Unicode
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
[ခင်ဗျားက ကျွန်တော့်ကိုယ်စား ခံခဲ့ရတာလို့ ခံစားနေရတယ်]
ဝါးဥယျာဉ်ကျွန်းဆွယ်၏ အလယ်တွင် တိုက်ပွဲက အချိန်အတော်ကြာအောင် ဆက်လက် ဖြစ်ပွားနေခဲ့သည်။ လသည် ကောင်းကင်အလယ်တိုင်သည်အထိ မြင့်တက်လာကာ ညတစ်ဝက်တာ ကုန်ဆုံးသွားသည် အထိပင်။
နှစ်ဖက်စလုံး အနည်းငယ် မောပန်းနွမ်းနယ်လာချိန်တွင် ဝါးဥယျာဉ်ကျွန်းခြေရင်း၌ တောက်ပသော မီးတောက်များ ထွန်းလင်းလာပြီးနောက် ကြီးမားသော ဆူညံသံနှင့်အတူ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ လူတိုင်းကို ကြောက်လန့်စေခဲ့သည်။
ဖုန်းလင်သည် ဝရုန်းသုန်းကားဖြင့် အဝေးမှ ပြေးလာခဲ့သည်။ သူ၏အဝတ်အစားများမှာ စုတ်ပြဲနေပြီး ကြီးစွာသော တိုက်ပွဲကြီးနှင့် ရင်ဆိုင်ခဲ့ရပုံ။
သူသည် စစ်မြေပြင်ထဲကို ဝင်ရောက်ခဲ့သော်လည်း တိုက်ပွဲမှာ မပါဝင်ခဲ့ဘဲ ထန်းယွင်စံအိမ် တပ်ဖွဲ့တွေအား အော်ဟစ်သတိပေးလိုက်လေသည်။
"ဝါးဥယျာဉ်ကျွန်းမှာ ထောင်ချောက်ရှိတယ်။ ကျွန်းတစ်ခုလုံးက ဆီအိုးတွေနဲ့ပြည့်နေတာ။ မိစ္ဆာဂိုဏ်းချုပ် က လူတိုင်းကို သူနဲ့အတူခေါ်သွားဖို့ ရည်ရွယ်ထားတာပဲ။ အခုခေါင်းဆောင်ကုက သူ့ကို ဟန့်တားဖို့ ကြိုးစားနေပြီး အားလုံးကို ဝါးဥယျာဉ်ကျွန်းကနေ ဆုတ်ခွာဖို့ အမိန့်ပေးလိုက်တယ်!"
ထိုစကားကိုကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
ထိုအချိန်တွင် ဝါးဥယျာဉ်ကျွန်း၏ မြေမြင့်ပိုင်းအနီးတစ်နေရာမှ ပြင်းထန်သော ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြီး မီးလောင်နေသော သေရည်အိုးသည် အမြင့်မှ ပြုတ်ကျလာကာ လူတိုင်း၏ရှေ့တွင် ကွဲကြေသွားခဲ့သည်။ ကြီးမားသော မီးတောက်များသည် နေရာအနှံ့ ပျံ့နှံ့သွားလေ၏။ လူတိုင်း အထိတ်တလန့်ဖြစ်သွားကြပြီး နောက်ပြန်ဆုတ်ရုံကလွဲလို့ မတတ်နိုင်တော့ချေ။
"ဒီကကြိုးတံတားတွေက သစ်သားနဲ့ ဝါးတွေချည်းပဲ။ မြေရိုင်းလွင်ပြင်က ရေရှားပြီး မီးလောင်လွယ်တယ်" ဖုန်းလင်က စိတ်မရှည်စွာ ဆိုသည်။ "ငါတို့ အခုမဆုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်!"
ထိုအခါ ထန်းယွင်စံအိမ်နှင့် ချန်ဖုန်းရွာ၏ တပ်များသည် အမိန့်ကို ချက်ချင်းလက်ခံပြီး ပြန်ဆုတ်သွားကြသည်။
ရွှမ်ကျီးကျောင်းတော် ခေါင်းဆောင်က စိုးရိမ်တကြီးမေးလာ၏။
"မဟာမိတ်ခေါင်းဆောင်ကုက ဘယ်မှာလဲ?"
ဖုန်းလင် ပြန်မဖြေခင် ထွက်ပေါ်လာသော ဓားခုတ်သံများက လူတိုင်းရဲ့ အာရုံကို ဖမ်းစားသွားခဲ့သည်။
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များနှင့် လရောင်အောက် ကျွန်း၏အမြင့်ဆုံးအပိုင်းတွင် ပုံရိပ်နှစ်ခုသည် အပြန်အလှန် တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်သည်။
ကုရော့ဟိုင်သည် အပြာရောင်ကို ၀တ်ဆင်ထားပြီး သူ၏ ဓားချက်များသည် အမဲလိုက်နေသော သားရဲတစ်ကောင်ကဲ့သို့ပင် အလွန်တိကျကာ သူ၏လှုပ်ရှားမှုများသည် သေစေလောက်သည်။
စုဟွိုက်ကျူးသည် အဖြူရောင် သန့်သန့် ၀တ်စုံကို ၀တ်ဆင်ထားပြီး သစ်သားသေတ္တာတစ်ခုကို ကိုင်ဆောင်ထားသည်။
သူ၏ပါးလွှာသောဓားသည် ကွေ့ကောက်နေသောစပျစ်နွယ်ပင်နှင့်ဆင်တူပြီး အားနည်းကာ အရိုးမဲ့ပုံပေါ်နေသော်လည်း ၎င်း၏ထောင်ချောက်ထဲသို့ ကျလာသမျှကို တွန်းလှန်ရန် လုံလောက်ပါသည်။
သူတို့သည် ကရုဏာမရှိဘဲ ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် အပြန်ပြန်အလှန်လှန် တိုက်ခိုက်နေကြပြီး အတိတ်မှ နက်နဲသော ခံစားချက်များ ကျန်ရှိနေသည့် အရိပ်အယောင် အနည်းငယ်မျှ မပြခဲ့ပေ။
သူတို့နှစ်ယောက်ကြားက တိုက်ပွဲကို မြင်လိုက်ရတော့ စုယန်ဟာ ရုတ်တရက် လှည့်စားမှုတစ်မျိုးကို ခံစားလိုက်ရသည်။ မဟာမိတ်ခေါင်းဆောင်ကုနှင့် မိစ္ဆာဂိုဏ်းချုပ်အစား ကုဖေးတိနှင့် သူကိုယ်တိုင်အား မြင်နေရသကဲ့သို့ပင်။
-- မူရင်းဇာတ်ညွှန်းအရ မိစ္ဆာဂိုဏ်း၏ ကျွန်းထိပ်မှ တိုက်ပွဲသည် သူတို့ကိုယ်တိုင်၊ ဤငယ်ရွယ်သော ပြိုင်ဘက်နှစ်ဦးသာ ဖြစ်သင့်ပေသည်။
သို့သော် ဇာတ်ညွှန်းနှင့် ဤလောက၏လူများကြားက ကွဲလွဲမှုများကို ယှဉ်ကြည့်ပါက မိစ္ဆာဂိုဏ်းချုပ်သည် ပေါ်လာတာနှင့် တန်းအသတ်ခံရမည့် သိုင်းပညာ ချို့တဲ့သော အဘိုးကြီးတစ်ဦး ဟုတ်မနေပေ။ထို့ကြောင့် စုယန် အနည်းငယ် စိတ်သက်သာရာရသွားသည်။
ဝါးဥယျာဉ်ကျွန်းတစ်ဝိုက်ရှိ အဆောက်အဦးများသည် တဖြည်းဖြည်း စတင်လောင်ကျွမ်းလာသော်လည်း မိစ္ဆာဂိုဏ်း၏ ပန်းလက်ထောက်များသည် တုန်လှုပ်သွားပုံမပေါ်ဘဲ အလယ်ပိုင်းလွင်ပြင် သိုင်းပညာရှင်များအား ကြိုးတံတား၏တစ်ဖက်သို့ ပြန်ဆုတ်သွားရန် ကြိုးပမ်းခဲ့ကြသည်။
ဖုန်းလင်က ကုဖေးတိအား တိုက်ခိုက်ချင်ယောင်ဆောင်ရင်း အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"စံအိမ်သခင်က သခင်လေးကို ဘာပဲဖြစ်ဖြစ် စုယန်နဲ့
မခွဲဖို့ သတိပေးခိုင်းလိုက်ပါတယ်"
ကုဖေးတိ အံ့အားသင့်သွားပြီး မတုံ့ပြန်နိုင်မီတွင် မဝေးလွန်းသောနေရာမှ မေ့ရှစ်စန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဂိုဏ်းချုပ်!"
ထို့နောက် ချက်ချင်းပင် စစ်မြေပြင်မှ ခွဲထွက်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ကျွန်းထိပ်သို့ အမြန်
ပြေးတက်သွားခဲ့သည်။
တိုက်ပွဲဝင်နေဆဲဖြစ်သော မိစ္ဆာဂိုဏ်း၏
ပန်းလက်ထောက်များနှင့် ၎င်းတို့၏ဆုတ်ခွာရေးကို စီစဉ်နေသော အလယ်ပိုင်းလွင်ပြင်မှ တပ်ဖွဲ့များပင်လျှင် အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး ကျွန်းထိပ်ဆီသို့ ၎င်းတို့၏အကြည့်များ စုစည်းသွားကြသည်။
စုယန်က တစ်စုံတစ်ခုကိုခံစားမိပြီး ကုရော့ဟိုင်နှင့် စုဟွိုက်ကျူးတို့ ထိပ်တိုက်တွေ့နေသည့် ကျွန်းထိပ်ကို မော့ကြည့်ရန် ခေါင်းကို မြှောက်လိုက်သည်။
ဤအခိုက်အတန့်တွင် သူမြင်လိုက်သည်မှာ အဖြူရောင်ဝတ်စုံနှင့် မိစ္ဆာဂိုဏ်းချုပ်က သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွှတ်ထားပြီး ကုရော့ဟိုင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။ ကုရော့ဟိုင်၏ ဓားရှည်သည် စုဟွိုက်ကျူး၏ ရင်ဘတ်မှ နောက်ကျောအထိ အလုံးစုံ ဖောက်ထွက်နေပြီး ဓားပေါ်ရှိ သွေးများသည် လရောင်နှင့် မီးတောက်များဖြင့် ရောင်ပြန်ဟပ်နေကာ မြေပြင်သို့ တိတ်တဆိတ် စီးကျလျက်ရှိသည်။
ထိုနေရာရှိလူတိုင်းအဖို့ ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပင်။
စုယန်သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး သူ့နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ထိုမြင်ကွင်းသည် သူနှင့်အလွန်တရာမှ ရင်းနှီးလှပြီး သူ့ရင်ဘတ်ပင် နာကျင်လာသယောင်။
-- ဖြစ်သင့်သည်မှာ သူသာလျှင် ထိုနေရာ၌ ကုဖေးတိ၏ အဆုံးသတ်ခြင်းကို ခံရမည့်သူ။
ထိုအချိန် စုယန်၏ နံဘေးမှ ကျောချမ်းဖွယ် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကုဖေးတိသည် ထုန်းယွင်ကျောင်းတော်၏ တိုက်ခိုက်မှုကို သူ၏ဓားဖြင့်တွန်းလှန်လိုက်ပြီး မှိန်းသေနေသော စုယန်ကို ဆွဲခေါ်လိုက်သည်။
"ရှစ်ရှုန်း!" ကုဖေးတိက စုယန်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီးဖြင့် "ရှောင်ရှောင် ...ဒီကိစ္စက ... မဟုတ်ဘူး ......"
သို့သော် နောက်ဆုံးမှာတော့ သူဘာမှ ထပ်မပြောနိုင်တော့ဘဲ စုယန်ရဲ့ အေးခဲနေသော လက်များကိုသာ တိတ်တဆိတ် ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
စုဟွိုက်ကျူး တစ်ချိန်လုံး ကိုင်ဆောင်ထားခဲ့သည့် သစ်သားသေတ္တာသည် ကျွန်းထိပ်မှ ပြုတ်ကျလာပြီး အထဲမှ စာရွက်အပိုင်းအစများ ထွက်လာကာ ကျွန်းခြေရင်းရှိ မီးတောက်များပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ထို့နောက် ကုရော့ဟိုင်သည် စုဟွိုက်ကျူး၏ ရင်ဘတ်မှ သူ၏ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
စုဟွိုက်ကျူးသည် နောက်သို့ ခြေတလှမ်းဆုတ်လိုက်ပြီး ရင်ဘက်ကိုလက်ဖြင့်ဖိကာ သူ၏ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူက ကုရော့ဟိုင်ကိုကြည့်ကာ ပြုံးပြပြီး အသံတိုးတိုးဖြင့် တစ်စုံတစ်ခုကို ပြောကြားခဲ့သည်။
ကုရော့ဟိုင်က ဘာမှမတုံ့ပြန်ဘဲ ငြိမ်နေလေ၏။
စုဟွိုက်ကျူး၏ပုံရိပ်သည် အနည်းငယ်ယိမ်းယိုင်သွားကာ နောက်ဆုံးတွင် သူအခိုင်အမာ မရပ်တည်နိုင်တော့ပေ။ သူသည် ကျွန်းထိပ်ပလက်ဖောင်းပေါ်မှ တောက်လောင်နေသော မီးတောက်များကြားထဲသို့ တည့်တည့်ပြုတ်ကျသွားခဲ့သည်။
ထိုအချိန်တွင် ဝါးဥယျာဉ်ကျွန်းတစ်ဝိုက် ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံး ကို မီးလျှံများ ဖုံးလွှမ်းသွားခဲ့သည်။
ယခုအချိန်တွင် အလယ်ပိုင်းလွင်ပြင်မဟာမိတ်တပ်အများစုသည် ကြိုးတံတား၏အလယ်ပိုင်းသို့ ဆုတ်ခွာနေပြီးဖြစ်သည်။ မဟာမိတ်ခေါင်းဆောင်ကုက မိစ္ဆာဂိုဏ်းချုပ်ကို သတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် အားလုံးက လက်ခုပ်တီးကာ ကြည်နူးနေကြလေသည်။ အချို့ကမူ ခေါင်းဆောင်ကုက ဒဏ္ဍာရီလာဓားပညာအမွေအနှစ်ကို ရရှိနိုင်ခဲ့သလားဟု တွေးတောနေကြလေ၏။
ကုရော့ဟိုင်သည် ကိုယ်ဖော့ပညာကို အသုံးချကာ ဝါးဥယျာဉ်ကျွန်း၏ ကြိုးတံတားအလယ်သို့ အမြန်လာခဲ့သည်။ သူက ထိတ်လန့်တုန်လှုပ်နေပုံရသော လူငယ်နှစ်ဦးကို ကြည့်လိုက်၏။
သူ့အကြည့်က စုယန်ပေါ်၌ အချိန်အကြာကြီး ရှိနေခဲ့ပြီး နောက်ဆုံးတွင် သူ၏သားဘက်ကိုလှည့်ကာ ပြောလိုက်သည်။
"မင်း နောက်ဘာဆက်လုပ်မယ်ဆိုတာ စဉ်းစားပြီးပြီလား"
ကုဖေးတိက သူ့ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ခဏတာ အဖြေမပေးနိုင်ခဲ့ပေ။ သူက စုယန်၏လက်ကိုသာ ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
စုယန်သည် နာကျင်မှုကြောင့် ရုတ်တရတ် အသိပြန်ဝင်လာခဲ့သည်။
သူသည် ကုရော့ဟိုင် ရောက်လာသည်ကို လုံးဝသတိထားမိပုံ မပေါ်ပေ။ စုဟွိုက်ကျူး ပြုတ်ကျသွားသည့် ဦးတည်ရာဆီသို့ ကြည့်ရင်း သူ့အကြည့်များက စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေကာ မျက်မှောင်ကြုတ်သည်ထက် ကြုတ်လာသည်။
သူက ရုတ်တရက် ကုဖေးတိရဲ့လက်ကို ဖယ်လိုက်ပြီး မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်းကို သုံးကာ ပြေးထွက်သွားခဲ့သည်။
ကုဖေးတိက စဉ်းစားရန် အချိန်မရှိပေ။ သူသည် ကုရော့ဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စုယန်၏ နောက်သို့ မဆိုင်းမတွ ပြေးလိုက်သွားခဲ့လေသည်။
ဖုန်းလင်က ကုရော့ဟိုင်ကို လှည့်ကြည့်လိုက်ပြီး
"စံအိမ်သခင်.. ဘာလို့ သူ့ကိုသတ်လိုက်တာလဲ?"
ကုရော့ဟိုင်က သက်ပြင်းတိုတို မှုတ်ထုတ်လိုက်ပြီး
"စိတ်မပူပါနဲ့ ငါသူ့ကို သတ်ဖို့ နှလုံးသား ဘယ်လိုလုပ် ရှိမှာလဲ?"
......
စုယန်သည် အလွန်စိုးရိမ်ပြီး စုဟွိုက်ကျူး ချောက်ကမ်းပါးမှ ပြုတ်ကျသည့် လမ်းကြောင်းအတိုင်း တလျှောက်လုံး ပြေးသွားသော်လည်း သူ့လမ်းကြောင်းမှာ တဟုန်းဟုန်းတောက်နေသော မီးတောက်များက ပိတ်ဆို့နေလေသည်။
စုဟွိုက်ကျူးအတွက် သူဘာကြောင့် ဒီလောက်စိတ်ပူနေရလဲဆိုတာ သူနားမလည်နိုင်ပေ။ ဤမတိုင်မီက သူသည် မိစ္ဆာဂိုဏ်းချုပ်နှင့် ပေါင်းသင်းဆက်ဆံမှု သိပ်မရှိခဲ့သည့်အပြင် ခံစားချက်များစွာလည်း မရှိခဲ့ပါ။ ယနေ့တွင် သူသည် လွန်လွန်ကဲကဲဖြစ်ပြီး စုဟွိုက်ကျူးအား သူနှင့်တူသည်ဟု ခံစားရခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် ယခုလေးတင် ရင်ဘတ်ကို ဓားနှင့်ထိုးခံလိုက်ရခြင်းသည် တစ်ဖက်လူက သူ့ကံကြမ္မာကို အစားယူဆောင်သွားသည်ဟူသည့် အဓိပ္ပာယ်မဲ့ ခံစားချက်မျိုးကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
စုယန်က သူ့ကိုရှာရန် အမြန်ဆုံး ပြေးလာခဲ့သည်။ သူသည်မိစ္ဆာဂိုဏ်းချုပ်၏ သေဆုံးမှုကို စစ်ဆေးလိုခြင်းလား ဒါမှမဟုတ် မယုံနိုင်လောက်စရာသော အံ့ဖွယ်တစ်ခုကို မျှော်လင့်နေခြင်းလား မသိနိုင်ပေ။
ကုဖေးတိက သူ့ကို လိုက်မှီသွားသောအခါ စုယန်က မီးတောက်အလယ်၌ ဘာလုပ်ရမည်ကိုမသိဘဲ မှင်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
"ရှစ်ရှုန်း.." သူက စုယန် အနားကို လျှောက်သွားရင်း "တောင်းပန်ပါတယ်" ဟု အော်လိုက်သည်။
စုယန်က ကုဖေးတိကို တအံ့တသြကြည့်ကာ
"မင်းက ဘာကိုတောင်းပန်နေတာလဲ?"
ကုဖေးတိ မဖြေခင်မှာ အသံတစ်ခုက ဝင်ရောက်နှောက်ယှက်လာသည်။
"သခင်ငယ်"
မေ့ရှစ်စန်းသည် အနီးနားရှိ ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်မှ ထွက်လာပြီး သူ့လေသံက အလောတကြီး ဖြစ်နေသည်။
"ကျေးဇူးပြုပြီး ဂိုဏ်းချုပ်နဲ့ ဌာနချုပ်ကနေ ထွက်ပြေးနိုင်ဖို့ တားမြစ်နယ်မြေကို ဒီလက်အောက်ငယ်သားနဲ့ အတူလိုက်ခဲ့ပါ"
စုယန် တစ်စက္ကန့်လောက် ထိတ်လန့်သွားပြီး
"ဂိုဏ်းချုပ်?"
မေ့ရှစ်စန်းက ခေါင်းညိတ်ပြီး
"ဂိုဏ်းချုပ် အဆင်ပြေပါတယ်။ ဒီလက်အောက် ငယ်သားနောက်ကို ကျေးဇူးပြုပြီး လိုက်ခဲ့ပါ"
ဂိုဏ်းချုပ်က ဘယ်လိုအဆင်ပြေနေသလဲဆိုတာ စုယန် နားမလည်သော်လည်း သူသည် မီးတောက်တွေကို ရှောင်ပြီး မေ့ရှစ်စန်းနောက်ကို အမြန်လိုက်သွားခဲ့သည်။
ကုဖေးတိ ပါမလာတာကိုမြင်တော့ သူက ပြန်လှည့်ပြီး ကုဖေးတိရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေ၏။
စုယန်နှင့် ကုဖေးတိသည် မီးတောက်များကိုရှောင်ရင်း မေ့ရှစ်စန်းနောက် လိုက်ကာ ဝါးဥယျာဉ်ကျွန်းခြေရင်းရှိ တားမြစ်နယ်မြေ၏ လှိုဏ်ဂူထဲသို့ တည့်တည့်သွားခဲ့သည်။
ယခုအချိန်တွင် ပန်းလက်ထောက်များစွာသည် တားမြစ်နယ်မြေတွင် စုရုံးရောက်ရှိလာကြပြီး လူအုပ်အလယ်တွင် အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားဆဲဖြစ်သော စုဟွိုက်ကျူး ရှိနေသည်။
စုဟွိုက်ကျူးသည် ထိခိုက်ဒဏ်ရာရပုံမပေါ်ချေ။ ၎င်းကိုမြင်လိုက်ရသောအခါ စုယန်အံ့ဩသွားခဲ့သည်။ သူက ချဉ်းကပ်လာပြီး မေးလိုက်၏။
"...... ခင်ဗျား အဆင်ပြေရဲ့လား?"
စုဟွိုက်ကျူးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အကြောင်းမပြန်ဘဲ သူ့ဘေးနားက ပန်းလက်ထောက်တွေကို ဆက်ပြီး ညွှန်ကြားနေသည်။ လျှို့ဝှက်တံခါးပေါက်မှ ထွက်ခွာချိန်မှသာ သူက စုယန်ကို မျက်နှာချင်းဆိုင် ကြည့်လာလေ၏။
"မင်းငါ့ကိုစိတ်ပူနေတာလား?" သူက ပြုံးပြီးမေးသည်။
"မင်းငါ့ကို စိတ်ပူနေလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး....."
စုယန်က ခဏလောက် နှုတ်ဆိတ်နေပြီး
"အဲဒီဓားက ခင်ဗျားကို တကယ်ပဲထိုးလိုက်တာလား?"
စုဟွိုက်ကျူး : "ဓားက ငါ့ရင်ဘတ်ကို ဖောက်ဝင်ခဲ့ပေမယ့် အရေးကြီးတဲ့နေရာကို မထိမိခဲ့ဘူး... ပြီးတော့ ကြက်သွေးနီညှိုးနွမ်းခြင်းနဲ့ သွေးတိတ်အောင် ထိန်းထားနိုင်တာကြောင့် ဘာမှထိခိုက်မှုမရှိဘူး"
စုယန် မယုံနိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒါ တကယ်ပဲလား?"
စုဟွိုက်ကျူးသည် စုယန်ကို တခဏတာ စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ
"စုယန် အစစ်သာဆိုရင် သူငါ့ကို ဒီလိုမေးမှာ မဟုတ်တာ သေချာတယ်"
သူ့ပုံစံက အေးဆေးတည်ငြိမ်နေသော်လည်း စုယန် ထိုစကားကို ကြားလိုက်သည့်အခါ သူ့ရင်ထဲ၌ ကျယ်လောင်သည့် ပေါက်ကွဲမှုကို ခံစားလိုက်ရသည်။ သူ ဘယ်လိုမှ စိတ်မအေးနိုင်တော့ပေ။ စုယန်သည် စုဟွိုက်ကျူးကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ကုဖေးတိ၏ လက်ချောင်းများကို အနည်းငယ် တင်းကျပ်လိုက်ကာ နှုတ်ခမ်းကိုက်လိုက်မိသည်။
ကုဖေးတိသည် ရှေ့သို့ တိုးလာပြီး စုယန်နှင့် ဘေးချင်းကပ်ရပ်ကာ သူ့လက်ဖဝါးအတွင်းမှ အေးစက်နေသော လက်ချောင်းများကို ဆုပ်ကိုင်ထားသည်။
စုဟွိုက်ကျူးက နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုကို ဖမ်းမိပြီး ပေါ့ပါးစွာ ရယ်မောလိုက်၏။
"မင်း စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ငါမင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး။ သူ့ကံကြမ္မာက ဆိုးရွားတဲ့ အဆုံးသတ်နဲ့ ကြုံတွေ့ရလိမ့်မယ်။ အဲဒါကိုငါသိတယ်၊ သူကိုယ်တိုင်လည်း သိတယ်လေ၊ ဒါကြောင့် သူဒီလို ကောက်ကျစ်တဲ့အကျင့်ကို ကျင့်ခဲ့တာပါ.... နည်းပညာတွေကို စွဲလမ်းမှုသာရှိခဲ့ရင် သူဘယ်လောက်ထိ ပိုဆိုးရွားမလဲဆိုတာ ငါလဲမပြောတတ်ဘူး"
ထိုသို့ဆိုပြီးနောက် သူက စုယန်ကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်ပြီး
"ငါဓားထိုးခံရတာနဲ့ ပတ်သတ်ပြီး မင်းပုံစံက တစ်ခုခုကို အပြစ်ရှိနေပုံရတယ်။ အဲဒါဘာကြောင့်လဲ ပြောပြနိုင်မလား?"
"ကျွန်တော်......"
စုယန်သည် အခြားကမ္ဘာတစ်ခု၏ အမှန်တရားကို ချန်လှပ်ထားရန် အချိန်အတော်ကြာ တွေးတောဆင်ခြင်ခဲ့သည်။
"ကျွန်တော် ဒီအကြောင်းကို အိပ်မက်ခဏခဏ မက်ခဲ့တယ်....... ကုဖေးတိက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မိစ္ဆာဂိုဏ်းကိုချေမှုန်းဖို့ လာခဲ့တယ်တဲ့။ ကျွန်တော့်နဲ့ သူကျွန်းထိပ်မှာ ထိပ်တိုက်တွေ့ခဲ့ကြတယ်........နောက်ဆုံးတော့ ခင်ဗျားလိုပဲ.. ကျွန်တော် ဓားနဲ့ထိုးခံခဲ့ရတာ"
စုဟွိုက်ကျူးက အံ့အားသင့်သွားသည်။
ကုဖေးတိက ရုတ်တရက် စုယန်ကို လှည့်ကြည့်ပြီး တုန်လှုပ်ခြောက်ခြားစွာ မေးလိုက်သည်။
"ဒါ ကိုယ်မင်းကို သတ်ချင်တဲ့အကြောင်း မကြာခဏ မက်တဲ့ အိပ်မက်ထဲက မြင်ကွင်းပဲ"
စုယန်က ခေါင်းညိတ်ပြပြီး စုဟွိုက်ကျူးကို ကြည့်ကာ
"အဲဒါကြောင့် ခင်ဗျားက ကျွန်တော့်ကိုယ်စား ဓားနဲ့
အထိုးခံခဲ့ရတာလို့ ခံစားနေခဲ့ရတာ..."
စုဟွိုက်ကျူးသည် ထိုစကားကိုကြားပြီးနောက် မျက်ခုံးပင့်လိုက်မိသည်။
"မင်းရဲ့ စိတ်နေသဘောထားက ဆန်းသစ်တယ်"
သူက ပြုံးကာ သက်ပြင်းချလိုက်ပြီး
"ဒါပေမယ့် မင်းရဲ့ မူလဇစ်မြစ်က အထူးအဆန်းမဟုတ်ရင် ဒီတိုက်ပွဲရဲ့ ရည်ရွယ်ချက်အမှန်ကို မင်းဆီကနေ ငါ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ ငါ့ရဲ့သေဆုံးမှုအတုကို မင်းကို ကြိုတင်အကြောင်းကြားထားမှာပေါ့.."
"သေဆုံးမှုအတု......" စုယန်က ထပ်ခါတလဲလဲ ညည်းညူလိုက်ပြီး
"ဒါဆို အားလုံး စီစဉ်ထားတာပေါ့"
"သေချာတာပေါ့.. အားလုံးစီစဉ်ထားခဲ့တာ" စုဟွိုက်ကျူးက ဆိုသည်။
"အဲ့လော့ကွေးကို ငါ့ဂိုဏ်းပျက်စီးသွားကြောင်း ယုံကြည်စေချင်ရင် ငါသေဆုံးကြောင်း သက်သေပြနိုင်မှပဲရမယ်။ ဒါကြောင့် ကုရော့ဟိုင်ရဲ့ လက်ထဲမှာ သေဆုံးတယ်ဆိုတာက ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပဲ။ ဒီလို စိတ်ကူးယဉ်အိပ်မက်တွေကြောင့်နဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး"
ထိုအခါမှ စုယန်သည် အလွန်စိတ်သက်သာရာ ရသွားလေသည်။
စုဟွိုက်ကျူးက ခေါင်းယမ်းပြီး သက်ပြင်းချကာ ပြောလိုက်လေ၏။
"...... ကလေးဆန်လိုက်တာ"
_5.8.23
Thanks for reading ❣️
Zawgyi
အခန္း-၁၀၄ ကြၽန္းထိပ္မွ အေသအေၾကတိုက္ပြဲ။
[ခင္ဗ်ားက ကြၽန္ေတာ့္ကိုယ္စား ခံခဲ့ရတာလို႔ ခံစားေနရတယ္]
ဝါးဥယ်ာဥ္ကြၽန္းဆြယ္၏ အလယ္တြင္ တိုက္ပြဲက အခ်ိန္အေတာ္ၾကာေအာင္ ဆက္လက္ ျဖစ္ပြားေနခဲ့သည္။ လသည္ ေကာင္းကင္အလယ္တိုင္သည္အထိ ျမင့္တက္လာကာ ညတစ္ဝက္တာ ကုန္ဆုံးသြားသည္ အထိပင္။
ႏွစ္ဖက္စလုံး အနည္းငယ္ ေမာပန္းႏြမ္းနယ္လာခ်ိန္တြင္ ဝါးဥယ်ာဥ္ကြၽန္းေျခရင္း၌ ေတာက္ပေသာ မီးေတာက္မ်ား ထြန္းလင္းလာၿပီးေနာက္ ႀကီးမားေသာ ဆူညံသံႏွင့္အတူ ေပါက္ကြဲသံမ်ား ထြက္ေပၚလာကာ လူတိုင္းကို ေၾကာက္လန႔္ေစခဲ့သည္။
ဖုန္းလင္သည္ ဝ႐ုန္းသုန္းကားျဖင့္ အေဝးမွ ေျပးလာခဲ့သည္။ သူ၏အဝတ္အစားမ်ားမွာ စုတ္ၿပဲေနၿပီး ႀကီးစြာေသာ တိုက္ပြဲႀကီးႏွင့္ ရင္ဆိုင္ခဲ့ရပုံ။
သူသည္ စစ္ေျမျပင္ထဲကို ဝင္ေရာက္ခဲ့ေသာ္လည္း တိုက္ပြဲမွာ မပါဝင္ခဲ့ဘဲ ထန္းယြင္စံအိမ္ တပ္ဖြဲ႕ေတြအား ေအာ္ဟစ္သတိေပးလိုက္ေလသည္။
"ဝါးဥယ်ာဥ္ကြၽန္းမွာ ေထာင္ေခ်ာက္ရွိတယ္။ ကြၽန္းတစ္ခုလုံးက ဆီအိုးေတြနဲ႕ျပည့္ေနတာ။ မိစာၦဂိုဏ္းခ်ဳပ္ က လူတိုင္းကို သူနဲ႕အတူေခၚသြားဖို႔ ရည္႐ြယ္ထားတာပဲ။ အခုေခါင္းေဆာင္ကုက သူ႕ကို ဟန႔္တားဖို႔ ႀကိဳးစားေနၿပီး အားလုံးကို ဝါးဥယ်ာဥ္ကြၽန္းကေန ဆုတ္ခြာဖို႔ အမိန႔္ေပးလိုက္တယ္!"
ထိုစကားကိုၾကားေသာအခါ လူတိုင္း ထိတ္လန႔္သြားၾကသည္။
ထိုအခ်ိန္တြင္ ဝါးဥယ်ာဥ္ကြၽန္း၏ ေျမျမင့္ပိုင္းအနီးတစ္ေနရာမွ ျပင္းထန္ေသာ ေပါက္ကြဲသံမ်ား ထပ္မံထြက္ေပၚလာၿပီး မီးေလာင္ေနေသာ ေသရည္အိုးသည္ အျမင့္မွ ျပဳတ္က်လာကာ လူတိုင္း၏ေရွ႕တြင္ ကြဲေၾကသြားခဲ့သည္။ ႀကီးမားေသာ မီးေတာက္မ်ားသည္ ေနရာအႏွံ႕ ပ်ံ့ႏွံ႕သြားေလ၏။ လူတိုင္း အထိတ္တလန႔္ျဖစ္သြားၾကၿပီး ေနာက္ျပန္ဆုတ္႐ုံကလြဲလို႔ မတတ္နိုင္ေတာ့ေခ်။
"ဒီကႀကိဳးတံတားေတြက သစ္သားနဲ႕ ဝါးေတြခ်ည္းပဲ။ ေျမရိုင္းလြင္ျပင္က ေရရွားၿပီး မီးေလာင္လြယ္တယ္" ဖုန္းလင္က စိတ္မရွည္စြာ ဆိုသည္။ "ငါတို႔ အခုမဆုတ္ရင္ အရမ္းေနာက္က်သြားလိမ့္မယ္!"
ထိုအခါ ထန္းယြင္စံအိမ္ႏွင့္ ခ်န္ဖုန္း႐ြာ၏ တပ္မ်ားသည္ အမိန႔္ကို ခ်က္ခ်င္းလက္ခံၿပီး ျပန္ဆုတ္သြားၾကသည္။
႐ႊမ္က်ီးေက်ာင္းေတာ္ ေခါင္းေဆာင္က စိုးရိမ္တႀကီးေမးလာ၏။
"မဟာမိတ္ေခါင္းေဆာင္ကုက ဘယ္မွာလဲ?"
ဖုန္းလင္ ျပန္မေျဖခင္ ထြက္ေပၚလာေသာ ဓားခုတ္သံမ်ားက လူတိုင္းရဲ႕ အာ႐ုံကို ဖမ္းစားသြားခဲ့သည္။
တဟုန္းဟုန္းေတာက္ေလာင္ေနေသာ မီးေတာက္မ်ားႏွင့္ လေရာင္ေအာက္ ကြၽန္း၏အျမင့္ဆုံးအပိုင္းတြင္ ပုံရိပ္ႏွစ္ခုသည္ အျပန္အလွန္ တိုက္ခိုက္ေနသည္ကို ေတြ႕ျမင္နိုင္သည္။
ကုေရာ့ဟိုင္သည္ အျပာေရာင္ကို ၀တ္ဆင္ထားၿပီး သူ၏ ဓားခ်က္မ်ားသည္ အမဲလိုက္ေနေသာ သားရဲတစ္ေကာင္ကဲ့သို႔ပင္ အလြန္တိက်ကာ သူ၏လႈပ္ရွားမႈမ်ားသည္ ေသေစေလာက္သည္။
စုဟြိုက္က်ဴးသည္ အျဖဴေရာင္ သန႔္သန႔္ ၀တ္စုံကို ၀တ္ဆင္ထားၿပီး သစ္သားေသတၱာတစ္ခုကို ကိုင္ေဆာင္ထားသည္။
သူ၏ပါးလႊာေသာဓားသည္ ေကြ႕ေကာက္ေနေသာစပ်စ္ႏြယ္ပင္ႏွင့္ဆင္တူၿပီး အားနည္းကာ အရိုးမဲ့ပုံေပၚေနေသာ္လည္း ၎၏ေထာင္ေခ်ာက္ထဲသို႔ က်လာသမွ်ကို တြန္းလွန္ရန္ လုံေလာက္ပါသည္။
သူတို႔သည္ က႐ုဏာမရွိဘဲ ျပင္းထန္ေသာ တိုက္ခိုက္မႈမ်ားျဖင့္ အျပန္ျပန္အလွန္လွန္ တိုက္ခိုက္ေနၾကၿပီး အတိတ္မွ နက္နဲေသာ ခံစားခ်က္မ်ား က်န္ရွိေနသည့္ အရိပ္အေယာင္ အနည္းငယ္မွ် မျပခဲ့ေပ။
သူတို႔ႏွစ္ေယာက္ၾကားက တိုက္ပြဲကို ျမင္လိုက္ရေတာ့ စုယန္ဟာ ႐ုတ္တရက္ လွည့္စားမႈတစ္မ်ိဳးကို ခံစားလိုက္ရသည္။ မဟာမိတ္ေခါင္းေဆာင္ကုႏွင့္ မိစာၦဂိုဏ္းခ်ဳပ္အစား ကုေဖးတိႏွင့္ သူကိုယ္တိုင္အား ျမင္ေနရသကဲ့သို႔ပင္။
-- မူရင္းဇာတ္ၫႊန္းအရ မိစာၦဂိုဏ္း၏ ကြၽန္းထိပ္မွ တိုက္ပြဲသည္ သူတို႔ကိုယ္တိုင္၊ ဤငယ္႐ြယ္ေသာ ၿပိဳင္ဘက္ႏွစ္ဦးသာ ျဖစ္သင့္ေပသည္။
သို႔ေသာ္ ဇာတ္ၫႊန္းႏွင့္ ဤေလာက၏လူမ်ားၾကားက ကြဲလြဲမႈမ်ားကို ယွဥ္ၾကည့္ပါက မိစာၦဂိုဏ္းခ်ဳပ္သည္ ေပၚလာတာႏွင့္ တန္းအသတ္ခံရမည့္ သိုင္းပညာ ခ်ိဳ႕တဲ့ေသာ အဘိုးႀကီးတစ္ဦး ဟုတ္မေနေပ။ထို႔ေၾကာင့္ စုယန္ အနည္းငယ္ စိတ္သက္သာရာရသြားသည္။
ဝါးဥယ်ာဥ္ကြၽန္းတစ္ဝိုက္ရွိ အေဆာက္အဦးမ်ားသည္ တျဖည္းျဖည္း စတင္ေလာင္ကြၽမ္းလာေသာ္လည္း မိစာၦဂိုဏ္း၏ ပန္းလက္ေထာက္မ်ားသည္ တုန္လႈပ္သြားပုံမေပၚဘဲ အလယ္ပိုင္းလြင္ျပင္ သိုင္းပညာရွင္မ်ားအား ႀကိဳးတံတား၏တစ္ဖက္သို႔ ျပန္ဆုတ္သြားရန္ ႀကိဳးပမ္းခဲ့ၾကသည္။
ဖုန္းလင္က ကုေဖးတိအား တိုက္ခိုက္ခ်င္ေယာင္ေဆာင္ရင္း အသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။
"စံအိမ္သခင္က သခင္ေလးကို ဘာပဲျဖစ္ျဖစ္ စုယန္နဲ႕
မခြဲဖို႔ သတိေပးခိုင္းလိုက္ပါတယ္"
ကုေဖးတိ အံ့အားသင့္သြားၿပီး မတုံ႕ျပန္နိုင္မီတြင္ မေဝးလြန္းေသာေနရာမွ ေမ့ရွစ္စန္း၏ ေအာ္ဟစ္သံကို ၾကားလိုက္ရသည္။
"ဂိုဏ္းခ်ဳပ္!"
ထို႔ေနာက္ ခ်က္ခ်င္းပင္ စစ္ေျမျပင္မွ ခြဲထြက္ကာ ေနာက္ျပန္လွည့္မၾကည့္ဘဲ ကြၽန္းထိပ္သို႔ အျမန္
ေျပးတက္သြားခဲ့သည္။
တိုက္ပြဲဝင္ေနဆဲျဖစ္ေသာ မိစာၦဂိုဏ္း၏
ပန္းလက္ေထာက္မ်ားႏွင့္ ၎တို႔၏ဆုတ္ခြာေရးကို စီစဥ္ေနေသာ အလယ္ပိုင္းလြင္ျပင္မွ တပ္ဖြဲ႕မ်ားပင္လွ်င္ အားလုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကၿပီး ကြၽန္းထိပ္ဆီသို႔ ၎တို႔၏အၾကည့္မ်ား စုစည္းသြားၾကသည္။
စုယန္က တစ္စုံတစ္ခုကိုခံစားမိၿပီး ကုေရာ့ဟိုင္ႏွင့္ စုဟြိုက္က်ဴးတို႔ ထိပ္တိုက္ေတြ႕ေနသည့္ ကြၽန္းထိပ္ကို ေမာ့ၾကည့္ရန္ ေခါင္းကို ျမႇောက္လိုက္သည္။
ဤအခိုက္အတန႔္တြင္ သူျမင္လိုက္သည္မွာ အျဖဴေရာင္ဝတ္စုံႏွင့္ မိစာၦဂိုဏ္းခ်ဳပ္က သူ႕ခႏၶာကိုယ္ကို အနည္းငယ္ ေကြးၫႊတ္ထားၿပီး ကုေရာ့ဟိုင္၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ထားသည္။ ကုေရာ့ဟိုင္၏ ဓားရွည္သည္ စုဟြိုက္က်ဴး၏ ရင္ဘတ္မွ ေနာက္ေက်ာအထိ အလုံးစုံ ေဖာက္ထြက္ေနၿပီး ဓားေပၚရွိ ေသြးမ်ားသည္ လေရာင္ႏွင့္ မီးေတာက္မ်ားျဖင့္ ေရာင္ျပန္ဟပ္ေနကာ ေျမျပင္သို႔ တိတ္တဆိတ္ စီးက်လ်က္ရွိသည္။
ထိုေနရာရွိလူတိုင္းအဖို႔ ထိတ္လန႔္စရာ ျမင္ကြင္းတစ္ခုပင္။
စုယန္သည္ ထိုျမင္ကြင္းေၾကာင့္ ထိတ္လန႔္သြားၿပီး သူ႕ႏွလုံးခုန္သံ ရပ္တန့္သြားသလို ခံစားလိုက္ရသည္။
ထိုျမင္ကြင္းသည္ သူႏွင့္အလြန္တရာမွ ရင္းႏွီးလွၿပီး သူ႕ရင္ဘတ္ပင္ နာက်င္လာသေယာင္။
-- ျဖစ္သင့္သည္မွာ သူသာလွ်င္ ထိုေနရာ၌ ကုေဖးတိ၏ အဆုံးသတ္ျခင္းကို ခံရမည့္သူ။
ထိုအခ်ိန္ စုယန္၏ နံေဘးမွ ေက်ာခ်မ္းဖြယ္ အလင္းတန္းတစ္ခု ထြက္ေပၚလာသည္။ ကုေဖးတိသည္ ထုန္းယြင္ေက်ာင္းေတာ္၏ တိုက္ခိုက္မႈကို သူ၏ဓားျဖင့္တြန္းလွန္လိုက္ၿပီး မွိန္းေသေနေသာ စုယန္ကို ဆြဲေခၚလိုက္သည္။
"ရွစ္ရႈန္း!" ကုေဖးတိက စုယန္ရဲ႕ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ကာ စိုးရိမ္တႀကီးျဖင့္ "ေရွာင္ေရွာင္ ...ဒီကိစၥက ... မဟုတ္ဘူး ......"
သို႔ေသာ္ ေနာက္ဆုံးမွာေတာ့ သူဘာမွ ထပ္မေျပာနိုင္ေတာ့ဘဲ စုယန္ရဲ႕ ေအးခဲေနေသာ လက္မ်ားကိုသာ တိတ္တဆိတ္ ဆုပ္ကိုင္ထားနိုင္ခဲ့သည္။
စုဟြိုက္က်ဴး တစ္ခ်ိန္လုံး ကိုင္ေဆာင္ထားခဲ့သည့္ သစ္သားေသတၱာသည္ ကြၽန္းထိပ္မွ ျပဳတ္က်လာၿပီး အထဲမွ စာ႐ြက္အပိုင္းအစမ်ား ထြက္လာကာ ကြၽန္းေျခရင္းရွိ မီးေတာက္မ်ားေပၚသို႔ ျပဳတ္က်သြားခဲ့သည္။
ထို႔ေနာက္ ကုေရာ့ဟိုင္သည္ စုဟြိုက္က်ဴး၏ ရင္ဘတ္မွ သူ၏ဓားရွည္ကို ျဖည္းညွင္းစြာ ဆြဲထုတ္လိုက္သည္။
စုဟြိုက္က်ဴးသည္ ေနာက္သို႔ ေျခတလွမ္းဆုတ္လိုက္ၿပီး ရင္ဘက္ကိုလက္ျဖင့္ဖိကာ သူ၏ေခါင္းကို ျဖည္းညွင္းစြာ ျမႇောက္လိုက္သည္။ သူက ကုေရာ့ဟိုင္ကိုၾကည့္ကာ ၿပဳံးျပၿပီး အသံတိုးတိုးျဖင့္ တစ္စုံတစ္ခုကို ေျပာၾကားခဲ့သည္။
ကုေရာ့ဟိုင္က ဘာမွမတုံ႕ျပန္ဘဲ ၿငိမ္ေနေလ၏။
စုဟြိုက္က်ဴး၏ပုံရိပ္သည္ အနည္းငယ္ယိမ္းယိုင္သြားကာ ေနာက္ဆုံးတြင္ သူအခိုင္အမာ မရပ္တည္နိုင္ေတာ့ေပ။ သူသည္ ကြၽန္းထိပ္ပလက္ေဖာင္းေပၚမွ ေတာက္ေလာင္ေနေသာ မီးေတာက္မ်ားၾကားထဲသို႔ တည့္တည့္ျပဳတ္က်သြားခဲ့သည္။
ထိုအခ်ိန္တြင္ ဝါးဥယ်ာဥ္ကြၽန္းတစ္ဝိုက္ ေပါက္ကြဲသံမ်ား က်ယ္ေလာင္စြာ ထြက္ေပၚလာၿပီး ကြၽန္းတစ္ခုလုံး ကို မီးလွ်ံမ်ား ဖုံးလႊမ္းသြားခဲ့သည္။
ယခုအခ်ိန္တြင္ အလယ္ပိုင္းလြင္ျပင္မဟာမိတ္တပ္အမ်ားစုသည္ ႀကိဳးတံတား၏အလယ္ပိုင္းသို႔ ဆုတ္ခြာေနၿပီးျဖစ္သည္။ မဟာမိတ္ေခါင္းေဆာင္ကုက မိစာၦဂိုဏ္းခ်ဳပ္ကို သတ္လိုက္သည္ကို ျမင္လိုက္ရသျဖင့္ အားလုံးက လက္ခုပ္တီးကာ ၾကည္ႏူးေနၾကေလသည္။ အခ်ိဳ႕ကမူ ေခါင္းေဆာင္ကုက ဒ႑ာရီလာဓားပညာအေမြအႏွစ္ကို ရရွိနိုင္ခဲ့သလားဟု ေတြးေတာေနၾကေလ၏။
ကုေရာ့ဟိုင္သည္ ကိုယ္ေဖာ့ပညာကို အသုံးခ်ကာ ဝါးဥယ်ာဥ္ကြၽန္း၏ ႀကိဳးတံတားအလယ္သို႔ အျမန္လာခဲ့သည္။ သူက ထိတ္လန႔္တုန္လႈပ္ေနပုံရေသာ လူငယ္ႏွစ္ဦးကို ၾကည့္လိုက္၏။
သူ႕အၾကည့္က စုယန္ေပၚ၌ အခ်ိန္အၾကာႀကီး ရွိေနခဲ့ၿပီး ေနာက္ဆုံးတြင္ သူ၏သားဘက္ကိုလွည့္ကာ ေျပာလိုက္သည္။
"မင္း ေနာက္ဘာဆက္လုပ္မယ္ဆိုတာ စဥ္းစားၿပီးၿပီလား"
ကုေဖးတိက သူ႕ပါးစပ္ကို ဖြင့္ဟလိုက္ေသာ္လည္း ခဏတာ အေျဖမေပးနိုင္ခဲ့ေပ။ သူက စုယန္၏လက္ကိုသာ ပို၍တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္မိသည္။
စုယန္သည္ နာက်င္မႈေၾကာင့္ ႐ုတ္တရတ္ အသိျပန္ဝင္လာခဲ့သည္။
သူသည္ ကုေရာ့ဟိုင္ ေရာက္လာသည္ကို လုံးဝသတိထားမိပုံ မေပၚေပ။ စုဟြိုက္က်ဴး ျပဳတ္က်သြားသည့္ ဦးတည္ရာဆီသို႔ ၾကည့္ရင္း သူ႕အၾကည့္မ်ားက စိုးရိမ္ထိတ္လန႔္မႈမ်ား ျပည့္ႏွက္ေနကာ မ်က္ေမွာင္ၾကဳတ္သည္ထက္ ၾကဳတ္လာသည္။
သူက ႐ုတ္တရက္ ကုေဖးတိရဲ႕လက္ကို ဖယ္လိုက္ၿပီး ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္းကို သုံးကာ ေျပးထြက္သြားခဲ့သည္။
ကုေဖးတိက စဥ္းစားရန္ အခ်ိန္မရွိေပ။ သူသည္ ကုေရာ့ဟိုင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ စုယန္၏ ေနာက္သို႔ မဆိုင္းမတြ ေျပးလိုက္သြားခဲ့ေလသည္။
ဖုန္းလင္က ကုေရာ့ဟိုင္ကို လွည့္ၾကည့္လိုက္ၿပီး
"စံအိမ္သခင္.. ဘာလို႔ သူ႕ကိုသတ္လိုက္တာလဲ?"
ကုေရာ့ဟိုင္က သက္ျပင္းတိုတို မႈတ္ထုတ္လိုက္ၿပီး
"စိတ္မပူပါနဲ႕ ငါသူ႕ကို သတ္ဖို႔ ႏွလုံးသား ဘယ္လိုလုပ္ ရွိမွာလဲ?"
......
စုယန္သည္ အလြန္စိုးရိမ္ၿပီး စုဟြိုက္က်ဴး ေခ်ာက္ကမ္းပါးမွ ျပဳတ္က်သည့္ လမ္းေၾကာင္းအတိုင္း တေလွ်ာက္လုံး ေျပးသြားေသာ္လည္း သူ႕လမ္းေၾကာင္းမွာ တဟုန္းဟုန္းေတာက္ေနေသာ မီးေတာက္မ်ားက ပိတ္ဆို႔ေနေလသည္။
စုဟြိုက္က်ဴးအတြက္ သူဘာေၾကာင့္ ဒီေလာက္စိတ္ပူေနရလဲဆိုတာ သူနားမလည္နိုင္ေပ။ ဤမတိုင္မီက သူသည္ မိစာၦဂိုဏ္းခ်ဳပ္ႏွင့္ ေပါင္းသင္းဆက္ဆံမႈ သိပ္မရွိခဲ့သည့္အျပင္ ခံစားခ်က္မ်ားစြာလည္း မရွိခဲ့ပါ။ ယေန႕တြင္ သူသည္ လြန္လြန္ကဲကဲျဖစ္ၿပီး စုဟြိုက္က်ဴးအား သူႏွင့္တူသည္ဟု ခံစားရျခင္းေၾကာင့္ ျဖစ္နိုင္သည္။ သို႔မဟုတ္ ယခုေလးတင္ ရင္ဘတ္ကို ဓားႏွင့္ထိုးခံလိုက္ရျခင္းသည္ တစ္ဖက္လူက သူ႕ကံၾကမၼာကို အစားယူေဆာင္သြားသည္ဟူသည့္ အဓိပၸာယ္မဲ့ ခံစားခ်က္မ်ိဳးေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္ေပသည္။
စုယန္က သူ႕ကိုရွာရန္ အျမန္ဆုံး ေျပးလာခဲ့သည္။ သူသည္မိစာၦဂိုဏ္းခ်ဳပ္၏ ေသဆုံးမႈကို စစ္ေဆးလိုျခင္းလား ဒါမွမဟုတ္ မယုံနိုင္ေလာက္စရာေသာ အံ့ဖြယ္တစ္ခုကို ေမွ်ာ္လင့္ေနျခင္းလား မသိနိုင္ေပ။
ကုေဖးတိက သူ႕ကို လိုက္မွီသြားေသာအခါ စုယန္က မီးေတာက္အလယ္၌ ဘာလုပ္ရမည္ကိုမသိဘဲ မွင္သက္စြာ ရပ္ေနသည္ကို ေတြ႕လိုက္ရေလသည္။
"ရွစ္ရႈန္း.." သူက စုယန္ အနားကို ေလွ်ာက္သြားရင္း "ေတာင္းပန္ပါတယ္" ဟု ေအာ္လိုက္သည္။
စုယန္က ကုေဖးတိကို တအံ့တၾသၾကည့္ကာ
"မင္းက ဘာကိုေတာင္းပန္ေနတာလဲ?"
ကုေဖးတိ မေျဖခင္မွာ အသံတစ္ခုက ဝင္ေရာက္ေႏွာက္ယွက္လာသည္။
"သခင္ငယ္"
ေမ့ရွစ္စန္းသည္ အနီးနားရွိ ေက်ာက္ေဆာင္တစ္ခု၏ ေနာက္ကြယ္မွ ထြက္လာၿပီး သူ႕ေလသံက အေလာတႀကီး ျဖစ္ေနသည္။
"ေက်းဇူးျပဳၿပီး ဂိုဏ္းခ်ဳပ္နဲ႕ ဌာနခ်ဳပ္ကေန ထြက္ေျပးနိုင္ဖို႔ တားျမစ္နယ္ေျမကို ဒီလက္ေအာက္ငယ္သားနဲ႕ အတူလိုက္ခဲ့ပါ"
စုယန္ တစ္စကၠန႔္ေလာက္ ထိတ္လန႔္သြားၿပီး
"ဂိုဏ္းခ်ဳပ္?"
ေမ့ရွစ္စန္းက ေခါင္းညိတ္ၿပီး
"ဂိုဏ္းခ်ဳပ္ အဆင္ေျပပါတယ္။ ဒီလက္ေအာက္ ငယ္သားေနာက္ကို ေက်းဇူးျပဳၿပီး လိုက္ခဲ့ပါ"
ဂိုဏ္းခ်ဳပ္က ဘယ္လိုအဆင္ေျပေနသလဲဆိုတာ စုယန္ နားမလည္ေသာ္လည္း သူသည္ မီးေတာက္ေတြကို ေရွာင္ၿပီး ေမ့ရွစ္စန္းေနာက္ကို အျမန္လိုက္သြားခဲ့သည္။
ကုေဖးတိ ပါမလာတာကိုျမင္ေတာ့ သူက ျပန္လွည့္ၿပီး ကုေဖးတိရဲ႕လက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္ေလ၏။
စုယန္ႏွင့္ ကုေဖးတိသည္ မီးေတာက္မ်ားကိုေရွာင္ရင္း ေမ့ရွစ္စန္းေနာက္ လိုက္ကာ ဝါးဥယ်ာဥ္ကြၽန္းေျခရင္းရွိ တားျမစ္နယ္ေျမ၏ လွိုဏ္ဂူထဲသို႔ တည့္တည့္သြားခဲ့သည္။
ယခုအခ်ိန္တြင္ ပန္းလက္ေထာက္မ်ားစြာသည္ တားျမစ္နယ္ေျမတြင္ စု႐ုံးေရာက္ရွိလာၾကၿပီး လူအုပ္အလယ္တြင္ အျဖဴေရာင္၀တ္စုံ ၀တ္ဆင္ထားဆဲျဖစ္ေသာ စုဟြိုက္က်ဴး ရွိေနသည္။
စုဟြိုက္က်ဴးသည္ ထိခိုက္ဒဏ္ရာရပုံမေပၚေခ်။ ၎ကိုျမင္လိုက္ရေသာအခါ စုယန္အံ့ဩသြားခဲ့သည္။ သူက ခ်ဥ္းကပ္လာၿပီး ေမးလိုက္၏။
"...... ခင္ဗ်ား အဆင္ေျပရဲ႕လား?"
စုဟြိုက္က်ဴးက သူ႕ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး အေၾကာင္းမျပန္ဘဲ သူ႕ေဘးနားက ပန္းလက္ေထာက္ေတြကို ဆက္ၿပီး ၫႊန္ၾကားေနသည္။ လွ်ို႔ဝွက္တံခါးေပါက္မွ ထြက္ခြာခ်ိန္မွသာ သူက စုယန္ကို မ်က္ႏွာခ်င္းဆိုင္ ၾကည့္လာေလ၏။
"မင္းငါ့ကိုစိတ္ပူေနတာလား?" သူက ၿပဳံးၿပီးေမးသည္။
"မင္းငါ့ကို စိတ္ပူေနလိမ့္မယ္လို႔ ငါဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့ဘူး....."
စုယန္က ခဏေလာက္ ႏႈတ္ဆိတ္ေနၿပီး
"အဲဒီဓားက ခင္ဗ်ားကို တကယ္ပဲထိုးလိုက္တာလား?"
စုဟြိုက္က်ဴး : "ဓားက ငါ့ရင္ဘတ္ကို ေဖာက္ဝင္ခဲ့ေပမယ့္ အေရးႀကီးတဲ့ေနရာကို မထိမိခဲ့ဘူး... ၿပီးေတာ့ ၾကက္ေသြးနီညွိုးႏြမ္းျခင္းနဲ႕ ေသြးတိတ္ေအာင္ ထိန္းထားနိုင္တာေၾကာင့္ ဘာမွထိခိုက္မႈမရွိဘူး"
စုယန္ မယုံနိုင္စြာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"အဲဒါ တကယ္ပဲလား?"
စုဟြိုက္က်ဴးသည္ စုယန္ကို တခဏတာ စိုက္ၾကည့္ေနၿပီး ႏႈတ္ခမ္းေထာင့္မ်ား တြန႔္ေကြးသြားကာ
"စုယန္ အစစ္သာဆိုရင္ သူငါ့ကို ဒီလိုေမးမွာ မဟုတ္တာ ေသခ်ာတယ္"
သူ႕ပုံစံက ေအးေဆးတည္ၿငိမ္ေနေသာ္လည္း စုယန္ ထိုစကားကို ၾကားလိုက္သည့္အခါ သူ႕ရင္ထဲ၌ က်ယ္ေလာင္သည့္ ေပါက္ကြဲမႈကို ခံစားလိုက္ရသည္။ သူ ဘယ္လိုမွ စိတ္မေအးနိုင္ေတာ့ေပ။ စုယန္သည္ စုဟြိုက္က်ဴးကို တိုက္ရိုက္မၾကည့္ဝံ့ဘဲ ကုေဖးတိ၏ လက္ေခ်ာင္းမ်ားကို အနည္းငယ္ တင္းက်ပ္လိုက္ကာ ႏႈတ္ခမ္းကိုက္လိုက္မိသည္။
ကုေဖးတိသည္ ေရွ႕သို႔ တိုးလာၿပီး စုယန္ႏွင့္ ေဘးခ်င္းကပ္ရပ္ကာ သူ႕လက္ဖဝါးအတြင္းမွ ေအးစက္ေနေသာ လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္ထားသည္။
စုဟြိုက္က်ဴးက ႏွစ္ေယာက္စလုံးရဲ႕ လႈပ္ရွားမႈကို ဖမ္းမိၿပီး ေပါ့ပါးစြာ ရယ္ေမာလိုက္၏။
"မင္း စိတ္လႈပ္ရွားေနစရာ မလိုပါဘူး။ ငါမင္းကို ဘာမွလုပ္မွာ မဟုတ္ဘူး။ သူ႕ကံၾကမၼာက ဆိုး႐ြားတဲ့ အဆုံးသတ္နဲ႕ ႀကဳံေတြ႕ရလိမ့္မယ္။ အဲဒါကိုငါသိတယ္၊ သူကိုယ္တိုင္လည္း သိတယ္ေလ၊ ဒါေၾကာင့္ သူဒီလို ေကာက္က်စ္တဲ့အက်င့္ကို က်င့္ခဲ့တာပါ.... နည္းပညာေတြကို စြဲလမ္းမႈသာရွိခဲ့ရင္ သူဘယ္ေလာက္ထိ ပိုဆိုး႐ြားမလဲဆိုတာ ငါလဲမေျပာတတ္ဘူး"
ထိုသို႔ဆိုၿပီးေနာက္ သူက စုယန္ကို စိတ္ဝင္တစားနဲ႕ ၾကည့္လိုက္ၿပီး
"ငါဓားထိုးခံရတာနဲ႕ ပတ္သတ္ၿပီး မင္းပုံစံက တစ္ခုခုကို အျပစ္ရွိေနပုံရတယ္။ အဲဒါဘာေၾကာင့္လဲ ေျပာျပနိုင္မလား?"
"ကြၽန္ေတာ္......"
စုယန္သည္ အျခားကမာၻတစ္ခု၏ အမွန္တရားကို ခ်န္လွပ္ထားရန္ အခ်ိန္အေတာ္ၾကာ ေတြးေတာဆင္ျခင္ခဲ့သည္။
"ကြၽန္ေတာ္ ဒီအေၾကာင္းကို အိပ္မက္ခဏခဏ မက္ခဲ့တယ္....... ကုေဖးတိက အဖြဲ႕တစ္ဖြဲ႕ကို ဦးေဆာင္ၿပီး မိစာၦဂိုဏ္းကိုေခ်မႈန္းဖို႔ လာခဲ့တယ္တဲ့။ ကြၽန္ေတာ့္နဲ႕ သူကြၽန္းထိပ္မွာ ထိပ္တိုက္ေတြ႕ခဲ့ၾကတယ္........ေနာက္ဆုံးေတာ့ ခင္ဗ်ားလိုပဲ.. ကြၽန္ေတာ္ ဓားနဲ႕ထိုးခံခဲ့ရတာ"
စုဟြိုက္က်ဴးက အံ့အားသင့္သြားသည္။
ကုေဖးတိက ႐ုတ္တရက္ စုယန္ကို လွည့္ၾကည့္ၿပီး တုန္လႈပ္ေျခာက္ျခားစြာ ေမးလိုက္သည္။
"ဒါ ကိုယ္မင္းကို သတ္ခ်င္တဲ့အေၾကာင္း မၾကာခဏ မက္တဲ့ အိပ္မက္ထဲက ျမင္ကြင္းပဲ"
စုယန္က ေခါင္းညိတ္ျပၿပီး စုဟြိုက္က်ဴးကို ၾကည့္ကာ
"အဲဒါေၾကာင့္ ခင္ဗ်ားက ကြၽန္ေတာ့္ကိုယ္စား ဓားနဲ႕
အထိုးခံခဲ့ရတာလို႔ ခံစားေနခဲ့ရတာ..."
စုဟြိုက္က်ဴးသည္ ထိုစကားကိုၾကားၿပီးေနာက္ မ်က္ခုံးပင့္လိုက္မိသည္။
"မင္းရဲ႕ စိတ္ေနသေဘာထားက ဆန္းသစ္တယ္"
သူက ၿပဳံးကာ သက္ျပင္းခ်လိဳက္ၿပီး
"ဒါေပမယ့္ မင္းရဲ႕ မူလဇစ္ျမစ္က အထူးအဆန္းမဟုတ္ရင္ ဒီတိုက္ပြဲရဲ႕ ရည္႐ြယ္ခ်က္အမွန္ကို မင္းဆီကေန ငါ ဖုံးကြယ္ထားမွာ မဟုတ္ဘူး။ ငါ့ရဲ႕ေသဆုံးမႈအတုကို မင္းကို ႀကိဳတင္အေၾကာင္းၾကားထားမွာေပါ့.."
"ေသဆုံးမႈအတု......" စုယန္က ထပ္ခါတလဲလဲ ညည္းၫူလိုက္ၿပီး
"ဒါဆို အားလုံး စီစဥ္ထားတာေပါ့"
"ေသခ်ာတာေပါ့.. အားလုံးစီစဥ္ထားခဲ့တာ" စုဟြိုက္က်ဴးက ဆိုသည္။
"အဲ့ေလာ့ေကြးကို ငါ့ဂိုဏ္းပ်က္စီးသြားေၾကာင္း ယုံၾကည္ေစခ်င္ရင္ ငါေသဆုံးေၾကာင္း သက္ေသျပနိုင္မွပဲရမယ္။ ဒါေၾကာင့္ ကုေရာ့ဟိုင္ရဲ႕ လက္ထဲမွာ ေသဆုံးတယ္ဆိုတာက ဘယ္လိုမွ ျငင္းလို႔မရတဲ့အခ်က္ပဲ။ ဒီလို စိတ္ကူးယဥ္အိပ္မက္ေတြေၾကာင့္နဲ႕ ကိုယ့္ကိုယ္ကို အျပစ္တင္ေနစရာ မလိုပါဘူး"
ထိုအခါမွ စုယန္သည္ အလြန္စိတ္သက္သာရာ ရသြားေလသည္။
စုဟြိုက္က်ဴးက ေခါင္းယမ္းၿပီး သက္ျပင္းခ်ကာ ေျပာလိုက္ေလ၏။
"...... ကေလးဆန္လိုက္တာ"
_5.8.23
Thanks for reading ❣️