တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာ

By maiyuri18

465K 30.6K 2.3K

သစ္စာစကားဆိုတာ တောင်းတိုင်း ပြည့်တဲ့ဆုမဟုတ်သလို တည်စေ၊ မြဲစေ ၊ ခိုင်မာစေ ဆိုပြီး အတင်း ဆုပ်ကိုင်ထားလို့မရဘူး... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိူင်း(၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်(၃၈)
အပိုင်း( ၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)⚫️🔞
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း (၅၅) Final

အပိုင်း(၂၇)

7.6K 535 40
By maiyuri18


" ရှေ့က ခြံပဲ ဘုန်းမာန်"

သော်စစ်မေးဆတ်ပြသည့် အုတ်တံတိုင်းတဝက်ခန့်သာထားပြီး သံတိုင်တွေနှင့်အပေါ်ဘက်ကသွပ်ဆူးလိပ်များကိုယက်ကာထားသောကြောင့် ခြံတွင်းရှိ အရာများကို အဝေးကပင်ကောင်းစွာမြင်နေရသည်။

မကြီးကျယ်လှသော အိမ်မြင့်လေးက ခြံရှေ့နားကပ်လျှက်တည်ရှိပြီး အရိပ်ရမန်ကျည်းပင်ကြီးက ဖြာကျနေသောအရိပ်ကြောင့် သဘာဝအလျှောက်အတော်အေးချမ်းမည်ထင်ရ၏။

" ဒီလိုနေရာလေးမှာ ငယ်လေးနေနေရတာပါ့လား "ဟုသော မချင့်တကဲဝမ်းနည်းစိတ်တို့က မိမိအမှားကြောင့်ဟု လက်ညှိိုးထိုးပြရပေမည်မဟုတ်ပါလား။

ကိုယ်တိုင်သည်က ရက်စက်ခဲ့မိ၏။

" ငါ ဝင်တွေ့ချင်တယ် ...သော်စစ်"

" ဖြစ်ပါ့မလား.."

" ငါ တွေ့ရမှာ ဖြစ်မှာမို့ ...."

"သဘောကွာ...."

အဖြူရောင် Toyota fortuner Legender အဆင့်မြင်ဇိမ်ခံကားလေးပေါ်မှဆင်း၍ မိမိရှေ့ရှိ ကလေးငယ်နေထိုင်ရသည့် အိမ်အမြင့်လေးဆီ နောင်တတို့ဖြင့် ဒူးဖက်ကာ တောင်းပန်နေရပါစေ* ဝင်တွေ့မည် စိတ်ကိုတင်းကာ ဝင်တွေ့မိ၏။

သော့ခတ်ထားခြင်းမရှိတဲ့ ခြံဝန်းသံပန်းတံခါးလေးကို အသာအယာတွန်းဖွင့်ကာ ခြေချမိသည်။

" အိမ်ရှင်တို့ ...."

တိတ်ဆိတ်နေသော အိမ်မြင့်လေးဆီမှ ငယ်လေးပုံရိပ်လေးများတွေ့ရနိုးနိုးဖြင့် ရှာဖွေကြည့်မိသော်လည်း ...။

" ဟုတ်ကဲ့...ဘာကိစ္စလဲမသိဘူး"

ဟင်းချက်နေရင်းတန်းလမ်း အိမ်ရှေ့ဆီက ခေါ်နေသံကြောင့် မိဝေတစ်ယောက် ခပ်ပြာပြာ လက်သုတ်ဝတ်လေးဆွဲယူကာ ထွက်၍ ကြိုဆိုနူတ်ဆတ်နေမိသည်။

မိမိအိမ်ရှေ့လှေကားခြေဆင်းလေးထိရောက်နေသော မိမိတို့မမြင်ဖူးသော အသွင်ရှိ သေသပ်စွာဝတ်ဆင်ထားတဲ့ ထိုပုဂ္ဂိုလ်က မည်သူနည်း။

မိဝေတို့အသိထဲက ဟုတ်မည်မထင်သောကြောင့် ပြုံးပြလျှက်သား မေးမြန်းမိ၏။

" ဒါ...ကိုသာထက်တို့အိမ်လားဗျ"

" အော် ဟုတ်ကဲ့...."

" ကိုသာထက်နဲ့တွေ့ချင်လ်ို့ပါ အစ်မ .."

" အော်...က်ိုသာထက်အပြင်သွားတယ်ရှင့် "

" ဟုတ်လား ...ဘယ်ထွက်သွားလဲ သိလို့ရမလား ဗျ"

" ဟုတ် ...အိမ်ကမောင်လေးကို မြောက်ဥက္ကလာလိုက်ပို့နေရတာမို့ပါ ...ပြောစရာရှိရင် အစ်ကိုကိစ္စပြောခဲ့လို့ရပါတယ်..အစ်မ သူ့ဇနီးပါ ..ဒီက.."

" သူ့မိတ်ဆွေပါဗျ...ကျေးဇူးပါအစ်မ...ဒါဆိုသွားလိုက်ပါအုံးမယ်..."

" ဟုတ်ကဲ"

ဘယ်သူလဲ ? ...ဘာလဲဟ ။

ဘယ်လိုလူနဲ့ ဘာရူပ်ရူပ်တွေ ကိုသာထက်လုပ်ထားပြန်လဲ အိမ်လာမှာ မေးရအုံးမယ်ဟု စိတ်ထဲတွေးကာ ချက်လက်စ ဟင်းအိုးအား မီးဖွင့်ကာ ဒေါသများဖြင့် ဟင်းချက်နေသည့်မိဝေ။

" ကိုသာထက် အသိထဲ ဒီလောက်သန့်ပြန့်နေအောင် ဝတ်စားနိုင်တဲ့သူ မရှိပါဘူး...မဟုတ်သေးပါဘူး...စောစောက ဘယ်သူ...အဲ.....နာမည်တောင်မမေးလိုက်ရဘူး...ကောင်းကြရော..! "

တစ်ယောက်တည်းမကျေနပ်သမျှတွေရေရွတ်လိုက် ဟင်းချက်လိုက်ဖြင့်အလုပ်များနေပါသော မိဝေတစ်ယောက် အိမ်လာသွားခဲ့တဲ့လူဟာ ဘယ်သူဆိုတာ သိခဲ့ပါလျှင်.......။

မည်သို့ဖြစ်လာမည်ဆိုတာ မိဝေမှလွဲ၍ မသိနိုင်။

" ဒါဆို မင်းဟာလေးရှိတဲ့ မြောက်ဥက္ကလာစင်တင်ပဲ သွားကြမလား ခုပဲ ၆နာရီကျော်နေပြီ..."

" အင်း..."

"အားတင်းကွာ....တွေ့ရမှာပါ ..."

" ဒူးထောက်နေရပါစေ ငါ ငယ်လေးကို မျက်နှာစုံညီတောင်းပန်ချင်နေတာပဲ သိတယ် သော်စစ်"

" အေးပါကွာ...မင်းဒုခကလည်း မသေးပါ့လား..."

စောင့်ကန်ပစ်ချင်လောက်အောင် ခုမှ ငိုင်ပြနေရသလားလို့ အပြစ်တင်ပြောချင်သော်လည်း ဘုန်းမာန်အမှားကြီးလည်း မဟုတ်ခဲ့ပြန်သော ဘုန်းမာန်တို့မိသားစု၏ ပွင့်လင်းမူနည်းပါးခြင်းရဲ့အကျိုးဆက်က အထိနာခဲ့ကြရသည်။ မိသားစုအချင်းချင်း ပွင်းလင်းမူမရှိခြင်းရဲ့ မြေစာပင်လေး လွယ်အွေ့က ကြားက သူတော်ကောင်းမိသားစုဖြင့် တွေ့လို့ ဘုန်းမာန်ထိုင်ရှစ်ခိုးမတက် ။ သို့မဟုတ်ခဲ့လျှင် အကျိုးဆက်ကို တွေးတောင် မတွေးရဲခဲ့.....။

သားအဖအချင်းချင်း မာန်မာနတွေ ရှေ့တန်းတင်ခဲ့ကြတော့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရပြီ။

" အားတင်းထားကွာ....ငါတို့ရှာတက်ရင် Chance တွေပိုရမှာပါ "

" အေးပါ..."

အလောတကြီး မြန်မာပြည် ပြန်ရောက်လာတဲ့ ဘုန်းမာန်တစ်ယောက်အရင်နေထိုင်ခဲ့ဖူးတဲ့ condo လေးမှာနေပြီး လွမ်းခဲ့ရသမျှအတိုးချနေလေရဲ့။ ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီလို့ ဘေးကကူပြောပါသော်လည်း ကိုယ့်အမှားကြောင့်ဖြစ်ခဲ့ရတဲ့ အကျိုးရလဒ်တွေကို ဘုန်းမာန်လက်မခံနိင်စွာ ယူကျုံးမရ ခံစားနေဆဲ။

ဒီဘက်ရောက်ရောက်ခြင်းလွဲပြောင်းစီမံရမည့် လုပ်ငန်းတာဝန်များကို အစီအစဉ်အလိုက်နားချိန်မရှိအောင် စတင်စီမံအုပ်ချုပ်နေတဲ့ ဘုန်းမာန်မှာ မိသားစုအရေးနဲ့ သောကပင်လယ်ဝေနေမှန်း ကိုယ်တွေကလွဲ မည်သူမှမသိရှိကြ။

လုပ်ငန်းပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာ အချက်ရှာမတွေ့နိင်လောက်အောင်တိကျသေချာတဲ့ ဘုန်းမာန်က လူမသိသူမသိ တိတ်တဆိတ်ပြိုလဲနေခြင်းကိုတော့ ခြေရာခံမရသေးတဲ့ သူ့ရဲ့ဒုက္ခအိုးလေးအား အနည်းငယ်သိစေချင်ရဲ့။

တစ်ယောက်ဖြစ်သလိုနေပြီး အတိတ်နေ့ရက်ထဲ ပိတ်မိနေတဲ့ဘုန်းမာန်ရဲ့ စားဝတ်နေရေးကို ကိုယ်ကပဲ စီမံပေးကာ သန့်ရှင်းရေးက အစစီစဉ်ပေးရသည်။

မြန်မာပြည်ရောက်ရောက်ခြင်း သည်းသည်းမဲမဲ ရှာဖွေခဲ့သော video recorder လေးကိုပဲ ရူးရူးမူးမူး ကြည့်ကာ အမြဲတောင်းပန်စကားဆိုနေပြန်သေးသည့်ဘုန်းမာန်က တခါတလေ စိတ်ဖောက်ပြန်နေတဲ့ Psycho သမားလိုလို ဆွေးဆွေးငေးငေး တွေဝေနေဆဲ။

" မင်းဇနီးလောင်းရော လိုက်မှာမဟုတ်လား..."

အလုပ်နားချိန် ဖြစ်သော်ငြား စားပွဲပေါ်အမြဲအလုပ်ရူပ်နေတဲ့ ဘုန်းမာန်တစ်ယောက် သူ့ဟာလေးလို့ အမည်ထုတ်မပြောရင်တောင် ဆွေးတမြေ့မြေ့နဲ့ တောင်းပန်နေဆဲမို့ ပြောချင်တဲ့စကားတွေကို ထိမ်းကာပြောနေရသည်။

" မေက မလိုက်ဖြစ်လောက်ဘူး၊ နောက်ပြီး မင်းဟာလေး လူရွေးပွဲလာဖြေအောင် တမျိုးတမည်ကြံစည်နေမယ်ထင်တယ်....မင်းနေရာသူယူရတော့ ဘယ်လိုက်နိုင်မလဲ ခွေးကောင်ရ...."

" အဟက်...ကိုယ့်ကိုအပြစ်မတင်နဲ့လေ ဒါတွေကတိုက်ဆိုင်သွားတာကြီးပဲ....မေက entrainment အတွက် project အသစ်တွေပြင်ဆင်တယ် ငါကငွေထုတ်ပေးတယ်...ကျန်တဲ့စီမံပိုင်း သူနေရာယူရမှာလေ...နောက်ပြီး အဲ့လောကကို ငါဘာကြောင့်ပိုပြီး ရင်းနှီးမြုပ်နှံချင်လဲ မင်းသိသားနဲ့ သော်စစ်ရ...."

" ငါအမှားလို့ * ခုထိ မင်းတွေးတုန်းပဲလား ? မင်းမှာအမှားမရှိဘူး မပြောပါဘူး ဒါပေမယ့်အချိန်တိုင်း ဒါကြီးကိုပဲ တွေးတောပြီး အားနာစိတ်နဲ့ရှင်သန်နေရတဲ့ မင်းကိုကြည့်ပြီး ငါတို့လည်း နေစရာမရှိဘူးကွာ..."

" အေးပါ...."

" ဒါနဲ့ သူမျက်နှာလေး မြင်ရဖို့ ရင်ခုန်နေပြီလား ငါ့ကောင်...."

" မေးရက်လိုက်တာ.....ငါခံစားချကိ...ငါအသိဆုံးသော်စစ်...သူလေးအမည်ကြားရင်ကို ငါမှာ သူ့အပေါ်အားနာစိတ်တွေနဲ့ ကြင်နာလို့မရတဲ့ အမှားမျိုးကျူးလွန်ခဲ့တဲ့ ကောင်မို့ ငါမှာ ဖြေစရာက သူကို တောင်းပန်ချင်တယ် တွေ့ချင်နေတာပဲသိတယ်"

ကားကိုသာ ဂရုတစိုက်မောင်းနေရင်း ယာဉ်ကြောရူပ်ထွေးလှသည့် စည်ကားတဲ့ ရန်ကုန်မြို့အလှ ညနေခင်းမှာ စည်းချက်ကျကျ ခုန်လူပ်နေတဲ့ ရင်ခုန်ခြင်းနဲ့အတူ ကလေးငယ်မျက်နှာလေးမြင်ယောင်ရတော့မည်ဆိုတာ တွေးမိပြီး ပြုံးနေမိသည်။

" ဘေးဘက်က ဘာတွေပြုံးစရာ ရှိနေလဲ...မာန်ကြီး...စကီလေးတွေလားဟ "

" မင်းလဲ အဲ့စိတ်တွေလျော့...မေသရီဖီသိရင်မကောင်းဘူး သော်စစ်.."

" စတာပါကွာ...စတာပါ....ရှေ့နား ကွေ့ကနေ ညာဘက်ချိုးလိုက် ပြီးရင် တည့်တည့်မောင်းမာန်ကြီး.."

" အင်း.."

ဒီလိုစည်ကားတဲ့နေရာမှ ငါ့ကလေးငယ် သီဆိုင်ရာနေရာလေးလား ?

သော်စစ်က်ို ထုတ်မမေးရဲ့တဲ့ မေးခွန်းတချို့ကိုမြိုသိပ်ပြီး တည်နေရာလမ်းကြောကိုသာ အလွတ်မှတ်ထားလိုက်ပြီလေ။

*ဘယ်လောက်ဝေး ဝေးကိုယ်အရောက်လာခဲ့မှာမို့....ကိုယ့်ကလေးငယ်က မရက်စက်ရင် ကောင်းမယ်...အဟက်!!!! တွေးလုံးတချို့ဖြင့် လူစည်ကားရာ ဆိုင်အတွင်းသို ကားပါကင်နေရာမှာနေရာယူမိသည်။

ဆိုင်အပြင်အဆင်၊ မီးအလှဆင်ပုံနဲ့ စားပွဲအခင်းအကျင်းတို့ပါမကျန် နေရာယူထားပုံအထိ အသေးစိတ်လေ့လာကြည့်မိတော့အဆင့်အတန်းမြင့်မြင့် စားသောက်ဆိုင်မှန်းသိရခဲ့ပြီလေ။

" ဆိုင်အပြင်အဆင်က သန့်တယ်နော်...ငါတို့နောက်ကျတာလား..."

စားပွဲဝိုင်းအပြည့်နီးပါးထိုင်နေကြသော ဆိုင်အတွင်းပိုင်း နေရာယူထားတဲ့ စားပွဲ နံပါတ်၆ အား လိုက်ရှာမိရင် ဘုန်းမာန်ပြောနေမိခြင်း။

" မင်းဟာလေး ဖျော်ဖြေမှာလို့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက online ပေါ် hot နေတာ...ဒါ လူနည်းသေးတာကွ....စောင့်ကြည့် အုံး...သူက အတော်ကို အောင်မြင်နေပြီလေ "

စကားတပြောပြောနဲ့ မိန်းကလေး/လူငယ်လူရွယ်တွေ အပြည့်ဖြင့် နေရာယူထားကြသော စားပွဲဝိုင်းလေးအား လည်ပြန်ခါငေးမိနေခြင်း။

" ဘာကူညီဆောင်ရွက်ပေးရမလဲ ရှင့် "

ကောင်တာမှ ထိုင်နေတဲ့ reception ကောင်မလေး၏ အမေးစကားကြောင့် အသိပြန်ဝင်လာပြီး စင်တင်ဂီတနေရာ၏ နောက်ဘက်ပိတ်ကားပေါ် နေရာယူထားတဲ့ ငယ်လေးရဲ့ ပုံရိပ်တွေမြင်ပြီး လွမ်းဆွတ်တမ်းတ လိုက်မောလှပြီလေ။

" အစ်ကို တို့က table no.6 ကို booking ယူထားတာပါ ညီမ..."

" အော်...ဟုတ်ကဲ့ရှင့်...ဒီဘက်ကိုကြွပေးပါ လူကြီးမင်း...မှာယူစားသောက်လိုရာတွေကိုပဲ တစ်ချက်ကြည့်ပေးပါနော် ကျေးဇူးတင်ပါတယ်ရှင့်..."

ဝန်ထမ်းကောင်မလေး၏ ဧည့်ဝတ်ကျေပွန်မူကိုခေါင်းဘေးညိမ့်ပြကာ စင်တင်နောက်ဖက်ရှိ ပိတ်ကားပေါ်ကို အကြည့်စိုက်နေတဲ့ ဘုန်းမာန် ကိုလက်တို့ကာ စားပွဲ နံပါတ်၆ သို့ နေရာယူမိသည်။ စတိတ်စင်နဲ့ မနီးမဝေး မှ သေချာမြင်သာစေမည့် စားပွဲဝိုင်းလေးမှာနေရာယူထိုင်နေသည့်သော်စစ်က သောက်စရာ ဘီယာတချို့နဲ့ အမြည်းများမှာယူစေကာ ငယ်လေး ဖျော်ဖြေမူကို စောင့်ဆိုင်းနေမိသည်။

စတိတ်စင်ပေါ်မှာ ပြင်ဆင်နေတဲ့ Drum သမားနဲ့ piano ဆရာတချို့က နေရာယူပြီး ဧည့်ကျချိန် ညချမ်းချိန်ကာ ကိုစောင့်မျော်နေသည့်ဟန်။ ပေါ်မလာသေးသော ကိုယ့်အဆ်ိုတော်လေးအား ပိတ်ကားပေါ်ကမြင်နေရသည့် ကိုယ်မမြင်ဖူးသေးသော် ပုံရိပ်လေးကိုသာ တမ်းတမ်းတတ ငေးနေမိသည်။

" လူစည်တယ်နော် ဘုန်းမာန်....မကြာခင်ပွဲစတော့မယ်ထင်တယ်..."

" အင်း....ထင်တာပဲ...မင်းလာနေကြလား..."

" ငါကတော့ သိပ်မလာဖြစ်ဘူး...မေကတော့ လွတ်ပွဲမရှိအပတ်တိုင်းလာတယ်...သူ့ YouTube live မှာ မင်းတွေ့နေတာပဲ...."

" အေးပါ..."

မနည်းသော လူပုရိသတ်ရဲ့ တီးတိုးပြောဆိုသံတွေကြားက စားပွဲနံပါတ် ၁၁မှာ CEO ဘုန်းမြတ်ဟန်ရဲ့ ကိုယ်ရံတော်တချို့နဲ့ ဝင်ထိုင်နေသည်ကို သော်စစ်တို့ လှည့်မကြည့်မိခဲ့။ ရှေ့တည့်တည့်ကိုသာ ရှေ့ရူးကြည့်နေမိတဲ့ ဘုန်းမာန်တစ်ယောက် အရံအတားအဆီးကို မမြင်မိသော်ငြား ပြသနာဟူသည် မဖိတ်ခေါ်ပဲ ရောက်တက်သည်ဆိုတာ သူ့လုံးဝမေ့လျော့နေခဲ့မိသည်။

ပို၍ လူကျလာသော လူအုပ်ကြီးကိုကြည့်ပြီး ငယ်လေးအပေါ်ပြောဖူးခဲ့တဲ့ စကားလုံးတွေ၊ အားနည်းချ်ို့တဲ့သူကိုမှ ထိုးနက်ခဲ့မိခြင်း ....စသော ကိုယ့်ပြုမူပြောဆိုခဲ့တဲ့ အတိတ်လုပ်ရပ်များကိုပြန်လည်မြင်ယောင်ပြီး ခေါင်းမဖော်ဝင့်ခဲ့။

အားနာစိတ်တွေဖြင့် ကိုယ်ပါးကိုယ်သာ ပိတ်ရိုက်ပစ်ချင်မိသည်လေ။

ငါသာမှားခဲ့မိခြင်း/ ပြောဆိုခဲ့မိခြင်းကြောင့်....နောင်တတွေနဲ့။

စတိတ်စင်လေးပေါ်က မီးရောင်အချို့ပြောင်းလဲသွားပြီး စတင်တေးဂီတ စတင်တော့မည်ဆိုတာ ပုရိသတ်အားလုံး သိရှိနားလည်ပြီဖြစ်ပြီလေ။ မျှော်လင့်သူကို ပေါ်လာနိုးနိုးဖြင့် လက်ခုပ်အားပေးနေသော မိန်းမငယ်လေးတို့၏ ဂုဏ်ပြုလက်ခုပ်သံတချို့ပေါ်လာသောအခါ ကျောတစ်ချက်မတ်၍ အသက်ရူရပ်မိသည်လေ။ ကိုယ့်ကလေးလေးက အောင်မြင်နေတာပါ့လား လို့ ဝမ်းသာဝမ်းနည်းခံစားမူများ ရင်ထဲဖြေရှာမရ မွန်းကြပ်နေမိသည်။

" မင်း မြင်တဲ့အတိုင်းပဲ....မင်းဟာလေးက ဒီနယ်မှာအောင်မြင်နေတယ်...teenager တွေအသည်းစွဲပေါ့...မေကလည်းအသည်းအသန်လိုချင်နေတယ်လေ...မေလိုပဲ တခြား အင်တာတိန်မန့်တွေကလည်း အသေအလဲပေါ့...ဘုန်းမာန်၊ မင်းချန်ခဲ့တဲ့ မင်းဟာလေးက ဒုက္ခိတဆိုပေမယ့် သူ့ဘာသာသူရှင်သန်နိုင်နေပြီလေ"

သော်စစ်ပြောတဲ့ ဒုက္ခိတ ဆိုတဲ့ စကားစုသံကြားရတော့ ရင်ထဲမှ နင့်နင့်နဲနဲ ခံစားမိပြန်သေးသည်။ တစ်ချိန်က ငါပြောဖူးတဲ့ စကားစုကို တခြားသူနူတ်က ထွက်လာပြန်တော့မကြားဝင့်မနာသာ စကားလုံးအသွင် ပြောင်းလဲသွားပြီး နားဆင်ရသူအဖို့ နှလုံးသားနေရာက အောက်မျက်မျက်။

" ငါမှားခဲ့တာ..."

" မင်းအမှားမင်းသိရင် ပြီးတာပဲ..မာန်ကြီး...ငါက ဘေးကနေ မင်းမှားနေတာကို ထောက်ပြပေးနိင်တာကလွဲ ကြားဝင်ပေးမှာ မဟုတ်ဘူး၊ နောက်ပြီး ခုဖြစ်ခဲ့တဲ့ပြသနာမှာ ငါ ဘယ်သူဘက်ကရပ်တည်မလဲလို့ မင်းထင်လဲ ဘုန်းမာန်..."

" အင်း...."

" မင်းဟာလေးဘက်ကနေပဲ လုံးလုံးရပ်တည်ပေးမှာ....သူမှာ အမှားမရှိခဲ့ဖူးလေကွာ....မင်းတို့သားအဖတွေ မာနပြိုင်နေတဲ့ကြားက သူက သက်သက်ကြားခံဖြစ်ရတယ် မင်းလည်းမတရားခဲ့ဘူး .."

အဖြေကို သိနေသည့်အလား ခေါင်းငိုက်စိုက်ကျနေတဲ့ ဘုန်းမာန်ကို အားပေးစကားမပြောချင်တော့။

ခင်မင်မူတွေ ဖယ်ထားကာ ခံစားရသူဘက်ကနေပဲ ငါ ရပ်တည်နေမယ် သားကြီး။

တချို့သော လုပ်ရပ်တွေက အဘက်ဘက်က ဆင်ခြင်တွေးတောနိုင်မှ အမှားနည်းတယ်ဆိုတာမျိုး မင်းကိုသိစေချင်မိတယ် ဘုန်းမာန်။

အသီးသီးနေရာယူနေကြသော စတိတ်စင်ပေါ်က ဂီတမှူးတို့က ညချမ်းချိန်ခါ ၈ခွဲမှစ၍ အသက်ဝင်လာသော ဂီတသံစဉ်တို့ကြောင့် စားပွဲအပြည့်နေရာယူနေကြသော ဧည့်ပုရိတ်သတ်တို့၏ စိတ်ဝင်စားမူသည်လည်း မြင့်တက်လျှက်ရှိပေသည်။

( ဒီနေ့ တို့ကလေးက ဘာသီချင်းဆိုမလဲသိချင်သား...)

( တခြားသောစင်တင်တွေလို ပန်းကုံးစွပ်ရင် သိပ်ကောင်းမှာပဲ ဧပရယ်...ငါလေ သူကိုသိပ်သဘောကျတာ...)

( အေးဟာ....ဒီဆိုင်က တရားဝင်page မှာတင်ထားတဲ့ သူပုံတွေ ငါ gallery ထဲအပြည့်ပဲ...အိမ်ကဖေဖေဆို ဆိုင်မလိုက်နိင်ပေမယ့် သူဆိုတဲ့ live song တွေကိုအမြဲကြည့်တာဟဲ့ ...လုံးဝ big fan )

( အေးဟာ...ဘဝပေးကံကြောင့်သာ ခြေမသန်တာနော်...သူ့ပါရမီကတော့ လက်ခုပ်ဩဘာအပြည့်ပဲ...ငါလည်း သူအသံချိုချိုလေး စွဲလမ်းမိတာ)

( သူကိုကြိုက်လွန်းလို့ မိန်းကလေးတန်မယ့် ဒီနေရာထိလာပြီး သူကိုလာအားပေးတာပေါ့ဟာ..နောက်ပြီး ဒီဆိုင်က securityအပြည့်နော်...ငါတို့လို မိန်းကလေးငယ်တွေအတွက်လည်း ဂရုစိုက်ပေးရှာတော့ လာရကျိုးနပ်တယ်လေ....)

( သူ့ကို အပိုင်ရရင်ကောင်းမယ်....)

( နင် try ကြည့်ပါ့လား...နင့်ပါးပါးက entrainment ပိုင်တာပဲ.)

( try တာပေါ့...ပါးပါးက အပိုင်သာရပါစေတဲ့...အားလုံးအဆင်ပြေစေရမယ်တဲ့ )

( ကြိုးစာဟာ....သူရဲ့အရာအားလုံးကိုလက်ခံနိင်ရင်ပေါ့....)

( ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာအားလုံးက လှနေတာကြီးပါဟာ...သူ့ခြေမသန်တာကလွဲ ငါ့အပေါ်သာ မေတ္တာရှိကြည့် ငါ အခြေအနေအားလုံးကို လက်ခံပြီး ချစ်ပေးမှာ သိလား )

( နဖူးစာ တိုက်ဆိုင်ပါစေဟာ...ဆုတောင်းပေးမယ် )

( မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ ပတ်ဝန်းကျင်ကြီးက သိပ်လှတာရယ်)

( အေးပါကွာ....)

ဘေးကပ်ရပ်ဆီက မိန်းကလေးတစ်စု၏ တစ်ယောက်တပေါက်ပြောဆိုနေသံတို့ကြောင့် လက်သီးကိုတင်းတင်းဆုပ်ပြီး နူတ်ဆိတ်နေခဲ့သည်။

" ကြားတဲ့အတိုင်း သားကြီး....မင်းဝဋ်ကြွေးနဲ့ မင်းခံပေါ့ကွာ....ဟားးး"

ကိုယ့်အဖြစ်အပျက်ကို ကြည့်ပြီလှောင်ပြောင်နေတဲ့ သော်စစ်ကိုမျက်ထောင့်နီဖြင့်ကြည့်ပေးမိသည်။

"ကိုယ်ပိုင်ခဲ့ဖူးတဲ့အရာလေးမို့ ကိုယ်သာလျှင် ဆက်လက်ပိုင်ဆိုင်ခွင့် ရာနူန်းပြည့်ရှိရမယ် သော်စစ်"

" မင်းဆိုလိုတာက......လုပ်ပိုင်ခွင့်တွေ အားလုံး...."

" အေး...မင်းသိတဲ့အတိုင်းပဲ...မတရားမှန်းသိပေမယ့် ငါဆက်ပြီး မိုက်မဲနေရအုံးမှာပဲ သော်စစ်...တရားရင်ဆိုင်ရရင်တောင် ဖေဖေတို့ငါကို ဘာမှလုပ်မရဘူး...."

"ဟာ့....အတော်မိုက်တဲ့ကောင်ပဲ...မင်းက ယုတ်မာတဲ့အဆင့်ဖြစ်နေပြီ....သားကြီး..."

" အေး.......နောက်တကြိမ်လက်လွတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပြီမို့ ....အဲ့ဒီမတရားမူကို ဆုပ်ကိုင်ထားရမှာပဲ..."

" လုပ်ပေါ့ကွာ...မင်းရဲ့ authorities က ကျယ်ပြန့်လွန်းတာကိုး...."

" အေး...."

စတိတ်စင်လေးဆီက မီးရောင်လေးက ခပ်မှိန်မှန်ပြာပြာအရောင်လဲ့လေး လင်းလာပြီး သီဆိုရန် စတိတ်ခုံပေါ် ခပ်မျောမျောအရိပ်လေးက နေရာယူထားသည်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့် ဘုန်းမာန်။ ပုံဖော်ခွင့်ရခဲ့တဲ့ အရိပ်လေး လင်းလက်လာမည့် အလင်းရောင်ကို အသက်မရူနိုင်အားစောင့်မျှော်နေမိသည်။

တဖြေးဖြေး လင်းလာတဲ့ အရာင်ရောင်ပြာပြာလေးအောက်က ကာကီကောင်ဘောင်းဘီရှည်လေးကို sneakers ခဲရောင်လေးစီးထားပြီး အပေါ်ဘက်ဆီက T-shirt အဖြူရောင်လေးဝတ်ဆင်ထားတဲ့ ငယ်လေးက အနက်ရောင်ဦးထုပ်ဝိုင်း ကိုလည်း ဆောင်းထားပြန်သေးသည်။

သိပ်လှသည့်ပုံရိပ်လေးပါ့လား.......။

အရမ်းမျှော်လင့်တော့တခဲ့ရတဲ့ ပုံရိပ်လေးမို့ အချိန်ကြာကြီးနေမှ မြင်တွေ့ရတဲ့ ပုံရိပ်လေးအနား သွားကာ တမေ့တမောစကားတွေဆိုချင်ပေမယ့် ကိုယ့်မှာသာ မှားယွင်းချက်တွေနဲ့။

စတင်ထွက်ပေါ်လာသော လက်သွယ်သွယ်လေးဆီက ဂီတသံလေးကြောင့် ဘေးပတ်လည်စားပွဲဝိုင်းတွေဆီက teenager တို့ရဲ့ အော်သံနှင့်လက်ခုပ်သံတို့ရောယှက်နေပြန်ခဲ့ပြီလေ။

( 🎼🎼🎸ဆုံးရူံးခြင်းသာ ရရှိခဲ့ပြီ...ဒါကိုအမှားအယွင်းတစ်ခုလို မထင်ချင်ပါ....လမ်းဟောင်းလေးပေါ် နှလုံးသားတစ်ခုရဲ့...တီးတိုးငိုသံ ကြားနိုင်မလား....အိမ်မက်တစ်ခုဟာ ပြီးဆုံးခဲ့ပြီ..လောင်မြိုက်ခြင်းဖြင့် ဘဝကိုဆုံးသတ်မသွားပါ....ဆုံနိုင်ခွင့်ရှိလည်း..ဆုံချင်သေးပါရင်...ဒီလမ်းလေးပေါ်မှာ....ရုန်း...မထွက်ချင်တော့ပါ...စွဲလမ်းခြင်းကို မြတ်နိုးစွာ...ဆိတ်ငြိမ်စွာ ခံစားရင်း...ဘဝကိုကျေနပ်ရမှာပါ..🎼🎤🎸)
*
(🎼🎸🎸ဘာကိုမျှော်လင့်လို့ ဆုပ်ကိုင်ထားရမလဲ...တစ်ယောက်တည်းအထီးကျန်နေပြီပဲ.....ဘာကိုမကျေနပ်လို့ ဟစ်အော်နိုင်အုံးမလဲ...စကားတွေရှာလဲမရနိုင်ခဲ့....ဘယ်ကိုထွက်ပြေးလို့ လွတ်မြောက်ခြင်းရှိမယ်......နှောင်ကြိုးများကို မဖြေနိုင်ခဲ့....ငါဟာသေဆုံးသော ရွက်ကြွေတွေဘဝလို ...လမ်းဟောင်းလေးပေါ်မှာ...ကြွေပါစေတော့.....ရူံးပြီးသား...🎼🎸🎸)2

ဂစ်တာကို ပိုင်နိုင်စွာတီးခတ်ပြီး မျက်ဝန်လေးမှိတ်ကာ မျက်နာလေးမေ့ချီပြီ သီဆိုနေတဲ့ ငယ်လေးရဲ့ သီဆိုဟန်ကိုကြည့်ပြီး လက်ထဲကိုင်ထားသော ဘီယာခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိပြီး လွမ်းမောခဲ့ရတဲ့ ဒီအသံ၊ ဒီသီဆိုဟန်လေးကို မျက်တောင်မခတ်အသက်ရူရပ်မတက် ငေးငိုင်ကာ ဆွေးဆွေးမြေ့မြေ့ နားသောတဆင်နေမိသည်။

ငယ်လေးသီဆိုသွားတဲ့ အဆိုတော်Rဇာနည်ရဲ့ ကြွေပါစေ သီချင်းကို အတိတ်ပုံရိပ်ခံစားမူအပြည့် ဆွေးဆွေးမြေ့မြေ့vibes ဖြင့် လက်သွယ်သွယ်လေးဂစ်တာကို ပိုင်နိုင်စွာတီးခတ်ပြီး စိတ်ပါလက်ပါဖျော်ဖြေနေတဲ့ ကိုယ့်ကလေးငယ်လေး နာကျင်ခံစားရတာ ကိုယ်ကြောင့် ။

*ငါမစဉ်းစားမဆင်ခြင် လုပ်ခဲ့မိလို့ ဆိုတဲ့ နောင်တ တရာတွေက ရင်ထဲအပြည့်။

ငယ်လေးရယ်လို့ အနားသွားကာ ဆွဲဖက်ချင်တဲ့စိတ်ကို မြိုသိပ်ရတာ ခက်ခဲလိုက်တာ...။

နာကျင်မူဆိုတာ ကိုယ်တွေ့မို့ အသပ်ရူရပ်မတက်....။

သောကတွေ စိုးမိုးနေတဲ့ ဒုက္ခသစ္စာတရားက ကိုယ်တိုင်ပုံဖော်ခဲ့တာမို့ လက်ဝယ်ပိုင်ဆိုင်ရတဲ့ အချိန်လေးမှာကိုယ့်မှာ တနင့်တပိုး ....။

(🎼🎸🎤ငါဟာသေဆုံးသော ရွက်ကြွေတွေဘဝလို ...လမ်းဟောင်းလေးပေါ်မှာ...ကြွေပါစေတော့.....ရူံးပြီးသား...🎼🎸🎸)

(ဖြောင်း.....ဖြောင်း......ဖြောင်း......)

ငယ်လေးသီဆိုမူအပြီး ထွက်ပေါ်လာတဲ့ အားပေးလက်ခုပ်သံတို့က သောသောထလျှက် ။ ကိုယ့်ကလေးငယ်ရဲ့အောင်မြင်ကို အရှက်ကင်းမဲ့စွာပဲ ဒီနေရာကနေ လက်ခုပ်ဩဘာပေးပါရစေ...ငယ်လေးရယ် ။

" ကလေးက တော်လိုက်တာကွာ...."

" မင်းမြင်တဲ့အတိုင်းပဲလေ..." အမြင်ကပ်ကပ်ဖြင့် အကန်စကားတွေကြီး ပြောနေတဲ့ သော်စစ်ကို ပြန်လည်မချေပနိုင်အား။

အချိန်တစ်ခုထိ ငယ်လေးထွက်လာရာ ဘေးဘက်ထွက်တံခါးပေါက်အနီး စောင့်နေမိခြင်း။

" ဟိုမှာ ငယ်လေး....ထွက်လာပြီ ....ငယ်လေး...!!!!"

မိမိ၏အော်ခေါ်သံအဆုံး .....။

ကလေးငယ်ဆီရောက်ဖို့  သိပ်မလိုတော့သည့်အကွာ အဝေးတစ်ခုအတွင်း ကြားတစ်နေရာကနေထွက်ပေါ်လာသော လူတစ်ဦးကြောင့် ရုတ်တရက် ရပ်တန့်လိုက်ရသည့် ခြေလှမ်းတို့နှင့်အတူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရှေ့တည့်တည့်ကိုသာ မျက်မှောင်ကုပ်၍ စူးစိုက်ကြည့်နေမိသည်။

တောက် !!

# မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Take care

(ဗိုက်အောင့်နေတဲ့ကြားက Super Sunday မို့မျှော်နေကြမယ်ထင်လို့ update ပါနော်....)

Zawgyi

" ေရွ႕က ၿခံပဲ ဘုန္းမာန္"

ေသာ္စစ္ေမးဆတ္ျပသည့္ အုတ္တံတိုင္းတဝက္ခန့္သာထားၿပီး သံတိုင္ေတြႏွင့္အေပၚဘက္ကသြပ္ဆူးလိပ္မ်ားကိုယက္ကာထားေသာေၾကာင့္ ၿခံတြင္းရွိ အရာမ်ားကို အေဝးကပင္ေကာင္းစြာျမင္ေနရသည္။

မႀကီးက်ယ္လွေသာ အိမ္ျမင့္ေလးက ၿခံေရွ႕နားကပ္လွ်က္တည္ရွိၿပီး အရိပ္ရမန္က်ည္းပင္ႀကီးက ျဖာက်ေနေသာအရိပ္ေၾကာင့္ သဘာဝအေလွ်ာက္အေတာ္ေအးခ်မ္းမည္ထင္ရ၏။

" ဒီလိုေနရာေလးမွာ ငယ္ေလးေနေနရတာပါ့လား "ဟုေသာ မခ်င့္တကဲဝမ္းနည္းစိတ္တို႔က မိမိအမွားေၾကာင့္ဟု လက္ညွိိုးထိုးျပရေပမည္မဟုတ္ပါလား။

ကိုယ္တိုင္သည္က ရက္စက္ခဲ့မိ၏။

" ငါ ဝင္ေတြ႕ခ်င္တယ္ ...ေသာ္စစ္"

" ျဖစ္ပါ့မလား.."

" ငါ ေတြ႕ရမွာ ျဖစ္မွာမို႔ ...."

"သေဘာကြာ...."

အျဖဴေရာင္ Toyota fortuner Legender အဆင့္ျမင္ဇိမ္ခံကားေလးေပၚမွဆင္း၍ မိမိေရွ႕ရွိ ကေလးငယ္ေနထိုင္ရသည့္ အိမ္အျမင့္ေလးဆီ ေနာင္တတို႔ျဖင့္ ဒူးဖက္ကာ ေတာင္းပန္ေနရပါေစ* ဝင္ေတြ႕မည္ စိတ္ကိုတင္းကာ ဝင္ေတြ႕မိ၏။

ေသာ့ခတ္ထားျခင္းမရွိတဲ့ ၿခံဝန္းသံပန္းတံခါးေလးကို အသာအယာတြန္းဖြင့္ကာ ေျခခ်မိသည္။

" အိမ္ရွင္တို႔ ...."

တိတ္ဆိတ္ေနေသာ အိမ္ျမင့္ေလးဆီမွ ငယ္ေလးပုံရိပ္ေလးမ်ားေတြ႕ရနိုးနိုးျဖင့္ ရွာေဖြၾကည့္မိေသာ္လည္း ...။

" ဟုတ္ကဲ့...ဘာကိစၥလဲမသိဘူး"

ဟင္းခ်က္ေနရင္းတန္းလမ္း အိမ္ေရွ႕ဆီက ေခၚေနသံေၾကာင့္ မိေဝတစ္ေယာက္ ခပ္ျပာျပာ လက္သုတ္ဝတ္ေလးဆြဲယူကာ ထြက္၍ ႀကိဳဆိုႏူတ္ဆတ္ေနမိသည္။

မိမိအိမ္ေရွ႕ေလွကားေျခဆင္းေလးထိေရာက္ေနေသာ မိမိတို႔မျမင္ဖူးေသာ အသြင္ရွိ ေသသပ္စြာဝတ္ဆင္ထားတဲ့ ထိုပုဂၢိုလ္က မည္သူနည္း။

မိေဝတို႔အသိထဲက ဟုတ္မည္မထင္ေသာေၾကာင့္ ၿပဳံးျပလွ်က္သား ေမးျမန္းမိ၏။

" ဒါ...ကိုသာထက္တို႔အိမ္လားဗ်"

" ေအာ္ ဟုတ္ကဲ့...."

" ကိုသာထက်နဲ့တွေ့ချင်လ်ို့ပါ အစ္မ .."

" ေအာ္...က်ိုသာထက်အပြင်သွားတယ်ရှင့် "

" ဟုတ္လား ...ဘယ္ထြက္သြားလဲ သိလို႔ရမလား ဗ်"

" ဟုတ္ ...အိမ္ကေမာင္ေလးကို ေျမာက္ဥကၠလာလိုက္ပို႔ေနရတာမို႔ပါ ...ေျပာစရာရွိရင္ အစ္ကိုကိစၥေျပာခဲ့လို႔ရပါတယ္..အစ္မ သူ႕ဇနီးပါ ..ဒီက.."

" သူ႕မိတ္ေဆြပါဗ်...ေက်းဇူးပါအစ္မ...ဒါဆိုသြားလိုက္ပါအုံးမယ္..."

" ဟုတ္ကဲ"

ဘယ္သူလဲ ? ...ဘာလဲဟ ။

ဘယ္လိုလူနဲ႕ ဘာ႐ူပ္႐ူပ္ေတြ ကိုသာထက္လုပ္ထားျပန္လဲ အိမ္လာမွာ ေမးရအုံးမယ္ဟု စိတ္ထဲေတြးကာ ခ်က္လက္စ ဟင္းအိုးအား မီးဖြင့္ကာ ေဒါသမ်ားျဖင့္ ဟင္းခ်က္ေနသည့္မိေဝ။

" ကိုသာထက္ အသိထဲ ဒီေလာက္သန့္ျပန့္ေနေအာင္ ဝတ္စားနိုင္တဲ့သူ မရွိပါဘူး...မဟုတ္ေသးပါဘူး...ေစာေစာက ဘယ္သူ...အဲ.....နာမည္ေတာင္မေမးလိုက္ရဘူး...ေကာင္းၾကေရာ..! "

တစ္ေယာက္တည္းမေက်နပ္သမွ်ေတြေရ႐ြတ္လိုက္ ဟင္းခ်က္လိုက္ျဖင့္အလုပ္မ်ားေနပါေသာ မိေဝတစ္ေယာက္ အိမ္လာသြားခဲ့တဲ့လူဟာ ဘယ္သူဆိုတာ သိခဲ့ပါလွ်င္.......။

မည္သို႔ျဖစ္လာမည္ဆိုတာ မိေဝမွလြဲ၍ မသိနိုင္။

" ဒါဆို မင္းဟာေလးရွိတဲ့ ေျမာက္ဥကၠလာစင္တင္ပဲ သြားၾကမလား ခုပဲ ၆နာရီေက်ာ္ေနၿပီ..."

" အင္း..."

"အားတင္းကြာ....ေတြ႕ရမွာပါ ..."

" ဒူးေထာက္ေနရပါေစ ငါ ငယ္ေလးကို မ်က္ႏွာစုံညီေတာင္းပန္ခ်င္ေနတာပဲ သိတယ္ ေသာ္စစ္"

" ေအးပါကြာ...မင္းဒုခကလည္း မေသးပါ့လား..."

ေစာင့္ကန္ပစ္ခ်င္ေလာက္ေအာင္ ခုမွ ငိုင္ျပေနရသလားလို႔ အျပစ္တင္ေျပာခ်င္ေသာ္လည္း ဘုန္းမာန္အမွားႀကီးလည္း မဟုတ္ခဲ့ျပန္ေသာ ဘုန္းမာန္တို႔မိသားစု၏ ပြင့္လင္းမူနည္းပါးျခင္းရဲ႕အက်ိဳးဆက္က အထိနာခဲ့ၾကရသည္။ မိသားစုအခ်င္းခ်င္း ပြင္းလင္းမူမရွိျခင္းရဲ႕ ေျမစာပင္ေလး လြယ္ေအြ႕က ၾကားက သူေတာ္ေကာင္းမိသားစုျဖင့္ ေတြ႕လို႔ ဘုန္းမာန္ထိုင္ရွစ္ခိုးမတက္ ။ သို႔မဟုတ္ခဲ့လွ်င္ အက်ိဳးဆက္ကို ေတြးေတာင္ မေတြးရဲခဲ့.....။

သားအဖအခ်င္းခ်င္း မာန္မာနေတြ ေရွ႕တန္းတင္ခဲ့ၾကေတာ့ မျဖစ္သင့္တာေတြ ျဖစ္ခဲ့ၾကရၿပီ။

" အားတင္းထားကြာ....ငါတို႔ရွာတက္ရင္ Chance ေတြပိုရမွာပါ "

" ေအးပါ..."

အေလာတႀကီး ျမန္မာျပည္ ျပန္ေရာက္လာတဲ့ ဘုန္းမာန္တစ္ေယာက္အရင္ေနထိုင္ခဲ့ဖူးတဲ့ condo ေလးမွာေနၿပီး လြမ္းခဲ့ရသမွ်အတိုးခ်ေနေလရဲ႕။ ၿပီးခဲ့တာေတြ ၿပီးခဲ့ပါၿပီလို႔ ေဘးကကူေျပာပါေသာ္လည္း ကိုယ့္အမွားေၾကာင့္ျဖစ္ခဲ့ရတဲ့ အက်ိဳးရလဒ္ေတြကို ဘုန္းမာန္လက္မခံနိင္စြာ ယူက်ဳံးမရ ခံစားေနဆဲ။

ဒီဘက္ေရာက္ေရာက္ျခင္းလြဲေျပာင္းစီမံရမည့္ လုပ္ငန္းတာဝန္မ်ားကို အစီအစဥ္အလိုက္နားခ်ိန္မရွိေအာင္ စတင္စီမံအုပ္ခ်ဳပ္ေနတဲ့ ဘုန္းမာန္မွာ မိသားစုအေရးနဲ႕ ေသာကပင္လယ္ေဝေနမွန္း ကိုယ္ေတြကလြဲ မည္သူမွမသိရွိၾက။

လုပ္ငန္းပိုင္းဆိုင္ရာမွာ အျပစ္ေျပာစရာ အခ်က္ရွာမေတြ႕နိင္ေလာက္ေအာင္တိက်ေသခ်ာတဲ့ ဘုန္းမာန္က လူမသိသူမသိ တိတ္တဆိတ္ၿပိဳလဲေနျခင္းကိုေတာ့ ေျခရာခံမရေသးတဲ့ သူ႕ရဲ႕ဒုကၡအိုးေလးအား အနည္းငယ္သိေစခ်င္ရဲ႕။

တစ္ေယာက္ျဖစ္သလိုေနၿပီး အတိတ္ေန႕ရက္ထဲ ပိတ္မိေနတဲ့ဘုန္းမာန္ရဲ႕ စားဝတ္ေနေရးကို ကိုယ္ကပဲ စီမံေပးကာ သန့္ရွင္းေရးက အစစီစဥ္ေပးရသည္။

ျမန္မာျပည္ေရာက္ေရာက္ျခင္း သည္းသည္းမဲမဲ ရွာေဖြခဲ့ေသာ video recorder ေလးကိုပဲ ႐ူး႐ူးမူးမူး ၾကည့္ကာ အၿမဲေတာင္းပန္စကားဆိုေနျပန္ေသးသည့္ဘုန္းမာန္က တခါတေလ စိတ္ေဖာက္ျပန္ေနတဲ့ Psycho သမားလိုလို ေဆြးေဆြးေငးေငး ေတြေဝေနဆဲ။

" မင္းဇနီးေလာင္းေရာ လိုက္မွာမဟုတ္လား..."

အလုပ္နားခ်ိန္ ျဖစ္ေသာ္ျငား စားပြဲေပၚအၿမဲအလုပ္႐ူပ္ေနတဲ့ ဘုန္းမာန္တစ္ေယာက္ သူ႕ဟာေလးလို႔ အမည္ထုတ္မေျပာရင္ေတာင္ ေဆြးတေျမ့ေျမ့နဲ႕ ေတာင္းပန္ေနဆဲမို႔ ေျပာခ်င္တဲ့စကားေတြကို ထိမ္းကာေျပာေနရသည္။

" ေမက မလိုက္ျဖစ္ေလာက္ဘူး၊ ေနာက္ၿပီး မင္းဟာေလး လူေ႐ြးပြဲလာေျဖေအာင္ တမ်ိဳးတမည္ႀကံစည္ေနမယ္ထင္တယ္....မင္းေနရာသူယူရေတာ့ ဘယ္လိုက္နိုင္မလဲ ေခြးေကာင္ရ...."

" အဟက္...ကိုယ့္ကိုအျပစ္မတင္နဲ႕ေလ ဒါေတြကတိုက္ဆိုင္သြားတာႀကီးပဲ....ေမက entrainment အတြက္ project အသစ္ေတြျပင္ဆင္တယ္ ငါကေငြထုတ္ေပးတယ္...က်န္တဲ့စီမံပိုင္း သူေနရာယူရမွာေလ...ေနာက္ၿပီး အဲ့ေလာကကို ငါဘာေၾကာင့္ပိုၿပီး ရင္းႏွီးျမဳပ္ႏွံခ်င္လဲ မင္းသိသားနဲ႕ ေသာ္စစ္ရ...."

" ငါအမွားလို႔ * ခုထိ မင္းေတြးတုန္းပဲလား ? မင္းမွာအမွားမရွိဘူး မေျပာပါဘူး ဒါေပမယ့္အခ်ိန္တိုင္း ဒါႀကီးကိုပဲ ေတြးေတာၿပီး အားနာစိတ္နဲ႕ရွင္သန္ေနရတဲ့ မင္းကိုၾကည့္ၿပီး ငါတို႔လည္း ေနစရာမရွိဘူးကြာ..."

" ေအးပါ...."

" ဒါနဲ႕ သူမ်က္ႏွာေလး ျမင္ရဖို႔ ရင္ခုန္ေနၿပီလား ငါ့ေကာင္...."

" ေမးရက္လိုက္တာ.....ငါခံစားခ်ကိ...ငါအသိဆုံးေသာ္စစ္...သူေလးအမည္ၾကားရင္ကို ငါမွာ သူ႕အေပၚအားနာစိတ္ေတြနဲ႕ ၾကင္နာလို႔မရတဲ့ အမွားမ်ိဳးက်ဴးလြန္ခဲ့တဲ့ ေကာင္မို႔ ငါမွာ ေျဖစရာက သူကို ေတာင္းပန္ခ်င္တယ္ ေတြ႕ခ်င္ေနတာပဲသိတယ္"

ကားကိုသာ ဂ႐ုတစိုက္ေမာင္းေနရင္း ယာဥ္ေၾကာ႐ူပ္ေထြးလွသည့္ စည္ကားတဲ့ ရန္ကုန္ၿမိဳ႕အလွ ညေနခင္းမွာ စည္းခ်က္က်က် ခုန္လူပ္ေနတဲ့ ရင္ခုန္ျခင္းနဲ႕အတူ ကေလးငယ္မ်က္ႏွာေလးျမင္ေယာင္ရေတာ့မည္ဆိုတာ ေတြးမိၿပီး ၿပဳံးေနမိသည္။

" ေဘးဘက္က ဘာေတြၿပဳံးစရာ ရွိေနလဲ...မာန္ႀကီး...စကီေလးေတြလားဟ "

" မင္းလဲ အဲ့စိတ္ေတြေလ်ာ့...ေမသရီဖီသိရင္မေကာင္းဘူး ေသာ္စစ္.."

" စတာပါကြာ...စတာပါ....ေရွ႕နား ေကြ႕ကေန ညာဘက္ခ်ိဳးလိုက္ ၿပီးရင္ တည့္တည့္ေမာင္းမာန္ႀကီး.."

" အင္း.."

ဒီလိုစည္ကားတဲ့ေနရာမွ ငါ့ကေလးငယ္ သီဆိုင္ရာေနရာေလးလား ?

သော်စစ်က်ို ထုတ္မေမးရဲ႕တဲ့ ေမးခြန္းတခ်ိဳ႕ကိုၿမိဳသိပ္ၿပီး တည္ေနရာလမ္းေၾကာကိုသာ အလြတ္မွတ္ထားလိုက္ၿပီေလ။

*ဘယ္ေလာက္ေဝး ေဝးကိုယ္အေရာက္လာခဲ့မွာမို႔....ကိုယ့္ကေလးငယ္က မရက္စက္ရင္ ေကာင္းမယ္...အဟက္!!!! ေတြးလုံးတခ်ိဳ႕ျဖင့္ လူစည္ကားရာ ဆိုင္အတြင္းသို ကားပါကင္ေနရာမွာေနရာယူမိသည္။

ဆိုင္အျပင္အဆင္၊ မီးအလွဆင္ပုံနဲ႕ စားပြဲအခင္းအက်င္းတို႔ပါမက်န္ ေနရာယူထားပုံအထိ အေသးစိတ္ေလ့လာၾကည့္မိေတာ့အဆင့္အတန္းျမင့္ျမင့္ စားေသာက္ဆိုင္မွန္းသိရခဲ့ၿပီေလ။

" ဆိုင္အျပင္အဆင္က သန့္တယ္ေနာ္...ငါတို႔ေနာက္က်တာလား..."

စားပြဲဝိုင္းအျပည့္နီးပါးထိုင္ေနၾကေသာ ဆိုင္အတြင္းပိုင္း ေနရာယူထားတဲ့ စားပြဲ နံပါတ္၆ အား လိုက္ရွာမိရင္ ဘုန္းမာန္ေျပာေနမိျခင္း။

" မင္းဟာေလး ေဖ်ာ္ေျဖမွာလို႔ လြန္ခဲ့တဲ့ ၂ရက္ေလာက္ကတည္းက online ေပၚ hot ေနတာ...ဒါ လူနည္းေသးတာကြ....ေစာင့္ၾကည့္ အုံး...သူက အေတာ္ကို ေအာင္ျမင္ေနၿပီေလ "

စကားတေျပာေျပာနဲ႕ မိန္းကေလး/လူငယ္လူ႐ြယ္ေတြ အျပည့္ျဖင့္ ေနရာယူထားၾကေသာ စားပြဲဝိုင္းေလးအား လည္ျပန္ခါေငးမိေနျခင္း။

" ဘာကူညီေဆာင္႐ြက္ေပးရမလဲ ရွင့္ "

ေကာင္တာမွ ထိုင္ေနတဲ့ reception ေကာင္မေလး၏ အေမးစကားေၾကာင့္ အသိျပန္ဝင္လာၿပီး စင္တင္ဂီတေနရာ၏ ေနာက္ဘက္ပိတ္ကားေပၚ ေနရာယူထားတဲ့ ငယ္ေလးရဲ႕ ပုံရိပ္ေတြျမင္ၿပီး လြမ္းဆြတ္တမ္းတ လိုက္ေမာလွၿပီေလ။

" အစ္ကို တို႔က table no.6 ကို booking ယူထားတာပါ ညီမ..."

" ေအာ္...ဟုတ္ကဲ့ရွင့္...ဒီဘက္ကိုႂကြေပးပါ လူႀကီးမင္း...မွာယူစားေသာက္လိုရာေတြကိုပဲ တစ္ခ်က္ၾကည့္ေပးပါေနာ္ ေက်းဇူးတင္ပါတယ္ရွင့္..."

ဝန္ထမ္းေကာင္မေလး၏ ဧည့္ဝတ္ေက်ပြန္မူကိုေခါင္းေဘးညိမ့္ျပကာ စင္တင္ေနာက္ဖက္ရွိ ပိတ္ကားေပၚကို အၾကည့္စိုက္ေနတဲ့ ဘုန္းမာန္ ကိုလက္တို႔ကာ စားပြဲ နံပါတ္၆ သို႔ ေနရာယူမိသည္။ စတိတ္စင္နဲ႕ မနီးမေဝး မွ ေသခ်ာျမင္သာေစမည့္ စားပြဲဝိုင္းေလးမွာေနရာယူထိုင္ေနသည့္ေသာ္စစ္က ေသာက္စရာ ဘီယာတခ်ိဳ႕နဲ႕ အျမည္းမ်ားမွာယူေစကာ ငယ္ေလး ေဖ်ာ္ေျဖမူကို ေစာင့္ဆိုင္းေနမိသည္။

စတိတ္စင္ေပၚမွာ ျပင္ဆင္ေနတဲ့ Drum သမားနဲ႕ piano ဆရာတခ်ိဳ႕က ေနရာယူၿပီး ဧည့္က်ခ်ိန္ ညခ်မ္းခ်ိန္ကာ ကိုေစာင့္ေမ်ာ္ေနသည့္ဟန္။ ေပၚမလာေသးေသာ ကိုယ့်အဆ်ိုတော်လေးအား ပိတ္ကားေပၚကျမင္ေနရသည့္ ကိုယ္မျမင္ဖူးေသးေသာ္ ပုံရိပ္ေလးကိုသာ တမ္းတမ္းတတ ေငးေနမိသည္။

" လူစည္တယ္ေနာ္ ဘုန္းမာန္....မၾကာခင္ပြဲစေတာ့မယ္ထင္တယ္..."

" အင္း....ထင္တာပဲ...မင္းလာေနၾကလား..."

" ငါကေတာ့ သိပ္မလာျဖစ္ဘူး...ေမကေတာ့ လြတ္ပြဲမရွိအပတ္တိုင္းလာတယ္...သူ႕ YouTube live မွာ မင္းေတြ႕ေနတာပဲ...."

" ေအးပါ..."

မနည္းေသာ လူပုရိသတ္ရဲ႕ တီးတိုးေျပာဆိုသံေတြၾကားက စားပြဲနံပါတ္ ၁၁မွာ CEO ဘုန္းျမတ္ဟန္ရဲ႕ ကိုယ္ရံေတာ္တခ်ိဳ႕နဲ႕ ဝင္ထိုင္ေနသည္ကို ေသာ္စစ္တို႔ လွည့္မၾကည့္မိခဲ့။ ေရွ႕တည့္တည့္ကိုသာ ေရွ႕႐ူးၾကည့္ေနမိတဲ့ ဘုန္းမာန္တစ္ေယာက္ အရံအတားအဆီးကို မျမင္မိေသာ္ျငား ျပသနာဟူသည္ မဖိတ္ေခၚပဲ ေရာက္တက္သည္ဆိုတာ သူ႕လုံးဝေမ့ေလ်ာ့ေနခဲ့မိသည္။

ပို၍ လူက်လာေသာ လူအုပ္ႀကီးကိုၾကည့္ၿပီး ငယ္ေလးအေပၚေျပာဖူးခဲ့တဲ့ စကားလုံးေတြ၊ အားနည်းချ်ို့တဲ့သူကိုမှ ထိုးနက္ခဲ့မိျခင္း ....စေသာ ကိုယ့္ျပဳမူေျပာဆိုခဲ့တဲ့ အတိတ္လုပ္ရပ္မ်ားကိုျပန္လည္ျမင္ေယာင္ၿပီး ေခါင္းမေဖာ္ဝင့္ခဲ့။

အားနာစိတ္ေတြျဖင့္ ကိုယ္ပါးကိုယ္သာ ပိတ္ရိုက္ပစ္ခ်င္မိသည္ေလ။

ငါသာမွားခဲ့မိျခင္း/ ေျပာဆိုခဲ့မိျခင္းေၾကာင့္....ေနာင္တေတြနဲ႕။

စတိတ္စင္ေလးေပၚက မီးေရာင္အခ်ိဳ႕ေျပာင္းလဲသြားၿပီး စတင္ေတးဂီတ စတင္ေတာ့မည္ဆိုတာ ပုရိသတ္အားလုံး သိရွိနားလည္ၿပီျဖစ္ၿပီေလ။ ေမွ်ာ္လင့္သူကို ေပၚလာနိုးနိုးျဖင့္ လက္ခုပ္အားေပးေနေသာ မိန္းမငယ္ေလးတို႔၏ ဂုဏ္ျပဳလက္ခုပ္သံတခ်ိဳ႕ေပၚလာေသာအခါ ေက်ာတစ္ခ်က္မတ္၍ အသက္႐ူရပ္မိသည္ေလ။ ကိုယ့္ကေလးေလးက ေအာင္ျမင္ေနတာပါ့လား လို႔ ဝမ္းသာဝမ္းနည္းခံစားမူမ်ား ရင္ထဲေျဖရွာမရ မြန္းၾကပ္ေနမိသည္။

" မင္း ျမင္တဲ့အတိုင္းပဲ....မင္းဟာေလးက ဒီနယ္မွာေအာင္ျမင္ေနတယ္...teenager ေတြအသည္းစြဲေပါ့...ေမကလည္းအသည္းအသန္လိုခ်င္ေနတယ္ေလ...ေမလိုပဲ တျခား အင္တာတိန္မန့္ေတြကလည္း အေသအလဲေပါ့...ဘုန္းမာန္၊ မင္းခ်န္ခဲ့တဲ့ မင္းဟာေလးက ဒုကၡိတဆိုေပမယ့္ သူ႕ဘာသာသူရွင္သန္နိုင္ေနၿပီေလ"

ေသာ္စစ္ေျပာတဲ့ ဒုကၡိတ ဆိုတဲ့ စကားစုသံၾကားရေတာ့ ရင္ထဲမွ နင့္နင့္နဲနဲ ခံစားမိျပန္ေသးသည္။ တစ္ခ်ိန္က ငါေျပာဖူးတဲ့ စကားစုကို တျခားသူႏူတ္က ထြက္လာျပန္ေတာ့မၾကားဝင့္မနာသာ စကားလုံးအသြင္ ေျပာင္းလဲသြားၿပီး နားဆင္ရသူအဖို႔ ႏွလုံးသားေနရာက ေအာက္မ်က္မ်က္။

" ငါမွားခဲ့တာ..."

" မင္းအမွားမင္းသိရင္ ၿပီးတာပဲ..မာန္ႀကီး...ငါက ေဘးကေန မင္းမွားေနတာကို ေထာက္ျပေပးနိင္တာကလြဲ ၾကားဝင္ေပးမွာ မဟုတ္ဘူး၊ ေနာက္ၿပီး ခုျဖစ္ခဲ့တဲ့ျပသနာမွာ ငါ ဘယ္သူဘက္ကရပ္တည္မလဲလို႔ မင္းထင္လဲ ဘုန္းမာန္..."

" အင္း...."

" မင္းဟာေလးဘက္ကေနပဲ လုံးလုံးရပ္တည္ေပးမွာ....သူမွာ အမွားမရွိခဲ့ဖူးေလကြာ....မင္းတို႔သားအဖေတြ မာနၿပိဳင္ေနတဲ့ၾကားက သူက သက္သက္ၾကားခံျဖစ္ရတယ္ မင္းလည္းမတရားခဲ့ဘူး .."

အေျဖကို သိေနသည့္အလား ေခါင္းငိုက္စိုက္က်ေနတဲ့ ဘုန္းမာန္ကို အားေပးစကားမေျပာခ်င္ေတာ့။

ခင္မင္မူေတြ ဖယ္ထားကာ ခံစားရသူဘက္ကေနပဲ ငါ ရပ္တည္ေနမယ္ သားႀကီး။

တခ်ိဳ႕ေသာ လုပ္ရပ္ေတြက အဘက္ဘက္က ဆင္ျခင္ေတြးေတာနိုင္မွ အမွားနည္းတယ္ဆိုတာမ်ိဳး မင္းကိုသိေစခ်င္မိတယ္ ဘုန္းမာန္။

အသီးသီးေနရာယူေနၾကေသာ စတိတ္စင္ေပၚက ဂီတမႉးတို႔က ညခ်မ္းခ်ိန္ခါ ၈ခြဲမွစ၍ အသက္ဝင္လာေသာ ဂီတသံစဥ္တို႔ေၾကာင့္ စားပြဲအျပည့္ေနရာယူေနၾကေသာ ဧည့္ပုရိတ္သတ္တို႔၏ စိတ္ဝင္စားမူသည္လည္း ျမင့္တက္လွ်က္ရွိေပသည္။

( ဒီေန႕ တို႔ကေလးက ဘာသီခ်င္းဆိုမလဲသိခ်င္သား...)

( တျခားေသာစင္တင္ေတြလို ပန္းကုံးစြပ္ရင္ သိပ္ေကာင္းမွာပဲ ဧပရယ္...ငါေလ သူကိုသိပ္သေဘာက်တာ...)

( ေအးဟာ....ဒီဆိုင္က တရားဝင္page မွာတင္ထားတဲ့ သူပုံေတြ ငါ gallery ထဲအျပည့္ပဲ...အိမ္ကေဖေဖဆို ဆိုင္မလိုက္နိင္ေပမယ့္ သူဆိုတဲ့ live song ေတြကိုအၿမဲၾကည့္တာဟဲ့ ...လုံးဝ big fan )

( ေအးဟာ...ဘဝေပးကံေၾကာင့္သာ ေျခမသန္တာေနာ္...သူ႕ပါရမီကေတာ့ လက္ခုပ္ဩဘာအျပည့္ပဲ...ငါလည္း သူအသံခ်ိဳခ်ိဳေလး စြဲလမ္းမိတာ)

( သူကိုႀကိဳက္လြန္းလို႔ မိန္းကေလးတန္မယ့္ ဒီေနရာထိလာၿပီး သူကိုလာအားေပးတာေပါ့ဟာ..ေနာက္ၿပီး ဒီဆိုင္က securityအျပည့္ေနာ္...ငါတို႔လို မိန္းကေလးငယ္ေတြအတြက္လည္း ဂ႐ုစိုက္ေပးရွာေတာ့ လာရက်ိဳးနပ္တယ္ေလ....)

( သူ႕ကို အပိုင္ရရင္ေကာင္းမယ္....)

( နင္ try ၾကည့္ပါ့လား...နင့္ပါးပါးက entrainment ပိုင္တာပဲ.)

( try တာေပါ့...ပါးပါးက အပိုင္သာရပါေစတဲ့...အားလုံးအဆင္ေျပေစရမယ္တဲ့ )

( ႀကိဳးစာဟာ....သူရဲ႕အရာအားလုံးကိုလက္ခံနိင္ရင္ေပါ့....)

( ခ်စ္တဲ့မ်က္စိနဲ႕ၾကည့္ရင္ အရာအားလုံးက လွေနတာႀကီးပါဟာ...သူ႕ေျခမသန္တာကလြဲ ငါ့အေပၚသာ ေမတၱာရွိၾကည့္ ငါ အေျခအေနအားလုံးကို လက္ခံၿပီး ခ်စ္ေပးမွာ သိလား )

( နဖူးစာ တိုက္ဆိုင္ပါေစဟာ...ဆုေတာင္းေပးမယ္ )

( ေမွ်ာ္လင့္ခ်က္နဲ႕ အသက္ရွင္ရတာ ပတ္ဝန္းက်င္ႀကီးက သိပ္လွတာရယ္)

( ေအးပါကြာ....)

ေဘးကပ္ရပ္ဆီက မိန္းကေလးတစ္စု၏ တစ္ေယာက္တေပါက္ေျပာဆိုေနသံတို႔ေၾကာင့္ လက္သီးကိုတင္းတင္းဆုပ္ၿပီး ႏူတ္ဆိတ္ေနခဲ့သည္။

" ၾကားတဲ့အတိုင္း သားႀကီး....မင္းဝဋ္ေႂကြးနဲ႕ မင္းခံေပါ့ကြာ....ဟားးး"

ကိုယ့္အျဖစ္အပ်က္ကို ၾကည့္ၿပီေလွာင္ေျပာင္ေနတဲ့ ေသာ္စစ္ကိုမ်က္ေထာင့္နီျဖင့္ၾကည့္ေပးမိသည္။

"ကိုယ္ပိုင္ခဲ့ဖူးတဲ့အရာေလးမို႔ ကိုယ္သာလွ်င္ ဆက္လက္ပိုင္ဆိုင္ခြင့္ ရာႏူန္းျပည့္ရွိရမယ္ ေသာ္စစ္"

" မင္းဆိုလိုတာက......လုပ္ပိုင္ခြင့္ေတြ အားလုံး...."

" ေအး...မင္းသိတဲ့အတိုင္းပဲ...မတရားမွန္းသိေပမယ့္ ငါဆက္ၿပီး မိုက္မဲေနရအုံးမွာပဲ ေသာ္စစ္...တရားရင္ဆိုင္ရရင္ေတာင္ ေဖေဖတို႔ငါကို ဘာမွလုပ္မရဘူး...."

"ဟာ့....အေတာ္မိုက္တဲ့ေကာင္ပဲ...မင္းက ယုတ္မာတဲ့အဆင့္ျဖစ္ေနၿပီ....သားႀကီး..."

" ေအး.......ေနာက္တႀကိမ္လက္လြတ္ဖို႔ ဘယ္လိုမွမျဖစ္နိုင္ၿပီမို႔ ....အဲ့ဒီမတရားမူကို ဆုပ္ကိုင္ထားရမွာပဲ..."

" လုပ္ေပါ့ကြာ...မင္းရဲ႕ authorities က က်ယ္ျပန့္လြန္းတာကိုး...."

" ေအး...."

စတိတ္စင္ေလးဆီက မီးေရာင္ေလးက ခပ္မွိန္မွန္ျပာျပာအေရာင္လဲ့ေလး လင္းလာၿပီး သီဆိုရန္ စတိတ္ခုံေပၚ ခပ္ေမ်ာေမ်ာအရိပ္ေလးက ေနရာယူထားသည္ကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည့္ ဘုန္းမာန္။ ပုံေဖာ္ခြင့္ရခဲ့တဲ့ အရိပ္ေလး လင္းလက္လာမည့္ အလင္းေရာင္ကို အသက္မ႐ူနိုင္အားေစာင့္ေမွ်ာ္ေနမိသည္။

တေျဖးေျဖး လင္းလာတဲ့ အရာင္ေရာင္ျပာျပာေလးေအာက္က ကာကီေကာင္ေဘာင္းဘီရွည္ေလးကို sneakers ခဲေရာင္ေလးစီးထားၿပီး အေပၚဘက္ဆီက T-shirt အျဖဴေရာင္ေလးဝတ္ဆင္ထားတဲ့ ငယ္ေလးက အနက္ေရာင္ဦးထုပ္ဝိုင္း ကိုလည္း ေဆာင္းထားျပန္ေသးသည္။

သိပ္လွသည့္ပုံရိပ္ေလးပါ့လား.......။

အရမ္းေမွ်ာ္လင့္ေတာ့တခဲ့ရတဲ့ ပုံရိပ္ေလးမို႔ အခ်ိန္ၾကာႀကီးေနမွ ျမင္ေတြ႕ရတဲ့ ပုံရိပ္ေလးအနား သြားကာ တေမ့တေမာစကားေတြဆိုခ်င္ေပမယ့္ ကိုယ့္မွာသာ မွားယြင္းခ်က္ေတြနဲ႕။

စတင္ထြက္ေပၚလာေသာ လက္သြယ္သြယ္ေလးဆီက ဂီတသံေလးေၾကာင့္ ေဘးပတ္လည္စားပြဲဝိုင္းေတြဆီက teenager တို႔ရဲ႕ ေအာ္သံႏွင့္လက္ခုပ္သံတို႔ေရာယွက္ေနျပန္ခဲ့ၿပီေလ။

( ဆုံး႐ူံးျခင္းသာ ရရွိခဲ့ၿပီ...ဒါကိုအမွားအယြင္းတစ္ခုလို မထင္ခ်င္ပါ....လမ္းေဟာင္းေလးေပၚ ႏွလုံးသားတစ္ခုရဲ႕...တီးတိုးငိုသံ ၾကားနိုင္မလား....အိမ္မက္တစ္ခုဟာ ၿပီးဆုံးခဲ့ၿပီ..ေလာင္ၿမိဳက္ျခင္းျဖင့္ ဘဝကိုဆုံးသတ္မသြားပါ....ဆုံနိုင္ခြင့္ရွိလည္း..ဆုံခ်င္ေသးပါရင္...ဒီလမ္းေလးေပၚမွာ....႐ုန္း...မထြက္ခ်င္ေတာ့ပါ...စြဲလမ္းျခင္းကို ျမတ္နိုးစြာ...ဆိတ္ၿငိမ္စြာ ခံစားရင္း...ဘဝကိုေက်နပ္ရမွာပါ..)
*
(ဘာကိုေမွ်ာ္လင့္လို႔ ဆုပ္ကိုင္ထားရမလဲ...တစ္ေယာက္တည္းအထီးက်န္ေနၿပီပဲ.....ဘာကိုမေက်နပ္လို႔ ဟစ္ေအာ္နိုင္အုံးမလဲ...စကားေတြရွာလဲမရနိုင္ခဲ့....ဘယ္ကိုထြက္ေျပးလို႔ လြတ္ေျမာက္ျခင္းရွိမယ္......ႏွောင္ႀကိဳးမ်ားကို မေျဖနိုင္ခဲ့....ငါဟာေသဆုံးေသာ ႐ြက္ေႂကြေတြဘဝလို ...လမ္းေဟာင္းေလးေပၚမွာ...ေႂကြပါေစေတာ့.....႐ူံးၿပီးသား...)2

ဂစ္တာကို ပိုင္နိုင္စြာတီးခတ္ၿပီး မ်က္ဝန္ေလးမွိတ္ကာ မ်က္နာေလးေမ့ခ်ီၿပီ သီဆိုေနတဲ့ ငယ္ေလးရဲ႕ သီဆိုဟန္ကိုၾကည့္ၿပီး လက္ထဲကိုင္ထားေသာ ဘီယာခြက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားမိၿပီး လြမ္းေမာခဲ့ရတဲ့ ဒီအသံ၊ ဒီသီဆိုဟန္ေလးကို မ်က္ေတာင္မခတ္အသက္႐ူရပ္မတက္ ေငးငိုင္ကာ ေဆြးေဆြးေျမ့ေျမ့ နားေသာတဆင္ေနမိသည္။

ငယ္ေလးသီဆိုသြားတဲ့ အဆိုေတာ္Rဇာနည္ရဲ႕ ေႂကြပါေစ သီခ်င္းကို အတိတ္ပုံရိပ္ခံစားမူအျပည့္ ေဆြးေဆြးေျမ့ေျမ့vibes ျဖင့္ လက္သြယ္သြယ္ေလးဂစ္တာကို ပိုင္နိုင္စြာတီးခတ္ၿပီး စိတ္ပါလက္ပါေဖ်ာ္ေျဖေနတဲ့ ကိုယ့္ကေလးငယ္ေလး နာက်င္ခံစားရတာ ကိုယ္ေၾကာင့္ ။

*ငါမစဥ္းစားမဆင္ျခင္ လုပ္ခဲ့မိလို႔ ဆိုတဲ့ ေနာင္တ တရာေတြက ရင္ထဲအျပည့္။

ငယ္ေလးရယ္လို႔ အနားသြားကာ ဆြဲဖက္ခ်င္တဲ့စိတ္ကို ၿမိဳသိပ္ရတာ ခက္ခဲလိုက္တာ...။

နာက်င္မူဆိုတာ ကိုယ္ေတြ႕မို႔ အသပ္႐ူရပ္မတက္....။

ေသာကေတြ စိုးမိုးေနတဲ့ ဒုကၡသစၥာတရားက ကိုယ္တိုင္ပုံေဖာ္ခဲ့တာမို႔ လက္ဝယ္ပိုင္ဆိုင္ရတဲ့ အခ်ိန္ေလးမွာကိုယ့္မွာ တနင့္တပိုး ....။

(ငါဟာေသဆုံးေသာ ႐ြက္ေႂကြေတြဘဝလို ...လမ္းေဟာင္းေလးေပၚမွာ...ေႂကြပါေစေတာ့.....႐ူံးၿပီးသား...)

(ေျဖာင္း.....ေျဖာင္း......ေျဖာင္း......)

ငယ္ေလးသီဆိုမူအၿပီး ထြက္ေပၚလာတဲ့ အားေပးလက္ခုပ္သံတို႔က ေသာေသာထလွ်က္ ။ ကိုယ့္ကေလးငယ္ရဲ႕ေအာင္ျမင္ကို အရွက္ကင္းမဲ့စြာပဲ ဒီေနရာကေန လက္ခုပ္ဩဘာေပးပါရေစ...ငယ္ေလးရယ္ ။

" ကေလးက ေတာ္လိုက္တာကြာ...."

" မင္းျမင္တဲ့အတိုင္းပဲေလ..." အျမင္ကပ္ကပ္ျဖင့္ အကန္စကားေတြႀကီး ေျပာေနတဲ့ ေသာ္စစ္ကို ျပန္လည္မေခ်ပနိုင္အား။

အခ်ိန္တစ္ခုထိ ငယ္ေလးထြက္လာရာ ေဘးဘက္ထြက္တံခါးေပါက္အနီး ေစာင့္ေနမိျခင္း။

" ဟိုမွာ ငယ္ေလး....ထြက္လာၿပီ ....ငယ္ေလး...!!!!"

မိမိ၏ေအာ္ေခၚသံအဆုံး .....။

ကေလးငယ္ဆီေရာက္ဖို႔ သိပ္မလိုေတာ့သည့္အကြာ အေဝးတစ္ခုအတြင္း ၾကားတစ္ေနရာကေနထြက္ေပၚလာေသာ လူတစ္ဦးေၾကာင့္ ႐ုတ္တရက္ ရပ္တန့္လိုက္ရသည့္ ေျခလွမ္းတို႔ႏွင့္အတူ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ေရွ႕တည့္တည့္ကိုသာ မ်က္ေမွာင္ကုပ္၍ စူးစိုက္ၾကည့္ေနမိသည္။

ေတာက္ !!

# မမ အတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္
#Take care

(ဗိုက္ေအာင့္ေနတဲ့ၾကားက Super Sunday မို႔ေမွ်ာ္ေနၾကမယ္ထင္လို႔ update ပါေနာ္....)

Continue Reading

You'll Also Like

142K 5.7K 21
(Book 3) Lukas hates being the runt of the pack. His brothers always take advantage of him when all he wants is to feel like a part of the family. H...
18.2K 444 18
After separating herself from her friends, Amy Rose has become a matured, independent hedgehog of 17. But what madness will occur when a robot smashe...
6.9K 109 16
Y/n is 17 years old and works at a pizza shop. She has the powers of Invisibility, super-strength and teleportation. One day Tony comes in recruits...
6.1K 288 28
" အင်းလယ်ကရွေကြာပန်း " " ကြာပန်းလေးနှစ်ပွင့်ဆိုင် " " ခူးမယ်လို့ကိုင်... မပိုင်တဲ့မောင်မို့ " " အင်းလယ်ကရွေကြာပန်း " " မကြီးရယ် လှမ်းလို့မရ " အချစ်မှ...