ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

By Jiji_laura

485K 81.6K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... More

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။

1.3K 171 0
By Jiji_laura

Unicode

အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။

[ကြိုးကြာဖြူအိပ်မက်- ဓားသိုင်းအသစ်၏အမည်]

မြောက်ဘက်သို့ ခရီးတလျှောက်လုံး လေထုသည် ပိုအေးလာကာ ညတာများသည် ပိုရှည်လာသည်။

စုယန်နှင့် ကုဖေးတိသည် ဆယ့်ငါးရက်အတွင်း အဲ့လော့ကွေး၏ တော်ဝင်နန်းတွင်းသို့ ဝင်ရောက်နိုင်ရမည်ဟု မျှော်မှန်းကာ တစ်ညလုံး ခရီးကို အလျင်အမြန်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

အဲ့လော့ကွေးသည် ကျယ်ပြန့်သော နယ်မြေကို ပိုင်ဆိုင်ထားသော်လည်း မြေအများစုသည် တစ်နှစ်ပတ်လုံး နှင်းများ၊ ရေခဲများဖြင့် ဖုံးလွှမ်းနေသောကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးအတွက် မသင့်လျော်ပေ။ ဤနေရာရှိလူများသည် ၎င်းတို့၏ ၀င်ငွေရင်းမြစ်အတွက် ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းတို့ကိုသာ အဓိကအားကိုးကြသည်။ ဆောင်းရာသီတွင် သားကောင်များပါ ရှားပါးလာသောကြောင့် ယခုအချိန်တွင် ရေခဲလွင်ပြင်၌ လူရိပ်တစ်ခုပင် မတွေ့ရသည်အထိ ဖြစ်နေ၏။

ကံကောင်းထောက်မစွာ ဤနေရာရှိ တောင်များသည် ကျယ်ပြန့်သော သစ်တောများဖြင့် ဖုံးလွှမ်းထားသောကြောင့် စုယန်နှင့် ကုဖေးတိတို့သည် သိပ်မပေါ်လွင်နေခဲ့ပေ။

ရေခဲလွင်ပြင် ပတ်ပတ်လည် ခရီးသွားခြင်း၏ ခုနစ်ရက်မြောက်ညတွင် သူတို့နှစ်ဦးသည် အဲ့လော့ကွေး၏ ကင်းထောက်များနှင့် ပထမဆုံး တိုက်ပွဲကို ရင်ဆိုင်ခဲ့ကြသည်။

စုစုပေါင်း ပြိုင်ဘက် လေးဦးရှိကာ ၎င်းတို့အနက် တစ်ဦးက တစ္ဆေဇီးကွက်ကို ခေါ်ဆောင်လာခဲ့သည်။ ကံကောင်းစွာဖြင့် ကုဖေးတိ၏တုံ့ပြန်မှုသည် မြန်ဆန်ခဲ့သည်။ တစ္ဆေဇီးကွက်ကို လွှတ်ပေးရန် အချိန်မရသေးခင်မှာပဲ သူ၏ဓားဖြင့် နှစ်ပိုင်းတိတိ ပိုင်းဖြတ်ပစ်လိုက်လေ၏။ သတင်းပို့ရန် တစ္ဆေဇီးကွက်မရှိသည်ကို တွေ့လိုက်ရသဖြင့် လေးယောက်ထဲမှ တစ်ယောက်က ထွက်ပြေးရန် ကြိုးစားသော်လည်း စုယန်၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် တားဆီးခံလိုက်ရသည်။

အဲ့လော့ကွေး၏ ကင်းထောက်များသည် တိုက်ကွက်အချို့ကို လုပ်ဆောင်နိုင်ပုံရပြီး အချင်းချင်း၏ သိုင်း လှုပ်ရှားမှုများကိုလည်း ပံ့ပိုးပေးသည်။ ထို့အပြင်
စုယန်နှင့် ကုဖေးတိ၏ အတားအဆီးများကို ဖြတ်ကျော်ရန် ကြိုးပမ်းမည့်သူ အမြဲရှိနေ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ကင်းထောက်လေးဦး၏တိုက်ခိုက်မှုများကို ကျော်လွှားရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း ထွက်ပြေးရန်အခွင့်အရေးကို ဆုပ်ကိုင်ထားရန်လည်း လိုအပ်သည်။ ဤတိုက်ပွဲဟာ လုံးဝ ရိုးစင်းသည်တော့ ဟုတ်မနေချေ။

စုယန်သည် 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'ကို အသုံးပြုကာ 'ဇီးပင်နီအားယစ်မူးစွာခုတ်ထစ်ခြင်း'၏ သေစေနိုင်သောတိုက်ခိုက်မှုများနှင့်အတူ ပေါင်းစပ်အသုံးပြုလိုက်သည်။ ထိုမှသာ ခက်ခဲစွာ လွတ်မြောက်ရန် ကြိုးစားနေသော ကင်းထောက်ကို သတ်ပစ်နိုင်ခဲ့၏။

တိုက်ပွဲ အနည်းငယ် ကြာမြင့်လာသည်နှင့် သူတို့နှစ်ဦးသည် တဖြည်းဖြည်း အသာစီးရခဲ့သည်။ များမကြာမီပင် ကင်းထောက်များသည် တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ဓားချက်အောက်၌ အားလုံးသေဆုံးသွားကြတော့၏။

ကုဖေးတိသည် စုယန်အား ဘေး၌ရပ်နေစေပြီး သူသည် လူသေလောင်းများ၏ ကိုယ်ပေါ်၌ ဓားချက်တချို့ ထပ်မံထည့်သွင်းကာ ထန်းယွင်စံအိမ်နှင့် မိစ္ဆာဂိုဏ်း၏ ခြေရာလက်ရာများကို ဖုံးကွယ်ထားခဲ့သည်။ သူတို့သည် အလောင်းများကို မြှုပ်နှံရန် ကြိုးပမ်းအားထုတ်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။ ပထမအချက်မှာ ၎င်းတို့၏ တိုက်ပွဲခြေရာများသည် ထင်ရှားလွန်းသောကြောင့် နှင်းများနှင့် အပေါ်ယံမြေလွှာများ ရှုပ်ပွနေပြီး ကောင်းစွာ မဖုံးဖိနိုင်တော့ပေ။ ဒုတိယ အကြောင်းရင်းကတော့ ....... သူတို့သွားရာလမ်းမှာ ဝံပုလွေတစ်ကောင်၏ ခြေရာများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပေ၏။ ထိုနေရာရှိ သွေးနံ့များမှာ အလွန်ပြင်းပြီး သားကောင်ရှားပါးသော ဆောင်းရာသီတွင် ဤ‌သို့သော သွေးနံ့က သားရဲတိရစ္ဆာန်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။

အခင်းဖြစ်ရာနေရာကို ပြောင်မြောက်စွာ ကိုင်တွယ်ဖြေရှင်းပြီးနောက် ကုဖေးတိသည် စုယန်ကို ခေါ်ဆောင်ပြီး ညတွင်းချင်း ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

နှင်းများအောက်၌ တစ်နာရီခန့် ခရီးဆက်ပြီးနောက် နှစ်ယောက်သား ရပ်တန့်ပြီး တရားထိုင်ရင်း အလှည့်ကျ အနားယူဖို့ ပြင်ဆင်ကြလေသည်။

ကုဖေးတိသည် အစောပိုင်းက တိုက်ပွဲကို ပြန်သတိရပြီး ကြယ်များပြည့်နေသော ကောင်းကင်ကို ကြည့်လိုက်ကာ

"အဲဒီလူတွေသုံးတဲ့ ဓားသိုင်းက ကောင်းကောင်း ပေါင်းစပ်ထားတာပဲ။ နောက်တစ်ခါ လူတွေ ပိုများလာလို့ရှိရင် မင်းနဲ့ကိုယ် ကောင်းကောင်း ထိန်းနိုင်တော့မှာမဟုတ်ဘူး။ တစ်ယောက်ယောက်က အဲ့လော့ကွေးကို သတင်းပို့လိုက်တာနဲ့ ကိုယ်တို့ရဲ့ တည်နေရာကို သေချာပေါက် ဖော်ထုတ်သွားနိုင်လိမ့်မယ်"

စုယန်က ခေါင်းညိတ်လိုက်သည်။

"ကံကောင်းလို့ ငါ့ရဲ့'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း' နဲ့ ထွက်ပြေးမယ့်သူကို တားနိုင်လိုက်လို့ပေါ့"

ခဏလောက် စဉ်းစားပြီးနောက် ကုဖေးတိက ဆိုသည်။

"ကိုယ်တို့ နှင်းတောင်ပေါ်မှာတုန်းက မင်းရဲ့ 'ဇီးပင်နီအားယစ်မူးစွာခုတ်ထစ်ခြင်း'နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဓားသိုင်းကို ဖန်တီးဖို့ ကြိုးစားခဲ့တယ်မလား။ အခုအချိန်မှာ အဲဒါကို သုံးပြီး တိုးတက်အောင် လေ့ကျင့်သင့်တယ်။ ဒါမှ အဲ့လော့ကွေးရဲ့ စုန်းဖြူမျှော်စင်ကို ဝင်စီးတဲ့အခါ အသုံးဝင်ကောင်းဝင်လာနိုင်မှာပေါ့"

စုယန်က "ကောင်းပြီ" ဟု သဘောတူလိုက်သည်။
ထိုနေ့မှစ၍ သူတို့နှစ်ဦးသည် ကုဖေးတိ၏ဓားပညာအသစ်ကို တွေးတောရင်း အလျင်အမြန် ခရီးဆက်ခဲ့ကြလေ၏။

အဲ့လော့ကွေး၏တော်ဝင်နန်းတော်အနီးတွင် တစ္ဆေတဲ၏ ကင်းထောက်များနှင့် ၎င်းတို့၏ထိပ်တိုက်တွေ့မှုမှာ အကြိမ်ရေတိုးလာခဲ့သည်။ နောက်ပိုင်းတွင် ကင်းထောက်များပင် မဟုတ်တော့ဘဲ ဟေးယွီ အရိပ်တပ်ဖွဲ့၏ လုပ်ကြံသတ်ဖြတ်သူများနှင့်ပါ ဆုံတွေ့လာရတော့သည်။

ကံကောင်းထောက်မစွာ စုယန်နှင့် ကုဖေးတိတို့သည် အမြဲသတိရှိနေကြသည့်အပြင် အရိပ်တပ်မှ လုပ်ကြံသတ်ဖြတ်သူများ၏ လျှို့ဝှက်စွာ ပုန်းကွယ်နိုင်မှုသည် လော့ယင်နှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။ ပေပေါင်းများစွာအကွာကတည်းက သူတို့နှစ်ဦးသည် ၎င်းတို့၏တည်ရှိမှုကို အာရုံခံစားမိပြီးဖြစ်၏။

"ကိုယ်တို့ရဲ့ သရုပ်မှန်တွေ ပေါ်သွားလောက်ပြီ"
ကုဖေးတိက သူ့လက်ဖဝါးကို ဓားလက်ကိုင်ပေါ်တင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"အချိန်က နှစ်ရက်လောက်ပဲလိုတော့တယ်... အကြီးအကဲတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ သိချင်လိုက်တာ"

စုယန်ကလည်း တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေလေပြီ။ သူက ထိုစကားကိုကြားသော နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး

"သူတို့ကို စိတ်ပူစရာမလိုလောက်ပါဘူး။ ဒီကောင်တွေကို အရင်ရှင်းပြီးမှ ဆက်ပြောရအောင်"

သူပြောပြီးသည်နှင့်တပြိုင်နက် တစ်ဖက်မှ လုပ်ကြံသူအများအပြားသည် ရုတ်တရက် စတင်တိုးဝင်လာကြ‌တော့သည်။ ကြီးစွာသော လှုပ်ရှားမှုများမရှိပါဘဲ မြှားအစုအဝေးကြီးက သတိမမူမိသော လူနှစ်ယောက်ထံကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာသလိုပင်။

စုယန်သည် သူ၏ 'ဇီးပင်နီအားယစ်မူးစွာခုတ်ထစ်ခြင်း' ၏ လှုပ်ရှားမှုတစ်ခုဖြစ်သော 'အမတ၏ယစ်မူးသောအတွေး' ကို အသုံးပြုခဲ့သည်။ ၎င်း၏ ဓားသိုင်းပညာသည် မူလက လှုပ်ရှားမှုအတွက် နာမည်မရှိသော်လည်း လွန်ခဲ့သည့် နှစ်ရက်အတွင်း ဓားပညာအသစ်အကြောင်း လေ့လာနေချိန်တွင် ၎င်းကို ကုဖေးတိမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စုယန်နှင့် အနီးကပ်ပူပေါင်းလုပ်ဆောင်ရင်း ကုဖေးတိသည် သူ့လက်ထဲရှိ 'မြတ်နိုးမှုနှလုံးသား' ဓားကို လှည့်ပတ်ကာ 'ကြိုးကြာဖြူအိပ်မက်' ဟုခေါ်သော သူ၏ဓားနည်းပညာအသစ်မှ 'နတ်သမီးအိပ်မက်‌မြေ' လှုပ်ရှားမှုဖြင့် ချိတ်ဆက်လိုက်သည်။ ၎င်းသည် ပြင်းထန်သော 'ဇာမဏီ၏အမဲလိုက်ခြင်း' ဓားပညာနှင့် ဆန့်ကျင့်စွာ ရန်လိုသည့်အငွေ့အသက် ကင်းမဲ့သော်လည်း စုယန်၏ 'ဇီးပင်နီအားယစ်မူးစွာခုတ်ထစ်ခြင်း' ၌ ပျောက်ကွယ်နေသော ခံစစ်လှုပ်ရှားမှုကို ဖြည့်စွက်ရန် ထက်မြက်သော တိုက်ခိုက်မှုများနှင့် ခံစစ်များ ပေါင်းစပ်ထားသည်။

သူတို့၏ ဓားရေးကျွမ်းကျင်မှု၊ တိုက်ခိုက်မှုနှင့် ခုခံမှု အားလုံးသည် ရန်သူများ၏ လမ်းကြောင်းအားလုံးကို ဟန့်တားကာ ဆုတ်ခွာရန် တွန်းအားပေးနိုင်ခဲ့သည်။

ဟေးယွီအရိပ်တပ်ဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုများသည် အံ့အားသင့်ဖွယ်ရာတိုက်ခိုက်မှုများကို အလေးပေးထားခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ၎င်းတို့၏ ခြုံခိုတိုက်ခိုက်မှုကို ပျက်ပြားစေခဲ့ပြီး ဖော်ထုတ်ခံခဲ့ရသူများမှာလည်း အလျှော့အတင်းရှိနေပြီဖြစ်သည်။ ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူအချို့သည် အမှတ်မထင် နောက်ပြန်ဆုတ်ကာ လူစုခွဲ၍ ထွက်ပြေးရန် စီစဉ်ခဲ့ကြသည်။

စုယန်သည် 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'ကို အသုံးချကာ 'အမူးသမား၏အထီးကျန်မြေ' နှင့် 'ယစ်မူးစွာလက်တုံ့ပြန်ခြင်း' တိုက်ကွက်နှစ်ကွက်ဖြင့် အရှေ့ဘက်သို့ထွက်ပြေးသွားသော သုံးယောက်ကို လမ်းခုလတ်တွင် တားဆီးလိုက်သည်။

တစ်ဖက်တွင် ကုဖေးတိသည် ထွက်ပြေးရန်ကြိုးစားနေသော နှစ်ယောက်နောက်သို့ ပြေးသွားခဲ့သည်။ သူသည် သူ၏ အကန့်အသတ်မဲ့ အတွင်းစွမ်းအားကို ထိန်းကျောင်းပြီး ထိုလူသတ်သမားနှစ်ယောက်ကို မြေပြင်ပေါ်သို့ ဖိနှိပ်ရန် သူ၏ 'တိမ်စီးဆင်းအိပ်မက်' လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ ထို့နောက် လုပ်ကြံသတ်ဖြတ်သူအဖွဲ့ခေါင်းဆောင်ကို ခေါင်းဖြတ်ရန် သူ၏ 'အိပ်မက်ဝိညာဉ်ရနံ့' လှုပ်ရှားမှုကို ဆက်အသုံးပြုခဲ့လေ၏။

ကုဖေးတိနှင့် စုယန်တို့သည် သိုင်းပညာတွင် လွန်စွာကျွမ်းကျင်ကြပြီး သူတို့ထွက်မပြေးနိုင်မှန်းသိသောအခါ လုပ်ကြံသူများသည် ချက်ချင်းပင် ၎င်းတို့၏ သိုင်းပညာများ ပူးပေါင်းကာ တိုက်ပွဲပုံစံအသစ်ကို ဖန်တီးခဲ့ကြသည်။

စုယန်နှင့် ကုဖေးတိတို့သည် ဤတိုက်ပွဲပုံစံကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသော်လည်း ယခုဖွဲ့စည်းမှုမှာ အနည်းငယ် ပြုပြင်ပြောင်းလဲထားခဲ့သည်။ လုပ်ကြံသူများလုပ်ဆောင်သော လှုပ်ရှားမှုများသည် ပို၍ပင်သေစေနိုင်ကြောင်း ထင်ရှားပေ၏။ တိုက်ပွဲဖွဲ့စည်းမှုတွင် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်ခုစလုံးကို ပေါင်းစပ်ထားသောကြောင့် စုယန်နှင့် ကုဖေးတိသည် မည်သည့်နေရာမှ စတင်ရမည်ကို မသိခဲ့ပေ။

ဤနေရာသည် အဲ့လော့ကွေး၏တော်ဝင်နန်းတော်နှင့် မဝေးတော့ဘဲ မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့များ တက်လာသည်ကို တွေ့နိုင်သည်။ အဝေး၌ အဲ့လော့ကွေး ဂိုဏ်းခွဲများ အခြေချနေထိုင်သောရွာ ရှိကောင်းရှိနိုင်ပေ၏။

ထို့ကြောင့် အဲ့လော့ကွေးမှ လုပ်ကြံသတ်ဖြတ်သူများသည် စစ်ကူများအား စောင့်ဆိုင်းနေဖွယ်ရှိသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါက စုယန်နှင့် ကုဖေးတိအတွက် အဆင်ပြေမည်မဟုတ်ပေ။

စိတ်ပျက်အားငယ်စွာဖြင့် စုယန်နှင့်ကုဖေးတိသည် တိုက်ပွဲကို အမြန်အဆုံးသတ်ပြီး ထိုနေရာမှ လွတ်မြောက်ရန်အတွက် ထိုးစစ်ဆင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူ၏ တိုက်ပွဲပုံစံသည် ချေမှုန်းရန် မလွယ်ကူခဲ့ပေ။ ကုဖေးတိသည် တိုက်ပွဲအတွင်း ပြိုင်ဘက်၏ အဆိပ်ဓားများဖြင့် အကြိမ်များစွာထိခိုက်ခဲ့ပြီး အဆိပ်ဖြေရန် စုယန်၏ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ရှိမနေပါက သူသည် ယခုအချိန်တွင် မလှုပ်ရှားနိုင် ဖြစ်နေလောက်ပေ၏။

၎င်းတို့၏ လက်ရှိပေါ့ဆမှုကို အခွင့်ကောင်းယူပြီး အရိပ်တပ်မှ လုပ်ကြံသတ်ဖြတ်သူများသည် တိုက်ပွဲပုံစံကို ပြောင်းလဲကာ ကွင်းပြင်တွင် အချင်းချင်း ကူညီနေသော စုယန်နှင့် ကုဖေးတိကို ထပ်မံတိုက်ခိုက်ခဲ့သည်။

စုယန်သည် 'ကျစ်' ဟု စုတ်သပ်လိုက်ပြီး 'ကြက်သွေးနီညှိုးနွမ်းခြင်း' ၏ အလွန်အေးစက်သော အတွင်းအားကို မရုပ်သိမ်းခဲ့ပေ။ ယင်းအစား သူသည် နှင်းတောင်ပေါ်တွင် ပြုလုပ်ခဲ့သည့်အတိုင်း သူ၏ မယ်ရီဒီယန်များကို လွှမ်းမိုးလိုက်ပြီး အေးစက်မှုကို အံကြိတ်ခံရင်း 'ပန်းပျံဝဲဓားသိုင်း'ကို ပြောင်းလဲအသုံးပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် ကုဖေးတိသည် 'စစ်မှန်သောသိမ်းငှက်ဓား' ဖြင့် လုပ်ကြံသူလေးဦးကို တိုက်ထုတ်ခဲ့လေသည်။

သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် လျင်မြန်စွာ ဆုတ်ခွာထွက်ပြေးရန် ကြိုးစားခဲ့သည်။ ကျန်သုံးယောက်သည် ဓားဒဏ်ရာများရရှိခဲ့သော်လည်း စုယန်နှင့် ကုဖေးတိတို့နှင့် ထပ်မံလုံးထွေး တိုက်ခိုက်ခဲ့ကြ၏။

ထွက်ပြေးတော့မည့် လူကို ကူကယ်ရာမဲ့သာ ကြည့်နေနိုင်သောကြောင့် စုယန်နှင့် ကုဖေးတိမှာ အနည်းငယ် စိုးရိမ်လာခဲ့ကြသည်။

မထင်မှတ်ပဲ မြှားတစ်စင်းသည် တောအုပ်ထဲမှ တိတ်တဆိတ် ထွက်လာပြီး ထွက်ပြေးသွားသည့် လုပ်ကြံသူဆီ တည့်တည့် ဦးတည်သွားခဲ့သည်။

မြှားသည် မမြန်လှဘဲ လုပ်ကြံသူသည် သူ၏ ကိုယ်ဖော့ပညာဖြင့် ရှောင်တိမ်းသွားခဲ့သည်။ သို့သော် နောက်အခိုက်အတန့်မှာတော့ မီးခိုးရောင် ၀တ်စုံနဲ့ အမျိုးသားတစ်ယောက်က အပင်နောက်မှ ထွက်လာကာ ရုတ်တရတ် ဝင်တိုက်လိုက်သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့လေသည်။

စုယန်နှင့် ကုဖေးတိသည် လက်ကျန်လူများကို အမြန်အဆုံးသတ်လိုက်ပြီး မီးခိုးရောင်ဝတ်လူကို စိုက်ကြည့်လိုက်သည်။

"ဟေးယွီအရိပ်တပ်က မင်းတို့ကို လုပ်ကြံဖို့ အမိန့်တစ်ခု ရထားတယ်"

လော့ယင်၏ခြေလှမ်းများမှာ တည်ငြိမ်နေပြီး စုယန်နဲ့ ကုဖေးတိ ရှေ့မှာ ရပ်လိုက်သည်။

"ဒါပေမယ့် သူတို့ရထားတဲ့ အမိန့်အတိအကျက ကုဖေးတိကို သတ်ပြီး စုယန်ကို အရှင်လတ်လတ် ဖမ်းဖို့ပဲ"

ကုဖေးတိနှင့် စုယန်တို့သည် ရှေ့ကို တိုးလာပြီး
လော့ယင်ကို အရက်နှုတ်ဆက်လိုက်သည်။ ပြီးနောက် ကုဖေးတိက-

"သူတို့အမိန့်ရထားမှန်း ဘယ်လိုသိခဲ့တာလဲ?"

လော့ယင်: "ဦီးလေးက ငါ့ကိုယ်စား ဟေးယွီတပ်က သူ့ရဲဘော်ဟောင်းတွေကို ဆက်သွယ်ခဲ့ပြီး စစ်သူကြီးနှစ်ယောက်နဲ့ တပ်ဖွဲ့အနည်းငယ်ကို လျှို့ဝှက် သွေးထိုးလှုံ့ဆော်ခဲ့တာ"

သူတို့စကားပြောနေစဉ်တွင် တောထဲ၌ ပုန်းအောင်းပြီး မြှားပစ်ခဲ့သူက ထွက်လာခဲ့သည်။

ထိုလူသည် အဲ့လော့ကွေး စစ်သည်ဝတ်စုံကို ၀တ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။ သူသည် ချဉ်းကပ်မလာဘဲ အပင်၏အရိပ်အောက်တွင် နေကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေ၏။

"မင်းတို့နှစ်ယောက်မတိုင်ခင်မှာ မိစ္ဆာဂိုဏ်းက ပန်းလက်ထောက်နှစ်ယောက်ကို ဟေးယွီတပ်က ရှာတွေ့သွားပြီး သတ်ပစ်ခဲ့တယ်။ ဒါကြောင့် လောလောဆယ် ရေခဲလွင်ပြင်ထဲကို ခိုးဝင်လာတဲ့ အခြားသူတွေလည်း ရှိကောင်းရှိနိုင်တယ်ဆိုတာ ဦးလေးက ရိပ်မိသွားခဲ့တာ"

လော့ယင်သည် ပြတ်ပြတ်သားသား မပြောခဲ့သော်လည်း စုယန်နဲ့ ကုဖေးတိ နှစ်ယောက်စလုံးက မိစ္ဆာဂိုဏ်းချုပ်ရဲ့နေရာကို ခန့်မှန်းသင့်ကြောင်း သဘောပေါက်ကြသည်။

လော့ယင်က ဆက်ပြော၏။

"မင်းတို့နှစ်ယောက်လုံးကို အဲ့လော့ကွေးက ရှာတွေ့နေပြီ။ အဲဒီတော့ မင်းတို့ရဲ့ မီးတောက်ကူဖြူကိုယူမယ့် ပန်းတိုင်ကို ပေါက်ကြားစေချင်တဲ့ ဆန္ဒရှိလားဆိုတာ ဦးလေးက မေးခိုင်းလိုက်တယ်။ အဲဒါဆိုရင် ဟေးယွီတပ်ရဲ့အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ပြီး အဲဒီလူကို ဝင်လုပ်ကြံဖို့ အခွင့်အရေးပိုရနိုင်တယ်"

စုယန်နဲ့ ကုဖေးတိက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ယင်းဟာ အတော်လေးခက်ခဲသည့် ဆုံးဖြတ်ချက်ပင်။

ဆောင်းရာသီ၏ အအေးဆုံးနေ့ရောက်ရန် နှစ်ရက်သာလိုတော့သည်။ အကယ်၍ ၎င်းတို့ခရီး၏ ဦးတည်ရာကို ထုတ်ဖော်မည်ဆိုပါက စုန်းဖြူမျှော်စင်၏ အာရုံကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး မီးတောက်ကူဖြူကို ရရှိရန် ပိုမိုခက်ခဲစေမည်မှာ သေချာပါသည်။

သို့သော် တစ်ဖက်မှာလည်း ဟေးယွီတပ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရိပ်မိပြီး စုန်းဖြူမျှော်စင်ဆီကို ဦးတည်သွားနေတယ်ဆိုတာ အနှေးနဲ့အမြန် သိသွားမှာပင်။ ထို့ကြောင့် ၎င်းတို့၏ ဦးတည်ရာကို ထုတ်ဖော်သည်ဖြစ်စေ၊ မဖြစ်စေ ကွာခြားမှုမရှိနိုင်ပါ။

ကုဖေးတိက ခဏတုံ့ဆိုင်းသွားပြီး

"အဲ့လော့ကွေး တော်ဝင်နန်းတော်က ငါတို့ရဲ့ရည်ရွယ်ချက်ကိုသိရင် မင်းတို့ရဲ့လုပ်ဆောင်မှုတွေအတွက် တကယ်အကျိုးရှိနိုင်မှာလား?"

လော့ယင်က ခေါင်းညိတ်လိုက်ပြီး

"မင်းတို့ရဲ့ ရည်မှန်းချက်ကို သိတာနဲ့ တော်ဝင်နန်းတော်က တပ်ဖွဲ့ဝင်အများစုကို စုန်းဖြူမျှော်စင်ဆီ စေလွှတ်လိုက်လိမ့်မယ်။ အချိန်တန်တဲ့အခါ ငါ့ရဲ့ဦးလေးဘက်ကပါတဲ့ ဟေးယွီတပ်ခွဲတွေကို တပ်စခန်းဆီ ပို့ပေးဖို့ တောင်းဆိုလိုက်မယ်။ မင်းတို့စုန်းဖြူမျှော်စင်တိုက်ပွဲအတွင်း ငါက တော်ဝင်နန်းတော်ထဲခိုးဝင်ပြီး အဲ့လော့ကျွယ်ကို လုပ်ကြံမယ်"

အစီအစဉ်က အလွန်ကောင်းပေ၏။ သို့သော် ‌၎င်းမှာ စုယန်နှင့် ကုဖေးတိက ပစ်မှတ်အားလုံး၏ဗဟို ဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်းပင်။ သူတို့တွင် အနားယူချိန်လုံးဝရှိမည် မဟုတ်တော့ပါ။ သူတို့သည် လုပ်ကြံသတ်ဖြတ်မှုများစွာနှင့် တိုက်ပွဲများစွာ ကြုံတွေ့ရမည်ဖြစ်ပြီး မကြုံစဖူးသော အတားအဆီးအချို့ကိုပင် ကြုံတွေ့ရနိုင်သည်။

ကုဖေးတိက ချက်ချင်း မတုံ့ပြန်နိုင်ပေ။

သူက စုယန်၏ သဘောထားကိုသိရရန် ကြည့်လိုက်သည်။

စုယန်သည် ခေါင်းငုံ့ကာ အချိန်အကြာကြီး စဉ်းစားနေမိ၏။ နောက်ဆုံးတော့ သူက လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။

"ကောင်းပြီ.. ငါတို့ရဲ့သရုပ်မှန်က ပေါ်ပြီးနေပြီ။ ဒီနှစ်ရက်အတွင်း တိုက်ပွဲတွေအများကြီးလဲကြုံခဲ့ပြီးပြီ။ ဘာမှမထူးတော့ဘူး။ သူတို့က တိုက်ခိုက်ခိုင်းရင်း ငါတို့က တိုက်ခိုက်ပေးရုံပဲပေါ့"

-5.8.23

Thanks for reading ❣️

Zawgyi

အခန္း-၁၀၆ ေက်ာ္လႊားစရာ အခက္အခဲေပါင္းမ်ားစြာ။

[ႀကိဳးၾကာျဖဴအိပ္မက္- ဓားသိုင္းအသစ္၏အမည္]

ေျမာက္ဘက္သို႔ ခရီးတေလွ်ာက္လုံး ေလထုသည္ ပိုေအးလာကာ ညတာမ်ားသည္ ပိုရွည္လာသည္။

စုယန္ႏွင့္ ကုေဖးတိသည္ ဆယ့္ငါးရက္အတြင္း အဲ့ေလာ့ေကြး၏ ေတာ္ဝင္နန္းတြင္းသို႔ ဝင္ေရာက္နိုင္ရမည္ဟု ေမွ်ာ္မွန္းကာ တစ္ညလုံး ခရီးကို အလ်င္အျမန္သြားရန္မွလြဲ၍ ေ႐ြးခ်ယ္စရာမရွိေပ။

အဲ့ေလာ့ေကြးသည္ က်ယ္ျပန႔္ေသာ နယ္ေျမကို ပိုင္ဆိုင္ထားေသာ္လည္း ေျမအမ်ားစုသည္ တစ္ႏွစ္ပတ္လုံး ႏွင္းမ်ား၊ ေရခဲမ်ားျဖင့္ ဖုံးလႊမ္းေနေသာေၾကာင့္ ေမြးျမဴေရးႏွင့္ စိုက္ပ်ိဳးေရးအတြက္ မသင့္ေလ်ာ္ေပ။ ဤေနရာရွိလူမ်ားသည္ ၎တို႔၏ ၀င္ေငြရင္းျမစ္အတြက္ ငါးဖမ္းျခင္းႏွင့္ အမဲလိုက္ျခင္းတို႔ကိုသာ အဓိကအားကိုးၾကသည္။ ေဆာင္းရာသီတြင္ သားေကာင္မ်ားပါ ရွားပါးလာေသာေၾကာင့္ ယခုအခ်ိန္တြင္ ေရခဲလြင္ျပင္၌ လူရိပ္တစ္ခုပင္ မေတြ႕ရသည္အထိ ျဖစ္ေန၏။

ကံေကာင္းေထာက္မစြာ ဤေနရာရွိ ေတာင္မ်ားသည္ က်ယ္ျပန႔္ေသာ သစ္ေတာမ်ားျဖင့္ ဖုံးလႊမ္းထားေသာေၾကာင့္ စုယန္ႏွင့္ ကုေဖးတိတို႔သည္ သိပ္မေပၚလြင္ေနခဲ့ေပ။

ေရခဲလြင္ျပင္ ပတ္ပတ္လည္ ခရီးသြားျခင္း၏ ခုနစ္ရက္ေျမာက္ညတြင္ သူတို႔ႏွစ္ဦးသည္ အဲ့ေလာ့ေကြး၏ ကင္းေထာက္မ်ားႏွင့္ ပထမဆုံး တိုက္ပြဲကို ရင္ဆိုင္ခဲ့ၾကသည္။

စုစုေပါင္း ၿပိဳင္ဘက္ ေလးဦးရွိကာ ၎တို႔အနက္ တစ္ဦးက တေစၦဇီးကြက္ကို ေခၚေဆာင္လာခဲ့သည္။ ကံေကာင္းစြာျဖင့္ ကုေဖးတိ၏တုံ႕ျပန္မႈသည္ ျမန္ဆန္ခဲ့သည္။ တေစၦဇီးကြက္ကို လႊတ္ေပးရန္ အခ်ိန္မရေသးခင္မွာပဲ သူ၏ဓားျဖင့္ ႏွစ္ပိုင္းတိတိ ပိုင္းျဖတ္ပစ္လိုက္ေလ၏။ သတင္းပို႔ရန္ တေစၦဇီးကြက္မရွိသည္ကို ေတြ႕လိုက္ရသျဖင့္ ေလးေယာက္ထဲမွ တစ္ေယာက္က ထြက္ေျပးရန္ ႀကိဳးစားေသာ္လည္း စုယန္၏ လ်င္ျမန္ေသာ လႈပ္ရွားမႈေၾကာင့္ တားဆီးခံလိုက္ရသည္။

အဲ့ေလာ့ေကြး၏ ကင္းေထာက္မ်ားသည္ တိုက္ကြက္အခ်ိဳ႕ကို လုပ္ေဆာင္နိုင္ပုံရၿပီး အခ်င္းခ်င္း၏ သိုင္း လႈပ္ရွားမႈမ်ားကိုလည္း ပံ့ပိုးေပးသည္။ ထို႔အျပင္
စုယန္ႏွင့္ ကုေဖးတိ၏ အတားအဆီးမ်ားကို ျဖတ္ေက်ာ္ရန္ ႀကိဳးပမ္းမည့္သူ အၿမဲရွိေန၏။ ၎တို႔ႏွစ္ဦးစလုံးသည္ ကင္းေထာက္ေလးဦး၏တိုက္ခိုက္မႈမ်ားကို ေက်ာ္လႊားရန္ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကေသာ္လည္း ထြက္ေျပးရန္အခြင့္အေရးကို ဆုပ္ကိုင္ထားရန္လည္း လိုအပ္သည္။ ဤတိုက္ပြဲဟာ လုံးဝ ရိုးစင္းသည္ေတာ့ ဟုတ္မေနေခ်။

စုယန္သည္ 'ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္း'ကို အသုံးျပဳကာ 'ဇီးပင္နီအားယစ္မူးစြာခုတ္ထစ္ျခင္း'၏ ေသေစနိုင္ေသာတိုက္ခိုက္မႈမ်ားႏွင့္အတူ ေပါင္းစပ္အသုံးျပဳလိုက္သည္။ ထိုမွသာ ခက္ခဲစြာ လြတ္ေျမာက္ရန္ ႀကိဳးစားေနေသာ ကင္းေထာက္ကို သတ္ပစ္နိုင္ခဲ့၏။

တိုက္ပြဲ အနည္းငယ္ ၾကာျမင့္လာသည္ႏွင့္ သူတို႔ႏွစ္ဦးသည္ တျဖည္းျဖည္း အသာစီးရခဲ့သည္။ မ်ားမၾကာမီပင္ ကင္းေထာက္မ်ားသည္ ေတာင့္မခံနိုင္ေတာ့ဘဲ ေနာက္ဆုံးတြင္ ဓားခ်က္ေအာက္၌ အားလုံးေသဆုံးသြားၾကေတာ့၏။

ကုေဖးတိသည္ စုယန္အား ေဘး၌ရပ္ေနေစၿပီး သူသည္ လူေသေလာင္းမ်ား၏ ကိုယ္ေပၚ၌ ဓားခ်က္တခ်ိဳ႕ ထပ္မံထည့္သြင္းကာ ထန္းယြင္စံအိမ္ႏွင့္ မိစာၦဂိုဏ္း၏ ေျခရာလက္ရာမ်ားကို ဖုံးကြယ္ထားခဲ့သည္။ သူတို႔သည္ အေလာင္းမ်ားကို ျမႇုပ္ႏွံရန္ ႀကိဳးပမ္းအားထုတ္မႈ တစ္စုံတစ္ရာ မျပဳလုပ္ခဲ့ေပ။ ပထမအခ်က္မွာ ၎တို႔၏ တိုက္ပြဲေျခရာမ်ားသည္ ထင္ရွားလြန္းေသာေၾကာင့္ ႏွင္းမ်ားႏွင့္ အေပၚယံေျမလႊာမ်ား ရႈပ္ပြေနၿပီး ေကာင္းစြာ မဖုံးဖိနိုင္ေတာ့ေပ။ ဒုတိယ အေၾကာင္းရင္းကေတာ့ ....... သူတို႔သြားရာလမ္းမွာ ဝံပုေလြတစ္ေကာင္၏ ေျခရာမ်ားကို ေတြ႕ရွိခဲ့ျခင္း ျဖစ္ေပ၏။ ထိုေနရာရွိ ေသြးနံ႕မ်ားမွာ အလြန္ျပင္းၿပီး သားေကာင္ရွားပါးေသာ ေဆာင္းရာသီတြင္ ဤ‌သို႔ေသာ ေသြးနံ႕က သားရဲတိရစာၦန္မ်ားကို ဆြဲေဆာင္နိုင္လိမ့္မည္ဟု ယူဆေသာေၾကာင့္ျဖစ္သည္။

အခင္းျဖစ္ရာေနရာကို ေျပာင္ေျမာက္စြာ ကိုင္တြယ္ေျဖရွင္းၿပီးေနာက္ ကုေဖးတိသည္ စုယန္ကို ေခၚေဆာင္ၿပီး ညတြင္းခ်င္း ထိုေနရာမွ ထြက္ခြာသြားခဲ့သည္။

ႏွင္းမ်ားေအာက္၌ တစ္နာရီခန႔္ ခရီးဆက္ၿပီးေနာက္ ႏွစ္ေယာက္သား ရပ္တန႔္ၿပီး တရားထိုင္ရင္း အလွည့္က် အနားယူဖို႔ ျပင္ဆင္ၾကေလသည္။

ကုေဖးတိသည္ အေစာပိုင္းက တိုက္ပြဲကို ျပန္သတိရၿပီး ၾကယ္မ်ားျပည့္ေနေသာ ေကာင္းကင္ကို ၾကည့္လိုက္ကာ

"အဲဒီလူေတြသုံးတဲ့ ဓားသိုင္းက ေကာင္းေကာင္း ေပါင္းစပ္ထားတာပဲ။ ေနာက္တစ္ခါ လူေတြ ပိုမ်ားလာလို႔ရွိရင္ မင္းနဲ႕ကိုယ္ ေကာင္းေကာင္း ထိန္းနိုင္ေတာ့မွာမဟုတ္ဘူး။ တစ္ေယာက္ေယာက္က အဲ့ေလာ့ေကြးကို သတင္းပို႔လိုက္တာနဲ႕ ကိုယ္တို႔ရဲ႕ တည္ေနရာကို ေသခ်ာေပါက္ ေဖာ္ထုတ္သြားနိုင္လိမ့္မယ္"

စုယန္က ေခါင္းညိတ္လိုက္သည္။

"ကံေကာင္းလို႔ ငါ့ရဲ႕'ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္း' နဲ႕ ထြက္ေျပးမယ့္သူကို တားနိုင္လိုက္လို႔ေပါ့"

ခဏေလာက္ စဥ္းစားၿပီးေနာက္ ကုေဖးတိက ဆိုသည္။

"ကိုယ္တို႔ ႏွင္းေတာင္ေပၚမွာတုန္းက မင္းရဲ႕ 'ဇီးပင္နီအားယစ္မူးစြာခုတ္ထစ္ျခင္း'နဲ႕ လိုက္ေလ်ာညီေထြျဖစ္မယ့္ ဓားသိုင္းကို ဖန္တီးဖို႔ ႀကိဳးစားခဲ့တယ္မလား။ အခုအခ်ိန္မွာ အဲဒါကို သုံးၿပီး တိုးတက္ေအာင္ ေလ့က်င့္သင့္တယ္။ ဒါမွ အဲ့ေလာ့ေကြးရဲ႕ စုန္းျဖဴေမွ်ာ္စင္ကို ဝင္စီးတဲ့အခါ အသုံးဝင္ေကာင္းဝင္လာနိုင္မွာေပါ့"

စုယန္က "ေကာင္းၿပီ" ဟု သေဘာတူလိုက္သည္။
ထိုေန႕မွစ၍ သူတို႔ႏွစ္ဦးသည္ ကုေဖးတိ၏ဓားပညာအသစ္ကို ေတြးေတာရင္း အလ်င္အျမန္ ခရီးဆက္ခဲ့ၾကေလ၏။

အဲ့ေလာ့ေကြး၏ေတာ္ဝင္နန္းေတာ္အနီးတြင္ တေစၦတဲ၏ ကင္းေထာက္မ်ားႏွင့္ ၎တို႔၏ထိပ္တိုက္ေတြ႕မႈမွာ အႀကိမ္ေရတိုးလာခဲ့သည္။ ေနာက္ပိုင္းတြင္ ကင္းေထာက္မ်ားပင္ မဟုတ္ေတာ့ဘဲ ေဟးယြီ အရိပ္တပ္ဖြဲ႕၏ လုပ္ႀကံသတ္ျဖတ္သူမ်ားႏွင့္ပါ ဆုံေတြ႕လာရေတာ့သည္။

ကံေကာင္းေထာက္မစြာ စုယန္ႏွင့္ ကုေဖးတိတို႔သည္ အၿမဲသတိရွိေနၾကသည့္အျပင္ အရိပ္တပ္မွ လုပ္ႀကံသတ္ျဖတ္သူမ်ား၏ လွ်ို႔ဝွက္စြာ ပုန္းကြယ္နိုင္မႈသည္ ေလာ့ယင္ႏွင့္ ယွဥ္လွ်င္ အနည္းငယ္ နိမ့္က်ေနေသးသည္။ ေပေပါင္းမ်ားစြာအကြာကတည္းက သူတို႔ႏွစ္ဦးသည္ ၎တို႔၏တည္ရွိမႈကို အာ႐ုံခံစားမိၿပီးျဖစ္၏။

"ကိုယ္တို႔ရဲ႕ သ႐ုပ္မွန္ေတြ ေပၚသြားေလာက္ၿပီ"
ကုေဖးတိက သူ႕လက္ဖဝါးကို ဓားလက္ကိုင္ေပၚတင္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"အခ်ိန္က ႏွစ္ရက္ေလာက္ပဲလိုေတာ့တယ္... အႀကီးအကဲေတြရဲ႕ အေျခအေန ဘယ္လိုရွိလဲ သိခ်င္လိုက္တာ"

စုယန္ကလည္း တိုက္ပြဲဝင္ရန္ အဆင္သင့္ ျဖစ္ေနေလၿပီ။ သူက ထိုစကားကိုၾကားေသာ ႏႈတ္ခမ္းကို ဖိကိုက္လိုက္ၿပီး

"သူတို႔ကို စိတ္ပူစရာမလိုေလာက္ပါဘူး။ ဒီေကာင္ေတြကို အရင္ရွင္းၿပီးမွ ဆက္ေျပာရေအာင္"

သူေျပာၿပီးသည္ႏွင့္တၿပိဳင္နက္ တစ္ဖက္မွ လုပ္ႀကံသူအမ်ားအျပားသည္ ႐ုတ္တရက္ စတင္တိုးဝင္လာၾက‌ေတာ့သည္။ ႀကီးစြာေသာ လႈပ္ရွားမႈမ်ားမရွိပါဘဲ ျမႇားအစုအေဝးႀကီးက သတိမမူမိေသာ လူႏွစ္ေယာက္ထံကို ႐ုတ္တရက္ ထိုးေဖာက္ဝင္ေရာက္လာသလိုပင္။

စုယန္သည္ သူ၏ 'ဇီးပင္နီအားယစ္မူးစြာခုတ္ထစ္ျခင္း' ၏ လႈပ္ရွားမႈတစ္ခုျဖစ္ေသာ 'အမတ၏ယစ္မူးေသာအေတြး' ကို အသုံးျပဳခဲ့သည္။ ၎၏ ဓားသိုင္းပညာသည္ မူလက လႈပ္ရွားမႈအတြက္ နာမည္မရွိေသာ္လည္း လြန္ခဲ့သည့္ ႏွစ္ရက္အတြင္း ဓားပညာအသစ္အေၾကာင္း ေလ့လာေနခ်ိန္တြင္ ၎ကို ကုေဖးတိမွ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

စုယန္ႏွင့္ အနီးကပ္ပူေပါင္းလုပ္ေဆာင္ရင္း ကုေဖးတိသည္ သူ႕လက္ထဲရွိ 'ျမတ္နိုးမႈႏွလုံးသား' ဓားကို လွည့္ပတ္ကာ 'ႀကိဳးၾကာျဖဴအိပ္မက္' ဟုေခၚေသာ သူ၏ဓားနည္းပညာအသစ္မွ 'နတ္သမီးအိပ္မက္‌ေျမ' လႈပ္ရွားမႈျဖင့္ ခ်ိတ္ဆက္လိုက္သည္။ ၎သည္ ျပင္းထန္ေသာ 'ဇာမဏီ၏အမဲလိုက္ျခင္း' ဓားပညာႏွင့္ ဆန႔္က်င့္စြာ ရန္လိုသည့္အေငြ႕အသက္ ကင္းမဲ့ေသာ္လည္း စုယန္၏ 'ဇီးပင္နီအားယစ္မူးစြာခုတ္ထစ္ျခင္း' ၌ ေပ်ာက္ကြယ္ေနေသာ ခံစစ္လႈပ္ရွားမႈကို ျဖည့္စြက္ရန္ ထက္ျမက္ေသာ တိုက္ခိုက္မႈမ်ားႏွင့္ ခံစစ္မ်ား ေပါင္းစပ္ထားသည္။

သူတို႔၏ ဓားေရးကြၽမ္းက်င္မႈ၊ တိုက္ခိုက္မႈႏွင့္ ခုခံမႈ အားလုံးသည္ ရန္သူမ်ား၏ လမ္းေၾကာင္းအားလုံးကို ဟန႔္တားကာ ဆုတ္ခြာရန္ တြန္းအားေပးနိုင္ခဲ့သည္။

ေဟးယြီအရိပ္တပ္ဖြဲ႕၏ လုပ္ႀကံသတ္ျဖတ္မႈမ်ားသည္ အံ့အားသင့္ဖြယ္ရာတိုက္ခိုက္မႈမ်ားကို အေလးေပးထားခဲ့သည္။ သို႔ရာတြင္ ယခုအခ်ိန္၌ ၎တို႔၏ ၿခဳံခိုတိုက္ခိုက္မႈကို ပ်က္ျပားေစခဲ့ၿပီး ေဖာ္ထုတ္ခံခဲ့ရသူမ်ားမွာလည္း အေလွ်ာ့အတင္းရွိေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ လုပ္ႀကံသတ္ျဖတ္သူအခ်ိဳ႕သည္ အမွတ္မထင္ ေနာက္ျပန္ဆုတ္ကာ လူစုခြဲ၍ ထြက္ေျပးရန္ စီစဥ္ခဲ့ၾကသည္။

စုယန္သည္ 'ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္း'ကို အသုံးခ်ကာ 'အမူးသမား၏အထီးက်န္ေျမ' ႏွင့္ 'ယစ္မူးစြာလက္တုံ႕ျပန္ျခင္း' တိုက္ကြက္ႏွစ္ကြက္ျဖင့္ အေရွ႕ဘက္သို႔ထြက္ေျပးသြားေသာ သုံးေယာက္ကို လမ္းခုလတ္တြင္ တားဆီးလိုက္သည္။

တစ္ဖက္တြင္ ကုေဖးတိသည္ ထြက္ေျပးရန္ႀကိဳးစားေနေသာ ႏွစ္ေယာက္ေနာက္သို႔ ေျပးသြားခဲ့သည္။ သူသည္ သူ၏ အကန႔္အသတ္မဲ့ အတြင္းစြမ္းအားကို ထိန္းေက်ာင္းၿပီး ထိုလူသတ္သမားႏွစ္ေယာက္ကို ေျမျပင္ေပၚသို႔ ဖိႏွိပ္ရန္ သူ၏ 'တိမ္စီးဆင္းအိပ္မက္' လႈပ္ရွားမႈကို အသုံးျပဳခဲ့သည္။ ထို႔ေနာက္ လုပ္ႀကံသတ္ျဖတ္သူအဖြဲ႕ေခါင္းေဆာင္ကို ေခါင္းျဖတ္ရန္ သူ၏ 'အိပ္မက္ဝိညာဥ္ရနံ႕' လႈပ္ရွားမႈကို ဆက္အသုံးျပဳခဲ့ေလ၏။

ကုေဖးတိႏွင့္ စုယန္တို႔သည္ သိုင္းပညာတြင္ လြန္စြာကြၽမ္းက်င္ၾကၿပီး သူတို႔ထြက္မေျပးနိုင္မွန္းသိေသာအခါ လုပ္ႀကံသူမ်ားသည္ ခ်က္ခ်င္းပင္ ၎တို႔၏ သိုင္းပညာမ်ား ပူးေပါင္းကာ တိုက္ပြဲပုံစံအသစ္ကို ဖန္တီးခဲ့ၾကသည္။

စုယန္ႏွင့္ ကုေဖးတိတို႔သည္ ဤတိုက္ပြဲပုံစံကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ေတြ႕ခဲ့ရေသာ္လည္း ယခုဖြဲ႕စည္းမႈမွာ အနည္းငယ္ ျပဳျပင္ေျပာင္းလဲထားခဲ့သည္။ လုပ္ႀကံသူမ်ားလုပ္ေဆာင္ေသာ လႈပ္ရွားမႈမ်ားသည္ ပို၍ပင္ေသေစနိုင္ေၾကာင္း ထင္ရွားေပ၏။ တိုက္ပြဲဖြဲ႕စည္းမႈတြင္ တိုက္ခိုက္ေရးႏွင့္ ကာကြယ္ေရး ႏွစ္ခုစလုံးကို ေပါင္းစပ္ထားေသာေၾကာင့္ စုယန္ႏွင့္ ကုေဖးတိသည္ မည္သည့္ေနရာမွ စတင္ရမည္ကို မသိခဲ့ေပ။

ဤေနရာသည္ အဲ့ေလာ့ေကြး၏ေတာ္ဝင္နန္းေတာ္ႏွင့္ မေဝးေတာ့ဘဲ မီးခိုးေခါင္းတိုင္မွ မီးခိုးေငြ႕မ်ား တက္လာသည္ကို ေတြ႕နိုင္သည္။ အေဝး၌ အဲ့ေလာ့ေကြး ဂိုဏ္းခြဲမ်ား အေျခခ်ေနထိုင္ေသာ႐ြာ ရွိေကာင္းရွိနိုင္ေပ၏။

ထို႔ေၾကာင့္ အဲ့ေလာ့ေကြးမွ လုပ္ႀကံသတ္ျဖတ္သူမ်ားသည္ စစ္ကူမ်ားအား ေစာင့္ဆိုင္းေနဖြယ္ရွိေသာေၾကာင့္ တိုက္ပြဲဆက္လက္ျဖစ္ပြားေနပါက စုယန္ႏွင့္ ကုေဖးတိအတြက္ အဆင္ေျပမည္မဟုတ္ေပ။

စိတ္ပ်က္အားငယ္စြာျဖင့္ စုယန္ႏွင့္ကုေဖးတိသည္ တိုက္ပြဲကို အျမန္အဆုံးသတ္ၿပီး ထိုေနရာမွ လြတ္ေျမာက္ရန္အတြက္ ထိုးစစ္ဆင္ရန္မွလြဲ၍ ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။

သို႔ေသာ္လည္း လုပ္ႀကံသတ္ျဖတ္သူ၏ တိုက္ပြဲပုံစံသည္ ေခ်မႈန္းရန္ မလြယ္ကူခဲ့ေပ။ ကုေဖးတိသည္ တိုက္ပြဲအတြင္း ၿပိဳင္ဘက္၏ အဆိပ္ဓားမ်ားျဖင့္ အႀကိမ္မ်ားစြာထိခိုက္ခဲ့ၿပီး အဆိပ္ေျဖရန္ စုယန္၏ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' ရွိမေနပါက သူသည္ ယခုအခ်ိန္တြင္ မလႈပ္ရွားနိုင္ ျဖစ္ေနေလာက္ေပ၏။

၎တို႔၏ လက္ရွိေပါ့ဆမႈကို အခြင့္ေကာင္းယူၿပီး အရိပ္တပ္မွ လုပ္ႀကံသတ္ျဖတ္သူမ်ားသည္ တိုက္ပြဲပုံစံကို ေျပာင္းလဲကာ ကြင္းျပင္တြင္ အခ်င္းခ်င္း ကူညီေနေသာ စုယန္ႏွင့္ ကုေဖးတိကို ထပ္မံတိုက္ခိုက္ခဲ့သည္။

စုယန္သည္ 'က်စ္' ဟု စုတ္သပ္လိုက္ၿပီး 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' ၏ အလြန္ေအးစက္ေသာ အတြင္းအားကို မ႐ုပ္သိမ္းခဲ့ေပ။ ယင္းအစား သူသည္ ႏွင္းေတာင္ေပၚတြင္ ျပဳလုပ္ခဲ့သည့္အတိုင္း သူ၏ မယ္ရီဒီယန္မ်ားကို လႊမ္းမိုးလိုက္ၿပီး ေအးစက္မႈကို အံႀကိတ္ခံရင္း 'ပန္းပ်ံဝဲဓားသိုင္း'ကို ေျပာင္းလဲအသုံးျပဳလိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ ကုေဖးတိသည္ 'စစ္မွန္ေသာသိမ္းငွက္ဓား' ျဖင့္ လုပ္ႀကံသူေလးဦးကို တိုက္ထုတ္ခဲ့ေလသည္။

သို႔ေသာ္လည္း လုပ္ႀကံသတ္ျဖတ္သူတစ္ဦးသည္ လ်င္ျမန္စြာ ဆုတ္ခြာထြက္ေျပးရန္ ႀကိဳးစားခဲ့သည္။ က်န္သုံးေယာက္သည္ ဓားဒဏ္ရာမ်ားရရွိခဲ့ေသာ္လည္း စုယန္ႏွင့္ ကုေဖးတိတို႔ႏွင့္ ထပ္မံလုံးေထြး တိုက္ခိုက္ခဲ့ၾက၏။

ထြက္ေျပးေတာ့မည့္ လူကို ကူကယ္ရာမဲ့သာ ၾကည့္ေနနိုင္ေသာေၾကာင့္ စုယန္ႏွင့္ ကုေဖးတိမွာ အနည္းငယ္ စိုးရိမ္လာခဲ့ၾကသည္။

မထင္မွတ္ပဲ ျမႇားတစ္စင္းသည္ ေတာအုပ္ထဲမွ တိတ္တဆိတ္ ထြက္လာၿပီး ထြက္ေျပးသြားသည့္ လုပ္ႀကံသူဆီ တည့္တည့္ ဦးတည္သြားခဲ့သည္။

ျမႇားသည္ မျမန္လွဘဲ လုပ္ႀကံသူသည္ သူ၏ ကိုယ္ေဖာ့ပညာျဖင့္ ေရွာင္တိမ္းသြားခဲ့သည္။ သို႔ေသာ္ ေနာက္အခိုက္အတန႔္မွာေတာ့ မီးခိုးေရာင္ ၀တ္စုံနဲ႕ အမ်ိဳးသားတစ္ေယာက္က အပင္ေနာက္မွ ထြက္လာကာ ႐ုတ္တရတ္ ဝင္တိုက္လိုက္ေသာေၾကာင့္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေလသည္။

စုယန္ႏွင့္ ကုေဖးတိသည္ လက္က်န္လူမ်ားကို အျမန္အဆုံးသတ္လိုက္ၿပီး မီးခိုးေရာင္ဝတ္လူကို စိုက္ၾကည့္လိုက္သည္။

"ေဟးယြီအရိပ္တပ္က မင္းတို႔ကို လုပ္ႀကံဖို႔ အမိန႔္တစ္ခု ရထားတယ္"

ေလာ့ယင္၏ေျခလွမ္းမ်ားမွာ တည္ၿငိမ္ေနၿပီး စုယန္နဲ႕ ကုေဖးတိ ေရွ႕မွာ ရပ္လိုက္သည္။

"ဒါေပမယ့္ သူတို႔ရထားတဲ့ အမိန႔္အတိအက်က ကုေဖးတိကို သတ္ၿပီး စုယန္ကို အရွင္လတ္လတ္ ဖမ္းဖို႔ပဲ"

ကုေဖးတိႏွင့္ စုယန္တို႔သည္ ေရွ႕ကို တိုးလာၿပီး
ေလာ့ယင္ကို အရက္ႏႈတ္ဆက္လိုက္သည္။ ၿပီးေနာက္ ကုေဖးတိက-

"သူတို႔အမိန႔္ရထားမွန္း ဘယ္လိုသိခဲ့တာလဲ?"

ေလာ့ယင္: "ဦီးေလးက ငါ့ကိုယ္စား ေဟးယြီတပ္က သူ႕ရဲေဘာ္ေဟာင္းေတြကို ဆက္သြယ္ခဲ့ၿပီး စစ္သူႀကီးႏွစ္ေယာက္နဲ႕ တပ္ဖြဲ႕အနည္းငယ္ကို လွ်ို႔ဝွက္ ေသြးထိုးလႈံ႕ေဆာ္ခဲ့တာ"

သူတို႔စကားေျပာေနစဥ္တြင္ ေတာထဲ၌ ပုန္းေအာင္းၿပီး ျမႇားပစ္ခဲ့သူက ထြက္လာခဲ့သည္။

ထိုလူသည္ အဲ့ေလာ့ေကြး စစ္သည္ဝတ္စုံကို ၀တ္ဆင္ထားေသာ သက္လတ္ပိုင္း အမ်ိဳးသားတစ္ဦးပင္။ သူသည္ ခ်ဥ္းကပ္မလာဘဲ အပင္၏အရိပ္ေအာက္တြင္ ေနကာ ပတ္ဝန္းက်င္ကို ေစာင့္ၾကည့္ေန၏။

"မင္းတို႔ႏွစ္ေယာက္မတိုင္ခင္မွာ မိစာၦဂိုဏ္းက ပန္းလက္ေထာက္ႏွစ္ေယာက္ကို ေဟးယြီတပ္က ရွာေတြ႕သြားၿပီး သတ္ပစ္ခဲ့တယ္။ ဒါေၾကာင့္ ေလာေလာဆယ္ ေရခဲလြင္ျပင္ထဲကို ခိုးဝင္လာတဲ့ အျခားသူေတြလည္း ရွိေကာင္းရွိနိုင္တယ္ဆိုတာ ဦးေလးက ရိပ္မိသြားခဲ့တာ"

ေလာ့ယင္သည္ ျပတ္ျပတ္သားသား မေျပာခဲ့ေသာ္လည္း စုယန္နဲ႕ ကုေဖးတိ ႏွစ္ေယာက္စလုံးက မိစာၦဂိုဏ္းခ်ဳပ္ရဲ႕ေနရာကို ခန႔္မွန္းသင့္ေၾကာင္း သေဘာေပါက္ၾကသည္။

ေလာ့ယင္က ဆက္ေျပာ၏။

"မင္းတို႔ႏွစ္ေယာက္လုံးကို အဲ့ေလာ့ေကြးက ရွာေတြ႕ေနၿပီ။ အဲဒီေတာ့ မင္းတို႔ရဲ႕ မီးေတာက္ကူျဖဴကိုယူမယ့္ ပန္းတိုင္ကို ေပါက္ၾကားေစခ်င္တဲ့ ဆႏၵရွိလားဆိုတာ ဦးေလးက ေမးခိုင္းလိုက္တယ္။ အဲဒါဆိုရင္ ေဟးယြီတပ္ရဲ႕အာ႐ုံစူးစိုက္မႈကို ဆြဲေဆာင္နိုင္ၿပီး အဲဒီလူကို ဝင္လုပ္ႀကံဖို႔ အခြင့္အေရးပိုရနိုင္တယ္"

စုယန္နဲ႕ ကုေဖးတိက တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။ ယင္းဟာ အေတာ္ေလးခက္ခဲသည့္ ဆုံးျဖတ္ခ်က္ပင္။

ေဆာင္းရာသီ၏ အေအးဆုံးေန႕ေရာက္ရန္ ႏွစ္ရက္သာလိုေတာ့သည္။ အကယ္၍ ၎တို႔ခရီး၏ ဦးတည္ရာကို ထုတ္ေဖာ္မည္ဆိုပါက စုန္းျဖဴေမွ်ာ္စင္၏ အာ႐ုံကို ဆြဲေဆာင္နိုင္မည္ျဖစ္ၿပီး မီးေတာက္ကူျဖဴကို ရရွိရန္ ပိုမိုခက္ခဲေစမည္မွာ ေသခ်ာပါသည္။

သို႔ေသာ္ တစ္ဖက္မွာလည္း ေဟးယြီတပ္က သူတို႔ရဲ႕ လႈပ္ရွားမႈေတြကို ရိပ္မိၿပီး စုန္းျဖဴေမွ်ာ္စင္ဆီကို ဦးတည္သြားေနတယ္ဆိုတာ အေႏွးနဲ႕အျမန္ သိသြားမွာပင္။ ထို႔ေၾကာင့္ ၎တို႔၏ ဦးတည္ရာကို ထုတ္ေဖာ္သည္ျဖစ္ေစ၊ မျဖစ္ေစ ကြာျခားမႈမရွိနိုင္ပါ။

ကုေဖးတိက ခဏတုံ႕ဆိုင္းသြားၿပီး

"အဲ့ေလာ့ေကြး ေတာ္ဝင္နန္းေတာ္က ငါတို႔ရဲ႕ရည္႐ြယ္ခ်က္ကိုသိရင္ မင္းတို႔ရဲ႕လုပ္ေဆာင္မႈေတြအတြက္ တကယ္အက်ိဳးရွိနိုင္မွာလား?"

ေလာ့ယင္က ေခါင္းညိတ္လိုက္ၿပီး

"မင္းတို႔ရဲ႕ ရည္မွန္းခ်က္ကို သိတာနဲ႕ ေတာ္ဝင္နန္းေတာ္က တပ္ဖြဲ႕ဝင္အမ်ားစုကို စုန္းျဖဴေမွ်ာ္စင္ဆီ ေစလႊတ္လိုက္လိမ့္မယ္။ အခ်ိန္တန္တဲ့အခါ ငါ့ရဲ႕ဦးေလးဘက္ကပါတဲ့ ေဟးယြီတပ္ခြဲေတြကို တပ္စခန္းဆီ ပို႔ေပးဖို႔ ေတာင္းဆိုလိုက္မယ္။ မင္းတို႔စုန္းျဖဴေမွ်ာ္စင္တိုက္ပြဲအတြင္း ငါက ေတာ္ဝင္နန္းေတာ္ထဲခိုးဝင္ၿပီး အဲ့ေလာ့ကြၽယ္ကို လုပ္ႀကံမယ္"

အစီအစဥ္က အလြန္ေကာင္းေပ၏။ သို႔ေသာ္ ‌၎မွာ စုယန္ႏွင့္ ကုေဖးတိက ပစ္မွတ္အားလုံး၏ဗဟို ျဖစ္လာလိမ့္မည္ဟု ဆိုလိုျခင္းပင္။ သူတို႔တြင္ အနားယူခ်ိန္လုံးဝရွိမည္ မဟုတ္ေတာ့ပါ။ သူတို႔သည္ လုပ္ႀကံသတ္ျဖတ္မႈမ်ားစြာႏွင့္ တိုက္ပြဲမ်ားစြာ ႀကဳံေတြ႕ရမည္ျဖစ္ၿပီး မႀကဳံစဖူးေသာ အတားအဆီးအခ်ိဳ႕ကိုပင္ ႀကဳံေတြ႕ရနိုင္သည္။

ကုေဖးတိက ခ်က္ခ်င္း မတုံ႕ျပန္နိုင္ေပ။

သူက စုယန္၏ သေဘာထားကိုသိရရန္ ၾကည့္လိုက္သည္။

စုယန္သည္ ေခါင္းငုံ႕ကာ အခ်ိန္အၾကာႀကီး စဥ္းစားေနမိ၏။ ေနာက္ဆုံးေတာ့ သူက လက္သီးမ်ားကို တင္းတင္းဆုပ္လိုက္သည္။

"ေကာင္းၿပီ.. ငါတို႔ရဲ႕သ႐ုပ္မွန္က ေပၚၿပီးေနၿပီ။ ဒီႏွစ္ရက္အတြင္း တိုက္ပြဲေတြအမ်ားႀကီးလဲႀကဳံခဲ့ၿပီးၿပီ။ ဘာမွမထူးေတာ့ဘူး။ သူတို႔က တိုက္ခိုက္ခိုင္းရင္း ငါတို႔က တိုက္ခိုက္ေပး႐ုံပဲေပါ့"

-5.8.23

Thanks for reading ❣️

Continue Reading

You'll Also Like

16.5K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
169K 24.3K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
83.3K 8.2K 105
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...