမှ အလကားမရဘူးဆိုတာသိတယ်မလား။ မင်းအသက်နဲ့ခန္ဓာမြဲချင်
ရင် ငါ့ကိုလှည့်စားဖို့တော့စိတ်ကူးထဲ
တောင်မစဉ်းစားနဲ့"
သူ့ကို ခံစားချက်မဲ့နေသလို ကြည့်လာတဲ့မျက်နှာကပင် ဆွဲဆောင်မှုရှိစွာနဲ့
ချောလွန်းနေသည်။
နေစင်ဟန်ကို သူရွေးလိုက်တဲ့ အဓိကအကြောင်းအရာကတော့ဒါပဲလေ။
ဘုန်းပြည့်ရဲ့ ကောင်လေးလိုမျိုးချစ်
စရာကောင်းတဲ့ဘက်ကိုမသွားသလို ယောက်ျားဆန်နေတာမျိုးလဲမဟုတ်။
နေစင်ဟန် မျက်နှာက အလယ်
အလတ်ဘက်ကိုသွားသည်။
ပြီးတော့ ကပြားမို့လို့ ချောလွန်းပြီး
အသားကတော့ ဖြူတာမှ ဝတ်ထားတဲ့ ကျောင်းအင်္ကျီယူနီဖောင်း အဖြူရောင်
နှင့် လိုက်ဖက်လွန်းစွာ လက်ဖမိုး လက်ချောင်းလေးတွေဆိုရင်လည်း ယောက်ျားလေးတန်မဲ့ထိရက်စရာ
မရှိအောင် ဖြူဥသွယ်လျနေသည်။
" ငါလုပ်ရမယ့်ကိစ္စကို ငါသိတယ် ဒါပေမဲ့"
ပြောရခက်နေသလို ဖြစ်နေတဲ့နေစင်ဟန်။
" မင်းငါ့ကိုကူညီမှ ဖြစ်မယ် "
ဗျူဟာ နားထောင်ပေးမည့်ဟန်ပြ
လိုက်တော့ ချက်ချင်းပင် ။
" ငါဘယ်ကနေဘယ်လို ချည်းကပ်
ရမလဲဆိုတာထပ် ဆန်းဆက်ဘေးနား
မှာ သူ့ကောင်မလေးက ရှိနေတယ်"
ဒီကောင်လေး ပြောရခက်နေတာကို
သူသိသွားပြီ။
"ငါမင်းကို ဒီလောက်ထိ ပိုက်ဆံ
အများကြီးပေးထားတာ ဒီကိစ္စအတွက်
အကြံဥာဏ်ပါထပ်ပြီးပေးရအုံးမှာလား"
" အကြံဥာဏ်က မလိုဘူး။ ငါမင်းကိုအကူအညီတောင်းတာ "
"ဘာအကူအညီလဲ"
" ဝတ်ရည်ဦးကို ငါအရမ်းအားနာတယ်
အဲ့တာကြောင့်"
"ဝတ်ရည်ကို မင်းအားနာစရာမလိုဘူး"
အေးဆေးစွာပင် သူပြန်ပြောလိုက်ချိန် အံ့အားသင့်နေတဲ့မျက်နှာ။
"ဆန်းဆက်မှူးက ဝတ်ရည်ဦးအပေါ်
ဘာစိတ်မှမရှိဘူး ငါ့ကိုကြောချင်လို့ ဝတ်ရည်ကိုငါ့လက်ထဲကနေတမင်
လုသွားတာ"
"ဘာ"
နေစင်ဟန်အံ့သြကြီးနေသည်နှင့်အတူ
သူလည်းခံရခက်စွာနဲ့ ဒီကိစ္စကို
ဘယ်သူ့ကိုမှထပ်မပြောချင်။
"အဲဒါကို မင်းသိတယ်ဆိုရင် ဝတ်ရည်ဦး
ကို အမှန်အတိုင်းပြောပြပြီး မင်းဘက်
ကို ရောက်လာအောင်လုပ်သင့်တာပေါ့။
ဒီလောက်လွယ်နေတာကို မင်းဘာလို့"
"ဝတ်ရည်မှာ နှလုံး အားနည်းတဲ့ အခံရှိတယ်။ ပြီးတော့ ငါ့စကားကို ယုံချင်မှ
လည်းယုံလိမ့်မယ် ငါကဝတ်ရည်ကို
အဲဒီဘာမဟုတ်တဲ့ကောင် အတွက်နဲ့
နည်းနည်းလေးတောင်မှ မခံစားစေ
ချင်ဘူး။ ဆန်းဆက်မှူးရဲ့ပါးစပ်က
နေသူကိုယ်တိုင်ဝန်ခံလာတာကိုပဲ
လိုချင်တာ"
" အဲဒီအချိန်ကို ရောက်လာခဲ့ရင်
ဝတ်ရည်ဦးကိုမင်းက အဆင်သင့်
အပေါ်စီးကနေအအသာလေး
သဘောထားကြီးတဲ့သူအနေနဲ့
ကောက်ယူလိုက်မယ်ပေါ့"
အလောတကြီးပင် ဆက်တိုက်ပြောနေတဲ့ကောင်လေးကိုသူပြန်ကြည့်ရင်း ။
" အဲဒါငါ့ကိစ္စ"
" မင်းနဲ့ငါနဲ့က အခုတစ်လှေတည်းစီး
နေတာ ငါ့ ကိစ္စ မင်းကိစ္စဆိုတာတွေ
မရှိဘူး။လှေပေါ်က ငါပြုတ်ကျရင်
မင်းလည်းလိုက်ပြီးပြုတ်ကျမှာ
အဲဒီတော့ မင်းကိစ္စကလည်း ငါ့ကိစ္စ
ငါ့ ကိစ္စကလည်းမင်းကိစ္စ"
"အခုလှေစီးနေတာမဟုတ်ဘူး မင်း
ရောက်နေတာငါ့ကားပေါ်မှာ ငါတံခါး
ဖွင့်ပြီးမင်းကိုကန်ချပစ်လိုက်လို့ရတယ်"
အပြိုင်ပြန်ပြောနေတဲ့ ကောင်လေးက
တခဏတိတ်သွားသည်။
ငြိမ်သက်နေလျက်ပင်
သူကိုယ်တိုင် ကြားခဲ့ရတာတွေကို
လိုက်မှီနိုင်အောင်မနည်း အားထုတ်
နေရသည့်ပုံ။
"ဆန်းဆက်က ဘာလို့ဝတ်ရည်နဲ့သူ့ရဲ့ ပတ်သက်မှုကို ကျောင်းကလူတွေသိ
အောင် လူသိရှင်ကြား မဖော်သေးတာလဲ"
"အသိသာကြီးပဲလေ ဝတ်ရည်ကိုငါ့ကို အားနာနေရတဲ့ပုံပြပြီး နှုတ်ပိတ်ထား
မယ်။ဝတ်ရည်ရဲ့အမေက ဒီကောင့်
မိသားစုတွေကိုလုံးဝမကြည်ဘူး။
သိတာနဲ့ခွဲမှာပဲ။အချိန်မတန်သေးလို့
မချပြသေးတာ သူလိုအပ်လာရင်
ထုတ်သုံးမှာပဲ ဆန်းဆက်
မှူးက လျော့တွက်လို့ရတဲ့လူမ
ဟုတ်ဘူး"
သူပြောတာကိုပဲ နားထောင်ပြီး
နေစင်ဟန်က ငြိမ်ကျသွားသည်။
ဝတ်ရည်ကို အားနာတယ်တဲ့။ ဒီလို
ကိစ္စမျိုးလုပ်ဖို့ သဘောတူပြီးမှ
ဒီကောင်လေးမှ ဒီလိုစိတ်ဓာတ်မျိုး
ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိတာ
အမှန်။
" ငါ ဘာကူညီပေးရမှာလဲပြော"
ဝတ်ရည်အတွက် စဉ်းစားပေးတဲ့စိတ်
ကို မြင်လိုက်ရတာကြောင့်
သူ့ဘက်က တထစ်လျော့ပေးလိုက်
ခြင်းပင်။
" ဆန်းဆက်နဲ့ပြတ်ပြီးမှ ဝတ်ရည်ဦး
က မင်းဆီရောက်လာတာထက် အခုက
ထဲကမင်းကဝတ်ရည်ဦးဘေးမှာ နား
လည်မှုရှိနေတဲ့သူလိုမျိုးရှိနေသင့်
တယ်မလား။ မင်းဝတ်ရည်ဦးကို
တကယ်ပိုင်ဆိုင်ချင်ရင် မင်းဘက်
ကမာနထားတာလေးကို နည်းနည်း
လျှော့သင့်တယ်"
" မင်းကငါ့ကို ပြန်သင်ပေးနေတာလား"
" အဲဒီလိုမဟုတ်ပါဘူး ငါမြင်ရသ
လောက်တော့ဝတ်ရည်ဦးက ဆန်းဆက်
ကို"
အကြည့်ချင်းဆုံနေရင်း ပြောရခက်
နေသည့်ပုံနဲ့။
"တော်တော်လေး သဘောကျနေတဲ့ပုံပဲ"
"အဲဒီတော့"
" မိန်းကလေးဘက်ကို မင်းပြန်မ
တွေးဘူးလား ဆန်းဆက်ကိုမင်းအနိုင်
ရဖို့ပဲမကြည့်နဲ့ ဝတ်ရည် ခံစားရမှာကို
မင်းမြင်လား။မင်းတို့ကြားငါဝင်ပါတာ
တော့မဟုတ်ဘူး မင်းကဒီလောက်ပြည့်
စုံနေတာတောင်ဝတ်ရည်ကဘာလို့
ဆန်းဆက်ကို သဘောကျသွားလဲသိ
လား။ မင်းပြောသလိုပဲ ဆန်းဆက်က
ဟန်ဆောင်နေတယ်ဆိုရင်တောင်
ဝတ်ရည်ဦးအပေါ် နားလည်ပေးမှု
ဂရုစိုက်မှုကမင်းထပ်အများကြီးသာတယ်"
သူ မျက်နှာတည်သွားပြီး ဘာမှဆက်
မပြောတော့ နေစင်ဟန်က ဆက်
ပြောရခက်သွားသည့်ပုံနှင့်။
" ငါလည်းမင်းနဲ့ စကားအများကြီး
မပြောချင်ပါဘူး။ငါ့ဘက်က ငါလုပ်
ရမဲ့ကိစ္စကို အပြည့်အဝ တာဝန်ယူတယ် တဖက်မိန်းကလေးရဲ့ ဂုဏ်သိက္ခာနဲ့
သူခံစားရမဲ့စိတ်ခံစားမှုကိုတော့ တာဝန်
ယူရမှာ မင်းအပိုင်းပဲ။အခုချိန်ထဲက
ဝတ်ရည်ဦးကိုမင်းကသူ့ဘေးမှာ
အဆင်သင့်စောင့်စားနေတဲ့သူအနေနဲ့
ရှိနေသင့်တယ်။အဲ့တာမှ တကယ်ဖြစ်
လာတဲ့အခါကျရင် မင်းရဲ့နှစ်သိမ့်မှုနဲ့
ဝတ်ရည်ဦးစိတ်ကခံသာမှာ။
ကိုယ်လိုချင်တဲ့ မိန်းကလေးအပေါ်မှာ
တော့ မာနမထားပဲမင်း ဒီလောက်
တော့အလျှော့ပေးသင့်ပါတယ်။အဓိက
ကဆန်းဆက်က ယောက်ျားလေးချင်း ကြိုက်တဲ့ကောင်ဖြစ်သွားပြီးဝတ်ရည်ဦး
က မင်းဆီပြန်ရောက်လာဖို့ပဲမဟုတ်လား"
ဗျူဟာ အလောတကြီးပင် ဆက်တိုက်
ပြောနေတဲ့ကောင်လေးရဲ့
စကားတွေထက် ပြောဆိုနေတဲ့
ဟန်ပန်အမူအယာ ကြာကြာကြည့်လေ
ပိုချောလေဆိုသလိုမျိုးအကြည့်ခံ
တဲ့မျက်နှာ အပေါ်မှာသာ အာရုံရောက်နေသည်။ ဒီကောင်တော်တော်
အကြည့်ခံတာပဲ။
ပြီးတော့ဆိုရှယ်ပေါ်မှာ ရှာတွေ့ထား
တဲ့ပုံမှာ နေစင်ဟန်
နှစ် နှစ်ခြိုက်ခြိုက်ပြုံးလိုက်ရင်
whisker dimplesဆိုတဲ့မျက်လုံး
အောက်က ပါးနှစ်ဖက်ရဲ့ထိပ်ဆုံးမှာ
ပေါ်လာတဲ့အချိုင့်ရာသေးသေးလေး
နှစ်ခု။ သူ အပြင်မှာ မြင်ဖူးချင်လို့
ရှာနေပေမယ့် ဒါကပြုံးလိုက်မှပင်
မြင်နိုင်မည့်အရာ။အခုတော့ သူ့ဘေးက ကောင်လေးကမျက်နှာတည်နှင့်ပင်။
" သုံးယောက်ဆုံတဲ့အချိန်ကျရင် ငါ
မင်းကိုခေါ်လိုက်မယ် ဆန်းဆက်ကို
ငါ့တာဝန်ထား ဝတ်ရည်ဦးမင်းဘက်ကိုတဖြည်းဖြည်းနဲ့စိတ်ပြန်လည်လာ
အောင်ငါလုပ်ပေးမယ်။ငါသွားပြီ"
မျက်နှာသေနဲ့
ပြောချင်ရာပြောသွားပြီး နေစင်ဟန်
သူ့ကားပေါ်ကနေဆင်းသွားသည်။
နေစင်ဟန်က သူဝတ်ရည်ကို ပြန်လို
ချင်လို့ ဆန်းဆက်ကိုဂေးဖြစ်အောင်
လုပ်ခိုင်းတယ်လို့ ထင်နေတာလား။
ဘာပဲဖြစ်ဖြစ် သူ့ အတွက်အရှုံး မရှိဘူး။ဝတ်ရည်သူ့ဆီပြန်ရောက်လာတော့
လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
မိသားစုကသာမာန်ပဲဆိုပေမဲ့ မိဘကောင်း
တွေလက်အောက်ကကြီးပြင်းလာသူ။
အစ်မဖြစ်သူရဲ့ကျန်းမာရေးအခြေ
အနေကြောင့်ငွေကြေးလိုအပ်လို့ သူ့ဆီရောက်လာခဲ့တာလည်း သူစုံစမ်း
သိပြီးပြီ။တကယ်ကို ငါ့ညီအတွက်ကောင်းကောင်းမွန်မွန်လေးထဲက
ရှာတွေ့ခဲ့တာပဲ။
ကျောင်းအဆောက်အဦးထဲကို
နေစင်ဟန် လမ်းလျှောက် သွားသည်
ကိုသူကားထဲကနေမျက်နှာမလွှဲ
အကြည့်မလွှဲတမ်းလှုပ်ရှားမှုတစ်ခု
ချင်းဆီတိုင်းကို ငေးကြည့်ရင်း
ကျေနပ်စွာနဲ့အသာပြုံးလိုက်သည်။
သူလူရွေးမမှားဘူး။နေစင်ဟန်မှာ
ဘာလဲတော့သေချာမပြောနိုင်ပေမယ့်
တစ်ဘက်သူကိုဆွဲဆောင်နိုင်တဲ့
ပင်ကိုယ် ဆွဲဆောင်မှုက ရှိနေတယ်။
ဒီလိုကောင်လေးမျိုးက မခွာစတမ်း
လာကပ်ရင် ဘယ်လောက်ပဲအစစ်ဖြစ်နေပါစေ ခံနိုင်ရည်မရှိပဲ ကျရှုံးသွားမှာ
ကအနှေးနဲ့အမြန်ပဲလေ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
AN//ရည်ရွယ်ထားတဲ့အတိုင်းသေချာလေးတော့အစပျိုးလိုက်နိုင်ပါပြီ။နောက်အပိုင်းတွေကိုယ်လည်းမြန်မြန်တင်ချင်ပါတယ်။updateကတော့တပတ်တစ်ခါပါနော်။အားလုံးကိုကျေးဇူးတင်လျက်ပါ။
~~~~~~~~~~~~~
" သင္တန္းသား အသစ္ေလးလာၿပီ"
ေနစင္ဟန္ music club အခန္းထဲ
ဝင္လိုက္ခ်င္းပင္ ႀကိဳဆိုမႈျပဳတဲ့ အစ္မေသာ္တာ။ မေန႔ထဲကcbမွာ ေျပာထား
သျဖင့္ သူ႕ကိုသိေနျခင္းပင္။
" ဒီေန႔လာမယ္ေျပာတဲ့
အသစ္ေလးလားေသာ္တာ "
"ဟုတ္တယ္"
"နာမည္ ဘယ္လိုေခၚလဲေမာင္ေလး"
"ေနစင္ဟန္ပါ"
"ဟယ္ နာမည္ေလးက
ဆင္လိုက္တာ"
အစ္မေသာ္တာေဘးက music club
ကနာမည္ႀကီးကိုဂြၽန္ဆိုသူကိုသူ ျပဳံး
သာျပလိုက္တယ္။
ကိုဂြၽန္က come out လုပ္ထားတဲ့
gay တစ္ေယာက္ဆိုတာ ဒီေက်ာင္းမွာ
မသိတဲ့သူ မ႐ွိသေလာက္
ပါပဲ။
"နင္ လုပ္စရာ႐ွိတာသြားလုပ္ဂြၽန္
ကိုယ့္ကေလးေတြကိုယ္သြားၾကည့္ "
ကိုဂြၽန္က သူ႕ကိုလက္ေလးလႈပ္ျပ
သြားၿပီး မ်က္လုံးတစ္ဖက္ မွိတ္ျပ
သြားသည္။
" အစ္မတို႔clubထဲအဖြဲ႕ဝင္မယ္ဆိုရင္
ေဖာင္အရင္ျဖည့္ရမယ္ ေနာ္ ေမာင္ေလး"
" ဟုတ္ကဲ့ အစ္မ"
အစ္မေသာ္တာ လာေပးတဲ့ စာ႐ြက္မွာ
သူလိုအပ္တဲ့ အခ်က္အလက္ေတြ ျဖည့္ေပးလိုက္ၿပီး အစ္မေသာ္တာကို ျပန္ေပးလိုက္သည္။
" အကူအညီလိုရင္ ဒီမွာအဆင္သင့္
ပဲေနာ္"
ကိုဂြၽန္ လွမ္းေျပာေတာ့သူျပဳံးေနမိ
လ်က္ပင္။
"ကြၽန္ေတာ္ ျဖည့္ၿပီးၿပီအစ္မ ဒီမွာ
သင္တန္းေၾကး "
"သင္တန္းေၾကးကမလိုေတာ့ဘူး
မ်က္ႏွာေလးနဲ႔တင္free႐ွင္း ျဖစ္
သားျဖစ္သြားၿပီ"
"မိဂြၽန္ နင္ေတာ့ေနာ္"
"ဟဲ့ ငါ့ကို လူေ႐ွ႕သူေ႐ွ႕ အဲ့လိုမေခၚနဲ႔
လို႔ ေျပာထားတယ္မလား"
အရပ္အျမင့္ႀကီးနဲ႔လူေကာင္ႀကီးတဲ့
ကိုဂြၽန္က စကားေျပာမွပင္နည္းနည္း
ႏြဲ႕သလိုျဖစ္ေနတာကိုသိႏိုင္မည္။
" ဟုတ္ၿပီ ေနစင္ဟန္ ေမာင္ေလး ေလာေလာဆယ္ေတာ့အစ္မတို႔က
guitarအေျခခံကစၿပီးအသစ္ေတြကို သင္တန္းေပးေနတာ ေတာ္ေတာ္ေလး
ခရီးေရာက္ေနၿပီ။ ေမာင္ေလးက ခုမွ
အသစ္လာတယ္ ဂီတာအေျခခံလည္း
မ႐ွိဘူး ဆိုေတာ့ အစကေန ျပန္သင္
မွရမယ္။ကိုမိုးကသင္ၾကားေရးပိုင္း
မအားေတာ့ဘူး အခုအစ္မနဲ႔ ကိုဂြၽန္
ကပဲ အသစ္ေလးေတြကို ဆက္သင္
ေပးေနတယ္။ေမာင္ေလး ဘယ္သူနဲ႔
သင္ခ်င္လဲ"
" တို႔ကိုေ႐ြး....အယ္မွားလို႔ ကိုဂြၽန္
ကိုေ႐ြး ကိုဂြၽန္ေသခ်ာသင္ေပးမယ္
အစကေနကို ေသေသခ်ာခ်ာ"
" ကြၽန္ေတာ္ ေနာက္က်သြားတယ္"
ရင္းႏွီးေနတဲ့ အသံႏွင့္အတူ ေနစင္ဟန္ စကားေျပာေနရာကေန အေနာက္သို႔
လွည့္ၾကည့္မိသြားတယ္။
တံခါးဝမွာ ရပ္ေနတဲ့ ဆန္းဆက္က
သူ႕ကိုျမင္လိုက္ရတာ အံ့ဩသည့္ဟန္
ျဖစ္သြားတာနဲ႔သူလည္း မထင္မွတ္
ထားတဲ့ မ်က္ႏွာတစ္ခု လုပ္ယူလိုက္ရသည္။
"ေနစင္ဟန္ "
"ေနစင္ကို သိတာလားဆန္းက"
" ကြၽန္ေတာ္ ဆန္းဆက္နဲ႔ သင္လို႔ရ
မလား အသိေတြဆိုေတာ့"
စိတ္လႈပ္႐ွားေနသည္ကိုထိန္းကာ
ေအးေဆးစြာႏွင့္ပင္ ဆန္းဆက္ကို
အၾကည့္မလႊဲရင္းမေသာ္တာကို
သူေျပာလိုက္ခ်ိန္။
"ဆန္းဆက္နဲ႔လား"
မေသာ္တာက ေျပာရခက္ေနသလိုႏွင့္။
"အမ္ ဆန္းဆက္က သင္ၾကားေရး
အတြက္အခ်ိန္သိပ္မရဘူး ၿပီးေတာ့
အဓိကသူကbandရဲ႕ အဆိုပိုင္းဆို
ေတာ့ေလ ဂီတာသင္ေပးလို႔အားပါ့
မလားမသိဘူး ဂြၽန္ကလိုက္စေနတာ
ေမာင္ေလးအစ္မနဲ႔သင္လည္းရ
တယ္ေနာ္"
" ကြၽန္ေတာ္သင္ေပးလိုက္မယ္
မေသာ္တာ"
ကိုဂြၽန္ႏွင့္မေသာ္တာက ဆန္းဆက္ကို အားနာေနသလိုႏွင့္ bandမွာ
ဆန္းဆက္က နာမည္ႀကီးျဖစ္တာေၾကာင့္ ဦးစားေပးခံထားရသည္မွာ အသိသာ၊။
" အခ်ိန္ရရဲ႕လား ဆန္း "
" ရတယ္ ဂြၽန္ "
ဆန္းဆက္က သူ႕ကိုၾကည့္လာလ်က္
ဂီတာေတြ ခ်ိတ္ထားတဲ့ နံရံမွာအိတ္နဲ႔
ထည့္ထားတဲ့သူ႕ဂီတာကိုယူလိုက္သည္။
"မင္းႀကိဳက္တဲ့ ဂီတာတစ္လက္ယူၿပီး
ေတာ့ လာခဲ့"
သင္တန္းသားေတြအတြက္ကေတာ့
ဒီအတိုင္းေထာင္ထားတဲ့ဂီတာလက္
က်န္ေတြက ႐ွိေနသည္။ တျခား သင္တန္းသား ငါးေယာက္ေလာက္က
လည္း မေသာ္တာနဲ႔ကိုဂြၽန္နဲ႔အတူ
႐ွိေနၾကသည္။
အခန္းကေဟာခန္းလိုမ်ိဳး အေတာ္
ေလးကို က်ယ္ သည္။ေထာင့္နားက ျပတင္းေပါက္ေဘးက ခုံမွာ သြားထိုင္ၿပီး ဆန္းဆက္က သူ႕ဂီတာကို ႀကိဳးညႇိေနၿပီ။
သူ ဂီတာတလက္ကို ယူလာခဲ့ကာ
ခုံတလုံးနဲ႔ ဆန္းဆက္မႉးေဘးမွာဝင္ထိုင္လိုက္သည္။
ဆန္းဆက္ကေခါင္းငုံ႔လ်က္ ဂီတာႀကိဳး
ေတြကိုညႇိေနေတာ့ သူလည္း ဘာမွ
မေျပာပဲ ေစာင့္ေနတဲ့အခ်ိန္။
" ႐ုတ္တရက္ႀကီး ဘာျဖစ္လို႔music clubထဲကို ဝင္လာတာလဲ"
ဆန္းဆက္က သူနဲ႔ မ်က္ႏွာခ်င္းဆိုင္လာသည္မို႔ေနစင္ဟန္ ႐ုတ္တရက္
ေျဖစရာမဲ့သြားေသာ္လည္း အျမန္ပင္ မ်က္ႏွာမွာ တည္ၿငိမ္မႈတစ္ခု လုပ္
ယူလိုက္ရသည္။
" ငါ ဂီတာတီးသင္ခ်င္လို႔ေလ"
"ဂီတကို မင္းကစိတ္ဝင္စားတယ္ေပါ့"
"အင္း "
ဘာမွဆက္မေျပာေတာ့ပဲ ဆန္းဆက္က
ႀကိဳးညႇိၿပီးသြားတဲ့ဂီတာကို စတင္တီး
လိုက္သည္။
" ဟိုတစ္ေန႔က ဆိုင္ကယ္နဲ႔ လိုက္ပို႔
ေပးတာ ေက်းဇူးပဲ "
"ေအာ္ ရပါတယ္ မင္းလည္းငါ့ကို
ကူညီဖူးတာပဲ"
"ဘယ္တုန္းက"
သူတကယ္ပင္မသိလိူ႕ ျပန္ေမးလိုက္
မိၿပီးမွ ဆန္းဆက္မ်က္ႏွာကိုၾကည့္
ရင္းျပန္စဥ္းစားကာ သေဘာေပါက္သြားသည္။
" အဲဒီတုန္းကလား ငါကဘုန္းျပည့္နဲ႔
ခင္လို႔ေလ ဘယ္သူေတြဘာျဖစ္မွန္း
မသိေပမယ့္ ဘုန္းျပည့္ကမင္းကိုသြား
ဆြဲခိုင္းလို႔"
" ငါ့ကိုစသိသြားတာ အဲဒီအခ်ိန္မွ
လား"
"အင္း"
" ပထမဆုံး ေတြ႕ဆုံမႈကသိပ္မမိုက္ဘူးပဲ"
ဆန္းဆက္က မ်က္ႏွာတည္သြားလ်က္။
"ဂီတာ အေျခခံ သင္ဖူးလား"
"မသင္ဖူးဘူး"
"အဲ့ဒါဆိုငါတို႔rhythm level 1ကေန
စၿပီးသင္ရမယ္"
ေျပာရင္းနဲ႔ သူ႕ဂီတာကိုေမွာက္လိုက္ေတာ့ ဂီတာ အလယ္ကအေပါက္ေလးထဲက
ေန တခုခုက်လာသည္။
"အခုမွစတီးမွာဆိုေတာ့ pickကိုင္လိုက္ မဟုတ္ရင္ လက္နာလိမ့္မယ္"
ဆန္းဆက္ ကမ္းေပးလာတဲ့လက္မနာ
ေအာင္အခံတီးတဲ့pickလို႔ေခၚတာေလး
ကိုသူယူလိုက္သည္။
" အရင္ဆုံး မင္းလက္ကို ေအာက္ဆုံးက နံပါတ္တစ္ႀကိဳးေပၚမွာတင္လိုက္
ၿပီးရင္ ဒီဘက္လက္ကလက္ညိႇဳးကိုတစ္အကြက္ကနံပါတ္တစ္ႀကိဳးအေပၚပဲ
တင္ၿပီး တစ္ခ်က္တီး"
ဆန္းဆက္ေျပာတဲ့အတိုင္း သူလိုက္
ၾကည့္ကာ နားေထာင္ၿပီး အစမ္းတီး
ၾကည့္လိုက္သည္။
"Pickက အဲလိုကိုင္ရတာမဟုတ္ဘူး
ေလ ေျပာင္းျပန္ႀကီး"
သူ႕ေၾကာင္ေနတုန္းပင္ ဆန္းဆက္က
သူ႕လက္ထဲက pickကိုယူ၍ ကိုင္ရ
မည့္ပုံစံကို ေသခ်ာျပတယ္
ၿပီးေတာ့pickကို ျပန္ေပးတဲ့အခ်ိန္ ဆန္းဆက္ရဲ႕လက္နဲ႔သူ႕လက္အသာေလး
ထိသြားခဲ့သည္။
ဆန္းဆက္ကေတာ့ သတိထားမိပုံမေပၚ။
ေယာက်ာ္းေလးဆိုေတာ့ဂီတာက
ဝါသနာပါတာပဲ ။ ဆန္းဆက္က
နံပါတစ္ႀကိဳးကိုပဲ လက္ညိႇဳးလက္ခလယ္
လက္သူႂကြယ္ အကြက္ေ႐ႊ႕၍ အေျခ
ခံကို အခ်ိန္ၾကာၾကာ သင္ေပးေနသည္။ စိတ္႐ွည္တယ္လို႔လည္း ေျပာရမည္။
ဂီတာကို စိတ္ပါဝင္စားစြာ တီးေနတဲ့
ဆန္းဆက္က ဆြဲေဆာင္မႈ႐ွိစြာ မိုက္လြန္းေနသည္။
"အိုး အို ဆန္းဆက္က စိတ္႐ွည္ေန
လိုက္တာ အသစ္ေလးကို ေသေသ
ခ်ာခ်ာ ကိုယ္ဖိရင္ဖိ သင္ေပးေနတာပဲ"
သူတို႔အနားကို ေရာက္လာတဲ့ကိုဂြၽန္။
" ကြၽန္ေတာ္ စိတ္မ႐ွည္တာကို ဂြၽန္
ျမင္ဖူးလို႔လား"
"အဲ့ေတာ့ ႏွစ္ေယာက္က အရင္ထဲက
ရင္းႏွီးေနၾကတယ္ေပါ့"
ဆန္းဆက္က သူ႕ကိုျပန္ၾကည့္လာလ်က္။
"သိတာထက္ကိုပိုတဲ့ သူငယ္ခ်င္းေတြ။
ဂြၽန္ အၾကည့္ေတြကိုအခုထဲကရပ္
ထားလိုက္ေနစင္ လန္႔သြားမယ္"
ဆန္းဆက္က ကိုဂြၽန္ကို ေအးေအးေဆးေဆးပဲ ေျပာလိုက္တာပင္။
"အိုး အို သူငယ္ခ်င္းကို စိုးရိမ္ေပးတာလား"
ကိုဂြၽန္ကျပဳံးလ်က္ ။
" ဘာမွမေၾကာက္နဲ႔ေနာ္ အေခ်ာေလး
ဂြၽန္က ဘယ္အဆင္ေလးေတြကိုမွ
အေပ်ာ္မၾကံဘူး အတည္ပဲၾကံတာ"
"ဗ်ာ"
ဒီတခါေတာ့ ကိုဂြၽန္စကားကို ဆန္းဆက္
က သေဘာတက်နဲ႔ ရယ္ေနသည့္
အတြက္ သူပါ လိုက္ေလ်ာညီေထြ
ျဖစ္ေအာင္ျပဳံးလိုက္မိသည္။
သူ
သတိထားလိုက္မိတာကေတာ့
ဆန္းဆက္က ရယ္လိုက္လွ်င္ ပိုၿပီးဆြဲေဆာင္မႈ႐ွိတာပင္။
"ကိုဂြၽန္စတာေနာ္ ေနစင္။ ဒါနဲ႔ မင္းတို႔ႏွစ္ေယာက္ရဲ႕နာမည္ေတြက လိုက္ဖက္ညီ
ေနတယ္ေနာ္။အရမ္းကိုေတာက္ပတဲ့
ေနတစ္စင္းနဲ႔အားလုံးကေစာင့္ဆိုင္းၿပီး
ေငးၾကည့္ရတဲ့ေနဝင္ဆည္းဆာ"
ကိုဂြၽန္ စကားေၾကာင့္ ဆန္းဆက္နဲ႔သူ အၾကည့္ခ်င္းဆုံသြားသည္။
တခဏအၾကာဆန္းဆက္က အရင္မ်က္ႏွာလႊဲ၍
" ကဗ်ာဆန္လွခ်ည္လား ကိုဂြၽန္"
" ကဗ်ာဆန္ကိုဆန္ရမယ္ေလ ေနနဲ႔
ဆန္းဆက္ဆိုတဲ့ ေကာင္းကင္ႀကီး
တစ္ခုလုံးကို အပိုင္ရထားမွေတာ့ ငါတို႔clubကေတာ့ ဒီထက္ပိုၿပီး
ေကာင္မေလးေတြၾကားမွာ နာမည္
ႀကီးလာဦးမွာ "
"ကိုဂြၽန္ကိုေတာ့ တစ္ကယ္ပဲ မႏိုင္ဘူး"
ဆန္းဆက္က သေဘာတစ္က် ရယ္ေန
လ်က္ပင္ သူ႕ကို ျပဳံးျပလာၿပီး ကိုဂြၽန္နဲ႔ စကားဆက္ေျပာေနသည္။
ကိုဂြၽန္က ဆန္းဆက္ရဲ႕ပုခုံးကိုဖက္ၿပီး
အေႏွာင့္အသြားမလြတ္စကားေတြနဲ႔
စေနာက္ေနပါေသာ္လည္း ဆန္းဆက္က ျပဳံးရယ္လ်က္
ေအးေအးေဆးေဆး ျဖစ္ေနလ်က္ပင္။
သူဟာ အနည္းငယ္ေတာ့ လူရဲ႕စိတ္ကိုၾကည့္တတ္တဲ့သူပါ။
ဆန္းဆက္က လုံးဝဟန္ေဆာင္ေန
ျခင္းမပါ။စိတ္႐ွည္သည္းခံၿပီး လူသားအခ်င္းခ်င္း ခြဲျခားတဲ့စိတ္မ႐ွိတာကို
ေတြ႕လိုက္ရသည္။
မေသာ္တာ စကားလာေျပာၿပီး အကူအညီေတာင္းတာတခ်ိဳ႕ကိုလည္းျပန္ေျဖေပးလ်က္ ဒီထဲမွာ႐ွိေနတဲ့ သင္တန္းသားေတြ အကုန္လုံးႏွင့္လည္း ဆန္းဆက္က
ခင္သည္။ တရင္းတႏွီးဆက္ဆံသည္။
ဘယ္ေလာက္ပဲေမြးစားသားရဲ႕
ကေလးျဖစ္ေနပါေစ သူ႕အဖြားက
ဦးပိုင္ဦးရဲ႕လက္႐ွိဇနီးမယားပဲ။ ဆန္း
ဆက္ကလည္း သူေဌးေျမး သူေ႒းသား
တေယာက္ပဲ။ ဒါေပမယ့္ ဗ်ဴဟာ
ပိုင္လိုမ်ိဳး မာနမႀကီးပဲ ပုံမွန္အတိုင္း
ပင္ လိုက္ေလ်ာညီေထြ႐ွိ၍ သေဘာ
ေကာင္းသည့္ဟန္ အျပည့္႐ွိသည္။
အဲဒီအခ်ိန္မွာ လက္ထဲမွာ
အထုပ္တထုပ္ႏွင့္အတူ အခန္းထဲကို
ဝင္လာတဲ့ဝတ္ရည္ဦး။ တံခါးေပါက္
ဝမွာေတာ့ သူငယ္ခ်င္းလို႔ထင္ရတဲ့ ေကာင္မေလးတစ္ေယာက္ရပ္ေနသည္။
"ဝတ္ရည္ ဘာေတြဝယ္လာျပန္ၿပီလဲ"
မေသာ္တာက ဝတ္ရည္ဦး လက္ထဲက အထုပ္ကို ကိုင္ေပးလိုက္သည္။
"အေအးဘူးေတြ ေဝေပးလိုက္မေသာ္"
"ဝတ္ရည္ကေတာ့ တစ္ကယ္ငါတို႔
bandက မင္းသမီးေလးပဲ လူေလးေရာ
စိတ္ေရာလွ အဲတာေၾကာင့္ ပိုပိုၿပီး
ေခ်ာလာတာေနမယ္ "
" အဲဒီလိုမေျမႇာက္လဲ ဝယ္ေကြၽးမွာ
ပါေနာ္ကိုဂြၽန္"
ဝတ္ရည္ဦးကရယ္လ်က္ပင္ ကိုဂြၽန္နဲ႔ စကားေျပာရာကေန ဆန္းဆက္ကို ၾကည့္လာၿပီး ဆန္းဆက္ေဘးက သူ႕ကိုျမင္သြားသည္။
"သူ႕ကို ျမင္ဖူးသလိုပဲ ေနပါအုံး ငါတို႔ကအတန္းအတူတူပဲမဟုတ္လား"
" ဟုတ္တယ္"
သူျပန္ေျဖလိုက္ေတာ့။
"ေနစင္ဟန္တဲ့ ဝင့္နဲ႔ အတန္းအတူတူပဲ
ငါတို႔ ေဘာ္ဒါတစ္ေယာက္တိုးၿပီ"
ဆန္းဆက္က ဝင္ေျပာလိုက္သည္။
" အဲတာေၾကာင့္ ျမင္ဖူးေနပါတယ္လို႔
ဒီရက္ပိုင္းေတာ့ အတန္းထဲမွာမေတြ႕
မိသလိုပဲ။ဝတ္ရည္လို႔ပဲေခၚေနာ္ အခုမွ music clubထဲအသစ္ဝင္တာလား "
"ဟူတ္တယ္ "
သူလိုရင္းပင္ ျပန္ေျဖလိုက္ေတာ့
ဝတ္ရည္ဦးက ျပဳံးလ်က္ မေသာ္
လက္ထဲကေန အေအးတစ္ဘူးကို
ယူၿပီး သူ႕ကိုကမ္းေပးသည္။
သူအားနာလြန္းစြာႏွင့္ပင္။
"ရ ရတယ္ မေသာက္ေတာ့ဘူး"
"ယူပါ အကုန္လုံးကို တိုက္ခ်င္လို႔
ဝယ္လာတာ"
အေအးဘူးကိုဝတ္ရည္ဦး လက္ထဲကေန လွမ္းယူလိုက္တယ့္အခ်ိန္ သူ႕လက္ေတြကေတာ့ ေအးစက္ေနခဲ့သည္။
" ဒီေန႔ေတာ့ ဒီေလာက္ပဲ။သင္ထား
တာကို ျပန္ေလ့က်င့္ထားလိုက္။
မေသာ္ ကြၽန္ေတာ္ သြားလိုက္ဦးမယ္ေနာ္"
ဆန္းဆက္က သူေဘးမွာထိုင္ေနရာ
ကေန ထရပ္ၿပီးဝတ္ရည္ဦးေဘးမွာ
သြားရပ္ခ်ိန္ဝတ္ရည္ဦးမ်က္ႏွာက
႐ွက္ျပဳံးေတြ ျဖစ္သြားလ်က္။
"အမယ္ လာေခၚတဲ့သူ႐ွိတာနဲ႔ ခ်က္ခ်င္းသြားေတာ့မွာေပါ့ေလ"
ကိုဂြၽန္က စူးစမ္းသလိုေျပာေတာ့။
"မဟုတ္ဘူး ရတယ္။ ဒီအတိုင္းမေသာ္
တို႔ကိုလာေတြ႕တာ ဆန္း နင္ေနရင္ေန
ခဲ့ေလ အခ်ိန္ရလို႔လား"
ဝတ္ရည္ဦးက အားနာေနၿပီး႐ွက္ေန
ပုံရေပမဲ့
"ရတယ္ ဘာလို႔မရရမွာလဲအခုသြားမွ ႐ုပ္႐ွင္ၾကည့္ဖို႔အခ်ိန္မွီမွာ။ ကြၽန္ေတာ္တို႔သြားၿပီမေသာ္ သြားၿပီကိုဂြၽန္"
ဆန္းဆက္က ေျပာရင္း ဝတ္ရည္ဦးရဲ႕
စာအုပ္ေတြထည့္ထားတဲ့ဖိုင္ကို ဆြဲယူကာ ကိုင္ေပးလိုက္သည္။
" ႏွစ္ေယာက္ထဲ ေက်ာင္းေျပးၾကမွာေပါ့ေလ"
႐ွက္ျပဳံးေလးနဲ႔
ျပန္ေျဖရခက္ေနတဲ့ဝတ္ရည္ဦးရဲ႕ လက္ေကာက္ဝတ္ကိုဆန္းဆက္က
ဆြဲကိုင္ကာ အခန္းထဲကေန ဦးေဆာင္
ကာ ေခၚသြားသည္။
"အရမ္းလိုက္တာပဲ ခ်စ္စရာေလးေတြ"
ထြက္သြားတဲ့ သူႏွစ္ေယာက္ကို ကိုဂြၽန္ သေဘာတက်နဲ႔ေငးရင္းေျပာသည္။
" ဒီေလာက္ကပ္ေနတာ သူတို႔တြဲေန
ၾကၿပီလို႔မထင္ဘူးလား"
" အဲဒါေတာ့ေျပာရခက္တယ္ ဒီႏွစ္ေယာက္ဘာလို႔officialမခ်ျပတာလဲမသိဘူး သူငယ္ခ်င္းေတြ ဆိုၿပီးငါတို႔ကိုဂ်င္း
ေနတာႏွစ္ေယာက္ၾကားမွာ တခုခုေတာ့
႐ွိေနမွာ ေသခ်ာပါတယ္"
မေသာ္တာနဲ႔ ကိုဂြၽန္ ေခါင္းခ်င္းဆိုင္
ရင္း ေျပာေနသည္ကို နားေထာင္ရင္း
သူၿငိမ္ေနမိရသည္။
ဆန္းဆက္နဲ႔ဝတ္ရည္ဦးက ဘာျဖစ္လို႔
သူတို႔ရဲ႕ပတ္သက္မႈကို အမ်ားသိေအာ
င္မဖြင့္ခ်ေသးတာလဲ။
ဆန္းဆက္ကဝတ္ရည္ဦးကို တကယ္
ပင္ဂ႐ုစိုက္တဲ့ပုံျမင္ရၿပီး သူတို႔ႏွစ္
ေယာက္ၾကားက သံေယာဇဥ္က
တခဏေလး ျမင္လိုက္႐ုံႏွင့္ပင္
ခိုင္ၿမဲလြန္းတယ္ဆိုတာကိုသူသိ
လိုက္ရသည္။ အထူးသျဖင့္ ဝတ္ရည္
ဦး။
ဝတ္ရည္ဦးဘက္က ဆန္းဆက္ကို
ေတာ္ေတာ္ေလးခ်စ္ေနၿပီး ေမတၱာ
႐ွိသည့္ပုံေပၚသည္။
လက္ထဲက အေအးဘူးကို ျပန္ၾကည့္
ရင္းသူဝတ္ရည္ဦးကို လြန္စြာအားနာ
ေနမိရသည္။ အဆင္းေရာ အခ်င္း
ပါျပည့္စုံၿပီး စိတ္သေဘာထား
ေကာင္းမြန္လြန္းတဲ့မိန္းကေလးပဲ။
သူတစ္ကယ္ မလုပ္သင့္တဲ့အျပစ္ႀကီး
တစ္ခုကို က်ဴးလြန္ေနမိတဲ့အျပစ္သား
တစ္ေယာက္လို ခံစားေနရသည္။
-----------------------------
ေန႔လည္ပိုင္းအခ်ိန္
ကားပါကင္မွာ လူ႐ွင္းေနသည္။
အနားတဝိုက္မွာ ဘယ္သူမွမ႐ွိ ဘယ္
သူမွသူ႕ကို မေတြ႕တာေသခ်ာမွ
သူ႕ကားကိုမွီၿပီးရပ္ေနတဲ့ ဗ်ဴဟာပိုင္
အနားကိုသူသြားလိုက္သည္။
"ဘာကိစၥလဲ ငါ့ကို မင္းေခၚတာ"
သူမ်က္ႏွာေသနဲ႔ပင္ ဗ်ဴဟာပိုင္
အေ႐ွ႕ရပ္ၿပီး ျဖစ္ႏိုင္ရင္ မေတြ႕ခ်င္ပါေသာ္လည္း။
" တကယ္ဆို ငါမေခၚရပဲနဲ႔ မင္းကိုယ္
တိုင္လာသင့္တာမလား"
ဗ်ဴဟာပိုင္ကို မေက်နပ္စြာနဲ႔ပင္ သူ
ျပန္ၾကည့္လိုက္မိသည္။ နည္းနည္း
ေလာက္မွ အထက္စီးမဆန္လိုက္ရရင္ ဒီေကာင္စကားမေျပာတတ္ဘူးထင္တယ္။
"ဗ်ဴဟာ "
အဲ့ဒီအခ်ိန္
သူတို႔ရပ္ေနတဲ့ ကားပါကင္ဆီကို
ေလွ်ာက္လာေနတဲ့ ဘုန္းျပည့္ေသာ္နဲ႔
႐ွင္းသန္႔သူ။သူတို႔ေရာေက်ာင္းေျပးမလို႔လား။
သူ ဘာလုပ္ရမွန္းမသိ ျဖစ္ေနခ်ိန္
ဗ်ဴဟာပိုင္က သူ႕ကားတခါးကိုဖြင့္ကာ
သူ႕ကို ကားအထဲသို႔သြင္းလိုက္သည္။
" အထဲမွာဝင္ေန"
ကားမွန္က အထဲကေနပဲ ျမင္ရသည္မို႔
ဘုန္းျပည့္နဲ႔႐ွင္းသန္႔ သူကိုမေတြ႕ႏိုင္။
" ႐ွင္းသန္႔ လာေလ ငါ့ ေကာင္နဲ႔
မိတ္ဆက္ေပးမယ္"
ဘုန္းျပည့္က ဗ်ဴဟာပိုင္ေဘးနား
ေရာက္လာေသာ္လည္း႐ွင္းသန္႔က
ဘုန္းျပည့္ ကားအနားမွာသာ မ်က္ႏွာ
ငယ္နဲ႔ရပ္ေနသည္။
" သူမင္းကိုေၾကာက္ေနတာ"
" အဲဒါဆိုရင္လည္း မင္းရည္းစားနဲ႔ပဲ
သြားလိုက္ေတာ့ေလ ငါ့ဆီဘာလို႔
လာေသးလဲ"
" မင္းက အဲ့လိုမ်က္ႏွာမလုပ္ထားနဲ႔
ေလဗ်ဴဟာ ငါတစ္ကယ္မင္းက
႐ွင္းသန္႔ကိုငါ့ေကာင္ေလးအေနနဲ႔
လက္ခံေပးမွာကိုေမွ်ာ္လင့္ေနတာ"
"မင္းလုပ္ခ်င္တာလုပ္ထားၿပီးမွ ငါ့ကို
လာမမိတ္ဆက္ေပးနဲ႔"
"ေအာ္ ငါရည္းစားရသြားတာမင္းကို
အရင္မေျပာျပမိလို႔ အခုထိ စိတ္ဆိုး
ေနတုန္းပဲလား"
" ရယ္စရာေတြလာမေျပာနဲ႔ေဟ်ာင့္"
" ရည္းစားရသြားလို႔ဆိုၿပီး မင္းကို
မပစ္ထားပါဘူး စိတ္ခ်ေနာ္ ငါ့ကို
စိတ္မဆိုးစိတ္မေကာက္နဲ႔ေတာ့ "
" ငါဆြဲမထိုးမိခင္ ဒီေနရာကေန
မင္းျမန္ျမန္လစ္လိုက္ေတာ့ ဘုန္းျပည့္"
" လစ္မွာ ငါ့ေကာင္ေလး ေစာင့္ေနတယ္ ေနာက္မွပဲေသခ်ာေလးလာေခ်ာ့ေတာ့မယ္ ပိုင္မ်ိဳးႏြယ္ကသခင္ေလး"
သူတို႔ကို လက္မခံေပးခဲ့တာေတာင္
ဗ်ဴဟာပိုင္ကို နဲနဲေလးမွစိတ္ခုေနပုံ
မရတဲ့ဘုန္းျပည့္။
ဘုန္းျပည့္က ဗ်ဴဟာပိုင္ကိုစသြားၿပီး
မွျပန္လွည့္လာကာ။
"ေအာ္ ဒါနဲ႔"
ဘုန္းျပည့္က သူထိုင္ေနတဲ့ဘက္က
ကားမွန္ကိုၾကည့္ေနသည္မို႔။
"ဗ်ဴဟာ ခုနတုန္းက မင္းတေယာက္
ေယာက္နဲ႔ စကားေျပာေနတာငါ
ေတြ႕လိုက္မိသလိုပဲ ဘယ္သူလဲေဟ်ာင့္ "
" ဘယ္သူမွမ႐ွိဘူး"
"ငါပဲ အျမင္မွားတာလား သြားၿပီ သားႀကီး"
ဘုန္းျပည့္ အနားကထြက္သြားၿပီး
ကားေပၚတက္သြားကာ႐ွင္းသန္႔နဲ႔
ကားပါကင္ကေန ကားေမာင္းထြက္
သြားမွသူ အသက္႐ွဴရဲေတာ့သည္။
တခဏပါပဲ။
ဗ်ဴဟာပိုင္က ကားတံခါးဖြင့္ကာ
အထဲဝင္ထိုင္လာေတာ့ သတိ အေန
အထားနဲ႔ စိတ္ေတြတင္းၾကပ္သြားရ
သည္။ သူ႕ရဲ႕ကားအေကာင္းစားထဲမွာ
လည္းမထိုင္ခ်င္။
ဗ်ဴဟာပိုင္က ဘုန္းျပည့္ ေမာင္း
ထြက္သြားတဲ့ ကားကိုၾကည့္ေနလ်က္
မ်က္ႏွာတည္ေနသည္။ ဘယ္လိုမွ
တားလို႔မရလို႔သာ ဒီေကာင္လက္ေလွ်ာ့
လိုက္တာ သူ႕သူငယ္ခ်င္း ေယာက်္ားေလးခ်င္း ႀကိဳက္သြားတာကို ဒီေကာင္
လုံးဝ သေဘာက်ပုံမရ။
႐ွင္းသန္႔ဆို ဗ်ဴဟာပိုင္ အနားေတာင္
မလာရဲ။
" မင္းက ေယာက်္ားေလးခ်င္းႀကိဳက္
တာကို လက္မခံတဲ့သူလား"
ခပ္တိုးတိုးပင္ သူေမးလိုက္ေတာ့
ဗ်ဴဟာပိုင္က သူ႕မ်က္ႏွာကိုစူးစိုက္
ၾကည့္လာၿပီး တခဏ တိတ္ဆိတ္ေန
ၿပီးမွ။
"ဟုတ္တယ္"
သိၿပီးသားအေျဖ ျဖစ္ေနတာေတာင္မွ။
ဒါကသူ႕ကိစၥပါပဲ။ေနစင္ဟန္ ဘာမွ
မေျပာခ်င္။ဒါေပမဲ့ တစ္ခုပဲ
သူကိုယ္တိုင္ လူသားအခ်င္းခ်င္း
သူတစ္ပါးျဖစ္တည္မႈကိုနားလည္
ေပးႏိုင္မႈမ႐ွိပဲ လူခ်င္းအတူတူ
ႏွိမ့္ခ်ၿပီးလက္မခံႏိုင္
မုန္းေနတဲ့ကိစၥကို သူ႕ရဲ႕ညီ ျဖစ္တဲ့သူ
ကို ၾကံစည္ေနတဲ့ အၾကံအစည္က။
ဒီေကာင္ဘယ္လိုေတာင္ ေသြးေအး
တာလဲ။
" ငါတို႔ေက်ာင္းမွာ ႏွစ္ေယာက္ထဲ
သိပ္မေတြ႕ၾကရင္ ေကာင္းမယ္။
ငါနဲ႔မင္းက သိေနတဲ့သူေတြဆိုတာ
ဆန္းဆက္မႉး နားထဲေရာက္သြားရင္
မင္းအၾကံအစည္အတြက္ ေကာင္းတာျဖစ္လာဖို႔မ႐ွိဘူး"
" မင္းက အဲဒီေလာက္ေတာင္ ကိုယ့္
တာဝန္ကိုယ္သိေနမွေတာ့ ငါလူေ႐ြး
မွန္တာေပါ့"
မ်က္ႏွာေသႏွင့္ပင္ သူဆက္ေျပာစရာ
စကားမဲ့သြားရသည္။
နည္းနည္းေလးမွကိုအေၾကာမခံ။
" အဲဒီေတာ့ အေျခ အေနဘယ္လို႐ွိလဲ
ငါကမင္းကို အၿမဲေစာင့္ၾကည့္ေနမွာ
ဘယ္အရာမွ အလကားမရဘူးဆိုတာသိတယ္မလား။ မင္းအသက္နဲ႔ခႏၶာၿမဲခ်င္
ရင္ ငါ့ကိုလွည့္စားဖို႔ေတာ့စိတ္ကူးထဲ
ေတာင္မစဥ္းစားနဲ႔"
သူ႕ကို ခံစားခ်က္မဲ့ေနသလို ၾကည့္လာတဲ့မ်က္ႏွာကပင္ ဆြဲေဆာင္မႈ႐ွိစြာနဲ႔
ေခ်ာလြန္းေနသည္။
ေနစင္ဟန္ကို သူေ႐ြးလိုက္တဲ့ အဓိကအေၾကာင္းအရာကေတာ့ဒါပဲေလ။
ဘုန္းျပည့္ရဲ႕ ေကာင္ေလးလိုမ်ိဳးခ်စ္
စရာေကာင္းတဲ့ဘက္ကိုမသြားသလို ေယာက်္ားဆန္ေနတာမ်ိဳးလဲမဟုတ္။
ေနစင္ဟန္ မ်က္ႏွာက အလယ္
အလတ္ဘက္ကိုသြားသည္။
ၿပီးေတာ့ ကျပားမို႔လို႔ ေခ်ာလြန္းၿပီး
အသားကေတာ့ ျဖဴတာမွ ဝတ္ထားတဲ့ ေက်ာင္းအက်ႌယူနီေဖာင္း အျဖဴေရာင္
ႏွင့္ လိုက္ဖက္လြန္းစြာ လက္ဖမိုး လက္ေခ်ာင္းေလးေတြဆိုရင္လည္း ေယာက်္ားေလးတန္မဲ့ထိရက္စရာ
မ႐ွိေအာင္ ျဖဴဥသြယ္လ်ေနသည္။
" ငါလုပ္ရမယ့္ကိစၥကို ငါသိတယ္ ဒါေပမဲ့"
ေျပာရခက္ေနသလို ျဖစ္ေနတဲ့ေနစင္ဟန္။
" မင္းငါ့ကိုကူညီမွ ျဖစ္မယ္ "
ဗ်ဴဟာ နားေထာင္ေပးမည့္ဟန္ျပ
လိုက္ေတာ့ ခ်က္ခ်င္းပင္ ။
" ငါဘယ္ကေနဘယ္လို ခ်ည္းကပ္
ရမလဲဆိုတာထပ္ ဆန္းဆက္ေဘးနား
မွာ သူ႕ေကာင္မေလးက ႐ွိေနတယ္"
ဒီေကာင္ေလး ေျပာရခက္ေနတာကို
သူသိသြားၿပီ။
"ငါမင္းကို ဒီေလာက္ထိ ပိုက္ဆံ
အမ်ားႀကီးေပးထားတာ ဒီကိစၥအတြက္
အၾကံဥာဏ္ပါထပ္ၿပီးေပးရအုံးမွာလား"
" အၾကံဥာဏ္က မလိုဘူး။ ငါမင္းကိုအကူအညီေတာင္းတာ "
"ဘာအကူအညီလဲ"
" ဝတ္ရည္ဦးကို ငါအရမ္းအားနာတယ္
အဲ့တာေၾကာင့္"
"ဝတ္ရည္ကို မင္းအားနာစရာမလိုဘူး"
ေအးေဆးစြာပင္ သူျပန္ေျပာလိုက္ခ်ိန္ အံ့အားသင့္ေနတဲ့မ်က္ႏွာ။
"ဆန္းဆက္မႉးက ဝတ္ရည္ဦးအေပၚ
ဘာစိတ္မွမ႐ွိဘူး ငါ့ကိုေၾကာခ်င္လို႔ ဝတ္ရည္ကိုငါ့လက္ထဲကေနတမင္
လုသြားတာ"
"ဘာ"
ေနစင္ဟန္အံ့ၾသႀကီးေနသည္ႏွင့္အတူ
သူလည္းခံရခက္စြာနဲ႔ ဒီကိစၥကို
ဘယ္သူ႕ကိုမွထပ္မေျပာခ်င္။
"အဲဒါကို မင္းသိတယ္ဆိုရင္ ဝတ္ရည္ဦး
ကို အမွန္အတိုင္းေျပာျပၿပီး မင္းဘက္
ကို ေရာက္လာေအာင္လုပ္သင့္တာေပါ့။
ဒီေလာက္လြယ္ေနတာကို မင္းဘာလို႔"
"ဝတ္ရည္မွာ ႏွလုံး အားနည္းတဲ့ အခံ႐ွိတယ္။ ၿပီးေတာ့ ငါ့စကားကို ယုံခ်င္မွ
လည္းယုံလိမ့္မယ္ ငါကဝတ္ရည္ကို
အဲဒီဘာမဟုတ္တဲ့ေကာင္ အတြက္နဲ႔
နည္းနည္းေလးေတာင္မွ မခံစားေစ
ခ်င္ဘူး။ ဆန္းဆက္မႉးရဲ႕ပါးစပ္က
ေနသူကိုယ္တိုင္ဝန္ခံလာတာကိုပဲ
လိုခ်င္တာ"
" အဲဒီအခ်ိန္ကို ေရာက္လာခဲ့ရင္
ဝတ္ရည္ဦးကိုမင္းက အဆင္သင့္
အေပၚစီးကေနအအသာေလး
သေဘာထားႀကီးတဲ့သူအေနနဲ႔
ေကာက္ယူလိုက္မယ္ေပါ့"
အေလာတႀကီးပင္ ဆက္တိုက္ေျပာေနတဲ့ေကာင္ေလးကိုသူျပန္ၾကည့္ရင္း ။
" အဲဒါငါ့ကိစၥ"
" မင္းနဲ႔ငါနဲ႔က အခုတစ္ေလွတည္းစီး
ေနတာ ငါ့ ကိစၥ မင္းကိစၥဆိုတာေတြ
မ႐ွိဘူး။ေလွေပၚက ငါျပဳတ္က်ရင္
မင္းလည္းလိုက္ၿပီးျပဳတ္က်မွာ
အဲဒီေတာ့ မင္းကိစၥကလည္း ငါ့ကိစၥ
ငါ့ ကိစၥကလည္းမင္းကိစၥ"
"အခုေလွစီးေနတာမဟုတ္ဘူး မင္း
ေရာက္ေနတာငါ့ကားေပၚမွာ ငါတံခါး
ဖြင့္ၿပီးမင္းကိုကန္ခ်ပစ္လိုက္လို႔ရတယ္"
အၿပိဳင္ျပန္ေျပာေနတဲ့ ေကာင္ေလးက
တခဏတိတ္သြားသည္။
ၿငိမ္သက္ေနလ်က္ပင္
သူကိုယ္တိုင္ ၾကားခဲ့ရတာေတြကို
လိုက္မွီႏိုင္ေအာင္မနည္း အားထုတ္
ေနရသည့္ပုံ။
"ဆန္းဆက္က ဘာလို႔ဝတ္ရည္နဲ႔သူ႕ရဲ႕ ပတ္သက္မႈကို ေက်ာင္းကလူေတြသိ
ေအာင္ လူသိ႐ွင္ၾကား မေဖာ္ေသးတာလဲ"
"အသိသာႀကီးပဲေလ ဝတ္ရည္ကိုငါ့ကို အားနာေနရတဲ့ပုံျပၿပီး ႏႈတ္ပိတ္ထား
မယ္။ဝတ္ရည္ရဲ႕အေမက ဒီေကာင့္
မိသားစုေတြကိုလုံးဝမၾကည္ဘူး။
သိတာနဲ႔ခြဲမွာပဲ။အခ်ိန္မတန္ေသးလို႔
မခ်ျပေသးတာ သူလိုအပ္လာရင္
ထုတ္သုံးမွာပဲ ဆန္းဆက္
မႉးက ေလ်ာ့တြက္လို႔ရတဲ့လူမ
ဟုတ္ဘူး"
သူေျပာတာကိုပဲ နားေထာင္ၿပီး
ေနစင္ဟန္က ၿငိမ္က်သြားသည္။
ဝတ္ရည္ကို အားနာတယ္တဲ့။ ဒီလို
ကိစၥမ်ိဳးလုပ္ဖို႔ သေဘာတူၿပီးမွ
ဒီေကာင္ေလးမွ ဒီလိုစိတ္ဓာတ္မ်ိဳး
႐ွိေနလိမ့္မယ္လို႔ မထင္ထားခဲ့မိတာ
အမွန္။
" ငါ ဘာကူညီေပးရမွာလဲေျပာ"
ဝတ္ရည္အတြက္ စဥ္းစားေပးတဲ့စိတ္
ကို ျမင္လိုက္ရတာေၾကာင့္
သူ႕ဘက္က တထစ္ေလ်ာ့ေပးလိုက္
ျခင္းပင္။
" ဆန္းဆက္နဲ႔ျပတ္ၿပီးမွ ဝတ္ရည္ဦး
က မင္းဆီေရာက္လာတာထက္ အခုက
ထဲကမင္းကဝတ္ရည္ဦးေဘးမွာ နား
လည္မႈ႐ွိေနတဲ့သူလိုမ်ိဳး႐ွိေနသင့္
တယ္မလား။ မင္းဝတ္ရည္ဦးကို
တကယ္ပိုင္ဆိုင္ခ်င္ရင္ မင္းဘက္
ကမာနထားတာေလးကို နည္းနည္း
ေလွ်ာ့သင့္တယ္"
" မင္းကငါ့ကို ျပန္သင္ေပးေနတာလား"
" အဲဒီလိုမဟုတ္ပါဘူး ငါျမင္ရသ
ေလာက္ေတာ့ဝတ္ရည္ဦးက ဆန္းဆက္
ကို"
အၾကည့္ခ်င္းဆုံေနရင္း ေျပာရခက္
ေနသည့္ပုံနဲ႔။
"ေတာ္ေတာ္ေလး သေဘာက်ေနတဲ့ပုံပဲ"
"အဲဒီေတာ့"
" မိန္းကေလးဘက္ကို မင္းျပန္မ
ေတြးဘူးလား ဆန္းဆက္ကိုမင္းအႏိုင္
ရဖို႔ပဲမၾကည့္နဲ႔ ဝတ္ရည္ ခံစားရမွာကို
မင္းျမင္လား။မင္းတို႔ၾကားငါဝင္ပါတာ
ေတာ့မဟုတ္ဘူး မင္းကဒီေလာက္ျပည့္
စုံေနတာေတာင္ဝတ္ရည္ကဘာလို႔
ဆန္းဆက္ကို သေဘာက်သြားလဲသိ
လား။ မင္းေျပာသလိုပဲ ဆန္းဆက္က
ဟန္ေဆာင္ေနတယ္ဆိုရင္ေတာင္
ဝတ္ရည္ဦးအေပၚ နားလည္ေပးမႈ
ဂ႐ုစိုက္မႈကမင္းထပ္အမ်ားႀကီးသာတယ္"
သူ မ်က္ႏွာတည္သြားၿပီး ဘာမွဆက္
မေျပာေတာ့ ေနစင္ဟန္က ဆက္
ေျပာရခက္သြားသည့္ပုံႏွင့္။
" ငါလည္းမင္းနဲ႔ စကားအမ်ားႀကီး
မေျပာခ်င္ပါဘူး။ငါ့ဘက္က ငါလုပ္
ရမဲ့ကိစၥကို အျပည့္အဝ တာဝန္ယူတယ္ တဖက္မိန္းကေလးရဲ႕ ဂုဏ္သိကၡာနဲ႔
သူခံစားရမဲ့စိတ္ခံစားမႈကိုေတာ့ တာဝန္
ယူရမွာ မင္းအပိုင္းပဲ။အခုခ်ိန္ထဲက
ဝတ္ရည္ဦးကိုမင္းကသူ႕ေဘးမွာ
အဆင္သင့္ေစာင့္စားေနတဲ့သူအေနနဲ႔
႐ွိေနသင့္တယ္။အဲ့တာမွ တကယ္ျဖစ္
လာတဲ့အခါက်ရင္ မင္းရဲ႕ႏွစ္သိမ့္မႈနဲ႔
ဝတ္ရည္ဦးစိတ္ကခံသာမွာ။
ကိုယ္လိုခ်င္တဲ့ မိန္းကေလးအေပၚမွာ
ေတာ့ မာနမထားပဲမင္း ဒီေလာက္
ေတာ့အေလွ်ာ့ေပးသင့္ပါတယ္။အဓိက
ကဆန္းဆက္က ေယာက်္ားေလးခ်င္း ႀကိဳက္တဲ့ေကာင္ျဖစ္သြားၿပီးဝတ္ရည္ဦး
က မင္းဆီျပန္ေရာက္လာဖို႔ပဲမဟုတ္လား"
ဗ်ဴဟာ အေလာတႀကီးပင္ ဆက္တိုက္
ေျပာေနတဲ့ေကာင္ေလးရဲ႕
စကားေတြထက္ ေျပာဆိုေနတဲ့
ဟန္ပန္အမူအယာ ၾကာၾကာၾကည့္ေလ
ပိုေခ်ာေလဆိုသလိုမ်ိဳးအၾကည့္ခံ
တဲ့မ်က္ႏွာ အေပၚမွာသာ အာ႐ုံေရာက္ေနသည္။ ဒီေကာင္ေတာ္ေတာ္
အၾကည့္ခံတာပဲ။
ၿပီးေတာ့ဆို႐ွယ္ေပၚမွာ ႐ွာေတြ႕ထား
တဲ့ပုံမွာ ေနစင္ဟန္
ႏွစ္ ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးလိုက္ရင္ မ်က္လုံးေအာက္က ပါးႏွစ္ဖက္ရဲ႕ထိပ္ဆုံးမွာ
ေပၚလာတဲ့အခ်ိဳင့္ရာေသးေသးေလး
ႏွစ္ခု။ သူ အျပင္မွာ ျမင္ဖူးခ်င္လို႔
႐ွာေနေပမယ့္ ဒါကျပဳံးလိုက္မွပင္
ျမင္ႏိုင္မည့္အရာ။အခုေတာ့ သူ႕ေဘးက ေကာင္ေလးကမ်က္ႏွာတည္ႏွင့္ပင္။
" သုံးေယာက္ဆုံတဲ့အခ်ိန္က်ရင္ ငါ
မင္းကိုေခၚလိုက္မယ္ ဆန္းဆက္ကို
ငါ့တာဝန္ထား ဝတ္ရည္ဦးမင္းဘက္ကိုတျဖည္းျဖည္းနဲ႔စိတ္ျပန္လည္လာ
ေအာင္ငါလုပ္ေပးမယ္။ငါသြားၿပီ"
မ်က္ႏွာေသနဲ႔
ေျပာခ်င္ရာေျပာသြားၿပီး ေနစင္ဟန္
သူ႕ကားေပၚကေနဆင္းသြားသည္။
ေနစင္ဟန္က သူဝတ္ရည္ကို ျပန္လို
ခ်င္လို႔ ဆန္းဆက္ကိုေဂးျဖစ္ေအာင္
လုပ္ခိုင္းတယ္လို႔ ထင္ေနတာလား။
ဘာပဲျဖစ္ျဖစ္ သူ႕ အတြက္အ႐ႈံး မ႐ွိဘူး။ဝတ္ရည္သူ႕ဆီျပန္ေရာက္လာေတာ့
လည္း တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေပါ့။
မိသားစုကသာမာန္ပဲဆိုေပမဲ့ မိဘေကာင္း
ေတြလက္ေအာက္ကႀကီးျပင္းလာသူ။
အစ္မျဖစ္သူရဲ႕က်န္းမာေရးအေျခ
အေနေၾကာင့္ေငြေၾကးလိုအပ္လို႔ သူ႕ဆီေရာက္လာခဲ့တာလည္း သူစုံစမ္း
သိၿပီးၿပီ။တကယ္ကို ငါ့ညီအတြက္ေကာင္းေကာင္းမြန္မြန္ေလးထဲက
႐ွာေတြ႕ခဲ့တာပဲ။
ေက်ာင္းအေဆာက္အဦးထဲကို
ေနစင္ဟန္ လမ္းေလွ်ာက္ သြားသည္
ကိုသူကားထဲကေနမ်က္ႏွာမလႊဲ
အၾကည့္မလႊဲတမ္းလႈပ္႐ွားမႈတစ္ခု
ခ်င္းဆီတိုင္းကို ေငးၾကည့္ရင္း
ေက်နပ္စြာနဲ႔အသာျပဳံးလိုက္သည္။
သူလူေ႐ြးမမွားဘူး။ေနစင္ဟန္မွာ
ဘာလဲေတာ့ေသခ်ာမေျပာႏိုင္ေပမယ့္
တစ္ဘက္သူကိုဆြဲေဆာင္ႏိုင္တဲ့
ပင္ကိုယ္ ဆြဲေဆာင္မႈက ႐ွိေနတယ္။
ဒီလိုေကာင္ေလးမ်ိဳးက မခြာစတမ္း
လာကပ္ရင္ ဘယ္ေလာက္ပဲအစစ္ျဖစ္ေနပါေစ ခံႏိုင္ရည္မ႐ွိပဲ က်႐ႈံးသြားမွာ
ကအေႏွးနဲ႔အျမန္ပဲေလ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
AN//ရည္႐ြယ္ထားတဲ့အတိုင္းေသခ်ာေလးေတာ့အစပ်ိဳးလိုက္ႏိုင္ပါၿပီ။ေနာက္အပိုင္းေတြကိုယ္လည္းျမန္ျမန္တင္ခ်င္ပါတယ္။updateကေတာ့တပတ္တစ္ခါပါေနာ္။အားလုံးကိုေက်းဇူးတင္လ်က္ပါ။