" ဘယ်လိုနေသေးလဲ သမီး နေရထိုင်
ရတာ သက်သာလား"
" သက်သာပါတယ် ဒေါက်တာ"
" ချောင်းရော ခဏခဏဆိုးသေးလား"
"နည်းနည်း ဆိုးတယ်"
ဆရာဝန်မကြီးက စိတ်ရှည်စွာနှင့်ပင်
roundလှည့်လာတုန်း ကုတင်ပေါ်မှာ
လှဲနေတဲ့ မလတ်ကို သေသေချာချာ
ကြည့်ပေးနေသည်။
ဆရာဝန်မကြီးပြောတာကိုလိုက်မှတ်
နေတဲ့လက်ထောက်ဆရာဝန်တွေနဲ့အတူလူနာကိုကြည့်နေတာမို့ နေစင်ဟန်နဲ့ သူ့အမေကတော့ ကုတင်အောက်ခြေမှာသာ
ရပ်နေရသည်။
" အားရှိအောင်နေ အဖျားတော့ထပ်
မဝင်စေနဲ့ ညဘက်တွေအိပ်ပျော်သွားပြီမလား"
"ဟုတ်ကဲ့"
" အဲဒါဆိုရင် အဖျားပျောက်ဆေး
ဖြုတ်လိုက်မယ်။ အိပ်ဆေးကတော့
တပတ်လောက် ဆက်သောက်ထား
မယ်နော် သမီး ၊ ကျန်တဲ့ဆေးတွေက
တော့ ပုံမှန်အတိုင်းပဲ"
"ဟုတ်ကဲ့ ဒေါက်တာ"
ဆရာဝန်မကြီးက မလတ်ရဲ့ရင်ဘတ်ကိုစမ်းသပ်နေတဲ့နားကြတ်ကို ဖြုတ်လိုက်ပြီး လည်ပင်းမှာချိတ်ထားလိုက်သည်။
ပြီးတာနဲ့နေစင်ဟန်နဲ့ အမေဘက်ကို
လှည့်လာပြီး။
" အဲဒါဆိုရင် လူနာက ဖျားထားတယ်ဆိုတော့ သူအား ပြည့်တဲ့အထိစောင့်ပြီး
ကျွန်မတို့ တစ်ရက် နှစ်ရက်လောက်နေရင် ပြောထားတဲ့အတိုင်းပဲ
အမေတို့ကိုခွဲမယ့်dateပြန် အကြောင်း
ကြားပေးမယ်။ကြားထဲမှာ
လူနာကိုအားရှိအောင်ထားပြီး
အဖျားထပ်မဝင်စေဖို့တော့လိုတယ်
ကျန်တာကတော့အားလုံး အဆင်ပြေပါတယ်"
အမေကတော့နဂိုအနေအေးသူမို့
ဆရာဝန်မကြီးစကားကို ခေါင်းငြိမ့်ပြီး နားထောင်နေလျက်ပင်။
" သမီးက စိတ်မာတော့ ခဏလေးနဲ့ပဲ ကျော်ဖြတ်နိုင်မှာပါ။ ကိုယ်ကအသက်
ငယ်သေးတာပဲ စိတ်ကိုအမြင့်ဆုံးမှာ
ထားနော်သမီး။
အဲဒါဆိုရင်ဆရာမကို ခွင့်ပြုပါအုံး"
မလတ်ကို အားပေးစကား ပြောသွား
ပြီးအမေနဲ့သူ့ကို နှုတ်ဆက်ကာဆရာ
ဝန်မကြီးက အခန်းထဲကနေထွက်
သွားသည်။
ဆရာဝန်ထွက်သွားတာနဲ့မလတ်က
လှဲနေရာကနေ ထထိုင်လိုက်သည်။
" ထမင်းစားတော့မလား သူဇာ"
" စားတော့မယ် အမေ"
မလတ်က စိတ်မြန်လက်မြန်နဲ့ ထနေ
ပြီမို့သူ ကုတင်အနား အမြန်သွားကာ
ဆေးပုလင်း ချိတ်ထားတဲ့တိုင်ကိုကိုင်ပြီး စားပွဲဆီသို့မလတ်ကို ခေါ်လာခဲ့ရသည်။
ကုတင်မှာပဲစားဖို့ ပြောကြည့်သော်
လည်းမလတ်ကလက်မခံ။ပေးရတာ
အမြင့်ဆုံးထဲကအခန်းမဟုတ်သော်
လည်း အခန်းထဲမှာစားပွဲပါရှိလို့ အ
ဆင်ပြေလေသည်။သူတို့ ဆေးရုံ
တက်တော့ ကုန်မဲ့အတူတူတော့ပုဂ္ဂလိက
ကိုပဲလာဖြစ်တော့တယိ။
" အဖေထမင်းချိုင့်ပို့ပြီး ပြန်သွားပြီလား"
" ပြန်သွားပြီ ဝင်လို့မှမရတာ။သူ့သမီး
ကို ညကျမှလာကြည့်မယ်တဲ့ ညကျမှ
အမေနဲ့ ဂျူတီချိန်းလိုက်မယ်"
တစ်ခန်းမှာ လူနာရှင် နှစ်ယောက်ပဲ
လက်ခံသည်မို့ အမေနဲ့သူပဲအဓိက နေဖြစ်သည်။ အဖေနဲ့ကိုလေးရယ်ကိုလေးမိန်းမရယ်ကတော့ခဏပဲ လူလဲကာဝင်
ကြည့်ပြီး လိုအပ်တာတွေကို
ဆေးရုံအောက်မှာ လာပို့ကြသည်။
"နေစင် နင်မနက်ထဲကဘာမှမစား
ရသေးဘူးမလား ထမင်းစားလိုက်တော့"
"မလတ်အရင်စား ကျွန်တော်နောက်မှ
အမေနဲ့စားလိုက်မယ်"
" ငါအဖျားမရှိတော့ပါဘူးဟယ်
အတူတူစားလို့ အဖျားမကူးပါဘူး"
" မဟုတ်ဘူး ကျွန်တော်က"
" မင်းအစ်မနဲ့ အတူတူစားလိုက်သား
အမေ နောက်မှစားမယ်"
ချိုင့်တွေကိုဖွင့်ကာ
ထမင်းဝိုင်းပြင်ပေးပြီး အမေက
မလတ်ထိုင်နေသည့်ခုံ အနောက်ကနေ
သူ့ကိုမျက်ရိပ်ပြသည်။
သူ အတတ်နိုင်ဆုံး မျက်နှာကိုပြင်
လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင်
နေလိုက်လျက် မလတ်ပန်းကန်ထဲကို
ဟင်းထည့်ပေးလိုက်ပြီး။
"ကြက်အချိုချက် အဖေချက်ထားတာ
စားကောင်းမဲ့ပုံပဲ"
"အေး ဟုတ်တယ်။များများစား နေနေ"
သူထမင်းတစ်လုပ်အရင်စား လိုက်ပြီး
မလတ်ကို မသိမသာ ကြည့်နေရသည်။
မလတ်က ဖြည်းဖြည်းချင်းစားနေတယ်
နှစ်လုတ်သုံးလုပ်အထိ ကောင်းကောင်းဝင်ပေမယ့် နောက်တစ်ဇွန်းမှာ ရင်ဘတ်
ကိုဖိပြီး သက်ပြင်းချကာ ငြိမ်သွားသည်။
" ဝင်သလောက်ပဲစား ဘာမှမဖြစ်ဘူး
သမီး"
အမေက မလတ် ကျောပြင်ကို ပွတ်ပေးလျက် သူကတော့ မလတ်ကိုကြည့်ရင်း ထမင်းဆက်မစားနိုင်။
သုံးလေးရက်အတွင်းမှာပင် မလတ်
အတော်လေးပိန်ကျသွားပြီးကင်ဆာဆေးတွေသောက်နေရသည့်ဒဏ်ကို စတင်
ခံစားနေရပြီဖြစ်သည်။ နေမကောင်းကလည်းဖြစ်ထားသေးတယ်။ အထူးသဖြင့်အစာမဝင်တာပင်။
" ထမင်းစားမကောင်းရင် ကြေးအိုး
စားမလား မလတ် သားမှာပေးရမလား"
"ပါးစပ်ပျက်နေတယ်ထင်တယ် ဘာ
မှမစားချင်ဘူး"
မျက်နှာမှာ အပြုံးတစ်ခုဆင်လျက်ပင်မလတ်က ထမင်းဖြူတွေကိုပဲ ဒီအတိုင်း နည်းနည်းချင်းစီဝင်သလောက် စားနေသည်။
" ဆေးရုံမှာ ထမင်းစားလို့မကောင်းဘူး
အိမ်ပြန်ရောက်မှ တဝကြီးပြန်စားရမယ်
နင်ပဲစားလိုက်တော့မောင်လေး"
မလတ်ရဲ့ အသံခပ်တိုးတိုး။
မလတ်ရဲ့ အနောက်မှာရပ်နေတဲ့
အမေက မျက်နှာမကောင်းဖြစ်နေလျက်
ပိုက်ဆံအိတ်ကိုယူကာ။
"အမေအောက်ဆင်းပြီး ရေသန့်သွား
ဝယ်လိုက်ဦးမယ် ဘာမှာကြအုံးမလဲ"
" မမှာတော့ဘူး"
"နေနေ သားအစ်မကို ထမင်းစားပြီးရင် ensure တခွက်ဖျော်တိုက်လိုက်နော်"
"ဟုတ်"
"အမေသွားပြီ'"
အခန်းတခါးပိတ်ပြီး အမေထွက်
သွားတာနဲ့ မလတ်ကလည်း ကုတင်ပေါ်
ကိုထသွားဖို့ပြင်နေတာမို့ ဆေးသွင်း
ထားတာကို နေရာတကျဖြစ်အောင်
ကိုင်လာ ပေးရသည်။
"ensure သောက်တော့မလားမလတ်"
" အဲဒါကြီးကလည်းအရသာကမရှိနဲ့
မသောက်ချင်တော့ဘူး"
"တစ်ခွက်တော့ သောက်မှရမယ်မလတ်"
"အေးပါ နင်ထမင်းအရင်စားလိုက် နေနေ"
"ဟုတ် သား ထမင်းစားပြီးရင်ဖျော်
ပေးမယ်နော်"
"အေး"
မလတ်ကို စောင်ခြုံပေးပြီး
သူ စားပွဲမှာလာပြန်ထိုင်နေလိုက်သည်။
မျက်လုံးတွေပိတ်ကာ စောင်ခြုံပြီးနံရံ
ဘက်လှည့်ကာလှဲလိုက်တယ့်မလတ်ကို
သူဘာမှမပြောဖြစ်တော့သလို ဗိုက်
ပြည့်ဖို့အတွက်
စားချင်စိတ်မရှိပေမယ့် အဖေထည့်
လာပေးသည့် ထမင်းကို ကုန်အောင်စားလိုက်သည်။
ထမင်းချိုင့်တွေကို ပြန်သိမ်းနေရင်း
အောက်မျက်ခမ်းတွေစပ်လာတာမို့ လက်ဖမိုးနဲ့ မျက်လုံးနှစ်ဖက်ကိုဖိ
သုတ်လိုက်ရသည်၊။ အမေဘာဖြစ်လို့ အခန်းအပြင်ထွက်သွားတာလဲဆိုတာ
မလတ်လည်း သိနေပါလိမ့်မယ်။
-------------------------
ဒီကနေ့နေ့လယ်မှာ
မလတ်ကို ခွဲစိတ်မယ့်dateကိုသူ
တို့ကို တာဝန်ခံ ဆရာဝန် ကအကြောင်း
ကြားလာခဲ့ပြီ။
ဆရာဝန်မကြီးလက်အောက်က ဂျူတီ
ကျတဲ့တာဝန်ခံဆရာဝန်နဲ့ အမေနဲ့ကိုလေး စကားသွားပြောအပြီးကိုလေးက
အမေ့ကိုသွားခိုင်းလိုက်ကာ တာဝန်ခံဆရာဝန်ကိုသူတယောက်ထဲ
ခွဲစိတ်မှုက အပြီးအစီးဆိုရင် ဘယ်
လောက်ကုန်ကျနိုင်သလဲမေးကြည့်ခဲ့သည်။
ခွဲစိတ်မှုနဲ့တင်မပြီးသေး ခွဲစိတ်ပြီး
သွားရင်တစ်လတစ်ခါ ကင်ဆာဆေး
ဆေးရုံမှာ လေးလပြည့်တဲ့အထိလာသွင်းပေးရအုံးမည်။တစ်လုံးကိုအမြင့်ဆုံး
ကသိန်းချီရှိသည်။အခန်းခ နဲ့ဆေးဖိုး
တွေပါ အားလုံးပေါင်းလိုက်ရင်တော့ ကင်ဆာဖြစ်ပြီဆိုတာနဲ့ လက်ထဲမှာ
အထုပ်လိုက်ပိုက်ထားကာမှပင်တော်
ရာကျမည်။
မလတ်ကို သူတို့မိသားစုအားလုံး ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး
ဘာမှမပြောပြထားပဲနဲ့ ခွဲစိတ်ဖို့အတွက် အဆင့်သင့်ဖြစ်အောင်သာနေဖို့
တိုက်တွန်းထားသည်။
အချိန်က ညနေစောင်းနေလေပြီ။
နေ့လယ်ထဲကနေ ဆေးရုံကထွက်
သွားတဲ့
ကိုလေးဖုန်းဆက်လာတာမို့သူ
ဆေးရုံအောက်ကိုဆင်းကာ အပြင်
ထွက်ပြီး စောင့်နေဖြစ်သည်။
သူစောင့်နေတာ သိပ်မကြာခင်ပင်
ကိုလေးဆိုင်ကယ်က ဆေးရုံထဲကို
ဝင်လာခဲ့သည်။ ဆိုင်ကယ်စတန်းမှာ
ကိုလေးရပ်ပြီး သူရှိရာကို လျှောက်
လာနေတဲ့ကိုလေးကို နေစင်ဟန် အလောတကြီးနှင့်ပင်။
" ကိုလေး ပိုက်ဆံ ရခဲ့ပြီလား"
" ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး
နေနေ ။ငါ့ သူဌေးဆီကနေ အသည်း
အသန်တောင်းတာတောင် ငါးသိန်း ပဲရခဲ့တယ်နောက်ငါးသိန်းကငါစုထားတာ
။ငါလည်း ကြိုးစားပြီးရှာပါတယ်"
ပလတ်စတစ်အိတ်နှင့်ပတ်ထားသည့် ပိုက်ဆံထုတ်ကို ကိုလေးလှမ်းပေးလာ
ချိန် သူ့စိတ်ဓါတ်တွေ ထိုးကျသွားရသည်။
ဆယ်သိန်းရခဲ့တယ်။ဒီပိုက်ဆံနဲ့
အခန်းခရှင်းရုံလောက်ပဲရမည်။
" မင်းအဖိုးနဲ့အဖွားကတော့ ဘယ်မှာမှ အဆင်မပြေရင်သူတို့မှာ ရှိတဲ့ ပစ္စည်း
တွေကိုယူပြီးငွေရအောင်လုပ်လိုက်လို့
မှာခဲ့တယ်။ ဒါပေမယ့်မင်းသိတဲ့အတိုင်း
ပဲ အဖိုးနဲ့အဖွားက အသက်ကြီးနေပြီ
သူတို့မှာလည်း လူကြီးရောဂါ ကိုယ်
စီနဲ့။ ငါတို့ကမြေးတွေဖြစ်ပြီးပေး
ရမဲ့ဟာကိုလူကြီးတွေဆီကနေ ဘယ်လိုပြန်ယူလို့ရမှာလဲ"
ကိုလေးက သူ့ခေါင်းက ဆံပင်တွေကို ဆွဲကိုင်လိုက်ပြီး စိတ်ညစ်နေဟန်နှင့်။
" အဖေနဲ့အမေကိုပြောပြီး အိမ်ဂရမ် သွားပေါင်ထားလိုက်ရင်ရော နေနေ"
"ဗျာ"
" ဒီတစ်နည်းပဲရှိတော့တယ်"
" ကျွန်တော် စဉ်းစားလိုက်ပါဦးမယ်"
စိတ်ညစ်စွာပင် သူအဖြေပြန်ပေးလိုက်
ရချိန် ကိုလေးက သူ့ပုခုံးကိုကိုင်ကာ
" မပြန်ခင် မင်းအစ်မကိုဝင်ကြည့်
လိုက်အုံးမယ်"
ကိုလေးကို သူ့လက်ထဲက ဝင်ခွင့်ကတ် ပေးလိုက်ရပြီးသူကတော့ ဆေးရုံ
အပြင်မှာပဲ သက်ပြင်းချမိကာ
ထိုင်စရာရှာ၍ ထိုင်နေဖြစ်သည်။
ကိုလေးတက်သွားပြီး သိပ်မကြာခင်
ပင်အမေက ဖုန်းဆက်လာသည်။
" ဘာဝယ်ခိုင်းမလို့လဲအမေ"
" မင်းအမ ဆေးရုံအတင်းဆင်းမလို့
လုပ်နေတယ်သား ကိုလေးလည်းပြော
မရဘူး။အခုကိုလေးဆင်းလာမယ် သားတက်လာခဲ့လိုက်"
"ဗျာ"
အမေဖုန်းချပြီး သိပ်မကြာခင်ပင်
ကိုလေးပြန်ဆင်းလာသည်။
ကိုလေးကို ဘာမှမပြောတော့ပဲကတ်
ပြန်ယူကာ အဝင်ကအစောင့်တွေကို
မြန်မြန်ပြပြီး ဆေးရုံတတိယထပ်ကို
သူ တက်လာခဲ့လိုက်သည်။
အခန်းထဲရောက်တာနဲ့အဝတ်အစား
ပြောင်းကာ ဆံပင်စီးနေတဲ့မလတ်ကို
တွေ့လိုက်ရသည်။
အမေကတော့ စားပွဲခုံမှာ လက်
ထောက်ထားကာငိုနေသည်။
အမေငိုနေတာတောင်။
သူအလျင်အမြန်ပင် မလတ်အနားကိုသွား၍။
"မလတ် ဒါဘာလုပ်နေတာလဲ"
" ငါအိမ်ပြန်မယ်"
" ဘာတွေပြောနေတာလဲ အိမ်ပြန်လို့
မရသေးဘူးလေ မလတ် ခွဲရအုံးမှာလေ
ကုတင်ပေါ်ပြန်လှဲနေနော် မလတ် နော်
သားကို ချစ်တယ်မလား သားတောင်း
ပန်ပါတယ် "
" ငါ့ကိုယ်ငါသိတယ် နေစင် ဆရာဝန်
တွေကတော့ ဒီလိုပဲ ခွဲလိုက်ရင်ကောင်း
သွားမှာ လို့ပဲပြောမှာပဲ။ ကင်ဆာဆိုတာ
မျိုးက ထပ်မပွားအောင်ပဲလုပ်လို့ရမှာ ဘယ်တော့မှအပြီးမပျောက်ဘူး။
မြန်မြန်သေတာနဲ့ နောက်ကျမှသေတာ
ဒါပဲကွာတယ်။ ခွဲပြီးမှ ရောဂါပိုဆိုး
သွားတဲ့သူတွေကိုနမူနာယူ"
" မလတ် ဘာတွေပြောနေတာလဲ
အဖေနဲ့အမေ့ကိုမသနားဘူးလား
မဟုတ်တာတွေပြောနေတာကိုရပ်ပြီး
ကုတင်ပေါ်မှာ ပြန်လှဲနေ"
" ငါလူနာမဟုတ်ဘူး။ ငါအိမ်ပြန်ပြီး သီလရှင် အပြီးဝတ်မယ် ပြန်ထွက်ချင်မှလည်းထွက်တော့မယ် အဖေနဲ့အမေ့ကို အပ်ခဲ့တယ်ငါ့မောင်လေး"
"မလတ် အဲဒီလိုမလုပ်ပါနဲ့။အမေ
သေသွားတာကိုမြင်ချင်နေတာလား။
စရိတ်စခကြောင့်ဆိုရင် ဘာမှပူစရာ
မလိုဘူး ကိုလေးက သူ့သူဌေးဆီကနေ ကုန်ကျမယ့်စရိတ် အားလုံးကိုယူလာခဲ့
ပြီ။သူ့သူဌေးကလည်း ကျန်းမာရေးမို့လို့ အေးအေးဆေးဆေးပဲ ပြန်ဆပ်တဲ့။ တစ်ဘက်ခါဆိုရင်မလတ်ခွဲလို့ရပြီ"
သူဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပါ။
မလတ်ရဲ့ လက်နှစ်ဖက်ကိုကိုင်ပြီး မျက်ရည်ကျကာပင် တောင်းပန်ရသည်။
"ငါ့ကို မသနားရင်တောင်နင့်အဖေကို
သနား သူဇာဟန်ရဲ့စကားနားထောင်။
နင်တစ်ခုခုဖြစ်ရင် နင့်အဖေအရင်သေ
မှာ အဲဒါကိုနင်မှတ်ထား "
အမေက အနားရောက်လာကာအသံ
ကျယ်ဖြင့်ပြော၍ သူ့ရင်ဘတ်ကိုသူ
အကြိမ်ဖန်များစွာထုနေသည်။
မလတ်ကလည်း မျက်ရည်တွေဝဲ
နေလျက် စတင်ပြီးငိုပြီးသူ့ရင်ဘတ်
ကိုထုနေတဲ့အမေ့လက်ကိုသွားဆွဲတော့သည်။
"အမေ အဲဒီလိုမလုပ်ပါနဲ့"
အမေ ရှိုက်ငိုနေတာမြင်တော့မလတ်ကလည်း ခန္ဓာကိုယ် တုန်ရီသည်အထိ
ငိုနေကာ
"လုပ်မယ် နင်ငါ့ကိုသေအောင်သတ်နေတာ နင်ငါသေတာကိုမြင်ချင်နေတာမလား"
"အမေ့!!"
"မလတ် မလတ်"
အမေ့ကိုဆွဲနေရင်း မလတ်က အမော
ဖောက်ပြီးရှော့ရသလို ပါးစပ်ဟပြီး ခန္ဓာကိုယ် တောင့်တင်းသွားသဖြင့်
မလတ်ကိုအမေနဲ့ ထားခဲ့ကာ တာဝန်ခံဆရာဝန်ကိုသူ ပြေးခေါ်လိုက်ရသည်။
တာဝန်ခံ
ဆရာဝန်က ရောက်လာတာနဲ့မလတ်ကိုစမ်းသပ်ပြီးသွေးပေါင်ချိန်တိုင်းကာ ချက်ချင်းပင်ဆရာမတွေနဲ့မလတ်ကို အောက်ဆီဂျင်ပေးလိုက်သည်။
ဖြစ်ခဲ့တာတွေကို သူ့နဲ့အမေကလိုအပ်သလောက် တာဝန်ခံဆရာဝနိကိုပြောပြရပြီး ဆရာဝန်က
လူနာကို အတက်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားပါလို့မှာပြီး
မလတ်အခြေအနေငြိမ်မှပြန်ထွက်သွားသည်။
အောက်ဆီဂျင်ပိုက်တက်ကာရှုနေ
ရတဲ့မလတ်ရဲ့လက်
ကိုသူကိုင်ထားလိုက်ပြီး မောင်မနှစ်
ယောက် တစ်ယောက်လက်ကိုတစ်
ယောက်ကိုင်ထားကာ အမေနဲ့သူမလတ်အနားကနေ တဖဝါးမှ မခွာဖြစ်တော့ပါ။
မလတ် အခြေအနေ ပြန်တည်ငြိမ်သွား
ပြီးညရောက်တော့ ဆရာမလေးတွေကအောက်ဆီဂျင်ပြန်ဖြုတ်လိုက်ကာ ဒီည
သူတို့ မောင်နှမနှစ်ယောက် ဆေးရုံ
ကုတင်ပေါ်မှာ မအိပ်ပဲ ငယ်ငယ်ကအကြောင်းတွေညနက်တဲ့အထိ ပြော
ဖြစ်ကြကာ အမေနဲ့သူ တစ်ညလုံး
သေချာမအိပ်ပဲ မလတ်ကို စောင့်
ကြည့်နေခဲ့ရသည်။
မလတ်ကအဖေ့ကိုသူအောက်ဆီဂျင်
ရှုလိုက်ရတာ မပြောပြပါနဲ့လို့တားမြစ်
တော့ ညဘက်အဖေ ဆေးရုံကိုထမင်း
ချိုင့်ပို့ရောက်လာတဲ့အချိန်အဖေ့ကို
အပြင်ကကိုလေးနဲ့ပဲ
ပေးတွေ့ပြီး မလတ်အိပ်နေပြီလို့ပြော
ကာဒီနေ့သူ့သမီးနဲ့ပေးမတွေ့တော့ပဲပြန်ခိုင်းလိုက်သည်။ဒီနေ့ညကိုလေးကိုတော့ အကြောင်းတခုခုဆိုရင် ဆေးရုံမှာ
အသင့်ရှိနေရအောင် အိမ်မပြန်ပဲ
ဆေးရုံအောက်မှာပဲ အပင်ပန်းခံပြီး
မအိပ်ပဲ စောင့်နေပေးခဲ့သည်။
-----------------
နောက်တစ်နေ့မနက် ရောက်တော့
ဆရာဝန်မကြီးroundထပ်လှည့်ကာ
မလတ်အခြေအနေကိုကြည့်ပြီးမနက်
ဖြန် ခွဲဖို့အတွက် မှာစရာရှိတာတွေကိုမှာ
သွားသည်။
ဆေးရုံအပြင်မှာ သူနဲ့ကိုလေး မနက်စာ
ထွက်စားပြီးအမေ့အတွက်ပါဆယ်ဝယ်
လာကာ ဆေးရုံပြန်လာခဲ့သည်။
ဆေးရုံအောက်ရောက်တော့ ကိုလေးက
သူ့လက်ထဲက မုန့်ဟင်းခါးပါဆယ်ထုပ်
ကို ယူလိုက်ပြီး။
" မင်းအစ်မကိုငါဝင်ကြည့်လိုက်ဦးမယ်
ခဏနေကျမှ အမေ့ကိုခေါ်ပြီး
တူတူပြန်ဆင်းလာမယ် အဲ့ကျမှ
မင်းပြန်တက်သွားတော့"
"ဟုတ်"
ကိုလေးတက်သွားမလို့အလုပ်
"ကိုလေး"
သူပြန်ခေါ်လိုက်တော့ ကိုလေးကပြန်
ကြည့်လာလျက်။
" ဒီနေ့မှသွားရင် ပိုက်ဆံကချက်ချင်းရမှာသေချာလား"
"သေချာတယ် အဲဒါတော့မပူနဲ့။သူက ဒီအလုပ်လုပ်တဲ့သူမို့ပိုက်ဆံကရှိပြီးသား
ဂရန်ပေးလိုက်ရင်ရပြီ"
သူခေါင်းညိတ်ပြလိုက်တော့ ကိုလေးက ကတ်ပြကာဆေးရုံအထဲကိုဝင်သွားသည်။
ပိုက်ဆံက ဒီရက်ပိုင်းအတွင်းချက်ချင်း
ရမှဖြစ်တော့မည် ခွဲခန်းထဲကပြန်ထွက်
တာနဲ့ ကုန်ကျစရိတ်ကို ရှင်းရတော့မှာလေ။
ကိုလေးနှင့်သူ မနက်စာစားရင်းအားလုံး တိုင်ပင်ပြီးသွားပြီ။ ကိုလေးကမလတ်
ကို ဝင်ကြည့်ပြီးရင်အမေ့ကို ခေါ်ပြီး
အိမ်ပြန်ကာဂရန်ယူပြီး အပေါင်ထား
လို့ရမည့်သူဆီကိုသွားမည်။
သူတယောက်ထဲ ဆေးရုံမှာမလတ်ကို
စောင့်နေရမည်။အရမ်း အကင်းပါးတဲ့ မလတ်ကို အမေအိမ်မှာပြန်နားတယ်လို့ ယုံကြည်အောင်ပြောရမှာက သူ့တာဝန်။
ဝင်ပေါက်က ဆေးရုံအစောင့်နှင့်လည်း
ခင်နေပြီမို့လို့ ခုံတစ်လုံးတောင်းကာ
သူထိုင်စောင့်နေချိန်အဖေ မောင်းတဲ့
ကားက ဆေးရုံထဲကိုဝင်လာသည်။
အဖေလည်း ဒီရက်ပိုင်းအတွင်း
တော်တော်လေးကိုပိန်ကျသွားသည်။
ပိုဆိုးတာက အင်ကြင်းမိဘတွေက
လပိုင်းအတွင်း
ဒီကားကိုရောင်းတော့မှာမို့ အဖေ အလုပ်လက်မဲ့ဖြစ်မှာကိုပူပင်နေရခြင်း
ပင်။ ဘာလို့ များကံဆိုးမှုတွေက သူတို့မိသားစုအပေါ် တချိန်ထဲဝင်လာရတာလဲ။
ကားပါကင်မှာ
အဖေကားရပ်လိုက်တော့ သူအဖေ့ကို
ကြိုဖို့ ထိုင်နေရာကနေထကာ အသွား
ကားထဲကနေ ချိုင့်ဆွဲပြီးထွက်လာတဲ့
အဖေက တစ်ဖက်ကကားအကောင်း
စားကနေ ထွက်လာတဲ့ လူကြီးတစ်
ယောက်ကို တိုက်မိသွားသည်။ချိုင့်ကဟင်းရည်တွေကလည်း အဲဒီ့လူကြီးရဲ့
အင်္ကျီအပေါ်ဖိတ်စင်သွားလျက်။
" လူတယောက်လုံးကို မမြင်ဘူးလားခင်ဗျား"
" တောင်းပန်ပါတယ် ကျွန်တော်
တောင်းပန်ပါတယ်ခင်ဗျ"
" အဲ့လိုလွယ်လွယ်နဲ့တောင်းပန်လို့ရ
မလား ညစ်ပတ်တဲ့ခင်ဗျား ဟင်းရည်
တွေ ကျုပ်အင်္ကျီမှာပေကုန်ပြီ"
" တကယ်တောင်းပန်ပါတယ်မိတ်ဆွေ ကျွန်တော်ပြန်သုတ်ပေးပါ့မယ်"
အဖေက အဲဒီလူ ကိုရိုကျိုးစွာ တောင်း
ပန်ကာ သူ့အင်္ကျီအိတ်ကပ်ထဲကနေ လက်သုတ်ပဝါကိုထုတ်ကာ
အဲဒီလူရဲ့ ဟင်းရည်ပေသွားတဲ့နေရာ
ကိုလက်တုန်တုန်ရီရီနဲ့သုတ်ပေးလိုက်သည်။
ဒါပေမယ့်အဲဒီလူကြီးက ဒေါသထွက်
နေသည့်ဟန်နှင့် အဖေ့လက်ထဲက
လက်သုတ်ပုဝါကိုယူပြီး မြေကြီး
အပေါ်သို့ ပစ်ပေါက်လိုက်သည်။
"ဖယ်စမ်းပါ ညစ်ပတ်တဲ့လက်သုတ်
ပဝါနဲ့ကျုပ် အင်္ကျီကိုမထိနဲ့"
အဖေ့ကိုအော်ဟစ်သွားကာ အဲဒီလူကြီး
က သူအရှေ့ကနေဖြတ်သွားပြီး ဆေးရုံ
ထဲသို့ဝင်သွားသည်။
အမေလျှော်ဖွတ်ပေးထားတဲ့မြေကြီး
ပေါ်က လက်သုတ်ပဝါကို အဖေကပြန်ကောက်လိုက်ပြီး ဖုန်သုတ်ကာ
အင်္ကျီအိတ်ကပ်ထဲသို့ ပြန်ထည့်
လိုက်သည်။
အဖေဒီဘက်လှည့်လာတော့သူ
အဖေမမြင်အောင်ဘေးကကားနဲ့ကာ
လိုက်ပြီး ဝမ်းနည်းမှုကြောင့် မျက်ရည်
တွေအတားအစီးမရှိ ကျလာရတော့သည်။
သူတို့မောင်နှမတွေကိုသိပ်ချစ်တဲ့အဖေ မိသားစုအတွက်ထောက်တိုင်ပမာရှေ့ကနေရပ်ပေးခဲ့တဲ့အဖေ။
အခုတော့အဖေ့ရဲ့သောကတွေက
မျက်နှာပေါ်မှာထင်ဟပ်နေပြီး လူတစ်ယောက်ကို ဦးညွန့်နေတယ့်ပုံစံက
သူ့အတွက် လွန်စွာကြေကွဲရသည်။
ဒီလိုအချိန်မှာ မိသားစုအတွက်
ဘယ်နေရာကမှ အသုံးမဝင်တဲ့ သူ့
ကိုယ်သူပဲ အမုန်းကြီးမုန်းမိသည်။
မလတ် ဆေးရုံစရိတ်အတွက် အိမ်ဂရမ်ပေါင်ရမယ်။ ပြီးရင်ရော အတိုးကပုံမှန်ပေးနိုင်မှာလား အိမ်ဂရမ်ကိုဘယ်လိုပြန်ရွေးမှာလဲ။သူတို့ ဘယ်လိုရှေ့ဆက်မလဲ။
လက်သီးကို ခပ်တင်းတင်းဆုပ်မိကာ
မျက်လုံးကိုဆုံမှိတ်လိုက်မိချိန် သူ့ရဲ့ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရကာ
မလတ်ရှိနေသည့် ဆေးရုံဝအဆောက်
အဦးကို မော့ကြည့်လိုက်မိသည်။
အမေ့ကိူဖုန်းဆက်နေတဲ့
အဖေမမြင်အောင် ကားပါကင်ကနေ
အမြန်ထွက်လာခဲ့ပြီး ဝင်ခွင့်ကတ်မ
ရှိတာမို့ ဝင်ပေါက်က
အစောင့်တွေရဲ့အလစ်ကိုစောင့်ကာ
သူ့ဆေးရုံအထဲသို့ အမြန်ဝင်လာခဲ့လိုက်သည်။ ဓါတ်လှေကားနဲ့ သုံးထပ်ကိုအမြန်တက်ကာ ကိုလေးအနာက်ကိုလိုက်သည့်
သူ့ခြေလှမ်းတွေက မြန်ဆန်နေသည်။
ရင်ဘက်တစ်ခုလုံးကလည်း မောဟိုက်
မှုနှင့်အတူ လက်တွေကအေးစက်လျက်။
ကော်ရစ်ဒါကိုကွေ့အပြီး မလတ်
အခန်းရှေ့မှာ တံခါးဖွင့်ဖို့ပြင်နေသည့်
ကိုယ်လေးကိုအချိန်မှီစွာနှင့်ပင် တွေ့
လိုက်ရသည်
"ကိုလေး"
ကတ်မပါပဲ သူဝင်လာတာကို ကိုလေးက အံ့ဩနေပုံနှင့်
" ဘာဖြစ်လို့လဲနေနေ ဘယ်လိုဝင်လာတာလဲ"
" အမေ့ကိုမပြောနဲ့တော့"
"ဘာ"
" အိမ်ဂရမ်ပေါင်မဲ့အကြောင်း အမေ့ကိုမပြောနဲ့တော့ မလတ်ကို ဒီအတိုင်းဝင်ကြည့်လိုက် အောက်မှာအဖေလည်းရောက်နေတယ်"
" နောက်ဘယ်လိုလုပ်မှာလဲ မင်းအစ်မ
ဆေးဖိုး"
" ကျွန်တော်ရှာပေးမယ်"
"ဘာ"
" ကျွန်တော် ရအောင်ရှာခဲ့မှာမို့ အခန်း
ထဲဝင်ပြီးကျွန်တော့် ဖုန်းကို
ယူခဲ့ပေး"
" ဒီလောက်ပိုက်ဆံအများကြီးကို မင်းဘယ်လိုရှာမှာလဲ နေစင်ဟန်"
သူ့နာမည်အရင်းကို အသံမာမာနဲ့ ခေါ်ပြီး
ပြောတဲ့အထိ အံ့သြနေတဲ့ကိုလေးကိုကြည့်ရင်းသူဆုံးဖြတ်ချက်ကြီးတစ်ခုကိုချ
လိုက်သည်။
---------------------
"ဘာလဲ မကိုင်ရင်ဆက်မခေါ်ရဘူး
ဆိုတဲ့အခြေခံသဘောတရားကိုမင်းနား
မလည်ဘူးလား"
သုံးခါမြောက် ဆက်တိုက်ခေါ်မှပင်
ဖုန်းကိုင်လာပြီး ပင်ကိုမာကျောနေတဲ့အသံ။
" မင်းအခုဘယ်မှာရှိနေလဲ ငါ့ကိုမင်းနဲ့
ခဏလောက်တွေ့ခွင့်ပေး"
" ငါနဲ့တွေ့ချင်တိုင်း တွေ့ခွင့်ရအောင်
မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ"
" ငါတောင်းဆိုတယ် ဗျူဟာပိုင်"
တစ်ဖက်က ဖုန်းချသွားပြီး သူဘာလုပ်
ရမှန်းမသိ ဖြစ်နေစဉ်မှာပင်
တော်တော်လေးကြာမှ ဗျူဟာပိုင်
သူရှိနေတဲ့နေရာကို မက်ဆေ့ပို့လာသည်။လိပ်စာကိုရသည်နှင့်သူ ဘာမှထပ်ပြီး
မစဉ်းစားတော့ပဲ ဆိုင်ကယ်ကိုမောင်းကာ ဆေးရုံဝင်းအထဲကနေ ထွက်လာခဲ့လိုက်သည်။
--------------------
နေစင်ဟန် လိပ်စာထဲက ဟိုတယ်ကို
ရောက်တော့ ဗျူဟာပိုင်ကို ဖုန်းဆက်လို့မရ၊။ဝင်ပေမဲ့မကိုင်။
ဒီဟိုတယ်က သူတို့မိသားစုပိုင်တဲ့
ဟိုတယ်ပင်။
receptionက အမတွေကိုမေးပေမယ့်လည်း ဥက္ကဌရဲ့မြေး ဗျူဟာပိုင်ရှိနေတယ်
ဒါပေမယ့်သူဘယ်မှာလဲအခန်းကဘယ်မှာလဲဆိုတာပြောပြလို့မရဘူးဆိုပြီးသူ့ကို
နှင်နေသည်။
သူအတင်းပြောမှဖုန်းဆက်ပေးပြီး
ခဏစောင့်ဆိုပြီးပြောပေမဲ့ ဘယ်သူ
မှရောက်မလာ။
ပညာအပြခံနေရပြီဆိုတာသူသိပေမဲ့
စိတ်ရှည်ရှည်နှင့်ပင် receptionမှာ
ဗျူဟာပိုင်ကို မတွေ့ရမခြင်းမပြန်ဘူး
ဆိုပြီးထိုင်စောင့်နေလိုက်သည်။
အတော်လေးကြာမှပင် ဟိုတယ်
ဝန်ထမ်းအစ်ကိုတစ်ယောက်က
သူ့ကိုလာတွေ့သည်။
"လိုက်ခဲ့ပါ"ဟူ၍ လိုရင်းပင်ပြော
သွားသည်မို့သူအမြန်ထကာ
အနောက်ကနေအမြန်လိုက်ရသည်။
ထိုသူကသူ့ကိုအအပေါ်မတက်ပဲနဲ့
ဟိုတယ် အထဲဘက်ကနေသွားရသည့်
နေရာဆီကနေမှရောက်သည့် ရေကူး
ကန်ဆီခေါ်လာခဲ့သည်။
နေစင်ဟန် ရောက်တော့
ရေကူးကန်ထဲမှာ တစ်ယောက်တည်း
ရေကူးနေတဲ့ ဗျူဟာပိုင် ။ အပေါ်ပိုင်းကအင်္ကျီမပါ။ ဟိုတယ်အပြင်ဘက်မှာလည်းရေကူးကန်ကြီးရှိပြီ းဒီအထဲကprivateဆန်တဲ့ ရေကူးကန်က
ဗျူဟာပိုင် ရောက်နေတော့ဘယ်သူ့
ကိုမှဝင်ခွင့်မပေးထားပုံပင်။
သူအနီးအနားမှာရပ်၍သာ ဗျူဟာပိုင် ရေကူးလို့ပြီးမယ့်အချိန်ထိ ရပ်စောင့်နေလိုက်သည်။
ဗျူဟာပိုင်က သူ့ကိုလှမ်းမြင်သွားသော်လည်း ဂရုပြုဟန်မပြဘဲ ရေထဲ
ခေါင်းငုံ့ချလိုက်ကာ ဆက်လက်၍
ရေကူးနေသည်။
ဒီလောက်ကြီးတဲ့ ရေကူးကန်က ဒီနေ့
ဧည့်သည်တွေကို ခွင့်ပြုထားပုံမရပဲ
သူတယောက်ထဲ အပိုင်စားရထားသည်
အထိ ဒီကောင့်ပါဝါက တော်ရုံတော့
မဟုတ်။အင်းလေ သူ့မိဘတွေပိုင်တော့
သူပိုင်တာပဲပေါ့။ဒါက သူဌေးသားသမီး
တွေရဲ့ အပန်းဖြေနည်းတမျိုးလား။
ဒါပေမဲ့ ဗျူဟာပိုင်ကလည်းprivate
ဆန်တယ်လို့ပြောရမှာပင်။ နဂိုသူ့ပုံစံ
ကမာကြောနေပေမယ့် မိဘပိုက်ဆံ
ထိုင်ဖြုန်းနေတာ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတာမျိုးမဟုတ်။ ရည်ရွယ်
ချက်ကြီးကြီးနဲ့အရှေ့ကို သွားနေတဲ့
သူမျိုးပင်။မာနကြီးတာကလည်း သူ့အခြေအနေနဲ့သူပဲဆိုတော့။
အတော်လေးကြာမှရေကူးကန်
အပေါ်တက်လာတဲ့ ဗျူဟာပိုင်ကို
အဆင်သင့်စောင့်နေတဲ့ ဝန်ထမ်းကောင်မလေး တယောက်က bathrobe ကမ်းပေးလိုက်သည်။
ဗျူဟာပိုင်က သူ့ကိုတချက်ကြည့်လာရင်းbathrobeကို ဝတ်လိုက်လျက် သူ့အနားကို လျှောက်လာသည်။
" ဘာကိစ္စလဲ"
" ငါမင်းနဲ့စကားပြောချင်လို့"
" မင်းအခြေအနေက ငါနဲ့စကားပြောချင်တိုင်း ပြောခွင့်ရမယ်လို့ထင်နေ
တာလား"
" ငါတောင်းဆိုပါတယ် ငါမင်းနဲ့အရေးတကြီး ပြောချင်လို့ ခဏလောက်အချိန်ပေးပါ အရင်တစ်ပတ်တုန်းက
မင်းငါ့ကိုပြောထားတဲ့ကိစ္စကို ဆက်ပြီးဆွေးနွေးလို့ရမလား"
" ဘယ်လိုဖြစ်ရတာလဲ မင်းငါ့ကို
ပြောသွားတဲ့ စကားတွေကိုမှတ်မိသေးရဲ့လား "
ဗျူဟာပိုင်ဆီက သူ့အကျင့်အတိုင်းအပေါ်စီးစကားတွေကိုသူ သည်းခံလျက်။
" ငါ့ဆီမှာ အခွင့်အရေးဆိုတာ နှစ်ခါမရဘူး"
" ငါတကယ်တောင်းပန်ပါတယ်
မင်းနဲ့ စကားခဏလောက် ပြောခွင့်ပေးပါ"
သူတစ်ကယ်ပင် အသံကိုလျော့ပြီးတောင်းပန်နေချိန် ဗျူဟာပိုင်က ခြေလှမ်းတွေကို သူ့အရှေ့တိုးလာ၏။
နေစင်ဟန်ရပ်နေတာက ရေကူးကန်
ဘေးမှာ။
"ငါ့ မျက်နှာကို မင်းရေနဲ့ပက်ထည့်
သွားတာမှတ်မိလား"
ရုတ်တရက်ဆန်လွန်းစွာပင်သူ အား
သန်လှသော လက်တစ်ဖက်နဲ့ တွန်းချ
ခံလိုက်ရပြီး ရေကူးကန်ထဲသို့
ပြုတ်ကျသွားရသည်။
ရေမကူးတတ်တာမို့ ရေထဲမှာရယက်ကန်ယက်ကန်နဲ့ ဖြစ် နေပြီး
ခက်ခက်ခဲခဲပင် ဘေးနားကဘောင်
တွေကို လှမ်းကိုင်လိုက်ရသည်။
ဘောင်ကိုကိုင်ကာ အပေါ်သို့ပြန်ရောက်
ချိန် သူ့တကိုယ်လုံး ရေတွေစိုရွှဲနေခဲ့ပြီ။
ယောက်ျားလေးတန်မဲ့ ဝမ်းနည်းမှုက
ပို၍ပင် ဆတိုးလာပေမယ့် သူ့စိတ်ကို
လျှော့ကာ အဆုံးစွန်အထိ သည်းခံဖို့ စဥ်းစားထားသည်
ဗျူဟာပိုင်ကတော့ ထိုင်ခုံမှာထိုင်လျက်
ဝိုင်တစ်ခွက်ကို သောက်နေပြီး
သူအနားရောက်လာတာနဲ့ မျက်နှာ
တည်နှင့်ပင်။
" အချိန်ငါးမိနစ်ပေးမယ် လိုရင်းကိုပြော"
"ငါ...ငါ"
သူ့တစ်ကိုယ်လုံးရေတွေစိုနေကာလွန်စွာချမ်းအေးနေမှုက သူ့စိတ်ကိုမထိုးဖောက်နိုင်။
"ငါ မင်းပြောထားတဲ့ ကမ်းလှမ်းမှုကို
လက်ခံတယ်"
ဝိုင်ခွက်ကိုသောက်နေသည့် ဗျူဟာပိုင်ရဲ့ လက်တွေရပ်တန့်သွားလျက်
သူ့ကိုပြန်ကြည့်လာပြီး။
" ဟုတ်လား မင်းရဲဲ့ဆုံးဖြတ်မှု မှန်ကန်ပါတယ် ဒါပေမယ့် ဘယ်လိုလုပ်မလဲ မင်းကိုယ်မင်း အရမ်းအထင်ကြီးသွားပြီ ဒီကိစ္စအတွက်ငါက မင်းကိုသုံးချင်တဲ့စိတ်
မရှိတော့ဘူး"
" ငါတကယ်တောင်းပန်ပါတယ်
ဗျူဟာပိုင် ငါဘယ်လိုတောင်းပန်မှ
မင်းကျေနပ်နိုင်မှာလဲ"
" မင်းတောင်းပန်တာကို ငါလိုချင်နေ
တာမဟုတ်ဘူး။အပေးအယူဆိုထဲက တစ်ဖက်ကပေးပြီး တစ်ဖက်ကယူ
လိုက်ရင် သူခိုင်းတဲ့အတိုင်းတစ်သွေ
မတမ်း လုပ်နိုင်
မှရမယ် အကျိုးအမြတ်ကို လိုချင်
ရုံနဲ့တော့ ငါ့ကိုလာမတောင်းပန်နဲ့ ။
မင်း လုပ်နိုင်ရဲ့လား "
" ငါလုပ်နိုင်တယ် အဲ့ဒီကိစ္စအတွက်
မင်းဘာပဲခိုင်းခိုင်း
ငါအကုန်လုပ်ပေးမယ်"
" ကြည့်ရတာ မင်းငွေတော်တော်လို
နေတဲ့ပုံပဲ ရက်ပိုင်းပဲရှိသေးတယ်
ဘယ်လိုဖြစ်ရတာလဲ"
သူဘာမှပြန်မဖြေတော့ ဗျူဟာပိုင်က မျက်နှာလွှဲလိုက်လျက်။
" ထားပါတော့ ငါ့ကိစ္စမဟုတ်ဘူး။
အဓိကက ငါခိုင်းတာကိုတသွေမတိမ်း
မင်းလိုက်လုပ်နိုင်ဖို့ပဲ"
ဗျူဟာပိုင်ဆီက
သူခိုင်းတာကိုဆိုသည့်စကားပါလာ
တာနဲ့နေစင်ဟန် ချက်ချင်းပင်။
" ဆန်းဆက်မှူး"
သူ့အသံက အနည်းငယ်တော့ တုန်ရီနေလိမ့်မည်။
"ဆန်းဆက်မှူးကို သူလက်ရှိတွဲနေတဲ့ ကောင်မလေးနဲ့ပြတ်ပြီး ယောကျာ်းလေးချင်း ကြိုက်တဲ့သူဖြစ်သွားအောင်
လုပ်နိုင်ဖို့ပဲမလား မင်းစိတ်ချပါ"
" အဲ့ဒီလောက်လွယ်မယ်ထင်နေလား"
ချက်ချင်းပင် ပြန်ပြောပြီး
ဗျူဟာပိုင်က ထိုင်နေရာမှ သူနဲ့မျက်နှာချင်းဆိုင် မတ်တတ်ရပ်
လိုက်လျက်။
" မင်းရဲ့ရုပ်ခံလေး ရှိရုံနဲ့ဆန်းဆက်
မှူးကိုသွားကပ်လို့
ဆန်းဆက်က မင်းဆီကပ်ပါလာမယ်လို့
ထင်နေလား။ငါ့ညီက အဲဒီလောက်
လွယ်ရအောင် ရေတောင်မရောတဲ့
ကျားစစ်စစ်ဆိုတာ မင်းသိဖို့ကောင်းတယ် "
သူကိုစိုက်ကြည့်လာသည့် ဗျူဟာပိုင်။
" ဆန်းဆက်မှူးက အရမ်းပါးတယ်။
စော်ကြည်သလိုဘဲလည်းကြည်ပေမဲ့
သူ့ကိုလာကပ်တဲ့ ကောင်လေးတွေကို
တောင်အမုန်းမခံပဲသူ့fan ဖြစ်သွား
အောင်အထိ သိမ်းသွင်းနိုင်တဲ့လူရော
ပါးစပ်ရောနပ်တဲ့ ကောင်စားမျိုးပဲ။
စော်တွေဆိုရင် မပြောနဲ့တော့ပေါ့"
" ငါမကြိုးစားကြည့်ရသေးဘဲနဲ့ မင်းဘယ်လိုသိနိုင်မှာလဲ"
" ယုံကြည်မှုတွေ အရမ်းရှိနေပါလား
မင်းကိုကြည့်ရတာ ဒီကမ်းလှမ်းမှုကို
အရမ်းလက်ခံချင်နေတဲ့ပုံပဲ"
လူတဖက်သားကို ဒီကောင်ပြုံးလိုက်
သည့်အပြုံးကပင် ကိုယ့်နေရာကိုယ်
သိဖို့ လုံလောက်စေသည်။
" အဲဒါဆိုရင်လည်း အိုကေလေ
သူ့အနားကပ်ဖို့မင်းသွားပြီးမှ သူ့ဆီက လှည့်စားခံပြီး ပြန်မလာရအောင် ငါကြို
တင်ပြောပြထားတာ။ မင်းသိထားဖို့က
ငါမင်းနဲ့ အပျော်ကစားနေတာမဟုတ်
သလို ပိုက်ဆံပေါလို့
အလကားပေးနေတာ မဟုတ်ဘူး။
ပေးတာကဘယ်လောက်ပဲဖြစ်ဖြစ်
ပေးလို့ရတယ် ငါလိုချင်တဲ့ရလာဒ်တော့
ဖြစ်ပါစေ။ငါ့အချိန်တွေကို ဖြုန်းမယ်
ဆိုရင်တော့ မင်းပြန်ပေးဆပ်ရမှာကို
သိထားဖို့ကောင်းတယ် "
" မင်းကဘယ်လိုအခြေအနေမျိုးအထိ လိုချင်တာလဲ"
သူ့နဲ့ မျက်နှာချင်းဆိုင်နေလျက်ပင်။
" ဆန်းဆက်မှူး မင်းတစ်ယောက်တည်း
ကို အရူးအမူး တန်းတန်းစွဲဖြစ်လာတဲ့
အထိ ယောက်ကျားလေးတစ်ယောက်အတွက်နဲ့ လူရှေ့သူရှေ့ အသိုင်းအဝိုင်း
ရှေ့အထိ အကုန်လုံးကိုစွန့်လွှတ်ပြီး
သူဟာဂေး တယောက်ပါဆိုတာကို
လက်ခံပြီးပြောထွက်ရဲတဲ့အထိ"
ဒီစကားတွေကို တည်တည်ငြိမ်ငြိမ်နဲ့
ပင်ပြောတဲ့ဗျူဟာပိုင်က ဘယ်လောက်
အထိတောင်မှဆန်းဆက်ကိုမုန်းနေတာလဲ။
သူကြိုက်နေတဲ့ကောင်မလေးကိုလု
သွားရုံနဲ့သူ့ရဲ့အငြိုးအတေးထားတဲ့
စိတ်ကကြောက်ဖို့ ကောင်းလွန်းသည်။
" ငါလိုချင်တာကတော့အဲ့တာပဲ"
" ကောင်းပြီ ငါ့ဘက်က မင်းကိုပြန်
မေးချင်တာက အဲဒီအခြေအနေကိုရောက်လာတဲ့အခါကြရင်ငါဘာဆက်
လုပ်ပေးရမှာလဲ"
ဗျူဟာပိုင်က သဘောကျသွားသည့်
မျက်နှာနှင့်။
" အဲဒါကတော့ မင်းအပိုင်းပဲ ဆန်းဆက်
ကို အသည်းခွဲချင်တယ်ဆိုရင်လည်း
ဖြတ်ပစ်လို့ရသလို"
ခဏရပ်လိုက်လျက်။
"ငါ့ညီက ဆွဲဆောင်မှု ရှိတယ်ဆိုတော့
ပြောရရင်မင်းကိုယ်တိုင်လည်း ကြွေရင်
ကြွေသွားလောက်မှာပါ အဲဒီအခါ
မင်းဆက်တွဲချင်တယ်ဆိုရင်ရတယ်
မင်းအပိုင်းပဲ ငါ့အတွက်ကပြဿနာ
မရှိဘူး။ အဓိကက ငါလိုချင်တဲ့
အခြေအနေထိရောက်အောင် မင်း
လုပ်နိုင်ဖို့ပဲ"
" ကောင်းပြီ ငါလက်ခံတယ်။အချိန်
ဘယ်လောက်ရမလဲ"
" အဲဒါကတော့ ဖြစ်နိုင်ရင်မြန်စေချင်
ပေမယ့် ဒီကိစ္စက မင်းအတွက်
သိပ်မလွယ်ကူနိုင်လို့ ဒီ စာသင်နှစ်
တစ်ခုလုံးပေးလိုက်မယ်"
"ငါ့ကို ဖြစ်နိုင်ရင်အခုပဲ သိန်းတစ်ရာလောက်လွှဲပေးလို့ရမလား"
သူဘယ်လိုပြောထွက်သွားလည်းဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသိတော့ပါ။
ဒီအခြေအနေအထိ ရောက်ခဲ့ပြီမို့လို့လဲ
သူ့ရဲ့ ယောက်ျား မာန သူ့ရဲ့ သိက္ခာတွေ
ဆိုတာ လည်း အရေးမပါတော့တဲ့
စက္ကူတစ်ရွက်လို ဖြစ်ခဲ့ပြီပဲ။
။
" ငါ့ညီက အဲ့လောက်ဘဲတန်တယ်ဆိုရင် ရာဇဝင်ရိုင်းသွားမှာပေါ့။ မင်းရဲ့
ဘဏ် အကောက်ထဲကို လုံလုံလောက်လောက်လွှဲပေးလိုက်မယ်
မက်ဆေ့ပို့လိုက် ။ကျေနပ်လား"
သူနှုတ်ဆိတ်နေတော့
ဗျူဟာပိုင်က သူကိုကြည့်ပြီး
အသာပြုံးလျက်။
" အကိုကောင်းတယောက် ပီသအောင်
ငါ့ညီအတွက် ကောင်းကောင်းမွန်မွန်
လေးထဲကတော့ ရှာထားပေးတယ်။
အဲဒီအချိန်ကိုငါမစောင့်နိုင်တော့ဘူး"
သူ့အရှေ့ကနေ ဗျူဟာပိုင်က ထွက်
သွားပြီးဝန်ထမ်းလာထားထားပေးသည့်
ပုဝါတစ်ခုကို သူ့ကို အဝေးကနေ
ပစ်ပေးလာသည်။
"လူမြင်ကောင်းအောင် မင်းကိုယ်ပေါ်က
ရေတွေသုတ်ပြီးမှပြန်"
ဗျူဟာပိုင် ရေကူးကန်ဆီကနေ ထွက်
သွားမှပင် သူ့စိတ်ကိုလျှော့ချကာ
အသက်ကိုရဲရဲရှုရဲပြီး ဝမ်းနည်းမှုက
တကိုယ်လုံးလှိုက်တက်လာရသည်။
ကောင်မလေးချစ်သူရှိနေတဲ့
ယောက်ကျားလေးတစ်ယောက်ကိုဂေး
ဖြစ်အောင်ကြံစည်ဖို့တဲ့ သူ ကိုယ်တိုင်
ရဲ့ဖြစ်တည်မှုကတော့မြူတစ်မှုန်စာ
လောက်တောင် အရေးမပါတော့ဘူး။
ဝဋ်ကြွေးဆိုတဲ့ သဘောတရားကို
သူဟာကောင်းကောင်းကြီး နားလည်သဘောပေါက်တဲ့သူပါ။
ငါတကယ် တောင်းပန်ပါတယ်
ဆန်းဆက်မှူး ငါကျူးလွန်မဲ့အပြစ်တွေအတွက်မင်းအပေါ်ပြန်ပြီးအပြည့်အဝ
ပေးဆပ်ပါ့မယ်။
နေစင်ဟန်ဆိုတဲ့သူဟာတစ်ကယ်ပဲ
မကောင်းတဲ့သူဖြစ်ရတော့မှာပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
" ဘယ္လိုေနေသးလဲ သမီး ေနရထိုင္
ရတာ သက္သာလား"
" သက္သာပါတယ္ ေဒါက္တာ"
" ေခ်ာင္းေရာ ခဏခဏဆိုးေသးလား"
"နည္းနည္း ဆိုးတယ္"
ဆရာဝန္မႀကီးက စိတ္႐ွည္စြာႏွင့္ပင္
roundလွည့္လာတုန္း ကုတင္ေပၚမွာ
လွဲေနတဲ့ မလတ္ကို ေသေသခ်ာခ်ာ
ၾကည့္ေပးေနသည္။
ဆရာဝန္မႀကီးေျပာတာကိုလိုက္မွတ္
ေနတဲ့လက္ေထာက္ဆရာဝန္ေတြနဲ႔အတူလူနာကိုၾကည့္ေနတာမို႔ ေနစင္ဟန္နဲ႔ သူ႕အေမကေတာ့ ကုတင္ေအာက္ေျခမွာသာ
ရပ္ေနရသည္။
" အား႐ွိေအာင္ေန အဖ်ားေတာ့ထပ္
မဝင္ေစနဲ႔ ညဘက္ေတြအိပ္ေပ်ာ္သြားၿပီမလား"
"ဟုတ္ကဲ့"
" အဲဒါဆိုရင္ အဖ်ားေပ်ာက္ေဆး
ျဖဳတ္လိုက္မယ္။ အိပ္ေဆးကေတာ့
တပတ္ေလာက္ ဆက္ေသာက္ထား
မယ္ေနာ္ သမီး ၊ က်န္တဲ့ေဆးေတြက
ေတာ့ ပုံမွန္အတိုင္းပဲ"
"ဟုတ္ကဲ့ ေဒါက္တာ"
ဆရာဝန္မႀကီးက မလတ္ရဲ႕ရင္ဘတ္ကိုစမ္းသပ္ေနတဲ့နားၾကတ္ကို ျဖဳတ္လိုက္ၿပီး လည္ပင္းမွာခ်ိတ္ထားလိုက္သည္။
ၿပီးတာနဲ႔ေနစင္ဟန္နဲ႔ အေမဘက္ကို
လွည့္လာၿပီး။
" အဲဒါဆိုရင္ လူနာက ဖ်ားထားတယ္ဆိုေတာ့ သူအား ျပည့္တဲ့အထိေစာင့္ၿပီး
ကြၽန္မတို႔ တစ္ရက္ ႏွစ္ရက္ေလာက္ေနရင္ ေျပာထားတဲ့အတိုင္းပဲ
အေမတို႔ကိုခြဲမယ့္dateျပန္ အေၾကာင္း
ၾကားေပးမယ္။ၾကားထဲမွာ
လူနာကိုအား႐ွိေအာင္ထားၿပီး
အဖ်ားထပ္မဝင္ေစဖို႔ေတာ့လိုတယ္
က်န္တာကေတာ့အားလုံး အဆင္ေျပပါတယ္"
အေမကေတာ့နဂိုအေနေအးသူမို႔
ဆရာဝန္မႀကီးစကားကို ေခါင္းၿငိမ့္ၿပီး နားေထာင္ေနလ်က္ပင္။
" သမီးက စိတ္မာေတာ့ ခဏေလးနဲ႔ပဲ ေက်ာ္ျဖတ္ႏိုင္မွာပါ။ ကိုယ္ကအသက္
ငယ္ေသးတာပဲ စိတ္ကိုအျမင့္ဆုံးမွာ
ထားေနာ္သမီး။
အဲဒါဆိုရင္ဆရာမကို ခြင့္ျပဳပါအုံး"
မလတ္ကို အားေပးစကား ေျပာသြား
ၿပီးအေမနဲ႔သူ႕ကို ႏႈတ္ဆက္ကာဆရာ
ဝန္မႀကီးက အခန္းထဲကေနထြက္
သြားသည္။
ဆရာဝန္ထြက္သြားတာနဲ႔မလတ္က
လွဲေနရာကေန ထထိုင္လိုက္သည္။
" ထမင္းစားေတာ့မလား သူဇာ"
" စားေတာ့မယ္ အေမ"
မလတ္က စိတ္ျမန္လက္ျမန္နဲ႔ ထေန
ၿပီမို႔သူ ကုတင္အနား အျမန္သြားကာ
ေဆးပုလင္း ခ်ိတ္ထားတဲ့တိုင္ကိုကိုင္ၿပီး စားပြဲဆီသို႔မလတ္ကို ေခၚလာခဲ့ရသည္။
ကုတင္မွာပဲစားဖို႔ ေျပာၾကည့္ေသာ္
လည္းမလတ္ကလက္မခံ။ေပးရတာ
အျမင့္ဆုံးထဲကအခန္းမဟုတ္ေသာ္
လည္း အခန္းထဲမွာစားပြဲပါ႐ွိလို႔ အ
ဆင္ေျပေလသည္။သူတို႔ ေဆး႐ုံ
တက္ေတာ့ ကုန္မဲ့အတူတူေတာ့ပုဂၢလိက
ကိုပဲလာျဖစ္ေတာ့တယိ။
" အေဖထမင္းခ်ိဳင့္ပို႔ၿပီး ျပန္သြားၿပီလား"
" ျပန္သြားၿပီ ဝင္လို႔မွမရတာ။သူ႕သမီး
ကို ညက်မွလာၾကည့္မယ္တဲ့ ညက်မွ
အေမနဲ႔ ဂ်ဴတီခ်ိန္းလိုက္မယ္"
တစ္ခန္းမွာ လူနာ႐ွင္ ႏွစ္ေယာက္ပဲ
လက္ခံသည္မို႔ အေမနဲ႔သူပဲအဓိက ေနျဖစ္သည္။ အေဖနဲ႔ကိုေလးရယ္ကိုေလးမိန္းမရယ္ကေတာ့ခဏပဲ လူလဲကာဝင္
ၾကည့္ၿပီး လိုအပ္တာေတြကို
ေဆး႐ုံေအာက္မွာ လာပို႔ၾကသည္။
"ေနစင္ နင္မနက္ထဲကဘာမွမစား
ရေသးဘူးမလား ထမင္းစားလိုက္ေတာ့"
"မလတ္အရင္စား ကြၽန္ေတာ္ေနာက္မွ
အေမနဲ႔စားလိုက္မယ္"
" ငါအဖ်ားမ႐ွိေတာ့ပါဘူးဟယ္
အတူတူစားလို႔ အဖ်ားမကူးပါဘူး"
" မဟုတ္ဘူး ကြၽန္ေတာ္က"
" မင္းအစ္မနဲ႔ အတူတူစားလိုက္သား
အေမ ေနာက္မွစားမယ္"
ခ်ိဳင့္ေတြကိုဖြင့္ကာ
ထမင္းဝိုင္းျပင္ေပးၿပီး အေမက
မလတ္ထိုင္ေနသည့္ခုံ အေနာက္ကေန
သူ႕ကိုမ်က္ရိပ္ျပသည္။
သူ အတတ္ႏိုင္ဆုံး မ်က္ႏွာကိုျပင္
လိုက္ၿပီး ေပါ့ေပါ့ပါးပါးျဖစ္ေအာင္
ေနလိုက္လ်က္ မလတ္ပန္းကန္ထဲကို
ဟင္းထည့္ေပးလိုက္ၿပီး။
"ၾကက္အခ်ိဳခ်က္ အေဖခ်က္ထားတာ
စားေကာင္းမဲ့ပုံပဲ"
"ေအး ဟုတ္တယ္။မ်ားမ်ားစား ေနေန"
သူထမင္းတစ္လုပ္အရင္စား လိုက္ၿပီး
မလတ္ကို မသိမသာ ၾကည့္ေနရသည္။
မလတ္က ျဖည္းျဖည္းခ်င္းစားေနတယ္
ႏွစ္လုတ္သုံးလုပ္အထိ ေကာင္းေကာင္းဝင္ေပမယ့္ ေနာက္တစ္ဇြန္းမွာ ရင္ဘတ္
ကိုဖိၿပီး သက္ျပင္းခ်ကာ ၿငိမ္သြားသည္။
" ဝင္သေလာက္ပဲစား ဘာမွမျဖစ္ဘူး
သမီး"
အေမက မလတ္ ေက်ာျပင္ကို ပြတ္ေပးလ်က္ သူကေတာ့ မလတ္ကိုၾကည့္ရင္း ထမင္းဆက္မစားႏိုင္။
သုံးေလးရက္အတြင္းမွာပင္ မလတ္
အေတာ္ေလးပိန္က်သြားၿပီးကင္ဆာေဆးေတြေသာက္ေနရသည့္ဒဏ္ကို စတင္
ခံစားေနရၿပီျဖစ္သည္။ ေနမေကာင္းကလည္းျဖစ္ထားေသးတယ္။ အထူးသျဖင့္အစာမဝင္တာပင္။
" ထမင္းစားမေကာင္းရင္ ေၾကးအိုး
စားမလား မလတ္ သားမွာေပးရမလား"
"ပါးစပ္ပ်က္ေနတယ္ထင္တယ္ ဘာ
မွမစားခ်င္ဘူး"
မ်က္ႏွာမွာ အျပဳံးတစ္ခုဆင္လ်က္ပင္မလတ္က ထမင္းျဖဴေတြကိုပဲ ဒီအတိုင္း နည္းနည္းခ်င္းစီဝင္သေလာက္ စားေနသည္။
" ေဆး႐ုံမွာ ထမင္းစားလို႔မေကာင္းဘူး
အိမ္ျပန္ေရာက္မွ တဝႀကီးျပန္စားရမယ္
နင္ပဲစားလိုက္ေတာ့ေမာင္ေလး"
မလတ္ရဲ႕ အသံခပ္တိုးတိုး။
မလတ္ရဲ႕ အေနာက္မွာရပ္ေနတဲ့
အေမက မ်က္ႏွာမေကာင္းျဖစ္ေနလ်က္
ပိုက္ဆံအိတ္ကိုယူကာ။
"အေမေအာက္ဆင္းၿပီး ေရသန္႔သြား
ဝယ္လိုက္ဦးမယ္ ဘာမွာၾကအုံးမလဲ"
" မမွာေတာ့ဘူး"
"ေနေန သားအစ္မကို ထမင္းစားၿပီးရင္ ensure တခြက္ေဖ်ာ္တိုက္လိုက္ေနာ္"
"ဟုတ္"
"အေမသြားၿပီ'"
အခန္းတခါးပိတ္ၿပီး အေမထြက္
သြားတာနဲ႔ မလတ္ကလည္း ကုတင္ေပၚ
ကိုထသြားဖို႔ျပင္ေနတာမို႔ ေဆးသြင္း
ထားတာကို ေနရာတက်ျဖစ္ေအာင္
ကိုင္လာ ေပးရသည္။
"ensure ေသာက္ေတာ့မလားမလတ္"
" အဲဒါႀကီးကလည္းအရသာကမ႐ွိနဲ႔
မေသာက္ခ်င္ေတာ့ဘူး"
"တစ္ခြက္ေတာ့ ေသာက္မွရမယ္မလတ္"
"ေအးပါ နင္ထမင္းအရင္စားလိုက္ ေနေန"
"ဟုတ္ သား ထမင္းစားၿပီးရင္ေဖ်ာ္
ေပးမယ္ေနာ္"
"ေအး"
မလတ္ကို ေစာင္ျခဳံေပးၿပီး
သူ စားပြဲမွာလာျပန္ထိုင္ေနလိုက္သည္။
မ်က္လုံးေတြပိတ္ကာ ေစာင္ျခဳံၿပီးနံရံ
ဘက္လွည့္ကာလွဲလိုက္တယ့္မလတ္ကို
သူဘာမွမေျပာျဖစ္ေတာ့သလို ဗိုက္
ျပည့္ဖို႔အတြက္
စားခ်င္စိတ္မ႐ွိေပမယ့္ အေဖထည့္
လာေပးသည့္ ထမင္းကို ကုန္ေအာင္စားလိုက္သည္။
ထမင္းခ်ိဳင့္ေတြကို ျပန္သိမ္းေနရင္း
ေအာက္မ်က္ခမ္းေတြစပ္လာတာမို႔ လက္ဖမိုးနဲ႔ မ်က္လုံးႏွစ္ဖက္ကိုဖိ
သုတ္လိုက္ရသည္၊။ အေမဘာျဖစ္လို႔ အခန္းအျပင္ထြက္သြားတာလဲဆိုတာ
မလတ္လည္း သိေနပါလိမ့္မယ္။
-------------------------
ဒီကေန႔ေန႔လယ္မွာ
မလတ္ကို ခြဲစိတ္မယ့္dateကိုသူ
တို႔ကို တာဝန္ခံ ဆရာဝန္ ကအေၾကာင္း
ၾကားလာခဲ့ၿပီ။
ဆရာဝန္မႀကီးလက္ေအာက္က ဂ်ဴတီ
က်တဲ့တာဝန္ခံဆရာဝန္နဲ႔ အေမနဲ႔ကိုေလး စကားသြားေျပာအၿပီးကိုေလးက
အေမ့ကိုသြားခိုင္းလိုက္ကာ တာဝန္ခံဆရာဝန္ကိုသူတေယာက္ထဲ
ခြဲစိတ္မႈက အၿပီးအစီးဆိုရင္ ဘယ္
ေလာက္ကုန္က်ႏိုင္သလဲေမးၾကည့္ခဲ့သည္။
ခြဲစိတ္မႈနဲ႔တင္မၿပီးေသး ခြဲစိတ္ၿပီး
သြားရင္တစ္လတစ္ခါ ကင္ဆာေဆး
ေဆး႐ုံမွာ ေလးလျပည့္တဲ့အထိလာသြင္းေပးရအုံးမည္။တစ္လုံးကိုအျမင့္ဆုံး
ကသိန္းခ်ီ႐ွိသည္။အခန္းခ နဲ႔ေဆးဖိုး
ေတြပါ အားလုံးေပါင္းလိုက္ရင္ေတာ့ ကင္ဆာျဖစ္ၿပီဆိုတာနဲ႔ လက္ထဲမွာ
အထုပ္လိုက္ပိုက္ထားကာမွပင္ေတာ္
ရာက်မည္။
မလတ္ကို သူတို႔မိသားစုအားလုံး ေငြေရးေၾကးေရးနဲ႔ပတ္သက္ၿပီး
ဘာမွမေျပာျပထားပဲနဲ႔ ခြဲစိတ္ဖို႔အတြက္ အဆင့္သင့္ျဖစ္ေအာင္သာေနဖို႔
တိုက္တြန္းထားသည္။
အခ်ိန္က ညေနေစာင္းေနေလၿပီ။
ေန႔လယ္ထဲကေန ေဆး႐ုံကထြက္
သြားတဲ့
ကိုေလးဖုန္းဆက္လာတာမို႔သူ
ေဆး႐ုံေအာက္ကိုဆင္းကာ အျပင္
ထြက္ၿပီး ေစာင့္ေနျဖစ္သည္။
သူေစာင့္ေနတာ သိပ္မၾကာခင္ပင္
ကိုေလးဆိုင္ကယ္က ေဆး႐ုံထဲကို
ဝင္လာခဲ့သည္။ ဆိုင္ကယ္စတန္းမွာ
ကိုေလးရပ္ၿပီး သူ႐ွိရာကို ေလွ်ာက္
လာေနတဲ့ကိုေလးကို ေနစင္ဟန္ အေလာတႀကီးႏွင့္ပင္။
" ကိုေလး ပိုက္ဆံ ရခဲ့ၿပီလား"
" ဘယ္လိုလုပ္ရမလဲ မသိေတာ့ဘူး
ေနေန ။ငါ့ သူေဌးဆီကေန အသည္း
အသန္ေတာင္းတာေတာင္ ငါးသိန္း ပဲရခဲ့တယ္ေနာက္ငါးသိန္းကငါစုထားတာ
။ငါလည္း ႀကိဳးစားၿပီး႐ွာပါတယ္"
ပလတ္စတစ္အိတ္ႏွင့္ပတ္ထားသည့္ ပိုက္ဆံထုတ္ကို ကိုေလးလွမ္းေပးလာ
ခ်ိန္ သူ႕စိတ္ဓါတ္ေတြ ထိုးက်သြားရသည္။
ဆယ္သိန္းရခဲ့တယ္။ဒီပိုက္ဆံနဲ႔
အခန္းခ႐ွင္း႐ုံေလာက္ပဲရမည္။
" မင္းအဖိုးနဲ႔အဖြားကေတာ့ ဘယ္မွာမွ အဆင္မေျပရင္သူတို႔မွာ ႐ွိတဲ့ ပစၥည္း
ေတြကိုယူၿပီးေငြရေအာင္လုပ္လိုက္လို႔
မွာခဲ့တယ္။ ဒါေပမယ့္မင္းသိတဲ့အတိုင္း
ပဲ အဖိုးနဲ႔အဖြားက အသက္ႀကီးေနၿပီ
သူတို႔မွာလည္း လူႀကီးေရာဂါ ကိုယ္
စီနဲ႔။ ငါတို႔ကေျမးေတြျဖစ္ၿပီးေပး
ရမဲ့ဟာကိုလူႀကီးေတြဆီကေန ဘယ္လိုျပန္ယူလို႔ရမွာလဲ"
ကိုေလးက သူ႕ေခါင္းက ဆံပင္ေတြကို ဆြဲကိုင္လိုက္ၿပီး စိတ္ညစ္ေနဟန္ႏွင့္။
" အေဖနဲ႔အေမကိုေျပာၿပီး အိမ္ဂရမ္ သြားေပါင္ထားလိုက္ရင္ေရာ ေနေန"
"ဗ်ာ"
" ဒီတစ္နည္းပဲ႐ွိေတာ့တယ္"
" ကြၽန္ေတာ္ စဥ္းစားလိုက္ပါဦးမယ္"
စိတ္ညစ္စြာပင္ သူအေျဖျပန္ေပးလိုက္
ရခ်ိန္ ကိုေလးက သူ႕ပုခုံးကိုကိုင္ကာ
" မျပန္ခင္ မင္းအစ္မကိုဝင္ၾကည့္
လိုက္အုံးမယ္"
ကိုေလးကို သူ႕လက္ထဲက ဝင္ခြင့္ကတ္ ေပးလိုက္ရၿပီးသူကေတာ့ ေဆး႐ုံ
အျပင္မွာပဲ သက္ျပင္းခ်မိကာ
ထိုင္စရာ႐ွာ၍ ထိုင္ေနျဖစ္သည္။
ကိုေလးတက္သြားၿပီး သိပ္မၾကာခင္
ပင္အေမက ဖုန္းဆက္လာသည္။
" ဘာဝယ္ခိုင္းမလို႔လဲအေမ"
" မင္းအမ ေဆး႐ုံအတင္းဆင္းမလို႔
လုပ္ေနတယ္သား ကိုေလးလည္းေျပာ
မရဘူး။အခုကိုေလးဆင္းလာမယ္ သားတက္လာခဲ့လိုက္"
"ဗ်ာ"
အေမဖုန္းခ်ၿပီး သိပ္မၾကာခင္ပင္
ကိုေလးျပန္ဆင္းလာသည္။
ကိုေလးကို ဘာမွမေျပာေတာ့ပဲကတ္
ျပန္ယူကာ အဝင္ကအေစာင့္ေတြကို
ျမန္ျမန္ျပၿပီး ေဆး႐ုံတတိယထပ္ကို
သူ တက္လာခဲ့လိုက္သည္။
အခန္းထဲေရာက္တာနဲ႔အဝတ္အစား
ေျပာင္းကာ ဆံပင္စီးေနတဲ့မလတ္ကို
ေတြ႕လိုက္ရသည္။
အေမကေတာ့ စားပြဲခုံမွာ လက္
ေထာက္ထားကာငိုေနသည္။
အေမငိုေနတာေတာင္။
သူအလ်င္အျမန္ပင္ မလတ္အနားကိုသြား၍။
"မလတ္ ဒါဘာလုပ္ေနတာလဲ"
" ငါအိမ္ျပန္မယ္"
" ဘာေတြေျပာေနတာလဲ အိမ္ျပန္လို႔
မရေသးဘူးေလ မလတ္ ခြဲရအုံးမွာေလ
ကုတင္ေပၚျပန္လွဲေနေနာ္ မလတ္ ေနာ္
သားကို ခ်စ္တယ္မလား သားေတာင္း
ပန္ပါတယ္ "
" ငါ့ကိုယ္ငါသိတယ္ ေနစင္ ဆရာဝန္
ေတြကေတာ့ ဒီလိုပဲ ခြဲလိုက္ရင္ေကာင္း
သြားမွာ လို႔ပဲေျပာမွာပဲ။ ကင္ဆာဆိုတာ
မ်ိဳးက ထပ္မပြားေအာင္ပဲလုပ္လို႔ရမွာ ဘယ္ေတာ့မွအၿပီးမေပ်ာက္ဘူး။
ျမန္ျမန္ေသတာနဲ႔ ေနာက္က်မွေသတာ
ဒါပဲကြာတယ္။ ခြဲၿပီးမွ ေရာဂါပိုဆိုး
သြားတဲ့သူေတြကိုနမူနာယူ"
" မလတ္ ဘာေတြေျပာေနတာလဲ
အေဖနဲ႔အေမ့ကိုမသနားဘူးလား
မဟုတ္တာေတြေျပာေနတာကိုရပ္ၿပီး
ကုတင္ေပၚမွာ ျပန္လွဲေန"
" ငါလူနာမဟုတ္ဘူး။ ငါအိမ္ျပန္ၿပီး သီလ႐ွင္ အၿပီးဝတ္မယ္ ျပန္ထြက္ခ်င္မွလည္းထြက္ေတာ့မယ္ အေဖနဲ႔အေမ့ကို အပ္ခဲ့တယ္ငါ့ေမာင္ေလး"
"မလတ္ အဲဒီလိုမလုပ္ပါနဲ႔။အေမ
ေသသြားတာကိုျမင္ခ်င္ေနတာလား။
စရိတ္စခေၾကာင့္ဆိုရင္ ဘာမွပူစရာ
မလိုဘူး ကိုေလးက သူ႕သူေဌးဆီကေန ကုန္က်မယ့္စရိတ္ အားလုံးကိုယူလာခဲ့
ၿပီ။သူ႕သူေဌးကလည္း က်န္းမာေရးမို႔လို႔ ေအးေအးေဆးေဆးပဲ ျပန္ဆပ္တဲ့။ တစ္ဘက္ခါဆိုရင္မလတ္ခြဲလို႔ရၿပီ"
သူဘယ္လိုမွ စိတ္မထိန္းႏိုင္ေတာ့ပါ။
မလတ္ရဲ႕ လက္ႏွစ္ဖက္ကိုကိုင္ၿပီး မ်က္ရည္က်ကာပင္ ေတာင္းပန္ရသည္။
"ငါ့ကို မသနားရင္ေတာင္နင့္အေဖကို
သနား သူဇာဟန္ရဲ႕စကားနားေထာင္။
နင္တစ္ခုခုျဖစ္ရင္ နင့္အေဖအရင္ေသ
မွာ အဲဒါကိုနင္မွတ္ထား "
အေမက အနားေရာက္လာကာအသံ
က်ယ္ျဖင့္ေျပာ၍ သူ႕ရင္ဘတ္ကိုသူ
အႀကိမ္ဖန္မ်ားစြာထုေနသည္။
မလတ္ကလည္း မ်က္ရည္ေတြဝဲ
ေနလ်က္ စတင္ၿပီးငိုၿပီးသူ႕ရင္ဘတ္
ကိုထုေနတဲ့အေမ့လက္ကိုသြားဆြဲေတာ့သည္။
"အေမ အဲဒီလိုမလုပ္ပါနဲ႔"
အေမ ႐ိႈက္ငိုေနတာျမင္ေတာ့မလတ္ကလည္း ခႏၶာကိုယ္ တုန္ရီသည္အထိ
ငိုေနကာ
"လုပ္မယ္ နင္ငါ့ကိုေသေအာင္သတ္ေနတာ နင္ငါေသတာကိုျမင္ခ်င္ေနတာမလား"
"အေမ့!!"
"မလတ္ မလတ္"
အေမ့ကိုဆြဲေနရင္း မလတ္က အေမာ
ေဖာက္ၿပီးေ႐ွာ့ရသလို ပါးစပ္ဟၿပီး ခႏၶာကိုယ္ ေတာင့္တင္းသြားသျဖင့္
မလတ္ကိုအေမနဲ႔ ထားခဲ့ကာ တာဝန္ခံဆရာဝန္ကိုသူ ေျပးေခၚလိုက္ရသည္။
တာဝန္ခံ
ဆရာဝန္က ေရာက္လာတာနဲ႔မလတ္ကိုစမ္းသပ္ၿပီးေသြးေပါင္ခ်ိန္တိုင္းကာ ခ်က္ခ်င္းပင္ဆရာမေတြနဲ႔မလတ္ကို ေအာက္ဆီဂ်င္ေပးလိုက္သည္။
ျဖစ္ခဲ့တာေတြကို သူ႕နဲ႔အေမကလိုအပ္သေလာက္ တာဝန္ခံဆရာဝနိကိုေျပာျပရၿပီး ဆရာဝန္က
လူနာကို အတက္ႏိုင္ဆုံး စိတ္ခ်မ္းသာေအာင္ထားပါလို႔မွာၿပီး
မလတ္အေျခအေနၿငိမ္မွျပန္ထြက္သြားသည္။
ေအာက္ဆီဂ်င္ပိုက္တက္ကာ႐ႈေန
ရတဲ့မလတ္ရဲ႕လက္
ကိုသူကိုင္ထားလိုက္ၿပီး ေမာင္မႏွစ္
ေယာက္ တစ္ေယာက္လက္ကိုတစ္
ေယာက္ကိုင္ထားကာ အေမနဲ႔သူမလတ္အနားကေန တဖဝါးမွ မခြာျဖစ္ေတာ့ပါ။
မလတ္ အေျခအေန ျပန္တည္ၿငိမ္သြား
ၿပီးညေရာက္ေတာ့ ဆရာမေလးေတြကေအာက္ဆီဂ်င္ျပန္ျဖဳတ္လိုက္ကာ ဒီည
သူတို႔ ေမာင္ႏွမႏွစ္ေယာက္ ေဆး႐ုံ
ကုတင္ေပၚမွာ မအိပ္ပဲ ငယ္ငယ္ကအေၾကာင္းေတြညနက္တဲ့အထိ ေျပာ
ျဖစ္ၾကကာ အေမနဲ႔သူ တစ္ညလုံး
ေသခ်ာမအိပ္ပဲ မလတ္ကို ေစာင့္
ၾကည့္ေနခဲ့ရသည္။
မလတ္ကအေဖ့ကိုသူေအာက္ဆီဂ်င္
႐ႈလိုက္ရတာ မေျပာျပပါနဲ႔လို႔တားျမစ္
ေတာ့ ညဘက္အေဖ ေဆး႐ုံကိုထမင္း
ခ်ိဳင့္ပို႔ေရာက္လာတဲ့အခ်ိန္အေဖ့ကို
အျပင္ကကိုေလးနဲ႔ပဲ
ေပးေတြ႕ၿပီး မလတ္အိပ္ေနၿပီလို႔ေျပာ
ကာဒီေန႔သူ႕သမီးနဲ႔ေပးမေတြ႕ေတာ့ပဲျပန္ခိုင္းလိုက္သည္။ဒီေန႔ညကိုေလးကိုေတာ့ အေၾကာင္းတခုခုဆိုရင္ ေဆး႐ုံမွာ
အသင့္႐ွိေနရေအာင္ အိမ္မျပန္ပဲ
ေဆး႐ုံေအာက္မွာပဲ အပင္ပန္းခံၿပီး
မအိပ္ပဲ ေစာင့္ေနေပးခဲ့သည္။
-----------------
ေနာက္တစ္ေန႔မနက္ ေရာက္ေတာ့
ဆရာဝန္မႀကီးroundထပ္လွည့္ကာ
မလတ္အေျခအေနကိုၾကည့္ၿပီးမနက္
ျဖန္ ခြဲဖို႔အတြက္ မွာစရာ႐ွိတာေတြကိုမွာ
သြားသည္။
ေဆး႐ုံအျပင္မွာ သူနဲ႔ကိုေလး မနက္စာ
ထြက္စားၿပီးအေမ့အတြက္ပါဆယ္ဝယ္
လာကာ ေဆး႐ုံျပန္လာခဲ့သည္။
ေဆး႐ုံေအာက္ေရာက္ေတာ့ ကိုေလးက
သူ႕လက္ထဲက မုန္႔ဟင္းခါးပါဆယ္ထုပ္
ကို ယူလိုက္ၿပီး။
" မင္းအစ္မကိုငါဝင္ၾကည့္လိုက္ဦးမယ္
ခဏေနက်မွ အေမ့ကိုေခၚၿပီး
တူတူျပန္ဆင္းလာမယ္ အဲ့က်မွ
မင္းျပန္တက္သြားေတာ့"
"ဟုတ္"
ကိုေလးတက္သြားမလို႔အလုပ္
"ကိုေလး"
သူျပန္ေခၚလိုက္ေတာ့ ကိုေလးကျပန္
ၾကည့္လာလ်က္။
" ဒီေန႔မွသြားရင္ ပိုက္ဆံကခ်က္ခ်င္းရမွာေသခ်ာလား"
"ေသခ်ာတယ္ အဲဒါေတာ့မပူနဲ႔။သူက ဒီအလုပ္လုပ္တဲ့သူမို႔ပိုက္ဆံက႐ွိၿပီးသား
ဂရန္ေပးလိုက္ရင္ရၿပီ"
သူေခါင္းညိတ္ျပလိုက္ေတာ့ ကိုေလးက ကတ္ျပကာေဆး႐ုံအထဲကိုဝင္သြားသည္။
ပိုက္ဆံက ဒီရက္ပိုင္းအတြင္းခ်က္ခ်င္း
ရမွျဖစ္ေတာ့မည္ ခြဲခန္းထဲကျပန္ထြက္
တာနဲ႔ ကုန္က်စရိတ္ကို ႐ွင္းရေတာ့မွာေလ။
ကိုေလးႏွင့္သူ မနက္စာစားရင္းအားလုံး တိုင္ပင္ၿပီးသြားၿပီ။ ကိုေလးကမလတ္
ကို ဝင္ၾကည့္ၿပီးရင္အေမ့ကို ေခၚၿပီး
အိမ္ျပန္ကာဂရန္ယူၿပီး အေပါင္ထား
လို႔ရမည့္သူဆီကိုသြားမည္။
သူတေယာက္ထဲ ေဆး႐ုံမွာမလတ္ကို
ေစာင့္ေနရမည္။အရမ္း အကင္းပါးတဲ့ မလတ္ကို အေမအိမ္မွာျပန္နားတယ္လို႔ ယုံၾကည္ေအာင္ေျပာရမွာက သူ႕တာဝန္။
ဝင္ေပါက္က ေဆး႐ုံအေစာင့္ႏွင့္လည္း
ခင္ေနၿပီမို႔လို႔ ခုံတစ္လုံးေတာင္းကာ
သူထိုင္ေစာင့္ေနခ်ိန္အေဖ ေမာင္းတဲ့
ကားက ေဆး႐ုံထဲကိုဝင္လာသည္။
အေဖလည္း ဒီရက္ပိုင္းအတြင္း
ေတာ္ေတာ္ေလးကိုပိန္က်သြားသည္။
ပိုဆိုးတာက အင္ၾကင္းမိဘေတြက
လပိုင္းအတြင္း
ဒီကားကိုေရာင္းေတာ့မွာမို႔ အေဖ အလုပ္လက္မဲ့ျဖစ္မွာကိုပူပင္ေနရျခင္း
ပင္။ ဘာလို႔ မ်ားကံဆိုးမႈေတြက သူတို႔မိသားစုအေပၚ တခ်ိန္ထဲဝင္လာရတာလဲ။
ကားပါကင္မွာ
အေဖကားရပ္လိုက္ေတာ့ သူအေဖ့ကို
ႀကိဳဖို႔ ထိုင္ေနရာကေနထကာ အသြား
ကားထဲကေန ခ်ိဳင့္ဆြဲၿပီးထြက္လာတဲ့
အေဖက တစ္ဖက္ကကားအေကာင္း
စားကေန ထြက္လာတဲ့ လူႀကီးတစ္
ေယာက္ကို တိုက္မိသြားသည္။ခ်ိဳင့္ကဟင္းရည္ေတြကလည္း အဲဒီ့လူႀကီးရဲ႕
အက်ႌအေပၚဖိတ္စင္သြားလ်က္။
" လူတေယာက္လုံးကို မျမင္ဘူးလားခင္ဗ်ား"
" ေတာင္းပန္ပါတယ္ ကြၽန္ေတာ္
ေတာင္းပန္ပါတယ္ခင္ဗ်"
" အဲ့လိုလြယ္လြယ္နဲ႔ေတာင္းပန္လို႔ရ
မလား ညစ္ပတ္တဲ့ခင္ဗ်ား ဟင္းရည္
ေတြ က်ဳပ္အက်ႌမွာေပကုန္ၿပီ"
" တကယ္ေတာင္းပန္ပါတယ္မိတ္ေဆြ ကြၽန္ေတာ္ျပန္သုတ္ေပးပါ့မယ္"
အေဖက အဲဒီလူ ကို႐ိုက်ိဳးစြာ ေတာင္း
ပန္ကာ သူ႕အက်ႌအိတ္ကပ္ထဲကေန လက္သုတ္ပဝါကိုထုတ္ကာ
အဲဒီလူရဲ႕ ဟင္းရည္ေပသြားတဲ့ေနရာ
ကိုလက္တုန္တုန္ရီရီနဲ႔သုတ္ေပးလိုက္သည္။
ဒါေပမယ့္အဲဒီလူႀကီးက ေဒါသထြက္
ေနသည့္ဟန္ႏွင့္ အေဖ့လက္ထဲက
လက္သုတ္ပုဝါကိုယူၿပီး ေျမႀကီး
အေပၚသို႔ ပစ္ေပါက္လိုက္သည္။
"ဖယ္စမ္းပါ ညစ္ပတ္တဲ့လက္သုတ္
ပဝါနဲ႔က်ဳပ္ အက်ႌကိုမထိနဲ႔"
အေဖ့ကိုေအာ္ဟစ္သြားကာ အဲဒီလူႀကီး
က သူအေ႐ွ႕ကေနျဖတ္သြားၿပီး ေဆး႐ုံ
ထဲသို႔ဝင္သြားသည္။
အေမေလွ်ာ္ဖြတ္ေပးထားတဲ့ေျမႀကီး
ေပၚက လက္သုတ္ပဝါကို အေဖကျပန္ေကာက္လိုက္ၿပီး ဖုန္သုတ္ကာ
အက်ႌအိတ္ကပ္ထဲသို႔ ျပန္ထည့္
လိုက္သည္။
အေဖဒီဘက္လွည့္လာေတာ့သူ
အေဖမျမင္ေအာင္ေဘးကကားနဲ႔ကာ
လိုက္ၿပီး ဝမ္းနည္းမႈေၾကာင့္ မ်က္ရည္
ေတြအတားအစီးမ႐ွိ က်လာရေတာ့သည္။
သူတို႔ေမာင္ႏွမေတြကိုသိပ္ခ်စ္တဲ့အေဖ မိသားစုအတြက္ေထာက္တိုင္ပမာေ႐ွ႕ကေနရပ္ေပးခဲ့တဲ့အေဖ။
အခုေတာ့အေဖ့ရဲ႕ေသာကေတြက
မ်က္ႏွာေပၚမွာထင္ဟပ္ေနၿပီး လူတစ္ေယာက္ကို ဦးၫြန္႔ေနတယ့္ပုံစံက
သူ႕အတြက္ လြန္စြာေၾကကြဲရသည္။
ဒီလိုအခ်ိန္မွာ မိသားစုအတြက္
ဘယ္ေနရာကမွ အသုံးမဝင္တဲ့ သူ႕
ကိုယ္သူပဲ အမုန္းႀကီးမုန္းမိသည္။
မလတ္ ေဆး႐ုံစရိတ္အတြက္ အိမ္ဂရမ္ေပါင္ရမယ္။ ၿပီးရင္ေရာ အတိုးကပုံမွန္ေပးႏိုင္မွာလား အိမ္ဂရမ္ကိုဘယ္လိုျပန္ေ႐ြးမွာလဲ။သူတို႔ ဘယ္လိုေ႐ွ႕ဆက္မလဲ။
လက္သီးကို ခပ္တင္းတင္းဆုပ္မိကာ
မ်က္လုံးကိုဆုံမွိတ္လိုက္မိခ်ိန္ သူ႕ရဲ႕ရည္႐ြယ္ခ်က္ေတြ ေျပာင္းလဲသြားရကာ
မလတ္႐ွိေနသည့္ ေဆး႐ုံဝအေဆာက္
အဦးကို ေမာ့ၾကည့္လိုက္မိသည္။
အေမ့ကိူဖုန္းဆက္ေနတဲ့
အေဖမျမင္ေအာင္ ကားပါကင္ကေန
အျမန္ထြက္လာခဲ့ၿပီး ဝင္ခြင့္ကတ္မ
႐ွိတာမို႔ ဝင္ေပါက္က
အေစာင့္ေတြရဲ႕အလစ္ကိုေစာင့္ကာ
သူ႕ေဆး႐ုံအထဲသို႔ အျမန္ဝင္လာခဲ့လိုက္သည္။ ဓါတ္ေလွကားနဲ႔ သုံးထပ္ကိုအျမန္တက္ကာ ကိုေလးအနာက္ကိုလိုက္သည့္
သူ႕ေျခလွမ္းေတြက ျမန္ဆန္ေနသည္။
ရင္ဘက္တစ္ခုလုံးကလည္း ေမာဟိုက္
မႈႏွင့္အတူ လက္ေတြကေအးစက္လ်က္။
ေကာ္ရစ္ဒါကိုေကြ႕အၿပီး မလတ္
အခန္းေ႐ွ႕မွာ တံခါးဖြင့္ဖို႔ျပင္ေနသည့္
ကိုယ္ေလးကိုအခ်ိန္မွီစြာႏွင့္ပင္ ေတြ႕
လိုက္ရသည္
"ကိုေလး"
ကတ္မပါပဲ သူဝင္လာတာကို ကိုေလးက အံ့ဩေနပုံႏွင့္
" ဘာျဖစ္လို႔လဲေနေန ဘယ္လိုဝင္လာတာလဲ"
" အေမ့ကိုမေျပာနဲ႔ေတာ့"
"ဘာ"
" အိမ္ဂရမ္ေပါင္မဲ့အေၾကာင္း အေမ့ကိုမေျပာနဲ႔ေတာ့ မလတ္ကို ဒီအတိုင္းဝင္ၾကည့္လိုက္ ေအာက္မွာအေဖလည္းေရာက္ေနတယ္"
" ေနာက္ဘယ္လိုလုပ္မွာလဲ မင္းအစ္မ
ေဆးဖိုး"
" ကြၽန္ေတာ္႐ွာေပးမယ္"
"ဘာ"
" ကြၽန္ေတာ္ ရေအာင္႐ွာခဲ့မွာမို႔ အခန္း
ထဲဝင္ၿပီးကြၽန္ေတာ္႕ ဖုန္းကို
ယူခဲ့ေပး"
" ဒီေလာက္ပိုက္ဆံအမ်ားႀကီးကို မင္းဘယ္လို႐ွာမွာလဲ ေနစင္ဟန္"
သူ႕နာမည္အရင္းကို အသံမာမာနဲ႔ ေခၚၿပီး
ေျပာတဲ့အထိ အံ့ၾသေနတဲ့ကိုေလးကိုၾကည့္ရင္းသူဆုံးျဖတ္ခ်က္ႀကီးတစ္ခုကိုခ်
လိုက္သည္။
---------------------
"ဘာလဲ မကိုင္ရင္ဆက္မေခၚရဘူး
ဆိုတဲ့အေျခခံသေဘာတရားကိုမင္းနား
မလည္ဘူးလား"
သုံးခါေျမာက္ ဆက္တိုက္ေခၚမွပင္
ဖုန္းကိုင္လာၿပီး ပင္ကိုမာေက်ာေနတဲ့အသံ။
" မင္းအခုဘယ္မွာ႐ွိေနလဲ ငါ့ကိုမင္းနဲ႔
ခဏေလာက္ေတြ႕ခြင့္ေပး"
" ငါနဲ႔ေတြ႕ခ်င္တိုင္း ေတြ႕ခြင့္ရေအာင္
မင္းကိုယ္မင္း ဘယ္သူလို႔ထင္ေနလဲ"
" ငါေတာင္းဆိုတယ္ ဗ်ဴဟာပိုင္"
တစ္ဖက္က ဖုန္းခ်သြားၿပီး သူဘာလုပ္
ရမွန္းမသိ ျဖစ္ေနစဥ္မွာပင္
ေတာ္ေတာ္ေလးၾကာမွ ဗ်ဴဟာပိုင္
သူ႐ွိေနတဲ့ေနရာကို မက္ေဆ့ပို႔လာသည္။လိပ္စာကိုရသည္ႏွင့္သူ ဘာမွထပ္ၿပီး
မစဥ္းစားေတာ့ပဲ ဆိုင္ကယ္ကိုေမာင္းကာ ေဆး႐ုံဝင္းအထဲကေန ထြက္လာခဲ့လိုက္သည္။
--------------------
ေနစင္ဟန္ လိပ္စာထဲက ဟိုတယ္ကို
ေရာက္ေတာ့ ဗ်ဴဟာပိုင္ကို ဖုန္းဆက္လို႔မရ၊။ဝင္ေပမဲ့မကိုင္။
ဒီဟိုတယ္က သူတို႔မိသားစုပိုင္တဲ့
ဟိုတယ္ပင္။
receptionက အမေတြကိုေမးေပမယ့္လည္း ဥကၠဌရဲ႕ေျမး ဗ်ဴဟာပိုင္႐ွိေနတယ္
ဒါေပမယ့္သူဘယ္မွာလဲအခန္းကဘယ္မွာလဲဆိုတာေျပာျပလို႔မရဘူးဆိုၿပီးသူ႕ကို
ႏွင္ေနသည္။
သူအတင္းေျပာမွဖုန္းဆက္ေပးၿပီး
ခဏေစာင့္ဆိုၿပီးေျပာေပမဲ့ ဘယ္သူ
မွေရာက္မလာ။
ပညာအျပခံေနရၿပီဆိုတာသူသိေပမဲ့
စိတ္႐ွည္႐ွည္ႏွင့္ပင္ receptionမွာ
ဗ်ဴဟာပိုင္ကို မေတြ႕ရမျခင္းမျပန္ဘူး
ဆိုၿပီးထိုင္ေစာင့္ေနလိုက္သည္။
အေတာ္ေလးၾကာမွပင္ ဟိုတယ္
ဝန္ထမ္းအစ္ကိုတစ္ေယာက္က
သူ႕ကိုလာေတြ႕သည္။
"လိုက္ခဲ့ပါ"ဟူ၍ လိုရင္းပင္ေျပာ
သြားသည္မို႔သူအျမန္ထကာ
အေနာက္ကေနအျမန္လိုက္ရသည္။
ထိုသူကသူ႕ကိုအအေပၚမတက္ပဲနဲ႔
ဟိုတယ္ အထဲဘက္ကေနသြားရသည့္
ေနရာဆီကေနမွေရာက္သည့္ ေရကူး
ကန္ဆီေခၚလာခဲ့သည္။
ေနစင္ဟန္ ေရာက္ေတာ့
ေရကူးကန္ထဲမွာ တစ္ေယာက္တည္း
ေရကူးေနတဲ့ ဗ်ဴဟာပိုင္ ။ အေပၚပိုင္းကအက်ႌမပါ။ ဟိုတယ္အျပင္ဘက္မွာလည္းေရကူးကန္ႀကီး႐ွိၿပီ းဒီအထဲကprivateဆန္တဲ့ ေရကူးကန္က
ဗ်ဴဟာပိုင္ ေရာက္ေနေတာ့ဘယ္သူ႕
ကိုမွဝင္ခြင့္မေပးထားပုံပင္။
သူအနီးအနားမွာရပ္၍သာ ဗ်ဴဟာပိုင္ ေရကူးလို႔ၿပီးမယ့္အခ်ိန္ထိ ရပ္ေစာင့္ေနလိုက္သည္။
ဗ်ဴဟာပိုင္က သူ႕ကိုလွမ္းျမင္သြားေသာ္လည္း ဂ႐ုျပဳဟန္မျပဘဲ ေရထဲ
ေခါင္းငုံ႔ခ်လိုက္ကာ ဆက္လက္၍
ေရကူးေနသည္။
ဒီေလာက္ႀကီးတဲ့ ေရကူးကန္က ဒီေန႔
ဧည့္သည္ေတြကို ခြင့္ျပဳထားပုံမရပဲ
သူတေယာက္ထဲ အပိုင္စားရထားသည္
အထိ ဒီေကာင့္ပါဝါက ေတာ္႐ုံေတာ့
မဟုတ္။အင္းေလ သူ႕မိဘေတြပိုင္ေတာ့
သူပိုင္တာပဲေပါ့။ဒါက သူေဌးသားသမီး
ေတြရဲ႕ အပန္းေျဖနည္းတမ်ိဳးလား။
ဒါေပမဲ့ ဗ်ဴဟာပိုင္ကလည္းprivate
ဆန္တယ္လို႔ေျပာရမွာပင္။ နဂိုသူ႕ပုံစံ
ကမာေၾကာေနေပမယ့္ မိဘပိုက္ဆံ
ထိုင္ျဖဳန္းေနတာ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးေနတာမ်ိဳးမဟုတ္။ ရည္႐ြယ္
ခ်က္ႀကီးႀကီးနဲ႔အေ႐ွ႕ကို သြားေနတဲ့
သူမ်ိဳးပင္။မာနႀကီးတာကလည္း သူ႕အေျခအေနနဲ႔သူပဲဆိုေတာ့။
အေတာ္ေလးၾကာမွေရကူးကန္
အေပၚတက္လာတဲ့ ဗ်ဴဟာပိုင္ကို
အဆင္သင့္ေစာင့္ေနတဲ့ ဝန္ထမ္းေကာင္မေလး တေယာက္က bathrobe ကမ္းေပးလိုက္သည္။
ဗ်ဴဟာပိုင္က သူ႕ကိုတခ်က္ၾကည့္လာရင္းbathrobeကို ဝတ္လိုက္လ်က္ သူ႕အနားကို ေလွ်ာက္လာသည္။
" ဘာကိစၥလဲ"
" ငါမင္းနဲ႔စကားေျပာခ်င္လို႔"
" မင္းအေျခအေနက ငါနဲ႔စကားေျပာခ်င္တိုင္း ေျပာခြင့္ရမယ္လို႔ထင္ေန
တာလား"
" ငါေတာင္းဆိုပါတယ္ ငါမင္းနဲ႔အေရးတႀကီး ေျပာခ်င္လို႔ ခဏေလာက္အခ်ိန္ေပးပါ အရင္တစ္ပတ္တုန္းက
မင္းငါ့ကိုေျပာထားတဲ့ကိစၥကို ဆက္ၿပီးေဆြးေႏြးလို႔ရမလား"
" ဘယ္လိုျဖစ္ရတာလဲ မင္းငါ့ကို
ေျပာသြားတဲ့ စကားေတြကိုမွတ္မိေသးရဲ႕လား "
ဗ်ဴဟာပိုင္ဆီက သူ႕အက်င့္အတိုင္းအေပၚစီးစကားေတြကိုသူ သည္းခံလ်က္။
" ငါ့ဆီမွာ အခြင့္အေရးဆိုတာ ႏွစ္ခါမရဘူး"
" ငါတကယ္ေတာင္းပန္ပါတယ္
မင္းနဲ႔ စကားခဏေလာက္ ေျပာခြင့္ေပးပါ"
သူတစ္ကယ္ပင္ အသံကိုေလ်ာ့ၿပီးေတာင္းပန္ေနခ်ိန္ ဗ်ဴဟာပိုင္က ေျခလွမ္းေတြကို သူ႕အေ႐ွ႕တိုးလာ၏။
ေနစင္ဟန္ရပ္ေနတာက ေရကူးကန္
ေဘးမွာ။
"ငါ့ မ်က္ႏွာကို မင္းေရနဲ႔ပက္ထည့္
သြားတာမွတ္မိလား"
႐ုတ္တရက္ဆန္လြန္းစြာပင္သူ အား
သန္လွေသာ လက္တစ္ဖက္နဲ႔ တြန္းခ်
ခံလိုက္ရၿပီး ေရကူးကန္ထဲသို႔
ျပဳတ္က်သြားရသည္။
ေရမကူးတတ္တာမို႔ ေရထဲမွာရယက္ကန္ယက္ကန္နဲ႔ ျဖစ္ ေနၿပီး
ခက္ခက္ခဲခဲပင္ ေဘးနားကေဘာင္
ေတြကို လွမ္းကိုင္လိုက္ရသည္။
ေဘာင္ကိုကိုင္ကာ အေပၚသို႔ျပန္ေရာက္
ခ်ိန္ သူ႕တကိုယ္လုံး ေရေတြစို႐ႊဲေနခဲ့ၿပီ။
ေယာက်္ားေလးတန္မဲ့ ဝမ္းနည္းမႈက
ပို၍ပင္ ဆတိုးလာေပမယ့္ သူ႕စိတ္ကို
ေလွ်ာ့ကာ အဆုံးစြန္အထိ သည္းခံဖို႔ စဥ္းစားထားသည္
ဗ်ဴဟာပိုင္ကေတာ့ ထိုင္ခုံမွာထိုင္လ်က္
ဝိုင္တစ္ခြက္ကို ေသာက္ေနၿပီး
သူအနားေရာက္လာတာနဲ႔ မ်က္ႏွာ
တည္ႏွင့္ပင္။
" အခ်ိန္ငါးမိနစ္ေပးမယ္ လိုရင္းကိုေျပာ"
"ငါ...ငါ"
သူ႕တစ္ကိုယ္လုံးေရေတြစိုေနကာလြန္စြာခ်မ္းေအးေနမႈက သူ႕စိတ္ကိုမထိုးေဖာက္ႏိုင္။
"ငါ မင္းေျပာထားတဲ့ ကမ္းလွမ္းမႈကို
လက္ခံတယ္"
ဝိုင္ခြက္ကိုေသာက္ေနသည့္ ဗ်ဴဟာပိုင္ရဲ႕ လက္ေတြရပ္တန္႔သြားလ်က္
သူ႕ကိုျပန္ၾကည့္လာၿပီး။
" ဟုတ္လား မင္းရဲဲ႕ဆုံးျဖတ္မႈ မွန္ကန္ပါတယ္ ဒါေပမယ့္ ဘယ္လိုလုပ္မလဲ မင္းကိုယ္မင္း အရမ္းအထင္ႀကီးသြားၿပီ ဒီကိစၥအတြက္ငါက မင္းကိုသုံးခ်င္တဲ့စိတ္
မ႐ွိေတာ့ဘူး"
" ငါတကယ္ေတာင္းပန္ပါတယ္
ဗ်ဴဟာပိုင္ ငါဘယ္လိုေတာင္းပန္မွ
မင္းေက်နပ္ႏိုင္မွာလဲ"
" မင္းေတာင္းပန္တာကို ငါလိုခ်င္ေန
တာမဟုတ္ဘူး။အေပးအယူဆိုထဲက တစ္ဖက္ကေပးၿပီး တစ္ဖက္ကယူ
လိုက္ရင္ သူခိုင္းတဲ့အတိုင္းတစ္ေသြ
မတမ္း လုပ္ႏိုင္
မွရမယ္ အက်ိဳးအျမတ္ကို လိုခ်င္
႐ုံနဲ႔ေတာ့ ငါ့ကိုလာမေတာင္းပန္နဲ႔ ။
မင္း လုပ္ႏိုင္ရဲ႕လား "
" ငါလုပ္ႏိုင္တယ္ အဲ့ဒီကိစၥအတြက္
မင္းသာပဲခိုင္းခိုင္း
ငါအကုန္လုပ္ေပးမယ္"
" ၾကည့္ရတာ မင္းေငြေတာ္ေတာ္လို
ေနတဲ့ပုံပဲ ရက္ပိုင္းပဲ႐ွိေသးတယ္
ဘယ္လိုျဖစ္ရတာလဲ"
သူဘာမွျပန္မေျဖေတာ့ ဗ်ဴဟာပိုင္က မ်က္ႏွာလႊဲလိုက္လ်က္။
" ထားပါေတာ့ ငါ့ကိစၥမဟုတ္ဘူး။
အဓိကက ငါခိုင္းတာကိုတေသြမတိမ္း
မင္းလိုက္လုပ္ႏိုင္ဖို႔ပဲ"
ဗ်ဴဟာပိုင္ဆီက
သူခိုင္းတာကိုဆိုသည့္စကားပါလာ
တာနဲ႔ေနစင္ဟန္ ခ်က္ခ်င္းပင္။
" ဆန္းဆက္မႉး"
သူ႕အသံက အနည္းငယ္ေတာ့ တုန္ရီေနလိမ့္မည္။
"ဆန္းဆက္မႉးကို သူလက္႐ွိတြဲေနတဲ့ ေကာင္မေလးနဲ႔ျပတ္ၿပီး ေယာက်ာ္းေလးခ်င္း ႀကိဳက္တဲ့သူျဖစ္သြားေအာင္
လုပ္ႏိုင္ဖို႔ပဲမလား မင္းစိတ္ခ်ပါ"
" အဲ့ဒီေလာက္လြယ္မယ္ထင္ေနလား"
ခ်က္ခ်င္းပင္ ျပန္ေျပာၿပီး
ဗ်ဴဟာပိုင္က ထိုင္ေနရာမွ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ မတ္တတ္ရပ္
လိုက္လ်က္။
" မင္းရဲ႕႐ုပ္ခံေလး ႐ွိ႐ုံနဲ႔ဆန္းဆက္
မႉးကိုသြားကပ္လို႔
ဆန္းဆက္က မင္းဆီကပ္ပါလာမယ္လို႔
ထင္ေနလား။ငါ့ညီက အဲဒီေလာက္
လြယ္ရေအာင္ ေရေတာင္မေရာတဲ့
က်ားစစ္စစ္ဆိုတာ မင္းသိဖို႔ေကာင္းတယ္ "
သူကိုစိုက္ၾကည့္လာသည့္ ဗ်ဴဟာပိုင္။
" ဆန္းဆက္မႉးက အရမ္းပါးတယ္။
ေစာ္ၾကည္သလိုဘဲလည္းၾကည္ေပမဲ့
သူ႕ကိုလာကပ္တဲ့ ေကာင္ေလးေတြကို
ေတာင္အမုန္းမခံပဲသူ႕fan ျဖစ္သြား
ေအာင္အထိ သိမ္းသြင္းႏိုင္တဲ့လူေရာ
ပါးစပ္ေရာနပ္တဲ့ ေကာင္စားမ်ိဳးပဲ။
ေစာ္ေတြဆိုရင္ မေျပာနဲ႔ေတာ့ေပါ့"
" ငါမႀကိဳးစားၾကည့္ရေသးဘဲနဲ႔ မင္းဘယ္လိုသိႏိုင္မွာလဲ"
" ယုံၾကည္မႈေတြ အရမ္း႐ွိေနပါလား
မင္းကိုၾကည့္ရတာ ဒီကမ္းလွမ္းမႈကို
အရမ္းလက္ခံခ်င္ေနတဲ့ပုံပဲ"
လူတဖက္သားကို ဒီေကာင္ျပဳံးလိုက္
သည့္အျပဳံးကပင္ ကိုယ့္ေနရာကိုယ္
သိဖို႔ လုံေလာက္ေစသည္။
" အဲဒါဆိုရင္လည္း အိုေကေလ
သူ႕အနားကပ္ဖို႔မင္းသြားၿပီးမွ သူ႕ဆီက လွည့္စားခံၿပီး ျပန္မလာရေအာင္ ငါႀကိဳ
တင္ေျပာျပထားတာ။ မင္းသိထားဖို႔က
ငါမင္းနဲ႔ အေပ်ာ္ကစားေနတာမဟုတ္
သလို ပိုက္ဆံေပါလို႔
အလကားေပးေနတာ မဟုတ္ဘူး။
ေပးတာကဘယ္ေလာက္ပဲျဖစ္ျဖစ္
ေပးလို႔ရတယ္ ငါလိုခ်င္တဲ့ရလာဒ္ေတာ့
ျဖစ္ပါေစ။ငါ့အခ်ိန္ေတြကို ျဖဳန္းမယ္
ဆိုရင္ေတာ့ မင္းျပန္ေပးဆပ္ရမွာကို
သိထားဖို႔ေကာင္းတယ္ "
" မင္းကဘယ္လိုအေျခအေနမ်ိဳးအထိ လိုခ်င္တာလဲ"
သူ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္ေနလ်က္ပင္။
" ဆန္းဆက္မႉး မင္းတစ္ေယာက္တည္း
ကို အ႐ူးအမူး တန္းတန္းစြဲျဖစ္လာတဲ့
အထိ ေယာက္က်ားေလးတစ္ေယာက္အတြက္နဲ႔ လူေ႐ွ႕သူေ႐ွ႕ အသိုင္းအဝိုင္း
ေ႐ွ႕အထိ အကုန္လုံးကိုစြန္႔လႊတ္ၿပီး
သူဟာေဂး တေယာက္ပါဆိုတာကို
လက္ခံၿပီးေျပာထြက္ရဲတဲ့အထိ"
ဒီစကားေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔
ပင္ေျပာတဲ့ဗ်ဴဟာပိုင္က ဘယ္ေလာက္
အထိေတာင္မွဆန္းဆက္ကိုမုန္းေနတာလဲ။
သူႀကိဳက္ေနတဲ့ေကာင္မေလးကိုလု
သြား႐ုံနဲ႔သူ႕ရဲ႕အၿငိဳးအေတးထားတဲ့
စိတ္ကေၾကာက္ဖို႔ ေကာင္းလြန္းသည္။
" ငါလိုခ်င္တာကေတာ့အဲ့တာပဲ"
" ေကာင္းၿပီ ငါ့ဘက္က မင္းကိုျပန္
ေမးခ်င္တာက အဲဒီအေျခအေနကိုေရာက္လာတဲ့အခါၾကရင္ငါဘာဆက္
လုပ္ေပးရမွာလဲ"
ဗ်ဴဟာပိုင္က သေဘာက်သြားသည့္
မ်က္ႏွာႏွင့္။
" အဲဒါကေတာ့ မင္းအပိုင္းပဲ ဆန္းဆက္
ကို အသည္းခြဲခ်င္တယ္ဆိုရင္လည္း
ျဖတ္ပစ္လို႔ရသလို"
ခဏရပ္လိုက္လ်က္။
"ငါ့ညီက ဆြဲေဆာင္မႈ ႐ွိတယ္ဆိုေတာ့
ေျပာရရင္မင္းကိုယ္တိုင္လည္း ေႂကြရင္
ေႂကြသြားေလာက္မွာပါ အဲဒီအခါ
မင္းဆက္တြဲခ်င္တယ္ဆိုရင္ရတယ္
မင္းအပိုင္းပဲ ငါ့အတြက္ကျပႆနာ
မ႐ွိဘူး။ အဓိကက ငါလိုခ်င္တဲ့
အေျခအေနထိေရာက္ေအာင္ မင္း
လုပ္ႏိုင္ဖို႔ပဲ"
" ေကာင္းၿပီ ငါလက္ခံတယ္။အခ်ိန္
ဘယ္ေလာက္ရမလဲ"
" အဲဒါကေတာ့ ျဖစ္ႏိုင္ရင္ျမန္ေစခ်င္
ေပမယ့္ ဒီကိစၥက မင္းအတြက္
သိပ္မလြယ္ကူႏိုင္လို႔ ဒီ စာသင္ႏွစ္
တစ္ခုလုံးေပးလိုက္မယ္"
"ငါ့ကို ျဖစ္ႏိုင္ရင္အခုပဲ သိန္းတစ္ရာေလာက္လႊဲေပးလို႔ရမလား"
သူဘယ္လိုေျပာထြက္သြားလည္းဆိုတာ ကိုယ့္ကိုယ္ကိုေတာင္ မသိေတာ့ပါ။
ဒီအေျခအေနအထိ ေရာက္ခဲ့ၿပီမို႔လို႔လဲ
သူ႕ရဲ႕ ေယာက်္ား မာန သူ႕ရဲ႕ သိကၡာေတြ
ဆိုတာ လည္း အေရးမပါေတာ့တဲ့
စကၠဴတစ္႐ြက္လို ျဖစ္ခဲ့ၿပီပဲ။
။
" ငါ့ညီက အဲ့ေလာက္ဘဲတန္တယ္ဆိုရင္ ရာဇဝင္႐ိုင္းသြားမွာေပါ့။ မင္းရဲ႕
ဘဏ္ အေကာက္ထဲကို လုံလုံေလာက္ေလာက္လႊဲေပးလိုက္မယ္
မက္ေဆ့ပို႔လိုက္ ။ေက်နပ္လား"
သူႏႈတ္ဆိတ္ေနေတာ့
ဗ်ဴဟာပိုင္က သူကိုၾကည့္ၿပီး
အသာျပဳံးလ်က္။
" အကိုေကာင္းတေယာက္ ပီသေအာင္
ငါ့ညီအတြက္ ေကာင္းေကာင္းမြန္မြန္
ေလးထဲကေတာ့ ႐ွာထားေပးတယ္။
အဲဒီအခ်ိန္ကိုငါမေစာင့္ႏိုင္ေတာ့ဘူး"
သူ႕အေ႐ွ႕ကေန ဗ်ဴဟာပိုင္က ထြက္
သြားၿပီးဝန္ထမ္းလာထားထားေပးသည့္
ပုဝါတစ္ခုကို သူ႕ကို အေဝးကေန
ပစ္ေပးလာသည္။
"လူျမင္ေကာင္းေအာင္ မင္းကိုယ္ေပၚက
ေရေတြသုတ္ၿပီးမွျပန္"
ဗ်ဴဟာပိုင္ ေရကူးကန္ဆီကေန ထြက္
သြားမွပင္ သူ႕စိတ္ကိုေလွ်ာ့ခ်ကာ
အသက္ကိုရဲရဲ႐ႈရဲၿပီး ဝမ္းနည္းမႈက
တကိုယ္လုံးလိႈက္တက္လာရသည္။
ေကာင္မေလးခ်စ္သူ႐ွိေနတဲ့
ေယာက္က်ားေလးတစ္ေယာက္ကိုေဂး
ျဖစ္ေအာင္ၾကံစည္ဖို႔တဲ့ သူ ကိုယ္တိုင္
ရဲ႕ျဖစ္တည္မႈကေတာ့ျမဴတစ္မႈန္စာ
ေလာက္ေတာင္ အေရးမပါေတာ့ဘူး။
ဝဋ္ေႂကြးဆိုတဲ့ သေဘာတရားကို
သူဟာေကာင္းေကာင္းႀကီး နားလည္သေဘာေပါက္တဲ့သူပါ။
ငါတကယ္ ေတာင္းပန္ပါတယ္
ဆန္းဆက္မႉး ငါ့က်ဴးလြန္မဲ့အျပစ္ေတြအတြက္မင္းအေပၚျပန္ၿပီးအျပည့္အဝ
ေပးဆပ္ပါ့မယ္။
ေနစင္ဟန္ဆိုတဲ့သူဟာတစ္ကယ္ပဲ
မေကာင္းတဲ့သူျဖစ္ရေတာ့မွာပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎